← Chapters

နှင်းကျသော ည

Vol. 1 Ch. 10

နှင်းကျသော ည

Vol. 1 Ch. 10

ဝမ်မိသားစုသည်မြွေအရေခွံနှင့် သည်းခြေ ရောင်းချပြီး ရသော ငွေ တေး၂၀ နှင့် ပတ်သက်၍ စဉ်းစားစရာများ ရှိမည်မှာ သဘာဝပင် ဖြစ်သည်။ သို့သော် ထိုအရာသည် အဆုံးမရှိ စိုးရိမ်ပူပန်ရသည့် အခြေအနေမျိုး မဟုတ်ပေ။ မိသားစုသည် အဖွားအိုဝမ်၏ အရာအားလုံး ထိန်းချုပ်မှု အောက်တွင် ရှိသောကြောင့် ငွေအတွက်ဖြင့် ခိုက်ရန်ဖြစ်ကာ သဘောထားကွဲလွဲမှုမျိုး မရှိကြပေ။ လူတိုင်းသည် နှစ်ပေါင်းများစွာ ဆင်းဆင်းရဲရဲ နေထိုင်လာကြသောကြောင့် လက်ထဲတွင် ငွေအများကြီး ရှိရန် မလိုအပ်ဟု တွေးထင်ကြသည်။

“ငါတို့မိသားစုမှာ ငွေအများကြီး မရှိခဲ့ဘူး ဒီနှစ်တွေမှာ နင်တို့အဖေနဲ့ ဒုတိယသားအတွက် ကုသမှုတွေနဲ့ ဆေးတွေအတွက် တော်တော်များများ ငွေသုံးခဲ့ရတယ် ငါတို့မှာ ငွေအကြွေးတွေနဲ့ ကျေးဇူးကြွေးတွေတောင် အများကြီး ရှိနေတယ် ဒါကြောင့် ငါ့စဉ်းစားတာက ဒီပိုက်ဆံတွေနဲ့ အရင်ဆုံး အကြွေးတွေ ဆပ်လိုက်ကြမယ် အဲ့လိုစဉ်းစားထားတယ်”

ဝမ်မိသားစု၏ ဆင်းရဲနွမ်းပါးရသော အခြေအနေသည် ကိစ္စ တစ်ခု နှစ်ခုထဲကြောင့် မဟုတ်ပေ။ ဝမ်မိသားစုမှ ဒုတိယသား ဖြစ်သူသည် ငါးနှစ် နီးပါး လေဖြတ်ကာ အိပ်ယာထဲလဲနေခဲ့ရသည်။ အဖိုးကြီးဝမ် ငယ်စဉ် အချိန်က ကြီးမားလှသော ဖျားနာမှု ဖြစ်ခဲ့သည့်အပြင် သေချာ ဂရုတစိုက် ကုသခွင့် မရသောကြောင့် အသက်ရလာသောအခါ ပြသာနာများ ရှိလာခဲ့သည်။ သူသည် ပြီးခဲ့သော နှစ်မှ စတင်၍ ခြေဆာလာခဲ့ကာ နာကျင်မှု ခံစားရသည့် အချိန်တွင် ချွေးစီးများ တစ်ချိန်လုံး ထွက်နေခဲ့သည်။ အချိန်အများစုတွင် သူသည် မည်သည့် အရာကိုမှ မပြုလုပ်နိုင်ခဲ့ပဲ ထိုအစား သူ၏ အခြေအနေကြောင့် ဆေးဝါးကို အမြဲ မှီဝဲနေခဲ့ရသည်။

ထို့အပြင် သူတို့၏ မိသားစုသည် ကြီးမားလှသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ခေါင်းကိုက်ခြင်း သို့ မဟုတ် ဖျားနာခြင်းများ ဖြစ်ပေါ်လာပါက ဆေးကုသစားရိတ်သည် စင့် အနည်းငယ်သာ ကျသင့်သော်လည်း စုစုပေါင်းလိုက်ချိန်တွင် ကြီးမားသော ပမာဏ ဖြစ်နေခဲ့သည်။

စစ်မှုထမ်းရမည့်အချိန်တွင်လည်း ညီအစ်ကို သုံးယောက်သည် တစ်ယောက် တစ်လှည့် အလှည့်ကျ သွားကြသည်။ စစ်မှုထမ်း တာဝန်များသည် ကြီးလေးလွန်းလှသောကြောင့် ပြန်ရောက်လာချိန်တွင် ပြင်းထန်သော နာမကျန်းမှု များ ဖြစ်ကြကာ ပြန်ကောင်းလာပြီး အင်အား ပြန်ပြည့်လာရန် အတွက် တစ်လ သို့မဟုတ် နှစ်လ ကြာမြင့်အောင် အနားယူကြရသည်။

နှစ်အနည်းငယ်ကြာအောင် မိသားစုသည် ငွေ အနည်းငယ်မှ မစုဆောင်းနိုင်ခဲ့ကြပေ။ ထို့အစား သူတို့သည် ၁၀တေးထပ်ပိုသော အကြွေးတင်ခဲ့ကြသည်။ အပေါ်ယံအားဖြင့် ထိုအရာများအပြင် သူတို့၏ မိဘများသည် ကြီးမားသော ငွေပမာဏကို အကြွေးတင်နေခဲ့သေးသည်။ သို့သော် သူတို့ ဘယ်လောက် အကြွေးတင်နေလဲ ဘယ်သူ့စီက အကြွေးယူထားသည် ဘယ်ချိန် ပြန်ဆပ်ရမည်ဆိုသည်ကိုတော့ သူတို့ မသိခဲ့ပေ။ အကယ်၍ သူတို့၏ မိဘများ မပြောခဲ့လျှင် သူတို့သည်လည်း မေးရဲမည် မဟုတ်ပေ။

အဖွားအိုဝမ်သည် လူတိုင်းအား အရာအားလုံးကို အသေးစိတ် စာရင်းလုပ်ကာ ပြောပြရန် ရည်ရွယ်ချက် မရှိပေ။ သူမ တစ်ခုထဲသော ပြေသည့် စကားမှာ

“ငါတို့မိသားစုက ၁၃.၈ တေး မက အကြွေးတင်နေတယ် ငါတို့ ပြန်ဆပ်ရမှာပဲ ငါတို့ ၁၅တေးလောက်ကို အကြွေးရှင်တွေကို အတိုးနဲ့ ပြန်ဆပ်ရမှာပဲ အကြီးဆုံးသား မင်းရဲ့ ယောက္ခမတွေကို ၃တေး အကြွေးတင်နေတာမို့လို့ ဒီနှစ် နွေဦးမှာ ပြန်ဆပ်မယ် ပြီးတော့ ဒုတိယသား မိသားစု....”

လူတိုင်း၏ အလုပ်တာဝန်များကို ခွဲဝေ ဆုံးဖြတ်ပြီးနောက်တွင် အဖွားအို ဝမ် ပြောလိုက်သည်။

“ကျန်တဲ့ ငွေတွေကို အိမ်မှာပဲ သိမ်းထားလိုက်မယ် ဒါပေမဲ့ အဲ့ငွေတွေနဲ့ ပတ်သက်ပြီး ဘယ်သူမှ တွေးခွင့်မရှိဘူး အဲ့ငွေတွေ မရှိတော့သလိုပဲ တွေးထားလိုက်”

“မင်းတို့ ဘာတွေးနေလဲဆိုတာ ငါသိတယ် ရာသီဥတုက အေးလာပြီ လယ်ကွင်းတွေမှာလည်း အစားအစာတွေ လုံးဝ မရှိတာ့ဘူး မင်းတို့ရဲ့ သက်ဆိုင်ရာ မိသားစုတွေကလည်း မချမ်းသာတဲ့ အပြင် မင်းတို့လည်း ကျပ်ကျပ်တည်းတည်း နေကြရမှာပဲ “

ဟု အဖွားအို ဝမ်သည် အခန်းအတွင်း ပြည့်နေသော ချွေးမများအား ကြည့်ကာ ပြောလိုက်သည်။ သူတို့၏ အမူအရာ မည်သို့ပင် ဖြစ်နေစေကာမူ အဖွားအို ဝမ်သည် တင်းမာခက်ထန်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။.

“နင်တို့ ဘာတွေတွေးနေလဲ ငါဂရုမစိုက်ဘူး ဒါပေမဲ့ ဒီလို ကြပ်တည်းနေတဲ့ အချိန်မှာ နင်တို့ကို အစာကျွေးတဲ့ လက်ကို ပြန်မကိုက်မိစေနဲ့ ဒီအသားတွေ ကောက်ပဲသိးနှံတွေနဲ့ ထင်းတွေက ဝမ်မိသားစု ပိုင်ဆိုင်တာတွေပဲ ဒီလိုအချိန်မှာ ဘယ်သူမှ ငါတို့မိသားစုစီကနေ ဘာကိုမှ ယူဆောင်သွားခွင့် မရှိဘူး စိတ်တောင် မကူးနဲ့ အကယ်၍ နင်တို့ရဲ့ ကိုယ်ပိုင်မိသားစု ဒါမှမဟုတ် နင်တို့မိဘတွေ ဆာလောင်ပြီး ချက်ချင်း သေရမယ်ဆိုရင်တောင် သိုလှောင်ထားတာတွေကို ထိပိုင်ခွင့် မရှိဘူး အကယ်၍ အဲ့လို မဟုတ်ဘူးဆိုရင် ဒီနေ့ ငါ နင်တို့ကို သေအောင် ရိုက်ပစ်မယ် နားလည်လား”

အဒေါ်မာ၏ မျက်လုံးများ တင်းကြပ်သွားသည်။ သူမသည် သူမ၏ ယောက္ခမဖြစ်သူအား အသားအနည်းငယ်နဲ့ ကောက်ပဲသီးနှံ နည်းနည်းကို သူမ၏ မိသားစုအတွက် တိုးတိတ်စွာ ပို့ပေးရန်အတွက် ပြောဆိုချင်ခဲ့သည်။ သူမ၏ မိသားစုသည် ယောက္ခမ မိသားစုထက် ဆင်းရဲလေသည်။ သူမ မိခင်ဖြစ်သူသည် ဆာလောင်ပြီး သေသွားနိုင်ပေသည်။

“ငါ့ဝေစုကို ပေးပါ…..”

အဒေါ်ကျန်းသည် သူမ၏ ပါးစပ်ကို ဖွင့်လိုက်သည်။ သို့သော် သူမ၏ စကားမဆုံးခင် အဖွားအိုဝမ်၏ လူသတ်ချင်သော အကြည့်ကိုကြောင့် ကြောက်လန့်သွားသည်။ အဒေါ်ကျန်းသည် အဖွားအိုဝမ်၏ မိခင်ဘက်မှ တော်စပ်သော တူမ တစ်ယောက်ဖြစ်ပြီး သူမ၏ မျိုးနွယ်သည် ကျန်းဖြစ်လို့ လူတိုင်းက သူမအား အဒေါ်ကျန်း ဟု ခေါ်ကြသည်။

“နင်က မေတ္တာတရား ကြီးမားတဲ့ ပုဂ္ဂိုလ်လား နင်တစ်ဘောက်ဘဲ နင့်မိသားစုကို ဂရုစိုက်တတ်တာလား”

အဖွားအိုဝမ်သည် မကျေနပ်သေူ အကြည့်ဖြင့် ကြည့်လိုက်ကာ ဝမ်ချွမ်းဖူအား ဖျက်ကနဲ ကြည့်ကာ ပြောလိုက်သည်။

“အကြီးဆုံးသား သူ့ကို ရှင်းပြလိုက်”

ဝမ်ချွမ်းဖူက ပြောလိုက်သည်။

“တတိယ ခယ်မ အရင် အပြင်ကိုထွက်တုန်းက တစ်ခြားရွာတွေမှာ ကလေးတွေကို စားသောက်နေကြပြီ အဲ့အချိန်တုန်းက သူတို့မှာ စားစရာမရှိတာ မဟုတ်ဘူး သူတို့ကတောင် ငါတို့ကို ရွာမှာ ရှိတဲ့ ကလေးတွေနဲ့ စားစရာတွေလဲအုန်းမလားဆိုပြီး မေးကြသေးတယ် ....”

သူသည် ထိုကဲ့သို့ စကားများကို လူများ ကြောက်လန့်နေမည်ကိုစိုး၍ မပြောချင်ခဲ့ပေ။ အဲ့အခြေအနေရောက်ချိန်တွင် ဝမ်ချွမ်းဖူသည် ဆက်လက် မပြောတော့ပေ။ နှင်းများသည် ပို၍ ကျလာခဲ့သည်။ လူတိုင်းသည် သေရမည်ကို စိုးရွံ့ကြပေသည်။ သူတို့သည် အတိုင်းအတာ တစ်ခုထိ စိုးရိမ် ကြောက်လန့်လာသော အချိန်တွင် သူတို့သည် အရာအားလုံးကို လုပ်ရဲကြလေသည်။ အဒေါ်ကျန်း၏ မျက်နှာသည် ဖြူရော်သွားသည်။

လူသား စားတာ....

သူတို့သည် စားစရာများ ပြတ်လတ်မှု မရှိသေးချိန်မှာတောင် လူသားစားရဲကြသည်။ အကယ်၍ သူတို့၏ စားစရာများ ကုန်ချိန် သူမသည် သူမ၏ မိသားစုအား အစားအစာများ ပို့ပေးလိုက်သောကြောင့် သူမမိသားစု အခြေနေကောင်းသည်ကို သိသွားချိန်တွင် သူမမိသားစု ဘဝသည် ကောင်းမွန်နိုင်ပါမည်လား။ အဲ့ဒါအပြင် ဟူမိသားစုကျေးရွာမှာနေတဲ့ ယောက္ခမတို့ပါ ပါဝင်ပတ်သက်လာနိုင်ပေသည်။

လူတိုင်းသည် ပြင်ပရှိ အခြေအနေများကို သိသွားချိန်တွင် သူတို့တွင် တခြားအတွေးများ မတွေးရဲကြတော့ပေ။ ချွေးမများ ကြောက်လန့်နေသည်ကို မြင်သောအခါ အဖွားအိုဝမ်သည် သူမ၏ သားများအား လူစု မခွဲခိုင်းခင် သတိအထပ်ထပ် ပေးလိုက်သည်။

ရက်အနည်းငယ်အတွင်းမှာပင် နှဏ်ကူး ကျရောက်လာတော့မည် ဖြစ်သည်။ ရွာသူရွာသားများ၏ ဘဝသည် စပါးအုံးမြွေကြီး၏ အသားကို ရရှိထားသောကြောင့် ပို၍ ကောင်းမွန်လာကာ နှစ်ကူးအတွက် ကြိုတင် ပြင်ဆင် လာကြပြီ ဖြစ်သည်။ ကောက်ပဲသီးနှံများ ရောနှောထားသော ဘီစကစ်များ ကောက်ညှင်းဖြင့် ပြုလုပ်ထားသော ထမင်းလုံးများ စပါးအုံးမြွေ၏ အသားဖြင့် ပြုလုပ်ထားသော အသားလုံးများသည် စာရင်းထဲတွင် ပါဝင်နေခဲ့သည်။

အိမ်ကို အလှဆင်ရန်အတွက် အဝတ်စရှိသော သူများက အနီရောင် အဝတ်များကို ဆုတ်ဖြဲကာ အိမ်ပတ်ပတ်လည်ရှိ သစ်ကိုင်းများတွင် ချည်နှောင်ထားကြသည်။ အကြီးအကဲဟူသည် စိတ်ကောင်းဝင်နေခဲ့သည်။ သူသည် သူ၏ ကုန်ပစ္စည်း စားရင်းထဲမှ အနီရောင်စာရွက် တစ်ချို့ကို ထုတ်လိုက်ကာ ကာရန်တူညီသော ကဗျာများကို ရေးကာ မိသားစု တစ်စုစီအား ပေးခဲ့သည်။ထို့အတွက် ကြေးတပြား ယူခဲ့သည်။

လူတိုင်းသည် အကြီးအကဲ ရေးပေးသော ကာရံတူကဗျာများအား တံခါးတွင် ကပ်ထားကြသောကြောင့် ကြည့်လိုက်လျှင် ပွဲတော်ကဲ့သို့ ဖြစ်နေသည်။ မျက်စိ တစ်မှိတ်အတွင်း နှစ်သစ်ကူးသည် နီးကပ်လာခဲ့သည်။ လူကြီးများ ပြောသည်မှာ မှန်၏။ နှစ်သစ်ကူးမရောက်ခင် နှစ်ရက်အလိုတွင် နှင်းများသည် သည်းထန်စွာ ပြန်လည် ကျဆင်းလာခဲ့သည်။ နောက်ထပ် ကျဆင်းသော နှင်းများသည် အရင် ကျခဲ့သော နှင်းများထက် ပို၍ သည်းထန်စွာ ကျဆင်းခဲ့သည်.။ နှင်းပွင့်များသည် မြေပြင် တစ်ခုလုံးကို စောင်ဖြင့် အုပ်လိုက်သကဲ့သို့ ခဏတာ အတွင်း လွှမ်းခြုံသွားခဲ့သည်.။အရည်ပျော်နေသော နှင်းများသည် နောက်တစ်ဖန် ပြန်၍ ခဲသွားပြန်သည်။

ရွာသူကြီးသည် ရွာတွင်းရှိ အားသန်သော ယောက်ကျာ်များနှင့် လူငယ်အများအား ရွာထဲတွင် ကင်းလှည့်ရန်နှင့် တခြား ထွေထွေထူးထူး မရှိလျှင် တခြားသူများအား အခန်းတွင်းသို့ပြန်နားနေရန် ပြောဆိုခဲ့သည်။ မိသားစု တစ်စုတွင် အသက်အရွယ် ကျားမ မရွေး သဘောထားကွဲလွဲမှု မရှိသ၍ အတူတူ တိုးဝှေ့နေကြသည်။ ထိုသို့နေခြင်းသည် အနည်းဆုံးတော့ နွေးနေစေသည်။

အားယွီလေးကိုလည်း သူမ၏ မိသားစုမှ စောင် အထပ်ထပ် ပတ်ပေးထားကာ စောင်အောက်တွင် ပုန်းနေသကဲ့သို့ နေစေခဲ့သည်။ ဆိတ်ပေါက်ကလေးသည်လည်း ရက်အနည်းငယ် ကြာသည်အထိ မသေဆုံးခဲ့ပေ။ ဆိတ်ကလေးသည် အမြဲ အားယွီ၏ လက်မောင်းကြား တိုးဝှေ့နေခဲ့ကာ သူမနှင့် အတူ အနွေးဓာတ်ကို ရယူနေခဲ့သည်။

ဆိတ်ကလေးသည် သေဆုံးမည့်ပုံ မပေါ်သောကြောင့် မိသားစုသည် သူ့အား အစားအစာအချို့ ပေးခဲ့သည်။ ဆိတ်ကလေးကတော့ အနည်းငယ်သာ စားနိုင်ကာ အသက်ရှင်နေရုံမျှသာ ရှိသည်။

(မယ်ကံကောင်းမလေးရေ အဲ့ဒါကို ထပ်မကျွေးပါနဲ့တော့ဟ အဲ့ဒါက အရမ်း တန်ဖိုးကြီးတယ်ဟ)

အဲ့ဒီညတွင် အားယွီလေးသည် ဆိတ်ကလေး သူမ၏ လက်မောင်းတွင်းတွင် တုန်နေသည်ကို မြင်သောအခါ သူမသည် ဟင်းလင်းပြင်ကမ္ဘာထဲမှ စိတ်ဝိဉာဉ်ရေအား ယူဆောင်ကာ လက်ထဲတွင့် ထည့်ကာ သောက်ရန် ထည့်ပေးလိုက်သည်။

ဆိတ်ကလေးသည် အနံ့ခံကြည့်လိုက်ကာ အလောတကြီး လျှက်လိုက်ကာ အားယွီ၏ လက်ဝါးကိုပင် လျှက်လိုက်သည်။ ယားယံလွန်းသောကြောင့် အားယွီသည် မိသားစုများ နိုးသွားမည်ကို စိုးရိမ်သောကြောင့် သူမ၏ ရီမောချင်စိတ်အား ထိန်းချုပ်ထားလိုက်သည်။

လွန်ခဲ့သော နှစ်ရက်ခန့်က အားယွီလေးသည် ဆိတ်ကလေးအား စိတ်ဝိဉာဉ်ရေကို တစ်ရက်လျှင် နှစ်ကြီမ် သုံးကြိမ်ခန့် တိုက်လေ့ရှိသည်။ ဆိတ်ကလေး၏ ခွန်အားသည် တစ်ရက်ထက် တစ်ရက် ပို၍ သန်မာလာခဲ့သည်။

အားယွီလေးသည် သူမ၏ အမေနှင့် အခြားသူများအား သောက်သုံးရန် ပေးချင်ခဲ့သော်လည်း အခွင့်အရေး ရှာမရခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် နတ်သူငယ်လေးသည် ထိုအရာအား သူမသည် မည်သည့် နေရာမှ ရသည်ဆိုသည်အား မိသားစုအား သိခွင့်မပြုသောကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့် ထိုအရာရှိသည်ကို သိသွားသည်နှင့် တပြိုင်နက် မိသားစု တစ်ခုလုံး ပျက်စီး ဝါးမြိုခံရမည်ဟု ပြောသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အားယွီလေးးသည် ပေါ်တင်ထုတ်ယူကာ မလုပ်ရဲတော့ပေ။

ဆိတ်ကလေးသည် ထိုရေအား သောက်ပြီးသောအခါ အဆုံးမရှိသော အင်အားကို ရရှိလာခဲ့သည်။ အားယွီ၏ လက်အတွင်းမှ ရုန်းထွက်ကာ မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်သည်။

အိပ်ခန်းတံခါးသည် တံခါးဟုပင် မဆိုနိုင်ပါပေ။ ထိုအရာသည် ဂွမ်းစအဟောင်းများနှင့် ဝါးများနှင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဆိတ်ကလေးသည် ထိုအဝတ်များ အောက်မှ တွားသွားကာ ထွက်သွားခဲ့သည်။

“ဆိတ်ကလေး”

အားယွီလေးသည် စိုးရိမ် ကြောင့်ကျလျှက်ရှိနေသည်။ ထို့ကြောင့် သူမသသည် နူးညံ့သော အသံလေးဖြင့် အော်ဟစ်လိုက်ကာ နောက်က လိုက်ရန် လုပ်လိုက်သည်။

(မယ်ကံကောင်းရေ မင်း အဝတ်အစားတွေ မဝတ်ရသေးဘူးနော်)

အမှန်တကယ်တွင် သူမသည် အဝတ်အစားများ ဝတ်ဆင်ထားပြီးသား ဖြစ်သည်။ အိမ်တွင် ရှိသော စောင်များသည် လုံလောက်သော အနွေးဓာတ်အား မပေးနိုင်သောကြောင့် ဖြစ်သည်။ သို့သော်သူမသည် အထူဆုံးအပေါ်ဝတ်အား မဝတ်ရသေးခြင်း ဖြစ်သည်။

(မင်း အပြင်မှာ အေးခဲသွားလိမ့်မယ်)

ကံမကောင်းစွာဖြင့် အသားလုံလေး ဘယ်လောက် အော်ဟစ်နေပါစေ သူမသည် လစ်လျူရှုထားခဲ့သည်။သူမသည် ဆိတ်ကလေး ပျောက်သွားမည်ကိုသာ စိတ်ပူပန်နေခဲ့သည်။ ယနေ့ည ဆောင်းရာသီသည် အလွန် မှောင်မိုက်လွန်းလှကာ ဝမ်မိသားစုသည် ဆီမီးအိမ်များ ထွန်းထားရန် အတွက် ပိုက်ဆံမရှိချေ။ ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မည်းနေခဲ့သည်။

အားယွီလေးသည် စောင်များအောက်မှ တွားသွားကာ စောင်များအား ဖိချလိုက်သည်။ သူမသည် သူမ၏ မှတ်ဉာဏ်အတွင်း၌ ရှိသော အိပ်ခန်းတံခါးဘက်သို့ သွားလိုက်သည်။ သူမသည် ဆိတ်ကလေးအား သွား၍ ရှာဖွေတော့သည်။ ဆိတ်ကလေးသည် သူမ၏ ကစားဖော်ဖြစ်သည်။

“ပြန်သွား”

အသားလုံးလေးသည် ဟင်းလင်းပြင်ကမ္ဘာထဲမှ စိုးရိမ်စွာ လှည့်ပတ်နေခဲ့သည်။ ထိုကောင်ဆိုးမလေးကြောင့် အမှန်ပင် ခေါင်းကိုက်ရလေသည်။ အားယွီလေးသည် အိပ်ခန်းအတွင်းမှ လျှင်မြန်စွာ ထွက်လိုက်သည်။ အိပ်ပျော်နေသော ဝမ်ချွမ်းမန်နှင့် လျိုရှိသည် သူမအား သတိမထားမိပေ။

သူမသည် အသားလုံးလေး၏ ချော့မော့ပြောဆိုမှုကြောင့် တစ်နေ့လျှင် စိတ်ဝိဉာဉ်ရေ နှစ်စွန်းစီ သောက်သုံးခဲ့သည်။ ထို့ကြောင့် သူမ၏ ကိုယ်ခန္ဓာသည် သန်မာလာကာ သူမ၏ အမြင်အာရုံသည်လည်း ကောင်းမွန်လာခဲ့သည်။

အိပ်ခန်းအပြင်တွင် ခြံဝင်းရှိသည်။ အားယွီလေး ထွက်လာသောအခါ အေးစက်နေသော လေသည် သူမအား ရိုက်ခတ်လေသည်။ အားယွီလေးသည် တုန်ရီနေသော်လည်း သူမသည် မယိမ်းမယိုင် ဆက်လျှောက်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ဆိတ်ကလေး၏ အရိပ်အား မှုန်ဝါးဝါး မြင်လိုက်သောကြောင့် ဖြစ်သည်။

(ငါ တကယ်ပဲ မင်းကို ကူညီလိုက်ရတော့မှာလား)

အသားလုံးလေးသည် အားယွီလေးအတွက် ဟင်းလင်းပြင်ကမ္ဘာမှ နေ၍ နွေးထွေးသော အကာအကွယ်လွှာ တစ်ခု ဖန်တီးပေးလိုက်ရုံမှ တစမ်ပါး ရွေးချယ်စရာ မရှိခဲ့ပေ။ အားယွီလေးသည် ချက်ချင်း သူမသည် မအေးတော့သည်ကို ခံစားလိုက်ရသော်လည်း ဂရုစိုက်ရန် အင်အား မရှိတော့ပေ။ ဆိတ်ကလေးအား လိုက်ဖမ်းရန်သာ အာရုံစိုက်ခဲ့သည်။

အတားအဆီးသည ချစ်ခြင်းမေတ္တာ စွမ်းအင်များဖြင့် တောက်ပနေခဲ့ကာ အသားလုံးလေး၏၏ နှလုံးသားမှာ အလွန်ပင် နာကျင်နေခဲ့သည်။ အကယ်၍ ထိုကဲ့သို့မှ မတားစီးပေးလျှင် ထို အဆိုးအပေမလေးသည် ချက်ချင်း အေးခဲကာ သေဆုံးသွားပေလိမ့်မည်။ အသားလုံးလေးသည် အကူညီမဲ့သကဲ့သို့ ခံစားနေရစဉ် သူသည် ချက်ချင်း ထူးဆန်းသော အင်အား တစ်မျိုးအား ခံစားလိုက်ရသည်။

(အမ် အဲ့ဒါ ဘာပါလိမ့်)

(မယ်ကံကောင်းရေ အဲ့ဘက်မှာ မြန်မြန် တစ်ယောက်ယောက်က မင်းရဲ့ အကူအညီလိုနေပြီ)

(မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ပြန်သွားပြီး လူကြီးတွေကို ခေါ်ခဲ့လိုက် အရင် ပြန်သွားဟ)

All Chapters