အစားအစာများ ပေးခြင်း
Vol. 1 Ch. 7
ခရိုင် တစ်ခုလုံးနှင့် မြို့ တစ်ခုလုံးတွင် ဟူမိသားစု ကျေးရွာသည် အဆင်းရဲဆုံး ရွာတစ်ရွာ ဖြစ်သည်။ အခြားသော ကျေးရွာများ မည်မျှပင် ဆင်းရဲစေကာမူ သူတို့တွင် အနည်းဆုံး မြေပိုင်ရှင်ငယ် တစ်ဦးနှင့် မူ၁၀၀ လောက် ပိုင်ဆိုင်ကြသေးသည်။ ဟူမိသားစုကျေးရွာတွင်တော့ ထိုကဲ့သို့ မရှိချေ။ အချမ်းသာဆုံး ရွာသူကြီး မိသားစု ပိုင်ဆိုင်မှုတောင် ၁၀ဧကလောက်သာ ပိုင်ဆိုင်ပြီး သူတိုအတွက် စိုက်ပျိုးမြေ လုံလောက်ရုံသာရှိသည်။
အိမ်များကို ဆောက်လုပ်ရာတွင် အစိမ်းရောင် အုတ်ခဲဖြင့် တစ်ဝက် ကျန်တဝက်အား ကျောက်တုံးများဖြင့်သာ ဆောက်လုပ်ကြပြီး မိသားစု အများစုသည် အိမ် တစ်လုံး ဆောက်ပြီးနောက်တွင် ကျပ်တည်းသွားကြကုန်သည်။
ထို့ပြင် သူတို့သည် ဆင်းရဲသွားသောကြောင့် မိသားစုတိုင်းတွင် အစားအစာများ အပိုအလျှံ မရှိကြပေ။ နှင်းများသည် တစ်လလုံး တောင်ပေါ်သို့ သွားရာလမ်းများ အားလုံးကို ပိတ်ဆို့ထားကာ အမှန်တကယ် အရည်ပျော်ခြင်း မရှိသေးပေ။ အကယ်၍ သူတို့သည် သူတို့ ပိုင်ဆိုင်မှု အချို့ကို ရောင်းချပြီး အစားအစာ ဖြင့် လှဲလှယ်လိုသော်လည်း သွားစရာလမ်းမရှိပေ။ ထို့ကြောင့် ရွာတွင် အစားအစာသည် အသက်နှင့် ညီမျှသည်။
အဖွားအိုဝမ်သည် အစားအစာ အိတ်ကို မြင်လိုက်သောအခါတွင် သူသည် အသက်ရှုမှားကာ ကြက်သေသေသွားခဲ့သည်။
ဒီ ပန်းပွင့်ကြီး ကျန်း ....
“ပြန်လာခဲ့ နင့်ပစ္စည်း ပြန်လာယူ” အဖွားအိုဝမ်သည် ခြေလှမ်းအနည်းငယ် ရှေ့တိုးကာ တတိယအဒေါ်ဟူအား လှမ်းဆွဲလိုက်ကာ သူမ၏ လက်မောင်းအတွင်းသို့ အိတ်အား ထိုးထည့်လိုက်သည်။
“ နင် ငါ့ကို အထင်သေးတာလား ငါတို့ ဝမ်မိသားစုက မငတ်သေးဘူး”
တတိယအဒေါ်ဟူ၏ နှလုံးသားသည် နာကျင်နေခဲ့ကာ အဆုံးတွင် သူမသည် သတိလက်လွတ်ဖြစ်သွားကာ အစားအစာအိတ်အား ပြန်ယူလိုက်သည်။ အဖွားအိုဝမ်ပြောသော စကားကိုကြားလိုက်သောအချိန်တွင် သူမည် ချက်ချင်း နှုတ်မှ လွှတ်ခနဲ ထွက်သွားကာ ပြောလိုက်သည်။
“နင်တို့ မိသားစု တတ်နိုင်တာကို ဘယ်သူက မသိလို့လဲ နင်တို့ မိသားစုမှာ လူအများစုက ကြီးထွားဖို့လိုအပ်နေပြီး လူကြိးတစ်ယောက်လို စားနိုင်ကြတဲ့ ကလေးတွေကြီးပဲ နင့် မိသားစုမှ မြေး ခုနှစ်ယောက်တောင်လေ ပြီးတော့ အဲ့ဒါကို ကလေးမလေး တစ်ယောက်ကိုတောင် ခေါ်လာသေးတယ်.....”
အမှန်တကယ်တော့ သူမသည် ဝန်ထုပ်ဝန်ပိုး ဆိုသော စကားလုံးကို သုံးချင်ခဲ့သော်လည်း အဖွားအိုဝမ်သည် ရွာပတ်ပတ်လည်ကို အကြိမ် အနည်းငယ်ခန့် လိုက်လံ ရိုက်နှက်တတ်သည်ကို မြင်သောကြောင့် သူမ၏ စကားလုံးများကို ပြောင်းလဲခဲ့သည်။ ရွာထဲမှ လူများသည်လည်း သူတို့၏ စကားလုံးများကို ပြောင်းလဲခဲ့ကြသည်။
ထိုတံမြက်စည်းက အမှန်တကယ် နာကျင်လွန်းလှကာ အဖွားကြီ ဝမ် ရွာပတ်ပတ်လည် လိုက်လံ ရိုက်နှက်ခံရသည်မှာ အလွန် ရှက်ဖွယ်ကောင်းလှပေသည်။
“နင့် ပါးစပ်ပိတ်ထားလိုက် ဒီနေ့ ငါ စိတ်ကောင်း ဝင်နေတယ် ဒါကြောင့် နင်နဲ့ ကစားဖို့ ငါ့မှာ ခွန်အားတွေရှိသေးတယ်”
အဖွားအိုဝမ်သည် သူမ ပါးစပ်မှ အားယွီ အကြောင်း ထပ်ကြားရသောအခါ သူမ၏ နှလုံးသားထဲမှ ပျော်ရွှင်နေသော ခံစားချက်များ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားကာ အဲ့အစား ဒေါသများသာ ထွက်ပေါ်လာခဲ့သည်။ သူမသည် သူမ၏ ပိန်ပါးသော လက်မောင်းအား တတိယ အဒေါ်ဟူထ့သို့ ဆန့်တန်းလိုက်သည်။
“အိုက်ယိုး ဘာတွေ ဖြစ်နေကြတာလဲ ကောင်းကင်မှာ နေ ဘယ်နှစ်ရက်သာနေမလဲ ဘယ်သူသိမလဲ မင်းရဲ့ အင်အားကို ချွေတာထားသင့်တယ် နှစ်သစ်ကူးကို မဖြတ်ကျော်ချင်ဘူးလား “
အိုမင်းသော အသံသည် ပေါ်ထွက်လာခဲ့သည်။
အဖွားအိုဝမ်သည် တတိယအဒေါ်ဟူ၏ ဆံပင်အား ဆွဲထားသော်လည်း ထိုအသံ ကြားသောအခါ လွှတ်ပေးလိုက်သည်။ သူမသည် အကျီ လက်စအား ဆွဲခါကာ ဖြောင့်တန်းအောင် သပ်ချလိုက်ပြီး ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ ထိုသူသည် အကြီးအကဲဟူ ဖြစ်ကာ သူ့နောက်တွင် အငယ် နှစ်ယောက်လိူက်လာခဲ့သည်။
ထိုအငယ်နှစ်ယောက်၏ နောက်ကျောတွင် ခြင်းတောင်းတစ်ခုစီ သယ်လာခဲ့ကြသည်။ သူတို့၏ ခြေထောက်များသည် ပေါ့ပါးသွက်လက်နေခဲ့ကာ ခြင်းတောင်းတွင် ဘာမှ မရှိတာ ဖြစ်လောက်ပေသည်.။
“ အကြီးအကဲဟူ နေပူဆာလှုံဖို့ ထွက်လာခဲ့တာလား ဘာလို့ ဒီကိုရောက်နေတာလဲ “
အဖွားအိုဝမ်သည် နောက်မှ အငယ်နှစ်ယောက်အား ထပ်မံ ကြည့်လိုက်သည်။
“တစ်ခုခုရလို ရငြားရှာဖို့ အကြီးအကဲ တောင်ပေါ်သွားမလို့လား နေထွက်လာတာ ရပ်အနည်းငယ် ရှိနေပြီဆိုပေမဲ့ တောင်ပေါ်မှာ နှင်းတွေက အခုထိ ကောင်းကောင်း အရည်ပျော်သေးတာ မဟုတ်ဘူး အကြီးအကဲအနေနဲ့ မသွားသင့်ဘူး မလဲကျအောင် သတိထားသင့်တယ်”
အကြီးအကဲဟူသည် အလွန် ကြင်နာတတ်သော လူအိုကြီး တစ်ယောက်ဖြစ်သည်။ သူသည် ဟူမိသားစုတွင် အကြီးဆုံးဖြစ်ကာ ရွာတွင်လဲ ဂုဏ်သတင်း မြင့်မားသော သူတစ်ဦး ဖြစ်သည်။ အကြီးအကဲမူသည် သူ၏ မုတ်ဆိတ်အား ပွတ်သပ်လိုက်ကာ ခေါင်းခါလျှက် ပြောလိုက်သည်။
“ငါထင်တာ ရာသီဥတုက နောက်ထပ် နှစ်ရက်ထက် ပိုပြီး ကြည်လင်မှာ မဟုတ်လောက်ဘူး နှင်းတွေ ထပ်ကျအုန်းမယ်”
အကြီးအကဲဟူသည် အငယ်နှစ်ဦးအား အစားအစာများ အိမ်တိုင်ရာရောက် ပို့ဆောင်ရန် ခေါ်ဆောင်လာခဲ့သည်။ အကြီးအကဲဟူသည် ငယ်ရွယ်စဉ်က ကိုယ်ပိုင်ကျောင်းတစ်ခုတွင် ဆရာလုပ်ခဲ့ဖူးသည်။ နောက်ဆုံးတွင် သူသည် ရွာသို့ ပြန်လာကာ ပိုက်ဆံ အနည်းငယ် စုဆောင်းမိခဲ့သည်။ စုဆောင်းငွေသည် မများလှသော်လည်း အငြိမ်းစားယူထားသည့် သူ့အတွက်တော့ လုံလောက်လေသည်။
အချို့အချိန်များတွင် လူတစ်ချို့က ဆင်းရဲလွန်းသောကြောင့် စားသောက်ရန် မတတ်နိုင်သောအခါတွင် တစ်ချို့ အရှက်မဲ့သူများသည် သူထံသို့လာကာ အကူအညီ တောင်းခံတတ်ကြသည်။. အကြီးအကဲဟူသည် လည်းပဲ ကူညီခဲ့သည်။
“ငါ ပီလာနဲ့ တူတူ ဆွေးနွေးခဲ့တယ် နှင်းတွေက အရည်မပျော်ပဲ ကျန်နေသေးတယ် ဒါကြောင့် မြို့ကို သွားတဲ့လမ်းက အရမ်း အန္တရာယ် ရှိတယ် ငါ အကြီးအကဲ အနည်းငယ်ကို စုစည်းပြီး အစားအစာအချို့ကို အတူတူ စုပေါင်းလိုက်တယ် အခက်အခဲရှိတဲ့သူတွေ အားလုံး အနည်းငယ်တော့ ယူလိုက်သင့်တယ် အနည်းဆုံး ရပ်အနည်းငယ်တော့ ရှင်သန်နိုင်ပါလိမ့်မယ် ပြီးခဲ့တဲ့ နှစ်က ဆယ်ယောက်ကျော်လောက် အဆာငတ်ပြီး သေဆုံးသွားရတယ် ဒါတွေကို မြင်လိုက်ရတဲ့ အချိန် ငါ အရမ်း ရင်နာမိတယ်”
ပီလာဆိုသည်မှာ ရွာသူကြီး၏ နာမည်ပြောင်ဖြစ်သည်။ အကြီးအကဲဟူသည် အမှန်တကယ်တော့ အစားအစာပို့ရန် ဒီနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ လူတိုင်းအား အားပေးနှစ်သိမ့်လိုသော ရည်ရွယ်ချက်ဖြင့် နောက်ကလိုက်လာခြင်း ဖြစ်နိုင်ပေသည်။
ဟူမိသားစုရွာတွင် အိမ်ခြေ ၁၀၀ကျော်ရှိပြီး လူဦးရေ ၇၀၀ကျော်ခန့် နေထိုင်လျှက်ရှိသည်။ လွန်ခဲ့သောနှစ်တွင် နှင်းများသည် တော်ပေါ်လမ်းများကို ပိတ်ဆို့ထားသောကြောင့် လူငယ်ငါးဦးသည် အစားအစာ ရှိာရန် ထွက်သွားချိန် အေးခဲကာ သေဆုံးခဲ့ရသည်။ အခြားသော လူ ဆယ့်နှစ်ဦးသည်လည်း ဆာလောင်၍ ရွာထဲတွင် သေဆုံးသွားခဲ့ရသည်။ ဆောင်းရာသီတွင် ထိုအကြောင်းကို မည်သူမှ ထုတ်ဖော် မပြောဝံ့ကြပေ။
အကြီးအကဲဟူ လာနေသည်အား မြင်သောအခါ အဖိုးအိုဝမ်သည် အဝေးမှ သူလာနေသည်အား မြင်သည်နှင့် ထွက်လာခဲ့သည်။အကြီးအကဲဟူသည် ရွာရှိ အိမ်ထောင်ငည် အမျိုးသမီးများနှင့် စကားပြောဆိုလေ့ မရှိပေ။ ထို့ကြောင့် သူတို့ အမှန်တကယ် ရန်ဖြစ်လျှင် တားရန် ထွက်လာခဲ့ခြင်း ဖြစ်သည်။
“ဝမ်ဇီ မင်းက အချိန်မှန် ရောက်လာတာပဲ မင်းမိသားစု အတွက် အစားအစာကို သွားယူလိုက်”
အကြီးအကဲဟူသည် လူငယ်တစ်ဦးအား အစားအစာအိတ်အား ထုတ်ပေးလိုက်ရန် ပြောလိုက်ပြီး သူကိုယ်တိုင် တခြားအိတ် တစ်ခုကို ထုတ်ယူလိုက်သည်။
“မင်းတို့ မိသားစုက လက်ရှိ ကလေးမလေး တစ်ယောက်ကို ကောက်ရထားခဲ့တယ် မင်းတို့မှာ အစားအစာ မလုံလောက်မှာကို ငါစိုးရိမ်မိတယ် ဒါနဲ့ဆို မင်းတို့အတွက် လုံလောက်တာထက် ပိုမယ်လို့ ထင်တယ်”
မိသားစုတိုင်း ဒီလို ကူညီမှုမျိုး မရရှိခဲ့ပေ။ ချို့တဲ့ တဲ့ အခြေအနေပေါ်မူတည်ပြီး ရရှိတာဖြစ်သည်။ အကြးအကဲဟူ၏ ရည်ရွယ်ချက်ကို ကြားသောအခါ အဖိုးအိုဝမ်သည် ခြံဝင်းထဲတွင် အရေခွံ ချွတ်နေသော မြွေကြီးအား တွေးမိကာ အဖွားအိုဝမ်အား ပြန်လှည့်ကြည့်မိလိုက်သည်.။
အဖွားအိုဝမ်သည် သာမာန်အားဖြင့် အဖိုးအို၏ ဆိုလိုရင်းကို နားလည်ပေသည်။ အကယ်၍ မြွေကြီး၏ အသားအား သူတို့ဘာသာ စားလျှင် ဒီနှစ် ဆောင်းတွင်း တစ်ခုလုံး အသက်ရှင်ရန် အတွက် ပြဿနာ မရှိပေ။သို့သော် သူတို့ ခွဲခြမ်းပေးရမည်ဆိုလျှင် မည်သို့ ခွဲဝေပေးရမည်နည်း။
“ရှင်က အိမ်ထောင်ဦးစီးလေ ဒါက ရှင် ဆုံးဖြတ်ရမဲ့ကိစ္စပဲ”
အဖွားအိုဝမ်သည် အနည်းငယ် ဒေါသထွက်သွားခဲ့သည်။ သူမသည် နောက်သို့ လှည့်ကာ အကြီးအကဲဟူ၏ ဘေးမှ အစားအစာ အိတ်နှစ်အိတ်အား ယူဆောင်ကာ တတိယအဒေါ်ဟူ လက်မောင်းတွင်းမှ သေချာ ထုပ်ပိုးပေးထားသော အိတ်ကိုလည်း ဆွဲယူသွားခဲ့သည်။
တတိယအဒေါ်ဟူသည် အခုအချိန်တွင် ငြင်းဆန်ကာ ပြောလိုက်သည်။
“ဟေး ဟေး ဟေး ငတုံးမကြီး ကျန်း အကြီးအကဲဟူက နင်တို့ မိသားစု အတွက် အစားအစာ ပေးလိုက်ပြီးပြီမလား အဲဒါ ငါတို့ဟာ ငါ့ကို ပြန်ပေး ငါ ဆာလောင်ပြီး မနေချင်ဘူး”
“ဘယ်သူက ပြန်ယူသွားလို့ရတယ် ပြောလို့လဲ"
အဖွားအိုဝမ်သည် သူမ၏ မျက်လုံးအား လှိမ့်လိုက်ကာ လှည့်ထွက်သွားလိုက်သည်။
“ငါ့ကို အစားအစာ ချေးတာ နင့်အတွက် ကံကောင်းခြင်းပဲ”
တတိယအဒေါ်ဟူသည် အလွန် ဒေါသထွက်သွားလေသည်။ ဒီအဖွားကြီးသည် ဒီလောက်ကြာအောင် အငြိုးထားခဲ့သည်။ သို့သော်လည်း တတိယအဒေါ်ဟူသည် ကြာရှည်စွာ ဒေါသ မထွက်နိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အဖိုးအိုဝမ်သည် သူမနှင့် အကြီးအကဲဟူ အား ဝမ်မိသားစု ခြံဝင်းထဲသို့ ဖိတ်ခေါ်လိုက်သောကြောင့် ဖြစ်သည်။ လူတိုင်းသည် ခြံဝင်းအတွင်း ကြီးမားသော မြွေတစ်ကောင်ဖြင့် ပြည့်နေသည်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။
“မိုးနတ်မင်း...”
မြွေကြီးအား တစ်ဝက်လောက် အရေခွံနွှာထားသော အခါ အလွန် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။ တတိယအဒေါ်ဟူသည် စိတ်လှုပ်ရှားလွန်းသောကြောင့် မေ့လဲသွားခဲ့သည်.။ အဖိုးအိုဝမ်သည် သူ၏ လက်နှစ်ဖက်အား ပွတ်လိုက်ကာ အံ့အားသင့်သောကြောင့် ဟန်ချက်ပျက်လုနီးပါး ဖြစ်နေသော အကြီးအကဲဟူအား ပြောလိုက်သည်။
“ဒါကို ကျွန်တော်တို့ မိသားစုရဲ့ အားယွီလေး သတ်လိုက်တာ ကျွန်တော်တို့မိသားစုက ၁၅၀ကီလိုပဲ ယူထားလိုက်မယ် ကျန်တာကို ဘယ်လို ခွဲခြမ်းကြမလဲ”
သူသည် ပို၍ ယူထားချင်သော်လည်းပဲ ဒီအခက်ခဲကို လူတိုင်း ဖြတ်ကျော်နိုင်ရန် ဆောင်ရွက်ပေးရအုန်းမည် ဖြစ်သည်။ ထို့အပြင် အကြီးအကဲဟူသည် စကားလုံးတိုင်းကို မကြားလိုက်ပေ။
“အားယွီက ဘယ်သူလဲ”
“အိုး ကျွန်တော် ပြောပြဖို့ မေ့သွားတာပဲ ကျွန်တော်တို့ ကောက်ရခဲ့တဲ့ ကလေးလေး နာမည်က အားယွီလို့ ခေါ်တယ်”
အကြီးအကဲဟူ၏ မျက်လုံးများ ပြူးသွားခဲ့သည်။
“ဘာ”
အဲ့ဒါက ကလေးလေး မဟုတ်ဘူးလား။ ကလေး တစ်ယောက်က ဒီလောက် ကြီးတဲ့ မြွေကို ဘယ်လို သတ်နိုင်မလဲ။ သူမသည် အင်မော်တယ်တစ်ယောက် ဝင်စားခြင်း ဖြစ်နိုင်သလော။
အဖွားအိုဝမ်သည် အထုပ် သုံးထုပ်အား သယ်ဆောင်ကာ မီးဖိုချောင်အတွင်းသို့ မည်းမှောင်နေသော မျက်နှာဖြင့် ဝင်ရောက်လာခဲ့သည်။ သူမသည်သူတို့အား မြွေကြီး အကြောင်း ပြောပြခဲ့သည်။
ဇနီးများ၏ အမူအရာများသည် ခြားနားသော အမူအရာများ ရှိနေသာ်လည်း မြွေကြီး၏ အသားကို ခွဲဝေပေးခြင်းအား မှားနေသည်ဟု မထင်ကြပေ။ ရွာထဲတွင် သူတိူ့၏ မိသားစုသည် အဆင်းရဲဆုံး ဖြစ်ကာ သူတို့သည် ပုံမှန်အားဖြင့် ထောက်ပံ့မှု အများဆုံး ရရှိခဲ့သည်။
အဖွားအိုဝမ်၏ မာနက တခြားသူများ၏ အကူအညီကို မကြာခဏ မတောင်းဆိုခဲ့သော်ငြားလည်း သူတို့သည် တခြားသူများ၏ အကူအညီကို မှတ်ထားဖို့ မလိုဟု မဆိုလိုပေ။ ထို့အပြင် အသား တစ်တေး၏ တဝက် တောင်မှ အသက်တစ်ချောင်းကို ကယ်တင်နိုင်ပေသည်။
လူအားလုံးသည် အိပ်နေသော ကလေးမလေးအား ကြည့်ကာ အတွေးကိုယ်စီ ရှိနေကြသည်။ ကလေးအတွက် လူတွေကို ကယ်တင်တာလဲ ကံကြမ္မာကောင်းကို ရနိုင်သည်မလား။ အားယွီလေးသည် ကောင်းမွန်စွာ အိပ်စက်နေသည်။ သူမလေး မျက်လုံး ဖွင့်လိုက်ချိန်တွင် သူမသည် အဖွားအိုဝမ် မီးဖိုဘေးတွင် တီးတိုးရေရွတ်နေသည်ကို မြင်လိုက်ရသည်။
“အားယွီလေးက ဒီအစားအစာ အိတ်ကို ပန်းပွင့်ကြီးကျန်း ဆီကနေ ရလိုက်တာ အဲ့ဒါကို ယူဖို့ မစဉ်းစားနဲ့ ဆန်ကို ကြိတ်ပြီးသွားရင် ကလေးအတွက် ဆန်ပြုတ် နည်းနည်း လုပ်ပေးလိုက် သနားစရာကောင်းလိုက်တဲ့ ကလေး ဘန်းကိတ်ကိုတောင် စားဖို့ မတတ်နိုင်ဘူး”
မည်သို့ပင်ဆိုစေကာမူ သူမ၏ အမူအရာသည် အလွန် ရုပ်ဆိုးနေခဲ့သည်။ သူမသည် တစ်စုံတစ်ယောက်အား စိုးရိမ်နေသည်နှင့် မတူပေ။ ထို့အစား သူမ၏ မျက်နှာသည် ဝန်လေးခြင်း စိတ်မကောင်းမှု ခါးသီးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ကလေးပေါက်စလေးသည် လျိုရှီ၏ လက်မောင်းပေါ်မှ ဆင်းကာ ခြေလှမ်း အနည်းငယ် လှမ်းကာ အဖွားအိုဝမ်၏ အကျီလက်ဖျားအား ဆွဲလိုက်သည်။
“ဖွားဖွား....”
အဖွားအိုဝမ်သည် သူမ၏ ဦးခေါင်းအား ငုံ့ကြည့်လိုက်သောအခါ ကလေးမလေးသည် သူမအား အလေးအနက် ကြည့်နေသည်ကို မြင်လိုက်ရသည်။
“ဖွားဖွား စိတ်မကောင်း မဖြစ်ပါနဲ့ “
သူမလေးသည် သူမ၏ လက်ကလေးများဖြင့် အဖွားအိုဝမ်၏ ခြေထောက်အား တင်းကျပ်စွာ ဆွဲဖက်လိုက်သည်။ သူမ၏ လက်ချောင်းလေးများဖြင့် ညှင်သာစွာ ပုတ်ပေးနေခဲ့သည်။
“သမီး ကြီးလာတဲ့ အထိ စောင့်ပါ “
အားယွီလေးသည် သူမ၏ လက်ကလေးအား ဆန့်တန်းကာ ခေါင်းကို လက်ဟန် အမူအရာဖြင့် ပြလိုက်သည်။ ထို့နောက် သူမသည် သေချာ ဂရုတစိုက် စဉ်းစားကာ ပြောလိုက်သည်။
“သမီး အဖွားစားဖို့ ဘန်းကိတ်တွေ အများကြီး ပေးမယ်နော်”