← Chapters

အခွင့်အလမ်းများ

Vol. 2 Ch. 23

အခွင့်အလမ်းများ

Vol. 2 Ch. 23

ဝမ်ဝူလန်သည် သူ၏ ရှေ့တွင် အပုံလိုက် သီးနေသော ပဲသီးများအား မြင်ချိန်တွင် သူ၏ မျက်လုံးအား အကြိမ်အနည်းငယ် ပွတ်သပ်လိုက်ကာ သူ မြင်သည်အား မမှားစေရန် သေချာ ပြန်ကြည့်လိုက်သည်။

“ညီမလေး ဒါတွေကို ဘယ်ကရတာလဲ”

အားယွီလေး ပြန်ပြောလိုက်သည်မှာ ....

“သမီး ကိုယ်တိုင် စိုက်ထားတာ”

သူမ ကိုယ်တိုင် စိုက်ပျိုးထားတာလည်း အမှန်ပင် ဖြစ်၏။ သူမ ရေတောင် နေ့တိုင်း လောင်းပေးခဲ့သေးသည်။ ဝမ်ဝူလန်သည် ၁၀နှစ်သာ ရှိသေးသော ကလေး တစ်ယောက် ဖြစ်သည်။ သူသည် တွေးခေါ်နိုင်စွမ်း ရှိသော်လည်း အလျှင်အမြန် တွေးခေါ်နိုင်မှု မရှိသေးပေ။ သူသည် ယခုအခြေအနေ အလွန် ထူးဆန်းကြောင်း ခံစားရသောကြောင့် သူသည် လူကြီးများအား ကြိမ်းသေပေါက် ပြောပြရမည်ဟု တွေးလိုက်၏။

“သွားရအောင် အဖွားကို လာကြည့်ဖို့ သွားပြောကြမယ်”

ဝမ်ဝူလန်၏ လက်ကိုင်သုံး နိယာမသည် ‘အကယ်၍ ပြသာနာ တစ်ခုခု ကြုံတွေ့လာရင် လူကြီးများအား ရှာရမည်’ ဟူ၍ ဖြစ်ပေသည်။ ဝမ်မိသားစုသည် တူးမြောင်းအား ရှင်းလင်း နေကြ၇◌ာ အလုပ်များလျှက် ရှိနေသည်။ တူးမြောင်းနားတွင် အိမ်ငယ်လေး တစ်လုံး ပြိုကြနေသောကြောင့် သူတို့ ရှင်းလင်းရန် လိုအပ်နေသည်။

ရွာသူကြီးဟူသည်လည်း ဒီနှစ်ရက် အတွင်း အလွန် အလုပ်များလျှက် ရှိနေသည်။ ရှန်ယန်းရွာမှ ကိစ္စများသည်လည်း ယခုအချိန်ထိ ဖြေရှင်းရန် ကျန်နေသေးသည်။ ထို့ကြောင့် သူသည် အလွန် စိုးရိမ်လျှက် ရှိသည်။

ကိစ္စများစွာ ဖြစ်ပျက်ခဲ့ပြီးနောက်တွင် သူတို့ရွာမှ ကယ်တင်ခဲ့သော သူသည် ရှန်ယန်းရွာသို့ သွားကာ ထိုရွာမှ သူများနှင့် ခိုက်ရန် ဖြစ်ခဲ့သည်အား သူမေ့သွားခဲ့သည်။ ရွာသူကြီး ပြန်ရောက်လာချိန်တွင် ထိုသူသည် အစောတလျှင် ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။ ထိုသူ ထွက်မသွားခင် အချိန်တွင် သူ၏ အသက်အား ကယ်တင်ခဲ့သောကြောင့် ကျေးဇူးမေ့မည် မဟုတ်ကြောင်း စကားချန်ထားခဲ့သည်။

ရွာသူကြီးဟူသည် အဖိုးကြီးဝမ်အား ရှာကာ သူ၏ အိတ်ကပ်ထဲမှ ကျောက်စိမ်း တစ်ပိုင်းအား ထုတ်ယူလိုက်သည်။

“တဝမ် ဒါက ဟို လူငယ်လေး ချန်ထားခဲ့တဲ့ ကျောက်စိမ်းပိုင်းပဲ သူက ငါ့ကို အားယွီလေးကို ဒါကို ပေးခိုင်းလိုက်တယ် အားယွီလေး သူ့ အသက်ကို ကယ်တင်ပေးတဲ့ ကျေးဇူးကို အမြဲ မှတ်မိနေပါ့မယ်တဲ့ ဒါကိုတော့ အမှတ်လက္ခဏာ အဖြစ် ယူထားလိုက် အကယ်၍ အနာဂတ်မှာ သူ့ကို ရှာတဲ့ အချိန် သူကူညီပေးမယ် လို့ ပြောသွားတယ်”

အဖိုးအိုဝမ်ငည် လက်အား ဝှေ့ယမ်းလိုက်ကာ ပြောလိုက်သည်။

“မရဘူး မဖြစ်ဘူး ဒီ အရာက အရမ်း တန်ဖိုး ကြီးလွန်းတယ် ကျွန်တော်တို့လို လယ်သမားတွေက ဒီလို တန်ဖိုးကြီး ပစ္စည်းကို ဘယ်လို ယူနိုင်ပါ့မလဲ “

အဖိုးအိုဝမ်သည် အားယွီမှ ထိုသူ အား ကယ်တင်သည်မှာ မှန်သော်ငြားလည်း တကယ်တမ်း ထိုသူအား ကယ်တင်သူများမှာ ရွာမှ အမျိုးသား အချို့သာ ဖြစ်သည် ဟု ခံစားနေရဆဲ ဖြစ်သည်။ အားယွီလေးသည် လူတိုင်းအား ကျောက်တုံးများကြား လူတစ်ယောက် ရှိသေးသည်ဟုသာ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုလို ကြီးမားလှသော မျက်နှာသာ ပေးမှုနှင့် မထိုက်တန်ပေ။ ထို့အပြင် ကျောက်စိမ်းအား လက်ခံလိုက်ခြင်းသည် မနာ်လိုမှုများအား ဆွဲဆောင်မိပေလိမ့်မည်။

“သူမပိုင်တာ သူမအတွက်ပဲ ဒီကိစ္စအတွက် အဘိုးနဲ့ တခြားအကြီးအကဲတွေလည်း သဘောတူညီမှု ယူခဲ့တယ် “

ရွာသူကြီးဟူသည် အဖိုးအိုဝမ်၏ လက်အတွင်းသို့ ထိုကျောက်စိမ်းအား ထည့်ပေးလိုက်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

“ငါတို့ ဟူမိသားစု ကျေးရွာက ဆင်းရဲပေမဲ့ ငါတို့မှာ မာနတော့ ရှိပါသေးတယ် ဒီအချိန်မှာ မင်းတို့မိသားစုက အားယွီလေးက ကြီးကြီးမားမား ကူညီခဲ့တယ် အကြာသေးခင် ငါတို့ရွာက အကြီးအကျယ် ဘေးဒုက္ခတစ်ခု ကြုံခဲ့ရတယ် လူတိုင်းက အသက်ရှင်ဖို့အတွက် ရုန်းကန်နေရတယ် ဒါက ငါတို့ကို ပေးခဲ့တဲံ အကုအညီကို ပြန်ပြီး မပေးဆပ်ချင်တာ မဟုတ်ပဲ ငါတို့မှာ အချိန်မရှိသေးရုံပါ”

“ဒါက.....”

“ခင်ဗျားလည်း ဒီမှာ နေတာ ၁၀နှစ် ကျော်ခဲ့ပြီပဲ ဒါကြောင့် ငါတို့ ရွာက ဘယ်လိုမျိုးလည်း ဆိုတာ ခင်ဗျားလည်း သိမှာပါ သူမကို ကောင်းကောင်း ဂရုစိုက်ပါ အကယ်၍ ခင်ဗျားက အားယွီလေးကို မစောင့်ရှောက်နိုင်တော့ရင်လည်း ငါတို့ရွာက သူ့ကို စောင့်ရှောက်ပေးမှာပါ မနေ့ညကလေးတင် ရွာက ကိုယ်စားလှယ်အချို့က ကျွန်တော့်ကို လာပြောသွားသေးတယ် ရွာက လူတိုင်း အားယွီလေးရဲ့ ကြင်နာမှုကို အမြဲ မှတ်မိနေမှာပါ ကလေးမလေးက ဒီလိုအရာနဲ့ ထိုက်တန်ပါတယ် ဒီလိုကိစ္စတွေအတွက်န့ ဘယ်သူမှ သူမအပေါ် လောဘတက်လာမှာ မဟုတ်ပါဘူး”

ထိုအရာသည် ကွင်းပုံစံ ကျောက်စိမ်း ဆွဲပြား တစ်ခု ဖြစ်သည်။ ထူးခြားသော ပုံသဏ္ဍာန် မရှိပေ။ ပန်းပွင့်ပုံ တစ်ခု ထွင်းထားသည်မှ လွဲ၍ တခြားမည်သည်ကိုမှ ထွင်းထားခြင်း မရှိပေ။ သို့သော် ကျောက်စိမ်း၏ အရည်အသွေးမှာ သိပ်မကောင်းလှပေ။ မြို့တွင် သွားရောင်းလျှင်တောင် ငွေ သုံးတေးမှ ငါးတေးထိသာ ရနိုင်လောက်ပေမည်။ အကယ်၍ ငွေတေး ၃၀၀ မှ ၅၀၀ ထိသာ ရမည်ဆိုလျှင်တော့ လူအများအား ဆွဲဆောင်နိုင်ပေသေးသည်။

အဖိုးအိုဝမ်သည် မည်သို့ ပြန်လည်ပြောဆိုရမည်အား မသိတော့ပေ။ အဖွားအိုဝမ်သည် မည်သည့်နေရာမှ ပေါ်လာသည်အား မသိရသေးခင်မှာပင် ထိုကျောက်စိမ်းအား ဆွဲယူလိုက်ကာ သူမ၏ လက်အတွင်း၌ ကိုင်ဆောင်ထားခဲ့သည်။

“ဒါက ငါတို့ အားယွီလေး ပိုင်သင့်တဲ့ အရာပဲ “

အဖွားအိုဝမ်သည် ကျောက်စိမ်းအား ခေါက်ကြည့်လိုက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဒါက သူ့အသက်ကယ်တဲ့ တန်ဖိုးလား အဲ့လူ တစ်ယောက်ရဲ့ အသက်က ဒီလောက် ဈေးပေါတာလား”

ရွာသူကြီးဟူသည် ထိုသူ၏ စကားအား ပြန်လည် ပြောကြားလိုက်ပြီးနောက် ထိုအရာအား အထိန်းအမှတ်အနေဖြင့် သာ သဘောထားသင့်ကြောင်း ပြောဆိုလိုက်သည်။

“ကောင်းပါပြီ ကောင်းပါပြီ ဘာ အထိန်းအမှတ်လဲ ကျွန်မတို့က အဲ့လူရဲ့ နာမည်လည်း မသိဖူး သူ ဘယ်မှာ နေမှန်းလည်း မသိဘူး သူ့ကို ဘယ်နားမှာ သွားရှာရမှာလဲ သူကသာ အကယ်လို့ ကတိဖျက်ချင်ရင် ကျွန်မတို့က ဘာလုပ်နိုင်မှာတဲ့လဲ "

အဖွားအိုဝမ် မျက်လုံးလှိမ့်လိုက်သည်။

“ဘယ်သူ့ကို သူက အရူးလာလုပ်နေတာလဲ”

ရွာသူကြီးဟူ “.........”

သူမ ပြောတာလဲ အဓိပ္ပာယ် ရှိသလိုပဲ .....

အဖိုးအိုဝမ် တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်ဝယ် ဝမ်ဝူလန်သည် အလျှင်အမြန် ပြေးလာသည်အား မြင်လိုက်ရသည်။ သူ၏ နောက်တွင် အားယွီလေးပါ ပြေးလိုက်လာခဲ့သည်။ သူမလေးသည် သူမ၏ အကိုဖြစ်သူအား အတုခိုးကာ ခြေကားယား လက်ကားယားဖြင့် နောက်မှ ပြေးလိုက်လာခဲ့ခြင်း ဖြစ်သည်။

“အဖိုး အဖွား ညီမလေးက ပဲတွေ စိုက်ထားတယ် အဲ့မှဦ ပဲတွေ အများကြီးပဲ “

ဝမ်ဝူလန်သည် အဖိုးအိုဝမ်နှင့် တခြားသူများအား မြင်သော် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။ ရွာသူကြီးဟူ တွေဝေနေစဉ် အဖွားအိုဝမ်သည် အလျှင်အမြန် ပြေးလာကာ အရှိန် မထိန်းနိုင်သော အားယွီလေးထံသို့ အပြေးအလွှား သွားကာ ပွေ့ချီလိုက်သည်။ အားယွီလေးသည် အဖွားအိုဝမ်၏ လက်မောင်းအတွင်းမှ ခေါင်းလေးအား ထုတ်လိုက်ကာ တစ်ခစ်ခစ် ရီမောနေလိုက်သည်။ သူမ၏ မျက်နှာလေးသည် ပြေးလာသောကြောင့် နီရဲနေခဲ့ကာ မောဟိုက်နေခဲ့သည်။

“ဖွားဖွား”

အားယွီလေး ချိုသာစွာဖြင့် ခေါ်လိုက်သည်။

“ဟမ်”

အဖွားအိုဝမ်သည် သူမ၏ လက်ကိုင်ပုဝါဖြင့် ချွေးထွက်နေသည်များအား သုတ်ပေးလိုက်သည်။

“ဖြေးဖြေး သွားပါ”

သို့သော် အဖွားအိုဝမ်သည် သူမလေးအား ပွေ့ချီလိုက်ပြီးနောက် ဝမ်ဝူလန် ရှိရာသို့ လှည့်ထွက်သွားလိုက်သည်။

“နင် ဘာလို့ နေ့တိုင်း ရေးကြီးခွင့်ကျယ်တွေ လုပ်ပြီး အေးအေးချမ်းချမ်း မနေနိုင်ရတာလဲ အကယ်လို့ နင့်အဖွားကို လန့်သေစေချင်နေရင် နင့်အဖိုးကို နောက်အဖွားအသစ် တစ်ယောက် သွားရှာခိုင်းလိုက် နေ့တိုင်း ဝက်သိုး တစ်ကောင်လို ပြေးလွှားမနေစမ်းနဲ့ မျောက်ဘုရင်ကတောင် နင့်ကို အဖေခေါ်ပြီး သူ့နေရာ နင့်ကို လွှဲပေးသင့်နေပြီ “

ဝမ်ဝူလန်သည် အားယွီအား ညွှန်ပြကာ ပြောလိူက်သည်။

“အားယွီလေးလဲ ပြေးတာပဲဟာ”

“အဲ့ဒါ နင်က သူ့ကို ဦးဆောင် လမ်းပြလုပ်လိုက်လို့ နေမှာပေါ့”

အဖွားအိုဝမ်သည် ဝမ်ဝူလန်၏ တင်ပါးအား ဖွဖွလေး ကန်ကျောက်လိုက်ကာ သူမ၏ မေးစေ့အား မော့ကာ မေးလိုက်သည်။

“အခုဏက ဘာပြောလိုက်တာလဲ သူက ဘာပဲပင် စိုက်ထားတာလဲ”

“အဲ့ဒါက အိမ်နောက်ဖက်မှာ အားယွီလေး စိုက်ထားတာ တစ်ချက် သွားကြည့်ရအောင် အများကြီး သီးနေတာ”

ရွာသူကြီးဟူသည် မူလက ထို ကျောက်စိမ်းအား လာရောက်ပို့ဆောင်ပြီးနောက် ပြန်ရန် ပြင်နေစဉ် ထိုစကားအား ကြားလိုက်သော အခါ ကလေးများ၏ နောက်ပြောင် ကျီဆယ်မှုလို့သာ ထင်နေခဲ့သည်။ ထိုအရာသည် တောရိုင်းသီး တစ်မျိုးမျိုး ဖြစ်ပေလိမ့်မည်။

ယခုအချိန်သည် နွေဦးရာသီဖြစ်လာပြီ ဖြစ်သောကြောင့် နေ့စဉ် အပင်များသည် ပုံစံကွဲပြားလျှက်ရှိနေသည်။ တစ်ချို့သော အပင်များသည် နှင်းများအောက်တွင် ကြီးထွား လာသောကြောင့် အပင်များလုံးဝ မပေါက်သည်တော့ မဟုတ်ပါချေ။ သို့သော် သူသည် မနေနိုင်ပဲ အဖိုးအိုဝမ်၏ အိမ်နောက်သို့ လိုက်လာခဲ့လိုက်တော့သည်။

အဖိုးအိုဝမ်သည် လက်ထဲတွင် ပေါက်ပြားတစ်ခုအား ကိုင်ကာ ရှေ့မှ လျှောက်သွားလိုက်သည်။ ဝမ်ဝူလန်သည် ရှေ့မှ မြက်ပင်များအား ခုန်ပေါက်ကာ ဘေးသို့ ဖယ်နေလိုက်သည်။ သူသည် သူတို့အား အတော်လေး ထောင့်ကျသော နေရာသို့ ဆွဲခေါ်လာပြီးနောက်တွင် သူတို့သည် ကြီးမား ရှည်လျားသော ပဲပိစပ်နွယ်ပင်များအား မြင်လိုက်ရတော့သည်။

ပဲပိစပ်ပင်သည် အမှန်တကယ် နွယ်ပင် မဟုတ်ပဲ သေးငယ်သော အပင်ပုလေးသာ ဖြစ်သည်။ သို့သော် ယခု ပဲပင်စပ်ပင်၏ ပုံစံသည် ထူးခြားလှသည်။ အကိုင်းများသည် အလွန် ရှည်လျားကာ နွယ်ပင်တစ်ပင်ကဲ့သို့ ဖြစ်နေခဲ့သည်။ ဆွဲကြည့်လိုက်လျှင် ပေတစ်ဝက်ခန့် ရှည်ပေသည်။ တစ်ပင်လုံး အစိမ်းရောင် ပဲတောင့်များဖြင့် ပြည့်နှက်နေခဲ့သည်။ ပုံစံကြည့်ရလျှင် နွယ်ပင် တစ်ပင်လျှင် အသီးနှံ အထွက်နှုန်း အများကြီး ရပေလောက်မည် ဖြစ်သည်။

အမှန်တကယ်ကိုပင် အိမ်နောက်ဖက်တွင် ပေါက်နေခဲ့ခြင်း ဖြစ်သည်။ သူတို့ ကိုယ်တိုင် သတိပင် မထားမိခဲ့ကြပေ။ လူတိုင်းသည် လယ်သမားများ ဖြစ်ကြသည်။ ထို့ကြောင့် ထိုမြင်ကွင်းအား မြင်သော် သူတို့ မည်ကဲ့သို့ ရပ်နေနိုင်မည်နည်း။ အဖိုးကြီးဝမ်နှင့် ရွာသူကြီးဟူတို့သည် အတူတကွ ရှေ့သို့ လှမ်းသွားကြကာ တစ်ယောက်ကို တစ်တောင့်စီ ပဲတောင့်များအား ခူးဆွတ်လိုက်ကြသည်။ သူတို့ အခွံခွာကြည့်လိုက်ချိန်တွင် အစိမ်းရောင် ပဲစေ့လေးများ ထွက်ပေါ်လာခဲ့သည်။

ပဲစေ့လေးများသည် လုံးဝိုင်းကာ ပြည့်နေသောကြောင့် ပဲကြီးစေ့နှင့်တောင် နှိုင်းယှဉ်နိုင်ပေသည်။ နွယ်တပင်ထဲတွင်တောင် ပဲစေ့များ မရေတွက်နိုင်အောင် များလှသည်။

အဟွတ်...... သူ မရေတွက်နိုင်ပေ။

“ဘုရားရေ တစ်ပင်ထဲမှာတောင် အနည်းဆုံး ၁၀ ကတ်တီလောက် ရှိနိုင်တယ် “

ရွာသူကြီးဟူ၏ လက်များသည် တုန်ယင်နေခဲ့သည်။ ထိုအချိန်တွင် ဝမ်ချွမ်းမန်သည်တိုးညှင်းစွာဖြင့် ပြောလိုက်သည်။

“ပဲပိစပ်တွေ အောက်တိုဘာလမှ ရင့်မှည့်ပြီး ဝါလာမှာ မဟုတ်ဘူးလား”

အခုချိန်တွင် နွေဦး အစောပိုင်းကာလသာ ဖြစ်နေသေးကာ ပဲပိစပ်များသည် ကောင်းမွန်စွာ ကြီးထွားနေခဲ့ပြီ ဖြစ်သည်။ အောက်တိုဘာလ ရောက်ရန် နောက်ထပ် ၁၀လခန့် လိုနေသေးသည်။ လူတိုင်းသည် မသိစိတ်ဖြင့် ဘာမှ မသိသလို လုပ်နေသော အားယွီထံသို့ ကြည့်လိုက်မိကြသည်။ သူမသည် မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ်ဖြင့် ခေါင်းလေးအား စောင်းကာ မေးလိုက်သည်။

“ဖေဖေ ဖိုးဖိုး ပဲစားရတာကို မကြိုက်ကြဘူးလား”

နတ်သူငယ်လေးးသည် ပဲများက အရသာရှိကာ အရသာရှိသော အရာများလည်း အများကြီး လုပ်စားနိုင်သည်ဟု ပြောခဲ့သည်။

ပဲပိစပ်များ ယခုအချိန်တွင် စတင်၍ ကြီးထွားကာ ပေါက်လာခြင်းသည် သူမကြောင့်များလား.........

သူမလေးသည် ဘုရားသခင်မှ စေလွှတ်လိုက်သည့် ဘုရားပေးသော ဆုလာဘ်များ ဖြစ်နေသည်လား.......

ထိုကလေးလေးအား နှင်းများကြားမှ ကောက်ယူလာခဲ့ခြင်း ဖြစ်သည်။

အဖွားအိုဝမ်သည် ရွာသူကြီးဟူအား စိုက်ကြည့်လိုက်ချိန်တွင် ရွာသူကြီး ဟူသည် တုန်ယင်သွားခဲ့သည်။ ရွာသူကြီး ဟူ၏ မျက်နှာသည် တွန့်သွားခဲ့ကာ မေးမြန်းလိုက်သည်။

“တ.....တဝမ်မိန်းမ ငါ့ကို ဘာလို့ အဲ့လို ကြည့်နေရတာလဲ”

အဘယ်ကြောင့်များ သူမသည် သူ့အား နှုတ်ပိတ်ချင်သယောင် ပုံစံ ပေါက်နေရသနည်း......

All Chapters