← Chapters

အခန်း (၃၂၈၁-၃၂၈၅)

Vol. 167 Ch. 3281-3285

အခန်း (၃၂၈၁-၃၂၈၅)

Vol. 167 Ch. 3281-3285

Chapter 3281

"ကံကောင်းထောက်မပြီးတော့ သူ ရပ်သွားပြီ"

"မြန်မြန်...သူ့ကို ပြန်ပြီးလှောင်ပိတ်ကြစမ်း"

လက်ထောက်တပ်မှူးသည် လူတစ်စုနှင့်အတူ ဤနေရာသို့ အလွန်နောက်ကျမှရောက်ရှိလာသည်။နဂါးမြင်း ဖိနှိပ်ခံထားရသည်ကိုကြည့်ပြီး သူက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

အကယ်၍ ဤဗာမီလီယန်စစ်စခန်းအတွင်း၌ နဂါးမြင်းသာ အမှန်တကယ်ရူးသွပ်သွားပြီး ထကြွသောင်းကျန်းပါက အကျိုးဆက်များသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေမည်။အကယ်၍ အဆုံးသတ်၌ အထက်အရာရှိများသည် ဤကိစ္စကို စုံစမ်းစစ်ဆေးပါက သူတို့သာလျှင် ဒုက္ခရောက်ရပေမည်။

စစ်သားများသည် ထိတ်လန့်ကြောက်ရွံစွာ ချဥ်းကပ်လာပြီး နဂါးမြင်း၏ခန္ဓာကိုယ်ကို သံကြိုးများဖြင့် ချည်နှောင်လိုက်သည်။

"ထူးဆန်းတယ်...ဒီသားရဲက ဘာလို့ အရမ်းကြီးနာခံရို့ကျို့သွားတာလဲ"

စစ်သားတစ်ယောက်က တီးတိုးရေရွတ်လိုက်၏။

သာမာန်အချိန်များတွင် သူတို့သည် နဂါးမြင်းကို အနီးကပ်စောင့်ကြပ်နေခဲ့ရသူများပင်။သူတို့သည် ဤသားရဲ၏ပြင်းထန်သောစိတ်နေသဘောထားကို သိရှိပြီးဖြစ်လေရာ သူတို့ ကိုင်တွယ်ရန်ခက်ခဲခဲ့သော နဂါးမြင်းသည် ဤမျှထိနာခံရို့ကျိုးသွားမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။

တချို့စစ်သားများသည် နဂါးမြင်း၏ခြေလေးချောင်းလုံး တုန်ရီနေခြင်းကို သတိပြုမိသွားသည်။

"ညီအကိုကို ကျေးဇူးတင်ပါတယ်...မင်းက ဘယ်တပ်ခွဲကလဲဆိုတာ ငါ သိချင်မိတယ်...မင်းက အရမ်းသန်မာအားကောင်းပြီးတော့ နဂါးမြင်းကိုတောင် ဖိနှိပ်နိုင်တယ်...ငါက နောက်ရက်တွေကျရင် မင်းဆီကို လာလည်ပါ့မယ်"

လက်ထောက်တပ်မှူးက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။

လုယွီက ထိုစစ်သားများ၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာဝတ်စုံနှင့်စစ်လက်နက်ပစ္စည်းများ အလွန်အမင်းကောင်းမွန်သည်ကို တွေ့မြင်မိလေ၏။သူတို့သည် သာမာန်တပ်ခွဲတစ်ခုမှ စစ်သားများ မဖြစ်နိုင်ချေ။

"မင်းတို့က ဘယ်သူ့ရဲ့လက်အောက်က ငယ်သားတွေလဲ"

လုယွီက မေးမြန်းသည်။

လက်ထောက်တပ်မှူးက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ အပြုံးနှင့်ပြောဆိုသည်။

"ငါတို့က ဗာမီလီယန်စစ်စခန်းရဲ့ယာယီတပ်မှူး ရှောင်ချန်းယုရဲ့လက်အောက်ငယ်သားတွေပါ"

လုယွီက ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ သတိကြီးစွာထားလိုက်သည်။

ဗာမီလီယန်စစ်စခန်း၏ ယခင်ခေါင်းဆောင်တပ်မှူးသည် ရှောင်မိသားစုခေါင်းဆောင်ရှောင်ချွမ်ပင်။စစ်စခန်း၏ယာယီတပ်မှူးသည်လည်း ရှောင်မိသားစုဝင်တစ်ယောက်ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

ဤကိစ္စမျိုးကို အကယ်၍ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏လက်ထက်တွင်ဆိုပါက မည်သို့မျှခွင့်ပြုမည်မဟုတ်ချေ။တော်ဝင်မြို့တော်ကိုကာကွယ်စောင့်ကြပ်နေသော အဓိကအင်အားစုများဖြစ်သည့် စစ်စခန်းလေးခုကို မည်သည့်အင်အားစုကမျှ ထိန်းချုပ်ခွင့်မရရှိပေ။

အနည်းဆုံးအနေဖြင့် ခေါင်းဆောင်တပ်မှူးနှင့်ယာယီတပ်မှူးသည် တူညီသောမိသားစုအတွင်းမှ ဖြစ်မနေရချေ။

အကယ်၍ ရှောင်မိသားစုနှင့်တော်ဝင်နန်းတွင်းအကြားတွင် ပဋိပက္ခတစ်ခုရှိနေပါက ဤဗာမီလီယန်စစ်စခန်းသည် ရှောင်မိသားစု၏နယ်ရုပ်တစ်ရုပ် ဖြစ်နေလေရာ တော်ဝင်နန်းတွင်းအတွက် အနည်းငယ်မျှပင် ကူညီထောက်ပံမှုရရှိတော့မည်မဟုတ်ပေ။

"ရှန်လင်းလုံ...ဒါက တာယွီတော်ဝင်နန်းတွင်းကို မင်း စီမံအုပ်ချုပ်နေတဲ့ပုံစံလား"

အေးစက်စက်အလင်းတန်းတစ်တန်းက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။

သူနှင့်ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ပြိုင်ဘက်ဟောင်းများပင်။သို့ရာတွင် သူသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကို လွန်စွာလေးစားပေ၏။

ထို့ကြောင့် သူ ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိလာစဥ်တွင် တာယွီအင်ပါယာ၌နေထိုင်ရန် ရွေးချယ်ခဲ့သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ တာယွီအင်ပါယာတစ်ခုလုံးသည် မရေမရာအခြေအနေမျိုးအတွင်းသို့ ရောက်ရှိနေလေပြီ။ပြင်ပ၌ အားကောင်းသောရန်သူများ ရှိနေသည့်အပြင် အတွင်း၌ ထိပ်တန်းမိသားစုကြီးများ ရှိနေသည်။တော်ဝင်နန်းတွင်း၏အခွင့်အာဏာသည် အဆုံးစွန်ဆုံးအဆင့်ထိ ကျဆင်းနေသည်။

ဤအချိန်အခိုက်အတန့်တွင် ဧကရီရှန်လင်းလုံးသည် မည်သည့်စွမ်းဆောင်မှုမျှမရှိသည့် အသုံးမဝင်သော ရုပ်သေးတစ်ရုပ်နှင့် တူညီနေပေ၏။ရှန်လင်းလုံသည် အကွက်ချစီမံ၍ အခွင့်အာဏာကို လိမ္မာပါးနပ်စွာ သိမ်းပိုက်နိုင်ခဲ့သော်လည်း သူမသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏တည်ငြိမ်မှုနှင့်သြဇာလွှမ်းမိုးမှုတို့ကို လိုက်မှီရန် လွန်စွာအလှမ်းကွာဟနေသည်။

"ငါက စစ်သည်အင်အားပြောင်းရွှေ့ဖို့အတွက် ဒီနေရာကို ရောက်လာတာပဲ"

လုယွီက သူ၏အင်္ကျီလက်ကြားမှ အရာရှိတံဆိပ်ပြားနှင့်ကျားသင်္ကေတကိုထုတ်ယူ၍ ပြသလိုက်သည်။

လုယွီ၏အရာရှိစည်းတံဆိပ်ပြားကို ရွှေနက်ဖြင့်ပြုလုပ်ထားသည်။ဤတံဆိပ်ပြားပေါ်တွင် နဂါးပုံစံအမှတ်အသားများကို ထူထပ်သိပ်သည်းစွာ ရေးထွင်းထားသဖြင့် ကြည့်ရသည်မှာ အလွန်ကြီးကျယ်ခမ်းနားသည်။

အရာရှိစည်းတံဆိပ်ပြား၏မျက်နှာပြင်ပေါ်ရှိ လေးထောင့်ကွက်အတွင်း၌ 'ကျန်းကော်'ဟု ရေးသားထားသည်။

ဤအရာရှိစည်းတံဆိပ်ပြားနှင့်ကျားသင်္ကေတကိုမြင်တွေ့ချိန်တွင် ယခုလက်ရှိနေရာတွင်ရှိနေသော လက်ထောက်တပ်မှူးနှင့်စစ်သားများအားလုံး ကြက်သေသေသွားသည်။

လက်ထောက်တပ်မှူးသည် အကြည့်တစ်ချက်ဖြင့်ပင် ဤတံဆိပ်ပြားကို ကိုင်ဆောင်နိုင်သူမှာ တတိယအဆင့်နှင့်အထက်အရာရှိများသာဖြစ်ကြောင်း သိရှိသွားပေ၏။

ဤသည်က တော်ဝင်နန်းတွင်း၏ အရေးပါသော ပုဂ္ဂိုလ်ကြီးများပင်။သူတို့ မြင်တွေ့ဖူးနေကျစစ်ဗိုလ်ချုပ်များသည် စတုတ္တအဆင့် သို့မဟုတ် ပဉ္စမအဆင့်တွင်သာရှိသည်။

"ဒါဆိုရင် ကျန်းကော်မဟာစစ်ဗိုလ်ချုပ်ပေါ့...ငါက ဗာမီလီယန်စစ်စခန်းရဲ့စစ်ဗိုလ်ချုပ်ပါ...မင်းက ဘယ်တပ်ခွဲကို ​ခေါ်ယူချင်တာလဲ"

ရုတ်တရက် စစ်စခန်းမှအရာရှိတစ်ယောက်ရောက်ရှိလာကာ သူ၏လက်နှစ်ဖက်ကို ပူးဆုပ်၍ပြောဆိုသည်။

လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ မေးမြန်းလိုက်၏။

"ပုန်းကွယ်နဂါးတပ်ခွဲက ဘယ်နေရာမှာလဲ"

ထိုစစ်ဗိုလ်ချုပ်သည် အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် သူ၏အင်္ကျီလက်မောင်းကြားရှိ စာလိပ်တစ်လိပ်ကို ထုတ်ယူလိုက်သည်။ထို့နောက် သူက စာလိပ်ကိုဂရုတစိုက် ဖတ်ရှုပြီးနောက် ပြောဆိုသည်။

"ပုန်းကွယ်နဂါးတပ်ခွဲက စစ်စခန်းရဲ့အရှေ့ဘက်ခြမ်းမှာ စခန်းချနေတယ်...ငါ မင်းကို အဲ့ဒီနေရာဆီ ခေါ်သွားပေးမယ်"

Chapter 3282

လုယွီ၏တံဆိပ်ပြားကို မြင်တွေ့ချိန်၌ ဤနေရာတွင်ရှိနေသော လူအများစု၏မျက်လုံးများအတွင်း၌ ရိုသေလေးစားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

စစ်တပ်အတွင်းရှိ သတင်းအချက်အလက်စီးဆင်းမှုသည် လွန်စွာကောင်းမွန်ပေ၏။လုယွီကျန်းကော်မဟာစစ်ဗိုလ်ချုပ်အဖြစ် ခန့်အပ်ခံရသောသတင်းမှာ ပျံ့နှံနေပြီးဖြစ်သည်။ဤနှစ်၏ထိပ်သီးကျောင်းတော်သားသည် တာယွီတော်ဝင်စစ်တပ်အတွင်းသို့ ဝင်သွားခဲ့သည့်သတင်းကို အင်အားစုများသည်လည်း သတိပြုမိကြသည်။

လုယွီ၏အသက်သည် အလွန်ငယ်ရွယ်သော်လည်း ယခုချိန်တွင် သူသည် နဂါးမြင်းကဲ့သို့နတ်ဆိုးမှော်သားရဲကိုပင် ဖိနှိပ်နိုင်ခဲ့သည်။ယခင်က လုယွီ၏ခွန်အားကို သံသယဝင်နေသူတချို့ ရှိနေလေ၏။သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီ၏ခွန်အားကို မြင်တွေ့ပြီးချိန်တွင် သူတို့အားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။

"မဟာစစ်ဗိုလ်ချုပ်...ကျေးဇူးပြုပြီးတော့..."

စစ်ဗိုလ်ချုပ်သည် လုယွီကို ပုန်းကွယ်နဂါးတပ်ခွဲ စခန်းချနေသောနေရာသို့ ခေါ်ဆောင်သွားလေသည်။

ဤနေရာသည် ဗာမီလီယန်စစ်စခန်း၏အရှေ့ဘက်ဆုံးအပိုင်းတွင်တည်ရှိကာ သူတို့ အရှေ့ဘက်သို့ ပို၍သွားမိလေလေ သူတို့ မြင်တွေ့ရသော စစ်တန်းလျားများ ပို၍စုတ်ပြတ်လေလေပင်။

ဤနေရာရှိစိတ်ဝိညာဥ်စွမ်းအားများသည် လုယွီ စစ်စခန်းအတွင်းသို့ စတင်ဝင်ရောက်ခဲ့သည့်နေရာထက် များစွာပို၍ကျဲပါးသည်။လမ်းတလျှောက်လုံး၌ စစ်သားများသည် သောင်းပြောင်းထွေလာ ရောနှောနေပေ၏။သူတို့ထံတွင် သင့်တော်သော သံချပ်ကာမျိုး မရှိရုံသာမက သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များသည်လည်း မြင့်မားခြင်းမရှိချေ။

တချို့စစ်သားများသည် ဝိုင်အရက်များကိုပင် သောက်သုံးနေကြသည်။တချို့စစ်သားများသည် ကျောက်တုံး...စက္ကူ...ကတ်ကြေးစသည့် ကစားနည်းမျိုးကစားနေကာ အလွန်ပျော်ရွှင်စွာဖြင့် စနောက်ငြင်းခုံနေကြ၏။အကယ်၍ တာယွီတော်ဝင်စစ်တပ်၏အလံသာ ပတ်ဝန်းကျင်၌ ချိတ်ဆွဲမထားပါက မည်သူကမျှ သူတို့ကို စစ်သားများဟု ထင်မြင်ယူဆကြမည်မဟုတ်ပေ။

"ဘာတွေ ဖြစ်နေတာလဲ"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

ဗာမီလီယန်စစ်စခန်းသည် တော်ဝင်မြို့တော်ကိုစောင့်ကြပ်နေသော အဓိကစစ်စခန်းကြီးလေးခုအနက်မှတစ်ခုပင်။ဤစစ်စခန်းတွင် တင်းကျပ်သော စည်းမျဥ်းဥပဒေများ ရှိနေသင့်သည်။

သို့သော် ယခုလက်ရှိချိန်တွင် လုယွီ၏ရှေ့၌ လေလွင့်ကျင့်ကြံသူများကဲ့သို့ စစ်သားများသာရှိနေပြီး တိုက်ခိုက်မှုတစ်ခုကိုပင် ခံနိုင်ရည်ရှိမည်မဟုတ်ချေ။

စစ်ဗိုလ်ချုပ်က ထိုလူတစ်စုကိုကြည့်ပြီးနောက် သူ၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"မဟာစစ်ဗိုလ်ချုပ်...မင်း ရယ်စရာပြောနေတာလား....ဒီလူတွေက အကျဥ်းသားတွေ...သူတို့က အမြှောက်စာတွေသက်သက်ပဲ...ဘာမှအရေးမပါဘူး"

အမှန်အားဖြင့် ဤလူများသည် အစစ်အမှန်စစ်သားများမဟုတ်ချေ။တာယွီအင်ပါယာသည် စစ်ပွဲများ အဆက်မပြတ်တိုက်ခိုက်နေရသဖြင့် သူတို့အား အမြှောက်စာများအဖြစ်အသုံးပြုရန်တော်ဝင်စစ်ရေးဌာနမှနေ၍ အကျဥ်းထောင်အတွင်းမှ ရွေးထုတ်ထားခြင်းဖြစ်သည်။

သူတို့အနက်မှအများစုသည် လေလွင့်ကျင့်ကြံသူများဖြစ်ကာ နက်နဲသိမ်မွေ့သော ကျင့်ကြံနည်းစနစ်တစ်ခုတစ်လေကိုမျှ ကျင့်ကြံဖူးခြင်းမရှိချေ။တိုက်ပွဲအတွင်း၌ သူတို့သည် အမြှောက်စာသက်သက်သာ တာဝန်ထမ်းဆောင်ရသည်။

သိုက်ဖုန်းတို့လူစုသည်လည်း ယခင်က ထိုလူများနှင့် တူညီသောအနေအထားမျိုးတွင်ရှိသည်။သို့ရာတွင် လုယွီ၏လမ်းညွှန်ပေးမှုအောက်တွင် သူတို့သည် တာယွီတော်ဝင်စစ်တပ်၏ပထမတန်းစားတပ်ခွဲ ဖြစ်လာလေ၏။

လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ပုန်းကွယ်နဂါးတပ်ခွဲက ဒီနေရာမျိုးမှာ တကယ်ပဲစခန်းချနေတာလား"

သူသည် တစ်ချိန်က ပုန်းကွယ်နဂါးတပ်ခွဲကိုဦးဆောင်၍ လော့ရွှေကြယ်မြစ်တိုက်ပွဲ၌ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည်။ဤသည်ကို ပုန်းကွယ်နဂါးတပ်ခွဲ၏စစ်ရေးအောင်မြင်မှုဟုလည်း ယူဆနိုင်သည်။အကယ်၍ သူတို့သည် ဗာမီလီယန်စစ်စခန်း၌ စခန်းချနေရလျှင်ပင် ဤကဲ့သို့နေရာမျိုး၌ ရှိမနေသင့်ချေ။

စစ်ဗိုလ်ချုပ်က အကြပ်ရိုက်နေသောမျက်နှာအမူအယာဖြင့် ပြောဆိုလေ၏။

"ဒါတွေအားလုံးက တပ်မှူးရဲ့အစီအစဥ်တွေပါ...ငါက အထက်ကပေးတဲ့အမိန့်အတိုင်း လုပ်ဆောင်ပေးရုံသက်သက်ပဲ"

ဤသည်က ရှောင်ချွမ်၏လုပ်ရပ်ဖြစ်နိုင်ကြောင်း လုယွီက ချက်ချင်းနားလည်သဘောပေါက်သွားသည်။

အတိတ်တွင် သူ ရှောင်အိမ်တော်မှ မသေမျိုးအဆင့်မှော်လက်နက်ကို ယူဆောင်ခဲ့စဥ်၌ နတ်ဘုရားသွေးစက်ကိုအသုံးပြု၍ အတိတ်ဘဝရှိ သူ၏စွမ်းအား ဆယ်ရာခိုင်နှုန်းကို ထုတ်ဖော်အသုံးပြုခဲ့သည်။သူသည် ရှောင်မိသားစုဘိုးဘေး၏ကိုယ်ပွားကိုပင် ဖျက်ဆီးခဲ့လေရာ ရှောင်မိသားစုနှင့်သူ့အကြား၌ ပြေငြိမ်း၍မရနိုင်သောရန်ငြိုးကြီးရှိသွားလေပြီ။

ဤအခြေအနေတွင် ရှောင်ချွမ်သည် လုယွီ၏ပုန်းကွယ်နဂါးတပ်ခွဲကို ထိပါးသည်မှာ ကျိုးကြောင်းဆီလျော်ပေ၏။

သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ဖေးထျန်ကွမ်းသည် ပုန်းကွယ်နဂါးတပ်ခွဲ၌ရှိနေဆဲပင်။ဖေးထျန်ကွမ်းသည် ထိပ်သီးကျောင်းတော်သားတစ်ယောက်ဖြစ်ခဲ့ကာ တစ်ချိန်က တော်ဝင်တရားစီရင်ရေးဌာန၏အဆင့်မြင့်အရာရှိကြီးတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။အကယ်၍ ရှောင်ချွမ်သည် ပုန်းကွယ်နဂါးတပ်ခွဲကို လှုပ်ရှားလိုပါက ဖေးထျန်ကွမ်း၏တည်ရှိမှုကို ထည့်သွင်းတွက်ချက်ရန်လိုအပ်သည်။

"ငါ တစ်ချက်ကြည့်လိုက်အုံးမယ်"

လုယွီ၏မျက်နှာအမူအယာ သုန်မှုန်နေသည်။

မကြာမီမှာပင် သူသည် ဗာမီလီယန်စစ်စခန်း၏အရှေ့ဘက်အစွန်ဆုံး စစ်တန်းလျားထံသို့ ရောက်ရှိသွားပေ၏။

ဤနေရာရှိ ပတ်ဝန်းကျင်အနေအထားသည် ဗာမီလီယန်စစ်စခန်း၏အလယ်ဗဟိုရှိ စစ်တန်းလျားများဖြင့် နှိုင်းယှဥ်ကြည့်၍မရချေ။

ဗာမီလီယန်စစ်စခန်းအတွင်း၌ ကြီးမားသောစိတ်ဝိညာဥ်စမ်းရေအိုင်ကြီးရှိနေကာ စိတ်ဝိညာဥ်စွမ်းအားများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့နေပြီး စစ်သားများအားလုံးကျင့်ကြံနိုင်ရန်အတွက် ထောက်ပံပေးနေသည်။

ထိုစိတ်ဝိညာဥ်စမ်းရေအိုင်နှင့် ပို၍နီးကပ်စွာရှိနေလေလေ စိတ်ဝိညာဥ်စွမ်းအားများ ပို၍ထူထပ်သိပ်သည်းလေလေပင်။ဆန့်ကျင့်ဘက်အနေဖြင့် အစွန်အဖျားတွင်ရှိသော စစ်တန်းလျားများ၌နေသည့်စစ်သားများ ရရှိသော စိတ်ဝိညာဥ်စွမ်းအားများသည် အလွန်ကျဲပါးကာ မရှိသလောက်နီးပါးပင်။

Chapter 3283

"မဟာစစ်ဗိုလ်ချုပ်...ပုန်းကွယ်နဂါးတပ်ခွဲစခန်းချနေတဲ့နေရာက ရှေ့ဆိုရင်ရောက်ပြီ"

စစ်ဗိုလ်ချုပ်က အပြုံးနှင့်ပြောဆိုသည်။

လုယွီက ခေါင်းညိတ်ပြလိုက်၏။

"မင်း လုပ်စရာရှိတာကို သွားလုပ်လို့ရပြီ"

စစ်ဗိုလ်ချုပ်သည် အဝေးသို့ အလျင်စလို ထွက်ခွာသွားတော့သည်။လုယွီသည် ထိုစစ်ဗိုလ်ချုပ်၏နောက်ကျောကိုကြည့်နေကာ မည်သည့်စကားမျှ ပြောဆိုခြင်းမပြုချေ။

ဤလူသည် လမ်းတလျှောက်လုံး အတွေးများအကြားနစ်မြောနေကာ သူသည် နတ်ဘုရားစိတ်အာရုံကို တိတ်တဆိတ်အသုံးပြု၍ပင် အသံသတင်းပေးပို့နေသည်။သူသည် ရှောင်မိသားစုဝင်တစ်ယောက် ဖြစ်နေနိုင်ပေ၏။

သို့ရာတွင် လုယွီသည် စိုးရိမ်ပူပန်ခြင်းမရှိချေ။သူသည် ယခုလက်ရှိချိန်တွင် လူသူအများရှေ့၌ ထင်ထင်ရှားရှား ရပ်တည်နေနိုင်သူတစ်ယောက်ပင်။ရှောင်မိသားစုသည် မည်သည့်နည်းလမ်းမျိုးကို အသုံးပြုနေပါစေ သူသည် အခြေအနေကိုလိုက်၍ တုံ့ပြန်လှုပ်ရှားရပေမည်။

မလှမ်းမကမ်းအကွာအဝေး၌ တိုက်ပွဲတစ်ပွဲ တိုက်ခိုက်နေပုံရကာ လက်နက်အချင်းချင်း ထိခတ်မိသောအသံများကို ကြားနေရသည်။ဤသည် နားအူလူမတတ် ကျယ်လောင်ပေ၏။

တိုက်ပွဲစင်မြင့်ပေါ်တွင် မြေကမ္ဘာအင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်နေကြသည်။တိုက်ပွဲအခြေအနေမှာ အလွန်အမင်း ပြင်းထန်နေသည်။

"လုကျင်းရှန့်...တကယ်လို့ မင်းမှာ ဒီအရည်အချင်းလောက်ပဲရှိတာဆိုရင် ငါနဲ့ယှဥ်ပြီးတော့ ပထမတန်းစားတာဝန်ရဲ့ဆုလာဘ်ကို လုမယူသင့်ဘူး....မင်းတို့ပုန်းကွယ်နဂါးတပ်ခွဲက မှော်ရတနာကောင်းတချို့ကို မှီခိုနေတဲ့လူတွေသက်သက်ပဲ...မင်းက ဒီတာဝန်မှာ ကြားဝင်စွက်ဖက်ဖို့ အရည်အချင်းမပြည့်မီဘူး"

ထိုစကားကိုပြောဆိုလိုက်သူမှာ သံချပ်ကာဝတ်စုံကိုဝတ်ဆင်ထားသော လူတစ်ယောက်ဖြစ်ပြီး သူ၏မျက်နှာပေါ်တွင် မောက်မာဝံ့ကြွားသောအမူအယာမျိုးရှိနေသည်။

ထိုလူသည် ရွှေရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်ဝတ်စုံကို ဝတ်ဆင်ထားပေ၏။သူ၏သံချပ်ကာအစိတ်အပိုင်းတစ်ခုစီမှနေ၍ တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်နေသဖြင့် လူအများသည် သူ့ကို စေ့စေ့မကြည့်နိုင်ကြချေ။

"ရှောင်ကွမ်းဟယ်...ဒီနေရာကိုလာပြီးတော့ ပေါက်ကရစကားတွေပြောနေတာကို ရပ်လိုက်စမ်း...ဒီပထမတန်းစားတာဝန်က ငါတို့ အရင်ဆုံးလက်ခံခဲ့တာ အသိသာကြီးပဲ...ဝရမ်းပြေးရာဇဝတ်သားတွေကိုလည်း အစကနေအဆုံးထိ ငါတို့ပဲ ဖမ်းဆီးခဲ့တာ...မင်းတို့ ဆန်းကြယ်မီးတောက်တပ်ခွဲက ဘာလုပ်ခဲ့လို့လဲ...ငါတို့က ရှေ့ထွက်ပြီးတော့ အသေအကြေတိုက်ခိုက်နေတဲ့အချိန်မှာ မင်းတို့က တိတ်တဆိတ်ခိုးပြန်လာပြီးတော့ ဆုလာဘ်ကိုထုတ်ယူနေတယ်...မင်းက ဒီလိုတောင် လုပ်ရဲမှတော့ မင်း ဝန်ခံလိုက်လေ...ငါ မင်းကို အထင်သေးအောင်မလုပ်စမ်းနဲ့"

ရွှေရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်၏ရှေ့တွင် မတ်တတ်ရပ်နေသူမှာ ယခင်က လုယွီ၏နောက်လိုက်ဖြစ်သော လုကျင်းရှန့်ပင်။

လုကျင်းရှန့်သည် မူလက ရှားဟိုလီ၏လက်အောက်ရှိ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်။သူသည် မတော်တဆအခွင့်အရေးတစ်ခုရရှိကာ လုယွီ၏နောက်သို့ လိုက်ပါခဲ့သည်။လုယွီ၏ဆေးလုံးများနှင့်ကျင့်ကြံနည်းစနစ်များ ကူညီထောက်ပံမှုဖြင့် သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ကာ မဟာစစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်လာခဲ့ပေ၏။

ဤအချိန်အခိုက်အတန့်တွင် လုကျင်းရှန့်၏လက်အတွင်း၌ လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ထားကာ သူသည် ရှေ့ရှိ ရွှေရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။

သူတို့နှစ်ယောက်လုံးသည် တိုက်ကွက်ပေါင်းရာနှင့်ချီ၍ တိုက်ခိုက်ပြီးလေပြီ။

ထိုရွှေရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် အလယ်အလတ်ဆင့်ကျင့်ကြံသူဖြစ်သည်မှာ သိသာထင်ရှားသည်။သူသည် မှော်စွမ်းအားအရဖြစ်စေ အတွေ့အကြုံအရဖြစ်စေ လုကျင်းရှန့်ထက် များစွာပို၍သာလွန်သည်။

ထို့ပြင် လုကျင်းရှန့်သည်လည်း ကြီးမားသောခွန်အားကို ပိုင်ဆိုင်ထားပေ၏။အထူးသဖြင့် လုယွီ ပေးထားသော ကျင့်ကြံနည်းစနစ်နှင့် သူ၏လက်အတွင်းရှိ မှော်ရတနာကြောင့် သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိနေသည့်တိုင် ရွှေရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်နှင့် လက်ရည်တူယှဥ်ပြိုင်နိုင်ခဲ့သည်။

"ဗိုလ်ချုပ်ရှောင်...သူ့ကို သတ်လိုက်တော့"

"ဒါက အမှန်ပဲ..သူတို့က အပြင်ကနေလာစခန်းချနေပြီးတော့ သူတို့ရဲ့မှော်လက်နက်တွေကို မှီခိုပြီး လေကျယ်နေတဲ့ကောင်တွေသက်သက်ပဲ...သူတို့ ငါတို့ဆန်းကြယ်မီးတောက်တပ်ခွဲနဲ့ ပခုံးခြင်းယှဥ်နိုင်မယ်လို့ တကယ်ကြီးထင်နေကြပုံပဲ"

ရွှေရောင်သံချပ်ကာဝတ်စစ်သားတစ်စု၏နောက်တွင် ရွှေရောင်သံချပ်ကာဝတ်စစ်သားတစ်စု မတ်တတ်ရပ်နေသည်။ထိုစစ်သားများသည် ကြီးကျယ်ခမ်းနားစွာ ဝတ်ဆင်ထားသဖြင့် ရှောင်မိသားစု၏ပင်မစစ်တပ်မှအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အကြည့်တစ်ချက်ဖြင့်ပင် သိရှိနိုင်သည်။

သူတို့သည် ဗာမီလီယန်စစ်စခန်းအတွင်း၌ အခွင့်အရေးအရဆုံးစစ်သားများပင်။ဆန်းကြယ်မီးတောက်တပ်ခွဲ၏စစ်သားများအားလုံးသည် တခြားစစ်သားများ စိတ်ကူးပင်ယဥ်ကြည့်ဖူးမည်မဟုတ်သော အရင်းအမြစ်များကို ရရှိပေ၏။စစ်တပ်အတွင်းရှိ လက်ထောက်တပ်မှူးတချို့ပင်လျှင် ဤတပ်ခွဲ၏သာမာန်စစ်သားတစ်ယောက်ခန့် အရင်းအမြစ်များမရရှိချေ။

ထို့ကြောင့် ဆန်းကြယ်မီးတောက်တပ်ခွဲမှ စစ်သားများသည် အလွန်အမင်း မာန်မာနထောင်လွှားကာ ပုန်းကွယ်နဂါးတပ်ခွဲကဲ့သို့ ပြင်ပစစ်သားများအပေါ် အထင်အမြင်သေးကြသည်။

"လုကျင်းရှန့်...ဆုလာဘ်ကို လက်လွှဲပေးလိုက်စမ်း...ဒါက မင်းရဲ့အပိုင်မဟုတ်ဘူး"

ရွှေရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်နှင့် လုကျင်းရှန့်တို့အကြားရှိ အခြေအနေ တင်းမာနေချိန်မှာပင် ပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားသော တခြားလူတစ်ယောက်က ရုတ်တရက် အဝေးမှနေ၍ ပျံသန်းလာသည်။သူ၏မျက်လုံးအကြည့်သည် အေးစက်တင်းမာနေကာ သူသည် တိမ်စိုင်များအကြား၌ မတ်တတ်ရပ်လိုက်၏။

သူ၏နောက်တွင် မီတာတစ်ရာကျော်မြင့်မားသော ဓမ္မပုံရိပ်ယောင်ကြီးက ကြီးကျယ်ခမ်းနားစွာ မားမားမတ်မတ် တည်ရှိနေကာ သူ၏နံဘေးပတ်ဝန်းကျင်၌ လျှို့ဝှက်ဆန်းကြယ်သောမှော်စွမ်းအားလှိုင်းများ လှုပ်ခတ်နေသည်။သူသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း သူ၏ခွန်အားသည် အားနည်းခြင်းမရှိချေ။

Chapter 3284

ထိုလူသည် ထွက်ပေါ်လာပြီးနောက် လုကျင်းရှန့်ကို မြင်တွေ့သည်နှင့် လေထုအတွင်းမှနေ၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

သူ၏လက်ဝါးအတွင်းမှနေ၍ ကြီးကျယ်ခမ်းနားသော မှော်စွမ်းအားလှိုင်းများ ပွင့်အံ့ထွက်လာကာ ပတ်ဝန်းကျင်ရှိလေဟာနယ်ကိုပင် တုန်ခါသွားစေသည်။

ဖြူဖျော့ဖျော့အရိုးလက်သည်းတစ်ချောင်းသည် ရုတ်တရက် ပိုးထည်ဝတ်စုံဝတ်လူ၏လက်ဝါးအတွင်းမှ ထွက်ပေါ်လာသည်။ဤသည်က မြေအောက်တွင် နှစ်ပေါင်းရာနှင့်ချီ၍ မြှုပ်နှံခြင်းခံထားရသော သရဲတစ္ဆေအိုကြီးတစ်ကောင်၏လက်သည်းနှင့် တူညီနေပေ၏။ထိုအရိုးလက်သည်း ထွက်ပေါ်လာသည်နှင့် နံဘေးပတ်ဝန်းကျင်၌ အကန့်အသတ်မရှိသော ယင်ချီများ ယိုစိမ့်ထွက်လာသည်။

ရုတ်ချည်းဆိုသလိုပင် အရိုးလက်သည်းသည် တဖြည်းဖြည်းကြီးမားလာကာ နောက်ဆုံး၌ အိမ်တစ်လုံးစာအရွယ်အစားသို့ ရောက်ရှိသွားသည်။ဤအရိုးလက်သည်းသည် ရှည်လျားပြီးကြီးမားကာ ထိုအရာပေါ်တွင် ရွှေရောင်သင်္ကေတအက္ခရာများကို ရေးထွင်းထားသည်။အေးစက်စက်ယင်ချီအရှိန်အဝါများ ပျံ့နှံ့နေသဖြင့် လူအများသည် ထိုအရာကို တိုက်ရိုက်မကြည့်ဝံ့ချေ။

"ရှောင်ကွမ်းယွမ်...မင်းတို့ညီအကိုနှစ်ယောက်က ပူးပေါင်းပြီး တိုက်ခိုက်ချင်တာလား"

လုကျင်းရှန့်က ထိတ်လန့်တုန်လှုပ်သွားကာ အလျင်စလို ခုခံကာကွယ်လိုက်၏။

သို့ရာတွင် သူ့ရှေ့ရှိလူသည် ရွှေရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်ထက် များစွာပို၍ သန်မာအားကောင်းသည်။ဤတိုက်ခိုက်မှုအောက်တွင် သူသည် လုကျင်းရှန့်၏လှံပုံရိပ်ယောင်များကို တိုက်ရိုက်ဖြတ်သန်းသွားကာ ဖြူဖျော့ဖျော့အရိုးလက်သည်းကြီးသည် လုကျင်းရှန့်၏ရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။

"စစ်သည်တစ်သောင်း ဝင်္ကပါ..."

လုကျင်းရှန့်က ကျယ်လောင်စွာအော်ဟစ်လိုက်ရာ သူ၏နောက်ရှိ လေဟာနယ်အတွင်းမှနေ၍ တုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်လာပေ၏။

ဤတိုက်ပွဲဝင်စိတ်ဆန္ဒများမှနေ၍ အနှစ်သာရအဖြစ်ဖွဲ့စည်းသွားကာ တိုက်ပွဲဝင်အလံများအဖြစ် တိုက်ရိုက်အသွင်ပြောင်းလဲသွားသည်။ထိုတိုက်ပွဲဝင်အလံများမှနေ၍ တိုက်ပွဲစည်သံများနှင့် အော်ဟစ်မာန်တင်းသံများကို ဝိုးတဝါးကြားနေရသည်။

ဘုန်း...ဘုန်း...ဘုန်း..

ထိုတိုက်ပွဲဝင်အလံများအကြားမှနေ၍ လှံရှည်ပုံရိပ်ယောင်များ ထွက်ပေါ်လာကာ ရှေ့ရှိ အရိုးလက်သည်းကြီးနှင့် ဖီလာဆန့်ကျင်ရိုက်ခတ်မိလေ၏။နှစ်ဖက်စလုံးသည် လေဟာနယ်အတွင်း၌ ပြင်းပြင်းထန်ထန် ထိတွေ့မိသဖြင့် ကျယ်လောင်သော တုန်ခါသံကြီး ထွက်ပေါ်လာသည်။

သို့ရာတွင် အဆုံးသတ်၌ လုကျင်းရှန့်၏ကျင့်ကြံဆင့်နယ်ပယ်သည် မလုံလောက်ခဲ့ချေ။

သူသည် တိုက်ပွဲဝင်စိတ်ဆန္ဒကို ခက်ခက်ခဲခဲထိန်းသိမ်းနေရကာ အချိန်ကြာကြာတောင့်ခံနိုင်မည့်ပုံမရပေ။

"လုကျင်းရှန့်...ထပ်ပြီးခေါင်းမာမနေစမ်းနဲ့...တကယ်လို့ မင်းက ဒီနေ့တာဝန်အတွက် ဆုလာဘ်ကို ငါတို့ဆီ လွှဲပြောင်းပေးမပေးဘူးဆိုရင် ငါ မင်းကို သွေးအန်တဲ့အထိရိုက်နှက်မယ်"

ရွှေရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်က အော်ဟစ်ရယ်မောကာ နံဘေးဘက်မှနေ၍ အလစ်အငိုက်ဖမ်း၍ ဝင်ရောက်တိုက်ခိုက်လေ၏။

လုကျင်းရှန့်သည် သူတို့နှစ်ယောက်အနက်မှတစ်ယောက်ကိုပင် ခက်ခက်ခဲခဲ ရင်ဆိုင်တိုက်ခိုက်နေခဲ့ရသည်။ဤအချိန်အခိုက်အတန့်တွင် တခြားတစ်ယောက် ထပ်မံ၍ရောက်ရှိလာလေရာ သူသည် မကြုံစဖူးဖိအားအရှိန်အဝါမျိုးကို ခံစားမိသည်။

"ပြောစမ်းပါအုံး...မင်းတို့က ဘယ်သူ့ကို သွေးအန်တဲ့အထိ ရိုက်ချင်နေတာလဲ"

ရုတ်တရက် တိုးညှင်းသောအသံတစ်သံက ရှောင်မိသားစုဝင်စစ်ဗိုလ်ချုပ်နှစ်ယောက်၏နားများအတွင်း၌ မြည်ဟီးသွားသည်။

ရှောင်ကွမ်းဟယ်နှင့်ရှောင်ကွမ်းယွမ်တို့၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။သူတို့၏မှော်စွမ်းအားလှည့်ပတ်မှုများ ရုတ်တရက် ရပ်တန့်သွားသည်ကို သူတို့နှစ်ယောက်လုံး ခံစားမိလေ၏။သူတို့၏မှော်စွမ်းအားများကို မမြင်နိုင်သောအားလှိုင်းတစ်ရပ်က ပိတ်ဆို့ဟန့်တားထားပုံရသည်။သူတို့သည် စွမ်းအားပြည့် ထုတ်ဖော်အသုံးပြုနိုင်စွမ်း မရှိတော့ချေ။

"ဘယ်သူလဲ"

ရှောင်ကွမ်းဟယ်က ရုတ်တရက် နောက်သို့လှည့်ကြည့်လိုက်ရာ သူ့ရှေ့၌ မတ်တတ်ရပ်နေသောလုယွီကို တွေ့မြင်မိသည်။

လုယွီ၏ငယ်ရွယ်နုနယ်သောမျက်နှာကို မြင်တွေ့ချိန်၌ သူ၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။

လုယွီသည် သူ၏နောက်သို့ မည်သည့်အချိန်က ရောက်ရှိနေသနည်း။သူ အနည်းငယ်မျှပင် သတိမပြုမိချေ။

ထို့နောက် လုယွီသည် လက်ကိုဆန့်တန်းကာ သူ့အား ဖိနှိပ်လိုက်သည်ကို သူ မြင်တွေ့မိလေ၏။

ဤလက်ဝါးရိုက်ချက်သည် တောင်များကိုပြိုလဲပြီး ပင်လယ်ရေကိုလှိုင်းထန်စေသည့် လေပြင်းမုန်တိုင်းတစ်ရပ်နှင့်တူညီသည်။ဤသည်က လူအများ၏စိတ်နှလုံးသားအတွင်း၌ အကြောက်တရားများကို ပေါက်ဖွားစေကာ သူတို့၏သတ္တိများကို ချက်ချင်းပျက်ပြယ်သွားစေသည်။

ဤသည်က လောကကြီးအတွင်းတွင် ဤလက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုတည်းသာ ရှိနေသကဲ့သို့ပင်။

ဘုန်း..

လူအားလုံး၏အကြည့်များအောက်တွင် လုယွီ၏လက်ဝါးရိုက်ချက်သည် ရှောင်ကွမ်းဟယ်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

ရှောင်ကွမ်းဟယ်သည် မူလက ထူထပ်လေးလံသောသံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည်။ဤအချိန်အခိုက်အတန့်တွင် သူသည် အလွန်ကြီးမားသောအားလှိုင်းတစ်ရပ်နှင့် ရိုက်ခတ်ခြင်းခံရလေ၏။သူ၏ရွှေရောင်သံချပ်ကာဝတ်စုံမျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ စတင်၍ထွက်ပေါ်လာကာ နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားတော့သည်။

ရုတ်ချည်းဆိုသလိုပင် ရှောင်ကွမ်းဟယ်သည် နောက်သို့လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျလာပေ၏။

"မင်း...."

ရှောင်ကွမ်းယွမ်သည် သူ၏အကိုဖြစ်သူ ဖိနှိပ်ခံလိုက်ရသည်ကိုမြင်တွေ့ချိန်တွင် သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။သူသည်လည်း လက်ကိုဆန့်တန်းကာ လုယွီထံဦးတည်၍ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။

လုယွီသည် ထိုလက်ဝါးရိုက်ချက် သူ့ထံချဥ်းကပ်လာသည်ကို မြင်တွေ့သော်လည်း ရှောင်တိမ်းခြင်းမပြုချေ။ထိုအစား သူသည် လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် တူညီစွာတုံပြန်လိုက်၏။

Chapter 3285

ထိုလက်ဝါးရိုက်ချက်နှစ်ခု ရိုက်ခတ်မိချိန်တွင် အနီးကပ်ရှိနေသော လူတိုင်း နားစည်ကွဲထွက်လုမတတ ခံစားလိုက်ရသည်။

လုယွီနှင့် တိုက်ခိုက်မှုခြင်းဖလှယ်ချိန်တွင် ရှောင်ကွမ်းယွမ်၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။သူ၏လက်တလျှောက် စူးရှသောနာကျင်မှုကို ခံစားလိုက်ရကာ သူ့ရှေ့၌ အလွန်ကြီးမားသော အားလှိုင်းတစ်ရပ် ရှိနေသကဲ့သို့ပင်။

ရှောင်ကွမ်းဟယ်၏ခန္ဓာကိုယ်သည် ဟန်ချက်ပျက်သွားကာ ထိုလက်ဝါးရိုက်ချက်ကြောင့် လွင့်ထွက်သွားပေ၏။

ရှောင်ညီအကိုနှစ်ယောက်လုံးသည် ရာထူးအဆင့်တူညီသော မဟာစစ်ဗိုလ်ချုပ်များဖြစ်သည်။

ဤဗာမီလီယန်စစ်စခန်းတစ်ခုလုံး၌ သူတို့နှစ်ယောက်ကို အကြွင်းမဲ့ သန်မာအားကောင်းသူများဟု ယူဆနိုင်သည်။အခြေခံအားဖြင့် သူတို့ကိုယှဥ်ပြိုင်နိုင်သူဟူ၍ လူနည်းစုသာရှိသည်။

ပုန်းကွယ်နဂါးတပ်ခွဲ၌ အစွမ်းထက်ကျင့်ကြံသူတချို့ရှိနေသော်လည်း ယခုလက်ရှိချိန်တွင် သူတို့သည် တာဝန်ထမ်းဆောင်ရန် ပြင်ပသို့ရောက်ရှိနေကြ၏။စစ်စခန်းလေးခုလုံးသည် အထိုင်စစ်စခန်းများဖြစ်သဖြင့် လှုပ်ရှား၍မရချေ။ထို့ကြောင့် တိုက်ပွဲအကျိုးဆောင်ရမှတ်များ ရရှိရန်အတွက် ပြင်ပသို့ အလှည့်ကျထွက်၍ တာဝန်ထမ်းဆောင်ရသည်။

ယနေ့တွင် တာဝန်ကိုထမ်းဆောင်ခဲ့သူမှာ လီကျင်းရှန့်တစ်ယောက်တည်းပင်။

သူတို့နှစ်ယောက် ပူးပေါင်း၍တိုက်ခိုက်ခဲ့သဖြင့် သူတို့၏နာမည်ဂုဏ်သတင်းများ ပျက်ပြားသွားနိုင်သည်။သို့ရာတွင် သူတို့သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများဖြစ်သဖြင့် လူအများသည် သူတို့၏စိတ်နှလုံးသားများအတွင်း၌ အတွေးများရှိနေလျှင်ပင် ကျယ်လောင်စွာ ထုတ်ဖော်ပြောဆိုဝံ့မည်မဟုတ်ချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီ ရောက်ရှိလာလေပြီ။

"မင်း..."

ရှောင်ကွမ်းဟယ်နှင့်ရှောင်ကွမ်းယွမ်တို့သည် မြေပြင်ပေါ်သို့ ရောက်ရှိသည်နှင့် သူတို့၏ရင်ဘတ်များပေါ်၌ လှည့်ပတ်ပြေးလွှားနေသော အားလှိုင်းတစ်ရပ်ကို ခံစားမိသည်။

သူတို့နှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။ဤသည်မှာ အစောပိုင်းက လုယွီနှင့်တိုက်ခိုက်စဥ်တွင် သူတို့၏ခန္ဓာကိုယ်များအတွင်းသို့ ဝင်ရောက်လာသော အားလှိုင်းဖြစ်ကြောင်း သူတို့နှစ်ယောက်လုံး ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားသည်။

ဤအားလှိုင်းသည် အလွန်ရက်စက်ကြမ်းကြုတ်ပေ၏။သူတို့သည် ထိုအရာကို အချိန်တိုအတွင်းဖြေရှင်းနိုင်ရန် နည်းလမ်းရှာတွေ့နိုင်မည်မဟုတ်ချေ။

ဖူး...

သူတို့နှစ်ယောက်လုံး၏မျက်နှာအမူအယာများ ဆိုးဆိုးရွားရွား ပျက်ယွင်းသွားသည်။အဆုံးသတ်၌ သူတို့၏ခန္ဓာကိုယ်အတွင်း၌ အဆက်မပြတ်လှည့်ပတ်ပြေးလွှားနေသော ရက်စက်ကြမ်းကြုတ်သည့် အားလှိုင်းဒဏ်ကို တောင့်မခံနိုင်တော့ချေ။သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာပေ၏။

ပတ်ဝန်းကျင်ရှိလူများအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။

နောက်မှနေ၍ အားပေးနေသော ရွှေရောင်သံချပ်ကာဝတ်စစ်သားများပင်လျှင် နေရာမှာပင် ကြက်သေသေသွားကြသည်။

သူတို့သည် ကောင်းကင်နှင့်မြေပြင်၏အတိမ်အနက်ကိုမသိသော ပုန်းကွယ်နဂါးတပ်ခွဲ၏မဟာစစ်ဗိုလ်ချုပ်ကို သူတို့၏စစ်ဗိုလ်ချုပ်မှ သင်ခန်းစာပေးမည်ကို စောင့်ကြည့်နေကြခြင်းဖြစ်သည်။

သို့ရာတွင် မျက်တောင်တစ်ခတ်စာအချိန်အတွင်း၌ မြေပြင်ပေါ်သို့လဲကျသွားသူမှာ သူတို့တပ်ခွဲ၏မဟာစစ်ဗိုလ်ချုပ်နှစ်ယောက်ဖြစ်နေမည်ဟု မည်သူက တွေးထင်မိမည်နည်း။

ထို့ပြင် ဤသည်က လက်ဝါးရိုက်ချက်နှစ်ချက်သက်သက်ပင်။

ထိုလက်ဝါးရိုက်ချက်နှစ်ချက်မျှဖြင့် သူသည် မဟာစစ်ဗိုလ်ချုပ်နှစ်ယောက်ကို မြေပြင်ပေါ်သို့ လွင့်ထွက်သွားစေကာ သူတို့၏ပါးစပ်များမှ သွေးများပင် အန်ထွက်လာပေ၏။

"သွေးအန်အောင်လုပ်ချင်တာက မင်းတို့တွေလား"

လုယွီက ထိုလူနှစ်ယောက်၏ရှေ့သို့လျှောက်လှမ်းကာ အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်သည်။

မူလက အလွန်အမင်း မောက်မာဝံ့ကြွားနေသော မဟာစစ်ဗိုလ်ချုပ်နှစ်ယောက်သည် လုယွီ၏မေးခွန်းကိုကြားချိန်တွင် သူတို့အား အရှက်ခွဲလိုက်သကဲ့သို့ ခံစားမိသည်။

သူတို့သည် ဤကဲ့သို့အခြေအနေမျိုးဖြင့် ရင်ဆိုင်ရမည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးတောထားမိခြင်းမရှိချေ။

"မင်းက ဘယ်ကနေရောက်လာတဲ့ကောင်လဲ"

ရှောင်ကွမ်းဟယ်က ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သည်။သူ၏နှုတ်ခမ်းထောင့်၌ သွေးစသွေးနများ ရှိနေဆဲပင်။

လုယွီက အေးစက်စက်အကြည့်ဖြင့် ရှောင်ကွမ်းဟယ်ကို တစ်ချက်ကြည့်ကာ သူ၏တံဆိပ်ပြားကို ထုတ်ယူ၍ တည်ငြိမ်စွာပြောဆိုလိုက်သည်။

"ပုန်းကွယ်နဂါးတပ်ခွဲရဲ့တပ်မှူး လုယွီ"

သူ ထိုစကားကိုပြောဆိုလိုက်ချိန်တွင် လူတိုင်း၏မျက်လုံးအကြည့်များက သူ၏တံဆိပ်ပြားထံသို့ စူးစိုက်၍ကျရောက်လာသည်။

ပုန်းကွယ်နဂါးတပ်ခွဲ၏တပ်မှူးသည် အရေးမပါချေ။အများဆုံးအနေဖြင့် သူသည် ဤနေရာရှိမဟာစစ်ဗိုလ်ချုပ်များနှင့် အဆင့်တူသာရှိပေမည်။

သို့ရာတွင် လုယွီ ထုတ်ပြလိုက်သောတံဆိပ်ပြားသည် သာမာန်ထက် သာလွန်ထူးကဲနေပေ၏။

ဤသည်က တတိယအဆင့်အရာရှိဖြစ်သော ကျန်းကော်မဟာစစ်ဗိုလ်ချုပ်၏တံဆိပ်ပြားပင်။

ထိုတံဆိပ်ပြားသည် တခြားမဟာစစ်ဗိုလ်များ၏တံဆိပ်ပြားများနှင့် ကွဲပြားခြားနားနေသည်။ထိုတံဆိပ်ပြားတစ်ခုလုံးကို ရွှေနက်ဖြင့်ပြုလုပ်ထားကာ ထိုအရာပေါ်တွင် နဂါးပုံစံအမှတ်အသားများကို ရေးထွင်းထားသည်။

ထိုအရာရှိတံဆိပ်ပြား ထွက်ပေါ်လာချိန်တွင် လုယွီကိုကြည့်နေသော ပတ်ဝန်းကျင်ရှိလူများ၏ မျက်လုံးအကြည့်များ ပြောင်းလဲသွားပေ၏။

ဤရက်အနည်းငယ်အတွင်းတွင် လုယွီ၏နာမည်ဂုဏ်သတင်းသည် ပျံ့နှံ့နေလေပြီ။

ဤသည်က ယခုနှစ်တော်ဝင်စာမေးပွဲ၏ထိပ်သီးကျောင်းတော်သားဖြစ်ကာ ရွှယ်ရှားအမတ်ကြီး လုကျိုးရှောင်ကိုပင် အနိုင်ယူခဲ့သူဖြစ်သည်။

ရှောင်ကွမ်းဟယ်နှင့်ရှောင်ကွမ်းယွမ်တို့သည် မူလက ဒေါသတကြီးအော်ငေါက်ရန် ဟန်ပြင်ထားကြသော်လည်း လုယွီ၏လက်အတွင်းရှိတံဆိပ်ပြားကိုမြင်တွေ့ချိန်တွင် သူတို့၏မျက်နှာအမူအယာများ သိသိသာသာ ပြောင်းလဲသွားသည်။

ဤလူသည် ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက်ပင်။သူတို့ချည်းသက်သက်ဖြင့် သူ့အား မည်သို့တိုက်ခိုက်နိုင်မည်နည်း။

သူတို့နှစ်ယောက်လုံး မတ်တတ်ထရပ်လိုက်ကြသည်။ရှောင်ကွမ်းဟယ်က လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်ကာ ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။

"မင်း စောင့်နေစမ်း...ဒီကိစ္စက မပြီးသေးဘူး"

Thank For reading.

All Chapters