← Chapters

အသားများကို ခွဲဝေပေးခြင်း

Vol. 1 Ch. 8

အသားများကို ခွဲဝေပေးခြင်း

Vol. 1 Ch. 8

အားယွီလေး၏ ကလေးဆန်သော စကားများသည် အခန်းထဲရှိ လူများ၏ မျက်လုံးများကို နီရဲသွားစေသည်။ သို့သော် အစ်ကိုများသည် လက်ပိုက်ပြီး မကြည့်နေနိုင်တော့ပေ။

“ညီမလေး အနာဂတ်မှာ ဒီဒုတိယအစ်ကိုက ပိုက်ဆံအများကြီး မင်းအတွက် ရှာပေးမယ် ပြီးတော့ အသားအပြည့်နဲ့ ဘန်းကတ် ပူပူနွေးနွေးတွေကို ညီမလေး နေ့တိုင်းစားရအောင် လုပ်ပေးမယ် “

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ပြီးတော့ ကြက်ဉတွေလဲ ကုန်သွားတယ်လို့မရှိအောင် ထားပေးမယ် အကို ကြက်ဉတွေ အများကြီး ဝယ်ပေးမယ် ပြီးတော့ နေ့တိုင်း ညီမလေးအတွက် ကြက်ဉမွှေကြော် နေ့တိုင်း လုပ်ပေးမယ်”

“ပေါင်းထားတဲ့ ဘန်းကိတ်တွေက ကောင်းပေမဲ့ အဖြူရောင် ဘန်းကိတ်တွေက ပိုကောင်းတယ် အကို ကြားဖူးတာတော့ အဖြူရောင် ဘန်းကိတ်တွေက အကောင်းဆုံး ဘန်းကိတ်လို့ ကြားဖူးတယ် သူတို့က အရမ်းချိုတယ်တဲ့ သကြားရည်ထက်တောင် ပိုချိုသေးတယ်တဲ့ “

တက်ကြွနေသော အစ်ကိုများသည် တစ်ယောက်ပေါက် ပြောနေကြသောကြောင့် အားယွီလေးသည် ကြက်သေသေလျှက် ရှိနေသည်။ သူမ၏ မျက်လုံးလေးများ ပြူးလာကာ သူမသည် တိတ်တဆိတ် သူမ၏ လက်ချောင်းလေးများဖြင့် ရေတွက်နေရင်း ပြောသမျှ အားလုံးကို သူမ၏ နှလုံးသားထဲတွင် မှတ်သားထားသည်။

သို့သော်လည်း အားယွီလေးသည် အမှန်တကယ် ပဟေဠိ ဖြစ်နေဆဲ ဖြစ်သည်။ အကောင်းဆုံး အစားအစာတွေက အသားအပြည့်နဲ့ ဘန်းကိတ်လဲ မဟုတ်သလို အဖြူရောင်ဘန်းကိတ်လဲ မဟုတ်ဘူးဆိုတာကို တစ်စုံတစ်ယောက် ပြောတာ သူမ ကြားခဲ့ဖူးသလိုလိုပါပဲ။

အဲ့ဒါက ဘာများလဲ..

အိုက်ယား သူမ မမှတ်မိတော့ဘူး

ဘာဖြစ်ဖြစ် သူမသည် သူမ အစ်ကိုများ ပြောသည့် စကားကိုသာ အနာဂတ်မှာ မှတ်ထားဖို့ပဲလိုတယ်။ အားယွီလေးသည် သူမ၏ လက်ဖြင့် သူမ၏ ခေါင်းအား ငြင်သာစွာ ထုလိုက်ကာ စဉ်းစားနေသည်များကို ရပ်တန့်လိုက်သည်။ သူမသည် နောက်သို့ ပြန်လှည့်ကာ သူမ၏ အမေ လက်မောင်းတွင်း သို့ မှီနေလိုက်သည်။

ပထမတွင်တော့ သူမသည် ဂရုတစိုက် တိုးသွားလိုက်သည်။ သူမ၏ အမေသည် သူမအား တွန်းထုတ်တာ ဒါမှမဟုတ် ဆိုးဆိုးရွားရွား ချောင်းဆိုးတာမျိုးမရှိတော့ချိန်တွင် သူမသည် ပို၍နီးအောင် တိုးကပ်သွားလိုက်သည်။ အမေသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သို့သော် သူမသည် အမေဖြစ်သူအား မမြင်ခဲ့ရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ သူမသည် ဆေးနံ့ ပြင်းပြင်းများကို မရတော့ပေ။ သူမ အမေသည် နေပြန်ကောင်းလာပြီ ထင်သည်။ ဟုတ်ယ်မလား။

“အမေက အခြေအနေ ပိုကောင်းလာရင် အမေရဲ့ ကိုယ်သင်းနံ့က မွှေးလာလိမ့်မယ် အဲ့အချိန်ကျရင် အမေက သမီးကို ထပ်ပြီး ဖက်ထားလိမ့်မယ် အားယွီက မငိုရဘူးနော် လိမ်လိမ်မာမာနေရမယ်”

တစ်စုံတစ်ယောက်က ချောင်းဆိုးလျှက် သူမအား ထိုကဲ့သို့ ပြောခဲ့ဖူးသည်။ထိုအသံသည် ဝေးကွာသွားကာ ကြည်လင် ပြတ်သားမှု မရှိပဲ မပြန်မသားဖြစ်လာခဲ့သည်။ လျိုရှီသည် ကလေးမလေးက သူမနှင့် နီးနီးကပ်ကပ်နေသည်ကို ခံစားလိုက်ရသောအခါ သူမ၏ ပြည့်စုံနေပြီဟု ခံစားရသည့် နှလုံးသား တစ်စုံသည် နူးညံ့လို့ သွားခဲ့သည်။ သူမသည် ကလေးမလေးအား တင်းကျပ်စွာ ဖက်ထားလိုက်သည်။

“အမေ”

အားယွီလေးသည် သူမအား ကြည့်ကာ မဝံ့မရဲဖြင့် ခေါ်လိုက်သည်။ လျိုရှီက ပြန်ဖြေလိုက်သည်။

“အင်း ဘာဖြစ်လို့လဲ သမီးလေး”

“အမေ”

အားယွီသည် ထပ်မံ၍ ခေါ်ဆိုလိုက်သည်။လျိုရှီသည် ပြုံးလျှက် ပြန်လည်၍ နူးညံ့သော အသံဖြင့် ဖြေဆိုလိုက်သည်

“အင်း အမေရှိတယ်နော်”

အားယွီလေးသည် သူမ၏ ကွေးနေသော လည်ပင်းကို လှမ်း၍ ဖက်လိုက်သည်။ သူမလေးသည် သူမ၏ ခေါင်းလေးအား သူမ၏ အမေ ဖြစ်သူ၏ လည်ပင်းထဲသို့ နှစ်မြှပ်အောင် တိုးဝင်၍ ပျော်ရွှင်စွာ ပြောလိုက်သည်။

“အားယွီ အမေ့ကို ရှာတွေ့ပြီ “

လျိုရှီသည် အနည်းငယ် ကြက်သေသေသွားခဲ့သည်။ သူမသည် တစ်စုံတစ်ခုအား တွေးမိပြီးမှ ကျယ်လောင်သော အသံဖြင့် ပြန်လည်ပြောဆိုလိုက်သည်။

“ဟုတ်တယ် အမေလည်း အားယွီလေးကို ရှာတွေ့ပြီ အခုချိန်က စပြီး အမေတို့ ထပ်ပြီး ခွဲမနေကြတော့ဘူးနော်”

တခြားသော ဇနီးများသည် သူတို့၏ ခေါင်းများအား လှည့်ကာ မျက်လုံးကို ပွတ်သပ်လိုက်သည်။ အဒေါ်ကျန်းသည် သက်ပြင်းချကာ နူးညံ့စွာ ပြောလိုက်သည်။

“သနားစရာကောင်းတဲ့ ကလေးလေး”

အဖွားအိုဝမ်သည် လက်ထဲကိုင်ထားသော ယောင်းမဖြင့် အိုးနှုတ်ခမ်းကို ထုလိုက်ကာ ဘွင်းဘွင်းရှင်းရှင်း အသံဖြင့် ပြောလိုက်သည်။

“မြန်မြန် ချက်ကျ နင်တို့က ဒီအဖွားကြီး ချက်ပေးတာကို စောင့်နေကြတာလား”

သူတို့ ထိုသို့ ပြောနေချိနတွင် အပြင်ဘက်၌ ဆူညံသံများ ကြားလာခဲ့ရသည်။ ထိုအသံများ၏ မူရင်းပိုင်ရှင်များသည် ရွာအကြီးအကဲများနှင့် ရွာသူကြီးတို့ ဖြစ်ကြသည်။ အကြီးအကဲဟူသည် နောက်ထပ် စိတ်လှုပ်ရှားမှုဒဏ်ကို မခံနိုင်ပေ။ ထို့ကြောင့် သူသည် လူငယ်နှစ်ဦးအား ရွာသူကြီး နှင့် အခြားသော အကြီးအကဲများကို ခေါ်လိုင်းလိုက်ကာ သူသည် အိမ်၏ ဧည့်ခန်းထဲထိုင်ကာ စောင့်ဆိုင်းနေလိုက်သည်။

ရောက်လာသည့် သူများသည် ရွာထဲတွင် ပြောရေးဆိုခွင့် အာဏာရှိသော သူများဖြစ်ကြသည်။ ရောက်လာသောသူများသည် ရွာထဲမှ လူများကို အသိမပေးခင် စပါးအုံးမြွေ၏ အသားများကို ဘယ်လို ခွဲဝေပေးရမည်ကို အရင်ဆုံး ကြိုတင် ဆွေးနွေးရန် လိုအပ်နေသေးသည်။

အကြီးအကဲဟူသည် တစ်ရွာလုံးတွင် စာပေပညာတတ်မြောက်သော တစ်ဦးတည်းသော သူဖြစ်သည်။ ထိုအချက်အလက်များကြောင့် ဟူမိသားစုသည် ဟူမိသားစု ကျေးရွာတွင် အဆင့်အတန်း ဂုဏ်သိက္ခာ မြင့်မားကာ သူအား ရွာမှ ရွာသူရွာသားများ အားလုံးသည် ရိုသေလေးစားကြသည်။

လူတိုင်းရောက်လာသည်ကို မြင်သောအခါ အကြီးအကဲဟူသည် အဓိက ထိုင်ခုံတွင် ထိုင်လိုက်ကာ လည်ချောင်းကို ရှင်းလျှက် ပြောလိုက်သည်။

“ယုတ္တိရှိရှိ ပြောရရင် ငါက ဟူမိသားစုမှာ အသက်အကြီးဆုံး အဘိုးအို တစ်ယောက်ပဲ ဒါကြောင့် ငါက ဒီအဓိကခုံမှာ ထိုင်သင့်တာတော့ မဟုတ်ဘူး ဒါပေမဲ့ ဒီနေ့တော့ ငါ မျက်နှာပူပူနဲ့ ဒီမှာပဲထိုင်လိုက်မယ်”

အဖိုးအိုဝမ်သည် ဘေးတွင်ထိုင်နေကာ လျှင်မြန်စွာ ပြန်ပြောလိုက်သည်။

“မဟုတ်တာ မဟုတ်တာ ကျွန်တော်တို့ ဟူမိသားစုကျေးရွာကို ပြောင်းရွှေ့လာကတည်းက အကြီးအကဲက အများကြီး အကူညီပေးခဲ့တာပါ အဟမ်း ကျွန်တော်က စကားပြော မကောင်းပါဘူး ဒါကြောင့် ကျွန်တော်တို့ အသားကို ဘယလို ခွဲကြမယ်ဆိုတာကို ဘာလို့ တိုက်ရိုက် မပြောကြရမှာလဲ”

ရွာသားများသည် လူနေမှု ဓလေ့ထုံးတမ်းများကို အများအားဖြင့် သိပ် ဂရုမစိုက်ကြပေ။ ထို့အပြင် အကြီးအကဲဟူ ကိုယ်တိုင်သည်လည်း ထိုကဲ့သို့ အရာများကို မကြိုက်နှစ်သက်ပါပေ။

များသော အားဖြင့် ရွာသားများ စကားပြောဆိုသောအခါ သူတို့၏ ပါးစပ်များနှင့် နားများကို သက်တောင့်သက်သာ မဖြစ်စေသည့် ယဉ်ကျေးသော အသုံးအနှုန်းများနှင့် တခမ်းတစ်နား တစ်ယောက်ကို တစ်ယောက် ဂုဏ်မြှင့်နေကြသည့် အသုံးအနှုန်း ဓလေ့များကို ရိုးရှင်းစွာဖြင့် လိုက်နာရန် မလိုအပ်ပေ။

“ကောင်းပြီ ဒီနေ့ ဒီနေရာကို လူတိုင်း ရောက်လာကြပြီ ဘာတွေ ဖြစ်နေတာလဲဆိုတာ အကြမ်းအားဖြင့်တော့ သိလောက်ကြမယ် ထင်တယ် အဲ့ဒါကတော့ လူအိုကြီးဝမ်ရဲ့ မြေးမလေး အကြောင်းပဲ အာ... ဒါနဲ့ ကလေးမလေး နာမည်က ဘာလဲ....”

အဖိုးအိုဝမ်သည် ထပ်ဖြည့်ပြောလိုက်သည်။

“အားယွီ မြေးမလေး နာမည်က အားယွီလို့ ခေါ်ပါတယ်”

“ဟုတ်ပီ အားယွီ အဲ့ကလေးမလေးက ကံကောင်းတဲ့ ကလေးလေးပဲ”

အကြီးအကဲဟူသည် သက်ပြင်းချကာ ခံစားချက်ကို ထိန်းချုပ်လျှက် ဆက်လက်ပြောကြားလိုက်သည်။

“မင်းတို့ အားလုံးလဲ ခြံဝင်းထဲက အရာကို မြင်ကြမှာပေါ့ အဲ့ဒါက ကီလိုရာချီ လေးမှာတောင် ငါကြောက်မိတယ် ဝမ်ဇီပြောပုံအရတော့ သူတို့ ဘာသာ ကီလို ၁၅၀ ကိုယူထားမယ်တဲ့ နေအုံး ငါတို့ ကီလို ၂၀၀လောက် သူတို့အတွက် ချန်ထားပေးလိုက်မယ် ရွာသားတွေ အတွက်ကတော့ တစ်မိသားစုကို အရင်ဆုံး တစ်ကီလိုစီ ခွဲပေးလိုက်မယ် ပြီးတော့ ကျန်တာတွေကို လိုအပ်နေတဲ့ မိသားစုတွေ အတွက် ထပ်ပြီး ခွဲပေးလိုက်ကြမယ်”

ရွာမှ မိသားစု အကြီးအကဲများ အားလုံး ခေါင်းငြိမ့်လိုက်ကြသည်။ ထိုထဲမှ တစ်ယောက်က ပြောလိုက်သည်။

“ကျွန်တော်တို့ မိသားစုကို ရွာမှာ ချမ်းသာတဲ့ အထဲမှာ ပါတယ်လို့ ပြောလို့ရတယ် အကယ်၍ မင်းတို့ အသားကိုစားချင်ရင် ရွာသားတွေနဲ့ တိုင်ပင်ပြီး အဲ့ဒါတွေနဲ့ လဲလှယ်လို့ရတယ် တစ်ကီလို အသားကို ဆိုရင် ဆန် တကီလိုနဲ့ လဲလှယ်လို့ရတယ် စပါးအုံးမြွေ အသားကို အာသီသပြေဖို့နဲ့ လျှာ အရသာခံဖို့ မသုံးသင့်ဘူး အသက်တွေ ကယ်ဖို့ပဲ သုံးသင့်တယ်”

တစ်ခြားမိသားစုမှ ခေါင်းဆောင် တစ်ဦးသည် မြေပြင်ပေါ်သို့ သူ၏ လမ်းလျှောက်တုတ်ဖြင့် ဆောင့်ကာပြောလိုက်သည်။

မင်းတို့ မှတ်ထားရမှာက ဒီမြွေသားက သူ့ဘာသူ ကောင်းကင်ပေါ်က ပြုတ်ကျလာတာ မဟုတ်ဘူး အဲ့ဒါကို ဝမ်မိသားစုက ပေးထားတာ သူတို့ရဲ့ ကြင်နာမှုကြောင့် မြွေသားရတယ်ဆိုတာကို မှတ်ထားရမယ် အကယ်၍ တစ်ချို့မိသားစုတွေက နည်းတယ် ဒါမှ မဟုတ် မနာလိုဖြစ်တယ်ဆိုရင် ငါတို့ လူကြီးတွေ သချိုင်းထဲ မရောက်သေးဘူး အဲ့လို လူတွေကို ငါတို့ရွာကနေ နှင်ထုတ်ပစ်မယ်”

အကယ်၍ သူတို့သာ အစထဲက ယခုကဲ့သို့ ရက်ရက်စက်စက် စကားများ မပြောထားခဲ့လျှင် နောက်ပိုင်း တစ်စုံတစ်ခု ဖြစ်ခဲ့သည်ရှိသော် သူတို့၏ အမှား ဖြစ်ပေလိမ့်မည်။ တစ်စုံတစ်ဦးအား သူ့အသာားကို လှီးခိုင်းပြီးမှ သူ့အား ပြသာနာရှာရှန် မဖြစ်နိုင်ပေ။ လူငယ်တစ်ချို့သည် သူတို့၏ ဦးခေါင်းများကို ငြိမ့်ကာ လက်ခံကြသည်။ ယခုအရာ အားလုံး ရှင်းလင်းပြီး နောက်တွင် သူတို့သည် တစ်စုံတစ်ရာမှားနေသည်ဟု မခံစားရပေ။

မြွေကြီး၏ အသားသည် အလွန် အာဟာရဖြစ်စေသည်။ တစ်ကိုက် ကိုက်ယုံမျှဖြင့် လူတစ်ဦး၏ ခန္ဓာကိုယ်အား အလွန် နွေးသွားစေသည်။ အကယ်၍ အားနည်းသော သူများရှိသည့် အိမ်တွင် သူတိူ့သည် အသားကို သုံးကာ မြွေသားစွပ်ပြုတ်အား ချက်ပြုတ်ပြီး သူတို့၏ ခန္ဓာအားပြည့်အောင် လုပ်နိုင်သည်။ ထို့ပြင် ဆောင်းရာသီတွင် အသက်ရှင်ရန် အခွင့်အလမ်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

အဖိုးအိုဝမ်သည် နှုတ်ဆိတ်နေသော်ငြားလည်း သူ၏ လက်များသည် စားပွဲအောက်တွင် တုန်ရီနေခဲ့သည်။ သူသည် ရိုးသားသော သူတစ်ဦး ဖြစ်သည်။ ဒီနှစ်များ တစ်လျှောက် ကြပ်ကြပ်တည်းတည်း နေခဲ့သည်မှာ မိသားစုအား ထောက်ပံ့ရန် အတွက်သာ ဖြစ်သည်။ အရေးကြီးသော အချက်များတွင် အဖွားအိုဝမ်သည် သာ ထောက်ပံ့ပေးခဲခြင်း ဖြစ်သည်။ အဖွားအိုဝမ်သည် ယနေ့တွင် ရှေ့မထွက်ချင်သောကြောင့် သူ တစ်ယောက်ထဲ အားလုံး ပြုလုပ်နေရခြင်းဖြစ်သည်။

သူသည် သူ၏ နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရသည်။ သူသည် လူတိုင်းက သူတို့မိသားစု အတွက် ကောင်းသော အရာများကို အနည်းငယ်သာ ချန်ခဲ့ရန် ပြောမည်ကို စိုးရိမ်ကြောက်လန့်နေခဲ့သည်။ ထို့အပြင် သူသည် အသားများကို မျှဝေရန် ကိုယ်တိုင် ပြောဆိုခဲ့ပြီးမှ မိသားစုအတွက် ပြသာနာများကို ယူဆောင်လာမည်ကိုလဲ စိုးရိမ်နေခဲ့သည်။ ရွာသားများကိုယုံကြည်သော်လည်း သူတို့နှင် ရင်ဆိုင်ရသည်က အခြေနေ တစ်ခုဖြစ်သည်။

ဘာများဖြစ်မလဲ.....

လူ့သဘာဝတွင် ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ စမ်းသပ်မှုကို တောင့်ခံနိုင်မှုကို မည်ကဲ့သို့ အာမခံနိုင်မည်နည်း။ ထို့ကြောင့် မကြာခင်မှာပင် လူတိုင်းသည် အသားများ ခွဲဝေပေးမှုနှင့် စပ်လျဉ်း၍ စည်းမျဉ်းများကို တိုင်ပင်ဆွေးနွေးခဲ့ကြသည်။ ရွာတစ်ခုလုံးသည် မကြီးမားသလို လူဦးရေလည်း နည်းပါးလှသည်။ လူတိုင်းသည် လည်း မိသားစုတိုင်း၏ အခြေအနေအမျိုးမျိုးကို သေချာ ရှင်းရှင်းလင်းလင်း သိနေခဲ့ကြသည်။

နောက်တွင် ရွာမှ မိသားစုတိုင်းအား အသားလာယူရန် သတင်းပေးရမည့် အချိန် ရောက်ရှိလို့လာခဲ့သည်။ အပြင်ဘက်မှ နေရောင်ခြည် မပျောက်သွားသေးပေ။ အသားများ ခွဲဝေပေးမည်ဟု ကြားကြသည်နှင့် အသားများကို ယူဆောင်ရန် အတွက် အပျင်းဆုံးယောကျ်ား တစ်ယောက်တောင်မှ သူ၏ မိန်းမအား အိမ်မှ ကန်ထုတ်ကာ အသားသွားယူခိုင်းလေသည်။

“မြန်မြန်လာပြီး ယူကြ တစ်ကိုက်စာပဲ ရရင်တောင်မှ အဲ့အသားက ငါတို့ကို ရက်အနည်းငယ်လောက် အသုံးပြုလို့ရတယ် ပြီးးတော့ ငါနှစ်သစ်ကို ပါဝင်ဆင်နွှဲချင်သေးတယ်”

လူတိုင်းသည် ထိုအသားအား လူအိုကြီးဝမ်၏ မိသားစုမှ လှူဒါန်းသည်ကို ကြားကြသောအခါ သူတို့၏ သဘောထားများ ပြောင်းလဲလာကြကုန်သည်။ အဖိုးအိုဝမ်၏ မိသားစုသည် ရွာ၌ အဆင်းရဲဆုံး မိသားစု တစ်စု ဖြစ်သည်။ သို့သော် ယခုလို ခက်ခဲသော ကာလမျိုးတွင် သူသည် အမှန်တကယ် သူတို့၏ ကြင်နာမှူကို မမေ့မလျော့ သတိရကာ မြွေကြီး၏ အသားကို တစ်ယောက်ထဲ လက်ဝါးကြီးအုပ်မထားခဲ့ပေ။

အသား တစ်ကီလို ရသော သူများသည် မကျေမနပ်ဖြစ်ကာ ပြောကြသည်။

“အဖိုးကြီးဝမ်ရဲ့ မိသားစုက ဘယ်လောက်ပဲ များနေပါစေအုန်းတော့ သူတို့က အသား နှစ်ရာကီလိုတောင် လိုအပ်လို့လား ငါတို့တွေကျ တစ်ကီလိုပဲ ရတယ် သူတို့ကျ သူတို့ဘာသာ ကီလိုနှစ်ရာလောက်ကို သိမ်းထားကြတယ်.....”

ထိုသူ၏ စကားမဆုံးခင်မှာပင် သူ့အား တစ်ခြားတစ်ယောက်မှ လက်သီဂနဲ့ ထိုးလိုက်သည်။

“ခွေးမသား နောက်ထပ် တစ်ခွန်း ထပ်ပြောလိုက် အဲ့ခါ မင်းမိသားစု ဝေစုကို ငါယူသွားလိုက်မယ် ဘာကြည့်နေသေးတာလဲ မင်း လက်မခံနိုင်ဘူးလား အဲ့ဒါဆို မင်းကိုယ်စား အကြီးအကဲဟူနဲ့ တခြား လူကြီး တွေကို ဿွားမေးခိုင်းလိုက်ရမလား ပြီးတော့ သူတို့ ဒီကိစ္စကို ဘယ်လို ဆုံးဖြတ်မလဲ သိချင်လား”

ကြီးကြပ်ရေးမှုး အချို့က ထိုစကားအား ကြားသော အခါ သူတို့သည် ချက်ချင်း ပြောဆိုလိုက်သည်။

“အကြီးအကဲတွေက အစောထဲက ဒီကိစ္စကို ပြောခဲ့ပြီးပြီ တစ်စုံတစ်ယောက်က မကျေနပ်တာ ရှိခဲ့ရင် သူတို့ ဝေစုကိုထားခဲ့ပြီး ရွာကနေ ထွက်သွားနိုင်တယ်လို့ ပြောထားတယ်"

အသားအနည်းငယ်အတွက်ဖြင့် ရွာမှ ထွက်သွားရမည်ဆိုလျှင် သူတို့ မည်ကဲ့သို့ အသက်ရှင် ရပ်တည်နိုင်ပါမည်နည်း။ ထိုကဲ့သို့ဖြင့် မကျေနပ်ဖြစ်နေသော လူအချို့ကို ဖိနှိပ်နိုင်ခဲ့သည်။ လူတိုင်းသည် ယခုကဲ့သို့ ကြီးမားလှသော စပါးအုံးမြွေအား မမြင်ခဲ့ဘူးပေ။ တစ်နှစ်ပတ်လုံး အထူးကျွေးမွေးကာ ဂရုတစိုက်မွေးထားသော ဝက်သည်ပင် အများဆုံး ကီလို ၁၀၀ လောက်သာ ရလေသည်။ ထိုကဲ့သို့ ဝက်သည်ပင် အလွန်ဆူဖြိုးကာ သန်မာလှသည်။

သို့သော် အကြမ်းဖျင်း ခန့်မှန်းချက်အရ ဒီစပါးအုံးမြွေ၏ အလေးချိန်သည် ကီလို ၅၀၀ ကျော်ပေသည်။ အဆုံးတွင် အသားများ ဖြတ်တောက်ပြီးနောက် အလေးချိန် အားလုံးချိန်ကြည့်သောအခါ စုစုပေါင်း အလေးချိန်သည် မမျှော်လင့်ထားသကဲ့သို့ အလွန် အံ့အားသင့်ဖွယ် ကောင်းနေခဲ့သည်။

ရွာထဲရှိ သူများတွင် စာဖတ် တတ်သူများ မများသကဲ့သို့ အတွက်အချက် တတ်သူများလည်း များများစားစား မရှိပေ။ အကြီးအကဲဟူကပင် တွက်ချက်မှု ပြုလုပ်ခဲ့သည်။ တွက်ချက်မှုများ ပြီးသွားသောအခါတွင် အကြီးအကဲဟူသည် ပင့်သက်ရှိုက်လိုက်မိသည်။

“အရိုးလိုတွေ တခြား ဘာမှမပါပဲ အသားချည်း သပ်သပ်ကတောင် ကီလို ၂၀၀၀ နီးပါးရှိနေပြီ”

တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

“မိုးနတ်မင်းရေ ဒါကြီးက မြွေနတ်ဆိုး မကောင်းဆိုးဝါး တစ်ကောင်လား”

တစ်စုံတစ်ယောက်သည် အံကြိတ်ကာ ပြောလိုက်သည်။

“ငါတော့ ဗိုက်ဆာလွန်းလို့ ကောင်းကင်ကို တက်သွားမတတ်ဖြစ်နေပြီ မြွေနတ်ဆိုးဆိုရင်တောင် စားဖို့ ဘာကို ကြောက်နေရအုန်းမှာလဲ ဘယ်လိုဖြစ်ဖြစ် ငါတော့ မကြောက်ဘူး ငါတော့ ပါးစပါအပြည့် နှစ်ခါလောက် ထပ်စားနိုင်သေးတယ်”

အကယ်၍ သူတိူ့သာ ရက်အနည်းငယ်လောက် ဆာလောင်ရမည်ဆိုလျှင် ဝမ်မိသားစုသည် ထို စပါးအုံးမြွေ၏ အသားကို ထုတ်ပေးရဲလိမ့်မည် မဟုတ်ပေ။ အကယ်၍ လူတိုင်းသည် ရုတ်တရက် ယခုလို အသားအများကြီးကို မြင်လိုက်ရလျှင် သူတို့၏ ပြင်းထန်လှသော ဆာလောင်မှု ဒဏ်ကြောင့် သူတို့ အသက်နှင့် လဲကာ တိုက်ခိုက်ကြလိမ့်မည်။

ထိုအရာသည် ကီလို ၂၀၀၀ရှိသော အသားများ ဖြစ်သည်။ ဝမ်မိသားစုသည် သူတို့ဘာသာ သီးသန့် ကီလို ၂၀၀ သိမ်းထားခဲ့သည်။ မိသားစု တစ်စုစီကို တစ်ကီလိုစီ ဝေခွဲပေးသည့် အပြင် ပို၍ ချို့တဲ့သော မိသားစုများကိုလည်း အသားများကို ပို၍ ပေးခဲ့သည်။

ထိုသို့ ဝေခွဲပြီးသည့် နောက်တွင် တောင်မှ ကီလို ၅၀၀ ခန့် ကျန်နေပေသေးသည်။ အဲ့ဒါတွေက အရိုးမှဦ ကပ်နေသော အသားများ ဖြစ်သည်။ အကြီးအကဲဟူသည် သူကိုယ်တိုင် ဆုံးဖြတ်ခလိုက်ကာ မိသားစု တစ်စုစီတိုင်းကို နောက်ထပ် ၅ကီလို ထပ်မံ ခွဲဝေပေးခဲ့သည်။ ထိုကျန်သော အသားများ ထပ်မံခွဲဝေပေးမှုသည် မိသားစု တစ်စုတွင် လူဦးရေ မည်မျှ ရှိသည်ကို ထည့်တွက်ခြင်း မရှိပဲ တူညီစွာ ခွဲဝေပေးခဲ့သည်။

ထိုကြောင့် မိသားစုငယ်လေးများသည်ပင် အသား ၅ကီလိုထပ် ပိုရခဲ့သောကြောင့် ပျော်ရွှင်နေခဲ့ကြသည်။ ပုံမှန်အားဖြင့် နှစ်သစ်ကူးတွင်တောင် ထိုမျှလောက် မဝယ်ရဲခဲ့ကြပေ။ ယခုအချိန်တွင် မကျေနပ်ဖြစ်မဲ့သူ မရှိတော့ပေ။

ဘယ်သူက အသားအလကား ရတာကို မလိုချင်ပဲ နေပါမည်နည်း။

မြွေကြီး၏ ခွာပြီးသား အရေခွံ နှင့် သွေးပါ အပါ ၂၅ကီလိုရှိသည်။ အတွင်းအဂ်ါ စုစုပေါင်းသည်ပင် ၁၅ ကီလိုလောက် ရှိသည်။ မြွေကြီး၏ သည်းခြေသီးသန့်ပင် အလွန်အမင်း ကြီးမားသောကြောင့် သူ၏ အလေးချိန် သီးသန့်ပင် ၅ကီလို ရှိသည်။

သမားတော်ဟူသည် ဝမ်မိသားစုမှ မြွေကြီး၏ အရေခွံနှင့် သည်းခြေကို ဝယ်ရန် ဆုံးဖြတ်ခဲ့သည်။ သူသည် အားလုံးပေါင်း ထိုအရာများအတွက် ငွေ တေး၂၀ ဖြင့် ဝယ်ယူခဲ့သည်။ ဒီနှစ်ခုသည် အလွန်ကောင်းသော အရာများဖြစ်ပြီး မြွေကြီး၏ သည်းခြေအိတ်သည် ပို၍ ကောင်းလှပေသည်။

ငွေ တေး ၂၀ သည် အမှန်တကယ်တော့ ပေါက်ဈေးထက် သက်သာသည် ဟု ဆိုနိုင်သည်။ သို့သော် ထိုဈေးထက် မြင့်လျှင်လည်း သမားတော်ဟူ၏ မိသားစုသည် တတ်နိုင်လိမ့်မည် မဟုတ်ပေ။ တစ်ချို့ အကြောင်းအရင်းများကြောင့် ဝမ်မိသားစုသည် ထိုအရာများအား ဈေးနိမ့်ကာ ရောင်းချခဲ့ရသော်လည်း အကျပ်အတည်းဖြစ်သည် မခံစားရပေ။

“သမားတော်ဟူ လာရောက်သောအခါ သူတို့သည် အားယွီလေး၏ ခန္ဓာကိုယ်ကိုကြည့်ရှု စစ်ဆေးခိုင်းပါမယ်”

ဟုသာ သူတို့ ပြောနိုင်ကြသည်။

All Chapters