← Chapters

အခန်း (၃၄၀၁-၃၄၀၅)

Vol. 173 Ch. 3401-3405

အခန်း (၃၄၀၁-၃၄၀၅)

Vol. 173 Ch. 3401-3405

Chapter 3401

စောင့်ကြည့်နေကြသော ရှီးလျန်ကြယ်နယ်မြေမှ လူငယ်ပါရမီရှင်များအားလုံး ကြက်သေသေသွားသည်။

လုယွီသည် မည်သည့်နေရာမှ ရောက်ရှိလာသနည်း။သူသည် မည်သည်ကြောင့် ဝမ်ကျန်းကို လူသူအများရှေ့၌ အော်ငေါက်ဝံ့သနည်း။

တစ်ခုသိထားရသည်မှာ ဝမ်ကျန်းသည် နှင်းစက်နေမင်းမြို့၏အဆင့်မြင့်ဆုံးအရာရှိတစ်ယောက်ပင်။မည်သူက သူ့ကို မျက်နှာသာမပေးဘဲနေဝံ့မည်နည်း။

"ဒါဆိုရင် မင်းက ဒီနေရာမှာပဲဆက်နေပြီး ထွက်မသွားဘူးပေါ့...ဟုတ်လား"

ဝမ်ကျန်း၏မျက်လုံးအတွင်းမှနေ၍ အန္တရာယ်အငွေ့အသက်များ ဖြာထွက်လာသည်။

လုယွီက အမူအယာကင်းမဲ့သောမျက်နှာနှင့် ပြောဆိုသည်။

"ဒါက အခြေအမြစ်မရှိတဲ့ ကိစ္စပဲ...ဘာစုံစမ်းစစ်ဆေးမှုမှမလုပ်ဘဲနဲ့ ယှဥ်ပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲမယ့် လူတစ်ယောက်ကို ဖယ်ရှားတာက အဓိကစစ်ဗိုလ်ချုပ်တစ်ယောက် လုပ်သင့်တဲ့ကိစ္စလား"

"တကယ်လို့ မင်းက စုံစမ်းစေချင်တယ်ဆိုရင်လည်း ကောင်းပြီလေ...ငါလည်း သိချင်မိတယ်...မင်းလို လေလွင့်ကျင့်ကြံသူတစ်ယောက်က ဘယ်လိုယုံကြည်မှုမျိုးနဲ့ ဒီနေရာမှာ အရှက်မရှိဟောင်ဖွာဖွာလုပ်နေဝံ့တာလဲဆိုတာ..."

ဝမ်ကျန်း၏မျက်လုံးများ ရုတ်တရက်ပြူးကျယ်သွားကာ မမြင်နိုင်သော လျှပ်စီးမိုးကြိုးလှိုင်းများက သူ၏မျက်လုံးအတွင်းမှ ပွင့်အံ့ထွက်လာတော့မည့်အလားပင်။

သူသည် နှင်းစက်နေမင်းမြို့၏အဓိကစစ်ဗိုလ်ချုပ်ဖြစ်လာခြင်းမှာ သူ၏ကိုယ်ပိုင်ခွန်အားကိုမှီခို၍ဖြစ်သည်။

ဤအချိန်အခိုက်အတန့်တွင် ရက်စက်ကြမ်းကြုတ်သော ချီစွမ်းအားလှိုင်းတစ်လှိုင်းက လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာသည်။ရှီးလျန်ကြယ်နယ်မြေမှလူငယ်များပင်လျှင် တောင်များကိုဖျက်ဆီးနိုင်ပြီး ပင်လယ်များကိုကျွမ်းထိုးမှောက်ခုံဖြစ်စေနိုင်သော အားလှိုင်းတစ်ရပ် သူတို့ထံတိုးဝင်လာသည်ကို ခံစားမိလေ၏။

ဤကောင်လေးသည် ပြဿနာနှင့် ရင်ဆိုင်ရလေပြီ။

ရှီးလျန်ကြယ်နယ်မြေမှလူငယ်ပါရမီရှင်တချို့က လုယွီကို သရော်တော်တော်အကြည့်မျိုးဖြင့် ကြည့်လိုက်ကြသည်။

နှစ်ဖက်စလုံး တိုက်ခိုက်ရန်အတွက် အဆင်သင့်ဖြစ်နေလေပြီ။

"ရပ်လိုက်စမ်း"

ထိုအချိန်မှာပင် အရာရှိတစ်ယောက်က ပြင်ပမှနေ၍ ဝင်ရောက်လာသည်။

ထိုအရာရှိသည် ကျုးကော်မင်ပင်။

သူသည် မူလက ကိစ္စတချို့ဆွေးနွေးရန်အတွက် ပင်မစစ်စခန်းသို့ ရောက်ရှိလာခြင်းဖြစ်သော်လည်း ခန်းမအတွင်း၌ ဤကဲ့သို့မြင်ကွင်းမျိုးကို သူ မြင်တွေ့ရမည်ဟု မျှော်လင့်မထားမိချေ။

ကျူးကော်မင်သည် လုယွီ၏အဆင့်အတန်းကို သိရှိထားပြီးဖြစ်သည်။ထို့ကြောင့် ဝမ်ကျန်းသည် လုယွီအား တိုက်ခိုက်ဝံ့သူကို မြင်တွေ့ချိန်၌ သူက အလျင်စလို ကြားဖြတ်ဟန့်တားလိုက်၏။

"အကိုကျူးကော်ပါလား...ဒီနေရာကို ဘာလာလုပ်တာလဲ"

ဝမ်ကျန်းသည် ကျူးကော်မင်ကိုမြင်တွေ့ချိန်၌ မျက်မှောင်ကြုတ်လိုက်သည်။

ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၏ ဖွဲ့စည်းပုံအရ ကြယ်နယ်မြေသခင်ဝမ်မူကျီး၏နောက်တွင် တရားသူကြီးများက အဆင့်မြင့်အရာရှိများအဖြစ်ရှိနေသည်။

ကျူးကော်မင်သည် တစ်ချိန်က တော်ဝင်မြို့တော်၏ဗဟိုတရားစီရင်ရေးဌာန၌ တာဝန်ထမ်းဆောင်ခဲ့သူပင်။နောက်ပိုင်း၌ သူသည် နယ်စပ်သို့စေလွှတ်ခြင်းခံရသော်လည်း ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၏တတိယအဆင့်အရာရှိအဖြစ် ရှိနေဆဲဖြစ်သည်။

"ဗိုလ်ချုပ်ဝမ်...မင်း...ဒီမိတ်ဆွေလေးလုက ငါ ထောက်ခံပေးထားတဲ့လူပဲ...ကျေးဇူးပြုပြီးတော့ ဗိုလ်ချုပ်ဝမ်နဲ့သခင်လေးဝမ်က ငါ့ကို မျက်နှာသာပေးပါအုံး"

ကျူးကော်မင်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုလိုက်၏။

"အမ်..."

မူလက လှုပ်ရှားရန်ပြင်ဆင်ပြီးဖြစ်သော ဝမ်ကျန်းသည် လုယွီအတွက် ကျူးကော်မင်မှပြောဆိုပေးနေသည်အား မြင်တွေ့ချိန်တွင် သူ အနည်းငယ်တွေဝေတုံ့ဆိုင်းသွားသည်။

ကျူးကော်မင်သည် အမြဲတစေသိုသိုသိပ်သိပ်နေကာ ကိစ္စတိုင်းကို တည်ငြိမ်စွာလုပ်ဆောင်တက်သူဖြစ်ပေ၏။သူသည် ဝမ်မူကျီး၏သဘောကျနှစ်ခြိုက်ခြင်းကိုခံရသော အရာရှိတစ်ယောက်လည်းဖြစ်သည်။

ကျူးကော်မင်သည် အမှန်တကယ်ကိုလည်း စွမ်းဆောင်နိုင်သူတစ်ယောက်ပင်။ရှီးလျန်မြို့အတွင်းရှိ ရုံးတော်ကိစ္စများအပြင် တခြားသာမာန်ကိစ္စရပ်များကိုလည်း ကိုင်တွယ်ဖြေရှင်းလေ့ရှိသဖြင့် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်အတွင်း၌ သူ၏နာမည်သည် အလွန်ကျော်ကြားသည်။

ဝမ်ကျန်းသည် ဝမ်ခန်းကို ကြည့်လိုက်၏။ဤကိစ္စသည် ဝမ်ခန်း၏ဆုံးဖြတ်ချက်ပေါ်၌ မူတည်နေသည်။

ဝမ်ခန်းက ရုတ်တရက် ရယ်မောလိုက်သည်။

"ငါက မင်းကို အံ့အားသင့်ဖို့ကောင်းတဲ့ ပါရမီရှင်တစ်ယောက်လို့ ထင်ခဲ့မိတာ...လတ်စသတ်တော့ မင်းက ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ရဲ့ အရာရှိတစ်ယောက်ကို မှီခိုနေတဲ့သူ ဖြစ်နေတာပဲ...မင်းက ဒီနေရာကို ရောက်လာနိုင်တာ အံ့အားသင့်စရာမရှိတော့ဘူး"

သူသည် လုယွီ၏နောက်ခံနှင့်ပတ်သတ်၍ တစ်စုံတစ်ခုကို တွေးထင်သွားပုံရသည်။သူ၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေပေ၏။

"ထားလိုက်တော့...အရာရှိကျူးက မင်းအတွက် ထောက်ခံပေးထားမှတော့ မင်း ဒီနေရာမှာ နေလို့ရတယ်...ငါက မင်းကိုအားကိုးဖို့တော့ စိတ်ကူးမထားဘူး...လူတစ်ယောက်ပိုလာတာက ငါ့အတွက် အရေးကြီးတဲ့ကိစ္စ မဟုတ်ရုံသက်သက်ပဲ"

ဝမ်ခန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ယခုချိန်၌ သူသည် လုယွီကို သူ၏မျက်လုံးအတွင်း၌ မထည့်တော့ချေ။

အဆက်အသွယ်ကိုမှီခို၍ ဤနေရာသို့ရောက်လာနိုင်သော အရည်အချင်းမျိုးသာ ရှိနေသူတစ်ယောက်သည် သူ ဝမ်ခန်း၏ပြိုင်ဘက်မဖြစ်နိုင်ချေ။

ထိုလူငယ်၏အမှန်တရား ထွက်ပေါ်လာပြီဖြစ်သဖြင့် နဥ်အမ်ထုံသည် ထိုလူငယ် မည်ကဲ့သို့လူစားမျိုးဖြစ်သည်ကို သိရှိသွားပေမည်။

ဝမ်ကျန်းက ပြောဆိုသည်။

"အရာရှိကျူးက ထောက်ခံပေးထားတယ်ဆိုမှတော့ မင်း နောက်ဆုံးခုံကိုသွားပြီးတော့ ထိုင်နေစမ်း"

ဤနေရာရှိထိုင်ခုံများကို အစီအစဥ်အလိုက် စီစဥ်ထားခြင်းဖြစ်သည်။

လုယွီအား ညွှန်ပြလိုက်သော ထိုင်ခုံသည် ဤနေရာ၌ အဆင့်အနိမ့်ဆုံးပင်။

ဤသည်မှာ လုယွီ၏ခွန်အားသည် သူတို့၏ရှေ့၌ဖော်ပြရန် မထိုက်တန်ကြောင်း ဆိုလိုခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။

Chapter 3402

"မင်း...."

ကျူးကော်မင်သည် မျက်မှောင်ကြုတ်ကာ ရှေ့သို့ထွက်၍ လုယွီအတွက် စကားပြောလိုခဲ့သည်။

ဤှလူများသည် လုယွီ၏အဆင့်အတန်းမှန်ကို မသိသောအချက်မှာ ကိစ္စမရှိချေ။သို့ရာတွင် လုယွီသည် ရှီးလျန်ပါရမီရှင်စာရင်း၏နံပါတ်တစ်ဖြစ်ကြောင်း သိသာထင်ရှားနေလေရာ မည်သည်ကြောင့် ဤကဲ့သို့အရှက်ခွဲခံရမည်နည်း။

"ထားလိုက်တော့...မင်း အရင်ပြန်လိုက်တော့"

လုယွီသည် ကျူးကော်မင်၏ပခုံးကိုပုတ်ကာ လေသံတိုးတိုးနှင့် ပြောဆိုလိုက်၏။

ကျူးကော်မင်သည် ကြက်သေသေသွားသော်လည်း လုယွီသည် သူ၏သရုပ်မှန်ကို ဖုံးကွယ်ထားဆဲဖြစ်သည်ဟူသောအချက်ကို အမှတ်ရချိန်တွင် သူ စိတ်သက်သာရာရသွားသည်။

သူသည် ဤနေရာ၌ လုယွီ၏သရုပ်မှန်ကို ထုတ်ဖော်မိစေမည့် ကိစ္စမျိုးကို ရှောင်ကြဥ်ရပေမည်။

"ကောင်းပြီလေ...ငါ အခု ထွက်သွားတော့မယ်"

ကျူးကော်မင်သည် သူ၏ခေါင်းကိုခါယမ်းကာ နောက်သို့ပြန်လှည့်၍ ထွက်ခွာသွားတော့သည်။

သူ ထွက်ခွာမသွားမီ ကျူးကော်မင်သည် ဝမ်ကျန်းနှင့်ဝမ်ခန်းကို တစ်ချက်စောင်းငဲ့ကြည့်ကာ သူ၏မျက်လုံးအတွင်း၌ စာနာသနားသောအရိပ်အယောင်တချို့ ဖြတ်ပြေးသွားသည်။

အမြင့်မှပြုတ်ကျသည့် ခံစားချက်မျိုးသည် မည်သို့ရှိသည်ကို သူ ကောင်းစွာသိရှိထားပေ၏။

လုယွီ၏အစစ်အမှန်အဆင့်အတန်းကို ဝမ်မိသားစုမှလူများ သိရှိသွားပါက မည်သည့်မျက်နှာအမူအယာမျိုးဖြစ်သွားမည်ကို သူ မသိရှိချေ။

လုယွီသည် နောက်ဆုံးထိုင်ခုံ၌ထိုင်ကာ ထန်အင်ပါယာမှတစ်ဖက်ပြိုင်ဘက်များအကြောင်း ဝမ်ကျန်း ခွဲခြမ်းစိတ်ဖြာပြနေသည်ကို နားထောင်လိုက်၏။

"ဒီတစ်ကြိမ်မှာ...ငါတို့အတိုင်းပဲ...ယှဥ်ပြိုင်ပွဲမှာပါဝင်ဆင်နွှဲဖို့အတွက် ထန်အင်ပါယာဘက်ကနေ လူငယ်ပါရမီရှင် အယောက်ငါးဆယ်ကို ရွေးချယ်ထားတယ်...အဲ့ဒီလူစုထဲမှာ လူငယ်ပါရမီရှင်တွေအများကြီးပါဝင်ပေမယ့် သတိထားရမှာက နှစ်ယောက်ပဲရှိတယ်"

"တစ်ယောက်က ကျင်းမင်းသား လီမင်..."

"နောက်တစ်ယောက်ကတော့ ယန်မင်းသား လီဖူ"

"သူတို့နှစ်ယောက်လုံးက ထန်အင်ပါယာရဲ့မင်းသားတွေပဲ...သူတို့က ပြင်ပလောကကိုသွားလာပြီးတော့ လေ့ကျင့်ခဲ့ကြတယ်...သူတို့နှစ်ယောက် ငယ်ရွယ်စဥ်ကတည်းက ထန်အင်ပါယာရဲ့ လျှို့ဝှက်ကျင့်ကြံနည်းစနစ်တွေနဲ့အရင်းအမြစ်တွေကို ရရှိခဲ့တယ်...သူတို့က သာမာန်လူတွေရောက်နိုင်တဲ့ ကျင့်ကြံဆင့်မျိုးထက် အများကြီးသာလွန်နေပြီ...ဒါကြောင့် မင်းတို့က သူတို့နဲ့ ရင်ဆိုင်ရမယ်ဆိုရင် အရမ်းသတိထားရလိမ့်မယ်"

ဝမ်ကျန်းသည် ထန်အင်ပါယာဘက်သို့ စေလွှတ်ထားသော သူလျှိူများမှတဆင့် တစ်ဖက်လူငယ်အုပ်စုနှင့်ပတ်သတ်သော အရာရာတိုင်းကို ရှာဖွေဖော်ထုတ်ပြီးဖြစ်သည်။

သို့ရာတွင် ဝမ်ခန်းသည် အနည်းငယ်မျှပင် စိုးရိမ်ကြောင့်ကြပုံမရှိချေ။

သူက သရော်တော်တော် ပြောဆိုသည်။

"တစ်ဖက်လူတွေဘက်ကနေ ဘယ်လိုပြိုင်ဘက်မျိုးကိုပဲ စေလွှတ်ပါစေ ကိစ္စမရှိဘူး....ငါ့ရဲ့အမြင်အရတော့ သူတို့က ငါ့ရဲ့တိုက်ခိုက်မှုတစ်ခုကိုတောင် ခံနိုင်ရည်ရှိမှာမဟုတ်ဘူး...ဘာလို့ ခုလောက် အများကြီး ဂရုစိုက်နေရမှာလဲ...အခုက အချိန်ကျနေပြီလေ...ဟုတ်တယ်မလား...သူတို့ကိုခေါ်လိုက်တော့"

ယုံကြည်ချက်အခိုငိအမာရှိသော အမူအယာမျိုးက ဝမ်ခန်း၏မျက်နှာပေါ်၌ ထင်ဟပ်နေသည်။

"တကယ်တော့...အဲ့ဒီမင်းသားဆိုတဲ့ကောင်တွေက ငါ့ရဲ့တိုက်ကွက်သုံးကွက်ကိုတောင် တောင့်မခံနိုင်မှာ သေချာတယ်"

ထိုစကားကိုကြားချိန်တွင် ဝမ်ကျန်းသည် စိတ်သက်သာရာရသွားသကဲ့သို့ ခံစားမိလေ၏။

ဝမ်ခန်းသည် ထိုသို့ပြောဆိုလာသဖြင့် သူ လျစ်လျှူမရှုဝံ့ချေ။

မကြာမီမှာပင် သူသည် ယှဥ်ပြိုင်ပွဲကျင်းပရန်အတွက် နေရာတစ်ခုကို ပြင်ဆင်လိုက်သည်။

နှင်းစက်နေမင်းမြို့၏ပြင်ပ၌....

ကြီးမားသောတိုက်ပွဲစင်မြင့်ကြီးက မိုးကောင်းကင်ယံအတွင်း၌ မားမားမတ်မတ် တည်ရှိနေသည်။

အဝေးတစ်နေရာ၌ စစ်သားတစ်စု၏ကာကွယ်စောင့်ကြပ်မှုအောက်တွင် ထန်အင်ပါယာမှလူငယ်ပါရမီရှင် အယောက်ငါးဆယ်ရှိနေလေ၏။

ဤနေရာသည် နှင်းစက်နေမင်းမြို့၏ပြင်ပတွင်ရှိသော်လည်း တာယွီအင်ပါယာ၏ပိုင်နက်နယ်မြေအတွင်း၌ တည်ရှိသည်။

ထို့ကြောင့် တာယွီအင်ပါယာမှစစ်သားများသည် ဤနေရာတဝိုက်ကို ကာကွယ်စောင့်ကြပ်နေကြသည်။

ထန်အင်ပါယာမှ လူငယ်ပါရမီရှင်များ၏နောက်တွင် သူတို့၏သက်တော်စောင့်များဖြစ်သော အဖိုးအိုနှစ်ယောက် မတ်တတ်ရပ်နေသည်။

တိုက်ပွဲကွင်းပြင်၏တစ်ဖက်ခြမ်းတွင် ထန်အင်ပါယာမှစစ်သားများသည် ဖွဲ့စည်းပုံဝင်္ကပါအတိုင်း အစီအစဥ်တကျ ရှိနေလေ၏။

အကယ်၍ တာယွီအင်ပါယာဘက်မှသာ လှုပ်ရှားမှုတစ်စုံတစ်ခုပြုလုပ်ပါက ထိုစစ်သားများသည် ရှေ့သို့တဟုန်ထိုးပြေးတက်ကာ နှင်းစက်နေမင်းမြို့ကို ချေမှုန်းဖျက်ဆီးပေလိမ့်မည်။

"ဗိုလ်ချုပ်ဝမ်...ငါ စကားတွေအများကြီး မပြောချင်ဘူး...ဒါက လူငယ်မျိုးဆက်သစ်တွေကြားက ယှဥ်ပြိုင်ပွဲပဲ....တာယွီအင်ပါယာဘက်က ကတိကိုစောင့်ထိန်းပြီးတော့ လူငယ်မျိုးဆက်သစ်တွေရဲ့ယှဥ်ပြိုင်ပွဲမှာ ဘာကြားဝင်စွက်ဖက်မှုမျိုးမှမလုပ်ဖို့ ငါ မျှော်လင့်တယ်"

ခမ်းနားထည်ဝါသည့်ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က ထန်အင်ပါယာ၏လူငယ်ပါရမီရှင်များအကြားမှ ထွက်လာကာ သူ၏မျက်နှာပေါ်၌ မောက်မာဝံ့ကြွားမှုများနှင့် ပြည့်နှက်နေသည်။

ဝမ်ကျန်း၏မျက်လုံးကျဥ်းမြောင်းသွားကာ သူက အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်၏။

"မင်းက ဘယ်သူလဲ"

သူသည် ဤလူငယ်ထံမှနေ၍ သူ့ထက်အားနည်းခြင်းမရှိသော အရှိန်အဝါတစ်ရပ်ကို အာရုံခံမိသည်။

ဤသည်ကို သူ တွေးတောကြည့်၍ပင်မရချေ။သူ့ရှေ့ရှိ လူငယ်၏အသက်သည် မည်မျှဖြစ်သနည်း။

"ငါက ထန်အင်ပါယာရဲ့ယန်မင်းသားလီဖု...ဗိုလ်ချုပ်ဝမ်...ငါတို့ အရင်က တွေ့ဖူးတယ်မဟုတ်လား"

ပန်းထိုးပိုးထည်ဝတ်စုံဝတ်လူငယ်က ပြောဆိုသည်။

Chapter 3403

"ဒါက မင်းလား"

ဝမ်ကျန်းသည် မျက်မှောင်ကြုတ်လိုက်ကာ သူ၏မျက်နှာအမူအယာ ချက်ချင်း တင်းမာခက်ထန်သွားသည်။

လွန်ခဲ့သောတိုက်ပွဲများအတွင်းတွင် တာယွီအင်ပါယာဘက်မှနေ၍ ဆက်တိုက်ရှုံးနိမ့်ခဲ့ကာ ကြီးမားသောဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ကင်းထောက်များ၏သတင်းပို့မှုများအရ ထန်အင်ပါယာဘက်မှ ဦးဆောင်တိုက်ခိုက်သူသည် ယန်မင်းသားပင်။

ယန်မင်းသားသည် အသက်ငယ်ရွယ်သော်လည်း ထန်အင်ပါယာ၏ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအနက်မှ တစ်ယောက်ဖြစ်နေလေပြီ။သူသည် အစွမ်းထက်ရုံသာမက စစ်နည်းဗျူဟာပိုင်းတွင် ကျွမ်းကျင်သူတစ်ယောက်လည်းဖြစ်သည်။

သူ့ကြောင့် တာယွီအင်ပါယာဘက်မှစစ်တပ်များသည် အရှုံးနှင့် ထပ်ခါတလဲလဲ ရင်ဆိုင်ခဲ့ရလေ၏။

"သခင်လေး...အဲ့ဒီလူက အရမ်းအန္တရာယ်များတယ်...ငါတို့က သူ့ကိုစိန်ခေါ်ဖို့အတွက် တခြားသူတွေကို အရင်ဆုံးလွှတ်ကြမလား"

ဝမ်ကျန်းက သူ၏နံဘေးတွင် မတ်တတ်ရပ်နေသော ဝမ်ခန်းကို ပြောဆိုလိုက်သည်။

ဝမ်ခန်းက ခေါင်းညိတ်ပြသော်လည်း အမှုမထားသောလေသံဖြင့် ပြောဆိုသည်။

"ကောင်းပြီလေ...တခြားသူတွေကို အရင်ဆုံးသွားခိုင်းလိုက်...တကယ်လို့ ငါ အရင်လှုပ်ရှားလိုက်မယ်ဆိုရင် သူတို့ လှုပ်ရှားဖို့အတွက် အခွင့်အရေးရှိမှာမဟုတ်ဘူး"

သူသည် ကုလားထိုင်တစ်လုံးပေါ်၌ ပျင်းရိငြီးငွေ့ဟန်ဖြင့်ထိုင်ချလိုက်ကာ တစ်ဖက်လူများကို အနည်းငယ်မျှပင် ဂရုစိုက်ပုံမရှိချေ။

လုယွီက မေးမြန်းလိုက်၏။

"အရင်သဘောတူထားတဲ့ အစီအစဥ်အတိုင်းပဲ...အလှည့်ကျတိုက်ခိုက်ရမှာ မဟုတ်လား"

ဝမ်ကျန်းက ခေါင်းညိတ်ပြလေသည်။

"အမှန်ပဲ"

ရုတ်တရက် စစ်ဗုံသံများက ပတ်ဝန်းကျင်နေရာတဝိုက်၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

အင်ပါယာနှစ်ခုကြားရှိ ယှဥ်ပြိုင်ပွဲသည် မရေမတွက်နိုင်သောလူများ၏စိတ်အာရုံများကို ဆွဲဆောင်နိုင်သည်။တာယွီစစ်တပ်နှင့်ထန်အင်ပါယာစစ်တပ်သည် တိုက်ပွဲကွင်းပြင်၏ဘေးတစ်ဖက်တစ်ချက်တွင် အစီအစဥ်တကျ နေရာယူထားကြပြီး ပါရမီရှင်များအတွက် အလံများဝှေ့ယမ်း၍ အားပေးသံများက ထွက်ပေါ်နေသည်။

"ရှေ့ကိုတက်ပြီးတော့...ထန်အင်ပါယာက ခွေးသူတောင်းစားတွေကို ချေမှုန်းလိုက်စမ်း"

"ဒီတစ်ကြိမ်မှာ တာယွီဘက်ကလူငယ်ပါရမီရှင်တွေက ရှီးလျန်ပါရမီရှင်စာရင်းကပဲ....သူတို့က ထန်အင်ပါယာကလူတွေထက် ပိုပြီးအရည်အချင်းရှိမှာ သေချာတယ်"

တာယွီအင်ပါယာဘက်မှလူများသည် အလွန်စိတ်လှုပ်ရှားနေကြ၏။

သူတို့သည် တိုက်ပွဲများ၌ အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့သဖြင့် သူတို့၏စိတ်ဓာတ်များ အလွန်အမင်း ကျဆင်းနေလေပြီ။

ယခုချိန်တွင် သူတို့သည် နိုင်ပွဲရရှိရန် အလွန်မျှော်လင့်နေကြသည်။

လီဖုသည် အမူအယာကင်းမဲ့စွာဖြင့် သူ့ရှေ့ရှိအရာရာတိုင်းကိုကြည့်ကာ ပြောဆိုသည်။

"ဒါဆိုရင်လည်း စလိုက်ကြစို့"

ဝမ်ကျန်းက ခေါင်းညိတ်ပြကာ ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီး အော်ဟစ်လိုက်၏။

"ဘယ်သူ အရင်ဆုံးသွားချင်လဲ"

"ငါ အရင်ဆုံးသွားမယ်"

လူငယ်ပါရမီရှင်များအကြားမှနေ၍ အရပ်ရှည်သော ပိန်ပါးပါးလူငယ်ယောက် ရှေ့သို့ထွက်လာသည်။

ဤလူငယ်သည်လည်း ခမ်းနားထည်ဝါသောဝတ်စုံကို ဝတ်ဆင်ထားကာ သူ့ထံ၌ မောက်မာဝံ့ကြွားသော မျက်နှာအမူအယာမျိုးရှိနေသည်။

သူသည် ရှီးလျန်ပါရမီရင်စာရင်း၏နံပါတ်လေးဆယ့်သုံးနေရာမှ ယဲ့ချန်ဖြစ်ကာ အစွမ်းထက်သော လူငယ်ပါရမီရှင်တစ်ယောက်ပင်။

ယဲ့ချန်၏ယဲ့မိသားစုကို မိသားစုကြီးတစ်စုဟု သတ်မှတ်နိုင်ပေ၏။

သို့ရာတွင် သူ၏မိသားစုသည် ဆက်လက်၍ဖွံဖြိုးတိုးတက်လာစေရန်အလို့ငှာ ဝမ်မိသားစုကို မှီခိုနေရသည်။

ယဲ့ချန်သည် ပထမဆုံးတိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းမှာ ဝမ်ခန်း၏စိတ်အတွင်း၌ လေးနက်သောအမြင်ကို ချန်ထားလိုသောကြောင့်ပင်။အကယ်၍ သူ့အား ဝမ်ခန်းမှနေ၍ တစ်စုံတစ်ခုပြောဆိုပါက ကောင်းမွန်သောကိစ္စတစ်ရပ် ဖြစ်သွားပေမည်။

သို့ရာတွင် ဝမ်ခန်းသည် ယဲ့ချန်ကို တစ်ချက်သာစောင်းငဲ့ကြည့်ပြီး များစွာတုံ့ပြန်မှုမရှိချေ။

သူ့အတွက် ဤသည်မှာ အသေးအမွှားကိစ္စတစ်ရပ်ပင်။

ယဲ့ချန်သည် စင်မြင့်၏အလယ်သို့ လျှောက်လှမ်းသွားကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"ငါနဲ့တိုက်ခိုက်ဖို့ ဘယ်သူလာမှာလဲ"

ထန်အင်ပါယာဘက်မှလူငယ်ပါရမီရှင်အုပ်စု ရုတ်တရက် လူစုကွဲသွားသည်။

ထိုလူများအကြားမှနေ၍ အလွန်အသက်ငယ်ရွယ်ပုံရသော လူငယ်တစ်ယောက်က တည်ငြိမ်သောမျက်နှာအမူအယာနှင့် ရှေ့သို့ထွက်လာသည်။

ထိုလူငယ်၏လက်အတွင်း၌ တောင်ဝှေးတစ်ချောင်းကို ကိုင်ထားကာ သူ၏လှုပ်ရှားမှုတိုင်းတွင် မြင့်မြတ်သောအရှိန်အဝါမျိုး ရောယှက်နေပေ၏။

"ကျင်းမင်းသား...လီမင်"

ထိုသို့ပြောဆိုပြီးနောက် လူငယ်သည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးကာ စင်မြင့်ပေါ်သို့ ရောက်ရှိသွားတော့သည်။

သူသည် လီမင်ဖြစ်သလော....

တာယွီအင်ပါယာဘက်မှနေ၍ လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည်။

လွန်ခဲ့သောရက်အနည်းငယ်အကြာက လီမင်သည် သူ၏လူများနှင့်အတူ နှင်းစက်နေမင်းမြို့၏စားသောက်ဆိုင်တစ်ဆိုင်၌ ပြဿနာရှာခဲ့သည်။သို့ရာတွင် သူသည် မမျှော်လင့်ဘဲ ဖြတ်သွားဖြတ်လာလူငယ်တစ်ယောက်၏ဖိနှိပ်ခြင်းကို ခံခဲ့ရလေ၏။

ဤသတင်းသည် နှင်းစက်နေမင်းမြို့တစ်မြို့လုံးအနှံ့ ပျံ့နှံ့နေပြီး လီမင်သည် လူအများ၏ရယ်စရာပြက်လုံးကြီး ဖြစ်နေလေပြီ။

ယခုချိန်၌ လီမင် ထွက်ပေါ်လာဝံ့သည်ကို မြင်တွေ့ချိန်၌ တာယွီအင်ပါယာဘက်မှလူများ လှောင်ပြောင်ရယ်မောနေကြသည်။

"အဲ့ဒီ အရူးကောင်လေးက ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ...သူက ဒီနေရာကိုလာရဲသေးတယ်...သူ့ကိုယ်သူ အရှက်ခွဲချင်နေတာလား"

"ဖြစ်နိုင်တာတော့ သူ ဒူးထောက်ရတာ မလုံလောက်သေးလို့များလား...ဒါကြောင့် သူက ဒီနေရာမှာ ထပ်ပြီးဒူးထောက်ချင်လို့ဖြစ်မယ်...ဟား ဟား ဟား"

လှောင်ပြောင်ရယ်မောသံများက ပတ်ဝန်းကျင်နေရာတဝိုက်၌ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။

Chapter 3404

ပတ်ဝန်းကျင်မှ လှောင်ပြောင်သရော်သံများကို ကြားနေရသော်လည်း လီမင်၏မျက်နှာပေါ်၌ တည်ငြိမ်သောအပြုံးတစ်ခုရှိနေဆဲပင်။

"ဒါက ကိစ္စမရှိပါဘူ...မင်း ငါနဲ့တိုက်ခိုက်ပြီးရင် မင်း သိသွားလိမ့်မယ်"

လီမင်က တည်ငြိမ်စွာ ပြောဆိုသည်။

ယဲ့ချန်က လှောင်ပြောင်သရော်လိုက်၏။

"ဒါက ငါတို့နှင်းစက်နေမင်းမြို့ထဲမှာ ခြောက်နာရီကြာအောင် ဒူးထောက်ခဲ့တဲ့ ကျင်းမင်းသားမဟုတ်လား...ကြည့်ရတာတော့ မင်းရဲ့မှတ်ဥာဏ်တွေ မကောင်းတော့တဲ့ပုံပဲ...ဒီနေ့ ငါ မင်းကို အဲ့ဒီထက်ပိုပြီး အချိန်ကြာအောင် ဒူးထောက်ခိုင်းမယ်"

ထိုစကားဆုံးသည်နှင့် ယဲ့ချန်သည် စိတ်မရှည်စွာဖြင့် သူ၏ကျင့်ကြံနည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်သည်။

သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်မှုနှင့်အတူ မမြင်နိုင်သောချည်မျှင်အမြောက်အများသည် ကြီးမားသောပိုက်ကွန်တစ်ခုအလား လီမင်ထံသို့ တိုးဝင်သွားသည်။

ထိုချည်မျှင်များကို ရှာဖွေရန် နည်းလမ်းမရှိချေ။အကယ်၍ တစ်စုံတစ်ယောက်သည် နတ်ဘုရားစိတ်အာရုံကို အသုံးပြုလျှင်ပင် ထိုအရာများကိုရှာတွေ့နိုင်ရန် လွန်စွာခက်ခဲပေမည်။

ထိုချည်မျှင်များကို ခုခံကာကွယ်နိုင်ရန် မဖြစ်နိုင်သည့်အပြင် ဆန့်ကျင်တိုက်ခိုက်ရန်မှာလည်း မဖြစ်နိုင်ချေ။

"ဒီလောက်ပဲလား"

လီမင်က မျက်မှောင်ကြုတ်လိုက်၏။သူသည် လက်သီးတစ်ချက် ထိုးနှက်လိုက်ကာ စွမ်းအားများပွင့်အံ့ထွက်လာသည်။

လူတိုင်းသည် လီမင်၏လက်သီးချက်ကို ရှင်းရှင်းလင်းလင်း မမြင်ရသေးမီမှာပင် လေထုအတွင်း၌ လက်သီးစွမ်းအားများ ထွက်ပေါ်လာပြီး ရုတ်ချည်းဆိုသလိုပင် ယဲ့ချန်၏ရှေ့သို့ ရောက်ရှိသွားသည်။

ယဲ့ချန် ထုတ်လွှတ်ထားသော ချည်မျှင်များသည် ပိတ်ဆို့ဟန့်တားနိုင်ခြင်းမရှိဘဲ ထိုအစွမ်းထက်သောအားလှိုင်းကြောင့် ကြေမွှပျက်စီးသွားတော့သည်။

ထိုနောက်မှနေ၍ ယဲ့ချန်၏စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာကာ သူသည် အဝေးသို့လွင့်ထွက်သွားလေ၏။

သူ၏နံရိုးများ ချိုင့်ဝင်သွားကာ သူ၏ပါးစပ်မှနေ၍ သွေးများအန်ထွက်လာသည်။

လက်သီးတစ်ချက်ဖြင့် ရှီးလျန်ပါရမီရှင်စာရင်းမှ လူငယ်ပါရမီရှင်တစ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိစေခဲ့သလော....

လူအုပ်ကြီးသည် ငြိမ်အတိကျသွားပေ၏။

အစောပိုင်းက အလံများကိုဝှေ့ယမ်း၍ အော်ဟစ်အားပေးနေကြသော တာယွီအင်ပါယာဘက်မှစစ်သားများအားလုံး ကြက်သေသေသွားကာ သူတို့၏မျက်လုံးကိုပင် သူတို့မယုံကြည်နိုင်ကြတော့ချေ။

တာယွီအင်ပါယာဘက်မှ လူငယ်ပါရမီရှင်သည် ဤကဲ့သို့ ရှုံးနိမ့်သွားခဲ့သလော...

ဤသည်က ရှီးလျန်ပါရမီရှင်စာရင်းမှပါရမီရှင်တစ်ယောက် မဟုတ်လော...

မည်သို့ ဖြစ်ပျက်သွားခဲ့သနည်း...

"တကယ်လို့ မင်းတို့က ငါနဲ့တိုက်ခိုက်ဖို့ တစ်ယောက်ယောက်ကို လွှတ်မယ်ဆိုရင်...လျှာစောင်းပဲထက်ပြီး အသုံးမကျတဲ့ကောင် မဖြစ်စေနဲ့"

လီမင်က သရော်တော်တော် ပြောဆိုသည်။

ဤတစ်ကြိမ်သည် သူ တုံ့ပြန်သရော်နိုင်သည့်အလှည့်ပင်။

တာယွီအင်ပါယာဘက်မှ လူငယ်ပါရမီရှင်များအားလုံး ဒေါသထွက်သွားသည်။

သူတို့သည် ရှီးလျန်မြို့အတွင်း၌ နာမည်ဂုဏ်သတင်းကြီးမားသူများဖြစ်သည်။မည်သည့်အချိန်ကစ၍ သူတို့သည် ဤကဲ့သို့လှောင်ပြောင်သရော်ခံရမည့်ဘဝမျိုးသို့ ရောက်ရှိသွားသနည်း။

"ငါ တိုက်ခိုက်မယ်"

လူငယ်ပါရမီရှင်တစ်ယောက်သည် ဒေါသတကြီးအော်ဟစ်ပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်တက်လိုက်၏။

လီမင်သည် ထိုလူငယ်အား ကြည့်ရှုခြင်းပင်မပြုဘဲ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

လက်သီးတစ်ချက် သက်သက်ပင်။

လူတိုင်းသည် လေထုအတွင်းမှနေ၍ ကျယ်လောင်သောဘုန်းခနဲအသံကြီး ထွက်ပေါ်လာသည်ကို ကြားလိုက်ရကာ အစောပိုင်းကမှ စင်မြင့်ပေါ်ရောက်ရှိသွားသောလူငယ်သည် လွင့်ထွက်လာကာ မြေပြင်နှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသည်။

သူ၏အခြေအနေသည် ပို၍ပင် ဆိုးရွားပေ၏။သူ၏လက်မှအရိုးများ ငေါထွက်နေကာ သူ၏ခန္ဓာကိုယ် တုန်ရီနေသည်။

သွေးများက သူ၏ပါးစပ်မှ အဆက်မပြတ် ယိုစီးကျနေသည်။သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်မှာ သိသာထင်ရှားလှ၏။

တာယွီအင်ပါယာဘက်တွင် ထပ်မံ၍ တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဤသည်က နှစ်ကြိမ်ဆက်တိုက်ရှုံးနိမ့်ခြင်းဖြစ်ပြီး တစ်ဖက်ရန်သူသည် လက်သီးတစ်ချက်တည်းဖြင့် သူတို့ဘက်မှလူများကို လွင့်ထွက်စေခဲ့သည်။ဤသည်က စစ်တပ်၏စိတ်ဓာတ်ကို ထိခိုက်ပျက်ပြားစေသည်မှာ သိသာထင်ရှားလှ၏။

"ငါ တိုက်ခိုက်မယ်"

နဥ်အမ်ထုံသည် သူမ၏ဓားကိုဆွဲကိုင်ကာ တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်တက်လိုက်သည်။

နဥ်အမ်ထုံသည် လူဆိုးထိန်းတစ်ယောက်ဖြစ်ရန် မွေးဖွားလာသူပင်။ယခုချိန်၌ စင်မြင့်ပေါ်၌ သူမ မတ်တတ်ရပ်နေစဥ်တွင် သူမကိုကြည့်ရသည်မှာ အေးစက်ပြီး သူရဲကောင်းဆန်သည်။လူအများသည် သူမကို နောက်တစ်ကြိမ်မကြည့်ဘဲမနေနိုင်ကြချေ။

လီမင်က နဥ်အမ်ထုံကို စူးစိုက်၍ကြည့်လေသည်။သူ၏မျက်လုံးများ တောက်ပသွားသည်။

"ငါ မိန်းကလေးတစ်ယောက်ကို နာကျင်အောင် မလုပ်ချင်ဘူး...တကယ်လို့ မင်း အခု အောက်ဆင်းသွားမယ်ဆိုရင် ငါ မင်းကို လွှတ်ပေးမယ်"

"အဲ့ဒီကိစ္စကို စဥ်းတောင်မစဥ်းစားနဲ့"

နဥ်အမ်ထုံသည် ဒေါသထွက်သွားလေ၏။သူမသည် ဓားကိုမြှောက်ကာ လီမင်ကို ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။

ဓားချီများသည် လေထုအတွင်း၌ ပျံ့နှံ့သွားကာ တုန်ခါသံများက လေဟာနယ်အတွင်း၌ ထွက်ပေါ်လာသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူမ၏ခန္ဓာကိုယ်သည် မမြင်နိုင်သောပုံရိပ်ယောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

"လုပ်ကြံသတ်ဖြတ်ခြင်း နည်းစနစ်လား"

လီမင်က မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။

ဤကဲ့သို့နည်းစနစ်မျိုးသည် အလွန်သိမ်မွေ့နက်နဲပေ၏။

လီမင်သည် ချက်ချင်းဆိုသလိုပင် သူ၏မျက်လုံးကိုစုံမှိတ်ကာ နတ်ဘုရားစိတ်အာရုံဖြင့် သူ၏နံဘေးပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။

ရုတ်တရက် လီမင်၏နောက်မှနေ၍ အစွမ်းထက်သောဓားချီတစ်လှိုင်းက လာရောက်ရိုက်ခတ်သည်။

ဝှစ်...

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုဓားချီသည် လီမင်၏နောက်စေ့ထံသို့ ရောက်ရှိလာပေ၏။

လီမင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဒါဆိုရင် ဒါက မင်းရဲ့နည်းစနစ်ပေါ့...ဒါက ဘာမှမထူးခြားပါဘူး"

Chapter 3405

ဤအချိန်အခိုက်အတန့်တွင် လီမင်၏နောက်ကျော၌ မျက်လုံးတစ်စုံရှိနေသည့်အလားပင်။

နဥ်အမ်ထုံ၏ဓား သူ့အားထိုးစိုက်တော့မိမည့်အချိန်တွင် လီမင်သည် ရုတ်တရက် နောက်သို့လှည့်ကာ သူမ၏ဓားကို ဖမ်းဆုပ်လိုက်၏။

ဒေါင်....

နဥ်အမ်ထုံ၏ဓားသည် သတ္တူတစ်ခုကို ရိုက်ခတ်မိသည့်အလား ဒေါင်ခနဲမြည်သံကြီး ထွက်ပေါ်လာသည်။

မျက်တောင်တစ်ခတ်စာအချိန်မှာတွင် လီမင်၏လက်ပေါ်၌ သံမဏိကဲ့သို့မာကျောသော ငွေရောင်အလင်းလွှာတစ်လွှာ ဖုံးအုပ်သွားသည်။

လီမင်သည် ထိုဓားချက်ကို ပိတ်ဆို့ဟန့်တားပြီးနောက် သူက တုံ့ပြန်တိုက်ခိုက်သည့်အနေဖြင့် လက်သီးတစ်ချက် ထိုးနှက်လိုက်၏။

သို့ရာတွင် လီမင်၏လက်သီးချက်သည် နဥ်အမ်ထုံကို ထိုးနှက်မိခြင်းမရှိချေ။

ထက်ရှသောလက်သီးစွမ်းအားလှိုင်းသည် နဥ်အမ်ထုံ၏နံဘေးမှကပ်၍ ဖြတ်သန်းသွားသည်။

ဝှစ်...ဝှစ်...

လက်သီးချက်များကြောင့် ဖြစ်ပေါ်လာသည့် ပြင်းထန်သောလေလှိုင်းများသည် နဥ်အမ်ထုံ၏နံဘေးမှဖြတ်သန်းသွားကာ သူမ၏မျက်နှာကို ဖြူရော်သွားစေသည်။

"ငါ မိန်းကလေးတစ်ယောက်ကို မတိုက်ခိုက်ချင်ဘူး...မင်း အခု ထွက်သွားလို့ရပြီ"

လီမင်က သူ၏ခေါင်းကိုမော့၍ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလေ၏။

နှိုင်းယှဥ်ကြည့်ပါက နဥ်အမ်ထုံ၏မျက်နှာသည် လူသေတစ်ယောက်အလား ဖြူရော်နေသည်။

သူမ ရှုံးနိမ့်သွားလေပြီ။

အကယ်၍ ထိုလက်သီးချက်သာ သူမပေါ်သို့ အမှန်တကယ်ကျရောက်လာပါက သူမ၏ရလဒ်သည် ယခင်နှစ်ယောက်ထက် ပို၍ကောင်းမွန်မည်မဟုတ်ချေ။

"ငါ ရှုံးသွားပြီ"

နဥ်အမ်ထုံသည် သူမ၏အရှုံးကို လက်မခံလိုသည့်အလား သူမ၏နုတ်ခမ်းကိုကိုက်ကာ ပြောဆိုလိုက်၏။

ဤတစ်ကြိမ်တွင် သူမသည် သူမ၏ဖခင်ဖြစ်သူမှ သင်ကြားပေးခဲ့သော နည်းစနစ်ကို အသုံးပြုခဲ့သည်။

ဤသည်မှာ သူမ တက်မြောက်ထားသည့်အရာများအနက် အစွမ်းထက်ဆုံးနည်းစနစ်ပင်။သို့ရာတွင် လီမင်နှင့် ရင်ဆိုင်ရချိန်တွင် သူမ၏နည်းစနစ်သည် လုံးလုံးလျားလျား အသုံးမဝင်ချေ။

"အမ်ထုံ...ဒါက အဆင်ပြေပါတယ်...ခဏနေကျရင် ငါက မင်းအတွက် လက်စားချေပေးမယ်"

ဝမ်ခန်းက ဤအချိန်အခိုက်အတန့်တွင် မတ်တတ်ထရပ်လိုက်သည်။

နဥ်အမ်ထုံ ရှုံးနိမ့်သွားသည်ကို မြင်တွေ့သော်လည်း ဝမ်ခန်းသည် အနည်းငယ်မျှပင် ပျာယာခတ်မသွားချေ။ထိုအစား သူ့အတွက် အခွင့်အရေး ရောက်ရှိလာပြီဟု သူ ခံစားမိသည်။

ဝမ်ခန်းက ရုတ်တရက် တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်တက်လိုက်၏။

ဘုန်း....

သူ၏ခြေထောက် တိုက်ပွဲစင်မြင့်ပေါ်သို့ ကျရောက်သွားချိန်တွင် ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာသည်။

လူတိုင်း အံ့အားသင့်တုန်လှုပ်သွားသည်။သူတို့သည် ဝမ်ခန်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အန္တရာယ်အငွေ့အသက်ကို ခံစားမိလေ၏။

"မင်း ကစားလို့အားရပြီလား"

ဝမ်ခန်းက သရော်တော်တော်အပြုံးနှင့် လီမင်ကိုကြည့်ကာ ပြောဆိုသည်။

လီမင်က ဝမ်ခန်းကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။

"မင်းက ရှီးလျန်ပါရမီရှင်စာရင်းရဲ့ နံပါတ်တစ်ပါရမီရှင်...ဝမ်မိသားစုရဲ့သခင်လေး ဝမ်ခန်းမဟုတ်လား"

ထန်အင်ပါယာမှလူများသည်လည်း ယှဥ်ပြိုင်ပွဲမစတင်မီ သတင်းအချက်အလက်များကို ကြိုတင်စုံစမ်းပြီးဖြစ်သည်။

ထို့ကြောင့် သူတို့သည် ဝမ်ခန်းနှင့်ပတ်သတ်၍ များစွာစုံစမ်းထားပြီးလေပြီ။

"မင်းက ငါ့ကို သိနေမှတော့ အရှုံးကိုဝန်ခံလိုက်တော့...တခြားသူတွေရဲ့အချိန်ကို မဖြုန်းစမ်းနဲ့"

ဝမ်ခန်းက စိတ်မရှည်စွာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

သူသည် ရှီးလျန်မြို့အတွင်း၌ ပြိုင်ဘက်ကင်းလူငယ်ပါရမီရှင်ပင်။

သူနှင့်မျိုးဆက်တူလူငယ်များအကြားတွင် သူ၏တိုက်ကွက်သုံးကွက်ထက်ပို၍ ခုခံကာကွယ်နိုင်သူမရှိချေ။

ထို့ကြောင့် ဝမ်ခန်းသည် ထိပ်ဆုံး၌နေရသည်မှာ အထီးကျန်ဆန်လာပြီး သူ့ကိုယ်သူ လောကကြီးအတွင်း၌ ပြိုင်ဘက်ကင်းဟု အထင်ရောက်လာသည်။

တောက်ပသောအလင်းတန်းများက လီမင်၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။

"တာယွီအင်ပါယာရဲ့လူငယ်မျိုးဆက်တွေထဲက ထိပ်သီးလူငယ်ပါရမီရှင်ရဲ့ တိုက်ခိုက်မှုစွမ်းအားက ဘယ်လိုရှိမလဲဆိုတာ ငါ အမြဲတမ်းသိချင်နေမိတယ်...တကယ်လို့ ငါက မင်းနဲ့မတိုက်ခိုက်ရဘူးဆိုရင် ဒါက အဓိပ္ပါယ်ရှိတော့မှာမဟုတ်ဘူး"

"ကောင်းပြီလေ...မင်း ငါ့ရဲ့တိုက်ခိုက်မှုကို တောင့်ခံနိုင်မလား မခံနိုင်ဘူးလားဆိုတာကို ငါ စောင့်ကြည့်နေမယ်"

ဝမ်ခန်း၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသော အရိပ်အယောင်များ ထင်ဟပ်လာပေ၏။

ရှီးလျန်မြို့တစ်မြို့လုံးတွင် သူ၏တိုက်ခိုက်မှုကို တောင့်ခံနိုင်သူဟူ၍ လူနည်းစုသာရှိသည်။

သူ၏တိုက်ခိုက်မှုတစ်ခုကို ခံယူနိုင်သူအား ရှီးလျန်မြို့အတွင်း၌ ထူးချွန်သောကျင့်ကြံသူတစ်ယောက်ဟု ယူဆနိုင်သည်။

ထိုသို့ပြောဆိုပြီးနောက် ဝမ်ခန်းသည် သူ၏စွမ်းအားများကို အသုံးပြုကာ ဓားရှည်တစ်လက်အဖြစ် ဖွဲ့စည်းလိုက်သည်။

ထိုဓားရှည်သည် သလင်းကျောက်ကဲ့သို့ ကြည်လင်နေကာ အေးစက်စက်အရှိန်အဝါမျိုး ထင်ဟပ်နေပေ၏။

"ဒါက ဝမ်မိသားစုရဲ့ နတ်ဘုရားဓားနည်းစနစ်ဖြစ်တဲ့ 'ရေခဲဒေါသဓား'မဟုတ်လား...ဒီတစ်ကြိမ်တော့ သခင်လေးဝမ်က အပြင်းထန်ဆုံးတိုက်ခိုက်မှုကို တန်းပြီးအသုံးပြုလိုက်တာပဲ"

"ဒါက အမှန်ပဲ...လီမင်က မိန်းကလေးနဥ်ကို အနိုင်ယူခဲ့တယ်...သခင်လေးဝမ်က မိန်းကလေးနဥ်အတွက် မျက်နှာရအောင် ပြန်လုပ်ပေးချင်တာပဲဖြစ်မယ်"

Thank For Reading.

All Chapters