အခန်း (၃၃၄၁-၃၃၄၅)
Vol. 170 Ch. 3341-3345
Chapter 3341
နဥ်အမ်ထုံက အနည်းငယ် စိတ်မကျေမနပ်ဖြစ်သွားသည်။သူမက မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်၏။
"အမေ....ကျွန်မက အမေ့ကို ဘယ်တုန်းကလိမ်ဖူးလို့လဲ"
"မဟုတ်ပါဘူး...အမေက ထုံအာကို ယုံတာပေါ့"
လီရှီးက နဥ်အမ်ထုံ၏ခေါင်းကို ပွတ်သပ်ကာ ရုတ်တရက် လုယွီဘက်သို့လှည့်၍ ပြောဆိုသည်။
"မိတ်ဆွေလေး...မင်းက ထုံအာကိုကယ်တင်ခဲ့မှတော့ ငါတို့နဥ်မိသားစုရဲ့ကျေးဇူးရှင်ပဲ...မင်း ဘယ်လိုဆုလာဘ်မျိုးကို လိုချင်လဲ...ငါတို့နဥ်မိသားစုက အကောင်းဆုံးကြိုးစားပြီးတော့ မင်းကိုဖြည့်ဆည်းပေးမယ်"
"ဒါပေမယ့် မင်း ဆုလာဘ်ကိုယူပြီးတာနဲ့ ကျေးဇူးပြုပြီးတော့ မြန်မြန်လေးထွက်သွားပေးပါ...ဘယ်လိုပဲဖြစ်ဖြစ် ငါတို့နဥ်မိသားစုမှာ သမီးပျိုလေးရှိနေတယ်...မင်းလိုအပြင်လူတစ်ယောက်ကို လက်ခံထားဖို့က ငါတို့အတွက် မသင့်တော်ဘူး"
ထိုစကားများသည် ရေခဲတမျှ အေးစက်ပေ၏။
သို့ရာတွင် ဤသည်မှာ လီရှီးအတွက် အလွန်အမင်းအရေးပါသော ကိစ္စပင်။
မည်သို့ပင်ဆိုစေကာမူ အကယ်၍ သူမသည် သမီးဖြစ်သူကို ဝမ်ခန်းနှင့်လက်ထပ်ပေးလိုပါက အရေးကြီးဆုံးမှာ နဥ်အမ်ထုံ၏နာမည်ဂုဏ်သတင်းဖြစ်သည်။အကယ်၍ ယောက်ျားသားတစ်ယောက်သည် နဥ်အမ်ထုံနှင့် အနီးကပ်ရှိနေခဲ့သည်ဟု မကောင်းသောကောလဟာလများ ထွက်ပေါ်လာပါက ဝမ်မိသားစုကိုရှင်းပြရန် လွန်စွာခက်ခဲသွားပေမည်။
လီရှီး၏စိတ်နှလုံးသားအတွင်း၌ ဝမ်ခန်းသည်သာ အရည်အချင်းအပြည့်ဝဆုံး သားမက်ပင်။
လုယွီကဲ့သို့ လေလွင့်ကျင့်ကြံသူတစ်ယောက်ကို သူမ အထင်ကြီးခြင်းမရှိချေ။
ပြင်ပ၌ ဓားသွားနှုတ်ခမ်းကိုနင်း၍ တခြားသူများနှင့်တိုက်ခိုက်နေရသော လေလွင့်ကျင့်ကြံသူတစ်ယောက်သည် ဝမ်ခန်းကဲ့သို့ မိသားစုကြီးတစ်စု၏လူငယ်ပါရမီရှင်နှင့် မည်သို့မျှယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။
ထိုလူငယ်ကို ဆုလာဘ်များပေးပြီး မြန်မြန်ထွက်သွားစေရန် ပြုလုပ်ရပေမည်။ထိုအချိန်ကျမှသာ သူမတို့၏နဥ်မိသားစုကို မည်သူမျှ အနှောက်အယှက်ပေးနိုင်တော့မည်မဟုတ်ချေ။
နဥ်အမ်ထုံက ဒေါသတကြီး ပြောဆိုသည်။
"အမေ...ဒါက ကျွန်မရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ ကျေးဇူးရှင်လေ...ကျွန်မက သူ့ကို အိမ်တော်မှာ ရက်နည်းနည်းလောက်နေခွင့်ပြုဖို့ ရည်ရွယ်ထားတယ်"
သို့ရာတွင် လီရှီး၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။မည်သည့်ကိစ္စမျိုးဖြစ်လာပါစေ သူမ၏သဘောထားကို ပြောင်းလဲမည်မဟုတ်ပေ။
လုယွီသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
အမှန်အားဖြင့် သူသည် နဥ်မိသားစုကို မှီခိုလိုခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ ဝမ်ခန်းကဲ့သို့ လူငယ်သခင်လေးတစ်ယောက်ကို သူ အနည်းငယ်မျှပင် အာရုံမစိုက်ပေ။
"ဒီလိုဆိုမှတော့ ငါ ထွက်သွားတော့မယ်...သူ့ကိုကယ်တင်ခဲ့တာက ငါ့အတွက် အသေးအဖွဲကိစ္စလေးတစ်ခုပဲ...ငါ ဘာဆုလာဘ်ကိုမှ မလိုအပ်ဘူး"
လုယွီက နောက်သို့ချာခနဲလှည့်ကာ ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။
သူ ဤအတိုင်း ထွက်ခွာသွားတော့မည်လော....
နဥ်ကျိုးဖြစ်စေ လီရှီးနှင့်နဥ်အမ်ထုံဖြစ်စေ သူတို့အားလုံး ကြက်သေသေသွားကြသည်။
သူတို့၏နဥ်မိသားစုသည် ချမ်းသာကြွယ်ဝသော မိသားစုတစ်စုမဟုတ်သော်လည်း နဥ်ကျိုးသည် ရွှေတံဆိပ်လူဆိုးထိန်းတစ်ယောက်ပင်။သူ၏လက်အတွင်း၌ အခွင့်အာဏာအနည်းငယ်ကို ဆုပ်ကိုင်ထားနိုင်ဆဲပင်။
သူသည် သူမကိုကယ်တင်ခဲ့သော်လည်း ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ သူမ၏ဖခင်ထံမှ တစ်စုံတစ်ခုမှ တောင်းဆိုခြင်းမပြုဘဲ မည်သည်ကြောင့် ဤအတိုင်းထွက်သွားသနည်း...
"ခဏနေဦး"
လုယွီ ထွက်ခွာသွားတော့မည်ကိုမြင်တွေ့ချိန်တွင် နဥ်အမ်ထုံက ရှေ့သို့အပြေးသွားကာ ဟန့်တားလိုက်၏။သူမက လုယွီ၏အင်္ကျီစကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။
ထို့နောက် သူမက ချက်ချင်းဆိုသလိုပင် နဥ်ကျိုးကိုကြည့်ကာ ပြောဆိုသည်။
"အဖေ...ကျွန်မက လုယွီကို ဆဋ္ဌမဂိတ်တံခါးရဲ့လူဆိုးထိန်းအသစ်တစ်ယောက်ဖြစ်လာဖို့ ထောက်ခံပေးမယ်...ဒါက ကျိုးကြောင်းဆီလျော်တယ်မလား"
ဆဋ္ဌမဂိတ်တံခါးတွင် ကြေးတံဆိပ်နှင့်အထက်အဆင့်ရှိသော လူဆိုးထိန်းများသည် တစ်စုံတစ်ယောက်ကို လူဆိုးထိန်းအသစ်တစ်ယောက်ဖြစ်လာရန်အတွက် ထောက်ခံပေးနိုင်သည်။
သူတို့သည် ရွေးချယ်မှုကိုကျော်ဖြတ်နိုင်သရွေ့ ဆဋ္ဌမဂိတ်တံခါးသို့ အောင်မြင်စွာ ဝင်ရောက်နိုင်လေပြီ။
သို့ရာတွင် ထိုကိစ္စတွင် အခြေအနေတစ်ရပ်ရှိနေသည်။
ဥပမာအနေဖြင့် နဥ်အမ်ထုံကဲ့သို့ ကြေးတံဆိပ်လူဆိုးထိန်းတစ်ယောက်သည် ဆယ်နှစ်လျှင်တစ်ကြိမ်သာ လူတစ်ယောက်ကို ထောက်ခံပေးခွင့်ရှိသည်။
ကြေးတံဆိပ်လူဆိုးထိန်းများသည် သူတို့၏ကိုယ်ပိုင်အရည်အချင်းပေါ်မူတည်၍ ထိုထောက်ခံချက်ကိုရယူလိုသော တစ်စုံတစ်ယောက်အား စောင့်ဆိုင်းနေကာ ထိုအရာကို တန်ကြေးကြီးကြီးဖြင့်ရောင်းချသည်။
နဥ်အမ်ထုံသည် ထိုအရာကို လုယွီအပေါ်၌ အသုံးပြုလိုက်ခြင်းမှာ သူမသည် မိုးကောင်းကင်၏လက်ဆောင်ကို ဖြုန်းတီးခြင်းပင်။
လီရှီးသည် ရှေ့သို့ထွက်ကာ ပြင်းပြင်းထန်ထန် ငြင်းဆန်လိုက်၏။
"ငါ သဘောမတူဘူး...သခင်ကြီး...ရှင့်ရဲ့သမီးကို ကြည့်ပြောပါအုံး...ဒါက လေလွင့်ကျင့်ကြံသူတစ်ယောက်နဲ့ ထိုက်တန်တဲ့အရာမဟုတ်ဘူး"
လုယွီထံတွင် အံ့အားသင့်ဖွယ်ကောင်းသောခွန်အားမျိုးရှိနေမည်ဟု သူမ ယုံကြည်ခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးမှော်သားရဲဧကရာဇ်တစ်ကောင်ကို ထိတ်လန့်ကြောက်ရွံစေသော တစ်စုံတစ်ယောက်ကို ရှီးလျန်မြို့တစ်မြို့လုံးတွင်ပင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူဟု ယူဆနိုင်သည်။
သူမ မည်သို့ပင်ကြည့်ရှုပါစေ လုယွီသည် လူငယ်တစ်ယောက်သက်သက်ပင်။သူသည် နဥ်အမ်ထုံ ယုံကြည်နေစေရန် မည်ကဲ့သို့လှည့်ကွက်မျိုးကို အသုံးပြုခဲ့သည်အား သူမ မသိရှိချေ။
သို့ရာတွင် နဥ်ကျိုးသည် လီရှီး၏ငြင်းဆန်ချက်ကို မကြားသကဲ့သို့သာပြုမူနေကာ သူက နဥ်အမ်ထုံကို စူးစိုက်ကြည့်ပြီး ပြောဆိုလေ၏။
"ဒီထောက်ခံချက်ခွဲတမ်းကို မင်း သူ့ကိုပေးချင်တယ်ဆိုတာ သေချာလား"
Chapter 3342
နဥ်အမ်ထုံက နဥ်ကျိုးကို တန်းတန်းမတ်မတ်စိုက်ကြည့်ကာ ပြောဆိုသည်။
"ကျွန်မက သူ့ကို ဒီထောက်ခံချက်ခွဲတမ်းနေရာ သေချာပေါက်ပေးမယ်"
လုယွီသည် သူမ၏အသက်ကိုကယ်တင်ခဲ့သောအချက်ကို ဘေးဖယ်ထားလျှင်ပင် သူမသည် ထိုထောက်ခံချက်ကို သူ့ကို သေချာပေါက်ပေးရပေမည်။
နဥ်အမ်ထုံသည် ယခင်က လုယွီ၏ခွန်အားကို မြင်တွေ့ပြီးဖြစ်သည်။
ဤကဲ့သို့ ခွန်အားမျိုးရှိသူသာ သူမတို့၏ဆဋ္ဌမဂိတ်တံခါးသို့ ဝင်ရောက်လာပါက သူမတို့၏အင်အား အကြီးအကျယ် မြင့်တက်သွားပေမည်။
ယခုလက်ရှိချိန်တွင် နယ်စပ်ဒေသရှိစစ်ပွဲသည် တစတစပို၍ပြင်းထန်လာလေပြီ။ဆဋ္ဌမဂိတ်တံခါးသည်လည်း အလွန်အလုပ်ရှုပ်စပြုလာကာ အန္တရာယ်လည်းများလာခဲ့သည်။
အကယ်၍ သူမသည် ဤတစ်ကြိမ်တွင် လုယွီကဲ့သို့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို ခေါ်ယူနိုင်ပါက ဆဋ္ဌမဂိတ်တံခါးအတွက် အလွန်အမင်းကောင်းမွန်သော ကိစ္စတစ်ရပ်ဖြစ်ပေမည်။
နဥ်ကျိုးက ပြောဆိုသည်။
"ကောင်းပြီလေ...မင်းဆုံးဖြတ်ပြီးပြီဆိုမှတော့ မင်းရဲ့သဘောအတိုင်းလုပ်ပါ"
လီရှီးသည် ထိုကိစ္စကို မလိုလားသော်လည်း ထပ်မံ၍ငြင်းဆန်ခြင်းမပြုတော့ချေ။
လုယွီကို ဤနေရာမှမောင်းထုတ်ကာ နဥ်အမ်ထုံ၏အနီးသို့ မချဥ်းကပ်နိုင်သရွေ့ အရာအားလုံးအဆင်ပြေသည်။
လုယွီက စကားများစွာ ပြောဆိုခြင်းမပြုချေ။သူသည် ဤတစ်ကြိမ်တွင် တိတ်တဆိတ်စုံစမ်းရန် ကြံစည်ထားသဖြင့် သူ့ထံတွင် တခြားအဆင့်အတန်းတစ်ခုရှိနေခြင်းသည် ကောင်းမွန်သောကိစ္စပင်။
"ဒါဆိုရင် ကျွန်မ သူ့ကို စစ်ဆေးရေးခန်းမဆီ ခေါ်သွားတော့မယ်"
ထိုသို့ပြောဆိုပြီးနောက် နဥ်အမ်ထုံသည် စိတ်မရှည်သောအမူအယာဖြင့် လုယွီကို ဆဋ္ဌမဂိတ်တံခါးသို့ ခေါ်ဆောင်သွားရန် ဟန်ပြင်လိုက်တော့သည်။
မည်သို့ပင်ဆိုစေကာမူ လုယွီကဲ့သို့ ထိပ်သီးကျင့်ကြံသူတစ်ယောက်ကို အမြန်ဆုံး ခေါ်ယူရပေမည်။အကယ်၍ သူ့အား တခြားအင်အားစုများမှသာ ရှာဖွေတွေ့ရှိသွားပါက သူမတို့၏ဆဋ္ဌမဂိတ်တံခါးအတွက် အခွင့်အရေးရှိတော့မည်မဟုတ်ချေ။
"အဲ့ဒီလိုလုပ်ဖို့မလိုဘူး...ဒီနေရာမှာပဲ လုပ်ကြစို့"
နဥ်ကျိုးက သူ၏လက်ကို ဝှေ့ယမ်းပြလေသည်။
"မင်းက နတ်ဆိုးမှော်သားရဲဘုရင်တစ်ကောင်ကိုတောင် လက်သီးတစ်ချက်နဲ့သတ်နိုင်မှတော့ မင်းမှာ ခွန်အားအတော်အသင့်တော့ ရှိနေမှာပဲ...ဒီသံနက်ကျောက်တိုင်ကို မင်းခွန်အားရှိသလောက် အားကုန်တိုက်ခိုက်စမ်း...ငါ မင်းရဲ့ခွန်အားကိုကြည့်မယ်"
နဥ်ကျိုး ရည်ညွှန်းသောအရာမှာ သူ အမြဲတစေအသုံးပြုသော သံနက်ကျောက်တိုင်ပင်။
ထိုကျောက်တိုင်ပေါ်၌ အမှတ်အသားတစ်ခု စွဲထင်ကျန်ရစ်ရန်အတွက် ခွန်အား မည်မျှထိများများလိုအပ်သည်ကို နဥ်ကျိုးက ကောင်းစွာသိရှိထားပေ၏။
သူသည် ဤသံနက်ကျောက်တိုင်ကိုအသုံးပြု၍ လုယွီ၏လက်ရှိခွန်အားကို စမ်းသပ်လိုခြင်းဖြစ်သည်။
"အဖေ....ဒါက...."
သူမ၏ဖခင်သည် အခက်တွေ့အောင် ပြုလုပ်မေသည်ဟု သူမ ပြောဆိုလိုသည်။
သို့ရာတွင် ဤသံနက်ကျောက်တိုင်သည်လည်း တစ်စုံတစ်ယောက်၏ခွန်အားကို စမ်းသပ်သောအရာပင်။
နဥ်အမ်ထုံသည် လုယွီ၏ယခင်လုပ်ဆောင်ချက်များအကြောင်းကို တွေးတောမိချိန်၌ စိတ်သက်သာရာရသွားသည်။လုယွီထံတွင် အရည်အချင်းရှိနေသဖြင့် သူမ စကားများစွာပြောဆိုရန် မလိုအပ်ချေ။
"ဒါက သံနက်ကျောက်တိုင်ပဲ"
လုယွီသည် ထိုသံနက်ကျောက်တိုင်ကို တစ်ချက်ကြည့်ကာ ချက်ချင်းဆိုသလိုပင် လက်သီးတစ်ချက် ထိုးနှက်လိုက်၏။
ဘုန်း...
သံနက်ကျောက်တိုင်ထံမှ ပြင်းထန်သောတုန်ခါသံကြီး ထွက်ပေါ်လာကာ ခပ်မှိန်မှိန်လက်ဝါးရာတစ်ခုက ကျောက်တိုင်၏မျက်နှာပြင်ပေါ်၌ ထွက်ပေါ်လာသည်။
နဥ်ကျိုးနှင့်လီရှင်းတို့သည် အလျင်စလိုကြည့်လိုက်ကြသော်လည်း ထိုလက်ဝါးရာသည် အလွန်တိမ်နေခြင်းကို သူတို့နှစ်ယောက်လုံး မြင်တွေ့မိသည်။လေးလံပြီးမြင့်မားသော ကျောက်တိုင်ကြီးနှင့် နှိုင်းယှဥ်ပါက ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ချေ။
လီရှီးက ထိုအခြင်းအရာကိုမြင်တွေ့ချိန်တွင် လှောင်ပြောင်ရယ်မောလိုက်သည်။
"ဒါက ဘာလဲ...တကယ်လို့ ငါ ရှေ့ထွက်ပြီးတိုက်ခိုက်ရင်တောင် ဒီထက်ပိုပြီးနက်အုံးမယ်"
သူမ၏မျက်နှာပေါ်တွင် အထင်အမြင်သေးသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေကာ သူမသည် ထိုလက်ဝါးရာကို အနည်းငယ်မျှပင် အလေးအနက်မထားချေ။
နဥ်အမ်ထုံသည် သံနက်ကျောက်တိုင်ပေါ်ရှိ လက်ဝါးရာကိုမြင်တွေ့ချိန်တွင် သူမ၏မျက်လုံးများပြူးကျယ်သွားကာ သူမရှေ့၌မြင်နေရသောအရာကိုပင် သူမ မယုံကြည်နိုင်တော့ချေ။
ဤှစွမ်းအားသည် လုယွီသည် နတ်ဆိုးမှော်သားရဲဘုရင်ကိုတိုက်ခိုက်ခဲ့စဥ် အချိန်နှင့်နှိုင်းယှဥ်ပါက မိုးနှင့်မြေတမျှ ကွဲပြားခြားနားသည်။
နဥ်ကျိုးက ချောင်းတစ်ချက်ဟန့်ကာ ပြောဆိုလေ၏။
"မိတ်ဆွေလေးလု...မင်းရဲ့စွမ်းအားက မလုံလောက်သေးမှာကို ငါ စိုးရိမ်မိတယ်...တကယ်လို့ မင်းက ငါတို့ဆဋ္ဌမဂိတ်တံခါးကို လာမယ်ဆိုရင် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းရာထူးကိုပဲရမယ်"
အရာအားလုံးသည် နဥ်ကျိုး တွေးတောထားသော ဘောင်အတွင်း၌ရှိနေသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ရွှေတံဆိပ်လူဆိုးထိန်းဖြစ်သဖြင့် လူငယ်တစ်ယောက်သည် နတ်ဆိုးမှော်သားရဲဘုရင်တစ်ကောင်ကို လွယ်လင့်တကူသတ်ဖြတ်နိုင်မည်ဟု သူ ယုံကြည်ခြင်းမရှိချေ။
ထိုနတ်ဆိုးမှော်သားရဲဘုရင်သည် အမှားအယွင်းတစ်ခုခုနှင့်ကြုံတွေ့ကာ နေရာမှာပင် သေဆုံးသွားခြင်းဖြစ်ပေမည်။နောက်ပိုင်းကျမှသာ နဥ်အမ်ထုံသည် ထိုမြင်ကွင်းကိုမြင်တွေ့သဖြင့် နားလည်းမှုလွဲမှားကာ ထိုအရာကိုပြုလုပ်သည်မှာ လုယွီဖြစ်သည်ဟု တွေးတောမိခြင်းသာဖြစ်ပေမည်။
Chapter 3343
"လူဆိုးထိန်းနဥ်ကို ကျေးဇူးတင်ပါတယ်"
လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။
အမှန်အားဖြင့် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများသည် အစစ်အမှန်လူဆိုးထိန်းများမဟုတ်ချေ။သူတို့ကို အစေခံများဟုသာ ယူဆနိုင်သည်။
ဤအဆင့်အတန်းသည် အစစ်အမှန်လေ့ကျင့်ပေးခံထားရသော လူဆိုးထိန်းများကဲ့သို့ ကောင်းမွန်ခြင်းမရှိချေ။သူတို့သည် အုပ်ချုပ်ရေးရုံးတော်၏တရားဝင်အင်အားအတွင်းတွင် ပါဝင်ခြင်းမရှိဘဲ ယာယီအလုပ်သမားများဟုသာ ယူဆနိုင်ပေ၏။
သို့ရာတွင် လုယွီ လိုအပ်သည့်အရာမှာ ရှီးလျန်မြို့အတွင်း၌ လှုပ်ရှားသွားလာနိုင်သော အဆင့်အတန်းတစ်ခုပင်။ထိုအဆင့်အတန်းသည် မြင့်မားနေရန် မလိုအပ်ချေ။
လီရှီးက အပြုံးနှင့်ပြောဆိုသည်။
"မင်းရဲ့အသက်အရွယ်နဲ့ မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်း ဖြစ်လာတာကပဲ မဆိုးဘူးလို့ ပြောလို့ရတယ်....ဘာမှစိတ်မပူနဲ့...မင်းက ထုံအာကို ကယ်ခဲ့တဲ့သူပဲ....သခင်ကြီးက မင်းကိုကာကွယ်ပေးမှာပါ...မင်းရဲ့အလုပ်ထဲမှာ ဘာမတော်တဆကိစ္စမှဖြစ်မှာမဟုတ်ဘူး...ကျေးဇူးကြွေးကတော့ ကြေသွားပြီလို့ ငါ ယူဆလိုက်ပြီ"
လီရှီးသည် သူမ၏သမီးနှင့်ပတ်သတ်၍ လုယွီထံတွင် မသင့်တော်သောအတွေးမျိုးရှိမနေစေရန် ကြိုတင်၍သတိပေးလိုက်၏။
လုယွီသည် အတွေ့အကြုံရင့်ကျက်သူဖြစ်သဖြင့် လီစစ်၏အတွေးများကို သိရှိပြီးဖြစ်သည်။
သို့ရာတွင် သူသည် မည်သည်ကြောင့် မိန်းမကြီးတစ်ယောက်နှင့် တွက်ချက်နေရမည်နည်း။
"ဒီလိုဆိုမှတော့ ငါ အရင်ထွက်သွားတော့မယ်"
လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။
သူသည် နဥ်အမ်ထုံကိုကယ်တင်ခဲ့ခြင်းမှာ ကံကြမ္မာရေစက်ကြောင့်ပင်။သူ့ထံ၌ တခြားမည်သည့်အတွေးမျိုးမျှ ရှိမနေချေ။
နဥ်ကျိုးအတွက်ကမူ သူသည် လုယွီကို မျက်နှာသာပေးရန် ရည်ရွယ်မထားချေ။
သူသည် သံနက်ကျောက်တိုင်ပေါ်ရှိ မှိန်ဖျော့ဖျော့လက်ဝါးရာကို တွေ့မြင်ပြီးလေပြီ။ဤကဲ့သို့ခွန်အားမျိုးကို အရည်အချင်းပြည့်မီရုံမျှသာရှိသည်ဟု ဆိုနိုင်ပေ၏။
လုယွီကို မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းတစ်ယောက်အဖြစ် ခန့်အပ်ခဲ့ခြင်းကပင် ချွင်းချက်တစ်ခုဟု ယူဆနိုင်သည်။အကယ်၍ လုယွီသာ သူ့သမီး၏အသက်ကို ကယ်တင်ခဲ့သူမဟုတ်ပါက သူ ထိုအခွင့်အရေးကိုပေးမည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းဟူသည်မှာ လူအမြောက်အများ အိမ်မက်မက်နေသော အရာတစ်ခုပင်။
နဥ်အိမ်တော်၏ရှေ့၌...
လုယွီ ထွက်ခွာသွားရန်ဟန်ပြင်လိုက်စဥ်မှာပင် နဥ်အမ်ထုံက ဟန့်တားထားလေ၏။
"တောင်းပန်ပါတယ်...ငါက နင့်ကို အိမ်တော်မှာ ရက်နည်းနည်းလောက် နေစေချင်တာ...ဒါပေမယ့် ငါ့ရဲ့အမေက....."
နဥ်အမ်ထုံသည် ရှက်ရွံနေပုံရကာ သူမသည် တစ်စုံတစ်ခုကို ပြောဆိုချင်သည့်အလားပင်။
လုယွီသည် သူမ၏အသက်ကို ကယ်တင်ခဲ့သူပင်။
သူမမိခင်၏ကြားဝင်စွက်ဖက်မှုကြောင့် သူမသည် လုယွီကို အချိန်အတိုင်းအတာတစ်ခုထိ အိမ်တော်၌ ခေါ်ထားနိုင်ခဲ့ခြင်းပင်မရှိမည်ဟု သူမ မျှော်လင့်မထားမိချေ။
လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြလေသည်။
"ဒါက ပြဿနာမရှိပါဘူး...ငါ မင်းကိုကယ်တင်ခဲ့တာက ငါ့အတွက် အသေးအဖွဲကိစ္စလေးတစ်ခုပဲ"
နဥ်အမ်ထုံက သူမ၏နှုတ်ခမ်းကိုကိုက်ကာ လုယွီကို စူးစိုက်၍ကြည့်လိုက်သည်။
"နင့်ရဲ့ခွန်အားကို ဘာလို့ဖုံးကွယ်ထားတာလဲဆိုတာ ငါ မသိပေမယ့် ငါ နင့်ကို အရမ်းကျေးဇူးတင်တယ်....ဘာမှမစိုးရိမ်နဲ့...နောင်တစ်ချိန်ကျရင် ဆဋ္ဌမဂိတ်တံခါးမှာ နင် တရားဝင်လူဆိုးထိန်းတစ်ယောက်ဖြစ်လာအောင် ငါ အကောင်းဆုံးကူညီပေးမယ်"
မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများအတွက် နှစ်စဥ်နှစ်တိုင်း တရားဝင်လူဆိုးထိန်းတစ်ယောက် ဖြစ်လာနိုင်သော အခွင့်အရေးရှိသည်။
သို့ရာတွင် ဤခွဲတမ်းနေရာသည် အလွန်နည်းပါးသဖြင့် နှစ်စဥ်နှစ်တိုင်း မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများသည် သွေးထွက်သံယိုဖြစ်သည်အထိ တိုက်ခိုက်ကြရလေ၏။
လုယွီက ပြောဆိုသည်။
"အဲ့ဒီလိုလုပ်ဖို့ မလိုအပ်ဘူး....မင်း လုပ်ဆောင်ချင်တဲ့ကိစ္စကိုပဲ ဆက်ပြီးလုပ်ဆောင်ပါ....နောင်တစ်ချိန်ကျရင် မင်း အကျိုးကျေးဇူးတွေ ပြန်ရလာလိမ့်မယ်"
လုယွီ ရှင်းရှင်းလင်းလင်းမပြောနိုင်သေးသော ကိစ္စတချို့ရှိနေသော်လည်း နဥ်အမ်ထုံသည် နောင်အနာဂတ်တွင် ထိုအရာများကို သေချာပေါက်အာရုံခံမိပေမည်။
ဤကဲ့သို့ ကံကြမ္မာစွမ်းအားစုဆောင်းခြင်းသည် တစ်ညတည်းဖြင့် အောင်မြင်ပြီးမြောက်နိုင်သောအရာမျိုးမဟုတ်ချေ။သို့ရာတွင် နဥ်အမ်ထုံသည် ထိုကံကြမ္မာစွမ်းအားများကို အလျှင်အမြန်စုဆောင်းနိုင်သရွေ့ သူမ၏ကျင့်ကြံမှုအတွက် ကြီးမားသောကူညီထောက်ပံမှုကို ရရှိပေမည်။
လုယွီသည် အလွန်ပေါ့ပေါ့ပါးပါး ဖြစ်နေသည်ကိုကြည့်ပြီး နဥ်အမ်ထုံသည် ရုတ်တရက် သူမ၏စိတ်နှလုံးသား ဗလာဟင်းလင်းဖြစ်သွားသကဲ့သို့ ရုတ်တရက်ခံစားမိသည်။
အကယ်၍ သူမသည် ယခုချိန်၌ ထိုကျေးဇူးကြွေးကို ရှင်းရှင်းလင်းလင်း မပေးဆပ်နိုင်ပါက နောင်အနာဂတ်တွင် သူမ နောင်တရမိမည်ဟူသော ခံစားချက်တစ်ခုက ရုတ်တရက် သူမထံ၌ရှိလာသည်။
"ထားလိုက်တော့...ဆဋ္ဌမဂိတ်တံခါးမှာ သူ့ကို ငါ ပိုပြီးကူညီပေးလိုက်မယ်"
နဥ်အမ်ထုံသည် သူမ၏ခေါင်းကိုခါယမ်းကာ သူမ၏စိတ်နှလုံးသားအတွင်းရှိ မလိုလားအပ်သောအတွေးများကို ရှင်းထုတ်လိုက်တော့သည်။
……
ရှီးလျန်အုပ်ချုပ်ရေးရုံးတော်....
ဤရုံးတော်သည် ရှီးလျန်မြို့၏မြောက်ဘက်အကျဆုံးအပိုင်းတွင်တည်ရှိသည်။ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၏နံဘေးပတ်လည်တွင် အလွန်မြင့်မားသောနံရံများကိုတည်ဆောက်ထားကာ ဤနေရာကို အခိုင်အမာကာကွယ်ထားလေ၏။
ဤနံရံများသည် ရှီးလျန်မြို့၏မြို့ရိုးများထက်ပင် ပို၍မြင့်မားသည်။တစ်စုံတစ်ယောက်သည် အဝေးမှကြည့်ပါက ရှီးလျန်မြို့အတွင်း၌ မြင့်မားသောခံတပ်ကြီးတစ်ခုရှိနေသည်ကို တွေ့မြင်ရပေမည်။
ဤနံရံများပေါ်တွင် မြောက်မြားစွာသော အကာအကွယ်ဝင်္ကပါများနှင့် အဆောင်သင်္ကေတများကို ရေးထွင်းထားကာ ရှီးလျန်အုပ်ချုပ်ရေးရုံးတော်တစ်ခုလုံး၏လုံခြုံရေးကို အလွန်အမင်း ခိုင်မာတောင့်တင်းနေစေသည်။
Chapter 3344
အစောင့်တပ်များ၏စစ်တန်းလျားသည် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၏လက်ယာဘက်တွင် တည်ရှိသည်။အကယ်၍ ရုံးတော်အား နှောက်ယှက်ခံရသည့် အရိပ်အယောင်မျိုးရှိလာပါက အစောင့်တပ်များ အပြေးရောက်လာပြီး ကူညီကြပေမည်။
မြို့အတွင်းရှိရုံးတော်များအားလုံး၏ ဗဟိုချက်နေရာဖြစ်သဖြင့် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်သည် ခုခံကာကွယ်မှုအတင်းကြပ်ဆုံး နေရာတစ်နေရာပင်။
ယခင်က ထန်အင်ပါယာသည် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်အတွင်းသို့ ဝင်ရောက်နိုင်ရန် သူလျှိုအမြောက်အများကို စေလွှတ်ခဲ့သော်လည်း အဆုံးသတ်၌ သူတို့အားလုံး ကျရှုံးခဲ့လေ၏။
ရှီးလျန်အုပ်ချုပ်ရေးရုံးတော်...ကျူးဝမ်ခန်းမ....
ဤအချိန်အခိုက်အတန့်တွင် ကျူးဝမ်ခန်းမအတွင်းရှိ ခန်းမတစ်ခုရှေ့တွင် အရာရှိတစ်ယောက်ထိုင်နေကာ ရုံးပိုင်းဆိုင်ရာစာရွက်စာတန်းများကို ဖတ်ရှုနေသည်။
ထိုအရာရှိသည် အပြာဖျော့ဖျော့အရာရှိဝတ်စုံကိုဝတ်ဆင်ထားကာ အသက်လေးဆယ်ခန့်ရှိနေလေပြီ။သူ၏မျက်လုံးတစ်စုံသည် မီးရှုးတိုင်များနှင့်တူညီကာ သူ့ကိုကြည့်ရသည်မှာ တက်ကြွဖျတ်လတ်ပုံရသည်။သို့ရာတွင် သူသည် အလွန်အကျွံစဥ်းစားတွေးတောရပုံရှိကာ သူ၏ခေါင်းရှိဆံပင်များတွင် အဖြူရောင်အရိပ်အယောင်များ ထွက်ပေါ်နေလေပြီ။
ဤရုံးမှတ်တမ်းများသည် အလွန်အမင်းကိုရို့ကားရားနိုင်ကာ ရုံးမှတ်တမ်းတစ်ခုစီ၏နောက်တွင် ထူးဆန်းသောအခြေအနေအမျိုးမျိုးရှိနေသည်။သူသည် သာမာန်ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်ရန်အတွက် အမျိုးမျိုးသော အရိပ်အယောင်များမှတဆင့် ဆွဲထုတ်ရလေ၏။
ဤသည်က လုပ်ဆောင်ရန်လွယ်ကူသော ကိစ္စတစ်ရပ်မဟုတ်ချေ။ထို့ကြောင့် ရုံးမှတ်တမ်းများကို မှတ်ချက်ပေးရသော အရာရှိများထံတွင် မြင့်မားသောကျင့်ကြံဆင့်နယ်ပယ်ရှိရန် လိုအပ်ရုံသာမက စိတ်ဝိညာဥ်၏စွမ်းအားသည်လည်း သန်မာအားကောင်းရပေမည်။
ဤကဲ့သို့အရည်အချင်းမျိုးရှိမှသာ အရာရှိတစ်ယောက်သည် ရုံးမှတ်တမ်းတိုင်းကို မှန်ကန်စွာအကဲဖြတ်နိုင်ပေမည်။
ဤရက်အနည်းငယ်အတွင်းတွင် ကြီးလေးသောအမှုအခင်းကိစ္စများ အမြောက်အများဖြစ်ပွားခဲ့သည်။ထိုအရာရှိသည် မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ထားသော်လည်း သူ၏လက်အတွင်းရှိစုတ်တံသည် ရပ်တန့်သွားခြင်းမရှိချေ။
ရုတ်တရက် သူ့ရှေ့၌ တစ်စုံတစ်ယောက် ထွက်ပေါ်လာသည်ကို သူ သတိပြုမိသွားသည်။သူသည် ခေါင်းမော့ကြည့်ခြင်းမရှိဘဲ ပြောဆိုလိုက်၏။
"အိုးထဲကရေတွေက အေးနေပြီ...ရေနွေးတစ်အိုး သွားကျိုခဲ့စမ်း"
သာမာန်အားဖြင့် ကျူးဝမ်ခန်းမတွင် ရုံးတော်၏တာဝန်များကို လာရောက်၍ကူညီလုပ်ကိုင်ပေးသော အထူးအရာရှိတချို့ရှိသည်။
ထိုလူများသည် လဖက်ရည်တည်ခင်းခြင်းနှင့်ရေနွေးတည်ပေးခြင်းတို့ကဲ့သို့ ကိစ္စရပ်များကို ရှောင်လွှဲ၍မရချေ။
သို့ရာတွင် ထိုအရာရှိရှေ့ရှိလူသည် အနည်းငယ်မျှပင် လှုပ်ရှားခြင်းမပြုချေ။ထိုအစား သူသည် နေရာမှာပင် မတ်တတ်ရပ်နေလေ၏။
ထိုအရာရှိသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသွားပုံပင်။သူက ခေါင်းမော့ကြည့်လိုက်ရာ သူ ရင်းနှီးခြင်းမရှိသော လူငယ်တစ်ယောက်၏မျက်နှာကို မြင်တွေ့မိသည်။သူ၏မျက်စိသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။သို့ရာတွင် မကြာခင်မှာပင် သူ၏စိတ် ပြန်လည်တည်ငြိမ်သွားလေ၏။
"မင်းက ဘယ်သူလဲ...မင်းက ဘာသံမှမပေးဘဲနဲ့ ဒီနေရာကိုဝင်လာပြီးတော့ ဘာလုပ်ဖို့ကြံစည်နေတာလဲ"
အရာရှိက တည်ကြည်လေးနက်သောအသံဖြင့် မေးမြန်းသည်။
လုယွီက ထိုအရာရှိကိုတစ်ချက်ကြည့်ကာ အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
"မင်းက အရမ်းတည်ငြိမ်တာပဲ...မင်းက ငါ့ကိုမြင်နေတာတောင်မှ အကူအညီကိုတန်းမခေါ်ခဲ့ဘူး...ငါသာ လူသတ်သမားဆိုရင် မင်း သေနေလောက်ပြီ"
လုယွီက အရာရှိ၏ဝှက်ထားသောညာဘက်လက်ကို ကြည့်လိုက်သည်။
"အခုမှတော့ မင်း အကူအညီတောင်းနေဖို့ မလိုတော့ဘူး....ငါက ပတ်ဝန်းကျင်လေဟာနယ်ကို ပိတ်ဆို့ပြီးပြီ...မင်းရဲ့အဆောင်လက်ဖွဲ့ကို ပေးပို့နိုင်မှာမဟုတ်ဘူး"
အရာရှိသည် ထိုစကားကိုကြားချိန်တွင် သူ၏လက်အတွင်းမှ အဆောင်လက်ဖွဲ့တစ်ခု ထွက်ပေါ်လာကာ တံခါးဆီသို့ဦးတည်၍ ပျံသန်းသွားသည်။
သို့ရာတွင် ရုတ်တရက် တံခါးနှင့်အဆောင်လက်ဖွဲ့အကြားရှိလေဟာနယ် ဖရိုဖရဲဖြစ်သွားသည်။လေဟာနယ်အားလှိုင်းများသည် အဆောင်လက်ဖွဲ့ကို ပိတ်ဆို့ဟန့်တားကာ ဖျက်ဆီးလိုက်၏။
အဆောင်လက်ဖွဲ့သည် လေထုအတွင်း၌ အစိမ်းရောင်အခိုးအငွေ့များအဖြစ်သာ ကျန်ရှိတော့ပြီး နောက်ဆုံး၌ ပျက်ပြယ်သွားတော့သည်။
ကြည့်ရသည်မှာ ကျူးဝမ်ခန်းမ၏နံဘေးပတ်လည်ကို အတားအဆီးတစ်ခုဖြင့် လွှမ်းခြုံထားသကဲ့သို့ပင်။
အရာရှိ၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားကာ သူက သက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုသည်။
"ဒီလိုအတားအဆီးမျိုးကို ဖန်တီးနိုင်တဲ့သူက အနည်းဆုံး ရွှယ်အင်မော်တယ်နယ်ပယ်မှာ ရှိနေရမယ်...ငါက မင်းရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး"
ထိုသို့ပြောဆိုပြီးနောက် အရာရှိသည် သူ၏လက်နှစ်ဖက်ကို ရှေ့သို့ဆန့်တန်းလိုက်သည်။ဤသည်က သူ ခုခံရန် ရည်ရွယ်ချက်မရှိခြင်းကို ညွှန်ပြခြင်းပင်။
လုယွီက သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုလိုက်၏။
"ကျူးကော်မင်....ကျောင်းတော်သားတစ်ယောက်ဖြစ်ပြီးတော့ တစ်ချိန်တုန်းက တော်ဝင်စစ်ခုံရုံးရဲ့အရာရှိတစ်ယောက်ပဲ...သူက တော်ဝင်မြို့တော်ရဲ့ထိပ်သီးမိသားစုကြီးတွေကို အပြစ်ပြုမိတာကြောင့် ဒီနေရာကို နယ်နှင်ဒဏ်ပေးခံရပြီးတော့ ရှီးလျန်မြို့ရဲ့တရားသူကြီးဖြစ်လာတယ်"
ကျူးကော်မင်၏မျက်လုံးများ တောက်ပသွားသည်။
"ငါက အရေးပါတဲ့လူတစ်ယောက်မဟုတ်ဘူး...မင်း ငါ့ရဲ့နောက်ကြောင်းကို ဘာလို့ခုလောက်ထိ ဂရုတစိုက် စုံစမ်းထားတာလဲ"
ဤသည်က ကျူးကော်မင်၏နောက်ကြောင်းရာဇဝင်ပင်။
သို့ရာတွင် ဤကိစ္စများကိုစုံစမ်းရန်မှာ မခက်ခဲလှချေ။တစ်စုံတစ်ယောက်သည် ထိုကိစ္စကို စိတ်ဝင်စားသရွေ့ လွယ်လင့်တကူ ရှာဖွေတွေ့ရှိနိုင်သည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"တကယ်တော့ ငါက မင်းရဲ့အကြောင်းကို စုံစမ်းထားတာမဟုတ်ဘူး...တစ်စုံတစ်ယောက်က မင်းကိုထောက်ခံပေးထားလို့ ငါ ဒီနေရာကို ရောက်လာခဲ့တာပဲ"
"ဘယ်သူကလဲ"
ကျူးကော်မင်က အံ့အားတသင့် မေးမြန်းလိုက်သည်။
သာမာန်အားဖြင့် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်အတွင်းတွင် သူ၏ယခင်အဆင့်အတန်းကို သူ ထုတ်ဖော်ပြောဆိုလေ့မရှိချေ။လုယွီ၏ရုတ်တရက်ရောက်ရှိလာမှုက သူ့အား အလွန်အမင်း စိတ်မသက်မသာဖြစ်စေသည်။
Chapter 3345
ကျူးကော်မင်၏တုံ့ပြန်မှုကို လုယွီသည် အံ့အားသင့်သွားပုံမရချေ။
"ဖေးထျန်ကွမ်း...မင်း သူ့ကို မှတ်မိတယ်မလား"
လုယွီက မေးမြန်းလိုက်သည်။
ထိုနာမည်ကိုကြားချိန်တွင် ကျူးကော်မင်၏ခန္ဓာကိုယ် တုန်ရီသွားသည်။သူက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ပြောဆိုလေ၏။
"မင်းက အရှင်ဖေး လွှတ်လိုက်တဲ့လူလား...မင်းမှာ ဘာသက်သေမှမရှိဘဲနဲ့ ငါက မင်းကို ဘယ်လိုလုပ်ပြီးယုံကြည်ရမှာလဲ"
"မင်း ငါ့ကို ယုံကြည်ဖို့မလိုဘူး...ငါက လက်ဝဲစစ်တပ်ရဲ့တပ်မှူးအသစ်ပဲ...ဒီနေ့ကနေစပြီးတော့ မင်းက ငါ့ရဲ့လက်အောက်ကို ရောက်သွားပြီ"
လုယွီသည် စကားပြောဆို၍ အချိန်ဖြုန်းလိုခြင်းမရှိသဖြင့် သူ၏တံဆိပ်ပြားကို တိုက်ရိုက်ထုတ်ပြလိုက်သည်။
အလင်းရောင်အောက်တွင် လက်ဝဲစစ်တပ်မှခေါင်းဆောင်တပ်မှူး၏ ကျားသင်္ကေတတံဆိပ်ပြား ထွက်ပေါ်လာသည်။
အမ်....
ထိုတံဆိပ်ပြားကိုမြင်တွေ့ချိန်တွင် ကျူးကော်မင်သည် အံ့အားသင့်တုန်လှုပ်သွားလေ၏။သူသည် ထိုအရာကိုဂရုတစိုက်ကြည့်ရှုပြီးနောက် အလျင်စလို မတ်တတ်ထရပ်လိုက်သည်။
"ဒီငယ်သားက ခေါင်းဆောင်တပ်မှူးကို အရိုအသေပြုပါတယ်"
လက်ဝဲစစ်တပ်၏တပ်မှူးသည် ရှီးလျန်မြို့၏အုပ်ချုပ်ရေးရုံးတော်တစ်ခုလုံးတွင် အဆင့်အမြင့်မားဆုံးအရာရှိပင်။
ရာထူးအဆင့်အတန်းဆိုပါက သူသည် ဝမ်မူကျီးထက်ပင် ပို၍မြင့်မားသည်။
ဤကဲ့သို့ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်သည် ကျူးဝမ်ခန်းမအတွင်းသို့ တိတ်တဆိတ် ခိုးဝင်လာသည်မှာ မယုံကြည်နိုင်ဖွယ် ကိစ္စတစ်ရပ်ဖြစ်သည်။
"အရှင်...ဘာလို့ ဒီနေရာကို တစ်ယောက်တည်း ရောက်လာတာလဲ...အရှင့်ရဲ့စစ်တပ်က ဒီနေရာကိုရောက်လာဖို့ အနည်းဆုံး အချိန်ခုနစ်ရက်လောက်ကြာအုံးမယ်လို့ ငါ ကြားထားတယ်"
ကျူးကော်မင်က မေးမြန်းလေ၏။
လက်ဝဲစစ်တပ်၏တပ်မှူးအသစ်ကို ခန့်အပ်လိုက်ခြင်းသည် ရှီးလျန်မြို့အတွင်း၌ ထိပ်သီးဦးစားပေးကိစ္စပင်။
ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၏အရာရှိတစ်ယောက်ဖြစ်သော ကျူးကော်မင်သည်လည်း အစီအစဥ်တချို့ကို ကြိုတင်၍ပြင်ဆင်ထားပြီးလေပြီ။
သို့ရာတွင် လုယွီသည် တခြားခေါင်းဆောင်တပ်မှူးများကဲ့သို့ ဟိတ်ဟန်ထုတ်၍ ရောက်ရှိလာခြင်းမရှိချေ။ထိုအစား သူသည် စုံစမ်းစစ်ဆေးရန်အတွက် တိတ်တဆိတ် ဝင်ရောက်လာခဲ့သည်။
"တကယ်လို့ ငါက ပုံမှန်အတိုင်းလာမယ်ဆိုရင်...ဒီနယ်မြေရဲ့ အခုလက်ရှိ အခြေအနေမှန်တွေကို မတွေ့ရမှာ ငါ စိုးရိမ်မိတယ်"
လုယွီက အလေးအနက်ထားသောလေသံဖြင့် ဆက်လက်ပြောဆိုသည်။
"ဖေးထျန်ကွမ်းက မင်းကို ငါ့လက်အောက်မှာထားဖို့ ထောက်ခံပေးထားတယ်...ဒါက မင်းမှာ ထူးချွန်တဲ့အရည်အချင်းတချို့ ရှိနေတယ်လို့ ဆိုလိုတာပဲ...ရှီးလျန်ကြယ်နယ်မြေရဲ့ အခုလက်ရှိအခြေအနေကို ပြောပြစမ်း"
ထိုသို့ပြောဆိုပြီးနောက် လုယွီက ကျူးကော်မင် ယခင်ကထိုင်နေသောနေရာတွင် ဝင်ထိုင်လိုက်၏။
ကျူးကော်မင်သည် ထိုကိစ္စကိုဂရုမစိုက်ဘဲ မေးမြန်းလေသည်။
"အရှင်က အမှန်ကို ကြားချင်တာလား"
"မင်း ဘယ်လိုထင်လဲ"
"အမှန်ပြောရရင် အခုချိန်မှာ ရှီးလျန်ကြယ်နယ်မြေတစ်ခုလုံး ထိတ်လန့်ကြောက်ရွံနေပြီးတော့ ပြိုလဲသွားလုနီးပါးပဲ...အင်အားစုတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်စိတ်ဆန္ဒတွေရှိနေပြီးတော့ လူတိုင်းက သူတို့လွတ်မြောက်နိုင်မယ့်နည်းလမ်းကိုပဲ တွေးတောနေကြတယ်...တကယ်လို့ ထန်အင်ပါယာကသာ အမှန်တကယ်တိုက်ခိုက်လာမယ်ဆိုရင် ရှီးလျန်ကြယ်နယ်မြေက တိုက်ခိုက်မှုတစ်ခုကိုတောင် ခုခံနိုင်မှာမဟုတ်ဘူး"
ထိုစကားကိုကြားချိန်တွင် လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"တကယ်ကိုပဲ အဲ့ဒီလောက်ထိ ပြင်းထန်နေပြီလား"
ကျူးကော်မင်က ခပ်ယဲ့ယဲ့အပြုံးနှင့် ပြောဆိုသည်။
"အရှင် ဒီနေရာကိုရောက်မလာခင်က တိုက်ပွဲမှတ်တမ်းတွေကို ဖတ်ခဲ့ပြီးပြီမဟုတ်လား"
လုယွီက ခေါင်းညိတ်ပြလိုက်သည်။သူ ထိုတိုက်ပွဲမှတ်တမ်းများကို ဖတ်ရှုပြီးလေပြီ။
သူသည် လက်ဝဲစစ်တပ်၏ခေါင်းဆောင်တပ်မှူးဖြစ်သောကြောင့် ထိုတိုက်ပွဲမှတ်တမ်းများကိုဖတ်ရှုရန် အရည်အချင်းပြည့်မီသည်။ရှေ့တန်းမှပေးပို့သော တိုက်ပွဲမှတ်တမ်းများသည် လုယွီ၏လက်အတွင်းသို့ အဆက်မပြတ် ရောက်ရှိလာပြီးဖြစ်သည်။
"အရှင့်ရဲ့လက်ထဲကိုရောက်လာတဲ့ တိုက်ပွဲမှတ်တမ်းတွေထဲမှာ ရေးသားထားတာတွေက နွေဦးလေပြည်လို ရှုံးနိမ့်မှုကို ပေါ့ပေါ့ပါးပါးဖော်ပြထားတာပဲ"
ကျူးကော်မင်က ရုတ်တရက် အချိန်တခဏခန့်ရပ်တန့်သွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"ဟူး...ဒါပေမယ့် တကယ့်အစစ်အမှန်အခြေအနေက တာယွီအင်ပါယာဘက်ကနေ တိုက်ပွဲဝင်ဝင်္ကပါကြီး အခုနှစ်ဆယ်ကျော် ဆက်တိုက်ဆုံးရှုံးသွားပြီ...မရေမတွက်နိုင်တဲ့ တိုက်ပွဲကြီးငယ်တွေမှာလည်း တာယွီအင်ပါယာက ရှုံးနိမ့်ခဲ့တယ်"
"ထန်အင်ပါယာက ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုနည်းစနစ်တွေက ငါတို့ထက်ပိုကောင်းတယ်...ပြီးတော့ သူတို့ရဲ့တိုက်ပွဲဝင်မှော်လက်နက်တွေက ငါတို့ထက် ပိုပြီးအစွမ်းထက်တယ်...ငါတို့က တိုက်ခိုက်မှုခြင်းဖလှယ်ပြီးတော့ မကြာခင်မှာပဲ အရေးနိမ့်ခဲ့ရတယ်...ငါတို့ ရခဲ့တဲ့ အောင်ပွဲအနည်းစုက အရမ်းထူးချွန်ထက်မြက်တဲ့ စစ်ဗိုလ်ချုပ်တွေကြောင့်ပဲ....ငါတို့က သူတို့ကို ခြုံခိုတိုက်ခိုက်လို့ပဲရတယ်...ဒါပေမယ့် ဒါက တိုက်ပွဲအခြေအနေပေါ်မှာ သက်ရောက်မှုကြီးကြီးမားမားမရှိဘူး"
"လက်ဝဲစစ်တပ်ရဲ့အုပ်ချုပ်မှုအောက်က ကြယ်နယ်မြေ၃၆ခုမှာ ကြယ်နယ်မြေ၉ခုကို ထန်အင်ပါယာက သိမ်းပိုက်သွားပြီ...ထန်အင်ပါယာရဲ့လူတွေက နယ်မြေတွေကို တစ်ဆင့်ပြီးတစ်ဆင့် ဝါးမြိုလာကြတယ်....အခုချိန်မှာ ရှေ့တန်းမှာရှိတဲ့စစ်သည်တွေအားလုံး စိတ်ဓာတ်အရမ်းကျနေကြပြီ...ပြီးတော့ စစ်တပ်ထဲကနေထွက်ပြေးတဲ့လူတွေ အရမ်းများတယ်"
"ဒီလိုအချိန်မျိုးမှာ လက်ဝဲစစ်တပ်ရဲ့တပ်မှူးနေရာကို ရောက်လာတဲ့ ဘယ်သူမဆို သေဆုံးရမှာ သေချာလုနီးပါးပဲ...အရှင်လု မင်းက ဒီတစ်ကြိမ်တော်ဝင်စာမေးပွဲရဲ့ ထိပ်သီးကျောင်းတော်သားလို့ ငါ ကြားထားတယ်...ဒီမီးတွင်းထဲကို မင်းကို ဘယ်သူပို့လိုက်တာလဲဆိုတာ ငါ မသိတော့ဘူး"
Thank For Reading.