နှုတ်ဆက်ပါတယ် ဒမ်ကျေးရွာ
Vol. 1 Ch. 15
ထိုသည်ကို ကြည့်ခြင်းဖြင့် ရောင်ဝေသည် ပြည်သူအား အကျိုးပြုသော ကောင်းမွန်သော ဝန်ထမ်း တစ်ဦးဖြစ်သည်ကို မြင်နိုင်ပေသည်။ တစ်ဖက်တွင်တော့ အဖွားကြီးမူသည် ရောင်ဝေနှင့် နီယန် ရင်းနှီးစွာ စကားပြောနေသည်ကို ကြည့်ပြီး စိုးရိမ်လျှက် ရှိနေသည်။
ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတာလဲ...
မြို့တော်စည်ပင်သာယာရေး ပါတီက အတွင်းရေးမှုးက ဘာကြောင့်များ သူတို့ အိမ်ကို ရောက်လာရတာလဲ.....
ပြီးတော့ ဒီလို အဖြစ်အပျက်မျိုး ဘာလို့ ကြုံတွေ့နေရတာလဲ.....
ဒါက တိုက်ဆိုင်မှု သပ်သပ် မဟုတ်လောက်ဘူး။...
ဒါတွေကို နီယန်နဲ့ ပါတီ အတွင်းရေးမှုးက စီစဉ်ထားတာများ ဖြစ်နေမလား...
ဖြစ်နိုင်တယ်....
နီယန်က သူတို့နဲ့ ကြိုပြီး ပူးပေါင်းကြံစည်ထားတာလား.. ဒါပေမဲ့ နီယန်က အတွင်းရေးမှုကို ဘယ်လိုသိရတာလဲ.....
အဖွားအိုမူသည် နီယန်အား သူမ၏ ခေါင်းအားမော့ကာ ကြည့်လိုက်သည်။ မှိန်ပြပြ အလင်းရောင် အောက်တွင် နီယန်သည် မတ်တပ်ရပ်နေကာ သူမ၏ မျက်နှာငည် လှပကာ နူးညံ့တောက်ပြောင်နေခဲ့ကာ သူမ စကားပြောလိုက်ချိန်တွင် သူမ၏ ပါးစပ်ထောင့်တွင် သေးငယ်သော ပါးချိုင့်လေး နှစ်ခု ရှိနေခဲ့သည်။
ပခမဆုံးအကြိမ်အဖြစ် အဖွားကြီးမူသည် သူမ၏ မြေးမလေးသည် အလွန်ချောမောသည်ကို သတိပြုမိလိုက်သည်။ သို့သော်လည်း အတွေးသပ်သပ်သာဖြစ်ပြီး နီယန်သည် ယခုအချိန်မှ စပြီး သူမ၏ မြေးမလေး မဟုတ်တော့သည်ကို သတိထားမိပြီးနောက် အဖွားအိုမူ၏ မျက်နှာသည် ရှုံ့မဲ့သွားစေခဲ့သည်။
ဒီ မကောင်းတဲ့ မိန်းမပျက် နီချွေ့ဟွာ....
သူမဘာသာ ကွာရှင်းချင်တာဆိုလဲ ကွာရှင်းလိုက်ပေါ့ ဒါပေမဲ့ အခုကျ သူမက မူမိသားစုရဲ့ မြေးမလေးတွေကိုတောင် ခေါ်သွားအုန်းမယ်...
ထိုအချိန်တွင် နီချွေ့ဟွာသည် ကလေးအား ချီကာ အိမ်ထဲမှ ထွက်လာခဲ့သည်။
“ယန်ယန် အမေ အားလုံး သိမ်းဆည်းခဲ့ပြီးပြီ”
နီယန်သည်နီချွေ့ဟွာအား ကြည့်လိုက်ကာ ပြောလိုက်သည်။
“အမေ ဒါဆို သွားကြစို့”
“ကောင်းပြီ”
နီချွေ့ဟွာသည် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ အဖွားအိုမူသည် ဆက်လက်ပြောလိုက်သည်။
“နီချွေ့ဟွာ ငါ နင့်ကို ပြန်စဉ်းစားဖို့ နောက်ဆုံး အခွင့်ရေးပေးမယ် နင် နောက်ဆုတ်လိုက် မဟုတ်ရင် နောက်တစ်ကြိမ် မူမိသားစုကို ပြန်လာဖို့ မလွယ်တော့ဘူး ငါ နင့်ကို ပြောမယ် အခု တစ်လောကလုံး ဖရိုဖရဲ ဖြစ်နေတာ နင်တို့ မိန်းကလေး သုံးယောက် ဒီလို ထွက်သွားရင် လမ်းပေါ်မှာ ဆာလောင်ပြီး သေသွားလိမ့်မယ်”
နီချွေ့ဟွာသည် အဖွားအိုမူအား ပြန်ကြည့်ကာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။
‘မစိုးရိမ်ပါနဲ့ မူမိသားစုကို ပြန်လာရမဲ့အစား လမ်းပေါ်မှာ အငတ်ခံပြီးပဲ သေလိုက်မယ်”
“ကောင်းတယ် ကောင်းတယ်”
အဖွားအိုမူသည် ထေ့ငေါ့သော အသံဖြင့် ပြန်ပြောလိုက်ပြီးနောက်
“နင်က အရမ်း သတ္တိရှိနေတာပဲ သွားလိုက် နင်ပြန်လာပြီး တောင်းပန်မဲ့ ရက်ကို ငါစောင့်နေမယ်”
ယောကျ်ားမရှိသော မိန်းမ တစ်ယောက်သည် မည်ကဲ့သို့ ရပ်တည်မည်နည်း။
မဖြစ်နိုင်ဘူး
သံသယမရှိစွာ နီချွေ့ဟွာသည် ငိုယိုကာ နောက်ဆုံးမှာတော့ သူမထံ ပြန်လာ တောင်းပန်လိမ့်မည်။ နီယန်နှင့် နီချွေ့ဟွာသည် ရောင်ဝေနှင့် အုပ်ချုပ်ရေးမှုး၏ စောင့်ကြပ်မှု ဖြင့် မူမိသားစု အိမ်မှ ထွက်ခွာလာကြသည်။ ထိုချိန်မှာပင် စုတ်ပြတ်နေသော ဖိနပ်တစ်ရံကို အားဖြင့် ပစ်ပေါက်လိုက်တာကြောင့် နီချွေ့ဟွာ၏ ကျောအား ထိမှန်သွားခဲ့သည်။
တကယ်ကိုပင် ဆင်းရဲသောနေရာမှာ ဆိုးသွမ်းမိုက်ရိုင်းတဲ့ သူတွေပဲ ပေါက်ဖွားလာတာပဲ ဟု ရောင်ဝေသည် မျက်မှောင်ကြုတ်ကာ တွေးမိလိုက်သည်။ ကလေးအား ချီထားရင်း နီချွေ့ဟွာသည် အကူညီမဲ့စွာ မျက်ရည်ကျဆင်းနေခဲ့သည်။ ယခုခေတ်အချိန်မျိုးတွင် ကွာရှင်းထားသော အမျိုးသမီး တစ်ဦးသည် အတင်းအဖျင်း အပြောခံရပေလိ့မ်မည်။ ပြောစရာပင်မလိုအပ်ပေ။ အခုချိန်မှစ၍ သူမ၏ ဘဝ သူမသမီးနှစ်ဦး၏ ဘဝသည် လွယ်ကူလိမ့်မည် မဟုတ်ပေ။
“အမေ မကြောက်ပါနဲ့ သူများတွေရဲ့ အမြင်ကို ဂရုမစိုက်နေနဲ့ စိတ်ချလက်ချနေပါ အနာဂတ်မှာ သမီးတို့အတွက် ကောင်းမွန်တဲ့ နေ့တွေ ဖြစ်လာမှာပါ တစ်ချို့ပြောကြတယ်လေ ကောင်းမွန်တဲ့ ရက်တွေ အတါက် ခက်ခဲမှုတွေကို အရင်ကျော်ဖြတ်ရမယ်တဲ့လေ”
ထိုစကားအား ကြားသောအခါ ရောင်ဝေသည် နီယန်အပေါ်သို့ လေးစားစိတ်များ တိုးလာခဲ့သည်။ ထိုမိန်းမငယ်လေးသည် သူ ထင်ထားသကဲ့သို့ မဟုတ်ချေ။ သူမသည် သူမ၏ အမေဖြစ်သူ နီချွေ့ဟွာထက်ပင် ပို၍ သန်မာသေးသည်.။ အစမှ အဆုံးတိုင် သူမသည် မျက်ရည် တစ်စက်မှပင် မကျခဲ့ချေ။
ရောင်ဝေသည် အစက နီယန်အား မြို့ငယ်လေးမှ ဆေးပညာ ကျွမ်းကျင်သော မိန်းကလေးဟုသာ ထင်ထားခဲ့ခြင်း ဖြစ်သည်။ ယခုလို မြင်ရချိန်တွင် သူမသည် သူထင်ထားသည်ထက် ပို၍ တော်နေခဲ့သည်။ ရောင်ဝေသည် မေးမြန်းလိုက်သည်။
“ရဲဘော်ငယ်လေး နီယန် မင်း ဒီကနေ ဘယ်ကိုသွားဖို့ စဉ်းစားထားလဲ”
“”ကျွန်မ အတိအကျတော့ မဆုံးဖြတ်ရသေးပါဘူး”
နီယန်သည် ပြန်လည် ပြောကြားလိုက်သည်။ အုပ်ချုပ်ရေးမှုးသည် နီယန်သည် သူ ရှိနေသာကြောင့် ဖြေရန် တုန့်ဆိုင်းနေသည်ကို နားလည်လိုက်သည်။ ထို့ကြောင့် သူသည် လိမ်မာပါးနပ်စွာဖြင့် ပြောလိုက်သည်။
“အတွင်းရေးမှူး ကျွန်တော် ရွာထဲမှာ လုပ်စရာလေးတွေ ရှိနေလို့ အရင်သွားနှင့်လိုက်ပါ့မယ်”
ရောင်ဝေသည် အုပ်ချုပ်ရေးမှူး၏ ကိစ္စများ ကိုင်တွယ်ဖြေရှင်းသည့်ပုံစံများကို မကြိုက်သောကြောင့် သူသည် အုပ်ချုပ်ရေးမှုးအား ကြည့်လိုက်ကာ မျက်နှာထားတင်းတင်းဖြင့် အေးစက်စွာ ပြောလိုက်သည်။
“သွားလို့ရပြီ”
အုပ်ချုပ်ရေးမှူးသည် တံတွေးအား ခက်ခက်ခဲခဲ မြိုချကာ ရါာအတွင်းသို့ လမ်းလျှောက် ဝင်သွားခဲ့သည်။ သူသည် ဒီနေ့နောက်ပိုင်းတွင် အုပ်ချုပ်ရေးမှုးအဖြစ် ဆက်နေနိုင်ရန် မျှော်လင့်ပေသည်။
အုပ်ချုပ်ရေးမှူး ထွက်သွားပြီး နောက်တွင် ရောင်ဝေသည် နီယန်၏ လက်အတွင်းသို့ အဝါရောင် အိတ်တစ်လုံးအား ပေးလိုက်ကာ ပြောလိုက်သည်။
“ရဲဘော်ငယ်လေး နီယန် မစ္စတာကျိုးက သူ့ကို မင်း ပြောထားတဲ့ ကိစ္စတွေကို ဂရုစိုက်ပေးထားတယ် ပြီးတော့ ဒီမှာ ပိုက်ဆံ အချို့ကို မစ္စတာကျိုးက စေတနာသန့်သန့်နဲ့ ထည့်ပေးထားတယ်”
နီယန်သည် ချက်ချင်း ငြင်းဆန်လိုက်ကာ ပြောလိုက်သည်။
“ဦးလေးကျိုးက ကျွန်မကို အများကြီး ကူညီခဲ့ပြီးပါပြီ ကျွန်မ ဒီငွေတွေကို လက်မခံနိုင်ပါဘူး”
ရောင်ဝေသည် ရီမောလျှက် ပြောလိုက်သည်။
“လက်ခံလိုက်ပါ ဒါက အများကြီးလဲ မဟုတ်ပါဘူး မင်းလက်မခံရင် မစ္စတာကျိုးက စိုးရိမ်နေလိမ့်မယ် ပြီးတော့ မင်းက အခုထွက်သွားတော့မှာ နေထိုင်ဖို့ လိုအပ်သေးတယ်လေ”
ထိုအချိန်တွင် နီယန်သည် ဆက်ငြင်းနေလျှင် ရောင်ဝေသည် သူမတွင် ဖုံးကွယ်နေသော ရည်ရွယ်ချက်ရှိသည်ဟု ထင်သွားးနိုင်သည်။ ထို့အပြင် သူမတွင်လည်း အခုချိန်တွင် ငွေလိုအပ်နေသေးသည်။
“ကျေးဇူးပြုပြီး ဦးလေးကျိုးကို ကျွန်မကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပေးပါ”
နီယန်သည် အဝါရောင်အိတ်အား လက်နှစ်ဖက်ဖြင့် လက်ခံလိုက်သည်။ရောင်ဝေသည် ခေါင်းငြိမ့်လိုက်ကာ ပြောလိုက်သည်။
“ရပါတယ် ဒါနဲ့ မင်းဒီက ထွက်သွားတာနဲ့ ဘယ်ကို သွားဖို့ စီစဉ်ထားလဲ”
နီယန်သည် အစတုန်းက သူမ မဆုံးဖြတ်ရသေးဟု ပြောခဲ့သော်ငြားလည်း ရောင်ဝေသည် သူမတွင် အစီစဉ် ရှိသည်ကို သိနေခဲ့သည်။ သူမသည် အုပ်ချုပ်ရေးမှုး ရှိနေသောကြောင့်သာ ဘာမှ မပြောခဲ့ခြင်း ဖြစ်ပေမည်။
“ဘေဂျင်း”
နီယန် ဆက်လက်ပြောလိုက်သည်။
“ပြီးတော့ အဲ့မှာ ကျွန်မ စီးပွားရေး အသေးစားလေး တစ်ခု စလုပ်ဖို့ တွေးထားတယ်”
ထိုသည်ကို ကြားသောအခါ ရောင်ဝေသည် နီယန်အား အံ့အားသင့်စွာ ကြည့်လိုက်ကာ
“မင်းက စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်ချင်တာလား”
ဟု ပြောလိုက်သည်။ ရိုးသားစွာ ပြောရမည် ဆိုလျှင် ယနေ့ခေတ်ကာလတွင် စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ကို အထင်အမြင်သေးကြသည်။ လူတစ်ချို့ဆိုလျှင် စီးပွားရေး လုပ်ငန်းရှင် ဖြစ်မည့်အစား ငတ်သေမည်ကိုသာ ရွေးချယ်ကြပေလိမ့်မည်။
ကုန်သည်ဖြစ်လာခြင်းသည် အလုပ်အားလုံးကို မှန်းဆလုပ်ရသည်ဟု သတ်မှတ်ခံရသောကြောင့် ရှက်စရာကောင်းသော အလုပ်ဟု မြင်ကြသည်။ နောက်ပိုင်း မျိုးဆက်သစ် စီးပွားရေးလုပ်ငန်းရှင်များသည် မီလီယံနာ ဘီလီယံနာများ ဖြစ်လာလိ့မ်မည်ဟု မည်သူမှ ကြိုတင် မျှော်လင့်ထားကြမည် မဟုတ်ပေ။ ထို့ကြောင့် ရောင်ဝေသည် နီယန်မှ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ချင်သည်ဟု ကြားသောအခါ အံ့အားသင့်သွားခြင်း ဖြစ်သည်။ နီယန်သည် ပြုံးလျှက် ပြန်ပြောလိုက်သည်။
“ဟုတ်ပါတယ် စီးပွားရေး လုပ်ငန်းရှင်ပါ ရှင် ကြားတာ မှန်ပါတယ်”