← Chapters

နိဒါန်း

Vol. 1 Ch. 1

နိဒါန်း

Vol. 1 Ch. 1

အချိန်ကာလ အားဖြင့် မင်ဟွာ နန်းသက် ဆယ့်ခြောက်နှစ် ကာလ ဖြစ်သည်။ ချန်မင်းဆက်၏ မြောက်ဘက် အစွန်ဆုံးပိုင်းတွင် ဆောင်းရာသီ စတင်ချိန်မှ စ၍ နှင်းများ ကျဆင်းနေသည်မှာ တစ်လတိတိ ရှိနေပြီ ဖြစ်သည်။

ပတ်ဝန်းကျင်မှ တောင်တန်းများပေါ်တွင် နှင်းများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ သို့သော် မြင်းတစ်ကောင်သည် နှင်းများကို ဖြတ်၍ တစ်ဟုန်ထိုး ခရီးနှင်လျှက် ရှိသည်။ မကြာမှီ နှင်းများ ထူထပ်လွန်းသောကြောင့် မြင်းသည် ရှေ့ဆက်၍ မပြေးနိုင်တော့ပေ။

အနက်ရောင် ဝတ်ရုံဖြင့် လူနှစ်ယောက်သည် သူတို့၏ လက်ထဲတွင် အဖြူရောင် အရာဝတ္တုတစ်ခုကို သယ်ဆောင်လျှက် မြင်းပေါ်မှ ဆင်းလာကြသည်။ သူတို့သည် တစ်ချက်တစ်ချက် ပတ်ဝန်းကျင်ကို ကြည့်ပြီး နှင်းထုကိုဖြတ်ကာ အလျှင်စလို သွားနေကြသည်။

“ဟုတ်ပြီ အဲ့ဒါကို ဒီမှာ ထားခဲ့လိုက်တော့ ငါတို့ ခရီးနှင်လာတာ မိုင် နှစ်ရာကျော်နေပြီ ဒီထက် ပိုသွားမယ်ဆိုရင် ငါတို့ တောင်ကို ကျော်တက်မှရတော့မယ် “

“ဟင်း……နောက်ဆုံးမှာတော့ ငါ ဒါကို မလုပ်နိုင်ဘူး....”

“ငါတို့က သူများရဲ့ ဘေးဒုက္ခကို ဖြေရှင်းပေးဖို့ အတွက် ငွေပေးခိုင်းတာကို လက်ခံထားကြတာပါ ဘာလို့ မင်း အဓိပ္ပာယ် ၎င်းရှိတာတွေကို အများကြီး လျှောက်ပြောနေတာလဲ မြန်မြန် စွန့်ပစ်လိုက် ငါတို့ တည်းခိုဆောင်ကို အမြန် ပြန်ဖို့လိုတယ် ဒီမှာ အရမ်းအေားတယ် ခဲပြီး သေတော့မလိုပဲ”

မကြာခင်မှာပဲ နှင်းထဲသို့ တစ်စုံတစ်ခု ပစ်ချလိုက်သော အသံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ သူတို့ နှစ်ဦးသည် ပြန်လှည့်မကြည့်ပဲ လက်ကို ပွတ်ကို အလောတကြီး ပြန်လှည့်သွားကြသည်။

ဝမ်ချွမ်းဖူနှင့် ဝမ်ချွမ်းမန်တို့သည် စိတ်ပျက်လက်ပျက် လမ်းလျှောက်နေစဉ် ရုတ်တရက် မလှမ်းမကမ်းမှ မြင်းခွာသံများကို ကြားလိုက်ရသည်။ သူတို့ နှစ်ဦး မတုံပြန်နိုင်မှီ ဝမ်ချွမ်းမန်သည် တစ်စုံတစ်ခုနှင့် ပြင်းပြင်းထန်ထန် တိုက်မိသွားခဲ့သည်။ သူ ခြေလှမ်း အနည်းငယ် ယိမ်းယိုင်သွားသည်ကိုမြင်သည်နှင့် မြင်းသည် ရပ်ပ်ခြင်း မရှိပဲ ကဆုန်ပေါက်ကာ ထွက်ပြေးသွားလေသည်။

“စတုတ္ထညီလေး အဆင်ပြေရဲ့လား။ “

ဝမ်ချွမ်းဖူသည် ချက်ချင်း ရှေ့သို့ လာကာ သူ့အား သေချာ စစ်ဆေးမေးမြန်းလေသည်။ ဝမ်ချွမ်းမန်သည် သူ့ကိုယ်ပေါ်မှ နှင်းများကို ခါထုတ်လျှက် ထရပ်လိုက်သည်။

“ဘာမှ မဖြစ်ပါဘူး ကျွန်တော် အဝတ်အထူကြီး ဝတ်ထားတယ် အဲ့ဒါအပြင် နှင်းတွေကလဲ ထူ‌တယ် အကိုကြီး မြန်မြန် ပြန်ရအောင် ရာသီဉတုက အေးသထက် အေးလာပြီ မမှောင်သေးတာတောင် နှင်းတွေ အများကြီး ကျနေပြီ ကျွန်တော်တို့ မြန်မြန် ပြန်သင့်ပြီ”

ထိုအချိန်မှာပဲ နှင်းများ ‌ဖြေးညှင်းစွာ ကျဆင်းနေသေးသည် ဖြစ်သောကြောင့် ညီအကို နှစ်ဦးသည် ခိုလှုံစရာတစ်ခုကို ရှာမနေကြတော့ပေ။ သို့သော်ငြားလည်း သူတို့ ထွက်သွားပြီး မကြာမှီ ဝမ်ချွမ်းမန်သည် တစ်စုံတစ်ခုကို ကန်လိုက်မိသည်။

“အာ အဲ့ဒါက အိတ်တစ်ခုနဲ့ တူတယ် “

သူတို့နှစ်ဦး နှင်းထဲ ပစ်ခဲ့တဲ့ အထုပ်က အပေါ်၏ နှင်းပါးပါးလေး ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်သည်။ အဖြူရောင်ဖြစ်နေသောကြောင့် နှင်းထဲ ရှာရတာ မလွယ်ကူပေ။ဝမ်ချွမ်းဖူသည် ခေါင်းငုံ့ပြီး ကြည့်လိုက်သည်။ သူကြည့်ရင်း ပြောလိုက်သည်မှာ

“ဟို လူနှစ်ယောက် ကျ‌ပျောက်သွားတာများလား သူတို့ အရှိန်နဲ့ သွားကြတာကြောင့် မြင်းပေါ်က ပြုတ်ကျသွားတာ ထင်တယ်”

ဝမ်ချွမ်းမန် စိုးရိမ်တကြီး ပြောလိုက်သည်။

“အိုက်ယား ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ ကျွန်တော်တို့မှာ မြင်းလဲ မရှိတော့ဘူး သူတို့နောက်ကို လိုက်မသွားနိုင်တော့ဘူး”

“အရင်ဆုံး ရွာလူကြီးစီယူသွားကြတာပေါ့ နှင်းတွေ အရည်ပျော်သွားမှ ဆက်ပြောကြတာပေါ့“

ဝမ်ချွမ်းဖူသည် သက်ပြင်းချလျှက် ပြောလိုက်သည်။

“ငါတို့ကိစ္စတွေ မပြီးပြတ်သေးဘူး။”

ညီအစ်ကို နှစ်ယောက်သည် စကားပြောရင် အဖြူရောင် အထုပ်ကို ‌ကောက်ယူလိူက်ကြသည်။ သူတိူ့ ကောက်ယူလိုက်စဥ် သတိထားမိလိုက်သည်မှာ ထို အထုပ်သည် အဖြူရောင် ဖလန်နယ် အထည် ဖြစ်နေသည်ကို တွေ့လိုက်ကြသည်။

ဖလန်နယ်၏ ထောင့်စွန်းကို ဖွင့်ကြည့်လိုက်သောအခါ အထဲမှ အရာတစ်ခု လှိမ့်ထွက်လာခဲ့သည်။ ထိုအရာသည် နှင်းတွေပေါ်သို့ တန်းတန်းမတ်မတ်ကျသွားခဲ့သည်။ ပါးလွှာ‌သော အဝတ်အစားများ ဝတ်ထားသည့် တစ်နှစ် နှစ်နှစ် အရွယ် ကလေးလေး တစ်ယောက် ဖြစ်နေသည်။

ဖြစ်နိုင်သည်မှာ ကလေးလေးသည် ပြုတ်ကြသောကြောင့် နာကျင်နေပုံရသည်။ မျက်လုံးများ အနည်းငယ် ပွင့်လာပြီး သေလုမြောပါး ဖြစ်နေသည့် အားနည်းနေသော သမင်လေးတစ်ကောင် လောကကို ကြည့်နေသကဲ့သို့ ဖြစ်နေသည်။ သူ၏ တောက်ပသော မျက်လုံးများသည် သိပ်မပွင့်ပဲ မကြာမှီ ပြန် ပိတ်သွားလေသည်။ သူ၏ မျက်နှာသည် တည်သီးမှည့်ကဲ့သို့ နီရဲလျှက်ရှိကာ အသက်ရှုသံသည် တိုးညှင်းလျှက် ရှိသည်။

“အာ အဲ့ဒါ ကလေးလေးပဲ”

တစ်ချက်ကြည့်လိုက်ရုံနှင့် ထို ညီအကို နှစ်ဦးသည် ထပ်မကြည့်ရဲတော့ပေ။ ဒီလို ရေခဲတွေ နှင်းတွေနဲ့ ပြည့်နေတဲ့ နေရာမှာ အကယ်၍ သူတို့ တုန်လှုပ်နေလျှင် မကောင်းနိုင်‌‌‌ပေ။ဝမ်ချွမ်းဖူသည် တုန်လှုပ်လျှက်ရှိကာ သူသည် သူ၏ ခန္ဓာကိုယ်မှ ကတ္တီပါ ဝတ်ရုံကို လျှင်မြန်စွာ ဖွင့်လိုက်ကာ မြေပြင်ပေါ်မှ ကလေးငယ်ကို ကောက်ယူလိုက်သည်။

“မတော်တဆ ဖြစ်တာ မြန်မြန် အဝတ်နဲ့ထုပ်လိုက်”

ထိုသို့ဖြစ်သည်ကို မြင်ပြီးသည့်နောက်တွင် ဝမ်ချွမ်းဖူသည် မည်သည်ကိုမှ ဂရုမစိုက်နိုင်ပဲ မသိစိတ်မှ သူ၏ လည်ပင်းမှ ကြမ်းတမ်းသော အဝတ်ကို ဖယ်ရှားလိုက်ကာ ကလေးလေးအား ထပ်၍ ပတ်လိုက်ကာ နောက်ထပ် အကာအကွယ်အလွှာ အနေဖြင့် ပတ်ပေးလိုက်သည်။

ဝမ်ချွမ်းမန်သည်လည်း ထို့အတူသာ ပြုလုပ်ခဲ့သည်။ သူတို့ နှစ်ဦး၏ လက်ချောင်းများ အေးနေသောကြောင့် သူတို့သည် ကလေးငယ်၏ ခန္ဓာကိုယ် အပူချိန်ကို လျော့ပါးစေမည်ကို စိုးရွံသောကြောင့် ထိကြည့်ရန် မဝံ့ရဲချေ။မကြာမှီတွင် ညီအစ်ကို နှစ်ဦးလုံးသည် ချွေးအေးများ ထွက်ပေါ်လာခဲ့သည်။

“အစ်ကိုကြီး ဘာလို့ ကလေးလေးရဲ့ မျက်နှာက နီရဲနေတာလဲ ကလေးက ဖျားနေတာလား”

ဝမ်ချွမ်းမန်သည် ယခုနှစ်တွင် အသက် နှစ်ဆယ့်သုံးနှစ်သာ ရှိသေးသည်။ သူ၏ မိသားစုသည် ဆင်းရဲသောကြောင့် လွန်ခဲ့သော နှစ်နှစ်လောက်တွင်မှ လက်ထပ်နိုင်ခဲ့သည်။ လွန်ခဲ့သော နှစ်နှစ်အတွင်းသူသည် ကလေးမမွေးဖွားနိုင်ခဲ့သောကြောင့် ကလေးနှင့် ပတ်သက်သော ထိုကဲ့သို့ အရာများကို နားမလည်ခဲ့ပေ။

“သူ အအေးမိနေမှာကိုပဲ ငါ စိုးရိမ်တာ ကလေးကဖျားနေပုံပဲ လွန်ခဲ့တဲ့ နှစ်က ဒုတိယဦးလေးမိသားစုက တူလေးကလည်း ဖျားပြီး ဆုံးသွားခဲ့တာလေ မြန်မြန် ငါတို့ ပြန်ရအောင် အမေ့ကို ပြန်ကြည့်ခိုင်းရမယ်”

ဝမ်ချွမ်းဖူသည် ဝမ်ချွမ်းမန်၏ ပခုံးကိုပုတ်လိုက်ကာ သူ၏ လက်ထဲမှ အမျိုးမျိုးသော ပစ္စည်းများကို ယူလိုက်ကာ ကလေးအား အေးအေးဆေးဆေး ပွေ့ထားနိုင်အောင် ပြုလုပ်ပေးလိုက်သည်။ သူတို့ နှစ်ဦးသည် ဟူမိသားစုရွာသို့ အလျှင်အမြန် ဦးတည်သွားကြသည်။

ဟူမိသားစုကျေးရွာသည် တောင်၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်။ တောင်၏ တစ်ချို့ အပိုင်းများတွင် ကြမ်းတမ်းပြီး သွားလာရခက်ခဲကာ နှင်းကျနေသော အချိန်များတွင် ပို၍ အန္တရာယ် များလှပေသည်။

ကံကောင်းစွားဖြင့် ညီအစ်ကို နှစ်ဦးလုံးသည် ထိုကဲ့သို့ မြေမျက်နှာသွင်ပြင် အခြေအနေများနှင့် အသားကျနေနှင့်ပြီးသား ဖြစ်သည်။ သူတို့ နှစ်ဦးသည် မျက်စိမှိတ်၍ သွားရမည်ဆိုလျှင်တောင် ပြုတ်ကျမည် မဟုတ်ပေ။

မူလက နှင်းတောထဲတွင် တစ်လှမ်းချင်းသွားနေရသောကြောင့် တစ်နာရီကြာမြင့်လောက်သည် ထင်သော်ငြားလည်း သူတို့သည် နာရီဝက်ခန့်သာ ကြာမြင့်ခဲ့သည်။ ရွာဝင်ပေါက်သို့ ရောက်သောအခါ သူတို့သည် သဖန်းပင်အောက်တွင် လက်ကိုနှောက်ပစ်ကာ ဆေးပြင်းလိပ်ဖွာ၍ လမ်းလျှောက်နေသော ရွာသူကြီး ဖြစ်သော အဖိုးကြီးဟူသည် လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်.။

သူတို့ရွာ၏ ဝင်ပေါက်တွင် လမ်းနှစ်သွယ်ရှိသည်။ တစ်လမ်းမှာ ကျောက်ကမ်းပါး၏ အောက်ခြေသို့ ဦးတည်သွားလျှက် ရှိကာ ထိုလမ်းမှ နှစ်မိုင်ခန့် အကွာတွင် ကျူမြစ်ရှိသည်။ ကျူမြစ်သည် ရေစီးသန်သောကြောင့် လှေများကို အသုံးပြု၍ မရပေ။

ရွာ၏ ညာဘက်တွင်ရှိသော လမ်းသည် တစ်ခုထဲသော ပြင်ပကမ္ဘာနှင့် ရွာကို ဆက်သွယ်ပေးထားသော လမ်းဖြစ်သည်။

“ဝမ်မိသားစုက သူငယ်လေးတွေ မင်းတို့ ကောင်းတာတစ်ခုခု ရခဲ့တာလား”

အဖိုးအိုဟူသည် ညီးအစ်ကို နှစ်ဦးကမြင်သောအခါ ကျယ်လောင်စွာ မေးမြန်းလိုက်သည်။ တစ်ယောက်သည် ထောက်ချောက် ဆင်သော အခါတွင် အသုံးပြုသော ပစ္စည်းများ ကိုင်ဆောင်လာပြီး နောက်တစ်ယောက်၏ လက်မောင်းထဲတွင်တော့ တင်းကျပ်စွာ ထွေးပိုက်ထားသော တစ်စုံတစ်ခုရှိနေသည်။

ထိုကဲ့သို့ အော်ပြောသံကြောင့် ရွာထဲရှိ ရွာသားတစ်ချို့သည် သူတို့၏ အိမ်များမှ တံခါးဖွင့်ကာ ခေါင်းထုတ်ကြည့်ကာသော်လည်း သူတို့သည် ချောင်းကြည့်ရုံသာ ဖြစ်ပြီး ထွက်မလာကြပေ။ ယခုလို အလွန်အေးသော နေ့မျိုးတွင် ထူထဲသော အနွေးထည် မရှိသော မိသားစုများသည် အိမ်အပြင်သို့ ထွက်မလာကြပေ။ ဝမ်ချွမ်းမန်သည် သူ၏ မျက်နှာမှ နှင်းများကို လျှင်မြန်စွာ သုတ်လိုက်ကာ ပြောလိုက်သည်။

“ကျွန်တော်တို့ ကလေးလေး တစ်ယောက်ကို အပြင်မှာ ကောက်ရလာခဲ့တယ်”

“ဘာ မင်းတို့ ညီအကိုတွေ ဗိုက်ဆာလွန်းလို့ ရူးသွားကြပြီလား ကလေးကို စားဖို့လုပ်နေတာလား အဲ့ဒါတော့ မလုပ်သင့်ဘူးလေ ငါတို့ရွာမှာ အဲ့လို စည်းမျဉ်းမရှိဘူး “

အဖိုးအိုဟူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ တစ်ခြားရွာမှသူများသည် နှင်းကျလွန်းသော ယခုလို ရာသီတွင် ဗိုက်ဆာလွန်းသောကြောင့် ရူးသွပ်ကာ ကလေးများကို စတင် စားသောက်နေကြပြီ ဖြစ်ကြောင်း သူသိသည်။ သူတို့ ရွာတွင်တော့ ယခုလို လက်မခံနိုင်စရာအလုပ်ကို လုပ်ခွင့်မပြုနိုင်ပေ။

“မဟုတ်ပါဘူး မဟုတ်ပါဘူး”

ဝမ်ချွမ်းဖူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ

“ အဖိုးဟူ ဒီကလေးလေးက ဖျားနေတာပါ ကျွန်တော်တို့ အမေ့စီကို မြန်မြန် ခေါ်သွားပြီး ပြမလို့ပါ အကယ်၍ ဦးလေးဟူသာ ဒီမှာ ရှိရင် သူလဲ ကြည့်ပေးနိုင်လိမ့်မယ်”

အဒေါ်ကြီးတစ်ယောက်သည် ပြတင်းပေါက်မှ ထွက်ကာ အော်ဟစ်လိုက်သည်။

“ဝမ်ချွမ်းဖူ နင်ကောက်လာတဲ့ ကလေးက ယောကျ်ားလေးလား နင်တို့ ဝမ်မိသားစုမှာ ယောကျ်ားလေး ရှားပါးတယ်လို့ ခံစားရလို့လား”

“ကျွန်တော့်အထင် မိန်းကလေးလို့ထင်တယ်”

ဝမ်ချွမ်းဖူသည် မသေချာစွာ ပြောလိုက်သည်။ ကလေးလေး၏ ပါးမို့မို့လေးသည် အဖျားကြောင့်နီရဲလျှက်ရှိနေသည်။ ကလေးလေး၏ မျက်လုံးများသည် တင်းကျပ်စွာ မှိတ်ထားပြီး သူ၏ နှုတ်ခမ်းလေးများသည်လည်း ခြောက်သွေ့စွာ ကွဲအက်နေခဲ့သည်။ ထို့ကြောင့် ယောကျ်ားလေးလား မိန်းကလေးလား ပြောရခက်ပေသည်။

သို့သော် အိမ်မှာ ရှိနေသော ကလေးများကို အခြေခံ၍ ပြောရသော် ထိုကဲ့သို့ ကြည့်ကောင်းသော ကလေးငယ်လေးသည် မိန်းကလေးသာ ဖြစ်ရမည်။ သူတို့ မိသားစုတွင် မိန်းကလေး တစ်ယောက်မှ မရှိခဲ့ပေ။

“အိုက်ယား မင်းတို့ ဘာအပြစ်တွေ လုပ်ထားလို့လဲ မြန်မြန် စွန့်ပစ်လိုက်။ မိန်းကလေးကို ဘာလို့ အိမ်ကိုပြန်ခေါ်လာတာလဲ သူတိူ့က ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတွေပဲ “

ထိုမိန်းမကြီးသည် တံတွေးထွေးလျှက် ပြောလိုက်သည်။

“နင်တို့ မိသားစုက စားစရာမရှိလို့ ဆာလောင်ပြီးသေတော့မှာကို နင်တို့က မိန်းမငယ်လေးတစ်ယောက်ကို အိမ်ပြန်ခေါ်လာတယ်။ နင်တို့ အမေကတော့ နင်တို့ကို သေလောက်အောင် ဒေါသထွက်တော့မှာပဲ။”

ထိုမိန်းမကြီဂ၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူမ၏ ဘေးမှ ကျယ်လောင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ပန်းပွင့်ကြီး ကျန်း တကယ်လို့ နင့်ရဲ့ နံဟောင်နေတဲ့ ပါးစပ်ကို မပိတ်ရင် ငါ နင့်ပါးစက်ထဲ မစင်လာထည့်ပေးမယ် ဘယ်လို အဓိပ္ပာယ်မရှိတဲ့ စကားတွကို ပြောနေတာလဲ ဝန်ထုပ်ဝန်ပိုး ဟုတ်လား ဘာကြောင့်များ နင့်ရဲ့ ကျန်းမိသားစုကို ဘိုးဘေးသချိုင်းမှာ ဘာလို့ မထည့်လိုက်ရတာလဲ ချွမ်းဖူ ချွမ်းမန် ဘာလို့ အဲ့မှာ ခုထိ ရပ်နေသေးတာလဲ မြန်မြန် ပြန်မလာနိုင်ဘူးလား”

ရွာ အလယ်မှ နှင်းဖုံးနေသော ကန်သင်းရိုးပေါ်တွင် အညိုရောင် ဂွမ်းကပ်အကျီ ဝတ်ထားသော အဖွားအို တစ်ယောက်သည် တင်ပါးကို လက်ထောက်လျှက် ရပ်နေသည်။ သူတို့သည် မီတာ ၄၀၀ - ၅၀၀လောက် အဝေးတွင် ရှိနေသော်လည်း သူမ၏ အသံသည် အလွန်စူးရှကျယ်လောင်စွာ လူတိုင်း၏ နားဆီသို့ ရောက်ရှိခဲ့သည်။

ဝမ်ချွမ်းဖူနှင့် ဝမ်ချွမ်းမန်သည် နှောင့်နှေးအောင် မလုပ်ရဲပေ။ တခြားသူများအား နှုတ်ဆက်လိုက်ကာ ရွာလမ်း အတိုင်း လျှင်မြန်စွာ ပြေးသွားကြသည်။ သူမ၏ သားနှစ်ယောက် ရောက်လာသည်ကို မြင်သောအခါ အဖွားအိုဝမ်သည် သူမ၏ လက်နှစ်ဖက်ကို ဖြန့်လိုက်ကာ

“ ငါ့ကိုပေးစမ်း”

ဝမ်ချွမ်းဖူသည် ခါးသီးသော အမူအရာဖြင့် သူ၏ လက်ထဲမှ အထုပ်ကို ညှင်သာစွာ မြှောက်လိုက်ကာ

“အမေ ကျွန်တော်တို့ ဒီအချိန်မှာ ဘာမှ မယူလာနိုင်ခဲ့ဘူး နှင်းအရမ်းကျလွန်းတယ်....”

“နင်တို့ နှစ်ယောက်လုံးကို ယုံကြည်လို့ မရဘူးဆိုတာ ငါသိတယ် နင်တို့သာ တစ်ခုခုယူလာနိုင်ရင် နင့်အမေရဲ့ ဈာပနတောင် ပြီးလောက်ပြီ”

အဖွားအိုဝမ်သည် မျက်လုံးကို လှိမ့်လျှက် ပြောလိုက်သည်။

အဖွားအိုဝမ်သည် ဝမ်ချွမ်းမန်အား စိုက်ကြည့်လိုက်ကာ သူ၏ လက်မောင်းထဲမှ ကလေးကို ယူလိုက်သည်။ သူမ၏ လှုပ်ရှားမှုသည် အလွန် ငြင်သာသော်ငြားလည်း သူမ၏ ပါးစပ်ကတော့ မညှာတာခဲ့ပေ။

“နင်တို့ ကလေးတစ်ယောက်ကို ကောက်ရခဲ့ရင် အိမ်ကို ချက်ချင်း ပြန်လာရမယ်ဆိုတာကို မသိဘူးလား ဘာလို့ လူတိုင်းနဲ့ ရပ်ပြီး စကားပြောနေတာလဲ နင်တို့ နှစ်ယောက်က တစ်ကယ်ကို စိတ်ချလို့မရတဲ့ သူတွေပဲ နင်တို့က ရိုးရှင်းတဲ့ အလုပ်တွေကိုတောင် ဖြစ်မြောက်အောင် မလုပ်နိုင်ကြဘူး နင်တို့ နာမည်တွေကို ဖြုန်းတီးနေကြတယ် ငတုံးလေးတွေ..”

All Chapters