← Chapters

လူအများ၏ အမြင်

Vol. 1 Ch. 3

လူအများ၏ အမြင်

Vol. 1 Ch. 3

“ငါက မင်းရဲ့ ဒီဟင်းလင်းပြင် ကမ္ဘာမှ သီးသန့် အစောင့်အရှောက်ပါ “

အားယွီသည် ပတ်ပတ်လည်ကို နှစ်ကြိမ်ခန့် လှည့်ကြည့်လိုက်ကာ သူမ၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးနေမှုများ ရှိနေခဲ့သည်။ သူမအား မည်သူ စကားပြောနေသည်ကို မမြင်ခဲ့ပေ။

သိပ်မကြာခင်မှာပဲ လေထုထဲမှ မကျေမနပ် ငြီးညူနေသော အသံ ထွက်ပေါ်လာခဲ့သည်.။ အဖြူရောင် ဘောလုံးတစ်လုံးကဲ့သို့ အရာတစ်ခု ပေါ်ထွက်လာခဲ့သည်။ အမွှေးပွပွနဲ့ အဖြူရောင် အတောင်ပံ တစ်စုံနဲ့ အဖြူရောင် အမွှေးပွပွ ကိုယ်လုံးရှိသည်။ ထိုအရာ၏ မျက်လုံးသည် တနေရာရာမှာ ပုန်းကွယ်နေပြီး ပါးစပ်လဲ မရှိပေ။

အားယွီသည် ထိုအရာကို ကြည့်လျှက တံတွေးမြိုချလိုက်လေသည်။ ထိုအရာသည် သူမ အမေ လုပ်ကျွေးခဲ့ဘူးသော အသားလုံးနှင့် အနည်းငယ် ဆင်တူနေခဲ့သည်။

(…….)

(ငါက မင်းအတွက် သူငယ်ချင်းကောင်းပဲ မင်းအဲဒါကို သိလား)

အားယွီသည် ထိုစကား၏ အဓိပ္ပာယ်ကို နားလည်သော်လည်း အတိအကျ သဘောပေါက် နားလည်သည်တော့ မဟုတ်ပေ။သူမသည် ခေါင်းခါလိုက်သည်။တကယ်တမ်းတွင် တဖက်က အရာက အနည်းငယ် ကြမ်းတမ်းနေသောကြောင့် သူမသည် လည်းပင်းကို အနည်းငယ် ကျုံ့လိုက်မိသည်။

ထိုအသားလုံးလေး၏ အတောင်ပ့လေးများသည် တောင့်တင်းသွား၏။ အဆုံးတွင်တော့ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ ခဏအကြာတွင် ရွှင်မြူးသော လေသံသို့ ပြောင်းလဲသွားသည်။

(ငါ နတ်သူငယ် သေးသေးလေးပါ အရမ်းချစ်ဖို့ကောင်းတဲ့ နတ်သူငယ် ပေါက်စလေးလေ ငါက မင်းရဲ့ ကစားဖော်ပါ ငါ မင်းနဲ့ ကစားပေးမယ်လေ)

အားယွီ၏ မျက်လုံးများ အရောင်တောက်သွားကာ သူမပြုံးလိုက်သည်။ ကစားဖော်.... သူမသည် ထိုအရာအား သေချာနားလည်သည်။ “ကစားဖော်” အားယွီသည် သူမ၏ လက်ကို ဆန့်တန်းလိုက်ကာ သူမကိုယ်သူမနှင့် ထိုအသားလုံးလေးကို အပြန်အလှန် ညွှန်ရင်း ပြောလိုက်သည်။

“ကစားဖော်”

သူမ၏ အသံသည် အမှန်တကယ် ပျော်ရွှင်နေပုံရသည်။ အစ်မကြီးတွင် ကစားဖော် အများအပြားရှိသော်လည်း သူမတွင် မရှိပေ။ ဘယ်သူမှ သူမနှင့် ကစားရန် စိတ်မဝင်စားကြပေ။ သို့သော် တစ်ခါတစ်ရံတွင်တော့ သူမနှင့် ကစားကြသည်။ သူမ၏ လည်ပင်းထဲသို့ နှင်းများကို သိပ်ထည့်ကာ သူမ ပြန်မထုတ်နိုင်သည်ကို ကြည့်ရတာ သူတိူ့ သဘောကျကျသည်။

သူမသည် သူတို့ ထည့်တာများသည်ဟု ပြောသော အခါမျိုးတွင် သူတို့သည် သူမအား ဘန်းကိတ် တဝက်အား ပိုပေးလေ့ရှိသည်။ သူမသည် အမေလုပ်ပေးသောကြောင့် ဘန်းကိတ်ကို အလွန် ကြိုက်သည်။ ဒီကစားဖော်ကကော သူမ၏ အကျီထဲ နှင်းတွေ ထည့်သိပ်ရသည်ကို ကြိုက်လားဆိုတာကို သူမသိချင်မိသည်။ အကယ်၍ သူသာ ကြိုက်ခဲ့လျှင် သူမအား ဘန်းကိတ် တဝက် ပေးပါမလားဆိုသည်ကိုလဲ သိချင်မိသည်။ အသားလုံးလေးသည် တုန်တုန်ရီရီ ဖြစ်သွား၏။

(ဟုတ်တယ်)

ကလေးမလေး၏ ဉာဏ်ရည်ဉာဏ်သွေးသည် ထိန်းချုပ်ခံထားရသည်ကို သိလိုက်ရသည်။ သူမသည် ရိုးရှင်စွာ လေးနှစ် အရွယ်သာ ရှိသေးသည်။ သို့သော် သူမလေး၏ ပုံစံကို ကြည့်လိုက်လျှင် နှစ်နှစ် အရွယ်ခန့်သာ ရှိသေးသည်။

သူမလေး၏ ခန္ဓာကိုယ်သည် နှဏ်နှစ် အရွယ်ခန့်သာရှိပြီး သနားစဖွယ်ကောင်လောက်အောင် ပိန်ပါးလျှက် ရှိသည်။ အားယွီ၏ အကြည့်သည် အနောက်မှ ဘန်ကိတ်အပုံလိုက်ပေါ် ရောက်ရှိနေခဲ့သည်.။

(မင်း စိတ်ကူးယဉ်နေတာ အဲဒါတွေက စားလို့မရဘူး)

အသားလုံးလေးသည် သူမအား သတိပေးလိုက်သည်။ ကံမကောင်းစွာဖြင့် အားယွိသည် နားမထောင်ခဲ့ပေ။အသားလုံးလေးသည် ထိုကလေးမလေးအား ဟင်းလင်းပြင်ကမ္ဘာကို မည်သို့ အသုံးပြုရမည်ကို သင်ပေးချင်သော်လည်း ဟင်းလင်းပြင်ကမ္ဘာ တစ်ခုလုံး ငြင်သာစွာ တုန်ခါသွားခဲ့သည်။

ခဏအကြာတွင် အားယွီသည် အိပ်ယာမှ နိုးလားကာ လူငယ်လေးသုံးယောက်၏ ခေါင်းများသည်အတူတကွ တိုးဝှေ့လျှက် မျက်လုံးအပြူးသားနှင့် သူမအား ကြည့်နေခဲ့သည်.။ ဘယ်ဘက်မှ လူငယ်လေးသည် အလယ်မှ လူငယ်လေးအား တွန်းလိုက်ကာ

“အဲ့ဒါ မင်းအမှားပဲ မင်းလှုပ်နေလို့ ညီမလေး နိုးသွားပြီ”

အလယ်မှ လူငယ်လေးသည် မကျေမနပ်ဖြင့် ပြောလိုက်သည်။

“ငါက ဒီတိုင်း ညီမလေးကို ထိကြည့်ချင်ရုံပါပဲ ကလေးက ဖျားနေသေးလားဆိုတာကို ကြည့်ရုံပါ”

ညာဘက်မှ လူငယ်လေးသည် အားယွီအား ညှင်သာစွာ ပြောလိုက်သည်။

“ညီမလေး အကိုက ညီမလေးရဲ့ ပဉ္စမမြောက် အကိုပဲ”

အားယွီသည် အနည်းငယ် ကြက်သေသေသွားခဲ့သည်။ သူမသည် ဘာတွေ ဖြစ်နေမှန်း မသိတော့ပေ။ သူမသည် အဘယ်ကြောင့် ရုတ်တရက် သူမ မရင်းနှီးသော နေရာကို ရောက်နေရသနည်း။ အဘယ်ကြောင့် လူတစ်ချို့က ရုတ်တရက် သူမအစ်ကိုတွေဟု ပြောနေကြသနည်း။ သူမတွင် အစ်ကိုများရှိခဲ့သလား။သူမ ဘာကြောင့် မမှတ်မိရသနည်း။

တကယ်တမ်းတွင် အားယွီနိုးလာသောအချိန်တွင် သုံးရက်ကျော် လွန်သွားခဲ့ပြီ ဖြစ်သည်။ ထိုသုံးရက်အတွင်း ဝမ်မိသားစုသည် လုပ်နိုင်သမျှ အရာအားလုံးနီးပါးဖြင့် ကြိုးစားခဲ့သည်။

သို့သော် ဆင်းရဲသော မိသားစုသည် အဘယ်သို့သော ကောင်းမွန်သည့် အကြံဉာဏ်များ ထွက်လာနိုင်မည်နည်း။ သူတို့ လုပ်နိုင်သည်မှာ မကြာခဏ စောင့်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။ အဖိုးအိုဝမ်ဆိုလျှင် ရွာသူကြီးအိမ်သို့ သွားကာ အားယွီ၏ နောက်ကျောလေးကို လိမ်းပေးရန်အတွက် အရက် တငုံစာကို အရှက်မဲ့စွာ သွားတောင်းလာခဲ့သေးသည်။

ထို့နောက် သူသည် အဝေးမှာ ရှိသော သမားတော်ဟူအားလည်း သွားရောက် ခေါ်ဆောင်ခဲ့သေးသည်။ကလေးမလေးသည် ငယ်လွန်းသေးသောကြောင့် သမားတော်ဟူသည် ဆေးတိုက်ရန် မညွှန်ကြားရဲခဲ့ပေ။ သူသည် ကလေးမလေးအား အစာနွေးနွေးကျွေးရန် နှင့် မကြာခဏ အနီးကပ် စောင့်ကြည့်ရန်သာ ခွင့်ပြုပေးခဲ့သည်။

အကြီးဆုံး ချွေးမဖြစ်သူ အဒေါ်ဖုန်းသည် သူမကြာမြင့်စွာ သိမ်းထားခဲ့သော ပိတ်စကို ထုတ်ကာ ကလေးမလေး အတွက် စောင်စ်ထည် ချုပ်လုပ်ပေးခဲ့သည်။ အနည်းဆုံးတော့ မည်းတူးပြီး အဖာများဖြင့်ပြည့်နှက်ကာ ကြမ်းတမ်းသော စောင်ကြီးထက် ပို၍ နွေးထွေး စေသည်။

ဝမ်မိသားစုသည် ကလေးအား ကယ်တင်ရန် လက်မလျော့ခဲ့ပေ။ သူတို့၏ လုပ်ရပ်များက ကောင်းကင်ဘုံကပင် တုန်လှုပ်စေသည်လား မသိနိုင်ပေ။ နောက်ဆုံးတွင် သူတို့သည် ငရဲတံခါးမှ သူမလေးအား ပြန်ဆွဲထုတ်နိုင်လိုက်သည်.။ထို့အတူ ဒီဇင်ဘာလ ၂၃ရက်နေ့တောင် ရောက်ရှိလာခဲ့သည်။ သို့သော် ရွာထဲတွင် နှစ်သစ်ကူး အငွေ့အသက်များ ရှိမနေပေ။

တစ်ချိန်ထဲမှာပင် ဟူမိသားစု ကျေးရွာအား အားယွီ ရောက်လာသည့် နေ့မှစ၍ အဆုံးမရှိ ကျနေသော နှင်းများသည် ရပ်တန့်သွားခဲ့သည်။ နောက်တနေ့တွင် နေရောင်သည် တောင်ပ ထွန်းလင်းလာခဲ့သည်။ ထူထြသော အဝတ်အစားများ လုံလောက်အောင် မရှိသောကြောင့် အပြင်မထွက်ရဲသော မိသားစုများသည် ပင် နွေးထွေးလာသော ရာသဉတုကြောင့် အလျိုလျို အိမ်ထဲမှ ထွက်လာကြသည်။ ဝမ်မိသားစုသည် ပျော်ရွှင်စွာ ပြောဆိုလိုက်သည်။

“ငါတို့ ကံကောင်းတဲ့ ကလေးမလေးကို ကောက်ရလိုက်တယ် ကြည့်စမ်းပါအုန်း သူလေး ရောက်လာတာနဲ့ နေတောင် ထွက်လာရတယ်”

နှင်းများ ကျသည်မှာ ရပ်သွားသည်နှင့် အရည်ပျော်လာခဲ့သည်။ နှင်းအရည်ပျော်သည်မှ ဖြစ်ပေါ်လာသော မြေပြင်ပေါ်မှ ဗွက်အိုင်များသည် နှင်းများထက် ပို၍ အေးစက်နေသေးသည်။ သို့သော် နေရောင်ခြည်သည် လုံလောက်အောင် ပူပြင်းလေသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ နေရောင်အောင်တွင် ခဏတာမျှ မတ်တပ်ရပ်နေပါက အပူချိန်ကြောင့် ချက်ချင်း ချွေး ထွက်လာပေလိမ့်မည်။ တစ်စုံတစ်ယောက်သည် နှာမှုတ်လျှက် အေးစက်စွာ ပြောဆိုလိုက်သည်။

“ခင်ဗျားတို့ ကိုယ်စား ခင်ဗျားတို့ မီးဖိုချောင်စောင့်နတ်က ကောင်းကင်ဘုံကိုတက်ပြီး အသနားခံပေးတယ်လို့ ဘာလို့ မပြောတာလဲ။ နှင်းကျတာ မကျတာ ကောင်းကင်ဘုံက ဆုံးဖြတ်တာလေ။ ကလေးတစ်ယောက်နဲ့ ဘာဆိုင်လို့လဲ”

နောက်တစ်ဦးက ဝင်ရောက် ဖျောင်းဖျ ပြောဆိုလေသည်။

“မင်းတို့ နှင်းထပ်မကျခင် ကလေးကို အဝေးသွားပို့လိုက်ပါ သူ့ဘာသာ ကောင်းချီးသယ်ဆောင်တာ ဖြစ်ဖြစ် ကပ်ဘေး သယ်ဆောင်တာဖြစ်ဖြစ် သူ့ကံကြမ္မာ သူလက်ခံရမှာပဲ သူ့ကို မွေးစားလိုက်တော့ကော ဘာထူးလာမှာလဲ မင်းတို့ မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတာတွေကို ဘာလို့ လက်ခံထားရမှာလဲ”

အဖွားအို ဝမ်သည် ထိုကဲ့သို့သော စကားများကိုကြားလိုက်ရချိန်တိုင်းတွင် တံမြက်စည်း တစ်ချောင်းကိုင်ကာ ဆဲဆိုလျှက် ထိုသူအား လိုက်လံ ရိုက်နှက်တတ်လေသည်။

“သူက နင့်တို့အိမ်က ထမင်းကို စားနေလို့လား ဒါမှမဟုတ် နင့်တို့ စပါးကို လာယူလို့လား. လာလေ မင်းကို ဒီနေရာမှာ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ဆက်ပြောခွင့်ပေးမယ် မီးဖိုချောင်စောင့်နတ်က ကောင်းကင်ဘုံပေါ် တက်သွားတုန်းက နင့်ပါးစပ်ကို ဖြတ်ယူဖို့ မေ့ကျန်ခဲ့တာလား နင့်ပါးစပ်ကို ကောင်းကင်ဘုံကို ယူသွားခဲ့ရင် သူတို့က ရွံဖို့ ကောင်းတာကို ရှာတွေ့သွားမှာကို သူကြောက်နေတာ ဖြစ်နိုင်တယ်”

တခြား အိမ်နီးချင်း တစ်ယောက်က ပြောလိုက်သည်။

“ငါပြောတာ မင်းမိသားစု ကောင်းဖို့အတွက်ပြောတာ ဘာလို့ငါ့ကို ကျိန်ဆဲနေရတာလဲ”

အဖွားအိုမူသည် တံတွေးထွေးလိုက်ကာ ပြောလိုက်သည်။

"ငါ လုပ်တာလဲ နင် ကောင်းဖို့ အတွက်ပဲ ပြောတာ မင်းတို့ ဆန်တွေနဲ့ ခေါက်ဆွဲတွေကို ငါ့ဆီ ပို့လိုက်လေ မင်းတို့ အများကြီးစားပြီး အဓိပ္ပာယ်မရှိတဲ့ စကားတွကို ထပ်မပြောနိုင်အောင် မင်းအတွက် ငါစားပေးမယ်လေ”

ရွာထဲရှိ အမျိုးသားများသည် များသောအားဖြင့် ငြင်းခုံရန် မလုပ်နိုင်ပေ။ အမျိုးသမီးများကတော့ ငြင်းခုန်ကြသော်လည်း အဖွားအိုမူအား နိုင်သည့်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ အကူညီမဲ့စေသည်။ အဖွားအို၏ ပါးစပ်သည် အလွန်ကြောက်ဖို့ ကောင်းကာ လူအများကိုလဲ ကြမ်းတမ်းရိုင်းစိုင်းစွာ ဆဲဆိုတတ်လေသည်။ သူမ၏ စကားလုံးများသည် ထက်လွန်းကာ အခြားသူများကို ပြန်ပြောစရာစကားမရှိအောင် ဖြစ်စေသည်။

ဘေးအိမ်မှ တတိယ အဒေါ်ဟူသည် အိမ်တွင် ကျိန်ဆဲနေခဲ့သည်။ အကယ်၍ ငြင်းခုန်နိုင်သော စွမ်းရည်ရှိလျှင် ထိုသူများသည် အိမ်ကိုလာပြီး တစ်ဖက်အိမ်မှာ ဘိုးဘေးများနှင့် လာရောင် ငြင်းခုန်နိုင်ပြီး အနိုင်ရမည့်သူ့ကို စောင့်မျှော်နေသည်ဟု ဆိုသည်။

ထိုအချိန်မှာပင် အဖွားအိုဝမ်သည် တစ်စုံတစ်ဦးနှင့် ငြင်းခုန်နေသည်မှာ ပြီးသွားခဲ့ပြီ ဖြစ်သည်။ အိမ်ဦးခန်းတွင် သူမ၏ မြေးများသည် ခေါင်းချင်းဆိုင်လျှက် ရှိသည်ကို မြင်သောအခါ သူမသည် လက်ထဲမှ တံမြက်စည်းကို ဝှေ့ယမ်းကာ လျှောက်ဝင်လာခဲ့သည်။

“မင်းတို့ ညီမလေးကို မနှောင့်ယှက်ဖို့ ငါ မပြောထားဘူးလား မင်းတို့က ငါ့စကားကို မသိသလိုလုပ်နေတယ်ပေါ့ ဒီလာခဲ့စမ်း အကယ်၍ နင်တို့ တင်ပါးတွေကို ယောင်လာတဲ့ထိ မရိုက်ရင် နင့်တို့အဖိုး နာမည်ကိုပြောင်းပြန်ရေးပစ်မယ်”

အဖိုးအိုဝမ်သည် ခေါင်းမိုးပြင်နေရင်း ”.........”

ဝမ်မိသားစုမှ မြေးခုနှစ်ယောက်သည် အလွန်လိမ္မာကြပြီး သူတို့သည် သူတို့၏ ညီမငယ်လေးအား ကြည့်ရန် နေ့တိုင်း ခိုးဝင်ကြခြင်းဖြစ်သည်။ သူတို့အား ထားလိုက်အုန်း။ တစ်ခြားသော ဝမ်မိသားစုမှ သူများသည်လည်း မကြာခဏ လာရောက် ကြည့်ရှုတတ်ကြသည်.။ အဓိကအကြောင်းပြချက်ည် ထိုကလေးမလေးသည် အလွန် ကြည့်ကောင်းပြီး ချစ်စရာကောင်းသောကြောင့် ဖြစ်သည်။ ပဉ္စမမြောက်မြေးသည် ပြေးလွှားရင်း အောပြောလိုက်သည်။

“အဖွား ကျွန်တော့ကို ရိုက်တာရပ်ပါအုန်း ညီမလေးက နိုးနေပြီ ညီမလေးမှာ အဖျား မရှိတော့ဘူး”

အဖွားအိုဝမ်သည် ထိုသို့ကြားလိုက်သောအခါ သူမ၏ လက်ထဲမှ တံမြက်စည်းကကို လွှတ်ပစ်လိုက်ကာ အထဲသို့ လျှောက်ဝင်သွားလေသည်။ တခြားတဖက်တွင်ရှိသော လျိုရှီ၏ အခန်းတံခါးသည်လည်း ပွင့်လာခဲ့သည်။ သူမသည် အိမ်ဦးခန်းသို့ လျှင်မြန်စွာ လျှောက်သွားလိုက်သည်။မကြာမှီအချိန်တွင် အားယွီသည် သူမ၏ ရှေ့တွင် ခေါင်းများစွာကို တွေ့လိုက်ရသည်။

အဖွားအိုမူသည် သူမကိုသူမ ဖိအားပေးကာ ပြုံးပြလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် မကြာခဏ ပြုံးလေ့မရှိသောကြောင့် သူမ၏ ပုံစံသည် အနည်းငယ် ကြောက်စရာကောင်းပုံ ပေါ်နေဟန်ရသည်။

“လိမ်မာတဲ့ ကလေးလေး သမီးလေးနိုးပြီလား ကလေး ဘာစားချင်လဲ”

အားယွီသည် သူမ၏ လက်ကို ဆန့်လိုက်ကာ ကြောက်ကြောက်ရွံရွံဖြင့် သူမ၏ လက်ညှိုးလေးကို ကိုက်လိုက်လေသည်။ ထို့အပြင် သူမ၏ မေးစေ့လေးသည် ကျုံ့ဝင်သွားသည်။ညကောင်းကင်လို လှပသော သူမ၏ မျက်လုံးလေးများတွင် ရှက်ရွံနေဟန် အရိပ် အယောင်များ ပေါ်လွင်နေခဲ့သည်။ သူမ၏ ပုံစံသည် နာခံရိုးကျိုးပုံ ပေါ်နေသည်.

ထိုကဲ့သို့ ပုံစံကို မြင်လိုက်ရသောအခါ ဝမ်မိသားစုဝင်များ၏ နှလုံးသားသည် အရည်ပျော်သွားခဲ့သည်။ ထို့နောက် ကျောက်စိမ်းတုံး ကို ထွင်းထားသကဲ့သို့ ပုံပေါ်နေသော ကလေးပေါက်စလေးသည် ရှက်ရွံစွာ ပြောလိုက်သည်။

“ဘန်းကိတ်..”

သူမသည် အလွန် ဆာလောင်နေလျှက်ရှိသည်။ ဝမ်မိသားစု၏ အမူအရာသည် တောင့်တင်းသွားခဲ့သည်။

All Chapters