← Chapters

အခန်း (၃၂၇၆-၃၂၈၀)

Vol. 167 Ch. 3276-3280

အခန်း (၃၂၇၆-၃၂၈၀)

Vol. 167 Ch. 3276-3280

Chapter 3276

"အိမ်ရှေ့စံမင်းသားနဲ့တခြားလူတွေက ငါ့ကို အကွက်ချစီစဥ်ဖို့ စပြီးကြိုးစားနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ရှထန်ကန်းက တကယ့်ကို စိတ်မရှည်တော့တဲ့ပုံပဲ...ငါက ခုချိန်ထိ သူ့ကို သွားမရှာရသေးဘူး...ဒါပေမယ့် သူက ငါ့ကို အကောက်ကြံဝံ့တယ်"

အေးစက်စက်အလင်းတန်းတစ်တန်းက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။

သူ၏လက်အတွင်း၌ လျှို့ဝှက်စာတစ်စောင် ရှိနေသည်။

ထိုစာပေါ်တွင် အိမ်ရှေ့စံမင်းသားနှင့် တခြားအကြံပေးများအကြားရှိ တိုင်ပင်ဆွေးနွေးမှုများကို ရေးသားထားကာ စကားလုံးတစ်လုံးပင် မေ့လျော့ကျန်ခဲ့ခြင်းမရှိချေ။

အိမ်ရှေ့စံမင်းသားနှင့် တခြားအကြံပေးများကို လုယွီ အာရုံမစိုက်ချေ။သူ ဂရုအစိုက်ဆုံးကိစ္စမှာ ရှကွေ့ကျုံး၏အစီအစဥ်ပင်။

ရှကွေ့ကျုံးသည် ယခုလက်ရှိချိန်တွင် မဟာအကြံပေးအဖွဲ့၌ရှိနေကာ တာယွီအင်ပါယာတစ်ခုလုံး၏ကိစ္စရပ်များ၌ ဆုံးဖြတ်ချက်ချနိုင်သော အခွင့်အာဏာကို ပိုင်ဆိုင်ထားသည်။လုယွီသည် ထိပ်သီးကျောင်းတော်သားတစ်ယောက်ဖြစ်သော်လည်း တော်ဝင်နန်းတွင်းနှင့်မဟာအကြံပေးအဖွဲ့၏အစီအစဥ်များကို နားထောင်ရပေမည်။

အကယ်၍ ဤလျှို့ဝှက်စာအတိုင်းသာ အမှန်ဖြစ်ပါက ရှကွေ့ကျုံးသည် သူ၏ရာထူးနေရာချထားရေးနှင့်ပတ်သတ်၍ တစ်စုံတစ်ခုပြုလုပ်ထားနိုင်သည်။

"စစ်သားတွေ ရောက်လာတဲ့အချိန်ကျရင် ရေကိုပိတ်ဆို့ဟန့်တားနိုင်တယ်...ရေတွေရောက်လာတဲ့အချိန်ကျရင် မြေသားတွေနဲ့ ရေကိုပိတ်ဆို့ဟန့်တားနိုင်တယ်...မင်း ဘယ်လိုနည်းလမ်းကို အသုံးပြုမလဲဆိုတာ ငါ စောင့်ကြည့်နေမယ်"

လုယွီက မျက်လုံးစုံမှိတ်ကာ သူ၏စိတ်အတွင်းရှိ မလိုလားအပ်သောအတွေးများကို ရှင်းထုတ်လိုက်တော့သည်။

ဒေါက်...ဒေါက်...ဒေါက်...

ရုတ်တရက် တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာသည်။

"သခင်လေးလု...တော်ဝင်အမိန့်တော် ရောက်လာပါတယ်"

ပြင်ပမှနေ၍ ကျန်းမိသားစုအစေခံတစ်ယောက်က ပြောဆိုသည်။

လုယွီက မတ်တတ်ထရပ်ပြီး တံခါးကိုဖွင့်ကာ ကျန်းမိသားစု၏အရှေ့ဘက်ခြံဝန်းထံသို့ ထွက်ခွာခဲ့တော့သည်။

ဤအချိန်အခိုက်အတန့်တွင် ကျန်းမိသားစု အရှေ့ဘက်ခြံဝန်းအတွင်း၌ လူများမတ်တတ်ရပ်နေသည်။

ယခုလက်ရှိ ကျန်းမိသားစုခေါင်းဆောင်ကျန်းဟုန် ကျန်းမိသားစု၏အကြီးအကဲများ အမျိုးသမီးအစေခံများနှင့် ကျန်းအိမ်တော်၏အရေးပါသောနေရာများကို စီမံအုပ်ချုပ်နေသော မိသားစုဝင်တချို့သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် တော်ဝင်အမိန့်တော်ကို စောင့်ဆိုင်းနေကြ၏။

တာယွီတော်ဝင်နန်းတွင်းမှ ထုတ်ပြန်လိုက်သော တော်ဝင်အမိန့်တော်သည် ဧကရာဇ်ကိုယ်တိုင် ကြွရောက်လာသည်နှင့်တူညီသဖြင့် ကျင့်ကြံသူများသည် ဒူးထောက်၍အရိုအသေပြုရန် မလိုအပ်သော်လည်း လေးလေးစားစား မတ်တတ်ရပ်၍ စောင့်ကြိုရပေမည်။

လက်ရှိနေရာတွင်ရှိနေသူများသည် ယနေ့ရောက်လာမည့် တော်ဝင်အမိန့်တော်သည် မည်သူ့အတွက်ဖြစ်သည်ကို သိရှိထားပြီးလေပြီ။

ကျန်းမိသားစုအတွင်းမှ အဆင့်မြင့်ကျောင်းတော်သားများသည် တော်ဝင်အမိန့်တော်ကို ရရှိပြီးဖြစ်ကာ သူတို့သည် တော်ဝင်စစ်ရေးဌာနသို့ သတင်းပို့ပြီးဖြစ်သည်။သူတို့အနက်မှတချို့ဆိုလျှင် ယခုလက်ရှိချိန်၌ တော်ဝင်မြို့တော်မှပင် ထွက်ခွာသွားကြလေပြီ။

ထိပ်သီးသုံးနေရာကိုရရှိထားသော လူသုံးယောက်သည် တော်ဝင်စာမေးပွဲပြီးစီးသည့်အချိန်တိုင်း အရေးပါသောနေရာများတွင် တာဝန်ထမ်းဆောင်ရသည်။သူတို့အတွက် ရာထူးနေရာခန့်အပ်ရန် တော်ဝင်နန်းတွင်းသည် ဆုံးဖြတ်ချက်မချမီ သေသေချာချာ လေ့လာဆန်းစစ်ရသည်။

"သခင်လေးလု..."

"စီနီယာ...ရောက်လာပြီလား"

လက်ရှိနေရာတွင်ရှိနေသူများသည် လုယွီကို မြင်တွေ့သည်နှင့် လမ်းဖွင့်ပေးလိုက်ကြ၏။

မူလက မောက်မာဝံ့ကြွားသော ကျန်းမိသားစုဝင်လူငယ်တချို့သည် လုယွီကိုမြင်တွေ့ချိန်တွင် သူတို့၏မျက်နှာများပေါ်၌ ရိုသေလေးစားသောအမူအယာများ ထင်ဟပ်နေသည်။

မည်သို့ပင်ဆိုစေကာမူ လုယွီသည် သူတို့အားလုံး၏ရှေ့၌ ရွှယ်ရှားအမတ်ကြီးကို အနိုင်ယူနိုင်ခဲ့သူပင်။သူတို့သည် ယခင်က လုယွီနှင့် မတိုက်ခိုက်ဘူးသည့်တိုင် ထိုတိုက်ပွဲအတွင်း၌ လုယွီ ထုတ်ဖော်ပြသခဲ့သောစွမ်းအားသည် သူ၏အစွမ်းအစကို သက်သေပြပြီးဖြစ်သည်။

ကျန်းအိမ်တော်တံခါးရှေ့၌ မြွေရေခွံကိုယ်ကျပ်ဝတ်စုံကိုဝတ်ဆင်ထားသော မိန်းမစိုးတစ်ယောက် မတ်တတ်ရပ်နေသည်။သူသည် တော်ဝင်စာပေနှင့်ယဥ်ကျေးမှုဌာန၏ အရေးပါသောပုဂ္ဂိုလ်တစ်ယောက်ပင်။ထိုမိန်းမစိုးထံတွင် မြင့်မားသောအဆင့်အတန်းရှိပြီး စစ်တပ်အခွင့်အာဏာကိုလည်း ပိုင်ဆိုင်ထားကာ အရေးကြီးသော တော်ဝင်အမိန့်တော်မျိုး ထုတ်ပြန်ကြေငြာချိန်မှသာ သံတမန်အဖြစ် ရောက်ရှိလာလေ့ရှိသည်။

"ဒီနေ့ လုယွီကို 'တိုင်းပြည်အစောင့်အရှောက်'ဆိုတဲ့ဘွဲ့ထူးနဲ့ မဟာစစ်ဗိုလ်ချုပ်ရာထူးကို ချီးမြှင့်လိုက်တယ်...သူက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့လက်ဝဲတပ်မှူးအနေနဲ့ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးတော့ ဒီနေ့ချက်ချင်း ထွက်ခွာရမယ်...ဘာနှောင့်နှေးကြန့်ကြာမှုမှ မရှိစေရဘူး...အမိန့်တော်"

မြွေရေခွံဝတ်စုံဝတ်မိန်းမစိုးက အမိန့်တော်ကို ထုတ်ပြန်ကြေငြာပြီးနောက် သူက လုယွီကိုကြည့်ကာ အပြုံးနှင့်ပြောဆိုသည်။

"မဟာစစ်ဗိုလ်ချုပ်...ရှေ့ကိုတိုးလာပြီးတော့ အမိန့်တော်ကို လက်ခံပေးပါ"

ပတ်ဝန်းကျင်ရှိလူများက လုယွီကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြကာ သူတို့၏မျက်လုံးများအတွင်း၌ လောင်ကျွမ်းနေသောစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

တိုင်းပြည်အစောင့်အရှောက် မဟာစစ်ဗိုလ်ချုပ်...

ဤသည်က သာမာန်ဘွဲ့ထူးတစ်ခုမဟုတ်သည့်အပြင် တာယွီအင်ပါယာ၏သမိုင်းစဥ်တလျှောက်တွင်ပင် ဤဘွဲ့ထူးချီးမြှင့်ခံရသူမှာ လွန်စွာရှားပါးသည်။

တာယွီအင်ပါယာတစ်ခုလုံးတွင် မဟာစစ်ဗိုလ်ချုပ်ရာထူး ခံအပ်ခြင်းခံရသူ အမြောက်အများရှိသည်။ထိုမဟာစစ်ဗိုလ်ချုပ်များအကြားတွင် အမြင့်မားဆုံးအဆင့်သည် ဖန်းချီမဟာစစ်ဗိုလ်ချုပ်ဖြစ်ပြီး တတိယအဆင့်အရာရှိဖြစ်ကာ အလွန်ထူးချွန်သော စစ်ရေးအောင်မြင့်မှုရှိသော စစ်ဗိုလ်ချုပ်တချို့ကိုသာ ချီးမြှင့်လေ့ရှိသည်။

မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာရန်အလို့ငှာ တစ်စုံတစ်ယောက်ထံတွင် မြေကမ္ဘာအင်မော်တယ်နယ်ပယ်နှင့် အထက်အဆင့်စွမ်းအားမျိုး ရှိရပေမည်။ထို့ပြင် မြင့်မြတ်သူဘွဲ့ထူးကို ချီးမြှင့်ခံရရန်အတွက်ကိုမူ တစ်စုံတစ်ယောက်ထံတွင် လုံလောက်သော စစ်ရေးအောင်မြင်မှုရှိရန် လိုအပ်ရုံသာမက ရွှယ်အင်မော်တယ်နယ်ပယ်နှင့် အထက်အဆင့်စွမ်းအားမျိုးလည်း ရှိရပေမည်။

တော်ဝင်စစ်တပ်တွင် မဟာစစ်ဗိုလ်ချုပ်အများစုထံတွင် ကိုယ်ပိုင်ခွန်အားနှင့်စစ်ရေးအောင်မြင်မှုများ စည်းမျဥ်းကန့်သတ်ချက်များကြောင့် မြင့်မြတ်သူဘွဲ့ထူးကို ချီးမြှင့်ခြင်းမခံရချေ။

Chapter 3277

လုယွီအတွက်လည်း ထိုစည်းမျဥ်းများအတိုင်း တူညီပေ၏။

ယခုလက်ရှိချိန်၌ သာမာန်ရွှယ်အင်မော်တယ်တစ်ယောက်သည် သူ၏ပြိုင်ဘက်မဖြစ်နိုင်သည့်တိုင် သူသည် မဟာစစ်ဗိုလ်ချုပ်များအတွက် အဆင့်အမြင့်ဆုံးဘွဲ့ထူးကို မရရှိနိုင်သေးချေ။

သို့ရာတွင် တိုင်းပြည်အစောင့်အရှောက်မဟာစစ်ဗိုလ်ချုပ်သည်လည်း မည်သူမဆိုရရှိနိုင်သောဘွဲ့ထူးမျိုးမဟုတ်ချေ။

တော်ဝင်မိသားစုဝင်တစ်ယောက်အတွက်ဖြစ်စေ စစ်ဗိုလ်ချုပ်တစ်ယောက်အတွက်ဖြစ်စေ ဘွဲ့ထူးများကို သေချာစိစစ်ပြီးမှ ခန့်အပ်လေ့ရှိကာ လက်လွက်စပါယ် ပေး၍မရချေ။

ဥပမာအနေဖြင့် လုယွီ၏ယခင်ရာထူးဖြစ်သော ရွှမ်းဝူစစ်ဗိုလ်ချုပ်ရာထူးတွင် အခွင့်အာဏာမရှိဘဲ စစ်အင်အားကိုရွှေ့ပြောင်းခွင့်မရှိချေ။အကြောင်းအရင်းမှာ ထိုရာထူးအဆင့်သည် တော်ဝင်စစ်ရေးဌာနမှခန့်အပ်ထားသော စစ်ဗိုလ်ချုပ်တစ်ယောက်သက်သက် ဖြစ်သောကြောင့်ပင်။

သို့ရာတွင် မဟာစစ်ဗိုလ်ချုပ်အဆင့်တွင်မူ သူတို့၏စစ်သည်အင်အားခွဲတမ်းအရ စစ်သားများကို ပြောင်းရွှေ့ခွင့် စုဆောင်းခွင့်ရှိသည်။

'ကျန်း'ဟူသောစာလုံးတွင် ကံကြမ္မာကိုဖိနှိပ်နိုင်ရန်ရည်ရွယ်ချက်မျိုး ပါရှိသည်။'ကျန်း'စာလုံးနှင့်အစပြုသည့် ဘွဲ့ထူးကိုချီးမြှင့်ခံရသော မည်သူမဆို ထောင်သောင်းချီသောလူများထက် သာလွန်သော အရည်အချင်းရှိသည်ဟု ယူဆနိုင်ပေ၏။

***တိုင်းပြည်အစောင့်အရှောက်=ကျန်းကော်***

ဥပမာအနေဖြင့် အတိတ်တွင် မဟာစစ်ဗိုလ်ချုပ်များ၏ဘုရင်ဟု ခေါ်ဆိုခြင်းခံရသော ကျန်းကျွင်းမဟာစစ်ဗိုလ်ချုပ်သည် တာယွီတော်ဝင်နန်းတွင်း၏ အစွမ်းထက်ဆုံးမဟာစစ်ဗိုလ်ချုပ်များအနက်မှ တစ်ယောက်ဖြစ်သည်။နောက်ပိုင်းတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်မှ သူ့အား တားမြစ်ကန့်သတ်ထားသည့်တိုင် သူသည် သာလွန်ထူးကဲသောစွမ်းအားကို ပိုင်ဆိုင်ထားဆဲပင်။

'ကျန်းကော်'ဟူသော စာလုံးကို အလွန်သတိကြီးစွာထား၍ အသုံးပြုရသည်။

ဤှသည်က သာမာန်စာလုံးနှစ်လုံးသက်သက်မဟုတ်ဘဲ တာယွီအင်ပါယာ၏ကံကြမ္မာကို ထမ်းပိုးထားရသော အဓိပ္ပါယ်မျိုး ပါဝင်နေသည်။

ယခုလက်ရှိတွင် တာယွီအင်ပါယာ၌ ကျန်းကော်ဘွဲ့ထူးချီးမြှင့်ခံထားရသူဟူ၍ တစ်ယောက်မျှရှိမနေခဲ့ချေ။

ဤဘွဲ့ထူး ထွက်ပေါ်လာခြင်းသည် တာယွီအင်ပါယာမှ တခြားစစ်ဗိုလ်ချုပ်များ၏အထက်တွင်ရပ်တည်နိုင်ပြီး မမျှော်မှန်းနိုင်သောဂုဏ်ကျက်သရေမျိုး ပိုင်ဆိုင်ထားသည်ဟု ဆိုလိုပေ၏။

ဤဘွဲ့ထူးကို ချီးမြှင့်ခံရသော မည်သူမဆို တာယွီတော်ဝင်အင်ပါယာ၏ အစောင့်အရှောက်နတ်ဘုရား ဖြစ်လာနိုင်ကာ အင်ပါယာအတွင်းရှိလူများအားလုံးကို ကာကွယ်စောင့်ရှောက်ရပေမည်။

ဤသည်က ကြီးမားသောဘွဲ့ထူးတစ်ခုဖြစ်ကာ လုယွီကို ရှေ့သို့တွန်းပို့လိုက်ခြင်းပင်။

ကျန်းကော်မဟာစစ်ဗိုလ်ချုပ်သည် တတိယအဆင့်အရာရှိတစ်ယောက်ပင်။အကယ်၍ ရာထူးအဆင့်အတန်းအရပြောဆိုပါက သူသည် အမတ်ကြီးခြောက်ယောက်နှင့် ခြေရာခြင်းတိုင်းနိုင်လေပြီ။

လက်ဝဲတပ်မှူးရာထူးကိုရရှိထားသဖြင့် လုယွီသည် ကြယ်မြစ်တစ်ခုအတွင်းရှိ တပ်ရင်းငါးခုမှတစ်ခုကို အုပ်ချုပ်ရမည့် တတိယအဆင့်အရာရှိ ဖြစ်သွားခဲ့သည်။

သာမာန်အားဖြင့် အရာရှိရာထူးကို ခန့်အပ်ခံရသော မည်သူမဆို ဘွဲ့ထူးတစ်ခုကို ချီးမြှင့်ခြင်းခံရသည်။ဥပမာအနေဖြင့် တစ်ချိန်က သိမ်းငှက်ကြယ်မြစ်၏လက်ယာတပ်မှူးရာထူးကို ခန့်အပ်ခံရသော ရှားဟိုလီသည် မိုးကြိုးဝေလဘွဲ့ထူးကိုချီးမြှင့်ခံထားရပေ၏။

လုယွီသည် အရာရှိအသိုင်းအဝိုင်းသို့ ခြေစချခြင်းမှာပင် တတိယအဆင့်အရာရှိအဖြစ် တိုက်ရိုက်တက်လှမ်းသွားသည်။ဤရာထူးတက်မှုအရှိန်နှုန်းကို ယခင်က မကြားဖူးသလောက်နီးပါးဖြစ်ကာ အလွန်အမင်းမြန်ဆန်သည်။

သို့ရာတွင် ယခုလက်ရှိနေရာတွင်ရှိနေသော လူအများစုသည် မနာလိုအားကျဖြစ်နေသော်လည်း သူတို့သည် ဤကဲ့သို့ခန့်အပ်ခြင်းခံရသော အကြောင်းအရင်းကို သိရှိထားပြီးလေပြီ။

လုယွီသည် တော်ဝင်စာမေးပွဲ၏ စစ်ဆေးမှုသုံးခုလုံး၌ ပထမနေရာကို ရရှိခဲ့သူပင်။

သူ၏အောင်မြင်မှုများကြောင့် ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို အံ့အားသင့်တုန်လှုပ်စေကာ မရေမတွက်နိုင်သော ပါရမီရှင်များကို ဖုန်မှုန့်များကဲ့သို့ နောက်ကောက်ချထားနိုင်ခဲ့သည်။

"ဒီအရာရှိက အမိန့်တော်ကို လက်ခံပါတယ်"

လုယွီသည် တော်ဝင်အမိန့်တော်ကို လက်ခံပြီးနောက် သူ၏နံဘေးပတ်ဝန်းကျင်ရှိလေဟာနယ် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

ကောင်းကင်နှင့်မြေပြင်အကြားတွင် လျှို့ဝှက်ဆန်းကြယ်သော ကံကြမ္မာစွမ်းအားတချို့ မျောလွင့်နေသည်။ဤအချိန်အခိုက်အတန့်တွင် ထိုစွမ်းအားများသည် ခိုးနားရာတစ်ခုကို တွေ့ရှိသွားသည့်အလား လုယွီထံဦးတည်၍ တဟုန်ထိုးပြေးဝင်လာကြ၏။

ဘုန်း...

ရုတ်ချည်းဆိုသလိုပင် လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းမှမှော်စွမ်းအားများ ရုတ်တရက်မြင့်တက်လာခြင်းကို ခံစားမိသည်။စိတ်ဝိညာဥ်စွမ်းအင်ကို စုပ်ယူသော သူ၏အရှိန်နှုန်းသည်လည်း ယခင်ထက် အဆများစွာပို၍ မြင့်တက်သွားသည်။

သူ အသက်ရှုသွင်းရှုထုတ်ချိန်တွင် အသက်တစ်ချက်ရှုရှိုက်တိုင်းရရှိသော စိတ်ဝိညာဥ်စွမ်းအားပမာဏသည်လည်း ယခင်ထက် ပို၍များပြားလာပေ၏။

ယခုချိန်တွင် သူ တစ်ရက်တာကျင့်ကြံပါက အတိတ်တွင် သူ ရက်သုံးဆယ်ကျင့်ကြံသည်နှင့် ညီမျှပေမည်။ဤသည်က နေ့တစ်ရက်တည်းဖြင့် မိုင်ပေါင်းထောင်နှင့်ချီကွာဝေးသောခရီးကို ရောက်ရှိသွားသကဲ့သို့ပင်။

ဤသည်က မရေမတွက်နိုင်သောကျင့်ကြံသူများ တာယွီတော်ဝင်နန်းတွင်း၌ဝင်ရောက်အမှုထမ်းကာ အဆင့်မြင့်ရာထူးကို ရရှိလိုကြသည့် အကြောင်းအရင်းလည်းဖြစ်သည်။

တောင်တန်းများအကြားတွင် အချိန်အတော်ကြာနေထိုင်ပြီး တံခါးပိတ်ကျင့်ကြံပါက သူတို့အတွက် တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့်ငြိမ်းချမ်းမှုကို ရရှိနိုင်သည်။သို့ရာတွင် အရှည်ကိုမျှော်တွေးပါက သူတို့သည် အချိန်တိုအတွင်း၌ ကျင့်ကြံဆင့် အလျှင်အမြန် တိုးတက်လာမည်မဟုတ်ချေ။

တာယွီအင်ပါယာ၏ အဆင့်မြင့်ရာထူးနေရာကို ရရှိထားသူများမှာမူ အတွေးတစ်ချက်ဖြင့်ပင် ထောင်သောင်းချီသောလူများကို စေခိုင်းနိုင်သော အခွင့်အာဏာမျိုး ရရှိပေမည်။ထိုမျှသာမက သူတို့သည် တာယွီအင်ပါယာ၏ကံကြမ္မာစွမ်းအားကို အလုံအလောက်ရရှိပါက သူတို့၏စွမ်းအား အလျှင်အမြန် မြင့်တက်လာပေမည်။

ထို့ပြင် တာယွီအင်ပါယာ၏အဆင့်မြင့်ရာထူးနေရာများ၌ တာဝန်ထမ်းဆောင်နေသူများသည် ကျင့်ကြံမှုအရင်းအမြစ် အမြောက်အများကိုလည်း ရရှိနိုင်ပေ၏။

ဤှသည်က အလယ်ခေတ်အတွင်းရှိကျင့်ကြံသူများ၏ ကျင့်ကြံမှုနည်းလမ်းများဖြင့် အလွန်ကွဲပြားခြားနားနေသောအချက်ပင်။

Chapter 3278

လုယွီက မျက်လုံးစုံမှိတ်ကာ သူ၏ခန္ဓာကိုယ်အတွင်း၌ လူးလွန့်နေသော မှော်စွမ်းအားများကို ခံစားလိုက်သည်။

ဤသည်က သူ၏အတိတ်ဘဝတွင် တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးသော ခံစားချက်တစ်ရပ်ပင်။

ဤကံကြမ္မာစွမ်းအား၏ကူညီထောက်ပံမှုဖြင့် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအားများအားလုံးထံတွင် မျက်လုံးများပါနေသည့်အလား လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ အရူးအမူး စီးဝင်လာကြသည်။

တခြားသူများသည် လုယွီ၏ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲများကိုခံစားမိချိန်တွင် သူတို့၏မျက်လုံးများအတွင်း၌ မနာလိုအားကျသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

ဤသည်က တာယွီနန်းတွင်း၏တတိယအဆင့်အရာရှိတစ်ယောက်ရရှိသော ကံကြမ္မာစွမ်းအားပင်။ဤကံကြမ္မာစွမ်းအားဖြင့်ဆိုပါက သူ၏နေ့စဥ်ကျင့်ကြံမှုသည် အဆများစွာပို၍ မြင့်တက်လာမည်ဖြစ်ကာ သာမာန်လူများ သူ့ကို အမှီလိုက်နိုင်တော့မည်မဟုတ်ချေ။

"ထိပ်သီးကျောင်းတော်သား...မင်းက တော်ဝင်စစ်ရေးဌာနကို တတ်နိုင်သမျှ အမြန်ဆုံးသတင်းပို့ဖို့ မှတ်ထားပေးပါ"

မြွေရေခွံဝတ်စုံဝတ်မိန်းမစိုးက အပြုံးနှင့် ပြောဆိုသည်။

လုယွီက ခေါင်းညိတ်ပြကာ ငွေလက်မှတ်တချို့ကိုထုတ်ယူပြီး မြွေရေခွံဝတ်စုံဝတ်မိန်းမစိုးထံသို့ ပေးလိုက်သည်။

ထို​ငွေလက်မှတ်များကို မြင်တွေ့ချိန်တွင် မိန်းမစိုး၏မျက်နှာပေါ်ရှိအပြုံး ပို၍ပီပြင်ထင်ရှားလာသည်။

"ထိပ်သီးကျောင်းတော်သား...အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကိုသွားရမယ့် လမ်းခရီးက အရမ်းဝေးတယ်...မင်း တတ်နိုင်သမျှ အမြန်ဆုံးထွက်ခွာတာပိုကောင်းလိမ့်မယ်...မဟုတ်ရင် မင်း အချိန်မီမရောက်တာနဲ့ အခြေအနေဆိုးသွားနိုင်တယ်"

"ကုန်းကုန်းရဲ့သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။

ဤသည်က ငွေကြေးဖြင့်သာရရှိနိုင်သော သတင်းအချက်အလက်ပင်။

အကယ်၍ လုယွီသာ စစ်စခန်းသို့ အချိန်မီရောက်မသွားပါက ရှကွေ့ကျုံးသည် ထိုအချက်ကိုအသုံးပြု၍ သူ့ကို အခက်တွေ့စေရန် ပြုလုပ်နိုင်ပေမည်။

ဤကိစ္စသည် အရေးမပါပုံရသော်လည်း တော်ဝင်စစ်တပ်အတွင်း၌ လုယွီ၏နာမည်ဂုဏ်သတင်း ထိခိုက်ပျက်ပြားစေရန် အနုနည်းဖြင့်အနှောက်အယှက်ပြုခြင်းပင်။ထိုအခြေအနေမျိုးသို့ ကျရောက်သွားပါက နောင်အနာဂတ်တွင် လုယွီ မည်ကဲ့သို့ပြုလုပ်နေပါစေ ရှေ့ဆက်တိုးနိုင်ရန်အတွက် ခက်ခဲသွားပေမည်။

အမိန့်တော်ကို လက်ခံပြီးနောက် လုယွီသည် ကျန်းမိသားစုဝင်များကိုနှုတ်ဆက်ကာ သတင်းပို့ရန်အတွက် တော်ဝင်စစ်ရေးဌာနသို့ဦးတည်၍ ထွက်ခွာခဲ့တော့သည်။

တော်ဝင်စစ်ရေးဌာနသည် တာယွီအင်ပါယာ၏ကျန်းကော်ဘွဲ့ထူးရရှိထားသည် တစ်ဦးတည်းသောမဟာစစ်ဗိုလ်ချုပ်ကို အလွန်အရေးပေး၍ ဆက်ဆံလေ၏။သူတို့သည် မင်းသားများနှင့်အမတ်ကြီးများကို ဆက်ဆံသောပုံစံမျိုးအတိုင်း လုယွီကို ဆက်ဆံခဲ့သည်။သူတို့သည် တော်ဝင်လက်မှုဌာနမှ မဟာလက်မှုပညာရှင်ကို အဆင့်မြင့်ကျောက်စိမ်းတံဆိပ်ပြားတစ်ခု သွန်းလုပ်စေပြီး လုယွီကို ပေးအပ်ခဲ့သည်။

ဤအရာရှိတံဆိပ်ပြားအပြင် လုယွီသည် ကျားသင်္ကေတတံဆိပ်ပြားကိုလည်းရရှိခဲ့ကာ ယခုချိန်တွင် သူသည် စစ်သည်များကိုရွှေ့ပြောင်းနိုင်သော အခွင့်အာဏာမျိုး ရရှိသွားလေပြီ။

လက်ဝဲတပ်မှူးဟူသည်မှာ အစစ်အမှန်အခွင့်အာဏာရှိသော အရာရှိရာထူးနေရာပင်။လုယွီသည် လက်ဝဲစစ်တပ်၏လက်အောက်ရှိ ကြယ်နယ်မြေ၃၆ခုကို ထိန်းချုပ်နိုင်ကာ အလွန်မြင့်မားသောအခွင့်အာဏာကို ပိုင်ဆိုင်ထားလေ၏။

"လုယွီ...တိုက်ခိုက်ရေးစာမေးပွဲမှာတုန်းက ငါကိုယ်တိုင် မင်း ​ယှဥ်ပြိုင်ခဲ့တာတွေကို စစ်ဆေးခဲ့တယ်...မင်းက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ခုလိုမျိုး အစွမ်းထက်တဲ့ခွန်အားမျိုးကို ပိုင်ဆိုင်ထားတယ်...မင်းက တကယ့်ကို လူတွေကြားထဲကနဂါးတစ်ကောင်ပဲ...အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က အခုလတ်တလောအချိန်မှာ တိုက်ပွဲတွေနဲ့ပြည့်နေတယ်...ဒီတိုက်ပွဲတွေကို တွန်းလှန်နိုင်မလားဆိုတာ မင်းလို လူငယ်ပါရမီရှင်တစ်ယောက်ပေါ်မှာ မူတည်နေတယ်"

တော်ဝင်စစ်ရေးဌာန၏လက်ထောက်အမတ်ကြီးတစ်ယောက်က လုယွီကို ချီးမွမ်းလိုသောအကြည့်ဖြင့်ကြည့်ကာ ပြောဆိုလေသည်။

"အရှင့်ရဲ့ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်"

လုယွီက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်၍ပြောဆိုသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် မဟာစစ်ဗိုလ်ချုပ်တစ်ယောက်၏ဝတ်စုံကို ပြောင်းလဲ၍ ဝတ်ဆင်ပြီးလေပြီ။သူသည် တတိယအဆင့်အရာရှိများ၏ ကြက်သွေးရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ သူ့ထံတွင် တည်ကြည်လေးနက်ပြီး ကြီးကျယ်ခမ်းနားသော အရှိန်အဝါမျိုးရှိနေသည်။

ယခင်က လုယွီ တိုက်ခိုက်ရေးစာမေးပွဲ ယှဥ်ပြိုင်နေစဥ်တွင် အိမ်ရှေ့စံမင်းသားသည် တစ်စုံတစ်ခုပြုလုပ်၍ ခက်ခဲမှုအဆင့်ကို မြှင့်တင်ထားခဲ့သည်။ထိုအချိန်တုန်းက တော်ဝင်စစ်ရေးဌာန၏လက်ထောက်အမတ်ကြီးသည် ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ ထိုနေရာကို စစ်ဆေးခဲ့သည်။

အကယ်၍ လုယွီ၏နေရာတွင် သူသာဖြစ်နေပါက ဤကဲ့သို့ခက်ခဲမှုမျိုးနှင့်ရင်ဆိုင်ရချိန်တွင် သူ နောက်ဆုတ်ခဲ့ရပေမည်။သို့ရာတွင် လုယွီသည် ထိုခက်ခဲမှုကို အလွန်တည်ငြိမ်စွာ ရင်ဆိုင်သွားနိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။လုယွီသည် ဖိအားအရှိန်အဝါကို အနည်းငယ်မျှပင် ခံစားခဲ့ရပုံမရှိပေ။

ဤကဲ့သို့ခွန်အားမျိုးကြောင့် တော်ဝင်စစ်ရေးဌာနလက်ထောက်အမတ်ကြီး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။အထူးသဖြင့် နန်းတွင်းစာမေးပွဲအတွင်းရှိ လုယွီ၏လုပ်ဆောင်ချက်များသည် အရာရှိကြီးများ၏စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့လေ၏။

ယခုလက်ရှိချိန်တွင် လုယွီကို တော်ဝင်စစ်တပ်အတွင်းသို့ အောင်မြင်စွာ သိမ်းသွင်းနိုင်ခဲ့ပြီဖြစ်ရာ အရာရှိအများစုက ပျော်ရွှင်နေကြသည်။

"အရှင်...ကျေးဇူးပြုပြီးတော့ ကျွန်တော်ရဲ့လူတချို့ကို အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို ရွှေ့ပြောင်းဖို့ ကူညီပေးနိုင်မလား"

လုယွီက ပြောဆိုသည်။

ဖေးထျန်ကွမ်းနှင့်တခြားလူတချို့သည် သူ၏သစ္စာရှိလူယုံများဖြစ်သဖြင့် သူတို့ကို တော်ဝင်မြို့တော်အတွင်း၌ သူ ချန်မထားခဲ့လိုချေ။

ဤသည်က သူ၏ကိုယ်ပိုင်အင်အားစုပင်။အကယ်၍ သူတို့ကို တော်ဝင်မြို့တော်၌သာ ဆက်၍ထားပါက သူ၏ရန်သူများကြောင့် တကွဲတပြားစီ ဖြစ်သွားနိုင်သည်။ထို့ကြောင့် သူ၏လက်အောက်၌ ထားရှိခြင်းကသာ အကောင်းဆုံးဖြစ်ပေမည်။

"ဒါက ရိုးရှင်းပါတယ်...ငါ မင်းကို ပြောင်းရွှေ့မိန့်တစ်စောင် ရေးပေးလိုက်မယ်"

တော်ဝင်စစ်ရေးဌာန၏လက်ထောက်အမတ်ကြီးက အပြုံးနှင့်ပြောဆိုသည်။

ယခုချိန်တွင် သူသည် လုယွီ၏အထက်အရာရှိဖြစ်သော်လည်း လုယွီ၏အနာဂတ်သည် အကန့်အသတ်မရှိသည်ကို လူတိုင်း သိရှိထားကြ၏။

ဤကိစ္စငယ်လေးကို ပြုလုပ်ပေးရုံမျှဖြင့် နောင်အနာဂတ်တွင် ဤလူငယ်ပါရမီရှင်၏မျက်နှာသာပေးမှုကို ရရှိနိုင်လေရာ သူ့အတွက် သေချာပေါက်အကျိုးအမြတ်ရရှိမည့် ကိစ္စပင်။

Chapter 3279

ဗာမီလီယန်စစ်စခန်း...

လုယွီသည် သူ၏တံဆိပ်ပြားကိုအသုံးပြု၍ စစ်စခန်းအတွင်းသို့ ဝင်ရောက်ခဲ့သည်။

သူ အတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် သူ့ထံသို့တိုးဝင်လာသော အစွမ်းထက်သည့်အရှိန်အဝါများကို ခံစားမိသည်။ဤစစ်စခန်းအတွင်း၌ ပုန်းကွယ်နေသောနဂါးများနှင့် ချောင်းမြောင်းနေသောကျားများရှိနေကာ နေရာအနှံ့အပြား၌ အစွမ်းထက်ကျင့်ကြံသူများ ပုန်းအောင်းနေသည်။

လုယွီသည် ချီစောင့်ကြည့်ခြင်းနည်းစနစ်ကို အသုံးပြု၍ ဗာမီလီယန်စစ်စခန်း၌ ပုန်းအောင်းနေသော အစွမ်းထက်ကျင့်ကြံသူအမြောက်အများကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပေ၏။ရွှယ်အင်မော်တယ်နှင့်မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျင့်ကြံသူများကို နေရာအနှံ့အပြား၌ တွေ့မြင်နိုင်ကာ နယ်မြေသခင်အဆင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတချို့ပင်ရှိနေသည်။

တော်ဝင်မြို့တော်၌စခန်းချထားသော အဓိကစစ်စခန်းလေးခုအနက်မှ တစ်ခုဖြစ်သည့်အလျောက် ဗာမီလီယန်စစ်စခန်းသည် မြို့တော်ကိုစောင့်ကြပ်နေသော စစ်တပ်၏အမာခံကျောရိုးတစ်ခုလည်းဖြစ်သည်။

လုယွီ စစ်စခန်းသို့ရောက်ရှိသွားစဥ်တွင် သူသည် သာမာန်ဝတ်စုံတစ်စုံကို ပြောင်းလဲဝတ်ဆင်ထားသဖြင့် လူအများ၏အာရုံစိုက်ခြင်းကို မခံရချေ။

ဤနေရာ၌ တပ်ခွဲအမြောက်အများ စခန်းချနေပြီး စစ်စခန်းတစ်ခုလုံး၏စစ်သည်အင်အားသည် အနည်းဆုံးသန်းဆယ်နှင့်ချီ၍ ရှိနေလေ၏။အလံမျိုးစုံကို စစ်ရေးလေ့ကျင့်ရေးကွင်းပြင်အတွင်း၌ စိုက်ထူထားကာ လေတိုက်ခတ်မှုနှင့်အတူ တဖျတ်ဖျတ်လူးလွန့်နေသည်။

လုယွီ စစ်စခန်းအတွင်းသို့ ခြေချလိုက်သည်နှင့် လူအများ၏အော်ဟစ်မာန်တင်းသံ တိုက်ခိုက်နေသံများကို ကြားလိုက်ရသည်။ဤသည်က နားအူလုမတတ်ပင်။ဤနေရာတွင် စစ်တန်းလျားများဖြင့်ပြည့်နှက်နေကာ မရေမတွက်နိုင်သောစစ်သားများ လေ့ကျင့်ရေးဆင်းနေကြကာ အပြန်အလှန် တိုက်ခိုက်နေကြ၏။

ဝေါင်း...

လုယွီနှင့် မလှမ်းမကမ်းတစ်နေရာမှနေ၍ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။သုံးထပ်အဆောက်အအုံတစ်လုံးခန့် မြင့်မားသော နဂါးမြင်းတစ်ကောင်သည် ကျယ်လောင်စွာဟိန်းဟောက်ကာ လေထုအတွင်းသို့ ပျံသန်းသွားသည်။

ထိုနဂါးမြင်း၏လည်ပင်းနေရာတွင် လေးလံသောသံကြိုးကြီးများ ဆယ်ကြိုးကျော်ခန့်ရှိနေသည်။စစ်သားတချို့သည် ထိုသံကြိုးများ၏အစွန်းများကိုကိုင်၍ နဂါးမြင်းကို မလှုပ်ရှားနိုင်အောင်ချောင်ပိတ်ရန် ကြိုးစားနေကြ၏။

"ဒါက တပ်မှူးရဲ့နတ်ဆိုးမှော်သားရဲပဲ..သေချာဂရုစိုက်ကြစမ်း...ငါတို့ သူ့ကို လွတ်ထွက်သွားခွင့် ပြုလို့မရဘူး"

"မြန်မြန်လေး...သံကြိုးတွေကို တင်းတင်းကြပ်ကြပ် ကိုင်ထားကြစမ်း"

စစ်သားတချို့သည် အဆက်မပြတ် အော်ဟစ်နေကာ သူတို့ရှေ့ရှိ နဂါးမြင်းကို ထိန်းချုပ်နိုင်ရန် အစွမ်းကုန်ကြိုးစားနေသည်။

သို့ရာတွင် ထိုနတ်ဆိုးမှော်သားရဲတွင် သန့်စင်သော သွေးမျိုးဆက်ရှိနေပုံရကာ အလွန်အမင်းအဆင့်မြင့်သော နဂါးသွေးမျိုးဆက်လည်း ရှိနေပေ၏။သူ၏မျက်လုံးအတွင်းမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ထူထဲသောနဂါးကြေးခွံများ လွှမ်းခြုံနေသဖြင့် သူ့အား ကြည့်မိသူများကို ထိတ်လန့်တုန်လှုပ်စေသည်။

ဝေါင်း...ဝေါင်း...

ဤအချိန်အခိုက်အတန့်တွင် နဂါးမြင်းသည် စေ့ဆော်မှုတစ်ခုကို ရရှိသွားပုံဖြင့် အသံကုန်ဟစ်၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။သူ၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံများမှလည်း ရောင်စုံအလင်းတန်းများ ဖြာထွက်နေပေ၏။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မီးတောက်လုံးတစ်လုံးက ပါးလွှာသောလေထုအတွင်း၌ ထွက်ပေါ်လာသည်။

ခရက်...ခရက်...

နဂါးမြင်း၏လည်ပင်းပေါ်တွင် ရှိနေသော သံကြိုးကြီးများမှနေ၍ ကြည်လင်ပြတ်သားသောအက်ကွဲသံများ ထွက်ပေါ်လာသည်။

ထို့နောက် နဂါးမြင်း၏ခန္ဓာကိုယ်ပေါ်ရှိ သံကြိုးများအားလုံးသည် ပြင်းထန်သောခွန်အားကြောင့် အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားတော့သည်။ထိုသံကြိုးကြီးများကို ထိန်းချုပ်နေသော စစ်သားများအားလုံးသည် ထိုအားလှိုင်းအရှိန်ကြောင့် လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး သူတို့၏မျက်နှာများတွင် သွေးများဖြင့် ပြည့်နှက်သွားလေ၏။

"မကောင်းတော့ဘူး...သူ့ကို အမြန်ဟန့်တားကြစမ်း"

လက်ထောက်တပ်မှူးတချို့ ပြေးထွက်လာကာ နဂါးမြင်းထံသို့ဦးတည်၍ ပြေးဝင်လိုက်ကြသည်။

မမျှော်လင့်ဘဲ ထိုနဂါးမြင့်ထံတွင် မြင့်မားသောဥာဏ်ရည်ဥာဏ်သွေး ရှိနေပုံရသည်။လူအမြောက်အများ သူ့ထံတိုးဝင်လာသည်ကိုကြည့်ပြီး သူ၏မျက်လုံးအတွင်း၌ စဥ်းစားတွေးတောလိုက်သောအရိပ်အယောင်တချို့ ဖြတ်ပြေးသွားသည်။

ရုတ်တရက် သူ၏နောက်ခြေထောက်ကိုမြှောက်ကာ လက်ထောက်တပ်မှူးများကို ပြင်းပြင်းထန်ထန် ကန်ကျောက်လိုက်၏။သူ့ထံသို့ သတိလက်လွတ်ပြေးဝင်လာသော စစ်သားများအားလုံး လွင့်ထွက်သွားတော့သည်။

ဘုန်း...ဘုန်း...ဘုန်း...

စစ်သားများ တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ အလွန်စိုးရိမ်ဖွယ်အခြေအနေမျိုးဖြင့် ပြန်၍ပြုတ်ကျလာသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့အားလုံးသည် သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားကြ၏။ထို့ကြောင့် သူတို့သည် လွင့်ထွက်သွားသည့်တိုင် ထိခိုက်ဒဏ်ရာကြီးကြီးမားမား မရရှိချေ။

"ဘယ်လောက်တောင်အစွမ်းထက်တဲ့ နတ်ဆိုးမှော်သားရဲလဲ"

ထိုနဂါးမြင်းကိုကြည့်ပြီး လုယွီ၏မျက်လုံးများ တောက်ပသွားသည်။

ဤနဂါးမြင်းထံတွင် အဆင့်မြင့်နဂါးသွေးမျိုးဆက်ရှိနေမည်မှာ သိသာထင်ရှားလှ၏။သူသည် လက်ရှိခန္ဓာကိုယ်ကိုစွန့်ခွာ၍ အစစ်အမှန်နဂါးတစ်ကောင်သို့ အသွင်ပြောင်းနိုင်ရန်အတွက် အခွင့်အရေးတစ်ခုသာလိုအပ်သည်။

ဤအဆင့်နတ်ဆိုးမှော်သားရဲတစ်ကောင်ကို ပိုင်ဆိုင်နိုင်ရန်အတွက် တစ်စုံတစ်ယောက်ထံတွင် လုံလောက်သော ကံကြမ္မာကောင်းကြီးရှိရန် လိုအပ်ရုံသာမက ထိုနဂါးမြင်းကိုသိမ်းသွင်းနိုင်ရန်အတွက် လုံလောက်သောခွန်အားမျိုးလည်း ရှိနေရပေမည်။

နဂါးမျိုးနွယ်သည် ဤလောကကြီးအတွင်းတွင် မာန်မာနအထောင်လွှားဆုံး သက်ရှိများပင်။အကယ်၍ အတိတ်တွင် လုယွီထံ၌ လုံလောက်သောခွန်အားသာရှိမနေပါက အောင်းကွမ်းကဲ့သို့ အစစ်အမှန်နဂါးဘုရင်တစ်ကောင်ကို လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်ခဲ့မည်မဟုတ်ချေ။

Chapter 3280

နဂါးမြင်းသည် သူ့အားဖမ်းဆီးနေသူများ လွင့်ထွက်သွားသည်ကို မြင်တွေ့ချိန်တွင် လူသားများကဲ့သို့အထင်အမြင်သေးသည့် အမူအယာမျိုးက သူ၏မျက်နှာပေါ်၌ ဖြတ်ပြေးသွားသည်။

ထို့နောက် သူက လမ်းမကြီးအတိုင်း ပျံသန်းလိုက်၏။

"မြန်မြန်ဟန့်တားကြစမ်း...တကယ်လို့ တပ်မှူးသာပြန်ရောက်လာရင် နဂါးမြင်းလွတ်သွားတာကိုသိတာနဲ့ ငါတို့အားလုံး ဒုက္ခရောက်လိမ့်မယ်"

လက်ထောက်တပ်မှူးတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ပတ်ဝန်းကျင်ရှိစစ်သားများသည် ထိုနဂါးမြင်းကို လိုက်လံဖမ်းဆီးရန်ရည်ရွယ်၍ အလျင်စလို မတ်တတ်ထရပ်လိုက်ကြ၏။

သို့ရာတွင် သူတို့ မည်မျှထိလျှင်မြန်နေပါစေ နဂါးမြင်း၏အရှိန်နှုန်းကို အမှီလိုက်နိုင်ခြင်းမရှိချေ။

ဤသည်က ရှားပါးသောနတ်ဆိုးသားရဲတစ်ကောင်ဖြစ်ကာ သူ၏ကိုယ်ပိုင်အရည်အသွေးသည် တခြားသာမာန်နတ်ဆိုးမှော်သားရဲများထက် အဆများစွာ ပို၍သာလွန်သည်။အကယ်၍ ထိုနဂါးမြှင်းသည် အရှိန်ကုန်တင်၍ပြေးလွှားပါက လျှပ်ပြက်သကဲ့သို့ လျှင်မြန်သည်။ထို့ကြောင့် သာမာန်လူများ သူ့ကို ဖမ်းဆီးနိုင်ရန်မှာ လွန်စွာခက်ခဲပေမည်။

ဝေါင်း...ဝေါင်း...

နဂါးမြင်းသည် လုယွီကိုမြင်တွေ့သည်နှင့် ချက်ချင်းဆိုသလို အော်ဟစ်ကြုံးဝါးကာ ခြိမ်းခြောက်လိုက်၏။

ဤနဂါးမြင်း၏ဥာဏ်ရည်ဥာဏ်သွေးသည် အတိုင်းအတာတစ်ခုထိ မြင့်မားနေလေပြီ။သူသည် ဤဗာမီလီယန်စစ်စခန်း၌ မရေမတွက်နိုင်သောအစွမ်းထက်ကျင့်ကြံသူများ ရှိနေသည်ကိုလည်းသိရှိထားသည်။သူသည် နတ်ဆိုးသားရဲတစ်ကောင်ဖြစ်သော်လည်း ထွက်ပြေးရန်ကြံရွယ်ရုံမျှဖြင့် ပြဿနာတစ်ရပ်မဖြစ်နိုင်ချေ။သို့ရာတွင် အကယ်၍ သူသည် တစ်စုံတစ်ယောက်ကို သတ်ဖြတ်မိပါက အကျိုးဆက်သည် ကောင်းမွန်မည်မဟုတ်ချေ။

"ရှေ့ကလူ...မြန်မြန်ရှောင်စမ်း"

နဂါးမြင်း၏နောက်မှနေ၍ လက်ထောက်တပ်မှူးတစ်ယောက်၏ စိုးရိမ်ပူပန်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။

ဤနဂါးမြင်းသည် သားရဲဘုရင်အဆင့်သို့ ရောက်ရှိနေလေပြီ။အကယ်၍ သာမာန်စစ်သားတစ်ယောက်သာ နဂါးမြင်း၏ကန်ကျောက်ခြင်းကိုခံရပါက ထိုလူ၏အရိုးများ ချက်ချင်းကျိုးပဲ့သွားပေမည်။အကယ်၍ ထိုလူ မသေဆုံးလျှင်ပင် မသန်မစွမ်းဖြစ်သွားနိုင်သည်။

ဟူး...ဟူး...

နဂါးမြင်း ပြေးလွှားနေစဥ်တွင် ပတ်ဝန်းကျင်၌ ပူပြင်းသောလေပြင်းများ တိုက်ခတ်နေပေ၏။

နဂါးမြင်း တစတစနီးကပ်လာသည်ကိုကြည့်ပြီး လုယွီ၏မျက်နှာပေါ်၌ ခပ်ဖျော့ဖျော့အပြုံးတစ်ခု ထွက်ပေါ်လာသည်။သူက လက်တစ်ဖက်ကိုမြှောက်လိုက်ကာ အရှိန်အဟုန်ဖြင့်ပြေးလွှားနေသော နဂါးမြင်း၏ခေါင်းကို ဖိနှိပ်လိုက်သည်။

ဘုန်း...

နဂါးမြင်း၏ခြေထောက်များအောက်မှနေ၍ ပြင်းထန်သောတုန်ခါသံကြီး မြည်ဟီးလာသည်။

ထိုနဂါးမြင်း၏ခုန်ပေါက်နေသောခွာများသည် ပြင်းထန်သော အားလှိုင်းတစ်ရပ်၏ ထိန်းချုပ်ကန့်သတ်ခြင်းကို ခံလိုက်ရပုံပင်။ဤအားလှိုင်းသည် သူ့အား ဖိနှိပ်ထားသဖြင့် အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ချေ။

တခြားသူများ၏ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် နဂါးမြင်းသည် ပြေးလွှားနေသော ကိုယ်နေဟန်ထားမှနေ၍ ဟန့်တားခြင်းခံလိုက်ရခြင်းကြောင့် သူ၏​ရှေ့ခြေနှစ်ဖက် ဒူးထောက်ရက်သားဖြစ်သွားသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန်ဆိုးရွားသောအနေအထားဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပေ၏။

ဝေါင်း...

နဂါးမြင်းသည် ခေါင်းမော့ကာ လုယွီကိုကြည့်ပြီး သူ၏ပါးစပ်ကိုဖွင့်ဟ၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။သူ၏ပါးစပ်အတွင်း၌ ချွန်ထက်သောသွားများဖြင့် ပြည့်နှက်နေသည်။

ရှားပါးသောနတ်ဆိုးမှော်သားရဲတစ်ကောင်ဖြစ်သဖြင့် နဂါးမြင်း၏ခေါင်းသည် တခြားသာမာန်မြင်းများ၏ခေါင်းများနှင့် လွန်စွာကွဲပြားခြားနားသည်။ထိုနဂါးမြင်းတွင် မုတ်ဆိတ်မွှေးများရှိနေသည့်အပြင် နဂါးဦးချိုတစ်ချောင်းလည်း ရှိနေပေ၏။ထိုအရာ၏ပုံပန်းသွင်ပြင်သည် အစစ်အမှန်နဂါးတစ်ကောင်နှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။

နဂါးမြင်းသည် ခေါင်းမော့၍ ဟိန်းဟောက်လိုက်စဥ်တွင် လူအများပေါ်သို့ ပြင်းထန်သောဖိအားအရှိန်အဝါတစ်ရပ် သက်ရောက်လာသည်။ဤသည်က အဆင့်မြင့်သက်ရှိတစ်ကောင်မှနေ၍ သေမျိုးကမ္ဘာလောကအတွင်းရှိ ပုရွက်ဆိတ်များကို အထင်အမြင်သေးစွာ ကြည့်နေသကဲ့သို့ပင်။

လုယွီ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ထွက်ပေါ်လာသည်။သူသည် လက်တစ်ဖက်ဖြင့် နဂါးမြင်း၏ခေါင်းကိုဖိနှိပ်ထားကာ ကျန်လက်တစ်ဖက်ဖြင့် ရိုက်နှက်လိုက်သည်။

ဘုန်း...

နဂါးမြင်း၏ခေါင်းသည် မြေပြင်နှင့်ပြင်းပြင်းထန်ထန် ရိုက်ခတ်မိလေ၏။နဂါးမြင်းသည် နေရာမှာပင် ကြက်သေသေသွားတော့သည်။

တပ်မှူး၏နတ်ဆိုးမှော်သားရဲဖြစ်သော သူ့အနေဖြင့် ဤနေရာတွင် သက်တောင့်သက်သာရှိသောဘဝကို ပိုင်ဆိုင်ထားခဲ့သည်။

ထို့ပြင် နဂါးမြင်းကိုယ်တိုင်သည်လည်း အလွန်သန်မာအားကောင်းသည်ဖြစ်ရာ သာမာန်ကျင့်ကြံသူများသည် သူ့ကိုလှုပ်ခတ်အောင် လုပ်ဆောင်နိုင်စွမ်းမရှိချေ။သို့ရာတွင် သူ လုယွီနှင့်ရင်ဆိုင်ရစဥ်တွင် အထူးသဖြင့် လုယွီ၏လက် ကျရောက်လာချိန်၌ နဂါးမြင်းသည် သူ၏ခေါင်းထက်သို့ မြင့်မားသောတောင်ကြီးတစ်လုံး ကျရောက်လာသကဲ့သို့ ခံစားရကာ သူ့အား အတင်းအကြပ်ဖိအားပေး၍ ခေါင်းငုံနေစေသည်။

"ငါ မင်းကို ထခိုင်းလို့လား...ဆက်ပြီး ဒူးထောက်နေစမ်း"

လုယွီ၏အသံက နဂါးမြင်း၏နားအတွင်း၌ မြည်ဟီးသွားသည်။

ထို့နောက်မှနေ၍ သိုင်းပညာသူတော်စင်တစ်ယောက်၏ အားကောင်းသောသွေးချီစွမ်းအားများက နဂါးမြင်း၏ခန္ဓာကိုယ်အတွင်း၌ ပြည့်နှက်သွားသည်။

နဂါးမြင်းသည် ချက်ချင်းဆိုသလိုပင် သူ့ရှေ့၌မတ်တတ်ရပ်နေသူသည် လူသားတစ်ယောက်မဟုတ်ဘဲ ရှေးဟောင်းခေတ်မှဆင်းသက်လာသော ရှေးဦးနတ်ဆိုးမှော်သားရဲကြီးတစ်ကောင်ဖြစ်သည်ဟု ခံစားမိလေ၏။ထိုလူထံတွင် သူ၏နဂါးကြေးခွံများကို လွယ်လင့်တကူဆုတ်ဖြဲကာ သူ့အား အရှင်လတ်လတ်ဝါးမြိုနိုင်သော စွမ်းအားမျိုးရှိနေသည်။

ဤဖိအားအရှိန်အဝါအောက်တွင် နဂါးမြင်းသည် ခေါင်းငုံနေရန်ကိုသာ ရွေးချယ်လိုက်တော့သည်။

All Chapters