← Chapters

အခန်း (၃၄၁၆-၃၄၂၀)

Vol. 174 Ch. 3416-3420

အခန်း (၃၄၁၆-၃၄၂၀)

Vol. 174 Ch. 3416-3420

Chapter 3416

မည်သည်ကြောင့် လုယွီသည် ဤအရာများကိုစွန့်လွှတ်၍ ထန်အင်ပါယာနှင့် ပူးပေါင်းရမည်နည်း။

"ကောင်းတယ်...ကောင်းတယ်...ယိုယွင်းပျက်စီးနေတဲ့ တာယွီအင်ပါယာမှာ သစ္စာရှိတဲ့လူတွေ ကျန်နေအုံးမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒါက အံ့အားသင့်စရာပဲ"

ငြင်းဆန်ခံရခြင်းကြောင့် လီဖုသည် စိတ်ပျက်သွားရမည့်အစား ပို၍ပင်စိတ်အားထက်သန်လာသည်။

အကယ်၍ လုယွီ သဘောတူလိုက်ပါက လီဖုသည် သူ့အား အထင်အမြင်သေးမိပေမည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ဤကဲ့သို့ ဖြားယောင်းသွေးဆောင်မှုမျိုးနှင့် ရင်ဆိုင်ရသည့်တိုင် လုယွီသည် ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့လေ၏။

သူ ဤကဲ့သို့ အရာရှိတစ်ယောက်ကို မည်သည့်နေရာ၌ သွားရောက်ရှာဖွေရမည်နည်း။

တာယွီအင်ပါယာမှ လူငယ်ပါရမီရှင်များသည် စိတ်ပျက်အားငယ်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

လုယွီသည် ဤကဲ့သို့ရွေးချယ်မှုမျိုးပြုလုပ်မည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။

ဝမ်ခန်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြသည်။

"သူက တကယ့်ကို လူမသိသူမသိနေရာကလာတဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက်ပဲ...သူက ဘာမှမသိဘူး...ကြီးမားတဲ့အခွင့်အရေးတစ်ခုက သူ့ရှေ့ကနေ ချော်ထွက်သွားပြီ...နောင်တစ်ချိန်ကျရင် သူ သေချာပေါက်နောင်တရလိမ့်မယ်လို့ ငါ လောင်းရဲတယ်"

ဝမ်ခန်း၏နံဘေးရှိ သူ၏သစ္စာရှိလူယုံများကလည်း သူ့ကို ထောက်ခံနေကြ၏။သူတို့၏စကားများအတွင်းတွင် လုယွီကို လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေသည်။

ထိုစကားများသည် နဥ်အမ်ထုံ၏နားအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

နဥ်အမ်ထုံ၏မိုးမခပုံမျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားသည်။သူမက အထင်အမြင်သေးသောအကြည့်နှင့် ဝမ်ခန်းကိုကြည့်လိုက်သည်။

လုယွီသည် ဤကဲ့သို့ဖြားယောင်းသွေးဆောင်ရမှုနှင့် ရင်ဆိုင်ရသည့်တိုင် တည်ငြိမ်စွာ နေနိုင်ခဲ့လေ၏။

နှိုင်းယှဥ်ကြည့်ပါက ဝမ်ခန်းသည် မောက်မာဝံ့ကြွားသောစကားများကိုသာ ပြောဆိုတတ်ပြီး မည်သည့်ရည်ရွယ်ချက်မျိုးမျှမရှိဘဲ အလွန်သဘောထားကျဥ်းမြောင်းသည်။

တိုက်ပွဲစင်မြင့်ပေါ်၌...

လီဖုက လုယွီကိုကြည့်၍ တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ဘာမှစိတ်မပူနဲ့...ငါ့ရဲ့လေးစားမှုကို ပြသတဲ့အနေနဲ့ ငါက အကောင်းဆုံးကြိုးစားပြီးတော့ မင်းနဲ့ယှဥ်ပြိုင်မယ်"

သို့ရာတွင် လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

"မင်း ဘာလိုချင်လို့လဲ"

လီဖုက မျက်မှောင်ကြုတ်လိုက်သည်။

လုယွီက ပေါ့ပေါ့ပါးပါးလေသံနှင့် ပြောဆိုသည်။

"မင်းတို့နဲ့တစ်ယောက်ချင်းတိုက်ခိုက်နေရင် အချိန်အရမ်းကုန်တယ်...ဒီလိုဆိုရင်ရော...မင်းတို့အားလုံး တက်လာခဲ့ကြစမ်း"

လုယွီသည် အမှန်တကယ်ကိုပင် လူ၄၉ယောက်နှင့် တိုက်ခိုက်ရန် တောင်းဆိုနေလေ၏။

တာယွီအင်ပါယာနှင့်ထန်အင်ပါယာ နှစ်ဘက်စလုံးမှနေ၍ အံ့အားတသင့်အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ဤကောင်လေး ရူးများရူးသွားသလော....

"ပေါက်ကရစကားတွေ...စည်းမျဥ်းအတိုင်း လိုက်နာစမ်း"

ထိုအချိန်မှာပင် ဝမ်ကျန်းက ရုတ်တရက် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

အစကတည်းက ဝမ်ကျန်းသည် သူ၏တည်ရှိမှုကို ဆုံးရှုံးနေခဲ့လေ၏။

မည်သို့ပင်ဆိုစေကာမူ လုယွီသည် အံ့အားသင့်ဖွယ် ကိစ္စတစ်ရပ်ကို ပြုလုပ်လိုခဲ့သည်။ဤသည်က နှင်းစက်နေမင်းမြို့၏အဓိကစစ်ဗိုလ်ချုပ်ဟူသော သူ၏တောက်ပမှုကို လုံးလုံးလျားလျား ပိတ်ဖုံးသွားစေသည်။

ထို့ပြင် လုယွီသည် ထန်အင်ပါယာဘက်ကို အနိုင်ယူနိုင်ခဲ့သော ပါရမီရှင်တစ်ယောက်ပင်။

နှိုင်းယှဥ်ကြည့်ပါက ဝမ်ကျန်းသည် အရှုံးပေးရန် သဘောတူညီခဲ့ကာ သဘောတူစာချုပ်၌လက်မှတ်ထိုးရန် ကြံရွယ်ခဲ့သည်။သူနှင့်လုယွီ၏အပြုအမူများသည် မိုးနှင့်မြေတမျှ ကွာခြားနေပေ၏။

ဝမ်ကျန်းသည် ဝမ်ခန်း၏ပေါင်ကို ဖက်တွယ်ထားရန် အမြဲတစေစဥ်းစားတွေးတောနေသော်လည်း သူ ရှက်ရွံသည်ဟု ခံစားနေရဆဲပင်။

"မင်းမှာ ငါ့ကိုအမိန့်ပေးနိုင်တဲ့ အခွင့်အာဏာမျိုးမရှိဘူး"

လုယွီက သူ၏ခေါင်းကိုခါယမ်းကာ တည်ငြိမ်စွာပြောဆိုသည်။

ထိုအချိန်မှာပင် ဝမ်ခန်းက ရုတ်တရက် လှောင်ပြောင်သရော်လိုက်သည်။

"ဗိုလ်ချုပ်ဝမ်...သူက သူရဲကောင်းလုပ်ပြီး ဟန်ရေးပြချင်နေမှတော့ သူ့ကို လွှက်ထားလိုက်စမ်းပါ...ငါတို့ရဲ့ပါရမီရှင်ကြီးကို တိမ်မြုပ်သွားအောင် မလုပ်စမ်းပါနဲ့"

သူသည် သူ၏စိတ်အတွင်း၌ လှောင်ပြောင်သရော်ကာ လုယွီ သူ့ကိုယ်သူ အရူးလုပ်မည်အား စောင့်ကြည့်လိုခဲ့သည်။

ထန်အင်ပါယာမှ ပါရမီရှင်များအားလုံးနီးပါးသည် လူအများကြားမှနဂါးများပင်။သူတို့အား တစ်ယောက်ချင်းယှဥ်ပြိုင်ရန်ပင် လွန်စွာခက်ခဲသည်။

လုယွီက အရှက်မရှိကြွားဝါကာ ထိုလူများအားလုံးကို စိန်ခေါ်ဝံ့သည်။ဤသည်က သူ ရှုံးနိမ့်ရမည်မှာ သေချာသလောက်နီးပါးပင်။

ဝမ်ခန်းသည် စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။လုယွီ တစ်ကြိမ်ရှုံးနိမ့်သည်နှင့် သူသည် အပြစ်များအားလုံးကို လုယွီပေါ်သို့ ပုံချရပေမည်။

ယခုလက်ရှိချိန်တွင် လုယွီသည် ခေါင်းဆောင်တစ်ယောက်ကဲ့သို့ ပြုမူနေသဖြင့် သူ လုယွီကို နေရာမှန်သိအောင် ပြုလုပ်ပေးရပေမည်။

"မင်း ငါ့ကို နောက်နေတာလား"

လီဖုက အလေးအနက်ထား၍ မေးမြန်းသည်။

လုယွီက တည်ငြိမ်စွာ ပြောဆိုလေ၏။

"ငါက နောက်နေတဲ့ပုံပေါက်လို့လား"

မလှမ်းမကမ်းတွင်ရှိနေသည့် ထန်အင်ပါယာမှလူငယ်ပါရမီရှင်များအားလုံး ဒေါသထွက်သွားသည်။

"သူ့ကိုသတ်..."

"သေလမ်းရှာနေတာလား..သူက ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့အားလုံးကို စိန်ခေါ်ဝံ့တာလဲ"

ရုတ်ချည်းဆိုသလိုပင် လူရိပ်လေးဆယ်ကျော်က လုယွီ၏ရှေ့သို့ ကျရောက်လာသည်။

Chapter 3417

အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုက တိုက်ပွဲစင်မြင့်ပေါ်၌ ရုတ်တရက် ထွက်ပေါ်လာသည်။

တစ်ဖက်ခြမ်းတွင် လုယွီတစ်ယောက်တည်း တိုက်ပွဲစင်မြင့်ပေါ်၌ မတ်တတ်ရပ်နေကာ လေပြင်းတစ်ချက်တိုက်ခတ်လာသည်နှင့်အတူ သူ၏အဝတ်အစားများက ရှေ့နောက်လူးလွန့်နေသည်။

လုယွီ၏ရှေ့တွင် ထန်အင်ပါယာမှလူငယ်ပါရမီရှင် အယောက်လေးဆယ်ကျော်သည် အတူတကွနီးကပ်စွာ မတ်တတ်ရပ်နေကြကာ သူတို့၏မျက်နှာများပေါ်တွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

မည်သို့ပင်ကြည့်စေကာမူ ဤသည်မှာ မျှတမှုမရှိသော တိုက်ပွဲတစ်ခုပင်။

"မင်းတို့ အတူပူးပေါင်းပြီး တိုက်ခိုက်ကြစမ်း...အဆုံးသတ်ကျရင် ငါ့အခွင့်အရေးမပေးဘူးလို့ မင်းတို့ ငါ့ကို အပြစ်မတင်နဲ့"

လုယွီက ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် ထန်အင်ပါယာမှ လူငယ်ပါရမီရှင်များအားလုံး ဒေါသထွက်သွားသည်။

"မောက်မာလိုက်တာ...."

"သူက သူရှုံးမယ်ဆိုတာ သိနေလို့လည်းဖြစ်နိုင်တယ်...သူက ဂုဏ်သိက္ခာရှိတဲ့ပုံစံမျိုးနဲ့ ရှုံးနိမ့်နိုင်မယ်လို့ တွေးနေတာများလား...ဟီး ဟီး....ငါတို့ သူ့ကို ကိုယ်လက်အင်္ဂါအပြည့်အစုံမကျန်ဘဲနဲ့ ဒီနေရာမှာ သေခိုင်းလိုက်ကြရအောင်"

ထန်အင်ပါယာမှလူငယ်ပါရမီရှင်တချို့သည် အေးစက်စက်ရယ်မောကာ လုယွီကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြ၏။

ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ယံအတွင်း၌ အမျိုးအစားစုံလင်သော မှော်မန္တန်များနှင့် ပြည့်နှက်သွားတော့သည်။

အင်ပါယာနှစ်ခုကြားရှိ ယှဥ်ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်သည့်လူတိုင်း သာမာန်ကျင့်ကြံသူများမဟုတ်ချေ။ထန်အင်ပါယာအတွင်း၌ အစွမ်းထက်ကျင့်ကြံသူများ တိမ်စိုင်များကဲ့သို့ပေါများလေရာ သူတို့သည် လူငယ်မျိုးဆက်သစ်များအကြားမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများဖြစ်သည်။

"မင်း အရမ်းမမောက်မာသင့်ဘူး"

လီဖုက တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"လေးစားမှုကိုပြသတဲ့အနေနဲ့...ငါ့ရဲ့အကောင်းဆုံးမှော်နည်းစနစ်ကို အသုံးပြုပြီးတော့ မင်းရဲ့အသက်ကို အဆုံးသတ်ပေးမယ်"

လုယွီသည် လီမင်ကို အနိုင်ယူခဲ့သောကြောင့် ထန်အင်ပါယာတော်ဝင်မိသားစုအတွက် အရှက်ရစရာကိစ္စ ဖြစ်ခဲ့သည်။

အကယ်၍ လုယွီသည် တစ်ယောက်တည်းနှင့် လူအများကိုစိန်ခေါ်ပြီး သူ့အား အသက်ရှင်ခွင့်ပေးလိုက်ပါက

ထန်အင်ပါယာတော်ဝင်မိသားစု၏နာမည်ဂုဏ်သတင်းသည် လုံးဝဥဿုံပျက်စီးသွားပေမည်။

သူသည် လုယွီအား မည်သို့မျှ အသက်ချမ်းသာခွင့် မပေးနိုင်ချေ။

လီဖုသည် မှော်မန္တန်တစ်ပုဒ်ကိုရေရွက်ကာ မန္တန်စာလုံးတစ်လုံးစီသည် ရှေးဟောင်းအချိန်ကာလမှ ဆင်းသက်လာပုံရသည်။သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်မှ ဂရုတစိုက်နားထောင်ကြည့်ပါက မဟာတာအို၏အရိပ်အယောင်များကို ခံစားရပေမည်။

အချိန်တခဏကြာပြီးနောက် လီဖု၏ရှေ့တွင် ခရမ်းရောင်မှော်အက္ခရာတစ်ခု သိပ်သည်းသွားသည်။

ထိုမှော်အက္ခရာသည် ကျင့်ကြံခြင်းလောကအတွင်းမှ အက္ခရာများနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။

ဤအရာသည် ရှေးဟောင်းအရုပ်စာအရေးအသားမှ ဆင်းသက်လာပုံရသည်။ပြင်ပမှကြည့်ပါက ဤအရာသည် လေးညှို့ကိုဆွဲတင်ထားသော လူတစ်ယောက်၏ပုံစံနှင့် တူညီသည်။

ဤသည်မှာ ရှေးဟောင်းအက္ခရာပင်။

လီဖုရွတ်ဆိုသည်မှာ ရှေးဟောင်းအချိန်ကာလများမှ ဆင်းသက်လာသော ရှေးဟောင်းမှော်မန္တန်တစ်ပုဒ်ဖြစ်ပေမည်။

ယေဘုယျကျကျပြောဆိုရလျှင် ဤမှော်မန္တန်များသည် အလယ်ခေတ်ကတည်းက ပျောက်ကွယ်သွားလေပြီ။ထန်အင်ပါယာ၏လီတော်ဝင်မိသားစုကဲ့သို့ အင်အားစုများတွင်သာ ဤကဲ့သို့အစွမ်းထက်နည်းစနစ်မျိုးကို ပိုင်ဆိုင်ထားနိုင်သည်။

ထိုခရမ်းရောင်အက္ခရာစာလုံး ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိမှော်မန္တန်များအားလုံးထံသို့ သက်ရောက်သွားသည်။ထိုမှော်မန္တန်များအားလုံးသည် ခရမ်းရောင်အက္ခရာစာလုံးထံသို့ဦးတည်၍ ရွေ့လျားသွားလေ၏။

"မင်း အခု သေလို့ရပြီ"

လီစစ်သည် သူ၏အက္ခရာစာလုံးထံ၌ ပတ်ဝန်းကျင်ရှိ မှော်မန္တန်များအားလုံးကို စုစည်းပြီးနောက် လုယွီကို တိုက်ခိုက်လိုက်သည်။

မိုးကောင်းကင်ယံအတွင်းရှိ မှော်မန္တန်များအားလုံး ရုတ်တရက် အောက်သို့ကျဆင်းလာသည်။

မြေပြင် အက်ကွဲပြီး တောင်များပြိုလဲစေသော စွမ်းအားမျိုးနှင့် ရင်ဆိုင်ရသည့်တိုင် လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။

သူ၏လက်ဝါးကို ဖြည်းညှင်းစွာ ရှေ့သို့တွန်းထုတ်လိုက်သည်။တောက်ပသောရွှေရောင်အလင်းတန်းများက လုယွီ၏လက်ဝါးမှ ရုတ်တရက် ပွင့်အံ့ထွက်လာသည်။

စင်မြင့်ပေါ်မှဖြစ်စေ အောက်မှဖြစ်စေ သူတို့၏မျက်လုံးများဖြင့် မြင်နိုင်သမျှ နေရာတိုင်းနီးပါးတွင် စူးရှသောရွှေရောင်အလင်းတန်းများက လွှမ်းခြုံထားသည်။

ရုတ်ချည်းဆိုသလိုပင် လုယွီထံသို့ ကျရောက်လာသော မှော်မန္တန်များအားလုံးသည် ထိုရွှေရောင်အလင်းတန်းများအောက်တွင် ပျက်ပြယ်သွားလေ၏။

ပေါက်ကွဲသံကြီး မြည်ဟီးလာသည်မှာ နားအူလုမတတ်ပင်။

တိုက်ပွဲစင်မြင့်သည် ဤပြင်းထန်သောစွမ်းအားကို ခံနိုင်ရည်မရှိတော့ပုံဖြင့် အလယ်မှနေ၍ ကွဲအက်သွားတော့သည်။

"ဒါက ဘယ်လိုစွမ်းအားမျိုးလဲ...အရမ်းကြီးကျယ်ခမ်းနားတာပဲ"

တာယွီအင်ပါယာမှ လူငယ်ပါရမီရှင်အများစုသည် ထပ်မံ၍ထိုင်ကြည့်မနေနိုင်ကြတော့ချေ။သူတို့က ခြေဖျားထောက်ကာ တိုက်ပွဲနေရာသို့ ကြည့်လိုက်ကြသည်။

ဖုန်မှုန့်နှင့်မီးခိုးငွေ့များ ပျက်ပြယ်သွားလေပြီ။

မြောက်မြားစွာသောအကြည့်များသည် ထိုနေရာသို့ တပြိုင်နက်တည်း ကျရောက်သွားပေ၏။

ရလဒ်သည် မည်ကဲ့သို့ရှိသည်ကို သူတို့အားလုံး သိရှိလိုကြသည်။

ပတ်ဝန်းကျင်၌ တိုက်ပွဲစင်မြင့်မှ ကျောက်တုံးများပြိုကျသံများနှင့် ပြည့်နှက်နေသည်။

ကျိုးပဲ့နေသောကျောက်တုံးအများစုတွင် သွေးများဖြင့်ဖုံးလွှမ်းနေလေရာ ကြည့်ရသည်မှာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ရာပင်။

တိုက်ပွဲစင်မြင့်၏မြေပြင်ပေါ်တွင် လူအယောက်လေးဆယ်ကျော် လဲကျနေကာ သွေးများက နေရာအနှံ့အပြား၌ ဖြာကျနေသည်။

ထန်အင်ပါယာ၏ လူငယ်ပါရမီရှင်လေးဆယ်ကျော်အနက် တစ်ဦးတစ်ယောက်မျှ လုယွီ၏ရှေ့တွင် မတ်တတ်မရပ်နိုင်ကြတော့ချေ။

Chapter 3418

"မကောင်းတော့ဘူး"

စင်မြင့်၏အောက်မှ စောင့်ကြည့်နေသော အဖိုးအိုတစ်ယောက်သည် အလျှင်အမြန်ပြေးတက်ကာ လီဖုကို ရှာဖွေလိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် လီဖုသည် ကြီးမားသောခွန်အားကြောင့် လွင့်ထွက်လာကာ မြေပြင်ပေါ်၌လဲကျနေသည်။သူ၏လည်ပင်း၌ ဆွဲထားသော အသက်ကယ်ရတနာမှနေ၍ အဖြူရောင်အလင်းတန်းများဖြာထွက်နေကာ သူ၏အသက်ကို ကာကွယ်ပေးထားသည်။

ဤအဖြူရောင်အလင်းတန်းများ၏ကာကွယ်ပေးမှုကြောင့်သာ လီဖုသည် သေခြင်းတရားမှရှောင်လွှဲနိုင်ခဲ့ခြင်းဖြစ်သည်။

"တာအိုသခင်အဆင့် အကာအကွယ်မှော်ရတနာတစ်ခုလား"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ဤမှော်ရတနာသည် သာလွန်ထူးကဲကြောင်းကို သူ ချက်ချင်းသိရှိသွားလေ၏။

သို့ရာတွင် ဤသည်မှာ သူ လက်သင့်ခံနိုင်သော အကြောင်းပြချက်အတွင်း၌ရှိနေသည်။

ထန်အင်ပါယာလီတော်ဝင်မိသားစု၏ အဓိကမိသားစုဝင်တစ်ယောက်ဖြစ်သော လီဖုထံတွင် ဤကဲ့သို့မှော်ရတနာမျိုး ပိုင်ဆိုင်ထားသည်မှာ လွန်ကဲသောကိစ္စတစ်ရပ်မဟုတ်ချေ။

ထန်အင်ပါယာ၏လူငယ်ပါရမီရှင်များနှင့် ပတ်သတ်၍ လုယွီသည် သနားညှာတာမှုပြသရန် ရည်ရွယ်မထားချေ။

အကယ်၍ သူ သူတို့ကို အသက်ရှက်လျက်ချန်ထားပါက အနှေးနှင့်အမြန် ဘေးကပ်ဆိုးတစ်ခု ဖြစ်လာပေမည်။သူသည် ဤအခြေအနေကိုအခွင့်ကောင်းယူ၍ သူတို့အား တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုခဲ့သည်။

"သူတို့အားလုံး သေသွားကြပြီလား"

အဖိုးအိုသည် သူ၏နံဘေးပတ်ဝန်းကျင်ရှိ လူငယ်ပါရမီရှင်များ၏ အလောင်းများကိုကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် လုယွီကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။

"ဘာလို့ မင်းက ဒီလောက်ထိ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခဲ့တာလဲ...ဒါက ယှဥ်ပြိုင်ပွဲလေးတစ်ခုပဲလေ...မင်းက ဘာလို့ သူတို့ရဲ့အသက်တွေကိုပါ ယူချင်နေတာလဲ"

လုယွီက အေးစက်စက်လေသံဖြင့် တုံ့ပြန်ပြောဆိုသည်။

"သူတို့ကရော ငါ့ကိုမသတ်ချင်ဘူးလို့ ငါ့ကိုမပြောနဲ့"

အဖိုးအိုသည် အချိန်တခဏကြာအောင် ဆွံအသွားပြီးနောက် ရှေ့ဆက်၍ မပြောနိုင်တော့ချေ။

အစောပိုင်းက တိုက်ခိုက်မှုတွင် ထန်အင်ပါယာမှလူငယ်ပါရမီရှင်များသည် လုယွီကို သတ်ဖြတ်လိုကြခြင်းမှာ သိသာထင်ရှားသည်။

သို့ရာတွင် လုယွီ၏ခွန်အားသည် အလွန်နက်နဲသိမ်မွေ့နေမည်ဟု မည်သူမျှ မျှော်လင့်မထားမိကြချေ။

"ဒါပေမယ့် သူတို့ကိုသတ်လိုက်တာရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို မင်း သိလား"

အဖိုးအိုက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

ဤယှဥ်ပြိုင်ပွဲတွင် မင်းသားများနှင့်အတူယှဥ်တွဲ၍ ပါဝင်တိုက်ခိုက်သူ အများစုမှာ ထန်အင်ပါယာ၏မြင့်မြတ်သောမိသားစုများမှဖြစ်သည်။

ထိုလူငယ်များ၏နောက်ရှိ မိသားစုများသည် အလယ်ခေတ်မှစတင်၍ ယခုချိန်ထိ တည်ရှိလာခဲ့ခြင်းဖြစ်သဖြင့် သူတို့၏အခြေခံအုတ်မြစ်သည် အလွန်နက်ရှိုင်းပေ၏။သူတို့သည် တစ်ချိန်လုံးငြိမ်သက်နေကြကာ ထန်အင်ပါယာ ပြန်လည်တည်ထောင်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

ရှေးဟောင်းမိသားစုများသည် အကယ်၍ သူတို့၏မိသားစုများမှ လူငယ်ပါရမီရှင်များကို လုယွီ သတ်ဖြတ်ခဲ့သည်ကို သိရှိသွားပါက သူ့အား သေချာပေါက်အလွတ်ပေးမည်မဟုတ်ချေ။

"ဘာ အကျိုးဆက်တွေလဲ....သူတို့က ငါ့ကို သတ်ချင်နေတာမဟုတ်လား...ဒါကြောင့် ငါက အရင်သတ်လိုက်တယ်...ဒါက ရိုးရှင်းပါတယ်"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

သူ လုယွီသည် ဤရှေးဟောင်းမိသားစုဟူသည်များကို မည်သည်ကြောင့် ဂရုစိုက်နေရမည်နည်း....

"တော်သင့်ပြီ....ငါတို့ ရှုံးသွားမှတော့ ရှုံးတာပဲလေ....နောက်ဆုတ်စမ်း"

လီဖုက ရုတ်တရက် အော်ဟစ်လိုက်သည်။

အဖိုးအို၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားကာ စူးစမ်းသည့်သဘော ပြောဆိုသည်။

"အရှင့်သား တကယ်ပြောတာလား"

လီဖုက အေးစက်စက်လေသံဖြင့် ပြောဆိုလေ၏။

"မင်း မမြင်ဘူးလား... သူတို့ နိုင်သွားပြီလေ....ငါတို့က ဘာလို့ ဒီနေရာမှာ ဆက်ပြီးနေနေရအုံးမှာလဲ....မင်းက မင်းကိုယ်မင်း ဆက်ပြီးတော့ အရူးဖြစ်ခံမလို့လား"

အဖိုးအိုက ခေါင်းငုံကာ မည်သည့်စကားကိုမျှ မပြောဆိုတော့ချေ။

လီဖု ဤမျှထိ ဒေါသထွက်နေသည်ကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။

သာမာန်အားဖြင့် လီဖုသည် မည်သည့်အရာကိုမဆို တည်ငြိမ်စွာ ရင်ဆိုင်လေ့ရှိသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူ၏စိတ်နေစိတ်ထား သိသိသာသာ ပြောင်းလဲနေသည်။

လီဖုသည် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်၍ကြည့်ကာ ဝမ်ကျန်းကို အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

"ဗိုလ်ချုပ်ဝမ်....ငါတို့ရဲ့အရင်သဘောတူညီချက်အရ....ယှဥ်ပြိုင်ပွဲမှာ ငါတို့ရှုံးနိမ့်သွားတာကြောင့် နယ်စပ်မှာရှိတဲ့စစ်တပ်တွေရဲ့တိုက်ခိုက်မှုကို တစ်လရပ်နားမယ်....ငါ လီဖုက ရှေ့တန်းစစ်မျက်နှာစာရဲ့တပ်မှူးတစ်ယောက်အနေနဲ့ မင်းတို့ကို တစ်လတိတိငြိမ်းချမ်းခွင့်ပေးမယ်"

ဝမ်ကျန်းသည် ထိုစကားကိုကြားချိန်တွင် သူ၏မျက်နှာ တောက်ပသွားသည်။

သို့ရာတွင် သူ ပျော်ရွှင်၍ မ​ပြီးသေးမီမှာပင် လီဖု နောက်ထပ်ပြောဆိုလိုက်သောစကားများကြောင့် သူသည် ချောက်နက်ကြီးအတွင်းသို့ ပြုတ်ကျသွားသည့်အလား ခံစားမိလေ၏။

"တစ်လပြည့်ပြီးတာနဲ့ ငါတို့ထန်အင်ပါယာက စစ်တပ်တွေအားလုံး စုဝေးပြီးတော့ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို တိုက်ခိုက်မယ်...မင်းတို့ရဲ့ နောက်ဆုံးလက်ကျန် အချိန်လေးတွေကို တန်ဖိုးထားကြစမ်း"

ဝမ်ကျန်း၏မျက်နှာ တောင့်တင်းသွားသည်။သူသည် တစ်စုံတစ်ခုကို ပြောဆိုလိုသော်လည်း လီဖုသည် ထွက်ခွာသွားလေပြီ။

ထန်အင်ပါယာမှစစ်တပ်ကြီးသည် လီဖု၏ဦးဆောင်မှုအောက်တွင် တဖြည်းဖြည်း ဆုတ်ခွာသွားတော့သည်။

ထန်အင်ပါယာမှလူများ ထွက်ခွာသွားပြီးနောက် တာယွီအင်ပါယာဘက်မှလူများသည် ဝမ်းသာအားရဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။

သူတို့သည် နောက်ဆုံး၌ အနိုင်ရရှိခဲ့လေပြီ။

မရေမတွက်နိုင်သော တိုက်ပွဲများကို ရှုံးနိမ့်ခဲ့ပြီးနောက် တာယွီအင်ပါယာသည် နောက်ဆုံး၌ နိုင်ပွဲတစ်ပွဲကို ပြန်လည်ရယူနိုင်ခဲ့သည်။

နံဘေးမှစောင့်ကြည့်နေကြသော တာယွီအင်ပါယာမှ စစ်သားများ၏မျက်နှာများပေါ်တွင် မျက်ရည်များစီးကျနေသည်။သူတို့၏မျက်လုံးများကိုပင် သူတို့ မယုံကြည်နိုင်တော့ချေ။

​ပါရမီရှင်လူငယ်အများစုသည် လုယွီကို လေးစားကြည်ညိုစွာဖြင့် ကြည့်နေကြလေ၏။

Chapter 3419

ဤသည်မှာ ရှီးလျန့်နယ်မြေအတွက် သူတို့၏သူရဲကောင်းပင်။

လုယွီကြောင့်သာ အခြေအနေများကို ကယ်တင်နိုင်ခဲ့သည်မှာ သိသာထင်ရှားလှ၏။

"ငါ အရင်က မျက်လုံးကန်းခဲ့မိတယ်...သူက ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး"

"ရယ်စရာကောင်းတာကတော့...ငါတို့က လူရမ်းကားတွေရဲ့စိတ်နှလုံးသားမျိုးနဲ့ လူကြီးလူကောင်းတစ်ယောက်ကို အကဲဖြတ်ခဲ့မိတယ်....လုယွီရဲ့ခွန်အားက ငါတို့ထက် အများကြီးသာလွန်ပေမယ့် ငါတို့က သူ့ကို လှောင်ပြောင်သရော်ခဲ့ကြတယ်"

ပါရမီရှင်လူငယ်အများစုသည် သက်ပြင်းရှိုက်ကာ ပြောဆိုလိုက်ကြသည်။

လုယွီ တိုက်ပွဲစင်မြင့်ပေါ်သို့ တက်သွားစဥ်တွင် သူတို့သည် နောက်မှနေ၍ သူ့အား အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်သရော်ခဲ့သည်။

သို့ရာတွင် ယခုချိန်၌ တိုက်ပွဲစင်မြင့်ပေါ်မှ လုယွီ ပြန်ဆင်းလာချိန်တွင် သူတို့သည် လုယွီကို ရိုသေလေးစားစွာ ဆီးကြိုနှုတ်ဆက်လိုက်ကြ၏။

အဆုံးသတ်တွင် ဤလောကကြီး၌ ခွန်အားကသာ အရေးကြီးဆုံးအရာပင်။

နဥ်အမ်ထုံက မတ်တတ်ထရပ်ကာ လုယွီထံသို့ လျှောက်လှမ်းသွားလေသည်။သူမက အပြုံးနှင့် ပြောဆိုသည်။

"နင် ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ...ဒီတစ်ကြိမ်မှာ အင်ပါယာနှစ်ခုကြားကယှဥ်ပြိုင်ပွဲကို တော်ဝင်နန်းတွင်းကတောင် အာရုံစိုက်နေတယ်...နင်က ကြီးကြီးမားမား အကျိုးဆောင်ခဲ့မှတော့ တော်ဝင်နန်းတွင်းကနေ နင့်ကို ဆုလာဘ်တွေချီးမြှင့်မှာ သေချာပေါက်ပဲ"

တခြားသူများကလည်း မတ်တတ်ထရပ်ကာ သူ့ကို ချီးမွမ်းဂုဏ်ပြုလိုက်ကြ၏။

လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"ဒါက အဆင်ပြေပါတယ်...ငါ အင်အားနည်းနည်း စိုက်ထုတ်ရုံလောက်ပါပဲ"

အင်အားနည်းနည်း စိုက်ထုတ်ရုံဟု ဆိုသလော....

လူအများစု၏စိတ်နှလုံးသားများ နာကျင်သွားသည်။

လုယွီသည် လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ထန်အင်ပါယာမှလူငယ်ပါရမီရှင် အယောက်လေးဆယ်ကျော်ကို သတ်ဖြတ်ခဲ့သည်။

ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော အပြုအမူမျိုးကို သူသည် လက်ညှိုးလေးတစ်ချောင်းမတင်ရုံမျှသာ အင်အားစိုက်ထုတ်ခဲ့ရလေ၏။

အကယ်၍ ဤသည်ကသာ အင်အားနည်းနည်းစိုက်ထုတ်ရုံဟုဆိုပါက သူတို့သည် တစ်ချက်လှုပ်ရှားရန်ပင် အရည်အချင်းပြည့်မီမည်မဟုတ်ချေ။

ဟမ့်....

ဝမ်ခန်းက အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏သစ္စာရှိလူယုံများနှင့်အတူ ထွက်ခွာသွားတော့သည်။

မူလက စင်မြင့်ထက်၌ လုယွီ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်ကို သူ မြင်တွေ့လိုခဲ့သည်။

သို့ရာတွင် လုယွီထံတွင် တစိုးတစိမျှပင် ထိခိုက်နာကျင်မှု မရရှိခဲ့မည်ဟု သူ မျှော်လင့်မထားမိချေ။ထိုအစား သူသည် ဖျက်မြင်းတစ်ကောင်ဖြစ်လာကာ တစ်ကြိမ်တည်းဖြင့် ထန်အင်ပါယာမှ လူငယ်ပါရမီရှင်များအားလုံးကို အနိုင်ယူနိုင်ခဲ့လေ၏။

ဤသည်က မည်သို့မျှ ယုံကြည်နိုင်ဖွယ်မရှိသော ကိစ္စတစ်ရပ်ပင်။

သို့ရာတွင် ဤနေရာသည် ဆက်လက်၍ သူ၏အပိုင် မဟုတ်တော့ချေ။

နဥ်အမ်ထုံမှနေ၍ လုယွီကိုကြည့်သောအကြည့်သည် ကျေးဇူးတင်ခြင်းမှနေ၍ ကွဲပြားခြားနားသော စိတ်ခံစားချက်မျိုးသို့ ပြောင်းလဲနေလေပြီ။

ဤသည်မှာ အားကောင်းသော လေးစားကြည်ညိုမှုမျိုးပင်။

ထိုအကြည့်သည် အချိန်အခိုက်အတန့်သာ ဖျတ်ခနဲ ထင်ဟပ်သွားသော်လည်း ဝမ်ခန်းက ဖမ်းဆုပ်နိုင်ခဲ့သည်။

ဝမ်ခန်းသည် အလွန်ဒေါသထွက်သွားသဖြင့် သူ၏ရင်ဘတ်ပင် နာကျင်နေသည်။သူသည် သူ၏ကြီးကျယ်ခမ်းနားသော စည်းစိမ်ချမ်းသာများဖြင့် နဥ်အမ်ထုံကို ဆွဲဆောင်နေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း လုယွီသည် လမ်းတစ်ဝက်မှ ကြားဝင်နှောက်ယှက်မည်ဟု သူ မျှော်လင့်မထားမိချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် လူအမြောက်အများ၏အာရုံစိုက်ခြင်းကိုခံနေရသည်မှာ သိသာထင်ရှားသဖြင့် ဤနေရာ၌ သူ လှုပ်ရှားမှုပြုလုပ်ပါက သူ့အတွက် ကောင်းမည်မဟုတ်ချေ။

"လုယွီ....နင် ဒီနေ့ည အချိန်ရရင်......"

နဥ်အမ်ထုံ၏မျက်နှာ နီမြန်းနေကာ သူမသည် ညစာစားရန်အတွက် လုယွီအားဖိတ်ခေါ်ရန် ဟန်ပြင်လိုက်၏။

သူမသည် မူလက ပွင့်လင်းသောမိန်းကလေးတစ်ယောက်ဖြစ်သော်လည်း အကြောင်းအရင်းတချို့ကြောင့် လုယွီနှင့်မျက်နှာချင်းဆိုင်ရချိန်တွင် သူမ မထိန်းချုပ်နိုင်သော ရှက်ရွံမှုမျိုးကို ခံစားနေရသည်။

ထိုအချိန်မှာပင် အသံတစ်သံက ရုတ်တရက် အဝေးမှနေ၍ ထွက်ပေါ်လာသည်။

"လုယွီ....ဒီနေရာကို ခဏလောက်လာခဲ့အုံး"

ထိုလူသည် ကျူးကော်မင်ပင်။

သူ ဤနေရာ၌ မည်သည်ကြောင့်ထွက်ပေါ်လာသည်ကို မည်သူမျှမသိရှိချေ။

တာယွီအင်ပါယာမှ တခြားလူငယ်ပါရမီရှင်များသည် လုယွီနှင့်စကားပြောဆိုလိုသော်လည်း ကျူးကော်မင်ရောက်လာသည်ကို မြင်တွေ့စဥ်တွင် သူတို့အားလုံး အလျှင်အမြန်လမ်းရှင်းပေးလိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ကျူးကော်မင်သည် ရှီးလျန်မြို့အတွင်း၌ အရေးပါသောအရာရှိကြီးတစ်ယောက်ပင်။သူတို့သည် လူငယ်ပါရမီရှင်များဖြစ်သော်လည်း ကျူးကော်မင်ကို မြင်တွေ့ချိန်တွင် သူတို့အားလုံး လေးလေးစားစား ဆက်ဆံရလေ၏။

လုယွီက ခေါင်းညိတ်ပြကာ လူအုပ်ကြီးကိုဖြတ်ကျော်၍ ကျူးကော်မင်ထံသွားလိုက်သည်။

နဥ်အမ်ထုံသည် လုယွီ ထွက်ခွာသွားသည်ကို မြင်တွေ့ချိန်တွင် ရှုံးနိမ့်သွားသကဲ့သို့ခံစားချက်မျိုးကို ရရှိလိုက်သည်။

သို့ရာတွင် လုယွီသည် တာယွီအင်ပါယာ၌ ဆက်ရှိနေမည်ကို သူမ တွေးတောမိချိန်တွင် သူမသည် အကြောင်းပြချက်မရှိဘဲ မျှော်လင့်ချက်ကျန်ရှိနေသေးသကဲ့သို့ ခံစားမိလေ၏။

ဤသည်က အမှန်ပင်။

လုယွီသည် တာယွီအင်ပါယာ၌ ဆက်၍နေနေသရွေ့ သူမအတွက် အခွင့်အရေးရှိနေပေမည်။

တခြားတစ်ဖက်တွင် လုယွီနှင့်ကျူးကော်မင်တို့သည် တိုက်ပွဲစင်မြင့်မှထွက်ခွာကာ စည်းဝေးခန်းထံသို့ ဦးတည်၍သွားလိုက်ကြသည်။

ကျူးကော်မင်သည် ရှေ့မှဦးဆောင်သွားသဖြင့် သူ၏အဆင့်အတန်းကြောင့် မည်သူကမျှ သူတို့ကို ဟန့်တားခြင်းမပြုချေ။

သူတို့သည် စည်းဝေးခန်းထံသို့ ရောက်ရှိလာခဲ့သည်။

ကျူးကော်မင်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ချီးမွမ်းဂုဏ်ပြုစကားပြောဆိုသည်။

"အင်ပါယာနှစ်ခုကြားက ယှဥ်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် အရှင့်ကိုဂုဏ်ပြုပါတယ်"

Chapter 3420

သူသည် လုယွီ၏အဆင့်အတန်းကို သိရှိပြီးဖြစ်သည်။ထို့ကြောင့် လုယွီ၏အနိုင်ရလဒ်အပေါ် သူ များစွာအံ့အားသင့်ခြင်းမရှိချေ။

ပြင်ပလောကတွင်လည်း လုယွီ၏သရုပ်မှန်နှင့်ပတ်သတ်၍ ခန့်မှန်းနေကြသည်။တချို့လူများက သူသည် မြင့်မြတ်နယ်မြေတစ်ခုမှ မြင့်မြတ်သားတော်တစ်ယောက်ဖြစ်မည်ဟု သံသယဝင်နေကြ၏။သူ၏ဖုံးကွယ်ထားသောသရုပ်မှန်ကို ကျူးကော်မင်က သိရှိသွားသဖြင့် သူ့အားထောက်ပံ့ပေးနေခြင်းဖြစ်မည်ဟု တွေးထင်နေကြသည်။

သို့ရာတွင် ကျုးကော်မင်သည် သူ၏စိတ်နှလုံးသားအတွင်းမှ လှောင်ပြောင်သရော်နေခဲ့သည်။

လုယွီသည် တာယွီအင်ပါယာ၏ထိပ်သီးကျောင်းတော်သား ဖြစ်သည့်အပြင် လက်ဝဲစစ်တပ်၏တပ်မှူးလည်းဖြစ်သည်။အကယ်၍ သူသည် ဤကဲ့သို့ဂျူနီယာတစ်စုကိုပင် အနိုင်မယူနိုင်ပါက သူ့ထံတွင် ယခုကဲ့သို့ မြင့်မားသောအောင်မြင်မှုမျိုး ရရှိနေမည်မဟုတ်ချေ။

မည်သည်ကြောင့် သူသည် မြင့်မြတ်နယ်မြေတစ်ခု၏သားတော်မျှသာ ဖြစ်နိုင်မည်နည်း....

"ဒါက အသေးအမွှဲကိစ္စလေးပါ....ဘာမှစိုးရိမ်ပူပန်နေစရာ မလိုပါဘူး"

လုယွီက သူ၏လက်ကိုဝှေ့ယမ်းလိုက်၏။

သူသည် တာယွီ၏စစ်သားများ စိတ်ဓာတ်တက်ကြွစေရန်အတွက်သာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အကယ်၍ သူသာ တိုက်ပွဲတွင်ရှုံးနိမ့်သွားပါက ဝမ်ကျန်းသည် အနက်ရောင်မိုကြယ်နယ်မြေကို ထန်အင်ပါယာထံ ပေးအပ်လိုက်ပေမည်။

မည်သို့ပင်ဆိုစေကာမူ လုယွီသည် ဤကိစ္စမျိုး ဖြစ်ပေါ်လာမည်ကို ခွင့်မပြုနိုင်ချေ။

"ဒါက ဝမ်မိသားစုရဲ့ အသေးစိတ်အချက်အလက်တွေအတွက် စုဆောင်းထားတဲ့ သက်သေတွေပဲ"

ကျူးကော်မင်က သူ၏လည်ချောင်းကိုရှင်းကာ အဓိကကိစ္စအကြောင်းကို စတင်၍ပြောဆိုလိုက်တော့သည်။

သူသည် အင်္ကျီလက်ကြားမှ စာရွက်တစ်ထပ်ကိုထုတ်ယူကာ လုယွီထံသို့ လက်ကမ်းပေးလိုက်၏။

ထိုစာရွက်စာတမ်းများသည် နှင်းစက်နေမင်းမြို့၏ အရေးကြီးအချက်အလက်များဖြစ်သဖြင့် သာမာန်လူများသည် ထိုအရာများကို ကြည့်ရှုခွင့်မရှိချေ။

သို့ရာတွင် ကျူးကော်မင်သည် ရှီးလျန်မြို့အတွင်း၌ အရေးပါသောအရာရှိတစ်ယောက်ပင်။သူသည် ဝမ်မူကျီး၏ယုံကြည်မှုကို ရရှိထားသော အရာရှိတစ်ယောက်ဖြစ်သဖြင့် ထိုစာရွက်စာတမ်းများကို ထိတွေ့ခွင့်ရှိသည်။

"ပြီးတော့ ငါက ဒီစာရွက်စာတမ်းတွေထဲမှာ မူမမှန်တဲ့ကိစ္စတချို့ကို ရှာတွေ့ခဲ့တယ်"

ကျူးကောမင်က သတိပေးလေ၏။

လုယွီက ထိုစာရွက်စာတမ်းများကို တစ်ရွက်ပြီးတစ်ရွက်ဖတ်ရှုပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

"ဘာလဲ...အဲ့ဒီလေဟာနယ်ဓားပြတွေအားလုံးရဲ့နောက်မှာ ဂိုဏ်းကြီးသုံးဂိုဏ်းရှိနေတာလား"

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

လုယွီသည် လက်ဆောင်ပဏ္ဍာပေးအပ်ရသည့်ကိစ္စကို ယခင်ကတည်းက သိရှိထားပြီးလေပြီ။

ဤစာရွက်စာတမ်းများအရ ဝမ်မိသားစုသည် လက်ဝဲစစ်တပ်နယ်မြေအတွင်းရှိ တာယွီအစောင့်တပ်များ၏ထောက်ပံ့ငွေများကို ခေါင်းပုံဖြတ်ကာ ဝမ်မိသားစု၏စစ်တပ်အင်အား အလွန်အမင်းကြီးထွားလာစေရန် အသုံးပြုခဲ့သည်။နှိုင်းယှဥ်ကြည့်ပါက တခြားစစ်တပ်များသည် တစတစ ပို၍အားနည်းလာပေ၏။

လုယွီသည် ဤကိစ္စများကို တွေ့မြင်ပြီးဖြစ်သည်။

သို့ရာတွင် စစ်တပ်၏လေဟာနယ်သင်္ဘောကိုပင် လုယက်ဝံ့သော လေဟာနယ်ကြယ်ဓားပြများ၏အဆက်အစပ်များသည် ရှုပ်ထွေးပွေလီနေမည်ဟု သူ မျှော်လင့်မထားမိချေ။

လေဟာနယ်ဓားပြများသည် ပြောင်ပြောင်တင်းတင်း အတင့်ရဲနေကြပုံရသော်လည်း အမှန်အားဖြင့် သူတို့၏နောက်ကွယ်တွင် ဂိုဏ်းကြီးများရှိနေသည်။

ရေအင်မော်တယ်ဂိုဏ်း အထွတ်အထိပ်ဂိုဏ်း ရွှေအလင်းဘုရားကျောင်း....

ဤဂိုဏ်းကြီးသုံးဂိုဏ်းသည် လက်ဝဲစစ်တပ်နယ်မြေအတွင်းရှိ အင်အားအကောင်းဆုံးဂိုဏ်းများပင်။

မည်သည့်ဂိုဏ်းဖြစ်နေပါစေ တော်ဝင်နန်းတွင်း၏ပိုင်ဆိုင်မှုများကို ထိပါးဝံ့သည်နှင့် အလုံးစုံပျက်စီးခြင်းနှင့် ရင်ဆိုင်ရပေမည်။

ထိုဂိုဏ်းများသည် မည်မျှထိအစွမ်းထက်နေပါစေ ချွင်းချက်မရှိချေ။

လေဟာနယ်ကြယ်ဓားပြများသည် လက်ဝဲစစ်တပ်နယ်မြေအတွင်း၌ မောက်မာရိုင်းစိုင်းနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။အုပ်ချုပ်ရေးအရာရှိများသည် တိတ်တဆိတ် စုံစမ်းစစ်ဆေးခဲ့ကြပြီးနောက် သက်သေအထောက်အထားတချို့ကို ရရှိခဲ့သည်။ထိုသက်သေများမှတဆင့် ထိုလေဟာနယ်ဓားပြများကို ဂိုဏ်းကြီးသုံးဂိုဏ်းမှနေ၍ နောက်ကွယ်မှပံ့ပိုးပေးနေကြောင်း အတည်ပြုနိုင်ခဲ့လေ၏။

သို့ရာတွင် ပို၍အံ့အားသင့်ဖွယ်ကောင်းသောကိစ္စမှာ ရှီးလျန်အုပ်ချုပ်ရေးရုံးတော်သည် ဤသက်သေများကိုရရှိထားသော်လည်း ဂိုဏ်းကြီးသုံးဂိုဏ်းကို ဆန့်ကျင်၍မတိုက်ခိုက်ဝံ့ခြင်းပင်။

ထိုဂိုဏ်းသုံးဂိုဏ်းတွင် ပြင်ပအင်အားများစွာ ရှိနေလျှင်ပင် သူတို့သည် အကြွင်းမဲ့အခွင့်အာဏာအောက်၌ ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ချေ။

သို့ရာတွင် ဝမ်မူကျီးသည် ထိုကိစ္စများကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။

"ဒါက ဝမ်မူကျီးရဲ့လစ်ဟင်းမှုကို သက်သေပြနိုင်ရုံသက်သက်ပဲ"

လုယွီသည် နောက်ထပ်စာရွက်တစ်ရွက်သို့ လှန်ကြည့်ပြီးနောက် သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။

ဤစာရွက်ပေါ်တွင် မူမမှန်သောကိစ္စတချို့ကို မှတ်တမ်းတင်ထားလေ၏။

ရှီးလျန်ကြယ်နယ်မြေသခင်ဖြစ်သော ဝမ်မူကျီးသည် ရှီးလျန်မြို့တွင် အမြဲတစေနေပြီး အုပ်ချုပ်လေ့မရှိချေ။ထိုအစား သူသည် လစဥ်လတိုင်း ရေအင်မော်တယ်ဂိုဏ်းထံသို့ သွားခဲ့သည်။

"သူက ဘာအတွက်နဲ့ ရေအင်မော်တယ်ဂိုဏ်းကို သွားတာလဲ...ဖြစ်နိုင်တာတော့ သူက တာအိုပညာရှင်တစ်ယောက် ဖြစ်ချင်နေတာများလား"

လုယွီ၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။

All Chapters