← Chapters

အခန်း (၃၂၅၁-၃၂၅၅)

Vol. 166 Ch. 3251-3255

အခန်း (၃၂၅၁-၃၂၅၅)

Vol. 166 Ch. 3251-3255

Chapter 3251

ပတ်ဝန်းကျင်ရှိ လူများသည် အလွန်စိတ်အနှောက်အယှက်ဖြစ်သွားကာ စစ်သူတော်စင်၏ဆက်ခံသူများထံတွင်လည်း ဒေါသထွက်နေသော မျက်နှာအမူအယာများ ရှိနေသည်။

လုယွီသည် သူတို့ကို အထင်အမြင်သေးနေခြင်းမှာ သိသာထင်ရှားလှ၏။သူတို့သည် အမြဲတစေ တခြားသူများ၏ လေးလေးစားစားဆက်ဆံခြင်းကိုသာ ခံယူနေရသူများဖြစ်သည်။ဤကဲ့သို့ ဆက်ဆံခံရမှုမျိုးကို မည်သည်ကြောင့် သူတို့ သည်းခံနိုင်မည်နည်း။

"လုယွီ...မင်း သေချင်နေတာလား"

စစ်သူတော်စင်၏ဆက်ခံသူတစ်ယောက်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။ပြင်းထန်ပြီးအရိုင်းဆန်သော အားလှိုင်းတစ်ရပ်က သူ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာကာ အစွမ်းထက်သောမှော်စွမ်းအားများက လေထုအတွင်းသို့ မြင့်တက်သွားသည်။

နတ်ဘုရားလမ်းကြောင်း၏အရှိန်အဝါ ခပ်ဖျော့ဖျော့ကလည်း သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေပေ၏။

ဤသည်က စစ်သူတော်စင်၏အမွေအနှစ်ကို ဆက်ခံထားရခြင်း၏အထိမ်းအမှတ်သင်္ကေတပင်။

ရုတ်ချည်းဆိုသလိုပင် စစ်သူတော်စင်၏ဆက်ခံသူက သူ၏လက်အတွင်းရှိလှံရှည်ကို ဝှေ့ယမ်းလိုက်သည်။လှံရှည်၏ထက်ရှသောလှံသွားမှ အေးစက်စက်အလင်းရောင်များ ဖြာထွက်နေကာ လုယွီထံဦးတည်၍ တိုးဝင်သွားသည်။

ဤသည်က အလစ်အငိုက်ဖမ်း၍ လက်ဦးမှုရယူသော တိုက်ခိုက်မှုပင်။

အကယ်၍ ဤကိစ္စမျိုးသာ ကျန်းမိသားစုတွင်ဖြစ်ပွားပါက ပတ်ဝန်းကျင်မှလူများ၏ဝေဖန်ခြင်းကို ခံရပေမည်။သို့ရာတွင် လုမိသားစုအတွင်းမူ ဤသည်က သာမာန်တွေ့ဖူးနေကျကိစ္စတစ်ရပ်ပင်။

စစ်ရေးဆိုင်ရာမိသားစုတစ်စုဖြစ်သဖြင့် သူတို့ပြုလုပ်သမျှ အရာရာတိုင်း၏ရည်မှန်းချက်ပန်းတိုင်သည် နောက်ဆုံး၌အောင်မြင်မှုကိုရရှိရန်သာဖြစ်သည်။မည်သည့်နည်းလမ်းကို အသုံးပြုရပါစေ လုမိသားစုဝင်များထံတွင် အသုံးပြုရမည့်နည်းဗျူဟာများနှင့်လှည့်ကွက်များရှိနေသည်။ထို့ကြောင့် စစ်နတ်ဘုရား၏ဆက်ခံသူသည် မလုပ်သင့်သောကိစ္စတစ်ခုကို လုပ်ဆောင်ခဲ့ခြင်းမဟုတ်ချေ။

လူတိုင်းသည် သူတို့ရှေ့၌ အနီရောင်အလင်းတန်းတစ်တန်း ဖြတ်သန်းသွားသည်ကို တွေ့မြင်လိုက်ရသည်။ထို့နောက် ထိုအနီရောင်အလင်းတန်းသည် လုယွီ၏ရှေ့သို့ ချက်ချင်းရောက်ရှိသွားလေ၏။

တစ်ချိန်တည်းမှာပင် နံဘေး၌မတ်တတ်ရပ်နေသော စစ်သူတော်စင်၏ဆက်ခံသူတချို့သည် အကြည့်ချင်းဖလှယ်လိုက်ကြကာ မှော်မန္တန်များရွတ်ဆို၍ လုယွီကို တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

ယခင်က သူတို့သည် အုပ်စုဖွဲ့၍တိုက်ခိုက်မည်မဟုတ်ဟု လုယွီကို ပြောဆိုခဲ့သည်။သို့ရာတွင် ယခုချိန်၌ သူတို့သည် ယခင်ကပြောဆိုထားသည့်စကားနှင့် ဆန့်ကျင်ဘက်ကို ပြုမူဆောင်ရွက်လိုက်ကြ၏။

စစ်ပွဲအတွင်း၌ မည်သည့်လှည့်စားမှုပရိယာယ်ကိုမဆို အသုံးပြုနိုင်သည်။

အဆုံးသတ်၌ သူတို့၏ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်နိုင်သရွေ့ အကယ်၍ သူတို့လိမ်လည်ရလျှင်ပင် သူတို့၏တာအိုနှလုံးသားအပေါ် အနည်းငယ်မျှပင် ထိခိုက်မှုရှိမည်မဟုတ်ချေ။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ စစ်သူတော်စင်၏ဆက်ခံသူများအားလုံးသည် လုယွီကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုများကို စတင်လိုက်ကြသည်။

တုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်လိုခြင်းအရှိန်အဝါများက ချက်ချင်းဆိုသလိုပင် လုယွီ၏နံဘေးပတ်လည်၌ ထွက်ပေါ်လာသည်။

လုယွီသည် စစ်သူတော်စင်၏ဆက်ခံသူများကို တစ်ချက်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"မင်းတို့က ငါ့ကို သတ်ချင်နေတာလား"

သူ၏အသံ လွင့်ပြယ်သွားသောအချိန်မှာပင် ရုတ်တရက် သူ၏ခေါင်းကိုမော့ကာ သူ့ရှေ့ရှိလေဟာနယ်အတွင်းသို့ ခြေတစ်ချက်ဆောင့်နင်းလိုက်၏။

ရုတ်ချည်းဆိုသလိုပင် ကောင်းကင်နှင့်မြေပြင်အကြားမှ တုန်ခါသံကြီးတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ဤသည်က အထက်ကိုးကောင်းကင်ဘုံမှ နက်နဲသိမ်မွေ့သော မိုးကြိုးတစ်စင်း ကျရောက်လာသည့်အလား လူအများကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

တုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါတစ်ရပ်က လုယွီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ဤသည်က ဆောင်းခိုပြီးအိပ်မောကျနေသော ရက်စက်ကြမ်းကြုတ်ကြီး သားရဲကြီးတစ်ကောင်သည် ရုတ်တရက် သူ၏မျက်လုံးကို ဖွင့်လိုက်သကဲ့သို့ပင်။

ဘုန်း...

လူအားလုံးနီးပါး၏ စိတ်များတင်းကြပ်သွားကာ နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြ၏။စစ်သူတော်စင်၏ဆက်ခံသူရှစ်ယောက်သည် ထိုတုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါ၏အလယ်ဗဟို၌ရှိနေသည်။

ဘုန်း...ဘုန်း...

စစ်သူတော်စင်၏ဆက်ခံသူများအနက်မှတချို့သည် မြေပြင်ပေါ်သို့ ဒူးထောက်ရက်သား ပြုတ်ကျသွားကာ မတ်တတ်ပင်မရပ်နိုင်ကြတော့ချေ။

အစောပိုင်းက လှံရှည်ကိုကိုင်မြှောက်ထားသော စစ်သူတော်စင်၏ဆက်ခံသူသည် သူ၏လက်ကိုပင်မမြှောက်နိုင်တော့ချေ။သူသည် ခွေယိုင်ပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ဤသည်က သူတို့သည် ရက်စက်ကြမ်းကြုတ်သောရှေးဦးမှော်သားရဲတစ်ကောင်နှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ပင်။အကယ်၍ တစ်ဖက်လူမှ အနည်းငယ်ပို၍ အားစိုက်ထုတ်လိုက်ပါက သူတို့အားလုံး မြှုပ်နှံစရာမြေမရှိဘဲ သေဆုံးသွားပေမည်။

"သေစမ်း..."

စစ်သူတော်စင်၏ဆက်ခံသူတစ်ယောက်သည် ကောင်းကင်တပြင်လုံး တုန်ခါသွားလုမတတ် အော်ဟစ်ကြုံးဝါးလိုက်၏။ထို့နောက် သူသည် ရုန်းကန်၍ မြေပြင်ပေါ်မှ မတ်တတ်ထရပ်လိုက်သည်။

လုယွီသည် ထိုလူကို ကြည့်ရှုခြင်းပင်မပြုချေ။သူသည် လက်နောက်ပစ်ရက်အနေအထားဖြင့် ထိုလူကိုဖြတ်သန်း၍ လျှောက်လှမ်းသွားလေသည်။

စစ်သူတော်စင်၏ဆက်ခံသူတချို့သည် အားကုန်ရုန်းကန်နေသော်လည်း လုယွီ သူတို့ဘေးမှ ဖြတ်လျှောက်သွားသည်ကို မြင်တွေ့နေရသည့်တိုင် သူတို့ မတ်တတ်ထရပ်နိုင်ခြင်းမရှိချေ။

သူတို့အား ပြင်းထန်သောဖိအားအရှိန်အဝါဖြင့် ဖိနှိပ်ခံထားရသဖြင့် သူတို့သည် နင်းခြေခြင်းခံလိုက်ရသော ပုရွက်ဆိတ်လေးများအလား မြေပြင်ပေါ်၌ ကျိုးနွံစွာလဲလျောင်းနေရသည်။

"မင်းကို ထွက်သွားခွင့် မပြုနိုင်ဘူး"

စစ်သူတော်စင်၏ဆက်ခံသူတစ်ယောက်သည် သူ၏နီမြန်းနေသောလည်ပင်းကို အားယူ၍ သူ၏ခေါင်းကို မော့နိုင်သည်ဆိုရုံမျှမော့ကာ လုယွီကို ကြည့်လိုက်၏။

လုယွီက ထိုလူကိုတစ်ချက်ကြည့်၍ တည်ငြိမ်စွာ ပြောဆိုသည်။

"ငါ မင်းကို မော့ကြည့်ခိုင်းလို့လား"

ထိုလူ၏လည်ပင်း တောင့်တင်းသွားသည်။အဆုံးသတ်၌ သူသည် အစွမ်းအစကင်းမဲ့စွာဖြင့် သူ၏ခေါင်းကိုငုံလိုက်ကာ မလှုပ်ရှားနိုင်တော့ချေ။

Chapter 3252

အစမှအဆုံးတိုင် လုယွီသည် သူ၏လက်ကိုပင် လှုပ်ရှားခဲ့ခြင်းမရှိချေ။

သို့ရာတွင် လက်ရှိနေရာတွင်ရှိနေသော လုမိသားစုဝင်လူငယ်များအတွက်မူ ဤသည်က ကွဲပြားခြားနားသောမြင်ကွင်းပင်။

မြေပြင်ပေါ်၌ လဲကျနေသူများသည် သူတို့၏လုမိသားစုမှ လက်ရွေးစင်ပါရမီရှင်လူငယ်များဖြစ်သည်။ထို့ကြောင့် ဤကဲ့သို့ရလဒ်မျိုး ထွက်ပေါ်လာမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ယခင်က မောက်မာဝံ့ကြွားခဲ့သော လုမိသားစုဝင်လူငယ်များသည် သူတို့၏ရှေ့ရှိမြင်ကွင်းကိုကြည့်ကာ ကြက်သေသေနေကြပြီး မည်သည့်စကားတစ်ခွန်းမျှ မဆိုနိုင်တော့ချေ။

လုယွီ၏တိုက်ခိုက်မှုသည် သူတို့၏မာန်မာနများကို ရိုက်ချိုးနိုင်ခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

လုမိသားစုသည် ပြိုင်ဘက်ကင်းတည်ရှိမှုမျိုး မဟုတ်ချေ။

ယနေ့မှစ၍ လုယွီ၏နာမည်သည် အိမ်မက်ဆိုးတစ်ခုအလား လုမိသားစုဝင်လူငယ်များ၏ခေါင်းများအတွင်းမှနေ၍ ဘယ်သောအခါမျှ ပျောက်ကွယ်သွားတော့မည်မဟုတ်ချေ။

"နယ်စားအန်...မင်းရဲ့မျက်နှာကိုထောက်ပြီးတော့ ငါ သူတို့ကို အခက်တွေ့အောင်မလုပ်တော့ဘူး"

လုယွီက နောက်သို့လှည့်ကာ လုချန်ဆောင်ကို ကြည့်လိုက်သည်။

လုချန်ဆောင်သည် အနည်းငယ်မျှပင် စိတ်ဆိုးဒေါသထွက်ပုံမရချေ။သူက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"လုယွီ...တကယ်လို့ မင်း သေချာစဥ်းစားပြီးပြီဆိုရင် ငါတို့လုအိမ်တော်ကို အချိန်မရွေးလာနိုင်တယ်"

လုယွီသည် ခေါင်းညိတ်ပြကာ နောက်သို့ပြန်လှည့်ကြည့်ခြင်းမပြုဘဲ လုအိမ်တော်မှ ထွက်ခွာခဲ့တော့သည်။

လုယွီ ထွက်ခွာသွားပြီးနောက် လုမိသားစုဝင်လူငယ်များအားလုံးသည် သူတို့၏ခေါင်းထက်၌ ရစ်ဝဲနေသော ဖိအားအရှိန်အဝါ ရုတ်တရက် ပျက်ပြယ်သွားသည်ကို ခံစားမိလေ၏။

သူတို့အနက်မှ အများစုသည် သူတို့၏ခေါင်းထက်မှ လေးလံသောဝန်ထုပ်ဝန်ပိုးကြီး ကျသွားသည့်အလား သက်ပြင်းရှိုက်လိုက်ကြသည်။

လုကျိုးမင်ပင်လျှင် သူ၏နဖူးမှ ချွေးများယိုစီးကျလာသည်ကို ခံစားမိသည်။

သူသည် လုချန်ဆောင်ကို တစ်ချက်ကြည့်လိုက်၏။တတိယအကြီးအကဲသည် ထွက်ခွာသွားသော လုယွီ၏နောက်ကျောကို အပြုံးနှင့်စိုက်ကြည့်နေသည်အား သူ မြင်တွေ့မိသည်။

"တတိယအကြီးအကဲ...ငါ နားမလည်နိုင်ဘူး...သူက သခင်လေးရာထူးကို ငြင်းဆန်ခဲ့မှတော့ ငါတို့လုမိသားစုက သူ့ကိုသိမ်းသွင်းနိုင်ဖို့ဆိုတာ ခက်ခဲသွားပြီမဟုတ်လား"

လုကျိုးမင်က သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

လုချန်ဆောင်က သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုလိုက်၏။

"မင်း နားလည်နိုင်မှာမဟုတ်ဘူး...သူ ဒီလိုလုပ်ခဲ့တာက ငါတို့လုမိသားစုကို မျက်နှာသာပေးချင်လို့ပဲ"

ထို့နောက် သူသည် မြေပြင်ပေါ်၌လဲကျနေသော ယခုထိတိုင်မတ်တတ်မရပ်နိုင်သေးသော စစ်သူတော်စင်၏ဆက်ခံသူများကို စောင်းငဲ့ကြည့်ပြီး အေးစက်စက်လေသံဖြင့် အော်ငေါက်လေသည်။

"သူတို့ကို တံခါးပိတ်ကျင့်ကြံရမယ့်နေရာကို ပို့လိုက်ကြစမ်း...ခြောက်လကြာပြီးမှ သူတို့ အပြင်ထွက်ခွင့်ရမယ်"

"ဟုတ်ကဲ့"

……

ကျန်းအိမ်တော်...ခရမ်းရောင်ဝါးဥယျာဥ်...

ဤှသည်က ကျန်းအိမ်တော်အတွင်းတွင် အလွန်အမင်း ကြီးကျယ်ခမ်းနားသော ဥယျာဥ်တစ်ခုပင်။ဤနေရာတွင် စိတ်ဝိညာဥ်စွမ်းအင်များ ပေါကြွယ်ဝကာ ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းပေ၏။တစ်စုံတစ်ယောက်သည် ဤနေရာတွင် နေထိုင်နေသရွေ့ သူ၏စိတ်နှလုံးသားအပေါ် အလိုအလျောက် သက်ရောက်စေနိုင်ကာ သူ့ထံမှ မလိုလားအပ်သောအတွေးများအားလုံးကို ပျက်ပြယ်သွားစေနိုင်စွမ်းရှိသည်။

လုရွှမ်အာသည် အချိန်အတော်ကြာ အိပ်မောကျနေကာ သူမအား စာပေသင်ကြားရန်အတွက် သူမ၏မိခင်မှ နေရာအနှံ့ လိုက်လံခေါ်ဆောင်ရသည့်အကြောင်းကို တွေးတောနေမိသည်။ထို့ပြင် သူမ ပထမဆုံးအကြိမ် ကျင့်ကြံဆင့်နယ်ပယ်ကြီးတစ်ခုကို ချိုးဖျက်ချိန်၌ နံဘေးပတ်ဝန်းကျင်မှလူများက သူမကို ဝိုင်းဝန်းချီးမွမ်းကြသည့် ကိစ္စကိုလည်း ပြန်လည်တွေးတောနေမိလေ၏။

ဤလှပသော အတိတ်ပုံရိပ်များသည် သူမနှင့် အလွန်အလှမ်းကွာဟသွားပုံရသည်။သူမ အသက်ကြီးလာသည်နှင့်အမျှ လက်တွေ့ရင်ဆိုင်ရသောကိစ္စများသည် သူမ၏စိတ်ကို လွှမ်းခြုံသွားလေရာ သူမ၏စိတ်နှလုံးသားတစ်ခုလုံးကို မောပန်းနွမ်းနယ်စေသည်။

ယခုချိန်တွင် သူမ အိပ်မောကျနေရာမှ နိုးထလာချိန်၌ သူမ၏နာမကျန်းမှုနှင့်ပင်ပန်းနွမ်းနယ်မှုများအားလုံး မရှိတော့ချေ။

လုရွှမ်အာက မျက်လုံးဖွင့်ကြည့်လိုက်ရာ သူမနှင့်မရင်းနှီးသော အမိုးမျက်နှာကြက်တစ်ခုကို တွေ့မြင်မိသည်။ထို့နောက် သူမသည် အခန်းအတွင်းရှိ ပရိဘောဂပစ္စည်းများအားလုံးကို မြင်တွေ့မိလေ၏။

သူမ နောက်ဆုံးမှတ်မိသည်မှာ သူမသည် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်အတွင်း၌ ရှိနေဆဲပင်။ထို့ကြောင့် သူမ နိုးလာပြီးနောက် အချိန်အခိုက်အတန့်တွင် သူမ၏စိတ်နှလုံးသားအတွင်း၌ စိုးရိမ်သောကများဖြင့် ပြည့်နှက်သွားတော့သည်။

ဆုတောင်းခြင်းဖီးနစ်မဟာမိတ်အတွင်း၌ အစေခံတပည့်များသည် ခက်ခဲကြမ်းတမ်းသော အလုပ်အမြောက်အမြားကို နေ့စဥ်နေ့တိုင်း လုပ်ဆောင်ရန် လိုအပ်သည်။အကယ်၍ ထိုအစေခံတပည့်များသည် အလုပ်များကိုပြီးမြောက်အောင် လုပ်ကိုင်နိုင်ခြင်းမရှိပါက ပြင်းထန်စွာပြစ်ဒဏ်ပေးခြင်းကို ခံရပေမည်။

လုရွှမ်အာသည် စိတ်ထောင်းကိုယ်ကြေဖြစ်နေသော အခြေအနေမျိုးတွင် ရှိနေဆဲဖြစ်သဖြင့် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်၏ အမျိုးသမီးတာဝန်ခံမှနေ၍ သူမကိုတွေ့ရှိသွားပြီး သင်ခန်းစာပေးမည်ကို ထိတ်လန့်ကြောက်ရွံနေသည်။

ကျွီ...

ထိုအချိန်မှာပင် အစေခံနှစ်ယောက်က တံခါးကိုတွန်းဖွင့်၍ ဝင်ရောက်လာကာ လုရွှမ်အာကို တွေ့မြင်သွားသည်။သူမတို့က အပြုံးနှင့်ပြောဆိုသည်။

"သခင်မလေး နိုးလာပြီပဲ...ကျွန်မတို့က မိန်းကလေး အဝတ်အစားလဲဖို့အတွက် ပြင်ဆင်ပေးပါ့မယ်"

ထိုသို့ပြောဆိုပြီးနောက် သူမတို့က အဝတ်အစားသစ်များကိုသယ်ဆောင်လာကာ လုရွှမ်အာထံသို့ လျှောက်လှမ်းလာသည်။

Chapter 3253

"နင်တို့ လူမှားနေပြီထင်တယ်"

လုရွှမ်အာ၏ခန္ဓာကိုယ် တောင့်တင်းနေကာ သူမက နောက်သို့အဆက်မပြတ် ဆုတ်လိုက်သည်။

အောက်ဘုံအတွင်း၌ သူမသည် အလိုလိုက်ခံရသော သခင်မလေးတစ်ယောက်ပင်။သို့ရာတွင် ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းလာပြီးနောက် သူမ၏ကောင်းမွန်သောအရာများအားလုံး ပျောက်ကွယ်သွားလေပြီ။

သူမထံတွင် အရည်အချင်းတချို့ရှိသော်လည်း ကောင်းကင်ဘုံနယ်မြေတွင် ပါရမီရှင်များ ရှားပါးခြင်းမရှိချေ။ဆုတောင်းခြင်းဖီးနစ်မဟာမိတ်အတွင်း၌ အစေခံတပည့်များ ဖြတ်သန်းရသောနေ့ရက်များသည် အလွန်ခက်ခဲကြမ်းတမ်းပေ၏။

သာမာန်အားဖြင့် သူမသည် တခြားသူများကို လုပ်ကျွေးပြုစုနေရသူဖြစ်ရာ မည်သည်ကြောင့် သူမကိုဂရုစိုက်မည့် အစေခံများ ရှိနေနိုင်မည်နည်း။

အစေခံနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ထို့နောက် အစေခံတစ်ယောက်က အပြုံးနှင့် ပြောဆိုသည်။

"သခင်မလေး...အရမ်းယဥ်ကျေးနေစရာ မလိုပါဘူး...သခင်မလေးက ကျွန်မတို့အိမ်တော်ရဲ့ အရေးကြီးဧည့်သည်တစ်ယောက်ပဲ...ကျွန်မတို့က သခင်မလေးကို ဂရုစိုက်ပေးဖို့ တာဝန်ယူထားတာပါ...သခင်မလေးက ပင်မခန်းမကို ရောက်သွားတဲ့အချိန်ကျရင် အလိုလိုနားလည်သွားလိမ့်မယ်"

လုရွှမ်အာသည် စိုးရိမ်ပူပန်နေကာ ဝေခွဲရခက်နေလေ၏။သူမကို အစေခံနှစ်ယောက်က အဝတ်အစားသစ်များ လဲလှယ်၍ ဝတ်ဆင်ပေးလိုက်သည်။

သူမ၏ခန္ဓာကိုယ်ပေါ်တွင် အလွန်စျေးကြီးသော ရွှေရောင်ဝတ်ရုံရှည်တစ်ထည်ရှိနေသည်။လုရွှမ်အာသည် မူလက သမင်ဖြူကျောင်းတော်မှကွန်ဖြူးရှပ်ကျောင်းတော်သားတစ်ယောက်ပင်။ယခုလက်ရှိချိန်တွင် သူမသည် ဤလှပအဖိုးတန်သော ဝတ်စုံကို တဖန်ပြန်၍ ဝတ်ဆင်ရချိန်၌ သူမသည် ပို၍လှပချောမောကာ တောက်ပလာပေ၏။

လုရွှမ်အာသည် ကြေးမုံမှန်အတွင်း၌ပေါ်နေသော သူမ၏ပုံပန်းသွင်ပြင်ကိုပြန်ကြည့်ပြီး အစိမ်းသက်သက်ဖြစ်ကာ ကြက်သေသေနေသည်။

သူမ ဤကဲ့သို့ မဝတ်ဆင်ရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

အစေခံနှစ်ယောက်၏လမ်းပြမှုအောက်တွင် လုရွှမ်အာသည် ကြီးကျယ်ခမ်းနားသော ခရမ်းရောင်ဝါးဥယျာဥ်ကိုဖြတ်သန်း၍ နောက်ဆုံး၌ ပင်မခန်းမသို့ ရောက်ရှိလာခဲ့သည်။

ခရမ်းရောင်ဝါးဥယျာဥ်အတွင်း၌ ကြီးကျယ်ခမ်းနားပြီး တည်ငြိမ်အေးချမ်းသော အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။တစ်စုံတစ်ယောက်သည် ဤနေရာသို့ ဝင်ရောက်မိသည်နှင့် ဥယျာဥ်၏လှပမှုများအတွင်း၌ နစ်မြောသွားပေမည်။

လုရွှမ်အာသည် လေထုအတွင်း၌ စီးဆင်းနေသော စိတ်ဝိညာဥ်စွမ်းအင်များကို အာရုံခံမိချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ်ရင်ထိတ်သွားသည်။ဤနေရာ၌ရှိနေသော စိတ်ဝိညာဥ်စွမ်းအင်များသည် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်မှ ကျင့်ကြံခြင်းနယ်မြေအများစုထက် များစွာပို၍ ထူထပ်သိပ်သည်းသည်။

ဤှနေရာသည် ဥယျာဥ်တစ်ခုသာဖြစ်သော်လည်း ဤကဲ့သို့အဆင့်မျိုးသို့ ရောက်ရှိနေလေပြီ။

"နင်တို့နှစ်ယောက်ကို ငါ မေးလို့ရမလား...ဒါက ဘယ်နေရာလဲ"

လုရွှမ်အာက မေးမြန်းသည်။

အစေခံတစ်ယောက်က ပြောဆိုလေ၏။

"ဒီနေရာက တော်ဝင်မြို့တော်မှာရှိတဲ့ကျန်းအိမ်တော်ပဲ...အခုလက်ရှိ မိသားစုဘိုးဘေးကတော့ စာပေသူတော်စင်ကျန်းဟောင်ပါ"

တော်ဝင်မြို့တော်...ကျန်းအိမ်တော်...

လုရွှမ်အာ၏စိတ်နှလုံးသား ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။

တော်ဝင်မြို့တော်သို့ သူမရောက်ရှိလာစအချိန်တွင် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်၏ကျမ်းစာဆောင်အတွင်း၌ မြို့တော်၏ထိပ်သီးအင်အားစုကြီးတချို့အကြောင်းကို လေ့လာခဲ့သည်။

ကျန်းမိသားစုသည် အားကောင်းသော နောက်ခံအင်အားရှိရုံသာမက သူတို့ထံတွင် သာမာန်မဟုတ်သောစွမ်းအားလည်းရှိသည်။တော်ဝင်မြို့တော်၏ထိပ်တန်းမိသားစုကြီးရှစ်စုအနက်မှ တစ်စုအဖြစ်ရပ်တည်နေနိုင်သည်မှာ သာမာန်လူများ ယှဥ်ပြိုင်နိုင်မည့်ကိစ္စမျိုးမဟုတ်ချေ။

လုရွှမ်အာအာအတွက် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်၌ ခြေကုပ်ရရန်ပင် အလွန်အမင်း ခက်ခဲနေခဲ့သည်။သူမအတွက် တော်ဝင်မြို့တော်၏ထိပ်သီးမိသားစုရှစ်စုဆိုသည်မှာ လွန်စွာအလှမ်းကွာဟပေ၏။

သူမသည် အိပ်ယာမှနိုးထလာချိန်တွင် ဤကဲ့သို့ ထိပ်သီးမိသားစုတစ်စု၏အိမ်တော်အတွင်း၌ ရောက်နေမည်ဟု စိတ်ကူးပင်ယဥ်မကြည့်ဘူးချေ။

"ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါ ဘာလို့ မမှတ်မိတာပါလိမ့်"

လုရွှမ်အာက သူမ၏ခေါင်းကိုဆုပ်ကိုင်ကာ စဥ်းစားတွေးတောနိုင်ရန်အတွက် အကောင်းဆုံးကြိုးစားလိုက်သည်။

သူမ၏မှတ်ဥာဏ်အတွင်း၌ ကျို့လင်ညစာစားပွဲ၏ပထမပိုင်းသာ ရှိနေသည်။

နောက်ပိုင်းတွင် သူမသည် စားပွဲခင်းများကို သုတ်နေခဲ့လေ၏။ထို့နောက် သူမသည် သတိလစ်မေ့မျောသွားပုံရကာ မည်သည့်ကိစ္စကိုမျှ မမှတ်မိတော့ချေ။

သူမနိုးလာစဥ်တွင် ကျန်းအိမ်တော်သို့ ရောက်ရှိနေလေပြီ။

အစေခံတစ်ယောက်က ပြောဆိုသည်။

"သခင်မလေးက ကျွန်မတို့အိမ်တော်ရဲ့ဧည့်သည်တော်ပဲ...ဖြစ်နိုင်တာတော့ သခင်မလေးက အရင်တုန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပုံပဲ...ကျွန်မတို့က မိသားစုရဲ့အတော်ဆုံးသမားတော်တွေကို ဖိတ်ခေါ်ပြီးတော့ သခင်မလေးကို ကုသပေးခဲ့တယ်...ဘာမှမစိုးရိမ်ပါနဲ့ ဒီနေရာက ဘေးကင်းလုံခြုံပါတယ်...ဘာမတော်တဆမှုမှ ဖြစ်မှာမဟုတ်ဘူး"

အစေခံနှစ်ယောက်က လုရွှမ်အာကို ပင်မခန်းမထံသို့ ခေါ်ဆောင်သွားလေသည်။

ခန်းမအနီးသို့ သူမတို့ ချဥ်းကပ်မိစဥ်တွင် အတွင်းမှ စကားပြောဆိုနေသံများကို ကြားရလေ၏။

"မိသားစုခေါင်းဆောင်...သခင်မလေးလု ရောက်လာပါပြီ"

အစေခံတစ်ယောက်က နူးညံညင်သာစွာ ပြောဆိုသည်။

ခန်းမအတွင်းမှ စကားပြောဆိုနေမှု ရပ်တန့်သွားကာ လေးနက်တည်ကြည်သောအသံတစ်သံ ထွက်ပေါ်လာသည်။

"မိန်းကလေးလု...ကျေးဇူးပြုပြီးတော့ အထဲကိုကြွပါ"

Chapter 3254

လုရွှမ်အာသည် ခန်းမအတွင်းမှ သူမအား ခေါ်ဆိုလိုက်သံကို ကြားလိုက်ရသဖြင့် သူမက အတွင်းသို့ လျှောက်လှမ်းဝင်ရောက်လိုက်သည်။

ပင်မခန်းမအတွင်း၌ နံနက်စာကို တည်ခင်းထားသည်။

ကျန်းမိသားစုခေါင်းဆောင် ကျန်းဟုန်သည် စားပွဲဝိုင်း၌ထိုင်နေကာ လုယွီသည် သူ၏နံဘေး၌ရှိနေပြီး ဖြည်းညှင်းစွာ စားသောက်နေလေ၏။

သူတို့နှစ်ယောက်ရှေ့ရှိ စားပွဲပေါ်၌ လှပစွာပြင်ဆင်ထားသော ဟင်းပွဲမျိုးစုံရှိနေသည်။လေထုအတွင်း၌ ဟင်းပွဲများ၏ရနံ့များက အဆက်မပြတ်ပျံ့လွင့်နေကာ လူအများကို အစားစားလိုစိတ်များ မြင့်တက်စေနိုင်စွမ်းရှိသည်။

လုရွှမ်အာသည် ရုတ်တရက် အနည်းငယ်ဆာလောင်လာသကဲ့သို့ ခံစားရလေ၏။

အမှန်အားဖြင့် သူမတို့ကဲ့သို့ကျင့်ကြံဆင့်နယ်ပယ်ရှိသူများသည် အိပ်စက်ခြင်း အစားအစာစားသောက်ခြင်းတို့သည် အလွန်အရေးမပါလှတော့ချေ။သို့ရာတွင် ဤလောက၌ အစစ်အမှန်အင်မော်တယ်ဟူ၍ မရှိချေ။ထို့ကြောင့် အကယ်၍ တစ်စုံတစ်ယောက်သည် နယ်မြေသခင်အဆင့်သို့ရောက်ရှိနေလျှင်ပင် အစားစားရန်လိုအပ်သည်။

ဆုတောင်းခြင်းဖီးနစ်မဟာမိတ်အတွင်း၌ အစေခံတပည့်များသည် ကောင်းမွန်စွာ စားသောက်ရခြင်းမရှိချေ။သူမတို့သည် သာမာန်စစ်တပ်သုံးရိက္ခာဆေးလုံးတချို့ကိုသာ သောက်သုံးရသည်။ထိုဆေးလုံးများသည် တာယွီတော်ဝင်စစ်တပ်မှစစ်သားများ ဆာလောင်မှုမရှိစေရန်အတွက် ပြုလုပ်ထားသောရိက္ခာဆေးလုံးများပင်။သို့ရာတွင် ထိုဆေးလုံး၏အရသာသည် အနည်းငယ်ဆိုးရွားပေ၏။

လုရွှမ်အာသည် ကျောင်းအုပ်ကြီး၏သမီးဖြစ်သဖြင့် သက်တောင့်သက်သာရှိသော ဘဝမျိုးဖြင့် အသက်ရှင်နေထိုင်ခဲ့ရသည်။ထို့ကြောင့် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်အတွင်း၌ နေထိုင်ခဲ့စဥ်အတောအတွင်းတွင် သူမ ဒုက္ခများစွာ ခံစားခဲ့ရသည်။

"အဲ့ဒီနေရာမှာပဲ မတ်တတ်ရပ်မနေနဲ့...ထိုင်လိုက်အုံး"

လုယွီက ထိုင်ခုံလွတ်တစ်ခုကို လက်ညှိုးညွှန်ပြလိုက်သည်။အစေခံတစ်ယောက်က သူမကို ပန်းကန်လုံးတစ်လုံးနှင့်တူတစ်စုံအား လက်ကမ်းပေးလေ၏။

လုရွှမ်အာသည် ထိုအသံကိုကြားချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

ခန်းမအတွင်းသို့ သူမ ဝင်ရောက်လာစဥ်တွင် စားပွဲ၌ထိုင်နေသော လူငယ်တစ်ယောက်သည် သူမ၏ဝမ်းကွဲအကိုနှင့် ဆင်တူသည်ဟု တွေ့မြင်မိသော်လည်း လုယွီ ဟုတ်မဟုတ်ကို သူမ အတပ်မပြောနိုင်ချေ။

လုယွီသည် မြေကမ္ဘာနယ်ပယ်သို့ ခြေချနိုင်ရုံသာမက သိုင်းပညာသူတော်စင်အထွတ်အထိပ်အဆင့်သို့လည်း ရောက်ရှိနေလေပြီ။သူ၏မျက်နှာသွင်ပြင်သည် သိမ်မွေ့နက်နဲသော ပြောင်းလဲမှုတချို့နှင့် ကြုံတွေ့ရလေ၏။

သူ၏မျက်နှာသည် ယခင်ထက်ပို၍ အချိုးအစားကျကာ ချောမောခန့်ညားလာသည်။ယခင်လုယွီနှင့်နှိုင်းယှဥ်ပါက အကြီးမားဆုံးကွာဟချက်မှာ သူ၏အမူအကျင့်ပင်။

"နင်...နင် အသက်ရှင်နေသေးတာလား"

လုရွှမ်အာ၏အသံက အနည်းငယ်တုန်ရီနေသည်။

သူမသည် မူလက လုယွီကို မုန်းတီးသော်လည်း ကောင်းကင်ဘုံနယ်မြေတွင် ကိစ္စများစွာဖြင့်ကြုံတွေ့ပြီးနောက် သူမအတွက် အားကောင်းသောမှီခိုရာတစ်ခုလိုအပ်ကြောင်း လုရွှမ်အာက နားလည်သဘောပေါက်သွားသည်။

တခြားသူများကို သူမ မှီခို၍မရသော်လည်း လုယွီကိုမူ ရရှိနိုင်သည်။

လုယွီသည် သူမကိုကာကွယ်ပေးမည်ဟု သူ၏အဒေါ်ဖြစ်သူကို ကတိပေးထားခဲ့သည်။ထို့ကြောင့် ယခင်က သူမ မည်မျှထိ မောက်မာရိုင်းစိုင်းနေပါစေ လုယွီသည် သည်းခံခဲ့လေ၏။

လုယွီက အပြုံးနှင့်ပြောဆိုသည်။

"ငါ တကယ်မသေသေးပါဘူး...ထိုင်ပါအုံး...ကျို့လင်ညစာစားပွဲမှာ မင်း သတိလစ်မေ့မျောသွားတာကို ငါ တွေ့မိလို့...မင်းကို ဒီနေရာဆီခေါ်လာတာပဲ"

လုရွှမ်အာကို ကယ်တင်ပြီးနောက် လုယွီသည် မှော်နည်းစနစ်တစ်ခုကိုအသုံးပြုကာ လုဝူယာ၏ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရသည့် သူမ၏မှတ်ဥာဏ်များကို သူမ၏စိတ်အတွင်းမှ လုံးလုံးလျားလျား ပယ်ဖျက်ခဲ့သည်။

ယခုလက်ရှိချိန်တွင် လုရွှမ်အာသည် စိတ်မချမ်းမြေ့ဖွယ်ကိစ္စများအားလုံးကို မေ့လျော့သွားလေပြီ။

ထို့နောက် လုယွီက ကျန်းဟုန်ကိုကြည့်ကာ ပြောဆိုလိုက်၏။

"ဒါက ငါ့ရဲ့ဝမ်းကွဲညီမ လုရွှမ်အာပဲ....နောင်အနာဂတ်မှာ သူ့ကို ငါ့အစားစောင့်ရှောက်ပေးမယ်ဆိုတဲ့အတွက် ကျန်းမိသားစုခေါင်းဆောင်ကို ငါ ကျေးဇူးတင်ရတော့မှာပဲ"

ကျန်းဟုန်က ပျာပျာသလဲ ပြောဆိုသည်။

"စီနီယာ အရမ်းယဥ်ကျေးလွန်းနေပြီ...သူက မင်းရဲ့ဆွေမျိုးဆိုမှတော့ ငါတို့ကျန်းမိသားစုရဲ့အထူးဧည့်သည်တော်ပဲ.. သူ့ကို အမြင့်မားဆုံးအဆင့်အတန်းနဲ့ထားပြီးတော့ ငါက သေချာစောင့်ရှောက်မှာပါ"

ထို့နောက် ကျန်းဟုန်က မတ်တတ်ထရပ်ကာ လုရွှမ်အာကိုကြည့်၍ အပြုံးနှင့်ပြောဆိုလေသည်။

"ငါက ကျန်းဟုန်...ငါက အခုလက်ရှိချိန်မှာ တော်ဝင်မြို့တော် ကျန်းမိသားစုရဲ့မိသားစုခေါင်းဆောင်ပဲ...တကယ်လို့ မိန်းကလေးလုက စိတ်မရှိဘူးဆိုရင် ငါတို့ ကျန်းအိမ်တော်မှာ နေလို့ရတယ်...တကယ်လို့ မင်းမှာတစ်ခုခုလိုအပ်တယ်ဆိုရင် ငါ့ကို အချိန်မရွေး အသိပေးလို့ရတယ်...ဒီနေရာကို မင်းရဲ့ကိုယ်ပိုင်အိမ်လိုပဲ သဘောထားပါ"

ကျန်းမိသားစုခေါင်းဆောင်ဟုဆိုသလော...

လုရွှမ်အာက မတ်တတ်ရပ်လိုက်သော်လည်း သူမ၏စိတ်နှလုံးသားတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ရီနေသည်။

သူမသည် တော်ဝင်မြို့တော်ရှိ ကျန်းအိမ်တော်အတွင်းသို့ ရောက်ရှိနေသည်ကို သိရှိခဲ့သော်လည်း ကျန်းမိသားစုခေါင်းဆောင်နှင့်တွေ့ဆုံရမည်ဟု သူမ မျှော်လင့်မထားမိချေ။

ဤသည်က သူ၏ခြေတစ်ဖက်ဆောင့်နင်းရုံဖြင့် ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို လှုပ်ခတ်သွားစေနိုင်သော တည်ရှိမှုကြီးပင်။ထိုကဲ့သို့ တည်ရှိမှုမျိုးသည် သူမရှေ့၌ ထွက်ပေါ်လာမည်ဟု သူမ စိတ်ကူးပင်ယဥ်မကြည့်ဖူးချေ။

လုရွှမ်အာ အံ့အားအသင့်ဆုံးကိစ္စမှာ ကျန်းမိသားစုခေါင်းဆောင်သည် လုယွီကို အလွန်ရိုသေလေးစားစွာ ဆက်ဆံနေပုံရှိခြင်းပင်။

Chapter 3255

သူမ အမှန်တကယ်ကို နားမလည်နိုင်ပေ။

လုယွီသည် အောက်ဘုံအတွင်း၌ ရှိနေစဥ်တွင် အချိန်အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိခဲ့သော်လည်း ထိုနေရာသည် အောက်ဘုံပင်။

ယခုချိန်တွင် သူတို့သည် ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းလာကြပြီးနောက် သူတို့၏ယခင်အခြေအနေများ ပျောက်ကွယ်သွားကာ အစမှနေ၍ ပြန်လည်ကြိုးစားနေရသည်။လုယွီ ပျောက်ကွယ်သွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ယခု လုယွီကို သူမပြန်လည်ဆုံတွေ့ရချိန်တွင် မည်သည်ကြောင့် သူသည် ကျန်းမိသားစုခေါင်းဆောင်နှင့်ပင် ခြေရာခြင်းတိုင်းနိုင်သူတစ်ယောက် ဖြစ်နေသနည်း။

"မိန်းကလေးရွှမ်အာရဲ့ကျင့်ကြံဆင့်က အခုထိ တိုးတက်သေးပုံမရဘူး....ဒီလိုဆိုရင်ရော ဘယ်လိုသဘောရလဲ...ငါ မင်းကို တံဆိပ်ပြားတစ်ခုပေးမယ်....မင်းက ငါတို့ကျန်းမိသားစုကျမ်းစာဆောင်ရဲ့ပထမထပ်နဲ့ဒုတိယထပ်မှာရှိတဲ့စာအုပ်တွေကို မင်း ဆန္ဒရှိသလို ဖတ်နိုင်တယ်"

ကျန်းဟုန်က ဆက်လက်ပြောဆိုသည်။

"ဘယ်လို...ဒါ...ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်"

လုရွှမ်အာက ပျာပျာသလဲ ငြင်းဆန်လိုက်၏။

သူမသည် အရာရာတိုင်းကိုမသိရှိသော်လည်း ကျန်းမိသားစု၏ကျမ်းစာဆောင်သည် ကောင်းကင်ဘုံနယ်မြေတခွင်လုံး၌ နာမည်ကျော်ကြားသော နေရာတစ်နေရာဖြစ်သည်ကို သူမ သိရှိထားသည်။စာပေသူတော်စင်၏မိသားစုဖြစ်သဖြင့် သူတို့၏စာပေဆိုင်ရာကျွမ်းကျင်မှုနှင့် အသိပညာကြွယ်ဝမှုတို့ကို ပြသရန်အလို့ငှာ ကျန်းမိသားစုသည် လောကကြီးတခွင်လုံးမှ စာအုပ်အမြောက်အများကို စုဆောင်းထားလေ၏။

ကောလဟာလများအရ တော်ဝင်မျိုးနွယ်၏ကျမ်းစာဆောင်ပင်လျှင် ကျန်းမိသားစု၏ကျန်းမိသားစုလောက် စာအုပ်များစုံလင်ခြင်းမရှိချေ။ကျန်းမိသားစု၏ကျမ်းစာဆောင်အတွင်းတွင် ပညာရပ်နယ်ပယ်မျိုးစုံနှင့်ပတ်သတ်သည့် စာအုပ်အမြောက်အများကို ရှာဖွေတွေ့ရှိနိုင်သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ထိုစာအုပ်များကို ဆန္ဒရှိသည့်အတိုင်း ဖတ်ရှုခွင့်ရပါက ထိုလူသည် ထိပ်တန်းအဆင့်ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံနိုင်ရုံသာမက သူ၏အတွေ့အကြုံနှင့်အသိပညာဗဟုသုတများသည်လည်း ယခင်ထက် အဆများစွာပို၍ မြင့်မားသွားပေမည်။

ဤှသည်က အမှန်တကယ်ကို အလွန်ကြီးမားသောလက်ဆောင်ကြီးပင်။

ဤလက်ဆောင်ကြီးသည် သူမရှေ့သို့ရောက်ရှိလာသော်လည်း လုရွှမ်အာက လက်ခံရန်အတွက် တွန့်ဆုတ်နေမိသည်။

သူမသည် ဤအခွင့်အရေးနှင့်ပတ်သတ်၍ အနည်းငယ်စိုးရိမ်ပူပန်နေသည်။သူမသည် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်မှ အစေခံတပည့်လေးတစ်ယောက်ပင်။သို့ရာတွင် မမျှော်လင့်ဘဲ သူမသည် ထိပ်သီးမိသားစုကြီးတစ်စု၏ကျမ်းစာဆောင်ကို ထိတွေ့နိုင်သောအခွင့်အရေးကို ရရှိခဲ့လေ၏။

ဤသည်က အတိတ်တွင် သူမ စိတ်ကူးပင်ယဥ်မကြည့်ခဲ့ဖူးသောကိစ္စပင်။

"ဒါက ပြဿနာမရှိပါဘူး...မင်းက စီနီယာရဲ့ဆွေမျိုးဖြစ်နေမှတော့ ငါတို့ကျန်းမိသားစုရဲ့အထူးဧည့်သည်တော်ပဲ...အရမ်းယဥ်ကျေးနေဖို့ မလိုအပ်ပါဘူး"

ကျန်းဟုန်က အပြုံးနှင့်ပြောဆိုသည်။

သူ၏စိတ်နှလုံးသားအတွင်း၌ အလွန်ပျော်ရွှင်ဝမ်းမြောက်နေသည်။လုယွီသည် တော်ဝင်စာမေးပွဲ၌ ပထမနေရာကိုရရှိပြီးနောက် ကျန်းမိသားစု၏ လုယွီအပေါ်ထားရှိသည့်အမြင်များ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။

မူလက မဟာအကြီးအကဲသည် ကျန်းဟုန်၏အမြင်အပေါ် ငြင်းဆန်မှုတချို့ရှိခဲ့သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ မဟာအကြီးအကဲသည် မေးခွန်းထုတ်ခြင်းပင် မပြုတော့ချေ။ထိုအစား သူသည် လုယွီကိုထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့လေ၏။လုယွီနှင့်ဆက်သွယ်ရေးကောင်းတစ်ခု တည်ဆောက်နိုင်ရန်ရည်ရွယ်၍ သူ တတ်စွမ်းသမျှအရာရာတိုင်း ဆောင်ရွက်ပေးရန် စိတ်ပိုင်းဖြတ်ထားသည်။

သူတို့ကျန်းမိသားစုဘိုးဘေးပင်လျှင် လုယွီအတွက်ဖြင့် ရှေ့သို့ထွက်၍ပြောဆိုပေးခဲ့သည်။အကယ်၍ သူတို့သည် မည်သည့်လှုပ်ရှားမှုမျိုးမျှမပြုလုပ်ပါက ဘိုးဘေးကို မျက်နှာသာမပေးသကဲ့သို့ဖြစ်သွားမည်ကို ကျန်းမိသားစုဝင်များအားလုံး စိုးရိမ်ပူပန်နေလေ၏။

သို့ရာတွင် လုယွီထံ၌ ပြင်ပရတနာပစ္စည်းများ ရှားပါးပုံမရချေ။ကျင့်ကြံနည်းစနစ်များဖြစ်စေ အင်မော်တယ်ကျောက်တုံးများဖြစ်စေ လုယွီထံတွင် အလွန်ခိုင်မာသော အခြေခံအုတ်မြစ်ရှိနေပုံ သည်။

ဤသည်က လုယွီထံတွင် ရတနာသိုက်တစ်ခု ရှိနေသည့်အလားပင်။သူ့ထံတွင် မည်သည့်မိသားစုနောက်ခံမျှမရှိသော်လည်း သူသည် တခြားသာမာန်လူများ ယှဥ်ပြိုင်ရန်မဖြစ်နိုင်သော အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားသည်။

ဤအကြောင်းအရင်းကြောင့် လုယွီကို သိမ်းသွင်းနိုင်ရန်မှာ သူတို့အတွက် မလွယ်ကူလှချေ။

လုယွီသည် ကျန်းမိသားစု၏သဘောထားကို သိရှိနိုင်ရန်အတွက် သူတို့ မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်း။ဤသည်က ကျန်းဟုန် စိတ်သောကရောက်နေသောအချက်ပင်။

ယခုလက်ရှိချိန်တွင် လုရွှမ်အာ၏ထွက်ပေါ်လာမှုက ကျန်းဟုန်ကို မျှော်လင့်ချက်အလင်းရောင် ပေးစွမ်းနိုင်ခဲ့လေ၏။

သူသည် လုရွှမ်အာကို စိတ်ကျေနပ်အောင်ပြုလုပ်ပေးနိုင်သရွေ့ လုယွီနှင့်ကျန်းမိသားစုအကြားမှဆက်ဆံရေးသည် နောက်ထပ်အဆင့်တစ်ခု ပို၍မြင့်မားသွားပေမည်။

"ကျန်းမိသားစုခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်"

လုရွှမ်အာသည် သူမ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ကျေးဇူးတင်စကားပြောဆိုပြီးနောက် သူမက လုယွီကို ထပ်မံ၍ တစ်ချက်ပြန်ကြည့်လိုက်သည်။

လုယွီ၏အမူအယာသည် တည်ငြိမ်အေးဆေးနေကာ ကျန်းဟုန် ပြုလုပ်သမျှအရာအားလုံးသည် ဖြစ်ရိုးဖြစ်စဥ်ကိစ္စတစ်ခုကဲ့သို့ပင်။

ဤသည်က လုရွှမ်အာ၏သိလိုစိတ်ကို ပို၍ပြင်းပြသွားစေသည်။ယခုချိန်တွင် လုယွီထံ၌ မည်ကဲ့သို့အဆင့်အတန်းမျိုး ရှိနေသနည်း။

"ဒါနဲ့...ငါ့ရဲ့ အရင်အဆင့်အတန်းကရော...."

လုရွှမ်အာက မဝံ့မရဲ မေးမြန်းလေသည်။

အကယ်၍ လုယွီသည် သူမကို ဤအတိုင်းခေါ်ဆောင်လာပါက ဆုတောင်းခြင်းဖီးနစ်မဟာမိတ်ကိုဖြေရှင်းရန် လွယ်ကူမည်မဟုတ်ချေ။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"မင်း ဘာမှမစိုးရိမ်နဲ့တော့...ဆုတောင်းခြင်းဖီးနစ်မဟာမိတ်ရဲ့လူတွေက မင်းကို ထပ်ပြီးတော့ နှောက်ယှက်တော့မှာမဟုတ်ဘူး...နောင်အနာဂတ်မှာ မင်း အဲ့ဒီလူတွေနဲ့ ထပ်ပြီးပတ်သက်ဖို့ မလိုတော့ဘူး"

All Chapters