← Chapters

အခန်း (၃၃၈၁-၃၃၈၅)

Vol. 172 Ch. 3381-3385

အခန်း (၃၃၈၁-၃၃၈၅)

Vol. 172 Ch. 3381-3385

Chapter 3381

အမှန်တရားကိုသိရှိပြီးနောက် လုယွီ၏စိတ်နှလုံးသားအတွင်းတွင် အနည်းငယ်မျှပင် ပျော်ရွှင်မှုမရှိတော့ချေ။

ဤသည်က နတ်ဆိုးဂိုဏ်းနှင့် ဗုဒ္ဓဂိုဏ်း အင်အားစုနှစ်စုစလုံးသည် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များ၏ဝင်္ကပါဖွဲ့စည်းပုံများကို မျက်စေ့ကျနေသည်ဟု ဆိုလိုခြင်းပင်။

ဤသည်က အသေးအမွှား ကိစ္စတစ်ရပ်မဟုတ်ချေ။

တာယွီအင်ပါယာ၏ အကြီးမားဆုံးသတ်ဖြတ်ခြင်းလက်နက်ဖြစ်သော စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များကို စစ်ရေးအရာရှိများမှနေ၍ တင်းတင်းကြပ်ကြပ် ကာကွယ်စောင့်ကြပ်ထားသည်။

ဤကဲ့သို့ တင်းတင်းကြပ်ကြပ် ကာကွယ်စောင့်ကြပ်ထားသော စစ်လက်နက်ပစ္စည်းများကို ထိပါးရန်ကြံစည်ဝံ့သော မည်သည့်အင်အားစုမဆို အလွန်ကြီးမားသော ရာဇဝတ်မှုကြီးကို ကျူးလွန်ခြင်းပင်။

သို့ရာတွင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ပေါ်ရှိ နတ်ဆိုးဂိုဏ်းနှင့်ဗုဒ္ဓဂိုဏ်းတို့သည် ဥပဒေမဲ့ထင်ရာစိုင်းနေကာ တော်ဝင်နန်းတွင်းကို အနည်းငယ်မျှပင် အလေးမစိုက်ကြချေ။

"ဒါက မဟုတ်သေးဘူး....အရင်က ငါ တွေ့ခဲ့တဲ့ အမာရွတ်မျက်နှာ လက်ထောက်တပ်မှူးမှာ ပြဿနာရှိနေနိုင်တယ်"

ဤမှတ်ဥာဏ်များအတွင်း၌ လုယွီသည် ထူးဆန်းသောနေရာတစ်ခုကို ရုတ်တရက် ရှာဖွေတွေ့ရှိခဲ့သည်။

ထိုဗုဒ္ဓဂိုဏ်းဝင်များသည် လူတစ်စုတည်းမဟုတ်ချေ။

စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များ၏ ဝင်္ကပါဖွဲ့စည်းပုံများကို လွယ်လင့်တကူရယူနိုင်ရန်အလို့ငှာ ထိုဘုန်းတော်ကြီးများသည် အုပ်စုနှစ်စုခွဲ၍ တစ်စုသည် နတ်ဆိုးကျင့်ကြံသူများဟန် အယောင်ဆောင်ခဲ့လေ၏။ကျန်တစ်စုသည် အခင်းဖြစ်နေရာသို့ စောင့်ကြပ်ရန်လာသော စစ်သားများကို လမ်းတစ်ဝက်မှစောင့်၍ သတ်ဖြတ်ကာ သူတို့သည် ထိုက်လင်တပ်ခွဲမှစစ်သားများအဖြစ် အယောင်ဆောင်ထားကြခြင်းပင်။

"အမာရွတ်မျက်နှာလက်ထောက်တပ်မှူးက တကယ့်ကို ပြဿနာကြီးပဲ"

လုယွီသည် လေဟာနယ်သင်္ဘော၏နံဘေးပတ်လည်၌ စောင့်ကြပ်နေခဲ့ကြသော ထိုက်လင်တပ်ခွဲမှစစ်သားများကို ရုတ်တရက် အမှတ်ရသွားလေ၏။

ထိုနေရာသို့ လုယွီ ပထမဆုံးအကြိမ်ရောက်ရှိစဥ်၌ ထိုလူများထံမှနေ၍ ဗုဒ္ဓကျင့်ကြံနည်းစနစ်၏အငွေ့အသက်များကို အာရုံခံမိသည်။

သို့ရာတွင် ထိုအချိန်တုန်းက လုယွီသည် များစွာစဥ်းစားတွေးတောမိခြင်းမရှိချေ။

စစ်သားများသည်လည်း ကျင့်ကြံသူများဖြစ်သဖြင့် ပြင်ပဂိုဏ်းများ၏ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံကြသည်မှာ ဖြစ်ရိုးဖြစ်စဥ်ကိစ္စပင်။

လုယွီ၏လက်အောက်ငယ်သားဖြစ်သော လုကျင်းရှန့်ပင်လျှင် ဗုဒ္ဓကျင့်ကြံနည်းစနစ်များကို ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူ ပြန်လည်စဥ်းစားတွေးတောကြည့်ချိန်တွင် ထိုဝင်္ကပါဖွဲ့စည်းပုံများသည် အဆုံးသတ်၌ ဗုဒ္ဓဂိုဏ်း၏လက်အတွင်းသို့ ကျရောက်သွားနိုင်သည်။

"နောက်ကွယ်ကနေ ခိုးကြောင်ခိုးဝှက် လှုပ်ရှားနေကြတယ်....ဘယ်လောက်တောင်ကောင်းတဲ့ နည်းစနစ်တွေလဲ"

လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏မျက်လုံးများ တဖြည်းဖြည်း အေးစက်တင်းမာလာပေ၏။

သူ့ထံတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ မှတ်ဥာဏ်များရှိနေသည်။ထို့ကြောင့် ကျိုးထျန်းယင်သည် မည်သည်ကြောင့် ဗုဒ္ဓနယ်မြေကို လုံးလုံးလျားလျား ချိပ်ပိတ်ထားလိုခဲ့သည်ကို သူ ကောင်းစွာသိရှိထားသည်။

ထိုဗုဒ္ဓဂိုဏ်းဝင်များထံတွင် ရိုင်းပျသောရည်မှန်းချက်များရှိနေသည်။သူတို့သည် ကောင်းကင်ဘုံနယ်မြေအတွင်းရှိ သက်ရှိများအားလုံးကို ဗုဒ္ဓအားသက်ဝင်ယုံကြည်သူများဖြစ်လာစေရန် ပြောင်းလဲလိုပေ၏။

သူတို့သည် သနားကြင်နာသည်ဟု ရေရွတ်နေသော်လည်း အမှန်အားဖြင့် သူတို့၏ရည်မှန်းချက်ပန်းတိုင် ပြည့်ဝစေရန် မည်သည့်အရာကိုမဆို ပြုလုပ်နိုင်သည်။

လုယွီသည် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ စာတစ်စောင်ရေးသားကာ မိုင်တစ်ထောင်သတင်းပို့ခြင်းနည်းစနစ်ကို အသုံးပြု၍ ဤနေရာရှိ အခြေအနေများကို စွန်းယုထံ အကြောင်းကြားလိုက်သည်။

ထို့နောက် လုယွီသည် သူ၏လက်ကိုမြှောက်၍ သူ၏လက်ချောင်းများကိုအသုံးပြုကာ စတင်၍တွက်ချက်လိုက်၏။

သူ၏လက်ဝါးအတွင်းမှနေ၍ ကြယ်အစက်အပြောက်များ ထွက်ပေါ်လာသည်။

ထိုကြယ်အစက်အပြောက်များသည် တဖြည်းဖြည်း ဝင်္ကပါတစ်ခုအဖြစ် ဖွဲ့စည်းသွားကာ အဆက်မပြတ်လှည့်ပတ်နေသည်။ထိုကြယ်တစ်ခုနှင့်တစ်ခုအကြားတွင် အလင်းတန်းတစ်တန်းနှင့် ချိတ်ဆက်နေပေ၏။

လုယွီသည် ယခင်က အမာရွတ်မျက်နှာလက်ထောက်တပ်မှူးကို တွေ့မြင်ဖူးသဖြင့် အခွင့်ကောင်းယူ၍ တစ်ဖက်လူ၏ကံကြမ္မာကို ခြေရာခံကာ ရှာဖွေလိုက်သည်။

ထိုကံကြမ္မာလမ်းကြောင်းမှတဆင့် သူသည် တစ်ဖက်လူပုန်းအောင်းနေသောနေရာကို ရှာဖွေနိုင်ပေမည်။

အကယ်၍ ဝင်္ကပါဖွဲ့စည်းပုံများသာ ဗုဒ္ဓဂိုဏ်း၏လက်အတွင်းသို့ အမှန်တကယ်ကျရောက်သွားပါက တစ်ဖက်အင်အားစုသည် ပုံစံတူစိတ်ဝိညာဥ်အမြှောက်များကို တည်ဆောက်နိုင်ပေမည်။

ထိုအချိန်ကျပါက တာယွီတော်ဝင်စစ်တပ်သည် ပြင်ပဂိုဏ်းများကို ရင်ဆိုင်ရာ၌ စစ်တပ်၏တားဆီးကန့်သတ်နိုင်မှုစွမ်းအား အကြီးအကျယ် လျော့ကျသွားနိုင်သည်။

ဤဝင်္ကပါဖွဲ့စည်းပုံများကို မဖြစ်မနေ ပြန်လည်ယူဆောင်ရပေမည်။

လုယွီသည် ကွေ့ကျန်းကံကြမ္မာနည်းစနစ်ကို အသုံးပြုကာ အမာရွတ်မျက်နှာလက်ထောက်တပ်မှူးတို့ရှိနေသောနေရာကို အောင်မြင်စွာ တွက်ချက်နိုင်ခဲ့လေ၏။သူက ချက်ချင်းဆိုသလိုပင် လိုက်လံဖမ်းဆီးလိုက်သည်။

တခြားတစ်ဖက်၌...

စွန်းယုသည် မြို့ငယ်လေးသို့ ပြန်လည်ရောက်ရှိပြီးနောက် လေဟာနယ်ကြယ်ဓားပြများ၏အလောင်းများကို သယ်ဆောင်သွားရန် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများကို အမိန့်ပေးလေသည်။

အကယ်၍ သူသည် အနက်ရောင်ဝတ်ရုံဝတ်လူကို အမိမဖမ်းနိုင်လျှင်ပင် ရရှိထားသမျှ သက်သေများကို ယူဆောင်သွားရပေမည်။

သူ့အား အံ့အားသင့်စေသောအချက်မှာ သူ့ရှေ့ရှိ လေဟာနယ်ကြယ်ဓားပြများသည် ဆဋ္ဌမဂိတ်တံခါးမှ ဝရမ်းထုတ်ထားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော ရာဇဝတ်သားများ ဖြစ်နေခြင်းပင်။

ဤရာဇဝတ်သားများ၏အလောင်းများကို ပြန်သယ်သွားနိုင်သရွေ့ သူ့အတွက် တိုက်ပွဲအကျိုးဆောင်ရမှတ် အမြောက်အများရရှိပေမည်။

"စီနီယာအကိုစွန်း....လုယွီက ဘာလုပ်နေတာလဲ"

နဥ်အမ်ထုံက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။

မည်သို့ပင်ဆိုစေကာမူ လုယွီသည် သူမ၏အသက်သခင်ကျေးဇူးရှင်ပင်။

နဥ်အမ်ထုံ၏စိတ်နှလုံးသားသည် ယခုလက်ရှိချိန်၌ ရှုပ်ထွေးနေကာ လုယွီ၏အကြောင်းများကသာ အပြည့်အဝ ကြီးစိုးထားသည်။

စွန်းယုက သရော်တော်တော် ပြောဆိုသည်။

"သူက သူ့ရဲ့အရည်အချင်းကို သူမသိတဲ့ကောင်ပဲ...သူက ရာဇဝတ်သားနောက်ကို သူတစ်ယောက်တည်း လိုက်ဖမ်းဖို့ ကြံရွယ်ဝံ့တယ်...သူ အပြင်မှာ လျှောက်ပတ်ပြေးနေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့"

Chapter 3382

"လုယွီက ရာဇဝတ်သားနောက်ကို သူတစ်ယောက်တည်း လိုက်ဖမ်းနေတာလား"

နဥ်အမ်ထုံ၏စိတ်နှလုံးသား တင်းကြပ်သွားသည်။

သို့ရာတွင် လုယွီ ယခင်က ထုတ်ဖော်အသုံးပြုခဲ့သောခွန်အားကို ပြန်လည်တွေးတောမိချိန်တွင် နဥ်အမ်ထုံသည် စိတ်သက်သာရာရသွားလေ၏။

ဖြစ်နိုင်သည်မှာ စွန်းယုပင်လျှင် လုယွီအား ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်မဟုတ်ချေ။

လုယွီ၏ခွန်အားဖြင့်ဆိုပါက သူသည် ငွေတံဆိပ်လူဆိုးထိန်းရာထူးကို လွယ်လင့်တကူ အစားထိုးနေရာယူနိုင်ပေမည်။

"အဲ့ဒီရာဇဝတ်သားမှာ သာလွန်ထူးကဲတဲ့ခွန်အားမျိုးရှိနေတယ်လို့ ငါ သံသယရှိတယ်...ထူးချွန်တဲ့ လူဆိုးထိန်းတွေကပဲ အဲ့ဒီရာဇဝတ်သားကို ဖမ်းနိုင်လိမ့်မယ်...မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းလေးတစ်ယောက်က ကိုယ့်အကန့်အသတ်ကို ကိုယ်မသိဘူး....အချိန်ကျလာရင် သူ ဒုက္ခရောက်လိမ့်မယ်"

စွန်းယုက အေးစက်စက် ရယ်မောလိုက်၏။

လုယွီသည် အနက်ရောင်ဝတ်ရုံဝတ်လူကို ဖမ်းဆီးနိုင်မည်ဟု သူ မယုံကြည်ချေ။

အနက်ရောင်ဝတ်ရုံဝတ်လူထံတွင် ထွက်ပြေးရန် လမ်းကြောင်းတစ်ကြောင်းရှိနေသည်မှာ သိသာထင်ရှားသည်။

သူပင်လျှင် အမှီမလိုက်နိုင်သဖြင့် လုယွီတစ်ယောက်တည်းဖြင့် ထိုအနက်ရောင်ဝတ်ရုံဝတ်လူကိုဖမ်းဆီးရန်မှာ မဖြစ်နိုင်ချေ။

ထိုအချိန်မှာပင် စာတစ်စောင်သည် အဝေးရှိလေဟာနယ်အတွင်းမှနေ၍ ပျံသန်းလာကာ စွန်းယု၏လက်အတွင်းသို့ ကျရောက်လာသည်။

"အမ်...မိုင်တစ်ထောင်သတင်းပေးပို့ခြင်းလား"

စွန်းယုသည် မျက်မှောင်ကြုတ်လိုက်သော်လည်း ထိုစာကို ဖွင့်၍ဖတ်လိုက်၏။

ထိုစာအတွင်း၌ လုယွီက အမာရွတ်မျက်နှာလက်ထောက်တပ်မှူးသည် ဗုဒ္ဓဂိုဏ်းမှအယောင်ဆောင်ထားသူဖြစ်နိုင်ခြင်းနှင့် အနက်ရောင်ဝတ်ရုံဝတ်လူသည်လည်း ဗုဒ္ဓဂိုဏ်းမှဖြစ်ကြောင်း စွန်းယုကို သတိပေးထားသည်။

ဤသည်က စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များ၏ဝင်္ကပါဖွဲ့စည်းပုံများကိုရရှိရန် ဗုဒ္ဓဂိုဏ်း၏အကွက်ချကြံစည်မှုပင်။

စွန်းယုသည် စာပေးပို့သူမှာ လုယွီဖြစ်ကြောင်း သိရှိသည်နှင့် ပြီးဆုံးအောင်မဖတ်ဘဲ အဝေးသို့လွှင့်ပစ်လိုက်၏။

"ပေါက်ကရတွေ....သူက အနက်ရောင်ဝတ်ရုံဝတ်လူကို မဖမ်းနိုင်တာနဲ့ဘဲ သူ မျက်နှာပျက်ရမှာကိုစိုးရိမ်တာနဲ့ တမင်သက်သက် လုပ်ဇာတ်တွေခင်းနေတာပဲဖြစ်မယ်"

စွန်းယုက သရော်တော်တော် ပြောဆိုသည်။သူသည် လုယွီကို အနည်းငယ်မျှပင် ယုံကြည်ခြင်းမရှိချေ။

ယခုလက်တလောတွင် ဗုဒ္ဓဂိုဏ်း၏အခွင့်အာဏာသည် ကြီးမားလာသော်လည်း တာယွီတော်ဝင်နန်းတွင်းကို ယှဥ်ပြိုင်နိုင်သည့်အဆင့်မျိုးသို့ မရောက်သေးချေ။

အကယ်၍ မျှော်လင့်မထားသော ကိစ္စတစ်စုံတစ်ခုဖြစ်ပွားလျှင်ပင် တာအိုဂိုဏ်းနှင့်နတ်ဆိုးဂိုဏ်းတို့၏လက်ချက်သာဖြစ်ပေမည်။ဗုဒ္ဓဂိုဏ်းမှ တိုက်ခိုက်သည်ဟူသည်မှာ မဖြစ်နိုင်ပေ။

ထို့ပြင် သူ မီးတောက်ဖီးနစ်ဘုရင်ကို သတ်ဖြတ်စဥ်၌ အမာရွတ်မျက်နှာလက်ထောက်တပ်မှူးသည် အင်အားများစွာစိုက်ထုတ်၍ ကူညီပေးခဲ့သည်။စွန်းယုသည် အမာရွတ်မျက်နှာလက်ထောက်တပ်မှူး၏လုပ်ဆောင်ချက်များမှတဆင့် သူ့အားလှည့်စားမည်မဟုတ်ဟု သူ ယုံကြည်ထားသည်။

နဥ်အမ်ထုံသည် ရှေ့သို့တိုးကာ ထိုစာကိုကောက်ယူလိုက်၏။

သူမက စာကိုဂရုတစိုက်ဖတ်ပြီးနောက် အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ငါတို့က လုယွီ အကြံပေးတာကို နားထောင်ပြီးတော့ ပတ်ဝန်းကျင်မှာရှိတဲ့စစ်သည်တွေကိုစုစည်းပြီး ဗုဒ္ဓဂိုဏ်းဝင်တွေကိုလိုက်ရှာရင် မကောင်းဘူးလား"

စာ၏နောက်ဆုံးအပိုင်းသည် လုယွီ၏အကြံပြုချက်ပင်။

ဆဋ္ဌမဂိတ်တံခါးမှလူတိုင်း အလွန်အလုပ်များသည်။အကယ်၍ သူတို့သည် ပတ်ဝန်းကျင်၌ ပုန်းအောင်းနေသော ဗုဒ္ဓကျင့်ကြံသူများကို ရှာဖွေလိုပါက စစ်တပ်ထံမှအကူအညီတောင်းခံရန် လိုအပ်သည်။

"ငါတို့က ဆဋ္ဌမဂိတ်တံခါးကို ချက်ချင်းပြန်ရမယ်...တခြားကိစ္စတွေကိုတော့ ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ကလူတွေ ကိုင်တွယ်ဖြေရှင်းလိမ့်မယ်"

သို့ရာတွင် ဤအကြံပြုချက်ကို စွန်းယုသည် ပြတ်ပြတ်သားသား ငြင်းပယ်ကာ အမိန့်ပေးလိုက်၏။

မည်သည့်ကြောင့် သူ ရရှိမည့် တိုက်ပွဲအကျိုးဆောင်ရမှတ်များကို လုယွီ၏အကြံပြုချက်တစ်ခုတည်းဖြင့် လက်လွတ်ခံနိုင်မည်နည်း...

ယခုလက်ရှိချိန်တွင် အဓိကအရေးအကြီးဆုံးကိစ္စမှာ ရုံးတော်သို့ အမြန်ဆုံးပြန်၍ သူ ရရှိမည့်တိုက်ပွဲအကျိုးဆောင်ရမှတ်များကို ထုတ်ယူရန်ဖြစ်သည်။

သူတို့လူစုသည် မြို့ငယ်လေးအတွင်းမှ အလျှင်အမြန် ထွက်ခွာခဲ့ကြ၏။သို့ရာတွင် သူတို့ အဝေးသို့မရောက်သေးမီမှာပင် စစ်သားတစ်စုနှင့် ပက်ပင်းတိုးမိသည်။

ထိုစစ်သားတစ်စု၏သံချပ်ကာဝတ်စုံများသည် ယခင်ကအမာရွတ်မျက်နှာလက်ထောက်တပ်မှူးတို့လူစု ဝတ်ဆင်ထားသော သံချပ်ကာဝတ်စုံနှင့် အကြမ်းဖျင်းတူညီနေသည်။

"မင်းက ဆဋ္ဌမဂိတ်တံခါးရဲ့ ငွေတံဆိပ်လူဆိုးထိန်းစွန်းယုလား...မင်းက စစ်လက်နက်ပစ္စည်းတွေ ပျောက်ဆုံးသွားတဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖို့ ရောက်လာတဲ့တစ်ယောက်ပဲ....ဟုတ်တယ်မလား"

ထိုစစ်သားများသည် စွန်းယုကိုမြင်တွေ့ချိန်၌ ချက်ချင်းမေးမြန်းလေ၏။

"အဲ့ဒါက ငါပါပဲ"

"အရာရှိစွန်း...မင်း ငါတို့နဲ့လိုက်ခဲ့ဖို့လိုတယ်"

စွန်းယုသည် မျက်မှောင်ကြုတ်ကာ လက်ရှိနေရာတွင်ရှိနေသော စစ်သားများကိုကြည့်ပြီး အေးစက်စက်လေသံနှင့် ပြောဆိုသည်။

"ငါက ဆဋ္ဌမဂိတ်တံခါးကို ပြန်ရမယ်...တကယ်လို့ မင်းတို့မှာ အထွေအထူးကိစ္စမရှိရင် ငါ့ကို မနှောက်ယှက်ပါနဲ့"

စစ်သားတစ်ယောက်က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလေ၏။

"ဒါက ငါတို့ပေးတဲ့အမိန့်မဟုတ်ဘူး....မင်းကို ဒီနေရာလွှတ်လိုက်တဲ့ ဆဋ္ဌမဂိတ်တံခါးရဲ့ရွှေတံဆိပ်လူဆိုးထိန်းနဥ်ကျိုးက အမိန့်ပေးလိုက်တာပဲ...ငါတို့ရဲ့တပ်မှူးလည်း အဲ့ဒီနေရာမှာရှိနေတယ်"

ဘာ....

နဥ်ကျိုးရောက်လာသည်ဟု ဆိုသလော....

နံဘေးဘက်တွင် မတ်တတ်ရပ်နေသော နဥ်အမ်ထုံက အံ့အားတသင့်ပြောဆိုသည်။

"ထူးဆန်းတယ်...အဖေက တခြားအမူတစ်ခုကို သွားစုံစမ်းနေတာ မဟုတ်လား...ဘာလို့ ဒီနေရာကို ရောက်လာတာပါလိမ့်"

Chapter 3383

နဥ်ကျိုးသည် ရွှေတံဆိပ်လူဆိုးထိန်းဖြစ်သဖြင့် သူ၏အမိန့်ကို စွန်းယုသည် ချွင်းချက်မရှိ လိုက်နာရပေ၏။

သူသည် စစ်သားများ၏နောက်သို့ လိုက်သွားခဲ့ရာ မကြာမီမှာပင် လေဟာနယ်သင်္ဘောပျက်စီးနေသောနေရာသို့ ပြန်လည်ရောက်ရှိလာတော့သည်။

ဤအချိန်တွင် လေဟာနယ်သင်္ဘောအပျက်အစီးများ၏နံဘေး၌ လူတစ်စုရှိနေသည်။

ထိုလူစုတွင် ထိုက်လင်တပ်ခွဲမှစစ်သားများသာမက ဆဋ္ဌမဂိတ်တံခါးမှလူများလည်းရှိနေလေ၏။

ဆဋ္ဌမဂိတ်တံခါးမှလူများအကြားတွင် ရှေ့ဆုံး၌မတ်တတ်ရပ်နေသူမှာ နဥ်အမ်ထုံ၏ဖခင်နဥ်ကျိုးပင်။

နဥ်ကျိုးသည် ဆဋ္ဌမဂိတ်တံခါး၏ရွှေတံဆိပ်လူဆိုးထိန်းဝတ်စုံကို ဝတ်ဆင်ထားကာ အလွန်အမင်း ထူထဲခိုင်မာသော သံချပ်ကာဝတ်စုံငယ်ကို အပေါ်မှထပ်ဝတ်ထားသည်။

နဥ်ကျိုး၏ဝတ်စုံပေါ်တွင် အသက်ဝင်သော ဟေးချီသားရဲ၏ပုံစံ ရေးထိုးထားကာ ပတ်ဝန်းကျင်ရှိ တခြားလူဆိုးထိန်းများ၏ဝတ်စုံများနှင့် ကွဲပြားခြားနားသည်။

"ခေါင်းဆောင်နဥ်ကို အရိုအသေပြုပါတယ်"

စွန်းယုက ရှေ့သို့တိုးကာ အလျှင်အမြန် ဦးညွှတ်အရိုအသေပြုလိုက်၏။

နဥ်အမ်ထုံသည် ရှေ့သို့လျှောက်လှမ်းသွားကာ မေးမြန်းလိုက်သည်။

"အဖေ...ဒီနေရာကို ဘာလာလုပ်တာလဲ"

နဥ်ကျိုးက သမီးဖြစ်သူကို တစ်ချက်ကြည့်လိုက်သည်။နဥ်အမ်ထုံ၏ခန္ဓာကိုယ်ပေါ်၌ ပြင်ပဒဏ်ရာတချို့ရထားသည်ကို မြင်တွေ့ချိန်တွင် သူက မျက်မှောင်ကြုတ်လိုက်၏။

သို့ရာတွင် သူသည် နဥ်အမ်ထုံကို စကားတုံ့ပြန်ပြောဆိုခြင်းမပြုချေ။ထိုအစား သူက စွန်းယုကိုကြည့်ကာ မေးမြန်းလေသည်။

"မင်းက ဒီအမှုကိုကိုင်တွယ်ဖို့ တာဝန်ယူထားတဲ့လူလား"

"ဟုတ်ကဲ့...ကျွန်တော် တာဝန်ယူထားတာပါ"

စွန်းယုက ရိုသေလေးစားစွာ တုံ့ပြန်ပြောဆိုသည်။

သူ နဥ်အမ်ထုံကို တစ်ချိန်လုံးသည်းညည်းခံ၍ ဆက်ဆံနေခဲ့သောအကြောင်းအရင်းမှာ နဥ်ကျိုး၏အမြင်ကောင်းကို ရယူလိုသောကြောင့်ပင်။

ယခုချိန်တွင် နဥ်ကျိုးကိုယ်တိုင် ရောက်ရှိလာသဖြင့် စွန်းယုသည် အနည်းငယ်အံ့အားသင့်နေပေ၏။

နဥ်ကျိုးက မေးမြန်းသည်။

"စုံစမ်းစစ်ဆေးတာက ဘယ်အခြေအနေ ရောက်သွားပြီလဲ"

စွန်းယုက ပျာပျာသလဲ တုံ့ပြန်အဖြေပေးသည်။

"ကျွန်တော်တို့က နောက်ကွယ်ကတရားခံအစစ်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်"

နောက်ကွယ်ရှိတရားခံအစစ်ကို ရှာဖွေဖော်ထုတ်နိုင်ပြီဟူသော စကားကိုကြားချိန်တွင် ယခုလက်ရှိနေရာတွင်ရှိနေသော စစ်သားများ၏မျက်လုံးများ တောက်ပသွားသည်။

"စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်တွေရဲ့ ဝင်္ကပါဖွဲ့စည်းပုံတွေကို လုယက်တာက ဘယ်သူတွေလဲ"

လေဟာနယ်သင်္ဘော၏ကျိုးပဲ့နေသော အတွင်းခန်းမှနေ၍ မုတ်ဆိတ်ဖြူအဖိုးအိုတစ်ယောက်က ရုတ်တရက်ထွက်လာသည်။

ထိုအဖိုးအိုသည် အနီရောင်ချီလင်အရာရှိဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏မျက်လုံးအတွင်း၌ တက်ကြွဖျတ်လတ်မှုများနှင့် ပြည့်နှက်နေသည်။သူ မတ်တတ်ရပ်လိုက်ချိန်တွင် အစွမ်းထက်သောအရှိန်အဝါတစ်ရပ်ကို ပေးစွမ်းနိုင်လေ၏။

"ဒါက ထိုက်လင်စစ်တပ်ရဲ့တပ်မှူး အရှင်ဝမ်ယင်ပဲ"

နဥ်ကျိုးက ပြောဆိုသည်။

"ဝမ်မိသားစုဝင်တစ်ယောက်လား"

စွန်းယုသည် အံ့အားသင့်တုန်လှုပ်သွားကာ သူသည် ဝမ်ယင်ကိုကြည့်လိုက်သော မျက်လုံးအတွင်း၌ ရိုသေလေးစားမှုများဖြင့် ပြည့်နက်နေသည်။

ဝမ်မူကျီး၏လက်တံသည် ရှီးလျန်ကြယ်နယ်မြေရှိ အစောင့်တပ်များထိရောက်ရှိနေကြောင်း လူတိုင်း သိရှိထားပြီးလေပြီ။

ထိုအစောင့်တပ်များမှ စစ်ဗိုလ်ချုပ်အများစုသည်လည်း ဝမ်မိသားစုမှဖြစ်ပေ၏။

ဝမ်မိသားစု၏သြဇာအာဏာလွှမ်းမိုးမှုသည် ရှီးလျန်ကြယ်နယ်မြေအတွင်း၌ အခိုင်အမာ အမြစ်တွယ်နေသည်။စစ်အင်အားအများစုသည်လည်း ဝမ်မိသားစု၏လက်အတွင်း၌ ရှိနေပေ၏။

အကယ်၍ သူသည် ဝမ်မိသားစုကို အမှီပြုနိုင်ပါက နောင်အနာဂတ်တွင် သူ ရွှေတံဆိပ်လူဆိုးထိန်းဖြစ်လာနိုင်သည့် အခွင့်အရေးကို အခိုင်အမာ ဖမ်းဆုပ်နိုင်ပေမည်။

"ဒီအမှုကို လေဟာနယ်ကြယ်ဓားပြတွေ ကျူးလွန်ခဲ့တာပါ....သူတို့က အဆိပ်ကိုအသုံးပြုပြီးတော့ လေဟာနယ်သင်္ဘောကိုစောင့်ကြပ်နေတဲ့စစ်သားတွေကို သတ်ဖြတ်ခဲ့တယ်...ပြီးတာနဲ့ သူတို့က ဝင်္ကပါဖွဲ့စည်းပုံတွေအားလုံးကိုယူပြီးတော့ ထွက်ပြေးသွားခဲ့တယ်"

စွန်းယုသည် သူ့အား ယခင်က နဥ်အမ်ထုံ ပြောပြခဲ့သည့်အတိုင်း အရာအားလုံးကို ရှင်းပြလိုက်သည်။

ဤကိစ္စကို အပြီးသတ်ဖြေရှင်းခဲ့သူမှာ သူ မဟုတ်သော်လည်း အဆုံးသတ်၌ ဤတာဝန်ကို လက်ခံခဲ့သူမှာ သူ ဖြစ်နေသဖြင့် တိုက်ပွဲအကျိုးဆောင်ရမှတ် အမြောက်အများကို ရရှိပေလိမ့်မည်။

နံဘေးတွင်မတ်တတ်ရပ်နေသော မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများသည် သူတို့သယ်ဆောင်လာသော လေဟာနယ်ကြယ်ဓားပြများ၏အလောင်းများကို စီတန်း၍နေရာချထားလိုက်ကြသည်။

"ဆေဘာအရူးနတ်ဆိုးကျင့်ကြံသူ...ဒီလူတွေက ရှီးလျန်ကြယ်နယ်မြေပေါ်ကနေ ထွက်မသွားဘဲနဲ့ ဆက်ပြီးနေဝံ့သေးတာလား"

နဥ်ကျိုး၏အမြင်အာရုံသည် အလွန်ထက်ရှကာ အကြည့်တစ်ချက်ဖြင့်ပင် ထိုလေဟာနယ်ကြယ်ဓားပြများ၏သရုပ်မှန်ကို သိရှိသွားလေ၏။

မြေပြင်ပေါ်၌အသက်မဲ့နေသော ဤလေဟာနယ်ကြယ်ဓားပြများသည် ဆဋ္ဌမဂိတ်တံခါးမှ ဝရမ်းထုတ်ထားသော ရာဇဝတ်သားများပင်။

သို့ရာတွင် သူတို့သည် ပုန်းအောင်းရာ၌ အလွန်ထူးချွန်သည်။နှစ်ပေါင်းများစွာကြာမြင့်သည့်တိုင် ဆဋ္ဌမဂိတ်တံခါးသည် ဤရာဇဝတ်သားများကို ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိချေ။

မမျှော်လင့်ဘဲ ထိုရာဇဝတ်သားများသည် ယနေ့တွင် ဤနေရာမှနေ၍ ထွက်မပြေးနိုင်တော့ချေ။

"ဒီလူတွေကို ဘယ်သူသတ်လိုက်တာလဲ...ဘယ်လောက်တောင် ထက်ရှတဲ့ဓားချီလဲ....သူတို့အားလုံးက ဓားချက်တစ်ချက်တည်းနဲ့ အသတ်ခံရတာပဲ"

ဝမ်ယင်သည် အလောင်းများ၏နံဘေးသို့ လျှောက်လှမ်းသွားကာ ဒဏ်ရာများကို ဂရုတစိုက် စစ်ဆေးလေ၏။

ဤလူများအားလုံးကို လုယွီ သတ်ဖြတ်ခဲ့ခြင်းပင်။

လုယွီသည် အင်မော်တယ်သုတ်သင်ဓားချီကို ထုတ်ဖော်အသုံးပြုခဲ့သဖြင့် လေဟာနယ်ကြယ်ဓားပြများ၏ခုခံကာကွယ်မှုနည်းစနစ်များအားလုံး အကျိုးအာနိသင် ဆုံးရှုံးသွားခဲ့ရသည်။

Chapter 3384

ဝမ်ယင်သည် တပ်မှူးတစ်ယောက်ဖြစ်သဖြင့် ဒဏ်ရာများမှတဆင့် ဤလေဟာနယ်ကြယ်ဓားပြများကို သတ်ဖြတ်သွားသည်မှာ အလွန်အစွမ်းထက်သောဓားချီဖြင့်ဖြစ်ကြောင်း သူ အကဲဖြတ်နိုင်သည်။

နဥ်အမ်ထုံက ပြောဆိုသည်။

"သူတို့ကိုသတ်ခဲ့တာ လုယွီပဲ"

သူမသည် အမှန်အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သော်လည်း ယခုလက်ရှိနေရာတွင်ရှိနေသော မည်သူကမျှ ဤလေဟာနယ်ဓားပြများ မည်ကဲ့သို့သေဆုံးသွားသည်ကို ထပ်မံ၍အာရုံမစိုက်တော့ချေ။

ဤလူသေကောင်များသည် ပုရွက်ဆိတ်များဖြင့်သာ တူညီတော့သဖြင့် သူတို့အား သတ်ဖြတ်ခဲ့သူကို မည်သူက အာရုံစိုက်နေမည်နည်း.....

"ဝင်္ကပါဖွဲ့စည်းပုံတွေကို ဒီလူတွေက လုယက်သွားတယ်ဆိုမှတော့...အဲ့ဒီအရာတွေက ဘယ်နေရာမှာလဲ"

ဝမ်ယင်က ထပ်မံ၍ မေးမြန်းသည်။

စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များအတွင်းမှ ဝင်္ကပါဖွဲ့စည်းပုံများ ပျောက်ဆုံးသွားခြင်းသည် ကိစ္စကြီးတစ်ရပ်ပင်။

အကယ်၍ သူ ထိုဝင်္ကပါဖွဲ့စည်းပုံများကို ပြန်မရပါက သူသည် ဝမ်မိသားစုဝင်ဖြစ်သည့်တိုင် ပြ ဿနာတချို့နှင့် ရင်ဆိုင်ရနိုင်သည်။

စွန်းယုက ပြောဆိုသည်။

"တပ်မှူးဝမ်....ဝင်္ကပါဖွဲ့စည်းပုံတွေကို တပ်မှူးဝမ်ရဲ့တပ်ခွဲက စစ်သားတွေဆီ လွှဲပြောင်းပေးပြီးပြီလေ...မျိုးရိုးနာမည်ကျိုးရှိတဲ့ လက်ထောက်တပ်မှူးက ဒါတွေကို လက်ခံသွားတယ်"

ထိုက်လင်တပ်ခွဲမှစစ်သားများသည် ထိုအရာများကို လက်ခံပြီးဖြစ်သည်ဟုဆိုသလော....

ဝမ်ယင်နှင့်နဥ်ကျိုးတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး တစ်ယောက်၏မျက်လုံးအတွင်းမှ အံ့အားသင့်တုန်လှုပ်မှုကို ကျန်တစ်ယောက်က တွေ့မြင်နေရသည်။

"မင်း ဘယ်အချိန်က ဝင်္ကပါဖွဲ့စည်းပုံတွေကို လွှဲပြောင်းပေးလိုက်တာလဲ....ငါတို့ အဲ့ဒါတွေကို ခုချိန်ထိ မရသေးဘူး"

ဝမ်ယင်သည် အံ့အားသင့်တုန်လှုပ်သွားကာ သူ၏လက်အောက်ငယ်သားများကို ချက်ချင်းမေးမြန်းလိုက်၏။

အချိန်အတော်ကြာပြီးနောက် ယနေ့တွင် ဤနေရာ၌စောင့်ကြပ်ရန် ထိုက်လင်တပ်ခွဲမှ မည်သည့်စစ်သားကိုမျှ စီစဥ်မထားကြောင်း စစ်သားများက သတင်းပို့သည်။

ဘာ....

"ဒါ....ဒါက မဖြစ်နိုင်ဘူး"

စွန်းယုသည် ပါးစပ်အဟောင်းသားဖြစ်သွားကာ သူ၏နှလုံးခုန်နှုန်း ကဆုန်စိုင်းခုန်ပေါက်နေသည်။

ဤအချိန်အခိုက်အတန့်တွင် အရာအားလုံးသည် အိမ်မက်တစ်ခု မက်ခဲ့သည့်အလားပင်။

အမာရွတ်မျက်နှာလက်ထောက်တပ်မှူးသည် အပြုအမူအရဖြစ်စေ လုပ်ဆောင်ချက်အရဖြစ်စေ တခြားစစ်သားများနှင့်ကွဲပြားခြားနားခြင်းမရှိကြောင်း သူ ရှင်းရှင်းလင်းလင်း တွေ့မြင်မိသည်။

ဤသည်က သူ့အား တခြားမည်သည့်အရာကိုမျှ မတွေးတောမိအောင် ဖြစ်စေခဲ့သည်။

ဝမ်ယင်က အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။

"မင်းက ဝင်္ကပါဖွဲ့စည်းပုံတွေအားလုံး အဲ့ဒီလူတွေဆီ လွှဲပြောင်းပေးခဲ့တယ်ပေါ့...မင်း အဲ့ဒီလို လုပ်ခဲ့တာလား"

စွန်းယုသည် ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားကိုမျှ မဆိုဝံ့ချေ။

သူသည် ဝမ်ယင်ထံမှနေ၍ တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါကို ခံစားမိသည်။

ဤသည်က စစ်တပ်အတွင်း၌ အစစ်အမှန်စွမ်းအားရှိသော တပ်မှူးတစ်ယောက်ပင်။အကယ်၍ သူသည် ဝမ်ယင်အား စောဒကတက်လိုပါက သူ့အတွက် လွယ်ကူမည်မဟုတ်ချေ။

ဝမ်ယင်သည် စွန်းယု၏မျက်နှာအမူအယာကို မြင်တွေ့ချိန်၌ မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို နားလည်သဘောပေါက်သွားလေပြီ။သူက ရှည်လျားသောသက်ပြင်းတစ်ချက်ကို ရှိုက်လိုက်၏။

စွန်းယုသည် အကူအညီတောင်းခံလိုသောအကြည့်ဖြင့် နဥ်ကျိုးကို ကြည့်လိုက်သည်။

သို့ရာတွင် နဥ်ကျိုး၏ရှက်ရွံနေသောမျက်နှာကို သူ မြင်တွေ့မိသည်။

"ဖြစ်နိုင်တာတော့ မင်းက အဲ့ဒီလူတွေရဲ့အထောက်အထားတွေကို အရင်စစ်ဆေးမကြည့်ခဲ့ဖူးမလား....ဒါက ငါတို့ဆဋ္ဌမဂိတ်တံခါးရဲ့ လုပ်ရိုးလုပ်စဥ် ထုံးတမ်းတစ်ခုလေ....ဟုတ်တယ်မလား"

နဥ်ကျိုးက သက်ပြင်းရှည်ကြီးတစ်ချက် ရှိုက်လိုက်၏။

စွန်းယု၏မျက်နှာ သေလုမတတ်ဖြူရော်သွားကာ သူက နောက်သို့ ခြေလှမ်းတော်တော်များများဆုတ်လိုက်သည်။

ဤှသည်က အမှန်ပင်။

ပုံမှန်လုပ်ရိုးလုပ်စဥ်အရဆိုပါက သူသည် အမာရွတ်မျက်နှာလက်ထောက်တပ်မှူး၏ သက်သေခံအထောက်အထားကို အရင်ဆုံးစစ်ဆေးရပေမည်။

သို့ရာတွင် ထိုအချိန်တုန်းက စွန်းယုသည် ဤအမူကို အမြန်ဆုံးဖြေရှင်းရန်ကိုသာ စိတ်စောနေသဖြင့် အရေးကြီးသောကိစ္စများကို သူ လျစ်လျှူရှုခဲ့မိလေ၏။

နဥ်ကျိုးက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။

"အဲ့ဒီလူတွေ ဘယ်နေရာကိုသွားလဲဆိုတာ မင်း သိလား"

"ဒါ....ဒါကို ငယ်သားက မသိပါဘူး"

စွန်းယုက ခေါင်းခါပြလေသည်။

အမာရွတ်မျက်နှာလက်ထောက်တပ်မှူး ထွက်ခွာသွားစဥ်၌ စွန်းယုသည် ဤကိစ္စကို အောင်မြင်စွာအဆုံးသတ်နိုင်ပြီဟု တွေးတောထားသဖြင့် တခြားအရာများကို မစဥ်းစားတော့ချေ။

"မင်း ဘာကိုမှမသိဘူး....မင်း ဘာအသုံးကျတာရှိလဲ...စွန်းယု...မင်းရဲ့ရာထူးကို ယာယီဖယ်ရှားလိုက်ပြီ...ပြန်ရောက်တာနဲ့ မင်းကိုယ်မင်း ခုနစ်ရက်တိတိ တံခါးပိတ်ပြီးနေရမယ်"

နဥ်ကျိုးက တင်းမာခက်ထန်သောလေသံဖြင့် အော်ငေါက်လိုက်သည်။

စွန်းယု၏မျက်နှာ အလွန်အမင်း ဖြူရော်သွားလေ၏။

သူသည် ဤကဲ့သို့အရေးကြီးသောအမှုအခင်းမျိုးတွင် ဆိုးရွားသောအမှားမျိုးကို ကျူးလွန်မိခဲ့သည်

။

အကယ်၍ သူသည် ရွှေတံဆိပ်လူဆိုးထိန်းအဖြစ် ရာထူးတိုးလိုပါက လက်လှမ်းမမီနိုင်သောမျှော်လင့်ချက် ဖြစ်သွားလေပြီ။

သို့ရာတွင် သူ စောဒကတက်နိုင်ရန် အလွန်ခက်ခဲသည်။မည်သို့ပင်ဆိုစေကာမူ သူ၏အဆင့်သည် နဥ်ကျိုး၏အောက်တွင်ရှိသည်။အကယ်၍ ဝမ်ယင်သာ မေးမြန်းစုံစမ်းလာပါက သူ၏ရာထူးကို ယာယီဖယ်ရှားခံရရုံမျှ ရိုးရှင်းတော့မည်မဟုတ်ချေ။

'အဲ့ဒီကောင်လေးက တကယ့်ကို အမှန်အတိုင်း ပြောခဲ့တာပါလား...ငါ သူ့ရဲ့အကြံပြုချက်ကို နားထောင်ခဲ့သင့်တယ်'

စာအတွင်း၌ပါဝင်သော အကြောင်းအရာများကို ပြန်လည်တွေးတောမိချိန်တွင် စွန်းယု၏စိတ်နှလုံးသားအတွင်း၌ နောင်တအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

Chapter 3385

သို့ရာတွင် ကိစ္စများအားလုံးသည် ဖြစ်ပျက်ပြီးဖြစ်သဖြင့် သူ နောက်ကြောင်းပြန်လှည့်ရန် အခွင့်အရေးမရှိတော့ချေ။

"ငါ ရုံးတော်ကို ပြန်ရောက်တာနဲ့....ချက်ချင်း အကျဥ်းထောင်ကို သွားပြီးတော့ ငါ့ကိုယ်ငါ ဆင်ခြင်သုံးသပ်ပါ့မယ်"

စွန်းယု၏မျက်နှာအမူအယာ သုန်မှုန်နေကာ ယခုချိန်၌ သူ အဝေးသို့ အမြန်ထွက်သွားလိုသည်။

မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများနှင့် နဥ်ကျိုး၏ရှေ့တွင် သူသည် အလွန်ကြီးမားသောပြစ်မှုကို ကျူးလွန်ခဲ့မိလေ၏။ဤသည်က ခွင့်လွှတ်နိုင်ဖွယ်မရှိသော ပြစ်မှုကြီးပင်။

ယာယီအကျဥ်းချခံရခြင်းသည် ပေါ့ပါးသောပြစ်ဒဏ်ဖြစ်သော်လည်း အရေးအကြီးဆုံးကိစ္စမှာ ယခုချိန်မှစ၍ သူ ရွှေတံဆိပ်လူဆိုးထိန်းရာထူးကို မျှော်လင့်နိုင်တော့မည်မဟုတ်ချေ။

သူသည် ဆဋ္ဌမဂိတ်တံခါးမှလူများ၏ လှောင်ပြောင်ရယ်မောစရာ ပြက်လုံးတစ်ခုပင် ဖြစ်သွားနိုင်သည်။

သူ၏ သတိလက်လွတ်လုပ်ဆောင်ခဲ့မှုတစ်ခုသည် အရာအားလုံးကို ပျက်စီးဆုံးရှုံးသွားစေခဲ့သည်။

ယခုလက်ရှိနေရာတွင်ရှိနေသော မည်သူကမျှ စွန်းယုကို အာရုံမစိုက်တော့ချေ။

"ဝင်္ကပါဖွဲ့စည်းပုံတွေက မင်းတို့ဆဋ္ဌမဂိတ်တံခါးက လူတွေရဲ့လက်ထဲကနေ ဆုံးရှုံးသွားတာ....မင်းတို့ ဘယ်လိုတာဝန်ယူမှာလဲ"

ဝမ်ယင်က နဥ်ကျိုးကိုကြည့်၍ မေးမြန်းသည်။

နဥ်ကျိုးသည် မျက်မှောင်ကြုတ်ထားကာ မည်သည့်စကားမျှ ပြောဆိုခြင်းမပြုချေ။

ထိုက်လင်တပ်ခွဲမှနေ၍ ထိုဝင်္ကပါဖွဲ့စည်းပုံများကို ပျောက်ဆုံးသွားခြင်းဖြစ်သော်လည်း သူတို့ဆဋ္ဌမဂိတ်တံခါး၏အပြစ်သည် ပထမနေရာ၌ ရှိနေပေ၏။

သို့ရာတွင် ယခုချိန်သည် မည်သူတာဝန်ယူရမည်ကို ငြင်းဆန်နေရမည့် အချိန်မဟုတ်ချေ။အကယ်၍ ထိုဝင်္ကပါဖွဲ့စည်းပုံများသာ ပြင်ပတွင်ပျံ့နှံ့သွားပါက သူတို့အနက်မှမည်သူမျှ အပြစ်ကင်းလွတ်မည်မဟုတ်ပေ။

"ဒီအမှုကို ဆဋ္ဌမဂိတ်တံခါးကနေ အရေးပေါ်ဦးစားပေးကိစ္စလို့ သတ်မှတ်ပြီးတော့ လူတွေစေလွှတ်ပြီး စုံစမ်းစစ်ဆေးမယ်"

နဥ်ကျိုးက သက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုသည်။

ဤသည်မှာ ယခုလက်ရှိချိန်၌ သူ အကောင်းဆုံးလုပ်ဆောင်နိုင်သော အရာပင်။

မည်သို့ပင်ဆိုစေကာမူ ဆဋ္ဌမဂိတ်တံခါးမှလူများသည် နတ်ဘုရားများမဟုတ်ချေ။ထိုဝင်္ကပါဖွဲ့စည်းပုံများကို တရားခံများမှယူဆောင်သွားသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သဖြင့် သူတို့ မသိနိုင်သော နေရာတစ်ခုသို့ ပြောင်းရွှေ့ပြီးဖြစ်ပေမည်။

ဤသို့ရှာဖွေရန်မှာ အပြောလွယ်သလောက် လုပ်ဆောင်ရန်ခက်ခဲသောကိစ္စပင်။

"အဲ့ဒီလူတွေက စစ်သားတွေလို အယောင်ဆောင်ထားမှတော့ ဒီနေရာမှာ သဲလွန်စတချို့ ကျန်နေနိုင်တယ်...တကယ်လို့ ငါတို့က သူတို့ကိုရှာချင်ရင် အဲ့ဒီသဲလွန်စတွေကို အရင်ဆုံးရှာရမယ်"

နဥ်ကျိုးက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

နဥ်အမ်ထုံသည် ရုတ်တရက် လုယွီ ပေးပို့သောစာကို အမှတ်ရသွားလေ၏။

"လုယွီက သူတို့နောက်ကို စုံစမ်းစစ်ဆေးဖူးတယ်...အဲ့ဒီလူတွေက ဗုဒ္ဓဂိုဏ်းကလူတွေဖြစ်မယ်လို့ သူ စာပို့ထားတယ်"

နဥ်အမ်ထုံက ပြောဆိုသည်။

စွန်းယုက စိုးရိမ်ပူပန်တကြီး ပြောဆိုလေသည်။

"အမ်ထုံ...အခုချိန်မှာ ဒီကိစ္စကို ခေါင်းဆောင်နဥ်က တာဝန်လွှဲယူထားတယ်...အဲ့ဒီကောင်လေးရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေမှာ မင်း မျောပါမသွားစေနဲ့...ဒါက စုံစမ်းနေတဲ့သူတွေရဲ့စိတ်အာရုံကို ရှုပ်ထွေးသွားစေနိုင်တယ်"

"ငါ လက်မခံနိုင်ဘူး....ဒီကိစ္စကို စုံစမ်းနိုင်တဲ့အရည်အချင်းမျိုး လုယွီဆီမှာရှိနေတာ သေချာပေါက်ပဲ"

ရုတ်ချည်းဆိုသလိုပင် နဥ်အမ်ထုံသည် လုယွီ၏စာအတွင်း၌ ပါဝင်သောအကြောင်းအရာများကို ပြန်ပြောပြလိုက်သည်။

ထိုစကားများကိုကြားချိန်တွင် ဝမ်ယင်နှင့်နဥ်ကျိုးတို့သည် လေးလေးနက်နက် တွေးတောလိုက်ကြ၏။

"ဗုဒ္ဓဂိုဏ်းဝင်တွေလား...သူတို့ကို ဒီလောက်ထိအတင့်ရဲဝံ့တဲ့သတ္တိမျိုး ဘယ်သူက ပေးထားတာလဲ....သူတို့တွေ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ ဟောပြောဖို့ကို တော်ဝင်နန်းတွင်းက ခွင့်ပြုထားတာ မကြာသေးဘူး...ဒါကြောင့် သူတို့ရဲ့အခြေခံအုတ်မြစ်က မတည်ငြိမ်သေးဘူး....ဒီလိုလှုပ်ရှားမှုကြီးကိုလုပ်တာ ဗုဒ္ဓဂိုဏ်းဝင်တွေ မဖြစ်နိုင်ဘူး....တခြားတစ်ဖက်ကိုကြည့်ရင် နတ်ဆိုးဂိုဏ်းကလူတွေလုပ်တာ ဖြစ်နိုင်တယ်"

ဝမ်ယင်က တီးတိုးရေရွတ်လိုက်သည်။

တခြားတစ်ဖက်တွင် နဥ်ကျိုးသည် ထိုစကားများအကြားတွင် မူမမှန်မှုအရိပ်အယောင်များ ရှိနေသည်ကို သတိပြုမိလေ၏။

"မင်း အနက်ရောင်ဝတ်ရုံဝတ်လူရဲ့ မျက်နှာအစစ်အမှန်ကို မြင်လိုက်ရလား"

နဥ်ကျိုးက မေးမြန်းသည်။

နဥ်အမ်ထုံသည် ပါးစပ်ဟလိုက်သော်လည်း အနည်းငယ်တွေဝေတုံ့ဆိုင်းနေသည်။

သူမသည် လုယွီကိုယုံကြည်သော်လည်း တခြားသူများသည် ယုံကြည်ကြမည်မဟုတ်ချေ။

ထို့ပြင် သူမသည် အနက်ရောင်ဝတ်ရုံဝတ်လူ၏မျက်နှာကို သူမကိုယ်တိုင် မြင်တွေ့ခဲ့ခြင်းမရှိချေ။မည်သူက ဤကဲ့သို့ ထူးဆန်းသောကိစ္စကို လက်ခံယုံကြည်နိုင်မည်နည်း။

"ဒါပေမယ့် ဒါကလည်း သဲလွန်စတစ်ခုပဲ...တကယ်လို့ ငါတို့က နောင်တစ်ချိန်မှာ ဝင်္ကပါဖွဲ့စည်းပုံတွေကို ဘယ်လိုမှရှာမတွေ့ဘူးဆိုရင် အဲ့ဒီဂိုဏ်းအင်အားစုတွေကနေ စပြီးစုံစမ်းစစ်ဆေးရမယ်"

နဥ်ကျိုးက တည်ငြိမ်စွာ ပြောဆိုသည်။

"ခေါင်းဆောင်နဥ်...အဲ့ဒီလောက်ထိ အခက်အခဲတွေအများကြီးကို ဖြတ်ကျော်ဖို့ မလိုတော့ပါဘူး"

ထိုအချိန်မှာပင် နဥ်ကျိုး၏နောက်မှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။

နဥ်ကျိုးသည် ကြက်သေသေသွားလေလေ၏။သူက နောက်သို့လှည့်ကြည့်လိုက်ရာ လုယွီ ရုတ်တရက် ရောက်ရှိလာသည်ကို တွေ့မြင်မိသည်။

ပတ်ဝန်းကျင်ရှိလူများသည် အရိပ်တစ်ရိပ် ဖျတ်ခနဲဖြတ်သန်းသွားသည်ကိုသာ တွေ့မြင်လိုက်ရပြီး လုယွီသည် သူတို့၏ရှေ့၌ ရောက်ရှိနေလေပြီ။

"လုယွီ....နင် အဆင်ပြေရဲ့လား"

နဥ်အမ်ထုံသည် လုယွီ ပြန်ရောက်လာသည်ကို မြင်တွေ့ချိန်၌ အလွန်ပျော်ရွှင်သွားသည်။

ယခင်က လုယွီသည် ရာဇဝတ်သားနောက်သို့ တစ်ယောက်တည်း လိုက်လံဖမ်းဆီးသည်ကိုကြားချိန်တွင် သူမ စိုးရိမ်ပူပန်နေခဲ့သည်။

ယခု လုယွီ ပြန်ရောက်လာသည်ကို မြင်တွေ့ချိန်၌ သူမ စိတ်သက်သာရာရသွားလေ၏။

Thank For Reading.

All Chapters