← Chapters

သူ့လက်ရာက တော်တော်လေး ကောင်းတယ် ...

Vol. 11 Ch. 105

သူ့လက်ရာက တော်တော်လေး ကောင်းတယ် ...

Vol. 11 Ch. 105

ရှီးလင်ဝမ်သည် တစ်ကိုယ်လုံး တောင့်တင်းသွားတော့၏။ ဒီအခိုက်အတန့်ကြားမှာ တစ်ချိန်က သူ၏ခြေတစ်ဖက်ဖြင့် ကန်ကျောက်ခံရကာ သွေးများအန်ထွက်ခဲ့ပြီး သူ့ဓားအောက်တွင် သေလုနီးပါးဖြစ်ခဲ့ရသည့် အပြင် ငိုယိုအော်ဟစ်ရုံသာ တက်နိုင်ပြီး အစွမ်းအစ မရှိသည့် ကလေးငယ်လေးသည် ကြီးပြင်းလာနိုင်သည်ဟူသောအချက်ကို ရှင်းရှင်းလင်းလင်း သဘောပေါက် သွားခဲ့တော့သည်။

သူသည် ပိုင်ရှိုးမင်း၏အာရုံကို လွဲပြောင်းဖို့ရန် ရည်ရွယ်ချက်ဖြင့် ဒီကိစ္စကို တမင်တကာ ထုတ်မပြောခဲ့သင့်သည်ပင်။

ယခုမှတော့ နောင်တရချိန်တွင်လည်း နောက်ကျသွားခဲ့လေပြီ။

"ဘာဖြစ်လို့ သူ့အရိုးတွေကို အဲဒီနေရာမှာ ထားထားတာလဲ" ပိုင်ရှိုးမင်က မေးလိုက်၏။

ရှီးလင်းဝမ်သည် ခေါင်းကိုငိုက်စိုက် ထားလိုက်ပြီး အချိန်အတော်ကြာမှ အက်ရှသည့်လေသံဖြင့် ဖွင့်ဟကာ ပြောလာတော့သည်။ "ဝမ်ဖေးပြောခဲ့သလိုပဲ ပန်ဝမ်က သူ့ကို စက်ဆုပ်ရွံရှာတယ်။ နတ်ဆရာတစ်ယောက်ရဲ့ စကားကို နားထောင်ပြီး သူ့ကိုမြေကြီးအောက်မှာ ဖိနှိပ်ထားခဲ့တာ။ သူ့ကို ဘယ်တော့မှ ကျွတ်လွတ်ခွင့် မရစေချင်လို့ပဲ"

ပိုင်ရှိုးမင်၏လက်သည် သူ့ခါးနံဘေးကို စမ်းသပ်လိုက် သော်ငြားလည်း သူသည် ဓား မယူလာခဲ့မိချေ။

"ရှီးလင်ဝမ်က ကျွန်တော့်ကို လိမ်ညာရတာ အရမ်းလွယ်တဲ့လူလို့ ထင်နေတာလား"

"ပန်ဝမ် ပြောသမျှ အားလုံးက အမှန်တရားတွေချည်းပဲ။ မင်း မယုံဘူးဆိုရင်လည်း မတတ်နိုင်ဘူး"

"ရှီးလင်ဝမ်က တကယ်ပဲ အရိုးထဲထိ ပုန်ကန်ချင်နေတာပဲ။ ခင်ဗျား ထင်နေတာက ကျွန်တော်က ခင်ဗျားကို မသတ်နိုင်ဘူးဆိုရင် ခင်ဗျားကိုဘာမှ လုပ်လို့မရတော့ ထင်နေတာပေါ့လေ ဟုတ်လား"

ရှီးလင်ဝမ်သည် စကားမပြော သော်ငြားလည်း စိတ်ထဲတွင်တော့ ကံကောင်းထောက်မလေခြင်းဟု တွေးတောနေမိလေသည်။ ကံကောင်းလို့ မင်ဝမ်က ပိုင်ရှိုးမင်ဆိုတဲ့ဒီအရူးကို ငါ့အပေါ်လက်မပါဖို့ တားမြစ်ထားခဲ့ ပေလို့ပဲ။

"ရှီးလင်ဝမ်က ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒမရှိမှတော့ ကိစ္စမရှိပါဘူး။ ပါးစပ်ဖွင့်ချင်တဲ့လူက အမြဲတမ်း ရှိပါတယ်"

ဘေးတွင် ဒူးထောက်နေကြသည့် ရှီးလင်ဝမ်၏ မိသားစုဝင် အများအပြားသည် ပိုင်ရှိုးမင်ကသူတို့ကို ရည်ရွယ်သည်ဟု ထင်မှတ်သွားကြပြီး အထိတ်တလန့် မျက်နှာများ ဖြူဖျော့ သွားကြတော့သည်။ အမျိုးသမီးတချို့မှာ နေရာတွင်ပင် ငိုယိုကြလေတော့၏။

ရှီးလင်ဝမ်၏ ကိုယ်လုပ်တော်များထဲက တစ်စုံတစ်ယောက်က သတ္တိမွေးကာ ဖွင့်ဟပြော လိုက်တော့သည်။ "ပိုင်လူကြီးမင်း ဝမ်ရယ်ရဲ့ကိစ္စတွေကို ကျွန်မတို့တွေ တကယ်မသိပါဘူး။ ရှင့်အနေနဲ့ ဝမ်ဖေးနဲ့သူ့သားကို မေးကြည့်တာ ပိုကောင်းပါတယ်။ သူတို့က ပုံမှန်အချိန်တွေမှာ ဝမ်ရယ်ရဲ့ မျက်နှာသာပေးတာကို အခံရဆုံးသူတွေပါ"

ရှီးလင်ဝမ်သည် ခေါင်းလှည့်ကာ စကားပြောလိုက်သူကို ရက်စက်ကြမ်းကြုတ်စွာဖြင့် ကြည့်လိုက်သော်ငြား ထိုအမျိုးသမီးကတော့ အားနည်းသည့် အရိပ်အယောင် မပြသဘဲ ပြန်လည်စိုက်ကြည့် လိုက်လေသည်။ ရှီးလင်ဝမ်အိမ်တော် ပြိုလဲသွားပြီ ဖြစ်သည်တွင် လူတိုင်း၏အဆုံးသတ်သည် အတူတူပင် ဖြစ်ပေတော့မည်။ ဝမ်ဖေးကရော ဘာတတ်နိုင်ပါဦး မည်နည်း။ ယခုအချိန်တွင် ဘယ်သူကမှ ဂရုစိုက်နိုင်တော့မည် မဟုတ်ပေ။

"ရှီးလင်ဝမ်ဖေး"

နောက်တစ်ကြိမ် ပိုင်ရှိုးမင် ခေါ်ခြင်းကို ခံလိုက်ရသောအခါ ရှီးလင်ဝမ်‌ဖေး၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားတော့၏။ သူမထံတွင် ယခင်က တစ်ဖက်လူကို ရန်တွေ့တတ်သည့် သတ္တိများ လုံးဝမရှိတော့ဘဲ အထစ်ထစ် အငေါ့ငေါ့ ဖြင့်သာ ပြောရလေသည်။ "ပန်ကုံး ... ပန်ကုံးလည်း တကယ်မသိပါဘူး။ ကွယ်လွန်သွားတဲ့ ဝမ်ဖေးရဲ့ကိစ္စက တားမြစ်ထားတဲ့ ကိစ္စတစ်ခုပဲ။ ဝမ်ရယ်က ဘယ်သူ့ကိုမှ ထုတ်ဖော်ပြောခွင့် မပေးခဲ့ဘူး"

"ဒီလိုဆိုမှတော့ ခင်ဗျားက ကျွန်တော်အတွက် အသုံးမဝင်တော့ဘူးပေါ့" ပိုင်ရှိုးမင်၏ လေသံသည် သူမကိုတစ်စုံတစ်ရာ တန်ဖိုးမရှိတော့သဖြင့် ချက်ချင်းပင် ကွပ်မျက်ပစ်တော့မည်အလား ထင်မှတ်ရစေလေသည်။

နာကျင်လွန်းသဖြင့် သတိမေ့မြောသွားသော သားဖြစ်သူနှင့် မြေပြင်ပေါ်က သွေးများကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ရှီးလင်ဝမ်ဖေးသည် ရုတ်တရက် သတိဝင်လာ လေတော့သည်။ "ပိုင်လူကြီးမင်း ကျွန်မ သတိရပါပြီ။ ဟုတ်တယ်။ အဲဒီမိန်းမ သိတယ်"

သူမသည် ခြေလက်များတွင် အများတူ သံခြေကျင်းများဖြင့် ချုပ်နှောင်ခံထားရသော သေလုနီးပါးဖြစ်နေသည့် အမြီးရှစ်ချောင်း ကြောင်မိစ္ဆာကို လက်ညှိုးထိုးပြလိုက်၏။ "ကျွန်မ မှတ်မိတာတော့ ကွယ်လွန်သွားတဲ့ ဝမ်ဖေး သေဆုံးသွားပြီးတဲ့ နောက်မှာ ဒီမိန်းမ ... မဟုတ်ဘူး ... ဒီမိစ္ဆာမက အိမ်တော်ထဲမှာ ပေါ်လာခဲ့ဖူးတယ်။ ပြီးတော့ ဝမ်ရယ်က လူတွေကို ကျိုင်းရှင်းမျှော်စင်ကို ဖြိုချခိုင်းခဲ့တယ်"

"ဝမ်ဖေးက တကယ်ပဲ အခြေအနေ အချိန်အခါကို နားလည်တဲ့သူပဲ"

ရှီးလင်ဝမ်ဖေး၏ မျက်နှာပေါ်တွင် အောင့်သက်သက် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့လေသည်။

ရှီးလင်ဝမ်ကတော့ ဒေါသတကြီး ဆဲဆိုလိုက်တော့၏။ "မင်း ... ငတုံးမပဲ !"

"ရှင်ကရော ဘယ်လောက်တောင် ကောင်းနေလို့လဲ။ ရှင်က သိပ်တော် နေတာပါပဲ။ ဒါပေမဲ့ ကျွန်မရဲ့သားကို ရှင့်အစား သေတွင်းထဲ အတူတူဆွဲခေါ် နေတာ မဟုတ်ဘူးလား" ရှီးလင်ဝမ်ဖေးထံတွင် ဒီအခိုက်အတန့်လေး၌ ယခင်ကကျက်သရေရှိပြီး တည်ငြိမ်သော အသွင်အပြင်မျိုး လုံးဝမရှိတော့ချေ။ သူမလိုချင်သည်မှာ စည်းစိမ်ဥစ္စာနှင့် ဂုဏ်ဒြပ်များသာဖြစ်ပြီး သူမ၏သားကို ဆက်ခံသူ ဖြစ်စေလိုခြင်းသာပင်။

သို့သော်ငြား ရှီးလင်ဝမ်က သူ့ကိုမည်သို့သော အရာမျိုးပေးအပ် ခဲ့ပါသနည်း။ "မင်း ... မိန်းမယုတ် အစကတည်းက ပန်ဝမ် မင်းကို တရားဝင်ရာထူး မချီးမြှင့်ပေးခဲ့သင့်ဘူး"

"အဟက်။ ကျွန်မက မိန်းမယုတ် ဟုတ်လား။ ရှင်ကရော ဘယ်လိုညစ်ညမ်းတဲ့ အရာမို့လို့လဲ။ အစကတည်းက ကျွန်မအဖေက ရှင့်အတွက် ကြားဝင်စေ့စပ် ညှိနှိုင်းမပေးခဲ့ဘူးဆိုရင် ရှင်ထင်နေတာက ရှင့်ရဲ့ဒီဝမ်ရယ်ရာထူး တည်မြဲနေဦးမယ်လို့လား"

နှစ်ပေါင်းဆယ်ဂဏန်း ကြာအောင် အပြန်အလှန် လေးစားမှုဖြင့် နေထိုင်ခဲ့ကြသော ဇနီးမောင်နှံ နှစ်ဦးသည် လူအများရှေ့မှောက်တွင် တစ်စုံတရာ ထိန်းသိမ်းခြင်း မရှိတော့ဘဲ အပြန်အလှန် ရန်တွေ့နေကြတော့၏။

"သူတို့နှစ်ယောက်ရဲ့ ပါးစပ်ကို ပိတ်ထားလိုက်" ပိုင်ရှိုးမင်သည် စိတ်မရှည်တော့ဘဲ ပြောလိုက်တော့သည်။ ချက်ချင်းဆိုသလို လူတစ်ယောက်က ရှေ့သို့တိုးလာပြီး ထိုလူနှစ်ဦး၏ပါးစပ်ကို အဝတ်စဖြင့် ပိတ်ဆို့လိုက်သဖြင့် အသံများမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။

ပိုင်ရှိုးမင်သည် ရွှမ်မိန်းကလေး၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။ သူမသည် မူလပုံစံအတိုင်း ရှိနေဆဲဖြစ်ပြီး အမြီးများမှာ တွဲလောင်းကျနေတာ ခန္ဓာကိုယ်သည် အနည်းငယ် နိမ့်ချီမြင့်ချီဖြစ်လို့နေလေသည်။

သူမ၏ကိုယ်ပေါ်က အရိုးများသည် အချောင်းပေါင်းများစွာ နင်းခြေခံလိုက်ရပြီး သံခြေကျင်းများဖြင့် ချည်နှောင်ခံထားရသဖြင့် မိစ္ဆာစွမ်းအင်ကို အသုံးမပြုနိုင်သော်ငြားလည်း သူမ၏ အမြုတေက ရှိနေသေးသဖြင့် ထိုမျှလောက်တော့ အားမနည်းသေးချေ။

သို့သော် အမူအရာမှာ လူအများကို မြင်တွေ့စေရန် ဟန်ဆောင်ခြင်း သက်သက်သာပင်။

ပိုင်ရှိုးမင်သည် သူမ၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ကာ သူ့ဝတ်ရုံစသည် မြေပြင်ပေါ်သို့ တွဲကျသွားလေသည်။ သူ့လေသံမှာ နူးညံ့နေလေ၏။ "မင်းနဲ့ ရှီးလင်ဝမ်ကြားက သဘောတူညီချက် အကြောင်းပြောပြစမ်း"

ရွှမ်မိန်းကလေးသည် ခေါင်းမော့ကာ သူ့ကို သွားဖြဲပြလိုက်ကာ စကားလုံးနှစ်လုံးကိုသာ ထုတ်ပြောလိုက်၏။ "ခွေး အရာရှိ"

သူမသည် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိကြောင်း ထင်ရှားလို့နေသည်။

ပိုင်ရှိုးမင်က တစ်ချက်ပြုံးလိုက်၏။ ထိုအပြုံးသည် မီးရောင်၏ ထင်ဟပ်မှုအောက်တွင် ပိုပြီးအေးစက်နေသယောင် ထင်ရ၏။ "ကောင်းပြီလေ။ ကျွန်တော်က ခေါင်းမာတဲ့ မိစ္ဆာမျိုးနွယ်တွေကိုမှ သဘောကျတာ"

သူသည် မတ်တပ် ထရပ်လိုက်ပြီး သူ့ဘေးက လက်အောက်ငယ်သားကို အမိန့်ပေးလိုက်တော့၏။ "သူ့ကို ကြိုးစင်တင်လိုက်"

မြန်မြန်ဆန်ဆန်ပင် မင်ကျင့်စီး အစောင့်တစ်ဦးသည် သစ်သားစင် တစ်ခုကို သယ်ဆောင်လာခဲ့ပြီး ထိုအရာများကို မြေကြီးပေါ်တွင် မြဲမြံစွာ စိုက်ထူလိုက်ပြီးနောက် ရွှမ်မိန်းကလေးကို အပေါ်တွင် ချိတ်ဆွဲထား လိုက်တော့သည်။

ရွှမ်မိန်းကလေး၏ ခြေလက်လေးဖက်သည် ဆန့်တန်းလျက်ရှိပြီး သံကြိုးများဖြင့် စင်ပေါ်တွင် သီးခြားဆီ ချည်နှောင် ခံထားရလေသည်။ သူမ၏ပါးစပ်က သတိပေးသည့်အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေသော်ငြားလျှင် ထိုမင်ကျင့်စီးအစောင့်များကတော့ သူမကို တစ်ချက်လေးပင် မကြည့်ကြချေ။

တစ်ချို့လူများက ခုံတစ်လုံးကို သယ်လာပြီး ပိုင်ရှိုးမင်၏ဘေးတွင် ချထားပေးလိုက်လေသည်။

ပိုင်ရှိုးမင်က ထိုင်ခုံပေါ်တွင်ထိုင်ကာ ထိုင်ချလိုက်ပြီးမှ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည့် အလားပင်။

ထိုနောက်တွင်တော့ မင်းကျင့်စီး အစောင့်တစ်ဦးက အနက်ရောင် ပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်ပြီး အတွင်းက ဆေးလုံးတစ်လုံးကို လောင်းထည့်လိုက်သည်ကို တွေ့လိုက်ရ၏။ ထိုနောက်တွင် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးလာကာ ကြောင်မိစ္ဆာ၏ ပါးစပ်ထဲသို့ အတင်းအဓမ္မ ဖွင့်ဟကာ ဆေးလုံးကို ထိုးထည့်လိုက်လေတော့သည်။

ခဏလောက် စောင့်ဆိုင်းနေလိုက်ပြီးနောက် ထိုလူသည် ရင်ဘတ်ထဲက အဝတ်ထုတ် တစ်ထုတ်ကို ထုတ်ယူလာခဲ့သည်။ အဝတ်ထုတ်ကို ဖွင့်လိုက်သောအခါ အထဲတွင် ဓားမြောင်တစ်လက် ရှိနေပြီး ဓားသွားမှာ အဖြူရောင်ဖြစ်နေကာ အရိုးတစ်မျိုးဖြင့် ပြုလုပ်ထားဟန်တူ၏။

ဒီလိုကျွမ်းကျင်ပြီး အစီအစဉ်တကျ ဖြစ်နေသည့် လုပ်ငန်းစဉ်များသည် ဘေးတွင်တိတ်တဆိတ် ရပ်ကြည့်နေသည့် ရှန်ကျော်ကို ချင်ဟန်အား လေသံတိုးတိုးဖြင့် မေးမြန်းဖို့ရန် စိတ်အားထက်သန် လာစေတော့သည်။ "လူကြီးမင်း သူတို့တွေ ဒါဘာလုပ်နေကြတာလဲ"

ပိုင်ရှိုးမင်သည် စကားတစ်ခွန်းသာ ပြောလိုက်သော်ငြားလည်း ဒီလူများကတော့ အလုပ်များသွားလေသည်။ သူတို့သည် အမှန်တကယ် ဘာများလုပ်နေ ကြသည်ကိုတော့ မသိနိုင်ချေ။

"ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ" ချင်ဟန်ကလည်း စူးစိုက်စွာကြည့်နေ၏။

"အဲဒီလူတွေကို လူကြီးမင်း ခေါ်လာတာ မဟုတ်ဘူးလား"

"အဲဒီလူတွေ အားလုံးက ပိုင်ရှိုးမင် အမြဲတမ်းသုံးနေကျ လက်အောက် ငယ်သားတွေပဲ။ ငါက အဆင်ပြေလို့ ရှန့်ကျင်းကနေ ခေါ်လာခဲ့တာ"

သူသည် တစ်ယောက်တည်း ရှီးလင်ဝမ်အိမ်တော်ကို ရှင်းလင်းနိုင်သည်ဟု ထင်မြင်မိသော်ငြားလည်း လူနည်းနေလျှင် အရှိန်အဝါ မခမ်းနားလေခြင်းဟု ထင်ရပေမည်။ သူ၏ တိုက်ရိုက်လက်အောက်ငယ်သား လေးဦးစလုံးသည် တယောက်မှစကား နားမထောင်ကြသဖြင့် ဒီတစ်ကြိမ်တွင်တော့ စကားနားထောင်သည့် လူတချို့ကိုသာ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်တော့၏။

သို့သော်ငြား ယခုအချိန်တွင် ချင်ဟန်သည် ခမ်းနားထည်ဝါမှု ရှိလှသည်ဟု ထင်မြင်မိသော်ငြားလည်း ဒီအရာက သူနှင့်တော့ မသက်ဆိုင်လှပေ။

လက်ဖက်ရည် တစ်ခွက်စာ အချိန်မကြာလိုက်ဘဲ ဆေးတိုက်ခြင်း ခံလိုက်ရသည့် ရွှမ်မိန်းကလေးသည် တစ်ကိုယ်လုံး အားအင်ချည့်နဲ့ လာသည်ကို ခံစားလိုက်ရ၏။ ဆေးလုံး၏ ညှီစို့စို့ စူးရှရှအနံ့သည် ပါးစပ်ထဲတွင် ပျံ့လွှင့်မသွားသေးဘဲ သူမ၏မျက်စိရှေ့တွင် အမှောင်ဖုံးသွား လေတော့သည်။

အချိန်တော်တော်လေး ကြာမြင့်သွားသည်ကို မြင်တွေ့လိုက်ရသောအခါ ထိုမင်ကျင့်စီးအစောင့်သည် ခေါင်းလှည့်ကာ ပိုင်ရှိုးမင်ကို ကြည့်လိုက်ပြီး သူ့အမိန့်ကို စောင့်ဆိုင်းနေသယောင်ပင်။ "လူကြီးမင်း"

"အင်း!" ပိုင်ရှိုးမင်က အသံတစ်သံတည်းသာ ပြုလိုက်၏။

ထိုလူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ထွက်လာပြီး ခန္ဓာကိုယ်ကို လှည့်လိုက်လေသည်။ သူလက်ထဲက ဓားမြှောင်သည် ရွှမ်မိန်းကလေး၏ ဝမ်းဗိုက်ပေါ်သို့ တိုက်ရိုက်ချိန်ရွယ်ထားလိုက်ပြီး ဓားတစ်ချက်ဖြင့် ဆွဲချလိုက်၏။ သူ၏ အင်အားသုံးစွဲပုံမှာ အံဝင်ခွင်ကျဖြစ်လှပြီး အပြင်ဘက်ဆုံးက သားမွေးအလွှာကိုသာ ဖြတ်တောက်သွားခဲ့ပြီး အတွင်းက အကြောအခြင်များကို မထိခိုက်ခဲ့ချေ။

ရွှမ်မိန်းကလေးသည် စူးရှနာကျင်စွာဖြင့် အော်ဟစ်လိုက်တော့၏။ သူမ ဒဏ်ရာ မရဖူးခဲ့သည် မဟုတ်ပေ။ သို့သော်ငြား အကြောင်းအရင်း မသိ။ ဒီတစ်ကြိမ်၏ နာကျင်မှုသည် ယခင်ဒဏ်ရာရခဲ့စဉ်ကထက် အဆပေါင်းထောင်သောင်းမက ပိုမိုပြင်းထန်နေတော့၏။

သူမသည် ခုနက အတင်းအဓမ္မ တိုက်ကျွေးခံလိုက်ရသော ဆေးလုံး၏ ပြဿနာဖြစ်ကြောင်း ချက်ချင်းသဘောပေါက် လိုက်သော်ငြား မြန်မြန်ဆန်ဆန်ပင် သူမသည် စဉ်းစားချိန်ပင် မရတော့ချေ။

မျက်စိရှေ့က လူသည် နည်းနည်းလေးမှ လှုပ်ရှားသွားခြင်းမရှိဘဲ ဓားမြှောင်ကို ကိုင်ဆောင်ထားသော သူ့လက်သည် အလွန်အမင်း တည်ငြိမ်လို့နေလေသည်။ သူသည် ပြောင်းလဲသွားသည့် ရွှမ်မိန်းကလေး၏ စူးရှလှသည့် အော်ဟစ်သံ ကြားထဲတွင် တည်တည်ငြိမ်ငြိမ် အရေခွံကို ဆွဲခွာလို့နေ၏။

နာကျင်စွာ အော်ဟစ်သံများသည် ရှီးလင်ဝမ်အိမ်တော်၏ အပြင်ဘက် ကောင်းကင်ယံသို့ ပျံ့လွှင့်သွားလေသည်။ ပိုင်ရှိုးမင်းက ခြေကိုချိတ်ထိုင် ထားလိုက်ပြီး သူ့အကြည့်သည်လည်း မျက်စိရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကို တည်ငြိမ်စွာ ကြည့်ရှုလို့နေသည်။

ခဏတာ အချိန်အတွင်းမှာပင် ကြောင်မိစ္ဆာ၏ ကိုယ်ပေါ်က အရေပြားသည် တစ်ဝက်လောက် ဆွဲခွာခြင်း ခံလိုက်ရတော့၏။ အကြောင်းအရင်းမှာ ထိုအမြီးရှစ်ချောင်းသည် ငြိမ်သက်စွာမနေဘဲ ကိုင်တွယ်ရန် အနည်းငယ် ခက်ခဲသောကြောင့် ထိုမင်ကျင့်စီး အစောင့်က လက်ကိုခဏလောက် ရပ်ထားလိုက်ပြီး တောင့်တစ်နေရာမှ ပြန်ဆွဲခွာရန် စဉ်းစားနေတော့သည်။

ဒီအချိန်တွင် ပိုင်ရှိုးမင်က ဖြည်းဖြည်းချင်း ဖွင့်ဟကာ မေးလိုက်လေသည်။ "အခုပြောချင်စိတ် ရှိလာပြီလား"

"လူသား ... နင် ကောင်းကောင်း သေရမှာမဟုတ်ဘူး" ရွှမ်မိန်းကလေး၏ အသံသည် အလွန်အမင်း နာကျင်စူးရှနေပြီး တိရစ္ဆာန်များကို သတ်ဖြတ်စဉ် ထွက်ပေါ်လာသည့် အော်ဟစ်သံနှင့် ဆင်တူလို့နေ၏။

"ဒါဆိုရင် ဆက်လုပ်"

"ဟုတ်ကဲ့"

ဓားသွားသည် ကြောင်မိစ္ဆာ၏ အမြီးကို လှီးဖြတ်လိုက်တော့၏။ မိစ္ဆာမျိုးနွယ်၏ အမြီးသည် စွမ်းအားကို ကိုယ်စားပြုသလို တစ်ချိန်တည်းမှာပင် ပုံမှန်မဟုတ်ဘဲ ထိလွယ်ရှလွယ်လေသည်။

လက်အောက်ငယ်သားက ဓားဖြင့်လှီးဖြတ်ရန် ခက်ခဲနေသည်ကို မြင်လိုက်ရသောအခါ ပိုင်ရှိုးမင်က ခပ်ပြတ်ပြတ် ပြောလိုက်တော့သည်။ "ချက်ချင်းဒီအတိုင်း ဖျက်ပစ်လိုက်"

ဒီအချိန်တွင်တော့ ရွှမ်မိန်းကလေးသည် နောက်ဆုံးကြောက်ရွံ့ လာတော့သည်။ သူမ၏အမြီးကိုတော့ အဆုံးအရှုံးမခံနိုင်ပေ။ "ခဏ ... ခဏနေအုံး။ ရှင် ဘာသိချင်တာလဲ ကျွန်မ ပြောမယ်"

ပိုင်ရှိုးမင်ကတော့ သူမ၏စကားကို မကြားလိုက်သလိုပင်။ သူ၏လက်အောက်ငယ်သားက ထိုအမြီးတစ်ချောင်းကို အဓမ္မ ခုတ်ဖြတ်လိုက်သည်ကို စောင့်ဆိုင်းလိုက်ပြီးမှ သူသည် လက်ကို ညင်သာစွာ ယမ်းပြလိုက်၏။

ထိုမင်ကျင့်စီး အစောင့်သည် ချက်ချင်းပင် ဓားမြှောင်နှင့် ပုဆိန်ကိုကိုင်ထားကာ ရိုသေစွာဖြင့်ဘေးသို့ နောက်ဆုတ်လိုက်တော့၏။

ရွှမ်မိန်းကလေး၏ နာကျင်စွာ အော်ဟစ်သံသည် အိမ်တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေတော့သည်။ ပိုင်ရှိုးမင်က မျက်လုံးများကို မှိတ်ထားလိုက်ပြီး သူ၏လက်ချောင်းများက ထိုင်ခုံလက်တန်းပေါ်တွင် ညင်သာစွာ တီးခေါက်လျက်ရှိကာ တီးလုံးလေးတစ်ရပ်ကို ခံစားနေသည့် အလားပင်။

ရွှမ်မိန်းကလေးက အော်ဟစ်ရန် အင်အားမရှိသောသည့် အချိန်ရောက်မှ ပိုင်ရှိုးမင်က ထပ်ပြီးမေးလိုက်၏။ "ငါ မေးမယ်။ မင်းက ဖြေ။ နားလည်လား"

ရွှမ်မိန်းကလေးသည် ခေါင်းကိုမော့လိုက်ပြီး မျက်စိရှေ့က လူသားကို ကြည့်လိုက်ပြီးနောက် စိတ်ထဲတွင်လည်း ပြင်းပြသည့် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာတော့၏။ တကယ် ... တကယ်ပဲ နာကျင်လွန်းတယ်။ "...နားလည်ပါပြီ" သူမသည် ကြမ်းတမ်းပြီး နားဝင်ဆိုးလှသည့် အသံဖြင့် ပြန်လည် ဖြေကြားလိုက်၏။

"မင်းနဲ့ရှီးလင်ဝမ်ရဲ့ သဘောတူညီချက်က ဘာလဲ"

"သူက ကျွန်မကို သာ့ရှပြည်ရဲ့ တားမြစ်ထားတဲ့ ဘဏ္ဍာတိုက်ထဲမှာ သိမ်းဆည်းထားတဲ့ မိစ္ဆာတံဆိပ်တော်ကို ခိုးယူပေးရမယ်။ ကျွန်မက သူ့ကို ကျိုယွင်ဆေးလုံး သုံးလုံးကို အဖိုးအခအနေနဲ့ ပေးရမယ်လို့ ကတိပေးထားခဲ့တယ်" ရွှမ်မိန်းကလေးကလည်း မြန်မြန်ပြန်ဖြေကြားလိုက်၏။

"ကျိုယွမ်ဆေးလုံး" ပိုင်ရှိုးမင်က ခပ်ဖွဖွ ရယ်မောလိုက်လေသည်။ "ကျိုယွမ်ဆေးလုံးကို ဘယ်သူက မင်းကို ပေးတာလဲ"

ရွှမ်မိန်းကလေးသည် မင်းသမီးကို သစ္စာဖောက်ရန် ဆန္ဒမရှိသော်ငြားလည်း ပိုင်ရှိုးမင်၏ မျက်နှာပေါ်က အပြုံးကို မြင်တွေ့သောအခါ သူမ၏ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး မြန်မြန်ပင်ပြန်ဖြေ လိုက်ရတော့သည်။ "ကျွန်မကို မင်းသမီးက ပေးခဲ့တာပါ"

"မင်းသမီးက ဘယ်သူလဲ"

"ရွှယ်ယောင် မင်းသမီးပါ။ သူက မိစ္ဆာဧကရာဇ်ရဲ့ သမီးတော်ဖြစ်ပြီး ကျွန်မနဲ့ ချန်းတို့က သူ့အမိန့်ကို နာခံရပါတယ်" ဒီအခိုက်အတန့်တွင် ရွှမ်မိန်းကလေးသည် ရုတ်တရက် သဘောပေါက် သွားတော့သည်။ မိမိသည် ယခင်က ချန်း၏ အငွေ့အသက်ကို မခံစားခဲ့မိခြင်းမှာ သူသည် ရှန်းအိမ်တော်တွင် မရှိနေခြင်းကြောင့် မဟုတ်ဘဲ သေဆုံးသွားခဲ့ခြင်းကြောင့် ဖြစ်နိုင်လေသည်။

ဒီအခြေအနေကို တွေးမိသည်တွင် သူမသည် ပိုပြီး ထိတ်လန့်တုန်လှုပ် သွားတော့၏။ ငါ တကယ်ပဲ အသက်ရှင်လျက် ပြန်သွားနိုင်ဦးမှာလား။

"သူက မိစ္ဆာတံဆိပ်တော်ကို ဘာလို့လိုချင်တာလဲ"

"ကျွန်မ မသိဘူး"

ပိုင်ရှိုးမင်သည် မျက်ခုံးများ ပင့်တက်သွားပြီး ဒီအဖြေကိုသိပ်ပြီး ကျေနပ်မှုမရှိ သယောင်ပင်။ "မင်း မသိဘူး ဟုတ်လား"

"ကျွန်မ ... ကျွန်မ ခန့်မှန်းရ သလောက်တော့ မင်းသမီးက နိုင်ငံကို ပြန်လည်ထူထောင် ချင်တာဖြစ်နိုင်ပါတယ်" ရွှမ်မိန်းကလေး၏ နှလုံးခုန်နှုန်းမှာ တဒုန်းဒုန်းမြည်နေပြီး သူမ၏အဖြေက တစ်ဖက်လူကို မကျေနပ်စေမှာ အလွန်အမင်း စိုးရိမ်နေတော့သည်။

မိစ္ဆာမျိုးနွယ်က တိုင်းပြည်ကို ပြန်လည်ထူထောင် လိုသည်ဟူသော အချက်သည် ကြားရသူအဖို့ အလွန်ထိတ်လန့်ဖွယ် ကောင်းသော်ငြားလည်း ထိုနေရာတွင် ရှိနေသည့် မင်ကျင့်စီး အရာရှိသုံးဦး စလုံးကတော့ ဘာတုံ့ပြန်မှုမှ မရှိကြချေ။

မိစ္ဆာမျိုးနွယ်သည် ဘယ်သောအခါမှ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ရခြင်းမရှိချေ။ မိစ္ဆာဧကရာဇ်၏ သမီးတော် တစ်ဦးမျှသာ ဖြစ်လေသည်။ မိစ္ဆာဧကရာဇ်သည် မြေကြီးထဲမှ ပျံတက်လာခြင်း မရှိသရွေ့တော့ အံ့သြတုန်လှုပ်ရန် မထိုက်တန်ချေ။

"မင်းနဲ့ရှီးလင်ဝမ်က ဒီတစ်ကြိမ် သဘောတူညီချက် လုပ်ခဲ့တာလား"

ရွှမ်မိန်းကလေးသည် ရှီးလင်ဝမ်ရှိရာ အရပ်သို့ ကြည့်လိုက်ပြီး သူက ဖြေးညှင်းစွာ သတိပေးလိုက်၏။ "ငါ့ရဲ့သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်။ သေချာစဉ်းစားပြီးမှဖြေ"

"လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် တုန်းကလည်း ရှိခဲ့ပါသေးတယ်။ ကျွန်မ သူ့ကို ပုကျင့်ကူ(ထာဝရအရိုး)ကို သန့်စင်ပေးဖို့ ကူညီပေးခဲ့ဖူးတယ်"

စကားသံ တိုးညှင်းသွားပြီးနောက် ရှီးလင်ဝမ်သည် မြေကြီးပေါ်သို့ ပုံကျသွားလေတော့သည်။ သွားပြီ

ပိုင်ရှိုးမင်က မေးလိုက်၏။ "ပုကျင့်ကူ ဆိုတာ ဘာလဲ"

ရွှမ်မိန်းကလေးသည် မျက်လုံးကိုပင့်ကာ သူ့ကိုကြည့်ပြီး တုန်လှုပ်သွားတော့၏။ သူမ၏အသံမှာ ပိုလို့ပင်တိုးလျသွားကာ ထိုသို့ပြုလုပ်လိုက်ခြင်းက ပိုင်ရှိုးမင်သည် အဖြေကိုကြားလိုက်ပြီးနောက် သိပ်ပြီးဒေါသ ထွက်တော့မည်မဟုတ်ဟု ထင်နေသည့် အလားပင်။

"ဒါက ... ဒါက ပါရမီ အရမ်းမြင့်မားတဲ့ လူသားရဲ့ ရုပ်အလောင်းကို အသုံးပြုပြီး သန့်စင်ထားတဲ့ ထူးခြားတဲ့ ရတနာတစ်ခုပါ။ မသေဆုံးခင်မှာ နာကြည်းမှု မုန်းတီးမှုတွေ များလေလေ စွဲလမ်းမှု နက်ရှိုင်းလေလေ သန့်စင်ဖို့ အောင်မြင်နိုင်ခြေ များလေလေပါပဲ"

သူမသည် မျက်လုံးများကို မှိတ်လိုက်ပြီး တစ်ကြိမ်တည်း ပြောချလိုက်တော့သည်။ "ပုကျင့်ကူကို သန့်စင်ပြီးစီးသွားရင် လူကို ကျင့်ကြံရာမှာ ကူညီပေးနိုင်ပါတယ်"

ပိုင်ရှိုးမင်သည် အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီးမှ ဖွင့်ပြောလာခဲ့၏။ "ဒါဆိုရင် အဲဒီပါရမီအရမ်း မြင့်မားတဲ့သူက ငါ့အမေလား"

"...ဟုတ်ပါတယ်"

ပိုင်ရှိုးမင်၏ တုံ့ပြန်မှုမှာ အလွန်တည်ငြိမ် လွန်းနေသဖြင့် လူတို့၏ ဦးရေပြားကို ထုံကျင်သွား စေလေတော့သည်။

နောက်တခဏတွင် သူ၏အရိပ်သည် ပျောက်ကွယ်သွားလေသည်။ ရှီးလင်ဝမ်သည် အခြေအနေ မဟုတ်တော့သည်ကို သဘောပေါက်သွားပြီး ခြေလက်များကို တုန်ယင်ကာ ထွက်ပြေးရန် ကြိုးစားလေတော့၏။ သို့သော်ငြား ခန္ဓာကိုယ်သည် ဟန်ချက်ပျက်သွားပြီး ရှေ့သို့တိုက်ရိုက် ပစ်ကျသွားကာ မြေကြီးများကို ပါးစပ်အပြည့် ငုံလိုက်မိတော့သည်။

သူ့ခေါင်းကိုလှည့်ကာ မိမိ၏ခြေထောက်ကို ကြည့်လိုက်သည်တွင် ခြေသလုံးအောက်မှ အရိုးများသည် ရုတ်တရက် ဆွဲနှုတ်ခံလိုက်ရသည့် အလားပင်။ ဒီအချိန်ကျမှ အရိုးများ ကြေမွသွားသည့် ပြင်းထန်သော နာကျင်မှုက သူ့တကိုယ်လုံးကို လွှမ်းခြုံသွားတော့၏။

သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ပါးစပ်က တအင်းအင်း အသံများထွက်ပေါ်နေကာ ပဲစေ့အရွယ် ချွေးစက်များသည် မျက်နှာတပြင်လုံး စီးကျလာလေတော့သည်။

ချင်ဟန်က ပိုင်ရှိုးမင်၏ရှေ့တွင် ဝင်ရပ်လိုက်၏။ သူသာ အချိန်မီ မလှုပ်ရှားလိုက်လျှင် ခြေသလုံးအရိုး တစ်ဝက်ကျော်လောက်က ကြေမွသွားပေတော့မည်။

"ပိုင်ရှိုးမင် စိတ်ထိန်းစမ်း" ချင်ဟန်သည် အာရုံစူးစိုက်မှု အပြည့်ဖြင့် ရှိနေပြီး ပိုင်ရှိုးမင်က ယခုအချိန်တွင် ထိန်းချုပ်မှု လွှတ်ကင်းသွားကာ သူ့ကိုအသက်စွန့် တိုက်ခိုက်မည်ကို စိုးရိမ်နေမိ၏။

သူကိုယ်တိုင်ပင် ပိုင်ရှိုးမင်၏မိခင်က ဒီအကြောင်းကြောင့် သေဆုံးသွားခဲ့ရသည်ဟု မထင်မှတ်ထားမိချေ။ တကယ်လို့ ငါသာဆိုရင်လည်း ရှီးလင်ဝမ်ကို ကိုယ်တိုင်လက်နဲ့ သတ်ပစ်ချင်မိမှာပဲ။ ဒါက တကယ်ကို တိရစ္ဆာန်တစ်ကောင်ပဲလေ။

"ကျွန်တော် သူ့ကို မသတ်ပါဘူး။ ခင်ဗျား အရင်ဖယ်ပေး"

ချင်ဟန်သည် မည်သို့ဖယ်ပေး နိုင်ပါမည်နည်း။ သူသည် ယခုအချိန်တွင် ပိုင်ရှိုးမင်၏ အတွေးများကို မခန့်မှန်းနိုင်သဖြင့် စိတ်ရှည်လက်ရှည်ဖြင့်သာ တိုက်တွန်းနားချရတော့သည်။ "သူက မင်းလက်ကို ညစ်ပေခံဖို့ မထိုက်တန်ပါဘူး။ သူ့ကို ရှန့်ကျင်းကို ပြန်ခေါ်သွား။ ဘယ်လို သေဆုံးမျိုးနဲ့ပဲဖြစ်ဖြစ် မင်းကြိုက်သလို ရွေးချယ်လို့ရတယ်"

ပိုင်ရှိုးမင်ကို ဖျောင်းဖျနားချဖို့ ကြိုးစားရင်း တစ်ဖက်မှလည်း ရှန်ကျော်ကို မျက်ရိပ်ပြ လိုက်လေသည်။

ရှန်ကျော်ကလည်း ရှားရှားပါးပါးပင်။ နားလည်မှု ရရှိသွားပြီး ပိုင်ရှိုးမင်၏ တည်ငြိမ်နေသည့် အကြည့်အောက်တွင် ရှီးလင်ဝမ်ကို ဆွဲထုတ်သွားလေတော့သည်။

လူကိုခေါ်ဆောင် သွားပြီးသည့်အချိန်မှ ချင်ဟန်သည် အနည်းငယ် စိတ်သက်သာရာ ရသွားပြီး သွေးတိုးစမ်းကာ မေးလိုက်တော့၏။ "မင်း ခဏလောက် သွားနားနေမလား။ ငါ စစ်ဆေးလိုက်မယ်"

"...မလိုဘူး"

ပိုင်ရှိုးမင်၏ လေသံကတော့ တည်ငြိမ်နေဆဲပင်။ သူသည်ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ရွှမ်မိန်းကလေးကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေလိုက်သဖြင့် သူမ၏ခန္ဓာကိုယ်မှာ အလိုလိုတုန်ယင်လာကာ ထိုအချိန်ကျမှ သူကထုတ်မေးလာတော့သည်။ "ချင်းညန်လို့ခေါ်တဲ့ အဲဒီမြေခွေးမက ဘယ်လိုဖြစ်သွားတာလဲ"

နှစ်ပေါင်း ဆယ်ဂဏန်းမျှ ကြာမြင့်သွားသော်ငြားလည်း ထိုစဉ်ကကိစ္စများကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သူသည် ထိုမြေခွေးမိစ္ဆာ၏ ရုပ်သွင်ကိုပင် မှတ်မိနေသေး၏။

"အဲဒီမြေခွေးမိစ္ဆာက ကျွန်မတို့ ရှီးလင်ဝမ်ကိုပေးတဲ့ လက်ဆောင်ပါ။ မထင်မှတ်ထားတာက သူက အဲဒီမြေခွေးမိစ္ဆာရဲ့လက်ကို အသုံးပြုပြီး ဝမ်ဖေးကို သေလမ်းဆီ တွန်းပို့ပေးခဲ့တာပါ"

အစက ရွှမ်မိန်းကလေးသည် ရှီးလင်ဝမ်၏ ဒီအကွက်က အလွန်ထူးချွန် ပြောင်မြောက်သည်ဟုပင် ထင်မှတ်ခဲ့သေးသည်။

သူ၏ဝမ်းဖေး သေဆုံးသည့် အချိန်တွင် မုန်းတီးနာကြည်းမှုများ အမှန်တကယ် ပြည့်နှက်နေခဲ့ပြီး မိမိ၏သန့်စင်ခြင်း လုပ်ငန်းကိုပင် အလွန်အမင်း ချောမွေ့စေခဲ့လေသည်။

သို့သော်ငြား တစ်နေ့နေ့တွင် ဒီကိစ္စကြောင့် အကျပ်အတည်းနှင့် တွေ့ကြုံရလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် ထည့်မမက်ခဲ့ဖူးချေ။

"မင်း ဒီတစ်ခေါက်လာတာ မိစ္ဆာတံဆိပ်တော် အတွက်ပဲလား" ပိုင်ရှိုးမင်သည် မျက်စိရှေ့က ကြောင်မိစ္ဆာကို ကြည့်ပြီးမေးလိုက်၏။

"ဒါတင်မကပါဘူး။ ရှီးလင်ဝမ်က ပြောပါတယ်။ အစောပိုင်းနှစ်တွေက သန့်စင်ခဲ့တဲ့ ပုကျင့်ကူက သူ့အတွက် အာနိသင်မရှိတော့ဘူးတဲ့။ သူက ..." ရွှမ်မိန်းကလေးသည် ပိုင်ရှိုးမင်ကို ကြည့်လိုက်ပြီး သတိကြီးစွာဖြင့် ပြောလိုက်၏။ "သူက ရှင့်ကိုပါ ပုကျင့်ကူအဖြစ်သန့်စင်ပြီး သူ့ရဲ့ကျင့်ကြံခြင်းအတွက် အသုံးပြုချင်နေတာပါ"

ဒီအဖြေက ပိုင်ရှိုးမင်၏ စိတ်ခံစားချက်ကို နည်းနည်းလေးမှ လှုပ်ခတ်သွားစေခြင်း မရှိချေ။

ကလေးဘဝကတည်းက သူ့အမေကို ထိုမြေခွေးမိစ္ဆာက သတ်ဖြတ်ခဲ့သည်ဟု ထင်မြင်ခဲ့သဖြင့် ထိုအချိန်ကစပြီး သူသည်မိစ္ဆာများ အားလုံးကို မုန်းတီးခဲ့ကာ ရှီးလင်းဝမ်၏ လျစ်လျူရှုမှုကိုလည်း နာကြည်းခဲ့လေသည်။

နောက်ပိုင်းတွင် တဖြည်းဖြည်း ကြီးပြင်းလာသောအခါမှ ရှီးလင်ဝမ်ကို သံသယဝင် လာခဲ့မိ၏။

ဆယ်နှစ်ကျော် ကြာမြင့်ပြီး နောက်တွင် သူသည် နောက်ဆုံးတော့ အမေဖြစ်သူ သေဆုံးရခြင်း၏ အမှန်တရားကို သိရှိခဲ့လေသည်။

သူသိထားခဲ့သည့် အရာနှင့်တော့ ကွာခြားလှခြင်းမရှိချေ။ သေဆုံးသင့်သည့် မိစ္ဆာတစ်ကောင် ထပ်တိုးလာခြင်းသာ ဖြစ်လေသည်။

ရွှမ်မိန်းကလေး၏ စကားကို ကြားလိုက်ရပြီး နောက်တွင် ပိုင်ရှိုးမင်သည် တောင့်တစ်နေရာတွင် အသည်းအသန် ရေးမှတ်နေသည့် လက်အောက်ငယ်သားကို ကြည့်ကာ မေးလိုက်၏။ "မှတ်တမ်းတင်ပြီးပြီလား"

"မှတ်တမ်းတင်ပြီးပါပြီ" ထိုလူသည် ရှေ့သို့တိုးလာပြီး ရေးသားထားသော ထွက်ဆိုချက်ကို ပိုင်ရှိုးမင်အား ပြသလိုက်လေသည်။

သူက လှမ်းယူပြီး တစ်ချက်လောက် လှမ်းကြည့်လိုက်ပြီးနောက် ထွက်ဆိုချက်ကို ပြန်ပေးလိုက်၏။ "သူ့ကို လက်ဗွေ နှိပ်ခိုင်းလိုက်"

ဒီလူသည် ထွက်ဆိုချက်ကို ကိုင်ဆောင်ကာ ရှေ့သို့တိုးလာ၏။ ယခင်ကအရေပြား ဆွဲခွာခဲ့သည့် ထိုလူက ရွှမ်မိန်းကလေး၏ လက်တစ်ဖက်ကို ဆွဲယူလိုက်ပြီး ဓားမြှောင်ဖြင့် အပေါ်ကအပေါက် တစ်ပေါက်ကို ဖြတ်တောက်လိုက်ကာ လက်သည်းပေါ်တွင် သွေးများစွန်းထင်း သွားသည်အထိ စောင့်ဆိုင်းလိုက်ပြီးမှ စာရွက်ပေါ်တွင် လက်သည်း ခြေရာတစ်ခုကို ဖိနှိပ်လိုက်လေသည်။

ချင်ဟန်သည် ဒီမြင်ကွင်းကို ကြည့်ရင်း မျက်ခုံးများ လှုပ်လာလေတော့၏။ ဒီလုပ်ငန်းစဉ်က တိကျသေချာမှုထဲမှာ နည်းနည်းတော့ ထူးဆန်းနေသလိုပဲ။ သူသည် သံသယဝင် လာမိတော့သည်။ အရင်တုန်းက ဒီကောင်လေး တင်သွင်းခဲ့တဲ့ ထွက်ဆိုချက်တွေ အားလုံးက ဒီလိုမျိုးပဲ ရလာခဲ့တာတော့ မဟုတ်ဘူးမလား။

"ကျွန်မ သိတာတွေ အားလုံးကို ပြောပြီးသွားပါပြီ" ရွှမ်မိန်းကလေးသည် မျှော်လင့်ချက် အပြည့်ဖြင့် ပိုင်ရှိုးမင်ကို ကြည့်လိုက်ပြီး မိမိက ဒီလိုစကား နားထောင်သည့်အတွက် သူက အသက်ချမ်းသာ ပေးမည်ဟု မျှော်လင့်နေလေသည်။

ပိုင်ရှိုးမင်က သူမကိုတစ်ချက်မှပင် မကြည့်ပဲ အရင်က အရေပြားဆွဲခွာခဲ့သည့် လက်အောက်ငယ်သားကို အမိန့်ပေးလိုက်၏။ "မင်းပဲ လက်စသတ် လိုက်တော့"

"ဟုတ်ကဲ့"

ရှီးလင်ဝမ် အိမ်တော်၏ ပြဇာတ်သည် လုံးဝဇာတ်သိမ်း သွားခဲ့ပြီဖြစ် သော်ငြားလည်း သူ့အတွက် အရေးအကြီးဆုံး ကိစ္စကတော့ မပြီးပြတ်သေးချေ။ ပိုင်ရှိုးမင်သည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော လူအုပ်များကို ဖြတ်ကျော်ကာ အနောက်ဘက် ခြံဝင်းဆီသို့ လျှောက်လာခဲ့တော့၏။

ချင်ဟန်က ဒီကောင်လေး လမ်းတစ်ဝက်တွင် လမ်းကြောင်းပြောင်းကာ ရှီးလင်ဝမ်ကို သွားသတ်မည်ကို စိုးရိမ်သဖြင့် နောက်မှအလောတကြီး လိုက်သွားရသေးသည်။

လူနှစ်ယောက်က ခဏလောက် လမ်းလျှောက်လာပြီးနောက် သူ့မှာမနေနိုင်ဘဲ မေးရတော့သည်။ "ဘယ်လို လက်စသတ် မှာလဲ"

"အရေခွံဆုတ်၊ အကြောထုတ်ပြီး၊ အရိုးတွေကို ခြစ်ထုတ်လိုက်" ပိုင်ရှိုးမင်သည် ခေါင်းတစ်ချက် စောင်းလိုက်ကာ ချင်ဟန်ကို တစ်ချက်ကြည့်လိုက်ပြီး မှတ်ချက်ပေး လိုက်လေသည်။ "သူ့လက်ရာက တော်တော်လေး ကောင်းပါတယ်"

ချင်ဟန်မှာ ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်တော့သည်။ "မင်းကမိစ္ဆာမျိုးနွယ်တွေ အပေါ်မှာ စွဲလမ်းမှု အရမ်းနက်ရှိုင်းနေပြီ။ ဒါက မင်းအတွက် မကောင်းဘူး"

"ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး။ ကျွန်တော့်လက်ထဲကို ကျရောက်လာတဲ့ မိစ္ဆာတိုင်း သေဆုံးသင့်တဲ့ အကြောင်းပြချက် ရှိပြီးသားပဲ"

ချင်ဟန်သည် ဆို့နင့်သွားခဲ့ပြီး စိတ်ထဲတွင် မြို့တော်ကိုပြန်ရောက်မှ မင်ဝမ်ကို ဖျောင်းဖျ နားချခိုင်းရမည်ဟု စဉ်းစားထားလိုက်တော့၏။ မည်သို့ဆိုစေ ပိုင်ရှိုးမင်က သူ့သားလည်း မဟုတ်ပေ။

နောက်တစ်နေ့ မနက်စောစောတွင် အားချန်နိုးလာသောအခါ ဟွေ့ညန်သည် ပြန်မရောက်လာသေးချေ။

သူမသည် ခြံဝင်းတံခါးကို ဖွင့်လိုက်သည်တွင် ယနေ့လမ်းမပေါ်တွင် သွားလာနေသည့် လူသွားလူလာများ နည်းပါးနေဟန်တူ၏။ မနေ့ကရှန်းမိသားစု ကိစ္စဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲ သက်ရောက်မှုများ ကျန်နေသေးသည်ဟု ထင်မှတ်ရသည်။

အားချန်မှာ နည်းနည်းလေး ဗိုက်ဆာလာသဖြင့် ချန်ဟွေ့ကို မစောင့်တော့ဖို့ ဆုံးဖြတ်လိုက်တော့၏။ သူမကတံခါးကို သော့ခတ်လိုက်ပြီး ခေါက်ဆွဲတစ်ပွဲ သွားစားရန် ပြင်လိုက်တော့သည်။

ခေါက်ဆွဲဆိုင်သည် လမ်းထိပ်တွင်ပင် ရှိလေသည်။ အရင်က စည်ကားနေသော ဆိုင်တွင် ယခုတော့ သူမကလွဲလျှင် ဘေးကစားသုံးသူ နှစ်ဦးသာ ရှိတော့သည်။

ထိုလူနှစ်ယောက်က ခေါက်ဆွဲများကို အားရပါးရ စားသောက်ရင်း တစ်ဖက်မှလည်း လေသံတိုးတိုးဖြင့် စကားပြောဆို နေကြသည်။

အားချန်က သူမ၏ ကြက်သားမျှင် ခေါက်ဆွဲကို စောင့်ဆိုင်းနေစဉ် ဘေးကလူတစ်ဦးက လေသံလေးဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရ၏။ "မင်း ကြားပြီးပြီလား။ မနေ့ညက ရှီးလင်ဝမ်အိမ်တော်လည်း ကိစ္စဖြစ်သွားတယ်"

အားချန်သည် လက်တစ်ဖက်ဖြင့် သူမ၏မေးစေ့ကို ထောက်ထားလိုက်ပြီး စကားပြောသူကို တစ်ချက်လောက် လှည့်ကြည့်လိုက်ပြီးနောက် ခေါင်းပြန်လှည့်ကာ သူ ဆက်ပြောလာမည့် စကားကို စောင့်ဆိုင်းနေ လိုက်တော့သည်။

"ဘာကိစ္စလဲ"

"ငါ ကြားတာတော့ ရှီးလင်ဝမ်က အမှုတစ်ခု ကျူးလွန်လို့ မနေ့ညက အိမ်တော်ကို ဝင်စီးခံလိုက်ရတယ်တဲ့"

ထိုလူ၏ အဖော်သည် မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် မေးလေတော့သည်။ "ဘယ်လိုဖြစ်နိုင်မှာလဲ။ ဝမ်ရယ်က ဘယ်လိုလူမျိုး မလို့လဲ။ သူက ငါတို့ရှီးလင်ရဲ့ ကောင်းကင်ကြီးပဲလေ"

"ကျစ်... မင်းက ဘာဖြစ်လို့ မယုံရတာလဲ။ အဲဒီအစိုးရ ဝတ်စုံဝတ်ထားတဲ့ လူတွေက အခုထိ ရှီးလင်ဝမ်အိမ်တော် အပြင်ဘက်မှာ ဝိုင်းထားတုန်းပဲ"

အစိုးရဝတ်စုံ ဝတ်ထားတဲ့လူဆိုတာ မင်ကျင့်စီးအစောင့်ကို ပြောတာများလား။

ကိုယ်ပေါ်က အဆိပ်ကိုဖြေပြီးတာနဲ့ ပိုင်ရှိုးမင်က ရှီးလင်ဝမ်ကို လှုပ်ရှားလိုက်တာပဲလား။ တကယ်လို့သာ သူ ဖြစ်ခဲ့မယ်ဆိုရင်တော့ မဖြစ်နိုင်စရာတော့ မရှိဘူး။

အားချန်သည် စိတ်ထဲတွင် ဒီယောကျာ်း၏ လှုပ်ရှားမှုမြန်ဆန်ပုံကို အံ့ဩနေချိန်တွင် ဟွေ့ညန်သည် အလျင်အမြန် လမ်းလျှောက်လာသည်ကို မြင်တွေ့လိုက်ရ၏။

အားချန်က သူမကို လက်ဝှေ့ယမ်းပြ လိုက်ပြီး လူက အနားသို့ ရောက်လာမှ မေးလိုက်၏။ "ဟွေ့ညန် ဘာဖြစ်လို့ ကျွန်မကိုအိမ်မှာ မစောင့်တာလဲ"

ချန်ဟွေ့ကလည်း သက်ပြင်းတစ်ချက် ညင်သာစွာချလိုက်ပြီးမှ ဖွင့်ပြောလာတော့သည်။ "ခုနတုန်းက မင်ကျင့်စီးအစောင့်တွေ မိန်းကလေး ချင်းဝူနဲ့ ဟွေရွှယ်တို့ နှစ်ယောက်စလုံးကို ခေါ်သွားကြပြီ"

...

All Chapters