ကပ်ဘေး
Vol. 1 Ch. 12
လျိုရှီသည် သူမ၏ ခွန်အား အားလုံးဖြင့် နှင်းများကို တူးနေခဲ့ပါသည်။ တစ်ခြားသော ဝမ်မိသားစုများသည်လည်း ထိုကဲ့သို့ ထူထဲသော နှင်းထုလွှာကို မြင်သော အခါ ကြောက်လန့်သွားကြသည်။ ကလေးမလေးသည် သေးငယ်သေးသည်။ အကယ်၍ ထို နှင်းထုထဲတွင် နှစ်မြှပ်သွားခဲ့ပါက သူမလေးအား ကယ်တင်နိုင်ပါ့မလား.......
ကလေးမလေး၏ ခြေရာများသည် ထိုနေရာတွင် ရပ်သွားကာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ နှင်းထုထဲ မြှပ်သွားသည်မှ လွဲ၍ တစ်ခြား မှန်းဆစရာ နည်းလမ်း မရှိတော့ပေ။ တစ်ခြားသော ရွာသားများ တွေဝေနေစဉ်မှာပင် ဝမ်ချွမ်းမန်သည် လှည့်ထွက်သွားခဲ့သည်။ ဝမ်ချွမ်းဖူသည် သူ၏ နောက်မှ ဆွဲထားလိုက်ကာ
“မင်း ဘယ်သွားမလို့လဲ”
ဟု မေးလိုက်သည်။ ဝမ်ချွမ်းမန်၏ အသံသည် စိတ်ခံစားချက်မဲ့စွာ ညိုးငယ်စွာဖြင့် ပြောလိုက်သည်။
“ ပေါက်ပြား သွားယူမလို့ပါ ကျွန်တော့် သမီးက အထဲမှာ ရှိနေသေးတယ်”
ရွာသူကြီးသည်လည်း အနားတွင် ရပ်၍ ကြည့်နေပြီးမှ သူသည်လည်း ပြန်သွားကာ သူ၏ ပစ္စည်းများကို သယ်ဆောင်လာရန် စီစဉ်လျှက်ရှိသည်။ ရွာသူကြီး၏ မိန်းမဖြစ်သူသည် ထူထြသော အဝတ်အစားများကို ဝတ်ဆင်ထားကာ တံစဉ် ပေါက်ပြား အမှိုက်ဂေါ်ပြားများကို ကိုင်ဆောင်ထားခဲ့သည်။ သူမအား ကြည့်ရသည်မှာ အလျှင်လိုနေသလို ဖြစ်နေခဲ့သည်။
“ယောကျ်ား ဒါတွေက ရှင့်အတွက်ပဲ”
ရွာသူကြီး၏ မိန်းမဖြစ်သူသည် ပေါက်ပြားအား ယူကာ ရွာသူကြီးအား ပေးလိုက်ပြီး တံစဉ်အား သူမ၏ ဘေးတွင် ရှိသော အကြီးဆုံးသားအား ပေးလိုက်သည်။
“မင်းလဲ လိုက်သွား ရာသီဥတုက အရမ်းအေးတယ် မီးတုတ်တွေက အချိန်ကြာကြာ ထွန်းလို့မရလောက်ဘူး အချိန်မဆွဲနဲ့တော့”
တစ်စုံတစ်ယောက် နှင်းထုအောက် မြှပ်နှံခံရသည်ကို ရှာဖွေမည်ကို ရွာသူကြီး၏ ဇနီးသည် ထို ရုတ်ရုတ်သဲသဲ အခြေအနေကို ကြားသွားသောကြောင့် ပစ္စည်းအချို့ကိုယူရန် ချက်ချင်း လှည့်ပြန်သွားခဲ့ခြင်း ဖြစ်သည်။ သူမသည် များများစားစား မသယ်ဆောင်လာနိုင်ပေ။ သူမ၏ ဒုတိယသား အကြီးဆုံး ချွေးမ ယောက္ခမ နှစ်ဦးတို့သည် နောက်တွင် ကျန်ရစ်နေခဲ့ကြသော ကြောင့် ဖြစ်သည်။
ယခုလိုအခြေအနေမျိုးတွင် လူအင်အားအပေါ် မှီခိုသည်ကို သူတို့သိကြသည်။ လူအင်အားများများဖြင့် တူးဖော်လျှင် ပို၍ လျှင်မြန်စွာ တူးနိုင်သလို လူတွေကိုလည်း မြန်မြန် ကယ်တင်နိုင်ပေသည်။
သို့သော် ရွာသူကြီးသည် မည်သူ့ကိုမှ အကူအညီ မတောင်းပေ။ ယနေ့လိုမျိုး အေးခဲလှသော နေ့မျိုးတွင် ကလေး တစ်ဘောက်အား ကယ်တင်ရန် လိုလားကြလိမ့်မည် မဟုတ်ပေ။ ထိုအစား တစ်နေရာရာမှ ပြေးလာသော အမျိုးသမီး တစ်ယောက်က ပြောဆိုလိုက်သည်။
“ငါတို့ အင်အား နည်းနေပြီ ပြီးတော့ လူတိုင်း အအေး သက်သာအောင်လည်း ငါတို့ မီးပုံတွေလည်း ဘေးမှာ အနည်းငယ် ဖိုထားခဲ့တယ် “
တစ်ခြားသူများသည်လည်း အိပ်မက်မှ နိုးခလာသကဲ့သို့ တစ်ယောက်နဲ့ တစ်ယောက် စကားပြောလာကြသည်။
“ဟုတ်တယ် ဟုတ်တယ် အရေပျော်နေတဲ့ နှင်းတွေက မအေးနိုင်တော့ဘူး ပြီးတော့ မီးပုံရှိရင် ပိုနွေးလာလိမ့်မယ်”
“မနိုးသေးတဲ့ သူတွေကိုလည်း ခေါ်လာကြပါအုန်း မီးပုံတွေလည်း ရှိတယ် ပိုပြီး နွေးလာလိမ့်မယ်"
“ငါ ကလေးကို အိမ်မှာ ထားခဲ့ဖို့ စိတ်မချဘူး အဲ့နေရာမှာ ပျောက်သွားဖို့ မဖြစ်နိုင်ဘူး လူတိုင်းကို ခေါ်သွားလိုက်ကြရအောင်”
တစ်စုံတစ်ယောက်က သက်ပြင်းချလျှက် ပြောလိုက်သည်။
“အဲ ..... မနေ့ညက မြွေသားက အရမ်းအရသာ ရှိတာပဲ အဲ့လိုမျိုး ကောင်းတဲ့ အသားမျိုး အရင်က တစ်ခါမှ မစားခဲ့ဖူးဘူး”
ထိုအချိန်တွင် တုန့်ဆိုင်းနေသော သူများသည်လည်း အချိန်ကြာအောင် ထပ်၍ မတုန့်ဆိုင်းကြတော့ပေ။ သူတို့သည် ကျေးဇူးကန်းသော သူများ မဖြစ်ချင်ကြပေ။ သူတို့သည် ထိုကလေးမလေးအပေါ် ကျေးဇူးကြွေး တစ်ခုတင်နေခဲ့သည်။
ကလေးမလေးသည် ညသန်းခေါင် အခချိန်တွင် ထွက်ပြေး သွားခဲ့သော်ငြားလည်း ဆူပူကြိမ်းမောင်းတာလောက်သာ ခံထိုက်လေသည်။ယခုအချိန်တွင် ကလေးမလေး၏ အသက်ကို လက်လျှော့ရန် အကြောင်းပြချက် မရှိပေ။
ရွာသားများသည် သူတာ်စင်များကဲ့သို့ မွေးဖွားလာခြင်း မဟုတ်သော်လည်း လူအများစုသည် တစ်ခြားသူများ ရွေးချယ်သလိုသာ တူညီသော ရွေးချယ်မှုကို ပြုလုပ်ကြသည်။ တစ်စုံတစ်ယောက်၏ ဦးဆောင်မှုနောက်တွင် တစ်ခြားသူများသည် လိုက်၍ ပြုလုပ်ကြကာ အရှုံးအမြတ်ကို ထည့် မစဉ်းစားကြတော့ပေ။
မကြာခင်မှာပင် ရွာ၏ အဝင်ဝသို့ ရောက်ရှိလာကြသည်။ မြေပြင်၏ အလယ်တွင် ကြီးမားလှသော မီးပုံများ အနည်းငယ် ထွန်းညှိထားကြသည်။ တစ်ချို့ မသိသော ကလေးများသည် ဒီအရာသည် စိတ်ဝင်စားမှု ကောင်းတဲ့ ကိစ္စ တစ်ခုဟု တွေးထင်ကြသည်။ ဒီညကုန်ဆုံးလျှင် နှစ်သစ်ကို ရောက်ရှိပြီ ဖြစ်သည်။
စည်းမျဉ်းစည်းကမ်းများအရ နှစ်ကူးညတွင် တစ်ညလုံး မီးပုံကို ဖိုထားရမည် ဖြစ်ပြီး သူတို့သည် တစ်ရက် ကြိုတင် လုပ်လိုက်ရုံသာ ဖြစ်သည်။ ကလေးငယ်များသည် စိတ်လှုပ်ရှား ပျော်ရွှင်စွာဖြင့် ပြေးလွှား ဆော့ကစားနေကြကာ ဘာဖြစ်နေသည်ကို သတိမမူမိကြပေ။
တစ်ချို့ အနည်းငယ် အရွယ်ရောက်နေသော ကလေးများက လူကြီးများအား တစ်ဖက်တစ်လမ်းမှ သူတို့ နိုင်ရာကို ကူညီနေကြသည်။ အသားလုံးလေးသည် အပြင်ဘက်တွင် ဖြစ်နေသည်များကို ရှင်းလင်းစွာ မြင်ရလေသည်။ သူသည် အဖြူရောင် ဘောလုူးလေးလို ဖြစ်နေသော်လည်း အနည်းငယ် ထိတ်လန့်နေသေးသည်။
ထိုလူများသည် အမှန်ကိုပင် မရင်းနှီးသော ကလေးတစ်ယောက်အတွက် ထိုကဲ့သို့ အလုပ်များကို လုပ်ဆောင်ပေးနေသည်။ မယုံနိုင်စရာ ကိစ္စများ တကယ်ကို ဖြစ်ပျက်လာခဲ့သည်။
(မင်းကို မြင်ရလို့ အံ့အားသင့်စရာမရှိဘူး )
အသားလုံးလေးသည် တီးတိုး ပြောလိုက်သည်။ အားယွီလေးသည် အချိန်အတော်ကြာ အော်ဟစ်နေသော်လည်း လျိုရှိသည် သူမ၏ အသံအား မကြားပေ။ သူမလေးသည် လက်ကိုချကာ မြေပြင်ပေါ်တွင် စိတ်အားငယ်စွာ ထိုင်ချလိုက်သည်။
(မင်းကို မင်းကြည့်စမ်း မင်းက လူတိုင်းကို ဒုက္ခလိုက်ပေးနေတာ မဟုတ်ဘူးလား)
အသားလုံးလေးသည် သူမအား ထပ်ပြီး ဆူပူချင်သော်လည်း သူမအား ကြည့်လိုက်ချိန်တွင် သူမလေးသည် ခေါင်းကို ငုံ့ကာ လွန်စွာ ဝမ်းနည်းနေခဲ့သည်။ ထို့နောက် မျက်ရည်များလည်း သူမ၏ ပါးပြင်ပေါ်သို့ ကျဆင်းနေခဲ့သည်။ သို့သော် ပူနွေးစေသော အကာကွယ်အောက်တွင် သူမ၏ မျက်ရည်များသည် အေးခဲမသွားပေ။
“ဟေး မငိုနဲ့လေ)
သို့သော် သူမသည် မျက်ရည်များ ခဏသာ ကျဆင်းကာ သူမ၏ မျက်ရည်များအား သုတ်လိုက်ပြီးနောက် ထရပ်လျှက် သူမ၏ လက်သီးလေးများအား ဆုပ်လိုက်သည်။ သူမ၏ ခေါင်းလေးအား သူမ၏ တဖက်လက်ဖြင့် ပုတ်ကာ သူမကိုယ် သူမပြန်ပြောလိုက်သည်။
“အားယွီ အဆင်ပြေသွားလိမ့်မယ် အားယွီ မငိုနဲ့တေ့ာ”
သူမသည် နောက်ကို လှည့်လိုက်ချိန် ဆိတ်ပေါက်ကလေးအား မြင်လိုက်သည်။ သူမ၏ နှုတ်ခမ်းလေးသည် ပွင့်ဟနေသောကြောင့် သူမ၏ သွားဖြူဖြူလေးများအား လှစ်ဟ ပြလျှက်ရှိသည်။ သူမသည် အားတင်းကာ ပြုံးလိုက်သည်။
“အားယွီက မင်းကို ကာကွယ်ပေးမယ်နော် ငါ လုပ်နိုင်တယ် ငါက ... အမှိုက် မဟုတ်ဘူး”
“အားယွီက အမေကို ရှာနိုင်တယ်”
သူမလေးသည် တီးတိုးပြောကာ နှင်းများကို ထပ်မံ တူးလိုက်သည်။ ဆိတ်ပေါက်ကလေးသည်လည်း အရင်နေရာမှာပင် ဆက်လက် တူးနေလိုက်သည်။ အချိန် မည်မှ ကြာသွားသည်ကို မသိလိုက်သော်လည်း နှင်းများအား ဖယ်ရှားပြီး ဖြစ်ကာ မြေပြင်ကို မြင်လိုက်ရသည်။ ဆိတ်ပေါက်ကလေးသည် အားယွီ ဆက်လက် တူးနေသည်ကို မြင်လိုက်သောအခါ “ပဲ ပဲ”ဟူစော အသံလေးဖြင့် အော်လိုက်သည်။ ထို့နောက် သူ၏ ခွာလေးချောင်းဖြင့် ပတ်ပတ်လည်ကို ကဆုန်ပေါက်ကာ နင်းလိုက်သည်။
သို့သော် နှင်းများ ကြောင့် ခဲနေသော မြေပြင်သည် တူးရန် ခက်ခဲနေသည်။ ဆိတ်ပေါက်ကလးသည် အလျော့ မပေးဘဲ ဆက်တူးနေသည်။စိတ်ဝိဉာဉ် စမ်းရေမှ ပေးသော ခွန်အားများကို အားထားကာ မြေကြီးများအား တစ်စစီ ဖယ်ထုတ်နေခဲ့သည်။
တူးနေပြီးနောက်တွင် သူ၏ ခွာလေး နှစ်ချောင်းသည် ခြေချော်ကာ တွင်းပေါက်ထဲသို့ ရုတ်တရက် ပြုတ်ကျသွားသည်။ တွင်းပေါက်ထဲတါင် အပေါက် တစ်ပေါက်ရှိနေသည်။ ထိုတွင်းပေါက်သည် ဘယ်ဘက်ကွေ့သွားကာ ဘယ်နေရာ ရောက်မှန်း မသိသော နေရာ တစ်ခုစီသို့ ဦးတည်နေခဲ့သည်။
“ပဲ”
“ဆိတ်ပေါက်ကလေး မပျင်းနဲ့ ဆက်တူး”
အားယွီလေးသည် သူမ၏ ကျော်ပေါ်တင်ကာ ပြောလိုက်သည်။ ဆိတ်ပေါက်ကေလးသည် မကျေမနပ်ဖြင့် အကြိမ်အနည်းငယ် အသံပြုသော်ငြားလည်း အားယွီလေးသည် သူမ၏ ဖင်ကလေးအား ထုတ်ကာ သူ့အား လျစ်လျူရှုထားသည်ကို မြင်လိုက်ရသည်။
ဆိတ်ပေါက်ကလေးည် နောက်သို့ ခြေလှမ်း အနည်းငယ်ဆုတ်ကာ ဦးလေါင်းကို ငုံ့လိုက်သည်။ ဆိတ်ပေါက်ကလေးသည် အားယွီ၏ ဖင်လုံးလေးအား အားဖြင့် တိုးလိုက်သည်။ အားယွီသည် သတိမထားမိသောကြောင့် နှင်းထုထဲ ကျသွားသည်။သူမသည် သူ၏ ခေါင်းလေးအား ထုတ်လိုက်ချိန်တွင် တွင်းတစ်တွင်းကို မြင်လိုက်ရသည်။
“ဆိတ်ပေါက်လေး”
အားယွီသည် ဒေါသထွက်သွားသော်လည်း ထို တွင်းပေါက်အာ းမြင်သောအခါ သူမသည် အံ့အားသင့်သွားသည်။
“အဲ့ဒါက ဘာလဲ”
သူမသည် အရင်က မမြင်ခဲ့ဖူးပေ။ ကြည့်ရသလောက် ထို တွင်းပေါက်သည် ကျောက်တုံး၏ အက်ကွဲကြောင်းထဲ ဖုံးကွယ်နေခဲ့ကာ များသောအားဖြင့် မမြင်နိုင်လောက်ပေ။ အဘယ်ကြောင့်ဆိုသော် အနေအထားများသည် ထူးဆန်းနေခဲ့ကာ အားယွီနှင့် ဆိတ်ပေါက်ကလေးသည် လွန်သေးငယ်သောကြောင့်သာ သူတို့ နှစ်ယောက် ဝင်လို့ရခြင်း ဖြစ်သည်။
အကယ်၍ သူမသာ သုံးနှစ်အရွယ်ကလေး၏ ကိုယ်ခန္ဓာကိုယ် အရွယ်အစားမျိုး ရှိခဲ့လျှင် သူမသည် ဝင်နိုင်လိမ့်မည် မဟုတ်ပေ။ ရွာထဲတွင်ရှိသော တစ်နှစ်သား နှစ်နှစ်သားအရွယ် ကလေးများသည်လည်း ဝင်နိုင်မည် မဟုတ်ပေ။
ထို အမဲရောင် ဝတ် လူသည်လည်း ထူးဆန်ပေသည်။ သူ ပြုတ်ကျလာချိန်တွင် အကြောင်းကြောင်းကြောင့် နှင်းခဲများဖြင့် ရောနှော ကျလာခဲ့သည်။ သူပြုတ်ကျလာချိန်တွင် ကျောက်တုံးကြီးများကို ဖယ်ရှောင်ကာ သူအား အထဲသို့ ပို့လိုက်သည်။ ထိုအပေါက်သည် ပို၍ သိသာလာခဲ့သည်။
ပုံမှန်အားဖြင့် လူတိုင်းသည် သူတို့၏ ဦးခေါင်းအား လှည့်ကာ ကြည့်လိုက်မည်ဆိုလျှင် ထို အပေါက်လေးထဲတွင် ကြွက်တွင်းပဲ ရှိသည်ဟု တွေးနိုင်ပေမည်။ ကျောက်တုံးကြီးသည် အလွန်ကြီးမားလှသည်။ အက်ကွဲကြောင်းသည်လည်း အတော် နက်ရှိုးလှသောကြောင့် မမြင်နိုင်အောင် ဖုံးကွယ်လျှက် ရှိနေသည်။
ရွာထြမှ ကျောက်တုံးကြီးကို မည်သူကများ ဂရုစိုက်နေပါမည်နည်း။
အားယွီသည် အတွင်းသို့ စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ကြောက်စိတ်ကြောင့် နောက်ဆုတ်လိုက်သည်။
အာ ... အထဲမှာ မှောင်မဲနေတာပဲ
အဘယ်ကြောင့်ဆိုသော် ရုတ်တရက် ပေါ်ပေါက်လာသော ထိုတွင်းပေါက်ကြောင့် အားယွီလေးသည် သူမ၏ မိခင်ဖြစ်သူအား စဉ်းစားနေသည် လုံးဝ မေ့လျော့သွားကာ ထိုတွင်းပေါက်မှ သူမလေးအာား တိုက်ရိုက် ဆွဲဆောင်လိုက်ပါသည်။ သူမလေးသည် သွား၍ စူးစမ်းချင်ခဲ့သည်။
(လှုပ်ရှားနေတာ ရပ်လိုက် ကလေးလေး အကယ်၍ မင်း လှုပ်ရှားနေအုန်းမယ်ဆိုရင် ငါ တကယ်ကို နောက်တကြိမ် တစ်ခုခု ထပ်ဖြစ်ရင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး)
ယခု သူ၏ စွမ်းအားသည် အားလုံးနီးပါး ကုန်ဆုံးခါနီး ဖြစ်နေပြီ ဖြစ်သည်။ အသားလုံးလေး၏ အာရုံ ခံစားမှုသည် အပြည့်အဝ မဖြစ်သေးပေ။ သူသိသည်မှာ ထိုအပေါက်သည် အနည်းငယ် နက်ရှိုင်းကာအန္တရာယ်ရှိသော အရိပ်အယောင် မရှိသည်ကိုသာ သိသည်။
(မင်း အောက်ကို ဆင်းမသွားတာ ပိုကောင်းလိမ့်မယ် မင်း အမေကို စောင့်လိုက်အုန်း)
ထိုစကားကိုပြောချိန်တွင် အားယွီသည် နောက်ဆုံး အသားလုံးလေး၏ ပြောသံကို ကြားလိုက်ရသည်။ သူမသည် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ကာ
“အမေ”
ထိုအချိန်မှာပင် အပြင်တွင် ရှိနေသော လူများသည် လေးနာရီ ကြာအောင် တူးနေခဲ့ကြသည်။ ဘယ်သူမှ အားဖြင့် မတူးရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ကလေးမလေး၏ ခန္ဓာကိုယ်ကို နှစ်ပိုင်း ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
လေးနာရီအတွင်း လယ်သမား ရာပေါင်းများစွာသည် နှင်းများကို တူးကာ ဖယ်ရှားခဲ့ကြသည်။ တောင်တစ်ဝက်ကရှိ နှင်းများအား ဖယ်ရှားကာ တောင်အောက်ခြေမှာပင် ပုံထားလျှက် ကြီးမား ကျယ်ပြန့်သော ဧရိယာတစ်ခုလုံးကို ရှင်းလင်းခဲ့ကြသည်။ လျိုရှီသည် အားယွီ၏ နာမည်အား အော်ခေါ်သည်ကို မရပ်တန့်ခဲ့ပေ။ ထို့ကြောင့် ယခုအခါ သူမ၏ အသံသည် အက်ကွဲကာ ပြာနေခဲ့သည်။
“အားယွီ”
“အားယွီ”
အားယွီလေးသည် သူမ၏ နာမည်အား ခေါ်နေသည်ကို ကြားသောအခါ သူမ၏ မျက်လုံးများ အရောင် တောက်သွားခဲ့သည်။ ထိုအချိန်တွင် သူမကြားရသည်မှာ သူမ၏ အမေဖြစ်သူ အသံဖြစ်သည်။
“အမေ အမေ”
အားယွီသည် အအေးဒဏ် မခံစားရသောကြောင့် သူမ၏ အသံသည် ညဘက်တွင် ပြတ်ပြတ်သားသား ကြားလိုက်ရသည်။ လူတိုင်းသည် မထင်မရှားသော ကလေးသ့လေးအား ကြားလိုက်ရချိန်တွင် မယုံနိုင်ဖြစ်သွားကြသည်။ သူမသည် အမှန်ပင် ဒီနေရာတွင် ရှိနေသည်။ ကလေးမလေးသည် အသက်ရှင်နေသေးသည်။
ဝမ်ချွမ်းမန်သည် အစပိုင်းတွင် တူးနေရင်း စိတ်ဓာတ်ကျနေခဲ့ကာ မလှုပ်ရှားနိုင်ဖြစ်နေခဲ့သည်။ သို့သော် သူသည် အားယွီ၏ အသံလေးအား ကြားလိုက်ရချိန်တွင် သူသည် ချက်ချင်း စိတ်အား တက်ကြွသွားခဲ့သည်။
“အားယွီ သမီးလေး မကြောက်နဲ့ ဖေဖေရှိတယ် ဖေဖေ ရောက်နေပြီ ဖေဖေ သမီးကို အိမ်ပြန်ခေါ်သွားမယ်နော်”
ဝမ်ချွမ်းမိန်သည် အော်ဟစ်ကာ ပြောလိုက်သည်။
“ဖေဖေ ရှိတယ်”
အားယွီလေး၏ အသံသည် ခဏ ရပ်တန့်သွားကာ သူမ၏ လက်ကလေးကို ပါးစပ်နားတေ့ကာကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်သည်။
“ဖေဖေ”
လူတိုင်းသည် သူတို့၏ လက်ထဲမှ ကရိယာများကို အမြန်ချကာ လက်ဗလာဖြင့် အလျှင်အမြန် တူးဖော်ကြသည်။ ကလေးမလေး၏ အသံသည် အလွန် နီးကပ်နေသည်။ သူမသည် နီးစပ်သော နေရာတွင် ရှိနိုင်လောက်သည်။ ထို့ကြောင့် သူတို့သည် အမှန်တကယ်ကို ကရိယာများကို အသုံးမပြုနိုင်ပေ။ သူမလေးအား ထိခိုက်မိသွားလျှင် မည်သို့ လုပ်မည်နည်း။
သူတို့သည် တစ်ချိန်လုံး အလွန် အလုပ်များနေခဲ့ကြသည်။ ကျွမ်းကျင်သော အမျိုးသမီး တစ်ယောက်သည် ဂျင်းနှင့် မြွေသားကိုရောကာချက်ထားသည့် စွပ်ပြုတ် တစ်အိုးပြုလုပ်ပေးထားကာ လူတိုင်းသည် ထို စွပ်ပြုတ်အား သောက်ပြီးနောက် အအေးဒဏ် မခံစားရတော့ပဲ ချက်ချင်းပင် ကုန်ဆုံးသွားသော အင်အားများပင် ပြန်လည် ပြည့်ဝ လာခဲ့သည်။
လူတိုင်းသည် ကျောက်တုံးကြီးအား တူးပြီး နှင်းများထဲမှ အက်ကွဲကြောင်းနေရာနားကို ဟလိုက်ချိန်တွင် ရုတ်တရက် ကျယ်လောင်သော မိုးကျိုးပစ်သံကဲ့သို့ မြည်ဟီးသံအား ကြားလိုက်ရသည်။
“ဝုန်း ဝုန်း ဝုန်း”
“ဝုန်း ဝုန်း”
ထိုအသံသည် မြန်ဆန်ကာ အလွန် စိုးရိမ်စရာ ကောင်းပေသည်။ မိုးကျိုးထက်တာင် ပို၍ ကြောက်ဖို့ ကောင်းလှသည်။ ဆယ်ငါးမိနစ်လောက်ကာသည်အထိ မည်သူမှ မလှုပ်ရှားရဲကြပေ။ သူတို့အားလုံး ကြောက်လန့်နေခဲ့ကြသည်။
အတွေ့အကြုံရှိသာ အဖိုးအို တစ်ဘောက်သည် မျက်နှာများ ဖြူဖျော့ကာ ပြောလိုက်သည်။
“အဲ့ဒါ နှင်းထု ပြိုကျတာ”
လူတိုင်း ကြားလိုက်ရသော အသံသည် နှင်းထု ပြိုကြသံဖြစ်နေကာ တောင် တစ်ဝက်ရှိ နှင်းများ အားလုံး ပြိုကြသွားခြင်း ဖြစ်သည်။ အခုလိုကဲ့သို့ အသံများ ကျယ်နေလျှင် မည်သို့ ဖြစ်နိုင်မည်နည်း။ လူတိုင်းသည် ရှေ့ဆက် တွေးရန် မဝံ့ရဲတော့ပေ။
“ဆက်တူးကြ”
ရွာသူကြီးဟူသည် အံကြိတ်လျှက် ပြောလိုက်သည်။
ငယ်ရွယ်သော သူများသည် လျှင်မြန်စွာ ပြေးထွက်သွားကာ သူတို့သည် အခြေအနေအား ကြည့်ကာ ပြန်လှည့်လာကြသည်။ သူတို့သည် တုန်ရီနေသော အသ့ဖြင့် ပြောလိုက်သည်။
“နှင်း နှင်း”
ရွာသူကြီးဟူသည် တင်းမာ ခက်ထန်သော အသံဖြင့် အေးစက်စွာ ပြောလိုက်သည်။
“သေချာပြောစမ်း”
“နှင်းထုပြိုကြတာကြောင့် ကျွန်တော်တို့ တစ်ရွာလုံး မြှပ်သွားပြီ “
တစ်နေ့ နှင့် တစ်ည တစ်ညတာလုံး နှင်းများ သည်းထန်စွာ ကျဆင်းခဲ့သောကြောင့် နှင်းများ စုပုံလာကာ တောင်များ၏ ပခုံးသားများသည် ပတ်ပတ်လည်ရှိ နှင်းများ၏ ဒဏ်ကို မခံနိုင်တော့ပဲ ပြိုကြသွားခြင်း ဖြစ်သည်။ ဟူမိသားစု ရွာမှ အိမ်များအားလုံး မြှပ်သွားခဲ့ခြင်း ဖြစ်သည်။ အဒေါ်မာ၏ မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။ သူမသည် ချက်ချင်း ဝမ်မိသားစု အိမ်သို့ ပြန်လှည့်ပြေးတော့သည်။
“ယောကျ်ား”