← Chapters

ကံကောင်းသော ကလေးငယ်

Vol. 1 Ch. 6

ကံကောင်းသော ကလေးငယ်

Vol. 1 Ch. 6

ဝမ်ချွမ်းမန်သည် ခဏတာ ထိတ်လန့်သွားကာ အလျှင်အမြန် တုန့်ပြန်လိုက်သည်။ သူသည် အောက်သို့ ဆင်းကာ အားယွီလေးနှင့် ဝမ်ဝူလန်အား ဆွဲတင်ပေးလိုက်သည်။ အဒေါ်လျိုသည်လည်း ရောက်ရှိလာခဲ့ကာ အားယွီလေးအား လျှင်မြန်စွာ ဖက်ထားလိုက်သည်။ အဖွားအိုဝမ်သည် လျှင်မြန်စွာ ပြောဆိုလိုက်သည်။

“ကလေးကို အရင်ခေါ်သွားလိုက်”

အိမ်ရှိ အားနည်းသော သူများအားလုံးသည် မီးဖိုချောင်ထဲတွင် ထိုင်နေကြသည်။ အဖွားကြီးဝမ်သည် သူမ၏ သားများ ဝါးကပ်များအား ထင်းအဖြစ်သုံးရန် ပြောလိုက်သည်။ မီးဖိုပေါ်တွင်လည်း မီးရှိနေကာ ရေနွေးသည်လည်း ပွက်ပွက်ဆူနေခဲ့သည်။ အပြင်ဘက်တွင် နေရောင်ခြည် တောက်ပစွာ ပေါ်ထွက်လာ ပြီးနောက်တွင် အိမ်ထဲတွင် အနည်းငယ် နွေးထွေးနေခဲ့သည်။

ကျန်ရှိနေသော ဝမ်မိသားစုသည် သူတို့၏ ရှေ့တွင်ရှိသော စပါးအုံးမြွေ အလောင်းအား ငေးမောတွေဝေစွာ ကြည့်နေခဲ့ကြသည်။အဖိုးအိုဝမ်သည် သတိထားလျှက်ရှိသည်။ သူသည် စပါးအုံးမြွေမှ မေ့မောနေမည်ကို စိုးရိမ်နေသောကြောင့် ပေါက်ပြားတစ်လက်ကို ယူသွားကာ မြွေ၏ ခေါင်းအား ကြေမွသွားအောင် ထုရိုက်လိုက်သည်။

“အမေ ကျွန်တော်တို့ ဒီလောက်ကြီးတဲ့ မြွေကို တစ်ခါမှ မမြင်ခဲ့ဘူးဖူး”

သူတို့သည် ကျောက်ထရံဘေးတွင် နေကာ သူတို့၏ နောက်တွင် တောင်တန်းများရှိနေသော်လည်း ဒီနှစ် တစ်လျှောက်လုံးတွင် ဒီလောက်ကြီးသော မြွေအား မမြင်ခဲ့ဘူးပေ။မြွေကြီး၏ လုံးပတ်သည် လူကြီး တစ်ယောက်၏ လက်မောင်း တစ်ဝက်လောက်ရှိသည်။ သို့သော် သူ၏ ခန္ဓာကိုယ်သည် ရေမြောင်းတစ်လျှောက် လျှောတိုက်သွားသောကြောင့် သူ၏ အရှည်အား တိုင်းတာရန် လွယ်ကူသည်။ အရှည်သည် ပေ၁၀၀ ခန့် ရှည်သည်။

စပါးအုံးမြွေသည် ဆာလောင်နေကြောင်း ရှင်းလင်းစွာ သိနိုင်ပေသည်။ သူ၏ အစာအိမ်သည် ပါးလွှာနေသော်လည်း သူ၏ ခန္ဓာကိုယ်သည် ထူထဲလေသည်။အထူဆုံး အပိုင်းသည် လူကြီဂတစ်ဦး၏ ခါးလောက်ရှိပေသည်။

“မိုးနတ်မင်းရေ ဒီမြွေက ပေတစ်ရာလောက်ရှိလောက်တယ်။ “ ဟု ဝမ်ချွမ်းဖူသည် ပင့်သက်ရှိုက်လိုက်မိသည်။

မည်သူမှ မပြောခဲ့သော အရာတစ်ချို့ရှိသေးသည်။ ထို စပါးအုံးမြွေသည် ကတ်တီ ၁၀၀၀ခန့် အနည်းဆုံး ရှိလောက်သည်။ ဘာမှ ပြောစရာမလိုပေ။ ထို စပါးအုံမြွေ၏ အသားသည် စားသုံးလို့ရလေသည်။ ဒီနှစ်ဆောင်းရာသီကို ပို၍ လွယ်ကူ ရိုးရှင်းစွာ တောင့်ခံနိုင်လိမ့်မည်။ အဘိုးအိုဝမ်သည် သူ၏ မျက်လုံးများကို မှေးကျဉ်းလိုက်ကာ ပြောလိုက်သည်။

“အရင်ဆုံး ဆွဲတင်လိုက်”

နှင်းများ အရည်ပျော်နေသည်ဟု ထင်ရသော်ငြားလည်း အလျှင်အမြန် အရည်ပျော်ခြင်းတော့ မဟုတ်ပေ။ ဘေးပတ်ဝန်းကျင်သည် ရေခဲနှင့် နှင်းများကမ္ဘာကဲ့သို့ ရှိနေသေးသည်။ ရာသီဉတုသည် အေးနေသော်လည်း မြွေသည်လည်း သွေးအေးသတ္တဝါ ဖြစ်နေသည်။ များမကြာမှီတွင် ထိုအရာသည် လုံးဝ ခဲသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် အခက်အခဲ တစ်ချို့ရှိလာနိုင်ပေသည်။

ယောက်ျားများသည် စပါးအုံးးမြွေအား ဆယ်ယူရန်သွားသော အခါ ဝမ်မိသားစုမှ အမျိုးသမီးများသည် မီးဖိုဆောင်မှ ပတ်ပတ်လည် ကြည့်ရှုနေကြသည်။ အားယွီလေးသည် ဆီးအိုးလေးအား ယူလိုက်ပြီးနောက်တွင် အထဲမှ ရေများ ပျောက်ကွဘ်နေသည်ကို တွေ့လိုက်သည်။ သူမ၏ နှုတ်ခမ်းလေးသည် အနည်းငယ် မဲ့သွားကာ သူမလေးသည် အနည်းငယ် စိတ်ပျက်သွားသည်။ သူမ ပေးချင်သော အရာသည် မရှိတော့ပေ။

ကလေးငယ်၏ လှုပ်ရှားမှုကို မြင်လိုက်သောအခါ လျိုရှီသည် ပို၍ တင်းကျပ်အောင် ဖက်ထားလိုက်သည်။ သူမသည် အရင်က အမေမဖြစ်နိုင်ခဲ့ပေ။ သူမသည် ကလေးလိုချင်သောကြောင့် ရွာထဲမှ အမျိုးသမီးများ၏ ကလေးများကို လိုက်လံ ချီပိုးတတ်သောကြောင့် အတွေ့အကြုံ တစ်ချို့ရခဲ့သည်။ ယခု သူမသည် ကောင်းစွာ ချီတတ်နေပြီ ဖြစ်သည်။

သူမသည် အားယွီလေးအား ဖက်ထားသောအခါ သူမ မသိသော သံစဉ်တစ်ခုအား ညည်းနေမိသည်။ အားယွီသည် သူမ၏ မျက်လုံးလေးများအား ပွတ်လိုက်ကာ ခဏအတွင်း အိပ်ပျော်သွားသည်။ အဒေါ်ဖန်သည် မီးလင်းဖိုအား အားယွီ၏ ဘေးနားသို့ ရွှေ့ပေးလိုက်ကာ သူမလေး၏ သေးငယ်သော လက်ကလေးများ ခြေထောက်ကလေးများကို ကြည့်လိုက်သည်။ သူမလေး ဒဏ်ရာ မရသည်ကို သေချာစေပြီးနောက် အဝတ်များကို လှန်ကြည့်လိုက်ကာ ပြောလိုက်သည်။

“ကျွန်မ ကြားဖူးတာ မြွေက ကြီးလေလေ အဆိပ်နည်းလေပဲတဲ့ ။ ကျွနမအထင် ဒီမြွေက စားလို့ရလောက်တယ်။ ဒါတွေ အကုန်လုံးက အားယွီရဲ့ ကျေးဇူးကြောင့်ပဲ။”

အရင်က အားယွီသည် သူ့ကိုသူ ခေါ်လိုက်သည့် အတိုင်း ကျန်သူများသည် ထိုကဲ့သို့သာ လိုက်လံ ခေါ်ဆိုကြသည်။ အားယွီ..... အားယွီ၏ နာမည်သည် ကျောက်စိမ်းတစ်တုံးကဲ့သို့ သိမ်မွေ့ခြင်းဟု အဓိပ္ပာယ်ရသည်။

ကျန်းလေးသည် အစားမက်သူဖြစ်ကာ် ထိုအချိန်တွင် သူသည်လည်း ဝင်ရောက်ပြောဆိုခဲ့သည်။

“စားနိုင်တယ် မစားနိုင်ဘူး ဘယ်သူ ဂရုစိုက်နေမှာလဲ။အကယ်၍ သေရမယ်ဆိုရင်တောင် ဆာလောင်ပြီးသေရတာထက် ဗိုက်ပြည့်အောင်စားပြီးမှ သေရတာပိုကောင်းတာပေါ့။ ကျွန်တော်တို့ ကောင်းချီးပြည့်နေတဲ့ ကလေးလေးကို ကောက်ရခဲ့တာပဲ။”

အဒေါ်မာသည် မီးမွှေးရင်း ခေါင်းငြိမ့်လိုက်ကာ ပြောလိုက်သည်။

“အာယွီလေးသာ မရှိခဲ့ရင် ဒီနေ့ ကြီးမားတဲ့ အဖြစ်အပျက် တစ်စုံတစ်ရာ ဖြစ်မှာတောင် ကျွန်မ ကြောက်မိတယ်”

အားလုံးသည် ခေါင်းငြိမ့်လိုက်ကာ သူတို့၏ နှလုံးသားထဲမှ ကြောက်စိတ်သည် အချိန်အတော်ကြာ စွဲကျန်ခဲ့သည်။ ကောင်းပြီ ။ အကယ်၍ အားယွီသာ လှိမ့်ပြီး ပြုတ်ကျမသွားခဲ့လျှင် ထို စပါးအုံးမြွေသည်လည်း ထိတ်လန့်ကာ လှုပ်ရှားလာမည် မဟုတ်ပေ။ ထိုအချိန်တွင် ခြံဝင်းထဲမှ လူများသည်လည်း အဆုံးသတ်ကောင်းလိမ့်မည် မဟုတ်ပေ။

ဆယ်ပေရှည်သော မြွေသည်ပင် လူတစ်ယောက်ကို သတ်နိုင်လျှင် ထိုကဲ့သို့ ကြီးမားသော မြွေဆိုလျှင် ပြောနေစရာမလိုပေ။မြွေကြီးသည်သာ အမြှီးအား လွှဲယမ်းလိုက်လျှင် မသေလျှင်တောင် ဒုက္ခိတ ဖြစ်သွားနိုင်သည်။ ယခုလို ငြိမ်းချမ်းမှု မည်သို့ ရှိနိုင်မည်နည်း။

သူတို့ နားမလည်နိုင်သောအရာမှာ ဆောင်းရာသီ ရောက်ရှိလာချိန်တွင် တောင်ပါ်မှ သားရဲတိရစ္ဆာန်များသည် ပုံမှန်အားဖြင့် ဆောင်းခို တတ်ကြသည်။ မြွေများသည် အအေးဒဏ်ကို ကြောက်သောကြောင့် စောစီးစွာ ဆောင်းခိုလေ့ရှိကြသည်။ ဘာကြောင့်များ ရုတ်တရက် ထွက်လာကြရသနည်။ ထို့အပြင် ယခုလို ကြီးမားသောမြွေကြီး ဖြစ်နေရတာများလဲ။ အရမ်း ဆာလောင်နေသောကြောင့် ထွက်လာခြင်းလား။....

လျိုရှီသည် ကြားဖြတ်မပြောပဲ တခြားသူများ ပြောဆိုနေကြသည်ကို နားထောင်နေခဲ့သည်။ သူမသည် သီချင်းဆိုနေသည့်အတိုင်း စည်းချက်ကို လိုက်ကာ သူမ၏ လက်ဖြင့် ညှင်သာစွာ ပုတ်ပေးနေပြီး လက်မောင်းထြမှ ကလေးငယ်အား ချစ်ခင်ကြင်နာစွာ ကြည့်လိုက်သည်။

ရက်အနည်းငယ် ကြာသောအခါ ကလေးငယ်သည် အဖျားလုံးဝကျသွားကာ မျက်နှာလည်း နီရဲနေခြင်း မရှိတော့ပေ။ သူမ၏ ပိန်ပါးသော ပုံစံလေးသည်လည်း ထင်ရှားလာခဲ့သည်။ သူမ၏ ဝိုင်းစက်နေသာ မျက်နှာလေးသည် အသားမရှိပဲ အသားအရည်သည် ဖြူရော်နေခဲ့သည်။ မီးရောင်ကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သူမလေး၏ မျက်နှာသည် သွေးရောင်လွှမ်းနေသကဲ့သို့ နီတာတာ ဖြစ်နေခဲ့သည်။ အကယ်၍ သူမလေးသာ ကြီးထွားလာခဲ့ပြီး ကိုယ်အလေးချိန် အနည်းငယ် တက်လာခဲ့လျှင် သူလေးသည် ပို၍ ကြည့်ကောင်းပေလိမ့်မည်။

“အိမ်မှာ ကန်စွန်းဥ နည်းနည်း ကျန်သေးတယ်။ ကလေးတွေ အတွက် မီးဖိုပေါ် တင်ထားလိုက်”

ဟု အဒေါ် ဖန်က ပြောလိုက်သည်။ အဒေါ်မာသည် သူမ ဖွက်ထားသော ကန်စွန်းဉ အနည်းငယ်ကို မီးဖိုပေါ်မှ မီးတောက် မရှိသည့်နေရာသို့ ထားထားလိုက်ပြီး ဖြစ်သည်။ ရာသီ အလိုက်ထွက်သော ကန်စွန်းဥများသည် သာမာန် စိုက်ပျိုးသော နှံစားပင်များထက် အထွက်နှုန်း ပိုသော်ငြားလည်း သူတို့သည် အများကြီး မစားရဲကြပေ။ အများကြီး စားမိလျှင် ရင်ပြည့်သလို ခံစားရကာ သူတိူ့၏ အစာအိမ်များမှ အက်စစ်ဓာတ်များလာပြီးနောက် မကြာမှီတွင် လျှင်မြန်စွာ ဗိုက်ပိုဆာလာလေသည်။ထို့အပြင် သိုလှောင်ထားသည်လည်း မများလှချေ။

အသေးစိတ် ဆွေးနွေးပြီးနောက်တွင် သူတို့သည် အင်အား သုံးကာ သယ်ယူလာခဲ့ကြသည်။ ကံအားလျှော်စွာဖြင့် မြွေကြီး၏ အရေခွံသည် ထူထဲကာ အစိတ်အပိုင်းတစ်ခုသည် ရေမြောင်းဘေး တစ်လျှောက်တွင် အရေခွံခွာမရပဲ ညပ်နေခဲ့သည်။

“အဖေ ဒီဟာကို ဘယ်လို ကိုင်တွယ်လိုက်ရမလဲ။ ကျွန်တော်တို့ အရင် ဒီလောက်ကြီးတဲ့ မြွေကို တခါမှ မကိုင်တွယ်ခဲ့ဖူးဘူး”

ပုံမှန်အားဖြင့်သူတို့ ဖမ်းစီးခဲ့ဘူးသော မြွေများသည် အလွန်ဆုံး တစ်မီတာလောက်သာ ရှည်ပြီး လုံးပတ်ကလည်း တူတူလောက်သာ ရှိသည်။အဖိုးအို ဝမ်ကပြောလိုက်သည်။

“မင်းက ငတုံးလား။ အရင်က လုပ်ခဲ့သလိုသာ လုပ်စမ်းပါ”

သူ၏ သားများသည် အလုပ်ထဲတွင် ထပ်မံ ခေါင်းများ စိုက်ကာ လုပ်နေကြသည်။ အရင်တုန်းက ဟုတ်ပေသည်။ သူတို့သည် မြွေအရေခွံအား အရင်ဆုံး ဖြေရှင်းကြသည်။ ထိုအချိန်က သူတိုသည် ရေနွေးပူကိုသုံးကာ အရေခွံခွာလေ့ရှိကြသည်။ စပါးအုံးမြွေသည် အလွန် ကြီးမားသည်။ ထို့ကြောင့် ရေနွေးဖျော၍ မရပေ။ သူတို့သည် ဓားကို သုံး၍သာ အရေပြားအား တဖြေးဖြေးသာ လှီးထုတ်နိုင်သည်။

တတိယအဒေါ်ဟူသည် အစက အိမ်တွင် လှဲလှောင်းနေခဲ့သည်။ သူမ၏ အိမ်သည် အဖိုးအို ဝမ်၏ အိမ်နှင့် နီးသောလည်း သူတို့ နှစ်ဦးကြား ပေ ၁၀၀ နှင့် ၂၀၀ကျော်ထိ ကွာဝေးသည်။ပုံမှန်အားဖြင့် သူမသည် သာမာန် လှုပ်ရှားမှုများအား မကြားနိုင်သော်လည်း ကျယ်လောင်သော ဆူညံသံများအား ကြားနိုင်စွမ်းတော့ ရှိသည်။

သူတို့ မိသားစုသည် အိမ်ထဲတွင် လှဲနေကြသည်။ ဆောင်းရာသီတွင် သူတို့သည် အစားများများ မစားကြသောကြောင့် လူတိုင်းသည် အတတ်နိုင်ဆုံး မလှုပ်ရှားပဲ နေကြသည်။ သူတို့သည် ခွန်အား ချွေတာရန်နှင့် နွေးထွေးနေစေရန် ကုတင်ပေါ်တွင်သာ လှဲနေခဲ့ကြသည်။

“ဘာတွေ လှုပ်လှုပ်ရှားရှား လုပ်နေရတာလဲ”

တတိယအဒေါ်၏ ခင်ပွန်းဖြစ်သူ ဟူစန်းက မျက်မှောင်ကြုတ်လျှက် ပြောလိုက်သည်။

“မင်းလှုပ်ရှားနေတာက အနွေးဓာတ်ကို ပျောက်အောင်လုပ်နေတာပဲ။ မင်းက ငါ့ကို အေးခဲပြီး သေစေချင်တာလား”

တတိယအဒေါ်ဟူသည် သူ၏ နောက်ကွယ်တွင် မျက်လုံးလှန်လိုက်ကာ ပြောလိုက်သည်။

“ကျွန်မ ဝမ်မိသားစုအကြောင်း စဉ်းစားနေတာပါ။ သူတို့မှာ မိသားစုဝင်များပြီးတော့ မြေးတွေလည်း အများကြီးပဲ။အဲ့ကြောင့် ဆောင်းရာသီမှာ သူတို့အတွက် ခက်ခဲလွန်းနေပြီ။ အဲ့ဒါတောင် သူတို့ တခြား မိန်းကလေး တစ်ယောက်နဲ့ ဘယ်လိုရှင်သန်ကြမှာလဲ”

“မင်းဘာလို့ အဲ့ဒါတွေကို လိုက်ပြီး ဂရုစိုက်နေရတာလဲ။ ဟို မိန်းအိုကြီးက နင့်ကို ရိုက်တာ မလုံလောက်သေးဖူးလို့ တွေးနေတာလား”

“ကျွန်မတို့ရဲ့ တတိယလေးက ဒီတစ်ခါ အိမ်ပြန်မလာဘူးလို့ ပြောသွားတယ်မလား။ ဒီနှစ်ဆောင်းတွင်း အတွက်တော့ အိမ်မှာ အစားအသောက် ဖူလုံပါတယ်။ ကျွန်မတို့ ဆာလောင်ပြီး မသေနိုင်ပါဘူး”

တတိယအဒေါ်ဟူသည် နှုတ်ခမ်းဆူလျှက် ပြောလိုက်သည်။

“ဟို ခေါင်းမာတဲ့ ငအမကြီးကတော့ သူ့မိသားစုတွေ ငတ်သေမှာကိုတော့ သေချာပေါက် ကြည့်နေမှာ မဟုတ်ဘူး။ သူကိုယ်တိုင် အရင် ငတ်သေသွားမလားဆိုတာ ဘယ်သူ သိနိုင်မလဲ။ ပြီးခဲ့တဲ့ နှစ် နွေရာသီတုန်းက တတိယကလေးက သေလုနီးပါးဖြစ်သွားခဲ့တာပဲ။ သူမသာ မရှိခဲ့ရင်.....”

တတိယအဒေါ် စကားပြောလို့ မပြီးခင်တွင် ဟူစန်းသည် သူ၏ ခေါင်းအား စောင်ဖြင့် ခြုံလိုက်ကာ ပြောလိုက်သည်။

“ကောင်းပြီ ကောင်းပြီ အရမ်း စိတ်ရှုပ်စရာကောင်းတာပဲ။ သော့တွေက မင်းစီမှာ မလား။ အကယ်၍ မင်း သူတို့ကို အစားအစာအချို့ သွားပေးချင်ရင်လဲ သွားပေးလိုက်။ ဘာဖြစ်ဖြစ် ငါတို့ မိသားစု ဆာလောင်လာမယ်ဆိုရင် မင်းကို သေအောင် အရင်ဆုံး အငတ်ထားမှာ”

တတိယအဒေါ်သည် အဝတ်အစားအချို့ ထပ်ဝတ်ကာ အိပ်ယာပေါ်မှ ထလိုက်သည်။ သူမသည် သူ၏ ခင်ပွန်းအိပ်ယာပေါ်တွင် လှဲလောင်းနေသည်အား ပြန်ကြည့်လိုက်သည်။ သူမသည် သူမ၏ ညစ်ပတ်နေသော စောင်အား သူ၏ အပေါ်သို့ ခြုံပေးလိုက်သည်။ ထို့နောက် သူမသည် သော့ဖြင့် အစားအစာများ သိုလှောင်ထားသော ဗီဒိုအာ ဖွင့်လိုက်သည်။

သူမသည် သေးငယ်သော ချည်သားအိတ်ကလေးအား အတွင်းမှ ယူကာ သူမ၏ လက်ဖြင့် ချိန်ကြည့်လိုက်သည်။ ထို့နောက် တစ်ဇွန်းစာ ခပ်ထုတ်ပြီး အပြင်သို့ ထွက်သွားလိုက်သည်။သူမသည် လူအိုကြီးဝမ်၏ အိမ်သို့ရောက်သောအခါ အဖွားအိုဝမ်သည် သစ်ပင်မှ သစ်မြစ်များကို ဆွဲနှုတ်နေသည်ကို အဝေးမှ မြင်လိုက်ရသည်။

“ငတုံးမ ကျန်း”

အဖွားအိုဝမ်၏ မျိုးနွယ်အမည်မှာ ကျန်းဖြစ်သည်။ တတိယအဒေါ်ဟူသည် သူမအား ထိုသို့ အခါအားလျှော်စွာ ခါ်လေ့ရှိသည်။ အဖွားအိုဝမ်သည် တတီယအဒေါ်ဟူ၏ ခေါ်သံအား ကြားသောအခါ သူမသည် သစ်မြစ်များ ဆွဲနှုတ်နေသည်ကို ရပ်လိုက်သည်။

“ပန်းပွင့်ကြီးကျန်း နင့်အသား ယားလာပြန်ပြီလား။ ငါအခု အားနေပြီ လာခဲ့လေ”

“ငါ နင်နဲ့ အဓိပ္ပာယ် မရှိတဲ့ စကားတွေ ပြောရလောက်အောင် အချိန်မရဘူး။”

တတိယအဒေါ်ဟူသည် သူမ၏ လက်ထဲမှ အိတ်အား မြေပြင်ပေါ်သို့ ပစ်ပေးလိုက်ကာ ပြန်လှည့်သွားခဲ့သည်။ နှစ်လှမ်းလောက် လျှောက်ပြီးနောက်တွင် သူမသည် ပြန်လှည့်လာကာ ပြောလိုက်သည်။

“အိတ်ကို ငါ့စီ ပြန်ပေးဖို့ မမေ့နဲ့။ အဲ့ဒါကို ချေးပေးတယ်လို့ မှတ်ထားလိုက်။ နွေဦးရောက်ရင် နင် ငါ့ကို အတိုးနဲ့ ပြန်ဆပ်ရမယ်။”

အဖွားအိုဝမ်သည် သံသယဝင်သွားသည်။ သူမသည် လျှောက်လာကာ အထုပ်အား ကောက်ယူကာ ကြည့်လိုက်သည်။ ထိုအိတ်ထဲတွင် စပါးများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုအရာသည် ဆန်အဖြစ် ကြိတ်ထားသည် မဟုတ်သော်လည်း အလေးချိန်သည် ငါးကီလိုလောက် ရှိပေသည်။

All Chapters