← Chapters

အခန်း (၃၃၉၆-၃၄၀၀)

Vol. 173 Ch. 3396-3400

အခန်း (၃၃၉၆-၃၄၀၀)

Vol. 173 Ch. 3396-3400

Chapter 3396

အကယ်၍ မည်သည့်စုံစမ်းစစ်ဆေးခြင်းမျှမရှိဘဲ လုယွီသည် လက်ဝဲစစ်တပ်သို့ ရောက်ရှိသွားပါက အာဏာလက်ကိုင်မရှိသောတပ်မှူးအဖြစ်သာ ရောက်ရှိသွားပေမည်။

စစ်သားများ ငွေကြေးနှင့်အခွင့်အာဏာတို့သည် အရေးကြီးဆုံးလိုအပ်ချက်သုံးခုပင်။

ယခုချိန်တွင် ဝမ်မိသားစုသည် သူ၏စစ်တပ်အင်အားနှင့်အုပ်ချုပ်ရေးအခွင့်အာဏာတို့ကို ထိန်းချုပ်ထားလေပြီ။အချိန်ကျလာပါက သူသည် ရုပ်သေးတပ်မှူးမျှသာ ဖြစ်သွားပေမည်။

"လက်ဝဲစစ်တပ်ရဲ့အရင်တပ်မှူးက အဆိပ်သင့်ပြီးသေသွားတာလို့ ငါ ကြားထားတယ်...ငါ အရင်တုန်းကတော့ အရမ်းသိချင်နေခဲ့မိတယ်...ဒါပေမယ့် ဒီလိုနေရာမျိုးမှာ သူ သေသွားရတာ ထူးဆန်းတဲ့ကိစ္စ မဟုတ်တော့ဘူး"

လုယွီသည် ကျူးကော်မင် စီမံအုပ်ချူပ်ရသော စစ်ရေးအထောက်အပံ့ပစ္စည်းများစာရင်းကို စစ်ဆေးလိုက်၏။

လက်လွှဲပြောင်းမှုတချို့ပြုလုပ်ပြီးနောက် ထောက်ပံ့ရေးပစ္စည်းများ၏ သုံးဆယ်ရာခိုင်နှုန်းခန့်သာ နှင်းစက်နေမင်းမြို့မှစစ်သားများ၏လက်အတွင်း၌ ကျန်ရှိခဲ့သည်။

လုယွီသည် 'လက်ဆောင်ပဏ္ဍာ' ဟူသော စာလုံးကို လက်ညှိုးညွှန်ပြကာ မေးမြန်းလိုက်သည်။

"စစ်ရေးအထောက်အပံ့ပစ္စည်းတွေအားလုံးကို ငါ သိတယ်...ဒီလိုကိစ္စမျိုးကိုတော့ ငါ မကြုံဖူးဘူး...ဘယ်အချိန်ကစပြီး ဒါကို ပေါင်းထည့်ရတာလဲ"

လက်ဆောင်ပဏ္ဍာဟူသောငွေပမာဏသည် စစ်ရေးအထောက်အပံ့ငွေကြေးများ၏ငါးဆယ်ရာခိုင်နှုန်းကျော် ရှိနေသည်။

သန်းနှင့်ချီသော စစ်သားများအတွက် စစ်ရေးအထောက်အပံ့ငွေကြေးစုစုပေါင်းသည် ကြောက်ခမမ်းလိလိများပြားသော ပမာဏပင်။အကယ်၍ ထိုအရာ၏ငါးဆယ်ရာခိုင်နှုန်းဆိုလျှင်ပင် တွေးတောကြည့်ရန်ခက်ခဲသော ပမာဏဖြစ်သည်။

ကျူးကော်မင်က သက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုသည်။

"ဒါကို ဘယ်အချိန်ကစခဲ့တယ်ဆိုတာ ငါ မသိဘူး...ဒါပေမယ့် လက်ဝဲစစ်တပ်ရဲ့နယ်မြေထဲမှာ သူခိုးဓားပြတွေ အရမ်းပေါတယ်...အဲ့ဒီသူခိုးဓားပြတွေက အရမ်းရဲတင်းပြီးတော့ သူတို့က စစ်သင်္ဘောတွေကိုတောင် တိုက်ခိုက်လုယက်ဝံ့တယ်...ကူကယ်ရာမဲ့ရင်ဆိုင်နေရပြီးတော့ သူတို့ကို လက်ဆောင်ပဏ္ဍာငွေ ပေးရုံပဲတတ်နိုင်ခဲ့တယ်....အဲ့ဒီငွေကိုရတာနဲ့ သူတို့တွေက စစ်သင်္ဘောတွေကို မတိုက်ခိုက်တော့ဘူး"

လုယွီသည် ထိုစကားကိုပြောချိန်တွင် မရယ်မောဘဲ မနေနိုင်တော့ချေ။

တာယွီအင်ပါယာ၏စစ်တပ်သည် သူခိုးဓားပြများကို လက်ဆောင်ပဏ္ဍာများ ဆက်သနေရလေ၏။

အကယ်၍ ဤကိစ္စကိုသာ တော်ဝင်မြို့တော်အတွင်း၌ကြားပါက ရယ်စရာပြက်လုံးတစ်ခုဟု ယူဆကြကာ မည်သူမျှယုံကြည်မည်မဟုတ်ချေ။

"ဒါက ကူကယ်ရာမဲ့လုပ်လိုက်တဲ့ လှုပ်ရှားမှုတစ်ခုပဲ...ရှေ့တန်းက တင်းမာတဲ့အခြေအနေမျိုးကို ရောက်နေပြီ...စစ်အင်အားကို မြှင့်တင်နိုင်ဖို့အတွက် နတ်ဘုရားအမတ်ကြီးရှက ဗုဒ္ဓနယ်မြေကိုသွားပြီးတော့...အရင်ဧကရာဇ် ထုတ်ပြန်ခဲ့တဲ့ တားမြစ်အမိန့်တော်ကို ရုတ်သိမ်းခဲ့တယ်...ဒါကြောင့် စစ်ပွဲမှာ ဗုဒ္ဓဂိုဏ်းဝင်တွေ ပါဝင်ဆင်နွှဲလာခဲ့တယ်...အဲ့ဒီသူခိုးဓားပြတွေကို တိုက်ခိုက်မယ်ဆိုရင် စစ်အင်အားတွေ လျော့နည်းသွားပြီးတော့ တိုက်ပွဲရဲ့အခြေအနေက ပိုပြီးဖရိုဖရဲ ဖြစ်သွားလိမ့်မယ်"

"အခုချိန်မှာ အဲ့ဒီသူခိုးဓားပြတွေကို ရင်ဆိုင်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက လက်ဆောင်ပဏ္ဍာတွေ ပေးထားဖို့ပဲ....တခြားဘာနည်းလမ်းမှ မရှိဘူး"

ကျူးကော်မင်က သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

ဤသည်မှာ ကူကယ်ရာမဲ့ လှုပ်ရှားမှုတစ်ခုပင်။

အတိတ်တွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏လက်ထက်၌ တော်ဝင်နန်းတွင်းသည် ပြင်ပဂိုဏ်းအင်အားစုများအားလုံးကို အကြွင်းမဲ့ထိန်းချုပ်ထားနိုင်ပေ၏။

သို့ရာတွင် ယခုလက်ရှိချိန်၌ ယခင်နှင့်မတူညီတော့ချေ။

လုယွီက ပြောဆိုသည်။

"ဒါက တစ်ခုတည်းသော နည်းလမ်းဆိုရင်တော့ ဝမ်မူကျီးက အမှိုက်ကောင်ပဲ...နယ်မြေအုပ်ချုပ်ရေးအာဏာကို ကိုင်ထားတဲ့လူက သူရဲ့နယ်မြေထဲမှာရှိနေတဲ့ သူခိုးဓားပြတွေကိုတောင် မနှိမ်နင်းနိုင်ဘူး...ဒါဆိုရင် သူ တခြားကိစ္စတွေကိုလည်း ဘာမှစွမ်းဆောင်နိုင်မှာမဟုတ်ဘူး"

"ငါ ဒီကိစ္စကို မှတ်ထားလိုက်မယ်..စစ်ရေးထောက်ပံ့ငွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မင်း ဆက်ပြီးစုံစမ်းထားစမ်း...မင်း အဲ့ဒီသတင်းတွေ အကုန်စုဆောင်းမိပြီဆိုရင် ငါ့ကို လွှဲပြောင်းပေးပါ"

"ဟုတ်ကဲ့ပါ အရှင်"

……

နောက်တစ်နေ့၌....

နှင်းစက်နေမင်းမြို့၏ဆိပ်ကမ်းတွင် လေဟာနယ်သင်္ဘောတစ်စီး တည်ငြိမ်စွာ ရပ်တန့်ထားသည်။

စစ်သားတစ်စုသည် သူတို့အားကြိုဆိုရန် ကြိုတင်၍ ရောက်ရှိနေသည်။

သင်္ဘောအတွင်းခန်းပွင့်သွားပြီးနောက် ဝမ်ခန်းနှင့် ရှီးလျန်ကြယ်နယ်မြေမှ လူငယ်ပါရမီရှင်များ ထွက်လာကြ၏။

သူတို့သည် ယှဥ်ပြိုင်ပွဲ၌ပါဝင်ဆင်နွှဲရန် ဤနေရာသို့ ရောက်ရှိလာကြခြင်းပင်။

"သခင်လေးဝမ်ကို ကြိုဆိုပါတယ်"

အရာရှိတစ်စုက ချက်ချင်းဆိုသလိုပင် ဆီးကြိုနှုတ်ဆက်လိုက်ကြသည်။

သူတို့အနက်မှ အများစုသည် နှင်းစက်နေမင်းမြို့မှ အဆင့်မြင့်အရာရှိများဖြစ်ပြီး လွယ်လင့်တကူ ထွက်ပေါ်လာလေ့မရှိချေ။

သို့ရာတွင် ဝမ်ခန်းသည် ဝမ်မူကျီး၏သားပင်။သူ့အား ဤတစ်ကြိမ်တွင် မျက်နှာချိုသွေးခြင်း မပြုလုပ်ပါက မည်သည့်အချိန်ထိ သူတို့ စောင့်ဆိုင်းရမည်နည်း...

"ကောင်းပြီ...ကောင်းပြီလေ...ဘာထုံးတမ်းစဥ်လာတွေမှ လုပ်နေဖို့မလိုဘူး...ငါတို့နေဖို့နေရာ ပြင်ဆင်ပြီးပြီလား"

ဝမ်ခန်းက စိတ်မရှည်စွာဖြင့် မေးမြန်းလိုက်သည်။

သူသည် ရှီးလျန်ကြယ်နယ်မြေမှ လူတိုင်း၏အာရုံစိုက်စရာကြီး ဖြစ်နေခဲ့သဖြင့် စိတ်အနှောက်အယှက် ဖြစ်နေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

"ဒါနဲ့ပတ်သတ်ပြီးတော့ ဘာမှမစိုးရိမ်ပါနဲ့...သခင်လေးတွေနေဖို့အတွက် နှင်းစက်နေမင်းမြို့ရဲ့အကောင်းဆုံးဧည့်ဆောင်တွေမှာ ကြိုတင်ပြီး ပြင်ဆင်ထားပါတယ်"

အရာရှိတစ်ယောက်က အပြုံးနှင့် ပြောဆိုသည်။

ထို့နောက် ယှဥ်ပြိုင်ပွဲအတွက် စာရင်းဇယားများကို မှတ်သားရန်အတွက် တခြားအရာရှိတစ်ယောက် ရောက်ရှိလာသည်။

ယှဥ်ပြိုင်ပွဲ၌ နှစ်ဖက်စလုံးမှနေ၍ တစ်ဖက်လျှင်လူငါးဆယ်စီ ပါဝင်ယှဥ်ပြိုင်ရမည်ဖြစ်သဖြင့် လူငယ်ပါရမီရှင်များ၏နာမည်များကို ကြိုတင်၍မှတ်သားထားရန် လိုအပ်သည်။

အရာရှိငယ်တချို့သည် အချိန်တခဏကြာခန့် စာရင်းမှတ်ယူပြီးနောက် အံ့အားတသင့် ရေရွတ်လိုက်ကြ၏။

"ဒါက မဟုတ်သေးဘူး...ဘာလို့ လူတစ်ယောက် လျော့နေတာလဲ"

Chapter 3397

"တစ်ယောက် လျော့နေတာလား"

ဝမ်ခန်းက မျက်မှောင်ကြုတ်ကာ သူ၏နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

ဤတစ်ကြိမ်တွင် သူ ခေါ်ဆောင်လာသောလူများကို အသေးစိတ်စစ်ဆေးနေရန် သူ့ထံ၌ အချိန်ပိုမရှိခဲ့ချေ။လူတစ်ယောက်ဖြစ်နေသရွေ့ ဤသည်က အဆင်ပြေသည်။

အရာရှိတစ်ယောက်သည် နာမည်စာရင်းကိုကြည့်ကာ တီးတိုးပြောဆိုလိုက်၏။

"ဒါက အမှန်ပဲ...ယှဥ်ပြိုင်ပွဲအတွက်ကို လူအယောက်ငါးဆယ် စေလွှတ်ရမယ်...မီးတောက်ခန်းမက သတင်းပို့ထားမှုအရတော့ ဒီယှဥ်ပြိုင်ပွံမတိုင်မီမှာ တစ်ယောက်ယောက်က ရှီးလျန်ပါရမီရှင်စာရင်းထဲကို အောင်အောင်မြင်မြင် ဝင်နိုင်ခဲ့တယ်...ဒါ​ကြောင့် နာမည်စာရင်းက အသစ်ဖြစ်နေတာပဲ"

ဝမ်ခန်းက သရော်တော်တော် ပြောဆိုသည်။

"ဖြစ်နိုင်တာတော့ ကံကောင်းပြီး အယောက်ငါးဆယ်မြောက်နေရာကို ဝင်လာနိုင်တဲ့ ကောင်တစ်ကောင်ပဲဖြစ်မယ်...သူ ပိုလာရင်လည်း ဘာမှမဖြစ်ဘူး...သူ လျော့နေလို့လည်း ဘာမှမဖြစ်ဘူး...တကယ်လို့ သူ ရောက်မလာဘူးဆိုရင် ထပ်ပြီးစောင့်နေဖို့ မလိုအပ်ဘူး...တစ်ယောက်ယောက်ကိုရှာပြီးတော့ သူ့အစား တိုက်ခိုက်ခိုင်းလိုက်ရုံပဲ"

ရှီးလျန်ပါရမီရှင်စာရင်း၏ ထိပ်သီးနေရာများမှ နာမည်များသည် ပုံသေဖြစ်ပေ၏။

သူတို့၏စွမ်းအားဖြင့်ဆိုပါက မည်သူကမျှ ထိပ်သီးနေရာများကို လှုပ်ခတ်နိုင်မည်မဟုတ်ချေ။

နှိုင်းယှဥ်ကြည့်ပါက နံပါတ်ငါးဆယ်မြောက်နေရာသည် အဆက်မပြတ် ပြောင်းလဲနေသည်။

ဤသည်က ဖြစ်ရိုးဖြစ်စဥ် ကိစ္စတစ်ရပ်ဖြစ်သဖြင့် ဝမ်ခန်းသည် အနည်းငယ်မျှပင် ဂရုမစိုက်ချေ။

သူ၏နံဘေးတွင်ရှိနေသော နဥ်အမ်ထုံက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။

"အဲ့ဒီလူက ဘယ်သူလဲဆိုတာ ငါတို့ အရင်ဆုံးစုံစမ်းသင့်တယ် မဟုတ်လား...ဘာလို့ သူက ယှဥ်ပြိုင်ပွဲမှာ ဝင်မပါရမှာလဲ"

ရှီးလျန်ပါရမီရှင်စာရင်း၏ ထိပ်သီးအယောက်ငါးဆယ်သည် ယှဥ်ပြိုင်ပွဲ၌ ပါဝင်ဆင်နွှဲရန် ဖိတ်ကြားချက်ကို ရရှိပြီးဖြစ်သည်။

ထိုပါရမီရှင်များ ယှဥ်ပြိုင်ပွဲ၌ ပါဝင်ယှဥ်ပြိုင်နိုင်ရန်အလို့ငှာ ရှီးလျန်အုပ်ချုပ်ရေးရုံးတော်သည် အင်အားများစွာ စိုက်ထုတ်ခဲ့ရလေ၏။သူတို့သည် ယှဥ်ပြိုင်ပွဲ၌ပါဝင်ယှဥ်ပြိုင်သော လူငယ်ပါရမီရှင်တိုင်းကို အကျိုးအမြတ်များစွာပေးမည်ဟု ကတိပြုထားခဲ့သည်။

ဝမ်ခန်းက သရော်တော်တော် ပြောဆိုလေ၏။

"အမ်ထုံ...ဘာလို့ အဲ့ဒီလို နာမည်မရှိတဲ့ကောင်ကို ဂရုစိုက်နေတာလဲ...အချိန်ကျလာတာနဲ့ ငါ့ရဲ့အရည်အချင်းနဲ့ဆိုရင်...ထန်အင်ပါယာက ကြက်လေးငှက်လေးတွေလိုကောင်တွေက ငါ့ရဲ့တိုက်ခိုက်မှုတစ်ခုကိုတောင် ခံနိုင်ရည်ရှိမှာမဟုတ်ဘူး"

ဤတစ်ကြိမ်တွင် သူ့ထံ၌ ယုံကြည်ချက်အပြည့်အဝရှိသည်။

မည်သို့ပင်ဆိုစေကာမူ နဥ်အမ်ထုံ၏ရှေ့၌ သူ၏ခွန်အားကို ပြသခွင့်ရခြင်းသည် အလွန်ရှားပါးသော အခွင့်အရေးတစ်ရပ်ပင်။

နဥ်အမ်ထုံသည် ခေါင်းတစ်ချက်ညိတ်ပြလိုက်သော်လည်း လုယွီ၏ပုံရိပ်က သူ၏စိတ်အတွင်း၌ ကြီးစိုးနေသည်။

"တကယ်လို့ သူသာ ဒီနေရာမှာရှိနေရင်...ဒီယှဥ်ပြိုင်ပွဲမှာ အနိုင်ရမယ်ဆိုတာ ဘာသံသယဝင်စရာမှ ရှိမှာမဟုတ်ဘူး"

နဥ်အမ်ထုံက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

နဥ်အမ်ထုံတစ်ယောက်တည်းကသာ လုယွီ၏အစစ်အမှန်ခွန်အားကို သိရှိထားသည်။

ကံအကြောင်းမလှစွာဖြင့် သူမတို့၏နဥ်မိသားစုသည် လုယွီ ထွက်ခွာမသွားစေရန် ဟန့်တားမထားနိုင်ခဲ့ချေ။

"ယှဥ်ပြိုင်ပွဲမှာပါဝင်ယှဥ်ပြိုင်မယ့် လူငယ်တွေအားလုံး ခမ်းနားထည်ဝါတဲ့တည်းခိုဆောင်ရဲ့သီးသန့်ခန်းတွေမှာ နေရမယ်...ကျသင့်ငွေတွေအားလုံးကို ငါတို့ဝမ်မိသားစုက ပေးချေမယ်"

ဝမ်ခန်းက သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။

လူငယ်များအားလုံး အလွန်ပျော်ရွှင်သွားကြကာ အလျင်စလို မျက်နှာချိုသွေးလိုက်ကြသည်။

"သခင်လေးဝမ်က တကယ့်ကို ရက်ရောတဲ့လူပဲ"

လူတိုင်းထံမှ ချီးမွမ်းမြှောက်ပင့်သော စကားများကိုကြားချိန်တွင် ဝမ်ခန်း၏မျက်နှာပေါ်၌ စိတ်ကျေနပ်သောအပြုံးမျိုး ထင်ဟပ်လာသည်။

အလွန်လျှင်မြန်စွာဖြင့်ပင် လူငယ်ပါရမီရှင်များသည် နှင်းစက်နေမင်းမြို့၏ ခမ်းနားထည်ဝါဆုံးတည်းခိုခန်းသို့ ရောက်ရှိသွားကာ ထိုနေရာ၌ နေထိုင်လိုက်ကြ၏။

နှင်းစက်နေမင်းမြို့သည် အခြေခံအားဖြင့် စစ်စခန်းများနှင့် ပြည့်နှက်နေသောနေရာဖြစ်သဖြင့် တည်းခိုခများ လွန်စွာကြီးမြင့်သည်။ဤနေရာ၌ နေရာထိုင်ခင်းစီစဥ်ပေးသည်ကို ကြည့်ခြင်းအားဖြင့် ဝမ်မိသားစုသည် လူငယ်ပါရမီရှင်များကို သိမ်းသွင်းလိုသည်မှာ သိသာထင်ရှားသည်။

……

နောက်တစ်နေ့၌ လုယွီသည် မှတ်တမ်းရုံးသို့ ထပ်မံသွားခဲ့သည်။

သူသည် ဤညအချိန်ရောက်သည်အထိ တခြားနေရာများသို့ သွားရောက်ခြင်းမပြုဘဲ မှတ်တမ်းရုံးအတွင်း၌သာ နေထိုင်ခဲ့လေ၏။

ဤအရေးကြီးသောရုံးမှတ်တမ်းများကို ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ ထိပ်သီးအရာရှိများသာ ကြည့်ခွင့်ရှိသည်။သို့ရာတွင် ကျုးကော်မင်သည် လုယွီ၏အဆင့်အတန်းကို သိရှိပြီးဖြစ်သဖြင့် စုံစမ်းစစ်ဆေးမှုကို ဟန့်တားခြင်းမပြုချေ။

လုယွီသည် ထိုရုံးမှတ်တမ်းများကို ဂရုတစိုက်စစ်ဆေးပြီးနောက် အံ့အားသင့်တုန်လှုပ်သွားသည်။

ရှေ့တန်းစစ်မျက်နှာစာသည် အတိုင်းအတာတစ်ခုထိ တိုက်စားခြင်းခံနေရလေပြီ။

မှတ်တမ်းများအရ ဝမ်မိသားစု၏လက်တံများသည် လက်ဝဲစစ်တပ်၏လက်အောက်ရှိ နယ်မြေများအားလုံးနီးပါးသို့ ဆန့်ထုတ်ထားပြီးဖြစ်သည်။

မည်သည့်ထောင့်တစ်နေရာ၌မဆို ဝမ်မိသားစု၏အရိပ်အယောင်များရှိနေသည်။

ဤသည်က မြစ်ပွားနာတစ်ခုကဲ့သို့ဖြစ်နေပြီး ဝမ်မိသားစု၏အင်အားသည် ပွေလီရှုပ်ထွေးနေသဖြင့် အမြစ်ပြတ်သုတ်သင်နိုင်ရန် မလွယ်ကူချေ။

လုယွီသည် တန်ပြန်တိုက်ခိုက်ရန်အစီအစဥ်များကို သူ၏စိတ်အတွင်း၌ တွေးတောပြီးနောက် ပင်မစစ်စခန်းသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာအနီးတဝိုက်တွင် စစ်သားများ အဆက်မပြတ် ကင်းလှည့်နေသည်။ပတ်ဝန်းကျင်မှနေ၍ မာန်တင်းသံများကလည်း ပဲ့တင်ထပ်ထွက်ပေါ်နေကာ သတ်ဖြတ်လာခြင်းစိတ်ဆန္ဒများက မိုးထိလုမတတ် မြင့်မားနေလေ၏။

Chapter 3398

ဤသည်မှာ နှင်းစက်နေမင်းမြို့၏ပင်မစစ်ဗိုလ်ချုပ် စစ်စခန်းချသောနေရာပင်။

ပင်မစစ်ဗိုလ်ချုပ်သည် တော်ဝင်နန်းတွင်း၏ကံကြမ္မာစွမ်းအား ကောင်းချီးပေးမှုကို လက်ခံရရှိသော အရာရှိတစ်ယောက်ပင်။သူသည် စစ်ရေးရာထူးသာရှိသော စစ်ဗိုလ်ချုပ်သက်သက်မဟုတ်ချေ။

နှင်းစက်နေမင်းမြို့သည် ရှေ့တန်းစစ်မျက်နှာစာအတွက် အဓိကသော့ချက်မြို့တစ်မြို့ဖြစ်သဖြင့် ဤနေရာရှိ ပင်မစစ်ဗိုလ်ချုပ်သည် ကုန်းမြေများ ကြယ်နယ်မြေများအတွင်းရှိ စစ်ဗိုလ်ချုပ်အများစုထက် ပို၍သန်မာအားကောင်းသည်။

လုယွီသည် ပင်မစစ်ဗိုလ်ချုပ်၏စစ်စခန်းအနီးသို့ ချဥ်းကပ်မသွားမီမှာပင် သူ့ထံတိုးဝင်လာသည့် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ခံစားမိလေ၏။

စစ်စခန်း၏အထက်ကောင်းကင်ယံတွင် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ တိုက်ပွဲများစွာကို ရင်ဆိုင်ဖြတ်ကျော်ခဲ့သောစစ်သားများ ဤနေရာတွင် နှစ်ရှည်လများစခန်းချရာမှ ဖွဲ့စည်းလာသော တစ်စုံတစ်ခုပင်။

"အဲ့ဒီနေရာမှာ ရပ်လိုက်စမ်း...အပြင်လူတွေက ဒီနေရာကို ဖြတ်သန်းသွားလာခွင့်မရှိဘူး"

မကြာမီမှာပင် တစ်စုံတစ်ယောက်က လုယွီအား ဟန့်တားလေသည်။

လုယွီက ပြောဆိုသည်။

"ငါက အင်ပါယာနှစ်ခုကြားက ယှဥ်ပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲမယ့်လူပဲ...ဒါက ငါ့ရဲ့သက်သေခံတံဆိပ်ပြား..."

ထိုစစ်သားသည် လုယွီ၏တံဆိပ်ပြားကို ဂရုတစိုက်စစ်ဆေးပြီးနောက် အတုအယောင်မဟုတ်သည်ကို တွေ့မြင်သွားလေ၏။သူသည် လုယွီကို တစ်ချက်ပြန်ကြည့်လိုက်သည်။

"အင်ပါယာနှစ်ခုကြားက ယှဥ်ပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲမယ့် တခြားလူငယ်ပါရမီရှင်တွေက ဒီနေရာကို မနက်တုန်းက ရောက်လာကြတယ်...မင်းက ဘာလို့ အခုမှရောက်လာတာလဲ...အရင်ဆုံး အပြင်မှာ စောင့်နေအုံး"

လုယွီသည် မည်သည့်ငြင်းဆန်ခြင်းမျှမပြုဘဲ ပတ်ဝန်းကျင်ကိုသာ အမှုမဲ့အမှတ်မဲ့ ဝေ့ဝိုက်၍ ကြည့်နေလေသည်။

ပင်မစစ်စခန်း၏နံဘေး၌ တခြားတပ်ခွဲများလည်းရှိနေကာ စစ်ပွဲအလံများက လေထုအတွင်း၌ လူးလွန့်နေသည်။

ထိုစစ်ပွဲအလံများမှတဆင့် မည်သည့်တပ်ခွဲဖြစ်သည်ကို ပြောဆိုနိုင်ပေ၏။

ဝမ်မိသားစု၏စစ်ပွဲအလံတွင် ခေါင်းမော့၍ဟိန်းဟောက်နေသော ရက်စက်ကြမ်းကြုတ်သည့်ကျားတစ်ကောင် အမှတ်အသားပါရှိသည်။

ရက်စက်ကြမ်းကြုတ်သောကျားတစ်ကောင် ရေးထွင်းထားသည့် စစ်ပွဲအလံများအားလုံး ဝမ်မိသားစု၏စစ်တပ်မှဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက ဝမ်မိသားစုစစ်တပ်မှစစ်သားများအားလုံးသည် စွမ်းအားများပြည့်ဝနေကာ တက်ကြွဖျတ်လတ်နေကြောင်း သတိပြုမိပေမည်။သူတို့၏ခန္ဓာကိုယ်များပေါ်မှ သံချပ်ကာများသည်လည်း အလွန်ကောင်းမွန်ပေ၏။

တခြားတစ်ဖက်တွင် ဤနေရာ၌ စခန်းချထားသော တခြားတပ်ခွဲများမှစစ်သားများအားလုံးနီးပါး ထိခိုက်ဒဏ်ရာရရှိထားကြသည်။

ထိုစစ်သားများသည် ဖရိုဖရဲတိုက်ပွဲများအတွင်း၌ သူတို့၏လက်များ မျက်လုံးများကို ဆုံးရှုံးခဲ့ရသည်။သူတို့၏သံချပ်ကာများသည် စုတ်ပြတ်နေရုံသာမက သူတို့နေထိုင်သော စစ်တန်းလျားများသည်လည်း ဖုန်အလိမ်းလိမ်းကပ်နေသည်။လေထုပင်လျှင် အနည်းငယ်ညစ်ညမ်းနေကာ စိတ်ဝိညာဥ်စွမ်းအင်များ ကျဲပါးသည်။

ပင်မစစ်စခန်း၏နံဘေးပတ်လည်တွင်ရှိသော တပ်ခွဲများနှင့် ဝမ်မိသားစုစစ်တပ်ကို နှိုင်းယှဥ်ကြည့်ပါက ကြီးမားသောကွဲလွဲမှုကြီးရှိနေသည်။

"ဝမ်မိသားစုက တခြားတပ်ခွဲတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံပုံမရဘူး"

လုယွီ၏မျက်လုံးများ အေးစက်တင်းမာနေလေ၏။

အကယ်၍ ယခင်ကဆိုပါက ဤနေရာ၌ မည်သည့်ကိစ္စများဖြစ်နေသည်ကို သူ သိရှိနိုင်မည်မဟုတ်ချေ။

သို့ရာတွင် နှင်းစက်နေမင်းမြို့၏အခြေအနေများကို စူးစမ်းလေ့လာပြီးနောက် လုယွီသည် အကြောင်းအရင်းကို သိရှိသွားလေပြီ။

ဝမ်မိသားစုသည် တခြားတပ်ခွဲများ ပိုင်ဆိုင်ရမည့် အထောက်အပံ့ပစ္စည်းများကို သူတို့၏စီမံအုပ်ချုပ်မှုအောက်၌ စုစည်းခဲ့သည်။

ဤသည်ကြောင့် ဝမ်မိသားစုစစ်တပ်သည် တစတစ ပို၍အားကောင်းလာပေ၏။တခြားတစ်ဖက်တွင် တခြားတပ်ခွဲများသည် တိုက်ပွဲများအတွင်း၌ အင်အားလျော့ပါးလာသည်။အဆုံးသတ်၌ ထိုတပ်ခွဲများမှစစ်သားများသည် အသက်ရှင်သန်နိုင်ရန်အလို့ငှာ ဝမ်မိသားစု၏အမိန့်များကို လိုက်နာကြရတော့သည်။

ဝမ်မိသားစုသည် တဖြည်းဖြည်းနှင့် လက်ဝဲစစ်တပ်အုပ်ချုပ်ရေးနယ်မြေ၏ နယ်မြေခံဧကရာဇ်တစ်ပါးကဲ့သို့ ဖြစ်စပြုလာသည်။

"လုယွီ...ဟုတ်တယ်မလား...ငါတို့က မင်းရဲ့သက်သေခံတံဆိပ်ပြားကို အတည်ပြုပြီးပြီ...ငါတို့နောက်ကို လိုက်ခဲ့ပါ"

ထိုအချိန်မှာပင် အစောပိုင်းက စစ်စခန်းအတွင်းသို့ဝင်သွားသည့် စစ်သားပြန်ထွက်လာကာ လုယွီကို ပင်မယာယီတဲထံသို့ ခေါ်ဆောင်သွားလေ၏။

ပင်မစစ်ဗိုလ်ချုပ်၏ယာယီတဲ ပတ်ဝန်းကျင်ရှိအပြင်အဆင်များအားလုံး အလွန်ခမ်းနားထည်ဝါသည်။

ဤသည်မှာ ရွေ့လျားနေရသောစစ်တပ်တစ်တပ် မဟုတ်သဖြင့် အရာရာတိုင်းကို စစ်ဗိုလ်ချုပ်တစ်ယောက်၏ အဆောင်အယောင်အတိုင်း တည်ဆောက်ထားလေရာ အလွန်ကြီးကျယ်ခမ်းနားသည်။

ပင်မစစ်ဗိုလ်ချုပ် အလုပ်လုပ်သောနေရာသည် အမှန်အားဖြင့် ယာယီတဲတစ်လုံးမဟုတ်ဘဲ အလွန်ကျယ်ဝန်းပြီး ကြီးကျယ်ခမ်းနားသော ခန်းမတစ်ခုဖြစ်သည်။

ဤအချိန်တွင် ခန်းမအတွင်း၌ လူများဖြင့် ပြည့်နှက်နေပေ၏။

အဓိကထိုင်ခုံပေါ်၌ ရွှေရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက် ထိုင်နေသည်။သူ၏မျက်လုံးများအတွင်း၌ တက်ကြွဖျတ်လတ်မှုများနှင့် ပြည့်နှက်နေကာ သူ၏ဆံပင်တချို့ဖြူနေလေပြီ။

သက်လတ်ပိုင်းစစ်ဗိုလ်ချုပ်၏နံဘေးတွင် လူငယ်တစ်ယောက် ထိုင်နေသည်။ထိုလူငယ်သည် မည်သည့်ထိန်းချုပ်မှုမျိုးမျှမရှိဘဲ သက်လတ်ပိုင်းစစ်ဗိုလ်ချုပ်နှင့် စိတ်လွတ်ကိုယ်လွတ် စကားပြောဆိုနေပေ၏။

လူငယ်တစ်စုသည် အောက်ရှိထိုင်ခုံများပေါ်၌ ထိုင်နေသည်။သူတို့အားလုံးသည် အချင်းချင်း ပြောဆိုဆက်သွယ်နေကြသော်လည်း အနည်းစုကသာ သက်လတ်ပိုင်းစစ်ဗိုလ်ချုပ်နှင့် ပြောဆိုဆက်ဆံနိုင်သည်။

Chapter 3399

"ဦးလေးကျန်း...ထန်အင်ပါယာရဲ့ကျင်းမင်းသားက လျှို့ဝှက်ဆန်းကြယ်တဲ့လူငယ်တစ်ယောက်ရဲ့ ဖိနှိပ်တာကိုခံရပြီးတော့ လမ်းပေါ်မှာ ခြောက်နာရီကြာအောင် ဒူးထောက်နေရတယ်လို့ ငါကြားထားတယ်...ဒီတစ်ကြိမ် ထန်အင်ပါယာဘက်ကနေ လွှတ်လိုက်တဲ့လူတွေက တော်တော်အသုံးမကျတာပဲ...ဘာလို့ ငါတို့က စိုးရိမ်ပူပန်နေရအုံးမှာလဲ"

"နာမည်မရှိတဲ့ ဂျူနီယာတစ်ယောက်ကတောင် ကျင်းမင်းသားကို ဖိနှိပ်နိုင်တယ်....ငါဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး....တကယ်လို့ ငါတစ်ယောက်တည်း တိုက်ခိုက်ရမယ်ဆိုရင်တောင် ထန်အင်ပါယာဘက်က လူငယ်ပါရမီရှင်တွေ တစ်ယောက်ပြီးတစ်ယောက်ကို အနိုင်ယူနိုင်လိမ့်မယ်"

ဝမ်ခန်းသည် နှင်းစက်နေမင်းမြို့၏အဓိကစစ်ဗိုလ်ချုပ်ဖြစ်သော ဝမ်ကျန်းနှင့် ကျယ်လောင်စွာစကားပြောဆိုနေသည်။

သူ၏မျက်နှာပေါ်တွင် ယုံကြည်ချက်များဖြင့် ပြည့်နှက်နေပေ၏။

ဝမ်ကျန်းကလည်း ခပ်ဖျော့ဖျော့ပြုံးကာ ပြောဆိုသည်။

"တူလေးက ခုလောက်ထိ ယုံကြည်ချက်ရှိနေမှတော့....ငါ စိတ်အေးသွားပြီ"

ဝမ်ကျန်းသည် နှင်းစက်နေမင်းမြို့၏အဓိကစစ်ဗိုလ်ချုပ်ဖြစ်သော်လည်း ဝမ်မိသားစုအတွင်း၌ သူသည် အဓိကမိသားစုဝင်တစ်ယောက်မဟုတ်ချေ။

သူ ဤရာထူးနေရာသို့ တက်လှမ်းနိုင်ခဲ့သည့် အကြောင်းအရင်းမှာ သူ၏ကိုယ်ပိုင်ခွန်အားကြောင့်ပင်။သို့ရာတွင် သူသည် အဓိကမိသားစုဝင်များကို ကပ်တွယ်မထားနိုင်ပါက သူသည် တသက်လုံး စစ်ဗိုလ်ချုပ်အဆင့်နှင့်သာ နေသွားရပေမည်။

ထို့ကြောင့် ဝမ်ကျန်းသည် ဝမ်ခန်းကို အလွန်အရေးပေး၍ ဆက်ဆံနေခဲ့သည်။

"သခင်လေးဝမ်သာရှိနေမှတော့ ထန်အင်ပါယာရဲ့လူငယ်ပါရမီရှင်ဆိုတဲ့ကောင်တွေ တစ်ချက်လေးတောင် ခံနိုင်ရည်ရှိမှာမဟုတ်ဘူး"

"သေချာတာပေါ့...အဲ့ဒီပါရမီရှင်ဆိုတဲ့ကောင်တွေက ရှေးဟောင်းခေတ်ကအပြစ်သားတွေရဲ့ မျိုးဆက်တွေပဲ....အခြေခံအုတ်မြစ်အရပြောမယ်ဆိုရင် သူတို့က ငါတို့တာယွီအင်ပါယာရဲ့တစ်ထောင်ပုံတစ်ပုံတောင်ရှိမှာမဟုတ်ဘူး...ငါတို့တွေ ဘာမှစိုးရိမ်ပူပန်နေစရာ မလိုဘူး"

တခြားလူငယ်များကလည်း ထောက်ခံလိုက်ကြသဖြင့် ဝမ်ခန်းသည် ထိုစကားများကိုကြားချိန်တွင် အလွန်ပျော်ရွှင်နေသည်။

ဝမ်ခန်းသည် နဥ်အမ်ထုံကိုစောင်းငဲ့၍ကြည့်ကာ သူမျက်နှာပေါ်၌ စိတ်ကျေနပ်သွားသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

မည်သို့ပင်ဆိုစေကာမူ ယောက်ျားတိုင်းသည် သူတို့ သဘောကျနေသောမိန်းကလေး၏ရှေ့၌ တခြားသူများ၏အာရုံစူးစိုက်ခံရသော အဓိကလူဖြစ်လိုကြ၏။

သို့ရာတွင် သူ ပျော်ရွှင်နေစဥ်မှာပင် ခန်းမအတွင်းသို့ဝင်လာသော လုယွီကို တွေ့မြင်မိသည်။

လုယွီကို မြင်တွေ့မိသော အချိန်အခိုက်အတန့်တွင် ဝမ်ခန်း ကြက်သေသေသွားသည်။

"ဘာလို့ မင်း ရောက်လာတာလဲ"

ဝမ်ခန်းက မျက်မှောင်ကြုတ်လိုက်သည်။

ထိုနေ့က သူနှင့်နဥ်အမ်ထုံ အတူတူအမဲလိုက်ထွက်ခဲ့ကြသည်။မူလက ဤသည်မှာ သူ့အတွက် အခွင့်အရေးကောင်းကြီးတစ်ခုဖြစ်သော်လည်း မမျှော်လင့်ဘဲ လမ်းတစ်ဝက်မှနေ၍ လုယွီက ကြားဖြတ်နှောက်ယှက်ခဲ့လေ၏။

ဝမ်ခန်း၏အမြင်အရ ထိုနေ့တုန်းက အစွမ်းထက်သောနတ်ဆိုးမှော်သားရဲများ နောက်သို့ဆုတ်ခွာသွားခြင်းသည် သူ ခေါ်ဆောင်လာသော ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၏အစွမ်းထက်ကျင့်ကြံသူများမှ အရှိန်အဝါများကြောင့်ပင်။

လုယွီအတွက်ကမူ သူ့ထံတွင် မည်သည့်အရည်မျိုး ရှိနေနိုင်မည်နည်း....

ဝမ်ကျန်း၏မျက်ခုံး မြင့်တက်သွားသည်။

"အကြီးဆုံးသခင်လေးက သူ့ကို သိနေတာလား"

သူသည် သက်သေခံတံဆိပ်ပြားနှင့်အတူ လူငယ်ပါရမီရှင်တစ်ယောက် ရောက်လာကြောင်းကို သူ၏လက်အောက်ငယ်သားထံမှ သိရှိထားပြီးလေပြီ။ထိုလူငယ်သည် ယှဥ်ပြိုင်ပွဲ၌ပါဝင်ရန် နောက်ကျမှရောက်လာသော လူငယ်ပါရမီရှင်တစ်ယောက်ဖြစ်ပေမည်။

သို့ရာတွင် သူသည် နောက်ကျမှရောက်လာသော ထိုလူငယ်ပါရမီရှင်ကို ဂရုမစိုက်ချေ။

ဤတစ်ကြိမ်တွင် အင်ပါယာနှစ်ခုအကြားရှ် ယှဥ်ပြိုင်ပွဲ၌ မည်သူမည်ဝါ ပါဝင်တိုက်ခိုက်မည် မတိုက်ခိုက်မည်မှာ သူ့အတွက် အရေးမကြီးချေ။သူသည် သခင်လေးဝမ်ခန်းကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်နိုင်သရွေ့ အဆင်ပြေသည်။

ဝမ်ခန်းသည် သူ၏စိတ်အတွင်းမှ အခဲမကျေနိုင်စွာနှင့် ပြောဆိုလိုက်၏။

"ငါ သူ့ကို သိတာပေါ့...ငါ သူ့ကို ကောင်းကောင်းသိတယ်"

သူသည် ရုတ်တရက် လုယွီကိုလက်ညှိုးညွှန်ကာ အထင်အမြင်သေးသောလေသံနှင့် ပြောဆိုသည်။

"ကောင်လေး....ဒီနေရာက မင်းလာရမယ့်နေရာမျိုးမဟုတ်ဘူး....ဒီနေရာမှာထိုင်နေတာက ဘယ်သူတွေလဲဆိုတာ မင်း သိလား...ဒီနေရာကနေ ထွက်သွားစမ်း"

သူ၏မျက်လုံးအတွင်း၌ သဲမှုန်တစ်မှုန်အတွက် နေရာမရှိချေ။

သူနှင့်လုယွီ ဆုံတွေ့ခဲ့စဥ်၌ လုယွီ သူ့အား အထင်အမြင်သေးသောအပြုအမူမျိုးနှင့် ဆက်ဆံခဲ့သည့်အချက်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။ထို့ပြင် ဤတစ်ကြိမ်တွင် သူသည် သူနှင့်နဥ်အမ်ထုံအကြားမှဆက်ဆံရေးကို တိုးတက်အောင်လုပ်ရန် ရည်ရွယ်ထားသည်။မည်သည်ကြောင့် သူသည် လုယွီကို ဤကိစ္စကြား၌ ပါဝင်ပတ်သတ်ခံနိုင်မည်နည်း။

"ဝမ်ခန်း...သူ့ရဲ့ခွန်အားက လုံလောက်တာထက်ပိုတယ်"

နဥ်အမ်ထုံသည် ရပ်ကြည့်မနေနိုင်တော့သဖြင့် လုယွီအတွက် ပြောဆိုလိုက်၏။

နဥ်အမ်ထုံ၏အပြုအမူကိုကြည့်ပြီး ဝမ်ခန်းသည် သည်းမခံနိုင်တော့ချေ။

"အမ်ထုံ...မင်းက အဲ့ဒီကောင်လှည့်စားတာကို ခံနေရပြီလို့ ငါထင်တယ်...သူက ဘာအခွင့်အာဏာမှမရှိတဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက်လေ...ပြီးတော့ သူက လမ်းလွဲကျင့်ကြံနည်းစနစ်တချို့ကိုတောင် သင်ယူထားလောက်တယ်...မင်း ဒီလိုလူစားမျိုးကို မယုံသင့်ဘူး"

ဝမ်ခန်းက အလျင်စလို ပြောဆိုသည်။

ထိုလူငယ်သည် လေလွင့်ကျင့်ကြံသူတစ်ယောက်ပင်။

တချို့လူများသည် လုယွီကို အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်လိုက်ကြ၏။

လေလွင့်ကျင့်ကြံသူတစ်ယောက်တွင် ဤနေရာတွင် မည်သည့်အဆင့်မျိုးမျှမရှိချေ။

ဤနေရာရှိ မည်သည့်ပါရမီရှင်မဆို မိသားစုထံမှ လုံလောက်သောကျင့်ကြံခြင်းအရင်းအမြစ်များကို ရရှိခဲ့သူမဟုတ်လော....

Chapter 3400

လေလွင့်ကျင့်ကြံသူတစ်ယောက်သည် တစ်ကိုယ်တော်ကျင့်ကြံသူသာဖြစ်သဖြင့် သူ၏ပါရမီအရည်အချင်းကင်းမဲ့မှုကြောင့် တခြားအင်အားစုများ၏စိတ်အာရုံများ၏စိတ်အာရုံကို ဆွဲဆောင်နိုင်မည်မဟုတ်ချေ။

လုယွီ၏အသက်သည် အလွန်ငယ်ရွယ်သေးသဖြင့် မည်သို့ပင် ကြည့်စေကာမူ သူသည် အသုံးဝင်မည့်ပုံမရပေ။

"ဘာလဲ...ဖြစ်နိုင်တာတော့ မင်းတို့က မီးတောက်ခန်းမက ထုတ်ပေးတဲ့ သက်သေခံတံဆိပ်ပြားကို အသိအမှတ်မပြုတာများလား"

ထိုအချိန်မှာပင် ရုတ်တရက် လုယွီက သူ၏သက်သေခံတံဆိပ်ပြားကို ထုတ်ပြလိုက်၏။

ဤသက်သေခံတံဆိပ်ပြားများအားလုံးကို မီးတောက်ခန်းမမှ ထုတ်ပေးခြင်းပင်။

ရှီးလျန်ပါရမီရှင်စာရင်း၏ထိပ်သီးအယောက်ငါးဆယ်အတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်သူများသာ ဤသက်သေခံတံဆိပ်ပြားကို ရရှိနိုင်သည်။

ထိုသက်သေခံတံဆိပ်ပြားကို ပိုင်ဆိုင်ထားသူသည် ရှီးလျန်ပါရမီရှင်စာရင်း၏ထိပ်သီးအယောက်ငါးဆယ်အတွင်းမှ လူတစ်ယောက်ဖြစ်ရုံသာမက အင်ပါယာနှစ်ခုကြားရှိယှဥ်ပြိုင်ပွဲတွင်လည်း ပါဝင်ဆင်နွှဲနိုင်သည်။

ထိုအချိန်တုန်းက လုယွီသည် စစ်ဆေးမှုကိုဖြတ်ကျော်ပြီးနောက် မီးတောက်ခန်းမမှနေ၍ အတည်မပြုရသေးသဖြင့် သက်သေခံတံဆိပ်ပြားကို မရရှိခဲ့ချေ။

ဤသက်သေခံတံဆိပ်ပြားကို သူ့အား ကျူးကော်မင်မှ ပေးအပ်ထားခြင်းဖြစ်သည်။

ထိုတံဆိပ်ပြားကိုမြင်တွေ့ချိန်တွင် ပတ်ဝန်းကျင်ရှိလူများသည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။

နှစ်စဥ်နှစ်တိုင်း ရှီးလျန့်ပါရမီရှင်စာရင်းသို့ ဖျက်မြင်းအဖြစ်ဝင်လာသော လေလွင့်ကျင့်ကြံသူတချို့ရှိသည်။

သို့ရာတွင် ထိုလူများသည် ရှီးလျန်ပါရမီရှင်စာရင်းမှ တခြားလူငယ်ပါရမီရှင်များ၏လေးစားခြင်းကို မခံရချေ။

သူတို့အား မိသားစုကြီးများမှ မြေတောင်မြှောက်ထားကာ အကောင်းဆုံးကျင့်ကြံနည်းစနစ်များနှင့်အရင်းအမြစ်များကို ရရှိသည်။မည်သည်ကြောင့် လေလွင့်ကျင့်ကြံသူများကို သူတို့နှင့်တန်းတူ ဆက်ဆံနိုင်မည်နည်း။

ဤအချိန်အခိုက်အတန့်တွင် လူအများစုသည် လုယွီကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်ကြ၏။လုယွီ သက်သေခံတံဆိပ်ပြားကို ထုတ်ပြလိုက်ရုံဖြင့် သူတို့၏စိတ်များ ပြောင်းလဲသွားမည်မဟုတ်ချေ။

"မင်းရဲ့သက်သေခံတံဆိပ်ပြားနဲ့ဆိုရင် မင်းက ဒီနေရာကိုဝင်လာဖို့ အရည်အချင်းပြည့်မီတယ်...ဒါပေမယ့် အင်ပါယာနှစ်ခုကြားက ယှဥ်ပြိုင်ပွဲကို မင်း ပါဝင်ဆင်နွှဲခွင့်ရမရဆိုတာကတော့ နှင်းစက်နေမင်းမြို့ရဲ့အဓိကစစ်ဗိုလ်ချုပ်က ဆုံးဖြတ်လိမ့်မယ်"

ဝမ်ခန်းသည် အထင်အမြင်သေးစွာဖြင့် လုယွီကိုကြည့်ကာ ပြောဆိုသည်။

"မင်းရဲ့ခွန်အားနဲ့ဆိုရင် မင်းက တာယွီအင်ပါယာအတွက် အရှက်ရစရာတွေကိုပဲ ယူပေးနိုင်လိမ့်မယ်....ယှဥ်ပြိုင်ပွဲအတွင်းမှာ ထန်အင်ပါယာကလူတွေ ငါတို့ကိုအထင်သေးသွားမယ့် လူမျိုးကို ငါ မလိုချင်ဘူး"

ဝမ်ခန်း၏နံဘေးတွင်ရှိနေသော ဝမ်ကျန်းက ဆိုလိုရင်းကို ချက်ချင်းနားလည်သဘောပေါက်သွားလေ၏။

သူက ချောင်းတစ်ချက်ဟန့်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ဟမ့်....လေလွင့်ကျင့်ကြံသူကောင်စုတ်လေး...မင်းရဲ့သက်သေခံတံဆိပ်ပြားက အမှန်ဆိုပေမယ့် အင်ပါယာနှစ်ခုကြားကယှဥ်ပြိုင်ပွဲဆိုတာ ပေါ့ပျက်ပျက်လုပ်လို့ရတဲ့ ကိစ္စမျိုးမဟုတ်ဘူး...နှင်းစက်နေမင်းမြို့မှာ တစ်နေ့တာအသုံးစရိတ်အတွက် ကုန်ကျငွေက မင်းတတ်နိုင်မယ့်ကိစ္စမျိုးမဟုတ်ဘူး"

ဝမ်ကျန်းသည် မြေခွေးအိုကြီးတစ်ကောင်ပင်။

အကြည့်တစ်ချက်ဖြင့်ပင် သူသည် လုယွီနှင့်ဝမ်ခန်းအကြားမှ ပဋိပက္ခကို တွေ့မြင်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ကိစ္စသည် မည်သို့ဖြစ်နေပါစေ သူသည် ဝမ်ခန်းကို မျက်နှာသာပေးရပေမည်။

ဤသည်မှာ ခွဲတမ်းနေရာတစ်နေရာသာဖြစ်ပြီး လုယွီသည် လေလွင့်ကျင့်ကြံသူတစ်ယောက်ပင်။သူ၏နေရာတွင် နှင်းစက်နေမင်းမြို့မှ လူငယ်ပါရမီရှင်တစ်ယောက်ကို အစားထိုးသည်က ပို၍အဆင်ပြေပေမည်။

နဥ်အမ်ထုံသည် အလွန်အမင်း စိုးရိမ်ပူပန်နေလေ၏။သူမက ပျာပျာသလဲ ဝင်ရောက်ပြောဆိုလိုက်သည်။

"မဟုတ်ဘူး...ဝမ်ခန်း...နင် ဒီလိုလုပ်လို့မရဘူး...သူက ဒီအဆင့်ထိရောက်လာမှတော့ သူ့ရဲ့ပြိုင်ဘက်ကို အနိုင်ယူနိုင်မှာသေချာတယ်"

"အမ်ထုံ...ငါလည်းပဲ ဒီလိုမလုပ်ချင်ပါဘူး"

ဝမ်ခန်း၏အသံသည် အေးစက်တင်းမာနေသော်လည်း မေးခွန်းထုတ်ဖွယ်မလိုသော အခွင့်အာဏာမျိုးနှင့် ပြည့်နှက်နေသည်။

"ဒီကောင်လေးက မင်းကို စကားချိုချိုတွေနဲ့ ဘယ်လိုမျိုးလှည့်စားထားတာလဲဆိုတာ ငါ မသိပေမယ့်...သူ ယှဥ်ပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲမယ်ဆိုရင် သင့်တော်တဲ့အပြုအမူမျိုးရှိဖို့ လိုအပ်တယ်....သူ ရှုံးနိမ့်သွားတာက ဘာမှမဖြစ်ဘူးဆိုပေမယ့် တာယွီအတွက် အရှက်ရစရာကိစ္စဖြစ်သွားနိုင်တယ်"

ဝမ်ကျန်းကလည်း အလေးအနက်ထားသောလေသံနှင့် ပြောဆိုသည်။

"ဒါက ငါ့ရဲ့အမိန့်ပဲ...မိန်းကလေး နင်...ထပ်ပြီး မပြောပါနဲ့တော့"

နဥ်အမ်ထုံသည် အလွန်စိုးရိမ်ပူပန်နေကာ သူမသည် ဝမ်ခန်းနှင့်ငြင်းခုံဝံ့သော်လည်း ဝမ်ကျန်းကိုမူ စကားတစ်ခွန်း ထပ်မဆိုဝံ့ချေ။

နှင်းစက်နေမင်းမြို့၏အဓိကစစ်ဗိုလ်ချုပ်ဖြစ်သော ဝမ်ကျန်း၏ရာထူးအဆင့်သည် သူမ၏ဖခင်ထက် ပို၍မြင့်မားပေ၏။ထို့ပြင် ဤနေရာသည် ရှေ့တန်းစစ်မျက်နှာစာပင်။အကယ်၍ သူမသည် တစ်စုံတစ်ခုကို ပြောဆိုဝံ့ပါက ဝမ်ကျန်းသည် သူမကို စစ်ဥပဒေအရ အပြစ်ပေးပေလိမ့်မည်။

"တော်သင့်ပြီ"

လုယွီက ဝမ်ကျန်းကို ကြည့်လိုက်သည်။

"တခြားသူတွေပြောတယ်ဆိုတာက ထားပါအုံး...မင်းက ဘာစုံစမ်းစစ်ဆေးမှုမှတောင် မလုပ်ဘူး...ဘယ်လိုလုပ်ပြီး မင်းက နှင်းစက်နေမင်းမြို့ရဲ့အဓိကစစ်ဗိုလ်ချုပ်ဖြစ်လာတာလဲ"

ဝမ်ကျန်းသည် ဝမ်မိသားစု၏လက်ပါးစေသက်သက်ဖြစ်သည်မှာ သိသာထင်ရှားလှ၏။

ပုံမှန်ထုံးတမ်းစဥ်လာအရဆိုလျှင် အကယ်၍ ဝမ်ကျန်းသည် လုယွီ၏အဆင့်အတန်းကို သံသယရှိနေလျှင်ပင် ကိုယ်တိုင်ကိုယ်ကျ စုံစမ်းရပေမည်။သို့ရာတွင် သူသည် ထိုသို့​ပြုလုပ်ခြင်းမရှိဘဲ လေယူရာအလိုက်သင့်ယိမ်းကာ ဝမ်ခန်း၏စကားကိုသာ လုံးလုံးလျားလျား နားထောင်နေသည်။

All Chapters