← Chapters

တံတားက တံတား လမ်းက လမ်း

Vol. 1 Ch. 14

တံတားက တံတား လမ်းက လမ်း

Vol. 1 Ch. 14

နီချွေ့ဟွာသည် သူမ မူမိသားစုတွင် ရှိသည့် နှစ်များတွင် သူမ ကြုံတွေ့ ခံစားခဲ့ရသည့် နာကျင်မှုများ ခံစားရသည်များကို ပြန်ပြောပြရင်း ဝမ်းနည်းပက်လက် ငိုကြွေးနေခဲ့သည်။ သူမသည်အမှန်တကယ် မတရား ခံခဲ့ရသည်။

အုပ်ချုပ်ရေးမှုးအိုကြီးသည်လည်း မူမျိုးနွယ် ဖြစ်နေသောကြောင့် သူသည် ကိစ္စများကို ပို၍ မကြီးမားစေချင်ပေ။

“ယန်ယန်ရဲ့ အမေ မင်းဒီလို စကားမျိုးတွေ လျှောက်မပြောနေနဲ့လေ ယန်ယန်ရဲ့ အဖေမှာ နောက်တစ်ယောက် ရှိတယ်ဆိုပြီး အတိအကျ ပြောနေခဲ့တယ် မင်းမှာ သက်သေ ရှိလို့လား လင်မယားတွေရဲ့ တစ်နေ့တာမှာ အခန့်မသင့်ရင် စကားများ ရန်ဖြစ်တာတော့ ရှိတတ်တာပဲ အဲ့ကြောင့် ကွာရှင်းမယ်ဆိုပြီး ခဏခဏ မပြောပါနဲ့ လူတွေကို ထိခိုက်စေလိမ့်မယ်”

ထို စကားကို ကြားလိုက်သောအခါ နီချွေ့ဟွာ၏ နှလုံးသာား တစ်ခုလုံး အေးစက်သွားခဲ့သည်။

ထိုသည်ကို ကြည့်ခြင်းဖြင့် အုပ်ချုပ်ရေးမှုးသည် သူမအား ကူညီလိုစိတ် မရှိသည်ကို မြင်နိုင်သည်။

သူမ လက်လျော့ခါနီးအချိန်တွင် နီယန်သည် သူမအား ဖျတ်ခနဲ ကြည့်ကာ ဆက်ပြောရန် အချက်ပြနေသည်ကို မြင်လိုက်ရသည်။ နီချွေ့ဟွာသည် ထို အကြည့်အား မြင်သော် အားတက်သွားကာ ငိုကြွေးလျှက် ပြောလိုက်သည်။

“အုပ်ချုပ်ရေးမှုး ကျွန်မ သိပါတယ် ရှင်ကလည်း မူမိသားစုနဲ့ ဆွေမျိုးတော်စပ်နေတယ်ဆိုတာကို နားလည်ပေမဲ့ ရှင် ဒီကိစ္စမှာတော့ မူကျင်းပေါင်ကို ဘက်လိုက်ပေလို့ မဖြစ်ဘူးလေ ရျင်က ရွာက အုပ်ချုပ်ရေးမှုး တစ်ယောက်ပါ ရွာမှာ ရှိတဲ့ လူတိုင်းက ရှင့်ကို လေးစားကြတယ် ဒါပေမဲ့ ရှင်က ကျွန်မ လက်က မရပ်တည်ပေးရင် ဘယ်သူ့ကို ကျွန်မသွား အားကိုးနိုင်ပါ့မလဲ ကျွန်မရဲ့ သမီးလေး သုံးယောက်က စွန့်ပစ်ခံလိုက်ရတယ် ပြီးတော့ မူကျင်းပေါင်က နောက်မိန်းမ တစ်ယောက်နဲ့ ဖောက်ပြန်ပြီး အဲ့မိန်းမက ကိုယ်ဝန်ရှိနေတာလဲ အမှန်ပဲလေ ကြည့်လိုက် အဲ့ အရှက်မဲ့တဲ့ မိန်းမက ဒီမှာ ရှိနေတာပဲ “

အမျိုးသမီးတွေက ပျော့ညံ့ပေမဲ့ အမေတွေကတော့ သန်မာလှသည်။

အခြားရက်များတွင် နီချွေ့ဟွာသည် ထိုကဲ့သို့ စကားမျိုးကို ဖွင့်ဟ ပြောရဲလိမ့်မည် မဟုတ်သော်ငြားလည်း ဒီနေ့ကတော့ မတူပေ။

အဘယ်ကြောင့်ဆိုသော် သူမသည် သူမတို့ မူမိသားစုအိမ်၌ ဆက်နေလျှင် သူမတို့ သားအမိသည် ကံကြမ္မာဆိုး ဝင်ရမည်ကို သူမသိသောကြောင့်ဖြစ်သည်။ သူမ၏ စကားလုံးများကြောင့် အုပ်ချုပ်ရေးမှုးသည် တွန့်ဆုတ်သွားခဲ့သည်။

မြို့တော်မှ အရာရှိများသည် သူ၏ နောက်၌ ယခုအချိန်ထိ ရပ်နေကြသေးသည်။ နီချွေ့ဟွာသည် သူ၏ ခေါင်းပေါ်သို့ ကြီးမားသော အရှုပ်အထွေးကို ပစ်တင်လိုက်သော်လည်း သူသည် ခံနိုင်ပါ့မလား။

အုပ်ချုပ်ရေးမှုးသည် နီချွေ့ဟွာအား ထရန် ကူညီလိုက်ကာ သူ၏ မျက်နှာပေါ်တွင် ကြင်နာတတ်သော အပြုံးမျိုး တင်ဆောင်လျှက် ပြောလိုက်သည်။

“ယန်ယန် အမေ မစိုးရိမ်ပါနဲ့ ငါက မမှန်တာတွေ ဆွေမျိုးသားချင်းတွေကို ကာကွယ်တတ်တဲ့ သူမျိုး မဟုတ်ပါဘူး ငါ ဒီကိစ္စကို သမာသမတ်ကျကျ ဖြေရှင်းပေးပါ့မယ် “

ထိုစကားကို နီချွေ့ဟွာ ကြားသောအခါ သူမသည် စိတ်လှုပ်ရှားကာ ငိုကြွေးလျှက် ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် အုပ်ချုပ်ရေးမှုး ကျေးဇူးတင်ပါတယ် အုပ်ချုပ်ရေးမှုး”

မူကျင်းပေါင်သည် မပျော်မရွှင် ဖြစ်သွားကာ အုပ်ချုပ်ရေးမှုး၏ ရာထူးဖြင့် ခေါ်ဆိုသည်အား ရပ်တန့်လိုက်သည်။

“ဦးလေး ဒီမိန်းမ တောင်စဉ်ရေမရ လျှောက်ပြောနေတာကို နားမထောင်နေပါနဲ့ ဒီ မိန်းမက အဓိပ္ပာယ် မရှိတဲ့ စကားတွေကို စကားကြောရှည်နေတာ ကျွန်တော်က မိန်းမနဲ့ သမီးကို မရိုက်နိုင်ဘူးဆိုတဲ့ ဥပဒေကို ပြစမ်းပါ အကယ်၍ ဦးလေးမှာ တခြား ကိစ္စ မရှိတော့ရင် ပြန်လိုက်တော့ဖို့ အကြံ ပေးချင်တယ် နောက်တစ်ခါကျရင် လေးစားသမှု ပြတဲ့ အနေနဲ့ အသား နည်နည်း လာပို့ပေးပါ့မယ်”

အုပ်ချုပ်ရေးမှုးသည် မူကျင်းပေါင်ထံမှ အသားအများကြီး ရယူခံစား ထားမှု ကြောင့်သာ မူကျင်းပေါင်သည် လီရှုအား ဗြောင်ကျကျ အိမ်ကို ခေါ်လာရဲခြင်း ဖြစ်သည်။ ထိုစကားအား ကြားသောအခါ အုပ်ချုပ်ရေးမှုး၏ မျက်နှာသည် မှောင်မိုက်သွားကာ ပြောလိုက်သည်။

“မူကျင်းပေါင် မင်း ဘာလုပ်ခဲ့လဲဆိုတာ မင်းအသိဆုံးပဲ အခု ရဲဘော် နီချွေ့ဟွာက မင်းနဲ့ ကွာရှင်းချင်တယ် ငါကလဲ ရွာက အုပ်ချုပ်ရေးမှုး တစ်ယောက်အနေနဲ့ ခွင့်ပြုပေးလိုက်ပြီ ပြီးတော့ မင်းတို့မှာ တရားဝင် လက်ထပ်ထားကြောင်း ပြနိုင်တဲ့ လက်ထပ်စာချုပ်လဲ ရှိတာမှ မဟုတ်တာ မင်းတို့ လက်ဗွေ နှိပ်ပီးရင် မင်းတို့ကြား ဘာချည်နှောင်မှု မှ မရှိတော့ဘူး ဆိုတဲ့ သက်သေ ငါ မင်းတို့ကို ပေးမယ် နောက်ထပ် ဘယ်တော့မှ တစ်ယောက်နဲ့ တစ်ယောက် ပတ်သက်မှု မရှိတော့ဘူး”

ဒီမူကျင်းပေါင်က အမှန်ပင် ဘာမဆိုပြောရဲတဲ့ သတ္တိရှိတယ်။

သူသည် ဒီလိုမျိုး ဆက်လုပ်နေမယ်ဆိုလျှင် သူသည် အုပ်ချုပ်ရေးမှုး အဖြစ် ကြာအောင် ဆက်လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

မူကျင်းပေါင်သည် အုပ်ချုပ်ရေးမှုးအား မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်ကာ စိတ်ရှုပ်ထွေးလျှက် ရှိသည်။ အုပ်ချုပ်ရေးမှုးသည် အစကတည်းက သူ့ဘက်မှာ ရှီနေခဲ့ပြီးမှ ရုတ်တရက် ဒီနေ့မှာ နီချွေ့ဟွာဘက်က ဖြစ်နေခဲ့သည်။

ကွာရှင်းခြင်းဆိုတာ သူ့အတွက်တော့ မဖြစ်နိုင်ပေ။

နီယန်သည် အခုဆိုလျှင် ဈေးကောင်းကောင်းနဲ့ ရောင်းလို့ရကာ နီချွေ့ဟွာသည်လည်း မူအိမ်အတွက် အလုပ်လုပ်ပေးတဲ့ နွားအိုမကြီး တစ်ကောင်ဖြစ်သည်။

အကယ်၍ သူသာ ဒီနှစ်ယောက်အား ဆုံးရှုံးရလျှင် ထိုအရာသည် မူမိသားစုအတွက် အကြီးမားဆုံး ဆုံးရှုံးမှု တစ်ခုဖြစ်သည်။

“ငါ မကွာရှင်းနိုင်ဘူး ငါက ဘာလို့ ကွာရှင်းပေးရမှာလဲ အကယ်၍ မင်းက ငါ့ကို ရိုက်လို့ သေသွားမယ်ဆိုရင်တောင် မကွာပေးနိုင်ဘူး “

မူကျင်းပေါင်သည် လူယုတ်မာကဲ့သို့ စတင် လုပ်ဆောင်နေခဲ့သည်။

အဖွားအိုမူသည်လည်း လူယုတ်မာမကြီးကဲ့သို့ စတင် ဟန်ဆောင်လိုက်ကာ မြေကြီးပေါ်လှဲချလိုက်ပြီး ပြောဆိုနေခဲ့သည်။

“ကွာချင်တာလား ငါ့အလောင်းကို ကျော်မသွားသ၍ မရနိုင်ဘူး”

“ဟုတ်ပြီ မကွာချင်ဘူးလား ရတယ် ငါတို့ရဲကို ခေါ်ပေးမယ် “

ရုတ်တရက် ဝတ်စုံအပြည့်နဲ့ လူတစ်ယောက်က ပြောဆိုလိုက်သည်။ ထို့နောက် သူသည် သူ၏ လက်ထောက်အား လှည့်ကာ ပြောဆိုလိုက်သည်။

“ရှောင်ကျောက် ရဲဘော် မူကျင်းပေါင်ကို မကွာရှင်းပေးတာရဲ့ အကျိုးဆက်ကို ရှင်းပြလိုက်”

ရှောင်ကျောက်သည် ရှေ့သို့ တိုးကာ ပြောဆိုလိုက်သည်။

“ကျွန်တော်တို့ အခုဏက ဖြစ်သွားတဲ့ အဖြစ်အပျက်တွေကို အခြေခံပြီးပြောရမယ်ဆိုရင် ရဲဘော် မူကျင်းပေါင်ဟာ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုရယ် လူသတ်ရန် ကြံစည် အားထုတ်မှုတွေနဲ့ လူသတ်သမားလို့ သံသယ ရှိနေတယ် အဲ့လို စွဲချက်တင်တာတွေ ထပ်ပေါင်းလိုက်ရင် အပြစ်ဒဏ်အနေနဲ့ နေရာမှာတင် ပစ်သတ်နိုင်ပါတယ်”

ပျက်စီဂလွယ်သော ယခုလို ခေတ်ကာလ အခြေအနေ မတည်ငြိမ်ဖြစ်နေချိန်တွင် ကွပ်မျက်မည်ဟု ခြိမ်းခြောက်တာသည် ပြောင်နောက်စရာ မဟုတ်ပေ။

မူကျင်းပေါင်သည် ဖြူလျော်သွားကာ ပြောလိုက်သည်။

“မင်းက ဘယ်သူလဲ မင်းက ငါသတ်တယ် ပြောတာနဲ့ ငါက သတ်ရမှာလား”

အုပ်ချုပ်ရေးမှုးသည် အေးစက်စွာ ပြန်တုန့်ပြန်လိုက်သည်။

“မင်း ပါးစပ်ကို ပိတ်ထားစမ်း ဒီလူကြီးမင်းက မြို့တော်စည်ပင်သာယာရေး ကော်မတီက အတွင်းရေးမှုးပဲ “

မြို့တော် စည်ပင်သာယာရေး ကော်မတီက အတွင်းရေးမှုး...

မြို့တော် စည်ပင်သာာယာရေးကော်မတီက အတွင်းရေးမှုးက ဘယ်လိုလုပ် ဒီကို ရောက်နေရတာလဲ။

ရှောင်ကျောက်သည် အတွင်းရေးမှုး၏ လက်ထောက် တစ်ယောက် ဖြစ်သည်။ ရှောင်ကျောက်အား ပြောနေသောသူသည် အတွင်းရေးမှုး ဖြစ်တဲ့ ရောင်ဝေ ဖြစ်ပါသည်။ ရောင်ဝေအား ကျိုးချန်ကျိန့် ကိုယ်တိုင် လွှတ်လိုက်ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျိုးချန်ကျိန့် သည် ပြင်းထန်သော ဒဏ်ရာရရှိနေသောကြောင့် သူသည် ခရီးတိုအား ထွက်ရန် ရောင်ဝေကိုသာလျှင် လွှတ်နိုင်သည်။ မူကျင်းပေါင်သည် ကြောက်လန့် တုန်လှုပ်သွားကာ ပြောလိုက်သည်။

“ဦးလေး ကျွန်တော့်ကို မနောက်ပါနဲ့”

မြို့တော်စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှုးသည် သွးလာစရာနေရာ အများကြီးရှိသော်လည်း သူတို့ရွာကဲ့သို့ ညစ်ပတ်ကာ ဆင်းရဲလှသော ရွာသို့ မည်ကဲ့သို့ ရောက်ရှိနေရသနည်း။

အုပ်ချုပ်ရေးမှုး ဆက်မပြောခင် ရှောင်ကျောက်က ဆက်လက်ပြောကြားလိုက်သည်။

“မူကျင်းပေါင် မင်းက မင်းရဲ့ သမီးကို ပုဆိန်နဲ့ ခုတ်ဖို့ ကြိုးစားတယ် အကယ်၍ အုပ်ချုပ်ရေးမှုး မူကသာ အချိန်မှီ ဝင်မဆွဲလိုက်ရင် မင်းရဲ့ သမီးက သေသွားနိုင်တယ် အဲ့လို လူသတ်ဖို့ ကြိုးစားတာကို ငါတို့အားလုံး သက်သေခံနိုင်တယ် ပြီးတော့ မင်းရဲ့ သမီး သုံးဘောက်ကိုလဲ သဘာဝမဆန်အောင် သေသွားအောင် စွန့်ပစ်ခဲ့တယ် အဲ့ဒါကလည်း တမင်ရည်ရွယ်ပြီ လူသတ်ဖို့ ကြိုးစားတာဖြစ်တယ် အဲ့ဒါကိုလဲ နီချွေ့ဟွာက သက်သေခံနိုင်တယ် အဲ့ကိစ္စတွေအပြင် ရဲဘော်လီရှုကလည်း ကိုယ်ဝန် ရှိနေပြီ ငါ ဆက်ပြောပြဖို့ လိုအပ်သေးလား”

ထိုစကားများကို ကြားသောအခါ လီရှုသည် ထိတ်လန့်သွားကာ သူမ၏ နဖူးမှ ချွေးအေးများ စီးကျလာခဲ့သည်။ အကယ်၍ မူကျင်းပေါင်သာ ထိုသို့ စွဲချက်တင်ခံရလျှင် သူတစ်ယောက်ထဲသာ စစ်တပ်မှ ပစ်သတ်ခံရမည် မဟုတ်ပေ။ သူမသည်ပင် ကြံရာပါအဖြစ် ပါဝင်သွားနိုင်ပေသည်။

အုပ်ချုပ်ရေးမှဒုးက ဆက်လက်ပြောလိုက်သည်။

“မူကျင်းပေါင် သေချာစဉ်းစား မင်း ပတ်သက်ခံရချင်တာလား ဒါမှမဟုတ် ကွာရှင်းပေးလိုက်မလား”

အဖွားကြီးမူသည် ထိတ်လန့်သွားကာ မြေကြီးပေါ်မှ လျှင်မြန်စွာ ထရပ်လိုက်ကာ ပြောလိုက်သည်။

“ကွာရှင်းလိုက် ကျင်းပေါင် ငါတို့ ကွာပေးမယ်”

ဒီလိုအချိန်မှာ သေချာပေါက် အသက်က ပို အရေးကြီးသည်။ ထို့အပြင် အကယ်၍ သူတို့ ကွာရှင်းမည်ဆိုလျှင် ဒုက္ခကြုံတွေ့ရမည်မှာ နီချွေ့ဟွာ သာ ဖြစ်လိမ့်မည်။

သူမသည် အမျိုးသမီး တစ်ယောက်ဖြစ်ကာ သူမသည် အပြင်မှာ ငတ်သေရုံ အပြင် ရွေးချယ်စရာ မရှိပေ။ ထိုအချိန်ရောက်လျှင် နောင်တရမည့်သူမှာ သူမသာ ဖြစ်သည်။

မူကျင်းပေါင်သည် ကြံရာမရဖြစ်ကာ ကြောက်လန့်နေခဲ့သည်။ ပစ်သတ်ခံရတာ.... သူ မကြောက်ပဲ မည်သို့ နေမည်နည်း။

“ဟုတ်ကဲ့ အမေ ကျွန်တော် အမေ့ စကားနားထောင်ပါ့မယ်”

အုပ်ချုပ်ရေးမှုးသည် နောက်ဆုံးတွင် စိတ်သက်သာရာရစွာ ပြောဆိုလိုက်သည်။

“အခု မင်းက ကွာရှင်းပေးဖို့ ဆုံးဖြတ်လိုက်ရင် ငါက ဒီပြသာနာအတွက် ကင်းရှင်းအောင် သက်သေ စာရွက်ထုတ်ပေးလိုက်မယ်”

မည်သို့ပင်ဆိုစေကာမူ နီချွေ့ဟွာနှင့် မူကျင်းပေါင်သည် လက်ထပ်စာချုပ် ချုပ်ဆိုထားခြင်း မရှိသော်လည်း သူတို့ နှစ်ဦးသည် ပေါင်းသင်းကာ နေထိုင်လာသည်မှာ အချိန်ကြာမြင့်ပြီ ဖြစ်သည့်အပြင် သမီး နှစ်ဦးလည်း ဖွားမြင်ထားရှိပြီး ဖြစ်သည်။

အနာဂတ်တွင် ပြသာနာ အရှုပ်အထွေးများ မရှိရလေအောင် သက်သေခံ စာရွက် တစ်ခုတော့ လိုအပ်ပေသည်။ ထိုအချိန်မှာပင် နီယန်သည် ရှေ့သို့ တိုးကာ ပြောလိုက်သည်။

“ကျွန်မနဲ့ ညီမလေးလဲ အမေနဲ့ အတူတူ လိုက်သွားမယ်”

နီချွေ့ဟွာသည် နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့ကာ ပြောလိုက်သည်။

“ဟုတ်တယ် ကလေးနှစ်ယောက်ကိုလဲ ကျွန်မနဲ့ ခေါ်သွားမယ်”

“မရဘူး ငါလက်မခံဘူး”

အဖွားကြီးမူသည် ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။

“ဒီကလေးနှစ်ယောက်က မူမိသားစုကပဲ နီချွေ့ဟွာလို မိန်းမပျက်မနဲ့ ဘာလို့ လိုက်သွားရမှာလဲ”

အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောလိုက်သည်။

“အဒေါ် အခုက မူကျင်းပေါင်က အမှားလုပ်ထားတာ သူ့မှာ ကလေးတွေကို ခေါ်ထားဖို့ အခွင့်ရေးမရှိဘူး ကျွန်တော်တို့ ရဲဘော် နီချွေ့ဟွာနဲ့ ကလေးတွေရဲ့ သဘောထားကို လေးစားရမယ်”

“မရဘူး ကလေးတွေက မူမိသားစု အပိုင်ပဲ အကယ်၍ နီချွေ့ဟွာက ထွက်သွားချင်ရင် သူ့ဘာသာ ထွက်သွားနိုင်တယ် မူမိသားစုက သူဘာတစ်ခုမှ ယူသွားခွင့် မရှိဘူး”

ထိုအချိန်မှာပဲ ရောင်ဝေက ပြောလိုက်သည်။

‘ရှောင်ကျောက် ငါတို့ ရဲကို ခေါ်လိုက်သင့်တယ် ဒီလူသတ်သမားက ကျည်ဆံအရသာကို မြည်းစမ်းပါစေ”

အဖွားကြီးမူ၏ မျက်နှာသည် ဖြူရော်သွားကာ သူမသည် ကြောက်လန့်သွားသောကြောင့် တိတ်ဆိတ်စွာ နေလိုက်သည်။

အုပ်ချုပ်ရေးမှုးသည် သက်သေခံစာရွက်အား ပြီးစီးအောင်လုပ်ကာ ရွာ၏ တံဆိပ်တုံးအား ထုလိုက်ကာ ပြောလိုက်သည်။

“နီချွေ့ဟွာ မူကျင်းပေါင် မင်းတို့ နှစ်ယောက်လုံးရဲ့ လက်ဗွေကို နှိပ်လိုက် လက်ဗွေနှိပ်ပြီးရင် မင်းတို့မျာ ဘာပတ်သက်မှုမှ မရှိတော့ဘူး”

နီချွေ့ဟွာသည် တွေဝေမှု မရှိပဲ သူမ၏ လက်ဗွေကို နှိပ်လိုက်သည်။ မူကျင်းပေါင်သည် တွန့်ဆုတ်နေသော်လည်း သူ၏ အသက်အား တွေးမိသောအခါ လက်ဗွေအား နှိပ်ပေးလိုက်သည်။

ကွာရှင်းစာချုပ်သည် ၃ရွက်ရှိကာ နီချွေ့ဟွာနှင့် မူကျင်းပေါင်တို့ တစ်ယောက်တစ်ရွက်စီ ယူကာ အုပ်ချုပ်ရေးမှူးသည် တစ်ရွက်ယူထားလေသည်။ လက်ဗွေအား နှိပ်ပြီးသော အခါ နီချွေ့ဟွာသည် အခန်းထဲမှ ကလေးလေးအား အပြင်သို့ ယူဆောင်လာခဲ့သည်။ နီယန်သည် အုပ်ချုပ်ရေးမှူးနှင့် ရောင်ဝေအား ဦးညွတ်လိုက်ကာ ပြောလိုက်သည်။

“အတွင်းရေးမှုး နဲ့ အုပ်ချုပ်ရေးမှုး ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်”

အုပ်ချုပ်ရေးမှုးသည် ကိုးယို့ကားယား နိုင်စွာ ရီမောလျှက် ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဒီနေ့ ပြီးသွားလျှင် သူ၏နေရာ တည်မြဲ မမြဲ မသိသောကြောင့် ဖြစ်သည်။ ရောင်ဝေက ပြုံးလျှက် ပြောလိူက်သည်။

“အကယ်၍ အရာရှိတွေက ပြည်သူကို အလုပ်အကျွေး မပြုနိုင်ရင် သူတို့က အိမ်ပြန်ပြီး ကန်စွန်းဉ စိုက်နေလိုက်သင့်တယ် ဒါတွေက လုပ်သင့်လုပ်ထိုက်တာတွေပါ”

All Chapters