အခန်း (၃၃၆၆-၃၃၇၀)
Vol. 172 Ch. 3366-3370
Chapter 3366
"အကိုကြီး...ဘာမှမစိုးရိမ်ပါနဲ့...ငါတို့ ဂရုတစိုက်ကြည့်နေသရွေ့ ဒီဝင်္ကပါဖွဲ့စည်းပုံတွေမှာ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး"
လေဟာနယ်ကြယ်ဓားပြတစ်စုသည် သူတို့၏ရင်ဘတ်များကိုပုတ်၍ ကတိပေးလိုက်ကြ၏။
လေဟာနယ်ကြယ်ဓားပြခေါင်းဆောင်က ခေါင်းညိတ်ပြပြီးနောက် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
"ဘာလို့ အပြင်ကလူတွေ ခုထိ လူမလဲသေးတာလဲ"
သတိကြီးစွာထားသည့်အနေဖြင့် သူသည် တစ်နာရီလျှင်တစ်ကြိမ် အစောင့်များကို ပြင်ပ၌ အလှည့်ကျလူလဲ၍ စောင့်ကြပ်စေသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ပြင်ပ၌စောင့်ကြပ်နေသူများ ပြန်လာခြင်းမရှိချေ။
ဝုန်း....
တခြားလေဟာနယ်ဓားပြများသည် ချက်ချင်းဆိုသလိုပင် သတိကြီးစွာထား၍ မတ်တတ်ထရပ်လိုက်ကြ၏။
အစောပိုင်းက အရက်သေစာသောက်စားပြီး မူးယစ်ရီဝေနေပုံရသော လေဟာနယ်ဓားပြများ၏မျက်လုံးများ တောက်ပသွားသည်။သူတို့သည် ဝုန်းခနဲမတ်တတ်ထရပ်လိုက်ကြကာ သူတို့၏ခန္ဓာကိုယ်များမှနေ၍ အစွမ်းထက်သောမှော်စွမ်းအားများ ပွင့်အံ့ထွက်လာသည်။
ယခုကြည့်ရသည်မှာ ယခင်က မြင်ကွင်းသည် ဟန်ပြသက်သက်ဖြစ်ပုံပင်။
ဤလူများ၏ အရက်ဒဏ်ခံနိုင်စွမ်းမှာ လွန်စွာမြင့်မားသည်။အကယ်၍ သူတို့သည် အရက်ခွက်ပေါင်း ရာထောင်ချီ၍သောက်လျှင်ပင် မူးယစ်ရီဝေနေမည်မဟုတ်ချေ။
လေဟာနယ်ကြယ်ဓားပြဖြစ်လာသူများသည် ကျင့်ကြံခြင်းလောကတွင် နှစ်ပေါင်းများစွာကြာအောင် ကျင်လည်ကျက်စားခဲ့သော မြေခွေးအိုကြီးများပင်။တခြားသူများသည် သူတို့ မူးယစ်သောက်စားနေကြသည်ကို မြင်တွေ့သဖြင့် သူတို့ကို အထင်အမြင်သေးကြပေမည်။သို့ရာတွင် ဤသည်မှာ လေဟာနယ်ကြယ်ဓားပြများ ဆင်ထားသောထောင်ချောက်ကို ထိုလူများ မသိရှိခြင်းဖြစ်သည်။
"တစ်ခုခုတော့မှားနေပြီ...တစ်ယောက်ယောက်က ဒီနေရာကို ခိုးဝင်လာတာများလား"
လေဟာနယ်ကြယ်ဓားပြခေါင်းဆောင်သည် စားပွဲပေါ်ရှိ သူ၏ဓားရှည်ကို ရုတ်တရက်ဆွဲယူလိုက်ကာ တင်းမာခက်ထန်စွာ အော်ဟစ်လိုက်၏။
"ဘယ်သူလဲ...ဒီနေရာကို ထွက်လာခဲ့စမ်း"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
သူ့ရှေ့ရှိ ဤလေဟာနယ်ကြယ်ဓားပြတစ်စုသည် အလွန်သတိကြီးမည်ဟု သူ မျှော်လင့်မထားမိချေ။
လုယွီသည် ယခင်က ဤနေရာတွင်ပုန်းအောင်းနေ၍ လေဟာနယ်ကြယ်ဓားပြများနှင့် အချိန်းအချက်ပြုလုပ်ထားသည်မှာ မည်သူဖြစ်သည်ကို သိရှိလိုခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူ ရှိကြောင်း သိရှိသွားပြီဖြစ်သဖြင့် သူ ထပ်မံ၍ပုန်းအောင်းနေရန် မလိုအပ်တော့ချေ။
သူ ပြင်ပသို့ ထွက်ခါနီးဆဲဆဲအချိန်မှာပင် အေးစက်စက်အသံတစ်သံက မြို့ငယ်လေး၏အထက်ကောင်းကင်ယံအတွင်းမှ ထွက်ပေါ်လာသည်။
"နေ့ခင်းကြောင်တောင်မှာတောင် နင်တို့က အခွင့်အာဏာမရှိဘဲနဲ့ အပြစ်မဲ့တဲ့လူတွေကို သတ်ဝံ့တယ်....ဒီလိုသတ္တိမျိုး နင်တို့ကို ဘယ်သူက ပေးထားတာလဲ"
ထိုအော်သံနှင့်အတူ ဓားချီတစ်လှိုင်းက ရှည်လျားသောလမ်းမကြီး၏အဆုံးမှနေ၍ ပျံဝဲလာသည်။
"လာခဲ့စမ်း"
တစ်ဖက်လူသည် လှုပ်ရှားမှုလုပ်လိုက်သည်အား မြင်တွေ့ချိန်တွင် လေဟာနယ်ကြယ်ဓားပြခေါင်းဆောင်သည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိချေ။တစ်ချိန်တည်းမှာပင် သူသည် တစ်ဖက်လူထံဦးတည်၍ ဓားချက်တစ်ချက် ခုတ်ပိုင်းလိုက်၏။
ဝှစ်....
သူ၏လက်အတွင်းရှိ ကျားခေါင်းဆေဘာဓားသည် အတော်အသင့်ကောင်းမွန်သော မှော်လက်နက်တစ်ခုပင်။
ထိုဆေဘာဓားကို ဝှေ့ယမ်းလိုက်ချိန်တွင် ကြည်လင်ပြတ်သားသော ကျားဟိန်းသံသည် ချက်ချင်းဆိုသလိုပင် လေထုအတွင်း၌ ပဲ့တင်ထပ်နေကာ နားအူလုမတတ်ပင်။
ထိုကျားဟိန်းသံနှင့်အတူ ပြင်းထန်သောလေပြင်းတစ်ရပ်လည်း အတူယှဥ်တွဲလာသဖြင့် နံဘေးရှိ စားပွဲများနှင့်ကုလားထိုင်များ လွင့်ထွက်သွားသည်။အချိန်တိုအတွင်းမှာပင် မြို့ငယ်လေး၏အထက်ကောင်းကင်ယံကို ကျယ်လောင်သော ကျားဟိန်းသံကြီးက လွှမ်းခြုံသွားလေ၏။
ဘုန်း
ဓားချီနှင့်ဆေဘာဓားချီတို့သည် ဖီလာဆန့်ကျင်ရိုက်ခတ်မိကာ ကျယ်လောင်သောဆူညံသံကြီး ထွက်ပေါ်လာသည်။
ဓားစွမ်းအင်ထွက်ပေါ်လာချိန်၌ လွန်စွာကြီးကျယ်ခမ်းနားသည်။သို့ရာတွင် ထိုအရာသည် လေဟာနယ်ကြယ်ဓားပြခေါင်းဆောင်၏ဆေဘာဓားချီနှင့် ထိတွေ့မိချိန်တွင် မကျော်လွှားနိုင်သောတောင်ကြီးတစ်လုံးကို ရိုက်ခတ်မိသည့်အလား ကြေမွှကာပျက်စီးသွားတော့သည်။
"မင်း ဘယ်နေရာကနေရောက်လာတာလဲ...ဒီနေရာကို ထွက်လာခဲ့စမ်း"
ဓားပြခေါင်းဆောင်က တင်းမာခက်ထန်သောလေသံဖြင့် အော်ဟစ်လိုက်၏။
ကျားတစ်ကောင်ကဲ့သို့ စူးရှသော သူ၏မျက်လုံးတစ်စုံက လမ်းမကြီးထံသို့ ကျရောက်သွားသည်။
မြို့ငယ်လေး၏ ရှည်လျားသောလမ်းမပေါ်တွင် အနက်ရောင်လူရိပ်တစ်ရိပ် ရုတ်တရက် ထွက်ပေါ်လာကာ လေဟာနယ်ကြယ်ဓားပြများ၏ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။
ထိုလူသည် အနက်ရောင်ပိုးထည်ဝတ်စုံပေါ်တွင် ကြေးနီသံချပ်ကာကို ထပ်ဝတ်ထားသည်။ထိုပိုးထည်ဝတ်စုံ၏နောက်ကျောတွင် 'လူဆိုးထိန်း'ဟူသောစာလုံးကို ရေးထိုးထားပေ၏။
ယခုရောက်ရှိလာသူမှာ နဥ်အမ်ထုံပင်။
သူမသည် လုယွီ၏နောက်သို့ ဤနေရာထိ လမ်းတလျှောက်လုံးလိုက်လာရာ ဤမြို့ငယ်လေးအတွင်းရှိဖြစ်ရပ်များကို ပက်ပင်းတိုးမိခြင်းဖြစ်သည်။သူမသည် လမ်းများပေါ်၌ လဲကျနေသော အလောင်းများကို မြင်တွေ့မိချိန်တွင် အလွန်အမင်း ဒေါသထွက်သွားသည်။
အထူးသဖြင့် လေဟာနယ်ကြယ်ဓားပြများသည် အလောင်းများ၏နံဘေး၌ သောက်စားပျော်ပါးနေသည်ကို မြင်တွေ့ချိန်၌ သူမ၏ဒေါသများကို ထိန်းချုပ်၍မရတော့ချေ။
လေဟာနယ်ကြယ်ဓားပြများသည် သူမ၏ဝတ်စုံကိုမြင်တွေ့ချိန်၌ အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။
"မကောင်းတော့ဘူး အကိုကြီး...ဆဋ္ဌမဂိတ်တံခါးကလူတွေ ဒီနေရာကိုရောက်နေပြီ"
"ငါတို့ ပြေးကြမလား...ဒီနေရာမှာ ငါတို့ အချိန်ကြာကြာနေဖို့ မသင့်တော်တော့ဘူး"
လေဟာနယ်ဓားပြတချို့သည် နဥ်အမ်ထုံ၏ဝတ်စုံကို မြင်တွေ့ချိန်တွင် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ချက်ချင်းသတိပြုမိသွားလေ၏။
Chapter 3367
သူတို့သည် နဥ်အမ်ထုံ၏ဝတ်စုံကြောင့် ထိတ်လန့်ကြောက်ရွံနေခြင်းပင်။
ဤလေဟာနယ်ကြယ်ဓားပြများအနက်မှ အများစုသည် အကျဥ်းထောင်အတွင်းသို့ မကြာခဏဝင်ထွက်နေကျ ဧည့်သည်တော်များပင်။သူတို့အား အကျဥ်းထောင်အတွင်းသို့ ပို့ဆောင်သူများကမူ ဆဋ္ဌမဂိတ်တံခါးမှ လူများဖြစ်သည်။
လေဟာနယ်ကြယ်ဓားပြများသည် ဆဋ္ဌမဂိတ်တံခါးမှလူဆိုးထိန်းများကို မြင်တွေ့ချိန်၌ သူတို့၏နှလုံးသားအောက်ခြေမှလာသော မလွန်ဆန်နိုင်သည့် ခံစားချက်မျိုးရှိနေသည်။
"မင်းတို့က ဘာတွေကြောက်နေကြတာလဲ...ဒါက ဆံပင်အဝါရောင်နဲ့ ကောင်မလေးတစ်ယောက်ပဲလေ...သူတစ်ယောက်တည်းကို မင်းတို့ ခုလောက်ထိကြောက်စရာ လိုလို့လား"
ဓားပြခေါင်းဆောင်က ကောက်ကျစ်ယုတ်မာစွာ ရယ်မောကာ ခပ်အုပ်အုပ်လေသံနှင့် ပြောဆိုသည်။
တခြားလေဟာနယ်ဓားပြများသည် အစပထမ၌ ထိတ်လန့်ကြောက်ရွံနေကြ၏။ထို့နောက် သူတို့သည် နဥ်အမ်ထုံ တစ်ယောက်တည်းရောက်လာသည်ကို သိနားလည်သွားသည်။ရုတ်ချည်းဆိုသလိုပင် သူတို့၏မျက်နှာများပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးများ ထင်ဟပ်လာသည်။
သူတို့သည် စစ်လက်နက်ပစ္စည်းများ သယ်ဆောင်လာသော လေဟာနယ်သင်္ဘောကိုပင် အကြမ်းဖက်လုယက်ဝံ့သူများဖြစ်သည်။
အကယ်၍ လူဆိုးထိန်းတစ်ယောက်မျှကို သတ်ဖြတ်ရမည်ဆိုပါက သူတို့ ဂရုစိုက်နေမည်မဟုတ်ချေ။
"နင်တို့က ဘာလုပ်ချင်တာလဲ....ငါ နင်တို့ကိုပြောမယ်...တကယ်လို့ နင်တို့က လူဆိုးထိန်းတွေကို တိုက်ခိုက်ဝံ့မယ်ဆိုရင် နင်တို့ရဲ့ပြစ်မှုတွေက အများကြီးပိုကြီးသွားလိမ့်မယ်"
နဥ်အမ်ထုံသည်လည်း တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိလေ၏။သူမက မျက်မှောင်ကြုတ်ကာ သူမ၏စိတ်အတွင်း၌ ဆိုးရွားသောခံစားချက်တစ်ခုကို ရရှိနေသည်။
သူမ ဤနေရာသို့ရောက်ရှိချိန်တွင် အလွန်ဒေါသထွက်နေသဖြင့် ရှေ့သို့ခုန်ထွက်ကာ အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်မိသည်။
သို့ရာတွင် ဤသည်က သူမ ရူးသွပ်မိုက်မဲခြင်းဖြစ်ကြောင်း ယခုချိန်၌ သူမ သိရှိနားလည်သွားလေပြီ။
ဤရာဇဝတ်သားများသည် မည်သည့်နည်းဖြင့် သူမထံတွင် အညံ့ခံမည်နည်း။
နဥ်အမ်ထုံသည် မသိမသာဖြင့် နောက်သို့ဆုတ်ခွာရန် ဟန်ပြင်လိုက်၏။
သို့ရာတွင် ထိုလေဟာနယ်ကြယ်ဓားပြများသည် အတွေ့အကြုံကြွယ်ဝသူများဖြစ်သဖြင့် နဥ်အမ်ထုံ၏အကြံအစည်ကို ထွင်းဖောက်မြင်ပြီးဖြစ်သည်။
"အလှလေး...အလျင်စလို ထွက်မသွားပါနဲ့အုံး...ဘာလို့ မင်းက ငါတို့နဲ့ ခဏလောက်တောင် အတူတူမနေချင်တာလဲ"
လေဟာနယ်ကြယ်ဓားပြတချို့သည် နဥ်အမ်ထုံကို ခြေဆုံးခေါင်းဆုံးကြည့်ကာ သူတို့၏မျက်လုံးအတွင်းမှနေ၍ ရမ္မက်ခိုးဝေသောအလင်းရောင်များ ဖြာထွက်နေသည်။
နဥ်အမ်ထုံသည် ထူထဲသောလူဆိုးထိန်းဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမ၏ပြေပြစ်သော ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ဖုံးကွယ်ထားနိုင်ရန် ခက်ခဲနေဆဲပင်။
ထို့ပြင် လေဟာနယ်ကြယ်ဓားပြများနှင့် ဆဋ္ဌမဂိတ်တံခါးမှလူဆိုးထိန်းများအကြား၌ ကြီးမားသောရန်ငြိုးများရှိခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။အကယ်၍ နဥ်အမ်ထုံသာ သူတို့၏လက်အတွင်းသို့ ကျရောက်သွားပါက သူမသည် မည်ကဲ့သို့ကိစ္စမျိုးနှင့် ရင်ဆိုင်ရမည်ကို တွေးတောကြည့်၍ရနိုင်သည်။
ထိုအကြောင်းကိုတွေးတောမိချိန်တွင် နဥ်အမ်ထုံ၏စိတ်နှလုံးသားအတွင်း၌ အေးစိမ့်မှုလှိုင်းများ ဖြတ်သန်းသွားသည်။
"သေစမ်း"
နဥ်အမ်ထုံသည် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကြယ်ဓားပြများထံဦးတည်၍ သူမ၏ဓားကို ဝှေ့ယမ်းလိုက်၏။
ဝှစ်...ဝှစ်...ဝှစ်.....
ထက်ရှသောဓားချီလှိုင်းများသည် လေထုကိုဖြတ်သန်း၍ လေဟာနယ်ကြယ်ဓားပြများထံသို့ တိုးဝင်သွားသည်။
နဥ်ကျိုးသည် သူ၏သမီးဖြစ်သူအား တိတ်တဆိတ်သင်ကြားပေးထားသည်ကို တွေ့မြင်နိုင်သည်။
ထိုဓားနည်းစနစ်အား အသုံးပြုလိုက်ချိန်တွင် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကြယ်ဓားပြများ၏မျက်နှာများ ဖြူရော်သွားကာ ကြောက်ရွံထိတ်လန့်သွားပြီး နဥ်အမ်ထုံ၏အနီးသို့ မချဥ်းကပ်ဝံ့တော့ချေ။
သို့ရာတွင် အချိန်မီမရှောင်တိမ်းနိုင်ခဲ့သော လေဟာနယ်ကြယ်ဓားပြတချို့ ရှိနေဆဲပင်။ထက်ရှသောဓားချီများကြောင့် သူတို့၏ခန္ဓာကိုယ်များ ပြတ်တောက်သွားကာ သွေးများဖြာကျလာသည်။
"ခွေးမ....မင်းက ငါတို့ရဲ့လူတွေကို နာကျင်အောင် လုပ်ရဲတာလား...ငါ မင်းကို ဖမ်းမိတာနဲ့ ရိုက်နှက်ပြီး ကျွန်ပြုပစ်မယ်"
သွေးများကိုကြည့်ပြီး လေဟာနယ်ကြယ်ဓားပြများသည် အလွန်ဒေါသထွက်သွားကြ၏။
သူတို့သည် သူတို့၏သက်ဆိုင်ရာ မှော်လက်နက်များကို ဆင့်ခေါ်ကာ နဥ်အမ်ထုံကိုဝိုင်းရံ၍ တိုက်ခိုက်လိုက်ကြသည်။
ဤလူများသည် အမြဲတစေ ပူးပေါင်းဆောင်ရွက်လေ့ရှိသူများဖြစ်ပြီး ယခုချိန်၌ သူတို့သည် နဥ်အမ်ထုံတစ်ယောက်တည်းကို ရင်ဆိုင်တိုက်ခိုက်နေရခြင်းဖြစ်သည်။သူတို့သည် အချင်းချင်း ပူးပေါင်းတိုက်ခိုက်ရာ၌ အလွန်ထူးချွန်သည်။
ဒေါင်...ဒေါင်..ဒေါင်...
ရုတ်ချည်းဆိုသလိုပင် နှစ်ဖက်စလုံး ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတော့သည်။
နဥ်အမ်ထုံသည် သူမ၏ဓားရှည်ကိုထိန်းချုပ်၍ လေဟာနယ်ကြယ်ဓားပြများအကြား၌ ရုန်းကန်တိုက်ခိုက်နေရသည်။သူမ ပိုပြီးတိုက်ခိုက်လေလေ ပို၍ပင်ပန်းနွမ်းနယ်လာလေလေပင်။သူမသည် တဖြည်းဖြည်းမြေပြင်ပေါ်သို့ လဲကျသွားလုမတတ်ပင်။
ထိုလေဟာနယ်ကြယ်ဓားပြများသည် တိုက်ပွဲအတွေ့အကြုံကြွယ်ဝသူများဖြစ်သည်။မကြာမီမှာပင် သူတို့သည် နဥ်အမ်ထုံ၏ဟာကွက်ကို တွေ့ရှိသွားလေ၏။
"ဟား ဟား ဟား....လဲကျစမ်း"
ရုတ်တရက် လေဟာနယ်ကြယ်ဓားပြများအနက်မှတစ်ယောက်သည် သူ၏လက်ကိုဝှေ့ယမ်း၍ မှော်မန္တန်တစ်ခုကိုအသုံးပြုကာ နဥ်အမ်ထုံ၏ဟာကွက်ကို တိုက်ခိုက်လိုက်သည်။ထို့နောက် သူသည် မှော်မန္တန်ကို ထပ်မံ၍ ပြောင်းလဲကာ နဥ်အမ်ထုံကို ရိုက်ခတ်မိစေသည်။
ရုတ်ချည်းဆိုသလိုပင် နဥ်အမ်ထုံသည် ဟန်ချက်ပျက်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
"မကောင်းတော့ဘူး"
နဥ်အမ်ထုံသည် မြေပြင်ပေါ်သို့ လဲကျသွားစဥ်တွင် သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သူမ မျှော်လင့်ထားသည့်အတိုင်းပင် လေဟာနယ်ဓားပြများသည် နဥ်အမ်ထုံလဲကျသွားသည်ကို မြင်တွေ့ချိန်၌ သူမကို ဖမ်းဆီးရန်အတွက် ရှေ့သို့တဟုန်ထိုးတိုးဝင်လာကြသည်။
Chapter 3368
ကျင့်ကြံသူများ တိုက်ခိုက်စဥ်တွင် မည်သည့်အမှားအယွင်းမဆို သေစေနိုင်သောကိစ္စပင်။
ယခုချိန်တွင် နဥ်အမ်ထုံသည် မြေပြင်ပေါ်သို့ လဲကျသွားသဖြင့် သူမသည် အသာစီးမှရှိမနေနိုင်တော့ချေ။တစ်ဖက်မှ လေဟာနယ်ကြယ်ဓားပြများသည် ထိုအခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ပေ။
"သူ့ကို ငါ့ဆီ အရင်ပေးစမ်း...ဆဋ္ဌမဂိတ်တံခါးကလူတွေကြောင့် ငါ ထောင်ထဲမှာ ဆယ်နှစ်နေခဲ့ရတယ်...ငါရဲ့ဒေါသတွေကို ဒီခွေးမပေါ်ပုံချရမယ်"
လေဟာနယ်ကြယ်ဓားပြများအနက်မှတစ်ယောက်သည် ဆဲရေးတိုင်းထွာကာ အော်ဟစ်လိုက်၏။နဥ်အမ်ထုံကိုကြည့်နေသော သူ၏မျက်လုံးအတွင်း၌ ဆိုးညစ်သောအလင်းရောင်များဖြင့် ပြည့်နှက်နေသည်။
ဤကဲ့သို့အကြည့်မျိုးဖြင့် စူးစိုက်ကြည့်ခြင်းကိုခံရချိန်တွင် နဥ်အမ်ထုံ၏စိတ်နှလုံးသားတစ်ခုလုံး မွန်းကြပ်လာသည်။သူမသည် မြေပြင်ပေါ်သို့လက်ထောက်ကာ မတ်တတ်ထရပ်ရန် ဟန်ပြင်လိုက်၏။
သို့ရာတွင် သူမ မတ်တတ်ထရပ်လိုက်စဥ်မှာပင် ဓားပြခေါင်းဆောင်သည် သူ၏အင်္ကျီလက်ကြားမှ ကြိုးတစ်ချောင်းကိုထုတ်ယူကာ သူမထံ ပစ်လွှတ်လိုက်သည်။
ထိုကြိုးပေါ်တွင် ထူထပ်သော သင်္ကေတအက္ခရာများရှိနေကာ လေထုအတွင်း၌ထွက်ပေါ်လာသည်နှင့် တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။
"အင်မော်တယ် ချည်နှောင်ခြင်းသံကြိုး"
နဥ်အမ်ထုံသည် ထိုသံကြိုးကိုမြင်တွေ့ချိန်တွင် ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
သာမာန်အားဖြင့် ဤသံကြိုးကို ဆဋ္ဌမဂိတ်တံခါးမှနေ၍ ရာဇဝတ်သားများအား ဖမ်းဆီးရာတွင်သာ အသုံးပြုသည်။
ဤသည်က အလွန်အမင်းထူးခြားသော မှော်ရတနာတစ်ခုပင်။ထိုအရာသည် တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်ပေါ်တွင် တစ်ကြိမ်ရစ်ပတ်သွားသည်နှင့် ထိုလူသည် မလှုပ်ရှားနိုင်တော့ရုံသာမက သူ၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများကိုလည်း ထုတ်ဖော်အသုံးပြုနိုင်စွမ်း မရှိတော့ချေ။သူသည် မြေပြင်ပေါ်၌ လဲလျောင်းနေပြီး မလှုပ်မယှက် နေနေရပေမည်။
အကယ်၍ ဤကဲ့သို့အရာမျိုးသာ နဥ်အမ်ထုံ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပါက ယခုလက်ရှိ သူမ၏ခွန်အားဖြင့် ချိုးဖျက်နိုင်မည်မဟုတ်ချေ။
ဝှီး....
အင်မော်တယ်ချည်နှောင်ခြင်းသံကြိုးသည် နဥ်အမ်ထုံထံသို့ဦးတည်၍ ပျံဝဲလာလေပြီ။
ရုတ်ချည်းဆိုသလိုပင် ထိုသံကြိုးသည် သူမ၏ရှေ့သို့ ရောက်ရှိလာပေ၏။သံကြိုးပေါ်ရှိ သင်္ကေတအက္ခရာများမှနေ၍ တောက်ပသောရွှေရောင်အလင်းတန်းများ အဆက်မပြတ်ဖြာထွက်နေကာ သူမအား တင်းတင်းကြပ်ကြပ် ချည်နှောင်လိုက်သည်။
နဥ်အမ်ထုံသည် အင်မော်တယ်ချည်နှောင်ခြင်းသံကြိုး၏ရစ်ပတ်ခြင်းကို ခံရချိန်တွင် သူမ၏မျက်နှာပေါ်၌ စိတ်ဓာတ်ကျသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
သူမသည် စတင်၍ အားကုန်ရုန်းကန်လိုက်၏။သို့ရာတွင် သူမ၏ခွန်အားများနှင့်မှော်စွမ်းအားများအားလုံး တားဆီးကန့်သတ်ခြင်း ခံထားရသည်ကို သူမ ကူကယ်ရာမဲ့စွာ ရှာဖွေတွေ့ရှိသွားသည်။သူမသည် ထိုအရာများကို အသုံးပြုနိုင်စွမ်းမရှိတော့ချေ။
ဤအင်မော်တယ်ချည်နှောင်ခြင်းသံကြိုးဖြင့် ဖမ်းချုပ်ခံထားရချိန်တွင် သူမသည် သေမျိုးတစ်ယောက်ထက်ပင် ပို၍အားနည်းနေသည်။
"အကိုကြီး...ဒီကောင်မလေးကို ဆုလာဘ်အနေနဲ့ ငါ့ကို ပေးပါလား"
လေဟာနယ်ကြယ်ဓားပြများအနက်မှတစ်ယောက်က သူ၏လျှာဖြင့် သူနုတ်ခမ်းကိုသပ်ကာ ရမ္မက်ခိုးဝေသောအကြည့်ဖြင့် နဥ်အမ်ထုံကို ခြေဆုံးခေါင်းဆုံး ကြည့်နေလေသည်။
အမှန်အားဖြင့် နဥ်အမ်ထုံသည် ရှီးလျန်မြို့ရှိ ထိပ်သီးအလှပိုင်ရှင်များအနက်မှတစ်ယောက်ပင်။
သို့ရာတွင် သူမသည် လူဆိုးထိန်းတစ်ယောက်ဖြစ်နေသဖြင့် လူအများအား သူမ၏အနီးသို့ ချဥ်းကပ်နိုင်ရန် ခက်ခဲစေသည်။
ဤအချိန်အခိုက်အတန့်တွင် နဥ်အမ်ထုံသည် မြေပြင်ပေါ်၌ ချုပ်နှောင်ခြင်းခံထားရလေ၏။ဤသည်က သူမ၏အဟန့်အတားများအားလုံးကို ပျောက်ကွယ်သွားစေကာ သူမကို ကြည့်ရသည်မှာ သနားစဖွယ်ကောင်းနေသည်။
သို့ရာတွင် သူမ၏ယခုလက်ရှိပုံစံသည် ဆွဲဆောင်မှုအရှိဆုံးပင်။
"မင်းတို့အားလုံး...ဒီနေရာကနေ ချက်ချင်းထွက်သွားကြစမ်း....ဆဋ္ဌမဂိတ်တံခါးက လူတွေက ဘယ်တော့မှ တစ်ယောက်တည်းထွက်ပေါ်မလာဘူး...သူ့ရဲ့နောက်မှာ တခြားအစွမ်းထက်ကျင့်ကြံသူတွေ ရှိနေနိုင်တယ်"
ဓားပြခေါင်းဆောင်က တင်းမာခက်ထန်သောလေသံနှင့် အော်ဟစ်လိုက်သည်။
"သူ့ကို သတ်လိုက်စမ်း...ငါတို့ အမြန်ဆုံး နေရာပြောင်းကြမယ်"
"ဟုတ်ကဲ့ပါ အကိုကြီး"
တခြားလေဟာနယ်ကြယ်ဓားပြများသည် ငြင်းဆန်ခြင်းမပြုချေ။
သူတို့သည် ပြင်ပကျင့်ကြံခြင်းလောက၌ ကျင်လည်ကျက်စားခဲ့သော မြေခွေးအိုကြီးများဖြစ်သဖြင့် မိန်းမတစ်ယောက်ကြောင့် သူတို့၏အစီအစဥ်များကို ပျက်စီးခံမည်မဟုတ်ချေ။
လေဟာနယ်ဓားပြတချို့သည် သူတို့၏ဓားများကိုဆွဲထုတ်၍ နဥ်အမ်ထုံကို အဆုံးသတ်ပေးရန်အတွက် ရှေ့သို့တိုးသွားကြ၏။
ထက်ရှသောဓားများ သူမထံချဥ်းကပ်လာသည်ကို မြင်တွေ့ချိန်တွင် နဥ်အမ်ထုံသည် စိတ်ပျက်အားငယ်စွာဖြင့် သူမ၏မျက်လုံးကို စုံမှိတ်လိုက်သည်။
သို့ရာတွင် အချိန်အတော်ကြာသည့်တိုင်.....
ထိုဓားသွားများသည် သူမပေါ်သို့ ကျရောက်လာခြင်းမရှိချေ။
နဥ်အမ်ထုံသည် မျက်လုံးဖွင့်ကြည့်လိုက်ရာ သူမထံသို့ ချဥ်းကပ်လာသော လေဟာနယ်ဓားပြများအားလုံး မြေပြင်ပေါ်၌ အမြစ်တွယ်နေသကဲ့သို့ ကြက်သေသေနေသည်ကို တွေ့မြင်မိသည်။သူတို့သည် အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ချေ။
တခြားလေဟာနယ်ဓားပြများသည်လည်း ထိုမြင်ကွင်းကို တွေ့မြင်မိသဖြင့် အလျှင်အမြန်ရှေ့သို့တိုးကာ သူတို့ကို တို့ထိလိုက်ကြ၏။
သို့ရာတွင် သူတို့၏လက်ချောင်းများဖြင့် ထိတွေ့မိသည်နှင့် ထိုလေဟာနယ်ဓားပြများ၏ခန္ဓာကိုယ်များ အပိုင်းပိုင်းအစစပြတ်တောက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ဗြန်း....
ရုတ်ချည်းဆိုသလိုပင် သွေးများ မြေပြင်ပေါ်သို့ ဖြာခနဲကျလာသည်။
ထိုလေဟာနယ်ဓားပြများသည် လူမသိသူမသိ သတ်ဖြတ်ခြင်းခံလိုက်ရလေပြီ။
"ဘယ်သူလဲ"
ဓားပြခေါင်းဆောင်သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် တင်းမာခက်ထန်စွာ အော်ဟစ်လိုက်သည်။
Chapter 3369
"ယောက်ျားသားတွေအများကြီးက မိန်းကလေးတစ်ယောက်ကို ဝိုင်းပြီးဖမ်းဆီးနေကြတယ်...တကယ့်ကို အရှက်မရှိတာပဲ"
လုယွီသည် နဥ်အမ်ထုံ၏လုပ်ဆောင်ချက်များကို လေ့လာဆန်းစစ်ပြီး နောက်ဆုံး၌ ထွက်လာခဲ့တော့သည်။
အကယ်၍ နဥ်အမ်ထုံ တစ်ယောက်တည်းဖြင့် ဤကိစ္စကို ရင်ဆိုင်ဖြေရှင်းနိုင်ပါက သူ ထွက်လာရန်မလိုအပ်ချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ နဥ်အမ်ထုံသည် သူမကိုယ်သူမပင် မကာကွယ်နိုင်လေရာ သူ တိတ်တဆိတ် ဆက်နေ၍မရတော့ချေ။
လုယွီ ရှေ့ထွက်လာသည်ကိုမြင်တွေ့ချိန်တွင် ဓားပြခေါင်းဆောင်၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထင်ဟပ်လာသည်။
"မင်းက သတ္တိတော့ကောင်းသားပဲ....ဒါပေမယ့် မင်းလည်း ဒီမိန်းမလိုပဲ ရူးသွပ်မိုက်မဲတယ်...မင်းက ငါတို့ကို ယှဥ်ပြိုင်နိုင်မယ်လို့ မင်း တကယ်ကြီးထင်နေတာလား"
ဓားပြခေါင်းဆောင်က ရက်စက်ကြမ်းကြုတ်စွာပြုံးကာ လုယွီ၏ရှေ့သို့ လျှောက်လှမ်းသွားလေ၏။
ဤနေရာသို့ ရောက်လာသူမှာ တစ်ယောက်တည်းဖြစ်နေသရွေ့ သူတို့သည် လွယ်လင့်တကူ ရင်ဆိုင်ဖြေရှင်းနိုင်ပေမည်။
"မင်းတို့အားလုံး အတူပူးပေါင်းတိုက်ခိုက်ပြီးတော့ ဒီကောင်စုတ်လေးကို သတ်ကြစမ်း"
ဓားပြခေါင်းဆောင်က အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုသည်။
လုယွီ၏ခန္ဓာကိုယ်ပေါ်တွင် ဆဋ္ဌမဂိတ်တံခါး၏မီးခိုးရောင်လူဆိုးထိန်းဝတ်စုံကို ဝတ်ဆင်ထားသည်။
မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများသည် မည်ကဲ့သို့တည်ရှိမှုမျိုးဖြစ်သူကို ရှီးလျန်မြို့အတွင်း၌ မသိရှိသူမရှိချေ။
သူတို့ လေဟာနယ်ကြယ်ဓားပြများသည် အစစ်အမှန်လူဆိုးထိန်းများကိုပင် အနိုင်တိုက်ခိုက်နိုင်လေရာ မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းတစ်ယောက်ကိုမူ ထည့်တွက်စရာပင်မလိုချေ။
ဓားပြခေါင်းဆောင်သည် လုယွီကို အနည်းငယ်မျှပင် အလေးအနက်မထားချေ။
သို့ရာတွင် ရုတ်ချည်းဆိုသလိုပင် ဓားပြခေါင်းဆောင်သည် ကြက်သေသေသွားလေ၏။
အကြောင်းအရင်းမှာ ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေကာ သူ၏စကားကို မည်သည့်တုံ့ပြန်မှုမျှ မရှိသောကြောင့်ပင်။
ဓားပြခေါင်းဆောင်သည် သူ၏ခေါင်းကို ခက်ခက်ခဲခဲအားတင်း၍ လှည့်ကြည့်လိုက်ရာ မူလက သူ၏နောက်လိုက် လေဟာနယ်ဓားပြများအားလုံး နေရာမှာပင်တောင့်တင်းနေကာ သူတို့၏မျက်လုံးများပြူးကျယ်နေပြီး မလှုပ်မယှက်ရှိနေခြင်းကို သူ မြင်တွေ့လိုက်ရသည်။
ခရက်....ခရက်...
အက်ကွဲသံများက သူ၏နားအတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာသည်။
ရုတ်ချည်းဆိုသလိုပင် ဓားပြခေါင်းဆောင်သည် သူ၏နံဘေး၌ တစ်ချိန်လုံးရှိနေခဲ့သည့် သူ၏နောက်လိုက် လေဟာနယ်ဓားပြများ၏မျက်ခုံးနှစ်ခုကြားမှ သွေးများယိုစီးထွက်လာကာ မြေပြင်ပေါ်သို့လဲကျသွားသည်ကို မြင်တွေ့မိလေ၏။
မြေပြင်ပေါ်၌ သွေးများစီးဆင်းနေသည်ကို အထင်းသား တွေ့မြင်နိုင်သည်။
ဤလေဟာနယ်ဓားပြများသည် မည်သူမျှ သတိမပြုမိခင် လုယွီ၏တိတ်တဆိတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။
အဖြူရောင်ဓားချီလှိုင်းများက လေဟာနယ်ဓားပြများကို ထွင်းဖောက်သွားကာ နောက်ဆုံး၌ လုယွီ၏လက်ချောင်းထိပ်သို့ ပြန်လည်ရောက်ရှိသွားသည်။
"ဘာလဲ...မင်း ဘာပြောချင်သေးလဲ"
လုယွီက လက်နောက်ပစ်ကာ ဓားပြခေါင်းဆောင်၏ရှေ့သို့ လျှောက်လှမ်းသွားလေ၏။
ဤကဲ့သို့လူများနှင့် ရင်ဆိုင်ရချိန်တွင် လုယွီသည် တိုက်ခိုက်ရန်အတွက် သူ၏လက်သီးကိုပင် အသုံးပြုရန် မလိုအပ်ချေ။
ဓားပြခေါင်းဆောင်၏မျက်နှာသည် ချက်ချင်းဆိုသလိုပင် စက္ကူတစ်ချပ်ကဲ့သို့ ဖြူရော်သွားသည်။
သို့ရာတွင် သူသည် အလျှင်အမြန်အသိစိတ်ပြန်ဝင်လာကာ အော်ဟစ်လိုက်သည်။
"အရာရှိကြီး ခဏနေပါဦး....ငါ အညံ့ခံပါ့မယ်...ငါ အညံ့ခံဖို့ ဆန္ဒရှိပါတယ်"
သူသည် ကျင့်ကြံခြင်းလောက၌ အချိန်အတော်ကြာ ကျင်လည်ကျက်စားခဲ့သဖြင့် အတွေ့အကြုံရင့်ကျက်သူတစ်ယောက်ပင်။
လုယွီ၏နည်းလမ်းများကို မြင်တွေ့ပြီးနောက် သူ့ထက် ခွန်အားများစွာသာလွန်သူဖြစ်မည်ကို ရိပ်စားမိသည်။
ဤအချိန်အခိုက်အတန့်တွင် အကယ်၍ သူ ခုခံနေပါက သူ့အားစောင့်ကြိုနေမည့် တစ်ခုတည်းသောအရာမှာ သေခြင်းတရားသာဖြစ်ပေမည်။
သူသည် ဥာဏ်ကောင်းသူတစ်ယောက်ဖြစ်သဖြင့် အရှုံးပေးအညံ့ခံရန် ရွေးချယ်လိုက်၏။
လုယွီက မည်သည့်ခံစားချက်မျိုးမျှမရှိသော မျက်လုံးတစ်စုံဖြင့် ဓားပြခေါင်းဆောင်ကို ကြည့်လိုက်သည်။
"အဲ့ဒီလိုလား...ဒါဆိုရင် အခု မင်းရဲ့ညာဘက်လက်ထဲမှာကိုင်ထားတဲ့ အဆောင်လက်ဖွဲ့က ဘာသဘောလဲ"
ဓားပြခေါင်းဆောင်သည် အလွန်လိမ္မာပါးနပ်ပေ၏။
အပေါ်ယံတွင် သူသည် လုယွီထံ အရှုံးပေးအညံ့ခံလိုဟန် ပြုမူနေသည်။သို့ရာတွင် အမှန်အားဖြင့် ထိုဓားပြခေါင်းဆောင်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများကိုလှည့်ပတ်ကာ သူ၏လက်အတွင်းရှိ အဆောင်လက်ဖွဲ့အတွင်းသို့ ထည့်သွင်းနေသည်။သူသည် နောက်ဆုံးအလောင်းအစားလုပ်ကြည့်ရန် ကြံစည်နေခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ သူ ကျူးလွန်ခဲ့သော ပြစ်မှုများဖြင့် အကယ်၍ သူသာ ဆဋ္ဌမဂိတ်တံခါးမှလူများ၏လက်အတွင်းသို့သာ ကျရောက်သွားပါက ချွင်းချက်မရှိ ခေါင်းဖြတ်ကွပ်မျက်ခံရပေမည်။
"ငရဲကို သွားစမ်း"
ဓားပြခေါင်းဆောင်သည် သူ၏လျှို့ဝှက်ကြံစည်မှု ပေါ်သွားသည်ကို မြင်တွေ့ချိန်တွင် ထပ်မံ၍ ဖုံးကွယ်မထားတော့ရန် ဆုံးဖြတ်ကာ ထိုအဆောင်လက်ဖွဲ့ကို ပစ်လွှက်လိုက်၏။
ဝုန်း...
ထိုအဆောင်လက်ဖွဲ့ လေထုအတွင်းသို့ထွက်ပေါ်လာကာ တောက်ပသောအလင်းတန်းများက အရပ်မျက်နှာအဘက်ဘက်ကို လွှမ်းခြုံသွားသည်။
မြို့ငယ်လေး၏အထက်ကောင်းကင်ယံကို တောက်ပသောအလင်းတန်းများက လွှမ်းခြုံသွားကာ အစွမ်းထက်သောအားလှိုင်းတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ဖြတ်သန်းသွားကာ လူအများကို မျက်လုံးမဖွင့်နိုင်ဖြစ်စေသည်။
"ဟား ဟား ဟား...ဒါက ရွှယ်အင်မော်တယ်အဆင့် အဆောင်လက်ဖွဲ့ပဲ...မင်း သေရမှာ သေချာတယ်"
တောက်ပသောအလင်းတန်းများသည် လုယွီအား လွှမ်းခြုံသွားတော့မည်ကိုကြည့်ပြီး ဓားပြခေါင်းဆောင်၏မျက်နှာပေါ်၌ စိတ်ကျေနပ်သွားသောအပြုံးမျိုး ထင်ဟပ်လာသည်။
Chapter 3370
ထို့နောက် လုယွီသည် လက်ကိုဆန့်တန်းကာ အဆောင်လက်ဖွဲ့၏ ကြီးမားကျယ်ပြန့်သောစွမ်းအားများကို ဖိနှိပ်လိုက်သည်အား သူ မြင်တွေ့မိလေ၏။
ထိုအဆောင်လက်ဖွဲ့မှ ထုတ်လွှတ်သော မှော်စွမ်းအားများသည် အစွမ်းထက်သော်လည်း လုယွီအား အနည်းငယ်မျှပင် သက်ရောက်စေခြင်းမရှိချေ။
လုယွီသည် သူ၏လက်ကို မှော်စွမ်းအားဝဲဂယက်ကြီးအတွင်းသို့ ဆန့်တန်းလိုက်၏။
ဝှီး...ဝှီး...ဝှီး...
အကန့်အသတ်မရှိသော မှော်စွမ်းအားလှိုင်းများသည် လုယွီ၏လက်ကောက်ဝတ်ကို ချက်ချင်းဖြတ်သန်းသွားသည်။သို့ရာတွင် လုယွီသည် အနည်းငယ်မျှပင် ရွေ့လျားသွားခြင်းမရှိဘဲ သူ့အား အနည်းငယ်မျှပင် သက်ရောက်မှုမရှိသည့်အလားပင်။
ရုတ်ချည်းဆိုသလိုပင် ဓားပြခေါင်းဆောင်၏ ထိတ်လန့်တုန်လှုပ်နေသောအကြည့်အောက်တွင် လုယွီက ထိုအဆောင်လက်ဖွဲ့ကို ဖမ်းဆုပ်လိုက်သည်။
ထို့နောက် လုယွီက ထိုအဆောင်လက်ဖွဲ့မှ အလင်းတန်းများကို ငြိမ်းသေသွားစေသည်။
"မင်းရဲ့အရည်အချင်းလောက်နဲ့ ငါ့ရှေ့မှာလာပြီး ဟန်ရေးမပြစမ်းနဲ့"
လုယွီက လေသံပြတ်ပြတ်နှင့် ပြောဆိုသည်။
ဤအချိန်အခိုက်အတန့်တွင် ဓားပြခေါင်းဆောင်သည် နေရာမှာပင် ကြက်သေသေသွားလေ၏။
ဤအဆောင်လက်ဖွဲ့ကို သူ ငွေကြေးမြောက်များစွာ အကုန်အကျခံ၍ ဝယ်ယူထားခြင်းဖြစ်သည်။သို့ရာတွင် ဤအဆောင်လက်ဖွဲ့သည် လုယွီ၏ရှေ့၌ မည်သည့်သက်ရောက်မှုမျှ မရှိခဲ့သည့် ကိစ္စမျိုးကို သူ မျှော်လင့်ထားမိခြင်းမရှိချေ။
မည်သည်ကြောင့် ဤသို့ ဖြစ်ပျက်သွားသနည်း....
ဓားပြခေါင်းဆောင်က တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"စီနီယာ...ကျွန်တော်က ခုဏက ခဏလေး အတွေးချော်သွားမိတာပါ...ကျွန်တော် ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ပါဘူး...စီနီယာ သိချင်တဲ့ ဘယ်အရာမဆို ကျွန်တော် ပြောပြနိုင်ပါတယ်"
သူ့ရှေ့ရှိ လုယွီသည် သာမာန်မီးခိုးရောင်ဝတ်စုံဝတ် လူဆိုးထိန်းတစ်ယောက်ကဲ့သို့ ရိုးရှင်းခြင်းမရှိကြောင်း ယခုချိန်၌ သူ နားလည်သဘောပေါက်သွားလေပြီ။
ထိုလူငယ်သည် မည်သည့်နည်းနှင့်မျှ မီးခိုးရောင်ဝတ်စုံဝတ် လူဆိုးထိန်းတစ်ယောက်မဖြစ်နိုင်ချေ။သူ အသုံးပြုလိုက်သော အဆောင်လက်ဖွဲ့ကို ရင်ဆိုင်နိုင်ရန်အတွက် အနည်းဆုံးအနေဖြင့် ရွှယ်အင်မော်တယ်နယ်ပယ်အဆင့် ခွန်အားမျိုး ရှိနေရပေမည်။
"နောက်ဘဝကျရင်...မင်း လူကောင်းတစ်ယောက်လုပ်တော့"
လုယွီသည် ထိုဓားပြခေါင်းဆောင်၏ပေါက်ကရစကားများကို နားထောင်လိုခြင်းမရှိတော့ချေ။
သူသည် ခြေလှမ်းရှေ့တိုးကာ ဓားပြခေါင်းဆောင်၏ခေါင်းကို သူ၏လက်တစ်ဖြင့်ကိုင်၍ စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကို အသုံးပြုလိုက်၏။
ရုတ်ချည်းဆိုသလိုပင် ဓားပြခေါင်းဆောင်ထံမှနေ၍ စူးရှနာကျင်စွာအော်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။
မှတ်ဥာဏ်အပိုင်းအစများက လုယွီ၏စိတ်အတွင်းသို့ တိုးဝင်လာသည်။
ဖြစ်စဥ်မှာ ဤကိစ္စကို လေဟာနယ်ကြယ်ဓားပြခေါင်းဆောင်သည် ရှီးလျန်မြို့၏မှောင်ခိုစျေးမှ လက်ခံခဲ့ခြင်းပင်။
သူတို့သည် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များမှ ဝင်္ကပါဖွဲ့စည်းပုံများကို ရရှိပြီးနောက် ဆုလာဘ်များ ရယူရန်အတွက် လွှဲပြောင်းပေးရမည့်လူကို စောင့်ဆိုင်းနေရန်သာ လိုအပ်သည်။
တစ်ဖက်လူ၏အပေးအယူသည် အလွန်ရက်ရောလှ၏။ထို့ကြောင့် ဓားပြခေါင်းဆောင်သည် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူညီခဲ့သည်။
ဤလေဟာနယ်ဓားပြတစ်စုသည် သေစေနိုင်သောအဆိပ်ပြင်းတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့လေ၏။သူတို့သည် အပ်ပျံများကို အသုံးပြု၍ ရှောင်တခင်တိုက်ခိုက်ကာ လေဟာနယ်သင်္ဘောပေါ်ရှိလူတိုင်းကို အဆိပ်သင့်၍ သေဆုံးသွားစေသည်။ထို့နောက်မှနေ၍ အခြေအနေကိုအခွင့်ကောင်းယူကာ ထိုလူများသည် မီးလောင်ကျွမ်း၍သေဆုံးသွားလေဟန် ဖန်တီးပြီး အခင်းဖြစ်နေရာ၌ နတ်ဆိုးမှော်သားရဲတစ်ကောင်၏လက်သည်းကုတ်ရာကို အတုအပပြုလုပ်ထားခဲ့သည်။
အမှန်အားဖြင့် ဤဟာကွက်ကင်းမဲ့သော အစီအစဥ်ကို လေဟာနယ်ကြယ်ဓားပြများ စဥ်းစားတွေးတောခဲ့ခြင်းမဟုတ်ချေ။
ဤသည်မှာ သူတို့အား တာဝန်ပေးအပ်သော ပုဂ္ဂိုလ်မှ အစီအစဥ်ရေးဆွဲထားခြင်းဖြစ်သည်။
ကံဆိုးစွာဖြင့် ဓားပြခေါင်းဆောင်သည် ထိုလျှို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ်၏သရုပ်မှန်ကို မသိရှိချေ။
"ဒါဆိုရင် သူတို့က နယ်ရုပ်အပိုင်းအစတွေသက်သက်ပဲ"
လုယွီသည် အချိန်အတော်ကြာရှာဖွေသည့်တိုင် အသုံးဝင်သော သတင်းအချက်အလက်ကို ရှာမတွေ့ချေ။သူသည် ဓားပြခေါင်းဆောင်ကို နံဘေးသို့ ပစ်ချလိုက်၏။
ဓားပြခေါင်းဆောင်သည် စိတ်ဝိညာဥ်ရှာဖွေခြင်းကိုခံရပြီးနောက် သူ၏ဦးနှောက်တစ်ခုလုံး ဗလာဟင်းလင်းဖြစ်သွားသည်။သူသည် အသိစိတ်လွတ်ကင်းနေပြီး မြေပြင်ပေါ်၌လဲကျနေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်နေသည်။
အချိန်အတော်ကြာသည့်တိုင် ဓားပြခေါင်းဆောင်သည် အသိစိတ်ပြန်ဝင်လာခြင်း မရှိချေ။
သူ၏စိတ်ဝိညာဥ်သည် လုယွီ၏ အဆင့်မြင့်သော စိတ်ဝိညာဥ်ရှာဖွေခြင်းကို တောင့်ခံနိုင်ခြင်းမရှိချေ။
"ဘာမှ မစိုးရိမ်နဲ့တော့...အခု အားလုံးအဆင်ပြေသွားပြီ"
လုယွီ၏လက်ချောင်းများ လှုပ်ခတ်လိုက်ခြင်းနှင့်အတူ မှော်စွမ်းအားလှိုင်းတစ်လှိုင်း ပျံဝံလာကာ နဥ်အမ်ထုံ၏ခန္ဓာကိုယ်ပေါ်ရှိ အင်မော်တယ်ချည်နှောင်ခြင်းသံကြိုးကို ဖယ်ရှားလိုက်၏။
နဥ်အမ်ထုံသည် အလျှင်အမြန်မတ်တတ်ထရပ်ကာ သူမ၏ခါးကို အကြောဆန့်လိုက်သည်။
မှော်စွမ်းအားများ သူမ၏ခန္ဓာကိုယ်အတွင်း၌ လှည့်ပတ်နေသည်ကို ခံစားမိမှသာ သူမ စိတ်သက်သာရာရသွားသည်။
ဤအချိန်အခိုက်အတန့်တွင် နဥ်အမ်ထုံထံ၌ ရှုပ်ထွေးသောခံစားချက်မျိုးရှိနေလေ၏။
မူလက သူမသည် လုယွီကိုကူညီပေးရန် ရည်ရွယ်၍ နောက်မှလိုက်ခဲ့ခြင်းဖြစ်သည်။သို့ရာတွင် ဤတာဝန်ထမ်းဆောင်နေချိန်တွင် လုယွီသည် သူမအား ထပ်မံ၍ကယ်တင်ခဲ့ရသူဖြစ်နေမည်ဟု သူမ မျှော်လင့်မထားမိချေ။
"ဒီတစ်ကြိမ်အတွက် နင့်ကို ကျေးဇူးတင်ပါတယ်"
နဥ်အမ်ထုံ၏အသံက အလွန်နူးညံညင်သာနေသည်။
ပြောရမည်ဆိုလျှင် လုယွီသည် သူမ၏အသက်ကို နှစ်ကြိမ်ဆက်တိုက် ကယ်တင်ခဲ့သူပင်။
ဤကဲ့သို့သနားကြင်နာမှုမျိုးကို သူမ ပြန်ပေးဆပ်သင့်သည်။
သို့ရာတွင် သူမသည် လုယွီကို သာမာန်မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းတစ်ယောက်သာဖြစ်စေပြီး တခြားမည်သည့်ဆုလာဘ်ကိုမျှ ပေးအပ်ခြင်းမရှိချေ။