အခန်း (၃၃၅၆-၃၃၆၀)
Vol. 171 Ch. 3356-3360
Chapter 3356
ဤတိုက်ပွဲအကျိုးဆောင်ရမှတ်သည် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းတိုင်းအတွက် အလွန်အရေးပါသောအရာပင်။
နဥ်အမ်ထုံ၏အမြင်အရ လုယွီသည် သူမအပေါ် စိတ်ဆိုးနေခြင်းကို တစ်ဖက်လှည့်ဖြင့် ပြသနေခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လုယွီသည် သူမ၏အသက်ကို ကယ်တင်ခဲ့သူပင်။ထို့ကြောင့် သူမသည် မည်သည့်ကိစ္စမျိုးရှိနေပါစေ အကောင်းဆုံးကြိုးစား၍ သူ့အား ကျေးဇူးပြန်ဆပ်ရပေမည်။
သို့ရာတွင် နဥ်အမ်ထုံသည် လုယွီကို မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းအဆင့်ကိုသာ ပေးနိုင်ခဲ့လေ၏။
ဤသည်က အသက်ကယ်ကျေးဇူးရှင်ကို သူမ ပုတ်ခတ်စော်ကားမိခြင်းနှင့် တူညီနေသည်။
ထိုအကြောင်းကိုတွေးတောမိချိန်တွင် နဥ်အမ်ထုံ၏စိတ်နှလုံးသားအတွင်း၌ အပြစ်ရှိသည်ဟူသော ခံစားချက်မျိုးနှင့် ပြည့်နှက်နေသည်။
"ဘာမှ မစိုးရိမ်နဲ့...ဒီတစ်ကြိမ် တာဝန်ထမ်းဆောင်ဖို့ ငါ နင့်ကို သေချာပေါက်ခေါ်သွားမယ်...ဒါက နင့်အတွက် ငါ လျော်ကြေးနည်းနည်း ပြန်ပေးဆပ်တယ်လို့ ယူဆလို့ရတယ်"
နဥ်အမ်ထုံသည် ရုတ်တရက် နောက်သို့ပြန်လှည့်ကာ စွန်းယုကို တောင်းပန်စကားပြောဆိုသည်။
"စီနီယာအကိုစွန်း...ကျေးဇူးပြုပြီးတော့ ဒီတစ်ကြိမ်မှာ သူ့ကို ခေါ်သွားပေးပါ...ငါ နင့်ကို တောင်းပန်ပါတယ်"
စွန်းယုက မျက်မှောင်ကြုတ်ကာ လုယွီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်၏။
"မင်းက အရင်ကတည်းက မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းလား"
လုယွီက ခေါင်းခါပြလိုက်သည်။
"ငါက ဒီနေ့မှ မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းဖြစ်လာတာ"
ပတ်ဝန်းကျင်ရှိလူအုပ်ကြီးထံမှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။
ယခုမှ မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းဖြစ်လာသော ဂျူနီယာတစ်ယောက်သည် ဤကဲ့သို့ ကံကြမ္မာကောင်းကြီးကို ချက်ချင်းရရှိသွားမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။
စွန်းယုက မျက်မှောင်ကြုတ်လိုက်သည်။အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် သူက လူဆယ်ယောကိအနက်မှတစ်ယောက်ကို လက်ညှိုးညွှန်ကာ ပြောဆိုသည်။
"မင်း နေခဲ့တော့....သူ လိုက်လိမ့်မယ်"
မည်သို့ပင်ဆိုစေကာမူ နဥ်အမ်ထုံသည် နဥ်ကျိုး၏သမီးပင်။
သူသည် နဥ်ကျိုး၏မျက်နှာကိုထောက်၍ နဥ်အမ်ထုံကို မျက်နှာသာပေးရပေမည်။
"ဘာလဲ...ဒါက မမျှတဘူး...အဲ့ဒီကောင်စုတ်လေးက ဘာသိလို့လဲ...ငါ မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းဖြစ်လာတာ ဆယ်နှစ်ကျော်နေပြီ"
ထိုလူသည် မကျေမနပ်ဖြစ်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
စွန်းယု၏မျက်လုံးများ အေးစက်တင်းမာသွားသည်။
"တကယ်လို့ မင်း မကျေနပ်ဘူးဆိုရင်....အထက်အရာရှိတွေဆီကိုသွားပြီးတော့ သတင်းပို့နိုင်တယ်"
ထိုစကားကိုကြားချိန်တွင် မကျေမနပ်အော်ဟစ်နေသော မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းသည် ချက်ချင်းဆိုသလို တိတ်ဆိတ်ငြိမ်သက်သွားသည်။
အမှုအခင်းကို တာဝန်ယူရသူသည် မည်သူအား ခေါ်ဆောင်သွားမည်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
ပြောရမည်ဆိုလျှင် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများသည် ယာယီခေါ်ယူထားခြင်းခံရသော လေလွင့်ကျင့်ကြံသူများပင်။သူတို့သည် ဆဋ္ဌမဂိတ်တံခါး၌ များစွာပြောရေးဆိုခွင့်မရှိချေ။
ထိုမီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းသည် လုယွီကို မုန်းတီးစွာဖြင့် တစ်ချက်စူးစိုက်ကြည့်ကာ ထွက်ခွာသွားတော့သည်။
လုယွီက သူ၏ခေါင်းကိုခါယမ်းကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။သူ ဤနေရာသို့ ရောက်ရောက်ခြင်းမှာပင် ယခုကဲ့သို့ပြဿနာမျိုး ကြုံတွေ့ရမည်ဟု သူ မျှော်လင့်မထားမိချေ။
"တကယ်တော့...ဘယ်လိုပဲဖြစ်ဖြစ် မင်း ဒီလိုမျိုးတွေလုပ်ဖို့ မလိုအပ်ပါဘူး"
လုယွီက ပြောဆိုသည်။
ဤအချိန်အခိုက်အတန့်တွင် နဥ်အမ်ထုံသည် သူမ၏ကိုယ်ပိုင်အတွေးများကြား၌ လုံးလုံးလျားလျား နစ်မြောနေလေပြီ။သူမသည် လုယွီ၏စကားကိုငြင်းဆန်ကာ ပြောဆိုလိုက်၏။
"အခု ဒီတာဝန်ကို လက်ခံလိုက်တော့...သူတို့မှာ တခြားတာဝန်တွေ အများကြီးပဲ...အခုချိန်မှာ ရှီးလျန်မြို့ရဲ့ နေရာတိုင်းလိုလို အမှုအခင်းတွေနဲ့ပြည့်နေတယ်...အဲ့ဒီလူတွေ အလုပ်လက်မဲ့ဖြစ်နေမှာမဟုတ်ဘူး"
"သူတို့ ဒီတာဝန်ကိုလိုက်ချင်နေတာက စီနီယာအကိုစွန်းရဲ့ အမူအခင်းတွေကိုကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စွမ်းရည်ကြောင့်ပဲ...ဒါက ဘာမှမဟုတ်ဘူး...နင့်ရဲ့စိတ်ထဲ ထားမနေနဲ့"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်ကာ တခြားမီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများနှင့်အတူ နဥ်အမ်ထုံ၏နောက်သို့ လိုက်သွားခဲ့သည်။
……
ရှီးလျန်မြို့၏ပြင်ပရှိ စွန့်ပစ်တောင်တန်းတစ်ခုပေါ်၌....
ယနေ့ သူတို့သွားရောက်စုံစမ်းရမည့် အမှုအခင်းမှာ စစ်လက်နက်ပစ္စည်းများ ပျောက်ဆုံးသွားသည့်ကိစ္စပင်။
ယနေ့မနက်တွင် စစ်လက်နက်ပစ္စည်းများ သယ်ဆောင်ရန်တာဝန်ယူထားသော လေဟာနယ်သင်္ဘောတစ်စီးသည် ရှီးလျန်မြို့၏ပြင်ပ၌ ရပ်တန့်ထားစဥ်တွင် အတွင်းရှိ စစ်လက်နက်ပစ္စည်းများ ပျောက်ဆုံးသွားကြောင်း ဆဋ္ဌမဂိတ်တံခါးမှနေ၍ သတင်းရရှိခဲ့သည်။
စစ်လက်နက်ပစ္စည်းများကို သယ်ဆောင်ရာ၌ တာဝန်ယူရသော စစ်သားများနှင့် အစွမ်းထက်ကျင့်ကြံသူများအားလုံးသည်လည်း ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
ဤသည်က ကိစ္စကြီးတစ်ရပ်ပင်။
စွန်းယုက ဤအခြေအနေသည် မူမမှန်ဟု ချက်ချင်းခံစားမိသဖြင့် သူ့အားကူညီနိုင်ရန်အတွက် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများကို ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ယေဘုယျကျကျပြောဆိုရလျှင် စစ်လက်နက်ပစ္စည်းများ ပျောက်ကွယ်သွားသော ကိစ္စ၏နောက်ကွယ်တွင် ထန်အင်ပါယာ၏အရိပ်အယောင်များ ရှိနေသည်။ထိုအကြောင်းအရာကို သိရှိပြီးနောက် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းတချို့၏မျက်နှာများ ဖြူရော်သွားကာ သူတို့၏စိတ်နှလုံးသားများ မတည်ငြိမ်တော့ချေ။
"ဘာမှမစိုးရိမ်နဲ့...အခင်းဖြစ်တဲ့နေရာက ရှီးလျန်မြို့အနားမှာပဲ...တကယ်လို့ ငါတို့ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရမယ်ဆိုရင် ရှီးလျန်မြို့ကနေ ချက်ချင်းအကူအညီတောင်းလို့ရတယ်"
နဥ်အမ်ထုံက ရှင်းပြလေ၏။
လုယွီသည် မျက်မှောင်ကြုတ်ထားကာ မည်သည့်စကားမျှပြောဆိုခြင်းမရှိချေ။
ဤသည်က ရှီးလျန်မြို့မှလူများအတွက် သာမာန်ဖြစ်ရိုးဖြစ်စဥ် ကိစ္စတစ်ခုကဲ့သို့ပင်။သို့ရာတွင် လုယွီကမူ တစ်စုံတစ်ခုမှားယွင်းနေသည်ကို အာရုံခံမိသည်။
ဤနေရာသည် ရှီးလျန်မြို့နှင့် အလွန်နီးကပ်စွာတည်ရှိသည်။
အကယ်၍ ဤကဲ့သို့အမှုအခင်းမျိုးသည် ပတ်ဝန်းကျင်နေရာများ၌ ဖြစ်ပွားခဲ့သည်ဟုဆိုလျှင်ပင် ရှီးလျန်မြို့သည် မည်မျှအဆင့်ထိ ဖရိုဖရဲဖြစ်နေသည်ကို သိရှိနိုင်ပေ၏။
Chapter 3357
သူတို့သည် အလျှင်အမြန် လျှောက်လှမ်းခဲ့ကြသဖြင့် မကြာမီမှာပင် အခင်းဖြစ်ရာနေရာသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာအနီးသို့ ချဥ်းကပ်မသွားမီမှာပင် သူတို့သည် အဝေးတစ်နေရာမှလာသော မီးလောင်ကျွမ်းနေသည့်ညှော်နံကို ရှုရှိုက်မိလေ၏။
အဝေးမှကြည့်လျှင်ပင် စွန့်ပစ်တောင်တန်း၏တောအုပ်အလယ်တွင် ရုတ်တရက် မြေကွက်လပ်ကြီးတစ်ခု ထွက်ပေါ်လာသည်ကို သူတို့အားလုံး တွေ့မြင်မိသည်။
ထိုမြေကွက်လပ်ပေါ်တွင် လေဟာနယ်သင်္ဘောတစ်စီးသည် နံဘေးတစ်ဖက်သို့တိမ်းမှောက်ကာ ပျက်စီးနေသည်။ထိုလေဟာနယ်သင်္ဘော၏တစ်ဖက်ခြမ်းသည် မီးလောင်ကျွမ်းထားပုံရကာ ညှော်နံများက လေထုအတွင်း၌ ပြည့်နှက်နေသည်။
သင်္ဘောအတွင်းခန်းတွင် ကြီးမားသောအပေါက်ကြီးတစ်ခုရှိနေကာ အတွင်းရှိသင်္ဘောကိုယ်ထည်သည် လုံးလုံးလျားလျား ပျက်စီးနေလေပြီ။
ထိုလေဟာနယ်သင်္ဘော၏နံဘေးတွင် စစ်သားတစ်စု မတ်တတ်ရပ်နေသည်။
သူတို့သည် အနီးရှိအစောင့်တပ်များမှ စစ်သားများပင်။အမိန့်ကို လက်ခံရရှိပြီးနောက် သူတို့သည် အခင်းဖြစ်ရာနေရာမှ သဲလွန်စများ ပျက်စီးမသွားအောင် ဟန့်တားနိုင်ရန်အတွက် ဤနေရာသို့ရောက်နေကြခြင်းဖြစ်သည်။
"ငါတို့က ဆဋ္ဌမဂိတ်တံခါးကလူတွေပဲ...ဒီကိစ္စကိုစုံစမ်းဖို့အတွက် ငါတို့ အမိန့်ရထားတယ်"
စွန်းယုသည် အခင်းဖြစ်နေရာသို့ရောက်ရှိသည်နှင့် သူ၏သက်သေခံတံဆိပ်ပြားကို ပြသလိုက်၏။
ထိုစစ်သားတစ်စု၏ခေါင်းဆောင်သည် မျက်နှာပေါ်တွင် အမာရွတ်ကြီးရှိနေသော လက်ထောက်တပ်မှူးတစ်ယောက်ပင်။
ထိုလက်ထောက်တပ်မှူးသည် စွန်းယုကိုတစ်ချက်ကြည့်ကာ ရယ်ပြုံး၍ ရှေ့သို့တိုးလာကာ အလျင်စလိုနှုတ်ဆက်သည်။
"ဒီအရာရှိရဲ့နာမည်က ဘယ်လိုခေါ်လဲဆိုတာ ငါ မေးလို့ရမလား"
ငွေတံဆိပ်လူဆိုးထိန်းများသည် ဆဋ္ဌမဂိတ်တံခါး၏အရာရှိများဖြစ်သည်။ရာထူးအဆင့်အတန်းအရဆိုပါက စွန်းယုသည် လက်ထောက်တပ်မှူးထက် ပို၍အဆင့်မြင့်ပေ၏။
စွန်းယုက ယဥ်ကျေးသိမ်မွေ့စွာ ခေါင်းညိတ်ပြလေသည်။
"ဆဋ္ဌမဂိတ်တံခါး ရာဇဝတ်ခန်းမရဲ့လူဆိုးထိန်းစွန်းယု...မင်းတို့က ထိုက်လင်တပ်ခွဲကစစ်သားတွေမဟုတ်လား"
သူသည် ဤနေရာသို့ မလာမီကတည်းက အမှုအခင်းနှင့်ပတ်သက်၍ ကြိုတင်စုံစမ်းပြီးဖြစ်သည်။
ထိုစစ်လက်နက်ပစ္စည်းများကို မူလက တာဝန်ယူစောင့်ကြပ်ရသူများမှာ ထိုက်လင်တပ်ခွဲမှဖြစ်သည်။
သို့ရာတွင် ထိုအရာများအား လက်လွှဲပေးခါနီးအချိန်တွင် ပြဿနာဖြစ်ပွားမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။
"အမှန်ပဲ...ငါတို့က ထိုက်လင်တပ်ခွဲကပါ"
အမာရွတ်မျက်နှာ လက်ထောက်တပ်မှူး၏မျက်နှာပေါ်တွင် ရုတ်တရက် ရှက်ရွံသောအမူအယာမျိုး ထင်ဟပ်လာသည်။
"မတော်တဆကိစ္စဖြစ်တဲ့ညက...ငါ့ရဲ့အကို တာဝန်ကျတာ...ဒီလိုကိစ္စမျိုးဖြစ်ပွားမယ်လို့ ငါ မျှော်လင့်မထားမိဘူး...အရာရှိကြီး....ကျေးဇူးပြုပြီးတော့ အင်အားပိုစိုက်ထုတ်ပြီးတော့ ဒီအမှုကို တတ်နိုင်သမျှဖြေရှင်းပေးပါအုံး"
ဤအချိန်အခိုက်အတန့်တွင် သူသည် အလွန်စိုးရိမ်ပူပန်နေလေ၏။
ယခုထိတိုင် စုံစမ်းစစ်ဆေးမှုရလဒ်ထွက်မလာသေးသဖြင့် အမာရွတ်မျက်နှာလက်ထောက်တပ်မှူးထံတွင် ပြစ်မှုကို ပြေရာပြေကြောင်းပြုလုပ်နိုင်သော အခွင့်အရေးတစ်ခု ရှိနေဆဲပင်။
သို့ရာတွင် ဤကိစ္စသည် နောင်အနာဂတ်တွင် မဖြေရှင်းနိုင်သောအမှုအခင်းအဖြစ်သို့ ရောက်ရှိသွားပြီး စုံစမ်းစစ်ဆေးမှုရလဒ်ထွက်ပေါ်မလာပါက သူ ပြဿနာအတွင်းသို့ ကျရောက်သွားနိုင်သည်။
ထိုအချိန်ကျပါက အကယ်၍ သူ့အား စစ်ဆေးမေးမြန်းခံရသည်နှင့် သူသည် စစ်လက်နက်ပစ္စည်းများ လက်ခံသည့်တာဝန်ကို မကျေပွန်ခဲ့သဖြင့် ပါဝင်ပတ်သတ်သောပြစ်မှုဖြင့် အရေးယူခြင်းခံရပေမည်။
စွန်းယုက ခေါင်းညိတ်လိုက်၏။သူသည် အမာရွတ်မျက်နှာလက်ထောက်တပ်မှူး၏ ယခုလက်ရှိစိတ်ခံစားချက်ကို နားလည်သဖြင့် တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"အခင်းဖြစ်တဲ့နေရာကို အရင်ဆုံးကြည့်ကြတာပေါ့"
အမာရွတ်မျက်နှာလက်ထောက်တပ်မှူးသည် သူ၏လူများကို တပ်ရုတ်ရန် အလျှင်အမြန်အမိန့်ပေးကာ ဆဋ္ဌမဂိတ်တံခါးမှလူများကို အတွင်းသို့ ခေါ်ဆောင်သွားသည်။
"သင်္ဘောပေါ်မှာ ဘယ်သူက မီးစမွှေးပြီးတော့ လေဟာနယ်သင်္ဘောက ဒီလောက်ထိ လောင်ကျွမ်းသွားတယ်ဆိုတာ ငါ မသိဘူး...ဒီလေဟာနယ်သင်္ဘောကို လောကီအင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်က စောင့်ကြပ်နေတယ်လို့ ငါ ကြားထားတယ်...ဒါပေမယ့် သူလည်းပဲ သေဆုံးသွားမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
အမာရွတ်မျက်နှာလက်ထောက်တပ်မှူးက နံဘေးမှနေ၍ ညည်းတွားပြောဆိုသည်။
သင်္ဘော၏ရှေ့ခြမ်းသည် ပြိုလဲပျက်စီးလုနီးပါးဖြစ်နေကာ အလောင်းတချို့ ပြန့်ကျဲနေသည်။
ထိုအလောင်းများသည် သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားသဖြင့် စစ်လက်နက်ပစ္စည်းများကို တာဝန်ယူစောင့်ကြပ်ရသော စစ်သားများဖြစ်ပေမည်။
"သူတို့က မီးလောင်ကျွမ်းခံရပြီးတော့ သေသွားကြတာပဲ"
စွန်းယုသည် ထိုအလောင်းများကိုစစ်ဆေးကာ အလျှင်အမြန် ကောက်ချက်ချလိုက်၏။
ထိုအလောင်းများ၏မျက်နှာပြင်ပေါ်တွင် နေရာတော်တော်များများ၌ တူးခြစ်နေသည်။သူတို့သည် အရှင်လတ်လတ် မီးလောင်ကျွမ်းခြင်းခံခဲ့ရသည်မှာ သိသာထင်ရှားလှ၏။
"မင်းတို့ကောင်တွေ...အလောင်းတွေကို ရွှေ့လိုက်ကြစမ်း"
စွန်းယုက အမိန့်ပေးလေသည်။
မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများသည် ချက်ချင်းရှေ့သို့တိုးကာ အလောင်းများကို တစ်ခုပြီးတစ်ခု သယ်ထုတ်လိုက်ကြသည်။
ဤနေရာသို့ သူတို့ရောက်လာရခြင်းမှာ အမှုအခင်းကို တာဝန်ယူသော လူဆိုးထိန်းအား ကူညီပေးရန်ပင်။ထို့ကြောင့် သူတို့သည် မည်သည့်စောဒကတက်ခြင်းမျှမရှိဘဲ စတင်ဆောင်ရွက်လိုက်ကြသည်။
လုယွီသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိချေ။သူသည် အလောင်းများကို သယ်ဆောင်နေစဥ်တွင် ထိုအလောင်းများပေါ်မှ သဲလွန်စများကို စစ်ဆေးလိုက်၏။
မကြာမီမှာပင် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများ၏ပူးပေါင်းဆောင်ရွက်မှုဖြင့် အလောင်းများအားလုံးကို ပြင်ပသို့ ရွှေ့ပြောင်း၍ပြီးစီးသွားလေပြီ။
Chapter 3358
"ဒီနေရာမှာ အလောင်းပေါင်း သုံးဆယ့်နှစ်လောင်းရှိနေတယ်...ဒါက စစ်လက်နက်ပစ္စည်းကိုစောင့်ကြပ်တဲ့ လူအရေအတွက်ပဲ"
အမာရွတ်မျက်နှာလက်ထောက်တပ်မှူးက နံဘေးဘက်မှနေ၍ ရှင်းပြလေသည်။
စစ်လက်နက်ပစ္စည်းများကို စောင့်ကြပ်နေသော လူများအားလုံး တစ်ချိန်တည်း သေဆုံးသွားခဲ့သလော....
နဥ်အမ်ထုံသည် ထိုအလောင်းများကို ဂရုတစိုက်စစ်ဆေးပြီးနောက် ရုတ်တရက် ထိတ်လန့်တကြားပြောဆိုသည်။
"ဒီလူတွေကိုကြည့်ရတာ တစ်ချိန်တည်းမှာ သေဆုံးသွားတဲ့ပုံပဲ"
သူတို့၏ခန္ဓာကိုယ်များပေါ်ရှိ လောင်ကျွမ်းထားမှုအဆင့်များအရ သူတို့သေဆုံးသည့်အချိန်ကို စစ်ဆေးနိုင်သည်။
ဤသည်မှာ ဆဋ္ဌမဂိတ်တံခါးအတွင်းတွင် လူဆိုးထိန်းတစ်ယောက်ဖြစ်လာရန်အတွက် လိုအပ်သောစွမ်းရည်တစ်ခုပင်။
ဤသူများသည် အမှန်တကယ်ကို တစ်ချိန်တည်းသေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ဤကိစ္စကို ပြုလုပ်သွားသူများမှာ သာမာန်လူများမဖြစ်နိုင်ချေ။
နံဘေးတွင်ရှိနေသော အမာရွတ်မျက်နှာလက်ထောက်တပ်မှူးက လေသံတိုးတိုးဖြင့် မေးမြန်းသည်။
"အရာရှိကြီး...သဲလွန်စတစ်ခုခုများ တွေ့ရပြီလား"
စွန်းယုသည် အလောင်းများကို ဂရုတစိုက် စစ်ဆေးပြီးနောက် မလှမ်းမကမ်းတွင် တိမ်းမှောက်နေသော လေဟာနယ်သင်္ဘောကိုကြည့်လိုက်၏။သူ၏မျက်လုံးများ တောက်ပသွားသည်။
"ငါ အကြောင်းအရင်းတစ်ခုကိုသိရပြီလို့ ငါ ထင်တယ်"
အရမ်းမြန်တာပဲ....
နဥ်အမ်ထုံနှင့် တခြားမီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများ၏မျက်လုံးများ တောက်ပသွားလေ၏။
စစ်လက်နက်ပစ္စည်းများကို သယ်ယူပို့ဆောင်ရသော စစ်သားများနှင့်ကျင့်ကြံသူများသည် အတော်အသင့် အစွမ်းထက်သူများပင်။သူတို့အားလုံး တစ်ချိန်တည်းသေဆုံးသွားကြသဖြင့် သံသယဝင်စရာအချက်များ အမြောက်အများရှိနေလေရာ ဤအမှုအား အလျှင်အမြန်ခွဲခြားစိတ်ဖြာရန် လွန်စွာခက်ခဲသည်။
သို့ရာတွင် စွန်းယုကမူ အလောင်းများကိုသယ်ဆောင်လာပြီး မကြာမီမှာပင် သဲလွန်စများကို ရှာဖွေတွေ့ရှိခဲ့သလော...
ဤကဲ့သို့အရှိန်နှုန်းကို တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ဟု ဆိုနိုင်ပေ၏။
"ကျေးဇူးပြုပြီးတော့ ငါ့ကို အလင်းပြပေးပါအုံး"
အမာရွတ်မျက်နှာလက်ထောက်တပ်မှူးက ရိုသေလေးစားစွာ မေးမြန်းသည်။
ယခုလက်ရှိချိန်တွင် သူ၏အနာဂတ်သည် စွန်းယု၏လက်အတွင်း၌ရှိနေသဖြင့် သူ အလွန်ရိုသေလေးစားနေသည်မှာ သဘာဝကျသောကိစ္စပင်။
စွန်းယုက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
"တကယ်တော့ ဒါက အရမ်းရိုးရှင်းပါတယ်....သင်္ဘောအတွင်းခန်းက အပေါက်ကိုကြည့်ပြီးတော့ မင်းတို့ တစ်ခုခုကို ရှာမတွေ့ကြဘူးလား"
လူတစ်စုလုံး၏အကြည့်များက ချက်ချင်းဆိုသလိုပင် သင်္ဘောအတွင်းခန်းထံသို့ ရောက်ရှိသွားသည်။
ဤနေရာကို မူလက ထူထဲသောသံမဏိပြားများနှင့် ကာရံထားသော်လည်း မည်သည့်ပြင်ပစွမ်းအားကြောင့် ဤကဲ့သို့အပေါက်ကြီးဖြစ်သွားသည်ကို မည်သူမျှ မသိကြချေ။ဤအချိန်အခိုက်အတန့်တွင် အပေါက်ကြီးမှတဆင့် အတွင်းခန်းရှိအခြေအနေများကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။
မြင်တွေ့နိုင်သမျှ နေရာတိုင်းအားလုံးနီးပါးသည် ပြင်းထန်သောမီးတောက်များကြောင့် မီးသွေးများဖြစ်သည်အထိ လောင်ကျွမ်းနေလေ၏။ထိုအရာမှနေ၍ သက်သေတစ်ခုခုရရှိရန်မှာ မလွယ်ကူချေ။
"တကယ်တော့...မင်းတို့တွေအားလုံးက ရှုပ်ထွေးအောင် တွေးနေကြတာ....အဲ့ဒီအပေါက်ရဲ့ပုံစံကို ကြည့်လိုက်ကြစမ်း...မင်းတို့ တစ်ခုခုကို မမြင်မိဘူးလား"
စွန်းယုက ထပ်မံ၍ သတိပေးလေသည်။
ထိုသတိပေးချက်ကိုကြားချိန်တွင် လူအများက အပေါက်ကြီးကို တဖန်ထပ်၍ ကြည့်လိုက်ကြသည်။
"ဒါကိုကြည့်ရတာ လက်သည်းကုတ်ရာကြီးနဲ့တူသလိုပဲ"
နဥ်အမ်ထုံက စူးစမ်းလေ့လာပြီးနောက် ပြောဆိုသည်။
သူမရှေ့ရှိ အပေါက်ကြီးသည် လက်ချောင်းလေးချောင်းပုံစံရှိနေကာ ရက်စက်ကြမ်းကြုတ်သောငှက်တစ်ကောင်၏လက်သည်းကုတ်ရာနှင့် တူညီသည်။
လက်ရှိနေရာတွင်ရှိနေသူများ၏မျက်လုံးများ တောက်ပသွားသည်။
ထိုအပေါက်ကြီးကိုကြည့်ပါက အမှန်တကယ်ကို လက်သည်းကုတ်ရာကြီးနှင့် တူညီနေပေ၏။
စွန်းယုက ခေါင်းညိတ်လိုက်သည်။
"အမှန်ပဲ...ဒါက အနီးမှာရှိတဲ့ တောရိုင်းထဲက နတ်ဆိုးမှော်သားရဲတစ်ကောင်ရဲ့ လက်ချက်ပဲ...ငါ့အထင်တော့ ဒီလေဟာနယ်သင်္ဘောက နတ်ဆိုးမှော်သားရဲတွေနေတဲ့ တောအုပ်ပေါ်ကနေ မတော်တဆ ဖြတ်သန်းသွားမိတဲ့အချိန်မှာ...အစွမ်းထက်နတ်ဆိုးမှော်သားရဲတစ်ကောင်ရဲ့ ပစ်မှတ်ထားတာကို ခံရတာပဲဖြစ်မယ်...ဒါကြောင့် ဒီလေဟာနယ်သင်္ဘောက ရုတ်တရက်ကြီး တိုက်ခိုက်ခံရတာပဲ"
နဥ်အမ်ထုံက သူမ၏သံသယများကို ဖွင့်ဟပြောဆိုသည်။
"ဒါပေမယ့် ဒီအလောင်းတွေအားလုံးရဲ့ခန္ဓာကိုယ်တွေပေါ်မှာ အနက်ရောင်ဖြစ်တဲ့အထိ လောင်ကျွမ်းထားတယ်...ဒါက အဓိပ္ပါယ်မရှိဘူး"
"ဒီကိစ္စက ပိုပြီးတောင် ရိုးရှင်းသေးတယ်...မီးစွမ်းအင်အထူးပြုနတ်ဆိုးမှော်သားရဲတွေထဲက သန်မာအားကောင်းတဲ့ ဘယ်သားရဲမဆို ဒီလိုဖြစ်အောင် လုပ်နိုင်စွမ်းရှိတယ်"
စွန်းယုကိုကြည့်ရသည်မှာ ဤအမှုအခင်းတစ်ခုလုံး၏သော့ချက်ကို ဆုပ်ကိုင်ထားပြီးဖြစ်ပုံပင်။သူက အခိုင်အမာယုံကြည်ချက်ရှိသောလေသံဖြင့် ပြောဆိုလေ၏။
"မီးလောင်ကျွမ်းနေတဲ့ အနားစွန်းတွေကို ကြည့်လိုက်ကြစမ်း...ဒါက မီးစွမ်းအင်အထူးပြုမှော်သားရဲတစ်ကောင်ရဲ့ လက်ချက်ဆိုတာ သိသာထင်ရှားနေတယ်....အဲ့ဒီသားရဲတွေရဲ့ခန္ဓာကိုယ်ပေါ်မှာ မီးတောက်တွေက အမြဲတမ်းလွှမ်းခြုံနေတယ်...သူ့ရဲ့တိုက်ခိုက်မှုတစ်ခုတည်းနဲ့ လေဟာနယ်သင်္ဘောပေါ်မှာရှိတဲ့ အစောင့်တွေအားလုံး သေဆုံးသွားခဲ့တာပဲ...တစ်ချိန်တည်းမှာပဲ သူက သင်္ဘောကိုလည်း ဖျက်ဆီးခဲ့တယ်"
ထိုသို့ပြောဆိုပြီးနောက် စွန်းယုသည် လေဟာနယ်သင်္ဘော၏တစ်ဖက်ခြမ်းထံသို့သွားကာ ပျက်စီးနေသော ဝင်္ကပါပြားတစ်ချပ်ကို ဆွဲထုတ်လိုက်သည်။
ထိုဝင်္ကပါပြားပေါ်တွင် ရှုပ်ထွေးသော သင်္ကေတအက္ခရာအမြောက်အများကို ရေးထွင်းထားသည်။လေဟာနယ်သင်္ဘောသည် ပျံသန်းနိုင်ရန်အတွက် ဤဝင်္ကပါပြားကို မှီခိုရလေ၏။
ယခုချိန်တွင် ဝင်္ကပါပြားပျက်စီးနေသဖြင့် ဖျက်ဆီးသူသည် အတွေ့အကြုံရှိသူဖြစ်ကြောင်း သိသာထင်ရှားသည်။
"ငါ့အထင်တော့ ဒီတောအုပ်တစ်ခုလုံးမှာ ခုလိုဥာဏ်ရည်မျိုးကို ပိုင်ဆိုင်ထားတဲ့ မီးစွမ်းအင်အထူးပြုနတ်ဆိုးမှော်သားရဲဆိုလို့ တစ်ကောင်ပဲရှိတယ်"
စွန်းယုက ပြောဆိုသည်။
Chapter 3359
နဥ်အမ်တုံသည် အလျှင်အမြန်သတိရသွားကာ ချက်ချင်းပြောဆိုသည်။
"စီနီယာဆိုလိုတာက မီးတောက်ဖီးနစ်ဘုရင်လား"
ဤတောရိုင်းအတွင်းတွင် ရက်စက်ကြမ်းကြုတ်သောနတ်ဆိုးမှော်သားရဲ အမြောက်အများရှိသည်။
ထိုနတ်ဆိုးမှော်သားရဲများကြားတွင် တောင်တစ်လုံး သို့မဟုတ် နယ်မြေတချို့ကို သိမ်းပိုက်ထားကာ သူတို့၏ပိုင်နက်ဟု သတ်မှတ်ထားသည့် အစွမ်းထက်နတ်ဆိုးမှော်သားရဲတချို့လည်းရှိနေလေ၏။
သူတို့၏နယ်မြေများကို လူသားများသည် ရှောင်ရှားကြရုံတင်သာမက သာမာန်နတ်ဆိုးမှော်သားရဲများသည်လည်း အနီးသို့ လွယ်လင့်တကူမချဥ်းကပ်ဝံ့ချေ။
ရှီးလျန်မြို့၏အုပ်ချုပ်ရေးရုံးတော်လက်အောက်မှ ဆဋ္ဌမဂိတ်တံခါးသည် ပတ်ဝန်းကျင်နယ်မြေများကို လွန်စွာရင်းနှီးကျွမ်းဝင်သည်။အထူးသဖြင့် သူတို့သည် တောရိုင်းအတွင်းရှိ အစွမ်းထက်မှော်သားရဲများကို သတိထား၍ စောင့်ကြည့်ခဲ့ကြသည်။
မီးတောက်ဖီးနစ်ဘုရင်သည် နတ်ဆိုးမှော်သားရဲတောအုပ်အတွင်းရှိ မီးတောင်တစ်လုံးကို အခိုင်အမာခြေကုပ်ယူထားသော နတ်ဆိုးမှော်သားရဲတစ်ကောင်ပင်။
မီးတောင်ဖီးနစ်ဘုရင်သည် နတ်ဆိုးသားရဲဧကရာဇ်အဆင့်သို့ ရောက်ရှိနေလေပြီ။သူသည် အစဥ်အမြဲ တံခါးပိတ်ကျင့်ကြံနေလေ့ရှိပြီး ပြင်ပ၌ထွက်ပေါ်လာသည်မှာ လွန်စွာရှားပါးသည်။
အကယ်၍ တော်ဝင်နန်းတွင်း၏လေဟာနယ်သင်္ဘောကို တိုက်ခိုက်နိုင်စွမ်းရှိသည့် နတ်ဆိုးမှော်သားရဲတစ်ကောင်ကို ပြပါဆိုလျှင် မီးတောက်ဖီးနစ်ဘုရင်သာဖြစ်ပေမည်။
ဤကဲ့သို့ နတ်ဆိုးမှော်သားရဲဧကရာဇ်အဆင့်မျိုးမှသာ လေဟာနယ်သင်္ဘောပေါ်ရှိ လူများအားလုံးကို တိုက်ခိုက်မှုတစ်ခုတည်းဖြင့် သတ်ဖြတ်နိုင်ပေမည်။
"ဒါပေမယ့် တစ်ခုခုတော့ မှားနေတုန်းပဲ....ဘာလို့ နတ်ဆိုးသားရဲဧကရာဇ်တစ်ကောင်က စစ်လက်နက်ပစ္စည်းတွေကို လုယူသွားတာလဲ"
နဥ်အမ်ထုံက ရုတ်တရက် မေးမြန်းလိုက်သည်။
အကယ်၍ နတ်ဆိုးမှော်သားရဲများသည် လူသားများကို တိုက်ခိုက်ပါက သူတို့သည် လူသားများကိုစားသုံးပြီး သူတို့အသုံးပြုရန်အတွက် သိုလှောင်အိတ်များကို ယူဆောင်သွားပေမည်။
သို့ရာတွင် စစ်လက်နက်ပစ္စည်းများသည် နတ်ဆိုးမှော်သားရဲများအတွက် များစွာအသုံးဝင်ခြင်းမရှိချေ။
ထိုစစ်လက်နက်ပစ္စည်းများသည် လူသားကျင့်ကြံသူများအတွက်သာ အသုံးဝင်ကာ စစ်ပွဲတွင် အသုံးပြုရန်သက်သက် ရည်ရွယ်ထုတ်လုပ်ထားသည့်အချက်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ပေ။
အကယ်၍ နတ်ဆိုးမှော်သားရဲများသည် ထိုစစ်လက်နက်ပစ္စည်းများကို လုယူသွားသည်ဆိုလျှင်ပင် သူတို့အတွက် အသုံးဝင်မည်မဟုတ်ချေ။
စွန်းယုက အေးစက်စက်နှာတစ်ချက်မှုတ်ကာ တည်ငြိမ်စွာ ပြောဆိုသည်။
"ငါ ကြားထားသလောက်တော့ မနေ့က နတ်ဆိုးမှော်သားရဲတောအုပ်ထဲမှာ နတ်ဆိုးမှော်သားရဲဘုရင်တွေ ရုတ်တရက်ကြီး စုဝေးနေကြတယ်...ဒါက ဘာအတွက်လဲဆိုတာတော့ ငါ မသိဘူး...ဖြစ်နိုင်တာတော့ သူတို့က တစ်ခုခုလုပ်ဖို့ အကွက်ချကြံစည်နေကြတာပဲ...ဒီလိုဆိုမှတော့ သူတို့က နတ်ဆိုးဂိုဏ်းတွေနဲ့ပူးပေါင်းထားတာကြောင့် စစ်လက်နက်ပစ္စည်းတွေကို လုယူတာပဲဖြစ်မယ်...ငါက ဒီအချက်ကို သေချာရှင်းပြနိုင်တယ်"
ဆဋ္ဌမဂိတ်တံခါးသည် ရှီးလျန်မြို့၏အနီးပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုတိုင်းကို စုံစမ်းထောက်လှမ်းရသည်။ယမန်နေ့က နတ်ဆိုးမှော်သားရဲဘုရင်များ စုဝေးနေသောအကြောင်းကိုလည်း ဆဋ္ဌမဂိတ်တံခါးမှလူများ သတိပြုမိပေ၏။
သို့ရာတွင် ထိုနတ်ဆိုးမှော်သားရဲများ မည်သည်ကြောင့် စုဝေးနေသည်ကို ဆဋ္ဌမဂိတ်တံခါးမှ ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်းမရှိချေ။
နဥ်အမ်ထုံသည် ထိုစကားကိုကြားချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် ယမန်နေ့က မြင်ကွင်းများကို ပြန်မြင်ယောင်မိသည်။သူမ၏မျက်နှာ ချက်ချင်းဖြူရော်သွားလေ၏။
နတ်ဆိုးမှော်သားရဲတောအုပ်သည် လူသားများအတွက် တားမြစ်နယ်မြေတစ်ခုပင်။
ယမန်နေ့က သူမသည် နတ်ဆိုးမှော်သားရဲဧကရာဇ် မြေနဂါး၏လိုက်လံဖမ်းဆီးခြင်းကိုခံရသဖြင့် သေလုမျောပါး ခံစားခဲ့ရသည်။
အမာရွတ်မျက်နှာလက်ထောက်တပ်မှူးက အပြုံးနှင့် ပြောဆိုသည်။
"အရာရှိကြီးက တကယ့်ကို ဥာဏ်ကောင်းပြီး အမြင်ကျယ်တဲ့လူပဲ...မင်းက တစ်ချက်ကြည့်ရုံနဲ့ ပြဿနာရဲ့သော့ချက်ကို တွေ့မြင်နိုင်တယ်...မင်းက ငွေတံဆိပ်ရာထူးထိန်းရာထူးနဲ့ တကယ့်ကို ထိုက်တန်ပါပေတယ်"
ဤမြှောက်ပင့်ချီးမွမ်းမှုကြောင့် စွန်းယုသည် အလွန်ပျော်ရွှင်သွားလေ၏။
စွန်းယုက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ကာ ပြောဆိုသည်။
"အချိန်က အရေးကြီးဆုံးပဲ...အဲ့ဒီနတ်ဆိုးမှော်သားရဲတွေက စစ်လက်နက်ပစ္စည်းတွေကို ဘာလို့လုယူသွားတာလဲဆိုတာ ငါ မသိပေမယ့်...ငါက စုံစမ်းစစ်ဆေးဖို့အတွက် နတ်ဆိုးမှော်သားရဲတောအုပ်ထဲကို ဝင်ရမယ်...အခွင့်အရေးကို လက်လွတ်ခံလို့မဖြစ်ဘူး....မင်းတို့ ငါ့ကို ကူညီပေးနိုင်မလားဆိုတာ ငါ သိချင်တယ်"
ဤအမှုအခင်းအတွက် တိုက်ပွဲအကျိုးဆောင်ရမှတ်သည် လွန်စွာများပြားပေမည်။
စစ်လက်နက်ပစ္စည်းများ ပျောက်ဆုံးသွားသည့်ကိစ္စကို ရှီးလျန်ကြယ်နယ်မြေသခင်ဝမ်မူကျီး ကြားသိပြီးဖြစ်ကာ သူကိုယ်တိုင်ကိုယ်ကျ စုံစမ်းစစ်ဆေးရန်ပင် ကြံရွယ်နေခဲ့သည်။
အကယ်၍ စွန်းယုသည် ဤအမှုအခင်းကိုဖြေရှင်းနိုင်ပါက သူသည် ကြီးမားသောတိုက်ပွဲအကျိုးဆောင်ရမှတ်များ ရနိုင်ရုံသာမက ဝမ်မူကျီးအား တွေ့ဆုံနိုင်ခွင့်ကိုလည်း သူ ရရှိနိုင်သည်။
နောင်တစ်ချိန်တွင် အကယ်၍ သူသည် ရွှေတံဆိပ်လူဆိုးထိန်းအဖြစ် ရာထူးတိုးလိုပါက ဝမ်မူကျီး၏မျက်လုံးအတွင်း၌ အမြင်ကောင်းရှိနေစေရန်လိုအပ်သည်။
ဤအမှုအခင်းမျိုးတွင် တစ်ဖန်ရန်သူသည် အလွန်သန်မာအားကောင်းသော်လည်း သူသည် ဆဋ္ဌမဂိတ်တံခါးမှစစ်ကူတောင်းရန် ရည်ရွယ်မထားချေ။
သူတို့သည် တူညီသောရုံးတော်တွင် တာဝန်ထမ်းဆောင်နေကြသော်လည်း လူဆိုးထိန်းများအကြားရှိယှဥ်ပြိုင်မှုသည် အလွန်ပြင်းထန်ပေ၏။အကယ်၍ တခြားလူဆိုးထိန်းများသာ ဤအမှုအခင်းအတွင်းသို့ ပါဝင်ပတ်သတ်လာပါက တိုက်ပွဲအကျိုးဆောင်ရမှတ်သည် အလွန်အမင်း မြင့်မားနေသည့်တိုင် ထိုအရာကိုလုယက်ရန် တိုက်ခိုက်ရမှုများ ရှိလာနိုင်သည်။
ဤှသည်က ရယ်စရာသက်သက် ကောလဟာလမဟုတ်ဘဲ ဆဋ္ဌမဂိတ်တံခါးတွင် ဖြစ်နေကျကိစ္စတစ်ရပ်ပင်။စွန်းယုသည် ငွေတံဆိပ်လူဆိုးထိန်းဖြစ်သဖြင့် ထိုကိစ္စနှင့်ပတ်သတ်၍ ကောင်းစွာ သိနားလည်ထားသည်။
Chapter 3360
သူသည် ထိုတိုက်ပွဲအကျိုးဆောင်ရမှတ်များကို သူတစ်ယောက်တည်းသာ ရယူလိုသည်။
ဤအမူအခင်းအတွက် သူ့ရှေ့တွင်ရှိနေသော အစောင့်စစ်သားများသည် အကောင်းဆုံးအကူအညီပေးနိုင်မည့် တွဲဖက်များပင်။
"အရာရှိကြီး...တကယ်လို့ မင်း တစ်ခုခုလိုအပ်တယ်ဆိုရင် လွတ်လွတ်လပ်လပ် တောင်းဆိုနိုင်ပါတယ်"
အမာရွတ်မျက်နှာလက်ထောက်တပ်မှူးက ပြတ်ပြတ်သားသား ပြောဆိုသည်။
ယခုချိန်တွင် သူ၏ခေါင်းထက်၌ ဓားတစ်လက် ရစ်ဝဲနေလေပြီ။ဤအမှုအခင်းကို အလျှင်အမြန်ဖြေရှင်းပြီးမှသာ သူ စိတ်အေးချမ်းစွာ နေနိုင်ပေမည်။
ထိုသို့မဟုတ်ဘဲ အကယ်၍ ဤအမှုအခင်းတွင် အမှားအယွင်းတစ်ခုခု ရှိနေပါက တာဝန်ယူရမည့် ပထမဆုံးလူမှာ သူ ဖြစ်သွားနိုင်သည်။
"ဒါဆိုရင်လည်း ကောင်းပြီလေ....ငါက စုံစမ်းစစ်ဆေးဖို့အတွက် မှော်သားရဲတောအုပ်ရဲ့အနက်ပိုင်းကို သွားချင်တယ်...ကျေးဇူးပြုပြီးတော့ မင်းရဲ့လူတွေနဲ့အတူ ငါ့ရဲ့နောက်ကို လိုက်ခဲ့ပေးပါ"
စွန်းယုက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
နဥ်အမ်ထုံက အလျှင်အမြန် ဟန့်တားလေ၏။
"စီနီယာအကိုစွန်း....နင်က ဒီမှာရှိတဲ့လူတွေကိုခေါ်ပြီးတော့ နတ်ဆိုးမှော်သားရဲတောအုပ်ထဲကိုသွားမယ်ဆိုရင် အရမ်းအန္တရာယ်များတယ်....ဘာလို့ ရုံးတော်ကို အကူအညီတောင်းပြီးတော့ အစွမ်းထက်ကျင့်ကြံသူတွေ ထပ်မခေါ်တာလဲ"
သူမ၏အတွေးသည် အလွန်ရိုးရှင်းပြီး နက်နက်နဲနဲတွေးတောခြင်း မရှိချေ။
နဥ်အမ်ထုံ၏အမြင်အရ နတ်ဆိုးမှော်သားရဲတောအုပ်သည် အန္တရာယ်များဖြင့်ပြည့်နှက်နေသော နေရာဖြစ်သည်။အကယ်၍ သူတို့သည် ဤအချိန်တွင် တောအုပ်အတွင်းသို့ဝင်သွားပါက အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်သည်။
"အမ်ထုံ...အခြေအနေ ပြောင်းလဲတာက အရမ်းမြန်တယ်...ငါတို့က အန္တရာယ်ရှိနေတာနဲ့ပဲ ဘာလို့နောက်ဆုတ်ရမှာလဲ"
စွန်းယုထံတွင် အလေးအနက်ထားသော မျက်နှာအမူအယာမျိုး ရှိနေလေ၏။သူက ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် ပြောဆိုသည်။
"တကယ်လို့ ငါတို့က တောအုပ်ရဲ့အနက်ပိုင်းထဲကို သွားမယ်ဆိုရင်တောင်...ငါပဲသွားမယ်...မင်းက အခင်းဖြစ်နေရာကို ဆက်ပြီးစောင့်ကြည်နေ...တခြားသူတွေက ဒါတွေကို မဖျက်ဆီးစေနဲ့"
နဥ်အမ်ထုံက အလျင်စလို ပြောဆိုလေသည်။
"ငါက နင်နဲ့အတူလိုက်ခဲ့မယ်...ငါလည်း ကူညီပေးနိုင်တယ်"
"မင်း လိုက်ခဲ့ပြီးတော့ ဘာလုပ်မှာလဲ...မင်းက ငါ့ကို ဒုက္ခပေးမလို့လား...အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့....မင်း ဒီနေရာမှာပဲ အေးအေးဆေးဆေးနေခဲ့စမ်း"
စွန်းယုက အော်ငေါက်လိုက်သည်။
ဤသည်က သူ၏တိုက်ပွဲအကျိုးဆောင်မှုပင်။အကယ်၍ နဥ်အမ်ထုံသာ သူနှင့်အတူလိုက်ပါလာပါက သူ ခက်ခက်ခဲခဲ ရှာဖွေထားရသော တိုက်ပွဲအကျိုးဆောင်ရမှတ်ကို ခွဲဝေပေးရမည်ဟု ဆိုလိုသည်မဟုတ်လော။
စွန်းယုသည် ဤကဲ့သို့ဖြစ်လာမည်ကို မည်သို့မျှ လက်မခံနိုင်ချေ။
နဥ်အမ်ထုံသည် ထပ်မံ၍ငြင်းဆန်ရန်အတွက် စဥ်းစားတွေးတောနေပုံရှိသည်ကိုကြည့်ပြီး စွန်းယုက သူ၏ငွေတံဆိပ်ပြားကိုထုတ်ယူကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"မင်း ဒီနေရာမှာ နေခဲ့ရမယ်...ဒါက အမိန့်ပဲ"
"မီးတောက်ဖီးနစ်ဘုရင်က အရမ်းအစွမ်းထက်တယ်...ဒါကို အလွယ်တကူ ရင်ဆိုင်နိုင်မှာမဟုတ်ဘူး...နင်သွားမယ့်ခရီးက အရမ်းအန္တရာယ်များတယ်"
နဥ်အမ်ထုံက စွန်းယုကို ဖြောင့်ဖျရန် ကြိုးစားလေ၏။
သို့ရာတွင် ရုတ်တရက် တည်ငြိမ်အေးဆေးသော အသံတစ်သံက သူမ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
"တကယ်တော့ ဒါက နတ်ဆိုးသားရဲတွေရဲ့လက်ချက်မဟုတ်ဘူး"
အမ်...
လက်ရှိနေရာတွင်ရှိနေသူများအားလုံး ထိုအသံထွက်ပေါ်လာသောနေရာကို ကြည့်လိုက်ကြသည်။
လုယွီသည် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများအကြားမှထွက်လာကာ အလောင်းများထံလျှောက်လှမ်းသွားသည်ကို သူတို့အားလုံး တွေ့မြင်ရလေ၏။
"မင်း ဘာလုပ်တာလဲ....မြန်မြန် နောက်ပြန်ဆုတ်စမ်း"
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် တခြားမီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများက လုယွီကို အလျှင်အမြန်သတိပေးသည်။
အမှန်အားဖြင့် ပြင်ပသို့ထွက်၍ အမှုအခင်းများကိုစုံစမ်းချိန်တွင် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများသည် မထင်မရှားနေရသူများပင်။သူတို့သည် အမှုအခင်းအတွင်း၌ ပါဝင်စုံစမ်းခွင့်မရှိချေ။
ထို့ပြင် စွန်းယုသည် ကောက်ချက်တစ်ခုကို ချပြီးလေပြီ။လုယွီသည် ဤအချိန်၌ ငြင်းဆန်ချင်သည့်တိုင် စွန်းယုသည် သူ၏စကားကို အလေးမထားမည်မှာ သိသာထင်ရှားလှ၏။
သို့ရာတွင် လုယွီ၏ခြေလှမ်းများ ရပ်တန့်ခြင်းမရှိချေ။
နဥ်အမ်ထုံက မျက်မှောင်ကြုတ်လိုက်သည်။
"နင် ဘာကို ရှာတွေ့ထားလိုလဲ"
လုယွီသည် အကြောင်းမရှိဘဲ ဤသို့ပြုလုပ်မည်မဟုတ်ဟု သူမ ယုံကြည်ထားသည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် လုယွီ၏ခွန်အားကို ယခင်က မြင်တွေ့ဖူးပြီးဖြစ်သည်။ဤကဲ့သို့ ခွန်အားမျိုးကို ပိုင်ဆိုင်ထားသူသည် စဥ်းစားတွေးတောခြင်းမရှိဘဲ စကားပြောဆိုမည့် လူစားမျိုးမဟုတ်ချေ။
စွန်းယုသည် လုယွီ၏ခန္ဓာကိုယ်ပေါ်တွင်ဝတ်ဆင်ထားသော မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းဝတ်စုံကို စုန်ချည်ဆန်ချည်ကြည့်ကာ အေးစက်စက်အပြုံးနှင့် ပြောဆိုသည်။
"ဘာလဲ...မင်းမှာ အကြံပေးချင်တာတစ်ခုခု ရှိနေလို့လား"
သူသည် သူ၏အကဲဖြတ်မှုအပေါ်တွင် အလွန်ယုံကြည်ချက်ရှိသည်။ယခုချိန်တွင် လုယွီသည် သူ့အား အတိုက်အခံပြုဝံ့သည်ကိုမြင်တွေ့ချိန်တွင် သူ၏မျက်နှာပေါ်၌ သရော်တော်တော်အပြုံးတစ်ခု ထင်ဟပ်လာသည်။
သူ၏အမြင်အရ လုယွီသည် သူ၏ရှေ့၌ ဟန်ရေးပြရန် ကြိုးစားနေခြင်းပင်။
ဤကဲ့သို့ နည်းလမ်းမျိုးသည် အလွန်ကလေးဆန်ပေ၏။မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းရာထူးကို ယခုလတ်တလောမှ ရရှိထားသော လူငယ်တစ်ယောက်သည် သူ၏ရှေ့၌ အတိုက်အခိုက်လုပ်၍ ဟန်ရေးပြဝံ့သည်။ဤသည်က လူအများ၏လှောင်ပြောင်သရော်ခြင်းကို ခံယူလိုခြင်းနှင့် ကွာခြားခြင်းမရှိချေ။
လုယွီသည် ပတ်ဝန်းကျင်ရှိလူများ၏သရော်တော်တော်အကြည့်များကို လျစ်လျှူရှုကာ ဆောင့်ကြောင့်ထိုင်၍ သူ၏လက်ဖြင့် အလောင်းများ၏ခန္ဓာကိုယ်များပေါ်သို့ ဖိနှိပ်လိုက်၏။
"တကယ်လို့ မင်းတို့သာ နတ်ဆိုးမှော်သားရဲတွေဆိုရင်...ဒီအလောင်းတွေကို ဒီတိုင်းချန်ထားခဲ့မှာလား"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။