နှင်းထု ပြိုကျခြင်း
Vol. 1 Ch. 11
အသားလုံးလေးသည် တစ်နေ့နေ့ကျရင် စိုးရိမ်မှုများကြောင့် သေဆုံးသွားတော့မည်ဟု ခံစားနေခဲ့ရသည်။
ဟူး.... မေ့လိုက်တော့ .. အဲ့ကိစ္စတွေကို တွေးနေလို့လဲ အပိုပါပဲ.....
(မြန်မြန် မပြေးနဲ့ )
အားယွီလေးသည် သူမပြေးနေချိန်တွင်ပင် အေးနေသလို မခံစားရပေ။ ထိုအစား သူမသည် ပြေးလွှားနေရသည်ကိုပင် ပျော်ရွှင်စရာဟု ခံစားလိုက်ရသည်။ အထူးသဖြင့် သူမသည် ဆိတ်ပေါက်ကလေးအား ရှာတွေ့ချိန်တွင် ဖြစ်သည်။ ဆိတ်ပေါက်ကလေးသည် လမ်းတစ်လျှောက်သွားနေသည်ကို ရပ်ကာ ကြီးမားသော ကျောက်တုံးကြီး တစ်တုံး၏ ဘေးတွင် သူမအား ရပ်ကာ စောင့်ဆိုင်းနေခဲ့သည်။
အားယွီလေးသည် ဆိတ်ပေါက်ကလေးထံသို့ အမောတကော ပြေးသွားလိုက်ကာ ဖက်ထားလိုက်သည်။ ဆိတ်ပေါက်ကလေးသည်လည်း နွေးထွေးမှုကို ခံစားလိုက်ရသည်။ ဆိတ်ပေါက်ကလေးသည် အကူညီမဲ့စွာ သူ၏ လည်ပင်းပေါ်တွင် တင်နေသော နှင်းများအား ခါချလိုက်ကာ အားယွီ၏ လက်မောင်း အတွင်းသို့ တိုးဝင်လိုက်သည်။
ဆိတ်ကလေးသည် အားယွီအား သူ၏ မိခင်ကဲ့သို့ ဆက်ဆံနေပုံရသည်။ ကြီးမားသော ကျောက်တုံးကြီး တစ်ခုရှိနေကာ ဆိတ်ကလေးသည် ထိုကျောက်တုံး၏နောက်တွင် ရောက်နေပြီး ထိုကျောက်တုံးကြီး၏ ကြားတွင် အပေါက်တစ်ခု ရှိသည်။ ဆိတ်ကလေးသည် ထိုနေရာသို့ အဘယ်ကြောင့် လာချင်ရသည်ကို မသိပေ။ အားယွီလေးသည် ပြန်ရန်လုပ်ချိန်တွင်........
ထိုအချိန်တွင် သူတို့သည် ရုတ်တရက် ကျယ်လောင်သော အက်ကွဲသံ တစ်သံကို ကြားလိုက်ရသည်။ တစ်စုံတစ်ခုသည် အပေါ်အမြင့်မှ ပြုတ်ကျလာသော အသံဖြစ်သည်။ ‘ဝုန်း’ ကနဲ မြည်သံနှင့် အတူ တစ်စုံတစ်ခုသည် ကြီးမားသော ကျောက်တုံးကြီးနှင့် ရိုက်မိသွားသည်။
ထို့အပြင် ထိုအရာသည် အကြိမ်အနည်းငယ်ခန့် လိမ့်သွားကာ ကျောက်တုံးကြားရှိ အပေါက်နားတွင် ရှိနေသော အားယု၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားသည်။ ထိုအရာသည် လူတစ်ယောက်ဖြစ်နေကာ နှင်းများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ နှင်းတစ်ချို့ကွာကျနေသောကြောင့် သူ၏ အနက်ရောင်ဝတ်စုံအား လှစ်ဟပြသနေခဲ့သည်။ ထိုလူသည် လုံးဝ သတိမေ့မြောနေခဲ့ကာ သူ၏ ကိုယ်ခန္ဓာကိုယ်သည်လည်း တောင့်တင်းနေခဲ့သည်။
(အကူညီလှမ်းခေါ်ဖို့ အရမ်းနောက်ကျနေပြီ သူ့ကို စိတ်ဝိဉာဉ်ရေ နှစ်ဇွန်းလောက် အရင်တိုက်ထားလိုက်)
အားယွီလေးသည် ခေါင်းခါလိုက်သည်။ မဖြစ်နိုင်ဘူး.....
သူမသည် သူမ မသိသော သူများအား ထိုရေအား မတိုက်ချင်ပေ။ အမေနှင့် အဖွားတောင် ထိုရေအား မသောက်ရသေးပေ။
(သူ့ကို မင်း ကယ်တင်ရမယ်ဆိုတာသိရဲ့လား သူက အရမ်းအရေးကြီးတယ်)
အသားလုံးလေးသည် သူမလေးအား စိတ်ရှည်လက်ရှည် ရှင်းပြနေခဲ့သည်။
(ဒီလူက ဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်လေ အဓိက ဇာတ်လိုက်က ဘာလဲဆိုတာကော သိရဲ့လား အာ....အာ..... မင်းဘယ်လိုသိပါ့မလဲ အဲ့ဒါက...)
အသားလုံးလေးသည် အချိန်အတော် အကြာ တွေးတောပြီးနာက် တစ်စုံတစ်ခုကို စဉ်းစားမိသွားခဲ့သည်။
(မင်းအဖွားနဲ့ မင်းအမေကို ကောင်းကောင်း ဆက်ဆံပေးမဲ့သူ တစ်ယောက်လေ)
အားယွီလေးသည် မယုံကြည်ပေ။သူမသည် ပညာ မတတ်သေးသောကြောင့် သူမကို အနိုင်မကျင့်ပါနဲ့။ သူမ၏ စိတ်ထဲတွင် ရှုပ်ထွေးနေခဲ့သည်။ သူမသည် ထိုလူအား အရင် တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဘူးဖူးဆိုသည်အား သူမသိသည်။ အကယ်၍ ထိုသူနှင့် သူမသည် အရင်က မတွေ့ဖူးသောကြောင့် သူမသည် ထိသူ့အပေါ်သို့ မကောင်းပေးနိုင်ပေ။ သူမ၏ အမေ ပြောထားသည်များအား သူမမှတ်မိနေသေးးသည်။
အသားလုံးလေးသည် ဒေါသထွက်ရသဖြင့် သေတော့မလို ခံစားလိုက်ရသည်။ ကလေးများနှင့် ဆက်ဆံရသည်မှာ မလွယ်ကူဘူးဟု ခံစားလိုက်ရသည်။ တခြားသော လေးနှစ်အရွယ်ကလေးများသည် အနည်းဆုံး ကျောင်းအပ်ကာ စာရင်းသွင်းထားကြပြီ ဖြစ်သည်။ ပိုတော်သော ကလေးများသည် ကမ္ဘာတစ်ခုလုံးနှင့် ယှဉ်ပြိုင်နေခဲ့ကြပြီ ဖြစ်သည်။
ယခု ဒီကလေးသည် လေးနှစ်အရွယ်ရှိသော်ငြားလည်း သူမ၏ ဉာဏ်ရည်ဉာဏ်သွေးသည် နှစ်နှစ် အရွယ်ခန့်သာရှိသေးသည်။ အကောင်းဘက်က ကြည့်မည်ဆိုလျှင် အလွန်ဆုံး သုံးနှစ်ကလေး၏ ဉာဏ်ရည်သာ ရှိသည်။
သို့သော် အသားလုံးလေးသည် နောက်ထပ် စဉ်းစားရန် အချိန်မရလိုက်ပေ။ အဘယ်ကြောင့်ဆိုသော် အပြင်ဘက်မှ နောက်ထပ် ကျယ်လောင်သော အသံ တစ်ခုကိုကြားလိုက်ရသည်။ တစ်စုံတစ်ခု ပြိုကွဲကာ ကျလာသော အသံဖြစ်သည်။
(ပြီးသွားပြီ .....အဲ့ဒါ နှင်း ပြိုကျတာ)
ဆိတ်ပေါက်ကလေး ကလေးပေါက်စ တစ်ယောက်နဲ့ လူကြီးတစ်ယောက် အားလုံးသည် ပြိုကျလာသော နှင်းထု အောက်တွင် ပိတ်မိသွားခဲ့သည်။ ထိုသေူကယ်သော အက်ကွဲကြောင်း အပေါက်လေးသည်သာ သူတို့ ရှင်သန်ရန်အတွက် လွတ်နေသော နေရာ တစ်ခု ဖြစ်နေသည်။ စွမ်းအားကို ချွေတာရန်အတွက် ပြင်ပကို အာရုံခံနိုင်သော စွမ်းအားကို ပိတ်ထားမိသောကြောင့် အပြင်ဘက်ရှိ နှင်းထု ပြိုကျလာသည်အား မရှာတွေ့လိုက်ပေ။
အမှန်တကယ်တော့ အစောကတည်းက ရှာတွေ့နိုင်လျှင်ပင် ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ အသားးလုံးလေးသာ အားယွီအား နှင်းများ ပြိုကျမည်ကို ပြောခဲ့လျှင်လည်း သူမ၏ သေးငယ်သော လက်ကလေးများ တိုသော ခြေထောက်လေးများနှင့် ပြေးခဲ့လျှင်တောင် သူမသည် အလွန်ဆုံး ၁၀ပေလောက်သာ ပြေးနိုင်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ထို အက်ကွဲကြောင်းလေးထဲနေသည်ကသာလျှင် သူမအတွက လုံခြုံပေလိမ့်မည်။
ထိုအချိန်တွင် ရွေးချယ်စရာ မရှိပေ သို့သော် အားယွီလေးအား နွေးထွေးအောင် ကာကွယ်ရန် အတွက် ချစ်ခြင်း စွမ်းအင်ကို ရူးသွပ်စွာ တိုးမြှင့်လိုက်ရသည်။အသာလုံးလေးသည် အေးခဲပြီး သေတော့မည့် ထိုလူအား ကြည့်လိုက်ကာ နှမြောတွန့်တိုစွာဖြင့် ထိုသူအား အေးခဲပြီး မသေသွားစေရန်အတွက် သူ၏ နှလုံးသားအား စွမ်းအင် တစ်ချို့ဖြင့် ကာကွယ်ပေးထားလိုက်သည်။
(ကံကြမ္မာကိုပဲ ပုံအပ်လိုက်တော့ ငါက ဒီကလေးဆိုးလေးကို အရင် ကာကွယ်ရအုန်းမယ်)
သူ့အနေဖြသ့် ယခုထက် စွမ်းအင်အား ပိုစုစည်းရန် မဖြစ်နိုင်တော့ပေ။ အနာဂတ်တွင် အားယွီလေးသည် ဟင်းလင်းပြင်ကမ္ဘာကို အပြည့်အဝ ချုပ်ကိုင်နိုင်စွမ်း ရှိလာလျှင် အကယ်၍ အထူးအခွင့်အရေးများအား ပေးအပ်ခြင်း မရှိပါက သူ၏ လုပ်ဆောင်နိုင်သည့် ဧရိယာသည် ထို့ထက် ပို၍ ကျဉ်းမြောင်းသွားပေလိမ့်မည် ဖြစ်သည်။
ဉပမာ အနေဖြင့် စိတ်ဝိဉာဉ် စမ်းရေအား ရွေ့ရန် မဖြစ်နိုင်ပေ။. တစ်ဖက်တွင်တော့ ထို ကျဘ်လောင်သော အသံကြောင့် ရွာသားများသည် အိပ်နေရာမှ နိုးထလာခဲ့သည်။ နှင်းပြိုကျခြင်းသည် အဖြစ်များသော်လည်း မကြုံဖူးသည်တော့ မဟုတ်ပေ။ နှင်းများသည် တောင်များအား ပိတ်ဆို့ထားချိန်တွင် တောင်ပေါ်တွင် နှင်းများ ထူထပ်လာခဲ့သည်။ အကယ်၍ သေချာ ဂရုမစိုက်လျှင် နှင်းများ ပြိုကျလွယ်ပေသည်။ဒီလိုမျိုး ပြီးခဲ့သောနှစ်တွင်လည်း နှင်းများထူထပ်စွာ ကျခဲ့သည်။ အစာရှာရန် ထွက်သွားသော လူငယ်အချို့သည် နှင်းပြိုကျ၍ သေဆုံးသွားခဲ့ရသည်။
အိမ်မကြီး၏ အိပ်ခန်းထဲတွင် အဖွားအို ဝမ်သည် ချက်ချင်းထထိုင်လိုက်သည်။ထိုအချိန်တွင် သူမသည် သူမ၏ ခင်ပွန်း၏ ကျယ်လောင်သော ဟောက်သံအား ကြားလိုက်ကာ သူမသည် သူ၏ လက်မောင်းအား ဆွဲလိုက်သည်။
“ဘာလို့ ခုချိန်ထိ အိပ်နေနိုင်ရတာလဲ အပြင်သွားပြီး တစ်ချက်သွားကြည့်စမ်းပါ တစ်ခုခု ဖြစ်နေတာလားလို့”
အဖွားအိုဝမ်သည် ကျိန်ဆဲလိုက်ကာ ဆက်ပြောလိုက်သည်။
“ရှင်သိတာ တစ်နေကုန် အိပ်ဖို့ပဲသိတယ် နေ့လဲ အိပ် ညလဲ အိပ် ဘာလို့ အခေါင်းထဲ သွား မအိပ်ရတာလဲ”
အဖိုးအိုဝမ်သည် အိပ်ယာနိုးနိုးချင်း မှင်တက်သွားလေသည်။ သူသည် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်သောအခါ မှောင်နေဆဲ ဖြစ်နေသည်ကို တွေ့သွားသောအခါ သူပို၍ စိတ်ပျက်သွားသည်။
“အဖွားးကြီး မင်း ဘာတွေ အရူးထနေပြန်တာလဲ”
“အရူးထတာ အရူးထတာ”
အဖွားအိုဝမ်သည် အဖိုးကြီးဝမ်၏ တင်ပါးအား ကန်လိုက်ကာ ပြောလိုက်သည်။
“ရှင်က တစ်နေကုန် အဓိပ္ပာယ် မရှိတဲ့ စကားတွေပဲ ပြောတတ်တယ် ကျွန်မပြောတာ ရှင့်ကို တစ်ချက် သွားကြည့်လိုက်လို့ ပြောနေတာ ငါ စိုးရိမ်နေလို့ တစ်ခုခု ဖြစ်သွားတာလားလို့ ဆီမီးအိမ်ကို ကိုင်ပြီး တစ်ချက်လောက် ဿွားကြည့်စမ်းပါ မြန်မြန်လုပ် ငါ့ အပေါ်ဝတ်ကို ဝတ်သွားလိုက်”
အဖိုးအိုဝမ်သည် သူ၏ ဇနီးသည်က ဖြစ်ချင်သည်များကို မဖြစ်ရမချင်း လက်မလျော့တတ် သိသောကြောင့် စိတ်မပါစွာဖြင့် ထသွားလိုက်သည်။ သူမသည် အဘယ်သို့ သူ့အား ပျင်းရိနေခွင့် ပေးမည်နည်း။ သူသည် ဒေါသ တကြီး ထရပ်လိုက်သည်။
အကြီးဆုံးသား၏ မိန်းမဖစ်သူ အဒေါ်ဖန်သည်လည်း နိုးလာခဲ့သည်။ သူမသည် ဆူဆူညံညံ ဖြစ်သွားသံကို ကြားသောကြောင့် ထသွားရန် လုပ်သောအခါ ဝမ်ချွမ်းဖူးသည် သူမ၏ ပခုံးအား ဆွဲထားလိုက်ကာ ပြောလိုက်သည်။
“ကို သွားကြည့်လိုက်မယ် မင်း တစ်နေကုန် ပင်ပန်းနေတာ ကောင်းကောင်း နားလိုက်”
ဒုတီယသား၏ မိန်းမဖြစ်သူ အဒေါ်မာသည် ဝမ်ချွမ်းကွေ့၏ နားတွင် လှဲအိပ်နေခဲ့သည်။ ဝမ်ချွမ်းကွေ့သည် တစ်ညလုံး ကောင်းကောင်း မအိပ်နိုင်သောကြောင့် သူမသည်လည်း နာကျင်စွာ ခံစားနေရသည်။
“အပြင်ကို အရင်မထွက်နဲ့အုန်း အပြင် အေးပြီး မှောင်နေတုန်းပဲ အကယ်၍ မင်းသွားမယ်ဆိုရင် အမေက မင်းကို နားပူနားဆာ လုပ်နေလိမ့်မယ် “
ဝမ်ချွမ်းကွေ့သည် သူ၏ ဇနီးအား နှစ်သိမ့်လိုက်သည်။
“အခု မင်းသွားဖို့ မလိုအပ်ပါဘူး အမေက မင်းကို အပြစ် မတင်လောက်ပါဘူး”
တတိယသား၏ ဇနီးဖြစ်သူ အဒေါ်ကျန်းသည် ပင်ကိုယ်စရိုက်ကိုက ပူပင်ကြောင့်ကျမဲ့ကာ ပျော်ရွှင်စရာများတွင် ပါဝင်ရသည်ကို နှစ်သက်လေသည်။ ထို့ကြောင့် သူသည် အဖွားအိုဝမ် ပြောကတည်းက သူမသည် အဝတ်များ ဝတ်ထားပြီးသား ဖြစ်သည်။
ဝမ်ချွမ်းဝမ် မည်သည့် စကားမှ မပြောနိုင်ခင်မှာပဲ သူမ ပြောလိုက်သည်။
“မထနဲ့ ရှင့် အကျီနဲ့ ဘောင်းဘီတွေ အကုန် ကျွန်မစီမှာ ရှင့်မှာဝတ်စရာ ဘာမှ မရှိဘူး “
ဝမ်ချွမ်းယွမ် “..........”
ဝမ်ချွမ်းမန်နှင့် လျိုရှီသည် မူလကတည်းက ကြက်သေသေနေခဲ့သည်။ လျိုရှီသည် ရုတ်တရက် နိုးလာသောအခါ သူမ၏ ဘေးနားမှ ကုတင်ကို စမ်းလိုက်သည်။ စောင်ထဲတွင် နွေးနေသည်ကလွဲလို့ ဘာမှ မရှိတော့ပေ။
ကလေး ဘယ်မှာလဲ....
“အားယွီ”
အဒေါ်လျို၏ မျက်နှာတွင် ကြောက်ရွံမှုများဖြင့် ပြည့်နေခဲ့ကာ သူမ၏ အဆုတ်များ ကွဲမတတ် အော်ဟစ်လိုက်သည်။ အခုဆိုလျှင် ဝမ်မိသားစုသည် အားယွီပျောက်နေသည်အား သိသွားကြသည်။ ဒီလိုမျိုး ကလေးတစ်ယောက် မည်ကဲ့သို့ ပျောက်သွားရသနည်း။
အဖိုးအိုဝမ် ဆီမီးအိမ်ကို မီးညှိလိုက်ကာ လေအကာဖြင့် ဖုံးအုပ်ရန် စမ်းတဝါးဝါး လုပ်လိုက်သည်။ ထို့နောက် သူသည် အိမ်အခန်း ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်သောအခါ ကလေးမလေးအား ရှာမတွေ့ခဲ့ပေ။
ပဉ္ဇမမြေးသည် ပို၍ ထိုးထွင်းသိမြင်လေသည်။ သူ ထရပ်လိုက်ကာ မပြတ်မသား ဖြစ်နေသော ခြေရာသေးသေးလေးများကို ခြံဝင်း အတွင်းတွင် တွေ့လိုက်ရသည်။
“ကြည့်လိုက် ဒါ ညီမလေး အားယွီရဲ့ ခြေရာတွေ မလား”
လူတိုင်း ကြည့်လိုက်ကြသည်။ မှန်ပေသည်။ မြေပြင်ပေါ်တွင် သေးငယ်သော ခြေရာများ တစ်ခုထက်မကရှိနေခဲ့သည်။ ထိုခြေရာလေးများသည် ဆိတ်ပေါ်ကလေးနှင့် အားယွီ၏ ခြေရာလေးများ ဖြစ်ကြောင်း သူတို့ ပြောနိုင်ပေသည်။
“ဒီကလေးကတော့ ဆိတ်ပေါက်ကလေး ထွက်ပြေးတာ မြင်ပြီး ခြေဗလာနဲ့ ပြေးထွက်သွားတာ ထင်တယ် ဘုရားရေ အရမ်းအေးတာပဲ”
လျိုရှီ၏ မျက်နှာသည် ချက်ချင်းပင် နှင်းထက်ပင် ဖြူဖျော့သွားခဲ့သည်။ သူမသည် ခြေရာများအား မြင်သော် အံကြိတ်လျှက် ပြေးထွက်သွားသည်။ သူမသည် အပြင်က လမ်းကို မြင်နိုင် မမြင်နိုင်ကိုတောင်ပင် ဂရုမစိုက်ခဲ့ပေ။
“အားယွီ”
“အားယွီ”
လျိုရှီသည် ပြေးလွှားရင်း အော်ခေါ်နေခဲ့သည်။တခြားသူများသည်လည်း တုန့်ပြန်လာကြသည်။ ဝမ်ချွမ်းဖူသည် အရင်ဆုံး မီးဖိုချောင်ဆီသို့ သွားလိုက်သည်။ သူသည် မြွေကြီ အဆီများ ကုန်သွားမည်ကို ဂရုမစိုက်တော့ပဲ မီးတုတ် အချို့တွင် အသုံးပြုလိုက်သည်။ ညီအကို သုံးဦးသည် တစ်ယောက် တစ်ခုစီယူကာ ကလေးတွေကလည်း တစ်ခုစီ ယူသွားကြသည်။
“ကလေးကို တွေ့တွေ့ မတွေ့တွေ့ အရေးမကြီးဘူး မင်းတို့ တစ်မိုင်လောက်ပဲ ရှာပြီး ပြန်လာရမယ် အဝေးကြီး မသွားရဘူး “
ဝမ်ချွမ်းဖူးက ကလေးများအား သတိပေးလိုက်သည်။ အကြီးဆုံးသားက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
“အဖေ စိတ်မပူပါနဲ့ ကျွန်တော် အငယ်လေးတွေကို စောင့်ကြည့်ပေးပါ့မယ်”
ဆူညံပွက်လောရိုက်နေသံများ ကျယ်လောင်လာသောအခါ တခြားသော ရွာသားများသည် ထိုအသံများကို ကြားလာရသည်။ သူတို့သည် အားယွီပျောက်နေသည်ကို သိသွားသောအခါ ရွာသာား အကုန်လုံးသည် အိပ်နေရာမှ ထကာ မီးတုတ်များဖြင့် သူမအား လိုက်ရှာ ကြတော့သည်။
ထိုအချိန်မှာ သူတို့ နောက်ကျသွားရင် ကလေးငယ်လေးအား ဆုံးရှုံးလိုက်ရပေလိမ့်မည်။ ထိုကြောင့် သူတို့သည် မီးတိုင်များအတွက် ဆီကုန်သည်ကိုလည်း ဂရုမစိုက်နိုင်ကြတော့ပေ။
“အားယွီ”
“အားယွီ သမီး ဘယ်မှာလဲ”
“အားယွီ”
ရွားသားများ၏ အော်သံသည် တောင်အနှံအပြားတွင် ပဲ့တင်သံထပ်နေခဲ့သည်။ မကြာခငမ်မှာပင် လူတိုင်းသည် ပုံမှန် မဖြစ်သော အရာ တစ်ခုကို ရှာတွေ့သွားသည်။
“ဘုရားရေ ဒီမှာ နှင်းပြိုကျထားတာပဲ”
“ငါ ဘာလို့များ ဒီလောက်ဆူညံနေတာလဲလို့ တွေးနေတာ ဒီမှာ ဘယ်သူမှ မရှိလောက်ဘူးမလား သူတို့များလား...”
“ငါတို့ ရှာနေတာ ဒီလောက်ကြာပြီ အားယွီကများ.....”
လျိုရှီ၏ ခြေထောက်များ အားနည်းစွာ မြေပြင်ပေါ်သို့ ခွေကြသွားခဲ့သည်။ ခဏအကြာတွင် သူမသည် ချက်ချင်းထရပ်လိုက်ကာ ထူထဲသော နှင်းများအား လက်ချည်းသက်သက်ဖြင့် စတင်၍ တူးနေခဲ့သည်။
“အားယွီ မကြောက်နဲ့ အမေရှိတယ် အမေဒီမှာ ရှိတယ်”
နှင်းပုံထဲမှ အားယွီသည်လည်း တူးနေခဲ့သည်။ သို့သော် နှင်းများအား လက်ဖြင့်တူးနေသော သူမ၏ လက်များသည် အေးခဲမနေပေ။ သို့သော်ငြားလည်း ကြာမြင့်စွာ တူးနေခဲ့သော်လည်း သေးငယ်သော အပေါက်ကလေးကိုသာ တူးနိုင်လေသည်။ ထို့အပြင် သူမလေး၏ လက်မောင်းများသည်လည်း တောင့်တင်းနေခဲ့သည်။ ဆိတ်ပေါက်ကလေးသည်လည်း ဘေးမှ ကူညီနေခဲ့သည်။ သူ၏ ခွာလေးချောင်းဖြင့် နှင်းများအာ နေရာအနှံ့ ကန်နေခဲ့သည်။ အားယွီသည် အစပိုင်းတွင် နှင်းများတူးနေရင်းမှ ပင်ပန်းနေသော်လည်း သူမသည် ရုတ်တရက် သူမ၏ နာမည်အား ခေါ်နေသည်ကို ကြားလိုက်ရသည်။ သူမလေးသည် ချက်ချင်း နားကိုစွင့်ကာ လည်မင်းကို ဆန့်လျှက် သက်ဝင်လှုပ်ရှားလာခဲ့သည်။ သူမ၏ နားရွက်ကလေးများ ထောင်နေသကဲ့သို့ နားစွင့်နေခဲ့သည်။ ထိုအသံသည် အမေ့အသံ ဖြစ်သည်။
“အမေ သမီး ဒီမှာ “
အားယွီသည် သူမ၏ လက်ကလေးကို ကွေးကာ ပါးစပ်နားတေ့လျှက် ရောက်တတ်ရာရာ ဦးတည်ချက်ကို အော်ဟစ်လိုက်သည်။