အပြန်အလှန် ပေးကမ်းခြင်း
Vol. 1 Ch. 9
လူတိုင်းသည် လက်ဗလာဖြင့် လာကြသည်တော့ မဟုတ်ကြပေ။ သူတို့အား အသားများ ဝေခွဲပေးနေသည်ဟု ကြားသော အခါ အနည်းနဲ့ အများ တစ်ခုမဟုတ် တစ်ခုတော့ ယူဆောင်လာခဲံကြသည်။ အခြေအနေ ကောင်းသော သူတစ်ချို့က စားစရာ အနည်းငယ် ယူဆောင်လာကာ ပုံမှန် အခြေအနေရှိသော သူတစ်ချို့က ထင်းစည်းအချို့ကို ယူဆောင်လာကြ၏။
လာယူတဲ့ သူအများစုသည် ယောကျ်ားများ ဖြစ်သည်။ အသားများကို ယူဆောင်ကာ ပြန်သွားကြပြီး နောက်တွင် သူတို့၏ အိမ်ထောင်မှု နိုင်နင်းသော ဇနီးမယားများသည် သူတို့အား အိပ်ယာအတွင်းသို့ ပြန်လည် အနားယူစေကာ ဇနီးများဖြစ်သူများသည် အပေါ်ဝတ်ရုံများခြုံကာ အဖိုးကြီး ဝမ်၏ အိမ်သို့ ပြန်သွားလိုက်ကြသည်။
သူတို့အားလုံးသည် တံမြက်စည်းများ အမှိုက်ဂေါ်များအား လက်ထဲ ကိုင်ဆောင်လာကြကာ ခြံဝင်း တစ်ခုလုံးကို အချိန် ခဏ အတွင်း ရှင်းလင်းခဲ့ကြသည်။ လူတိုင်းခြံဝင်းအား ရှင်းလင်းနေကြချိန်တွင် အဖိုးအိုဝမ်၏ မိသားစုသည် ညစာစားရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
လူတိုင်း ခြံဝင်း အတွင်း အလုပ်များနေကြသည်ကို မြင်သော် အဒေါ် ဖန်သည် အနည်းငယ် အားနာသွားခဲ့သည်။ သူမသည် အလျှင်အမြန် မြွေသား စွပ်ပြုတ်အား သောက်ချလိုက်ကာ ခြံဝင်း အတွင်း သန့်ရှင်းပေးနေသော အမျိုးသမီးများအား ကူညီရန် လှည့်ထွက်လာခဲ့သည်။ ခြံဝင်းအား သန့်ရှင်းပေးနေသော အမျိုးသမီးများသည် သူမထွက်လာသည်ကို မြင်သောအခါ အလျှင်အမြန် ပြောလိုက်ကြသည်။
“ရှင် တစ်နေ့လုံး ပင်ပန်းထားပြီးပြီလေ အရင်ဆုံး နားလိုက်ပါအုန်း လုပ်မနေနဲ့တော့် ဒါလေးတွေက လုပ်နည်းနည်းလေးပါ ကျွန်မတို့ လုပ်လိုက်ရင် ခဏနဲ့ ပြီးသွားမှာ ရာသီဉတုက အရမ်း အေးတယ် စားသောက်ပြီးရင် အိပ်ယာထဲ သွားပြီး အိပ်လိုက်တော့လေ”
အဒေါ်ဖန်သည် ထိုစို့ ပြုလုပ်ရသည်မှာ သိပ်မကောင်းဟု ခံစားလိုက်ရသည်။ သူမသည် သူမ၏ ယောက္ခမဖြစ်သူအား လှည့်ကြည့်လိုက်သောအခါ အဖွားအို ဝမ်သည် သူမအား ဆူလိုက်သည်။
“နင်က နို့မပြတ်သေးတဲ့ ကလေးလား အရာရာကို ငါ့စီက ခွင့်ပြုချက် တောင်းနေမှ ဖြစ်မှာလား ကို့ယ်ဘာကိုယ် ပြန်လာခဲ့"
သူမသည် တစ်ချိန်ထဲမှာ အသား ကီလိုထောင်ပေါင်းများစွာ ဆုံးရှုံး သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ နှလုံးသားတစ်ခုလုံး နာကျင်နေခဲ့သည်။ ရွာရှိ လူဦးရေသည် များလှပေသည်။ အကယ်၍ သူမသည် ဘာကိုမှ မလုပ်ခဲ့လျှင်တောင် တစ်နေကုန် ပင်ပန်းနေအုန်းမည် ဖြစ်သည်။ အခုချိန်တွင် သူမသည် မည်သူ့ကိုမှ ဆူရန် အား မရှိပေ။
“ယောင်းမ ဒီနေ့အတွက် မြွေသားစွပ်ပြုတ်က လုံလောက်နေပြီ လာပြီး နောက်ထပ်နှစ်ပန်းကန်လောက် သောက်ပြအုန်း အဲ့ဒါမှ ညဘက်ကို နွေးနွေးထွေးထွေး အိပ်လို့ရမှာ “
အဒေါ်ကျန်းသည် ပြုံးရင်း လျှောက်လာကာ ပြောလိုက်ပြီး အဒေါ်ဖန်အား ပြန်လာရန် ဆွဲခေါ်လိုက်သည်။သူမသည် ခြံဝင်းထဲမှ အမျိုးသမီးများအားလည်း လှမ်းအော်ပြောလိုက်သည်။
“ရှင်တို့လဲ ပင်ပန်းသွားကြပြီ”
သူမသည် ထိုသူတို့အား ကူညီရန် ဆန္ဒမရှိပေ။ တခြားဇနီးများသည်လည်း အများကြီး မတွေးကြပေ။ ဒီလောက်ခက်ခဲတာမျိုးက ဘာများ ပင်ပန်းနိုင်လို့လဲ။ ပြောစရာမလိုလောက်တဲ့ အလုပ်များဖြစ်ကြသည်။
“စောစော အိပ်ယာဝင်ကြတော့ ဒီည ဝါးနှစ်ခြင်းလောက် မီးမွှေးထားလိုက်ကြအုန်း နှင်းတွေ ထပ်ကြလာမှာကို ငါစိုးရိမ်တယ် “ တစ်ခြားဇနီးမိန်းမများသည် အလျှင်အမြန် သန့်ရှင်းရေးလုပ်လိုက်ကြကာ မထွက်ခွာခင် ပစ္စည်းများကို သေသပ်စွာ နေရာချထားလိုက်ကြသည်။
ရွာသူရွာသားများသည် မီးမွှေးရန် ထင်းအစည်းပေါင်း ၂၀ စည်းခန့် ယူဆောင်လာခဲ့ကြသောကြောင့် သူတို့သည် နှစ်သစ်ကူးထဲ သုံးရန် လုံလောက်ခဲ့သည်။ အဖိုးအို ဝမ်၏ မိသားစုသည်လည်း အလွန် ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။ သူတို့သည် တစ်ဝ စားသောက်ပြီးနာက်တွင် သူတို့နေရာအား ရှင်းလင်းကာ အိပ်ရာဝင်သွားကြသည်။ ည တစ်ညတာကို အေးချမ်းစွာ ဖြတ်သန်းလိုက်ကြသည်။
နောက်နေ့ မနက်ခင်းတွင် လျိုရှီသည်အားယွီအား ကူညီကာ အကျီဝတ်ဆင်ပေးလိုက်သည်။ အားယွီလေးသည် သူမဘာသာ ဝတ်နိုင်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းခါပြလိုက်သည်။
“အမေက သမီးလေးကို ဝတ်ပေးချင်လို့ပါ”
လျိုရှီသည် အားယွီလေး၏ ကိုယ့်အားကိုယ်ကိုးသော ပုံစံလေးအား ကြည့်ကာ အကူညီမဲ့လျှက် နူးညံ့စွာ ပြောဆိုလိုက်သည်။
“အမေက အားယွီလေးကို အရင်က သေချာဂရုစိုက်ပြီး မလုပ်ပေးနိုင်ခဲ့ဘူးလေ အနာဂတ်မှာတော့ အမေ သေချာပေါက် ဂရုစိုက်မှာပါ”
အားယွီလေးသည် သူမဘာသာ အကျီလက်ထဲ ထိုးထည့်ကာ ဝတ်ဆင်လိုက်သည်။ သူမသည် လျိုရှီပြောသည်ကို ကြားလိုက်သောအခါ လျိုရှီအား လှမ်းကြည့်လိုက်သည်။ သူမလေးသည် အကျီအား ချွတ်ကာ လျိုရှီ၏ လက်အတွင်းသို့ ထည့်ပေးလိုက်သည်။ မိန်းကလေးဆန်ကာ နူးညံ့ ညှင်သာသော အသံဖြင့် လျိုရှီ၏ နားနားသို့ ကပ်ကာ ပြောလိုက်သည်။
“အမေ အားယွီကို ကူဝတ်ပေးပါအုန်း”
လျိုရှီ၏ မျက်နှာတွင် ချက်ချင်း ကြီးမားသေူ အပြုံးတစ်ပွင့် ပေါ်လာခဲ့ကာ ပြောလိုက်သည်။
“ကောင်းပြီ ကောင်းပြီ”
အဝတ်အစားများ ဝတ်ဆင်ပြီးနောက်တွင် လျိုရှီသည် အားယွီ၏ ခါးနားလောက်ရောက်ကာ ရှည်နေကာ ခြောက်သွေ့နေသော မြက်များကဲ့သို့ ဆံပင်ရှည်များအား မြင်လိုက်ရသည်။ သူမသည် ရိုးရှင်းစွာ ကတ်ကြေးဖြင့် နှစ်ခွဖြစ်ကာ ပျက်စီးနေသော ဆံပင်အဖျားများကို ဖြတ်ပစ်လိုက်သည်။
ညှပ်ထားသော ဆံပင်များအား အဝတ်စ တစ်ခုဖြင့် ပတ်လိုက်သည်။ သူမသည် ကလေးလေး၏ ဆံပင်များကို နှစ်ဖက်ခွဲလိုက်ကာ ဆံထုံးသေးသေးလေးများ ထုံးကာ ခွဲစည်းပေးလိုက်သည်။
အားယွီလေးသည် အိမ်အပြင်သို့ လမ်းလျှောက်ထွက်လာသောအခါ သူမ၏ ခေါင်းပေါ်တွင် ဆံထုံးသေးလေး ၂ထုံး ရှိနေခဲ့ကာ ထိုဆံထုံးလေးများကို အနီရောင် ဖဲပြားကြိုးလေးဖြင့် ချည်နှောင်ထားခဲ့သည်။
သူမ၏ မျက်နှာလေးနှင့် ယှဉ်တွဲကြည့်လိုက်သာအခါတွင် သူမ၏ ပုံစ့လေးသည် တံခါးတွင် ကပ်ထားသော ကံကောင်းသောအဆောင် အရုပ်ကလေးနှင့် တူနေခဲ့သည်။
“အိုက်ယား ဒါလေးက ငါတို့ရဲ့ မယ်ကံကောင်းလေးမလား”
ဟု ကြည်လင်ရှင်းလင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အားယွီလေးသည် သူမ၏ ခေါင်းလေးအား လှည့်ကြည့်လိုက်ချိန်တွင် လက်ထဲတွင် တစ်စုံတစ်ခုကို ပိုက်လာကာ သူမအား ပြုံးလျှက် ကြည့်နေသော ခပ်ဝတ အဒေါ်တစ်ယောက်အား တွေ့လိုက်သည်။ အဖွားအိုဝမ်သည် အားယွီအား လက်ဝှေ့ဝမ်းကာ ခေါ်လိုက်သည်။
“အားယွီရေ ဒီနားကို လာပါအုန်း”
အားယွီလေးသည် လျှောက်သွားလိုက်ပြီးနောက် အဖွားအိုဝမ်၏ ခြေထောက်နောက်တွင် ကပ်နေလိုက်သည်။ သူမသည် အဖွားအိုဝမ်၏ နောက်တွင် ပုန်းကာ သူမ၏ ခေါင်းလေးကိုသာ ထုတ်လျှက် ကြည့်လိုက်သည်။
“ဒါက သမီးရဲ့ ဒေါ်လေးပဲ သူက ရွာသူကြီးဦးလေးရဲ့ မိန်းမပ”
ဟု အဖွဦးအိုဝမ်က ပြောလိုက်သည်။ အားယွီလေးသည် ရှိုးတိုးရှန့်တန့် ဖြစ်နေသော အမူအရာဖြင့် ခေါ်လိုက်သည်။
“ဒေါ်လေး”
ရွာသူကြီး၏ မိန်းမဖြစ်သူသည် သူမ၏ ရှေ့မှ ကလေးမလေးအား ကြည့်လိုက်သည်။ သူမတွင်လဲ အိမ်တွင် သမီးနှစ်ယောက် ရှိသည် သို့သော် သူတို့သည် သူမ၏ ရှေ့တွင်ရှိသော ကလေးမလေးလောက် ကြည့်မကောင်းကြပေ။
သူမသည် သူမ၏ နှလုံးသားထဲတွင် အကူညီမဲ့သလို ခံစားလိုက်ရကာ သက်ပြင်းချလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ထိုကလေးမလေးသည် အလွန် ချစ်စရာ ကောင်းလွန်းလှပေသည်။ သူမလေးအား ဝမ်ညီအစ်ကို နှစ်ယောက် ကောက်ယူခေါ်ဆောင်လာသည်မှာ အံ့ြသ စရာ မဟုတ်ပေ။ အကယ်၍ သူမ အမျိုးသားငည်လည်း ထိုကလေးလေးအား အပြင်မှာ တွေ့ခဲ့လျှင် သူသည်လည်း အိမ်ပြန်ခေါ်လာမိပေလိမ့်မည်။
“အဒေါ်ဝမ် ညအရမ်းနောက်ကျသွားတာနဲ့ အဒေါ်အိပ်နေတာကို အနှောက်အယှက်ဖြစ်မှာစိုးတာကြောင့် အခုလို မနက်ခင်းမှ လာလိုက်တာပါ မနေ့ညက ကျွန်မတို့အိမ်က ဆိတ်ကလေး မွေးလာတာကြောင့် ဆိတ်နို့နည်းနည်းရခဲ့တယ်လေ အဲ့ဒါကို ကလေးသောက်လို့ရအောင် လာပေးတာပါ “
ရွာသူကြီး၏ ဇနီးဖြစ်သူသည် သူမလာရသည့် ရည်ရွယ်ချက်အား ရှင်းပြလိုက်သည်။ သူသမည် ပထမဆုံး ဆီစိမ်စက္ကူနှင့် ထုပ်ထားကာ အထဲတွင် ခဲနေသည့် သန့်ရှင်း လတ်ဆတ်သော ဆိတ်နို့အချို့ပါရှိသော အထုပ်အား ပေးလိုက်သည်။ ထို့နောက်တွင် သူမသယ်ဆောင်လာသော အရာများအား ထုတ်ယူလိုက်သည်။
“ကျွန်မတို့ ဆိတ်မလေးက ဆိတ်ပေါက်ကလေး အချို့ကို မွေးခဲ့တယ် ဒါပေမဲ့ ဒီလို အခြေအနေမျိုးမှာ ဆိတ်မကလေးတစ်ကောင်ကိုတောင် ကျွေးမွေးဖို့ ခက်ခဲတယ်လေ ဒါပေမဲ့ နို့ကိုလိုသေးတဲ့ ကလေးတွေ ရွာထဲမှာ ရှိနေသေးတယ် အဲ့ဒါကြောင့် ဆိတ်မလေးကို သတ်လိုက်လို့ မရသေးဘူး ကျွန်မ အဒေါ်တို့မိသားစုကို ဆိတ်ပေါက်ကလေး ကို ပေးလိုက်မယ် အရမ်း မကြီးပေမဲ့လဲ ကလေးတွေအတွက် စွပ်ပြုတ်လုပ်ဖို့ နှစ်ရက် သုံးရက်စာတော့ လုံလောက်မှာပါ”
ရွာသူကြီး မိသားစုသည် မကြီးမားသောကြောင့် သူတို့ သိုလှောင်ထားသော အစားအစာများသည် လုံလောက်သည်။ သူတို့ မွေးထားသော သိုး ကြက် ဘဲ ဝက် စသည့် အကောင်များကို အရင်ကတည်းက စားသောက်ပြီးခဲ့ပြီဖြစ်သည်။ တစ်ချို့ကို ရောင်းချကာ တစ်ချို့ကို ရွာသားများအား ပေးလိုက်သည်။
အခုကျန်နေသော ဆိတ်ကလေးသည် ကိုယ်ဝန်ရှိနေသောကြောင့် မွေးဖွားပြီးချိန်တွင် နို့ရည်ကို ယူနိုင်ရန် စောင့်နေကြခြင်းဖြစ်သည်။ ရွာထဲတွင် ကလေး မွေးထားတာ မကြာသေးသေး အမျိုးသမီးများရှိသည်။ သူတိူ့မိသားစုများတွင် အစားအစာနှင့် မွေးကင်းစ ကလေးငယ်အား တိူက်ကျွေးရန် နို့ အလုံအလောက်မရှိပေ။ သူတိူ့အားလုံးသည် ဆိတ်နို့ကိုသာ မှီခိုနေကြရခြင်း ဖြစ်သည်။
ဆိတ်ကလေးများထဲမှ အကျန်းအမာဆုံး တစ်ကောင်ကိုသာ ဆိတ်မာကြီးအား နှစ်သိမ့်ပေးနိုင်ရန် ထားဖို့ စီစဉ်ထားကြကာ ကျန်သည်များကို စားသောက်ရန် စီစဉ်ထားသည်။ ရွာသူကြီး၏ ဇနီး ယူဆောင်လာသော ဆိတ်ကလေးသည် အရမ်းမကြီးပေ။ ၎င်းသည် တုန်ယင်နေကာ အသက်ရှုနေခြင်းထက် ရှုထုတ်နေသည်က ပို၍များနေသည်။ ဘယ်လောက် ကြာကြာရှင်သန်နိုင်မည်ကို မည်သူမှ မသိနိုင်ပေ။
အားယွီလေးသည် ထို နို့နှစ်ရောင် ဆိတ်ကလေးအာ မြင်လိုက်သောအခါ အရောင်တောက်ပလာခဲ့သည်။ ရွာသူကြီး၏ ဇနီးသည် ထိုသည်ကို မြင်လိုက်ရသောအခါ သူမသည် ကလေးမလေး၏ ရှေ့တွင် ဆောင့်ကြောင့် ထိုင်လိုက်လေသည်။ အားယွီ သူမအား မရှောင်သည်ကို မြင်လိုက်ရသောအခါ သမသည် ပြုံးလျှက် ပြောဆိုလိုက်သည်။
“သမီးနာမည်က အားယွီ ဟုတ်တယ်မလား ကျေးဇူးတင်ပါတယ် သမီးက အဒေါ်တို့အတွက် ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ”
အားယွီသည် သူမအား ချီးမွန်းနေသည်ကို သိသောအခါ ရှက်သွေးဖြာနေခဲ့သည်။ရွာသူကြီး၏ ဇနီးသည် ပစ္စည်းများကို ပေးခဲ့ကာ အချိန်ကြာကြာ မနေပဲ ပြန်သွားခဲ့သည်။
အဖွားအိုဝမ်သည် အေးခဲနေသော ဆိတ်နို့အား အဒေါ်ဖန်အား ပေးလိုက်ကာ နည်းနည်းစီ ဖြတ်တောက်ရန် ပြောဆိုလိုက်သည်။ သူမသည် ၎င်းအား အိုးပူပူထဲသို့ ထည့်ကာ အရည်ဖျော်လိုက်ကာ ရေနွေးဖြင့်ရောကာ အားယွိ မသောက်ခင် ခပ်နွေးနွေး ဖြစ်အောင် ပြုလုပ်ပေးလိုက်သည်။
ဆိတ်ပေါက်ကလေးမှာ ပိန်လှီနေကာ မြဲမြံစွာ မရပ်နိုင်ပေ။ သူ၏ အလေးချိန်သည် သုံးကတ်တီ သို့မဟုတ် ငါးကတ်တီ ခန့်သာ ရှိကာ အသက်ရှင်နိုင်မည့်ပုံ မပေါ်ပေ။
“အားယွီကို အရင်ပေးလိုက် အနည်းဆုံးတော့ သူမသေသေးဘူး အနည်းဆုံး အားဘွီ နွေးအောင် ဖက်လို့ရတဲ့ ဖက်ခေါင်းအုံးလိုမျိုး သုံးလို့ရတယ် သေသွားခဲ့ရင်တော့ အားယွီအတွက် စွပ်ပြုတ်လုပ်ပေးလိုက်မယ်”
ဝမ်မိသားစုသည် အဖွားအိုဝမ်၏ ဆုံးဖြတ်ချက်အား ကန့်ကွက်ခြင်း မရှိပေ။ သူမအား ခုံပေါ်မှာတင်လိုက်ကာ ဆိတ်ကလေးအာ သူမ၏ လက်မောင်းထဲထည့်ကာ ပွေ့ထားစေသည့်တိုင် အားယွီသည် မည်သည်ကိုမှ တုံ့ပြန်မှု မရှိခဲ့ပေ။ သူမသည် အဘယ်ကြောင့် ရုတ်တရက် အဖော် ရသွားပါနည်း။
အသားလုံးလေးသည် ဟင်းလင်းပြင် လောကထဲမှ နေ၍ ကျယ်လောင်စွာ ရီမောနေခဲ့သည်။ ဆိတ်ကလေးအား ကြည့်ရသလောက် အသက်ရှင်နိုင်မည် မထင်ပေ။ အနည်းဆုံး ဒီတစ်ညတာအထိသာ အသက်ရှင်နိုင်မည့်ပုံ ပေါ်လေသည်။
နောက်သို့လှည့်ကြည့်လိုက်ချိန်တွင် ပုံမှန်ဆိုလျှင် မထွက်ပေါ်လာသည့် စိတ်ဝိဉာဉ်ရေသည် ဖြေးဖြေးချင်း ပြန်လည် မြင့်တက်လာခဲ့သည်။ ၎င်းသည် အမြန်ပြေးသွားကာ ထိုင်လျှက် ကြည့်နေလိုက်သည်။
အနာဂတ်တွင် သက်တမ်းအား တိုးမြှင့်ရန် ထိုအရာအား အသုံးချနိုင်သည်။ အားယွီလေးသည် ဆိတ်ကလေးက အသက်ရှင်နိုင် မရှင်နိုင်ဆိုသည်ကို မသိပေ။ သူမသည် ဆိတ်ကလေး တုန်ယင်နေသည်ကို မြင်သောအခါ သူမတွင် အဝတ်အစား နည်းနည်းပဲရှိစဉ် တုန်ယင်နေခဲ့ရသော အချိန်ကို သတိရသွားခဲ့သည်။
သူမသည် ထိုအချိန်ကို တွေးမိသောအခါ အလျှင်အမြန် သူမ၏ အဝတ်အစားထောင့်ကို ဖွင့်လိုက်ကာ ဆိတ်ကလေး၏ အမြှီးအား ထည့်ပေးလိုက်သည်။ သူမသည် ဆိတ်ကလေး၏ ခွာကလေးများထဲမှ တစ်ခုကိုကိုင်ကာ ညှင်သာစွာ မှုတ်ပေးလိုက်သည်။
“ဟူးး”
“ဟူး”
ငါ နင့်ကို လေနွေးနွေးလေး မှုတ်ပေးမယ် အဲ့ဒါဆိုရင် ငါတို့ မအေးတော့ဘူး......
အဖိုးအိုဝမ်၏ အိမ်သည် အခုချိန်တွင် အစားအစာများ ပြည့်လျှံနေခဲ့ပြီ ဖြစ်သည်။ မြွေသား ၂၀၀ကီလိုသည် သေးသယ်သော သိုလှောင်ခန်းတွင် ပြည့်နေခဲ့ကာ ထို့အတူပဲ မီးမွှေးရန် ထင်းများသည်လည်း အတိုင်းဆမဲ့စွာ နှင့် အမျိုးမျိုးသော ကောက်ပဲသီးနှံများသည်လည်း ကီလို ၅၀ ကျော် ရှိနေသည်။
တောင်ပေါ်တွင် နှင်းများ ဖုံးလွှမ်းနေသော ကြောင့် လေးလံနေသော လူတိုင်း၏ စိတ်လေးမှုများသည်လည်း နေလာ နှင်းပျောက်သကဲ့သို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ နေ့လည်ခင်း၏ နွေးထွေးသာယာမှုကို အခွင့်ကောင်းယူကာ အဖွားအိုမူသည် လူတိုင်းအား စကားပြောရန် အိပ်ခန်းများ အတွင်းမှ ခေါ်ထုတ်လိုက်သည်။
“သမားတော်ဟူက ငါတို့ကို ငွေတေး ၂၀ ပေးခဲ့တာကို မင်းတို့အားလုံးသိတယ် မနေ့ညက ဒါကို မင်းတို့အားလုံး စဉ်းစားထားကြလိမ့်မယ်လို့ ငါယုံကြည်တယ် ဒါက ငါ လုပ်မယ်လို့ စဉ်းစားထားတာ........”