စိတ်ဝိဉာဉ်ရေများ
Vol. 1 Ch. 4
အားယွီ မသိသည်မှာ သူမ၏ အရင်နေရာတွင် ခွေးတောင် မစားသော သာမာန်ဘန်းကိတ်များသည် ဒီမိသားစု အတွက် အလွယ်တကူ မတတ်နိုင်သော ရှားပါးအစားအစာ ဖြစ်နေသည် ကို ဖြစ်သည်။ ဟင်းလင်းပြင်ကမ္ဘာအတွင်းမှ အသားလုံးလေးသည် သူမ၏ တောင်းဆိုမှုကြောင့် ရူးမတက်ဖြစ်သွားသည်။
(သွားပြီ သွားပြီ ဒီလောက် ဆင်းရဲတဲ့ နေရာ ဘယ်လို ရှိနိုင်တာလဲ)
သူတို့သည် ဆင်းရဲလွန်းသောကြောင့် သူတို့ ဝမ်းတောင် သူတို့ အနိုင်နိုင် ထိန်းကျောင်းနေရချိန်တွင် ကလေးမလေး တစ်ယောက်ပိုလာသောအခါ ပြောနေစရာပင် မလိုတော့ချေ။ ပြင်းထန်လွန်းသော ဖျားနာမှုမှ သက်သာလာသောအခါ အားယွီ၏ စိတ်သည် ဖျားနာနေစဉ် အချိန်ကဲ့သို့ လေးလံထိုင်းမှိုင်း မနေတော့ပေ။
အားယွီသည် သူမ၏ ရှေ့မှ သူများသည် သူမစားသောက်ရန် ဘန်းကိတ် အနည်းငယ်ကို မပေးနိုင်မှန်း ခံစားလိုက်ရသည်။ သူမသည် တံတွေးမျိုချလိုက်ကာ သူမ၏ လက်တစ်ဖက်ဖြင့် သူမ၏ ဗိုက်အား ကွယ်လိုက်သည်။ ထို့နောက် သူမပြောလိုက်သည်။
“အားယွီ နောက်ထပ် ဗိုက်မဆာတော့ပါဘူး”
လျိုရှိ၏ မျက်လုံးများသည် ချက်ချင်း နီရဲသွားသည်။ သို့သော်ငြားလည်း သူမ၏ မိသားစုသည် ဆင်းရဲလွန်းလှသည်။ သူတို့သည် ဘယ်လိုလုပ် ဘန်းကိတ်များကို ပြုလုပ်နိုင်လိမ့်မည်နည်း။
“ဘန်းကိတ်တော့ မရှိဘူး သမီးအတွက် ဟင်းချို တစ်ချို့ လုပ်ပေးမယ်လေ ကြက်ဉဟင်းချို ဟုတ်ပြီလား”
လျိုရှီသည် ကိုယ်ဝန်ပျက်ကြထားသည်မှာ မကြာသေးပေ။ မိသားစုသည် သူမအား သနားသောကြောင့် သူမ၏ ခန္ဓာကိုယ် အားရှိစေရန် အတွက် အမြဲ နှစ်ရက်ခြားတစ်ခါ ကြက်ဉ ဟင်းချို တစ်ပန်းကန်အား တိုက်လေ့ရှိသည်။ သူတိူ့တွင် ကြက်ဉ အများကြီး မကျန်တော့ပေ။
တတိယ ချွေးမ ဖြစ်သူသည်လည်း ခေါင်းငုံ့ကာ သူမ၏ လက်ဖြင့် မျက်ရည်များကို သုတ်လိုက်သည်။ အကယ်၍ သူတို့သာ လွန်ခဲ့သော ရက်အနည်းငယ်က နောက်ဆုံးကျန်သော ကြက်အား မစားခဲ့လျှင် ကလေးလေးသည် ယခုအခါ အသား တစ်ပိုင်းလောက် စားနိုင်ပေလိမ့်မည်။
အဒေါ်ဖန်၏ အချက်အပြုတ် လက်ရာသည် အလွန် ကောင်းလှသည်။ သူမ၏ ယောက္ခမ ဖြစ်သူ မကန့်ကွက်တာ မြင်သောအခါ သူမသည် ကြက်ဉဟင်းချို ချက်ရန်အတွက် အိမ်အပြင်သို့ ထွက်ခွာသွား၏။
ဆယ့်ငါးမိနစ်ကြာသောအခါ အဒေါ်ဖန်သည် ကြက်ဉဟင်းချိုနှင့် အတူ ပြနရောက်လာခဲ့သည်။ မိသားစု အားလုံးသည် အားယွီ ဖြေးညှင်းစွာ ဟင်းချိုသောက်နေသည်အား ကြည့်နေကြသည်။ ဟင်းချို တစ်ပန်းကန်လုံး အား ကြက်ဥတစ်လုံးထဲဖြင့် ချက်ထားခြင်းဖြစ်သည်။ ထို ဟင်းချိုထဲတွင် ဆီနှင့် သကြားများ လုံးဝ ပါဝင်ခြင်း မရှိပေ။ သာမာန်ရိုးရိုး ကြက်ဉဟင်းရည်သာ ဖြစ်သည်။
အားယွီလေးသည် ငယ်သေးကြောင့် သူမ၏ မျက်နှာနားသို့ ဟင်းချို ပန်းကန်လုံးအား ဂရုတစိုက်ကိုင်ကာ တစ်ငုံချင်းစီ ဖြည်းညှင်းစွာ သောက်လိုက်သည်။ နှစ်ငုံလောက် သောက်ပြီးသောအခါတွင် သူမသည် မော့ကြည့်ကာ ပြောလိုက်သည်။
" သမီး ဗိုက်ပြည့်ပါပြီ"
သူမသည် ဟင်ချိုပန်းကန်လုံးအား ကြိုးစားကာ သူမ၏ အရှေ့သို့ မြှောက်လိုက်ကာ ပြောလိုက်သည်။
”အစ်ကိုတို့လဲ သောက်လိုက်ပါ”
လူကြီးများ စကား မပြောနိုင်ခင်မှာပင် ဝမ်ဝူလန်သည် သူ၏ ပိန်ရှုံ့နေသော ဗိုက်ကလေးအား ပုတ်ကာ ပြောလိုက်သည်။
"ညီမလေး အစ်ကိုတို့က စားပြီးတာကြာပြီ ဗိုက်ပြည့်နေပြီ ညီမလေးထပ်သောက်သင့်တယ် အဲ့ဒါမှ မြန်မြန်ကြီးပြီး အရပ်ရှည်လာမှာ”’
အားယွီလေးသည် သူမ၏ အစ်ကိုများနှင့် အခန်းထဲရှိလူများအားလုံးကို ကြည့်ပြီး မလှုပ်ရှားခဲ့ပေ။ အဖွားအိုဝမ်သည် သက်ပြင်းချကာ ပြောလိုက်သည်။
“ ကလေး သောက်လိုက်ပါ”
လျိုရှီသည် လည်း ခေါင်းငြိမ့်ထောက်ခံခဲ့သည်။ ပန်းကန်လုံးအား ပြန်မလိုက်ကာ ကုန်သွားအောင် ဂရုတစိုက်သောက်လိုက်သည်။သူမဘဝ၏ ပထမဆုံးအကြိမ် အဖြစ် သူမသည် ဗိုက်ပြည့်သလို ခံစားလိုက်ရသည်။ သူမသည် သူမ၏ ဗိုက်ကလေးအား ကိုင်ကာ အံ့အားသင့်လျှက်ရှိသည်။
မည်သူမှ ဂရုမစိုက်မိခင် အတွင်း သူမသည် သူမ၏ ဗိုက်လုံးလုံးလေးအား ထိကြည့်လိုက်မိသည်။ သူမ၏ ဗိုက်ကလေးသည် အနည်းငယ် ပူထွက်နေသည်။ .ထိုအရာသည် အလွန်ထူးဆန်းကာ နွေးထွေးသော ခံစားချက်ကို ရစေသည်။
“လူစု ခွဲလိုက်ကြတော့ မင်းတို့ အလုပ်သွား လုပ်ကြရအုန်းမယ်မလား မင်းတို့ နှင်းတွေ ဖယ်တာပြီးသွားကြပြီလား ပြီးတော့ မင်းတို့ မြေကွက်ကို ရှင်းလင်းပြီးပြီလား “
အဖွားအိုဝမ်သည် စိတ်ထဲတွင် ငိုရှိုက်နေခဲ့သည်။ သူမသည် မည်သူ့ကိုမှ အပြစ်မတင်ပဲ အားလုံးအား အပြင်ထွက်ရန် မောင်းထုတ်ခဲ့သည်။ လူအားလုံး ထွက်ခွာသွားသော အခါ အဖွားအိုဝမ်သည် အားယွီလေး ဘက်သို့ လှည့်ကာ
“သမီးလေး ထပ်ပြီး လှဲနေလိုက်အုန်း သမီးက ခုထိ ဖျားနေတာကနေ နလန်မထူနိုင်သေးဘူး အအေးမမိစေနဲ့နော်”
ထို့အပြင် ဝမ်မိသားစု အိမ်သည် လုံလောက်အောင် မနွေးပေ။ စောင်များသည်ပင် ဆယ်စုနှစ် တစ်စုကျော်သုံးစွဲခဲ့သောကြောင့် မာတောင့်လျှက်ရှိသည်။ လေကို အနည်းငယ်သာာ ကာကွယ်နိုင်သည်။ ထို့ကြောင့် မည်ကဲ့သို့ နွေးနိုင်မည်နည်း။ ဂွမ်းကပ်တစ်ခုရှိနေလျှင် တောင်မှ နွေးနိုင်မည် မဟုတ်ပေ။သို့သော်လည်း နှင်းထဲမှာ နေရသည် ထက်တော့ ပိုကောင်းပါသေးသည်။
ၐအားယွီလေးသည် အဖွားအိုဝမ်၏ စကားများကို နားထောင်ရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ ထို့အပြင် သူမ၏ စိတ်ထဲတါင် ခဏနှင့် နားလည်သွားကာ လိမ်မာရိုကျိုးစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ အမျိုးသမီးအချို့က သူမအားတုံးအသည်ဟု ပြောကြသော်လည်း သူမသည် မတုံးအပါပေ။ ဒီအတိုင်း သူမသည် ဖြေးဖြေးချင်း တွေးရသည်ကို နှစ်သက်ခြင်းသာဖြစ်သည်။ .
“လိမ်မာတဲ့ ကလေးမလေး သမီးနာမည်က အားယွီတဲ့လား ဟုတ်လား”
အားယွီသည် သူမ၏ နာမည်လေးအား ခေါ်သံကြားသော အခါ သူမ၏ မျက်လုံးလေးများ အနည်းငယ်ပြူးသွားပြီးမှ ခေါင်းငြိမ့်ခဲ့သည်။ အဖွားအိုဝမ်၏ နှုတ်ခမ်းသည် တွန့်ကွေးသွားကာ ပြုံးလျှက် ပြောလိုက်သည်။
“အနာဂတ်မှာ အဖွားက သမီးရဲ့ ဖွားဖွား ဖြစ်လာလိမ့်မယ် ဟုတ်ပြီလား”
အဖွားဆိုတာ ဘာကိုပြောတာလဲ။အားယွီလေးသည် နားမလည်သော်လည်း ထိုအရာကြောင့် တစ်ဖက်သား၏ ကြင်နာမှုအား မရပ်တန့်စေခဲ့ပေ။ထိုခံစားချက်သည် တစ်စုံတစ်ယောက်မှ သူမနှင့် နီးကပ်နေသကဲ့သို့ ခံစားရသည်။ အားယွီလေးသည် စောင်အောက်မှ ပြောလိုက်သည်။
“ဟုတ်ကဲ့”
အဖွားအိုဝမ်သည် ကျေနပ်အားရမှုနှင့် အတူ အိမ်မှ ထွက်သွားခဲ့သည်။ သူတို့ အနေဖြင့် ဆောင်းရာသီတွင် လုပ်စရာ အလုပ် အထွေအထူး မရှိပေ။ အဓိက အရေးကြီးသော အလုပ်မှာ နှင်းများကို ဖယ်ရှားရန်သာ ဖြစ်သည်။
သူမသည်လည်း ကူညီချင်ခဲ့သည်။ လူအားလုံးသည် အလုပ်များကို ခွဲဝေလုပ်သောကြောင့် သူတိူ့၏ အင်အားအချို့ကို ထိန်းသိမ်းနိုင်မည် ဖြစ်သည်။မဟုတ်လျှင် အရမ်းပင်ပန်းရလိမ့်မည်။ပြီးလျှင် သူတို့၏ ဆုံးရှုံးသွားသော အားအင်များကို ပြန်လည် ဖြည့်စွက်ရန် အတွက် သူတို့တွင် မည်သည်စားစရာမှ မရှိပေ။
အားယွီလေးသည် အခန်းထဲတွင် လှဲနေရင်း မည်းတူးနေသော ထုတ်တန်းကို စိုက်ကြည့်နေခဲ့သည်။ အဖွားဆိုသည်မှာ အမကြီးနှင့် အမေတို့လိုမျိုး ဖြစ်သည် မလား ။သူမသည် သူမ၏ အမေအား မြင်လိုက်ရသလို ရှိသော်လည်း အမကြီးအား မမြင်မိပေ။
အမကြီး...
သို့သော် ဘာကြောင့်မှန်းမသိသော်ငြားလည်း သူမသည် အမကြီးအား မမြင်မိသော်လည်း ဝမ်းနည်းစိတ် မဖြစ်မိပေ။ အားယွီပေါက်စလေး မျက်စိမှိတ်ပြီး ထပ်အိပ်တော့မည်ကို မြင်သော် ဟင်းလင်းပြင်ကမ္ဘာထဲမှ အသားလုံးလေးသည် စိုးရိမ်တကြီး ဖြစ်လာခဲ့သည်.။
(ဟေး ဟေး ဟေး မအိပ်နဲ့အုန်းဟ)
အားယွီလေးသည် သူမ၏ မျက်လုံးအား ကြိုးစားပြီး ဖွင့်လိုက်သည်။
နတ်သူငယ်လေးလား....
(ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ငါပါ မြန်မြန်လာခဲ့ ငါ မင်းကို ပြောစရာတွေရှိတယ်)
သို့သော် အားယွီလေးသည် အလွန် အိပ်ချင်လျှက်ရှိသည်။
(အကယ်၍ မင်းဒီကို ဝင်လာရင် မင်းမအိပ်ချင်တော့ဘူး ဝင်လာချင်တယ်လို့ တွေးလိုက်ရင်ကို ရပြီ မင်းလုပ်နိုင်တယ်)
(ဒီမှာဆို မင်းအေးလဲ မအေးတော့ဘူး ဗိုက်လဲ မဆာတော့ဘူး)
(မင်းမျက်လုံးကိုပိတ်ပြီး ဒီနေရာကို စဉ်းစားလိုက်)
အသားလုံးသည် စိုးရီမ်တကြီး လှည့်ပတ်နေခဲ့သည်။ ဒီကလေးမလေးသည် ငယ်ရွယ်လွန်းကာ သူမ၏ ဉီးနှောက်သည် သေချာအလုပ်မလုပ်သေးပေ။ သူမသည် စကားလုံးများကို သေချာ နားမလည်သေးသောကြောင့် သူမအား ချော့မော့ရုံသာ တတ်နိုင်သည်။
အားယွီလေးသည် မသိစိတ်မှ အသားလုံးလေး ပြောသကဲ့သို့ လိုက်လုပ်မိခဲ့သည်။ မကြာမှီ သူမသည် ကျယ်လောင်သော ဖြူဖွေးသော ထိုနေရာအား ထပ်မံ ရောက်ရှိလာခဲ့သည်။ယခုအချိန်တွင် အိပ်ယာများ အဝတ်အစားများနှင် ဘန်းကိတ်များ ထိုနေရာတွင် မရှိတော့ပေ။ သို့သော်လည်း ကြက်ဉဟင်းချိုများ ဖြင့် ပြည့်နှက်နေခဲ့သည်။
အသားလုံးလေးသည် ပြောစရာစကားမရှိတော့သကဲ့သို့ ဆွံ့အသွားကာ
“ မင်းအတွေးတွေကို မင်းထိန်းချုပ်နိုင်တဲ့ အခါ အရာအားလုံးကို ကိုင်တွယ်ိနုင်လာလိမ့မယ်။”
အားယွီလေး ထပ်မံကြည့်ရှုလိုက်သောအခါ အသားလုံးလေးသည် ထိုအရာနှင့် ပတ်သက်၍ ထပ်မံ စိတ်ရှုပ် မခံတော့ပေ။
ထိုအစား အသားလုံးလေးသည် အတောင်ပံကို ဆန့်လိုက်ကာ အားယွီလေးအား ကိုင်စေလိုက်သည်။ အဲ့နောက် သူမလေးအား ကြက်ဉဟင်းချိုခွက်များ နှင့် ပြည့်နှဥ◌်နေသော မြေပြင်မှ ခေါ်ဆောင်သွားကာ စိမ်းစိုနေသော မြေပြင်ပေါ်သို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာတွင် အလွန် ချစ်စရာကောင်းသော ပျိုးပင်လေး တစ်ပင် ပေါက်နေခဲ့သည်။. ထို ပျိုးပင်လေး၏ ဘေးတွင် ကျောက်တုံးဖြင့် လုပ်ထားသော ခွက်နှစ်ခွက်ရှိနေခဲ့သည်။ အကြီးဆုံးခွက်ထဲတွင် ဗလာဖြစ်နေကာ အနည်းငယ် သေးသော ခွက်ထဲတွင် ဖြည်းညှင်းစာ ပလုံစီထနေသော ရေတစ်ချို့ရှိနေသည်။
(အဲ့ဒါ စိတ်ဝိဉာဉ်ရည်တွေပဲ အဲ့ဒါက အားအင်ကို ပြန်လည် ဖွံ့ဖြိုးစေတယ်။ )
ထိုနေရာမှာပင် အသားလုံးလေးသည် စကားပြောသည်ကို ရပ်လိုက်သည်။မေ့လိုက်တော့။ ဒီကလေးမ နားမလည်ဘူး။ ဘာကြောင့်များသူ အများကြီးပြောနေရတာလဲ။
(ဘာပဲဖြစ်ဖြစ် ... အကယ်လို့ မင်းကို တစ်စုံတစ်ယောက်က ချစ်တာဆိုရင် ဒီရေတွေက ဒီမှာ ပေါ်လာလိမ့်မယ်။ အဲ့ဒါက အရသာရှိတယ်။ မင်း သောက်ကြည့်ချင်လား)
အားယွီလေးသည် သူမ၏ ဗိုက်ကလေးအား ကိုင်ကာ ခေါင်းခါလိုက်သည်။ သူမသည် ယခု ဗိုက်ပြည့်နေပြီဖြစ်သောကြောင့် သူမ ထပ်မသောက်ချင်တော့ပေ။
အသားလုံးလေး “.........”
သို့သော်ငြားလည်း အသားလုံးလေးသည် ဇွန်းတစ်ချောင်း ထုတ်လိုက်ကာ အားယွီ စမ်းသောက်ရန် အတွက် တစ်ဇွန်း အပြည့် ခပ်ယူလိုက်သည်။ အားယွီလေးသည် သူမ၏ လျှာလေးအား ထုတ်ကာ ညင်သာစွာ တို့ကြည့်လိုက်သည်။
အဲ့ဒါက ချိုတယ်။
အားယွီလေးသည် မျက်လုံးလေး ပြူးလျှက် အသားလုံးလေးအား ကြည့်လိုက်သည်။ သူမသည် နောက်ထပ် တစ်ကြိမ် အံ့အားသင့်သွားသည်။
(အဲ့ရေက အစပိုင်းမှာ နည်းနည်းချိုတယ် မင်း ပိုသောက်လေ အရသာက လျော့လာလေပဲ။ ကြာလာရင် မသိသာတော့ဘူး)
အားယွီလေးသည် ရုတ်တရက် သောက်နေရင်း ရပ်တန့်သွားသည်။
(မင်းဘာလို့ ဆက်မသောက်တော့တာလဲ)
အရသာ အနည်းငယ် မြည်းကြည့်ပြီးသောအခါ အားယွီလေးသည် နောက်ထပ် ခေါင်းမူသလို မခံစားရတော့ပေ။ သူမသည် လေပေါ်ပျံနေသော အသားလုံးလေးအား ကြည့်လိုက်ကာ ဇွန်းကို လှမ်းယူလိုက်သည်။
“အမေအတွက်.... အဖွားအတွက်.....”
မျက်မှောင် ကျုံ့လိုက်ကာ မှတ်မိရန် ကြိုးစားလိုက်သည်။
"ပြီးတော့... အကိုကြီးအတွက်”
သူတို့သည် သူတို့၏ ဟင်းချိုကို သူမအား ပေးခဲ့သည်။ ထို့ကြောင့် သူမသည် သူတို့အား ချိုမြိန်သောရေကို ပြန်လည်ပေးချင်ခဲ့သည်။
အသားလုံးလေး “.........”
(အဲ့ဒါကို အခု ယူမသွားနဲ့အုန်း မင်းက အခုလှဲနေတာ ဖိတ်ကျကုန်လိမ့်မယ်)
အသားလုံးလေး၏ ညွှန်ကြားမှု အောက်တွင် အားယွီလေးသည် သူမ၏ အခန်းစီသို့ ပြန်ကာ ဖြည်းဖြည်းချင်း အဝတ်အစား လဲလိုက်သည်။
မည်သို့ပင် ဆိုစေကာမူ သူမသည်အလွန် ငယ်ရွယ်လွန်းလှသော်လည်း သူမ လုပ်နိုင်သော အရာများရှိသည်။ သူမသည် အကျီ ၊ ဖိနပ် များ ဝတ်နိုင်သည်။ ဆံပင် စည်းနိုင်သည်။ စောင်ကို ခေါက်နိုင်သည်။ ကြမ်းပြင်ကိုတောင် တံမြက်စည်း လှည်းနိုင်သည်။ ပြီးတော့ ပန်းပင်များကို ရေလောင်းနိုင်သေးသည်။ သူမသည် အများအပြားသိသည်။
အားယွီလေးသည် သူမ၏ အကျီများကို ဝတ်ဆင်လိုက်ကာ စောင်ပုံထဲမှ ထွက်လာပြီးနောက်တွင် အသားလုံးလေးသည် သူမအား စိတ်ဝိဉာဉ် အရည် နှစ်ဇွန်းအား သောက်ခိုင်းလိုက်သည်။ သောက်လိုက်ပြီးနောက်တွင် သူမသည် အပြင်ထွက်သောအခါ အေးသလို မခံစားရတော့ပေ။
အသားလုံးလေးသည် သူမအား ဇွန်းမပေးသည့်အပြင် ထိုရေများကို အပြင်သို့ ယူသွားလို့မရနိုင်ဟု ပြောလိုက်သည်။ ထို့ကြောင့် သူမသည် ရေအားထည့်လို့ရမည့် တစ်စုံတစ်ခုအား တစ်အိမ်လုံး ပတ်ပတ်လည် ရှာဖွေခဲ့သည်။ နောက်ဆုံးမှာတော့ သူမရှာတွေခဲ့သည်။