← Chapters

နောက်ဆက်တွဲ အကျိုးဆက်

Vol. 1 Ch. 13

နောက်ဆက်တွဲ အကျိုးဆက်

Vol. 1 Ch. 13

ရွာထဲမှ လာနိုင်သူများ အားလုံး ရောက်လာခဲ့ကြသည်။ လှုပ်ရှားရန် မလွယ်ကူပဲ အိပ်ယာထဲတွင် လဲနေသော သက်ကြီးရွယ်အိုများမှ လွဲ၍ ကလေးလေးတွေမှအစ ချီပိုးကာ ရောက်ရှိလာြကသည်။

ထိုအရာသည် ရွာသူကြီးဟူမှ စီစဉ်ထားခြင်း ဖြစ်သည်။ သူသည် လူများအားလုံး ထွက်လာကြလျှင် အိမ်တွင် လှဲနေခဲ့ရသော အိုမင်းမစွမ်းသူများကို ဂရုစိက်ပေးရန် မကျန်တော့မည်ကို စိုးရိမ်နေခဲ့သည်။

ဝမ်မိသားစုမှ ဒုတိယသားသည်လည်း အိပ်ယာထဲတွင် မလှုပ်မရှားနေရသည့် မသန်မစွမ်း တစ်ဦးဖြစ်သည်။ သူသည် လူတိုင်းအား ဒုက္ခမပေးချင်သောကြောင့် သဘာဝအတိုင်း နောက်မှ မလိုက်လာတော့ပဲ အိမ်တွင် ကျန်နေခဲ့သည်။ လူတိုင်းသည် တူးဖော်မှုများအား ညနက်ပိုင်းတွင် စတင်၍ တူးဖော်ခဲ့ကြသည်။ ထိုတူးဖော်မှုသည် လေးနာရီကျော် ကြာမြင့်ခဲ့သည်။ ယခုအခါ ညသန်းခေါင်အား ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

ဆောင်းညသည် လွန်စွာ ရှည်လျားပြီး မိုးသောက်ချိန် ရောက်ရန် လေးနာရီခန့် လိုအပ်နေသေးသည်။ မိုးကောင်းကင်သည် မှောင်မဲနေသေးကာ အိမ်တိုင်းမှ မီးတုတ်များသည်လည်း အချိန်ကြာမြင့်ကတည်းက ငြိမ်းသွားခဲ့ပြီ ဖြစ်သည်။ သို့သော် မီးပုံများသည်တော့ ဆက်လက် တောက်လောင်နေဆဲ ဖြစ်သည်။

မီးပုံပေါ်တွင် ရေနွေးအိုး တစ်အိုး ရှိသည်။ ထိုအချိန်တွင် မြွေသားဟင်းချိုများ လုံလောက်အောင် ရှိနေခဲ့ကာ ကလေးများသည်လည်း ကန်စွန်းဉပြုတ်များအး ကိုင်ဆောင် ထားကြသည်။

ကံကောင်းစွာပင် လူတိုင်းသည် အစားအစာများအား သယ်ဆောင်လာကာ ဘေးတွင် စုပုံထားကြသည်။ ထိုသို့မဟုတ်လျှင် လူရာပေါင်းများစွာသည် မည်သည့် အစားအစာကိုမှ မစားပဲ ကြံ့ကြံ့ခံကာ တူးဖော်နိုင်မည် မဟုတ်ပေ။ သူတို့၏ ရွာ နှင်းအောက်တွင် မြှပ်သွားသည်ဟု ကြားသောအခါ ထိတ်လန့်တုန်လှုပ်သွားကြသည်။ တစ်စုံတစ်ယောက်သည် အချိန်တစ်ခု ကြာမြင့်မှ စတင်ပြောဆိုလိုက်သည်။

“အကယ်၍ ငါတို့သာ ကလေးကို ရှာဖို့ ထွက်မလာကြရင် ငါကြောက်မိတယ် ငါတို့......”

“ဝမ်မိသားစုက ဒီကလေးမလေးက ကံကောင်းတဲ့ ကလေးမလေးပဲ”

“ကံကောင်းလို့ လူတိုင်း ဒီကို ရောက်နေတာ နှင်းတွေ ပြိုကြပြီးတော့ ဒီနေရာက အလုံခြုံဆုံးပဲ “

လူတစ်ယောက်၏ မျက်နှာ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

“အိုး မဟုတ်ဘူး ငါ့အဖေ အိမ်မှာ ကျန်ခဲ့တုန်းပဲ “

ထို့နှင့် သူသည် မီးပုံထဲမှ ထင်းချောင်းတစ်ခုအား ဆွဲယူကာ အိမ်ကို အပြေးအလွှား ပြန်သွားခဲ့သည်။ လူတိုင်း အပြင်သို့ ရောက်ရှိနေသောကြောင့် သူတို့သည် သူတို့ မိသားစုမျာနှင့် လျှင်မြန်စွာ စုပေါင်းနေလိုက်ကြသည်။ ကြောက်လန့်တတ်သော လူတစ်ချို့သည် အချိန်ကြာမြင့်ကတည်းမှ ငိုယိုနေခဲ့ကြသည်။

“မငိုကြနဲ့ “

အကြီးအကဲဟူသည် တင်းမာခက်ထန်သော အသံဖြင့် ပြောလိုက်ကာ

“မင်းတို့က စောစောစီးစီး သေရမှာကို ကြောက်နေကြတာလား”

ရာသီဉတုသည် အေးလွန်းသောကြောင့် အကယ်၍ သူတို့ငိုလိုက်သည်နှင့် သူတိူ့၏ ခန္ဓာကိုယ်တွင် အပူဓာတ်များ လျော့ပါးသွားပေလိမ့်မည်။ မျက်ရည်များ မျက်နှာတွင် ခဲသွားသည်မှာ ခံစားလို့ ကောင်းလိမ့်မည် မဟုတ်ပေ။ လူတိုင်းသည် နောက်ထပ် မငိုရဲကြတော့ပေ။ အဖိုးအို ဝမ်သည် ပြောလိုက်သည်။

“အကြီးဆုံးသား တတိယသား အမြန် အိမ်ပြန်ပြီး အခြေအနေသွားကြည့်စမ်း အကယ်၍ တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ခဲ့ရင် ဒုတယချွေးမက တစ်ယောက်ထဲ ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူး”

အဖွားအိုဝမ်သည် လူတိုင်းအား ပြောလိုက်သည်။

“လူတိုင်း အားလုံး တစ်ညလုံး အ လုပ်လုပ်ပြီး ပင်ပန်းသွားကြပြီ အနားယူကြအုန်း ငါတို့ကိုယ့်ဘာကိုယ် အရင်ဆုံး အနားယူထားကြမယ် နှင်းပြိုကြပြီး နောက်ထပ် ဘာဆက်ဖြစ်မလဲဆိုတာ မသိဘူး”

လူတိုင်းသည် ထိတ်လန့်ကာ ကြောက်ရွံသွားကြသည်။ သို့သော် သူတို့သည် ထို ကောင်းချီး ကလေးငယ်လေး အား ထွက်ရှာပေးသောကြောင့် သူတိူ့ အသက်ချမ်းသာရာ ရသွားသည်ကို တွေးမိသောအခါ သူတို့သည် မည်ကဲ့သို့ အနားယူနိုင်မည်နည်း။

“ငါတို့ ကလေးစီကို တူးလို့ တွေ့ခါနီးနေပြီပဲ အတူတူ ဆက်တူးရအောင် “

“ကလေးကို အရင် ကယ်ဖို့က အရေးကြီးတယ် “

“လျိုကတော်ရေ တူးနေတာ ရပ်လိုက်ပါ ရှင့်ရဲ့ လက်တွေကို ဂရုစိုက်ပါအုန်း “

အိမ်ထောင်သည် အမျိုးသမီး တစ်ဦးမှ လျိုရှီအား ဖျောင်းဖျ ပြောဆိုလိုက်သည်။ လျိုရှီ၏ မျက်နှာသည် တောင့်တင်းနေခဲ့ကာ အပြုံးတစ်ခုကိုပင် ဖျစ်ညှစ်၍ မထုတ်နိုင်တော့ပေ။ လျိုရှီသည် ပြန်ပြောလိုက်သည်။

“ရပါတယ် ကျွန်မ ဆက်ပြီး တောင်ခံနိုင်ပါသေးတယ်”

အသားလုံးလေးသည် တစ်စုံတစ်ယောက်မှ နှင်းများအား ဆွဲယူနေသံကို ကြားသောအခါ တစ်စုံတစ်ယောက်သည် သူတိူ့အား တွေ့တော့မည်ကို သိလိုက်သည်။ ထို့ကြောင့် ဟင်းလင်းပြင်ကမ္ဘာထဲမှ နေ၍ အားယွီအား ပြောလိုက်သည်။

(တစ်စုံတစ်ယောက်တော့ ရောက်နေပြီ ငါ အကာအကွယ်လွှာကို ဖယ်လိုက်တော့မယ်)

ဟင်းလင်းပြင်ကမ္ဘာတွင် စွမ်းအင် အနည်းငယ်သာ ကျန်တော့သည်။ မည်သည့်အချိန်မှာ စွမ်းအင် ပြန်လည် ပြည့်ဝလာမည်ကို မသိပေ။

ဟင်းလင်းပြင်ကမ္ဘာထဲမှ စိတ်ဝိဉာဉ် စမ်းရေအား ကြည့်လိုက်သောအခါ အမှန်တကယ်ကိုပင် တစ်စက်ကလေးမှ မကျန်ရှိတော့ပေ။ သူ၏ သိုလှောင်နိုင်သော စွမ်းအင်များသည်လည်း လျော့နည်းသွားခဲ့သည်။

ဟူးးးးး

ဝုန်း....

လျိုရှီသည် လက်ဗလာဖြင့် တူးနေခဲ့သည့်အပြင် သူမ၏ လက်သည် တွင်းပေါက်ထဲသို့လက်ဖြင့် ထိုးသွင်းလိုက်သည်။ အေးစက်သော လေများ အတွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ အားယွီလေးသည် အအေးဓာတ်ကြောင့် တုန်ရီသွားခဲ့ကာ ချက်ချင်းပင် ကြက်သီးထသွားခဲ့သည်။

“အာ…. အမေ”

သူမ၏ အသံတောင်မှ တုန်ရီနေခဲ့သည်။ လျိုရှိသည် သူမ၏ လည်ပင်းတွင် တစ်ဆို့နေသကဲ့သို့ ခံစားလိုက်ရကာ မျက်ရည်များကို လျှင်မြန်စွာ သုတ်လိုက်လေသည်။ သူမသည် ရှင်လင်းစွာ မမြင်နိုင်သေးသော်လည်း သူမ၏ လက်များအား တောင့်တင်းစွာ ဝေ့ယမ်းလိုက်သည်။

“အားယွီလေး လိမ်လိမ်မာမာနေနော် မြန်မြန်ထွက်ပြီး အမေ့ဆီ လာခဲ့ပါ”

သူမ၏ လက်များသည် အချိန်အကြာကြီး တူးနေခဲ့သော်ကြောင့် တောင့်တင်းနေခဲ့သည်။ အားယွီလေးသည် ဆိတ်ပေါက်ကလေးအား တင်းတင်းကြပ်ကြပ် ဖက်ကာ တစ်လှမ်းချင်း လှမ်းလာခဲ့သော်လည်း သူမလေး နှစ်လမ်းလောက် လျှောက်ပြီးနောက် ပိတ်မိသွားခဲ့သည်။ သူမသည် နောက်သို့ ပြန်ဆုတ်လိုက်ကာ ဆိတ်ကလေးအား ချလျှက် အရင် ထွက်သွားစေခဲ့သည်။ ဆိတ်ကလေးသည် အပေါက်ထဲမှ ခုန်ထွက်သွားခဲ့သည်။ ထို့နောက် အားယွီလေးသည် မြေကြီးပေါ်တွင် မှောက်လျှက် အပေါ်ထဲမှ တိုးထွက်လာခဲ့သည်။

သူမလေးသည် အပေါ်သို့ မော့မကြည့်ရသေးခင်မှာပင် အားယွီလေးသည် ဆတ်ကနဲ ကောက်ချီလိုက်ခြင်း ခံလိုက်ရသည်။ လျိုရှိသည် သူမ၏ လက်အား ခွန်အားရှိသလောက် ကွေးလိုက်ကာ သူမ၏ မျက်နှာလေးအား လက်ထဲထည့်ကာ ပွတ်သပ်ပေးလိုက်သည်။ သူမသည် အားယွီလေးအား သူမ၏ လက်မောင်းအတွင်းသို့ ဆွဲယူလိုက်ကာ အေးစက်နေသော ခြေထောက်လေးများအား သူမ၏ အကျီစဖြင့် ပတ်ထားပေးလိုက်သည်။

ထို့နောက် ချက်ချင်း သူမ၏ လက်အား လေထဲသို့ မြှောက်ကာ အားယွီလေးအား ရိုက်ရန် ပြင်လိုက်သည်။

“အိုး မိန်းရေ မလုပ်ပါနဲ့ “

ဝမ်ချွမ်းမန်သည် ထိုသို့ ရိုက်ရန် လုပ်နေသည်ကို မြင်သော် အလျှင်အမြန်လာကာ ကလေးအား ဆွဲယူ၍ အဝေးသို့ ခေါ်ထုတ်ရန် ကြိုးစားလိုက်သည်။ လျိုရှီ၏ လက်သည် ညှင်သာစွာ ကျဆင်းလာခဲ့ကာ အားယွီ၏ တင်ပါးလေးအား နှစ်ကြိမ်လောက် ရိုက်လိုက်၏။ ထို့နောက် သူမသည် အားယွီလေးအား ထပ်မံ၍ ထွေးပွေ့လိုက်သည်။ သူမ၏ လက်များသည် အသည်းပေါက်မတတ် နာကျင်နေသော်လည်း သူမသည် မည်သည်ကိုမှ မခံစားရပေ။

“နင် အမေ့ကို သတ်နေတာပဲ”

လျိုရှီသည် အားယွီအား ဖက်ကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကာ တရစပ် ငိုကြွေးလိုက်တော့သည်။ သူမ ကိုယ်ဝန်ပျက်ကျသော နေ့သို့ ပြန်ရောက်သွားသကဲ့သို့ ဖြစ်နေသည်။ နှင်းများပေါ်သို့ သွေးများသည် ရေအိုင်တစ်ခုအလား သွန်ကျနေခဲ့သော မြင်ကွင်းသည် သူမ၏ မျက်လုံးထဲတွင် ပြန်လည် မြင်ယောင်လာခဲ့သည်။ သူမ၏ နှလုံးသား တစ်ခုလုံး သေသွားသကဲ့သို့ ဖြစ်နေခဲ့သည်။

နောက်ဆုံးမှာတော့....... နောက်ဆုံးမှာတော့......

“ဘာလို့ပြေးထွက်သွားတာလဲ ဘာလို့လဲ....”

လျိုရှိသည် မထိန်းချုပ်နိုင်စွာ ငိုကြွေးလိုက်သည်။ လေးနာရီကျော်ခန့် တင်းမာနေခဲ့သော သူမ၏ နှလုံးသားသည် ယခုအခါ ရုတ်တရက် ပြိုလဲပျက်စီးသွားခဲ့သည်။

“အမေ”

အားယွီလေးသည် အမှန်ပင် ကြောက်ရွံသွားခဲ့သည်။ သူမလေးသည် နောက်ဆုံးတွင် ပြသာနာရှာမိသည်ကို အမှန်တကယ် နားလည်သွားခဲ့သည်။ သူမ၏ အမေဖြစ်သူသည် အဘယ်ကြောင့် ဝမ်းနည်းစွာ ငိုကြွေးနေသည်ကို နားမလည်နိုင်ခဲ့ပေ။ ညသန်းခေါင်တွင် သူမအား သူမ၏ အမများမှ လာရောက် ခေါ်ဆောင်သည်ကိုသာ ရေးတေးတေး မှတ်မိခဲ့သည်။

သူမလေးသည် ယခုအချိန်ထက် ပို၍ ပါးသော အဝတ်အစားများကိုသာ ဝတ်ဆင်ခဲ့ကာ အရမ်းအေးနေခဲ့သော်လည်း သူမ၏ အမေသည် ဘာမှ မပြောခဲ့သလို ငိုလဲ ငိုမနေခဲ့ပေ။ သို့သော် ဆိတ်ပေါက်ကလေးသည် ဒီအချိန်တွင်တော့ ထွက်ပြေးသွားခဲသည်။ သူမ လိုက်ရှာရမည်ဖြစ်သည်။ လိုက်ကို လိုက်ရမည်။

အတိတ်တွင် သူမတွင် ဘဲကလေး တစ်ကောင်နှင့် ငှက်ကလေး တစ်ကောင် ရှိခဲ့ဖူးသည်။ပြီးနောက် ကြောင်ကလေး တစ်ကောင်လည်း ရှိခဲ့ဖူးသည်။ သူတို့အားလုံးသည် သူမ၏ ကစားဖော်များ ဖြစ်သည်။ တစ်ညတွင် ဘဲကလေးသည် ပျောက်သွားခဲ့ကာ နောက်တစ်ရက်တွင်တော့ သူမ၏ အကြီးဆုံးအမဖြစ်သူသည် ဘဲသားကို ယူဆောင်လာခဲ့သည်။ စားသောက်ပြီးနောက်တွင် သူမ၏အမဖြစ်သူသည် သူမအား ထိုအသားသည် သူမ၏ သူငယ်ချင်း ဖြစ်သူ ဘဲကလေး၏ အသား ဖြစ်ကြောင်းကို ပြောကြားခဲ့သည်။ သူမသည် ကြောက်လန့်သွားကာ နောက်ဆုံးတွင် ဖျားနာခဲ့လေသည်။

နောက်တစ်ကြိမ်တွင် ငှက်ကလေးသည် ဆိုးသွမ်းကာ ထွက်ပြေးသွားခဲ့သည်။ အကြီးဆုံး အစ်မဖြစ်သူသည် ထိုငှက်ကလေးအား တဆို့ဖြင့် ထိုးကာ အရှင်လတ်လတ် သူမ၏ ရှေ့တွင် ကင်ပြနေခဲ့သည်။

“အားယွီ ငှက်ကလေးက ဆိုးသွမ်းပြီး ထွက်ပြေးသွားတာ အစ်မက နင့်ကို ကူညီပြီး သင်ခန်းစွာ ပေးပြမယ် မှတ်ထားနော် ငါ ဒီလိုလုပ်တာ နင်ကောင်းဖို့ အတွက်ပဲဆိုတာကို “

နောက်တစ်ကြိမ်တွင် ကြောင်ကလေးဖြစ်သည်။ ကြောင်ကလေးသည် နးညံ့ကာ နွေးထွေးပြီး အဖြူရောင်ဖြစ်သည်။ ဆိတ်ပေါက်ကလေးကဲ့သို့ ပင် ဖြစ်သည်။ ကြောင်ကလေးသည် အမြဲတမ်း သူမအ တွက် အစားအစာများ ယူဆောင်လာပေးခဲ့သည်။ တစ်ခါတစ်လေ ဘန်းကိတ်များ တစ်ခါတစ်လေ ဘီစကစ် တစ်ပိုင်း နှင့် တစ်ခါတစ်လေ သေးငယ်သော ငါး အရှင်လေးများကို ယူဆောင်လာပေးခဲ့သည်။ နှင်းကျသော တစ်ညတွင် ကြောင်ကလေးသည် သူမအား သူ၏ ခေါင်းလေးဖြင့် ပွတ်သက်ကာ အပြင်သို့ ထွက်သွားခဲ့သည်။ နောက်တွင် ပြန်မလာခဲ့ပေ။

ကြောင်ကလေးသည် အကြီးဆုံးအမ၏ ခြံဝင်းထဲသို့သွားကာ သူမအား ကိုက်ခဲ့သည်။

မည်သူ ပြောသနည်း.....

“တိရစ္ဆာန်ကို ကောင်းကောင်း မမွေးနိုင်ရင် ပြီးတော့ ထွက်ပြေးသွားရင် ထပ်ပြီး မွေးစရာမလိုတော့ဘူး..”

“တစ်ယောက်ယောက်….. သေတဲ့ထိ ရိုက်သတ်ပစ်လိုက် ပြီးရင် အရေခွံခွာ….. အသားကိုတုံးပြီး ခွေးစာကျွေးလိုက်”

မည်သူပြောခဲ့သည် ဆိုသည်မှာ .....

“အဖေ အားယွီက အဲ့ဒါကို အရမ်းကြိုက်တာ ခွေးစာ မကျွေးပါနဲ့ .....ဒေါသ ပြေသွားရင် သူ့စီ ပြန်ပေးလိုက်ပါ”

နောက်ဆုံးတွင် သူမသည် ပျက်စီးနေသော အသားတုံးအား သူမရှာတွေ့စေရန် ခြင်းထဲ ထားခဲ့သည်ကို တွေ့လိုက်ရသည်။ သူမသည် နောက်ထပ် တစ်ကြိမ် ပြန်၍ ဖျားနာပြန်သည်။ သူမ၏ အကြီးဆုံးအစ်မဖြစ်သူသည် သူမ၏ အိပ်ယာရှေ့တွင် ထိုင်ချလိုက်ကာ သူမအား ပြောလိုက်သည်။

“အားယွီရေ အစ်မ နင့်ကို တစ်ခု သင်ပေးမယ်”

“နင်ပိုင်ဆိုင်တဲ့ အရာတွေကို ကောင်းကောင်း ဂရုစိုက်ရမယ်”

ရှုပ်ထွေးနေသော သူမ၏ အတွေးထဲမှ များလှစွာသော မှတ်ဉာဏ်များသည် ရောထွေးကာ ပေါ်လာလျှက်ရှိသည်။ အားယွီလေးသည် ထို မှတ်ဉာဏ်များအား ပုဝါ တစ်ထည်ဖြင့် ဖျက်ပစ်လိုက်သလိုမျိုး ရှင်းလင်းစွာ မမှတ်မိတော့ပေ။ သို့သော် သူမသေချာ မှတ်မိသည်မှာ သူမ ပိုင်ဆိုင်သော အရာအားလုံးအား သေချာ ထိန်းသိမ်း စောင့်ရှောက်ရမည် ဆိုသည်ကိုသာ ဖြစ်သည်။ ထို့အပြင် သူမ သေချာ မှတ်မိသည်မှာ သူမ၏ ကစားဖော်များသည် တစ်ယောက်ထဲ အပြင် မထွက်ရပေ။ ထိုကဲ့သို့ မဟုတ်ခဲ့ဘဲ တစ်ယောက်ထဲ ထွက်သွားမည် ဆိုလျှင် သူတို့သည် သေဆုံးမည် ဖြစ်သည်။ ထို့ကြောင့် သူမသည် ဆိတ်ကလေးနောက် လိုက်သွားကာ အိမ်သို့ ပြန်ခေါ်လာရမည် ဖြစ်သည်။

သို့သော် သူမ အမေ ငိုနေသည်ကို သူမ မမှတ်မိခဲ့ပေ။ ယခုအခါ သူမ၏ အမေသည် ငိုနေခဲ့သည်။ သူမ၏ အမှားကြောင့် ဖြစ်ပေသည်။

“အမေ”

အားယွီလေးသည် သူမ၏ မျက်ရည်များအား မငိုအောင် ထိန်းထားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ကာ နောက်ဆုံးတွင် သူမသည် မငိုအောင် မထိန်းထားနိုင်တော့ပေ။

“အားယွီ အမှားပါ အားယွီ အမှားပါ “

“အားယွီ...... အမေ့ သမီးလေး”

အမေဖြစ်သူနှင့် သမီးဖြစ်သူတို့သည် တစ်ယောက်ကို တစ်ယောက် ဖက်ကာ ခါးခါးသီးသီးဟန်ဖြင့် ငိုကြွေးကြတော့သည်။ ဆိတ်ပေါက်ကလေးသည်လည်း အားယွီ၏ ကျောကို နောက်မှ တင်းတင်းကျပ်ကျပ် ကပ်တွယ်နေခဲ့ကာ အော်မြည်နေခဲ့သည်။

“ကောင်းပြီ စတုတ္ထချွေးမ အခု ငိုရမဲ့ အချိန်မဟုတ်ဘူး”

အဖွားကြီးဝမ်သည် ဂရုမစိုက်တော့သည်ကို မြင်သောကြောင့် အဖိုးအိုဝမ်သည် ကြားဝင်၍ ပြောပေးရန်သာ တတ်နိုင်တော့သည်။ ယောက္ခထီးဖြစ်သူမှ ရှားရှားပါးပါး ပြောဆို လာခြင်း ဖြစ်သောကြောင့် လျိုရှီသည် သဘာဝ အတိုင်း နောက်ထပ် မငိုဝံ့တော့ပေ။ သူမသည် သူမ၏ မျက်နှာပေါ်မှ ခဲနေသော မျက်ရည်များအား သုတ်လိုက်ကာ အားယွီလေးအား ကောက်ချီလိုက်သည်။

အားယွီလေးသည်လည်း အငို ရပ်နေပြီ ဖြစ်သည်။ သူမသည် သူမ အမေဖြစ်သူ၏ နီရဲသော မျက်လုံးများနှင့် သူမ၏ ဖခင်ဖြစ်သူကို ကြည့်လိုက်သည်။ သူမ မှတ်မိသွားခဲ့သည်။ သူမသည် သူမ၏ လက်ကလေးအား ဆန့်ကာ သူမ ထွက်လာခဲ့သော တွင်းပေါက်ဘက်သို့ ညွှန်ပြလိုက်သည်။

“ဦးလေး တစ်ယောက်ရှိတယ် ပြီးတော့ အပေါက်ကြီး တစ်ပေါက်လဲ ရှိတယ်”

ဝမ်ချွမ်းမန်သည် သူ၏ လူများနှင့် ဆက်လက် တူးဖော်လိုက်ပြီး သူသည် အပေါ်ကထဲသို့ မီးတုတ်ကို ထည့်ပြီး ခေါင်းဝင်ကြည့်လိုက်ရာ လူတစ်ယောက်အား မြင်လိုက်ရသည်။

“လူတစ်ယောက် အထဲမှာ ရှိသေးတယ် မြန်မြန် ခဲနေတဲ့ မြေတွေကို တူးကြ ပြီးတော့ သူ့ကို ကယ်ကြရအောင် “

ဝမ်ချွမ်းမန်သည် အော်ဟစ် ပြောဆိုလိုက်သည်။ လူ အချို့သည် ပေါက်ပြားများကို ကိုင်ကာ လာကူကြသည်။ တစ်ဖက်တွင်တော့ ရွာသူကြီးဟူသည် ရွာသားများဖြင့် ပူးပေါင်းကာ ရွာရှိ မိသားစုများ၏ အခြေအနေများကို စာရင်းလုပ်နေခဲ့သည်။ ကပ်ဘေးတွင် ဖြစ်ပေါ်လာသော လက်ရှိ အခြေအနေအား သူတို့ မသိ နိုင်သေးသောကြောင့် မိုက်မိုက်ကန်းကန်း အပြုအမူမျိုး မလုပ်မိစေရန် သူတို့သည် လူတိုင်းအား နှစ်သိမ့်ပေးရုံသာ တတ်နိုင်သည်။

“ကျွန်တော့် အဖေ အိမ်မှာ ကျန်နေခဲ့တယ် သူ့ခြေထောက်က ဒဏ်ရာ ရထားတယ် ပြီးတော့ ရွာတစ်ခုလုံး နှင်းထဲ မြှပ်နေပီ သူဘယ်မှာ ပုန်းနေနိုင်ပါ့မလဲ”

တစ်စုံတစ်ယောက်သည် စိုးရိမ်တကြီး ငိုကြွေးလိုက်သည်။

“ကျွန်တော် ပြန်ရမယ် ပြီးတော့ သူ့ကို ကယ်ရမယ်”

“ကျွန်တော့် မိသားစု အားလုံးက ဒီမှာပဲ ဒါပေမဲ့ ကျွန်တော့် အိမ် ပြိုကျသွားခဲ့ရင် ကျွန်တော်တို့ မိသားစု ဘယ်မှသွားနေကြမလဲ ဘုရားရေ ကျွန်တော်တို့ အားလုံးကို အေးခဲပြီး သေအောင်သာ မြှုပ်နှံလိုက်ပါတော့ ဘာလို့များ ကျွန်တော်တို့ကို ဒီလို နှိပ်စက်ရတာလဲ”

တစ်ချို့လူတွေသည် မငိုဝံ့ဘဲ ဒေါသတကြီး အော်ဟစ်ရုံသာ တတ်နိုင်သည်။

“တော်လောက်ပြီ မိုးလင်းတဲ့ထိ စောင့်ကြ”

အကြီးအကဲဟူသည် လူများစုဝေးကာ အော်ဟစ်နေသည်ကို မြင်သော် မျက်မှောင်ကြုတ်လျှက် ပြောလိုက်သည်။

“မင်းတို့ စိုးရိမ်နေတာကို ငါသိတယ် ဒါပေမဲ့ ဒါက အလျှင်စလို ဖြေရှင်းလို့ရတဲ့ ပြသာနာ မဟုတ်ဘူး အခု ထွက်ပြေးသွားလိုက်တာနဲ့ သေဖို့စောင့်နေတာ ဘာကွာသွားမှာလဲ နှင်းထုပြိုတဲ့ အသံကို မင်းတို့ မကြားလိုက်ရဘူးလား”

“မင်းတို့ ဝမ်မိသားစု ကလေးကို ကယ်ဖို့ ထွက်လာြကလို့သာ အခုလို ဖြစ်တဲ့ အချိန်မှာ ငိုဖို့ အခွင့်ရေးရနေတာ အဲ့လိုသာ မဟုတ်ခဲ့ရင် အကူညီမဲ့ တံတားကို တစ်ဝက်လောက် ဖြတ်ပြီးသား ဖြစ်နေမှာကိုတောင် ငါကြောက်မိတယ်”

အကြီးအကဲသည် တင်းမား ခက်ထန်စွာ ဆက်ပြောလိုက်သည်။

“ဒိလိုအချိန်မှာ ကိုယ့်ဘာကိုယ် ဣန္ဒေရြရ နေတတ်အောင် လုပ်ကြစမ်း”

အသက်ရှင် ကျန်ရစ်သူများသည် အကြောက်တရားကို ကြာရှည်စွာ ခံစားလိုက်ရသည်။ သူတို့သည် မသိစိတ်အရ လျိုရှိ တင်းကျပ်စွာ ဖက်ထားသော ဝမ်မိသားစုမှ ကလေးမလေးအား ကြည့်လိုက်မိကြသည်။ သူမကြောင့်သာ မဟုတ်ခဲ့လျှင် ရွာတွင် လူမည်မျှ ကျန်ခဲ့လိမ့်မည်နည်း။ နှင်းထုပြိုကျခြင်းမှ မည်မျှ အသက်ရှင်နိုင်ကြမည်နည်း။

သူမလေး အသက်ရှင်နေသည်မှာ ရွာသားများမှ လျှင်မြန်စွာ ကယ်ဆယ် နိုင်သောကြောင့်လော သို့မဟုတ် သူမ၏ မွေးရာပါ ကောင်းချီးကြောင့်လော။ ထိုအခိုက်အတန့်တွင် လူတိုင်းသည် အတွေးကိုယ်စီဖြင့် တွေးနေကြသည်။

တစ်ဖက်တွင်တော့ ဝမ်ချွမ်းဖူသည် ဝမ်ချွမ်းကွေ့အား သယ်ဆောင်လာခဲ့ကာ ဝမ်ချွမ်းယွမ်သည် သူ ယူဆောင်လာသော စောင်အား မြေပြင်ပေါ်တွင် ဖြန့်ခင်းလိုက်ကာ ဝမ်ချွမ်းကွေ့အား တင်စေလိုက်သည်။

“အိမ်မှာတော့ နှင်းထဲ မြှပ်သွးတဲ့ ကြက်ခြံတစ်ခုရှိတယ် ကျန်တာတော့ အကုန် အဆင်ပြေပါတယ် ဒါပေမဲ့ ဒုတိယအစ်ကို ကို အဲ့မှာ မထားခဲ့နိုင်လို့ ဒီကို ခေါ်လာခဲ့လိုက်တယ် တစ်ခုခု ဖြစ်ခဲ့ရင် ဆိုးဆိုးရွားရွား ထိခိုက်လိမ့်မယ်”

ဟု ဝမ်ချွမ်းယွမ်သည် ပြောလိုက်၏။ သူ၏ စကား ဆုံးသောသောအခါ တစ်စုံတစ်ယောက်သည် ကျောက်တုံးနောက်မှ လူတစ်ယောက် အား ထမ်းလာခဲ့သည်။ ထို့နောက် သူသည် တစ်စုံတစ်ယောက်မှ ပြောသံကို ကြားလိုက်ရသည်။

“ဘုရားရေ ဒီမှာ တွင်းပေါက် တစ်ပေါက်ရှိတယ် ဒီတွင်းပေါက်က နွေးလိုက်တာ မြန်မြန် ငါ့ကို မီးတုတ် တစ်ခု ယူလာပေးစမ်းပါ တစ်ယောက်လောက် ငါနဲ့ အတူ လာကြည့်ပါအုန်း”

All Chapters