← Chapters

အခန်း (၃၃၀၆-၃၃၁၀)

Vol. 169 Ch. 3306-3310

အခန်း (၃၃၀၆-၃၃၁၀)

Vol. 169 Ch. 3306-3310

Chapter 3306

ရှောင်ချန်းယုသည် အမတ်ကြီးတစ်ယောက်ဖြစ်သော်လည်း နောက်ဆုံးခွဲခြမ်းစိတ်ဖြာမှုအရ သူသည် နန်းတွင်းပြင်ပတွင်တာဝန်ထမ်းဆောင်ရသော အရာရှိတစ်ယောက်သက်သက်ပင်။

သူ့ရှေ့ရှိ မိန်းမစိုးလျှူသည် တော်ဝင်မိသားစုများနှင့် နီးစပ်သော အရာရှိတစ်ယောက်ဖြစ်ရုံသာမက ကြီးမားသောအခွင့်အာဏာကို ဆုပ်ကိုင်ထားသူလည်းဖြစ်သည်။သူ့ကဲ့သို့ ယာယီတပ်မှူးတစ်ယောက်ကို ရှင်းထုတ်ရန်မှာ မိန်းမစိုးလျှူအတွက် စကားတစ်ခွန်းသာလိုအပ်သည်။

ထို့ထက်ပို၍အရေးကြီးဆုံးကိစ္စမှာ မိန်းမစိုးလျှူ၏နောက်တွင် မီဖေး ရှိနေပေ၏။

အနောက်နန်းဆောင်တွင် မိဖုရားဟူ၍ မရှိခဲ့သဖြင့် ယခုလက်ရှိချိန်တွင် မောင်းမဆောင်အတွင်း၌ တော်ဝင်ကိုယ်လုပ်တော်မီ၏အခွင့်အာဏာသည် အားအကောင်းဆုံးပင်။မီဖေး၏နောက်ခံအင်အားများအကြားတွင် ကျိုးမိသားစုမှမင်းသားတချို့ပင် ခိုလှုံနေသည်။

အကယ်၍ ထိုလူများသည် သူ့ကို ဖယ်ရှားရှင်းလင်းလိုပါက အလွန်အမင်း လွယ်ကူပေမည်။

"စစ်ပွဲအတွက်ပြင်ဆင်တဲ့အမိန့်ကို ထုတ်ပြန်ဖို့ မင်းကို ဘယ်သူက အမိန့်ပေးခဲ့လို့လဲ...အဲ့ဒါကို ပြန်ရုတ်သိမ်းစမ်း"

ရုတ်တရက် လျှူကျင်းက ဒေါသတကြီးအော်ဟစ်လိုက်ရာ ကြည်လင်သောမိုးကောင်းကင်မှ မိုးကြိုးတစ်စင်းပစ်ချလိုက်သည့်အလား ကျယ်လောင်စွာ မြည်ဟီးသွားသည်။

မူလက ဗာမီလီယန်စစ်စခန်းကို လွှမ်းခြုံထားသောစွမ်းအားသည် မည်သည့်အချိန်ကမျှ မတည်ရှိခဲ့သည့်အလား ရုတ်တရက် ပျက်ပြယ်သွားပေ၏။

ရှောင်ချန်းယု၏လက်ချောင်းများ အနည်းငယ်တုန်ခါသွားသည်။ဤှအချိန်အခိုက်အတန့်တွင် သူသည် အမှန်တကယ် ထိတ်လန့်ကြောက်ရွံလာသည်။

ဤတစ်ကြိမ်တွင် သူသည် အစီအစဥ်တစ်ခုဆွဲ၍ လုယွီကို သင်ခန်းစာပေးလိုခဲ့သည်။လုယွီ၏နောက်တွင် အစွမ်းထက်သော နောက်ခံအင်အားရှိနေသည်ကို ရှောင်ချန်းယုက သိရှိသော်လည်း သူ၏နောက်တွင်လည်း ရှောင်မိသားစုနောက်ခံရှိနေသဖြင့် မောက်မာဝံ့ကြွားနေခဲ့လေ၏။သူသည် လုယွီ၏အသက်အလွန်ငယ်ရွယ်နေသည်ကိုကြည့်၍ အထင်အမြင်သေးနေခဲ့ကာ အနည်းငယ်မျှပင် အလေးအနက်မထားခဲ့ချေ။

"ရှောင်ချန်းယု...ကြည့်ရတာတော့ မင်းက ငါနဲ့အတူ တော်ဝင်စစ်ဆေးရေးဌာနကို လိုက်ခဲ့ရမယ့်ပုံပဲ...ဒီကိစ္စကို သေသေချာချာ စကားပြောကြတာပေါ့"

လျှူကျင်းက အေးစက်စက်အကြည့်ဖြင့် ရှောင်ချန်းယုကိုကြည့်ကာ ရုတ်တရက် သူ၏လက်ကို အောက်သို့ဖိနှိပ်လိုက်သည်။

ယခုလက်ရှိနေရာတွင်ရှိနေသူများသည် ပတ်ဝန်းကျင်ရှိလေဟာနယ် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်ကို ခံစားမိလေ၏။

မမြင်နိုင်သောအားလှိုင်းတစ်ရပ်သည် ပတ်ဝန်းကျင်ရှိလေဟာနယ်နှင့် ရောယှက်သွားကာ နောက်ဆုံး၌ ဧရာမလက်ကြီးတစ်ဖက်အဖြစ် ဖွဲ့စည်းသွားပြီး ရှောင်ချန်းယု၏ခန္ဓာကိုယ်ကို မြဲမြံစွာဆုပ်ကိုင်လိုက်သည်။

ဤစွမ်းအားသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့သည်။ထိုအရာထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိလူများအားလုံး အသိစိတ်လွတ်ကင်းသွားသကဲ့သို့ ခံစားလိုက်ရ၏။

နယ်မြေသခင်အဆင့် ထိပ်သီးကျင့်ကြံသူ...

လျှူကျင်းကိုကြည့်နေသော တချို့လူများ၏မျက်လုံးများအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

ဤသည်က ကောင်းကင်ဘုံနယ်မြေတွင် ထိပ်ဆုံးမှရပ်တည်နိုင်သော ကျင့်ကြံသူတစ်ယောက်ပင်။ဤကဲ့သို့စွမ်းအားမျိုးသည် မိန်းမစိုးတစ်ယောက်၏လက်အတွင်းမှ ထွက်ပေါ်လာမည်ဟု လူအများစုသည် မျှော်လင့်မထားမိချေ။

နယ်မြေသခင်တစ်ယောက်၏ရှေ့တွင် ရှောင်ချန်းယုသည် အနည်းငယ်မျှပင် ခုခံကာကွယ်နိုင်စွမ်းမရှိချေ။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မမြင်နိုင်သောအားလှိုင်းတစ်ရပ်က ချုပ်နှောင်ထားကာ သူ့အား မလှုပ်မရှားနိုင်အောင် ပြုလုပ်ထားသည်။

"လုယွီ....မင်း စောင့်နေစမ်း"

ရှောင်ချန်းယုသည် လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်ကာ ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်၏။

မည်သို့ပင်ဆိုစေကာမူ သူသည် မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ပင်။အကယ်၍ သူ အမှားတစ်ခုကျူးလွန်မိလျှင်ပင် စစ်ဆေးခံရန်အတွက် တရားစီရင်ရေးဌာနကြီးသုံးခုသို့ အရင်ဆုံးလွှဲပြောင်းခံရပေမည်။

သို့ရာတွင် လျှူကျင်းသည် ထိုဌာနကြီးများကို လျစ်လျှူရှုကာ သူ့အား တော်ဝင်စစ်ဆေးရေးဌာနသို့ တိုက်ရိုက်ဖမ်းခေါ်သွားရန် ဆုံးဖြတ်ခဲ့သည်။ဤသည်က သူ့အပေါ်တွင် ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့်ပင်။

"တော်သင့်ပြီ"

လျှူကျင်းသည် ရှောင်းချန်းယုကို စကားပြောဆိုရန် ထပ်မံ၍အခွင့်အရေး မပေးတော့ချေ။သူသည် ပတ်ဝန်းကျင်ရှိလေဟာနယ်အတွင်းမှ စွမ်းအားများကို ရှောင်ချန်းယုပေါ်သို့ သက်ရောက်စေကာ ချိပ်ပိတ်လိုက်သည်။ဤချိပ်ပိတ်မှုသည် အလွန်အစွမ်းထက်သဖြင့် အကယ်၍ ရှောင်ချန်းယုထံတွင် ရုန်းကန်နိုင်သောစွမ်းအားမျိုးရှိနေသည့်တိုင် ဤအချိန်အခိုက်အတန့်တွင် သူ မလှုပ်ရှားဝံ့တော့ချေ။

"မဟာစစ်ဗိုလ်ချုပ်လု...ဒီနေရာက ပြဿနာတွေကို ငါ ဖြေရှင်းပြီးသွားပြီ...ငါက အရှင်မမီကို သတင်းပို့ဖို့ ပြန်သွားတော့မယ်"

လျှူကျင်းက ရယ်မော၍ ပြောဆိုသည်။

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုလိုက်၏။

"လျှူကုန်းကုန်းကို ကျေးဇူးတင်ပါတယ်"

"ငါက အရှင်မမီရဲ့အမိန့်အတိုင်း လှုပ်ရှားရတာပါ...တကယ်လို့ မဟာစစ်ဗိုလ်ချုပ်လုက ကျေးဇူးပြန်ဆပ်ချင်တယ်ဆိုရင် အရှင်မမီရဲ့စိတ်စေတနာကောင်းကိုပဲ မှတ်ထားပေးပါ"

လျှူကျင်းသည် အပြုံးနှင့်ပြောဆိုပြီးနောက် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်၍ တစ်ချက်ကြည့်ကာ ရှောင်ချန်းယုကိုခေါ်ဆောင်ပြီး ထွက်ခွာသွားတော့သည်။

မိန်းမစိုးလျှူ ထွက်ခွာသွားစဥ်တွင် လူတိုင်းသည် သူတို့၏ပခုံးများပေါ်ရှိ ဝန်ထုပ်ဝန်ပိုးကြီး ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။အစောပိုင်းက သူတို့၏ခေါင်းထက်၌ ရစ်ဝဲနေသည့် လေးလံသောတောင်တစ်လုံးကဲ့သို့ ဖိအားအရှိန်အဝါသည်လည်း ဤအချိန်အခိုက်အတန့်တွင် အပြည့်အဝပျက်ပြယ်သွားလေပြီ။

တချို့လူများသည် သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်လာသကဲ့သို့ ခံစားနေရလေ၏။အကယ်၍ အစောပိုင်းက လျှူကျင်းသာ စိတ်ဆိုးဒေါသထွက်သွားပါက သူတို့ထံတွင် ရှောင်ချန်းယုကဲ့သို့ ရှောင်မိသားစု၏နောက်ခံအင်အားလည်းမရှိလေရာ သူတို့အားလုံး ပုရွက်ဆိတ်များအလား သေဆုံးရပေမည်။

ဤသည်က စကားပြောဆိုသလောက် ရိုးရှင်းသော ကိစ္စတစ်ရပ်မဟုတ်ချေ။အကယ်၍ လျှူကျင်းသာ အမှန်တကယ်ဒေါသထွက်လာပါက သူတို့အားလုံး တောင့်ခံနိုင်မည်မဟုတ်ချေ။

Chapter 3307

ဘုန်း..

ရုတ်တရက် ထျဲဝုဝေသည် မြေပြင်ပေါ်၌ ဒူးထောက်ကာ ထိတ်လန့်ကြောက်ရွံနေသောအကြည့်ဖြင့် လုယွီကို ကြည့်လိုက်သည်။

"လုယွီ...ငါ ခုဏက ရိုင်းပျသွားခဲ့မိတယ်...မင်းက သဘောထားကြီးပြီးတော့ ငါ့ကိုခွင့်လွှက်ပေးပါ"

သူသည် ဗာမီလီယန်စစ်စခန်းအတွင်းရှိ အစွမ်းထက်ဆုံး မဟာစစ်ဗိုလ်ချုပ်များအနက်မှတစ်ယောက်ပင်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ထျဲဝုဝေသည် သူ သံပြားကြီးကို ဆောင့်ကန်ခဲ့မိပြီဖြစ်ကြောင်း သိရှိသွားလေပြီ။

လုယွီထံတွင် တောင့်တင်းသောနောက်ခံအင်အားရှိနေရုံသာမက မောင်းမဆောင်အတွင်းမှ မီဖေးဖြင့်ပင် အဆက်အစပ်ရှိနေသည်။

ရှောင်မိသားစုမှအမတ်ကြီးတစ်ယောက်ပင်လျှင် တော်ဝင်စစ်ဆေးရေးဌာနသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံလိုက်ရသည်။ရှောင်မိသားစုသည် သူ့အတွက်နှင့် တော်ဝင်မိသားစုကို ဆန့်ကျင်မည်မဟုတ်ကြောင်းကို သူ တွေးတောကြည့်နိုင်သည်။

သူသည် စွန့်ပစ်ခံရသောနယ်ရုပ်တစ်ရုပ်သာ ဖြစ်သွားပေမည်။

ယခုအချိန်တွင် ထျဲဝုဝေသည် အခွင့်ကောင်းကိုဆုပ်ကိုင်၍ လုယွီထံမှ ခွင့်လွှတ်မှုကိုရရှိရန် အသနားခံတောင်းပန်လိုက်၏။

လုယွီက ထျဲဝုဝေကိုကြည့်၍ တည်ငြိမ်စွာပြောဆိုသည်။

"မင်း ငါ့ရဲ့ရွက်ဖျင်တဲကို လာတဲ့အချိန်မှာ....မင်းက လက်ဝါးတစ်ချက်ရိုက်ထုတ်ပြီးတော့ အစောင့်စစ်သားနှစ်ယောက်ကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်...ဟုတ်တယ်မလား"

"ငါ မင်းကို အခက်တွေ့အောင် မလုပ်ချင်ဘူး...ငါ့ရဲ့ဒီလက်ဝါးတစ်ချက်ကို မင်း ခံယူပြီးတာနဲ့ ငါ မင်းကို ခွင့်လွှတ်ပေးမယ်"

ထျဲဝုဝေ၏မျက်လုံးများ ပြူးကျယ်သွားကာ တောက်ပသောအလင်းရောင်များ ဖြာထွက်သွားသည်။

"မင်း တကယ်ပြောတာလား"

အကယ်၍ လက်ဝါးရိုက်ချက်တစ်ချက် ခံယူရုံသက်သက်ဆိုပါက သူ ခုခံနိုင်မည်ဟု အခိုင်အမာယုံကြည်ချက်ရှိသည်။

သူ ထိုလက်ဝါးရိုက်ချက်ကို ခံယူပြီးပါက လုယွီနှင့်သူအကြားတွင် ယခင်ကရှိခဲ့သော ရန်ငြိုးများအားလုံးကို ချေဖျက်ပြီးဖြစ်ပေမည်။ဤသည်က သူ့အတွက် မည်သည့်ဆုံးရှုံးမှုမျိုးမျှ မရှိနိုင်သောကိစ္စပင်။

လုယွီက ခေါင်းညိတ်ပြကာ သူ၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေသည်။

ဤထျဲဝုဝေအတွက်ကို အကယ်၍ သူ မည်သည့်စကားမျှမပြောဆိုခဲ့ပင်လျှင် လုယွီသည် အငြင်းပွားရန်အတွက် ပျင်းရိငြီးငွေ့နေလေ၏။

လုယွီ၏ယခုလက်ရှိခွန်အားကို သာမာန်အမတ်ကြီးများပင်လျှင် တောင့်ခံနိုင်မည်မဟုတ်ရာ ထျဲဝုဝေ၏အဆင့်ဖြင့်ဆိုပါက ထည့်သွင်းဖော်ပြရန်ပင် မရှိတော့ချေ။

"ကောင်းပြီလေ....မင်းရဲ့စကားကို တည်ပေးပါ"

လုယွီသည် သူ့ကို အလွတ်ပေးမည်ဟူသောစကားကိုကြားချိန်တွင် ထျဲဝုဝေသည် ပြန်လည်လန်းဆန်းရွှင်ပျလာသည်။

သူသည် တခြားသူများ သူ့ကိုအထင်အမြင်သေးစွာ ကြည့်နေခြင်းကိုလည်း ဂရုမစိုက်တော့ချေ။သူ၏သိုလှောင်အိတ်အတွင်းမှ မှော်ရတနာများကိုထုတ်ယူကာ သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ်ကာကွယ်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် ထျဲဝုဝေ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အလင်းရောင်များဖြင့် လွှမ်းခြုံနေသဖြင့် သူ၏ပုံပန်းသွင်ပြင်ကိုပင် မတွေ့မြင်နိုင်တော့ချေ။

တစ်ချိန်တည်းမှာပင် ထျဲဝုဝေသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ မှော်စွမ်းအားများအားလုံးကိုလှည့်ပတ်ကာ သူ့ရှေ့၌ ကျစ်လစ်ခိုင်မာသော အကာအကွယ်မှော်စွမ်းအင်အလွှာကြီးကို ဖွဲ့စည်းလိုက်၏။

ထျဲဝုဝေသည် သူ၏မှော်စွမ်းအားများအားလုံးကို အသုံးပြုကာ သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ကာကွယ်ထားလေသည်။

"လာခဲ့တော့...မင်း လှုပ်ရှားလို့ရပြီ"

ထျဲဝုဝေ၏မုတ်ဆိတ်မွှေးများသည် လေတိုက်ခတ်မှုနှင့်အတူ လူးလွန့်နေပေ၏။

ဤအချိန်အခိုက်အတန့်တွင် သူ၏စိတ်နှလုံးသားအတွင်း၌ ယုံကြည်ချက်များဖြင့် ပြည့်နှက်နေသည်။

အစောပိုင်းက သူသည် ဆိုးဆိုးရွားရွားရိုက်နှက်ခံရသော်လည်း ထိုအချိန်တုန်းက သူ့ထံတွင် မည်သည့်ခုခံကာကွယ်မှုမျှ ရှိမနေချေ။ယခုလက်ရှိချိန်တွင် သူသည် ကြိုတင်ခုခံကာကွယ်မှုများကို ပြုလုပ်ထားသဖြင့် လုယွီ၏လက်ဝါးရိုက်ချက်ကိုပင် သူ ခုခံနိုင်ခြင်းမရှိဖြစ်မည်ဟု သူ မယုံကြည်ချေ။

"ဒီထျဲဝုဝေက တကယ့်ကို လိမ္မာပါးနပ်တဲ့ကောင်ပဲ...အခြေအနေမကောင်းတာကိုမြင်တာနဲ့ သူက အသနားခံ တောင်းပန်လိုက်တယ်...သူ မျက်နှာပျက်ရမှာကိုတောင် နည်းနည်းလေးမှ ထည့်မတွက်တော့ဘူး"

"ဒါက လူတွေရဲ့သဘာဝပဲလေ....လုယွီဆီမှာ ဒီလိုနောက်ခံအင်အားမျိုးရှိနေမယ်လို့ သူ တွေးမိမှာမဟုတ်ဘူး...တကယ်လို့ လုယွီကသာ ပြဿနာရှာမယ်ဆိုရင် သူ ဘယ်လိုမှ ခုခံနိုင်မှာမဟုတ်ဘူး...သူက ဒီအချိန်ကိုအခွင့်ကောင်းယူပြီးတော့ ရန်ငြိုးတွေကိုချေဖျက်လိုက်တာက ပိုပြီးကောင်းတယ်"

နံဘေးဘက်မှစောင့်ကြည့်နေကြသော စစ်ဗိုလ်ချုပ်များသည် ထျဲဝုဝေ၏လှုပ်ရှားမှုများကို မြင်တွေ့ချိန်တွင် သူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးလိုက်ကြ၏။

အတွေ့အကြုံရင့်ကျက်သော ကျင့်ကြံသူများအတွက် အရှက်ရစရာကိစ္စဖြစ်သည့်တိုင် အရေးမပါလှချေ။

သူသည် အသက်ရှင်သန်ကာ အရာရှိနေရာကို ဆက်လက်၍ပိုင်ဆိုင်ရပါက အရှက်ရခဲ့လျှင်ပင် ဂရုစိုက်စရာမရှိပေ။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လုယွီ၏လက်ဝါးမှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်ကို လူတိုင်း တွေ့မြင်လိုက်ရသည်။မည်သူမျှ သတိမဝင်သေးမီမှာပင် ထိုရွှေရောင်အလင်းတန်းများသည် ကြီးမားသော လက်ဝါးပုံရိပ်ယောင်ကြီးအသွင်ပြောင်းလဲ၍ အောက်သို့ ပြင်းပြင်းထန်ထန် ကျဆင်းလာလေ၏။

ဘုန်း...

ပြင်းထန်သောမြည်ဟီးသံကြီးက ကောင်းကင်နှင့်မြေပြင်အကြား၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

လူတိုင်းသည် တုန်ခါသံများ ဆက်တိုက်ထွက်ပေါ်လာခြင်းကိုသာ ကြားလိုက်ရသည်။ထို့နောက် မြေပြင်တပြင်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားကာ အက်ကွဲကြောင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

အရာအားလုံးသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်း၌ ဖြစ်ပျက်သွားခြင်းပင်။

သူတို့သည် ရွှေရောင်အလင်းတန်းများ၌ မည်သည့်စွမ်းအားမျိုး ပါရှိသည်ကို မသိသော်လည်း ထိုလက်ဝါးပုံရိပ်ယောင်ကြီး ကျဆင်းသွားပြီးနောက် ချက်ချင်းဆိုသလိုပင် ဖုန်မှုန့်နှင့်မီးခိုးငွေ့များ ထွက်ပေါ်လာသည်ကို တွေ့မြင်မိလေ၏။

Chapter 3308

မီးခိုးငွေ့များ တဖြည်းဖြည်းပျက်ပြယ်သွားချိန်တွင် ကျင်းနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။

ထိုကျင်းနက်ကြီးသည် ဆယ်မီတာကျော်နက်ရှိုင်းကာ ယခင်က အလွန်မောက်မာဝံ့ကြွားသော ထျဲဝုဝေသည် ယခုချိန်တွင် ကျင်းနက်ကြီးအတွင်း၌ လဲလျောင်းနေသည်။သူ၏သံချပ်ကာသည် ကြေမွှပျက်စီးသွားကာ သူ၏လက်နှင့်ခြေထောက်မှအရိုးများလည်း ကျိုးပဲ့သွားပုံရပြီး သူသည် သတိလစ်မေ့မျောနေပေ၏။

"ဒါက ဘယ်လိုစွမ်းအားမျိုးလဲ"

နံဘေးဘက်မှစောင့်ကြည့်နေသော မဟာစစ်ဗိုလ်ချုပ်များသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ သက်ပြင်းရှိုက်လိုက်ကြသည်။

အကယ်၍ ထျဲဝုဝေသာ ပြင်ဆင်မထားခဲ့ပါက ဤမျှအခြေအနေထိ ရိုက်နှက်ခံရခြင်းကို သူတို့ လက်သင့်ခံနိုင်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ခုခံကာကွယ်မှုအပြည့်အစုံအောက်တွင် သူသည် လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ဤမျှအခြေအနေထိ ရိုက်နှက်ခံလိုက်ရလေ၏။

ရွှယ်အင်မော်တယ်အများစုပင်လျှင် ဤမျှထိကြီးမားသောစွမ်းအားကို ထုတ်ဖော်အသုံးပြုနိုင်မည်မဟုတ်ချေ။

လုယွီသည် ရှောင်ချန်းယုနှင့်တိုက်ခိုက်စဥ်တွင် အနည်းငယ်မျှပင် လှုပ်ခတ်မသွားသည်မှာ အံ့အားသင့်စရာမရှိတော့ပေ။

လူအ​များစု၏ လုယွီနှင့်ပတ်သတ်သောအတွေးများ စတင်၍ပြောင်းလဲသွားလေပြီ။ယခင်က လုယွီသည် နောက်ခံအင်အားနှင့်ကံကောင်းမှုကိုမှီခို၍ ဤရာထူးနေရာကို ရရှိခဲ့သည်ဟု လူတချို့က တွေးထင်ထားကြသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် သူ၏အစစ်အမှန်ခွန်အားကို အသုံးပြုကာ သူတို့အားလုံး၏ပါးစပ်များပိတ်သွားအောင် ပြုလုပ်နိုင်ခဲ့သည်။

"သူ မသေသေးဘူး...သူ့ကို ခေါ်သွားပြီး ကုသပေးလိုက်ကြတော့"

လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြကာ သူ အနည်းငယ်မျှပင် အလေးအနက်မထားသောတစ်စုံတစ်ခုကို လုပ်ဆောင်ခဲ့သည့်အလားပင်။

ထျဲဝုဝေ၏လက်အောက်မှစစ်သားများသည် ကျင်းနက်ကြီးအတွင်းသို့ အလျှင်အမြန်ဆင်း၍ သူတို့၏အထက်အရာရှိကို ကယ်တင်လိုက်ကြသည်။

ထျဲဝုဝေသည် သတိလစ်မေ့မျောနေလေ၏။အကယ်၍ သူ၏လက်အောက်ငယ်သားများသာ ကယ်တင်ခြင်းမရှိပါက ထျဲဝုဝေသည် ရွှံပုံကြီးတစ်ပုံအလား ​ကျင်းနက်ကြီးအတွင်း၌ ပြိုလဲကျနေပေမည်။

"ဗာမီလီယန်စစ်စခန်းထဲမှာ ဒီကိစ္စကို လက်မခံနိုင်တဲ့သူ ဘယ်သူရှိသေးလဲ"

လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ကာ အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်သည်။

သူ၏အသံသည် မိုးခြိမ်းသံအလား လူများအားလုံး၏စိတ်နှလုံးသားများအတွင်း၌ မြည်ဟီးသွားသော်လည်း မည်သူကမျှ တုံ့ပြန်ပြောဆိုခြင်းမရှိချေ။

ယခင်က အမြဲတစေ မောက်မာဝံ့ကြွားနေခဲ့သော မဟာစစ်ဗိုလ်ချုပ်များသည်လည်း လုယွီ၏ရှေ့တွင် သူတို့၏ဂုဏ်ယူဝံ့ကြွားရသောခေါင်းများကို ငုံထားကြလေ၏။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ဤအချိန်အခိုက်အတန့်တွင် မည်သူကမျှ လုယွီကို အပြစ်မပြုဝံ့ချေ။

"ဒီလိုဆိုမှတော့...ပုန်းကွယ်နဂါးတပ်ခွဲအတွက် လိုအပ်တဲ့အထောက်အပံ့တွေ ပြင်ဆင်ထားကြတော့...စစ်သည်တွေအားလုံး ထွက်ခွာမယ်"

လုယွီက အမိန့်ပေးလိုက်သည်။

သူ၏လှုပ်ရှားမှုများသည် ရှောင်မိသားစု၏အကြံအစည်များအားလုံးကို လုံးလုံးလျားလျား ရှုပ်ထွေးသွားစေခဲ့သည်။

မူလက ရှောင်မိသားစုသည် လုယွီ ထွက်ခွာသွားရမည်ကိုအခွင့်ကောင်းယူ၍ သူတို့၏စွမ်းအားကိုပြသရန် ကြံစည်ခဲ့သည်။သို့ရာတွင် အဆုံးသတ်၌ သူတို့ကြံစည်ထားသကဲ့သို့ ဖြစ်မလာဘဲ လုယွီသည် ပို၍နာမည်ကျော်ကြားလာပေ၏။

ယခုလက်ရှိချိန်မှစ၍ စစ်တပ်အတွင်း၌ လုယွီကို အခက်တွေ့အောင် လုပ်လိုသူများသည် သူတို့ထံ၌ ထိုကဲ့သို့ခွန်အားမျိုး ရှိမရှိကို ချိန်ဆရပေမည်။

စစ်ဗုံသံများ မြည်ဟီးလာပြီးနောက် ပုန်းကွယ်နဂါးတပ်ခွဲ၏အလံများ မြင့်တက်လာကာ သူတို့သည် စစ်တပ်ဖွဲ့စည်းပုံအတိုင်း စုဖွဲ့လိုက်ကြ၏။

စစ်သင်္ဘောများ၏ကူညီထောက်ပံ့မှုကြောင့် ပုန်းကွယ်နဂါးတပ်ခွဲ၏ရွေ့လျားမှုမှာ အလွန်အမင်းလျှင်မြန်သည်။တစ်ရက်အတွင်းမှာပင် သူတို့သည် တော်ဝင်မြို့တော်နှင့် အတန်ငယ်ကွာဝေးသောနေရာသို့ ရောက်ရှိသွားလေပြီ။

စစ်သင်္ဘောများကို ဝင်္ကပါဖွဲ့စည်းပုံအတိုင်း စီစဥ်ထားသည်။ကျားစစ်သင်္ဘောများသည် ပြင်ပ၌ဝိုင်းရံနေပြီး အလယ်၌ နဝမလွှသွားစစ်သင်္ဘောကြီးရှိနေသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် နဝမလွှသွားစစ်သင်္ဘောပေါ်၌ ပလ္လင်ခွေထိုင်နေကာ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို လေ့လာဆန်းစစ်နေသည်။

စစ်တပ်သည် ယခုလက်ရှိချိန်ထိတိုင် ထိုနေရာသို့ မရောက်သေးသော်လည်း သတင်းအချက်အလက်များကို ကြိုတင်ရရှိပြီးဖြစ်သည်။

အကယ်၍ သူသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်နှင့် ပတ်သတ်သောအရာများကို ကြိုတင်၍နားလည်သဘောပေါက်ထားခြင်း မရှိပါက ထိုနေရာအရောက်၌ သူ၏စစ်တပ်သည် တခြားသူများပြုသမျှနုရပေမည်။

"အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ သတင်းအချက်အလက်တွေက နေရာအနှံ့မှာ ပျံ့နေပြီ...ဒါပေမယ့် တော်ဝင်နန်းတွင်းက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ ငြိမ်းချမ်းတယ်လို့ပဲ ထပ်ခါတလဲလဲပြောနေတယ်...သူတို့က ချီဘုရင်ကို စစ်တပ်ကိုစီမံအုပ်ချုပ်ဖို့ အခွင့်အာဏာကိုတောင်ပေးထားတယ်...အဲ့ဒီထဲမှာ ဖုံးကွယ်ထားတဲ့ ဆိုးဆိုးရွားရွားရည်ရွယ်ချက်မျိုးတွေ ရှိနေနိုင်တယ်"

လုယွီ၏စိတ်ဝိညာဥ်မှစွမ်းအားသည် လွန်စွာအစွမ်းထက်ပေ၏။အကြည့်တစ်ချက်ဖြင့်ပင် သူသည် ထိုသတင်းအချက်အလက်များအကြားမှ ဟာကွက်များကို တွေ့မြင်နိုင်သည်။

လုယွီ၏ရှေ့တွင် ယခုလတ်တလောနှစ်များအတွင်း၌ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏အခြေအနေကို စုံစမ်းထောက်လှမ်းထားသည့် သတင်းအချက်အလက်များရှိနေသည်။

သို့ရာတွင် အတွင်း၌မှတ်တမ်းတင်ထားသော အရာများသည် အသေးအဖွဲကိစ္စများပင်။ထိုနေရာတွင် ပြဿနာတချို့ရှိနေသော်လည်း နေရာတချို့တွင်ဖြစ်ပွားသော အသေးစားပုန်ကန်မှုများ သို့မဟုတ် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ အရေးပါသူများဟုမပြောနိုင်သည့် အရာရှိတချို့၏အကျင့်ပျက်ခြစားမှုများသာဖြစ်သည်။

"လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကနေစပြီးတော့ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က တော်ဝင်နန်းတွင်းကိုဆက်သတဲ့ အခွန်အခက တစတစ ပိုပိုနည်းလာတယ်...အခုလတ်တလောအချိန်မှာဆိုရင် အနည်းဆုံးအဆင့်ထိရောက်နေပြီ....အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ အဆိုအရတော့ ဒါက စစ်ပွဲကြောင့်လို့ဆိုထားတယ်...တကယ့်ကို အဓိပ္ပါယ်မရှိတာပဲ"

Chapter 3309

လုယွီသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဝါးမြိုထားသဖြင့် သူ၏မှတ်ဥာဏ်အစိတ်အပိုင်းတချို့ကို ရရှိထားသည်။ထို့ကြောင့် သူသည် အုပ်ချုပ်ရေးကိစ္စများနှင့် လွန်စွာရင်းနှီးကျွမ်းဝင်ပေ၏။

ဤသတင်းအချက်အလက်များမှတဆင့် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှဖရိုဖရဲဖြစ်ရပ်များသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို သူ မြင်တွေ့နိုင်သည်။

ဤနှစ်များအတွင်းတွင် အရှေ့အောင်နိုင်ခြင်းစစ်တပ်တွင် လစာငွေများ အကြွေးကျန်နေသည့်အရိပ်အယောင်များ ရှိနေသည်။ထိုစစ်သားများသည် လစာမရသည့်အပြင် တချို့သည် တိုက်ပွဲ၌သေဆုံးသည်မှာ အချိန်ကြာမြင့်သည့်တိုင် အငြိမ်းစားလစာငွေကို မရရှိကြချေ။

အရာရှိတချို့သည် ယခင်က ထိုကိစ္စကို စုံစမ်းစစ်ဆေးခဲ့သည်။သို့ရာတွင် မကြာမီမှာပင် ထိုအရာရှိများအားလုံး ထူးထူးဆန်းဆန်း သေဆုံးသွားခဲ့ကာ သူတို့၏မိသားစုများသည်လည်း ပျောက်ဆုံးသွားပေ၏။

ဤကိစ္စ၏နောက်ကွယ်ရှိအမှောင်ထုကြီး မည်မျှထိနက်ရှိုင်းသည်ကို မည်သူမျှမသိနိုင်ပေ။

"ရှကွေ့ကျုံးက တခြားတစ်ယောက်ရဲ့ဓားကိုငှားပြီး ငါ့ကို သတ်ချင်နေတာပဲ...သူက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့အရှုပ်အထွေးတွေကြားထဲ ငါ့ကိုဆွဲသွင်းချင်နေတယ်"

သို့ရာတွင် အန္တရာယ်သည် အခွင့်အရေးကောင်းကြီးနှင့် ယှဥ်တွဲနေသည်။

သူသည် အသက်ငယ်ရွယ်သေးသော်လည်း ရုတ်တရက် ကျန်းကော်စစ်ဗိုလ်ချုပ်ဘွဲ့ထူးကို ရရှိခဲ့သည်။ဤသည်က သူ့အား လူသူအများ၏ပစ်မှတ်ဖြစ်လာစေရန် သွယ်ဝိုက်၍ပြုလုပ်ခြင်းပင်။သူ့ကို စိတ်မကျေမနပ်ဖြစ်နေသော လူအမြောက်အများရှိနေသည်။

သူ့ထံတွင် လုံလောက်သောစစ်ရေးအောင်မြင်မှုများရှိမှသာ ထိုစစ်သားများ အညံ့ခံလာစေရန် သိမ်းသွင်းနိုင်ပေမည်။

လုယွီက သူ၏လက်အတွင်းရှိ သတင်းအချက်အလက်များကို ဆက်လက်၍ဖတ်ရှုလိုက်သည်။အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တွင် အရေးပါသောလူများရှိနေသည်။သူသည် ထိုလူများ၏ပုံပန်းသွင်ပြင်နှင့်အတွေ့အကြုံများကို မှတ်သားလိုက်၏။သူသည် ယခုထိတိုင် မရောက်ရှိသေးသော်လည်း အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏အကြမ်းဖျင်းပုံစံသည် သူ၏စိတ်အတွင်း၌ ရှိနေလေပြီ။

ရုတ်တရက် လုယွီ၏မျက်ခုံးမြင့်တက်သွားကာ သူ၏လက်အတွင်းရှိစာရွက်များကို အောက်သို့ချလိုက်သည်။

"ထပ်ပြီးပုန်းနေဖို့ မလိုတော့ဘူး...ထွက်လာခဲ့ကြစမ်း"

လုယွီက လေးနက်သောအသံဖြင့် ပြောဆိုသည်။

သူ ရှိနေသော တပ်မှူးအိမ်တော်၏ရှေ့တွင် စစ်သားတချို့ စောင့်ကြပ်နေသည်။

သို့ရာတွင် လွန်ခဲ့သောအချိန်အခိုက်အတန့်၌ လုယွီ၏အိမ်တော်ကို မမြင်နိုင်သောအားလှိုင်းတစ်ရပ်က လွှမ်းခြုံသွားကာ ပြင်ပလောကနှင့် တသီးတခြားစီဖြစ်သွားသည်။

ပြင်ပ၌ရှိသော စစ်သားများသည် အတွင်း၌ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို မသိကြတော့ပေ။

"ထိပ်သီးကျောင်းတော်သားဖြစ်ဖို့ ထိုက်တန်ပါပေတယ်...မင်းက ငါတို့ကို မြန်မြန်ဆန်ဆန်ကြီး ရှာတွေ့သွားတာပဲ"

လုယွီထိုင်နေသော စားပွဲရှေ့ရှိ လေဟာနယ်သည် ရုတ်တရက် ပြင်းပြင်းထန်ထန်တုန်ရီသွားကာ အတွင်းမှနေ၍ လူသုံးယောက်ထွက်လာသည်။

ထိုလူသုံးယောက်သည် မတူညီသောဝတ်စုံများကို ဝတ်ဆင်ထားကြ၏။သူတို့အနက်မှတစ်ယောက်သည် မီးခိုးရောင်သင်္ကန်းကိုဝတ်ဆင်ထားကာ သူ၏လက်အတွင်း၌ သစ်သားငါးရုပ်တစ်ခုကို ကိုင်ဆောင်ထားသည်။သူ၏မျက်နှာပေါ်တွင် ကြင်နာသနားတက်သောအမူအယာမျိုး ရှိနေသည်။တခြားကျင့်ကြံသူတစ်ယောက်သည် တာအိုဝတ်စုံကိုဝတ်ဆင်ထားကာ သူ၏မျက်လုံးအတွင်း၌ ဖျတ်လတ်တက်ကြွမှုများဖြင့် ပြည့်နှက်နေပေ၏။နောက်ဆုံးတစ်ယောက်သည် ပန်းထိုးပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားကာ ချောမောခန့်ညားသော ရုပ်ရည်ရှိသည်။သူသည် ချောမောခန့်ညားသော လူငယ်သခင်လေးတစ်ယောက်နှင့် တူညီသည်။

"မင်းတို့က ဘယ်သူတွေလဲ"

လုယွီက ထိုလူသုံးယောက်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ထိုလူသုံးယောက်၏အရှိန်အဝါများသည် အလွန်အမင်းရှုပ်ထွေးနေကာ သူတို့ထံတွင် ကံကြမ္မာစွမ်းအား၏ကောင်းချီးပေးမှုလည်း ရှိမနေချေ။သူတို့သည် ဂိုဏ်းများမှလူများသာဖြစ်ပေမည်။

တပ်မှူးအိမ်တော်အတွင်းသို့ တိတ်တဆိတ်ခိုးဝင်လာသော သူတို့သုံးယောက်သည် မည်သည့်အရာအားပြုလုပ်လိုသည်ကို သူ မသိရှိချေ။

"ကျားလန်ဘုရားကျောင်း...ရွှမ်းပေ"

"မြောက်ပိုင်းစိတ်ဝိညာဥ်တာအိုဂိုဏ်း...ယဲ့ရှင်းကူ"

"အနောက်ပင်လယ်နတ်ဆိုးဂိုဏ်း....လုံချန်"

ထိုလူသုံးယောက်သည် သူတို့၏နာမည်များကို တပြိုင်နက်တည်း ထုတ်ဖော်ပြောဆိုလိုက်ကြ၏။ထို့နောက် သူတို့က လုယွီကိုကြည့်ကာ အပြုံးနှင့်ပြောဆိုသည်။

"ငါတို့က ထိပ်သီးကျောင်းတော်သားကို နှုတ်ခွန်းဆက်သပါတယ်"

"ဒါဆိုရင် မင်းတို့တွေလား...မင်းတို့သုံးယောက်က အင်အားစုကြီးတချို့ရဲ့အကြီးအကဲပဲ...အဲ့ဒီဂိုဏ်းတွေက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ ရှိတာမလား...ဘာလို့ ရုတ်တရက်ကြီး ငါ့ကို လာရှာကြတာလဲ"

လုယွီသည် ထိုလူသုံးယောက်၏နာမည်များကိုကြားချိန်တွင် သူတို့၏အဆင့်အတန်းကို ချက်ချင်းသိရှိသွားသည်။

လုံချန်၏မျက်လုံးအတွင်း၌ ဆိုးညစ်သောအလင်းရောင်များ တောက်ပနေသည်။သူက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်၏။

"အရှင်လုက ငါတို့ရဲ့အကြောင်းတွေကို တော်တော်လေးသိနေတာပဲ...ငါ လိုရင်းကိုပဲ ပြောတော့မယ်...လက်ဝဲစစ်တပ်ရဲ့ဖွဲ့စည်းပုံကို အရင်ကတည်းက သတ်မှတ်ပြီးသွားပြီ....ဒါက မင်းတစ်ယောက်တည်းနဲ့ လွှမ်းမိုးလို့ရမယ့် အရာမျိုးမဟုတ်ဘူး...တကယ်လို့ မင်းက ဥာဏ်ကောင်းတဲ့သူတစ်ယောက်ဆိုရင် ငါတို့နဲ့အတူပူးပေါင်းပြီးတော့ အရင်ကဆက်ဆံရေးကို ထိန်းသိမ်းထားတာ ပိုကောင်းလိမ့်မယ်...ငါတို့က ဒီနှစ်အနည်းငယ်အတွင်းမှာ မင်းကို အေးအေးဆေးဆေး နေခွင့်ပြုမယ်"

လုယွီသည် ထိုစကားများကိုကြားချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်၏။

"မင်းက နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းရဲ့အကြီးအကဲတစ်ယောက်ပဲ...ဒါတောင် ငါ့ရှေ့မှာ ထွက်ပေါ်လာဝံ့တယ်...အခုချက်ချင်း ငါ မင်းကို ဖမ်းလိုက်မှာကို မင်း မကြောက်ဘူးလား"

လုယွီက အေးစက်စက်အပြုံးနှင့် ပြောဆိုသည်။

Chapter 3310

"ငါ့ကို ဖမ်းမှာလား...မဟာစစ်ဗိုလ်ချုပ်လုက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ ဘယ်လိုမျိုးအသက်ရှင်သန်အောင် နေရမယ်ဆိုတာကို တွေးတောထားပုံမရဘူး"

လုံချန်သည် လုယွီ၏စကားကို အနည်းငယ်မျှပင် အလေးအနက်ထားခြင်းမပြုဘဲ သူက တဖန်ပြန်၍ပင် ခြိမ်းခြောက်လိုက်၏။

သူသည် လုယွီကို စူးစိုက်ကြည့်ကာ အဓိပ္ပါယ်တချို့ပါသောလေသံဖြင့် ပြောဆိုသည်။

"မဟာစစ်ဗိုလ်ချုပ်လု...လက်ဝဲစစ်တပ်ရဲ့အရင်တပ်မှူး ဘယ်လိုသေသွားခဲ့တာလဲဆိုတာ မင်း သိလား"

သူ ထိုစကားကိုပြောဆိုလိုက်ချိန်တွင် အခန်းအတွင်းရှိအပူချိန်သည် အေးခဲသွားလုမတတ် ကျဆင်းသွားသည်။

လုယွီသည် ထိုသတင်းအချက်အလက်များကို ယခင်ကတည်းက ဖေးထျန်ကွမ်းထံမှ ရရှိပြီးဖြစ်သည်။ထို့ကြောင့် လက်ဝဲတပ်မှူး သေဆုံးသွားရသည့် အကြောင်းအရင်းကို သူ ကောင်းစွာသိရှိထားသည်။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်သည် စစ်ဗျူဟာကျသော နေရာတစ်နေရာဖြစ်ကာ စစ်တပ်ငါးတပ်မှတပ်မှူးများသည် မြင့်မြတ်သူများဖြစ်ပေ၏။သို့ရာတွင် လက်ဝဲစစ်တပ်မှတပ်မှူးသည် အဆိပ်မိ၍ သေဆုံးသွားခဲ့လေရာ စဥ်းစားတွေးတောကြည့်ရန်ပင် ခက်ခဲနေသည်။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"မင်းတို့က ဘယ်လိုသတ္တိမျိုးနဲ့ ဒီစကားကို ပြောဝံ့တာလဲ...အရင်တပ်မှူးကို မင်းတို့ သတ်ဝံ့တာလား"

လုံချန်က ပြုံးလိုက်၏။သူ စကားပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင် လုယွီ၏လက်ချောင်းများက စားပွဲခုံပေါ်သို့ တတောက်တောက်ခေါက်နေသည်ကို သူ မြင်တွေ့မိသည်။

"အဲ့ဒီအကြောင်းကို အရင်ဆုံးစဥ်းစားလိုက်ပါအုံး ..ငါ နားထောင်နေတယ်"

လုယွီက လုံချန်ကိုကြည့်၍ ပြောဆိုသည်။

လုံချန်၏မျက်နှာပေါ်ရှိအပြုံး ရုတ်တရက် တောင့်တင်းသွားသည်။အကယ်၍ ယခုချိန်တွင် သူ ထုတ်ဖော်ပြောဆိုလိုက်ပါက လုယွီသည် ထိုကိစ္စကိုအသုံးပြု၍ သူ့အားဆန့်ကျင်တိုက်ခိုက်လာနိုင်ကြောင်း ချက်ချင်းဆိုသလိုပင် သူ နားလည်သဘောပေါက်သွားပေ၏။

"အော်မီတောဖော...တကာတော်လေးတို့က ဘာလို့ ထိုင်ပြီးစကားမပြောကြတာလဲ"

ရွှမ်းပေက အပြုံးနှင့် ပြောဆိုသည်။

"မဟာစစ်ဗိုလ်ချုပ်လု...ငါနဲ့တခြားသူတွေက မဟာစစ်ဗိုလ်ချုပ်အတွက်ပဲ စဥ်းစားပေးခဲ့တာပါ...အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ အခြေအနေတွေ အရမ်းရှုပ်ထွေးနေတယ်...ဒါက လူတစ်ယောက်တည်းနဲ့ အုပ်ချုပ်လို့ရနိုင်မယ့် တစ်စုံတစ်ခုမဟုတ်ဘူး...မဟာစစ်ဗိုလ်ချုပ်လုက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုမျိုးအဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်နေပြီ...မင်းမှာ တောက်ပတဲ့အနာဂတ်ရှိနေမှာ သေချာတယ်...မင်း ဘယ်လောက်ဝေးဝေးထိ သွားနိုင်မယ်ဆိုတာ အကန့်အသတ်ရှိမှာမဟုတ်ဘူး...ဘာလို့ ဒီလိုနေရာမျိုးမှာ မင်းရဲ့အသက်ကို ဆုံးရှုံးခံမှာလဲ"

"အခုချိန်မှာ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံး ဖရိုဖရဲဖြစ်နေပြီ...ငါတို့အတွက် အလိုအပ်ဆုံးအရာက တော်ဝင်နန်းတွင်းနဲ့ငါတို့အကြားမှာ ပူးပေါင်းဆောင်ရွက်ဖို့ပဲ...ငါတို့က တော်ဝင်နန်းတွင်းနဲ့ပူးပေါင်းပြီးတော့ နှစ်ဖက်စလုံးအကျိုးရှိအောင်လုပ်ဖို့ ရည်ရွယ်ထားတယ်"

လုယွီက သူ၏လက်ချောင်းများဖြင့် စားပွဲခုံကိုခေါက်ကာ ပြောဆိုလိုက်၏။

"မင်းတို့က နှစ်ဖက်လုံးအကျိုးရှိဖို့အတွက် ဘာတွေစီစဥ်ထားလဲ"

သူ့ရှေ့မှလူသုံးယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကာ တာအိုပညာရှင်ယဲ့ရှင်းကူက ပြောဆိုသည်။

"ထန်အင်ပါယာက တိုက်ခိုက်နေပြီ...ငါတို့ဂိုဏ်းတွေက ဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ တပည့်အင်အားတွေ တိုးမြှင့်ပြီးခေါ်ယူချင်တယ်...ငါတို့ကိုယ်ငါတို့ ကာကွယ်နိုင်ဖို့အတွက် ငါတို့ရဲ့အင်အားကို မြှင့်တင်နိုင်ဖို့လိုအပ်တယ်...မဟာစစ်ဗိုလ်ချုပ်လုက ငါတို့ကို အဟန့်အတားမရှိဘဲ တပည့်သစ်တွေခေါ်ယူခွင့်ပြုတာနဲ့ ငါတို့ဂိုဏ်းတွေမှာရှိတဲ့ အကောင်းဆုံးကျင့်ကြံနည်းစနစ်တွေအားလုံး မင်းကိုပေးမယ်...ပြီးတော့ ငါတို့ နှစ်တိုင်းပေးဆောင်နေရတဲ့ အခွန်အခရဲ့သုံးဆယ်ရာခိုင်နှုန်းကိုလည်း မင်း ရစေရမယ်"

လုယွီက မျက်မှောင်ကြုတ်၍ မေးမြန်းလိုက်သည်။

"မင်းတို့က တော်ဝင်နန်းတွင်းကို ပေးဆောင်ရမယ့် အခွန်အခတွေကိုတောင် ခွဲယူကြတာလား"

အကယ်၍ ဂိုဏ်းတစ်ဂိုဏ်းသည် တော်ဝင်နန်းတွင်း၏ပိုင်နက်နယ်မြေအတွင်း၌ ခြေကုပ်ရယူလိုပါက အခွန်အခများ ပေးဆောင်ရပေမည်။

ထိုဂိုဏ်းများသည် အခွန်အခပေးဆောင်ခြင်းမရှိပါက ဖျက်သိမ်းခံရနိုင်သည်။ထိုသို့မဟုတ်ပါက ထိုဂိုဏ်းများသည် တော်ဝင်နန်းတွင်း၏ဒေါသကို ရင်ဆိုင်ရန် စောင့်ကြိုနေရပေမည်။

ယဲ့ရှင်းကူက သူ၏မုတ်ဆိတ်မွှေးများကိုပွတ်သပ်ကာ အော်ဟစ်ရယ်မောလိုက်သည်။

"မဟာစစ်ဗိုလ်ချုပ်လု....မင်းက မြို့တော်မှာပဲအမြဲနေနေတော့ တခြားနယ်မြေတွေရဲ့စည်းမျဥ်းတွေကို နားမလည်ဘူးပဲ...အဲ့ဒီအခွန်အခတွေက တော်ဝင်နန်းတွင်းကို ပေးဆောင်တယ်ဆိုတာက နာမည်ခံအရပဲ...တကယ်တမ်းတော့ ဒါတွေကို ဘယ့်သူဆီ လွှဲပြောင်းပေးရတာလဲဆိုတာပေါ် မူတည်တယ်"

"စည်းမျဥ်းတွေအရဆိုရင်တော့ ငါတို့က တော်ဝင်ဘဏ္ဍာရေးဌာနဆီ ဒီအခွန်အခတွေကို ပေးသွင်းရမယ်....ဒါပေမယ့် အဲ့ဒီအခွန်အခတွေကို နယ်မြေခံအုပ်ချုပ်ရေးအဖွဲ့တွေရသွားတာ ပိုမကောင်းဘူးလား...အရှင်လုက ငါတို့ပေးဆောင်မယ့် အခွန်အခတချို့ကိုလည်းရမယ်...ဒါက နှစ်ဖက်လုံးအကျိုးရှိမယ့်ကိစ္စပဲလေ"

ထိုစကားများကိုကြားချိန်တွင် လုယွီက ရုတ်တရက် နားလည်သဘောပေါက်သွားသည်။အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှနေ၍ တော်ဝင်နန်းတွင်းသို့ပေးဆောင်သည့် အခွန်အခများ တစ်နှစ်ထက်တစ်နှစ် ပို၍နည်းပါးလာသည်မှာ အံ့အားသင့်စရာမရှိတော့ချေ။

ထိုဂိုဏ်းများသည် တော်ဝင်ဘဏ္ဍာရေးဌာနသို့ အခွန်အခများ ပေးဆောင်ရမည့်အစား နယ်မြေခံအရာရှိများထံ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ပေမည်။

ဤသည်က လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းပင်။သို့ရာတွင် ထိုဂိုဏ်းများသည် အခွန်အခများ ပေးဆောင်ပြီးဖြစ်သဖြင့် သူတို့သည် မည်သူကို ပေးခဲ့သည်ဆိုသည်ကို မေးခွန်းထုတ်ရန်သာလိုအပ်သည်။

"ဒါက စည်းမျဥ်းတွေကို ဆန့်ကျင်သလိုဖြစ်မှာကို ငါ စိုးရိမ်မိတယ်...မင်းတို့က ငါ့ကို ဒီလိုမျိုး အရေးကြီးတဲ့ကိစ္စကို ပြောပြတယ်ဆိုမှတော့ ငါ မင်းတို့အားလုံးကို တော်ဝင်တရားစီရင်ရေးဌာနဆီ ပို့လိုက်မှာကို မင်းတို့မကြောက်ကြဘူးလား"

လုယွီသည် သူ၏လက်ချောင်းများဖြင့် စားပွဲခုံကို တတောက်တောက်ခေါက်နေဆဲပင်။

All Chapters