← Chapters

အခန်း (၃၃၁၁-၃၃၁၅)

Vol. 169 Ch. 3311-3315

အခန်း (၃၃၁၁-၃၃၁၅)

Vol. 169 Ch. 3311-3315

Chapter 3311

"မဟာစစ်ဗိုလ်ချုပ်လု...ငါတို့က မင်းနဲ့စကားပြောနေတာလေ...အရာရာတိုင်းကို အေးအေးဆေးဆေး ညှိနှိုင်းလို့ရတယ်"

ယဲ့ရှင်းကူက အပြုံးနှင့်ပြောဆိုသည်။

ထို့နောက် သူ၏လက်ချောင်းငါးချောင်းကိုထောင်ပြကာ ဆက်လက်ပြောဆိုလေ၏။

"မဟာစစ်ဗိုလ်ချုပ်လုက နှစ်တိုင်း အင်မော်တယ်ကျောက်တုံးသန်းငါးရာရမယ်...ဒါကို စဥ်းစားကြည့်ပါအုံး...ဗိုလ်ချုပ်လုရဲ့လစာက တစ်နှစ်လုံးပေါင်းမှ ဘယ်လောက်ရမှာမလို့လဲ...ဒီအင်မော်တယ်ကျောက်တုံးတွေနဲ့ဆိုရင် ဗိုလ်ချုပ်လုက စစ်သားတွေထပ်ခေါ်ပြီးတော့ အင်အားတိုးချဲ့နိုင်မယ်...ပြီးတော့ မင်းက ပစ္စည်းကောင်းတွေအများကြီးကိုလည်း ဝယ်နိုင်လိမ့်မယ်"

လုယွီက ပြောဆိုသည်။

"ဒါက မဆိုးပါဘူး...မင်းတို့က တပည့်အသစ်တွေ ခေါ်ချင်တယ်ဆိုတော့ ဘယ်လောက်များများထိ လိုချင်တာလဲ"

တာယွီတော်ဝင်နန်းတွင်းမှ ပြဋ္ဌာန်းထားသော စည်းမျဥ်းဥပဒေအရ စီရင်စုမြို့အတွင်းတွင်ရှိသော ဂိုဏ်းအင်အားစုများသည် တစ်နှစ်လျှင်နှစ်ကြိမ်ထက်ပို၍ တပည့်သစ်ခေါ်ယူခွင့်မရှိချေ။

ဂိုဏ်းများနှင့်အင်အားစုများအတွက် သူတို့၏ခေါင်းများပေါ်၌ ထက်ရှသောဓားတစ်ချောင်း ပျံဝဲနေသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

အကယ်၍ စီရင်စုနယ်မြေတစ်ခုသည် ဝေးလံခေါင်သီသောနေရာတွင် တည်ရှိပါက လူအမြောက်အများမရှိသဖြင့် ပါရမီရှင်များ ထွက်ပေါ်လာရန် လွန်စွာခက်ခဲလေရာ ထိုဂိုဏ်းသည် အနှေးနှင့်အမြန် နိမ့်ပါးသွားပေမည်။

လုံလောက်သော တပည့်အင်အား သို့မဟုတ် ပါရမီရှင်များကို ဖြည့်တင်းခြင်းမပြုနိုင်ပါက မည်သည့်ဂိုဏ်း အင်အားစုမဆို အချိန်ကြာကြာ တောင့်ခံနိုင်မည်မဟုတ်ချေ။

ယဲ့ရှင်းကူက တခြားလူနှစ်ယောက်ကိုတစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။

"ငါတို့က လက်ဝဲစစ်တပ်ရုံးတော်ရဲ့အုပ်ချုပ်ခွင့်အောက်က နယ်မြေတွေအပြင် စစ်တပ်ထဲကပါ တပည့်သစ်တွေ ခေါ်ယူချင်တယ်"

တခြားနှစ်ယောက်သည် စကားပြောဆိုခြင်းမရှိသော်လည်း ယဲ့ရှင်းကူ၏စကားများကို သဘောတူညီသည်မှာ သိသာထင်ရှားလှ၏။

သူတို့သည် စစ်တပ်အတွင်းသို့ပင် သူတို့၏အင်အားကို ချဲ့ထွင်လိုခဲ့သည်။

လုယွီက ယဲ့ရှင်းကူကိုစူးစိုက်၍ ကြည့်လိုက်သည်။

"မင်းတို့က စစ်တပ်ထဲထိတောင် အင်အားချဲ့ထွင်မယ်ဆိုတဲ့စကားကို ငါ့ရှေ့မှာ ပြောဝံ့တာလား...မင်းတို့က သေချင်နေတာလား"

လက်ဝဲစစ်တပ်၏တပ်မှူးသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ် လက်ဝဲစစ်တပ်အုပ်ချုပ်ရေးရုံးတော်၏အုပ်ချုပ်သူဖြစ်သော စစ်ရေးအရာရှိတစ်ယောက်ပင်။

ဤအပြင်လူများသည် လုယွီ၏ရှေ့၌ ထွက်ပေါ်လာသည်ကပင် သေလမ်းလာရှာခြင်းပင်။မမျှော်လင့်ဘဲ သူတို့သည် လုယွီ၏ရှေ့၌ စစ်တပ်အတွင်းမှလူများကို တပည့်သစ်များအဖြစ် ခေါ်ယူမည်ဟုပင် ပြောဆိုဝံ့သည်။

သူတို့သည် သူ့အား အနည်းငယ်မျှပင် အလေးအနက်မထားသည်မှာ သိသာထင်ရှားလှ၏။

ယဲ့ရှင်းကူက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။

"မဟာစစ်ဗိုလ်ချုပ်လု....ငါတို့က မင်းနဲ့တိုင်ပင်ဆွေးနွေးနေတာ...တကယ်လို့ မင်း သဘောမတူဘူးဆိုရင် ငါတို့ကလည်း တခြားနည်းလမ်းနဲ့ မင်းကို ဆက်ဆံရမှာပေါ့"

ထိုသို့ပြောဆိုပြီးနောက် သူသည် တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် တီးတိုးရေရွတ်လိုက်သည်။

"ပြောရမယ်ဆိုရင်...တော်ဝင်နန်းတွင်းထဲမှာ မင်းကို သေစေချင်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တချို့ရှိနေတယ်...တကယ်လို့ ငါတို့ကသာ မင်းကိုရှင်းထုတ်လိုက်မယ်ဆိုရင် အဲ့ဒီအစွမ်းထက်ပုဂ္ဂိုလ်တွေက ဒီကိစ္စကို ဖုံးကွယ်ပေးမှာပဲ...မင်းရော ဘယ်လိုထင်လဲ"

"ထိပ်သီးကျောင်းတော်သားက အုပ်ချုပ်ရေးရုံးတော်ကို လွှဲပြောင်းတာဝန်ယူလိုက်တဲ့အချိန်မှာပဲ သေဆုံးသွားတယ်...ကျွတ် ကျွတ် ကျွတ်...တာယွီအင်ပါယာအတွက် ဒီလိုမျိုးပါရမီရှင်တစ်ယောက် လျော့နည်းသွားရင် အရမ်းနှမြောဖို့ကောင်းမှာပဲ"

ဘန်း...

ယဲ့ရှင်းကူ၏စကား အဆုံးမသတ်သေးမီမှာပင် လုယွီက ရုတ်တရက် စားပွဲခုံကို သူ၏လက်ဖြင့် ရိုက်ပုတ်လိုက်သည်။

"ဒီနေရာကိုလာပြီးတော့ ငါ့ကိုခြိမ်းခြောက်ဝံ့တဲ့သတ္တိမျိုး မင်းတို့ကို ဘယ်သူက ပေးလိုက်တာလဲ"

လုယွီ ဒေါသထွက်နေသည်ကိုကြည့်ပြီး သူတို့သုံးယောက်သည် ကြိုတင်ပြင်ဆင်ပြီးဖြစ်ပုံဖြင့် သူတို့၏မှော်လက်နက်များကို ဆွဲထုတ်လိုက်ကြ၏။

"မျက်နှာသာပေးတာကို မယူတတ်ဘူး....ဒီနေရာကို တော်ဝင်မြို့တော်လို့ မင်းက ထင်နေတာလား...ငါတို့ မင်းကို သတ်လိုက်ရင်တောင် ဘယ်သူမှသိမှာမဟုတ်ဘူး"

လုံချန်၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ထင်ဟပ်နေကာ သူ၏လက်အတွင်းမှနတ်ဆိုးချီများ ထွက်ပေါ်လာပြီး အနက်ရောင်ပုံရိပ်ယောင်များအဖြစ် ဖွဲ့စည်းသွားသည်။

တခြားတစ်ဖက်တွင် ဘုန်းတော်ကြီးရွှမ်းပေသည်လည်း ဗုဒ္ဓမှော်မန္တန်များကိုရွတ်ဆိုနေကာ သူ၏လက်အတွင်း၌ ပုတီးတစ်ကုံးကိုကိုင်ထားသည်။သူ မှော်မန္တန်တစ်ပုဒ်ရွတ်ဆိုချိန်တိုင်း သူ၏လက်အတွင်းရှိ ပုတီးကုံးမှ ရွှေရောင်အလင်းတန်းများဖြာထွက်လာကာ တဖျတ်ဖျတ်တောက်ပနေပေ၏။

ယဲ့ရှင်းကူသည် လက်တစ်ဖက်ဖြင့် ဓားတစ်ချောင်းကိုကိုင်ဆောင်ထားကာ တခြားလက်တစ်ဖက်ဖြင့် အဆောင်လက်ဖွဲ့တစ်ခုကို ကိုင်ထားပြီး သူ၏ပါးစပ်မှနေ၍ မှော်မန္တန်များကို တီးတိုးရေရွတ်နေသည်။

ထိုအဆောင်လက်ဖွဲ့ လောင်ကျွမ်းသွားခြင်းနှင့်အတူ ဓားရှည်မှနေ၍ တောက်ပသောအလင်းတန်းများ ဖြာထွက်လာသည်။ထိုဓားရှည်၏နံဘေးပတ်လည်တွင် လျှပ်စီးမိုးကြိုးများရစ်ပတ်နေကာ အလွန်အမင်းထက်ရှပေ၏။

သူတို့သုံးယောက်သည် သူတို့၏မှော်မန္တန်များကို တပြိုင်နက်တည်း ရွတ်ဆိုလိုက်ကြသဖြင့် မှော်စွမ်းအားများ၏အလင်းတန်းများက နေရာအနှံ့အပြား၌ ထွန်းလင်းတောက်ပနေသည်။

"သေစမ်း"

ရုတ်ချည်းဆိုသလိုပင် သူတို့သုံးယောက်သည် အတူပူးပေါင်းကာ သူတို့၏အားအကောင်းဆုံးမှော်မန္တန်များကိုအသုံးပြု၍ လုယွီကို တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

အစွမ်းထက်သော မှော်စွမ်းအားလှိုင်းများသည် ချက်ချင်းဆိုသလိုပင် လုယွီ၏အနီးသို့ ချဥ်းကပ်လာပေ၏။

Chapter 3312

"ပြင်ပဂိုဏ်းတွေက အလေအလွင့်တစ်သိုက်ကများ..တော်ဝင်နန်းတွင်းရဲ့အရာရှိတစ်ယောက်ကိုတောင် ခြိမ်းခြောက်ဝံ့တယ်...မင်းတို့က သေလမ်းရှာနေကြတာလား"

လုယွီက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ပတ်ဝန်းကျင်ရှိ မှော်စွမ်းအားများအားလုံးကို သူ၏ရင်ဘတ်အတွင်းသို့ စီးဝင်သွားစေပြီးနောက် သူ၏အရှိန်အဝါများ အလျှင်အမြန် မြင့်တက်လာသည်။

ထို့နောက် လုယွီက သူ၏ပါးစပ်ကိုဖွင့်ဟကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။သူ၏အသံသည် မိုးခြိမ်းသံနှင့် တူညီနေသည်။

ဝေါင်း....

ကြီးကျယ်ခမ်းနားသောအသံလှိုင်းများသည် အစွမ်းထက်သောမှော်စွမ်းအားများနှင့်အတူ ပွင့်အံ့ထွက်လာသည်။

ထိုအသံသည် ရှေးဟောင်းချောက်နက်ကြီးအတွင်းမှ ထွက်လာပုံရပြီး နဂါးတစ်ကောင်၏ဟိန်းသံနှင့်တူညီကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသဖြင့် ပတ်ဝန်းကျင်ရှိလေဟာနယ် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

လုယွီ၏ရှေ့တွင် နဂါးနတ်ဘုရားတစ်ကောင်၏ပုံရိပ်ယောင် ထွက်ပေါ်လာသည်။ထိုနဂါးပုံရိပ်ယောင်သည် ပါးစပ်ကြီးကိုဖွင့်ဟ၍ ရှေ့ရှိလူသုံးယောက်ထံသို့ တိုးဝင်သွားလေ၏။

ရှေးဟောင်းသိုင်းပညာနည်းစနစ်....နတ်ဘုရားနဂါးဟိန်းသံ...

နဂါးနတ်ဘုရား၏ကျယ်လောင်သောဟိန်းသံက ချက်ချင်း ပွင့်အံ့ထွက်လာသည်။ရှေ့သို့တိုးဝင်လာသော အကြီးအကဲသုံးယောက်၏မျက်နှာအမူအယာများ တောင့်တင်းသွားကာ ကျယ်လောင်သောနဂါးဟိန်းသံက သူတို့၏ခန္ဓာကိုယ်များကို လွှမ်းခြုံသွားသည်။

"မကောင်းတော့ဘူး...ငါတို့ရထားတဲ့ သတင်းအချက်အလက်က မှားနေပြီ"

သူတို့သုံးယောက်၏မျက်နှာများပေါ်၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

သူတို့သည် နောက်သို့ပြန်လှည့်၍ ထွက်ပြေးရန်အတွက် ဟန်ပြင်လိုက်ကြသော်လည်း နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူတို့၏စိတ်ဝိညာဥ်များကို ကျယ်လောင်သောနဂါးဟိန်းသံက လွှမ်းခြုံသွားပေ၏။

ခရက်..ခရက်...ခရက်...

အက်ကွဲသံသုံးသံ ထွက်ပေါ်လာခြင်းနှင့်အတူ ထိုလူသုံးယောက်၏စိတ်ဝိညာဥ်များသည် ကြေမွှပျက်စီးသွားပြီး မြက်ပင်များအလား အပိုင်းပိုင်းအစစ ပြတ်တောက်သွားတော့သည်။

ထိုလူသုံးယောက်၏စိတ်ဝိညာဥ်များသည် အမြစ်ပြတ်သုတ်သင်ခြင်းခံရသဖြင့် သူတို့၏ခန္ဓာကိုယ်များသည် အခွံလွတ်ကြီးများဖြစ်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားပေ၏။

တုန်လှုပ်ချောက်ချားဖွယ် နဂါးဟိန်းသံသည် အိမ်အတွင်း၌ အဆက်မပြတ်ပဲ့တင်ထပ်နေပြီးနောက် တဖြည်းဖြည်းပျက်ပြယ်သွားသည်။

"အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က ဒီအခြေအနေထိအောင် နိမ့်ပါးနေပြီလား"

လုယွီသည် ထိုလူသုံးယောက်ကို သတ်ဖြတ်ပြီးဖြစ်သော်လည်း သူ၏မျက်ခုံးကို တင်းတင်းကြပ်ကြပ်စုကျုံထားသည်။

တာဝန်ကိုလွှဲပြောင်းယူရန် ထွက်ခွာလာသော အရာရှိတစ်ယောက်ကို လမ်းတစ်ဝက်မှဖြတ်၍ ဟန့်တားကာ ခြိမ်းခြောက်ဝံ့ခြင်းမှာ သာမာန်မောက်မာထောင်လွှားမှုမျိုးမဟုတ်ချေ။

လုယွီ စိတ်အာရုံအစိုက်ဆုံးကိစ္စမှာ ထိုဂိုဏ်းများသည် တာယွီ၏တော်ဝင်စစ်တပ်အတွင်းသို့ သူတို့၏လက်တံများကို ဆန့်ချင်နေခြင်းပင်။

ထိုလူများသည် လုယွီနှင့်တိုင်ပင်ဆွေးနွေးသည်ဟု ပြောဆိုခဲ့သော်လည်း ဖြစ်နိုင်သည်မှာ သူတို့သည် ထိုကိစ္စများကို ယခင်ကတည်းက ပြုလုပ်ပြီးဖြစ်ပေမည်။ယခုလက်ရှိချိန်တွင် ဂိုဏ်းများနှင့်အင်အားစုများမှ လူများသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ပေါ်၌ ခြေကုပ်ယူထားပြီးလေပြီ။

အရေးအကြီးဆုံးအချက်မှာ အခွန်အခများပင်။

သူတို့သည် တာယွီအင်ပါယာ၏အဓိကဝင်ငွေကိုပင် ထိပါးဝံ့ပေ၏။

ငွေကြေးမရှိပါက တာယွီတော်ဝင်နန်းတွင်းသည် မည်သို့ပြုလုပ်နေပါစေ အကြီးအကျယ် ထိန်းချုပ်ကန့်သတ်နေရပေမည်။

တော်ဝင်နန်းတွင်းအတွက် ဂိုဏ်းများ အင်အားစုများမှ နှစ်စဥ်နှစ်တိုင်းရရှိသော အခွန်အခများသည် အကြီးမားဆုံးဝင်ငွေပင်။ထိုဝင်ငွေ၏တစိတ်တဒေသ လျော့နည်းသွားပါက တော်ဝင်နန်းတွင်း၏အကျိုးစီးပွားအပေါ် အကြီးအကျယ် သက်ရောက်သွားနိုင်သည်။

ဘန်း...ဘန်း...

အိမ်တံခါးပွင့်သွားကာ စစ်သားတစ်စု အလျှင်အမြန် ပြေးဝင်လာကြ၏။

သူတို့သည် လုယွီကို ကာကွယ်စောင့်ရှောက်နေသော စစ်သားများဖြစ်သည်။သူတို့သည် အတွင်းရှိ ရုတ်ရုတ်သဲသဲ အသံများကိုကြားသဖြင့် တဟုန်ထိုးပြေးဝင်လာခဲ့ကြသည်။

ထိုစစ်သားများသည် မြေပြင်ပေါ်၌လဲကျနေသော အလောင်းသုံးလောင်းကိုမြင်တွေ့ချိန်တွင် သူတို့၏မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းသွားသည်။

လုယွီကို ကာကွယ်စောင့်ကြပ်နေသော စစ်သားများသည် ပုန်းကွယ်နဂါးတပ်ခွဲမှ လက်ရွေးစင်စစ်သားများပင်။သူတို့အနက်မှ မည်သည့်တစ်ယောက်ကိုမဆို ဆွဲထုတ်လိုက်ပါက တပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်နိုင်သူများဖြစ်သည်။

ထိုစစ်သားများသည် သန်မာအားကောင်းရုံသာမက သူတို့ထံတွင် သာလွန်ထူးကဲသော နတ်ဘုရားစိတ်အာရုံလည်းရှိကာ ပတ်ဝန်းကျင်ကို စုံစမ်းထောက်လှမ်းနိုင်သောအရည်အချင်း လွန်စွာကောင်းမွန်သည်။ထို့ကြောင့် လုယွီကို ကာကွယ်စောင့်ကြပ်ရန် သူတို့ကို အထူးသီးသန့်ရွေးချယ်ထားခြင်းဖြစ်ပေ၏။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့သည် စုံစမ်းထောက်လှမ်းနိုင်ခဲ့ခြင်းမရှိချေ။

"အရှင်...ဒီလူဆိုးတွေကို ကျူးကျော်ဝင်ခွင့်ပေးလိုက်တာက ကျွန်တော်တို့ရဲ့အမှားပါ...ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"

အစောင့်စစ်သားများ၏ခေါင်းဆောင် စစ်ဗိုလ်ချုပ်က လုယွီ၏ရှေ့တွင် ဒူးတစ်ဖက်ထောက်၍ ပြောဆိုလိုက်သည်။

လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြလေသည်။

"ဒီလိုလုပ်ဖို့ မလိုအပ်ဘူး...ဒီလူတွေက အရမ်းသန်မာအားကောင်းတယ်...မင်းတို့က သူတို့ကို မြင်နိုင်မှာမဟုတ်ဘူး"

ဤလူသုံးယောက်သည် သူတို့၏သက်ဆိုင်ရာဂိုဏ်းများ၌ အကြီးအကဲများပင်။သူတို့သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျင့်ကြံသူများဖြစ်ပေ၏။

အကယ်၍ သာမာန်စစ်ဗိုလ်ချုပ်တစ်ယောက်ဆိုပါက သူတို့သုံးယောက်၏ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် အသက်ရှင်သန်နိုင်မည်မဟုတ်ချေ။

သို့ရာတွင် လုယွီကမူ မတူကွဲပြားသည်။

ထိုလူများသည် လုယွီကို မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ဟုသာ တွေးတောပြီး အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။သို့ရာတွင် အမတ်ကြီးတစ်ယောက်ပင်လျှင် လုယွီ၏ပြိုင်ဘက်မဖြစ်နိုင်သည်ကို သူတို့အားလုံး သိရှိကြမည်မဟုတ်ချေ။

Chapter 3313

"သူတို့ရဲ့ခေါင်းတွေကို ဖြတ်ပြီးတော့ သင်္ဘောဦးမှာချိတ်ထားလိုက်စမ်း"

လုယွီက သူ၏လက်ကိုဝှေ့ယမ်းကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ဟုတ်ကဲ့ပါ အရှင်"

စစ်သားတစ်စုသည် အလောင်းများကို ပြင်ပသို့ အလျှင်အမြန် သယ်ဆောင်သွားကြသည်။ထို့နောက် သူတို့အနက်မှတချို့သည် ပတ်ဝန်းကျင်၌ ပြန့်ကျဲနေသော ပရိဘောဂပစ္စည်းများကို သန့်ရှင်းရေးလုပ်လိုက်ကြ၏။

အလွန်လျှင်မြန်စွာဖြင့်ပင် တပ်မှူးအိမ်တော်တစ်ခုလုံး ပြန်လည်၍ တည်ငြိမ်အေးချမ်းသွားလေပြီ။

"အရှင်ဖေးကို ဒီနေရာဆီ ခေါ်ခဲ့ကြစမ်း"

လုယွီက အမိန့်ပေးလိုက်သည်။

ဖေးထျန်ကွမ်းသည် ပြင်ပ၌ ရောက်ရှိနှင့်ပြီးဖြစ်သည်။

သူသည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်သဖြင့် သူ၏စိတ်ဝိညာဥ်မှစွမ်းအားသည် လွန်စွာအစွမ်းထက်ပေ၏။ထိုလူသုံးယောက်သည် သူတို့၏လှုပ်ရှားမှုများကို တိတ်တဆိတ်လုပ်ဆောင်ခဲ့သော်လည်း သူသည် အရိပ်အယောင်တချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။

သို့ရာတွင် ဖေးထျန်ကွမ်းသည် အတွင်းသို့ဝင်ရောက်ခဲ့ခြင်းမရှိချေ။လုယွီ၏ခွန်အားဖြင့် ထိုလူသုံးယောက်ကို ရင်ဆိုင်ရန်မှာ လိုအပ်သည်ထက်ပင် ပိုနေပေမည်။

"ခုဏက ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်း မြင်လား"

လုယွီက သူ၏ထိုင်ခုံ၌ပြန်ထိုင်၍ မေးမြန်းလိုက်သည်။

ဖေးထျန်ကွမ်းက လေးလံသောသက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

"နယ်စပ်ဒေသတွေမှာ အကျင့်ပျက်ခြစားမှုတွေရှိနေတယ်ဆိုတာ ငါ ကြားထားတာ အချိန်အတော်ကြာနေပြီ...ဒါပေမယ့် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က ဒီလိုအ​ခြေအနေမျိုးထိရောက်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒါက တကယ့်ကို တုန်လှုပ်ချောက်ချားစရာပဲ"

ထိုလူများသည် နေခင်းကြောင်တောင်အချိန်၌ပင် တော်ဝင်နန်းတွင်း၏အရာရှိတစ်ယောက်ကို ကြားဖြတ်နှောက်ယှက်၍ သတ်ဖြတ်ရန် ကြံစည်ဝံ့သည်။

အကယ်၍ ဤသတင်းသာ ပြင်ပသို့ပျံ့နှံ့သွားပါက မည်သူမျှ ယုံကြည်မည်မဟုတ်ချေ။သို့ရာတွင် ဤကိစ္စသည် အမှန်တကယ် ဖြစ်ပျက်သွားခဲ့ပေ၏။

"မင်း ဘာလုပ်ဖို့ စီစဥ်ထားလဲ"

ဖေးထျန်ကွမ်းက မေးမြန်းလေသည်။

လုယွီသည် ထိုမေးခွန်းကို ဖြေဆိုခြင်းမရှိချေ။ထိုအစား သူက တုံ့ပြန်မေးမြန်းလေသည်။

"ငါတို့ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကိုရောက်ဖို့ အချိန်ဘယ်လောက်လိုသေးလဲ"

"တကယ်လို့ အမြန်ဆုံးအရှိန်နဲ့သွားမယ်ဆိုရင်တောင် ခုနစ်ရက်လောက် ကြာလိမ့်မယ်"

ခုနစ်ရက်....

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"တကယ်လို့ ငါတို့ ဒီအတိုင်း ပြောင်ပြောင်တင်းတင်းဝင်သွားမယ်ဆိုရင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာရှိတဲ့လူတွေက ကြိုတင်ပြင်ဆင်ထားလိမ့်မယ်...အဲ့ဒီလူတွေက အရမ်းဥာဏ်ကောင်းတယ်...ငါက အရာရှိအသစ်တစ်ယောက်ဆိုတာ သိနေတာကြောင့် သူတို့က ငါရှေ့မှာ ဘာပြဿနာကိုမှ ထွက်ပေါ်လာစေမှာမဟုတ်ဘူး....တကယ်လို့ ငါတို့က အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ပြဿနာတွေကို ဖော်ထုတ်ချင်ရင် တိတ်တဆိတ်သွားရလိမ့်မယ်"

ဖေးထျန်ကွမ်း၏မျက်ခုံး မြင့်တက်သွားသည်။

"မင်းက ခိုးဝင်ဖို့ ကြံစည်နေတာလား"

"အမှန်ပဲ"

လုယွီက ခေါင်းညိတ်လိုက်၏။

"ပုန်းကွယ်နဂါးတပ်ခွဲက အချိန်အတိုင်းအတာတစ်ခုထိ မင်းရဲ့အုပ်ချုပ်မှုအောက်ကို ရောက်သွားပြီ...တခြားသူတွေကိုတော့ ငါ ဒီစစ်သင်္ဘောပေါ်မှာ ရှိနေတုန်းပဲလို့ သူတို့ယုံကြည်အောင် လှည့်စားထားရမယ်"

.....

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်...ရှီးလျန်ကြယ်နယ်မြေ...

ရှီးလျန်ကြယ်နယ်မြေသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ အနောက်ဘက်အကျဆုံးအပိုင်းတွင်တည်ရှိကာ ထန်အင်ပါယာနှင့်အနီးစပ်ဆုံးနယ်စပ်တစ်နေရာလည်းဖြစ်သည်။

ဤသည်က အရှေ့အောင်နိုင်ခြင်းကြယ်မြစ် လက်ဝဲစစ်တပ်၏စခန်းချရာနေရာလည်းဖြစ်ပြီး ဤနယ်မြေ၏ဗဟိုချက်ပင်။ရှီးလျန်ကြယ်နယ်မြေပေါ်တွင် လူဦးရေသန်းထောင်နှင့်ချီ၍ရှိနေကာ အလွန်ကြီးမားကျယ်ပြန့်သည်။အဖိုးတန်ရှားပါးသောရတနာအမြောက်အများကို ဤကြယ်နယ်မြေပေါ်၌ ရှာဖွေတွေ့ရှိနိုင်သည်။

ရှီးလျန်မြို့သည် တိုင်းတပါးရန်သူများကို ခုခံတိုက်ခိုက်ရာ၌ အရေးပါသောမြို့တစ်မြို့ဖြစ်သဖြင့် အစောင့်အကြပ်ထူထပ်သည်။ဤနေရာ၌ သန်းဆယ်နှင့်ချီသောစစ်သားများ စခန်းချနေကာ လက်ဝဲစစ်တပ်၏အုပ်ချုပ်ရေးရုံးတော်သည်လည်း ရှီးလျန်မြို့အတွင်း၌ တည်ရှိသည်။

နေ့တစ်ဝက်ခန့်ကြာပြီးနောက် လုယွီသည် ရှီးလျန်ကြယ်နယ်မြေ၏ပြင်ပ၌ ရောက်ရှိနေလေပြီ။

ဤအချိန်အခိုက်အတန့်တွင် ရှီးလျန်ကြယ်နယ်မြေ၏နံဘေးပတ်လည်၌ စစ်သင်္ဘောများရှိနေကာ ကြီးမားသောခံတပ်ကြီးတစ်ခုကို ဖွဲ့စည်းထားသည်။တစ်စုံတစ်ယောက်သည် အဝေးမှကြည့်ပါက လေထုအတွင်း၌ ရှေ့နောက်မျောလွင့်နေသော ကြီးမားသည့်စစ်သင်္ဘောကြီးများကို တွေ့မြင်နိုင်ကာ အလွန်ကြီးကျယ်ခမ်းနားသောမြင်ကွင်းပင်။

အနည်းဆုံး ရွှယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်ရှိမှသာ ဤကြယ်မြစ်ကို ဖြတ်သန်းသွားလာနိုင်ပေမည်။သို့ရာတွင် လုယွီ၏ယခုလက်ရှိမှော်စွမ်းအားဖြင့် သူ အသက်ရှုရှိုက်သည့်အချိန်တိုင်း သူ၏ခန္ဓာကိုယ်အတွင်း၌ မှော်စွမ်းအားများအကန့်အသတ်မရှိချေ။ထို့ကြောင့် သူ့အား ရှီးလျန်ကြယ်နယ်မြေသို့လာရာ လမ်းတလျှောက်လုံးကို ထောက်ပံပေးနိုင်သည်။

လုယွီကို ဤနေရာရှိ မည်သည့်စစ်သားကမျှ သတိမပြုမိချေ။သူသည် မြို့ပြင်တစ်နေရာ၌ လေထုအတွင်းမှ ဆင်းသက်လိုက်၏။

ဤနေရာသည် ဝေးလံခေါင်သီသော တောရိုင်းတစ်နေရာဖြစ်ပြီး နေရာအနှံ့အပြားတွင် သစ်ပင်ကြီးများ လွှမ်းခြုံနေသဖြင့် လူသူကင်းမဲ့သောနေရာတစ်ခုပင်။ဤနေရာမှကြည့်ပါက တစ်စုံတစ်ယောက်သည် ရှီးလျန်မြို့၏မြင့်မားသောမြို့ရိုးများကို မြင်တွေ့နိုင်ပေမည်။

မြို့ရိုးများသည် ကောင်းကင်နှင့်မြေပြင်အကြား၌ လူဘီလူးကြီးတစ်ကောင်အလား မားမားမတ်မတ်တည်ရှိနေသည်။ရှီးလျန်မြို့၏မြို့ရိုးများကို မြောက်များစွာသော ဝင်္ကပါပညာရှင်များ အတူပူးပေါင်း၍ မှော်လက်နက်တစ်ခုအဖြစ် သန့်စင်ထားခြင်းဖြစ်သည်။

အကယ်၍ အန္တရာယ်ရှိသော အခြေအနေတစ်ခုခုနှင့် ရင်ဆိုင်ရပါက ရှီးလျန်မြို့သည် တိုက်ခိုက်မှုနှင့်ခုခံကာကွယ်မှု နှစ်မျိုးလုံးအသုံးပြုနိုင်သော မှော်ရတနာတစ်ခုအဖြစ် ပြောင်းလဲသွားပေမည်။ဤသည်မှာ ယခင်က လုယွီ ကြုံတွေ့ခဲ့ရသော လင်ကျိုးစီရင်စု၏သာမာန်မြို့ရိုးများနှင့် နှိုင်းယှဥ်ပါက လွန်စွာကွဲပြားခြားနားသည်။

Chapter 3314

လုယွီသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်းရှိလက်ရှိအခြေအနေများကို မည်သူမျှမသိအောင် စုံစမ်းစစ်ဆေးရန်အတွက် ဤနေရာကို တမင်သက်သက် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ရှီးလျန်သည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ အရေးပါသောမြို့တစ်မြို့ဖြစ်ကာ ဆက်သွယ်ရေးလမ်းကြောင်းများအားလုံး ဤနေရာ၌စုဝေးနေသည်။

အကယ်၍ သူသည် ပုန်းကွယ်နဂါးတပ်ခွဲနှင့်အတူ ရောက်လာပါက ပစ်မှတ်သည်အလွန်ကြီးမားသွားမည်ဖြစ်ကာ သူ သိရှိရသောကိစ္စများသည်လည်း မှန်ကန်တော့မည်မဟုတ်ချေ။

ဤနေရာ၏အနီးပတ်လည်တွင် စွန့်ပစ်တောင်တန်းများသာရှိနေသဖြင့် မည်သူမျှ လာရောက်ခြင်းမရှိပေ။

လုယွီသည် သူ၏ခြေထောက်ကိုမြှောက်ကာ ထွက်ခွာသွားရန် ဟန်ပြင်လိုက်စဥ်မှာပင် သူသည် လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်ရပ်၏ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။

"အမ်...ဒီလိုစွန့်ပစ်တောင်တန်းမျိုးမှာ စိတ်ဝိညာဥ်စွမ်းအင်တွေ ထူထပ်သိပ်သည်းတဲ့နေရာ တကယ်ကြီးရှိနေတာလား"

လုယွီက အံ့အားတသင့် ရေရွတ်လိုက်၏။

ဤနေရာသည် ခြောက်ကပ်ပြီး လူသူကင်းမဲ့သောနေရာဖြစ်လေရာ မည်သည်ကြောင့် ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအားများ ရှိနေသနည်း....

အကယ်၍ သာမာန်လူတစ်ယောက်ဆိုပါက ထိုစိတ်ဝိညာဥ်စွမ်းအားများ ထွက်ပေါ်နေသောနေရာကို ရှာဖွေတွေ့ရှိနိုင်ရန် လွန်စွာခက်ခဲပေမည်။သို့ရာတွင် လုယွီသည် အတွေ့အကြုံရင့်ကျက်သူဖြစ်သဖြင့် ထိုစိတ်ဝိညာဥ်စွမ်းအားများ ထွက်ပေါ်နေသောနေရာကို အကြည့်တစ်ချက်ဖြင့်ပင် ​တွေ့မြင်နိုင်သည်။

သိချင်စိတ်ပြင်းပြလာမှုကြောင့် လုယွီက ထိုနေရာသို့ လျှောက်လှမ်းသွားလိုက်သည်။

ခြေလှမ်းဆယ်လှမ်းခန့်လျှောက်ပြီးနောက် ရေတံခွန်တစ်ခုမှ ရေများစီးဆင်းနေသောအသံက တဖြည်းဖြည်း သူ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

တိကျသေချာစွာပင် တောင်တန်းများနှင့်တောအုပ်များ၏နောက်ကွယ်၌ ရေတံခွန်တစ်ခုရှိနေသည်။ထိုရေတံခွန်မှ ရေများစီးဆင်းနေမှုသည် အလွန်လျှင်မြန်ပြီး အလွန်မြင့်မားသောနေရာမှ ကျဆင်းနေကာ ရေအိုင်၏အထက်တွင် တိမ်မြူခိုးများ ရစ်သိုင်းလွှမ်းခြုံနေသည်။

ထိုတိမ်မြူခိုးများအကြားရှိ ရေမျက်နှာပြင်ပေါ်တွင် အနီရောင်ဖျော့ဖျော့ပန်းပင်တစ်ပင် ရှိနေလေ၏။ထိုပန်းပင်၏ သစ်ကိုင်းငယ်များဘေးတစ်ဖက်တစ်ချက်တွင် အနီရောင်သစ်သီးနှစ်လုံး ရှိနေသည်။

အစောပိုင်းက လေထုအတွင်း၌မျောလွင့်နေသော စိတ်ဝိညာဥ်စွမ်းအားများကို ဤအနီရောင်သစ်သီးနှစ်လုံးမှ ထုတ်လွှတ်နေခြင်းပင်။

"မီးတောက်တိမ်တိုက် နတ်ဘုရားသစ်သီးလား"

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လုယွီက အနည်းငယ်စိတ်လှုပ်ရှားသွားသည်။

သူ၏သိုလှောင်အိတ်ကမ္ဘာငယ်လေးအတွင်း၌ အဖိုးတန်ရှားပါးသော ဆေးပင်အမြောက်အများရှိသည်။

သို့ရာတွင် လောကကြီးအတွင်း၌ ကံကောင်းမှုဖြင့်သာရရှိနိုင်သော ဆေးပင်တချို့ရှိနေဆဲပင်။ကံကောင်းမှုသာမရှိပါက အကယ်၍ တစ်စုံတစ်ယောက်ထံတွင် ငွေကြေးအမြောက်အများရှိနေလျှင်ပင် ထိုအရာများကို ဝယ်ယူနိုင်မည်မဟုတ်ချေ။

ထိုကဲ့သို့ဆေးပင်အမျိုးအစားများအကြား၌ မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီးသည် အလွန်အမင်းအဖိုးတန်ရှားပါးသော ဆေးဖက်ဝင်ပစ္စည်းတစ်ခုဖြစ်သည်။

ထိုဆေးပင်သည် အေးစက်မှုနှင့်ပူပြင်းမှု ပြောင်းလဲခြင်း အလွန်အမင်းမြင့်မားသော ရှုပ်ထွေးသည့်ပတ်ဝန်းကျင်မျိုးတွင်သာ ပေါက်ရောက်သည်။ထို့ပြင် ဆေးပင်ပေါက်လာစေရန်အတွက် အလွန်သန့်စင်သောဆေးမျိုးစေ့ကို လိုအပ်ပေ၏။

ပေါက်ရောက်ရာပတ်ဝန်းကျင်၏ရှုပ်ထွေးမှုကို ဘေးဖယ်ထားလျှင်ပင် ထိုဆေးမျိုးစေ့တစ်ခုတည်းသက်သက်သည် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားသည်။ထိုအရာကို သာမာန်စျေးများအတွင်း၌ ဝယ်ယူရန်မှာမဖြစ်နိုင်ချေ။

မီးတောက်တိမ်တိုက်နတ်ဘုရားဆေးပင်၏မျိုးစေ့များသည် အလယ်ခေတ်အချိန်ကာလကတည်းက မျိုးတုန်းပျောက်ကွယ်သွားလေပြီ။

ဤသစ်သီးသည် လွန်စွာအသုံးဝင်ပေ၏။ထိုအရာကို ဆေးလုံးများပြုလုပ်ရာတွင် အသုံးပြုနိုင်ရုံသာမက သစ်သီးချည်းသီးသန့်လည်း ဝါးမြိုနိုင်သည်။မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီးသည် လူသားများနှင့်နတ်ဆိုးမှော်သားရဲများအပေါ်တွင် ကြီးမားသောအကျိုးသက်ရောက်မှုကို ရရှိစေသည်။တစ်စုံတစ်ယောက်သည် ဤသစ်သီးကို စားသုံးနိုင်ပါက သူ၏ပါရမီအရည်အချင်းပြောင်းလဲသွားမည့်အပြင် သူ၏ရုပ်ခန္ဓာကိုယ်သည်လည်း ပို၍သန်မာအားကောင်းသွားပေမည်။

လုယွီ၏ယခုလက်ရှိ ရုပ်ခန္ဓာကိုယ်ခွန်အားဖြင့် အကယ်၍ မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီးကို တိုက်ရိုက်ဝါးမြိုလျှင်ပင် သူ၏ခွန်အား မြင့်တက်လာမည်မဟုတ်ချေ။သူသည် ထိုသစ်သီးကိုအသုံးပြု၍ ဆေးလုံးများသန့်စင်ရန် လိုအပ်သည်။

"ဒါက အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်"

လုယွီသည် မလှမ်းမကမ်းရှိ ရေမျက်နှာပြင်ပေါ်မှသစ်သီးကို စူးစမ်းလေ့လာလိုက်၏။ထိုသစ်သီးရင့်မှည့်လာရန် အချိန်သိပ်မလိုတော့သည်ကို သူ ခံစားမိသည်။

သူသည် အချိန်ကောင်းတွင် ရောက်ရှိလာခဲ့ခြင်းပင်။

လုယွီသည် သစ်သီးကိုခူးရန်အတွက် ရှေ့သို့တိုးလိုက်စဥ်မှာပင် ရုတ်တရက် ပတ်ဝန်းကျင်ရှိ တောတောင်များအကြားမှနေ၍ ကျယ်လောင်သောအသံများ ထွက်ပေါ်လာသည်။

ဝုန်း...ဝုန်း....

ပတ်ဝန်းကျင်ရှိသစ်ပင်ကြီးများ စတင်၍ ပြင်းပြင်းထန်ထန် တုန်ခါလာကာ သစ်ကိုင်းများပေါ်မှနေ၍ သစ်ရွက်များ ကြွေကျလာပေ၏။

ရုတ်ချည်းဆိုသလိုပင် ကြီးမားသော တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဦးခေါင်းကြီးများက သစ်ပင်များအကြားမှထွက်လာကာ သူတို့၏ပါးစပ်များမှ ပြင်းထန်သောသွေးညှီနံများ ထွက်ပေါ်နေသည်။

ထိုအရာများသည် ပတ်ဝန်းကျင်ရှိ စွန့်ပစ်တောင်တန်းများတွင်နေထိုင်သော နတ်ဆိုးမှော်သားရဲများပင်။

သူတို့၏ခန္ဓာကိုယ်များမှ ထွက်ပေါ်နေသော အရှိန်အဝါများအရ အကဲဖြတ်ကြည့်ပါက ထိုနတ်ဆိုးမှော်သားရဲများ၏ခွန်အားသည် သာမာန်ထက်သာလွန်ထူးကဲနေပေမည်။

မီးတောက်တိမ်တိုက်သစ်သီးကဲ့သို့ မိုးကောင်းကင်ရတနာတစ်ခု ရင့်မှည့်ချိန်သို့နီးကပ်နေသဖြင့် ထိုနတ်ဆိုးမှော်သားရဲများ၏စိတ်အာရုံများကို ဆွဲဆောင်သွားနိုင်ခဲ့သည်။

သူတို့သည် နှစ်ခြိုက်စွာအိပ်စက်နေကြရာမှ နိုးထလာပြီး မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီးထံဦးတည်၍ အပြေးရောက်လာကြခြင်းဖြစ်သည်။

သူတို့ ရောက်ရှိလာချိန်တွင် သစ်သီးများ၏နံဘေးတွင် မတ်တတ်ရပ်နေသော လုယွီကိုမြင်တွေ့မိသဖြင့် သူတို့ကတိုက်ခိုက်ရန် အဆင်သင့်ပြင်လိုက်ကြ၏။

Chapter 3315

ဝေါင်း....

နတ်ဆိုးမှော်သားရဲများသည် လုယွီကိုမြင်တွေ့ချိန်တွင် မိုးကောင်းကင်ကြီးတုန်ခါသွားလုမတတ် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြသည်။

သူတို့သည် တောနက်ကြီးအတွင်းတွင်နေ၍ မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီး ရင့်မှည့်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။သို့ရာတွင် အဆုံးသတ်၌ ထိုသစ်သီးများကိုခူးဆွတ်ရန် လူသားတစ်ယောက်ရောက်ရှိနေမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

ဤနေရာသို့ရောက်ရှိလာသော နတ်ဆိုးမှော်သားရဲအများစုသည် မှော်သားရဲဘုရင်အဆင့် အစွမ်းထက်ကျင့်ကြံသူများဖြစ်ပေ၏။ရုတ်ချည်းဆိုသလိုပင် ကြီးကျယ်ခမ်းနားပြီး အစွမ်းထက်သော စွမ်းအားလှိုင်းအမြောက်အများက လုယွီကို အခိုင်အမာချိပ်ပိတ်လိုက်သည်။

လုယွီက မျက်မှောင်ကြုတ်ပြီး ပတ်ဝန်းကျင်ရှိနတ်ဆိုးမှော်သားရဲများကို ဝေ့ဝိုက်ကြည့်ကာ သူတို့၏ခွန်အားကို တွက်ဆလိုက်သည်။

ဤနတ်ဆိုးမှော်သားရဲဘုရင်များ၏ခွန်အားသည် အကြမ်းဖျင်းအနေဖြင့် လူသားမျိုးနွယ်မှလောကီအင်မော်တယ်များ၏ခွန်အားနှင့် ညီမျှသည်။

ဤကဲ့သို့မိုးကောင်းကင်ရတနာတစ်ခုသည် အစွမ်းထက်သော နတ်ဆိုးမှော်သားရဲများကို ဆွဲဆောင်နိုင်သည်မှာ ထူးဆန်းသောကိစ္စတစ်ရပ်မဟုတ်ချေ။

"ကောင်းကင်နဲ့မြေပြင်ကြားက စိတ်ဝိညာဥ်ရတနာတွေကို မြင်တွေ့တဲ့သူတွေက ကံကြမ္မာရေစက်ရှိလို့ပဲ...ဒီရတနာရဲ့တစ်ဝက်ကို ငါ ပိုင်တယ်...ကျန်တဲ့တစ်ဝက်ကိုတော့ မင်းတို့ဟာမင်းတို့ ခွဲယူကြတော့"

လုယွီက ပြောဆိုသည်။

နတ်ဆိုးမှော်သားရဲများသည် ပို၍ပင် ဒေါသထွက်သွားပေ၏။

သူတို့ရှေ့ရှိလူသားသည် သူတို့ကို ထိတ်လန့်ကြောက်ရွံနေမည်ဟု သူတို့အားလုံး မူလက တွေးထင်ထားခဲ့သည်။သို့ရာတွင် လုယွီသည် အကြောက်အလန့်ကင်းမဲ့နေမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။ထိုအစား သူသည် သူတို့နှင့်အပေးအယူလုပ်ရန် ကြိုးပမ်းနေသည်။

ဤအဆင့်ထိကြီးပြင်းလာသော နတ်ဆိုးမှော်သားရဲဘုရင်များထံတွင် လူသားဘာသာစကားကို နားလည်နိုင်သော ဥာဏ်ရည်ဥာဏ်သွေးမျိုး ရှိနေလေ၏။

လုယွီ၏မောက်မာဝံ့ကြွားမှုကိုကြည့်ပြီး နတ်ဆိုးမှော်သားရဲဘုရင်များအားလုံး ကျယ်လောင်စွာဟိန်းဟောက်လိုက်ကြသည်။

"လူသား...မင်းက သေချင်နေတာလား"

"ငါ သူ့ကို စားမယ်...ငါ သူ့ရဲ့အရိုးတွေကိုတစစီဖြစ်အောင် ကိုက်ဝါးပစ်မယ်...ငါ သူ့ကို အရှင်လတ်လတ် ဝါးစားမယ်"

မှော်သားရဲဘုရင်များသည် တစ်ကောင်ပြီးတစ်ကောင် အော်ဟစ်ကြုံးဝါးလိုက်ကြ၏။သူတို့အနက်မှ သွေးဆူသောအကျင့်စရိုက်ရှိသည့် တချို့နတ်ဆိုးမှော်သားရဲဘုရင်များသည် လုယွီကို စတင်၍ တိုက်ခိုက်လိုက်တော့သည်။

သူတို့၏သွေးနီရောင်ပါးစပ်များအတွင်းမှနေ၍ ပြင်းထန်သောသွေးညှီနံများ ထွက်ပေါ်နေသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတို့သည် လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။

"ငါ ဒီနေရာမှာရှိနေတာ မင်းတို့ကို အသိပေးရုံသက်သက်ပဲ...မင်းတို့နဲ့ ဆွေးနွေးညှိနှိုင်းဖို့မဟုတ်ဘူး"

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူ၏လက်မှနေ၍ အားလှိုင်းတစ်ရပ်ထွက်ပေါ်လာကာ ရှေ့သို့ရိုက်နှက်လိုက်သည်။

ခွန်အားအရဆိုပါက နတ်ဆိုးမှော်သားရဲတစ်ကောင်သည် လူသားကျင့်ကြံသူတစ်ယောက်ထက် များစွာပို၍ သန်မာအားကောင်းသည်။

အကယ်၍ ကျင့်ကြံဆင့်နယ်ပယ်တူအတွင်း၌ရှိနေပါက နတ်ဆိုးမှော်သားရဲများနှင့် အနီးကပ်တိုက်ခိုက်နိုင်သော လူသားကျင့်ကြံသူဟူ၍ အနည်းစုသာရှိသည်။

သို့ရာတွင် လုယွီကမူ ကွဲပြားခြားနားပေ၏။

သူသည် သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်သဖြင့် သူ၏အစွမ်းထက်ဆုံးနည်းစနစ်သည် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားပင်။

ထိုအားလှိုင်းသည် ချက်ချင်းဆိုသလိုပင် ရှေ့သို့ပျံ့လွင့်သွားကာ နတ်ဆိုးမှော်သားရဲဘုရင်အမြောက်အများသည် လျှပ်စီးနှင့်ရိုက်ခတ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။သူတို့သည် တစ်ကောင်ပြီးတစ်ကောင် လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျလာသည်။

ဘာ....

တခြားနတ်ဆိုးမှော်သားရဲဘုရင်များသည် သူတို့၏လမ်းကြောင်းမှာပင် တပြိုင်နက်တည်းရပ်တန့်လိုက်ကြကာ တုန်လှုပ်ချောက်ချားစွာဖြင့် လုယွီကို ကြည့်လိုက်ကြ၏။

သူတို့သည် လူသားကျင့်ကြံသူများနှင့်ရင်ဆိုင်ရစဥ်တိုင်း အစဥ်အမြဲ အနီးကပ်တိုက်ခိုက်ခဲ့သည်။ထိုလူသားကျင့်ကြံသူများသည် မှော်နည်းစနစ်များ မှော်လက်နက်များကိုသာ အသုံးပြုခဲ့ကြသည်။မည်သူကမျှ လုယွီကဲ့သို့ ရုပ်ခန္ဓာကိုယ်ခွန်အားကို တိုက်ရိုက်အသုံးပြုခြင်းမရှိချေ။

လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်မှ သွေးချီများသည် မီးခိုးငွေ့များအလား မိုးကောင်းကင်ယံအတွင်းသို့ မျောလွင့်သွားသည်။

ဤမြင်ကွင်းကြောင့် နတ်ဆိုးမှော်သားရဲဘုရင်များအားလုံး နေရာမှာပင်ရပ်တန့်လိုက်ကြကာ ရှေ့သို့တိုးမလာဝံ့တော့ချေ။

တောရိုင်းဥပဒေသတွင် အစဥ်အမြဲ အင်အားကြီးမားသူကသာ ရိုသေလေးစားခြင်းခံရလေ၏။သူတို့သည် လုယွီထံမှနေ၍ အလွန်ကြီးမားသော အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။

နတ်ဆိုးမှော်သားရဲများသည် လုယွီကိုဝိုင်းရံထားသော်လည်း သူတို့အနက်မှမည်သူမျှ အရင်ဆုံးမတိုက်ခိုက်ဝံ့ချေ။

"ဒီသစ်သီးကို မင်းတို့အတွက် တစ်ဝက်ချန်ထားပေးတာကပဲ ငါက သနားညှာတာပေးထားတယ်လို့ ယူဆလို့ရတယ်...တကယ်လို့ ငါသာ ရက်စက်ကြမ်းကြုတ်တဲ့လူဆိုရင် မင်းတို့အားလုံးကိုသတ်ပြီးတော့ မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီးနှစ်လုံးစလုံးကို ယူဆောင်သွားမှာပဲ"

လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်၍ကြည့်ပြီးနောက် သူ၏မျက်လုံးအကြည့်သည် ရေမျက်နှာပြင်ပေါ်ရှိ မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီးထံသို့ ကျရောက်သွားသည်။

ဤအချိန်တွင် မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီး၏နံဘေးပတ်လည်ရှိ သစ်ကိုင်းများနှင့်သစ်ရွက်များ အပြည့်အဝပြန့်ကားနေလေပြီ။သစ်သီး၏ပွင့်ချပ်များပေါ်တွင် အနီရောင်အစင်းကြောင်းများ ထွက်ပေါ်လာသည်။

မီးတောက်တိမ်တိုက်သစ်သီး၏နံဘေးပတ်လည်၌ ရစ်ဝဲနေသော မီးဒြပ်စင်များ၏အရှိန်အဝါသည် မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားပေ၏။

ဤသည်က ရင့်မှည့်လာသော သင်္ကေတပင်။

ကောင်းကင်နှင့်မြေပြင်အကြားမှ စိတ်ဝိညာဥ်ရတနာတစ်ခု ရင့်မှည့်လာချိန်တွင် သဘာဝလွန်ပုံရိပ်များ ထွက်ပေါ်လာသည်။

ဤအချိန်အခိုက်အတန့်တွင် ယခုလက်ရှိနေရာရှိယှဥ်ပြိုင်မှုများ ပို၍ပြင်းထန်လာပေမည်။ကံကောင်းထောက်မစွာဖြင့် လုယွီသည် အရင်ဆုံးရောက်ရှိလာသူဖြစ်သဖြင့် အခွင့်သာသောနေရာကောင်းကို ကြိုတင်၍ရယူထားနိုင်ခဲ့သည်။

All Chapters