အခန်း (၃၄၂၆-၃၄၃၀)
Vol. 175 Ch. 3426-3430
Chapter 3426
အမှောင်ထုအတွင်း၌ လုယွီက သူ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
သူ ထည့်သွင်းခံရသော အဝတ်အိတ်အတွင်း၌ တခြားကမ္ဘာငယ်လေးတစ်ခုရှိနေသည်။ဤနေရာတွင် အမှီအခိုကင်းသောလေဟာနယ်နယ်မြေတစ်ခုပါရှိသဖြင့် အလွန်အဖိုးတန်ရှားပါးသော မှော်ရတနာတစ်ခုပင်။သာမာန်မြေကမ္ဘာအင်မော်တယ်များသည် အကယ်၍ ဤအရာအတွင်း၌ လှောင်ပိတ်မိနေပါက ရုန်းထွက်နိုင်ရန် လွန်စွာခက်ခဲပေမည်။
သို့ရာတွင် အကယ်၍ လုယွီသာ ပြင်ပသို့ အမှန်တကယ်ထွက်လိုပါက ခက်ခဲမည်မဟုတ်ချေ။
ဝမ်ခန်းသည် သူ့အား မည်ကဲ့သို့ပြုလုပ်မည်ကို သူ မြင်တွေ့လိုရုံသက်သက်ပင်။
လုယွီသည် ရှီးလျန်ပါရမီရှင်များဟုခေါ်ဆိုခံရသူများ၏ နေရာကိုယူကာ ထန်အင်ပါယာမှလူငယ်ပါရမီရှင်များကို အနိုင်ယူနိုင်ခဲ့သည်။အဆုံးသတ်၌ သူသည် ကောင်းမွန်စွာဆက်ဆံခံရမည့်အစား ယခုကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရလေ၏။
အကယ်၍ လုယွီသာ လက်ဝဲစစ်တပ်၏တပ်မှူးမဟုတ်ဘဲ သာမာန်ကျင့်ကြံသူတစ်ယောက်ဆိုပါက ယခုချိန်တွင် အလွန်အမင်းစိတ်ပျက်အားငယ်နေပေမည်။
အဝတ်အိတ်သည် လုယွီကိုချုပ်နှောင်ပြီးနောက် တစ်ရက်အကြာတွင် ရုတ်တရက်ပွင့်သွားလေ၏။
လုယွီ အဝတ်အိတ်အတွင်းမှ ထွက်လာသောအချိန်အခိုက်အတန့်မှာပင် မှောင်မည်းနေသော အကျဥ်းခန်းတစ်ခန်းအတွင်းသို့ ချက်ချင်းရောက်ရှိသွားသည်။
ဤအကျဥ်းခန်းသည် အလွန်အိုဟောင်းပြီး စုတ်ပြတ်သတ်နေသည်။ဤနေရာတွင် ကောက်ရိုးမြက်ဖျာအနည်းငယ်သာရှိပြီး မီးခိုးရောင်ကျောက်အုတ်များပေါ်တွင် ထူထပ်သိပ်သည်းသော ပင့်ကူမျှင်များ ဖုံးလွှမ်းနေပေ၏။
နံရံများပေါ်တွင် ရွှေရောင်အက္ခရာစာလုံးတချို့က တဖျတ်ဖျတ်တောက်ပနေကာ မှော်စွမ်းအားများကို အရပ်မျက်နှာအဘက်ဘက်သို့ ထုတ်လွှတ်နေသည်။
"မှော်စွမ်းအားတားမြစ်ဝင်္ကပါလား"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
သူသည် သူ၏မှော်စွမ်းအားများကို တိတ်တဆိတ်လှည့်ပတ်လိုက်၏။တိကျသေချာစွာပင် လုယွီ၏မှော်စွမ်းအားများကို မမြင်နိုင်သောသံကြိုးကြီးတစ်ခုက ချည်နှောင်ထားသည့်အလား သူ ပုံမှန်အတိုင်း လှည့်ပတ်နိုင်ခြင်းမရှိတော့ချေ။
"မင်းရဲ့စွမ်းအားတွေကို ဖြုန်းတီးဖို့ မလိုအပ်ဘူး...မင်း ဒီနေရာကိုရောက်လာတာနဲ့ မင်းက သေမျိုးတစ်ယောက်လို ဖြစ်သွားပြီ...မင်းရဲ့မှော်စွမ်းအားတွေကို မင်း အသုံးပြုနိုင်တော့မှာ မဟုတ်ဘူး"
ရုတ်တရက် ရှည်လျားသောသက်ပြင်းချသံတစ်သံက လုယွီ၏နံဘေးမှ ထွက်ပေါ်လာသည်။
လုယွီက ထိုအသံကိုကြားချိန်တွင် နောက်သို့လှည့်ကြည့်လိုက်သည်။ဤအကျဥ်းခန်းအတွင်း၌ သူတစ်ယောက်တည်းမဟုတ်ကြောင်း သိနားလည်သွားသည်။
အကျဥ်းခန်းအတွင်း၌ထိုင်နေသော တခြားလူတစ်ယောက်ရှိနေသည်။ထိုလူသည် ထောင့်တစ်နေရာ၌ ကွေးကောက်နေကာ ပလ္လင်ခွေထိုင်နေပြီး အမှောင်ထုနှင့်ရောယှက်နေပေ၏။အကယ်၍ တစ်စုံတစ်ယောက်သည် ဂရုတစိုက် မကြည့်မိပါက သူ့အားရှာတွေ့နိုင်ရန် လွန်စွာခက်ခဲပေမည်။
ထိုလူသည် အဖိုးအိုတစ်ယောက်ပင်။သူသည် သစ်သားချောင်းတစ်ချောင်းကဲ့သို့ ပိန်ပါးကာ သူ၏မျက်နှာ ညှိုးနွမ်းနေသည်။
"အရမ်း ငယ်သေးပါလား...ဘယ်လိုလုပ်ပြီးတော့ မင်းက ဝမ်မိသားစုကို အပြစ်ပြုမိတာလဲ"
အဖိုးအိုက လုယွီကိုကြည့်ကာ တီးတိုးရေရွတ်လိုက်၏။
လုယွီက မေးမြန်းသည်။
"ဘာဖြစ်လို့လဲ...ဒီနေရာကို ရောက်လာတဲ့သူတွေအားလုံးက ဝမ်မိသားစုကို အပြစ်ပြုမိလို့လား"
အဖိုးအိုက ခါးသည်းသောအပြုံးနှင့် ပြောဆိုသည်။
"ဒါဆိုရင် ဒီနေရာကို ဘယ်လိုနေရာမျိုးလို့ မင်းထင်လဲ...ဒီနေရာက ဝမ်မိသားစုရဲ့အကျဥ်းထောင်ပဲ...မင်းကို ဒီနေရာပို့လိုက်တဲ့ တစ်ခုတည်းသော အကြောင်းအရင်းက ဝမ်မ်သားစုကို အပြစ်ပြုမိလို့ပဲ....တခြား ဘာအကြောင်းအရင်းမှ မရှိနိုင်ဘူး"
"ဝမ်မိသားစုက သီးသန့်အကျဥ်းထောင်ကို တည်ဆောက်ထားတာလား"
အေးစက်စက်အလင်းတန်းများက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
တာယွီ၏ဥပဒေအရ အုပ်ချုပ်ရေးရုံးတော်တချို့သာ အကျဥ်းထောင်တည်ဆောက်ခွင့်ရှိပြီး တခြားသီးသန့်အကျဥ်းထောင်များအားလုံးသည် တရားမဝင်ချေ။
ထို့ပြင် သူသည် ထန်အင်ပါယာနှင့်ပူးပေါင်းသည်ဟုဆိုကာ ဖမ်းဆီးခံရသော်လည်း သူသည် ဝမ်မိသားစု၏သီးသန့်အကျဥ်းထောင်အတွင်း၌ အကျဥ်းချခံရပြီး ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၏အကျဥ်းထောင်အတွင်း၌မဟုတ်ချေ။
"ဝမ်မူကျီးက ရှီးလျန်ကြယ်နယ်မြေရဲ့ နယ်မြေခံဧကရာဇ်ပဲ...သူ့ရဲ့မိသားစုအတွက် သီးသန့်အကျဥ်းထောင်တစ်ခုကို တည်ဆောက်တာက ပုံမှန်ပဲလေ"
အဖိုးအိုက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
"မင်းရဲ့အသက် အရမ်းငယ်သေးတာကိုကြည့်ပြီးတော့....ငါက မင်း နှိပ်စက်ညှင်းပန်းမှုဒဏ် ခံစားရမှာကို ကြည့်မနေနိုင်ဘူး...ငါ အကြံပေးတာကို မင်း နားထောင်ပါ...အပြင်ကိုထွက်နိုင်ဖို့ မင်း မကြိုးစားနဲ့...ဒါက မင်းရဲ့စွမ်းအားတွေကို ဖြုန်းတီးပစ်ရုံသက်သက်ပဲဖြစ်နေမှာ"
လုယွီသည် ထိုစကားကိုကြားချိန်တွင် သူ၏နံဘေးရှိ သံတိုင်များကို ကြည့်လိုက်သည်။
သံတိုင်များ၏မျက်နှာပြင်သည် နက်မှောင်နေကာ ထိုအရာများပေါ်တွင် ရွှေရောင်အလင်းတန်းများ ဖြတ်ပြေးနေသည်။
လုယွီသည် သူ၏လက်ဖြင့် ထိုသံတိုင်များကိုထိတွေ့ကြည့်ရာ သူ၏ခန္ဓာကိုယ်မှမှော်စွမ်းအားများကို အလျှင်အမြန်ဆွဲယူသွားသည်အား ခံစားမိလေ၏။
"ကြည့်လိုက်အုံး...အဲ့ဒီသံတိုင်တွေနားကို မင်းကပ်သွားတာနဲ့ မင်းရဲ့မှော်စွမ်းအားတွေကို ဝါးမျိုသွားလိမ့်မယ်...ငါ ပြောတာကိုနားထောင်ပြီးတော့ မင်းရဲ့မှော်စွမ်းအားတွေကို ချွေတာထားစမ်းပါ...အဲ့ဒါမှပဲ မင်းရဲ့အသက်ကို ကြာကြာထိန်းသိမ်းထားနိုင်လိမ့်မယ်"
အဖိုးအိုက လုယွီ၏ခြေထောက်နံဘေးတစ်နေရာသို့ လက်ညှိုးညွှန်ပြလိုက်သည်။
ထိုနေရာရှိ မြေပြင်ပေါ်တွင် အဖြူရောင်အရိုးပုံတစ်ပုံရှိနေကာ လူတစ်ယောက်၏ခန္ဓာကိုယ်ကောက်ကြောင်းပုံစံကို ဝိုးတဝါးတွေ့မြင်နိုင်သည်။
"သူတို့တွေက ဒီနေရာကိုရောက်လာပြီးတော့ နှိပ်စက်ညှင်းပန်းမှုတွေကို မခံနိုင်တော့လို့ သေသွားတဲ့သူတွေပဲ...ငါ့ရဲ့စိတ်ပိုင်းဆိုင်ရာက တော်တော်လေးကောင်းတယ်လို့ ယူဆလို့ရတယ်....ဒါကြောင့် ငါက အခုချိန်ထိ အသက်ရှင်နေခဲ့တယ်"
Chapter 3427
လေညှင်းတစ်ရပ်က ရုတ်တရက် အကျဥ်းထောင်အတွင်း၌ တိုက်ခတ်လာသည်။
အကျဥ်းခန်းအတွင်းရှိမြက်ဖျာများ ချက်ချင်းလန်သွားပြီး အောက်ရှိမြင်ကွင်းတစ်ခု ထွက်ပေါ်လာပေ၏။
ထိုမြက်ဖျာများအောက်တွင် ဖြူဖွေးနေသောအရိုးများရှိနေသည်။
ထိုအချိန်တွင် အလင်းရောင်တချို့က ပတ်ဝန်းကျင်ရှိ အကျဥ်းခန်းများအတွင်း၌ ထွက်ပေါ်လာသည်။ထိုအလင်းရောင်၏အကူအညီဖြင့် တစ်စုံတစ်ယောက်သည် တခြားအကျဥ်းခန်းများအတွင်း၌ လှောင်ပိတ်ခံထားရသူများကို မြင်တွေ့နိုင်သည်။
သို့ရာတွင် ထိုအကျဥ်းခန်းများအတွင်းရှိ လူများအားလုံးသည် မြေပြင်ပေါ်တွင် နုံးချည့်စွာဖြင့် ထိုင်နေကြပြီး အနည်းငယ်မျှပင် လှုပ်ရှားခြင်းမရှိချေ။
ပတ်ဝန်းကျင်ကိုကြည့်ပါက ဤနေရာတွင် အကျဥ်းခန်းတစ်ရာခန့်ရှိနေသည်။ထိုအကျဥ်းခန်းများသည် နီးကပ်စွာတည်ရှိသဖြင့် တစ်စုံတစ်ယောက်သည် အကြည့်တစ်ချက်ဖြင့်ပင် အကျဥ်းထောင်၏အဆုံးသတ်ကို တွေ့မြင်နိုင်ပေ၏။
ထိုလေညှင်းသည် တဖြည်းဖြည်း ပို၍ပြင်းထန်လာသည်။
အဖိုးအိုက မျက်မှောင်ကြုတ်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"မင်းက အချိန်မှားပြီး ရောက်လာတာပဲ...နတ်ဆိုးလေက အခုစတင်တော့မယ်"
သူ၏စကားသံ အဆုံးသတ်သွားသောအချိန်မှာပင် စူးရှနာကျင်သောအော်သံများက အဝေးရှိအကျဥ်းခန်းများထံမှ ထွက်ပေါ်လာသည်။
"အား.....ငါ သေတော့မယ်...ငါ သေတော့မှာပဲ"
"ဒါက နာတယ်...ဒါက အရမ်းနာတယ်"
ထိုအသံများသည် လူသားများဆီမှထွက်လာသောအသံများနှင့် မတူညီတော့ချေ။ထိုအစား သူတို့၏အသံများသည် သတ်ဖြတ်ခံရရန် စောင့်ဆိုင်းနေသော သိုးများဆီမှ စိတ်ပျက်အားငယ်စွာ အော်နေသောအသံများနှင့် တူညီနေသည်။
ရုတ်ချည်းဆိုသလိုပင် သွေးနီရောင်လေများက အကျဥ်းထောင်တစ်ခုလုံးကို ဖြတ်သန်းတိုက်ခတ်သွားသည်။
လုယွီ၏နောက်ရှိအဖိုးအိုသည် ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ကို ဘောလုံးကဲ့သို့ ကွေးကောက်ကာ သူ့ကိုယ်သူ မြက်ဖျာဖြင့် ဖုံးလွှမ်းလိုက်၏။
ဟူး....
နတ်ဆိုးလေသည် သူ၏ခန္ဓာကိုယ်အား ဖြတ်သန်းတိုက်ခတ်သွားစဥ်တွင် လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်မှ သွေးချီများကို ထိုနတ်ဆိုးလေမှ ဝါးမျိုသွားခြင်းကို ခံစားမိသည်။လုယွီသည် ကူကယ်ရာမဲ့စွာဖြင့် ထိုနတ်ဆိုးလေများ ထွက်ပေါ်လာသောနေရာသို့ ကြည့်လိုက်၏။
ဤလေကို မမြင်နိုင်ချေ။
သို့ရာတွင် ဤလေသည် ထူးဆန်းသောဝါးမျိုစွမ်းအားတစ်ရပ်ကို သယ်ဆောင်လာကာ ဖြတ်သန်းတိုက်ခတ်ခံရသော လူများအားလုံး၏သွေးချီများကို ဝါးမျိုသွားလေသည်။
လေထုအတွင်း၌ မျောလွင့်နေသော သွေးမြူများသည် အတူတကွစုဝေးသွားသဖြင့် နတ်ဆိုးလေများသည် တောက်ပသောအနီရောင်အဖြစ်သို့ ပြောင်းလဲသွားပေ၏။
လုယွီ၏စိတ် လှုပ်ရှားသွားကာ သူ၏ခန္ဓာကိုယ်အတွင်းရှိသွေးချီများကို တည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းလိုက်သည်။
သူ့ထံတွင် သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့် ရုပ်ခန္ဓာကိုယ်ရှိနေသဖြင့် သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးချီများသည် အလွန်ကျစ်လစ်သိပ်သည်းပြီး လွင့်ပါးသွားခြင်းမရှိချေ။သူ ဆန္ဒမရှိသရွေ့ သူ၏ခန္ဓာကိုယ်ရှိသွေးချီများကို ယူဆောင်သွားနိုင်သော စွမ်းအားမျိုးမရှိချေ။
သူ၏ရုပ်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်များကြောင့် အကယ်၍ နတ်ဆိုးလေသည် ယခုထက်ဆယ်ဆခန့်ပို၍ အားကောင်းနေလျှင်ပင် လုယွီကို ထိခိုက်နာကျင်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။
သို့ရာတွင် တခြားသူများသည် အဆုံးသတ်မကောင်းကြချေ။
ဒေါင်...ဒေါင်...ဒေါင်...
ပိန်ခြောက်နေသောလက်တစ်ဖက်သည် ရုတ်တရက် သံတိုင်များကြားမှဖြတ်သန်းကာ လုယွီထံသို့ ရောက်ရှိလာသည်။
"ငါ လတ်ဆတ်တဲ့သွေးကို လိုချင်တယ်....ငါ အသက်ရှင်ချင်တယ်...ငါ မသေချင်ဘူး...ငါ တကယ် မသေချင်သေးဘူး"
လုယွီ၏နံဘေးရှိ အကျဥ်းခန်းအတွင်းမှ ပိန်လှီလှီကျင့်ကြံသူတစ်ယောက်က ရူးသွပ်သွားသည့်အလား ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ထိုလူသည် သူ၏သွေးချီးများအားလုံးကို ဝါးမျိုခြင်းခံလိုက်ရသောကြောင့် လုံးလုံးလျားလျား ရူးသွပ်သွားသည့် အခြေအနေမျိုးသို့ ရောက်ရှိသွားလေပြီ။သူ၏မျက်နှာသည် စက္ကူတစ်ချပ်ကဲ့သို့ ဖြူရော်နေကာ အရိုးစုတစ်ခုနှင့်ပင် တူညီနေသည်။
သူသည် အကြိမ်အနည်းငယ်ခန့် အော်ဟစ်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေပြီးလဲကျသွားကာ သေဆုံးသွားတော့သည်။
လုယွီသည် တိတ်တဆိတ်ထိုင်နေကာ ထိုလေတိုက်ခတ်မှု ပြီးဆုံးသွားမည့်အချိန်ကို စောင့်ဆိုင်းလိုက်၏။
ဤဖြစ်စဥ်အတောအတွင်းတွင် အကျဥ်းခန်းအတွင်း၌ သူနှင့်အတူရှိနေသော အဖိုးအိုသည် မြက်ဖျာအတွင်း၌ ပုန်းအောင်းနေသည်။သူ၏ခန္ဓာကိုယ်သည် အဆက်မပြတ်တုန်ရီနေသော်လည်း သူသည် အသံထွက်၍ အော်ဟစ်ခြင်းမပြုချေ။
နတ်ဆိုးလေသည် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့် ကြာမြင့်ပြီးနောက် ပျက်ပြယ်သွားတော့သည်။
"ဒါက နောက်ဆုံးတော့ ပျက်ပြယ်သွားပြီ"
နတ်ဆိုးလေ ပျက်ပြယ်သွားပြီးနောက် အဖိုးအို၏မျက်နှာသည် ကောက်ရိုးမြက်ဖျာအတွင်းမှ ထွက်ပေါ်လာပေ၏။
သူ၏မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုတချို့ ထင်ဟပ်နေသည်။သူ၏မူလက ပိန်လှီခြောက်ကပ်နေသောခန္ဓာကိုယ် ပို၍ညွှတ်ကိုင်းသွားသည်။
အဖိုးအိုသည် လုယွီကိုကြည့်ကာ အံ့အားသင့်သော မျက်နှာအမူအယာမျိုး ထင်ဟပ်လာသည်။
"မင်း အဆင်ပြေလား"
"ငါက ဘာဖြစ်ရမှာလဲ"
လုယွီက အဖိုးအို၏ရှေ့၌ ပလ္လင်ခွေထိုင်လိုက်၏။
"ဒီနေရာက အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ငါ့ကိုပြောပြပါ"
အဖိုးအိုက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ပြောဆိုသည်။
"မင်းရဲ့အသက်အရွယ်နဲ့ မင်းမှာ ခုလိူအရည်အချင်းမျိုးရှိနေတယ်...မင်းရဲ့နောက်ခံကလည်း ရိုးရှင်းမှာမဟုတ်ဘူး...ကံဆိုးချင်တော့ တကယ်လို့ မင်းသာ ပြင်ပလောကမှာရှိနေရင် လောကကြီးတခွင်လုံးကို ဆွဲဆောင်နိုင်တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်...ဒါပေမယ့် မင်း ဒီနေရာကနေ ဘယ်တော့မှ ပြန်မထွက်နိုင်တော့မှာကို ငါ စိုးရိမ်မိတယ်"
Chapter 3428
လုယွီက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။
"မင်း ဘာပြောတာလဲ"
"တကယ်တော့ ပြင်ပလောကမှာရှိတဲ့ ဘယ်သူမှ ဒီအကျဥ်းထောင်ရဲ့ တည်ရှိမှုကို မသိကြဘူး...ဝမ်မိသားစုက မင်းကို ဒီအကျဥ်းထောင်ထဲ ထည့်လိုက်မှတော့ ဆိုလိုတာက...သူတို့က မင်းကို ဒီထဲမှာပဲ တသက်လုံးလှောင်ပိတ်ထားပြီးတော့ မင်း ဘယ်တော့မှပြန်ထွက်လို့မရတော့ဘူး"
အဖိုးအိုက မြေပြင်ပေါ်တွင် ဆက်လက်၍ဝပ်နေကာ ဖျော့တော့တော့လေသံဖြင့် ပြောဆိုသည်။
"ငါ ဒီနေရာကိုရောက်လာတာ သုံးနှစ်ကျော်ပြီ...ဒီနှစ်တွေထဲမှာ နေ့တိုင်းနီးပါး ငါက အမှောင်ထုထဲမှာပဲ အချိန်ကုန်ဆုံးခဲ့ရတယ်...ပြင်ပလောကမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါ မသိဘူး...ဒါပေမယ့် ငါ လူတွေအများကြီးကို မြင်တွေ့ပြီးပြီ...ငါ ဒီနေရာကိုရောက်လာပြီးတော့ ငါသာတောင့်မခံနိုင်ခဲ့ရင် ငါ သေနေလောက်ပြီ"
လုယွီက အဖိုးအို၏အခြေအနေကို တစ်ချက်ကြည့်လိုက်သည်။
ထိုအဖိုးအိုသည် ယခင်က အစွမ်းထက်သောကျင့်ကြံသူတစ်ယောက် ဖြစ်ပုံရသည်။
သို့ရာတွင် သူသည် နတ်ဆိုးလေ၏ အဆက်မပြတ်တိုက်စားခြင်းကို ခံခဲ့ရသဖြင့် သူ၏ခန္ဓာကိုယ်အတွင်း၌ သွေးချီများစွာ မကျန်ရှိတော့ချေ။
သူ၏ယခင် မှော်စွမ်းအားများမှထောက်ပံ့မှုရှိနေသည့်တိုင် သူသည် ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။ဖြစ်နိုင်သည်မှာ သူသည် နှစ်အနည်းငယ်ပင် တောင့်ခံနိုင်တော့မည်မဟုတ်ပေ။အဖိုးအိုသည် တခြားသူများကဲ့သို့ အဆုံးသတ်ရမည်ဖြစ်ကာ မြက်ဖျာအောက်မှ အရိုးဖြူပုံတစ်ပုံ ဖြစ်လာပေမည်။
"သူတို့အားလုံးက ဘာအမှားတွေ ကျူးလွန်ခဲ့မိလို့...ဒီနေရာမှာ ချုပ်နှောင်ခံထားရတာလဲ"
လုယွီက သူ၏နံဘေးရှိ အရိုးဖြူများကိုကြည့်ကာ မေးမြန်းလိုက်၏။
ထိုအရိုးစုများသည် လေဒဏ်ကိုခံရခြင်းကြောင့် ခြောက်သွေ့နေလေပြီ။သို့ရာတွင် မြေပြင်ပေါ်ရှိ လက်သည်းကုတ်ခြစ်ရာများအရ အကဲဖြတ်ကြည့်ပါက သူတို့သည် မသေဆုံးမီအချိန်၌ အလွန်အမင်း ပြင်းထန်သောနာကျင်မှုကို ခံစားခဲ့ရပေမည်။
အဖိုးအိုက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"သူတို့က ဘာအမှားတွေကို ကျူးလွန်ခဲ့မှာမလို့လဲ...ဟား ဟား ဟား....မင်း ဒီထဲကို ရောက်လာပြီးတာတောင် မင်း နားမလည်သေးဘူးလား"
"မရှိဘူး....သူတို့က ဘာအမှားတစ်ခုကိုမှ လုပ်မထားဘူး....သူတို့က ဝမ်မိသားစုအတွက် ဆူးညှောင့်တွေ ဖြစ်နေလို့ပဲ...သူတို့ထဲက တချို့လူတွေက ရှီးလျန်မြို့ရဲ့အရာရှိတွေပဲ....သူတို့က ဝမ်မိသားစုဆီမှာ လက်အောက်ခံဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ဒီနေရာမှာ အကျဥ်းချခံထားရတာပဲ"
"တစ်ချိန်တုန်းက ဝမ်မိသားစုရဲ့သခင်လေးကို စကားနဲ့အတိုက်အခံလုပ်ခဲ့တဲ့ လူငယ်တစ်ယောက် ရှိခဲ့ဖူးတယ်...သူက ဒီနေရာမှာ အကျဥ်းချခံရပြီးတော့ အကန့်အသတ်မရှိတဲ့ ညှင်းပန်းနှိပ်စက်မှုဒဏ်ကိုခံရပြီးတော့ နာနာကျင်ကျင်နဲ့ သေဆုံးသွားခဲ့ရတယ်....ဒါက ဝမ်မိသားစုရဲ့သီးသန့်အကျဥ်းထောင်ဆိုတာကို မင်း နားမလည်သေးဘူးလား...သူတို့က လူတွေကို ဖမ်းဆီးချုပ်နှောင်ထားဖို့အတွက် ဘာအကြောင်းပြချက်မှမလိုဘူး"
လုယွီက ထိုအဖိုးအိုကိုကြည့်လိုက်၏။
"ဝမ်မိသားစုက အရမ်းကိုမောက်မာရိုင်းစိုင်းလွန်းတယ်...ဘယ်သူကမှ သူတို့ကို ဂရုမစိုက်ကြဘူးလား...တော်ဝင်နန်းတွင်းရဲ့စုံစမ်းစစ်ဆေးရေးမှူးတွေက ဘယ်နေရာကို ရောက်နေတာလဲ"
တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးများသည် တာယွီအင်ပါယာ၏နယ်မြေအနှံ့အပြားတွင် လှည့်လည်သွားလာကာ နယ်မြေခံအုပ်ချုပ်ရေးအရာရှိများ၏လုပ်ဆောင်ချက်များကို စုံစမ်းစစ်ဆေးရသည်။
ယေဘုယျကျကျပြောဆိုရလျှင် အကယ်၍ ဝမ်မိသားစုကဲ့သို့ မူမမှန်သောတည်ရှိမှုမျိုး ထွက်ပေါ်လာပါက တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးများသည် ချက်ချင်းရှာဖွေဖော်ထုတ်ကာ တော်ဝင်နန်းတွင်းထံ သတင်းပို့ရပေမည်။
"တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးတွေလား...ဟား ဟား ဟား...ငါက လက်ဝဲစစ်တပ်နယ်မြေရဲ့ တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးပဲလေ"
အဖိုးအိုက ခါးသည်းစွာပြုံးကာ ပြောဆိုသည်။
"လွန်ခဲ့တဲ့သုံးနှစ်လောက်တုန်းက ငါ ဝမ်မိသားစုကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ရှာဖွေနိုင်ခဲ့တယ်...ငါ အဲ့ဒါတွေကို သတင်းပို့ဖို့သွားတဲ့အချိန်မှာ လမ်းတစ်ဝက်မှာပဲ ဖမ်းဆီးခံလိုက်ရတယ်....သူတို့က ငါ့ကို မသေစေချင်ဘူး....ဘာလို့လဲဆိုတော့ ငါ့ရဲ့ဝိညာဥ်အမွှေးတိုင်က စုံစမ်းစစ်ဆေးရေးမှူးရုံးမှာ ကျန်ခဲ့လို့ပဲ...ငါ သေသွားတာနဲ့ ဝိညာဥ်အမွှေးတိုင်ငြိမ်းသွားပြီးတော့ စုံစမ်းစစ်ဆေးရေးမှူးရုံးက သတိပြုမိသွားလိမ့်မယ်....ဒါကြောင့် သူတို့က အချိန်နည်းနည်းလောက်ကြာတိုင်း ငါ့ရဲ့ခန္ဓာကိုယ်ထဲကို သွေးချီနည်းနည်းစီ ဖြည့်တင်းပေးတယ်...သူတို့က ငါ့ကို ခုလိုမျိုး ညှင်းပန်းနှိပ်စက်မှုဒဏ်ကို အကြာကြီးဖြတ်သန်းစေချင်တာပဲ"
လုယွီ၏စိတ်နှလုံးသား တုန်ရီသွားသည်။
တစ်စုံတစ်ယောက်သည် ဝမ်မူကျီး၏ပြစ်မှုများကို စုဆောင်းရှာဖွေ၍ သတင်းပို့ရန် ပြင်ဆင်နေခဲ့ကြောင်း ယခင်က သူ ဖေးထျန်ကွမ်းဆီက ကြားခဲ့ရဖူးသည်။သို့ရာတွင် အဆုံးသတ်၌ ထိုလူသည် ပျောက်ဆုံးနေပေ၏။
ဤအဖိုးအိုသည် လက်ဝဲစစ်တပ်နယ်မြေ၏ တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
"ဒီနေရာမှာ နတ်ဆိုးလေတွေက တစ်ရက်ကိုတစ်ကြိမ်တိုက်ခတ်တယ်...အချိန်အတိအကျ မရှိဘူး...ဒါပေမယ့် အဲ့ဒီနတ်ဆိုးလေတွေ တိုက်ခတ်လာတာနဲ့ လူတိုင်းရဲ့သွေးချီတွေကို အဆက်မပြတ်ဝါးမျိုတယ်...ဒီနေရာမှာရှိတဲ့ လူတွေက ဘာမှော်စွမ်းအားမှ မရှိတော့တာကြောင့် မှော်ရတနာတွေကိုလည်း အသုံးမပြုနိုင်ဘူး...သေမျိုးတွေလိုပဲ သူတို့အားလုံးက သတ်ဖြတ်ခံရမယ့်အချိန်ကို စောင့်နေကြရတယ်"
အဖိုးအိုက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
"ငါ ဒီနေရာကိုရောက်လာတဲ့ လူတွေအများကြီးကို မြင်တွေ့ပြီးပြီ....သူတို့ရဲ့ခန္ဓာကိုယ်က သွေးချီတွေကို ဝါးမျိုခံရပြီးတော့ တဖြည်းဖြည်းနဲ့ လူမကျ သရဲတစ္ဆေမကျတွေ ဖြစ်သွားကြတယ်...မင်းက ခုမှ ဒီထဲကိုရောက်လာတာဖြစ်လို့ မင်းမှာ ဒါကိုခုခံနိုင်တဲ့ခွန်အားတွေ ကျန်နေအုံးမှာပဲ...ဒါပေမယ့် အချိန်ကြာလာတဲ့အချိန်မှာ မင်း တောင့်မခံနိုင်မှာကို ငါ စိုးရိမ်မိတယ်"
Chapter 3429
လုယွီက မေးမြန်းသည်။
"ဒီနေရာကနေထွက်သွားဖို့ မင်း အရင်က ကြိုးစားကြည့်ခဲ့ဖူးလား"
အဖိုးအိုက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"မင်းရဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အရိုးဖြူတွေကို မင်း မြင်လား...သူတို့အားလုံးက ဒီနေရာကနေထွက်သွားဖို့ ကြိုးစားခဲ့တဲ့လူတွေပဲ...ကံဆိုးချင်တော့ အဆုံးသတ်မှာ သူတို့ရဲ့ခွန်အားတွေကို ဖြုန်းတီးသလိုဖြစ်သွားပြီးတော့ ကိုယ်လက်အင်္ဂါအပြည့်အစုံတောင်မကျန်ဘဲနဲ့ သေသွားကြရတယ်"
ဝမ်မိသားစုသည် ဤအကျဥ်းထောင်ကို တည်ဆောက်ထားခြင်းကြောင့် အတွင်းရှိလူများကို ပြင်ပသို့လွှတ်ပေးရန် ရည်ရွယ်မထားချေ။
ဝမ်မိသားစုသည် ဤနေရာ၌ သူတို့ဆန္ဒရှိသည့်အတိုင်း ပြုမူဆောင်ရွက်နိုင်သည်။မည်သူမည်ဝါဖြစ်နေပါစေ ဤနေရာ၌ပိတ်လှောင်ခြင်းခံရသည်နှင့် သူတို့၏မှော်စွမ်းအားများ တားဆီးကန့်သတ်ခြင်းခံထားရသဖြင့် အကယ်၍ သူတို့ဆန္ဒရှိနေလျှင်ပင် ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ချေ။
"မင်း အရင်က စုံစမ်းခဲ့တဲ့ ဝမ်မိသားစုရဲ့ပြစ်မှုတွေနဲ့ ပတ်သတ်ပြီးတော့ ငါ့ကို ပြောပြနိုင်မလား"
လုယွီက အလေးအနက်ထားသောအမူအယာဖြင့် ပြောဆိုသည်။
"ကောင်လေး...မင်းရဲ့အချိန်ကို မဖြုန်းစမ်းနဲ့....ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှာ ဝမ်မိသားစုရဲ့လုပ်ရပ်တွေကို မသိတဲ့သူဆိုလို့ ဘယ်သူရှိလို့လဲ...ဒါပေမယ့် ဒါက ဘာအသုံးဝင်မှာမလို့လဲ"
သရော်တော်တော်အသံတစ်သံက နံဘေးရှိ အကျဥ်းခန်းအတွင်းမှ ထွက်ပေါ်လာသည်။
တိုင်ပင်ဆွေးနွေးသံများက နောက်ဆုံး၌ ပတ်ဝန်းကျင်ရှိ အကျဥ်းခန်းများမှ ထွက်ပေါ်လာသည်။
"ဒါက နည်းနည်းတော့ ထူးဆန်းတယ်..ဒီအကျဥ်းထောင်ထဲကို လူထပ်မပို့တာ အချိန်အတော်ကြာနေပြီ"
"မင်းက ဝမ်မိသားစုထဲက ဘယ့်သူကို အပြစ်ပြုခဲ့မိတာလဲ...လက်ဝဲစစ်တပ်ရဲ့အရင်တပ်မှူး သေသွားပြီးကတည်းက...ဝမ်မိသားစုက သူတို့ရဲ့အပြုအမူတွေကို အများကြီးထိန်းချုပ်ထားတယ်...သူတို့က သီးသန့်အကျဥ်းထောင်ထဲကို နောက်ထပ် ဘယ်အကျဥ်းသားကိုမှ မပို့တော့ဘူး...မင်းက ဝမ်မိသားစု သည်းမခံနိုင်တဲ့ ဘယ်လိုကိစ္စမျိုးကိုလုပ်မိလို့ ဒီနေရာမှာ အကျဥ်းချခံရတာလဲဆိုတာ ငါ သိချင်မိတယ်"
"မင်းက ဒီနေရာမှာ အကျဥ်းချခံရပြီးမှတော့ မင်းရဲ့ဘဝသက်တမ်းတလျှောက်လုံး ပြန်မထွက်နိုင်တော့မှာကို ငါ စိုးရိမ်မိတယ်...မင်း အများကြီးသိထားတော့လည်း ဘာအသုံးဝင်မှာမလို့လဲ"
သူတို့အနက်မှတချို့သည် စကားပြောဆိုနေရင်း လုယွီကို လှောင်ပြောင်သရော်လိုက်ကြသည်။
လုယွီသည် ရှင်းပြခြင်းမရှိချေ။သူသည် မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်ပြီး သူ၏မျက်လုံးကိုစုံမှိတ်ကာ တိတ်ဆိတ်ငြိမ်သက်စွာ နေနေခဲ့သည်။
ပတ်ဝန်းကျင်ရှိလူများသည် ဆက်လက်၍စကားပြောဆိုနေကြသော်လည်း အချိန်တခဏကြာပြီးနောက် တစ်စုံတစ်ယောက်က စတင်၍ဆဲရေးတိုင်းထွာလိုက်၏။
"ဝမ်မိသားစုရဲ့ခွေးမသားတွေ....ဘယ်လိုသတ္တိမျိုးနဲ့ ဒီနေရာကို လာဝံ့တာလဲ...ငါ မင်းကို သတ်မယ်"
"ငါ အပြင်ကို ထွက်နိုင်တာနဲ့...မင်းကို အရှင်လတ်လတ်ဝါးစားပြီးတော့ မင်းရဲ့ခန္ဓာကိုယ်က အရိုးတွေကို နည်းနည်းစီကိုက်ဝါးပစ်မယ်"
အော်သံများနှင့်ဆဲဆိုသံများက ရုတ်တရက် ပတ်ဝန်းကျင်နေရာတဝိုက်၌ မြည်ဟီးသွားသည်။
ဂျိမ်း...ဂျိမ်း...
သံတိုင်များကို လှုပ်ခါနေသည့်အသံများကိုလည်း ကြားနေရသည်။
ထိုသံတိုင်များတွင် လူတစ်ယောက်၏မှော်စွမ်းအားများကို ဝါးမျိုနိုင်သည့် သင်္ကေတအက္ခရာများကို ရေးထွင်းထားသည်။အကယ်၍ တစ်စုံတစ်ယောက်သည် မည်သည့်အရာကိုမျှ ပြုလုပ်ခြင်းမရှိဘဲ ထိုသံတိုင်များပေါ်သို့ လက်တင်ရုံသက်သက်ဖြင့်ပင် အလွန်နာကျင်မှုကို ခံစားရပေမည်။
သို့ရာတွင် အကျဥ်းသားများသည် ထိုနာကျင်မှုကို လျစ်လျှူရှုကာ သူတို့ရှေ့ရှိ သံတိုင်များကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်ကြ၏။
လုယွီက မော့ကြည့်လိုက်သည်။
အကျဥ်းထောင်၏စင်္ကြန်လမ်းပေါ်တွင် လျှောက်လှမ်းလာသော လူတစ်ယောက်ကို သူ တွေ့မြင်မိသည်။
ထိုလူ့ထံတွင် အိုမင်းသောမျက်နှာရှိကာ မီးခိုးရောင်ဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏လက်အတွင်း၌ မီးအိမ်တစ်လုံးကို ကိုင်ဆောင်ထားသည်။သူသည် အကျဥ်းထောင်အတွင်း၌ အေးအေးလူလူ လှည့်ပတ်သွားလာနေပေ၏။
"ဒါက အဲ့ဒီနေ့တုန်းက ဝမ်ခန်းရဲ့ဘေးနားမှာ ရှိနေတဲ့လူပဲ...သူက ဝမ်မိသားစုရဲ့ အဆင့်မြင့်အကြီးအကဲတစ်ယောက်ပဲဖြစ်မယ်"
လုယွီက ထိုအဖိုးအိုကို မှတ်မိသွားသည်။
လုယွီအား အဝတ်အိတ်အတွင်းသို့ ထည့်သွင်းပြီး ဤနေရာသို့ပို့ဆောင်ခဲ့သူမှာ ထိုအဖိုးအိုဖြစ်သည်။
ဝမ်ခန်း၏စကားများအရ ထိုအဖိုးအို၏နာမည်သည် လူအိုကြီးယင်ပင်။ဤအဖိုးအို၏ကျင့်ကြံဆင့်နယ်ပယ်သည် ရွှယ်အင်မော်တယ်နယ်ပယ်တွင် ရှိနေကြောင်းကို လုယွီက ပြောဆိုနိုင်သည်။
ဤကဲ့သို့ထိပ်သီးကျင့်ကြံသူတစ်ယောက်သည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ နယ်မြေတစ်ခု၏အုပ်ချုပ်သူအရှင်အဖြစ်ပင် ရပ်တည်နိုင်ပေ၏။သူသည် အကျဥ်းထောင်အတွင်း၌ လွတ်လွတ်လပ်လပ် သွားလာနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ဝမ်မိသားစုအတွင်းတွင် သူ၏အဆင့်အတန်းသည် မြင့်မားကြောင်းသိရှိနိုင်သည်။
ဆဲဆိုသံများက ပတ်ဝန်းကျင်မှနေ၍ အဆက်မပြတ် ထွက်ပေါ်နေသည်။အကျဥ်းခန်းများအတွင်း၌ရှိနေသော အကျဥ်းသားများသည် လူအိုကြီးယင်ကို အရှင်လတ်လတ် ဝါးစားလိုစိတ်သာရှိနေသည်။
တချို့အကျဥ်းသားများသည် နာကျင်မှုကို တောင့်ခံကာ သံတိုင်များကြားမှနေ၍ သူတို့၏လက်များကို ဆန့်ထုတ်ပြီး လူအိုကြီးယင်ကို ဖမ်းဆုပ်ရန် ကြိုးစားကြသည်။
"မင်းတို့က လိမ်လိမ်မာမာ မနေကြဘူးပဲ"
လူအိုကြီးယင်သည် သူ၏ခန္ဓာကိုယ်ကို ချာခနဲလှည့်ကာ လူတစ်ယောက်ကို စူးစိုက်၍ကြည့်လိုက်၏။သူ၏ရှေ့တွင် မှော်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ဓားတစ်လက်ထွက်ပေါ်လာကာ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။
ဝှစ်ခနဲအသံနှင့်အတူ ထိုလူ၏လက်ပြတ်တောက်သွားကာ သွေးများယိုစီးကျလာသည်။
အကျဥ်းသားသည် နာကျင်မှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားကာ စူးရှနာကျင်စွာ ဆက်တိုက်အော်ဟစ်နေလေ၏။
သို့ရာတွင် ထိုအချိန်မှာပင် အကျဥ်းထောင်အတွင်းရှိ တည်ရှိမှုကြီးတစ်ခုသည် တစ်စုံတစ်ခုကို သတိပြုမိသွားပုံဖြင့် ထိုအကျဥ်းသားရှိနေသော အကျဥ်းခန်းအတွင်း၌ လေပြင်းတစ်ရပ် ဖွဲ့စည်းသွားသည်။
Chapter 3430
မှော်စွမ်းအားများရှိသော ကျင့်ကြံသူတစ်ယောက်ပင်လျှင် အကယ်၍ သူ၏လက်ကိုဖြတ်တောက်ခြင်းခံရပါက နာကျင်မှုဒဏ်ကိုတောင့်ခံနိုင်ရန် လွန်စွာခက်ခဲပေမည်။
ဤနေရာရှိ အကျဥ်းသားများသည် မှော်စွမ်းအားများကို ဖိနှိပ်ထားခြင်းခံရသဖြင့် သူတို့၏နာကျင်မှုများ သက်သာစေရန် မှော်စွမ်းအားများကို ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိသည်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။
သို့ရာတွင် လက်ပြတ်သွားသော အကျဥ်းသားသည် နာကျင်မှုကို လျစ်လျှူရှု၍ သူ၏ဒဏ်ရာကို နံဘေးရှိမြက်ခြောက်များဖြင့် အလျှင်အမြန်ဖုံးအုပ်လိုက်သည်။
သို့ရာတွင် ဤဒဏ်ရာကို မြက်ခြောက်တချို့ဖြင့် မည်သို့ဖုံးအုပ်နိုင်မည်နည်း။
နီရဲသောသွေးများသည် မြက်ခြောက်များကြားမှဖြတ်သန်း၍ မြေပြင်ပေါ်သို့ စီးကျသွားသည်။
အလွန်လျှင်မြန်စွာဖြင့် လေပြင်းများသည် ထိုအကျဥ်းသားရှိနေသော အကျဥ်းခန်းအတွင်း၌ ဝှေ့ယမ်းတိုက်ခတ်သွားလေ၏။
အကျဥ်းသား၏ခန္ဓာကိုယ်မှ အဆက်မပြတ်ယိုစီးကျနေသော သွေးများသည် လေဟာနယ်အတွင်းရှိ လေပြင်းနှင့်အတူ မျောလွင့်သွားတော့သည်။
"မလုပ်နဲ့...ငါ မသေချင်သေးဘူး...အား...."
ထိုအကျဥ်းသားထံမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။
သို့ရာတွင် သူ၏အော်သံသည် မည်သည့်အရာကိုမျှ ပြောင်းလဲနိုင်ခြင်းမရှိချေ။
လေပြင်းများက သူ၏ခန္ဓာကိုယ်ရှိသွေးများကို ဆက်တိုက်ဝါးမျိုနေသည်။အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ထိုအကျဥ်းသား၏ခန္ဓာကိုယ်တစ်ခုလုံး ခြောက်ကပ်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး မလှုပ်ရှားနိုင်တော့ချေ။
သူ၏ခန္ဓာကိုယ်ရှိ သွေးများအားလုံးကို ထိုနတ်ဆိုးလေမှ စုပ်ယူသွားသဖြင့် သူသည် ခြောက်ကပ်နေသော အလောင်းတစ်လောင်းအဖြစ်သို့ ရောက်ရှိသွားလေပြီ။
"မင်းတို့အားလုံး...မင်းတို့ကိုယ်မင်းတို့ ထိန်းသိမ်းထားကြစမ်း...တကယ်လို့ တစ်ယောက်ယောက်က ထပ်ပြီးပြဿနာရှာဝံ့ရင် ဒါက နမူနာပဲ"
လူအိုကြီးယင်က အေးစက်စက် အော်ဟစ်ရယ်မောလိုက်သည်။
သူ၏အသံသည် ညသန်းခေါင်ယံအချိန်ရှိဇီးကွက်တစ်ကောင်အလား လူအများ၏နားများအတွင်းသို့ ထွင်းဖောက်ဝင်ရောက်လာသည်။
ဤနေရာရှိ အကျဥ်းသားများအားလုံးသည် သူတို့၏မှော်စွမ်းအားများကို ဆုံးရှုံးထားရလေ၏။သို့ရာတွင် သူတို့ရှေ့ရှိ လူအိုကြီးယင်သည် ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသော ရွှယ်အင်မော်တယ်ခွန်အားကို ပိုင်ဆိုင်ထားသည်။
နှစ်ဖက်အကြားရှိ ကွာဟချက်သည် အလွန်ကြီးမားသဖြင့် အကျဥ်းသားများအားလုံးကို စိတ်ပျက်အားငယ်ခြင်းအား ခံစားရစေသည်။
ယခင်က အော်ဟစ်ကျိန်ဆဲနေကြသော အကျဥ်းသားများသည်လည်း သူတို့၏ပါးစပ်များကို နာခံရို့ကျိုးစွာဖြင့် ပိတ်လိုက်ကြသည်။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်ကိုကြည့်ပြီး လူအိုကြီးယင်က သရော်တော်တော်ပြုံးကာ လုယွီ၏အကျဥ်းခန်းထံသို့ လျှောက်လှမ်းလာသည်။
"မင်းက တော်တော်လေး တည်ငြိမ်နေတာပဲ....နတ်ဆိုးလေရဲ့အရသာကို ခံစားပြီးတဲ့နောက်မှာ မင်း ဘယ်လိုထင်လဲ"
လူအိုကြီးယင်က လုယွီကိုကြည့်ကာ မေးမြန်းလိုက်၏။
သူ၏မျက်လုံးအတွင်း၌ သရော်တော်တော် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်သည် အမဲလိုက်နေစဥ်အတွင်း၌ သားကောင်ကို ချောင်းမြောင်းနေသကဲ့သို့ပင်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"ငါ ဘာကိုမှ မခံစားရဘူး...တကယ်လို့ မင်းတို့ကောင်တွေက ဒီလိုနည်းလမ်းမျိုးကို အသုံးပြုမယ်ဆိုရင်တော့ ငါ အရမ်းစိတ်ပျက်မိလိမ့်မယ်"
သူသည် အမှန်တကယ်ကိုပင် မည်သည့်အရာကိုမျှ မခံစားရချေ။
သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့် ခွန်အားများ သူ့ထံတွင်ရှိနေသဖြင့် ဤနတ်ဆိုးလေအနည်းငယ်ကို မဆိုထားနှင့် အကယ်၍ ဤနတ်ဆိုးလေသည် ယခုထက်အဆများစွာ ပို၍ပြင်းထန်နေလျှင်ပင် လုယွီအား အနည်းငယ်မျှ သက်ရောက်မည်မဟုတ်ချေ။
"မင်းက ငယ်ရွယ်သေးတော့ ပမာမခန့်လုပ်ရဲတယ်...မင်းက ခေါင်းမာတဲ့ကောင်တစ်ကောင်ပဲ...ဒါပေမယ့် ဒါက ပထမဆုံးရက်ပဲရှိသေးတယ်...နောင်အနာဂတ်မှာ ရက်တွေအများကြီးရှိသေးတယ်...မင်း ကောင်းကောင်းကြီး ခံစားရအုံးမှာပါ"
လူအိုကြီးယင်က ရုတ်တရက် လုယွီ၏နံဘေးရှိ အဖိုးအိုကို ကြည့်လိုက်သည်။
"ပေါင်လုံတု...ဒီနေရာရဲ့အန္တရာယ်တွေအကြောင်း မင်း သူ့ကို ပြောမထားဘူးလား"
အဖိုးအိုက ခေါင်းမော့ကာ အထင်အမြင်သေးသောအကြည့်ဖြင့် လူအိုကြီးယင်ကို ကြည့်လိုက်၏။
"ကျူးယင်...ပျက်စီးသွားတဲ့နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေးကများ...မင်းက ဝမ်မိသားစု မွေးထားတဲ့ ခွေးတစ်ကောင်သက်သက်ပဲ...မင်းက ငါနဲ့စကားပြောဖို့ ထိုက်တန်ဖို့လား"
ကျူးယင်သည် သူ၏နားရွက်များကိုကုတ်ကာ စိတ်မရှည်စွာပြောဆိုသည်။
"မင်းလို လူအိုကြီးကိုကြည့်ရတာ အသက်ရှင်ရတာ ပင်ပန်းနေတဲ့ပုံပဲ...ဝမ်မိသားစုကို စုံစမ်းတာကလွဲပြီးတော့ မင်း ကောင်းကောင်းလုပ်နိုင်တာ ဘာရှိလို့လဲ...မင်းက မင်းကိုယ်မင်း ဆွဲချခဲ့တာပဲလေ....မင်းမှာ ဝမ်မိသားစုကိုယှဥ်ပြိုင်နိုင်တဲ့ အရည်အချင်းမျိုး ဘယ်လိုလုပ်ပြီးတော့ ရှိနိုင်မှာလဲ"
ထိုသို့ပြောဆိုပြီးနောက် ယင်ကျုံးက ရက်စက်ကြမ်းကြုတ်သောအပြုံးနှင့် လုယွီဘက်သို့ လှည့်ကြည့်လိုက်၏။
"တကယ်လို့ မင်းက နတ်ဆိုးလေရဲ့အရသာကို မခံစားချင်ဘူးဆိုရင်....မင်း ငါ့ကို အကျိုးအမြတ်တချို့ပေးလို့ရတယ်....တကယ်လို့ ငါ စိတ်ကျေနပ်မှုရမယ်ဆိုရင် မင်းကို တခြားအကျဥ်းခန်းတစ်ခုဆီ ရွှေ့ပြောင်းပေးကောင်း ပေးမိလိမ့်မယ်....မင်း အချိန်ခဏလောက်တော့ သက်တောင့်သက်သာ နေလို့ရမှာပေါ့"
လုယွီ၏မျက်ခုံး မြင့်တက်သွားသည်။
"မင်းက ငါ့ဆီကနေ အကျိုးအမြတ်တွေ လိုချင်နေတာလား"
ဤသို့ဖြစ်လာမည်ဟု သူ မျှော်လင့်မထားမိချေ။
ဝမ်ခန်းသည် သူ့အား ညှင်းပန်းနှိပ်စက်ရန်အတွက် ကျူးယင်ကို စေလွှတ်လိုက်ခြင်းဖြစ်မည်ဟု သူ တွေးထင်ခဲ့သည်။ယခုချိန်၌ ကြည့်ရသလောက် ကျူးယင်ထံတွင် တခြားရည်ရွယ်ချက်များ ရှိနေပုံပင်။
"ဟန်ဆောင်နေတာကို ရပ်လိုက်စမ်း....မင်းရဲ့အသက်အရွယ်နဲ့ ထန်အင်ပါယာက လူငယ်ပါရမီရှင်တွေအများကြီးကို မင်းက လက်ဝါးရိုက်ချက်တစ်ချက်တည်း အသုံးပြုပြီးတော့ ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ...မင်းမှာ ရတနာကောင်းလေးတချို့ ရှိကိုရှိနေရမယ်..မြန်မြန် ငါ့ကို လက်လွှဲပေးစမ်း...ဒီလိုဆိုရင် မင်း ခံစားရသက်သာအောင် ငါ လုပ်ပေးမယ်"