ပြိုလဲကျဆင်းခြင်း
Vol. 1 Ch. 5
လျိုရှီသည် အိမ်ထဲတွင် သူမ၏ လက်၌ ပတ်တီးကို ကိုင်ကာ အပ်နှင့် အပ်ချည်ကို ထည့်ထားသော ခြင်းတောင်းအား သူမ၏ ဘေးတွင် ချထား၏။ လွန်ခဲ့သော တစ်လခွဲလောက်က သူမ အလုပ်လုပ်နေတုန်း မူဝေ သတိလစ်သွားခဲ့သည်။ ထို့နောက် သူမအတွက် သမားတော်ဟူအား သွားရောက်ပင့်ဆောင် ပြီးလျှင် သမားတော်ဟူက သူမသည် ကိုယ်ဝန်ပျက်ကျသွားဖြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ တစ်လသား အရွယ် သန္ဓေသားလေးသည် ပျက်ကျသွားခဲ့သည်.
မိသားစု စားဝတ်နေရေး ဖြေရှင်းရန်နှင့် လျိုရှီ၏ ခန္ဓာကိုယ် အားပြည့်စေရန်အတွက် ဝမ်ချွမ်းမန်သည် သူ၏ အစ်ကိုအကြီးဆုံး ဖြစ်သူ နှင့် အမဲလိုက်ရန် ထွက်သွားခဲ့သည်။ နောက်ဆုံးမှာတော့ သူတို့သည် ယူဆောင်သွားသော စားနပ်ရိက္ခာများ ကုန်ဆုံးသွားရုံသာမက မည်သည့် သားကောင်ကိုမျှ မရရှိခဲ့ပေ။ သူတို့ ညီအကို နှစ်ဦးသည် နှစ်ရက် သုံးရက်ကြာ ဆာလောင်မှု ဝေဒနာကို ခံစားခဲ့ရသည်။ ထို့နောက် သူတိူ့သည် ကလေးငယ်လေးနှင့် အတူ ပြန်ရောက်လာခဲ့ကြသည်။
“ဒီမီးတွင်း ကာလမှာ ဂရုစိုက်ဖို့ကို အမေပြောထားတယ်မလား အဲ့လိုတွေ မလုပ်ပါနဲ့ မင်း မျက်စိကိုလဲ မနာအောင် ဂရုစိုက်အုန်း”
ဝမ်ချွမ်းမန်သည် နှင်းများကို ဖယ်ရှားပြီး အိမ်သို့ ပြန်လာချိန်တွင် လျိုရှီ အဝတ်ချုပ်နေသည်အား မြင်သောအခါ ပြောလိုက်လေသည်။ လျိုရှီပြန်ပြောလိုက်သည်။
“ကျွန်မ အပြည့်အဝ နေကောင်းနေပါပြီ အားယွီလေးအတွက် အကျီလေး ချုပ်ပေးနေတာပါ”
ကလေးငယ်အား ပတ်ပေးထားသော ပိတ်စသည် အသစ်စက်စက် မဟုတ်ပေ။ သို့သော် အဝတ်စသည် အရမ်းလည်း ဆိုးရွား မနေခဲ့ပေ။ အဒေါ်လျိုသည် ရိုးရှင်းစွာ အတွင်းခံအဖြစ် အသုံးပြုပြီး သူမ၏ မဂ်လာဝတ်စုံအား နှစ်ပိုင်းပိုင်းလိုက်သည်။ မဂ်လာဝတ်စုံသည် သာမာ ရိုးရှင်းသော အနီရောင် ဝတ်စုံဖြစ်သော်လည်း အနီရောင် သီးသန့် မဟုတ်ပေ။ ထို့အပြင် နူးညံ့၏။ ဝမ်ချွမ်းမန်သည် သူ့မိန်းမ၏ လေးနက်သော အမူအရာအား တွေ့သောအခါ အကူညီမဲ့စွာပြောလိုက်သည်။
“ငါ နောင်တရတယ် ကလေးကို ပြန်မခေါ်လာခဲ့သင့်ဘူး ငါတို့မိသားစုက ဆင်းရဲတော့ မိသားစုအတွက်ရော ကလေး အတွက်ပါ ခက်ခဲလွန်းတယ်”
အဒေါ်လျိုသည် ခေါင်းမော့ကာ သူမ၏ ခင်ပွန်းဖြစ်သူအား အံ့အားသင့်စွာ ကြည့်လိုက်သောအခါ ဝမ်ချွမ်းမန်သည် ဆက်လက်ပြောလေသည်။
“ဒါပေမဲ့ မင်းတို့အားလုံး ပျော်ရွှင်နေတာ မြင်ရတဲ့အခါ အထူးသဖြင့် မင်း မင်းပျော်နေတာ မြင်လိုက်ရတဲ့အခါ အဲ့ဒီအရာက ထိုက်တန်တယ်လို့ ငါခံစားရတယ်”
အများဆုံး သူ နှစ်ရက်တစ်ကြိမ်ပဲစားသောက်လိုက်လျှင် ကလေးအတွက် အမြဲ တစ်နပ်စာ ချန်ထားလို့ရသည်။ထို့အပြင် အားယွီအား စတင် ကောက်ရလာသောနေ့မှ စ၍ သူတို့၏ မိသားစုသည် မသိစိတ်မှ စတင်ချွေတာ တတ်လာခဲ့သည်။ လူတိုင်းသည် သူတိူ့၏ ရိက္ခာကို ချွေတာပြီး ကလေးလေး အသက်ရှင်ရန် အတွက် ကောင်းကင်ဘုံနှင့်တောင် တိုက်ခိုက်ရန် အဆင့်သင့်ဖြစ်နေခဲ့သည်။
လျိုရှီသည် မျက်ရည်များ ထပ်မံကျဆင်းလာခဲ့သည်။ သို့သော် သူမသည် လျှင်မြန်စွာ သုတ်လိုက်ကာ ဝမ်ချွမ်းမန် မမြင်နိုင်စေရန် ခေါင်းကို ငုံ့လိုက်ကာ ပြောလိုက်သည်။
“ကျွန်မ ဒီကလေးလေးကို သမီးအရင်းတစ်ယောက်လို ခံစားရတယ်”
သူမ၏ ဗိုက်ထဲမှ ကလေးနှင့် ထိုကလေးလေးသည် ကံကြမ္မာမတူပေ။ သူမ၏ အိပ်မက်ထဲမှ ကလေးအား တွေ့ရပြီ ဖြစ်သောကြောင့် သူမသည် မည်သည့်အကြောင်းပြချက်နှင့်မှ အဆုံးရှုံးမခံနိုင်ပေ။
“ကောင်းပြီ ကိုတို့ ကလေးကို ကောင်းကောင်းပျိုးထောင်ကြတာပေါ့”
ဝမ်ချွမ်းမန်သည် တစ်ခြားညီအစ်ကိုများက သူ၏ အခြေအနေကို သိသဖြင့် ကလေးအား မလုယူသောကြောင့် စိတ်သက်သာရာရစွာ ပြောလိုက်သည်။ တစ်နည်းအားဖြင့် သူသည် သူ၏ ဇနီးဖြစ်သူအား မည်ကဲ့သို့ နှစ်သိမ့်ရမည်ကို မသိခဲ့ချေ။
သူတို့၏ မိသားစုတွင် မြေးယောကျ်ားလေး ခုနှစ်ယောက်ရှိသော်လည်း မြေးမလေး တစ်ယောက်မှ မရှိပေ။ သဘာဝအတိုင်း ဒီလို မိန်းကလေးမျိုးသည် ရှားရှားပါးပါး ဖြစ်သည်။ ထိုစုံတွဲသည် အခန်းထဲ စကားပြောနေစဉ် လျိုရှီသည် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရသောကြောင့် အခန်းအပြင်သို့ ကြည့်လိုက်သည်။ တံခါးနားတွင် လူသေးသေးလေးသည် တစ်စုံတစ်ခုအား ကိုင်ကာ ဂရုတစိုက် လမ်းလျှောက်လာခဲ့သည်.။
(ကလေးမလေး ဂရုစိုက်)
အသားလုံးလေးသည် စိုးရိမ်နေခဲ့သည်။ အားယွီသည် သူမ၏ လက်ထဲမှ အရာဝတ္ထုအား ကိုင်ကာ လေထဲသို့ ခေါင်းငြိမ့်ပြနေသည်။
“ကောင်းပါပြီ”
ဝမ်မိသားစု၏ ခြံဝင်းတွင် ဘာမှမရှိသော မြေလွတ်တစ်ခုဖြစ်သည်။ သူတိူ့ နှင်းများ ဖယ်ရှားလိုက်သည်နှင့် တပြိုင်နက် မြေပြင်သည် ပေါ်ထွက်လာခဲ့သည်။ ထိုအရာသည် ကျစ်လစ်သော ရွံမြေပြင်သာ ဖြစ်သည်။
အဝေးတစ်နေရာမှာတော့ နှင်းများပိသောကြောင့် တစ်ဝက်လောက် ပျက်စီးနေသော ဝါးခြံစည်းရိုး တစ်ခုရှိသည်။ အဖိုးအိုဝမ်သည် ဦးဆောင်ကာ သူ၏ သားအကြီးဆုံးဖြစ်သူနှင့် တတိယသား ဖြစ်သူတို့နှင့် အတူ ပြိုလဲနေသော ခြံစည်းရိုးအား ဆွဲဖယ်ကာ ထင်းလုပ်ရန် ပြုလုပ်နေသည်။ နွေရောက်သောအခါ သူသည် ဝါးခြံစည်းရိုးအသစ် ပြုလုပ်မည် ဖြစ်သည်။
“အားယွီ”
လျိုရှီ၏ စိုးရိမ်နေသော အော်သံသည် အပြင်မှလူများအား ထိတ်လန့်သွားစေခဲ့သည်။ လှည့်ကြည့်လိုက်သောအခါ ကလေးမလေးသည် ပါးလွှာသော အဝတ်အစားများကို ဝတ်ဆင်ထားကာ ခြံဝင်းထဲသို့ ဆင်းလာခဲ့သည်။ သူမသည် ကိုင်ဆောင်ထားသည်။
သေးငယ်တဲ့ ဆီးအိုးတစ်လုံး.......
ထိုအရာသည် အချောမကိုင်ရသေးသော ဆီးအိုး တစ်လုံးဖြစ်သည်။ ထို ဆီးအိုးသည် အဖိုးအိုဝမ် ကိုယ်တိုင်ထွင်းထားကာ သူ၏ ခုနှစ်ယောက်မြောက် မြေးဖြစ်သူအား ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
အားယွီသည် လျိုရှီ၏ အသံကို ကြားသောအခါ ရပ်တန့်လျှက် ခေါင်းစောင်းကြည့်လိုက်သည်။ လျိုရှီအား မြင်သောအခါ သူမလေးသည် ချိုသာသော အသံလေးဖြင့် ခေါ်လိုက်သည်။
“အမေ”
လျိုရှီသည် မသိစိတ်မှ ပြန်တုန့်ပြန်လိုက်သည်။
“အင်း”
အဖွားအိုဝမ်သည် သူမ၏ သားအကြီးဆုံး ခေါင်းအား တုတ်ဖြင့် ခေါက်လိုက်ကာ
“ မင်းဘာလို့ ဒီမှာ ရပ်နေသေးတာလဲ အားယွီကို မြန်မြန် အိမ်ထဲ ခေါ်သွားလေ”
ယနေ့သည် အလွန်အေးသော နေ့တစ်နေ့ဖြစ်ကာ သူမလေးသည် အနည်းငယ်သာ ဝတ်ဆင်ထားခဲ့သည်။ သူတို့တောင် အပြင်မှာ ရပ်မနေရဲပေ။ တစ်ဖက်တွင်တော့ ဝမ်ချွမ်းမန်သည်လည်း လျိုရှီ၏ အချက်ပြမှုအောက်တွင် အားယွီထံ အပြေးသွားခဲ့သည်။
အားယွီသည် အနည်းငယ် ကြက်သေသေသွားခဲ့သည်။ အဘယ်ကြောင့် လူများသည် သူမ၏ တစ်ဖက်တစ်ချက်စီမှ သူမထံ ပြေးလာနေသည်ကို သူမ နားမလည်ခဲ့ပေ။ သူမသည် အနည်းငယ် ထိတ်လန့်သွားကာ သူ၏ လက်ကလေးများဖြင့် ပစ္စည်း တစ်ခုကို သူမ၏ ရှေ့တွင် ကိုင်ထားလိုက်သည်။
ဝမ်ချွမ်းဖူ နှင့် ဝမ်ချွမ်းမန်သည် လျှင်မြန်စွာ ပြေးလာနေခဲ့သည်။ နှင်းများ ဖုံးအုပ်နေသော မြေပြင်သည် အနည်းငယ် ချော်နေခဲ့သော်ငြားလည်း သူတို့ နှစ်ဦးအား မရပ်တန့်နိုင်ခဲ့ပေ။ အဆုံးမှာတော့ သူတို့နှစ်ဦးသည် တစ်ယောက်နှင့် တစ်ယောက် ဝင်တိုက်မိကြသည်။
ဘုန်း ကနဲ မြည်သံ ကြားလိုက်ရသောအခါ မူလက မတ်တပ်ရပ်နေသော အားယွီသည် တစ်ပြိုင်နက် မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူမ၏ မျက်နှာသည် ဘယ်အရာက မှားနေမှန်းမသိသောကြောင့် ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။
သူမသည် သဘာဝအတိုင်း လက်ထဲမှ အရာကို သေချာကောင်းမွန်စွာ မကိုင်ထားနိုင်သောကြောင့် ထိုအရာသည် ရှေ့သို့ လိမ့်ကျသွားသည်။ ထိုသေးငယ်တဲ့ ဆီးအိုးလေးသည် နန်းချူးဝါးပင်နှင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဒုလုံးရှည် ပုံစံရှိသည်။ မြေပြင်သည် နှင်းများကို ဖယ်ရှားလိုက်သောအခါ ထူးထူးခြားခြား ချောမွတ်နေခဲ့သောကြောင့် ထိုအိုးလေးသည် အချိန်အတော်ကြာအောင် လိမ့်နေခဲ့သည်။
အားယွီသည် ကြိုးစား ထလိုက်ကာ ထိုဆီးအိုးလေးကို အပြေးအလွှား လိုက်ဖမ်းလေသည်။ ဝမ်ချွမ်းမန်သည် နာကျင်မှုကို ဂရုမစိုက်နိုင်ပေ။ သူသည် အားယွီအား ပွေ့ဖက်လိုက်သည်။ သူထွက်သွားရန် လုပ်နေစဉ် သူ၏ ကော်လံအား ဆွဲနေသည်ကို ခံစားလိုက်ရသည်။ ဝမ်ချွမ်းမန်သည် သူ၏ ခေါင်းကို ငုံ့လိုက်သောအခါ ကလေးမလေး၏ ရွှေရောင်သဲ့သဲ့ မျက်ဝန်း တစ်စုံဖြင့် အကြည့်ဆုံလိုက်သည်။
ထိုမျက်ဝန်းများသည် အပြစ်ကင်းစင်ပြီး ကြည်လင်နေကာ အရေးကြီးကြောင်း အရိပ်အမြွက်ပြနေခဲ့သည်။ အားယွီသည် ရှေ့သို့ လိမ့်နေသော ဆီးအိုးလေးအား ညွှန်ပြလိုက်သည်။
“ရေ..”
သူမသည် သူတို့အား ပေးချင်သော ရေသည် အထဲတွင် ရှိနေသေးသည်။ ထူးဆန်းစွာဖြင့် ထိုရေသည် ဘာကြောင့်များ အပြင်သို့ ထွက်မကျရသနည်း။အားယွီသည် ထိုကဲ့သို့ ရှုပ်ထွေးသော ကိစ္စများကို မစဉ်းစားနိုင်ခဲ့ပေ။ သူမသိသော တစ်ခုထဲသော အရာမှာ ထိုရေသည် အလွန် အရေးကြီးးကာ အနည်းငယ်မျှ အဆုံးရှုံး မခံနိုင်ပေ။
အသားလုံးလေးသည် အနည်းငယ် အကူညီမဲ့သွား၏။ ဟင်းလင်းပြင်ကမ္ဘာတွင် ဇွန်းအနည်းငယ်ခန့်လောက်သာ ထုတ်ပေးနိုင်ခဲ့သည်။ သို့သော် သူမသည် နှစ်ဇွန်းလောက်သာ သောက်ရသေးပြီး ကျန်သော ရေအနည်းငယ်ကို ထိုဆီးအိုးလေးထဲသာ အကုန်ထည့်လိုက်ခြင်း ဖြစ်သည်။
ကံကောင်းးစွာဖြင့် ရာသီဉတုသည် လုံလောက်အောင် အေးခဲနေသောကြောင့် သူတို့သည် စိတ်ဝိဉာဉ်ရေအား အပြင်ထုတ်လိုက်သည်နှင့် အေးခဲသွားသည်။ စိတ်ဝိဉာဉ်ရေသည် သာမာန်ရေထက် အေးခဲအမှတ် နိမ့်သော်လည်း ဆောင်းရာသီ၏ အအေးဒဏ်ကို မခုခံနိုင်ပေ။
“ညီမလေး အတွက် သွားကောက်ပေးလိုက်”
တတိယအစ်ကိုသည် ပဉ္ဇမမြောက်ညီအား အော်ပြောလိုက်သည်။ ပဉ္ဇမမြောက်အကိုသည် လျှင်မြန်စွာ ပြေးသွားလိုက်သည်။ အဆုံးမှာတော့ ထိုအိုးလေးသည် လျှင်မြန်စွာ လှိမ့်သွားကာ ချက်ချင်း ရေမြောင်းထဲသို့ ကျသွားသည်။ ရေမြောင်းသည်လည်း သဘာဝအတိုင်း အေးခဲနေခဲ့ကာ နှင်းများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
အလွန်ကြီးမားသော သတ္တဝါတစ်ကောင်သည် ရေမြောင်းတစ်လျှောက် လျှင်မြန်စွာ ကူးခတ်နေသည်ကို မည်သူမှ သတိမထားမိပေ။ထို ဝါးဖြင့် လုပ်ထားသော ဆီးအိုးလေးသည် ရေမြောင်းထဲကျသွားသည်နှင့် တစ်ပြိုင်နက် အထဲတွင် အေးခဲနေသော စိတ်ဝိဉာဉ်ရေများသည် အပြင်သို့ ထွက်ကျလာသည်။
စဉ်းစားစရာမလိုပေ။ ထို ကြီးမားသော သတ္တဝါသည် ထိုရေအား မြိုချခဲ့သည်။ အရာအားလုံး တစ်ခဏအတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ လှုပ်ရှားသော အသံကို ကြားရသောအခါ ထိုသတ္တဝါ၏ မျက်လုံးများသည် အေးစက်စက် အလင်းရောင်ကို ထုတ်လွင့်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
(မကောင်းတော့ဘူး။ အဲ့မှာ အန္တရာယ်ရှိတယ်)
အသားလုံးလေးသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိသောကြောင့် ရုတ်တရက် ထပြောလိုက်သည်။ အားယွီသည် အောက်သို့ ဆင်းရန် ရုန်းကန်နေသောကြောင့် ဝမ်ချွမ်းမန်သည် သူမအား အောက်သို့ ချပေးလိုက်သည်။ အသေးလေးသည် ရှေ့သို့ ထပ်မံ ပြေးသွားပြန်သည်။
စိတ်ဝိဉာဉ်ရေ၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်နိုင်သည် သူမသည် အရင်ကကဲ့သို့ နှေးကွေးမနေခဲ့ပေ။ သူမ ပြေးသွားသောအခါတွင် အင်အား အနည်းငယ် ကျန်နေသေးသည်။ သူမလေး ဘာလုပ်ချင်နေသည်ကို ဘယ်သူမှ မသိသောကြောင့် ဘယ်သူမှ သူမအား မတားနိုင်ကြပေ။ ခြေလှမ်းအနည်းငယ်ပြေးပြီးသောအခါ အားယွီသည် အနည်းငယ် ပင်ပန်းလာကာ မြေပေါ်သို့ လဲကျသွားသည်။
“အိုက်ယား”
“သူမကို တားကြပါအုန်း”
ဝမ်မိသားစုမှ လူများသည် လျှင်မြန်စွာ ရှေ့သို့ ထွက်လာကြသည်။ အားယွီလှိမ့်ကျသွားသော အခါ သူမ၏ ပဉ္ဇမမြောက်အကို ဖြစ်သူကိုပါ တိုက်မိသွားခဲ့သည်။ ယခုတော့ သူတို့ နှစ်ဦးစလုံးသည် အတူတကွ လှိမ့်ဆင်းသွားသည်။လူတိုင်းသည် ကျယ်လောင်သော အသံအား ကြားလိုက်သောအခါ သူတို့နှစ်ဦးလုံးသည် ရေမြောင်းထဲသို့ ကျသွားသည်။
“မြန်မြန်လုပ်”
အဒေါ်လျို၏ မျက်လုံးများသည် ပြူးထွက်လာခဲ့သည်။ သူမသည် အားယွီအစား သူမသာ ကျသွားချင်စိတ် ပေါ်လာခဲ့သည်။ ဝမ်ချွမ်းမန်သည် လျှင်မြန်စွာ ပြေးသွားခဲ့သည်။ သူ ရေမြောင်းထဲ ခုန်ဆင်းခါနီးတွင် သူသည် ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
“အမေ “
ဝမ်ချွမ်းမန်သည် ထူးခြားသော အသံဖြင့် အော်ဟစ်လိုက်မိသည်။ ထိုအချိန်တွင် လူတိုင်းသည် ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။ ကလေးနှစ်ယောက်သည် တည်ငြိမ်စွာ ထိုင်နေခဲ့ကာ ပဉ္ဇမမြောက် အကို သည် အားယွီအား ဆွဲတင်တော့မည့်ဆဲဆဲ ဖြစ်နေသည်။
အားယွီသည် ကြီးမားသော စပါးအုံမြွေ တစ်ကောင်၏ ခေါင်းပေါ်တွင် ထိုင်နေခဲ့သည်။ သူမ၏ လက်ကလေးသည် ပြုတ်ကျသွားသော ဆီးအိုးငယ်လေးအား လှမ်းယူရန် ကြိုးစားနေဆဲ ဖြစ်သည်။ ထိုစပါးအုံးမြွေ၏ ခေါင်းသည် သူမ၏ ခန္ဓာကိုယ်လောက်ရှိပြီး ထိုမြွေ၏ ခန္ဓာကိုယ်သည် ကျယ်ဝန်းသော ရေမြောင်းထဲတွင် ပိတ်ဆို့နေခဲ့သည်။
သူမလေးသည် ဆီးအိုးငယ်လေးအားမမြင်လိုက်သောကြောင့် သူမလေး၏ ရှေ့သို့ ကျသွားသည်ဟု ထင်နေခဲ့သည်။ သူမသည် ထိုအိုးအား အာရုံစိုက်လွန်းသောကြောင့် ဘေးမှ ဆူညံ့သံများကို မသိကျိုးကျွန်ပြုလိုက်သည်။
သို့သော်ငြားလည်း ထိုအချိန်တွင် စပါးအုံးမြွေသည် သူ၏ ပါးစပ်နှင့် နှာခေါင်းများမှ သွေးများထွက်နေခဲ့သည်။ သူ၏လျှာပင် ထွက်ကျနေခဲ့ပြီး မျက်လုံးများလည်း ပိတ်နေခဲ့သည်။ ရိုးရှင်းစွာဖြင့် မြွေသည် သေဆုံးနေခဲ့ပြီ ဖြစ်သည်။