ကူးပြောင်းလာသော မိန်းကလေး တစ်ယောက်သည် သူမ၏ ကံကြမ္မာအား ပြောင်းလဲရန် အတွက် လေးနှစ်အရွယ် ကလေးမလေး အားယွီ ကို နှင်းတောင်ပေါ်တွင် စွန့်ပစ်ခဲ့သည်။ ကံကောင်းစွာဖြင့် ကြင်နာတတ်သော သူများက ထိုကလေးမလေးအား ကယ်တင်စောင့်ရှောက် ကျွေးမွေးခဲ့ကြသည်။ ဝမ်မိသားစုသည် ဆင်းရဲပြီး ဖျားနာလွယ်ကာ မသန်စွမ်းသူများနှင့်အတူ အကြွေးများလဲ ရှိနေခဲ့သည်။ သို့သော် အစကနေ အဆုံးအထိ ထိုကလေးမလေးအား အဖိုးထိုက်တန်သော တန်ဖိုးကြီး ရတနာလေး တစ်ခုကဲ့သို့ အလိုလိုက် ချစ်ခင်ခဲ့ကြသည်။ ဝမ်မိသားစုသည် ငွေကုန်မဲ့ ဝန်ထုပ်ဝန်ပိုးကို သယ်ဆောင်လာသည်ဟု လူတိုင်းက ပြောကြသည်။ မကြာခင်မှာပဲ သူတိူ့ အတူတူ ဆိုးရွားတဲ့ အဆုံးသတ်ကို ကြုံကြရမည်ဟု ပြောကြသည်။ မမျှော်လင့်စွာပဲ အဖိုးထိုက်တန်သော ထို အရုပ်မကလေးသည် ကောင်းချီးတစ်ခု ဖြစ်နေခဲ့သည်။ ယွီကလေးဟာ သူမရဲ့ အိတ်ကပ်ကလေးကို ထုတ်ယူပြီး ချိုသာစွာ ပြုံးလိုက်သည်။ သယ်ရလွယ်တဲ့ နေရာလွတ်အိပ်ကလေး၊ အကောင်းဆုံး စိတ်ဝိဉာဉ် စမ်းရေ၊ စိတ်ဝိဉာဉ်တိုင်းတာတဲ့ ကြွက်ကလေး... သူတို့ လိုချင်သမျှ အရာအားလုံးသည် ယွီကလေးမှာ ရှိနေခဲ့သည်။ မျက်လုံး အတွက် မျက်လုံး သွား အတွက် သွား ။ ကောင်းချီးပြည့်နေတဲ့ ကလေးမလေးက မယုံနိုင်စရာပဲ။ သူမသည် စိုက်ပျိုးရေးမှာ ကျွမ်းကျင်ရုံသာမက စီးပွားရေးမှာလဲ ထူးချွန်လှသည်။ သူမသည် ကျောင်းတစ်ကျောင်း ဖွင့်လှစ်ပြီး ပင်လယ်ရေးကြောင်း ကုန်သွယ်မှုကိုလဲ ပြုလုပ်ခဲ့သည်။ ထို့အပြင် ထိပ်တန်း မူကြိုကျောင်း တစ်ကျောင်း တည်ထောင်ခဲ့ပြီး ဝန်ထမ်းများရဲ့ ချစ်ခင် နှစ်သက်မှုကိုလဲ ရယူနိုင်ခဲ့သည်။ အလိုလိုက် အချစ်ခံရသော ကောင်းချီးပြည့်နေတဲ့ ကလေးမလေးက အခြေအနေတွေကို ပြောင်းပြန်လှန်ပြီး သူမ မိသားစုရဲ့ ဘဝကို အထွတ်အထိပ်စီ ရောက်အောင် ပို့ဆောင်ပေးမလဲဆိုတာကို စောင့်ကြည့်လိုက်ပါ။ ဘဝကူးပြောင်းလာတဲ့ ကောင်မလေးနဲ့ ဗီလိန်တွေကတော့ အံ့အားသင့်သွားကြတယ်။ ကောင်းချီးပြည့်နေတဲ့ စွမ်းရည် ရှိတဲ့သူကို လက်လွှတ်ဆုံးရှုံးလိုက်ရတာ သူတို့ ဖြစ်နေခဲ့တဲ့ ပုံပါပဲ...။

