← Chapters

လှိုဏ်ဂူ

Vol. 1 Ch. 14

လှိုဏ်ဂူ

Vol. 1 Ch. 14

ကြီးမားသော ကျောက်တုံးကြီးအောက်တွင် အပေါက် တစ်ပေါက်ရှိနေကာ အထဲတွင်နွေးနေသည်ဟု ပြောသံကို ကြားသောအခါ ရွာသူကြီးဟူသည် လူငယ် တစ်ချို့အား နည်းနည်း ထပ်တူးခိုင်းလိုက်သည်။ ကျောက်တုံးကြီးသည် အလွန် ကြီးမားလှသည်။အကယ်၍ တူးဖော်တာများသွားခဲ့လျှင် ကျောက်တုံးကြီးသည် လိမ့်ကျကာ တစ်စုံတစ်ယောက်အား ထိခိုက်မိမည်ကို စိူးရိမ်သောကြောင့် သူသည် ကျောက်တုံး၏ တစ်ဖက်မှ ရိုးရှင်းစွာ တူးခိုင်းလိုက်သည်။ တစ်ဒါဇင်ခန့်ရှိသော လူငယ်များသည် ကျောက်တုံးကြီးအား ထိုတွင်းထဲသို့ တွန်းချလိုက်သည်။

အားလုံး၏ ရှေ့တွင် လှိုဏ်ဂူတစ်ခု၏ ပုံစံပေါ်ထွက်လာခဲ့သည်။ ရွာသူကြီးဟူသည် သူ၏ လက်ထဲမှ မီးတုတ်ကို မြှောက်လိုက်ကာ ပြောလိုက်သည်။

“သွား မြက်ကြိုးတွေကို သုံးပြီး ချိတ်ဆက်လိုက်ကြ လူတိုင်း တန်းစီပြီ ဝင်ကြ ငါရှေ့က ဝင်မယ်”

လူတိုင်း၏ စိတ်နှလုံးသားသည် ရွာသူကြီးဟူ ရှေ့မှ ဦးဆောင်ကာ လှိုဏ်ဂူထဲ ဝင်သွားသည်ကို ကြည့်ကာ တင်းကျပ်သွားကြသည်။ ၁၀မိနစ်ခန့် ကြာသောအခါ ထို ဝင်သွားသော လူစုသည် နောက်ဆုံးတွင် ပြန်ထွက်လာကြသည်။ ရွာသူကြီးဟူသည် သူ၏ စိတ်လှုပ်ရှားမှုကို သေချာ မဖိနှိပ်နိုင်ခဲ့ပေ။

“ရှေးဘိုးဘေးတွေက အခက်အခဲတွေကို ရှောင်ဖို့ မြေအောက်မှာ နေခဲ့ကြတာ အထဲကနေရာက လုံလောက်အောင် ကျယ်တယ် အရည်ချင်းရှိတဲ့ မိန်းမ တစ်ချို့နဲ့ သန်မာတဲ့ လူငယ် တစ်ချို့ အောက်ဆင်းပြီး အဲ့နေရာကို သန့်ရှင်းရေး သွားလုပ်လိုက်ကြ”

မြေအောက်တွင် အလွန် ကျယ်ဝန်းသော လှိုဏ်ဂူကြီး တစ်ခုရှိနေခဲ့သည်။ ထိုလှိုဏ်ဂူကြီးသည် သေချာပြင်ဆင်ထားခြင်းတော့ မဟုတ်ပေ။ ကျောက်စားပွဲအချို့ ကျောက်ထိုင်ခုံ အချို့နှင့် ကျောက်အိပ်ယာ အချို့တို့ ရှိသည်။ ထိုအရာများသည်လည်း အများကြီး မရှိပဲ နှစ်ဆယ် သုံးဆယ်ခန့်သာ ရှိသည်။

အထဲတွင် သိုလှောင်ထားသည် များရှိသော်လည်း အချိန်ကြာမြင့်နေပြီ ဖြစ်သောကြောင့် စားသုံး၍ မရတော့ပေ။ ထိုအပြင် ရွံဖြင့် ပြုလုပ်ထားသော သုံးလို့မရတော့သည့် မြေအိုးအချို့နှင့် ပန်ကန်လုံးများလဲ ရှိနေသည်။ တစ်ခြားအရာများသည် သုံး၍ မရတော့ပေ။ ထို့အပြင် အပြင်ဘက်နှင့် နှိုင်းယှဉ်လိုက်လျှင် မသိနိုင်သော ဆောက်လုပ်ရေး နည်းပညာအချို့ကြောင့် ဂူအတွင်းပိုင်းသည် နွေရာသီကဲ့သို့ နွေးထွေးနေခဲ့သည်။ထိုဂူထဲတွင် လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ထားသောကြောင့် မွန်းကျပ်သလိုမျိုးလည်း မခံစားရပေ။

ထိုအချိန်တွင် မည်သူမှ အခြားအရာများအား ဂရုမစိုက်နိုင်ကြပေ။ လူတိုင်းသည် ချက်ချင်း အုပ်စုတစ်စုကို ထိုနေရာအား သန့်ရှင်းရေးလုပ်ရန် ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် သူတို့သည် မီးတုတ်များအား ကျောက်စင်မြင့်များတွင် ထိုးစိုက်လိုက်ကြသည်။ အခုဆိုလျှင် အရင်ကထက်ပို၍ အလင်းရောင်ရှိသွားပြီ ဖြစ်သည်။ အသက်အရွယ် ကြီးရင့်သူများ အမျိုးသမီးများနှင့် ခန္ဓာကိုယ် အားနည်းသူအချို့ကို အတွင်းသို့ ဝင်ကာ ကျောက်အိပ်ယာများပေါ်တွင် အနားယူစေခဲ့သည်။

မသန်မစွမ်းဖြစ်နေသော ဝမ်ချွမ်းကွေ့ တစ်ယောက်မှ လွဲလျှင် အခြားသူများတွင် မည်သည့် စောင်မှ မပါလာခဲ့ပေ။ ကံကောင်းစွာဖြင့် အထဲတွင် မအေးသောကြောင့် ခဏတာ နေထိုင်ရန် အဆင်ပြေနိုင်သည်။ လူတိုင်း အထဲသို့ ဝင်ရောက်ပြီးနောက်တွင် နွေးထွေးမှုကို ခံစားလိုက်ရသောကြောင့် သူတိူ့၏ အမူအရာများသည် အရင်ထက်စာလျှင် ပို၍ ကောင်းမွန်လာကြသည်။ တတိယအဒေါ်ဟူသည် သူ၏ မြေးလေးအား ချီလာကာ ဟူဆန်အား ပြောလိုက်သည်။

“အခုအချိန်မှာ ငါတို့ တကယ်ပဲ ဝမ်မိသားစုအပေါ်ကို ကျေးဇူးကြွေး အကြီးကြီး တင်နေမိပြီ “

ဟူဆန်သည် စိတ်ဓာတ်ကျစွာ ငြီးငြူလိုက်သည်။ ကံကောင်းစွာဖြင့် အစပိုင်းတွင် သူသည် သူ၏ ဇနီးမှ ဝမိမိသားစုအား ကူညီချိန်တွင် မတားမိခဲ့ပေ။ ထိုအပြင် သူကိုယ်တိုင်သည်လည်း နှင်းများအား တူးဖော်ရာတွင် ချက်ချင်း အပြေးအလွှား ကူညီ တူးဖော်ပေးခဲ့သေးသည်။ ထို့သို့မဟုတ်ခဲ့လျှင် သူသည် သူ၏ ကိုယ့်လိပ်ပြာ ကိုယ် လုံလိမ့်မည် မဟုတ်ပေ။

တစ်ချိန်ထဲမှာပင် လူတိုင်းသည် အားယွီလေးအကြောင်း တွေးနေကြသည်။ အကယ်၍ သူမလေးကြောင့်သာ မဟုတ်ခဲ့လျှင် သူတို့သည်နှင်းထု ပြိုကြချိန်တွင် ရှောင်နိုင်မည် မဟုတ်ဘဲ ထိုတွင်းပေါက်ကိုလည်း မည်သည့်အခှ ရှာတွေ့လိမ့်မည် မဟုတ်ပေ။

အရင်က ပြေးထွက်သော လူအချို့သည် ပြန်ရောက်လာကာ တစ်ချို့သည် အပြင်ကို ထွက်ချင်ကြသည်။

“ကျွန်တော် အပြင်ကို သွားကြည့်ချင်တယ် အကယ်၍ ကျွန်တော့် အိမ်သာ နှင်းအောက် မြှပ်သွားခဲ့ရင် ကျွန်တော့်အဖေ......”

“ငါလဲ တူတူပဲ မြွေသားတွေနဲ့ အစားအစာအားလုံး အိမ်ထဲမှာ သော့ခတ်ထားခဲ့တာ.....”

“အာရုံတက်လာအောင် ခဏစောင့်လိုက်ကြ အခုအချိန်က အရမ်း အန္တရာယ်များတယ် အပြင်မှာ မှောင်နေပြီးတော့ နှင်းကလည်း အရမ်းကျနေတာ အန္တရာယ်ရှိတာတွေကို မလုပ်ကြနဲ့”

ရွာသူကြီးဟူသည် လေးလေးနက်နက် ပြောကြားလိုက်ကာ

“မင်းတို့ မိသားစုတွေနဲ့ အစားအစားတွေကို စိုးရိမ်နေတယ်ဆိုတာ ငါသိတယ် အခု စိုးရိမ်နေလို့လဲ အပိုပဲ ငါတို့ အာရုံတက်ချိန်ထိ စောင့်ဖိုလိုတယ်”

စိတ်မရှည်ဖြစ်နေသော လူအချို့သည် လူအုပ်မှ တားဆီးထားနေသောကြောင့် တစ်ခြားသူများနှင်အတူ စောင့်နေရန်သာ တတ်နိုင်သည်။ ရွာထဲတွင် လူ ၇၀၀ ကျော်ရှိနေခဲ့ပြီး သူတို့အားလုံးအား မြေအောက်ဂူထဲတွင် တိုးဝှေ့နေစေခဲ့သည်။ နည်းနည်း ပြည့်ကျပ်နေခဲ့သည်။

ဝမ်မိသားစုသည် လူဦးရေများပြားကာ ထို့အပြင် သူတိူ့ထဲတွင် မသန်မစွမ်း တစ်ယောက်ပါရှိနေသောကြောင့် ကျောက်အိပ်ယာပါသော အခန်ငယ်လေးတစ်ခန်းအား နေရာ သတ်မှတ်ကာ ပေးထားခဲ့သည်။

“အပြင်မှာ ဘာတွေဖြစ်နေမလဲ ကျွန်မ သိချင်လိုက်တာ တစ်ယောက်မှ နှင်းအောက်မြှပ်နေတာမျိုး ဖြစ်မနေဖို့ မျှော်လင့်ပါတယ်"

အဒေါ်ဖန်သည် အားယွီလေးအား လှည့်ကြည့်ကာ ပြောလိုက်သည်။ သူမလှည့်ကြည့်လိုက်ချိန်တွင် အားယွီလေးသည်လည်း သူမအား ပြန်ကြည့်နေသည်ကို မြင်သောကြောင့် အကူညီမဲ့စွာ ပြုံးပြလိုက်သည်။

“ဘာပဲပြောပြော အားယွီလေးက လူတိုင်းကို ထပ်ပြီး ကယ်တင်လိုက်ပြန်ပြီ “

အဒေါ်ကျန်းသည်လည်း ပျော်ရွှင်စွာ ပြောလိုက်သည်။

“ဟုတ်တယ် ဟုတ်တယ် ငါတို့ အားယွီလေးက နတ်သမီးလေး တစ်ပါး ပြန်ဝင်စားတာနေမယ် ရက်အနည်းငယ်ပဲ ရှိသေးတယ် သူက လူတွေကို အများကြီး ကူညီပြီးပြီ ဘာပြောပြော ဒီဂူကို ရှာတွေ့တာလည်း အားယွီလေး ကျေးဇူးနဲ့ရှာတွေ့ခဲ့တာပဲ အဲ့လိုမှ မဟုတ်ရင် လူတိုင်းက နှင်းပြိုကျတာကို ရှောင်နိုင်ရင်တောင် သွားစရာမရှိရင် လူဘယ်လောက်များ အေးခဲပြီး သေသွားကြမလဲ”

ယခုကဲ့သို့ နှင်းများ ကျနေသော ညမျိုးတွင် မီးပုံအများအပြား ဖိုထားသော်လည်း ထင်းများသည် တစ်ချိန်ချိန်တွင် ကုန်သွားမည် ဖြစ်သည်။ အအေးဒဏ်မှ အကာအကွယ်ပေးနိုင်သော အရာတစ်ခု မရှိလျှင် လူတိုင်းသည် အေးခဲ၍ သေသွားမည်ကိုသာ စောင့်ဆိုင်းနေကြရလိမ့်မည် ဖြစ်သည်။

အမျိုးသမီးများသည် စတင်၍ စကားများ ဖောင်ဖွဲ့လာကြသည်ကို မြင်လျှင် အဖွားအိုဝမ်၏ အသံသည် ချက်ချင်း အေးစက်သွားကာ ပြောလိုက်သည်။

“စကားပြောတာ ရပ်ကြစမ်း အကယ်၍ နင်တို့ အဲ့လောက် အားယားနေကြရင် နင်တို့ရဲ့ ခွေးမျက်စိကို ပိတ်ပြီး အိပ်ကြတော့ နင်တို့အရင် ဘဝမှာ လျှာတွေ ဆွဲထုတ်ခံလာရတာလား ဒီဘဝမှာ စကားပြောလို့ကို မပြီးနိုင်ကြတော့ဘူး”

အဒေါ်ဖန်သည် အသံကိုနှိမ့်ကာ ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ အမေ”

အဒေါ်ကျန်းသည် သူမ၏ ပါးစပ်အား ထိကာ ပါးစပ်ပိတ်နေသယောင် ဆောင်လိုက်သည်။ အဖွားအိုဝမ်သည် သူတို့၏ တုံ့ပြန်မှုအား အမှန်တကယ် အလေးအနက်မထားခဲ့ပေ။ သူမသည် စိုးရိမ်လျှက် ရှိသည်။

အားယွီနှင့် ပတ်သက်၍ အမှန်တကယ် တစ်စုံတစ်ရာ မှားယွင်းနေသည်လား........

လူတိုင်းပြောကြသည်မှာ မသေမျိုးလောကမှ နတ်သမီးတစ်ပါးသည် သေမျိုးလောကသို့ ဆင်းသက်လာခဲ့လျှင် အနာဂတ်တွင် ပြန်လည် အဖမ်းဆီး ခံရလိမ့်မည်ဟု ပြောကြသည်။ သူတိူ့၏ အားယွီလေးသည် ပြန် အဖမ်းခံရမည် မဟုတ်ပေ။ ဟုတ်တယ်မလား...

အဖမ်းခံရသော နတ်သမီးသည် အပြစ်ပေးခံရသည်ဟု ပြောကြသည်။ အဖွားအိုဝမ်သည် အားယွီလေးအား ဘုရားလောင်းမှ စေလွှတ်သည်ဟု တစ်ကြိမ် တစ်ခါမျှ မတွေးမိခဲ့ချေ။ ဘယ်လို ဘုရားလောင်းသည် ဒီလိုကလေး တစ်ယောက်အား ယခုလို နှိပ်စက်နိုင် ပါမည်နည်း။ ကလေးလေးသည် မည်မျှ ပိန်ပါးနေသည်ကို ကြည့်ပါ။ သူမသည် အခခုထိတိုင် ကြောက်လန့်နေတုန်းဖြစ်သည်။ သူမလေးသည် အလွန် ပြင်းထန်သော ပြစ်မှုတစ်ခုအား ခံစားခဲ့ရသည်။

ထို မကောင်းတဲ့ အရာများသည် တစ်နေကုန် ချီးမွန်းရန်သာ တတ်ကြသည်။ မိုးကောင်းကင်ပေါ်ရှိ မသေမျိုး အင်မော်တယ်များသာ ထိုစကားများအား ကြားသွားခဲ့လျှင် မည်ကဲ့သို့ ဖြစ်သွားမည်နည်း။

ရွာသူကြီးဟူသည် ရွာမှ မိသားစုဝင်များအား လူဦးရေ စစ်နေချိန်တွင် သူသည် သမားတော်ဟူ၏ မိသားစုမှ ၁၃နှစ်အရွယ် သမားတော်ဟူ၏ သားလေးအား ခေါ်ဆောင်သွားခဲ့သည်။

ဟူရှောင်တုံးသည် အစ၌ သူ၏ မိသားစုများနှင့် ရှိနေချိန်တွင် ရုတ်တရက် ရွာသူကြီးဟူသည် သူ၏ လက်ကောက်ဝတ်မှ ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်။ ထို့ကြောင့် အံ့အားသင့်သွားကာ ပြောလိုက်သည်။

“အဘိုး ရွာသူကြီး ဘယ်ကိုသွားမလို့လဲ “

“သတိမေ့နေတဲ့သူက သေလုနီးပါးဖြစ်နေတယ် သူ့ကို ခဏသွားကြည့်လိုက်အုန်း”

ရွာသူကြီးဟူသည် မျက်မှောင်ကြုတ်လျှက် ပြောလိုက်သည်။ ထိုလူ၏ နောက်ကြောင်းအား မည်သူမှ မသိသော်လည်း ဒီအတိုင်း သေဆုံးသွားခွင့် မပြုနိုင်ပေ။ ဟူရှောင်တုံးသည် သူ၏ လက်အား ဝေ့ယမ်းလိုက်ကာ

“မလုပ်ပါနဲ့ မလုပ်ပါနဲ့ အဖိုးရွာသူကြီး ကျွန်တော်က အလုပ်သင် ကာလကိုတောင် အခုထိ ပြီးသေးတာ မဟုတ်ဘူး ကျွန်တော့် အဖေကလည်း ဘာမှ သေချာ သင်ပေးရသေးတာ မဟုတ်ဘူး”

“မင်းက အခုချိန် တစ်ရွာလုံးမှာ ဆေးပညာအကြောင်းသိတဲ့ တစ်ယောက်ထဲသော သူပဲ မင်းအဖေက ရှန်ယန်းရွာကို သွားတာ အခုထိ ပြန်မလာသေးဘူး အဲ့ဒါကြောင့် မင်း တစ်ယောက်ထဲပဲ လုပ်နိုင်လိမ့်မယ် တစ်ချက်တော့ လိုက်ကြည့်လိုက်ပါ အကယ်၍ မင်း မလုပ်နိုင်တော့ရင်လဲ မေ့လိုက်ပါ”

ဟူရှောင်တုံးသည် သူ၏ နှလုံးသားထဲမှ ငြီးတွားရင်း စိတ်ကိုတင်းကာ သွားကြည့်ရန် လိုက်သွားလိုက်သည်။ သူသည် လူနာ၏ ခန္ဓာကိုယ်က စိုနေသည်ကို မြင်လိုက်ရသည်။ ဖြစ်နိုင်သည်မှာ အစက နှင်းများအား သေချာ မဖယ်ရှားထားသောကြောင့် ဖြစ်ပေမည်။ ယခုအခါ နှင်းများ ပျော်ကြကာ တစ်ကိုယ်လုံး ရွဲနစ်နေတော့သည်။ ယခုကဲ့သို့ ဖျားနာနေခဲ့လျှင် သေဆုံးရန် လွယ်ကူနိုင်သည်။ သူသည် ထိုလူ၏ နဖူးအား စမ်းလိုက်သည်။ အလွန် ပူနေကြောင်း တွေ့လိုက်ရသည်။

“ရွာသူကြီး ဒီလူက ဖျားနေပြီ ကျွန်တော့် အဖေရဲ့ ဆေးသေတ္တာအပိုကလည်း အိမ်မှာ ရှိနေတယ် အဲဒါကြောင့် ကျွန်တော်တို့ ပြန်ယူရလိမ့်မယ် “

သမားတော်ဟူ၏ အိမ်သည် ဝေးကွာသောကြောင့် နှင်းပြိုကျချိန်တွင် သက်ရောက်မရောက် မသိနိုင်ပေ။ ရွာသူကြီးဟူသည် စိုးရိမ်သွားသည်။ ထိုပြသာနာကို မည်သို့ ဖြေရှင်းရမည်ကို စဉ်းစားနေချိန်တွင် ကလေးမလေး၏ အသံအား ကြားလိုက်ရသည်။

“ရွာသူကြီး ဖျားနေတာကို နှင်းကိုသုံးပြီး ကုသလို့ ရတယ်”

အောက်ကို ငုံ့ကြည့်လိုက်ချိန်တွင် အားယွီမှလွဲရင် တစ်ခြားသူ မဟုတ်ချေ။ အားယွီလေးသည် အသားလုံးလေးမှ သူမကယ်ခဲ့သော ဦးလေးအား သွားရောက်ရန် တွေ့ရန် တွန်းအား ပေးခဲ့ခြင်း ဖြစ်သည်။ ပြီးနောက်တွင် သူမသည် တစ်စုံတစ်ယောက် ဖျားနေသည်ဟု ကြားသောအခါ လျှောက်လာခဲ့ လိုက်တော့သည်။

အတိတ်တွင် သူမ အပြင်းဖျားနေချိန်တွင် တစ်စုံတစ်ယောက်သည် သူ၏ စောင်အောက်တွင် နှင်းများထည့်ပေးခဲ့ကာ နောက်ပိုင်း သူမ သက်သာလာခဲ့သည်။

အဲ့ဒါ အဆင်ပြေနိုင်တယ် မလား ဟုတ်တယ်မလား

သူမ မမှတ်မိတော့သော်လည်း ထိုအခြေအနေတွင် နှင်းသည် သေချာပေါက် အလုပ်ဖြစ်ပေလိမ့်မည်။

ဟူရှောင်တုံးသည် သူ၏ နဖူးအား ရိုက်လိုက်ကာ သတိရသွားရင်း ပြောလိုက်သည်။

“ပုဝါကို နှင်းထဲမှာ နည်းနည်း နှစ်ထားလိုက် နဖူးမျာ အေးအောင် ထားလိုက်ပြီးရင် အဲ့ဒါက အပ်စိုက်မှတ်တွေကို နှိုးဆွပေးတာမှာ သက်ရောက်မှု အချို့ ရှိတယ်”

ထို့နောက် သူသည် နောက်လှည့်ကာ နှင်းအား ရှာဖွေရန်အတွက် ဂူအပြင်ကို ထွက်သွားလိုက်သည်.။

(သူ ဒီအတိုင်းသာ ဆက်လုပ်နေရင် ဒီလူနာတော့ အပူလွန်ပြီး ဦးနှောက် ကျက်သွားလိမ့်မယ် ဟင်းလင်းပြင်ကမ္ဘာထဲက မြေကြီး လက်တစ်ဆုပ်လောက်ကို ယူပြီး လူနာလက်ထဲ ထည့်ပေးထားလိုက်)

ဟင်းလင်ပြင် ကမ္ဘာထဲတွင် တစ်ဝက်သည် မြေဆီလွှာ ဖြစ်ကာ တစ်ဝက်သည် အထူးပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ စိတ်ဝိဉာဉ် စမ်းရေဖြင့် နှိုင်းယှဉ်ရလျှင် ဟင်းလင်းပြင်ကမ္ဘာမှ မြေဆီလွှာသည် ပို၍ တန်ဖိုးရှိလေသည်။ ထို့အပြင် မြေကြီးအား ထုတ်ယူလိုက်လျှင် သူ၏ အာနိသင်သည် လျှင်မြန်စွာ ပျောက်ကွယ်သွားမည် ဖြစ်သည်။ သို့သော်လည်း ယခုလို အချိန်မျိုးတွင် စိတ်ဝိဉာဉ် စမ်းရေအား သုံးခြင်းသည် အလုပ်မဖြစ်ပေ။

အားယွီလေးသည် စမ်းရေအား မပေးချင်သော်လည်း ထိုသူအား မြေကြီး နည်းနည်း ပေးရမည်ကို စိတ်မရှိပေ။ နေရာတိုင်းတွင် မြေကြီးများရှိနေသည်။ ထို့အတွက် ပေးရမည်ကို နှမြောတွန့်တိုခြင်း မရှိပေ။

အားယွီသည် ထိုသူ၏ လက်အတွင်းသို့ မြေကြီး အနည်းငယ်ကို လျှင်မြန်စွာ ထည့်ပေးလိုက်ကာ ရှေ့ကို ခုန်ပေါက်လျှက် ဝမ်ဝူလန် စောင့်နေသော နေရာစီသို့ သွားလိုက်သည်။

“ပဉ္စမအစ်ကို သွားရအောင်”

သူတို့မိသားစုသည် အလွန် ပင်ပန်းနေကြသောကြောင့် စကား အနည်းငယ် ပြောကာ အိပ်ပျော်သွားကြသည်။ တစ်ညလုံး စိုးရိမ်နေသော လျိုရှိသည်လည်း မခံနိုင်တော့ပဲ အိပ်ပျော်သွားတော့သည်။ အားယွီလေးသည် လမ်းလျှောက်ချင်သည်ဟု ပြောသောကြောင့် ပဉ္စမအစ်ကိုအား သူမနှင့် လိုက်ရန် စီစဉ် ပေးလိုက်သည်။

သူသည် အားယွီအား အာရုံအပြည့်အဝ စိုက်ထားခြင်း ဖြစ်သည်။ ထိုအချိန် သူမလေးသည် သူစိမ်း တစ်ယောက်၏ လက်ထဲ ပစ္စည်း အချို့ ထိုးထည့်နေသည်ကို မြင်လိုက်ရချိန်တွင် သူသည် အကူညီမဲ့စွာဖြင့် ပြောလိုက်သည်။

“ညီမလေး အားယွီ တစ်ခြားသူရဲ့ လက်ထဲ ဘာလို့ မြေကြီးတွေ ထိုးထည့်နေရတာလဲ”

(မြေကြီး အကြောင်း မပြောနဲ့)

“နတ်သူငယ်လေးက သမီးကို မပြောခိုင်းဘူး”

အားယွီသည် လေးလေး နက်နက် ပြန်ပြောလိုက်သည်။

အသားလုံးလေး “.........”

ပဉ္စမအစ်ကို ဖြစ်သည်မှ ပြန်မေးလိူက်သည်။

“ဘယ်က နတ်သူငယ်လေးလဲ”

အားယွီလေးသည် သူ့အား လစ်လျူရှုပြီးသား ဖြစ်နေခဲ့သည်။ သူမလေးသည် ငုတ်တုတ်လေးထိုင်ချလိုက်ကာ သူမ၏ ပေါင်အား ပွတ်သပ်နေသော ဆိတ်ပေါက်ကလေးအား ပွေ့ဖက်လိုက်သည်.။

သူတို့ နှစ်ဦးသည် ဝမ်မိသားစု ရှိရာသို့ ပြန်လာခဲ့ကြသည်။ အားယွီလေးသည် ဆိတ်ပေါက်ကလေးအား ချီကာ မြေပြင်ပေါ်တွင် ခင်းထားသော စောင်ပေါ်တွင် ထိုင်ချလိုက်သည်။ အကိုများသည် သူအား ဝန်းရံနေကြသည်။ အရမ်းအေးမနေသော်လည်း သူတို့သည် သူမ၏ ပတ်ပတ်လည်တွင် ထိုင်ကာ ပတ်ဝန်းကျင်မှ ဝင်ရောက်လာသော လေများအား တတ်နိုင်သမျှ သူမအတွက် ကာကွယ်ပေးထားလိုက်ကြသည်။

သန့်ရှင်းရေးလုပ်နေသော အမျိုးသမီး တစ်ားသည် ထိုသို့ ဖြစ်နေသည်အား မြင်သော် သူမ၏ အရမ်းမထူသော အပြင်ဝတ်ရုံ အားချွတ်ကာ မြေပြင်ပေါ်တွင် ခင်းပေးလိုက်သည်။ သူမသည် ဂူထဲတွင် အလုပ်လုပ်နေချိန်တွင် ခဏတာအတွင်း ချွေးများ ထွက်လာသောကြောင့် ထပ်ဝတ်ရန် မဖြစ်နိုင်တော့ချေ။

“ကလေး မြေကြီးက အေးတယ် အဒေါ့် အကျီအပေါ်မှာ ထိုင်လိုက်နော်”

တစ်ခြား တစ်ဦးသည်လည်း သူ၏ ခြေထောက်တွင် ဖုံးအုပ်ထားသော ဒူးကာများအားချွတ်ကာ ပြောလိုက်သည်။

“ဒါတွေက သိပ်မထူပေမဲ့ လေကိုတော့ ကာပေးနိုင်ပါတယ်”

တစ်ယောက်ပြီး တစ်ယောက် အားယွီလေးအား ပေးပြီးနောက်တွင် အားယွီလေးတွင် အမျိုးစား ပစ္စည်း အစုံဖြင့် ပြုလုပ်ထားသော အိပ်ယာလေး တစ်ခု ရရှိသွားတော့သည်။

အားယွီလေးသည် တစိမ်းများအား ကြောက်သောကြောင့် တိုက်ရိုက် လက်မခံရဲချေ။ ထိုသည်ကို အကိုတစ်ယောက်မှ မြင်သွားသောအခါ မတ်တပ်ရပ်လျှက် ကျေးဇူးတင်စကားပြောကာ တစ်ယောက်ချင်းစီမှ ပစ္စည်းများအား သူမကိုယ်စား လက်ခံထားလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

“ငါတို့ကို ဘာကြောင့် ကျေးဇူးတင်နေတာလဲ ကျေးဇူးတင်ရမယ့်သူတွေက ငါတို့ပါ”

သူတို့သည် ဤနည်းဖြင့်သာ ကျေးဇူးတင်ကြောင်း ပြသနိုင်သည်ဖြစ်ပြီး ထိုအရာအား လက်ခံလိုက်သည်က ပို၍ ယဉ်ကျေးပေသည်။ အာရုံတက်ရန် နှစ်နာရီသာ လိုတော့သော်လည်း သူတိူ့တွက်တော့ ရှည်ကြာလွန်းလှသော ညတစ်ည ဖြစ်နေပေသည်။ အားယွီလေးသည် မျက်လုံးများ ထပ်၍ ဖွင့်လိုက်ချိန်တွင် အုတ်အော်သောင်းနင်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“မြန်မြန် လူတွေကိုကယ်ကြအုန်း”

“အရင်ဆုံး အစားအစာတွေကို ယူလာခဲ့ကြ အိုက်ယား ဒီလိုအချိန်မှာ ဘယ်သူ့ပစ္စည်း နည်းတယ် များတယ် ခွဲမနေကြနဲ့”

“ကလေးတွေကို အတူတူ စုထားကြ ပတ်ပြေးမနေစေနဲ့အုန်း”

“ဟူရှောင်တုံး ခြေဦးတည့်ရာ သွားမနေနဲ့ ဒီမှာပဲနေ ငါတို့ မင်းအဖေကို ပြန်ခေါ်လာပေးမယ် သူတို့ ရှန်ယန်းရွာက ငါတို့ကို ဒီလို အနိုင်ကျင့်လို့ရမယ်လို့ တွေးတောင် မတွေးလိုက်နဲ့ “

All Chapters