အခန်း (၃၂၆၁-၃၂၆၅)
Vol. 166 Ch. 3261-3265
Chapter 3261
လုယွီသည် လေသံပြတ်ပြတ်နှင့် ပြောဆိုလိုက်ခြင်းပင်။
ထိုအသံသည် ဆရာတစ်ယောက်မှနေ၍ သူ၏စိတ်ပျက်ဖွယ်တပည့်တစ်ယောက်ကို ဆူပူကြိမ်းမောင်းနေသည်နှင့် တူညီပေ၏။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ကျန်းမိသားစု၏အစောင့်များပင်လျှင် သူတို့ရှေ့ရှိ မြင်ကွင်းကိုကြည့်ပြီး ကြက်သေသေနေကြသည်။
ဤှသည်က တော်ဝင်နန်းတွင်း၏ရွှယ်ရှားအမတ်ကြီးပင်။
ဤအမတ်ကြီးသည် မြင့်မားသောရာထူးရှိရုံသာမက ထူးချွန်သောစစ်ရေးအောင်မြင်မှုများကိုလည်း ရရှိထားသည်။သူသည် လုမိသားစု၏သခင်လေးဖြစ်ကာ သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် မယုံကြည်နိုင်ဖွယ်အဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။
အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သော စီနီယာကျင့်ကြံသူတချို့ပင်လျှင် လုကျိုးရှောင်နှင့်ရင်ဆိုင်တိုက်ခိုက်ရပါက သူတို့အနိုင်ရရှိမည်ဟု အတပ်မပြောဝံ့ချေ။
လုကျိုးရှောင်သည် မောက်မာဝံ့ကြွားသောအမူအယာဖြင့် ရောက်ရှိလာသော်လည်း ဤအတိုင်းအဆုံးသတ်ရမည်ဟု မည်သူမျှ မျှော်လင့်မထားမိချေ။
"လုယွီ မင်းက မီးနဲ့ဆော့ကစားပြီးတော့ မင်းကိုယ်မင်း လောင်ကျွမ်းအောင်လုပ်နေတာပဲ"
လုကျိုးရှောင်၏မျက်နှာအမူအယာ တဖြည်းဖြည်း ရက်စက်ကြမ်းကြုတ်စပြုလာသည်။
"မင်း အဲ့ဒီလိုလုပ်နိုင်တဲ့အချိန်ထိ ငါ စောင့်နေမယ်...ဒီနေ့ ငါက ကျန်းမိသားစုရဲ့ဧည့်သည်တစ်ယောက်အနေနဲ့ရှိနေတာ...တကယ်လို့ ဘာမှအထွေအထူးကိစ္စမရှိရင် ငါ မင်းနဲ့ မငြင်းခုံချင်ဘူး...နှုတ်ဆက်ပါတယ်"
လုယွီက ထိုစကားကိုပြောဆိုပြီးနောက် ထွက်ခွာခဲ့တော့သည်။
ကျန်းဟုန်နှင့်မဟာအကြီးအကဲသည်လည်း အစောပိုင်းက သူတို့မြင်တွေ့ခဲ့သည့်မြင်ကွင်းကိုကြည့်ပြီး ကြက်သေသေနေကြသည်။
လုယွီ၏နောက်ဆုံးတိုက်ခိုက်မှုကို သူတို့ ရှင်းရှင်းလင်းလင်းပင် မမြင်တွေ့လိုက်ရချေ။
"သူ နောက်ဆုံးအသုံးပြုသွားတဲ့မှော်မန္တန်က သာမာန်မှော်မန္တန်မဟုတ်တာ သေချာတယ်...အဲ့ဒီအထဲမှာ ဥပဒေသလှုပ်ခတ်မှုတွေ ရှိနေတယ်...သူက မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဆိုပေမယ့် ဥပဒေသတွေကိုတောင် ထိတွေ့နေနိုင်ပြီ...တကယ့်ကို သာလွန်ထူးကဲတဲ့လူငယ်ပဲ"
မြောက်မြားစွာသောအတွေးများက မဟာအကြီးအကဲများ၏စိတ်အတွင်း၌ ဖြတ်ပြေးနေကာ လုယွီအပေါ်ထားရှိသည့် သူ၏အမြင်သည် ပို၍ပို၍လေးနက်လာသည်။
ကျန်းဟုန်နှင့်မဟာအကြီးအကဲတို့သည် လုယွီ၏နောက်သို့လိုက်ကာ ကျန်းအိမ်တော်အတွင်းသို့ ပြန်ဝင်ခဲ့တော့သည်။
ကျန်းအိမ်တော်တံခါး တဖြည်းဖြည်းပိတ်သွားသည်ကိုကြည့်ပြီး လုကျိုးရှောင်၏စိတ်နှလုံးသားအတွင်းတွင် ယခင်က တစ်ကြိမ်မျှမခံစားဘူးသည့် အရှက်ရသောခံစားချက်မျိုး ထွက်ပေါ်လာသည်။
သူသည် ဂျူနီယာတစ်ယောက်ကို အမှန်တကယ် ရှုံးနိမ့်ခဲ့သလော...
မူလက သူ ဤနေရာသို့လာခဲ့ခြင်းမှာ လုယွီကို ပြဿနာရှာရန်ပင်။သူသည် သူ၏အစွမ်းထက်ဆုံးတိုက်ခိုက်မှုစွမ်းအားကို အသုံးပြု၍ လုယွီကိုခြိမ်းခြောက်ရန် ရည်ရွယ်ခဲ့သည်။သို့ရာတွင် အဆုံးသတ်၌ အရှက်ရခဲ့သောတစ်ယောက်သည် သူဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
"အရှင်အမတ်ကြီး..."
လုမိသားစုဝင်အစောင့်များသည် ကူညီပေးရန်အတွက် အလျှင်အမြန်ပြေးလာသော်လည်း လုကျိုးရှောင်က သူတို့ကို တွန်းထုတ်လိုက်၏။
"ငါ သူ့ကို လျှော့တွက်ခဲ့မိတယ်...ဒါပေမယ့် ဒီလူက တော်တော်လေးအရည်အချင်းရှိတယ်...သူက ငါနဲ့ထိုက်တန်တဲ့ပြိုင်ဘက်တစ်ယောက်လို့ ယူဆလို့ရတယ်"
လုကျိုးရှောင်သည် ရုတ်တရက် သူ၏စိတ်နှလုံးသားအတွင်းရှိ ဒေါသများကို တည်ငြိမ်အောင်ထိန်းသိမ်းလိုက်ကာ ရထားလုံးအတွင်းသို့ ပြန်ဝင်လိုက်သည်။
"ဘယ်လိုလဲ...ငါ အရင်က ပြောထားတာတွေကို မင်း ယုံပြီမလား"
ထိုက်ဟွာကျမ်းစာ၏အသံက လုကျိုးရှောင်၏နားအတွင်း၌ တဖန်ထပ်၍ မြည်ဟီးလာသည်။
လုကျိုးရှောင်က ပြောဆိုသည်။
"သူ့ရဲ့ခွန်အားက မြေကမ္ဘာအင်မော်တယ်နယ်ပယ်မှာပဲရှိသေးတယ်...ဒီတစ်ကြိမ်က ငါ သူ့ကို စမ်းသပ်ကြည့်ရုံသက်သက်ပဲ...တကယ်လို့ ငါ ခွန်အားကုန်အသုံးပြုမယ်ဆိုရင် သူက ငါ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး"
ထိုက်ဟွာကျမ်းစာက အံ့အားတသင့် ပြောဆိုလေ၏။
"မင်း ခုဏကအသုံးပြုလိုက်တဲ့ လှုပ်ရှားမှုက အရမ်းကောင်းတယ်...စောင့်ကြည့်နေတဲ့သူတွေကတောင် မင်း အနိုင်ရမယ်လို့ပဲထင်ကြမှာ...ဘာလို့ မင်းက ခွန်အားကုန်သုံးပြီး မတိုက်ခိုက်ခဲ့တာလဲ"
"ဟား ဟား ဟား...အသက်အရွယ်ငယ်ရွယ်တဲ့ချိန်မှာ နာမည်ကျော်ကြားပြီးတော့ ကြီးကျယ်ခမ်းနားတဲ့ နာမည်ဂုဏ်သတင်းကို ပိုင်ဆိုင်တဲ့လူငယ်တွေရဲ့ အကျင့်စရိုက်ကို ငါ သိထားတယ်....တကယ်လို့ အခုချိန်မှာ ငါ သူ့ကို အနိုင်ယူလိုက်မယ်ဆိုရင် သူက ငါ့ကို သတိထားမိသွားလိမ့်မယ်...ဒါပေမယ့် ငါ ရှုံးနိမ့်သွားတာကြောင့် သူက ငါ့ကို သတိထားနေတော့မှာမဟုတ်ဘူး"
လုကျိုးရှောင်က အပြုံးနှင့် ဆက်လက်ပြောဆိုသည်။
"သူ့ရဲ့နောက်ဆုံးလှုပ်ရှားမှုက တကယ်ကိုပဲ မဆိုးဘူး...ဒါပေမယ့် ငါ့ကို ရှုံးနိမ့်သွားစေဖို့အတွက် မလုံလောက်ဘူး...ငါက လှည့်စားပြီးတော့ သူ့ကို ပိုပြီးနာမည်ကျော်ကြားသွားအောင်လုပ်ရမယ်...သူ သတိလက်လွတ်နေတာနဲ့ ငါက သူ့ကို တိတ်တိတ်လေး သတ်လိုက်ရုံပဲ...အချိန်ကျလာရင် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာက ငါ့ရဲ့လက်ထဲကို ရောက်လာမှာပဲ"
"လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာက ရှေးဟောင်းတာအိုကျမ်းစာသုံးခုထဲကတစ်ခု...ဒါက ငါ့ရဲ့အပိုင်ဖြစ်ဖို့ ကံကြမ္မာရှိပြီးသား...ငါ အဲ့ဒီကျမ်းစာကို ရယူနိုင်ဖို့အတွက် အဲ့ဒီကောင်စုတ်လေးကို အချိန်ခဏလောက်တော့ မောက်မာဝံ့ကြွားခွင့်ပြုထားရမယ်"
ထိုက်ဟွာကျမ်းစာက ချီးမွမ်းမြှောက်ပင့်လေသည်။
"မင်းရဲ့အစီအစဥ်က မဆိုးဘူး...အောင်မြင်မှုကြီးကြီးမားမားကို လိုချင်တဲ့လူတွေက အသေးအမွှားကိစ္စတွေကို ဂရုမစိုက်သင့်ဘူး...သူကို နည်းနည်းလောက်ကြာအောင် မောက်မာဝံ့ကြွားခွင့်ပြုထားလိုက်ပါ...လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ သူ့ဆီမှာရှိနေသရွေ့ ဒါကအဆင်ပြေတယ်"
လုကျိုးရှောင်က ပြုံးလိုက်သော်လည်း ထပ်မံ၍စကားပြောဆိုခြင်းမပြုတော့ချေ။
လုကျိုးရှောင်၏ရထားလုံးထွက်ခွာသွားပြီးနောက် ထိုသတင်းသည် တောင်ပံတစ်စုံပေါက်နေသည့်အလား ပျံ့နှံ့သွားကာ တော်ဝင်မြို့တော်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။
Chapter 3262
"လုယွီက ရွှယ်ရှားအမတ်ကြီးကို တကယ်ကြီး အနိုင်ယူခဲ့တာလား"
"ငါ ကြားထားတာတော့ ရွှယ်ရှားအမတ်ကြီးက ဒေါသတကြီးနဲ့ လုယွီကို လာရှာခဲ့တယ်...အနိုင်အရှုံးက လှုပ်ရှားမှုသုံးကြိမ်အတွင်းမှာ ကွဲပြားသွားမယ်လို့ ဘယ်သူမှ မျှော်လင့်မထားမိဘူး...ရွှယ်ရှားအမတ်ကြီးက လုယွီရဲ့ပြိုင်ဘက် မဖြစ်နိုင်ခဲ့ဘူး"
တော်ဝင်မြို့တော်အတွင်း၌ ဤသတင်းသည် လမ်းကြိုလမ်းကြားများပါမကျန် ပျံ့နှံ့နေကာ လူအားလုံးနီးပါး ထိုကိစ္စကို ပြောဆိုနေကြသည်။ရွှယ်ရှားအမတ်ကြီးသည် ယခုမှထိပ်သီးကျောင်းတော်သားဖြစ်လာသူတစ်ယောက်ကို ရှုံးနိမ့်သွားမည်ဟု မည်သူမျှ မျှော်လင့်မထားမိကြချေ။
လုယွီ၏နာမည်ဂုဏ်သတင်းသည် ခန့်မှန်းမရသောအဆင့်တစ်ခုသို့ ရောက်ရှိသွားသည်မှာ သိသာထင်ရှားလှ၏။
လုယွီသည် ယနေ့ကဲ့သို့အောင်မြင်မှုမျိုး ရရှိလာမည်ဟု မည်သူကမျှ တွေးထင်မထားမိကြချေ။
"လုယွီက ရွှယ်ရှားအမတ်ကြီးကို တကယ်ပဲအနိုင်ယူခဲ့တာလား..သူက လုမိသားစုရဲ့ရှားပါးပါရမီရှင်လို့ နာမည်ကျော်ကြားတဲ့လူ မဟုတ်ဘူးလား...ပြီးတော့ သူက အမတ်ကြီးတစ်ယောက်လေ...ဒါတောင်မှ သူ လုယွီကို အနိုင်မယူနိုင်ခဲ့ဘူးလား"
ထိုသတင်းသည် အင်အားစုများ၏နားများအတွင်းသို့ ရောက်ရှိသွားသည်။ထိုလူများသည် ရူးသွပ်သွားသည့်အလား ကဆုန်စိုင်းခုန်ပေါက်နေလုနီးပါးပင်။
အမှန်အားဖြင့် လုယွီသည် ထိပ်သီးကျောင်းတော်သားတစ်ယောက်ဖြစ်လာခြင်းကြောင့် မျိုးဆက်တူလူငယ်များအကြားတွင် အလွန်အစွမ်းထက်သူဟု ဆိုလိုခြင်းပင်။
လုယွီသည် ချင်လုရှန်းကို အနိုင်ယူခဲ့သော်လည်း ဤသည်က အရေးမပါလှချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ တော်ဝင်နန်းတွင်းမှခန့်အပ်ထားသော အမတ်ကြီးတစ်ယောက်ကိုပင် လုယွီသည် အနိုင်တိုက်ခိုက်နိုင်ခဲ့သဖြင့် သူ၏ခွန်အား အလွန်သန်မာအားကောင်းသည်မှာ သံသယဖြစ်ဖွယ် မရှိတော့ပေ။
ဤအချိန်အခိုက်အတန့်တွင် ကျောက်စိမ်းဆေးမီးဖိုမှလူများအားလုံး ဝမ်းသာပျော်ရွှင်နေကြသည်။
လုယွီနှင့်ယခင်ကသိကျွမ်းခဲ့ဖူးသူများသည် ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ လုယွီနှင့်သူတို့အကြားရှိဆက်ဆံရေး ပို၍တိုးတက်လာစေရန်ရည်ရွယ်၍ လက်ဆောင်များပေးအပ်ရန် ပြင်ဆင်နေကြသည်။
ယခင်က လုယွီနှင့်ရန်ငြိုးရှိခဲ့သော အင်အားစုတချို့သည် လုယွီကိုရင်ဆိုင်မည့်နည်းလမ်းကို ပြောင်းလဲရန် စဥ်းစားနေကြ၏။
လုယွီ၏နာမည်ဂုဏ်သတင်းသည် ထပ်မံ၍ အထွတ်အထိပ်အခြေအနေသို့ မြင့်တက်သွားလေပြီ။
လုယွီသည် ထိုကိစ္စများကို ဂရုမစိုက်ချေ။ထိုအစား သူ၏စိတ်နှလုံးသားအတွင်း၌ တည်ငြိမ်မှုများနှင့် ပြည့်နှက်နေသည်။
တစ်ဖက်လူသည် ခွန်အားကုန်ထုတ်ဖော်အသုံးပြုခဲ့ခြင်းမရှိကြောင်း သူ သိရှိထားသည်။ဤတစ်ကြိမ်သည် သူ့အား စမ်းသပ်ရုံသက်သက်ပင်။
သူသည်မူ သူ၏ခွန်အားကုန်ကို ထုတ်ဖော်အသုံးပြုခဲ့သည်။
လုကျိုးရှောင်ကဲ့သို့ ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရချိန်တွင် လုယွီ၏ယခုလက်ရှိ ကျင့်ကြံဆင့်နယ်ပယ်ဖြင့် သူ၏ခွန်အားကုန်ထုတ်ဖော်အသုံးပြုပြီး အစွမ်းထက်ဆုံးမှော်မန္တန်များကိုအသုံးပြုမှသာ ယှဥ်ပြိုင်နိုင်သည်ဆိုရုံမျှရှိပေမည်။
တခြားလူများသည် လုယွီ လွယ်လင့်တကူ အနိုင်ရရှိခဲ့သည်ဟု တွေးထင်ကြပေမည်။သို့ရာတွင် တော်ဝင်မြို့တော်အတွင်း၌ လုကျိုးရှောင် အစွမ်းကုန်တိုက်ခိုက်ခြင်းမပြုသည်မှာ သူ၏နာမည်ဂုဏ်သတင်းနှင့် သူ့နောက်တွင်ကျန်းမိသားစုရှိနေ၍ဖြစ်ကြောင်း သူတို့အားလုံး သိရှိမည်မဟုတ်ချေ။
မိုးကောင်းကင်ဖွင့်လှစ်ခြင်းမြှားတွင် လုယွီသည် သူ၏မှော်စွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်းကို ထည့်သွင်းအသုံးပြုထားသည်။အကယ်၍ သူတို့နှစ်ယောက် ဆက်လက်၍တိုက်ခိုက်ပါက မည်သူအနိုင်ရမည် မည်သူရှုံးနိမ့်မည်ကို ပြောဆိုနိုင်မည်မဟုတ်ချေ။
"ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က နည်းနည်းတော့နိမ့်နေတုန်းပဲ...ငါ တတ်နိုင်သမျှ အမြန်ဆုံး ကျင့်ကြံဆင့်ချိုးဖျက်ဖို့ လိုအပ်တယ်"
လုယွီသည် သူ၏မျက်ခုံးနှစ်ခုကြားနေရာကို ဖိနှိပ်လိုက်၏။ရုတ်ချည်းဆိုသလိုပင် သူ၏စိတ်အတွင်းရှိ မလိုလားအပ်သောအတွေးများအားလုံး ရှင်းလင်းသွားလေပြီ။
လုကျိုးရှောင်သည် လုယွီအတွက် အရေးမပါချေ။သူ၏ခွန်အားသည် လုယွီထက် သန်မာအားကောင်းသော်လည်း အတွေ့အကြုံအရ သူသည် လုယွီထက် များစွာပို၍အားနည်းသည်။
အဓိကသော့ချက်မှာ ထိုက်ဟွာကျမ်းစာပင်။
ဤတာအိုကျမ်းစာသည် ရှေးဟောင်းခေတ်မှဆင်းသက်လာခြင်းဖြစ်ကာ ကိုယ်ပိုင်အသိဥာဏ်ရှိသည်။ဤသည်က မွန်းစတားအိုကြီးတစ်ကောင်နှင့်တူညီသော တည်ရှိမှုကြီးပင်။အကယ်၍ သူ၏အတိတ်ဘဝ၌ရှိနေလျှင်ပင် လုယွီသည် ထိုမွန်းစတားအိုကြီးရှေ့၌ ဂျူနီယာတစ်ယောက်ဟုသာ ယူဆနိုင်သည်။
ဤမွန်းစတားအိုကြီးနှင့်ရင်ဆိုင်ရန်အတွက် သူ အလွန်အမင်း ဂရုစိုက်ရပေမည်။အဆက်မပြတ်စဥ်းစားတွက်ချက်ပြီးနောက် လုယွီသည် ထိုကိစ္စကိုရင်ဆိုင်နိုင်သော နည်းလမ်းကို ရရှိသွားပေ၏။
....
ခရမ်းရောင်ဝါးဥယျာဥ်အတွင်း၌...
လုရွှမ်အာသည် မနက်စာစားသုံးပြီးသော်လည်း သူမသည် စိတ်ဓာတ်ကျနေဆဲဖြစ်ကာ သူမ၏ထိတ်လန့်တုန်လှုပ်မှုများမှ ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးချေ။
မနေ့ကအထိ သူမသည် အစေခံတပည့်တစ်ယောက်ပင်။အကယ်၍ သူမ တစ်စုံတစ်ခု အမှားအယွင်းလုပ်မိပါက သူမ ဆူပူကြိမ်းမောင်းခံရမည့်အပြင် အရိုက်လည်းခံရပေမည်။သို့ရာတွင် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် တစ်ညကုန်လွန်သွားပြီးနောက် သူမသည် တော်ဝင်မြို့တော်မှထိပ်သီးမိသားစုကြီးတစ်စု၏အိမ်တော်၌ အထူးဧည့်သည်တော်တစ်ယောက် ဖြစ်နေလေပြီ။
ဤအဆင့်အတန်းနှစ်ခုကြား ကွာဟချက်မှာ လွန်စွာကြီးမားသည်။ထို့ကြောင့် ယခုချိန်ထိတိုင် လုရွှမ်အာသည် သူမ၏ထိတ်လန့်တုန်လှုပ်မှုမှ ရုန်းထွက်နိုင်ခြင်းမရှိသေးချေ။
စားပွဲပေါ်ရှိ ဟင်းပွဲများသည် အရသာရှိသော်လည်း လုရွှမ်အာသည် မည်သည့်အရသာကိုမျှ ခံစား၍မရခဲ့ချေ။
Chapter 3263
လုယွီသည် အဆင့်မြင့်ကျောင်းတော်သားတစ်ယောက် ဖြစ်နေလေပြီ။ဤသည်က သူမ တွေးတောထားသည်နှင့် များစွာကွဲပြားခြားနားနေသည်။
ဤအဆင့်အတန်းကွာဟချက်က သူမ၏စိတ်အတွင်း၌ လွှမ်းမိုးနေကာ သူမကို မကြုံစဖူးရှုံးနိမ့်ခဲ့ရသော ခံစားချက်မျိုး ရရှိစေသည်။
"သူ ဘာတွေလုပ်ထားလို့ ကျန်းမိသားစုခေါင်းဆောင်က သူ့ကို လေးလေးစားစားဆက်ဆံနေတာလဲ...သူက လုယွီကို စီနီယာလို့တောင်ခေါ်တယ်....လုယွီရဲ့အသက်က ဘယ်လောက်ရှိသေးလို့လဲ"
လုရွှမ်အာသည် အဆက်မပြတ်တီးတိုးရေရွတ်နေကာ သူမ၏စိတ်နှလုံးသားအတွင်း၌ ဝေခွဲရခက်နေခြင်းများနှင့် ပြည့်နှက်နေသည်။
"ဆရာသခင်လုက အရမ်းသန်မာအားကောင်းမယ်လို့ ငါ ထင်မထားမိဘူး...ရွှယ်ရှားအမတ်ကြီးတောင် သူ့ရဲ့ပြိုင်ဘက်မဟုတ်ခဲ့ဘူး"
"အမှန်ပဲ...ရွှယ်ရှားအမတ်ကြီးက ဒေါသတကြီးနဲ့ ဒီနေရာကိုရောက်လာတာလို့ ငါ ကြားထားတယ်...သူက ဘယ့်သူကိုမှ မျက်စိထဲထည့်တာမဟုတ်ဘူး...ကံကောင်းထောက်မပြီးတော့ ဆရာသခင်လုက သူ့ကို အနိုင်ယူနိုင်ခဲ့တယ်....ဘယ်လိုပဲဖြစ်ဖြစ် ဆရာသခင်လုက အရမ်းချောမောခန့်ညားတာပဲ...တကယ်လို့ ငါသာ သူ့ရဲ့ဇနီးဖြစ်ရမယ်ဆိုရင် အရမ်းပျော်မိမှာပဲ"
"နင် ထပ်ပြီးတော့ စိတ်ကူးယဥ်နေပြန်ပြီလား..ဘာတွေ စဥ်းစားနေတာလဲ...သူက ထိပ်သီးကျောင်းတော်သားတစ်ယောက်... ကောင်းကင်ဘုံနယ်မြေရဲ့ပါရမီရှင်မိန်းမပျိုလေးတွေနဲ့ ပေါင်းဖက်ဖို့ ကံကြမ္မာပါတဲ့သူ...ဘယ်လိုလုပ်ပြီး ငါတို့နဲ့ အဲ့ဒီလိုဆက်ဆံရေးမျိုး ရှိနိုင်မှာလဲ"
အစေခံမိန်းကလေးတချို့သည် လမ်းသွားနေရင်းမှ အဆက်မပြတ် စကားပြောဆိုနေကြ၏။
လုရွှမ်အာသည် သိချင်စိတ်ပြင်းပြသွားကာ မေးမြန်းလိုက်သည်။
"နင်တို့တွေ ဘယ့်သူအကြောင်းကို ပြောနေကြတာလဲ"
လုရွှမ်အာ၏အသံကိုကြားချိန်တွင် ထိုအစေခံမလေးများသည် စကားပြောဆိုနေခြင်းကို အလျှင်အမြန် ရပ်တန့်လိုက်သည်။
အစေခံမလေးတစ်ယောက်က လုရွှမ်အာ၏ရှေ့သို့လျှောက်လှမ်းလာကာ အပြုံးနှင့်ပြောဆိုသည်။
"မိန်းကလေးရွှမ်အာ...ဒါက နင်နဲ့အတူ ရှိနေခဲ့တဲ့ ဆရာသခင်လုအကြောင်းကို ပြောနေတာလေ...နင် ခုဏက ဘာလို့အပြင်ကိုထွက်ပြီး တစ်ချက်လောက်မကြည့်တာလဲ...အပြင်မှာ ခုဏဖြစ်သွားတဲ့တိုက်ပွဲက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်...ဆရာသခင်လုက လှုပ်ရှားမှုသုံးခုတည်းနဲ့ ရွှယ်ရှားအမတ်ကြီးကို အနိုင်ယူနိုင်ခဲ့တယ်...အဲ့ဒီမြင်ကွင်းကိုကြည့်ရတာ အရမ်းရင်သက်ရှုမောဖွယ်ကောင်းတာပဲ"
လုရွှမ်အာသည် လုယွီနှင့်ဆွေမျိုးတော်စပ်ကြောင်း သူမတို့အားလုံး သတင်းရရှိထားပြီးဖြစ်သဖြင့် လုယွီ၏အကြောင်းကို ဖုံးကွယ်မထားဘဲ မချွင်းမချန် ပြောဆိုလိုက်၏။
"ရွှယ်ရှားအမတ်ကြီးလား...နင်တို့ပြောနေတာက လုမိသားစုရဲ့သခင်လေးလား...လုယွီက လှုပ်ရှားမှုသုံးခုတည်းနဲ့ သူ့ရဲ့ပြိုင်ဘက်ကို အနိုင်ယူနိုင်ခဲ့တာလား..ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"
လုရွှမ်အာက အံ့အားသင့်တုန်လှုပ်သွားသည်။
သူမ ဆုတောင်းခြင်းဖီးနစ်မဟာမိတ်အတွင်း၌ ရှိနေစဥ်တွင် တော်ဝင်မြို့တော်အတွင်း၌ အရေးပါသောလူအမြောက်အများ၏အကြောင်းကို သိရှိခဲ့ရသည်။
လုမိသားစု၏သခင်လေးဖြစ်သော ရွှယ်ရှားအမတ်ကြီးလုကျိုးရှောင်သည် နောက်တစ်ချိန်တွင် လုမိသားစုခေါင်းဆောင်ဖြစ်လာမည့်သူပင်။သူ၏အရည်အချင်းသည် အလွန်ထူးချွန်ပေ၏။ထို့ပြင် သူသည် တော်ဝင်စစ်တပ်အတွင်း၌ ကြီးမားသောစစ်ရေးအောင်မြင်မှုများကို ရရှိထားကာ သူ၏ကိုယ်ပိုင်ခွန်အားသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။
ဤကဲ့သို့အဆင့်၌ ရှိနေသူသည် အမှန်တကယ်ကိုပင် လုယွီ၏အနိုင်ယူခြင်းကို ခံခဲ့ရသလော....
ထိုသို့ဆိုပါက ယခုချိန်တွင် လုယွီ မည်မျှထိ သန်မာအားကောင်းနေသနည်း...
ထိုအစေခံက အပြုံးနှင့်ပြောဆိုသည်။
"နင် ဆရာသခင်လုရဲ့အကြောင်းကို မသိဘူးလို့တော့ ငါ့ကိုမပြောနဲ့...သူက ခုနှစ်တော်ဝင်စာမေးပွဲရဲ့ထိပ်သီးကျောင်းတော်သားပဲ...ငါတို့ရဲ့ဘိုးဘေးကတောင် သူ့အတွက်နဲ့ ရှေ့ထွက်ပြီး စကားပြောပေးခဲ့တယ်"
ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များက လုရွှမ်အာ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
ဘာ....ထိပ်သီးကျောင်းတော်သား...
လုယွီသည် အဆင့်မြင့်ကျောင်းတော်သားဖြစ်လာသည်ကို သူမ သိရှိသော်လည်း သူသည် ပထမနေရာကို ရယူနိုင်ခဲ့မည်ဟု သူမ မျှော်လင့်မထားမိချေ။
"နင်ကလည်း ကံကောင်းတဲ့လူတစ်ယောက်ပဲ...နင့်မှာ ဒီလိုမျိုးအစွမ်းထက်တဲ့ ဝမ်းကွဲအကိုရှိနေတယ်...ငါတို့အားလုံးက နင့်ကို မနာလိုဖြစ်နေကြတာ...ဘာမှစိတ်မပူနဲ့...ငါတို့မိသားစုခေါင်းဆောင်နဲ့ဆရာသခင်လုကြားက ဆက်ဆံရေးက အရမ်းကောင်းတယ်...နင်က ငါတို့ကျန်းမိသားစုရဲ့အထူးဧည့်သည်တော်အဖြစ်နဲ့ စိတ်အေးလက်အေး နေလို့ရတယ်...ဒီနေရာကို နင့်ရဲ့ကိုယ်ပိုင်အိမ်လို့ သဘောထားနိုင်တယ်"
တခြားအစေခံများကလည်း အပြုံးနှင့် ဝင်ရောက်ပြောဆိုသည်။
သို့ရာတွင် လုရွှမ်အာသည် ထိုအစေခံမလေးများ၏ရယ်မောသံများကို ကြားပုံမရချေ။
သူမ၏စိတ်တစ်ခုလုံး ဗလာဟင်းလင်းဖြစ်နေလေပြီ။လုယွီ၏ပုံရိပ်တစ်ခုတည်းသာ သူမ၏စိတ်အတွင်း၌ ထင်ဟပ်နေသည်။
သို့ရာတွင် လုယွီ၏ပုံရိပ်သည် တစတစ သူမနှင့်ဝေးကွာနေလေပြီ။
"ငါ သူ့ကို ဘယ်လိုမှ လိုက်မမှီနိုင်တော့ဘူး"
အထီးကျန်ဆန်မှုနှင့် ကြေကွဲဝမ်းနည်းသောအရိပ်အယောင်များက သူမ၏မျက်နှာပေါ်၌ ဖြတ်ပြေးသွားသည်။
ယခင်က သူမသည် လုယွီကို အမြဲတစေလှောင်ပြောင်သရော်ခဲ့ကာ အထင်အမြင်သေးခဲ့လေ၏။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် သူမ မော့ကြည့်ရသောအဆင့်မျိုးသို့ ရောက်ရှိသွားလေပြီ။အကယ်၍ သူမ အစွမ်းကုန်ကြိုးစားလျှင်ပင် လုယွီကို အမှီလိုက်နိုင်တော့မည်မဟုတ်ချေ။
ရှည်လျားသော သက်ပြင်းရှိုက်သံတစ်သံက လုရွှမ်အာထံမှ ထွက်ပေါ်လာသည်။နောင်အနာဂတ်တွင် သူမသည် လုယွီ၏ကာကွယ်မှုကို ရရှိမည်ဖြစ်ကြောင်း သူမ ကောင်းစွာသိရှိထားသည်။ဤသည်က သူမ၏အနာဂတ်ပင်။သူမသည် လုယွီ၏အရိပ်အောက်၌ နေထိုင်သွားရမည်ဟု သူမ လက်ခံလိုက်လေပြီ။
Chapter 3264
ကျန်းအိမ်တော်၌ ရက်အနည်းငယ်ကြာနေထိုင်ပြီးနောက် လုယွီသည် စာပေသူတော်စင်ယီဟန်၏အိမ်တော်သို့သွားရန် ထွက်ခွာခဲ့လေ၏။
သူ၏ဆရာသခင်ဖြစ်သော စာပေသူတော်စင်ယီဟန်သည် တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာလေပြီ။
စာပေသူတော်စင်၏တိုက်ရိုက်တပည့်ဖြစ်သော သူသည် ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ ဂါရဝပြုရန်လိုအပ်သည်။သို့ရာတွင် တခြားတပည့်များနှင့်ကွာခြားချက်မှာ သူနှင့်အတူ မည်သည့်လက်ဆောင်ကိုမျှ ယူဆောင်မလာခြင်းပင်။ဤသည်က စာပေသူတော်စင်ယီဟန်သည် တခြားသူများမှပေးအပ်သည့် လက်ဆောင်များကို ယူဆောင်ခြင်းမရှိဟု ဖူကျစ်ရွှယ်က သူ့ကို ပြောဆိုခဲ့သောကြောင့်ဖြစ်သည်။
ကောင်းကင်ဘုံနယ်မြေရှိ စာပေသူတော်စင်အနည်းစုအနက်မှတစ်ယောက်ဖြစ်သော ယီဟန်သည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကိုပင် သင်ကြားပေးခဲ့ဖူးသော တည်ရှိမှုကြီးဖြစ်ပေ၏။စာပေသူတော်စင်ယီဟန်ကို ကောင်းကင်ဘုံနယ်မြေအတွင်း၌ လောက၏ဆရာသခင်ဟုပင် ခေါ်ဆိုကြသည်။
အထူးသဖြင့် စာပေသူတော်စင်ယီဟန်သည် ရှေးဟောင်းတာအိုကျမ်းစာများနှင့် အလယ်ခေတ်အတွင်းမှ နာမည်ကျော်ကြားသော ကျင့်ကြံနည်းစနစ်အမြောက်အများကို ရှင်းပြနိုင်သူဖြစ်သည်။ထို့ကြောင့် ရှေးဟောင်းအချိန်ကာလများမှဆင်းသက်လာသော တာအိုကျမ်းစာများကို အမွေဆက်ခံနိုင်ကာ ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပေ၏။
ကောင်းကင်ဘုံနယ်မြေအတွင်း၌ရှိနေသော ကျင့်ကြံနည်းစနစ်များနှင့်ကျမ်းစာများသည် ထိုရှေးဟောင်းတာအိုကျမ်းစာများမှ ဆင့်ကဲပြောင်းလဲလာခြင်းပင်။ထို့ကြောင့် စာပေသူတော်စင်ယီဟန်ကို မရေမတွက်နိုင်သောကျင့်ကြံသူများ၏ဆရာသခင်ဟု ယူဆခြင်းမှာ ပြဿနာတစ်ရပ်မဟုတ်ချေ။
"သခင်လေးလု...စာပေသူတော်စင်ရဲ့အိမ်တော်က ရှေ့မှာပါ...ကျွန်တော်က ဒီနေရာကနေပဲ စောင့်နေပါ့မယ်"
ကျန်းအိမ်တော်မှအစောင့်တစ်ယောက်က ရထားလုံး၏ပြင်ပသို့ထွက်ကာ ရိုသေလေးစားစွာပြောဆိုသည်။
စာပေသူတော်စင်ယီဟန်သည် အလွန်အေးစက်စက်ဆန်ကာ တော်ဝင်မြို့တော်အတွင်း၌ သိသာထင်ရှားခြင်းမရှိသော သက်ကယ်အိမ်တစ်လုံးတွင် နေထိုင်သည်။
ဤသည်က အမြင်စုတ်သော်လည်း စာပေသူတော်စင်၏ကျင့်ကြံမှုကို တခြားသူများမှ အနှောက်အယှက်ပြုခွင့်မရှိချေ။ထို့ကြောင့် အိမ်တော်ပြင်ပတွင် နဂါးအစောင့်များက လျှို့ဝှက်၍ တစ်ချိန်လုံးစောင့်ကြပ်နေသည်။တစ်ချိန်တည်းမှာပင် သူတို့သည် ဖုံးကွယ်ဝင်္ကပါတချို့ကိုလည်း ခင်းကျင်းထားလေ၏။အကယ်၍ ဖိတ်ကြားခြင်းမခံရသော တစ်စုံတစ်ယောက် ဤနေရာသို့ရောက်ရှိလာပါက ထိုလူသည် အတွင်းသို့ ကျူးကျော်ဝင်ရောက်နိုင်မည်မဟုတ်ချေ။
လုယွီက ရထားလုံးပေါ်မှ ခုန်ဆင်းလိုက်သည်။သူ ယခင်ရောက်ရှိခဲ့စဥ်က မှတ်ဥာဏ်များအတိုင်း ကျောက်တုံးလှေခါးကိုနင်းဖြတ်၍ စာပေသူတော်စင်၏ခြံဝန်းအတွင်းသို့ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းဝင်လိုက်သည်။
သူ ခြံဝန်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် မကြုံစဖူး တည်ငြိမ်အေးချမ်းမှုမျိုးက သူ၏စိတ်နှလုံးသားအတွင်း၌ မြင့်တက်လာသည်ကို ခံစားမိလေ၏။ကျောက်တုံးလှေကား၏ဘေးတစ်ဖက်တစ်ချက်တွင် ကောက်ပင်များကို နေရာအနှံ့အပြား၌ စိုက်ပျိုးထားသည်။ရံဖန်ရံခါ ကျေးငှက်များနှင့်ပိုးမွှားများထံမှ တကျီကျီတကျာကျာအသံများကို ကြားနေရသည်။ဤသည်က သာယာနာပျော်ဖွယ် တေးသံများအလား လေထုအတွင်း၌ ပဲ့တင်ထပ်နေပေ၏။
ဤနေရာတွင် ရှုပ်ယှက်ခတ်နေသော မြင်ကွင်းမျိုးမရှိချေ။အရာအားလုံး တည်ငြိမ်အေးချမ်းနေကာ စိတ်ချမ်းမြေ့ဖွယ်ရာပင်။ဤခြံဝန်းအတွင်းသို့အရောက်တွင် သူ၏စိတ်နှလုံးသားအတွင်းရှိ မလိုလားအပ်သော အတွေးများအားလုံး အပြည့်အဝရှင်းလင်းသွားပုံရသည်။
လုယွီက ကျောက်တုံးလှေကားမှတက်လာခဲ့ပြီးနောက် တံခါးရှေ့တွင်ရှိနေသော ခွေးဝါကြီးကို တွေ့မြင်မိသည်။
ခွေးဝါကြီးသည် မြေပြင်ပေါ်၌ ပျင်းရိငြီးငွေ့စွာဖြင့် လဲလျောင်းနေလေ၏။သူသည် နေရောင်ကိုကာသည့်အနေဖြင့် သူ၏ခေါင်းထက်၌ ကောက်ရိုးခမောက်တစ်လုံးရှိနေသည်။အကယ်၍ သူ၏အမြှီးသာထွက်ပေါ်နေခြင်းမရှိပါက မည်သူကမျှ သူ့ကို ခွေးတစ်ကောင်ဟု တွေးထင်ကြမည်မဟုတ်ချေ။
"စီနီယာအကိုကြီးကို ဂါရဝပြုပါတယ်"
လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ဂါရဝပြုနှုတ်ဆက်လိုက်သည်။
အတိတ်တွင် ရှောင်အိမ်တော်အတွင်း၌ ထိုခွေးဝါကြီးသည် လုယွီကို ကယ်တင်ရန်အတွက် ထွက်ပေါ်လာခဲ့သည်။ဤကိစ္စအတွက် လုယွီသည် ခွေးဝါကြီးကို ကျေးဇူးတင်နေမိလေ၏။
ကောက်ရိုးခမောက်ရွေ့လျားသွားကာ ခွေးဝါကြီး၏မျက်နှာ ထွက်ပေါ်လာသည်။
"မင်းက အချိန်မှန် ရောက်လာတာပဲ...ဆရာသခင်က အမည်ခံတပည့်တွေကို သင်ကြားပေးနေတယ်...မင်းလည်း အထဲကိုဝင်ပြီး နားထောင်လို့ရတယ်"
ခွေးဝါကြီးက လောကကြီးတခွင်လုံးကို ဂရုမစိုက်သောလေသံဖြင့် ပြောဆိုသည်။
လုယွီသည် ဤခွေးဝါကြီး၏ခန္ဓာကိုယ်အတွင်း၌ အစွမ်းထက်သောစိတ်ဝိညာဥ်တစ်ခု ကိန်းအောင်းနေခြင်းကို အာရုံခံမိသည်။
ဤစိတ်ဝိညာဥ်သည် အလွန်အမင်း နက်နဲသိမ်မွေ့သော ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံပုံရသည်။ရလဒ်အနေဖြင့် ခွေးဝါကြီးသည် သူ၏ကျင့်ကြံမှုအများစုကို ကျင့်ကြံဆင့်နယ်ပယ်မြှင့်တင်ရန်သာ အသုံးပြုထားသဖြင့် အကယ်၍ သူသည် လူသားအသွင်သို့ ပြောင်းလဲနိုင်လျှင်ပင် ကြာရှည်ထိန်းသိမ်းနိုင်မည်မဟုတ်ချေ။
ထိုသို့ဆိုသည့်တိုင် ခွေးဝါကြီး၏ခွန်အားကို လျှော့တွက်၍မရချေ။
ယခုချိန်တွင် လုယွီသည် သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသည့်တိုင် ခွေးဝါကြီး၏အဆင့်မျိုးသို့ရောက်ရှိရန် လွန်စွာအလှမ်းကွာဟနေဆဲပင်။
"ကောင်းပြီလေ...ဒါဆိုရင်လည်း ဂျူနီယာညီလေးက အခုချက်ချင်း အထဲကိုဝင်သွားလိုက်ပါ့မယ်"
လုယွီသည် ခွေးဝါကြီး၏ကျင့်ကြံမှုကို ဆက်လက်၍ နှောက်ယှက်လိုခြင်းမရှိချေ။ထို့ကြောင့် သူသည် စာပေသူတော်စင်၏ခြံဝန်းအတွင်းပိုင်းသို့ ဆက်လက်၍ ဝင်သွားလိုက်၏။
သူသည် ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ လေညှင်းတစ်ချက် တိုက်ခတ်လာမှုနှင့်အတူ မြက်ပင်များက ရှေ့နောက်လှုပ်ယမ်းနေသည်ကို မြင်တွေ့မိသည်။
သို့ရာတွင် လုယွီသည် အချိန်တခဏခန့် ကြည့်ရှုပြီးနောက် ဤအရာများ၏နောက်ကွယ်၌ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုရှိနေကြောင်း ချက်ချင်းဆိုသလိုပင် ရှာဖွေတွေ့ရှိသွားသည်။
"မဟုတ်သေးဘူး...ဒီနေရာရဲ့လေတိုက်ခတ်မှုလမ်းကြောင်းက ပြင်ပလောကနဲ့ ကွဲပြားခြားနားနေတယ်...ဒီနေရာက ပြင်ပလောကနဲ့ ပိုင်းခြားထားတာပဲဖြစ်မယ်...ဒါက သီးသန့်လေဟာနယ်ကမ္ဘာလောကတစ်ခုပဲ"
လုယွီ၏မျက်လုံးအတွင်း၌ နားလည်သဘောပေါက်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားလေ၏။
Chapter 3265
လုမိသားစုနှင့်ကျန်းမိသားစုကဲ့သို့သော ထိပ်တန်းမိသားစုကြီးများတွင် ပြင်ပလောကနှင့် ကွဲပြားခြားနားသော လေဟာနယ်နယ်မြေများရှိသည်။
ဤသည်က အိမ်တော်တည်ဆောက်စဥ်၌ ကြိုတင်၍ခင်းကျင်းခဲ့သော ဝင်္ကပါတစ်ခုပင်။အိမ်တော် တည်ဆောက်ပြီးချိန်တွင် ဝင်္ကပါတစ်ခုလုံးအသက်ဝင်လာကာ ပြင်ပလောကနှင့်အိမ်တော်ကို အပြည့်အဝ ပိုင်းခြားလိုက်တော့သည်။
ထို့ကြောင့် အိမ်တော်အတွင်း၌ မည်သို့ဖြစ်ပျက်နေပါစေ ပြင်ပမှကြည့်ပါက မည်သည့်ပြောင်းလဲမှုမျိုးကိုမျှ တွေ့မြင်နိုင်မည်မဟုတ်ချေ။
ဤသည်က လုအိမ်တော်အတွင်းတွင် ထွက်ပေါ်လာသော ကောင်းကင်သက်တမ်းမျှော်စင်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပင်။ထိုမျှော်စင်သည် တိမ်စိုင်များကို ထိလုမတတ် အလွန်မြင့်မားသော်လည်း ပြင်ပလောကရှိမည်သူကမျှ လုအိမ်တော်အတွင်း၌ ဖြစ်ပျက်နေသောကိစ္စများကို တွေ့မြင်နိုင်မည်မဟုတ်ချေ။
သို့ရာတွင် သူ့ရှေ့ရှိ အပြောင်းအလဲသည် ထိုထိပ်သီးအိမ်တော်များကဲ့သို့ တမင်သက်သက်ဖန်တီးထားခြင်းမဟုတ်ချေ။
ဤသည်က ကွဲပြားခြားနားသော လေဟာနယ်နှစ်ခုဖြစ်သော်လည်း တစ်ခုနှင့်တစ်ခု ပဋိပက္ခဖြစ်မနေချေ။ထိုလေဟာနယ်နယ်မြေနှစ်ခုသည် သဘာဝဆန်စွာ အတူတကွပေါင်းစပ်နေပုံရသည်။
တစ်စုံတစ်ယောက်၏ လေဟာနယ်ဥပဒေသအပေါ် ကျွမ်းကျင်မှုသည် အလွန်အမင်းမြင့်မားသောအဆင့်သို့ရောက်ရှိနေမှသာ ဤကဲ့သို့အကျိုးသက်ရောက်မှုမျိုး ဖြစ်စေနိုင်သည်။
လုယွီသည် တစ်ချက်ကြည့်ရုံမျှပင် ဤသည်က စာပေသူတော်စင်ယီဟန်၏နည်းလမ်းများဖြစ်ကြောင်း ပြောဆိုနိုင်သည်။စာပေသူတော်စင်ယီဟန်ကဲ့သို့ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်များမှသာ ဤကဲ့သို့ပြုလုပ်နိုင်ပေမည်။
သက်ကယ်တဲအိမ်ကို ဖြတ်ကျော်ပြီးနောက် လုယွီသည် စာပေသူတော်စင်ယီဟန်၏အခန်းသို့ တိုက်ရိုက်မသွားခဲ့ချေ။ထိုအစား သူက အနောက်ဘက်ခြံဝန်းထံသို့ ဦးတည်၍ လျှောက်လှမ်းလိုက်၏။
ဤနေရာတွင် မီတာသုံးရာကျော်ကျယ်ဝန်းသော စာပေပို့ချရာကွင်းပြင်ကြီးရှိနေသည်။မြေပြင်ပေါ်၌ မြက်ဖျာများကိုချထားကာ ရှေ့၌ သစ်သားစင်မြင့်တစ်ခုရှိသည်။သာမာန်အားဖြင့် စာပေသူတော်စင်သည် ထိုစင်မြင့်ပေါ်မှ ဟောပြောပို့ချကာ တပည့်များက အောက်မှနေ၍ နားထောင်ရသည်။
နေရာအခင်းအကျင်းသည် ရိုးရှင်းကာ အကြမ်းထည်ဆန်သော်လည်း ဤနေရာရှိ သင်ကြားပို့ချမှုကို နားထောင်ရန်အတွက် အရည်အချင်းမပြည့်မီသော လူအမြောက်အများရှိနေသည်။ဤနေရာသို့လာရောက်ရန် အနိမ့်ဆုံးအရည်အချင်းသည် အမည်ခံတပည့် သို့မဟုတ် စာပေသူတော်စင်ကိုယ်တိုင် ခေါ်ယူထားသောလူတစ်ယောက် ဖြစ်ရပေမည်။
အမှန်အားဖြင့် စာပေသူတော်စင်ယီဟန်သည် မကြာခဏ ဟောပြောပို့ချလေ့မရှိချေ။သူ နားလည်သဘောပေါက်ထားသော အသိပညာဗဟုသုတများနှင့်အတွေ့အကြုံများသည် အစွမ်းထက်ကျင့်ကြံသူအများစုပင် ဖမ်းဆုပ်နိုင်သည့်အရာများမဟုတ်ပေ။တော်ဝင်ကျောင်းတော်မှ မဟာကွန်ဖြူးရှပ်ပညာရှင်များပင်လျှင် စာပေသူတော်စင်၏ဟောပြောပို့ချမှုကို နားထောင်ရန် တစ်ခါတစ်ရံ ဤနေရာသို့ ရောက်ရှိလာလေ့ရှိသည်။
အမှန်အားဖြင့် စာပေသူတော်စင်ယီဟန်သည် ဟောပြောပို့ချမှုကို မကြာခဏပြုလုပ်လေ့မရှိချေ။နာမည်ခံတပည့်တချို့သည် နှစ်ပေါင်းများစွာကြာမြင့်သည်အထိ စောင့်ဆိုင်းသည့်တိုင် သူ၏ဟောပြောပို့ချမှုကိုနားထောင်ရန် အခွင့်အရေးမရပေ။ဤသည်က ကံကောင်းမှုနှင့်လည်း သက်ဆိုင်ပေ၏။
သို့ရာတွင် သူတို့သည် စာပေသူတော်စင်၏ဟောပြောပို့ချမှုကို နားထောင်နိုင်ရန် ကံကြမ္မာကောင်းကြီး ရရှိသွားပါက သူတို့ကိုယ်သူတို့နှင့် လက်ရှိပတ်ဝန်းကျင်အပေါ် နားလည်သဘောပေါက်မှုအသစ်များ ရရှိသွားပေမည်။ဤသည်က သူတို့၏တာအိုနှလုံးသားကို တည်ငြိမ်စေရန်အတွက် ကြီးမားသောအကူအညီလည်းဖြစ်သည်။
လုယွီရောက်ရှိသွားချိန်တွင် စာပေသူတော်စင်ယီဟန်၏ဟောပြောပို့ချမှုသည် အဆုံးသတ်လုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။
ယနေ့တွင် ဟောပြောပို့ချသည့် အကြောင်းအရာမှာ ရှေးဟောင်းခေတ်ကာလအတွင်းမှ တာအိုနည်းစနစ်တစ်ခုဖြစ်သော မေ့လျော့ခြင်းတာအိုပင်။ဤတာအိုကိုကျင့်ကြံရန်အလို့ငှာ တစ်စုံတစ်ယောက်သည် အရာအားလုံးကို မေ့လျော့ထားရန်လိုအပ်ပြီး စိတ်ခံစားချက်များအားလုံးကိုဖြတ်တောက်ရန် လိုအပ်ပေ၏။ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း ချစ်ခြင်း မုန်းခြင်းစသော စိတ်ခံစားချက်များကို ဖယ်ရှားရှင်းလင်းပြီးမှသာ တစ်စုံတစ်ယောက်သည် ဤတာအိုကို အမြင့်မားဆုံးအဆင့်ထိ ကျင့်ကြံနိုင်ပေမည်။
ဤတာအိုဟောပြောခြင်းသည် လူတိုင်းကို ဤနည်းစနစ်အား ကျင့်ကြံခွင့်ပြုသည်မဟုတ်ချေ။ဤတာအိုမှတချို့အချက်များကို လေ့လာဆင်ခြင်ကာ တစ်စုံတစ်ယောက်သည် မဟာတာအိုအပေါ် နားလည်သဘောပေါက်မှု တိုးတက်လာပေမည်။
ယီဟန်သည် ရိုးရှင်းသော ကွန်ဖြူးရှပ်တာအိုဝတ်စုံကို ဝတ်ဆင်ထားသည်။သူ၏အသံသည် ကြည်လင်ပြတ်သားကာ ရှင်းလင်းနေသည်။ဤတာအို၏ရှုပ်ထွေးသောစည်းမျဥ်းများကို သူ့၏နှုတ်မှ ထွက်လာပြီးနောက် လွယ်လင့်တကူ နားလည်သဘောပေါက်နိုင်သည်။ကျင့်ကြံဆင့်နယ်ပယ်နိမ့်ပါးသော တပည့်တချို့ပင်လျှင် သူ့၏ဟောပြောပို့ချမှုကို နားလည်သဘောပေါက်နိုင်ပေ၏။
တချို့လူများသည် လုယွီဝင်လာသည်ကို သတိပြုမိသော်လည်း သူ မည်သူမည်ဝါဖြစ်သည်ကို မသိရှိကြချေ။သူ့အား စာပေသူတော်စင်ယီဟန်၏ အမည်ခံတပည့်အသစ်တစ်ယောက်ဖြစ်မည်ဟု သူတို့က တွေးထင်လိုက်ကြသဖြင့် အလေးအနက်မထားကြတော့ချေ။
မည်သို့ပင်ဆိုစေကာမူ စာပေသူတော်စင်ယီဟန်သည် နှစ်စဥ်နှစ်တိုင်း သူ၏တိုက်ရိုက်တပည့်များကို နေရာဒေသအသီးသီးသို့စေလွှတ်၍ မျိုးစေ့ကောင်းတချို့ကိုတွေ့မြင်ပါက အမည်ခံတပည့်အဖြစ် ခေါ်ယူစေခဲ့သည်။ထို့ကြောင့် ဤနေရာတွင် စာပေသူတော်စင်ယီဟန်၏ အမည်ခံတပည့်အသစ်တစ်ယောက်ကို တွေ့ရသည်မှာ ထူးဆန်းသောကိစ္စတစ်ရပ်မဟုတ်ချေ။
"မေ့လျော့ခြင်းတာအိုမှာ စိတ်ခံစားချက်မရှိရဘူး...ဒါက စိတ်ခံစားချက်ရဲ့နှောက်ယှက်မှုကြောင့်....ခံစားချက်တွေအကြားမှာ လှောင်ပိတ်နေတက်တာကြောင့်ပဲ...တာအိုနှလုံးသား မတည်ငြိမ်တာနဲ့ မေ့လျော့ခြင်းတာအိုရဲ့ဝေဒနာတွေက အရမ်းပြင်းထန်မယ်"
Thank For Reading.