အခန်း (၃၃၆၁-၃၃၆၅)
Vol. 171 Ch. 3361-3365
Chapter 3361
လူတိုင်း ကြက်သေသေသွားကြသည်။
နဥ်အမ်ထုံက ချက်ချင်းတုံ့ပြန်ပြောဆိုသည်။
"နတ်ဆိုးမှော်သားရဲတွေက သွေးဆာတယ်...တကယ်လို့ ဒီလူတွေသာ နတ်ဆိုးမှော်သားရဲတွေရဲ့ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားတာဆိုရင် ဒဏ်ရာဗလပွဖြစ်နေမှာပဲ...သူတို့ရဲ့ခန္ဓာကိုယ်က အသွေးအသားတွေကို နတ်ဆိုးမှော်သားရဲတွေက ဝါးမျိုပစ်မှာပဲ...ဒါပေမယ့် ဒီလူတွေရဲ့ခန္ဓာကိုယ်တွေက အကောင်းပကတိကျန်နေသေးတယ်"
ဤအချိန်အခိုက်အတန့်မှသာ သူတို့က တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသွားသည်။
သေဆုံးသွားသောလူများ၏ခန္ဓာကိုယ်များသည် မဲနက်သည်အထိ လောင်ကျွမ်းခံထားရသော်လည်း မည်သည့်ကိုက်ဖြတ်ခံရမှု အရိပ်အယောင်မျိုးမျှ ရှိမနေချေ။
ဤသည်က နတ်ဆိုးမှော်သားရဲများ၏ တိုက်ခိုက်ခြင်းခံရသော ပုံမှန်အလောင်းများနှင့် ကွဲပြားခြားနားနေသည်။
မည်သည့်အဆင့်တွင်ရှိနေသော နတ်ဆိုးမှော်သားရဲဖြစ်နေပါစေ သွေးဆာသော စရိုက်သဘာဝရှိသည်။
သူတို့ တိုက်ခိုက်ခဲ့သည့်အလောင်းများ အကောင်းပကတိ ကြွင်းကျန်နေရန်မှာ မဖြစ်နိုင်ချေ။
ဤအချိန်အခိုက်အတန့်တွင် နဥ်အမ်ထုံသည် ယမန်နေ့က သူမသည် ဝမ်ခန်းတို့လူစုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် သွေးဆာနေသော နတ်ဆိုးမှော်သားရဲများအကြောင်းကို ကူကယ်ရာမဲ့စွာ ပြန်လည်တွေးတောမိသွားသည်။
သူမ၏စိတ်အတွင်း၌ သေရေးရှင်ရေးကြုံတွေ့ခဲ့ရသော တုန်လှုပ်ချောက်ချားဖွယ်ဖြစ်ရပ်များက တဖန်ပြန်၍ ထွက်ပေါ်လာသည်။နဥ်အမ်ထုံသည် ကူကယ်ရာမဲ့စွာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
"ဒါဆိုရင် မင်းက ဒီအကြောင်းကို ပြောနေတာလား...ငါ ဒါကို အရင်ကတည်းက ဒါကို သတိပြုမိတယ်"
စွန်းယုက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"တကယ်လို့ သာမာန်နတ်ဆိုးမှော်သားရဲတွေသာဆိုရင် ဒီလိုရလဒ်မျိုးထွက်လာတာက အရမ်းထူးဆန်းနေလိမ့်မယ်....ဒါပေမယ့် တိုက်ခိုက်တဲ့လူက မီးတောက်ဖီးနစ်ဘုရင်သာဆိုရင် ဒါက အဓိပ္ပါယ်ရှိတယ်"
"မင်းတို့ သိထားရမှာက ဒီနတ်ဆိုးမှော်သားရဲတောအုပ်ထဲမှာ တည်ရှိမှုတိုင်းကို ဘုရင်လို့မခေါ်ဘူး....တကယ်လို့ နတ်ဆိုးမှော်သားရဲတစ်ကောင်က ဘုရင်ဖြစ်ချင်တယ်ဆိုရင် သူ့မှာ အဲ့ဒီလိုလုပ်နိုင်တဲ့ အရည်အချင်းမျိုးရှိရမယ်....မီးတောက်ဖီးနစ်ဘုရင်မှာ မြင့်မြတ်တဲ့အဆင့်အတန်းမျိုး ရှိရုံတင်မကဘူး....ဖီးနစ်သွေးမျိုးဆက်လည်းရှိနေတယ်....ပြီးတော့ သူက နတ်ဆိုးမှော်သားရဲဧကရာဇ်အဆင့်ရှိတဲ့ တည်ရှိမှုကြီးပဲ"
"အဲ့ဒီလိုတည်ရှိမှုကြီးက တိမ်အခိုးအငွေ့တွေကို ဝါးမျိုနိုင်ပြီးတော့ သူ အသက်ရှင်ဖို့အတွက် အသွေးအသားတွေကို ဝါးမျိုဖို့မလိုဘူး...မင်းရဲ့အတွေးက အရမ်းမှားနေပြီ"
စွန်းယုက လုယွီ၏အကြံပေးမှုကို ငြင်းဆန်လိုက်သည်။
"ဒါဆို မင်း ဒီအလောင်းကို ဂရုတစိုက် စစ်ဆေးပြီးပြီလား"
လုယွီက အလောင်းတစ်လောင်းကို လက်ညှိုးညွှန်၍ တည်ငြိမ်စွာပြောဆိုသည်။
"အဲ့ဒီအလောင်းတွေက သူတို့သေပြီးမှ မီးရှို့ခံထားရမှာပဲ...တစ်ယောက်ယောက်က သူတို့ကိုသတ်ပြီးမှ မီးနဲ့ရှို့ခဲ့တာပဲ"
ဤတစ်ကြိမ်တွင် စွန်းယု မည်သည့်စကားကိုမျှ ပြောဆိုခြင်းမပြုသေးမီ နံဘေးတွင်ရပ်နေသော နဥ်အမ်ထုံက မေးခွန်းထုတ်လိုက်၏။
"မဟုတ်သေးဘူး....တကယ်လို့ နင်ပြောတာအမှန်ဆိုရင် သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ဒဏ်ရာတွေကို ငါတို့က ဘာလို့ရှာမတွေ့တာလဲ"
သူတို့သည် အလောင်းများကို မရွှေ့ပြောင်းမီ အလောင်းတစ်လောင်းချင်းစီကို အသေးစိတ်ကျကျ စစ်ဆေးပြီးဖြစ်သည်။
ဤသည်က ဆဋ္ဌမဂိတ်တံခါး၏လုပ်ရိုးလုပ်စဥ် ထုံးတမ်းတစ်ခုပင်။
သို့ရာတွင် သူတို့သည် စုံစမ်းစစ်ဆေးပြီးနောက် အလောင်းများပေါ်၌ မီးလောင်ကျွမ်းထားသောဒဏ်ရာများကိုသာ ရှာဖွေတွေ့ရှိခဲ့သည်။တခြားဒဏ်ရာဒဏ်ချက်များကိုမူ သူတို့ ရှာမတွေ့ခဲ့ချေ။
ဤသည်ကြောင့် စွန်းယုက ထိုအလောင်းများသည် မီးလောင်ကျွမ်းခံရခြင်းကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း တစ်ထစ်ချပြောဆိုနေခြင်းပင်။
"အဲ့ဒီလိုလား...မင်းတို့က ဒီအလောင်းရဲ့ခန္ဓာကိုယ်တွေပေါ်က ဒဏ်ရာတွေကို တကယ်သတိမပြုမိကြဘူးလား"
လုယွီက ရုတ်တရက် အလောင်းတစ်လောင်းကို လက်ညှိုးညွှန်လိုက်သည်။
ထိုအလောင်း၏တူးခြစ်နေသောခန္ဓာကိုယ်အရေပြားအောက်တွင် အနက်ရောင်သွေးကြောကြီးများ ထွက်ပေါ်လာသည်။
ထိုသွေးကြောများသည် ရုတ်တရက်ထွက်ပေါ်လာကာ ပင့်ကူအိမ်များအလား အလောင်းပေါ်၌ ပျံ့နှံ့နေသည်။
"အမ်...ဒါတွေက ဘယ်အချိန်က ပေါ်လာတာလဲ"
နဥ်အမ်ထုံ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သွားသော အမူအယာမျိုး ဖြတ်ပြေးသွားသည်။
ယခုလက်ရှိနေရာတွင် ရှိနေသည့် တခြားသူများသည်လည်း ထိတ်လန့်တုန်လှုပ်သွားပေ၏။
မည်သို့ဖြစ်ပျက်သွားသနည်း....
စွန်းယုက မျက်မှောင်ကြုတ်လိုက်သည်။သူသည် လူများကို အလျှင်အမြန်တွန်းဖယ်ကာ ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။တစ်ချိန်တည်းမှာပင် သူ၏လက်အတွင်း၌ ငွေအပ်တစ်ချောင်း ထွက်ပေါ်လာသည်။
ဝှစ်....
ငွေအပ်သည် အလောင်း၏သွေးကြောအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ရုတ်ချည်းဆိုသလိုပင် အနက်ရောင်သွေးအခိုးအငွေ့များ ဖြာထွက်လာပေ၏။
ထိုအနက်ရောင်သွေးအခိုးအငွေ့များတွင် အလွန်မြင့်မားသော တိုက်စားနိုင်စွမ်းရှိပုံရသည်။ထိုအရာများကျရောက်သွားသော မြေပြင်ပေါ်တွင် လောင်ကျွမ်းနေသောချိုင့်ရာများ ချက်ချင်းထွက်ပေါ်လာသည်။
Chapter 3362
"ဘယ်လောက်တောင် ပြင်းထန်တဲ့အဆိပ်လဲ"
ထိုအနက်ရောင်သွေးများကို မြင်တွေ့ချိန်တွင် နဥ်အမ်ထုံ၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။
ဆဋ္ဌမဂိတ်တံခါး၏လူဆိုးထိန်းဖြစ်လိုသော တစ်စုံတစ်ယောက်သည် အဆိပ်အမျိုးအစားများကို အတိုင်းအတာတစ်ခုထိ နားလည်သဘောပေါက်ထားရန်လိုအပ်သည်။
သူမရှေ့ရှိ အနက်ရောင်သွေးများမှ အဆိပ်၏ပြင်းထန်မှုသည် သူမမျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေပေ၏။
ဤအဆိပ်သည် လူတစ်ယောက်၏အလောင်းအတွင်း၌ ခိုအောင်းနေသည်ကို တွေးတောကြည့်ရန် လွန်စွာခဲယဥ်းသည်။
"ငါ ခုဏက တစ်ခုခုမှားယွင်းနေတယ်ဆိုတာကို သတိပြုမိတယ်...သူတို့က အဆိပ်မိနေခဲ့တာလို့တော့ ငါ မျှော်လင့်မထားမိဘူး...အံ့အားသင့်စရာမရှိတော့ဘူး"
စွန်းယုက တစ်စုံတစ်ခုကို တွေးတောမိသွားပုံသည်။သူက မျက်ခုံးပင့်၍ တည်ငြိမ်စွာပြောဆိုသည်။
"မင်း ပြောတာမှန်ပေမယ့် မင်းက အချက်တစ်ချက်ကို သတိမပြုခဲ့မိဘူး...မီးတောက်ဖီးနစ်ဘုရင်က မီးစွမ်းအင်အထူးပြုသားရဲတစ်ကောင်ဖြစ်ရုံတင်မကဘူး...သူက အဆိပ်ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်တယ်"
"သူနေတဲ့ မီးတောင်အပေါက်ဝမှာ ရှားပါးတဲ့အဆိပ်တွေအများကြီး ခိုအောင်းနေတယ်...မီးတောက်ဖီးနစ်ဘုရင်က အဲ့ဒီမီးတောင်ကိုသိမ်းပိုက်ထားရတဲ့ အကြောင်းအရင်းက ပြင်းထန်တဲ့အဆိပ်တွေရှိနေလို့ပဲ...ဒါကြောင့် တခြားအစွမ်းထက်နတ်ဆိုးမှော်သားရဲတွေတောင် အဲ့ဒီနေရာနားကို မချဥ်းကပ်ဝံ့ဘူး"
"ဒီလူတွေက မီးတောက်သားရဲဘုရင်ရဲ့အဆိပ်ခတ်တာကို အရင်ခံရလိမ့်မယ်...ပြီးမှ သူတို့အားလုံး အဆိပ်သင့်ပြီးတော့ မီးလောင်ကျွမ်းခံရပြီး သေဆုံးသွားတာပဲဖြစ်မယ်....ဒီနေရာမှာ တခြားသဲလွန်စတွေ ရှိနေသေးပေမယ့် နောက်ဆုံးလက်သည်တရားခံကတော့ မီးတောက်ဖီးနစ်ဘုရင်ပဲ....ငါတို့ကသာ သူ့ကိုဖမ်းဆီးနိုင်ရင် နောက်ကွယ်ကအမှန်တရားကို ရှာဖွေဖော်ထုတ်နိုင်လိမ့်မယ်"
အမာရွတ်မျက်နှာလက်ထောက်တပ်မှူးသည် အချိန်ကြန့်ကြာနေသဖြင့် စိတ်မရှည်တော့ပုံရသည်။ထိုစကားကိုကြားချိန်တွင် သူက အလျင်စလို တိုက်တွန်းနှိုးဆော်လိုက်သည်။
"အရာရှိကြီး...မြန်မြန် စုံစမ်းစစ်ဆေးကြရအောင်...ငါတို့က လက်သည်တရားခံအစစ်ကို သိထားပြီးမှတော့ သူ့ကို ထွက်ပြေးလွတ်မြောက်သွားခွင့် မပေးသင့်ဘူး...အခုချက်ချင်းသွားပြီးတော့ သူ့ကို ဖမ်းဆီးကြရအောင်"
စစ်တပ်အတွင်းရှိ စည်းမျဥ်းစည်းကမ်းများသည် လွန်စွာတင်းကြပ်ပေ၏။
အကယ်၍ ဤအမှုအခင်းနှင့်ပတ်သတ်သော အမှန်တရားကို အချိန်မီ မဖော်ထုတ်နိုင်ပါက အမာရွတ်မျက်နှာလက်ထောက်တပ်မှူးအား စောင့်ကြိုနေသည်မှာ စစ်စည်းကမ်းအရ ပြစ်ဒဏ်ပေးမှုပင်ဖြစ်ပေမည်။
စွန်းယုထံတွင်လည်း တူညီသောရည်ရွယ်ချက်မျိုးရှိနေသည်။
သူသည် တခြားလူဆိုးထိန်းများ ဤအမှုအခင်းတွင် ပါဝင်ပတ်သတ်လာမည်ကို စိုးရိမ်နေမိသည်။
မည်သို့ပင်ဆိုစေကာမူ အဆုံးသတ်တွင် တိုက်ပွဲအကျိုးဆောင်ရမှတ်များကို ခွဲဝေပါက ဆဋ္ဌမဂိတ်တံခါးသည် ဤအမှုအား မည်သူဖြေရှင်းခဲ့သည်ကိုသာ ကြည့်မည်ဖြစ်ပြီး ယခင်က မည်သူစုံစမ်းစစ်ဆေးခဲ့သည်ကို ဂရုစိုက်မည်မဟုတ်ချေ။
အချိန်သည် လူသားများကို စောင့်ဆိုင်းခြင်းမရှိပေ။
"တော်သင့်ပြီ...ငါက ဒီအမှုကို တာဝန်ယူထားတဲ့ လူဆိုးထိန်းပဲ...အမ်ထုံက မီးခိုးရောင်ဝတ်စုံဝတ်လူတွေနဲ့အတူ ဒီနေရာကို စောင့်ကြည့်နေ...ငါက မီးတောက်ဖီးနစ်ဘုရင်ကို သွားပြီးစုံစမ်းမယ်"
ထိုသို့ပြောဆိုပြီးနောက် စွန်းယုသည် အမာရွတ်မျက်နှာလက်ထောက်တပ်မှူးနှင့်စစ်သားများကို ခေါ်ဆောင်၍ ထွက်ခွာသွားတော့သည်။
"မင်းမှာ အတွေးအခေါ်ကောင်းကောင်းရှိနေတာပဲလို့ ငါ အစကထင်ခဲ့တာ...အဆုံးသတ်ကျတော့ မင်းက စီနီယာစွန်းနဲ့ ကောက်ချက်ချတာ အတူတူပဲဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
"ကောင်လေး...မင်းက အခုမှ မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းဖြစ်လာတော့ စည်းကမ်းတွေကို မသိသေးဘူး...မင်း နောက်တစ်ကြိမ် ဒီလိုအခြေအနေမျိုးနဲ့ ကြုံရမယ်ဆိုရင် တတ်နိုင်သလောက် စကားကိုလျှော့ပြောပါ...ငါတို့ ဒီနေရာကို ရောက်လာတာက အထက်အရာရှိတွေကို ကူညီဖို့ပဲ...တကယ်လို့ မင်းမှာ ထွေထွေထူးထူးကိစ္စမရှိရင် စကားအများကြီးမပြောနဲ့"
မီးခိုးရောင်ဝတ်စုံဝတ် လူဆိုးထိန်းတစ်စုက လုယွီကိုကြည့်၍ အလေးအနက်ထားကာ သတိပေးလေ၏။
သူတို့၏အမြင်အရ လုယွီသည် ငယ်ရွယ်ပြီး စိတ်မြန်သူတစ်ယောက်ပင်။သူသည် ယခုမှ မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းဖြစ်လာသဖြင့် သူ့အတွက် မည်သည့်အရာကကောင်းသည်ကို မသိရှိချေ။
အမှန်အားဖြင့် အဆင့်မြင့်လူဆိုးထိန်းများအတွက် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများသည် အစေခံများနှင့် ကွဲပြားခြားနားခြင်းမရှိချေ။လုယွီသည် ဘောင်ကျော်ပြီး ဤအမှုကို ကိုင်တွယ်ဖြေရှင်းလိုသည်။ဤသည်က အလွန်ရယ်ရွှင်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။
သို့ရာတွင် နဥ်အမ်ထုံသည် တခြားလူများကဲ့သို့ လုယွီကို လှောင်ပြောင်သရော်ခြင်းမပြုချေ။
သူမက လုယွီ၏နံဘေးသို့လျှောက်လှမ်းသွားကာ သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။
"နင် သဲလွန်စတစ်ခုခု တွေ့လား"
"ငါ သင်္ဘောအတွင်းခန်းကို တစ်ချက်သွားကြည့်အုံးမယ်"
လုယွီသည် သူမ၏အဖြေကို စောင့်ဆိုင်းခြင်းမပြုဘဲ သင်္ဘောအတွင်းခန်းထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလေသည်။
ဤအချိန်တွင် လေဟာနယ်သင်္ဘော၏ရှေ့ခြမ်းတစ်ခြမ်းလုံး မီးလောင်ကျွမ်းခြင်းခံထားရသည်။ပြင်းထန်သောမီးတောက်များသည် အတွင်းရှိသဲလွန်စများအားလုံးကို ဖျက်ဆီးသွားလေပြီ။
လုယွီသည် နေရာအနှံ့ရှာဖွေပြီးနောက် လေဟာနယ်သင်္ဘော၏ အတွင်းဘက်အကျဆုံးနေရာတွင်ရှိနေသော စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များကို တွေ့မြင်မိသည်။
"ဒီလေဟာနယ်သင်္ဘောက စစ်လက်နက်ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့သင်္ဘောမဟုတ်လား...ဘာလို့ စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်တွေ ရှိနေတာလဲ"
လုယွီ၏နောက်သို့လိုက်လာသော နဥ်အမ်ထုံသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် မျက်မှောင်ကြုတ်လိုက်၏။
စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များသည် တော်ဝင်စစ်တပ်၏ အဖိုးတန်ရှားပါးဆုံး စစ်လက်နက်ပစ္စည်းများပင်။
Chapter 3363
အကယ်၍ ထိုအရာများကို သယ်ယူပို့ဆောင်မည်ဆိုပါက အနည်းဆုံး လေဟာနယ်သင်္ဘောနှစ်စီးလိုအပ်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ဤသည်က သာမာန်လေဟာနယ်သင်္ဘောတစ်စီးသာဖြစ်ပြီး အစောင့်အကြပ်အင်အားမှာလည်း များပြားခြင်းမရှိချေ။
လုယွီသည် အမြှောက်ဆန်တစ်ခုကိုကောက်ယူကာ ဂရုတစိုက်စစ်ဆေးပြီးနောက် အောက်သို့ပြန်ပစ်ချလိုက်၏။
စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များ၏ အဖိုးတန်ဆုံးအရာမှာ အမြှောက်မဟုတ်ဘဲ အတွင်းရှိဝင်္ကပါဖွဲ့စည်းပုံပင်။
ဤဝင်္ကပါသည် အရေးအကြီးဆုံးအရာဖြစ်သည်။
သာမာန်စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်တစ်လက်အတွင်း၌ အနည်းဆုံး ဝင်္ကပါကြီးကြီးငယ်ငယ် ငါးဆယ်ခြောက်ဆယ်ခန့်ပါရှိပြီး တိကျသောအတိုင်းအတာဖြင့် စီစဥ်ထားသည်။ထိုနည်းလမ်းဖြင့်သာ စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်အတွင်းသို့ ထည့်လိုက်သော စိတ်ဝိညာဥ်ကျောက်တုံးများသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အစွမ်းထက်သောစွမ်းအားကို ဖြန့်ကျက်နိုင်ပေမည်။
ထို့ပြင် ယခုလက်ရှိချိန်၌ သူတို့ရှေ့ရှိလက်နက်များသည် အမြှောက်လွတ်ကြီးများသာဖြစ်ပြီး အတွင်းရှိ ဝင်္ကပါဖွဲ့စည်းပုံများအားလုံး အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်နေလေပြီ။
ဤသည်က နတ်ဆိုးမှော်သားရဲများ၏လက်ချက်မဖြစ်နိုင်ချေ။
ဤသို့ပြောနိုင်ရခြင်းမှာ နတ်ဆိုးမှော်သားရဲများသည် တော်ဝင်စစ်တပ်၏လေဟာနယ်သင်္ဘောကို တိုက်ခိုက်ခဲ့သည့်အပြင် အတွင်းရှိစိတ်ဝိညာဥ်ကျောက်တုံးအမြှောက်ဝင်္ကပါများကို ခိုးယူမည်ဆိုပါက စွမ်းအားအမြောက်အများ အသုံးပြုရပေမည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် သူတို့အတွက် အသုံးမဝင်ရုံသာမက ဘေးကပ်ဆိုးများပင် ဆိုက်ရောက်သွားနိုင်သည်။
'ဒီနေရာကို မီးရှို့ဖျက်ဆီးရုံနဲ့ သဲလွန်စတွေအကုန်လုံးကို ဖျောက်ဖျက်နိုင်မယ်လို့ မင်းတို့က ထင်နေကြတာလား"
လုယွီက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ လှောင်ပြောင်သရော်လိုက်၏။
ဤသည်က နတ်ဆိုးမှော်သားရဲများ၏လက်ချက်မဟုတ်ဘဲ လူသားတစ်စုကြောင့်ဖြစ်ကြောင်း သူ အာရုံခံမိပြီးဖြစ်သည်။
ဤလူများသည် ယခုလက်ရှိနေရာတွင်ရှိနေသူများကို အဆိပ်အသုံးပြု၍ အရင်ဆုံးသတ်ဖြတ်ပြီးမှ သက်သေများကို မီးရှို့၍ဖျောက်ဖျက်လိုက်ကြ၏။နောက်ဆုံး၌ သူတို့သည် စုံစမ်းစစ်ဆေးရန်လာသောလူများ လမ်းကြောင်းလွှဲသွားစေရန် လက်သည်းကုတ်ရာကြီးကို တမင်သက်သက်ဖန်တီး၍ မီးတောက်ဖီးနစ်ဘုရင်၏လက်ချက်ဟု ယူဆသွားစေရန် ပြုလုပ်ခဲ့သည်။
ဤလှုပ်ရှားမှုများသည် အလွန်အသေးစိတ်ကျသော်လည်း လုယွီ၏အမြင်အာရုံအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။
ထိုအချိန်မှာပင် လုယွီ၏မျက်လုံးအတွင်းမှနေ၍ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာသည်။
သူ၏အကြည့်အောက်တွင် ပိုင်းခြားသိမြင်နိုင်သောအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ မြေပြင်ပေါ်မှတဆင့် အဝေးသို့မျောလွင့်သွားသည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်..ချီစောင့်ကြည့်ခြင်းနည်းစနစ်...
ဤသည်မှာ တစ်ဖက်လူများကျန်ခဲ့သော အငွေ့အသက်များမဟုတ်ဘဲ သူတို့သည် သင်္ဘောပေါ်ရှိလူများကို သတ်ဖြတ်ခဲ့ခြင်းကြောင့် ကြွင်းကျန်ခဲ့သော ကံကြမ္မာစွမ်းအားအငွေ့အသက်များဖြစ်ပေ၏။
လောကကြီးအတွင်းတွင် လူတစ်ယောက်သည် အသက်ရှင်နေသရွေ့ ကံကြမ္မာအငွေ့အသက်များရှိနေသည်။ထိုကံကြမ္မာအငွေ့အသက်များသည် ပတ်ဝန်းကျင်ရှိ ကံကြမ္မာဥပဒေသများနှင့် ချိတ်ဆက်ထားလေ၏။
လူတစ်ယောက် သေဆုံးသွားသောနေရာတွင် အချိန်အလွန်မကြာမြင့်သေးသရွေ့ ကံကြမ္မာအငွေ့အသက်များမှတဆင့် လုယွီသည် သဲလွန်စများကို ရှာဖွေဖော်ထုတ်နိုင်သည်။
လုယွီသည် ယခင်က ချီစောင့်ကြည့်ခြင်းနည်းစနစ်ကို အသုံးပြုချိန်တွင် အများဆုံးအနေဖြင့် တခြားသူများ၏အရှိန်အဝါကိုသာ အာရုံခံနိုင်သည်။သူသည် အသေးစိတ်ကျကျ တွေ့မြင်နိုင်ခြင်းမရှိချေ။
သို့ရာတွင် စာပေသူတော်စင်ယီဟန်သည် လုယွီကို နတ်ဘုရားလမ်းကြောင်းဖွင့်ပေးပြီးနောက် သူ၏ကံကြမ္မာစွမ်းအားအပေါ် ထိန်းချုပ်နိုင်မှုစွမ်းရည်သည် အကြီးအကျယ်တိုးတက်လာပေ၏။
အထူးသဖြင့် ခွေးဝါကြီးပေးသော လက်ဆောင်ကို လက်ခံရရှိပြီးနောက် လုယွီသည် ကံကြမ္မာတာအိုအပေါ် အစပျိုးအဆင့်အနေဖြင့် ဖမ်းဆုပ်နိုင်ခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏အမြင်အာရုံအောက်၌ မှိန်ဖျော့ဖျော့မျဥ်းကြောင်းများထွက်ပေါ်လာကာ အဝေးတစ်နေရာ၌ ပျောက်ကွယ်သွားသည်။
"ငါ အပြင်ကိုခဏလောက်သွားပြီး စုံစမ်းလိုက်အုံးမယ်"
လုယွီက နဥ်အမ်ထုံကိုပြောဆိုကာ အဝေးသို့ ပျံသန်းသွားလေ၏။
တော်ဝင်နန်းတွင်း၏လေဟာနယ်သင်္ဘောကို နေ့ခင်းကြောင်တောင်တွင် တိုက်ခိုက်ဝံ့သည်အထိ မည်သူက အတင့်ရဲသည်ကို သူ မြင်တွေ့လိုသည်။
ကံကြမ္မာမျဥ်းကြောင်းများမှတဆင့် လုယွီက အဝေးတစ်နေရာသို့ ပျံသန်းခဲ့သည်။
လုယွီ ထွက်ခွာသွားစဥ်တွင် ကျန်ရှိနေသော မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများသည် စိတ်ပျက်လက်ပျက်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
ဤလုယွီသည် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်း ဖြစ်လာသည့် ပထမဆုံးနေ့မှာပင် ယခုကဲ့သို့ အတင့်ရဲစွာ ပြုမူဝံ့သည်။
စွန်းယုသည် ဤနေရာ၌စောင့်ကြပ်နေရန် သူတို့အားလုံးကို မှာကြားခဲ့သော်လည်း မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီသည် အဝေးသို့ ထွက်ခွာသွားလေပြီ။
ဤသည်က စွန်းယု၏သတိပေးချက်ကို သူ ဂရုမစိုက်ခြင်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။
"အဲ့ဒီကောင်လေးမှာ ဘယ်လိုနောက်ခံမျိုးရှိနေတာလဲ....သူက အရမ်းအတင့်ရဲတာပဲ"
"ရှူး...မင်း အသံတိုးတိုးပြောစမ်း...သူ့ကိုကြည့်ရတာ လူဆိုးထိန်းနဥ်နဲ့ ပတ်သတ်မှုတစ်ခုခုရှိနေပုံပဲ...လူဆိုးထိန်းနဥ် ကြားမသွားစေနဲ့"
Chapter 3364
မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများသည် အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြ၏။သို့ရာတွင် ရုတ်တရက် နဥ်အမ်ထုံသည် လုယွီ ထွက်ခွာသွားရာဘက်သို့ဦးတည်၍ ပျံသန်းသွားသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရသည်။
သူ့ရှေ့ရှိ ကံကြမ္မာမျဥ်းကြောင်းများမှတဆင့် လုယွီသည် မကြာမီမှာပင် မြို့ငယ်လေးတစ်မြို့ထံသို့ ရောက်ရှိသွားသည်။
ရှီးလျန်ကြယ်နယ်မြေပေါ်တွင် ရှီးလျန်မြို့အပြင် လူသားများစုဝေးနေထိုင်သော နေရာအမြောက်အများရှိနေသည်။
ထိုနေရာများသည် မြို့ကြီးများကဲ့သို့ အရင်းအမြစ်ပေါများခြင်းမရှိသည့်အပြင် စိတ်ဝိညာဥ်စွမ်းအင် ထူထပ်သိပ်သည်းမှုလည်းမရှိချေ။သို့ရာတွင် ဤနေရာ၌ စိတ်အေးလက်အေးနေနိုင်ကာ ကုန်ကျစရိတ်မှာလည်း လွန်စွာနည်းပါးသည်။လေလွင့်ကျင့်ကြံသူတချို့နှင့်သေမျိုးများသည် ဤကဲ့သို့မြို့ငယ်လေးများ၌နေထိုင်ရန် ရွေးချယ်ကြလေ၏။
ထိုမြို့ငယ်လေးအနီးသို့ ချဥ်းကပ်မိသည်နှင့် လုယွီက ခပ်ဖျော့ဖျော့သွေးညှီနံကို အနံခံမိသည်။
ဤသည်က နေ့လည်ခင်းအချိန်ဖြစ်သော်လည်း မြို့တံခါးကို တင်းတင်းကျပ်ကျပ်ပိတ်ထားသည်။မြို့အတွင်း၌ မည်သူမျှရှိမနေသည့်အလားပင်။
မြို့တံခါး၏ထောင့်တစ်နေရာ၌ ကင်းပုန်းစောင့်နေသော လူနှစ်ယောက်ရှိသည်။ထိုကင်းပုန်းများသည် ဖုံးကွယ်မှော်မန္တန်ကို အသုံးပြုထားသဖြင့် အကယ်၍ သူသာ ချီစောင့်ကြည့်ခြင်းမှော်မန္တန်ကို အသုံးမပြုထားပါက တွေ့မြင်နိုင်မည်မဟုတ်ချေ။
သို့ရာတွင် ဤနိမ့်ကျသောမှော်မန္တန်များသည် လုယွီ၏အမြင်အာရုံအောက်မှ မလွတ်မြောက်နိုင်ချေ။
လူသေတစ်ယောက်ကဲ့သို့ လဲလျောင်းနေသော လူသည် ရုတ်တရက် သူ၏ပါးစပ်ကိုပိတ်ထားခြင်းအား ခံလိုက်ရ၏။
ရုတ်တရက် တစ်စုံတစ်ယောက်သည် သူ၏နောက်မှ ကျူးကျော်ဝင်ရောက်လာသည်ကို သူ သတိပြုမိသဖြင့် အော်ဟစ်ရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် အေးစက်စက်အသံတစ်သံက သူ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
ထိုအသံသည် မိုးကောင်းကင်ယံအတွင်းမှ မိုးကြိုးပစ်သံနှင့်တူညီကာ လူများကို ဆန့်ကျင့်မည့်အတွေးမျိုး မတွေးဝံ့အောင် ပြုလုပ်နိုင်စွမ်းရှိသည်။
ထိုလူသည် မကြာမီမှာပင် စိတ်တည်ငြိမ်သွားကာ သူ၏မျက်လုံးအတွင်း၌ တောင်းပန်တိုးလျှိုးသောအရိပ်အယောင်များ ထင်ဟပ်နေသည်။
"မင်း ဘယ်သူလဲ...မင်း ဒီနေရာမှာ ဘာလုပ်နေတာလဲ"
လုယွီက မေးမြန်းလေ၏။
ထိုလူသည် လုယွီ သူ့အားသတ်ဖြတ်မည်ကို စိုးရိမ်သဖြင့် ဂရုတစိုက် အဖြေပေးလိုက်သည်။
"ငါတို့က လေလွင့်ကျင့်ကြံသူတွေပါ...ဒီနေရာကိုလာဖို့ အမိန့်တစ်ခုကို ငါတို့ ရထားတယ်...ငါ တခြားကိစ္စကို ဘာမှမသိဘူး"
"မင်းက လိမ်ရဲတာလား"
လုယွီ၏မျက်နှာပေါ်၌ အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်လာသည်။
ဤလူ၏ဖုံးကွယ်နည်းစနစ်သည် အလွန်အဆင့်မြင့်ပေ၏။ဤကဲ့သို့ နည်းစနစ်မျိုးကို တတ်မြောက်ထားသူသည် မည်သည့်နည်းဖြင့် လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်မည်နည်း။
"ငါ အမှန်အတိုင်း ပြောတာပါ...စီနီယာ ငါက အမိန့်အတိုင်း လုပ်ရတာပါ..ကျေးဇူးပြုပြီးတော့ ငါ့ကိုသနားညှာတာပေးပါ"
ထိုလူက အသနားခံ တောင်းပန်လေသည်။
လုယွီသည် ထပ်မံစကားပြောဆို၍ အချိန်မဖြုန်းတော့ချေ။သူသည် ထိုလူ၏လည်ပင်းကိုရိုက်ကာ သတိလစ်မေ့မျောသွားစေသည်။
ထို့နောက် လုယွီသည် စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကို တိုက်ရိုက်အသုံးပြုလိုက်တော့သည်။
ရုတ်ချည်းဆိုသလိုပင် မှတ်ဥာဏ်အပိုင်းအစများက လုယွီ၏စိတ်အတွင်းသို့ တိုးဝင်လာသည်။သူသည် ရက်စက်ကြမ်းကြုတ်သော ကိစ္စအမြောက်အများကို ရှင်းရှင်းလင်းလင်း မြင်တွေ့မိလေ၏။
သူ့ရှေ့ရှိလူတစ်စုသည် လေဟာနယ်ကြယ်ဓားပြများပင်။
သို့ရာတွင် ဤလူများသည် လုယွီ ယခင်က မြင်တွေ့ဖူးသော လေဟာနယ်ကြယ်ဓားပြများထက် များစွာပို၍ အတင့်ရဲသည်။သူတို့သည် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၏ပိုင်နက်အတွင်း၌ပင် လုပ်ကိုင်ဆောင်ရွက်ဝံ့သည်။
ထိုလေဟာနယ်ကြယ်ဓားပြများသည် ဥပဒေမဲ့ထင်ရာစိုင်းခဲ့သဖြင့် သူတို့၏လက်များအတွင်း၌ အသက်များစွာ သေကြေပျက်စီးခဲ့ရသည်။သူတို့အနက်မှတချို့ကို ဆဋ္ဌမဂိတ်တံခါးမှ ဖမ်းဝရမ်းထုတ်ထားကာ ပုန်ကန်သူများဟုပင် ယူဆနိုင်ပေ၏။ဤနေရာတွင် နတ်ဆိုးကျင့်ကြံနည်းစနစ်များကိုကျင့်ကြံသော ကျင့်ကြံသူတချို့လည်းရှိနေသည်။
ထိုလူများ၏မျက်လုံးများအတွင်းတွင် တခြားသူများ၏အသက်များသည် မြက်ပင်များနှင့်တူညီကာ သူတို့ ဆန္ဒရှိသည့်အတိုင်း သတ်ဖြတ်ခဲ့ကြသည်။
စစ်လက်နက်ပစ္စည်းများတင်ဆောင်လာသော လေဟာနယ်သင်္ဘောကို လုယက်ခြင်းမှာလည်း သူတို့၏လက်ချက်ပင်။
လုယွီသည် သတိလစ်မေ့မျောနေသော လေဟာနယ်ဓားပြကို နံဘေးသို့ပစ်ချလိုက်၏။
ထို့နောက် သူသည် မြို့အတွင်းသို့ တိတ်တဆိတ် ခိုးဝင်ခဲ့သည်။
ဤမြို့ငယ်လေး၏လမ်းများပေါ်၌ အလောင်းများဖြင့် ပြည့်နှက်နေကာ တောင်ပုံရာပုံဖြစ်နေသည်ကို သူ မြင်တွေ့မိသည်။
ဤအလောင်းများတွင် အသက်အရွယ်မျိုးစုံ လူတန်းစားမျိုးစုံ ပါဝင်ပေ၏။
သူတို့သည် ယခင်က ဤနေရာတွင် အသက်ရှင်နေထိုင်ခဲ့ကြသူများဖြစ်ပြီး ယခုလက်ရှိချိန်၌ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရသည်။
ကံကြမ္မာမျဥ်းကြောင်းများသည်လည်း ဤနေရာအရောက်တွင် ပြတ်တောက်သွားသည်။
လေဟာနယ်သင်္ဘောကို လုယက်သွားသူများသည် ဤမြို့ငယ်လေးအတွင်းတွင် ပုန်းအောင်းနေကြသည်မှာ သိသာထင်ရှားလှ၏။
လမ်းများပေါ်တွင် ကင်းလှည့်နေသော လူတချို့ရှိနေသော်လည်း လုယွီကို သတိမပြုမိကြချေ။သူသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မြို့၏နက်ရှိုင်းသောနေရာထံသို့ ဝင်ရောက်ခဲ့သည်။
Chapter 3365
သူ မြို့ငယ်လေးအတွင်းသို့ ပို၍နက်ရှိုင်းစွာ ဝင်မိလေလေ အလောင်းများ ပို၍များပြားလာလေလေပင်။
လေထုအတွင်း၌ ပြင်းထန်ပြီး ပျို့အန်ချင်ဖွယ်သွေးညှီနံများနှင့် ပြည့်နှက်နေသည်။
ဤသည်က အသူရာငရဲနယ်မြေအတွင်း၌ ရှိနေသည့်အလားပင်။
လုယွီသည် လျှောက်လှမ်းလာရင်း သူ၏မျက်လုံး တစတစ ပို၍အေးစက်တင်းမာလာသည်။
ဤမြို့ငယ်လေးအတွင်းရှိ လေဟာနယ်ဓားပြများသည် လုံးလုံးလျားလျား လူစိတ်ကင်းမဲ့နေလေပြီ။သူတို့သည် သတ်ဖြတ်ရန်ကိုသာသိသော တောရိုင်းတိရစ္ဆာန်များနှင့် တူညီနေသည်။
ဤအချိန်အခိုက်အတန့်တွင် မြို့လယ်၌ လေဟာနယ်ဓားပြတစ်စု သောက်စားနေပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေကြ၏။
အဝေးမှနေ၍ သူတို့၏ကျယ်လောင်စွာအော်ဟစ်ရယ်မောနေသံများကို ကြားနိုင်သည်။
"ဒီတာဝန်ကို အဆုံးသတ်ပြီးတဲ့နောက်မှာ...အနည်းဆုံးတော့ ငါ အချိန်တစ်ခုထိ စိတ်လွတ်ကိုယ်လွတ် နေလို့ရပြီ"
"ဟား ဟား ဟား...ဒီတာဝန်ရဲ့နောက်မှာ ဘယ်လိုအရေးကြီးပုဂ္ဂိုလ်မျိုးရှိနေတယ်ဆိုတာ ငါ သိချင်တယ်...ဒီတာဝန်တစ်ခုပြီးဆုံးတာက တခြားတာဝန်ဆယ်ခုထက် ပိုပြီးကောင်းတယ်"
လေဟာနယ်ဓားပြတစ်စုက ဝမ်းမြောက်ဝမ်းသာ စကားပြောဆိုနေကြသည်။
ကင်းပုန်း၏မှတ်ဥာဏ်များမှတဆင့် လုယွီသည် ဤလေဟာနယ်ဓားပြများ၏အခြေအနေကို သိရှိပြီးဖြစ်သည်။
ဤလေဟာနယ်ဓားပြများသည် သူတို့၏ကိုယ်ပိုင်နည်းလမ်းများဖြင့် အမျိုးမျိုးသောတာဝန်များကို လက်ခံဆောင်ရွက်ကြလေ၏။
အမှန်အားဖြင့် ထိုတာဝန်များသည် လူသတ်ခြင်း ပစ္စည်းများကိုခိုးဝှက်လုယက်ခြင်း လူများကိုဖမ်းဆီးခြင်းကဲ့သို့သော ရာဇဝတ်မှုများပင်။
ဤတစ်ကြိမ်တွင် သူတို့အား လျှို့ဝှက်ငှားရမ်းခဲ့သူသည် အဖိုးအခများစွာကို လိုလိုလားလားပေးခဲ့သည်။ထိုလူသည် လေဟာနယ်ဓားပြများ မျှော်လင့်မထားခဲ့သော တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ငွေပမာဏကိုပင် ပေးချေခဲ့လေ၏။
ငွေကြေးသာရရှိပါက ဤလေဟာနယ်ဓားပြများသည် မည်သည့်ကိစ္စဖြစ်နေပါစေ သူတို့စွမ်းဆောင်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ကြပေမည်။
တာယွီ၏ဥပဒေအရ စစ်လက်နက်ပစ္စည်းများကို လုယက်ခြင်းသည် အလွန်ကြီးလေးသော ရာဇဝတ်မှုကြီးပင်။ထိုလူများသည် ကိုယ်လက်အင်္ဂါအပြည့်အစုံ မချန်ခဲ့နိုင်ဘဲ ကွပ်မျက်ခြင်းခံရပေမည်။
သို့ရာတွင် ဤလေဟာနယ်ဓားပြများသည် ရေတိုအကျိုးကိုသာကြည့်ပြီး သေရမည်ကို မကြောက်ရွံကြချေ။သူတို့သည် လမ်းတစ်ဝက်မှစောင့်ဆိုင်း၍ အဆိပ်ကိုအသုံးပြုကာ စစ်လက်နက်ပစ္စည်းများအား သယ်ယူပို့ဆောင်သည့်လူများအားလုံးကို သတ်ဖြတ်ခဲ့သည်။တစ်ချိန်တည်းမှာပင် သူတို့သည် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များအတွင်းမှ ဝင်္ကပါဖွဲ့စည်းပုံများကို ထုတ်ယူခဲ့လေ၏။
ဤသည်က သူတို့၏နောက်ကွယ်ရှိပုဂ္ဂိုလ် စေခိုင်းသောအရာပင်။
"ငါ့အထင်တော့ အဲ့ဒီလူက တကယ်ကြီးထူးဆန်းတယ်...ဒီငွေတွေက ဝင်္ကပါတစ်ခုကိုတည်ဆောက်ဖို့ ဝင်္ကပါပညာရှင်တစ်ယောက်ကို ငှားရမ်းဖို့လုံလောက်တယ်....ဟုတ်တယ်မလား...သူက ဘာလို့ ငါတို့ကိုလွတ်ပြီး ခိုးယူခိုင်းတာလဲ"
"ဒါက မင်း အတွေ့အကြုံနည်းသေးတာကို ပြနေတာပဲ....မင်း ရူးနေတာလား...ငါတို့ ခိုးယူခဲ့တာက စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်တွေရဲ့ ဝင်္ကပါဖွဲ့စည်းပုံတွေ...ဒါက တာယွီတော်ဝင်စစ်တပ်ရဲ့လူသတ်လက်နက်ကြီးတွေပဲ....အထဲမှာရှိတဲ့ ဝင်္ကပါဖွဲ့စည်းပုံတွေက အရမ်းနက်နဲသိမ်မွေ့တယ်...တကယ်လို့ တစ်ယောက်ယောက်က ရှီးလျန်မြို့ရဲ့အတော်ဆုံးဝင်္ကပါပညာရှင်ကို ငှားရမ်းရင်တောင် ဒီလိုဝင်္ကပါမျိုးတွေကို ပုံစံတူ ထုတ်လုပ်ပေးနိုင်မှာမဟုတ်ဘူး"
ထိုလေဟာနယ်ဓားပြများ၏ခေါင်းဆောင်သည် မုတ်ဆိတ်ဗရပျစ်နှင့် လူထွားကြီးတစ်ယောက်ပင်။ထိုအငြင်းပွားမှုကိုကြားချိန်တွင် သူက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။
"ငါတို့က သူ့ကို ဂရုစိုက်စရာမလိုဘူး...သူက ငါတို့ကို ငွေပေးနိုင်သရွေ့ အဆင်ပြေတယ်...ဒီအချိန်အတောအတွင်းမှာ အုပ်ချုပ်ရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ အရမ်းတင်းကြပ်လိမ့်မယ်...ငါတို့က ငွေရပြီးတာနဲ့ တခြားနေရာကိုသွားပြီးတော့ ပျော်ပျော်ရွှင်ရွှင်နေကြမယ်...တာယွီတော်ဝင်စစ်တပ်က ဒီနေရာကို ခုခံကာကွယ်နိုင်တော့မယ်လို့ ငါ မထင်ဘူး...ငါတို့က ဒီအလုပ်ပြီးတာနဲ့ တခြားကြယ်နယ်မြေတစ်ခုဆီကို သွားနေရလိမ့်မယ်"
ထိုအချိန်မှာပင် လေဟာနယ်ဓားပြများအနက်မှတစ်ယောက်က ပြောဆိုသည်။
"အကိုကြီး....ဘာလို့ ငါတို့က ထန်အင်ပါယာဘက်ကို သွားမနေရတာလဲ...တကယ်လို့ ငါတို့က တာယွီအင်ပါယာဘက်မှာ ဆက်နေမယ်ဆိုရင် ငါတို့မှာ ဘာအနာဂတ်မှမရှိမှာကို စိုးရိမ်မိတယ်"
"မင်း ဘာသိလို့လဲ....ဖရိုဖရဲဖြစ်နေတဲ့နေရာတွေက ငါတို့အတွက် အသင့်တော်ဆုံးပဲ....မင်း နားလည်လား...အမြင်ကျဥ်းတဲ့ကောင်တစ်သိုက်ပဲ....ဝင်္ကပါဖွဲ့စည်းပုံတွေကို သေချာစောင့်ကြည့်ထားစမ်း...တစ်ယောက်ယောက်လာယူပြီးတော့ ငွေပေးချေတဲ့အထိ ငါတို့စောင့်ရမယ်"
လေဟာနယ်ဓားပြခေါင်းဆောင်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
ဤလေဟာနယ်ဓားပြတစ်စု၏ ကာကွယ်မှုအောက်ရှိ စားပွဲတစ်လုံးပေါ်၌ သေတ္တာငယ်အမြောက်အများရှိနေသည်။ထိုသေတ္တာငယ်အတွင်းရှိ ဝင်္ကပါများမှနေ၍ စွမ်းအင်လှုပ်ခတ်မှုများ ဖျော့တော့တော့ထွက်ပေါ်နေပေ၏။ဤသည်မှာ စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များ၏ ဝင်္ကပါဖွဲ့စည်းပုံများပင်။
ဤဝင်္ကပါဖွဲ့စည်းပုံများသည် အလွန်အဖိုးတန်သဖြင့် သိုလှောင်အိတ်အတွင်း၌ လွယ်လင့်တကူ ထား၍မရချေ။အကြောင်းအရင်းမှာ သိုလှောင်အိတ်အတွင်း၌ လေဟာနယ်မတည်ငြိမ်ခြင်းကြောင့်ဖြစ်သည်။အကယ်၍ တစ်စုံတစ်ယောက်သည် ဂရုမစိုက်မိဘဲနေမိပါက ဝင်္ကပါဖွဲ့စည်းပုံများ ထိခိုက်ပျက်စီးသွားလျှင် သူတို့၏အင်အားစိုက်ထုတ်မှုများအားလုံး အလဟဿဖြစ်သွားနိုင်သည်။
ထို့ကြောင့် ဤလူတစ်စုသည် ဝင်္ကပါဖွဲ့စည်းပုံများအားလုံးကို ပြင်ပရှိစားပွဲပေါ်တွင်တင်ထားကာ ဂရုတစိုက်စောင့်ကြည့်နေကြခြင်းဖြစ်သည်။
ပတ်ဝန်းကျင်ရှိ လေဟာနယ်ဓားပြများအားလုံးသည် သောက်စားပျော်ပါးကာ စိတ်လွတ်ကိုယ်လွတ်ရှိနေပုံရသည်။သို့ရာတွင် သူတို့တစ်ယောက်ချင်းစီ၏ မျက်လုံးအကြည့်များသည် အလွန်လျှင်မြန်ကာ သူတို့ရှေ့ရှိ ဝင်္ကပါပုံစံများကိုသာ ဂရုတစိုက်စောင့်ကြည့်နေကြ၏။အကယ်၍ ပတ်ဝန်းကျင်တွင် မူမမှန်သောလှုပ်ရှားမှုမျိုးရှိနေပါက သူတို့သည် ချက်ချင်းသတိပြုမိပေမည်။
Thank for Reading.