နောက်မှပြန်တွေ့မယ် ...
Vol. 14 Ch. 133
ယင်းအန်းဝမ်ဖေး မေ့လဲသွားခြင်းက လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိသွားတော့၏။ အားချန်နှင့် လင်းစွေ့တို့သည် ဘေးတွင်ရပ်ကာ ပွဲကြည့်နေကြပြီး ထိုသမားတော်၏ ရောဂါရှာဖွေချက် များကိုလည်း ရှင်းလင်းစွာ ကြားလိုက်ရသည်။
လင်းစွေ့က အားချန်ကို တိုးတိုးလေး ပြောလိုက်သေးသည်။ "ယင်းအန်းဝမ်ဖေးရဲ့ စိတ်သဘောထားနဲ့ စိတ်ကိုအေးအေးဆေးဆေး ထားဖို့ဆိုတာ ခက်လိမ့်မယ်"
အားချန်ကလည်း အလေးအနက် သဘောတူလေသည်။ သို့သော် ဒါကလည်း ယင်းအန်းဝမ်အိမ်တော်၏ ကိစ္စဖြစ်ပြီး သူတို့နှင့် မသက်ဆိုင်ပေ။
မကြာမီ ယင်းအန်းဝမ် အိမ်တော်၏ မြင်းလှည်းရောက်ရှိလာပြီး ယင်းအန်းဝမ်သည် ဝမ်ဖေးကိုတွဲကူကာ မြင်းလှည်းပေါ်သို့ တင်ပေးလိုက်လေသည်။ မြင်းလှည်းသည် တဖြည်းဖြည်း မောင်းနှင်ထွက်ခွာသည်ကို ကြည့်ရင်း ယင်းအန်းဝမ်အိမ်တော်၏ အစေခံများသည် အခေါင်းကို တခြား လှည်းတစီးပေါ်သို့ တင်လိုက်ကြပြီး မြို့ပြင်သို့မောင်းနှင် ထွက်ခွာသွားခဲ့ကြ၏။
အလောင်းကောက်သည် ဆိုသော်ငြား အခေါင်းတစ်လုံးပေးပြီး မြေမြှုပ်ရန်နေရာ ရှာပေးခြင်းမျှသာ။ ဒီကိစ္စများကို ဝမ်ရယ်နှင့်ဝမ်းဖေးတို့ကိုယ်တိုင် လုပ်ဆောင်ကြမည် မဟုတ်ပေ။
ရွှီဇယ်ချန်ကတော့ သူ၏ ဆွေမျိုးများသည် သူ့ကြောင့်ပြည်နှင်ဒဏ် ခံခဲ့ရပြီးဖြစ်၏။ ပုံမှန်အချိန်ကသူနှင့် ရင်းနှီးခဲ့ကြသော အရာရှိများသည်လည်း အရှင်မင်းကြီး၏ အမျက်တော်ကို ရင်ဆိုင်ရပြီး အလောင်းလာကောက်ရန် ဆန္ဒမရှိကြသဖြင့် သူ့အလောင်းသည် အခြားဒေသန္တရ အကျဉ်းသားများ ကဲ့သို့ပင် ရုံးတော်က တပေါင်းတည်း စီမံခန့်ခွဲသည်ကို စောင့်ဆိုင်းရပေမည်။
မြင်းလှည်းသည် ယင်းအန်းဝမ် အိမ်တော်အပြင်ဘက်တွင် ရပ်တန့်လိုက်၏။ ရှီဇီနှင့် ရှီဇီဖူးရန်တို့သည် အစေခံများ၏ သတင်းပို့ချက်ကို ကြားပြီး ဖြစ်သဖြင့် အစောကြီးကတည်းက အိမ်တော်သမားတော် နှင့်အတူ စောင့်ဆိုင်းနေကြသည်။ ဝမ်ဖေးက မြင်းလှည်းပေါ်က ဆင်းလာသောအခါ စိတ်အခြေအနေ ကောင်းမွန်နေသည်ကို တွေ့လိုက်ရမှ ရှီဇီမှာသက်ပြင်းချ နိုင်တော့သည်။
အိမ်တော်သမားတော်သည် ဝမ်ဖေးကို သွေးခုန်နှုန်း စမ်းသပ်ကြည့်ရှုပြီး ယခင်သမားတော်ကဲ့သို့ပင် စိတ်ကိုအေးအေး ဆေးဆေးထားရန် မှာကြားလိုက်၏။ ထိုနောက် သူ့အတွက် စိတ်ငြိမ်ဆေးတချို့ ပေးလိုက်သေးသည်။
ဝမ်ဖေးကို နေရာချထားပြီးမှ ရှီဇီနှင့် ရှီဇီဖူးရန်တို့သည် ပင်မခြံဝင်းထဲမှ ထွက်လာခဲ့ကြတော့သည်။
ရှီဇီသည် အဝေးကြီး မရောက်သေးခင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဘေးတွင်ရှိသည့် ရှီဇီဖူးရန်ကို ပြောလိုက်၏။ "မူဖေးရဲ့ ကျန်းမာရေးက ဒီလောက်ဆိုးရွားနေတာ ဒီလိုပင်ပန်းဆင်းရဲဒဏ်ကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ။ မဖြစ်တော့ရင် ငါ အရှင်မင်းကြီးဆီသွားပြီး အသနားခံလိုက်မယ်။ မူဖေးကို လွှတ်ပေးဖို့ တောင်းပန်လိုက်မယ်။ ရှင်အန်းရှာခဲ့တဲ့ ပြဿနာတွေကို ငါကအစ်ကိုကြီးအနေနဲ့ တာဝန်ယူလိုက်မယ်။ ဖုဟွမ်နဲ့ မူဖေးဆီကို မရောက်စေရဘူး"
ရှီဇီဖူးရန်သည် တိတ်ဆိတ်စွာ နားထောင်နေလိုက်ပြီးမှ စကားစပြောလိုက်၏။ "ရှီဇီ နားမလည်သေးဘူးလား။ အရှင်မင်းကြီးက ဝမ်ရယ်နဲ့ဝမ်းဖေးကို အပြစ်ပေးတာ ရှင်းအန်းကြောင့် မဟုတ်ဘူးဆိုတာ"
"ဘယ်လို" ရှီဇီ၏ မျက်နှာထားသည် သံသယများအပြည့် ဖြစ်သွားတော့၏။
ရှီဇီဖူးရန်သည်လည်း အစပိုင်းတွင်တော့ နားမလည်ခဲ့ချေ။ သူမ၏မိဘများက ရှီဇီအကျဥ်းချုပ် ကျခံနေရသည်ကို ကြားသိရခဲ့သဖြင့် လူလွတ်ပြီး စာပို့လာမှသာ နားလည်သွားတော့၏။
သူမသည် မိဘများနှင့် အပြန်အလှန် စာရေးပြီး ထိုနေ့က အခြေအနေများကို ဖခင်ဖြစ်သူအား ပြောပြခဲ့လေသည်။ ဖခင်ဖြစ်သူ၏ ပြန်စာလာမှ အရှင်မင်းကြီး၏ ဆိုလိုရင်းကို နားလည်သဘောပေါက် သွားတော့၏။
"အရှင်မင်းကြီး ဒေါသထွက်တာက ဝမ်ရယ်နဲ့ဝင်ဖေးတို့က သမီးကို မှာယွင်းအသိအမှတ်ပြုခဲ့ရုံ သက်သက်ကြောင့် မဟုတ်ဘူး။ နောင်တစိတ် မရှိဘဲ တာဝန်လွဲချချင်လို့ အပြစ်အားလုံးကို ရှင်းအန်းအပေါ် ပုံချခဲ့ကြလို့ပဲ" ရှီဇီဖူးရန်က သက်ပြင်းချလိုက်ကာ "ရှီဇီ တကယ်လို့ ရှင်က ဘေးလူတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် ဒီလိုမိဘမျိုးကို ဘယ်လိုမြင်မလဲ"
ရှီဇီသည် အချိန်အတော်ကြာအောင် ကြောင်အသွားပြီးမှ ခက်ခက်ခဲခဲ ပြောလိုက်၏။ "ဒါဆိုရင် အရှင်မင်းကြီးက ... အဲဒီနေ့တုန်းက ငါတို့ထဲက ဘယ်သူကမှ ရှင်းအန်းဘက်က မရပ်တည်ပေးခဲ့ကြလို့ ဒေါသထွက်သွားတာပေါ့"
"ဟုတ်တယ်။ တကယ်လို့ အရှင်မင်းကြီးက ရှင်းအန်းရဲ့လုပ်ရပ်တွေကို တကယ်ဒေါသထွက်တယ်ဆိုရင် စောစောစီးစီးကတည်းက လူလွတ်ပြီး ရှာခိုင်းပြီးပြီပေါ့"
"ဒီလိုကိုး ..."
"ဝမ်ရယ်နဲ့ဝမ်ဖေးတို့ရဲ့ အပြစ်က တစ်ခုခုလုပ်မိလို့ မဟုတ်ဘဲ အရှင်မင်းကြီးရဲ့ အငြိုအငြင်ခံလိုက်ရလို့ပါ။ ရှီဇီသာ သွားပြီးအသနားခံမယ်ဆိုရင် မီးလောင်ရာလေပင့်သလို ဖြစ်သွားလိမ့်မယ်"
ရှီဇီသည် ငြိမ်သက်သွားပြီး အရှင်မင်းကြီးထံ သွားရောက်သနားခံမည့် အကြောင်းကို ထပ်မပြောတော့ချေ။
"နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်။ ရှီဇီ ဆုံးဖြတ်ဖို့ လိုသေးတယ်"
စကားဆက်မိသွားပြီ ဖြစ်သဖြင့် ရှီဇီဖူးရန်သည် ပြဿနာအားလုံးကို တစ်ခါတည်း ဖြေရှင်းရန် ဆုံးဖြတ်လိုက်တော့သည်။
"ဘာကိစ္စလဲ"
"အခု ရွှီဇယ်ချန်နဲ့ ဟန်ရှောင်ထုံ နှစ်ယောက်စလုံး အသတ်ခံလိုက်ရပြီဆိုတော့ ပေါင်အာရဲ့ကိစ္စကို ရှီဇီက ဆုံးဖြတ်ပေးရမယ်"
ရှီဇီ၏ မျက်လုံးများမှာ အနည်းငယ် လှုပ်ရှားသွား၏။ ဇနီးသယ်သည် ပေါင်အာကို မထားချင်သလို ခံစားမိသော်ငြားလည်း ထိုကလေးကို မွေးကင်းစကတည်းက သူကိုယ်တိုင်ပွေ့ချီပြီး ချစ်ခင်မြတ်နိုးခဲ့ရသဖြင့် မရက်ဆက်နိုင်ပေ။
"ပေါင်အာက ဘာမှ နားမလည်သေးပါဘူး။ အခုမိဘနှစ်ပါးလုံး မရှိတော့လို့ သွားစရာနေရာမရှိ ဖြစ်နေတာ သူ့ကိုအိမ်တော်မှာ ခေါ်ထားပြီး သီးသန့်ခြံဝင်းတစ်ခုပေးပြီး အစေခံတွေနဲ့ စောင့်ရှောက်ခိုင်းထားလိုက်ရင် မကောင်းဘူးလား"
ဒီတခါတော့ ရှီဇီက တိုက်ရိုက်ဆုံးဖြတ်ချက် မချဘဲ မေးမြန်းလာသော လေသံဖြင့် ပြောလိုက်၏။
ရှီဇီဖူးရန်သည် သူ၏ပြတ်သားမှုမရှိသော ပုံစံကို မြင်ရသောအခါ နောက်ဆုံးတွင် သက်ပြင်းချ လိုက်တော့သည်။
သူ့ကို လက်ထက်ခဲ့တုန်းက သူက နိုင်ငံရေးတွေနဲ့ မပတ်သက်ဘဲ အေးအေးဆေးဆေး နေတတ်တဲ့ သူဌေးသားတစ်ယောက် ဖြစ်နေလို့ပါ။ သူက ဒီလို နားယောင်လွယ်တတ်တဲ့ သူဆိုတော့ ဘာမျှော်လင့်ချက် ရှိဦးမှာလဲ။
"ယင်;အန်းဝမ်အိမ်တော်က ထမင်းတစ်လုပ်စာတော့ မပြတ်လပ်ပါဘူး" ရှီဇီဖူးရန်၏ လေသံသည် အေးဆေးတည်ငြိမ်လို့ နေသည်။ အရှင်မင်းကြီးက ယင်အန်းဝမ်အိမ်တော်ကို သိက္ခာချန်ထားပေးသဖြင့် နေရထိုင်ရ အဆင်ပြေနေသေးသည်။
ထိုနောက် သူမသည် စကားလမ်းကြောင်း လွှဲလိုက်တော့၏။ "ရှီဇီ ကြားဖူးလား။ သားသမီးက မိဘနဲ့တူတယ်ဆိုတဲ့ စကားလေ။ သူ ကြီးလာရင် သူ့မိဘတွေနဲ့ မတူဘူးလို့ ရှင် အာမခံရဲ့လား"
ရှီဇီသည် ချက်ချင်းတွန့်ဆုတ် သွားတော့သည်။
ရှီဇီဖူးရန်က ဆက်ပြောလာလေသည်။ "ဖြစ်နိုင်ခြေတစ်သောင်းမှာ တစ်ခုကျန်နေသေးတယ်ဆိုရင်တောင် ကျွန်မက သူ့ကို ယင်းအန်းဝမ်အိမ်တော်မှာ မထားရဲဘူး။ သူက သူ့မိဘတွေလိုပဲ ရုတ်တရက် စိတ်ရိုင်းဝင်ပြီး ကျွန်မတို့ရဲ့ကလေးတွေကို လာဒုက္ခပေးမလားဆိုတာ ဘယ်သူသိမှာလဲ"
ကလေးတစ်ယောက်ကို အကြောင်းမဲ့ သံသယဝင်တာတော့ မကောင်းပါဘူး။ ဒါပေမဲ့ ဆေးပြင်းပြင်းမတိုက်ရင် ရှီဇီကိုဘယ်လို နားဝင်အောင် ပြောနိုင်မှာလဲ။
အချိန်တိုအတွင်းမှာ ရှီဇီက ရှန့်ကျူအတုနဲ့ သံယောဇဉ်ကို မမေ့နိုင်သေးပေမယ့် စိတ်ထဲမှာတော့ သူတို့ရဲ့လုပ်ရပ်တွေကို လန့်နေမိတုန်းပါပဲ။
ပေါင်အာ ကြီးလာရင် သူ့အဖေနဲ့တူမလား သူ့အမေနဲ့တူမလား ဆိုတာက တော်တော် ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခု။
"ဖူးရန်က ဒီကိစ္စကိုဘယ်လို စီစဉ်သင့်တယ်လို့ထင်လဲ"
ရှီဇီဖူးရန်သည် စောစောကတည်းက စဉ်းစားထားသော နည်းလမ်းကို ပြောပြလိုက်၏။ "သားသမီးမရှိတဲ့ အိမ်တစ်အိမ်ကိုရှာပြီးမွေးစားခိုင်းလိုက်ရင် ပြီးတာပါပဲ။ တကယ်လို့ ရှီဇီကသနားရင် ငွေကြေးတချို့ ချန်ထားပေးလိုက်ပေါ့"
"ဒါပေမဲ့ ပေါင်အာက နေသားကျပါ့မလား"
"သူ နေသားကျသွားမှာပါ။ မိဘအသစ်တွေကို အသိအမှတ်ပြုတာက ရာဇဝတ်မှုကျူးလွန်ထားတဲ့ မိဘတွေရှိနေတာထက် အများကြီး ပိုကောင်းပါတယ်"
" အင်း ကောင်းပြီလေ"
ရှီဇီ၏ သဘောတူညီချက် ရပြီးနောက် နှစ်ယောက်သား လူချင်းခွဲလိုက်သည်နှင့် ရှီဇီဖူးရန်သည် အိမ်တော်က အစေခံများကိုခေါ်ကာ ပေါင်အာအတွက် အဝတ်အစားနှစ်စုံ ထည့်ပေးလိုက်ပြီး သူမကို ပို့ဆောင်လိုက်တော့သည်။
သူမသည် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ဒီဆုံးဖြတ်ချက်ကို ချထားပြီးဖြစ်၏။ နေရာမှာ သူမ၏နို့ထိန်းအဘွားအို၏ ဇာတိမြေဖြစ်သည်။ ရှန့်ကျင်းနှင့်ရက်အနည်းငယ် ခရီးအကွာအဝေး သွားရ၏။ ထိုမိသားစုက ရွာထဲတွင် နေထိုင်ပြီးစားဝတ်နေရေး မဆိုးသော်ငြား အရမ်းလည်း ကောင်းလှသည်တော့ မဟုတ်ပေ။
ပေါင်အာကို မြင်းလှည်းပေါ် တင်လိုက်သောအခါ တစ်စုံတရာကို နားလည်သွားသလို အောက်သို့ဆင်းပြေးရန် ကြိုးစားသော်ငြား ရှီဇီဖူးရန်၏ နို့ထိန်းသည်အဘွားနှင့် အိမ်တော် အစေခံများက ပြန်ပြီးတားဆီးထား လိုက်ကြလေသည်။
သူမက အော်ဟစ်ငိုယိုနေ သော်ငြားလည်း ရှီဇီဖူးရန်သည် တံခါးဝ အတွင်းဘက်တွင်သာ ရပ်နေပြီး အပြင်သို့တစ်ချက်လေးပင် ထွက်မကြည့်ခဲ့ပေ။
မြင်းလှည်းသည် ယင်းအန်းဝမ်အိမ်တော်မှ ထွက်ခွာသွားသောအခါ ငိုသံများလည်း ပျောက်ကွယ်သွားတော့၏။
နောက်တစ်ချိန်ကျလျှင် သူမက လူလွှတ်ပြီး ထိုကလေးကို မကြာခဏ သွားကြည့်ခိုင်းရမည်။ ပေါင်အာက ဒီတစ်သက် ထိုတောင်ပေါ်ရွာကလေးမှ ထွက်ခွာခွင့်မရစေ ရအောင်သေသေချာချာလေးတော့ လုပ်ထားရမည်။
သူမကို ရက်စက်တယ်လို့ အပြစ်မတင်ပါနဲ့လေ။ ပေါင်အာက ကံဆိုးပြီး အဲဒီလိုစိတ်ယုတ်ညံ့တဲ့ မိဘတွေ ပိုင်ဆိုင်ထားတာလို့ပဲ။
ဝမ်အိမ်တော်တံခါး ပိတ်သွားပြီး ရှီဇီဖူးရန်သည် ဖြေးညင်းစွာ ပြန်လျှောက်လာခဲ့၏။ ဟန်ရှောင်ထုံ အဖမ်းခံရပြီးနောက် သူမ၏ဘေးက
အစေမလေးတချို့၏ ထိုစာချုပ်များသည် ဝမ်အိမ်တော်တွင် ရှိနေသဖြင့် ထိုလူများ ပြန်လွတ်လာသောအခါ ဝမ်အိမ်တော်သို့ ပြန်ရောက်လာကြလေသည်။
သူမသည် ထိုအစေခံမလေးတစ်ဦးထံမှ သိရှိလိုက်ရသည်မှာ ချဲ့အာသည် အစောကြီးကတည်းက သေဆုံးသွားခဲ့ပြီး ဖြစ်ကြောင်းကိုပင်။ အကြောင်းမှာ ရွှိဇယ်ချန်သည် နှစ်တိုင်းချဲ့အာ၏ နှစ်ပတ်လည်တွင် ဘုရားကျောင်းသို့သွားပြီး ဆရာတော်ကြီးများကို ပင့်ဖိတ်ကာ ဆုတောင်းမေတ္တာ ပို့သလေ့ရှိသောကြောင့်ပင်။
ယခု ဟန်ရှောင်ထုံ၏ အထောက်အထား ပေါ်သွားပြီဖြစ်သဖြင့် ချဲ့အာ သေဆုံးခြင်းသည် ထိုလူနှစ်ယောက်နှင့် မပတ်သက်ဘဲ မနေနိုင်ကြောင်း ရှီဇီဖူးရန်သည် သိနေလေသည်။
သူတို့သေသွားရင်တောင် ချဲ့အာ အသက်ပြန်ရှင်လာတော့မှာ မဟုတ်ပါဘူး။
သူမကတော့ အဲဒီစိတ်ယုတ်ညံ့တဲ့ ဇနီးမောင်နှံလို ကလေးတစ်ယောက်ကို သတ်ပစ်တဲ့အထိ မလုပ်နိုင်ပါဘူး။ ဒီလောက်ပါပဲ။
ဝမ်အိမ်တော်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို အပြင်လူများ မသိခဲ့ကြပေ။ အားချန်နှင့် လင်းစွေ့တို့ ကွပ်မျက်ကွင်းထဲမှ ထွက်လာပြီးနောက် အနီးဆုံး လက်ဖက်ရည်ဆိုင်တစ်ဆိုင်သို့ ဝင်ထိုင်လိုက်ကြ၏။ တိုက်တိုက်ဆိုင်ဆိုင် ထိုလက်ဖက်ရည်ဆိုင်က ပုံပြောသောဆရာသည် မျက်နှာလဲလှယ်သည့် အမှုအကြောင်းကို ပြောပြနေလေသည်။
နှစ်ယောက်သား နားထောင်နေကြချိန်တွင် စားပွဲထိုးလေးက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာပြီး သူတို့ဘေးစားပွဲတွင် နေရာချပေးလိုက်၏။
အားချန်က တစ်ချက်သာ လှမ်းကြည့်လိုက်ပြီးနောက် အကြည့်လွှဲထားလိုက်ကာ ပုံပြောဆရာက ရှန့်ကျူအတုသည် အရှင်မင်းကြီး၏ မွေးနေ့ပွဲတွင် မည်သို့ပေါ်ပေါက် သွားကြောင်းနှင့် အရှင်မင်းကြီးက မည်မျှဒေါသထွက်သွားကြောင်း ပြောပြနေသည်ကို စိတ်ဝင်တစား နားထောင်နေလိုက်လေသည်။
စိတ်ဝင်စားစရာ အကြောင်းကို နားထောင်ရင်း သူမသည် ပါးစပ်ထဲသို့ ဟောသွန်းချိုချဉ် တစ်ထောင့်ကို ပစ်ထည့်လိုက်လေသည်။
ဟောသွန်းချိုချဉ်က လက်ဖက်ရည်ဆိုင်က ဧည့်ခံထားခြင်းဖြစ်၏။ ချိုချိုချဥ်ချဥ်နှင့် စားလို့ကောင်းလှသည်။ ဒီအပိုင်းပြီးသွားသည့်အခါတွင် သူမသည် ရှေ့က ပန်းကန်ပြားလေးထဲက ဟောသွန်းချိုချဥ်လည်း ကုန်သွားခဲ့လေသည်။
ထိုနောက်တွင်တော့ သူမ၏အစာအိမ်မှာ နည်းနည်း အောင့်သွားသလို ခံစားလိုက်ရတော့၏။
လင်းစွေ့က သူမပုံစံ မူမမှန်ဖြစ်နေသည်ကို အရင်ဆုံး သတိထားမိလိုက်ပြီး အလျင်စလို မေးလိုက်တော့သည်။ "ဘာဖြစ်တာလဲ နေမကောင်းဘူးလား'
အားချန်က ခေါင်းငြိမ့်ပြလိုက်ကာ သနားစဖွယ်ရုပ်လေး ဖြစ်နေတော့သည်။
"လာ။ ကျွန်မ ရှင့်ကို သမားတော်ဆီ ခေါ်သွားပေးမယ်" လင်းစွေ့က အားချန်၏ ခန္ဓာကိုယ် မည်မျှအားနည်းသည်ကို သိထားလေသည်။ အစားမှားသွားလျှင် ပြန်ရောက်သည့်အခါ ဟွေ့ညန်ကို မည်သို့ရှင်းပြ ရပါမည်နည်း။
ထိုအချိန်တွင် သူတို့ဘေးစားပွဲတွင် ထိုင်နေသည့် အမျိုးသားက ရုတ်တရက် ပြောလာ၏။ "တကယ်လို့ မိန်းကလေးတို့ စိတ်မရှိဘူးဆိုရင် ကျွန်တော် ကူညီပြီး ကြည့်ပေးလို့ရပါတယ်"
လင်းစွေ့သည် လှည့်ကြည့်လိုက်သောအခါ စကားပြောလာသူမှ ခုနက ယင်းအန်းဝမ်ဖေးကို အပ်စိုက်ကုပေးခဲ့သည့် သမားတော်ဖြစ်နေသည် တွေ့လိုက်ရ၏။
"ရှင်ကလား"
"မိန်းကလေးက ကျွန်တော့်ကို မှတ်မိတာလား" ထိုသမားတော်၏ လေသံက နူးညံ့သိမ်မွေ့နေ၏။
"ခုနတုန်းက ရှင် အပ်စိုက်ပေးနေတာ တွေ့လိုက်လို့ပါ"
"ဒီလိုကိုး" ထို့နောက် သူသည် အားချန်ကို ကြည့်လိုက်၏။ "မိန်းကလေး စိတ်မရှိဘူးဆိုရင် ကျွန်တော် သွေးခုန်နှုန်း စမ်းသပ်ပေးလို့ရမလား"
အားချန်သည်လည်း တစ်ဖက်လူကို မှတ်မိနေသဖြင့် ခေါင်းခါပြလိုက်ပြီး လက်ကမ်းပေးလိုက်လေသည်။
ထိုလူသည် သူမသွေးခုန်နှုန်းကို စမ်းသပ်ပေးပြီးနောက် ပြောလိုက်၏။ "မိန်းကလေး စားလိုက်တဲ့ ဟောသွန်းချိုချဥ် သကြားလုံးက မများပါဘူး။ အခြေအနေ မဆိုးရွားပါဘူး။ ဒါပေမဲ့ မိန်းကလေးရဲ့ အစာအိမ်က အားနည်းတော့ နောက်ဆိုရင် ဟောသွန်းချိုချဥ်လို အစားအစာတွေကို တတ်နိုင်သမျှ လျှော့စားပါ။ ဒီနေ့ အိမ်ပြန်ရောက်သွားရင် အစားအသောက် ဆင်ခြင်လိုက်ပါ။ မနက်ဖြန်ဆိုရင် ကောင်းသွားပါလိမ့်မယ်"
"ဆေးမသောက်ရဘူးလား" လင်းစွေ့သည် စိတ်မချနိုင်သေးပေ။
တစ်ဖက်လူက ပြုံးကာပြောလာသည်။ "မိန်းကလေးမှာ ကျင့်ကြံခြင်း စွမ်းအားရှိနေတာကို တွေ့ရတယ်။ အတွင်းအားကို လက်ဖဝါးပေါ်မှာ စုစည်းပြီး ဒီမိန်းကလေးရဲ့အစာအိမ်ကို ၁၅မိနစ်လောက် နှိပ်နယ်ပေးလိုက်ရင် သက်သာသွားပါလိမ့်မယ်"
လင်းစွေ့မှာ စိတ်သက်သာရာ ရသွားကာ သက်ပြင်းချလိုက်ပြီး အားချန်ကလည်းကျေးဇူးတင် စကားပြောလိုက်၏။ "သမားတော်ကို ကျေးဇူးတင်ပါတယ်။ သမားတော်ရဲ့နာမည် ဘယ်လိုခေါ်လဲ မသိဘူး"
သူမသည် တစ်ဖက်လူက နာမည်ပြောပြလိမ့်မည် မဟုတ်ဟု ထင်ထားခဲ့လေသည်။ အကြောင်းမှာ ထိုလူက ခုနက ယင်းအန်းဝမ်ကို ငြင်းပယ် ခဲ့ခြင်းကြောင့်ပင်။
သို့သော်ငြား မထင်မှတ်ဘဲ တစ်ဖက်လူက ပွင့်ပွင့်လင်းလင်း ပြန်ဖြေလာ၏။ "ကျွန်တော့်နာမည်က ကျူးရုံပါ။ ကျွန်တော်က ကျောင်းကျိုးမှာ နေပါတယ်။ ရောဂါဆန်းတွေကို ကုသတတ်ပါတယ်"
ကျောင်းကျိုးဟုတ်လား။ အားချန်သည် အံ့ဩသွားလေသည်။ ဒီရက်ပိုင်း ကျောင်းကျိုးကနေ ရှန့်ကျင်းကိုလာတဲ့သူတွေ ဘာလို့ ဒီလောက်များနေတာလဲ။
ထို့နောက် ထိုလူပြောလာသည်ကို ကြားလိုက်ရပြန်သည်။ "တကယ်လို့ နောက်တစ်ချိန်ကျရင် မိန်းကလေး ကျွန်တော့်အကူအညီ လိုအပ်ရင် ကျောင်းကျိုးကို လာရှာလို့ရပါတယ်။ ကျွန်တော်က နည်းနည်းတော့ နာမည်ကြီးပါတယ်"
ဒီစကားကို နားထောင်ရတာ နည်းနည်းလေးထူးဆန်းနေသလိုပဲ။
အားချန်၏ မျက်လုံးများက မသိမသာ လည်သွားပြီး အမျိုးသား၏ ဘေးတွင်ထိုင်နေသော သူမကို လှမ်းကြည့်နေသည့် အပြာရောင် ဝတ်စုံနှင့် မိန်းကလေးကို တွေ့လိုက်ရ၏။
တစ်ဖက်လူ၏ မျက်လုံးများသည် ရင်းနှီးနေသကဲ့သို့ ရှိပြီး ချောမောလှပသော မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခုရှိနေကာ သူမကို ခေါင်းငြိမ့်ပြနေလေသည်။
အားချန်လည်း ရုတ်တရက် သတိရသွားတော့၏။ ယွီသခင်မ ပြောပြခဲ့သည့် ဇာတ်လမ်းထဲတွင် နတ်ဆေးဆရာတစ်ယောက် ရှိနေသည် မဟုတ်ပါလား။
ထိုအချိန်က သူမသည် အသေးစိတ် မမေးခဲ့ချေ။ နတ်ဆေးဆရာဟု ခေါ်မှတော့ အသက်၇ဝကျော် လောက်ရှိမည်ဟု ထင်ထားခဲ့လေသည်။ အကြောင်းမှာ မြို့တော်တွင် နာမည်ကြီး သမားတော်များ အားလုံးက မုတ်ဆိတ်ဖြူများ ပိုင်ဆိုင်ထားခြင်း ကြောင့်ပင်။
ကျောင်းကျိုးက နတ်ဆေးဆရာတွေက တခြားသူတွေနဲ့ ကွဲပြားနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။
သူမသည် အပြာရောင်ဝတ်နှင့် အမျိုးသမီးကို မျက်တောင်နှစ်ချက် ခတ်ပြလိုက်ရာ တစ်ဖက်လူကလည်း နှစ်ချက်ပြန်ခတ်ပြလာသည်။
ကောင်းပြီလေ။ ဒီသမားတော်ကျူး သူမကို ဘာဖြစ်လို့ ဒီလောက်ရင်းနှီးနေလဲ ဆိုတာကို သိသွားပြီ။
*သမားတော်ကျူးက ကျောင်းကျိုးကနေ ရှန့်ကျင်းကို လာတာကိစ္စရှိလို့လား" အားချန်ကလည်း သဘာဝကျကျ စကားစမြည် စပြောလိုက်၏။
ကျူးရုံကလည်း ပွင့်ပွင့်လင်းလင်း ပြန်ဖြေလာသည်။ "ကျွန်တော်က အစတုန်းကတော့ လူလာရှာတာပါ။ ဒါပေမဲ့ မထင်မှတ်ဘဲ လမ်းမှာမိတ်ဆွေနဲ့ တွေ့ဆုံခဲ့ရတယ်လေ"
သူ အားချန်ကို မလိမ်ညာခဲ့ပါဘူး။ သူတို့ တကယ်ပဲ လမ်းမှာတွေ့ဆုံ ခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ယွီသခင်မက မျက်နှာပြောင်းလဲသွားပြီ။
ဒါပေမဲ့ သူကတော့ မှတ်မိနေတုန်းပါပဲ။
"ဒါဆိုရင် တကယ်ကို ရေစက်ပါတာပဲ"
"ဟုတ်ပါတယ်။ တကယ်ကို ရေစက်ပါပဲ" ကျူးရုံကလည်း ထောက်ခံလိုက်၏။
အားချန်က ထပ်မေးလိုက်လေသည်။ " သမားတော်ကျူး မြို့တော်မှာ ရက်နဲနဲလောက် ဆက်နေဦးမှာလား" ကျူးရုံက ခေါင်းခါပြလာ၏။ "မြို့တော်က ကိစ္စတွေ ပြီးသွားပါပြီ။ ကျွန်တော်နှစ်ရက်အတွင်း ပြန်ကြတော့မှာပါ"
"ဒီလိုလား... ဒါဆိုရင်တော့ လမ်းခရီးဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးပါတယ်"
"ကျေးဇူးတင်ပါတယ်"
အားချန်သည် ကျူးရုံဘေးက အမျိုးသမီးကို ကြည့်လိုက်ပြီး ပြောလိုက်၏။ "နောင်တစ်ချိန်ကျရင် ရှန့်ကျင်းကို ထပ်လာပစ်တဲ့အခါ ချန်းဖိင်ဖန်းကို လာခဲ့ပါ။ ကျွန်မ ထမင်းတစ်နပ် ဧည့်ခံပါ့မယ်"
"ကောင်းပါပြီ နောက်တစ်ကြိမ် ပြန်ဆုံပါဦးမယ်" အမျိုးသမီးက တိုးတိုးလေး ပြန်ဖြေလိုက်သည်။
လေးယောက်သား လက်ဖက်ရည်ဆိုင် ရှေ့တွင်နှုတ်ဆက်လမ်းခွဲ လိုက်ကြ၏။ နှစ်ယောက်ကတော့ ဘယ်ဘက်ခြမ်းကို ဦးတည်သွားကာ နှစ်ယောက်ကတော့ ညာဘက်ခြမ်းကို ဦးတည်သွားကြလေသည်။
အကွာအဝေးတစ်ခုသို့ ရောက်သောအခါ အားချန်က လင်းစွေ့ကို ပြောလိုက်၏။ "ဒီနေ့ နေရောင်ခြည်လေးက တကယ်ခံစားလို့ ကောင်းတာပဲ"
လင်းစွေ့ကလည်း မိုးကောင်းကင်ကို မော့ကြည့်ကာ ပြန်ဖြေလေသည်။ "ဟုတ်တယ် ကောင်းတယ်နော်"
နှစ်ယောက်သား ချန်းးဖိင်ဖန်းသို့ ပြန်ရောက်လာသောအခါ အားချန်၏ အစာအိမ်သည် ယခင်ကလောက် မနာကျင်တော့ပေ။ သို့သော်ငြား လင်းစွေ့ကတော့ ကျူးရုံစကားကိုမှတ်မိနေသဖြင့် အားချန်ကို ကုတင်ပေါ်တွင် ဘေးတစောင်း အိပ်ခိုင်းလိုက်ပြီး အစာအိမ်ကို နှိပ်နယ်ပေးနေလေသည်။
၁၅မိနစ်ကြာ သွားသောအခါ ထိုနာကျင်သည့် ခံစားချက်သည် အမှန်တကယ် ပျောက်ကွယ်သွားခဲ့၏။ အားချန်က စကားပြောရန် ပြန်လိုက်ချိန်မှာပင် ရှေ့ဘက်က ဆူညံသံများကို ရုတ်တရက် ကြားလိုက်ရလေသည်။
နှစ်ယောက်သား အကြည့်ခြင်း ဖလှယ်လိုက်ကြပြီး ရှေ့ဘက်ခန်းသို့ မြန်မြန်ထွက်လာခဲ့ကြ၏။
အသံသည် ဘေးနားက သူဌေးမလွီ၏ ရှေးဟောင်း ပစ္စည်းဆိုင်ထဲမှ ထွက်ပေါ်လာခြင်းပင်။
ပုံမှန်အချိန်က လူများကို နူးညံ့သိမ်မွေ့စွာ ဆက်ဆံတတ်သော သူဌေးမလွီသည် ယခုအချိန်တွင်တော့ စွာကျယ်ကျယ် ပုံစံပေါက်နေပြီး တံမြက်စည်း တစ်ချောင်းကိုကိုင်ကာ ဆိုင်ထဲက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မောင်းထုတ်နေလေသည်။
ထိုနှစ်ယောက်က အပြင်ရောက်သွား သောအခါ သူဌေးမလွီသည် တံမြက်စည်းကို ထိုးအမျိုးသားထံ ပစ်ပေါက်လိုက်၏။ တစ်ဖက်လူကလည်း ကိုယ်ကို စောင်းကာ ရှောင်လိုက်ပြီး မျက်နှာထား တင်းမာစွာဖြင့် ပြောလိုက်လေသည်။ "လွီရူဟွေ့ မင်း ဘာတွေလုပ်နေတာလဲ"
"လူကြီးမင်းလျိုက အသက်ကြီးလာလို့ မေ့လွယ်နေပြီ ထင်တယ်။ ဒါဆိုရင် ကျွန်မ စေတနာနဲ့ သတိပေးလိုက်မယ်။ ကွာရှင်းတဲ့နေ့တုန်းက ကျွန်မ ရှင့်ကို ပြောခဲ့ပြီးသား။ နောင်တစ်ချိန်ကျရင် ကျွန်မရှေ့မှာ ပေါ်မလာပါနဲ့လို့။ မဟုတ်ရင် ကျွန်မ စိတ်မထိန်းနိုင်ဘဲ ရှင်နဲ့ ညီမလေးတို့ ဖောက်ပြန်တဲ့ကိစ္စကို လူသိရှင်ကြား ကြေညာမိလိမ့်မယ်လို့ ပြောခဲ့တယ်လေ"
မျက်နှာချင်းဆိုင်က အမျိုးသား၏ နဖူးပေါ်တွင် သွေးကြောများ ထောင်တက်လာလေသည်။ "ပါးစပ်ပိတ်ထား။ မင်း တကယ်ကို အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ။ သူက မင်းရဲ့ ညီမအရင်းလေ။ ဒီလိုစွပ်စွဲ ပြောဆိုတာ မင်းအတွက် ဘာကောင်းကျိုးရှိလို့လဲ !"
သူဌေးမလွီက အေးစက်စွာ ရယ်မောလိုက်၏။ " စွပ်စွဲတာ ဟုတ်လား။ ရှင်တို့နှစ်ယောက် တိတ်တဆိတ် မတွေ့ခဲ့ကြဘူးလား။ ဒါမှမဟုတ် ကျွန်မနဲ့ကွာရှင်းဖို့ကိစ္စကို အတူတူမတိုင်ပင် မဆွေးနွေးခဲ့ကြဘူးလား"
"လျှောက်ပြောနေတာ" ထိုအမျိုးသားသည် ဒေါသထွက်လွန်းသဖြင့် ဘေးတွင်ချထားသည့် လက်များက တုန်ယင်လို့ နေလေသည်။
သူဌေးမလွီက ပတ်ဝန်းကျင်တွင် စုဝေးလာသော လူအုပ်ကြီးကို လုံးဝဂရုမစိုက်ဘဲ ပြောလိုက်၏။ "လျှောက်ပြောတာ ဟုတ်မဟုတ် ရှင်ကိုယ်တိုင် အသိဆုံးပါ။ ဒါနဲ့ ဘာပြောလိုက်သေးတယ်"
သူဌေးမလွီ၏ မျက်လုံးများသည် လှုပ်ရှားသွားပြီး ထိုအမျိုးသားဘေးတွင် ရပ်နေသောသူမနှင့် ၈၀ရာခိုင်နှုန်း ရုပ်ရည်ချင်းတူညီသည့် အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကိုကြည့်ကာ ပြုံးယောင်သန်းပြီး ပြောလိုက်လေသည်။ "လူတစ်ယောက် ပြောတာကို ကျွန်မ မှတ်မိနေသေးတယ်။ တော်သေးတာပေါ့။ ကျွန်မဗိုက်က အသုံးမကျလို့။ လျိုမိသားစုအတွက် သားသမီးတစ်ယောက်မှ မမွေးပေးနိုင်ခဲ့ဘူး။ ဒီလိုလမ်းခွဲလိုက်တာက ပြဿနာတွေ အများကြီး ကင်းဝေးသွားစေတယ်လို့ ပြောခဲ့တယ်လေ။ ဟုတ်တယ် မဟုတ်လား ညီမလေး"
စကားလုံး အနည်းငယ်မျှသာ ဖြစ်သော်ငြား အကြောင်းအရာက အလွန်စိတ်ဝင်စားဖွယ်ရာ ကောင်းနေသဖြင့် အားချန်နှင့် လင်းစွေ့တို့သည် လည်ပင်းကိုပိုပြီး ဆန့်ထုတ်ချင် လိုက်ကြလေသည်။
ဒီအချိန်တွင် အနည်းငယ် ဖရိုဖရဲဖြစ်နေသည့် အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် အဝတ်အစားများကို အနည်းငယ် သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး စကားစပြောလိုက်၏။ "မမကြီး ဒီလောက်နှစ်တွေ ကြာသွားပြီ။ မမကြီးက သူများကို စွပ်စွဲပြောဆိုရတာ ကြိုက်တုန်းပဲနော်။ အရင်တုန်းကလည်း မမကြီးက အဲဒီလိုမျိုး ကျွန်မရဲ့မင်္ဂလာပွဲကို လုယူခဲ့တာလေ။ အခု နေရထိုင်ရတာာ အဆင်မပြေတော့ ကျွန်မကို သုံးပြီး အရှက်လုံအောင် လုပ်ချင်နေတာလား"
"ကံဆိုးချင်တော့ ကျွန်မက ၁၈နှစ်သမီးအရွယ် မဟုတ်တော့ဘူး။ ကျွန်မနဲ့အစ်ကိုလျိုက ငယ်သူငယ်ချင်းတွေပါ။ နှစ်ပေါင်းများစွာ မတွေ့ရဘဲ လက်ဖက်ရည်ဆိုင်မှာ မတော်တဆတွေ့လို့ စကားနည်းနည်း ပြောမိတာကို မမကြီးပါးစပ်ထဲ ရောက်တော့မှပဲ ဖောက်ပြန်တယ် ဖြစ်သွားရတယ်"
"ကျွန်မတို့ ကွာရှင်းတဲ့ ကိစ္စပြောခဲ့ကြတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်မကြောင့် မဟုတ်ပါဘူး။ အမှန်တရားကို မမကြီးကိုယ်တိုင် အသိဆုံး ဖြစ်သင့်ပါတယ်။ မမကြီးက ကလေးမမွေးနိုင်တာ ထားလိုက်တော့။ အိမ်ကိုမွေးစားလာတဲ့ ကလေးကိုတောင် နှိပ်စက်ညှင်းပန်း သေးတယ်လေ။ အဲဒါကြောင့် အစ်ကိုလျိုက သည်းမခံနိုင်တော့ဘဲ ကျွန်မကိုအဖေ့ဆီ စကားပါးခိုင်းလိုက်တာပါ"
ပွဲကြည့်လာသော သူများသည် မူလက သူဌေးမလွီ၏ စကားကို နားထောင်ပြီး သူမအတွက် မခံမရပ်နိုင် ဖြစ်နေကြသော်ငြားလည်း ထိုအမျိုးသမီး၏ စကားကို ကြားလိုက်ရသောအခါ သူဌေးမလွီကို အထူးတဆန်းအကြည့်များဖြင့် ကြည့်လာကြလေသည်။
ကလေးမမွေးနိုင်တာက ထားလိုက်ပါတော့။ မွေးစားထားတဲ့ ကလေးကို နှိပ်စက်ညှဉ်းပန်းတာကတော့ နည်းနည်းလေး ရက်စက်လွန်းနေပါပြီတဲ့။
အားချန်နှင့် လင်းစွေ့တို့သည်လည်း ဘယ်ဘက်ပါရမည် မသိဖြစ်နေကြပြီး ဆက်လက်ကြည့်ရှုခြင်းသော်ငြား အပြင်က ပြန်ရောက်လာသော ချန်ဟွေ့က အတင်းဆွဲခေါ်သွားလေတော့၏။
...