← Chapters

အခန်း (၃၃၅၁-၃၃၅၅)

Vol. 171 Ch. 3351-3355

အခန်း (၃၃၅၁-၃၃၅၅)

Vol. 171 Ch. 3351-3355

Chapter 3351

"ငါ မင်းရဲ့နာမည်ကို သိခွင့်ရှိမလား"

အဖိုးအိုက ရိုသေလေးစားစွာ မေးမြန်းသည်။

လုယွီအပေါ် ဆက်ဆံသော သူ၏အပြုအမူများ သိသိသာသာ ပြောင်းလဲသွားလေပြီ။

သူ့ရှေ့ရှိလူငယ်သည် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဖြစ်ပေမည်။

ထိုလူငယ် မည်သည့်နေရာသို့သွားပါစေ လူအများ၏အာရုံစိုက်ခြင်းကို ခံရပေမည်။

"ငါ့ရဲ့မျိုးရိုးနာမည်က လု..."

လုယွီက သူ၏နာမည်ကို ပြောဆိုခြင်းမရှိချေ။

သူ ဤနေရာသို့လာရောက်ခြင်းမှာ ရှီးလျန်ပါရမီရှင်စာရင်း၌ ပါဝင်နိုင်ရုံသက်သက်ပင်။

"ဒါဆို သခင်လေးလုပေါ့...ငါတို့က မင်းရဲ့စမ်းသပ်မှုရလဒ်ကို အတည်ပြုပြီးတော့ မှတ်တမ်းတင်ဖို့လိုအပ်တယ်"

အဖိုးအိုက ပွင့်ပွင့်လင်းလင်း ပြောဆိုလေသည်။

အကယ်၍ သာမာန်ရလဒ်မျိုးဆိုပါက သူကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်သည်။

သို့ရာတွင် လုယွီကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကိစ္စမျိုးကိုလုပ်နိုင်သူမှာ လွန်စွာရှားပါးသည်။ထို့ကြောင့် ယခုချိန်သည် သူ၏တာဝန်ချိန်ဖြစ်သော်လည်း ဆုံးဖြတ်ချက်ကို သူ့သဘောနှင့်သူ မချဝံ့ချေ။

"ဒါက အဆင်ပြေပါတယ်...အတည်ပြုပြီးတာနဲ့ ငါ့ရဲ့အဆင့်ကို ဖုံးကွယ်ထားပေးပါ...ငါ ဒီကိစ္စကို လူသိရှင်ကြား မဖြစ်စေချင်ဘူး"

သူသည် အင်ပါယာနှစ်ခုအကြားရှိ လူငယ်ပါရမီရှင်များ၏တိုက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်နိုင်သော အဆင့်အတန်းကိုသာ ရယူလိုခဲ့ခြင်းဖြစ်သည်။

ရှီးလျန်ပါရမီရှင်စာရင်းကိုမူ သူ အနည်းငယ်မျှပင် ဂရုမစိုက်ချေ။

ထိုသို့ပြောဆိုပြီးနောက် လုယွီသည် ချက်ချင်းထွက်ခွာခဲ့တော့သည်။

"ဒါက....."

အဖိုးအိုသည် လုယွီကို ဟန့်တားရန် ဟန်ပြင်လိုက်၏။သို့ရာတွင် လုယွီသည် ပြတ်ပြတ်သားသား ထွက်ခွာသွားခဲ့သည်။

အတိတ်တွင် အကယ်၍ တစ်စုံတစ်ယောက်သည် ရှီးလျန်ပါရမီရှင်စာရင်းကို အောင်မြင်စွာစိန်ခေါ်နိုင်ပါက ထိပ်သီးကိစ္စကြီးတစ်ခုပင်။မြောက်မြားစွာသောအင်အားစုများ ဤနေရာ၌စုဝေးလာကာ စိန်ခေါ်မှုအား အောင်မြင်ခဲ့သောလူငယ်ပါရမီရှင်ကို သိမ်းသွင်းရန် ကြိုးစားကြသည်။

ဤသည်က ထိုလူငယ်ပါရမီရှင်၏အရည်အချင်းကို ထုတ်ဖော်ပြသနိုင်သော အကောင်းဆုံးအခွင့်အရေးဖြစ်ကာ သူသည် ရှီးလျန်မြို့၏ထိပ်သီးအင်အားစုတစ်စုအတွင်းသို့ အလျှင်အမြန် ဝင်ရောက်နိုင်ပေမည်။

သို့ရာတွင် လုယွီသည် အလွန်သိုသိုသိပ်သိပ်နေကာ သူ၏နာမည်ကိုထုတ်ဖော်ရန်ပင် ငြင်းဆန်ပြီး ထွက်ခွာသွားမည်ဟု သူ မျှော်လင့်မထားမိချေ။

ဤကဲ့သို့လုပ်ရပ်မျိုးကို သူ ယခင်က ကြုံတွေ့ခဲ့ဖူးခြင်းမရှိပေ။

အဖိုးအိုသည် ခဏနေရန် မဟန့်တားနိုင်သေးမီမှာပင် လုယွီသည် သူ၏အမြင်အာရုံအတွင်းမှ ပျောက်ကွယ်သွားလေပြီ။

"မျိုးရိုးနာမည်လုလား...ရှီးလျန်မြို့ထဲမှာ လုမျိုးရိုးရှိတဲ့ ဘယ်ပါရမီရှင်လူငယ်ကိုမှ ငါ မကြားဖူးဘူး...ငါ ဒီနာမည်မျိုးကို အနီးအနားပတ်လည်မှာလည်း မကြားဖူးဘူး"

အဖိုးအိုသည် သူ၏ခေါင်းအတွင်းရှိ မှတ်ဥာဏ်များအကြားတွင် ကြိုးစား၍ရှာဖွေကြသော်လည်း မျိုးရိုးနာမည်လုနှင့်ယှဥ်တွဲမိသည့် မည်သည့်လူငယ်ပါရမီရှင်လူငယ်ကိုမျှ သူ ရှာမတွေ့ချေ။

ထို့နောက် အဖိုးအိုသည် ရွှေစည်းတံဆိပ်ကို ထုတ်ယူကာ ဝင်္ကပါကို တဖန်ပြန်၍အသက်သွင်းလိုက်သည်။

"သူ စမ်းသပ်မှုတွေကို ဘယ်လိုဖြတ်ကျော်သွားတာလဲ"

အဖိုးအိုက လုယွီသည် စမ်းသပ်မှုများအား မည်ကဲ့သို့လျှင်မြန်စွာ ဖြတ်ကျော်သွားသည်ကို အလွန်သိချင်နေမိသည်။

သူ စမ်းသပ်ခန်းတစ်ခန်း၏တံခါးကိုဖွင့်လိုက်ချိန်တွင် မီးခိုးငွေ့များနှင့်ဖုန်မှုန့်များက အတွင်းမှနေ၍ ထွက်ပေါ်လာသည်။

အဖိုးအိုသည် သူ၏ပါးစပ်နှင့်နှာခေါင်းကိုဖုံးအုပ်ကာ အခန်းတွင်းသို့ကြည့်လိုက်၏။ရုတ်ချည်းဆိုသလိုပင် မြေပြင်ပေါ်၌ကျနေသော ရုပ်သေးဆယ်ရုပ်ကျော်ကို တွေ့မြင်မိသည်။

ရုပ်သေးတိုင်း၏ရင်ဘတ်သည် သိသိသာသာ ချိုင့်ဝင်နေလေ၏။

အဖိုးအိုက အံ့အားသင့်တုန်လှုပ်သွားသည်။

ဤနေရာပတ်ဝန်းကျင်၌ တိုက်ခိုက်ထားသောအရိပ်အယောင်ကိုလည်း တစ်ခုတစ်လေမျှပင် သူ မမြင်တွေ့မိချေ။

တခြားစကားပြောဆိုရလျှင် ရုပ်သေးများအားလုံးကို လုယွီသည် လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့ခြင်းပင်။

ထိုရုပ်သေးများကို ကြေးနီအရေပြား သံမဏိအရိုးတို့ဖြင့် ပြုလုပ်ထားသဖြင့် သူတို့၏ခုခံကာကွယ်မှုသည် လွန်စွာသန်မာအားကောင်းလှ၏။နယ်ပယ်တူကျင့်ကြံသူများသည် သူတို့၏သံချပ်ကာများကို ချိုးဖျက်နိုင်မည်မဟုတ်ချေ။

အထူးသဖြင့် အထပ်၇၀မြောက်သို့ ရောက်ရှိပြီးနောက် ရုပ်သေးများ၏သံချပ်ကာကို ပို၍မြင့်မားသောအဆင့်သို့ မြှင့်တင်ထားသည်။

ဤအဆင့်သို့အရောက်တွင် လူငယ်ပါရမီရှင်များမဆိုထားနှင့် မျိုးဆက်ဟောင်းများမှအစွမ်းထက်ကျင့်ကြံသူတချို့ပင်လျှင် ထိုရုပ်သေးများနှင့် ရင်ဆိုင်ရချိန်တွင် ကြီးမားသောဖိအားကို ခံစားရပေမည်။

သို့ရာတွင် ဤကဲ့သို့အစွမ်းထက်ရုပ်သေးများသည် လုယွီထံမှ တိုက်ခိုက်မှုတစ်ခုကိုပင် ခံနိုင်ရည်မရှိခဲ့ချေ။

ဟူး....

ရုတ်တရက် လေအေးတစ်လှိုင်းက အဖိုးအို၏နံဘေးမှနေ၍ ဖြတ်သန်းတိုက်ခိုက်သွားသည်။

အနက်ရောင်ဝတ်စုံဝတ်လူကြီးတစ်ယောက်က အဖိုးအို၏နံဘေး၌ ထွက်ပေါ်လာသည်။ထိုလူကြီး၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်နေကာ သူ့ရှေ့ရှိ အခန်းအတွင်းရှိ အပျက်အစီးများကို ကြည့်နေလေ၏။

"ခန်းမသခင်ကို အရိုအသေပြုပါတယ်"

အဖိုးအိုက အလျင်စလို အရိုအသေပြုလိုက်သည်။

သူ့ရှေ့ရှိလူသည် မီးတောက်ခန်းမ၏ခန်းမသခင်ပင်။

သာမာန်အားဖြင့် ခန်းမသခင်သည် မည်သည့်စိန်ခေါ်သူမျှမရှိပါက မီးတောက်ခန်းမအတွင်း၌ ထွက်ပေါ်လာလေ့မရှိချေ။

Chapter 3352

သို့ရာတွင် ယနေ့တွင်မူ ချွင်းချက်ပင်။

"ငါ ဒီနေရာကိုရောက်မလာခင်တုန်းက...တစ်ယောက်ယောက် ရောက်လာသေးတာလား"

ခန်းမသခင်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

အဖိုးအိုသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဝံ့သဖြင့် အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှအရာရာတိုင်းကို ​အလျှင်အမြန်ပြောပြလိုက်၏။

"မျိုးရိုးနာမည်လုလား....ရုပ်သေးရုပ်တွေအားလုံးက လက်သီးတစ်ချက်တည်းနဲ့ ပျက်စီးသွားတာပဲ"

မီးတောက်ခန်းမသခင်က မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ၉၉ထပ်မြောက်သို့ တိုက်ရိုက်တက်လှမ်းသွားကာ စမ်းသပ်ခန်းတံခါးကိုတွန်းဖွင့်၍ အတွင်းသို့ဝင်လေသည်။

နောက်ထပ်အချိန်အခိုက်အတန့်တွင် မီးတောက်ခန်းမသခင်သည် ကျိုးပဲ့နေသောရုပ်သေးကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားသည်။

၉၉ထပ်မြောက်သည် အလှပြသက်သက်မဟုတ်ချေ။အခန်းအတွင်းရှိ ရုပ်သေးသည် ရွှယ်အင်မော်တယ်အဆင့်နှင့် နီးကပ်နေလေပြီ။

သူ ဤရုပ်သေးကို ထားရှိသည့်အကြောင်းအရင်းမှာ ဤနေရာထိ ချိုးဖျက်ဝင်ရောက်နိုင်သော ပါရမီရှင်လူငယ်များ၏စိတ်ဓာတ်ကို ချိုးနှိမ်၍ ပြင်ပလောကတွင် သူတို့ထက် အစွမ်းပိုထက်သောတစ်စုံတစ်ယောက်ရှိနေကြောင်း သိရှိစေလိုသောကြောင့်ပင်။

မီးတောက်ခန်းမသခင်သည် သူ့ရှေ့ရှိရုပ်သေး မည်မျှထိအစွမ်းထက်သည်ကို ကောင်းစွာသိရှိထားသည်။

အကယ်၍ သူကိုယ်တိုင်စိန်ခေါ်လျှင်ပင် အနိုင်ရရှိရန် လွယ်ကူမည်မဟုတ်ချေ။

သို့ရာတွင် ဤခန်းမတစ်ခုလုံး၏ အစွမ်းထက်သောရုပ်သေးရုပ်သည် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားလေပြီ။ထင်ရှားသောအက်ကွဲကြောင်းကြီးတစ်ခုက ရုပ်သေးရုပ်၏ရင်ဘတ်မှနေ၍ ပျံ့နှံ့သွားသည်ကို တွေ့မြင်နိုင်ပေ၏။

ဤရုပ်သေးသည် လက်သီးတစ်ချက်တည်းဖြင့် ကြေမွှပျက်စီးသွားခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။

မီးတောက်ခန်းမသခင်သည် ယခင်က ဤကဲ့သို့အစွမ်းထက်သောခွန်အားမျိုးကို မြင်တွေ့ဖူးခြင်းမရှိချေ။

"အဲ့ဒီလူငယ်က ဘာပြောသွားသေးလဲ"

ခန်းမသခင်က အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။

အဖိုးအိုက မျက်မှောင်ကြုတ်လိုက်သည်။

"အဲ့ဒီလူငယ်က အရမ်းထူးဆန်းတယ်...သူ့ကိုကြည့်ရတာ အင်ပါယာနှစ်ခုကြားကစိန်ခေါ်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ချင်တဲ့ပုံပဲ...ပြီးတော့ သူက ကျော်ကြားမှုနဲ့ကံကြမ္မာကောင်းကို ရှာဖွေနေတဲ့ပုံမရဘူး...သူ့ရဲ့နာမည်ကိုတောင် ရှီလျန်ပါရမီရှင်စာရင်းမှာ ချန်မထားခဲ့ဘူး"

"အဲ့ဒီလိုလူစားမျိုး တကယ်ရှိနေတာလား"

မီးတောက်ခန်းမသခင်သည် အံ့အားသင့်တုန်လှုပ်သွားသော်လည်း သူသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။

သူ၏မျက်နှာအမူအယာသည် ရုတ်တရက် အလွန်စိတ်လှုပ်ရှားပုံပေါက်လာကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"သူ ဒီနေရာရောက်လာတာကို သိတဲ့သူ တခြားတစ်ယောက်ရှိသေးလား"

အဖိုးအိုက ခေါင်းခါပြလေသည်။

"အဲ့ဒီအချိန်တုန်းက ခန်းမမှာရှိတဲ့ တခြားသူတွေအားလုံး ပြန်သွားကြပြီ"

"အရမ်းကောင်းတယ်...မင်း ဒီကိစ္စကို မင်းရဲ့ဗိုက်ထဲမှာ ပုပ်သိုးတဲ့အထိ ထိန်းသိမ်းထားပါ...တခြားဘယ့်သူကိုမှ ထုတ်မပြောမိစေနဲ့"

မီးတောက်ခန်းမသခင်က သတိကြီးစွာထား၍ ပြောဆိုသည်။

မီးတောက်ခန်းမသခင် အလွန်သတိကြီးစွာထားနေသည်ကိုကြည့်ပြီး အဖိုးအိုက အလျှင်အမြန်ခေါင်းညိတ်လိုက်၏။

သူ၏အသက်အရွယ်သည် အရာရာတိုင်းကို ဟောင်ဖွာဖွာထုတ်ဖော်ပြောဆိုရမည့် အရွယ်မျိုးမဟုတ်တော့ချေ။

"ခန်းမသခင်...အဲ့ဒီလူငယ်ရဲ့အဆင့်ကို ဘယ်လိုပေးရမလဲ"

အဖိုးအိုက အတည်ပြုချက်ကိုရယူနိုင်ရန်အတွက် မေးမြန်းလိုက်သည်။

မီးတောက်ခန်းမသခင်က တည်ငြိမ်စွာ ပြောဆိုသည်။

"သူ့ရဲ့လုပ်ဆောင်ချက်တွေကို မင်း မမြင်ဘူးလား...သူက ရှီးချန်ပါရမီရှင်စာရင်းရဲ့နံပါတ်တစ်ပဲ"

ရှီလျန်ပါရမီရှင်စာရင်း၏နံပါတ်တစ်....

တခြားစကားပြောင်းဆိုရလျှင် ဝမ်ခန်း၏စံချိန်ကို တခြားတစ်ယောက်က လွယ်လင့်တကူ ချိုးဖျက်သွားလေပြီ။

ကံကောင်းထောက်မစွာဖြင့် ဤကိစ္စကို လူသိရှင်ကြား ထုတ်ဖော်ကြေငြာ၍မရချေ။ထိုသို့မဟုတ်ပါက ရှီးလျန်မြို့တစ်မြို့လုံး အလွန်အမင်း အံ့အားသင့်တုန်လှုပ်သွားပေမည်။ထိုအချိန်ကျပါက ပတ်ဝန်းကျင်နယ်မြေများမှ အင်အားစုများပင်လျှင် ထိုလူငယ်ကို အလုအယက်သိမ်းသွင်းရန်အတွက် ရောက်ရှိလာနိုင်သည်။

"ရှီးလျန်မြို့က ပြောင်းလဲသွားတော့မှာလား"

အဖိုးအိုက သက်ပြင်းတစ်ချက်ရှိုက်ကာ ရေရွတ်လိုက်သည်။

ဤသတင်းကို အနှေးနှင့်အမြန် ထုတ်ပြန်ကြေငြာရပေမည်။

သို့ရာတွင် သူသည် ထိုလူငယ်၏နာမည်ကိုပင် မသိရသေးချေ။

……

ညဥ့်နက်ချိန်၌ လုယွီသည် ရှီးလျန်မြို့အတွင်း၌ တည်းခိုခန်းတစ်ခန်းကိုရှာဖွေ၍ ယာယီနေထိုင်ခဲ့သည်။

ယခုလက်ရှိအချိန်တွင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံး၏ အထက်ကောင်းကင်ယံတွင် စစ်ပွဲအငွေ့အသက်များ လွှမ်းခြုံနေလေရာ ရှီးလျန်မြို့အတွင်းရှိ တည်းခိုခန်းများ၏စျေးနှုန်းများသည်လည်း နှစ်ဆမြင့်တက်သွားလေပြီ။

ကံကောင်းထောက်မစွာဖြင့် လုယွီသည် ငွေကြေးရှားပါးသူမဟုတ်သဖြင့် သူသည် သက်တောင့်သက်သာအရှိဆုံးအခန်းကို ရွေးချယ်၍ ငှားရမ်းနေထိုင်ခဲ့သည်။

သို့ရာတွင် သူသည် တည်းခိုခန်းအတွင်း၌ နေနေသည့်တိုင် ညအမှောင်အောက်တွင် ပြင်ပမှ စူးရှရှအော်သံများကို ကြားမိသဖြင့် လုယွီက မျက်မှောင်ကြုတ်လိုက်၏။

"ဧည့်သည်တော်တို့....အထိတ်တလန့် ဖြစ်မသွားကြပါနဲ့...ကင်းလှည့်စစ်သားတွေက အပြင်မှာရှိတဲ့ သူခိုးဂျပိုးတွေကို ဖမ်းနေတာပါ...ဒါက ဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး"

ဆိုင်ရှင်က အပြုံးနှင့် ရှင်းပြသည်။

Chapter 3353

တည်းခိုခန်းအတွင်းရှိ တခြားလူများကမူ ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့သည် ယခင်က မကြာခဏ ကြုံတွေ့ဖူးသည့်အလား လျစ်လျှူရှုထားကြသည်။

ဤကဲ့သို့ကိစ္စမျိုးသည် ရှီးလျန်မြို့အတွင်း၌ မြင်တွေ့နေကျအရာပင်။

လုယွီက သူ့ရှေ့ရှိမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ခေါင်းခါယမ်းကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

တော်ဝင်မြို့တော်မှလူများအတွက်မူ ဤကဲ့သို့ကိစ္စမျိုးကို သူတို့၏ဘဝတသက်တာလုံးတွင် တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ဖူးမည်မဟုတ်ချေ။

နယ်စပ်ဒေသရှိ ဝေးလံခေါင်သီသောနေရာများတွင်သာ ဤကဲ့သို့ ဖရိုဖရဲကိစ္စမျိုးကို မြင်တွေ့ရပေမည်။

လုယွီသည် သူ၏စိတ်အတွင်းရှိ မလိုလားအပ်သောအတွေးများကိုရှင်းထုတ်ကာ ပလ္လင်ခွေထိုင်၍ စတင်ကျင့်ကြံလိုက်သည်။

သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သော်လည်း ဤနယ်ပယ်တွင် အချိန်ကြာမြင့်စွာနေရန် ရည်ရွယ်မထားချေ။

ကောင်းကင်ဘုံနယ်မြေတခွင်လုံးသည် လောကကြီးတခွင်လုံး တုန်ခါသွားစေနိုင်သော ဘေးကပ်ဆိုးကြီးနှင့် ရင်ဆိုင်တော့ပေမည်။ထိုအချိန်မျိုးသို့ ရောက်ရှိလာပါက မြေကမ္ဘာအင်မော်တယ်ကျင့်ကြံဆင့်ဖြင့် သူ ရင်ဆိုင်ရန်မှာ လုံလောက်မည်မဟုတ်ချေ။

အနည်းဆုံးအနေဖြင့် သူသည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်မှသာ ဖရိုဖရဲဖြစ်လာမည့် လောကကြီးအတွင်း၌ အသက်ရှင်သန်နိုင်ပေမည်။

လုယွီ၏စိတ်အတွင်း၌ ကြီးမားကျယ်ပြန့်သော မှတ်ဥာဏ်ပင်လယ်ကြီးရှိနေသည်။ဖရိုဖရဲခေတ်ကာလ၏အလယ်တွင် ပါရမီရှင်မည်မျှထိများများ သေဆုံးသွားရမည်ကို မည်သူမျှမသိနိုင်ချေ။

မိုးကောင်းကင်၏ကံကြမ္မာသားတော်ဟု သတ်မှတ်ခံထားရသော လူတချို့ပင်လျှင် မတော်တဆကိစ္စများကြောင့် သူတို့၏အသက်များ ဆုံးရှုံးသွားနိုင်သည်။

အကယ်၍ သူသည် ဤဖရိုဖရဲလောကကြီး၏အလယ်၌ အသက်ရှင်သန်လိုပါက သူ့ထံ၌ ခွန်အားပိုရှိလေလေ သူ အသက်ဆက်ရှင်နိုင်ရန်အတွက် အာမခံချက်ပိုရလေလေပင်။

ဟူး...

လုယွီက သက်ပြင်းတစ်ချက်ချကာ အသက်ရှုသွင်းရှုထုတ်လုပ်လိုက်သည်။စိတ်ဝိညာဥ်စွမ်းအင်များသည် သူ၏အသက်ရှုခြင်းတလျှောက် စီးဝင်လာပြီး သူ၏ခန္ဓာကိုယ်အတွင်း၌လှည့်ပတ်ကာ နောက်ဆုံးတွင် သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ စုဝေးသွားသည်။

ကံကြမ္မာစွမ်းအားများ၏ထောက်ပံ့မှုကြောင့် လုယွီ၏ကျင့်ကြံမှုအရှိန်နှုန်းသည် သိသိသာသာ မြင့်တက်သွားပေ၏။

ယခုကဲ့သို့ အသက်ရှုရှိုက်သည့်တစ်ပတ်ပြည့်ချိန်သည် ယခင်ထက် အဆများစွာပို၍ လျှင်မြန်သွားသည်။ဤသည်က လုယွီကို အင်အားများစွာစိုက်ထုတ်ရခြင်းမှ သက်သာစေသည်။

တခြားအခန်းများအတွင်း၌ရှိနေသော ကျင့်ကြံသူများသည် သူတို့၏ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်စီးဆင်းမှုများ တိုးပွားလာသည်ကို ခံစားမိလေ၏။သူတို့၏မျက်လုံးများအတွင်း၌ အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်လာသော်လည်း မည်သူမျှစကားတစ်ခွန်း မဆိုကြချေ။

ရှီးလျန်မြို့သည် ယခုချိန်၌ စစ်အုပ်ချုပ်ရေးအောက်သို့ လုံးလုံးလျားလျားရောက်ရှိသွားသဖြင့် လူတန်းစားမျိုးစုံသည် မြို့အတွင်းရှိနေရာအနှံ့အပြား၌ ထွက်ပေါ်လာသည်။ထိုလူများအကြားတွင် ပုန်းအောင်းနေသောနဂါးများနှင့် ဝပ်နေသောကျားများလည်းပါဝင်သည်။

မည်သည့်အစွမ်းထက်ကျင့်ကြံသူ တိတ်တဆိတ် ကျင့်ကြံနေသည်ကို မည်သူမျှမသိနိုင်ချေ။သို့ရာတွင် သူတို့သည် တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်ကာ ထိုအစွမ်းထက်ကျင့်ကြံသူကို အနှောက်အယှက်မပြုမိသရွေ့ အဆင်ပြေပေလိမ့်မည်။

နောက်တစ်နေ့တွင်...

လုယွီသည် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၏ ဆဋ္ဌမဂိတ်တံခါးထံသို့ ရောက်ရှိလာခဲ့သည်။

ဆဋ္ဌမဂိတ်တံခါးသည် ရှီးလျန်အုပ်ချုပ်ရေးရုံးတော် ရာဇဝတ်ခန်းမလက်အောက်ရှိ အချုပ်အချာကင်းမဲ့သောရုံးတော်တစ်ခုဖြစ်ကာ မြို့အတွင်းရှိ ရာဇဝတ်သားများကိုဖမ်းဆီး၍ အကျဥ်းထောင်အတွင်းသို့ ပို့ဆောင်ရသောတာဝန်ကို ထမ်းဆောင်ရသည်။

တိတိကျကျပြောဆိုရလျှင် လုယွီသည် ထိုတာဝန်ကို တရားဝင်လက်မခံရသေးချေ။ထို့ကြောင့် ယနေ့တွင် ဤနေရာသို့လာရောက်ရသောအကြောင်းအရင်းမှာ မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းဟူသောရာထူးကို တရားဝင်ရယူရန်ပင်။

ထိုအဆင့်အတန်းရှိနေပါက သူသည် ရှီးလျန်မြို့အတွင်း၌ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်ပေမည်။

မည်သို့ပင်ဆိုစေကာမူ စစ်ပွဲသည် တစတစ ပို၍ပြင်းထန်လာသဖြင့် ရှီးလျန်မြို့နှင့်အနီးတဝိုက်တွင်ရှိနေသော စစ်သားများ၏စစ်မေးမှုများ ပို၍တင်းကြပ်လာသည်။အကယ်၍ လုယွီသည် လေလွင့်ကျင့်ကြံသူအဖြစ် ဆက်၍နေနေပါက သူ့အား သံသယရှိသူအဖြစ် စစ်မေးခြင်းခံရပေမည်။

"ရပ်လိုက်စမ်း....မင်း ဒီနေရာကို ဘာလာလုပ်တာလဲ"

လုယွီ တံခါးအနီးသို့ရောက်ရှိသွားချိန်တွင် တစ်စုံတစ်ယောက်က သူ့ကို ဟန့်တားလေ၏။

ဤသည်က အရေးကြီးသော နေရာတစ်နေရာပင်။လူဆိုးထိန်းအမြောက်အများသည် ရုံးတော်၏တံခါးမကြီးကို အဆက်မပြတ်ဖြတ်သန်းပြီး အလျင်စလို သွားလာလှုပ်ရှားနေကြသည်။

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။

"ငါက ခေါင်းဆောင်နဥ်ကျိုးရဲ့ထောက်ခံချက်အရ မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းတာဝန်ကို ထမ်းဆောင်ဖို့ ဒီနေရာကိုရောက်လာတာပဲ"

မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းဟူသော စကားကိုကြားချိန်တွင် အစောင့်များ၏မျက်လုံးများအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

"တံခါးကနေဝင်သွားပြီးတာနဲ့ ညာဘက်ကိုကွေ့လိုက်ရင် မင်း ရောက်သွားလိမ့်မယ်"

အစောင့်များသည် လုယွီကို ထပ်မံ၍အာရုံစိုက်ခြင်းမရှိတော့ချေ။

နဥ်ကျိုး၏နာမည်ဂုဏ်သတင်းသည် ကြီးမားသော်လည်း လုယွီသည် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းအဆင့်သာရှိသည်။

မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများသည် ဆဋ္ဌမဂိတ်တံခါး၌ သာမာန်အစေခံများသာဖြစ်ပြီး အခွင့်အာဏာမရှိချေ။

လုယွီသည် ဤကဲ့သို့ နိမ့်ကျသူများကို ဂရုစိုက်တတ်သည့် လူစားမျိုးမဟုတ်ချေ။ထို့ကြောင့် သူသည် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများ၏နေရာသို့ သတင်းပို့ရန်အတွက် သွားလိုက်၏။

ဆဋ္ဌမဂိတ်တံခါး၏ ရုံးတော်အတွင်းမှ ဝေးလံခေါင်သီသောခြံဝန်းငယ်တစ်ခုအတွင်း၌ လုယွီက မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းအဝတ်အစားကို ပြောင်းလဲဝတ်ဆင်လိုက်သည်။

ဤဝတ်စုံသည် အလွန်ကြမ်းတမ်းကာ မှော်ရတနာတစ်ခု မဟုတ်ရုံသာမက ထူးခြားသောအကျိုးအာနိသင်များလည်း ရှိမနေချေ။

Chapter 3354

ဤမီးခိုးရောင်ဝတ်စုံသည် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းတစ်ယောက်၏အဆင့်အတန်းကို ပြသနေခြင်းပင်။

"အဲ့ဒီနေရာကိုသွားပြီးတော့ မှော်ရတနာတစ်ခုကို ယူပြီး စောင့်နေတော့...တကယ်လို့ မင်းကိုလိုတဲ့လူတစ်ယောက်ယောက်ရှိရင် မင်းကိုလာရှာလိမ့်မယ်"

ကြီးကြပ်ရေးမှူးက စိတ်မရှည်သောလေသံဖြင့် ​ရှင်းပြသည်။

မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများသည် သူတို့ကိုယ်တိုင် အမှုအခင်းများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းအား မလုပ်ရချေ။သူတို့သည် လေ့ကျင့်ရုံသက်သက် ခေါ်ဆောင်သွားခြင်းသာ ခံရပေမည်။

ဤနေရာရှိမှော်ရတနာအများစုသည် ဖုန်မှုန့်များ ဖုံးလွှမ်းနေကာ အရည်အသွေး နိမ့်ပါးပေ၏။

လုယွီသည် များစွာဂရုစိုက်နေခြင်းမရှိချေ။သူသည် မှော်လက်နက်တစ်ခုကို ကြုံရာကျပန်းကောက်ယူကာ သူ၏အင်္ကျီလက်မောင်းကြားသို့ ထည့်ထားလိုက်၏။

တခြားမီးခိုးရောင်ဝတ်လူဆိုးထိန်းများသည်လည်း ဤနေရာ၌ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။လုယွီ လျှောက်လှမ်းလာသည်ကို မြင်တွေ့ချိန်တွင် သူတို့က ကူကယ်ရာမဲ့စွာဖြင့် သူ့အား စောင်းငဲ့၍ကြည့်လိုက်ကြသည်။

ဤကဲ့သို့ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းဖြစ်လာခြင်းကြောင့် သူ့အား အရည်အချင်းရှိသူတစ်ယောက်ဟု ယူဆနိုင်သည်။

မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများသည် ဆဋ္ဌမဂိတ်တံခါး၌ အရေးပါသော တည်ရှိမှုမျိုးမဟုတ်သော်လည်း ထိုရာထူးအားရရှိရန်မှာ လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ချေ။

အချိန်တိုအတွင်းမှာပင် ခြံဝန်းတစ်ခုလုံးအတွင်း၌ မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများဖြင့် ပြည့်နှက်သွားတော့သည်။

မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်း အယောက်ငါးဆယ်ကျော်သည် ခြံဝန်းအတွင်း၌ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေကြ၏။

လုယွီက နံဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။ဤနေရာတွင် လူအမြောက်အများရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။

"ညီအကို...မင်းကိုကြည့်ရတာ မရင်းနှီးသလိုပဲ...မင်းက လူသစ်တစ်ယောက်လား"

မီးခိုးရောင်ဝတ်စုံဝတ်လူထွားကြီးတစ်ယောက်က လုယွီ၏အနီးသို့ချဥ်းကပ်၍ ပြောဆိုသည်။

လုယွီက ခေါင်းညိတ်ပြလေသည်။

"အမှန်ပဲ...ငါက ဒီနေ့မှရောက်တာ"

"ကျွတ်....ကျွတ်...ညီအကို...မင်းကိုကြည့်ရတာ ငယ်သေးပုံပဲ...မင်းလိုအသက်အရွယ်နဲ့ မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းတစ်ယောက်ဖြစ်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး...မင်းမှာ တောက်ပတဲ့အနာဂတ်ရှိနေမယ်ဆိုတာ သေချာတယ်"

မီးခိုရောင်ဝတ်စုံဝတ်လူဆိုးထိန်းများ၏ အဆင့်အတန်းသည် မြင့်မားခြင်းမရှိသော်လည်း လူတိုင်းရရှိနိုင်သည့်အရာမျိုးမဟုတ်ချေ။

လုယွီသည် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းတစ်ယောက်ဖြစ်လာသဖြင့် သူ့ထံ၌ ခွန်အားတချို့ရှိနေမည်မှာ သေချာပေါက်ပင်။

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"ဒါက ကံကောင်းသွားရုံသက်သက်ပါ"

သူ့အား နဥ်ကျိုးမှ ထောက်ခံပေးထားခြင်းဖြစ်ကြောင်းကို သူ ထုတ်ဖော်ပြောဆိုမည်မဟုတ်ချေ။ထိုလူများသည် သူ၏စကားကိုသည်ကို ယုံသည်မယုံသည်အား ဘေးဖယ်ထားလျှင်ပင် အကယ်၍ သူတို့သည် မနာလိုဖြစ်လာပါက မလိုလားအပ်သောပြဿနာများဖြစ်ပွားလာနိုင်သည်။

ထိုလူထွားကြီးက လုယွီ၏ပခုံးကိုပုတ်၍ ပြောဆိုသည်။

"မင်း အောင်အောင်မြင်မြင် ဝင်လာနိုင်ခဲ့တာကပဲ မဆိုးဘူးလို့ပြောနိုင်တယ်....မင်းက အသက်ငယ်သေးတယ်...နောင်တစ်ချိန်မှာ မင်းအတွက် တောက်ပတဲ့အနာဂတ်မျိုးရှိနေမှာ သေချာပေါက်ပဲ...မင်းက လက်ထောက်လူဆိုးထိန်းတစ်ယောက်ဖြစ်ဖို့ အခွင့်အရေးကိုတောင် လာနိုင်တယ်"

နှစ်စဥ်နှစ်တိုင်း မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများအနက်မှတချို့သည် ခွဲတမ်းနေရာအရ လက်ထောက်လူဆိုးထိန်းများအဖြစ်သို့ ရာထူးမြင့်တက်သွားနိုင်သည်။

သို့ရာတွင် ထိုခွဲတမ်းနေရာသည် အလွန်အမင်းနည်းပါးပေ၏။ထိုနေရာကိုရရှိလိုသော တစ်စုံတစ်ယောက်ထံတွင် လုံလောက်သော တိုက်ပွဲအကျိုးဆောင်ရမှတ်ရှိရန် လိုအပ်ရုံသာမက သူ၏ခွန်အားပေါ်တွင်လည်းမူတည်သည်။

လူအများစုသည် အသက်ကြီးသွားကာ သူတို့၏ပါရမီအရည်အချင်းသည်လည်း နိမ့်ပါးလေရာ တိုးတက်နိုင်သောအခွင့်အရေးမရှိတော့သဖြင့် လက်ထောက်လူဆိုးထိန်းအဖြစ်ရာထူးတိုးရန် မဖြစ်နိုင်တော့ချေ။

"ငါတို့ကို ကြည့်အုံး....ငါတို့က ဒီနေရာမှာနေနေတာ နှစ်တွေအများကြီးကြာနေပြီ...ငါတို့ရဲ့ခွန်အားကိုမြှင့်တင်ဖို့ ဘာနည်းလမ်းမှမရှိတော့ဘူး...ငါတို့အခုလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ဒီနေရာကနေ တိုက်ပွဲအကျိုးဆောင်မှုတချို့ရအောင်လုပ်ပြီးတော့ ကျင့်ကြံနည်းစာအုပ်ကောင်းတချို့နဲ့ လဲလှယ်နိုင်ဖို့ပဲ"

လူထွားကြီးက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

အမှန်အားဖြင့် လက်ရှိနေရာတွင်ရှိနေသော မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများအားလုံးသည် သူတို့အလိုရှိသောအရာများကို လဲလှယ်နိုင်ရန်အတွက် လုံလောက်သောအကျိုးဆောင်ရမှတ်ရှိနေရန် လိုအပ်သည်။

သို့ရာတွင် နေ့စဥ်နေ့တိုင်း တာဝန်များရှိမနေချေ။

လက်ထောက်လူဆိုးထိန်းများနှင့် အထက်အဆင့်ရှိသောလူဆိုးထိန်းများ တာဝန်ထမ်းဆောင်ချိန်၌ သူတို့ကို ရွေးချယ်၍ခေါ်ဆောင်သွားမှသာ တိုက်ပွဲအကျိုးဆောင်ရမှတ်များ ရှာဖွေနိုင်ပေမည်။

ထို့ကြောင့် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများသည် သူတို့ ရွေးချယ်ခံရရန်မျှော်လင့်၍ ဤနေရာ၌ စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

"ဒါဆိုရင် အဲ့ဒီလိုလား"

လုယွီက ခေါင်းညိတ်လိုက်၏။

သူသည် အဆင့်နိမ့်ရုံးတော်များနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များကို ရှင်းရှင်းလင်းလင်း မသိရှိချေ။ထို့ကြောင့် ဤအခြေအနေကိုအခွင့်ကောင်းယူ၍ သူ ထိုအရာများကို ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ရပေမည်။

ထိုအချိန်မှာပင် ပြင်ပမှနေ၍ လူလတ်ပိုင်းကြီးတစ်ယောက်က သုန်မှုန်နေသောမျက်နှာဖြင့် ဝင်ရောက်လာသည်။

သူ၏ခါးတွင် ဆဋ္ဌမဂိတ်တံခါး၏အမှတ်အသားကို ရေးထွင်းထားသော ငွေရောင်တံဆိပ်ပြားတစ်ခုကို ချိတ်ဆွဲထားသည်။

ဤသည်က ငွေတံဆိပ်လူဆိုးထိန်းတစ်ယောက်ဖြစ်ပြီး ဆဋ္ဌမဂိတ်တံခါး၏ထောက်တိုင်ကြီးများအနက်မှ တစ်ယောက်လည်းဖြစ်သည်။

ဤကဲ့သို့ ထိပ်သီးအရာရှိများတွင် အမှုအခင်းများကို သူတို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်သော အရည်အချင်းမျိုးရှိနေလေရာ သူတို့ကို ဤနေရာ၌မြင်တွေ့ရသည်မှာ လွန်စွာရှားပါးလေ၏။

Chapter 3355

"ဒါက လူဆိုးထိန်းစွန်းယုပဲ"

မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများအနက်မှ ဗဟုသုတကြွယ်ဝသူတချို့သည် သူတို့ရှေ့ရှိ ငွေတံဆိပ်လူဆိုးထိန်း၏နာမည်ကို ချက်ချင်းမှတ်မိသွားလေ၏။

"မြို့ပြင်မှာ အမှုအခင်းတစ်ခု သွားစုံစမ်းရမယ်...ငါက ဥာဏ်ကောင်းတဲ့ မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်း ဆယ်ယောက်လောက်လိုအပ်တယ်"

စွန်းယုသည် ဤနေရာသို့ရောက်သည်နှင့် သူ၏ရည်ရွယ်ချက်ကို ချက်ချင်းထုတ်ဖော်ပြောဆိုသည်။

ယေဘုယျကျကျပြောဆိုရလျှင် ဆဋ္ဌမဂိတ်တံခါးမှလူဆိုးထိန်းအရာရှိများသည် အမှုအခင်းများစွာကို စုံစမ်းစစ်ဆေးနေရသဖြင့် သူတို့ထံ၌ လူအင်အားကင်းမဲ့နေသည်။ထိုအချိန်မျိုးတွင် သူတို့အား ကူညီပေးရန်အတွက် မီးခိုးရောင်ဝတ်လူဆိုးထိန်းများကို လိုအပ်သည်။

အမှုအခင်းတစ်ခုစုံစမ်းရန်ဟူသော စကားကိုကြားသည်နှင့် လက်ရှိနေရာတွင်ရှိသော မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများသည် သူတို့အား တစ်ဖက်လူမှ ရွေးချယ်ရန်မျှော်လင့်ချက်ဖြင့် ရှေ့သို့တိုးလိုက်ကြသည်။

စွန်းယုကို ဆဋ္ဌမဂိတ်တံခါးရှိ အစွမ်းထက်လူဆိုးထိန်းများအနက်မှတစ်ယောက်ဟု ယူဆနိုင်သည်။သူသည် မြောက်မြားစွာသော အမှုအခင်းများကို ဖြေရှင်းနိုင်ခဲ့သူဖြစ်သဖြင့် အလွန်မောက်မာထောင်လွှားသည်။

သို့ရာတွင် သူသည် အောင်မြင်မှုအမြောက်အများကို ရရှိထားသူဖြစ်သဖြင့် အကယ်၍ သူတို့သည် သူ့နောက်သို့လိုက်ပါက ရရှိမည့်အကျိုးဆောင်ရမှတ်သည် နည်းပါးမည်မဟုတ်ချေ။

တချို့လူများသည် စွန်းယုဟူသော နာမည်ကိုကြားသည်နှင့် သူတို့၏မျက်လုံးများ တောက်ပသွားကာ အလျင်စလို ပြေးလာကြ၏။

"အရာရှိမင်း...ကျွန်တော်ကို ရွေးပါ"

"ဟုတ်တယ် အရာရှိမင်း...ကျွန်တော် အရင်က အရာရှိမင်းရဲ့နောက်ကို လိုက်ဖူးတယ်လေ...ကျွန်တော်ကို မှတ်မိတယ်မလား"

မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများသည် သူတို့ကိုယ်သူတို့ အလျှင်အမြန် မိတ်ဆက်နေကြသည်။

တခြားတစ်ဖက်တွင် လုယွီကမူ အဝေးမှသာစောင့်ကြည့်ရန် ရွေးချယ်ခဲ့သည်။

သူ ယနေ့ ဤနေရာသို့လာရခြင်း၏ ရည်ရွယ်ချက်မှာ မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းဟူသော အဆင့်အတန်းကို တရားဝင်ရရှိရန်ပင်။တိုက်ပွဲအကျိုးဆောင်ရမှတ်များကိုမူ သူ မလိုအပ်ချေ။

သူ ဤနေရာ၌ ဆက်၍နေနေသော အကြောင်းအရင်းမှာ ဆဋ္ဌမဂိတ်တံခါးကဲ့သို့ အဆင့်နိမ့်ရုံးတော်များ၏ လုပ်ဆောင်ပုံနည်းလမ်းများကို ကြည့်လိုသောကြောင့်ဖြစ်သည်။

ပြဿနာအမြောက်အများသည် ဤကဲ့သို့နေရာငယ်လေးများမှတဆင့် ထွက်ပေါ်လာလေ့ရှိသည်။

"ကောင်းပြီလေ...မင်းတို့ဆယ်ယောက် လိုက်ခဲ့စမ်း"

စွန်းယုက မျက်မှောင်ကြုတ်လိုက်သည်။သူသည် နေရာတစ်ခုလုံးကို ဝေ့ဝိုက်ကြည့်ပြီးနောက် လူဆယ်ယောက်ကို လက်ညှိုးညွှန်လိုက်၏။

သူ၏လက်ညှိုးညွှန်ခြင်းခံရသော မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများသည် ကံကြမ္မာကောင်းကြီးတစ်ခုကို ရရှိလိုက်သည့်အလား အလွန်ပျော်ရွှင်သွားသည်။သို့ရာတွင် ရွေးချယ်ခြင်းမခံရသောလူများ၏ မျက်နှာများပေါ်တွင်မူ စိတ်ပျက်အားငယ်သွားသော အမူအယာများရှိနေသည်။

အကယ်၍ သူတို့သည် လူဆိုးထိန်းစွန်းယုနောက်သို့ လိုက်နိုင်ပါက တိုက်ပွဲအကျိုးဆောင်ရမှတ်တချို့ ရနိုင်မည်မှာသေချာသည်။

သူတို့သည် ဤအကျိုးကျေးဇူးကို ဖမ်းဆုပ်နိုင်ခြင်းမရှိပါက အခွင့်အရေးကောင်းကြီးကို သေချာပေါက် လက်လွှက်လိုက်ရလေပြီ။

လူဆယ်ယောက်သည် အထုပ်အပိုးများပြင်ဆင်၍ စွန်းယု၏နောက်သို့လိုက်ရန် ဟန်ပြင်လိုက်ကြ၏။

သို့သော် ထိုအချိန်မှာပင် မိန်းကလေးသံတစ်သံက စွန်းယု၏နောက်မှ ထွက်ပေါ်လာသည်။

"စီနီယာအကိုစွန်း...သူ့ကို ခေါ်သွားလို့ မရဘူးလား"

လူအုပ်ကြီးက လမ်းရှင်းပေးလိုက်ကြရာ အမျိုးသမီးလူဆိုးထိန်းတစ်ယောက် လျှောက်လှမ်းလာသည်ကို တွေ့မြင်ကြရသည်။

ထိုအမျိုးသမီးလူဆိုးထိန်းသည် နဥ်အမ်ထုံပင်။

နဥ်အမ်ထုံ၏ခန္ဓာကိုယ်ပေါ်ရှိ ပြင်ပဒဏ်ရာများအားလုံး သက်သာပျောက်ကင်းသွားလေပြီ။ယခုချိန်တွင် သူမသည် လူဆိုးထိန်းဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူမကိုကြည့်ရသည်မှာ တက်ကြွဖျတ်လတ်သောပုံစံမျိုးရှိနေသည်။

လူတိုင်းသည် နဥ်အမ်ထုံ လက်ညှိုးညွှန်ရာနောက်သို့ လိုက်ကြည့်လိုက်ကြချိန်တွင် လုယွီကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိနားလည်သွားကြသည်။

အစောပိုင်းက လူတိုင်း ရှေ့သို့တိုးလာချိန်တွင် လုယွီသည် သစ်သားတိုင်တစ်တိုင်ကိုမှီ၍ လဲလျောင်းနေကာ နံဘေးမှနေ၍ အေးစက်စက်အကြည့်ဖြင့် စောင့်ကြည့်နေခဲ့သည်။

"အဥ်ထုံ...ဒီတစ်ကြိမ်မှာ ငါ ခေါ်ယူခွင့်ရတဲ့ မီးခိုးရောင်ဝတ်စုံဝတ် လူဆိုးထိန်းအရေအတွက်က အကန့်အသတ်ရှိတယ်ဆိုတာ မင်း သိသင့်တယ်"

စွန်းယုက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

နဥ်အမ်ထုံက သဘောမတူချေ။

"ငါ ဂရုမစိုက်ဘူး...ဒီတစ်ကြိမ်တော့ ငါ သူ့ကို ရအောင်ခေါ်သွားမယ်"

ထိုသို့ပြောဆိုပြီးနောက် နဥ်အမ်ထုံက လုယွီထံသို့အပြေးသွားကာ အပြုံးနှင့် ပြောဆိုသည်။

"နင် ဒီနေ့ အစောကြီးရောက်နေမယ်လို့ ငါ ထင်မထားမိဘူး"

နဥ်အမ်ထုံ၏အပြုံးကိုမြင်တွေ့ချိန်၌ ပတ်ဝန်းကျင်ရှိလူများအားလုံး ကြက်သေသေသွားသည်။

နဥ်အမ်ထုံသည် ဆဋ္ဌမဂိတ်တံခါး၌ ရေခဲအလှပိုင်ရှင်ဟု နာမည်ကျော်ကြားသူပင်။

မည်သည့်ချိန်မှစ၍ သူမသည် ယောက်ျားသားတစ်ယောက်ကို ပြုံးပြတတ်သွားသနည်း....

ဤအချိန်အခိုက်အတန့်တွင် လူအမြောက်အများသည် သူတို့၏အောက်မေးရိုးများပြုတ်ကျလုမတတ် အံ့အားသင့်နေကြသည်။သူတို့၏ရှေ့၌ ထိတ်လန့်တုန်လှုပ်ဖွယ် ကိစ္စတစ်ခု ဖြစ်ပွားနေသည့်အလား သူတို့အားလုံး စူးစိုက်ကြည့်နေကြ၏။

"တကယ်လို့ ဝမ်ခန်း ဒီအကြောင်းကိုသာသိသွားရင် ဘာတွေဖြစ်လာမလဲဆိုတာ ငါ သိချင်မိတယ်"

တစ်ချိန်တည်းမှာပင် ထိုအတွေးက လူအများ၏စိတ်နှလုံးသားများအတွင်း၌ ထွက်ပေါ်လာသည်။

ရှီးလျန်ကြယ်နယ်မြေပေါ်မှလူများအားလုံးသည် နဥ်အမ်ထုံအား ဝမ်ခန်း ပိုးပန်းနေပြီး ယခုထိတိုင် မအောင်မြင်သေးကြောင်းကို သိရှိထားကြသည်။

အကယ်၍ နဥ်အမ်ထုံသည် ယောက်ျားတစ်ယောက်ကို နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြ၍ ပြောဆိုဆက်ဆံနေသည်ကိုသာ ဝမ်ခန်းသိရှိသွားပါက သူ အလွန်အံ့အားသင့်တုန်လှုပ်သွားပေမည်။

လုယွီက ပြောဆိုသည်။

"တကယ်တော့ မင်း အဲ့ဒီလိုလုပ်စရာမလိုပါဘူး...ငါက ဒီတိုက်ပွဲအကျိုးဆောင်ရမှတ်ကို မလိုအပ်ဘူး"

ဤသည်က သူ အမှန်အတိုင်း ပြောဆိုခြင်းပင်။

သို့ရာတွင် နဥ်အမ်ထုံသည် ထိုစကားကိုကြားချိန်တွင် တခြားအဓိပ္ပါယ်ကောက်သွားလေ၏။

All Chapters