← Chapters

အားချန် ကိုယ့်ကို သဘောကျရဲ့လား ...

Vol. 15 Ch. 145

အားချန် ကိုယ့်ကို သဘောကျရဲ့လား ...

Vol. 15 Ch. 145

ထျန်းကျယ် လမ်းမကြီးသို့ မရောက်သေးခင်တွင် ဆူညံပျော်ရွှင်နေသော အသံများသည် နားထဲသို့တိုးဝင်လာခဲ့၏။

အမှောင်ထဲတွင် ရပ်ကာအဝေးသို့ လှမ်းကြည့်လိုက်လျှင် ထျန်းကျယ် လမ်းမကြီးပေါ်တွင် မီးရောင်များ ထိန်လင်းနေပြီး မရေမတွက်နိုင်သော မီးပုံးများသည် တဆက်တည်း ချိတ်ဆက်ထားသဖြင့် တွန့်လိမ်ကောက်ကွေးနေသော နဂါးကြီးတစ်ကောင်က နန်းတော်တံခါးဝအထိ ရှည်လျားစွာ ဖြန့်ကျက်ထားသကဲ့သို့ပင်။

အားချန်သည် စိတ်မရှည်စွာဖြင့် ပိုင်ရှိုးမင်ကိုဆွဲကာ ထျန်းကျယ် လမ်းမကြီးပေါ်သို့ ဝင်ရောက်လာခဲ့၏။ လမ်းဘေးဝဲယာတွင် လမ်းဘေးပဟေဠိဖြေဆိုသူများ မုန့်မျိုးစုံရောင်းချသူများ မျက်လှည့်ပြသူများနှင့် ပြဇာတ်ကသူများ ရှိနေကြသည်။

သူမသည် ဒီလိုခမ်းနားကြီးကျယ် လှသော ပွဲတော်မျိုးကို တစ်ခါမှ မပါဝင်ခဲ့ဖူးသဖြင့် မြင်ကွင်း၏ လွှမ်းမိုးခြင်း ခံလိုက်ရပြီး ဆိုင်တိုင်းသို့ ဝင်ရောက်ကြည့်ရှု ချင်နေမိလေသည်။

အကယ်၍ ပိုင်ရှိုးမင်က သူမ၏လက်ကို ဆွဲမထားခဲ့လျှင် ထျန်းကျယ် လမ်းမကြီးပေါ်သို့ ရောက်သည်နှင့် သူက ပျောက်သွားလောက် ပေသည်။ "ဒီကမီးပုံးတွေ အကုန်လုံးကလှလိုက်တာ" အားချန်၏ အကြည့်များသည် မီးပုံးများအပြည့် ချိတ်ဆွဲထားသော ဆိုင်ခန်းများပေါ်သို့ တစ်ခုပြီးတစ်ခု ရောက်ရှိသွားပြီး မျက်လုံးထဲတွင် တောက်ပသော မီးရောင်များဖြင့် ပြည့်နှက်နေတော့၏။

"ဘယ်မီးပုံးလိုချင်လဲ"

"အင်း ..." သူမက ရွေးချယ်ရ ခက်နေချိန်မှာပင် လူငယ်စုံတွဲလေး တစ်တွဲသည် သားလေးတစ်ယောက်ကို ချီပိုးထားပြီး ထိုကလေးငယ်၏ လက်ထဲတွင်လည်း ငါးမီးပုံးလေးတစ်လုံး ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရ၏။

ထိုငါးမီးပုံးသည် ဖောင်းဖောင်းအစ်အစ်ကလေးနှင့် အလွန်ချစ်စရာ ကောင်းနေသည်။ အားချန်က ပိုင်ရှိုးမင်၏လက်ကို ဆွဲထားလိုက်ပြီး သူတို့ကိုတိတ်တိတ်လေး လက်ညှိုးထိုးပြကာ ပြောလိုက်၏။ "အဲဒါလိုချင်တယ်"

ပိုင်ရှိုးမင်သည် ငါးမီးပုံးကို ကိုင်ဆောင်ထားသော သုံးနှစ်ပင်မပြည့်သေးသည့် ကလေးငယ်လေးကိုကြည့်ပြီး ခဏလောက် နှုတ်ဆိတ်သွားတော့၏။

သူက အားချန်ကို ငုံ့ကြည့်လိုက်သည်တွင် သူမ၏မျက်လုံးများက တောက်ပနေကာ သူ့ကိုမျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရတော့သည်။

မတတ်သာတော့ဘဲ သူက ရယ်မောကာ စကားပြောနေကြသည့် ဇနီးမောင်နှံ နှစ်ဦးဆီသို့သွားရောက်ကာ တားဆီးလိုက်ရတော့၏။

ပိုင်ရှိုးမင်က လျှောက်လာသည်တွင် ထိုဇနီးမောင်နှံ နှစ်ဦးသည်လည်း ခြေလှမ်းများကိုရပ်တန့်လိုက်ပြီး အမျိုးသားဖြစ်သူက မေးလိုက်လေသည်။ "လူကြီးမင်း ဘာကိစ္စရှိလို့ပါလဲ"

"အားနာပါတယ် ခင်ဗျာ။ အနှောင့်အယှက် ပေးမိပါပြီ" ပိုင်ရှိုးမင်၏လေသံက နူးညံ့လို့နေသည်။

"ဒီငါးမီးပုံးကို ဘယ်နေရာက ရခဲ့သလဲဆိုတာ ပြောပြပေးလို့ရမလား"

သူက မီးပုံးရရှိသည့်နေရာကို မေးမြန်းရုံသက်သက် ဖြစ်သည်ကို တွေ့လိုက်ရသဖြင့် ထိုအမျိုးသားကလည်း အနောက်ဘက်ကို ညွှန်ပြပြီးပြောလိုက်၏။ "ရှေ့ကိုမီတာ တစ်ရာလောက် ဆက်သွားလိုက်ရင် မြှားပစ်ကစားတဲ့ဆိုင်တစ်ဆိုင်ရှိတယ်။ အဲဒီဆိုင်မှာ ငါးမီးပုံးတွေ အများကြီး ချိတ်ဆွဲထားတယ်။ သတ်မှတ်ချက်အတိုင်း ပစ်နိုင်ရင် မီးပုံးတစ်လုံး ယူသွားလို့ရတယ်"

"ကျေးဇူးတင်ပါတယ်"

ထိုလူနှစ်ဦးကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ပိုင်ရှိုးမင်သည် အားချန်ကို ဆွဲကာ ရှေ့သို့ဆက်လျှောက် သွားခဲ့လေသည်။

အားချန်က သူစကားပြောသည့်ပုံစံကို တမင်တကာ အတုခိုးပြီးပြောလိုက်၏။ "အားနာပါတယ်ခင်ဗျာ အနှောင့်အယှက် ပေးမိပါပြီ ... ပိုင်လူကြီးမင်း ရှင်ကျွန်မကို စကားပြောတုန်းက ဒီလောက်ယဉ်ကျေးတာ တစ်ခါမှ မတွေ့ဖူးပါဘူး"

"ဒါဆိုရင် ဒီအရာရှိက နောက်တစ်ခါ သတိထားလိုက်မယ်လေ"

"ဟွန့်"

မီတာတစ်ရာပင် မပြည့်သော အကွာအဝေးသို့ နှစ်ယောက်သားသည် ၁၅မိနစ်ကြာအောင်ပင် လမ်းလျှောက်ခဲ့ရသည်။ အဓိကအကြောင်းအရင်းမှာ အားချန်သည် အလွယ်တကူ ဆွဲဆောင်ခံ လိုက်ရခြင်းကြောင့်ပင်။

မြှားပစ်ကစားသည့် ဆိုင်ခန်းရှေ့သို့ ရောက်လာသည့်အခါ လူအများအပြားစုဝေးနေသည်ကို တွေ့လိုက်ရလေသည်။

အားချန်က ပိုင်ရှိုးမင်ကို လမ်းဖွင့်ခိုင်းလိုက်ပြီး နောက်ဆုံးတွင်တော့ နေရာကောင်းလေးတစ်ခု ရယူနိုင်ခဲ့ကာ သူ့လက်မောင်းအောက်က တိုးထွက်လာခဲ့သည်။

ဒီဆိုင်ခန်းသည် အလွန်ကျယ်ဝန်းပြီး အပြင်ဘက်ဆုံးတွင် ဖဲကြိုးရောင်စုံများဖြင့် တားဆီးထားကာ အရွယ်အစား အမျိုးမျိုးရှိသည့် မြှားထည့်အိုးများကို မြေကြီးပေါ်တွင် စနစ်တကျ စီတန်းထားလေသည်။ အိုးတိုင်း၏အပေါ်ဘက်တွင် ငါးမီးပုံးတစ်လုံးစီ ချိတ်ဆွဲထား၏။

ခုနက အားချန် သဘောကျသွားသော ငါးမီးပုံးသည် ဒုတိယတန်းတွင် ရှိသော်ငြားလည်း ယခုအခါသူမသည် ထိုဖောင်းအစ်အစ် ငါမီးပုံးလေးကို သဘကျတော့ချေ။

သူမသည်နောက်ဆုံးအိုး၏ အပေါ်ဘက်တွင် ချိတ်ဆွဲထားသည့် ငါးမီးပုံးကို တစ်ချက်တည်းပင် သဘောကျသွားတော့၏။ ထိုမီးပုံးသည် ငါးနှစ်ကောင် ပုလဲကစားနေသော ပုံဖြစ်ပြီး သူမယခင်ကဝယ်ယူခဲ့သော ငါးနှစ်ကောင် ကျောက်စိမ်းပြားနှင့်လည်း ပုံစံတူနေသည်။ ငါးနှစ်ကောင်သည် အထက်အောက် ဇောက်ထိုးအနေအထားဖြင့် ရှိနေပြီး အသက်ဝင်လှပကာ အလယ်ကပုလဲလုံးကလည်း လည်ပတ်နိုင်သေးသည်။

"ပိုင်ရှိုးမင် ကျွန်မ အဲ့ဒါကို လိုချင်တယ်".အားချန်က ငါးနှစ်ကောင် မီးပုံးကို လက်ညှိုးထိုးပြလိုက်ပြီး မျက်လုံးထဲတွင် ကျွန်မလိုချင်တယ်နော်ဟူသည့် စာလုံးကိုရေးထိုး ထားသလိုပင်။

ဆိုင်ရှင်သည် အားချန်၏ စကားကိုကြားလိုက်ရသဖြင့် ပြုံးရယ်ကာ လျှောက်လာပြီး သူတို့နှစ်ယောက်ကို ပြောလိုက်၏။ "မိန်းကလေး အဲဒီငါးနှစ်ကောင်ကစားနေတဲ့ မီးပုံးကို ရယူဖို့ နည်းနည်းတော့ခက်တယ်နော်"

"ဆိုင်ရှင်က ပြောပြပါဦး" ဘာပဲဖြစ်ဖြစ် ငါကဒီည ဒီမီးပုံးကိုရမှဖြစ်မယ်။

"လူနှစ်ယောက် ပြိုင်တူပစ်ရမှာဖြစ်ပြီး သစ်သားမြှားတံကို အိုးနားရွက်နှစ်ဖက်ထဲဝင် အောင်ပစ်ရမှာ ဒါဆိုရင် ဒီမီးပုံးက မင်းတို့နှစ်ယောက် ပိုင်ဆိုင်သွားပြီ"

စည်းကမ်းချက်များကို ရှင်းပြပြီးနောက် ဆိုင်ရှင်က ထပ်ပြောလိုက်၏။ "ဪ ... ဟုတ်သားပဲ။ သစ်သားမြှားတံတစ်ချောင်းကို ဝမ် နှစ်ပြား ပေးရမယ်။ တစ်ယောက်ကို အများဆုံး ဆယ်ချောင်းပဲ ပစ်ခွင့်ရှိတယ်။ မိန်းကလေးနဲ့ ဒီကသခင်လေးတို့ စမ်းကြည့်မလား"

ပိုင်ရှိုးမင်ကတော့ မကန့်ကွက်ချေ။ အားချန်သည် အိုးနှင့်သူမကြားက အကွာအဝေးကို မျက်လုံးဖြင့် တိုင်းတာကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်လေသည်။ "သူ့ကိုတစ်ချောင်းပေးလိုက် ကျွန်မကိုဆယ်ချောင်းပေး"

ဆိုင်ရှင်သည်သစ်သားမြှားတံ ၁၁ချောင်း ရေတွက်ပေးလိုက်ရာ ပိုင်ရှိုးမင်က လက်ခံယူလိုက်ပြီး အားချန်ကို တစ်ချောင်းပေးလိုက်၏။

ပထမသုံးချောင်းသည် အိုးကိုပင်မထိဘဲ လေးချောင်းရောက်မြောက်မှ သစ်သားမြှားတံသည် အိုးထဲသို့ကျရောက် သွားလေသည်။

သို့သော် အိုး၏အဝက ကျယ်နေသော်ငြားလည်း ဘေးနှစ်ဖက်က နားရွက်များကတော့ အလွန်သေးနေပြီး သစ်သားမြှားတံထက် အနည်းငယ်သာ ပိုကြီးလေသည်။

ထိုနောက် အားချန်သည် ငါးချောင်းဆက်တိုက် ပစ်လိုက်သော်ငြားလည်း တစ်ချောင်းသာ ဘယ်ဘက်နားရွက်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ယခုအချိန်တွင်တော့ ပိုင်ရှိုးမင်၏လက်ထဲတွင် သစ်သားမြှားတံ နှစ်ချောင်းသာ ကျန်ရစ်တော့ပြီး တစ်ချောင်းမှာ သူပစ်ရမည့် တစ်ချောင်းဖြစ်လေသည်။

အားချန်က စမ်းသပ်ပစ်ခတ်နေစဉ် လူအများအပြားကလည်း ဘေးမှရပ်ကြည့်နေကြပြီး တချို့က သူမသည်မြှားပစ်ရာတွင် အရည်အချင်းရှိကြောင်း တိုးတိုးလေး ပြောဆိုနေကြ၏။ ဒါသည် နောက်ဆုံး အခွင့်အရေးဖြစ်ပြီး ထိုငါးနှစ်ကောင်မီးပုံးကို ယူဆောင်နိုင်သွားမလားဆိုတာကိုတော့ သူတို့လည်းသိချင်နေကြလေသည်။

"ဘယ်လိုလဲ" ပိုင်ရှိုးမင်းက ကိုယ်ကိုကိုင်းကာ အားချန်၏ နား နားသို့ကပ်ကာ မေးလိုက်၏။

အားချန်က သူမ၏လက်ကို ပင့်တင်လိုက်ပြီး အားမာန်အပြည့်ဖြင့် ပြောလိုက်တော့သည်။ "ဒီနေ့ည ဒီမီးပုံးက ကျွန်မအပိုင်ပဲ ဖြစ်ရမယ်"

ပိုင်ရှိုးမင်းကတော့ သူမကို စနောက်လိုက်ကာ "တကယ်လို့မရရင် ဘယ်လိုလုပ်မလဲ"

အားချန်က သူ့လက်ထဲက သူမအတွက် ကျန်နေသည့် သစ်သားမြှားတံကို ယူလိုက်ပြီး ခေါင်းလေးကို စောင်းကာ သူ့နားကပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ဒါဆိုရင် ရှင်က ဆိုင်ရှင်ကို ဖမ်းချုပ်ထားလိုက်။ ငါးမီးပုံး အလုံးတစ်ရာ မပြည့်မချင်း သူ့ကို ပြန်မလွှတ်နဲ့"

ပိုင်ရှိုးမင်းက ရယ်မောလိုက်တော့၏။ "စဉ်းစားပေးလို့ရနိုင်ပါတယ်"

ထို့နောက်သူကပြုံးကာ မေးလိုက်လေသည်။ "ဘယ်ဘက်လား။ ညာဘက်လား"

ကျွန်မက ညာဘက်။ ရှင်က ဘယ်ဘက်" အားချန် ခုနက ပစ်သွင်းနိုင်ခဲ့သည့် တစ်ခုမှာ ညာဘက်နားရွက် ဖြစ်လေသည်။ ပိုင်ရှိုးမင်က ပစ်သွင်းနိုင်မလား ဆိုသည်ကတော့ သူမက စိတ်ပူစရာမလိုပေ။

နှစ်ယောက်သား သစ်သားမြှားတံကို ပြိုင်တူကောက်ကိုင်လိုက်ကြ၏။ အချက်ပြ စကားမပြောသော်လည်း အားချန်လက်ထဲက သစ်သားမြှားတံသည် အရင်ဆုံး ထွက်ခွာသွားပြီး ပိုင်ရှိုးမင်လက်ထဲက သစ်သားမြှားတံက ထွက်ခွာလာခဲ့၏။

ထိုမြင်ကွင်းကို ကြည့်နေကြသည့် ပရိသတ်များသည် နှမြောစရာကောင်းလိုက်တာဟု တသသပြောဆို နေကြသော်ငြားလည်း နောက်ဆုံးသစ်သား မြှားတံနှစ်ချောင်းသည် အိုးနားရွက်နှစ်ဖက်ထဲသို့ ပြိုင်တူဝင်ရောက်သွားခဲ့လေသည်။

ပွဲကြည့်ပရိသတ်များမှာ ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားပြီး ပတ်ဝန်းကျင်တွင် ကြီးမားသည့် အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

ဆိုင်ရှင်သည် အပြေးလေးသွားပြီး အိုးကိုတစ်ပတ် ပတ်ကြည့်လိုက်ကာ ပြုံးရွှင်စွာဖြင့် ကြေညာလိုက်လေသည်။ "ဒီထူးခြားတဲ့ ငါးနှစ်ကောင် ပုလဲကစားနေတဲ့ မီးပုံးက အခုတော့ ဒီမိန်းကလေး ပိုင်ဆိုင်သွားပါပြီ"

ထပ်ပြီး အော်ဟစ် အားပေးသံများ ထွက်ပေါ်လာပြန်သည်။

ဆိုင်ရှင်သည် မီးပုံးကို ဖြုတ်ယူလိုက်ပြီး ရှေ့သို့တိုးလာကာ အားချန်ကို ပေးလိုက်တော့သည်။

အားချန်က ငါးမီးပုံးကို လက်ခံယူလိုက်ပြီး အနီးကပ် ကြည့်ရှုလိုက်ကာ ကြည့်လေလက်ရာမြောက်လေ ခံစားနေရ၏။

သူမက ပိုင်ရှိုးမင်၏ ဘေးနားကို မှီထားလိုက်ပြီး ငါးမီးပုံလေးကို မြှောက်ကာ သူ့ကိုပြသလိုက်လေသည်။ "ကြည့်ပါအုန်း။ ကျွန်မတို့ဆီက ကျောက်စိမ်းပြားနဲ့ အတူတူပဲ"

"မင်းပေးတဲ့ ကျောက်စိမ်းပြားက ပိုလှပါတယ်"

ထိုစကားကိုတော့ အားချန်တစ်ယောက် သဘောကျသွားမိသည်။ သူမသည် ဆိုင်ရှင်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး သူမ၏ ဆုလက်ဆောင်ကို ကိုင်ဆောင်ကာ ပိုင်ရှိုးမင်နှင့်အတူ ဆိုင်ထဲကထွက်ခွာ လာတော့သည်။

ခရီးအနည်းငယ် ဆက်လျှောက်လာပြီးနောက် လူအများအပြား မီးပုံးပျံလွှတ်ကာ ဆုတောင်းနေကြသည်ကို အားချန်တစ်ယောက် တွေ့လိုက်ရပြန်သည်။ မီးပုံးပျံများသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ညကောင်းကင်တခုလုံး လင်းထိန်သွားစေတော့၏။

သူမက ပိုင်ရှိုးမင်ကို ဆွဲကာ မီးပုံးပျံရောင်းသည့်ဆိုင်ခန်းရှေ့သို့ သွားရောက်ပြီး မီးပုံးပျံနှစ်လုံး ဝယ်ယူလိုက်ပြန်သည်။

မီးပုံးပျံနှစ်လုံးကို မီးညှိလိုက်ပြီးနောက်တွင် ကောင်းကင်ယံသို့ ဖြည်းညင်းစွာ ပျံတက်သွားကာ အားချန်ကလည်း လက်အုပ်ချီလိုက်ပြီး ပါးစပ်ကလည်း တိုးတိုးလေး ရေရွတ်လိုက်၏။ "လာမယ့်နှစ်မှာ စီးပွားရေး ကောင်းပါစေလို့ ဆုတောင်းရမလား။ ဒါက မဖြစ်နိုင်ဘူး ပင်ပန်းလွန်းတယ်။ အရာရာအဆင်ပြေ ချောမွေ့ပါစေလို့ပဲ ဆုတောင်းလိုက်ပါ့မယ်"

ဆုတောင်းပြီးသည့်နောက် အားချန်က ပိုင်ရှိုးမင်အနားသို့ ကပ်သွားပြီး မေးလိုက်၏။ "ရှင် ဘာဆုတောင်းလိုက်လဲ"

"မင်း လာမယ့်နှစ်မှာ စီးပွားရေး ကောင်းပါစေလို့ ဆုတောင်းလိုက်တယ်"

"ဒီဆုတောင်းကို ထည့်မတွက်ဘူး။ ရှင် နောက်တစ်မျိုး ပြောင်းလိုက်"

"မပြောင်းဘူး"

အားချန်က ပိုင်ရှိုးမင်၏ လက်မောင်းကို ဆွဲကိုင်ကာ ဆုတောင်းပြောင်းခိုင်း နေစဉ်မှာပင် ပတ်ဝန်းကျင်တွင် မီးပုံးပျံများ အများအပြား ကောင်းကင်ယံသို့ ပျံတက်သွားကြလေသည်။

သူမသည် မော့ကြည့်လိုက်သည်တွင် ဒီလောက်လှပသည့် ရှုခင်းကြောင့် မျက်စိကျိန်းသွားသလို ခံစားလိုက်ရတော့၏။

သူမက သဘောကျနေသည်ကို မြင်လိုက်ရသောအခါ ပိုင်ရှိုးမင်သည် မလှမ်းမကမ်းရှိ နန်းတော်ကို လှမ်းကြည့်လိုက်ပြီး သူမကို ပြောလိုက်လေသည်။ "သွားကြမယ်။ မင်းကို နေရာတစ်ခု ခေါ်သွားမယ်"

"ဘယ်နေရာလဲ" အားချန်၏ အာရုံသည် သူ့ဘက်သို့ရောက်လာပြီး သိလိုစိတ်ဖြင့် မေးလိုက်၏။

"အမြင့်ကိုတက်ပြီး အဝေးကို လှမ်းမျှော်ကြည့်မယ်။ အမြင့်ကနေ ရှုခင်းကို သွားကြည့်ကြမယ်"

အားချန်က ချက်ချင်း စိတ်ဝင်စားသွားပြီး ခေါင်းကိုလှည့်လာကာ သူ့ကို မေးလိုက်တော့သည်။ "ထုံထျန်း မျှော်စင်လား"

"အိပ်မက်မက်နေလိုက်။ ဒီနေ့ည ထုံထျန်းမျှော်စင်ပေါ်ကို နက္ခတ်ဗေဒဌာနက လူတွေပဲ တက်ခွင့်ရှိတာ"

"သူတို့က အပေါ်မှာ ဘာလုပ်ကြတာလဲ" အားချန်သည် ပိုင်ရှိုးမင်၏နောက်က လိုက်ပါသွားရင်း မေးလိုက်လေသည်။

"တိုင်းပြည်ရဲ့ ကံကြမ္မာကို ဟောကိန်းထုတ်ပြီး ပြည်သူပြည်သား တွေအတွက် ဆုတောင်းပေးကြတာလေ"

အားချန်သည် ထုံထျန်းမျှော်စင် ရှိရာဘက်သို့ လှမ်းကြည့်လိုက်မိ၏။ "အဲဒီလောက် ထင်ရှားတဲ့ နေရာမှာဟောကိန်း ထုတ်နေတာ တစ်ယောက်ယောက်က အခမ်းအနားကို လာဖျက်ဆီးမှာ မကြောက်ဘူးလား"

"ပုံမှန်အားဖြင့်တော့ ဒီနေ့မှာ ရှန့်ကျင်းကို လာပြီး သေလမ်းရှာရဲတဲ့သူ မရှိပါဘူး"

ပိုင်ရှိုးမင်၏စကားက အားချန်ကို မိမိကိုယ်ကို ပြန်သတိရ စေမိတော့သည်။

သူမသည် နေ့ကောင်းရက်သာ ရွေးချယ်ပြီး ရှန့်ကျင်းသို့ရောက်လာကာ သေလမ်းရှာခဲ့သူဖြစ်ပြီး သူနှင့်တည့်တည့်တိုး ခဲ့ခြင်းဖြစ်လေသည်။ စကားပြောနေရင်းနှင့် သူတို့နှစ်ယောက်သည် နန်းတော်အောက်သို့ ရောက်ရှိလာခဲ့ပြီး ယခုအချိန်တွင်တော့ မြို့ရိုးပေါ်က အနီရောင်မီးပုံးများ အများအပြား ချိတ်ဆွဲထားသည်။

ယနေ့နန်းတော်ထဲတွင် ရှန့်ယွမ်နန်းတွင်းစားသောက်ပွဲကို ကျင်းပနေသဖြင့် ယခုအချိန်ထိ နန်းတော်တံခါးက ပွင့်နေဆဲပင်။

ယနေ့နန်းတော်တံခါးဝတွင် တာဝန်ကျနေသော အစောင့်တပ်သားများသည် လူလာနေသည်ကို မြင်ရသောအခါ အစပိုင်းတွင် သတိထား နေကြသော်ငြားလည်း လာသူ၏ရုပ်ရည်သွင်ပြင်ကို မြင်လိုက်ရသောအခါမှ စိတ်အေးသွားကြတော့သည်။

တပ်မှူးသည် ရှေ့သို့တိုးလာပြီး ရိုသေစွာ မေးမြန်းလိုက်၏။ "ပိုင်လူကြီးမင်း နန်းတော်ထဲဝင်မလို့လား"

"မြို့ရိုးပေါ် တက်မလို့ပါ။ ကျေးဇူးပြုပြီးတော့ ခွင့်ပြုပေးပါ"

ထိုတပ်မှူးသည် စိတ်အေးသွားလေ၏။ မြို့ရိုးပေါ်တက်ရုံ သက်သက်ပဲကိုး။ သူက လူခေါ်ပြီး နန်းတော်ထဲ ဝင်မလို့များလားလို့ ထင်နေတာ။ ဒီလူနဲ့သူက အလွယ်တကူ ရန်မဖြစ်ရဲပါဘူး။

"ကြွပါခင်ဗျာ"

"ကျေးဇူးတင်ပါတယ်" တစ်ဖက်လူကို ကျေးဇူးတင်စကား ပြောပြီးနောက် ပိုင်ရှိုးမင်သည်အားချန်ကို ခေါ်ဆောင်ကာ နန်းမြို့ရိုးပေါ်သို့ တက်သွားခဲ့လေသည်။

မြင့်မားလှသည့် မြို့ရိုးပေါ်တွင်ရပ်ကာ ငုံ့ကြည့်လိုက်လျှင် ခြေထောက်အောက်တွင် နန်းတော်နှင့် မျက်နှာချင်းဆိုင်နေသော ထျန်းကျယ်လမ်းမ ရှိနေလေသည်။ ထျန်းကျယ် လမ်းမကြီးပေါ်တွင် လူများပြည့်နှက်နေပြီး မီးရောင်များ ထိန်းလင်းနေ၏။ လမ်းမကြီးတိုင်းသည် နဂါးတစ်ကောင် ဝပ်တွားနေသကဲ့သို့ နန်းတော်ကို ကာကွယ် ထားလေသည်။

ထျန်းကျယ် လမ်းမပေါ်က မီးပုံးပျံအများအပြား ကောင်းကင်ယံသို့ ပျံတက်လာပြီး လေထဲသို့ ရောက်ရှိသွားသောအခါ လူသားတို့ကိုယ်ပိုင် ဖန်တီးထားသော ကြယ်တာရာများအလားပင်။

အားချန်သည် ယခုအခါတွင် ကြယ်တာရာများ၏ တစ်ဖက်ကမ်းတွင် ရပ်နေသလိုဖြစ်နေပြီး တောက်ပလှသော မီးရောင်များ ဝန်းရံထားကာ ထိုမီးပုံးပျံများကို လက်လှမ်းမှီ နိုင်သလို ခံစားနေရတော့သည်။

"တကယ်လှလိုက်တာ" အားချန်က တိုးတိုးညင်းညင်း ရေရွတ်လိုက်၏။

သူမ ချင်းယွီတောင်တွင် မြင်တွေ့ခဲ့ရသော ညရှုခင်းထက်ပိုလှသလို မြောက်ပိုင်းလွင်ပြင်တွင် ရှိစဉ်က အဝေးမှ လှမ်းမြင်ခဲ့ရသော မီးပုံပွဲတော်ထက်လည်း ပိုပြီးခမ်းနား ထည်ဝါလှသည်။ ဒါသည် သာ့ရှပြည်၏ လူနေမှု ဘဝအငွေ့အသက်များပင်။

ခဏလောက် ငြိမ်သက်စွာ ကြည့်ရှုခံစားပြီးနောက် အားချန်သည် မနေနိုင်တော့ဘဲ ဘေးကလူကို ပြောလိုက်တော့သည်။ "လူတွေက ကောင်းကင်ဘုံကို ဆုတောင်းတွေ အများကြီး ပြုလုပ်ထားကြတာ။ ကျွန်မရဲ့ဆုတောင်းက ဘယ်လောက်ကြာကြာ တန်းစီရမလဲ မသိဘူး"

ပိုင်ရှိုးမင်က ပြုံးလိုက်မိ၏။ သူက လက်ကိုမြှောက်လိုက်ရာ လက်ချောင်းကြားများတွင် အလင်းရောင်များ လက်ခနဲဖြစ်သွားပြီး မီးပုံးတစ်လုံးသည် အဝေးမှ သူတို့ဆီသို့ ပျံသန်းလာကာ နောက်ဆုံးတွင်တော့ အားချန်၏ရှေ့တွင် ရပ်တန့်သွားတော့သည်။

အားချန်က ထိုမီးပုံးပြန်ကို ငေးကြောင်ကြောင်လေး ကြည့်နေပြီးမှ ပိုင်ရှိုးမင်ကို လှည့်ကြည့်လိုက်မိ၏။

ပိုင်ရှိုးမင်က သူမကို ပြောလိုက်လေသည်။ "ကိုယ်တို့တွေ ကြားဖြတ်လို့ရတယ်"

သူသည် အားချန်၏နောက်သို့ လျှောက်သွားလိုက်ပြီး သူမှလက်ကို ဆုပ်ကိုင်လိုက်၏။ သူ့လက်ညိုးနှင့် အားချန်၏ လက်ညှိုးတို့သည် ထပ်နေပြီး သူတို့သည် မီးပုံးပျံပေါ်တွင် အားချန်၏ နာမည်ကို ရေးသားလိုက်ကြကာ အရာရာအဆင်ပြေ ချောမွေ့ပါစေဟု ရေးသားလိုက်ကြလေသည်။

"အားချန် အရာရာ အဆင်ပြေ ချောမွေ့ပါစေ" ဟူသောအလင်းရောင် တောက်ပသည့် စာလုံးကိုးလုံးသည် မီးပုံးပျံပေါ်တွင် ထင်ရှားစွာပေါ်လွင်နေပြီး ပိုင်ရှိုးမင်၏လက်က မီးပုံးပျံကို ညင်သာစွာ တွန်းလိုက်ရာ မီးပုံးပျံသည် အပေါ်သို့ တည့်တည့်မတ်မတ် ပျံတက်သွားတော့သည်။ ပိုပြီးမြင့်မားစွာ ပျံတက်သွားပြီးနောက် ရုတ်တရက် ကောင်းကင်ယံတွင် ရွှေရောင် အလင်းတန်းလေး လက်ခနဲဖြစ်သွားကာ ရှုပ်ထွေးနေသော အစီအရင် ရုပ်ပုံလွှာတစ်ခု၏ အစိတ်အပိုင်း ပေါ်ထွက်လာပြီးနောက် မီးပုံးပျံမှာ ပျောက်ကွယ် သွားခဲ့လေသည်။

"အဲဒါကဘာလဲ" အားချန်က အံ့သြသွားတော့သည်။

"အဲဒါက ဆုတောင်းပြည့်တဲ့ ရုပ်ပုံလွှာပဲ"

"ရှင်က ရုပ်ပုံလွှာထဲမှာ ကျွန်မနာမည်ကို ထည့်လိုက်တာလား"

အားချန်သည် ဘာမှနားမလည်သူ မဟုတ်ပေ။ ရုပ်ပုံလွှာသည် ကြီးမားသော စွမ်းအင်ပါဝင်ပြီး အလွယ်တကူ ပြောင်းလွဲလို့ မရနိုင်ပေ။ ပိုင်ရှိုးမင်း၏ ပေါ့ပါးသော တွန်းအားတစ်ခုသည် ကြီးမားလှသည့် စိတ်စွမ်းအင်ကို ပေးဆပ်လိုက်ရခြင်းပင်။

သူမ၏စကား တစ်ခွန်းတည်း ကြောင့်ပင်။

အားချန်သည် ကိုယ်ကိုလှည့်လိုက်ပြီး အနီးအနားတွင် ရှိနေသည့် အမျိုးသားကို မော့ကြည့်ကာ အလေးအနက် မေးလိုက်၏။ "ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ"

"မင်းက မကြိုက်လို့လား" ပိုင်ရှိုးမင်က ပြန်မေးလိုက်လေသည်။

"ကြိုက်တယ်" အားချန်ကလည်း တွန့်ဆုတ်မနေဘဲ ပြောလိုက်သော်ငြား သူမ၏မေးခွန်းကိုတော့ မမေ့သေးချေ။ "ရှင် ကျွန်မကို မဖြေရသေးဘူးလေ။ ဘာဖြစ်လို့ဒီလို လုပ်ရတာလဲ"

ပိုင်ရှိုးမင်သည် သူမကို စိုက်ကြည့်နေပြီး အသံကလည်း တိုးညင်း နူးညံ့နေကာ ရှင်းမပြတတ်အောင် ချစ်မြတ်နိုးမှုများ ပါဝင်နေတော့သည်။ "မင်း ကြိုက်လို့လေ။ ပြီးတော့ ... ကိုယ်က မင်းကို သဘောကျလို့"

အားချန်၏ ရှည်လျားလှသော မျက်တောင်လေးများမှာ တုန်ခါသွားတော့၏။ ထိုအခိုက်အတန့်တွင် သူမ၏ နှလုံးသား ပင်လယ်ထဲသို့ မိုးရေစက်များ ကျဆင်းလာသလို ခံစားလိုက်ရပြီး လှိုင်းဂယက်များ တစ်ခုပြီးတစ်ခုထလာကာ နောက်ဆုံးတွင်တော့ ကြီးမားသည့်လှိုင်းလုံးကြီးများက သူမကို လုံးဝလွှမ်းမိုးသွားတော့သည်။

"အားချန်က ကိုယ့်ကို သဘောကျရဲ့လား" သူက မေးလာ၏။

အားချန် ပြန်မဖြေနိုင်ခဲ့ချေ။ သူမသည် ခြေဖျားထောက်လိုက်ပြီး နူးညံ့သော နှုတ်ခမ်းလေးဖြင့် သူ့နှုတ်ခမ်းပါးလေးကို ဖွဖွလေးထိတွေ့ လိုက်တော့သည်။ ပိုင်ရှိုးမင်မှာ ရုတ်တရက် တောင့်တင်းသွားပြီး လည်ချောင်းဝက အထက်အောက် လှုပ်ရှားသွားတော့၏။

ဘာမှ မခံစားရသလိုပဲ။ အားချန်မှာ သံသယဖြင့် မျက်တောင် ခတ်လိုက်မိ၏။ သူမက နောက်ဆုတ်ရန် ပြင်လိုက်စဉ်မှာပင် လက်တစ်ဖက်က သူမ၏ခါးကို ရုတ်တရက် ဆွဲဖက်ထားလိုက်တော့သည်။

ရုတ်တရက် အားသက်ရောက်မှုကြောင့် သူမတစ်ကိုယ်လုံး ပိုင်ရှိုးမင်၏ ရင်ခွင်ထဲသို့ ကျရောက်သွားပြီး သားကောင် တစ်ကောင်က ထောင်ခြောက်ထဲသို့ ကျရောက်သွားသလိုပင်။

မုဆိုးသည် ခေါင်းငုံ့လိုက်ပြီး သူ့သားကောင်ကို ဖမ်းယူလိုက်လေသည်။

ပူနွေးနွေး အသက်ရှူသံများ အပေါ်က ဖိချလာပြီး အားချန်သည် ခေါင်းမော့ထားကာ ပိုင်ရှိုးမင်၏ ပူပြင်းလှသည့် နှုတ်ခမ်းနဲ့ လျှာအထိအတွေ့ကို ငြိမ်သက်စွာ ခံယူနေလိုက်မိသည်။

သူမ၏ စည်းကမ်းတကျ ထိတွေ့မှုနှင့် လုံးဝမတူညီဘဲ သူသည် သူမ၏ နှုတ်ခမ်းလွှာကို ငုံခဲထားပြီး တစ်လက်မချင်း ပွတ်သပ်နေကာ သူတို့နှစ်ဦး၏ အသက်ရှူသံများမှာ ရောယှက်သွားသည့်အထိပင်။ အားချန်၏ ညည်းသဲ့သဲ့ အသံလေးက သူ့နားထဲသို့ ဝင်ရောက်လာသည့်အထိ သူသည် လုံးဝထိန်းချုပ်မှု ကင်းမဲ့သွားပြီး လျှာဖျားဖြင့် သူမ၏ နှုတ်ခမ်းပါးထဲသို့ တိုးဝင်ကာ အငမ်းမရ နမ်းရှုပ်နေလေတော့သည်။

ပိုင်ရှိုးမင်သည် လက်တစ်ဖက်ဖြင့် သူမ၏ခါးကိုဖက်ထားပြီး ကျန်သည့် လက်တစ်ဖက်ဖြင့် သူမ၏လည်ပင်း အနောက်ဘက်ကို ဖိထားကာ လက်ချောင်းများဖြင့် သူမ၏နူးညံ့သော အသားအရေပေါ်တွင် ဖွဖွလေး ပွတ်သပ်လို့နေ၏။

အားချန်၏ လက်များသည် သူ့ရင်ဘတ်ပေါ်တွင် တင်ထားပြီး သူအင်္ကျီစကို ဆုပ်ကိုင်ထားရာမှ ဖြည်းဖြည်းချင်း လျော့ရဲသွားတော့သည်။ သူမ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရဘဲ တုန်ယင်နေပြီး ခြေလက်များက အားအင်ကုန်ခမ်းနေကာ နှလုံးကသာ ရင်ဘတ်ထဲက ခုန်ထွက်လာ တော့မည့်အလား ပြင်းထန်စွာ ခုန်နေတော့သည်။

အချိန်အတော်ကြာမှာ ပိုင်ရှိုးမင်သည် နောက်ဆုံးတော့ အနည်းငယ် နောက်ဆုတ်သွားပြီး သူတို့နှစ်ဦး၏ လျှာဖျားကြားက ငွေရောင်ကြိုးမျှင် တန်းလေးတစ်ခု ချိတ်ဆက်နေသည်ကို အားချန်တစ်ယောက် မြင်လိုက်ရမှ တစ်ကိုယ်လုံး ထူပူသွားသလို ခံစားလိုက်ရတော့သည်။

ပိုင်ရှိုးမင်း၏ နဖူးသည် သူမ၏နဖူးကို ထိကပ်ထားပြီး နှာခေါင်းချင်း ထိထားလိုက်ကြကာ အားချန်သည် သူ၏ ပြင်းထန်လှသည့် အသက်ရှူသံကို ကြားနေရပြီး လက်အောက်တွင်သူ၏ စည်းချက်လွတ်နေသော နှလုံးခုန်သံလေးကို ထိတွေ့နေရလေသည်။

သူက နောက်တစ်ကြိမ် ထပ်မေးလိုက်ပြန်သည်။ အသံကတော့ ရှတလို့နေ၏။ "အားချန် ကိုယ့်ကို သဘောကျရဲ့လား"

"ကျွန်မရဲ့သဘောကျပုံက အရမ်းတန်ဖိုးရှိတယ်။ သဘောကျမှုတွေ အများကြီးနဲ့ လဲလှယ်မှရမှာ"

ပိုင်ရှိုးမင်က ပြုံးလိုက်လေသည်။ "ကောင်းပြီ။ ကိုယ်က အားချန်ကို အများကြီး သဘောကျပေးမယ်'

"ဒါဆို ကျွန်မလည်း ရှင့်ကို သဘောကျတယ်"

ကောင်းကင်အပြည့် မီးရောင်များ အောက်တွင် ထပ်နေသော လူရိပ်နှစ်ခုသည် အချိန်အတော်ကြာသည်အထိ မခွဲခွာကြသေးချေ။

နန်းတော်ထဲတွင် ရုပ်ပုံလွှာ ပေါ်လာသည့်အခိုက်အတန့်၌ မင်ဝမ်သည် အပေါ်သို့ မော့ကြည့်လိုက်ပြီးနောက် မျက်နှာထားပြောင်းလဲသွားကာ အကြည့်လွှဲလိုက်ပြီး ခွက်ထဲကအရက်ကို ကုန်စင်အောင် မော့သောက်လိုက်တော့သည်။

"ဒီနေ့ ချင်ဟန် တာဝန်ကျတာ မဟုတ်ဘူးလား။ ပိုင်ရှိုးမင် အဲဒီကောင်လေး ဘာဖြစ်လို့ နန်းတွင်း စားတော်ပွဲကို မလာတာလဲ" အရှင်မင်းကြီးက မင်ဝမ်ကို မေးလိုက်၏။

"သူ မိန်းကလေး တစ်ယောက်နဲ့ ချိန်းထားပြီး မီးပုံးပွဲတော် သွားလည်တယ်လေ"

မီးပုံးပွဲတော် သွားလည်တယ် ဆိုသည့်စကားလုံးက ပိုင်ရှိုးမင်နှင့် ပတ်သက်လာလျှင် အရှင်မင်းကြီးအတွက် လက်ခံရ ခက်ခဲနေပေတော့သည်။

နှစ်မကုန်ခင်က ပိုင်ရှိုးမင် နန်းတော်ထဲဝင်ပြီး ဆုလာဘ်လာတောင်းတုန်းကလိုပဲ ထိတ်လန့်စရာ ကောင်းနေလေ၏။

"ဘယ်အိမ်က မိန်းကလေးမို့လို့ သူ့ကို ဒီလိုပုံစံ ဖြစ်သွားအောင် လုပ်နိုင်ရတာလဲ" အရှင်မင်းကြီးက တကယ်ကို သိချင်နေမိသည်။

သူ ထင်ထားတာက ပိုင်ရှိုးမင်လို့ အေးစက်စက်စိတ်နေသဘောထား ရှိတဲ့သူက မင်ဝမ်လိုပဲ ဘယ်သူ့ကိုမှ စိတ်မဝင်စားဘဲ နေလိမ့်မယ်လို့ပေါ့။

မင်ဝမ်၏ မျက်လုံးများမှာ နက်ရှိုင်းသွားပြီး မြို့တံခါးဘက်သို့ လှည့်ကြည့်လိုက်ကာ "သူ့ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်တဲ့သူကတော့ သာမန်အိမ်က မိန်းကလေး မဟုတ်တာ သေချာတာပေါ့"

မင်ဝမ်က ဒီလိုပြောလာမှဖြင့် အရှင်မင်းကြီးက ပိုလို့ပင် သိချင်လာတော့သည်။ "ဘယ်လောက်တောင်မှ သာမန်မဟုတ်ရတာလဲ"

"အရှင်မင်းကြီး စောင့်ကြည့် နေလိုက်ပါ" မင်ဝမ်သည် အကြည့်လွှဲထားလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ "နောက်ပိုင်းကျရင် ဒီကောင်လေး ဒုက္ခရောက်စရာတွေ ရှိသေးတယ်။ ဒီအချိန်ကျရင် အရှင်မင်းကြီး သူ့ကို စိတ်ရှိတိုင်း လှောင်ပြောင်လို့ရပြီ"

မြို့ရိုးပေါ်တွင် အားချန်သည် ပိုင်ရှိုးမင်၏ ရင်ခွင်ထဲတွင် ပျင်းရိစွာ မှီတွယ်နေလေသည်။

"ဘာတွေ တွေးနေတာလဲ" ပိုင်ရှိုးမင်က မေးလိုက်၏။

"မနှစ်တုန်းက ဒီမှာ ကျွန်မ မြေအောက် အကျဉ်းထောင်ထဲ ရောက်နေတာကို တွေးနေတာ"

မနှစ်က အပြစ်ကနေ လွတ်ဖို့အတွက် ငါ့မှာ စကားတွေ အများပြောခဲ့ရတာ ဒီနှစ်လည်း မနှစ်ကထက်တော့ သိပ်မထူးခြားပါဘူး။

သူမသည် လက်ကိုမြှောက်ကာ နှုတ်ခမ်းလွှာကို ဖွဖွလေး ထိတွေ့လိုက်ရာ ယောင်ရမ်းနေသည်ကို ခံစားလိုက်ရလေသည်။ သူ့ရဲ့အပြုအမူက မကြမ်းတမ်းပေမယ့် သူက တကယ်ကို လောဘကြီးလွန်းတော့ ငါ့မှာဖြင့် တောင့်ခံဖို့ ခက်ခဲလိုက်ရတာ။

ပိုင်ရှိုးမင်၏ မျက်လုံးထဲတွင် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားတော့၏။ သူတို့ရဲ့ပထမဦးဆုံး တွေ့ဆုံမှုက သိပ်ပြီးတော့ မကောင်းမွန်ခဲ့ပါဘူး။ အဲဒီအချိန်တုန်းက သူမတစ်ကိုယ်လုံးမှာ မူမမှန်တာတွေ အများကြီးရှိနေခဲ့တာ။

သူသည် အားချန်ကို ငုံ့ကြည့်လိုက်လေသည်။ သူ့ဘက်ကကြည့်လျှင် သူမ၏သေးငယ်ပြီး ချစ်စရာကောင်းသော နားရွက်ကလေး၊ ဖြူဖွေးနေသော ယုန်မွေးကြားတွင် ဖုံးကွယ်နေသည့် သွယ်လျလျ နူးညံ့လှသည့် လည်ပင်းလေးနှင့် သူမ မော့ကြည့်လိုက်သောအခါ သူ့ပုံရိပ်သာရှိနေသော တောက်ပသည့် မျက်ဝန်းများကို မြင်တွေ့နေရလေသည်။

သူမ နည်းနည်းလေးမှ မပြောင်းလဲခဲ့ပါဘူး။ ပြောင်းလဲသွားတဲ့သူက သူသာလျှင်ပဲ။

ပိုင်ရှိုးမင်သည် သူမလက်ကို ဆုပ်ကိုင်ထားလိုက်ပြီး လက်မဖြင့်သူမ၏ နူးညံ့လှသည့် လက်ဖမိုးလေးကို ဖွဖွလေး ပွတ်သပ်ရင်း မေးလိုက်၏။ "ကိုယ့်ကို ဘယ်လို ပြန်ပေးဆပ်စေချင်တာလဲ"

"နေရာဟောင်းကို ပြန်သွားကြည့် ကြမလား"

ပိုင်ရှိုးမင်က ပြုံးလိုက်၏။ "မြေအောက်အကျဉ်းထောင်ထဲကို ဝင်ချင်လို့လား။ နေရာဟောင်းကို ပြန်သွားချင်တာလား။ ဒါမှမဟုတ် တစ်ယောက်ယောက်ကို သွားတွေ့ချင်လို့လား"

အားချန်က မျက်တောင် ခတ်ပြလိုက်ကာ “အရင်ဆုံး နေရာဟောင်းကို ပြန်သွားကြည့်မယ်။ ပြီးရင်လမ်းကြုံ တစ်ယောက်ယောက်ကို ဝင်တွေ့မယ်။ ရှင် ဘယ်လို သဘောရလဲ"

"ကိုယ်ကတော့ အဆင်ပြေမယ်လို့ မထင်ဘူး"

အားချန်သည် ချက်ချင်းဆိုသလို သူ့လက်ထဲက သူမ၏လက်ကို ရုံးထွက်လိုက်ပြီး မကျေနပ်ကြောင်းပြသသည့် အနေဖြင့် သူ့ကို တစ်ချက်ရိုက်လိုက်ကာ ဒေါသတကြီး မေးလိုက်တော့သည်။ "ရှင် ဘယ်နေရာက မဖြစ်နိုင်ဘူးလို့ ထင်တာလဲ"

"တရားခံ မဟုတ်တဲ့လူကို မြေအောက်အကျဉ်းထောင်ထဲ ခေါ်သွားတာက ကြီးမားတဲ့ တားမြစ်ချက်ပဲ။ တကယ်လို့ မင်းက မကောင်းတဲ့ရည်ရွယ်ချက် ရှိနေရင် ဘယ်လိုလုပ်မလဲ"

"ဒါဆိုရင် ရှင်က ညှိနှိုင်းပေးလိုက်လေ"

"ဘယ်လို ညှိနှိုင်းပေးရမှာလဲ" ပိုင်ရှိုးမင်သည် သူမနား နားကပ်ပြီး ပြောလိုက်လေ၏။ "မင်းက ကိုယ့်ကို သင်ပေးပါလား"

သူ့အသက်ရှူသံသည် သူမလည်ပင်းနားတွင် ရောက်ရှိနေသဖြင့် အားချန်က လည်ပင်းကို ကျုံ့ထားလိုက်ကာ တိုးတိုးလေး ညည်းတွားလိုက်တော့သည်။ "မသင်ပေးဘူး။ ရှင့်ကြောင့် ယောင်တောင် ယောင်နေပြီ"

"ဘယ်နားမှာ ယောင်သွားတာလဲ။ ကိုယ့်ကြည့်ပေးမယ်လေ"

အားချန်က ခေါင်းကို တစ်ဖက်သို့ လွှဲထားလိုက်၏။ ပေးမကြည့်နိုင်ပါဘူး။ သူက မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတယ်လို့ ခံစားနေရတာပဲ။

ပိုင်ရှိုးမင်၏ မျက်လုံးများထဲတွင် အပြုံးများပြည့်နှက်နေပြီး သူက ပြောလိုက်တော့၏။ "ပေးမကြည့်ဘူးဆိုရင်လည်း နေပါစေတော့။ ကိုယ်လည်း သူများကို အတင်းကြပ်လုပ်ရတာ မကြိုက်ပါဘူး"

အားချန်က သူ့လက်ကို ချက်ချင်းဆွဲထားလိုက်၏။

ပိုင်ရှိုးမင်က မျက်ခုံးပင့်ပြလိုက်ကာ "ဟင် ?"

"အရင် အကြွေးမှတ်ထားလိုက်"

"နှစ်ကြိမ် မှတ်ထားမယ်"

အားချန်မှာ မျက်လုံးပြူးသွားပြီး မကျေမနပ် ပြောလိုက်တော့သည်။ "ရှင် ဘယ်လိုလုပ်ပြီးတော့ စျေးကိုင်ရတာလဲ"

"လာဘ်စားတတ်တဲ့ အရာရှိက ဘယ်လိုလုပ်ပြီးတော့ အရာရှိကောင်း ဖြစ်နိုင်မှာလဲ" ပိုင်ရှိုးမင်၏ မိမိကိုယ်ကိုသိမြင်မှုကတော့ အလွန်ရှင်းလင်းလှပေသည်။

အားချန်မှာ အံကြိတ်ထားလိုက်ကာ "နှစ်ကြိမ်ဆိုလည်း နှစ်ကြိမ်ပေါ့"

ပိုင်ရှိုးမင်က ရှေ့တိုးလာပြီး သူမ၏နှုတ်ခမ်းလေးကို ဖွဖွလေးနမ်းလိုက်၏။

နှစ်ယောက်သား မြို့ရိုးပေါ်က ဆင်းလာချိန်တွင် အဝေးက မီးရောင်များက လင်းထိန်နေဆဲပင်။

အားချန်သည် သူမ၏ ငါးနှစ်ကောင်မီးပုံးကို ကိုင်ဆောင်ကာ ပိုင်ရှိုးမင်နှင့်အတူ မင်ကျင့်စီးသို့ သွားရောက်ခဲ့လေသည်။

ဒီနေ့ည မင်ကျင့်စီးသည် အလွန်တိတ်ဆိတ်နေပြီး မြေအောက် အကျဉ်းထောင်တွင်လည်း ထိုနည်းလည်းကောင်းပင်။

ဒီနေရာသည် နေရောင်မမြင်ရသဖြင့် ဝင်ရောက်လာသူများသည် နေ့ရက် အချိန်အခါကို မသိရှိနိုင်ကြပေ။

ရွှဲရှီသည် အကျဉ်းခန်းထဲတွင် ခြောက်သွေ့စွာထိုင်နေပြီး တစ်ကိုယ်လုံး ပိန်လှီခြောက်သွေ့နေကာ အသက်ရှင်သန်မှုအားလုံး ပျောက်ဆုံးနေသကဲ့သို့ပင်။

ကျင့်ယန်မြို့စားက ငွေအမြောက်အများထည့်ဝင်ပြီး သူမအတွက် အပြစ် လျှော့ပေါ့ပေးခဲ့သဖြင့် သူမသည် ထောင်ဒဏ် တစ်နှစ်သာကျခံရမည်ဟု ပြောကြသော်ငြား သူမစိတ်ထဲတွင်တော့ သံသယဝင်နေမိလေသည်။ တစ်နှစ်ကျပြီးရင် သူမတကယ်ပဲ မြေအောင်အကျဉ်းထောင်ထဲကနေ အသက်ရှင်လျက် ထွက်သွားနိုင်ပါ့မလား။

နေ့ရက်တိုင်းတွင် ရွှဲရှီသည် ကြောက်ရွံ့မှုနှင့် သံသယများဖြင့် ဖြတ်သန်းနေရတော့၏။

ကျိချန်က သူမကိုလွှ တ်ပေးမှာ မဟုတ်ဘူးလို့ ထင်တယ်။ ကျိချန်က သူမရဲ့ မောင်လေး၊ သူမရဲ့သားသမီး နှစ်ယောက်ကို သတ်ခဲ့တာ။ အခုတော့ သူမ အလှည့်ရောက်လာပြီ။

မြို့စားကြီးက သူမကို မကယ်တင်နိုင်ဘူး။ ဘယ်သူကမှလည်း သူမကို မကယ်နိုင်တော့ဘူး။

ထိုသို့သော ကြောက်ရွံ့မှုများကြားတွင် သူမသည် အားချန်ကို နောက်ဆုံးတွင် စောင့်ဆိုင်းတွေ့ရှိခဲ့ရလေ၏။

တစ်ချိန်က သူမ၏လက်ထဲတွင် စိတ်တိုင်းကျ နှိပ်စက်ကစားပြီး အသက်သေဆုံးအောင် လုပ်နိုင်ခဲ့သော ကျိချန်သည် ယခုအချိန်တွင်တော့ ထောင်တံခါး အပြင်ဘက်တွင်ရပ်ကာ သူမကို ကြည့်လို့နေသည်။

"နင် ဘာလာလုပ်တာလဲ" ရွှဲရှီသည် အားချန်ကို ကြည့်ပြီး အသံများ တုန်ယင်နေတော့၏။

အားချန်ကလည်း ဖြည်းညင်းစွာ ကိုယ်ကိုကိုင်းလိုက်ပြီး လက်ထဲ ကမီးပုံးကို ရွှဲရှီ၏ မျက်စိရှေ့တွင် ယမ်းပြလိုက်လေသည်။ "ရွှဲဖူးရန် ဒီနေ့က နှစ်သစ်ကူး ၁၅ရက်နေ့လေ။ ကျင့်ယန်မြို့စားရဲ့ မွေးနေ့ရောက်နေပြီ။ ရှင်မနှစ်က ဒီနေ့ကို မှတ်မိသေးလား"

...

All Chapters