← Chapters

မွေးစားခြင်း

Vol. 1 Ch. 2

မွေးစားခြင်း

Vol. 1 Ch. 2

ဝမ်မိသားစုအိမ်သည် ဟူမိသားစုရွာနှင့် အနည်းငယ်ဝေးသည်။ ၎င်းသည် ကျောက်ထရံကို ကျောပေးထားသော ဝင်းတစ်ခု ဖြစ်သည်။ ထိုအချိန်တွင် အဖိုးအိုဝမ်သည် သူ၏ မိသားစုအား ဂေါ်ပြားဖြင့် နှင်းများကို ဖယ်ရှားရန် ဦးဆောင်လျှက် ရှိသည်။

“တတိယချွေးမ ငါ့အခန်းထဲ လာခဲ့”

အဖွားအိုဝမ်သည် ခြံဝင်းထဲ ဝင်လာသည်နှင့် ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ဝမ်ချွမ်းဖူနှင် ဝမ်ချွမ်းမန်တို့သည်လည်းပဲ ထိုကလေးလေးအား အလွန် စိုးရိမ်လျှက် ရှိသည်။ သူတို့သည်လည်း နောက်မှ လိုက်ရန် ပြင်လိုက်စဉ် အဖွားကြီးမူမှ စိုက်ကြည့်လိုက်သောကြောင့် ထိတ်လန့်သွားကြသည်။

“ဘာလဲ မင်းတို့က ငါ့စီကို ကြည့်နေတာ နို့သောက်ဖို့ ရှာနေတာလား”

အဖွားအိုဝမ်သည် စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။

“အလုပ်သွားလုပ်တော့ အစာစားတဲ့ အခါမှာတော့ နင်တို့က ဆာလောင်နေတဲ့ သရဲတွေလိုစားတယ် အလုပ်လုပ်ခါနီးကျတော့ မြန်မြန်ဆန်ဆန် လုပ်တာ ငါမမြင်မိပါလား”

ညီအစ်ကို နှစ်ယောက်သည် သူတို့ နှာခေါင်းကို ပွတ်လျှက် ခေါင်းကို လှည့်သွားလိုက်ကြသည်။ အဖိုးအိုဝမ်သည် နှင်းများကို ဖယ်ရန် လာကူနေသော သားအကြီးဆုံး ဖြစ်သူကို ကြည့်လိုက်ကာ

“ မင်းအမေ ဒီနေ့ ထပ်ပြီး ဒေါသအိုး ပေါက်ကွဲပြန်ပြီလား”

သူမသည် အခုနလေးတင် သူမ၏ သားနှစ်ယောက်အား စိုးရိမ်နေသေးပြီး အပြင်သို့ သုံးလေးခေါက် ထွက်ကြည့်နေသေးသည်။ သို့သော် ဘာကြောင့်များ သူမပြန်လာချိန်တွင် ဒေါသထွက်ပြီး လာရသနည်း။ ဝမ်ချွမ်းမန်သည် သာမာန်ကာလျှံကာ ပြောလိုက်သည်။

“မဟုတ်ပါဘူး အမေက ကလေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေတာပါ ဒီနေ့က အရမ်းအေးနေတာ အဲ့ဒါကြောင့် ကျွန်တော်တို့ ပိုပြီးစေ့စေ့စပ်စပ် လုပ်ရမှာမို့ပါ”

သူ၏ စကားဆုံးသည်နှင့် တပြိုင်နက် အဖိုးအိုဝမ်သည် ကျယ်လောင်စွာ အော်လိုက်သည်။

“ဘာ ဘာကလေးလဲ”

ထိုအချိန်ကျမှသာ မိသားစုတစ်ခုလုံးသည် ထို ညီအစ်ကိုနှစ်ဦး အပြင်ထွက်ပြီဂနောက် သားကောင် ဖမ်းမိလာရမဲ့ အစား ကလေးတစ်ယောက်ကိုသာ ကောက်ယူလာသည်ကို သိသွားကြသည်။ မိသားစု တစ်ခုလုံးသည် နှင်းများ ဖယ်ရှားနေသည်ကို ရပ်လိုက်ကြကာ အိမ်ဦးခန်းသို့ သွားကြသည်။ မကြာမှီ သေးငယ်သော အခန်းလေးသည် လူများဖြင့် ပြည့်နှက်သွားလေတော့သည်။

“တောင်းတစ်လုံးနဲ့ ဘယ်လိုလုပ်ရမှာလဲ နှစ်လုံးယူလာခဲ့”

“ဘာလို့ ချက်ပြုတ်နေသေးတာလဲ ခဏနေမှစားရရင် သေသွားမှာမို့လို့လား ဘယ်သူဖြစ်ဖြစ် ငါ့ကို အချိန်ဆွဲရင် ဒီည ညစာစားဖို့ တွေးတောင်မတွေးနဲ့”

“ဒီလောက်အေးတဲ့ ဆောင်းတွင်းကြီးမှာ ကလေးက ဘာလို့ ဒီလောက် ကိုယ်တွေပူနေရတာလဲ ပြတင်းပေါက် ဖွင့်လိုက်ရမလား”

“ဘာလို့ နင့်ခေါင်းကို အပေါက် မဖောက်လိုက်ရတာလဲ ငါ့ကို ပြသာနာလာမပေးနဲ့ ထွက်သွားစမ်း ဒုတိယသား နင့်အဖေ သမားတော်ဟူကို ခေါ်လာပြီလားဆိုတာ သွားကြည့်စမ်း ဒီလူကြီးက ကြည့်လိုက်ရင်သာ သန်မာသလိုလိုနဲ့ သူဘာလုပ်လုပ် မိန်းမတွေလို နှေးနှေးကွေးကွေးနဲ့ “

**

ဆူညံနေသောအသံများကြောင့် အားယွီ၏ မူးဝေနေသော ခေါင်းသည် ခဏတာအတွင်း ကြည်လင်သွားသည်။ သူမမှတ်မိတတ်စအရွယ်ကတည်းက ထိုမျှလောက် စည်ကားနေသည်ကို မမြင်ဘူးပေ။ အစ်မအကြီးဆုံးက ကစားဖော် အသစ် ရနေတာများလား...။နှင်းများ ကျနေချိန်မှာ သူမထပ်ဖျားပြန်ပြီ။ သူမသည် ဖျားနာလွယ်လှသည်။

သူမမှတ်မိသည်မှာ သူမအိပ်ယာမဝင်ခင် သူမအစ်မသည် သူမအတွက် ရေတစ်ခွက်ယူလာသည်။ သူမရေသောက်ပြီး မကြာခင်မှာပဲ သူမအိပ်ပျော်သွားခဲ့သည်။ အားယွီသည် အလွန်ပူလောင်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် မသိစိတ်က လှုံဆော်မှုဖြင့် သူမ၏ လက်ကို မြှောက်ကာ မျက်လုံးကို ပွတ်လိုက်သည်။ သူမလေး၏ မျက်လုံးများသည် ယားယံကာ နာကျင်လျှက်ရှိသည်။

သူမ အကြာကြီး အိပ်မိပြန်ပြီလား။ အကယ်၍ သူမသာ အကြာကြီး အိပ်မိသည် ဆိုပါက စားစရာရှိတော့မည် မဟုတ်ပေ။ ဆာလောင်မှုသည် သက်သောင့်သက်သာ မရှိလှပေ။

“အမေ”

အားယွီ၏ အက်ကွဲနေသော အသံလေးသည် ခြင်တစ်ကောင်ကဲ့သို့ နူးညံ့စွာ ပေါ်ထွက်လာခဲ့သည်။ ဝမ်စီလန်သည် သူ၏ ခေါင်းအား သူမလေး၏ မျက်နှာနားကပ်သောကြောင့် ပထမဆုံးအကြိမ် ကြားလိုက်ရသည်။ သူသည် ချက်ချင်း နောက်သို့ လှည့်ကာ အော်ဟစ်လိုက်သည်။

“အဖွား ကလေးလေးက နိုးလာပြီထင်တယ်”

နောက်ခဏ အကြာတွင်တော့ အဖာအထေးများ ဖြင့် ပြည့်နေသော စောင်ဖြင့် လွှမ်းခြုံခံထားရသော ကလေးလေးအား အပေါ်မှ ခေါင်းများပူးကာ တိုးဝှေ့လိုက် ကြည့်လိုက်ကြသည်။ ကလေးမလေး၏ မျက်နှာသည် နီရဲနေဆဲ ဖြစ်သည်။ သူမလေး၏ မျက်နှာသည် သနားစဖွယ် ကောင်းလောက်အောင် ပိန်လှီသေးငယ်နေခဲ့ကာ လူကြီ’တစ်ဦး၏ လက်ဖဝါး အရွယ် လောက်ပင်မရှိပေ။

သူမလေးအား ကြည့်ရသလောက် နှစ်နှစ် အရွယ်လောက်သာ ရှိလောက်မည် ဖြစ်သည်။သူမလေး၏ မျက်လုံးများ ပိတ်လိုက်ချိန်တွင် ထင်ရှားပြီး ဆွဲဆောင်မှုရှိသောအရာမှာ သူမ၏ သေးငယ်ပြီး ဖြောင့်တန်းနေသော နှာခေါင်းလေး ဖြစ်သည်။

ထို့အပြင် ငှက်မွှေး ယပ်တောင်ကဲ့သို့ ထူထဲ ကော့ဆင်း လှသော မျက်တောင်လေးများလည်း ရှိသည်။ သူမ၏ နဖူးပြင်လေးသည်လည်း ပြည့်တင်းနေလျှက်ရှိကာ သူမ၏ နုနယ်သော အသားအရည်မှာလည်း သဘာဝအတိုင်း ချောမွေ့နူးညံ့လျှက်ရှိသည်။

သူမ၏ နှုတ်ခမ်းလေးမှာ ခြောက်သွေ့လျှက် အရေခွံလေးများ လန်နေသည်။ ဒုတိယသား၏ ဇနီးဖြစ်သူ အဒေါ်မာသည် အသေးစိတ် ဂရုစိုက်တတ်သော သူဖြစ်သည်။ သူမသည် လက်ကိုင်ပဝါကို ရေထဲသို့ နှစ်လိုက်ကာ ကလေးမလေး၏ နှုတ်ခမ်းကို နူးညံ့စွာ သုတ်လိမ်းပေးသည်။

သူမလေး၏ ခြောက်သွေ့သော အသားအရည်မှာ ယာယီ ချောမွေ့သွားကာ သူမ၏ ချယ်ရီသီးကဲ့သို့ ပန်းရောင နှုတ်ခမ်းလေးကို ပေါ်လွင်စေသည်။ထိုအချိန်မှာပင် သူမလေး၏ မျက်လုံးများ ပွင့်လာခဲ့သည်။ ဝမ်မိသားစုမှ လူတိုင်း ပင့်သက်ရှိုက်လိုက်မိသည်။

ဒါက ဘယ်လိုလုပ် လူသားတစ်ယောက်ရဲ့ မျက်လုံးလို့ ခေါ်နိုင်ပါ့မလဲ..။

သူမ၏ မျက်ဆံမည်းများထဲတွင် မှိန်ဖျော့နေသော ရွှေရောင် ရှိနေသည်။ ထိုရွှေရောင် မျက်ဆံပေါ်တွင် မြူများဖုံးနေသကဲ့သို့ ဖြစ်နေသည်မျာ သူမလေး ဖျားနေသောကြောင့် ဖြစ်သည်။ ၎င်းသည် ချန်းအင်ပါယာ၏ ဒေသခံများ၏ မျက်လုံးအရောင် မဟုတ်ပေ။ဝမ်မိသားစုမှ လူကြီးများ စကားမပြောမှီ ကောင်လေး ခုနှစ်ယောက်သည် စတင်အော်ဟစ်လိုက်သည်။

“အိုးး ဒီမျက်လုံးတွေက မသေမျိုး ကလေးတစ်ယောက်ရဲ့ မျက်လုံးမျိုးပဲ”

“သူမ အရမ်းလှတာပဲ အဖွား သူမကို မွေးစားလိုက်ကြရအောင် ကျွန်တော် အစားလျော့စားပါ့မယ် မဟုတ်ဘူး ကျွန်တော် ထမင်းကို ပန်းကန်လုံးတစ်ဝက်ပဲစားပါ့မယ် သူမကို မွေးစားကြမယ်နော်”

“ကျွန်တော်လဲ ပန်းကန်လုံးတစ်ဝက်ပဲစားပါ့မယ် ကျွန်တော့် ညီမလေးအတွက် ချန်ထားပါ့မယ်”

“ညီမလေးဆိုတာကို မင်းဘယ်လိုသိလဲ”

“ညီမလေးက လှတယ်လေ အဲ့တော့ သူက ညီမလေးပေါ့ ပြီးတော့ ရွာသူကြီး ဟူစန်းပေါင်ရဲ့ ညီမလေးတောင်ဒီလောက် မလှဘူး”

ငါတို့မှာ အရမ်းချောပြီး လှပတဲ့ ညီမလေး တစ်ယောက်ရပြီ”

အဖွားအိုဝမ်သည် ဘာမှ ဝင်မပြောပေ။ သူမ မျက်နှာသည် မည်းမှောင်နေပြီး သူမ မည်သည်ကို တွေးနေသည်ကို ဘယ်သူမှ မသိပေ။ သူတို့၏ မိသားစုသည် ဆင်းရဲသည်။ ဒီအရာသည် ကလေးတစ်ယောက်အား ကယ်တင်ရန် ကောက်ချီလိုက်သကဲ့သို့ မဟုတ်ပေ။

အားယွီသည် သူမ၏ အမေအား နှစ်ကြိမ်ခေါ်လိုက်သော်လည်း မည်သည့် တုန့်ပြန်မှုကိုမှ မရပေ။ သူမ၏ စိတ်ပျက်အားငယ်မှုကို သတိထား ဖုံးကွယ်ကာ ပတ်ဝန်းကျင်အား မဝံ့မရဲ ကြည့်လိုက်သည်။

“ဟွတ် ဟွတ် ဟွတ်”

ချောင်းဆိုးသံသည် လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်လိုက်သည်။ ၎င်းအသံသည် စတုတ္ထချွေးမဖြစ်သူ လျိုရှီ ဖြစ်ပြီး သူမ၏ ပုံသည် နေမကောင်းပုံရသည်။ထို့ကြောင့် သူမသည် တံခါးကို ခက်ခက်ခဲခဲ ကျောမှီလျှက် အမောတကောပြောလိုက်သည်။

“အမေ ကျွန်မကို ဒီကလေးလေးကို မွေးစားခွင့်ပြုပေးပါ”

အဖွားအိုဝမ်သည် သူမအားကြည့်လိုက်သောအခါ သူမသည် သတ္တိမွေးကာ ပြောလိုက်သည်။

"မနေ့က ကျွန်မ အိပ်မက်မက်တယ်။ကျွန်မအိပ်မက်ထဲမှာ... ဒီကလေးလေးရှိတယ်။ အိပ်မက်ထဲမှာ ပြောတာက ကောင်းကင်ဘုံက ကျွန်မကို သနားပြီး ဒီကလေးကို ကျွန်မကို ပေးလိုက်တယ် “

အားယွီ၏ မျက်လုံးအကြည့်များသည် တံခါးနားမှ လျိုရှီထံ ရောက်သွားသည်။ သူမသည် ထိုလူ၏ ပုံပန်းသွင်ပြင်ကို မမြင်ရသော်လည်း လှုပ်ရှားမှုများသည် ဆင်တူနေခဲ့သည်။

“အမေ”

“အာ”

လျိုရှီသည် ထိုအသံကို ကြားပြီး အကြောင်းပြချက် တစ်ချို့ကြောင့် မသိစိတ်မှု တုန့်ပြန်လိုက်မိသည်။ သူမပြန်ဖြေလိုက်ပြီးသည်နှင့် မျက်ရည်များသည် သူမ၏ မျက်နှာပေါ်သို့ ကျဆင်းလာခဲ့သည်။

သူမ၏ နှလုံးသားထဲမှ အလွန်ကြီးမားသော ရေခဲတွင်းနက်ကြီးသည် ရုတ်တရက် မီးများဖြင့် ပြည့်နှက်သွားသကဲ့သို့ ရှိသည်။ စတုတ္ထသား ဖြစ်သူသည် အပြေးသွားကာ သူမအား လက်မောင်းမှ ထိန်းကိုင်လျှက် ကူညီလိုက်သည်။ သူ၏ နှလုံးသား တစ်ခုလုံး ဆို့နင့် နာကျင်သွားရသည်။

“ဘာလို့အပြင်ကို ထွက်လာတာလဲ ဆရာဝန်က မင်းကို လှဲနေဖို့ ပြောထားတယ်မလား”

လျိုရှီသည် အားနည်းသော အပြုံးကို ဖျစ်ညှစ်ပြီး ပြုံးပြလိုက်ကာ သူနှင့် အတူ အိမ်ထဲသို့ လိုက်လာသည်။ သူမ၏ အကြည့်များသည် အိပ်ယာပေါ်တွင် အိပ်နေသော ကလေးထံသို့ စူးစိုက်ကြည့်နေခဲ့သည်။ အရမ်းတူသည်။ သူမလေးသည် သူမ၏ အိပ်မက်ထဲမှ ကလေးလေးနှင့် အတိအကျကို တူညီနေခဲ့သည်။ သူမသည် သေးငယ်ကာ သူမအား အမေလို့ ခေါ်ပုံကအစ တူညီသည်။

“အမေ ကျွန်မကို မွေးစားခွင့်ပြုပါ "

အဒေါ်လျိုသည် ကလေးလေးအား သူမ၏ ဖျားနာမှု ကူးစက်သွားမည်ကို စိုးသောကြောင့် မထိရဲခဲ့ပေ။ သူမသည် သနားစဖွယ် တောင်းပန်မှု သာ ပြုလုပ်နေခဲ့သည်။

“ကျွန်မကို ကြိုးစားခွင့်ပြုပါ"

အဖွားအိုဝမ်သည် တစ်မိသားစုလုံး သူမအားကြည့်နေသည်ကို မြင်သောခါ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်.။ သူမ၏ မြေးများသည်လည်း လက်နှစ်ဖက်ကို ပူးကာ အတူတူ အသနားခံနေခဲ့သည်။ သူတိူ့၏ ပုံစံသည် ရွာအဝင်မှ အဝါရောင် ခွေးကလေးများ ရှေ့လက်နှစ်ဖက်ကို မြှောက်လျှက် အစာတောင်းနေပုံနှင့် တူနေသည်။

“ကောင်းပြီ”

အဖွားအိုဝမ်သည် အံကြိတ်လျှက် ပြောလိုက်သည်။ ကလေးလေး တစ်ယောက်ပါပဲ။ သူတို့ ဝမ်မိသားစုက မမွေးစားနိုင်တဲ့ ကလေးရှိနိုင်ပါ့မလား။ အားယွီသည် သူမ၏ နဖူးပေါ်သို့ နွေးထွေးသော လက်တစ်စုံ လာရောက်စမ်းသပ်နေသည်ကို ခံစားလိုက်ရသည်။ သူမသည် ထိုလက်အား လိုလားတောင့်တစွာ တိုးဝှေ့လိုက်ပြီး လျှင်မြန်စွာ အိပ်မောကျသွားခဲ့သည်။

ညသန်းခေါင်အချိန် ကျော်သွားခဲ့သော်လည်း ဝမ်မိသားစု အိမ်သည် လင်းထိန်နေဆဲ ဖြစ်သည်။ အမျိုးသမီး အနည်းငယ်က ကလေးကို အိပ်ယာဘေးမှာ အလှည့်ကြ စောင့်ကြပြီး ကလေးလေး၏ နဖူးကို ခဏခဏ စမ်းကြည့်လျှက် ရှိသည်။

သူမ၏ လက်ချောင်းလေးများ လှုပ်ရှားသွားပြီး လက်ချောင်းထိပ်ကလေးမှ မျက်စိဖြင့် မမြင်နိုင်သော အလင်းရောင် ဖျော့ဖျော့ ထုတ်လွှတ်နေသည်ကို မည်သူမှ သတိမမူမိလိုက်ပေ။

( ကလေး ထတော့)

အားယွီသည် သူမ၏ မျက်လုံးအား ဖွင့်ကြည့်လိုက်သောအခါ လင်းလက်တောက်ပသော နေရာတစ်ခုသို့ ရောက်ရှိနေသည်ကို သူမသတိပြုမိလိုက်သည်။ ထိုနေရာတွင် အစားအစာများ နှင့် ထူထဲသော အဝတ်အစားများ ရှိနေသည်။ ထို့အပြင် အလွန်နူးညံ့သော အိပ်ယာတစ်ခုလည်း သူမ၏ နံဘေးတွင် ရှိနေခဲ့သည်။

သူမသည် သူမ၏ မျက်လုံးကို ပွတ်လိုက်သည်။ ပြီးနောက် ထပ်ပြီး ပွတ်သပ်လိုက်သည်။ သူမ၏ သေးငယ်သော ပါးစပ်လေးသည် အံ့အားသင့်မှုကြောင့် ပွင့်ဟလာခဲ့သည်။

"ဝါးးးး"

သူမသည် စိတ်ရှုပ်ထွေးနေသော မျက်ဝန်းများဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်ကာ သူမ ဘာကြောင့် ဒီနေရာကို ရောက်နေသည်ကို မသိခဲ့ပေ။

(ကလေး ဒီနေရာက မင်းရဲ့ ဟင်းလင်းပြင်ကမ္ဘာပဲ မင်းပိုင်တဲ့ ဟင်းလင်းပြင်လောကပဲ မင်းနှလုံးသားထဲက ဘာကိုဘဲဆန္ဒရှိရှိ ဒီနေရာမှာ ပေါ်လာလိမ့်မယ်)

အားယွီ၏ မျက်လုံးများသည် စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေခဲ့သည်။ သူမသည် အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။

All Chapters