← Chapters

အခန်း (၃၄၃၁-၃၄၃၅)

Vol. 175 Ch. 3431-3435

အခန်း (၃၄၃၁-၃၄၃၅)

Vol. 175 Ch. 3431-3435

Chapter 3431

ကျူးယင်သည် လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ကာ နောက်ဆုံး၌ သူ၏အကြံအစည်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။

အရေးအကြီးဆုံးအချက်မှာ ယှဥ်ပြိုင်ပွဲအတွင်း၌ လုယွီ ထုတ်ဖော်အသုံးပြုခဲ့သောခွန်အားသည် အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေခြင်းပင်။

ကျူးယင်သာမက တာယွီအင်ပါယာမှ လူငယ်ပါရမီရှင်တချို့သည်လည်း လုယွီထံတွင် အံ့အားသင့်ဖွယ်ကောင်းသော ရတနာတစ်ခုရှိနေမည်ဟု ယုံကြည်ထားကြ၏။

လီဖုပင်လျှင် အပြင်းအထန် ဒဏ်ရာရရှိလုဆဲဆဲ ဖြစ်သွားခဲ့လေရာ ဤရတနာသည် သာမာန်မဟုတ်နိုင်ချေ။

ကျူးယင်သည် ဤကိစ္စကို သတိပြုမိသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

"မင်းတစ်ယောက်တည်း ဒီနေရာကို လာခဲ့တာလား...ဝမ်ခန်းက ဘယ်မှာလဲ...ဘာလို့ သူက မလာတာလဲ"

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

တစ်ဖက်လူသည် သူ၏ခွန်အားနှင့်ပတ်သတ်ပြီး နားလည်မှုလွဲမှားနေကြောင်း သူ ချက်ချင်းနားလည်သဘောပေါက်သွားသည်။

သို့ရာတွင် အကယ်၍ သူ့ထံ၌ အမှန်တကယ် ရတနာတစ်ခုရှိနေလျှင်ပင် လာရောက်တောင်းခံသူသည် ဝမ်ခန်းသာ ဖြစ်သင့်ပေ၏။မည်သည်ကြောင့် သူသည် ကျူးယင်ကို လာရောက်ခွင့်ပြုလိုက်သနည်း။

"မင်း ဒါနဲ့ပတ်သတ်ပြီးတော့ ဘာမှစိုးရိမ်ပူပန်နေစရာမလိုဘူး...မင်းက ဒီနေရာမှာ သေရတော့မယ့် လူတစ်ယောက်ပဲ...မင်းရဲ့ရတနာတွေကို သိမ်းဆည်းထားရင်လည်း ဘာမှအသုံးဝင်မှာမဟုတ်ဘူး...မင်း ဘေးကင်းလုံခြုံဖို့အတွက် အဲ့ဒီရတနာတွေကို ငါ့ဆီပေးလိုက်တာ ပိုမကောင်းဘူးလား...ဒီနေရာမှာ အကျဥ်းခန်းတွေ အများကြီးရှိတယ်...တချို့အကျဥ်းခန်းတွေထဲမှာ နတ်ဆိုးလေ မတိုက်ခတ်ဘူး"

ကျူးယင်၏မျက်လုံးအတွင်း၌ လောဘအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

လုယွီက လှောင်ပြောင်သရော်လိုက်၏။

"တကယ်လို့ မင်းမှာ အရည်အချင်းရှိတယ်ဆိုရင် ဒီနေရာကို လာယူလေ"

"ကောင်စုတ်လေး...ငါက မင်းကို မျက်နှာသာပေးနေတာတောင် မင်းက မယူတတ်ဘူး"

ကျူးယင်က ဒေါသထွက်သွားသည်။အပြာဖျော့ရောင် မှော်စွမ်းအားလှိုင်းတစ်ရပ်က သူ၏လက်ဖဝါးမှ ထွက်ပေါ်လာသည်။

သူ၏ရှေ့၌ မှော်စွမ်းအားများ လှည့်ပတ်သွားကာ အလုံးတစ်လုံးအဖြစ် သိပ်သည်းသွားပြီး နောက်ဆုံး၌ ကြီးမားသောမှော်စွမ်းအားလက်သည်းကြီးအဖြစ် ပြောင်းလဲကာ အကျဥ်းခန်းအတွင်းသို့ ရောက်ရှိလာသည်။

ဤလက်သည်းကြီးကို ဖွဲ့စည်းရန်အတွက် အဆင့်မြင့်သော မှော်စွမ်းအားထိန်းချုပ်မှုရှိရန် လိုအပ်သည်။ကျူးယင်သည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။

ဝှစ်...

ရုတ်ချည်းဆိုသလိုပင် မှော်စွမ်းအားလက်သည်းကြီးသည် လုယွီအား နံရံနှင့်ဖိကပ်ရန်ရည်ရွယ်၍ သူ့အား ဆွဲကုပ်လိုက်၏။

"ကြည့်ရတာတော့ ငါ မင်းကို နည်းနည်းတော့ ခံစားရအောင် လုပ်မှထင်တယ်"

ကျူးယင်၏မျက်လုံးများ အေးစက်တင်းမာသွားသည်။သူသည် သူ၏လက်မှစွမ်းအားများကို အနည်းငယ်ပို၍ စိုက်ထုတ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် မှော်စွမ်းအားလက်သည်းကြီးထံမှ ပြင်းထန်သောစွမ်းအားများ ထွက်ပေါ်လာသည်။လုယွီ၏ခန္ဓာကိုယ်မှနေ၍ တဖျစ်ဖျစ်အသံများ ထွက်ပေါ်လာရာ နောက်ထပ်အချိန်အခိုက်အတန့်တွင် သူ ကြေမွှပျက်စီးပြီး သေသွားတော့မည့်အလားပင်။

ဟူး...

သက်ပြင်းရှိုက်သံများက ပတ်ဝန်းကျင်ရှိ အကျဥ်းခန်းများမှ ဆက်တိုက်ထွက်ပေါ်လာသည်။

အကျဥ်းသားအများစုသည် ဤကဲ့သို့မြင်ကွင်းမျိုးကို ယခင်က အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးပြီးဖြစ်သည်။သို့ရာတွင် သူတို့သည် ဤကဲ့သို့မြင်ကွင်းမျိုးကို နောက်တစ်ကြိမ်ပြန်၍ မြင်တွေ့ရစဥ်တွင် သူတို့၏ဦးရေပြားများ ထုံကျင်လာသကဲ့သို့ ခံစားနေရဆဲပင်။

ဤနေရာတွင် သူတို့၏အသက်များသည် ထည့်သွင်းဖော်ပြရန်ပင် တန်ဖိုးမရှိချေ။မည်သူကမျှ ဤနေရာတွင် သေဆုံးသွားသည့်လူများနှင့်ပတ်သတ်၍ ဂရုမစိုက်ကြချေ။

နံဘေးရှိအဖိုးအိုက အသံနက်ကြီးဖြင့် ပြောဆိုသည်။

"ကျူးယင်...မင်း ဒီနေရာကို ဝမ်ခန်းမသိအောင် ရောက်လာတာမဟုတ်လား...တကယ်လို့ မင်း တစ်ယောက်ယောက်ကို သတ်လိုက်မယ်ဆိုရင် ဝမ်ခန်းကို ဘယ်လိုလုပ်ပြီးတော့ ရှင်းပြမှာလဲ"

ကျူးယင်က ယုတ်မာကောက်ကျစ်သောအပြုံးနှင့် ပြောဆိုလေ၏။

"ဝမ်မိသားစုရဲ့နာမည်ကိုသုံးပြီးတော့ ငါ့ကို ဖိအားပေးချင်တာလား...မင်း ငါ့ကို အရမ်းလျှော့တွက်လွန်းသွားပြီ...ဝမ်မိသားစုက အခုချိန်မှာ လူအင်အားလိုအပ်နေတယ်....သူတို့က ငါ လူသတ်လိုက်ရင်တောင် သည်းခံနေမှာပဲ...သူ့ကိုမပြောနဲ့ တကယ်လို့ ငါ ဆန္ဒရှိရင် မင်းကိုလည်း သတ်လို့ရတယ်...မင်းတို့လို ပုရွက်ဆိတ်တွေမှာ ငါ့ကိုခြိမ်းခြောက်နိုင်တဲ့ အရည်အချင်းမျိုးမရှိဘူး"

ထိုသို့ပြောဆိုပြီးနောက် ကျူးယင်၏လက်လည်းသည် လုယွီကို သတ်ဖြတ်တော့မည့်အလား တစတစနီးကပ်လာခဲ့သည်။

"ဒါဆိုရင် မင်းက နတ်ဆိုးဂိုဏ်းရဲ့ဂိုဏ်းချုပ်လေးတစ်ယောက်ပေါ့...အစကတော့ ငါက မင်းကို ဝမ်မိသားစု တစ်နေရာရာကနေဖိတ်ခေါ်ထားတဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်လို့ ထင်နေခဲ့တာ"

လုယွီက ရုတ်တရက် လေသံပြတ်ပြတ်နှင့် ပြောဆိုသည်။

ဤကဲ့သို့အစွမ်းထက်သော လက်သည်းနှင့် ရင်ဆိုင်နေရသည့်တိုင် လုယွီ၏မျက်နှာအမူအယာသည် မပြောင်းမလဲ တည်ငြိမ်နေဆဲပင်။

"မင်းက အရမ်းခေါင်းမာတယ်....ငါ မင်းကို သတ်ပြီးတာနဲ့ မင်းရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ရတနာတွေအားလုံးကို ငါ ယူသွားမယ်"

ကျူးယင်က အနည်းငယ်မျှ အလေးအနက်မထားချေ။

သူ အကျဥ်းထောင်အတွင်းသို့ ရောက်ရှိလာသည့်အချိန်တိုင်း ဤနေရာရှိ အကျဥ်းသားများသည် သူ့အား ထပ်ခါတလဲလဲ ကျိန်ဆဲကြလေ၏။ကျုးယင်သည် ဤအရာများကို ဂရုမစိုက်သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

"ကံဆိုးချင်တော့ မင်းမှာ အခွင့်အရေးမရှိတော့ဘူး....မင်းက ဒီလို မှော်မန္တန်လေးတွေနဲ့ ငါ့ကို လှောင်ပိတ်ထားချင်တာလား...ချိုးဖျက်စမ်း"

လုယွီက ရုတ်တရက် အော်ဟစ်လိုက်သည်။

ဘုန်း....

အကျဥ်းထောင်အတွင်းရှိလေဟာနယ် ပြင်းပြင်းထန်ထန် တုန်ခါသွားလေ၏။

အကျဥ်းထောင်အတွင်းရှိ လူများအားလုံးသည် ထိုအပြောင်းအလဲကို အာရုံခံမိသဖြင့် သူတို့၏မျက်လုံးအကြည့်များက ဆူညံသံထွက်ပေါ်လာရာနေရာသို့ ကျရောက်သွားတော့သည်။

Chapter 3432

ရုတ်ချည်းဆိုသလိုပင် လုယွီထံ ဦးတည်လာသော မှော်စွမ်းအားလက်သည်းကြီး ချက်ချင်းကြေမွှပျက်စီးသွားသည်။

ကျူးယင်သည် ထိုသို့ဖြစ်လာမည်ဟု မျှော်လင့်ထားမိပုံမရချေ။သူသည် ဤအချိန်အခိုက်အတန့်တွင် လုံးလုံးလျားလျား ကြက်သေသေသွားလေ၏။

သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ သူသည် ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူဖြစ်သဖြင့် သူ၏တုံ့ပြန်မှုသည် အလွန်အမင်းလျှင်မြန်သည်။

"ခွေးမသားလေး....မင်းမှာ တကယ့်ကို အရည်အချင်းတချို့ ရှိနေတာပါလား"

ကျူးယင်သည် ရုတ်ချည်းဆိုသလိုပင် ခြေလှမ်းအနည်းငယ်ခန့် နောက်သို့ဆုတ်ကာ အကျဥ်းခန်းနှင့် သူ့ကိုယ်သူ ဝေးကွာအောင် ပြုလုပ်လိုက်သည်။တစ်ချိန်တည်းမှာပင် သူ၏လက်ဖြင့် လက်စည်းတံဆိပ်တစ်ခုကိုဖွဲ့စည်းလိုက်ရာ အနက်ရောင်သရဲတစ္ဆေဓမ္မပုံရိပ်ယောင်ကြီးက သူ၏နောက်၌ ထွက်ပေါ်လာသည်။

ထိုသရဲတစ္ဆေပုံရိပ်ယောင်ကြီးတွင် မြွေခေါင်းကိုးလုံးရှိကာ မျက်လုံးများမှနေ၍ ထူးဆန်းသောအစိမ်းရင့်ရောင်အလင်းတန်းများ ဖြာထွက်နေပေ၏။ထိုအရာသည် အလွန်အမင်းနတ်ဆိုးဆန်ပြီး ထူးဆန်းသောဓမ္မပုံရိပ်ယောင်ကြီးပင်။

"မဆင်မခြင်မလုပ်နဲ့...အဲ့ဒီလူက ရက်စက်ကြမ်းကြုတ်တဲ့ စုန်းအတက်ကို ကျင့်ကြံတာ...သူ့ရဲ့မျက်လုံးတွေကို မကြည့်မိစေနဲ့"

အဖိုးအိုက လုယွီကို အလျင်စလို သတိပေးလေသည်။

တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်ဖြစ်ခဲ့သော သူ့အနေဖြင့် ဝမ်မိသားစု၏နယ်ရုပ်များအကြောင်းကို ကောင်းစွာသိနားလည်ထားသည်။

ကျူးယင်၏လက်အတွင်း၌ မရေမတွက်နိုင်သောလူများ သေဆုံးခဲ့ကြသည်။

"ဟား ဟား ဟား...အခုချိန်မှတော့ မင်း သူ့ကို ပြောချင်ရင်တောင် အရမ်းနောက်ကျသွားပြီ"

ကျူးယင်က ရယ်မောလိုက်၏။တစ်ချိန်တည်းမှာပင် သူ၏လက်မှ လက်စည်းတံဆိပ်များကို အဆက်မပြတ် ပြောင်းလဲလိုက်သည်။

မြွေခေါင်းကိုးလုံးမှနေ၍ ထူးဆန်းသောအနီရောင်အလင်းတန်းများ တပြိုင်နက်တည်း ဖြာထွက်လာကာ လုယွီကို စူးစိုက်၍ကြည့်နေကြသည်။

လေဟာနယ်အတွင်း၌ အနီရောင်အလင်းတန်းများက အရပ်မျက်နှာအဘက်ဘက်သို့ ဖြတ်သန်းသွားသည်။

စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံများက ပတ်ဝန်းကျင်ရှိ အကျဥ်းခန်းများမှ ထွက်ပေါ်လာသည်။

အကျဥ်းခန်းများအတွင်းရှိ အကျဥ်းသားတချို့သည် စပ်စုချင်စိတ်ဖြင့် ထိုမြွေခေါင်းများကို ကြည့်မိကြလေ၏။ရုတ်ချည်းဆိုသလိုပင် သူတို့၏ဦးနှောက်များကို ဆုတ်ဖြဲလိုက်သကဲ့သို့ ခံစားရကာ သူတို့၏စိတ်ဝိညာဥ်များ အလွန်အမင်း နာကျင်သွားသည်။

"ဟမ့်...ယုတ်ညံတဲ့နတ်ဆိုး...ပျက်ပြယ်သွားစမ်း"

မြွေခေါင်းများမှ အနီရောင်အလင်းတန်းများနှင့် ရင်ဆိုင်ရချိန်တွင် လုယွီသည် ထိတ်လန့်ကြောက်ရွံသွားခြင်းမရှိဘဲ အေးစက်စက် အော်ငေါက်လိုက်သည်။

သူ၏အော်သံနှင့်အတူ ကျယ်လောင်သောပေါက်ကွဲသံကြီးက လေထုအတွင်း၌ မြည်ဟီးသွားသည်။

ရှေးဟောင်းသိုင်းပညာသူတော်စင်၏ မြင့်မြတ်သောသစ္စာစကား....

တားမြစ်သင်္ကေတအက္ခရာများရှိနေခြင်းကြောင့် လုယွီသည် ယခုလက်ရှိချိန်၌ မည်သည့်မှော်မန္တန်ကိုမျှ အသုံးပြုနိုင်ခြင်းမရှိချေ။

သို့ရာတွင် ရှေးဟောင်းသိုင်းပညာသူတော်စင်၏ မြင့်မြတ်သောစွမ်းအားများအပေါ် ထိုတားမြစ်သင်္ကေတအက္ခရာများသည် သက်ရောက်နိုင်ခြင်းမရှိပေ။

လုယွီ၏အသံနှင့်အတူ အထက်ကိုးကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နက်နဲသိမ်မွေ့သော မိုးကြိုးတစ်စင်းကဲ့သို့ အသံကြီးက သရဲတစ္ဆေပုံရိပ်ယောင်ကြီးကို ချက်ချင်းရိုက်ခတ်သွားသည်။

ဘုန်း....

ရုတ်ချည်းဆိုသလိုပင် သရဲတစ္ဆေပုံရိပ်ယောင်ကြီး ကြေမွှပျက်စီးသွားလေ၏။

ကျူးယင်သည်လည်း သက်ရောက်ခြင်းခံရကာ သွေးပျက်ဖွယ်အော်သံကြီးနှင့်အတူ နောက်သို့လွင့်ထွက်သွားသည်။

ထိုသရဲတစ္ဆေပုံရိပ်ယောင်ကြီးသည် လုယွီအား ညှို့ငင်၍ သူ၏စိတ်ကို သက်ရောက်စေရန် ကြိုးစားခဲ့သည်။

သို့ရာတွင် လုယွီ၏စိတ်ဝိညာဥ်သည် အပြစ်အနာအဆာကင်းမဲ့လုနီးပါး ဖြစ်နေကြောင်းကို ကျူးယင်သည် မည်သို့သိရှိနိုင်မည်နည်း။ထို့ပြင် လုယွီသည် ရှေးဟောင်းခေတ်မှကျင့်ကြံနည်းများအတိုင်း ကျင့်ကြံထားသော သိုင်းပညာသူတော်စင်တစ်ယောက်ပင်။

ရှေးဟောင်းခေတ် အချိန်ကာလများအတွင်းတွင် သိုင်းပညာသူတော်စင်များကို သတ်ဖြတ်လိုသော စုန်းပညာရှင်တချို့ရှိခဲ့သော်လည်း သူတို့အားလုံး မအောင်မြင်ခဲ့ကြချေ။ထိုအစား သူတို့၏ဘဝသက်တမ်း ယုတ်လျော့သွားကာ နောက်ဆုံး၌ မိုးကောင်းကင်၏တန်ပြန်ရိုက်ခတ်ခြင်းကိုခံရပြီး သူတို့အားလုံး သေဆုံးသွားကြကာ သူတို့၏တာအိုသည်လည်း ပျောက်ကွယ်သွားတော့သည်။

ဘုံသုံးဘုံမှနေ၍ သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်သူများကို ဥပဒေသများဖြင့်ပင် ချုပ်နှောင်ထား၍မရချေ။ထို့ကြောင့် မှော်မန္တန်လေးတစ်ခုမျှဖြင့် လုယွီအပေါ် အနည်းငယ်မျှပင် သက်ရောက်စေခြင်းမရှိချေ။

အကယ်၍ ကျူးယင်သည် သာမာန်မှော်မန္တန်များကို ရွေးချယ်ခဲ့ပါက အချိန်အတိုင်းအတာတစ်ခုထိ တောင့်ခံနိုင်ပေမည်။သို့ရာတွင် သူသည် မှားယွင်းသောလမ်းကြောင်းကို ရွေးချယ်မိသဖြင့် ယခုကဲ့သို့ အဆုံးသတ်မျိုးနှင့် ရင်ဆိုင်ရခြင်းဖြစ်သည်။

"မကောင်းတော့ဘူး...ကောင်စုတ်လေး...မင်းရဲ့အင်္ကျီလက်စထဲမှာ ဝှက်ဖဲတွေ ရှိနေသေးတာပါလား"

ကျူးယွင်သည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသွားသဖြင့် နောက်သိ့ချာခနဲလှည့်ကာ ထွက်ပြေးခဲ့တော့သည်။

သူသည် ကျင့်ကြံခြင်းလောကတွင် အချိန်အတော်ကြာ ကျင်လည်ကျက်စားခဲ့သော မွန်းစတားအိုကြီးတစ်ကောင်ပင်။သူ့ရှေ့ရှိအခြေအနေသည် သူ မျှော်လင့်ထားသည်ထက် များစွာပို၍ ကျော်လွန်နေသည်။သူသည် ချက်ချင်းဆိုသလိုပင် နောက်သို့လှည့်၍ ထွက်ပြေးရန်ဟန်ပြင်လိုက်၏။

သူသည် အခြေအနေဆိုးရွားနေသဖြင့် ဤနေရာ၌ ဆက်မနေဝံ့တော့ချေ။

"သောက်ချေးပဲ...သောက်ချေးပဲ...ငါ့ရဲ့ဓမ္မပုံရိပ်ယောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တယ်...ငါ ပြန်ကောင်းလာဖို့ကို အနည်းဆုံးဆယ်ရက်ကျော်လောက် အချိန်ယူပြီးတော့ ကုသရလိမ့်မယ်....ဒီအချိန်အတောအတွင်းမှာ ငါ့ရဲ့စွမ်းအားတွေ တစ်ဝက်နီးပါးလောက် လျော့ကျသွားလိမ့်မယ်...အဲ့ဒီကောင်လေးမှာ အံ့အားသင့်ဖို့ကောင်းတဲ့ ရတနာတွေရှိနေတာ သေချာတယ်...သူက ငါ့ကို အကျဥ်းထောင်ထဲမှာတောင် ထိခိုက်နာကျင်အောင် လုပ်နိုင်တယ်"

ကျူးယင်က သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ကျိန်ဆဲလိုက်သည်။

Chapter 3433

ကျူးယင်သည် ထိုအကြောင်းကိုတွေးတောမိချိန်၌ သူ၏မျက်လုံးအတွင်း၌ လောဘအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

မှော်စွမ်းအားများကို ထည့်သွင်း၍ အသက်သွင်းခြင်းမပြုရဘဲ ဤကဲ့သို့ အစွမ်းထက်သောမှော်ရတနာမျိုးသည် မည်သည့်အဆင့်၌ ရှိနေနိုင်သည်နည်း...

ကျူးယင်၏စိတ်နှလုံးသားအတွင်း၌ ထိုရတနာအပေါ် လောဘတက်မှုများ တစတစ ပို၍ကြီးထွားလာသည်။

"ဒီလိုရတနာမျိုးကို အစွမ်းထက်တဲ့လူတွေကပဲ ပိုင်ဆိုင်သင့်တယ်...အဲ့ဒီကောင်လေးက ဒီလိုရတနာမျိုးကို ပိုင်ဆိုင်ဖို့ မထိုက်တန်ဘူး...သူနတ်ဆိုးလေကို အကြိမ်အနည်းငယ်လောက် ခံစားပြီးသွားတာနဲ့ အဲ့ဒီရတနာက ငါ့ရဲ့အပိုင်ဖြစ်လာမှာ သေချာတယ်"

ထိုအတွေးက သူ၏စိတ်အတွင်း၌ ထင်ဟပ်လာကာ ကျူးယင်သည် အကျဥ်းထောင်အတွင်းမှ ထွက်ခွာသွားရန် ဟန်ပြင်လိုက်တော့သည်။

ကျူးယင် ထွက်ပြေးသွားသည်ကိုကြည့်ပြီး ပတ်ဝန်းကျင်ရှိ အကျဥ်းခန်းများအတွင်းမှနေ၍ အံ့အားတသင့်အော်ဟစ်သံများ ထွက်ပေါ်လာပေ၏။

"တော်လိုက်တဲ့ ကောင်လေး...မင်းမှာ ခုလိုမျိုးအရည်အချင်းတွေ ရှိနေမယ်လို့ ငါ ထင်မထားမိဘူး....ခွေးအိုကြီး ကျုးယင်ကိုတောင် ဒဏ်ရာရအောင် မင်းက လုပ်နိုင်ခဲ့တယ်...ငါတို့ အရင်က မင်းနဲ့ပတ်သက်ပြီးတော့ အမြင်မှားခဲ့ကြတယ်"

"ကံဆိုးချင်တော့ အဲ့ဒီခွေးအိုကြီး လွတ်သွားတယ်...သူ နောက်တစ်ခေါက် ပြန်လာချိန်ကျရင် မင်းကို ရင်ဆိုင်ဖို့ အကွက်ချစီစဥ်လာမှာ သေချာတယ်...မင်း ဂရုစိုက်ရမယ်"

ပတ်ဝန်းကျင်ရှိအကျဥ်းခန်းများအတွင်းမှ အကျဥ်းသားများအားလုံး သက်ပြင်းရှိုက်လိုက်ကြသည်။

လုယွီသည် ဤနေရာသို့ ရောက်ရှိလာသည်မှာ မကြာမြင့်သေးချေ။သူ၏ခန္ဓာကိုယ်အတွင်းမှ သွေးချီများသည် နတ်ဆိုးလေကြောင့် ခမ်းခြောက်သွားခြင်း မရှိသေးသဖြင့် သူ ကျူးယင်အား ဒဏ်ရာရအောင်လုပ်နိုင်သည်မှာ အလွန်အံ့အားသင့်ဖွယ် မရှိပေ။

သို့ရာတွင် အချိန်များကုန်လွန်လာသည်နှင့်အမျှ လုယွီ၏ခန္ဓာကိုယ်အတွင်းမှသွေးချီများ တစတစ ခမ်းခြောက်သွားပေမည်။ထိုအချိန်ကျပါက သူ့အားစောင့်ဆိုင်းနေသောအရာမှာ တခြားအကျဥ်းသားများနှင့် များစွာကွဲပြားခြားနားခြင်း ရှိမည်မဟုတ်ချေ။

"သူ ထွက်ပြေးနိုင်မှာမဟုတ်ဘူး"

လုယွီက တည်ငြိမ်စွာပြောဆိုကာ သူ၏ရှေ့ရှိသံတိုင်များကို ဖမ်းဆုပ်လိုက်၏။

"မင်းရဲ့စွမ်းအားတွေကို မဖြုန်းတီးနဲ့...ဒီသံတိုင်တွေက အရမ်းထူးဆန်းတယ်...ဒါတွေကို နယ်ခြားသံနက်နဲ့ သွန်းလုပ်ထားတာ...အရင်က ဒီနေရာမှာ အကျဥ်းချခံရတဲ့ ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတွေလည်း ဒါကို မဖျက်ဆီးနိုင်ကြဘူး...ဒါက အသုံးဝင်မှာမဟုတ်ဘူး...."

အဖိုးအိုက လုယွီကို နားချလေသည်။

သို့သော် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ၏ပါးစပ်မှ ထွက်လုဆဲဆဲ စကားလုံးများကို ပြန်လည်၍မျိုသိပ်လိုက်သည်။

တောင်တန်းကြီးများတမျှ မာကျောခိုင်ခံသော သံတိုင်များသည် လုယွီ၏လက်အတွင်း၌ ကွေးညွတ်သွားလေပြီ။

ခရက်...ခရက်...ခရက်...

သံတိုင်များ အက်ကွဲစပြုလာသည်။ထိုအရာများသည် လုယွီ၏ခွန်အားကို အနည်းငယ်မျှပင် ခံနိုင်ရည်မရှိချေ။

ပတ်ဝန်းကျင်ရှိ အကျဥ်းခန်းများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။အကျဥ်းသားများအားလုံးသည် သူတို့ရှေ့ရှိမြင်ကွင်းကို ပါးစပ်အဟောင်းသားနှင့် စိုက်ကြည့်နေကြ၏။သူတို့၏မျက်လုံးကိုပင် သူတို့ မယုံကြည်နိုင်တော့ချေ။

သူတို့သည် ဤနေရာ၌ အကျဥ်းချခံထားရသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့် ထိုသံတိုင်များကို လှုပ်ယမ်းရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြဖူးသည်။

သို့ရာတွင် သူတို့ မည်မျှပင်ကြိုးစားနေပါစေ ဤသံတိုင်များကို အနည်းငယ်မျှပင် လှုပ်ခတ်နိုင်စွမ်းမရှိချေ။

လုယွီသည် ထိုသံတိုင်များကို လက်ဗလာသက်သက်ဖြင့် ဖျက်ဆီးခဲ့သလော....

ဤကဲ့သို့ပြုလုပ်ရန် မည်မျှထိကြီးမားသောခွန်အားမျိုး လိုအပ်သနည်း....

ဘန်း...

ဘန်းခနဲမြည်သံနှင့်အတူ လုယွီ၏ရှေ့ရှိ သံတိုင်များ ကြေမွှပျက်စီးသွားတော့သည်။

ထို့နောက် လုယွီသည် သံတိုင်များအကြားမှတိုးထွက်ကာ အကျဥ်းထောင်၏စင်္ကြန်လမ်းထံသို့ ရောက်ရှိသွားလေ၏။

ကျူးယင်သည် သူ၏နောက်မှ လှုပ်ရှားသံတစ်သံကို ကြားလိုက်ရသည်။သူသည် ရုတ်ချည်းဆိုသလိုပင် နောက်သို့ပြန်လှည့်ကြည့်လိုက်ရာ အကျဥ်းခန်းအတွင်းမှထွက်လာသော လုယွီကို တွေ့မြင်မိသည်။သူ၏မျက်နှာအမူအယာ ချက်ချင်း ပျက်ယွင်းသွားတော့သည်။

"မင်း ဘယ်လိုလုပ်ပြီးတော့ ထွက်လာတာလဲ"

ကျူးယင်က အံ့အားသင့်စွာ မေးမြန်းလိုက်၏။

လုယွီသည် အကျဥ်းခန်းအတွင်းမှ ထွက်လာနိုင်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။

အကျဥ်းခန်းရှိသံတိုင်များသည် တော်ဝင်နန်းတွင်းမှ စစ်သင်္ဘောများပြုလုပ်ရာတွင် အထူးသီးသန့်အသုံးပြုသော နယ်ခြားသံနက်ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ဘဏ္ဍာတိုက်များ၏တံခါးများကိုပင် ဤနယ်ခြားသံနက်ဖြင့် သွန်းလုပ်လေ့ရှိသည်။

"ခွေးမသားလေး...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ထွက်လာဝံ့တာလဲ...မင်း သေလမ်းရှာနေတာလား"

အကျဥ်းခန်းအတွင်းမှ ထွက်လာပြီးနောက် မှော်အက္ခရာများသည် လုယွီအပေါ် သက်ရောက်တော့မည်မဟုတ်ချေ။

သို့ရာတွင် ကျူးယင်သည် အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံခြင်းမရှိပေ။

သူသည် ရွှယ်အင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။ဤကဲ့သို့ လူငယ်တစ်ယောက်ကို ရင်ဆိုင်ရန်အတွက် သူ၏ခွန်အားသည် လုံလောက်သည်ထက် ပိုနေပေ၏။

"တကယ်တော့ မင်း ထွက်မလာသင့်ဘူး...အထဲမှာပဲ လိမ်လိမ်မာမာ နေသင့်တယ်...အဲ့ဒါဆိုရင် မင်း အချိန်နည်းနည်းလောက် ထပ်ပြီးအသက်ရှင်နိုင်အုံးမှာ....ဒါပေမယ့် အခု မင်း ထွက်လာပြီဆိုမှတော့ မင်းကို ဘယ်သူကမှ ကယ်တင်နိုင်တော့မှာ မဟုတ်ဘူး"

ကျူးယင်က အော်ဟစ်ကာ ရုတ်တရက် ကြွေခရားတစ်လုံးကို ထုတ်ယူလိုက်သည်။သူသည် ထိုကြွေခရားအတွင်းမှ သွေးစက်တစ်စက်ကိုထုတ်ယူကာ သူ၏လည်ချောင်းအတွင်းသို့ စီးဆင်းသွားစေသည်။

ထိုသွေးစက်သည် လုံးလုံးလျားလျား နက်မှောင်နေပြီး နတ်ဆိုးဆန်သောအရှိန်အဝါမျိုးကို ထုတ်လွှက်နေသည်။ထိုသွေးစက်အတွင်း၌ မရေမတွက်နိုင်သော နတ်ဆိုးစိတ်ဝိညာဥ်များ၏ ဖရိုဖရဲအတွေးများ ပါရှိနေသကဲ့သို့ပင်။

Chapter 3434

အနက်ရောင်သွေးစက်သည် သူ၏လည်ချောင်းအတွင်းသို့ ဝင်ရောက်သွားပြီးနောက် ကျူးယင်ထံမှနေ၍ ထူးဆန်းသောအက်ရှရှရယ်သံကြီး ထွက်ပေါ်လာသည်။

သူ၏မျက်နှာပေါ်တွင် အနက်ရောင်အမှတ်အသားများ ထင်ဟပ်လာသည်။

ထိုအမှတ်အသားများကိုကြည့်ရသည်မှာ မနှစ်မြို့ဖွယ်ဖြစ်ပြီး ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းနေကာ ယင်ကျုံး၏မျက်နှာကို လူရိုင်းတစ်ယောက်နှင့် တူညီသွားစေသည်။

"မင်း ဘယ်လိုမှော်ရတနာမျိုးကို အသုံးပြုတယ်ဆိုတာ ငါ မသိပေမယ့်....ငါ မင်းကို သတ်ပြီးသွားရင် မင်းရဲ့မှော်ရတနာတွေက ငါ့ရဲ့အပိုင်ဖြစ်လာမှာပဲ"

သူ စကားပြောဆိုသည်မှာနောက်ကျပြီး လှုပ်ရှားမှုက ပို၍လျှင်မြန်သည်။ကျူးယင်သည် စကားပြောဆို၍ ပြီးစီးသွားသောအချိန်မှာပင် လုယွီ၏နောက်သို့ ရောက်ရှိသွားလေပြီ။

"ဂရုစိုက်အုံး"

အနီးရှိအကျဥ်းခန်းများအတွင်းမှ အကျဥ်းသားများက အော်ဟစ်၍သတိပေးလေ၏။

သို့ရာတွင် ထိုသတိပေးမှုသည် နောက်ကျသွားလေပြီ။

ကျူးယင်၏လက်ယာဘက်လက်ဝါးသည် ရုတ်တရက် အနက်ရောင်သို့ ပြောင်းလဲသွားသည်။ထိုလက်ဝါးကို အစွမ်းထက်သော အေးစက်စက်အရှိန်အဝါတစ်ရပ်က လွှမ်းခြုံထားသည်။အနက်ရောင်မှော်စွမ်းအားစီးကြောင်းများက လှည့်ပတ်နေပြီး သူ၏လက်ဝါးအတွင်း၌ သိပ်သည်းသွားသည်။

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ထိုလက်ဝါးဖြင့် လုယွီကို ရိုက်နှက်လိုက်၏။

ဘန်း...

ခပ်အုပ်အုပ်အသံတစ်သံက လေထုအတွင်း၌ မြည်ဟီးသွားသည်။

အကျဥ်းခန်းများအတွင်းရှိ အကျဥ်းသားများသည် ကူကယ်ရာမဲ့စွာဖြင့် သူတို့၏မျက်လုံးများကို စုံမှိတ်လိုက်ကြသည်။

ကျူးယင်၏ခွန်အားနှင့်ပတ်သတ်ပြီး သူတို့သည် ရှင်းရှင်းလင်းလင်း သိရှိထားပေ၏။အကယ်၍ ဤလက်ဝါးရိုက်ချက်သာ တစ်စုံတစ်ယောက်ပေါ်သို့ ကျရောက်သွားပါက အေးစက်စက်ယင်ချီများသည် ထိုလူ၏အသက်စွမ်းအားကို ဖြတ်တောက်လိုက်ပေမည်။

အကျဥ်းထောင်အတွင်းတွင် ဤလက်ဝါးရိုက်ချက်အောက်၌ သေဆုံးခဲ့ရသော လူအမြောက်အများရှိသည်။

သို့ရာတွင် ကျူးယင်ကိုကြည့်ရသည်မှာ ပျော်ရွှင်ပုံမရချေ။

သူ၏မျက်နှာပေါ်၌ တစ်ချိန်လုံးရှိနေခဲ့သောအပြုံး ရုတ်တရက် အေးစက်တောင့်တင်းသွားသည်။

ကျုးယင်က သူ၏လက်ဝါးသည် သံမဏိပြားကြီးတစ်ခုနှင့် ရိုက်ခတ်မိသည့်အလား ခံစားရကာ ရှေ့သို့တစ်လက်မမျှပင် ဆက်မတိုးနိုင်တော့ချေ။

ထို့ပြင် သူ၏လက်ဝါးအတွင်းရှိ ယင်ချီများသည် သဘာဝအလျောက် တားဆီးကန့်သတ်နိုင်သော တစ်စုံတစ်ခုကို ထိတွေ့မိသည့်အလား တဖြည်းဖြည်းအရည်ပျော်စပြုလာသည်။

ဤသည်မှာ ရေခဲတုံးတစ်တုံးသည် တဟုန်းဟုန်းတောက်လောင်နေသောမီးတောက်များနှင့် ထိတွေ့မိခြင်းနှင့်တူညီကာ နောက်ဆုံးရလဒ်အနေဖြင့် ပျက်စီးခြင်းက ဆိုက်ရောက်လာခဲ့သည်။

"မင်း တိုက်ခိုက်လို့ ပြီးပြီလား"

လုယွီက နောက်သို့ပြန်လှည့်၍ မေးမြန်းကာ သူ၏မျက်လုံးများ အေးစက်တင်းမာနေလေ၏။

ကျူးယင်သည် သူ၏လက်ကို အားလှိုင်းတစ်ရပ်က ချုပ်ကိုင်ထားသကဲ့သို့ ခံစားရကာ သူ အနည်းငယ်မျှပင် ရှေ့သို့မတိုးနိုင်တော့ချေ။

"မင်း..."

အံ့အားသင့်သွားသော အရိပ်အယောင်များက ကျူးယင်၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။

ဤနေရာ၌ သူ မျှော်လင့်မထားမိသော တစ်စုံတစ်ခု ဖြစ်ပွားလာမည်ဟု သူ စိတ်ကူးယဥ်တွေးတောကြည့်ဖူးခြင်းပင်မရှိချေ။

လုယွီသည် မည်သည့်မှော်ရတနာကိုမျှ အသုံးပြုခြင်းမရှိပေ။သူ၏ကိုယ်ပိုင်ခွန်အားကသာ အမှန်တကယ် အစွမ်းထက်ဆုံးအရာဖြစ်သည်။

ကျူးယင်သည် အမှားအယွင်းတစ်ခုကို ကျူးလွန်ခဲ့မိလေပြီ။

မျက်တောင်တစ်ခတ်စာအချိန်မှာပင် ကျူးယင်သည် မည်သို့ဖြစ်ပျက်သွားသည်ကို တွေးတောနိုင်ခဲ့လေ၏။

လုယွီသည် လက်ဗလာဖြင့် သံတိုင်များကိုဖျက်ဆီးကာ ပြင်ပသို့ထွက်လာနိုင်ခဲ့ခြင်းအတွက် ရှင်းပြနိုင်သော နည်းလမ်းတစ်ခုသာရှိသည်။

"ဒါဆိုရင် မင်းက ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပေါ့...အစောပိုင်းက ငါတို့ကြားမှာ နားလည်မှုလွဲသွားတာပါ...ငါ့ကို လွှက်ပေးပါ...ငါ မင်းကို ဒီနေရာကနေ အပြင်ကိုထုတ်ပေးမယ်"

ရုတ်ချည်းဆိုသလိုပင် ကျူးယင်က ရွေးချယ်မှုပြုလုပ်လိုက်သည်။

သူ၏အကြည့်သည် သူ ခုခံကာကွယ်မှုအားလုံးကို အမှန်တကယ်စွန့်လွှတ်လိုက်သည့်အလား ရိုးသားဖြူစင်နေသည်။

"ဟမ့်...မရိုးသားတဲ့ စကားတွေနဲ့...."

လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။

ကျူးယင်သည် နောက်ကွယ်၌ အစွမ်းထက်သောမှော်မန္တန်တစ်ခုကို တိတ်တဆိတ်ပြင်ဆင်နေကြောင်း လုယွီက သတိပြုမိပြီးဖြစ်သည်။

ဤမှော်မန္တန်အား ရွတ်ဆိုရန်အတွက် အချိန်အလုံအလောက်ရှိရန် လိုအပ်သော်လည်း ထိုအရာ၏စွမ်းအားမှာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။

"ကိစ္စက ဒီလိုဖြစ်လာမှတော့ မင်း ငရဲကိုသွားလိုက်တော့"

သူ၏လှည့်ကွက်အား ဖော်ထုတ်ခံလိုက်ရသည်ကို မြင်တွေ့ချိန်တွင် ကျူးယင်၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားသည်။

ရက်စက်ကြမ်းကြုတ်သော အမူအယာက သူ၏မျက်နှာပေါ်၌ ထင်ဟပ်လာသည်။သူ၏နောက်ကျော၌ စုစည်းထားသော မှော်စွမ်းအားများသည် ကြီးမားသောလေဓားတစ်လက်အဖြစ် သိပ်သည်းသွားကာ လုယွီထံ ခုတ်ပိုင်းလိုက်၏။

ဝှစ်....

ထိုလေဓားသည် စူးရှသောလေတိုးသံများနှင့် အတူယှဥ်တွဲ၍ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

လုယွီ၏ရှေ့၌ ဆယ်မီတာခန့်ကျယ်ပြန့်သော လေဓားတစ်လက် ရုတ်တရက် ထွက်ပေါ်လာကာ သူ့ထံဦးတည်၍ ပြင်းပြင်းထန်ထန် ကျရောက်လာသည်။

ထိုလေဓားသည် ကျူးယင်၏နောက်ကျော၌ ကွယ်ဝှက်နေခဲ့ခြင်းဖြစ်သည်။အစပထမတွင် ထိုအရာကို မည်သူကမျှ သတိမပြုမိချေ။ထိုအရာသည် အလွန်လှည့်ကွက်များပြီး ထူးဆန်းနေသဖြင့် လူအများကို သတိလက်လွတ်ဖြစ်စေပေ၏။

"တကယ်လို့ ငါ မင်းကို သတ်လိုက်ရင်လည်း...ငါ အပြင်ကိုထွက်လို့ ရပြီလေ"

ထိုကြီးမားသောလေဓားကြီးနှင့် ရင်ဆိုင်ရသည့်တိုင် လုယွီသည် တည်ငြိမ်နေဆဲပင်။

နဂါးဟိန်းသံတစ်သံက ရုတ်တရက် သူ၏ရင်ဘတ်မှထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

လုယွီသည် ရုတ်တရက် သူ၏ပါးစပ်ကိုဖွင့်ဟကာ ကျူးယင်ကိုစူးစိုက်ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

Chapter 3435

ဝေါင်း....

မှောင်မိုက်သောအကျဥ်းထောင်အတွင်း၌ နဂါးဟိန်းသံတစ်သံက ရုတ်တရက် မြည်ဟီးသွားသည်။

ထိုနဂါးဟိန်းသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားခြင်းနှင့်အတူ အလွန်အမင်းပြင်းထန်သော အရှိန်အဝါတစ်ရပ်ကြောင့် အကျဥ်းထောင်အတွင်းရှိ အမှောင်ထုကြီး ပျက်ပြယ်သွားတော့သည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ်....နတ်ဘုရားနဂါးဟိန်းသံ....

ကျူးယင်သည် နတ်ဆိုးတာအိုကျင့်ကြံနည်းစနစ်များကို ကျင့်ကြံသူဖြစ်သဖြင့် သူသည် ယန်စွမ်းအင်ကြွယ်ဝသော ကျင့်ကြံနည်းစနစ်များကို အကြောက်ရွံဆုံးဖြစ်သည်။ဤအချိန်အခိုက်အတန့်၌ ကြွက်တစ်ကောင်သည် ကြောင်တစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလားပင်။သူသည် မြေပြင်ပေါ်၌ ကွေးကောက်တွန့်လိမ်နေကာ သူ၏ခန္ဓာကိုယ်မှနေ၍ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်နေသည်။

"အား....အရမ်းနာတယ်...ဒါက နာလိုက်တာ...."

ကျူးယင်သည် မြေပြင်ပေါ်၌ လူးလိမ့်နေဆဲပင်။သူ၏ခန္ဓာကိုယ်မှ အနက်ရောင်အခိုးအငွေ့များ အဆက်မပြတ်ထွက်ပေါ်နေကာ အနည်းငယ်မျှပင် ရပ်တန့်သွားခြင်းမရှိချေ။

ထိုအနက်ရောင်အခိုးအငွေ့များ ပျက်ပြယ်သွားချိန်တွင် ကျူးယင်၏ခန္ဓာကိုယ် သိသိသာသာကျုံသွားသည်။သူ၏ကျင့်ကြံဆင့်နယ်ပယ်သည်လည်း လျော့ကျသွားလေ၏။

ရှေးဟောင်းခေတ်အချိန်ကာလများအတွင်းတွင် သိုင်းပညာသူတော်စင်များ၏ အော်သံတစ်သံဖြင့်ပင် မိုင်အနည်းငယ်အတွင်းမှ နတ်ဆိုးကျင့်ကြံသူများအားလုံးကို သတ်ဖြတ်နိုင်သည်။ထို့ကြောင့် ရှေးဟောင်းခေတ်အချိန်ကာလအတွင်း၌ လူသားများစုဝေးနေထိုင်သောနေရာများတွင် သိုင်းပညာသူတော်စင်တစ်ယောက်သည် နယ်မြေအကျယ်အဝန်းတစ်ခုအတွင်းမှ သက်ရှိများအားလုံး၏ ကာကွယ်စောင့်ရှောက်သူပင်။

ထို့ပြင် ယခုချိန်၌ ကျူးယင်သည် လုယွီနှင့် တိုက်ရိုက်ရင်ဆိုင်ရခြင်းဖြစ်ရာ သန့်စင်သောယန်စွမ်းအင်များကို အနီးကပ်ခံစားလိုက်ရသည်။

ကျူးယင်၏ခန္ဓာကိုယ်အရေပြားများမှ ပြည်များယိုစီးကျလာကာ သူ၏လက်မှ သွေးများတစိမ့်စိမ့်ထွက်လာသည်။

ဤအချိန်အခိုက်အတန့်တွင် သူ၏သွေးချီများကို ထပ်မံ၍ ထိန်းသိမ်းထားနိုင်ပုံ မရှိတော့ချေ။

"စီနီယာ...ငါ မှားသွားပါတယ်...စီနီယာ ငါက မျက်လုံးကန်းသွားပြီးတော့ ထိုက်တောင်ကြီးကို မမြင်ခဲ့မိဘူး...ကျေးဇူးပြုပြီးတော့ သဘောထားကြီးပေးပါ"

ကျူးယင်သည် စတင်၍ အသနားခံတောင်းပန်လေ၏။

မည်သည့်မျိုးဆက် မည်သည့်အသက်အရွယ်မဆို အကြွင်းမဲ့ခွန်အားနှင့်ရင်ဆိုင်ရချိန်တွင် ထိုအရာများအားလုံးသည် မသိသာမထင်ရှားတော့ချေ။

ယခုလက်ရှိချိန်တွင် လုယွီထံ၌ သူ့အားသတ်ဖြတ်နိုင်သော ခွန်အားမျိုးရှိနေသည်။မည်သည့် ကိစ္စမျိုးရှိနေပါစေ ကျူးယင်သည် လုယွီ၏ရှေ့၌ မဆင်မခြင်မလုပ်ဆောင်ဝံ့ချေ။

ကျူးယင်၏အမြင်အရ လုယွီသည် မှော်ရတနာနှင့်ကံကောင်းမှုကို မှီခိုအားထားကာ သူ့အား အနိုင်ယူနိုင်ခဲ့သည့် လူငယ်တစ်ယောက် မဟုတ်တော့ပေ။ဆန့်ကျင်ဘက်အနေဖြင့် လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်နက်နဲသိမ်မွေ့နေသည်။ထို့ကြောင့် သူသည် လုယွီ၏အစစ်အမှန်ခွန်အားကို ထွင်းဖောက်မြင်နိုင်ခြင်းမရှိချေ။

"မင်း ငါ့ကို သတ်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်တုန်းက....အကျိုးဆက်တွေကို မင်း စဥ်းစားခဲ့သင့်တယ်"

လုယွီသည် သူ့အား အာရုံစိုက်ခြင်းလည်းမရှိ ထပ်မံ၍တိုက်ခိုက်ခြင်းလည်းမရှိချေ။

နတ်ဘုရားနဂါးဟိန်းသံမှ သမာဓိချီစွမ်းအားများသည် ကျူးယင်၏ခန္ဓာကိုယ်တွင်းအင်္ဂါများထိ စိမ့်ဝင်၍နေလေပြီ။

ဤစွမ်းအားများသည် ကျူးယင် သေဆုံးသွားစေရန် လုံလောက်ပေ၏။

လုယွီသည် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မလိုအပ်တော့ပေ။ကျူးယင်၏အသံ တစတစတိုးသွားကာ သူ၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်၌ ကွေးကောက်နေရာမှ အနည်းငယ်မျှပင် လှုပ်ရှားမှုမရှိတော့ချေ။

ကျူးယင် သေဆုံးသွားလေပြီ။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ပတ်ဝန်းကျင်ရှိ အကျဥ်းခန်းများအတွင်းမှ အကျဥ်းသားများအားလုံးသည် သူတို့ရှေ့ရှိမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် စူးစိုက်၍ကြည့်နေကြ၏။

သူတို့အားလုံးသည် ကျူးယင်၏ခွန်အားကို ကောင်းစွာသိရှိထားသည်။

သူသည် ဝမ်မိသားစု၏ အဆင့်မြင့်အကြီးအကဲတစ်ယောက်ပင်။သူသည် ဝမ်ခန်း၏နံဘေး၌ လိုက်ပါစောင့်ရှောက်ရသူဖြစ်ပြီး ဝမ်မိသားစု၏အားအထားရဆုံးလက်ပါးစေလည်းဖြစ်သည်။

ဤနေရာတွင် ကျူးယင်၏ဖမ်းဆီးခြင်းကိုခံရသော လူ မည်မျှထိများများ ရှိနေသည်ကို မည်သူမျှမသိနိုင်ချေ။

သာမာန်အခြေအနေမျိုးတွင် အလွန်မောက်မာရိုင်းစိုင်းသော ကျူးယင်သည် ဤနေရာတွင် မရှုမလှသေဆုံးသွားရမည်ဟု မည်သူမျှ မျှော်လင့်မထားမိကြချေ။

"သူ ခုဏအော်လိုက်တဲ့အချိန်မှာ ငါ့ရဲ့စိတ် ဗလာဟင်းလင်းဖြစ်သွားသလိုမျိုး ခံစားမိတယ်....ဒါက ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးရဲ့ အသံလိုပဲ...ငါ ဒါမျိုးကို အရင်က ဘယ်တုန်းကမှ မကြားခဲ့ဖူးဘူး...ကြည့်ရတာတော့ ဒီကောင်လေးရဲ့နောက်ခံက ရိုးရှင်းပုံမရဘူး"

"သူက ဘယ်အင်အားစုရဲ့လူငယ်မျိုးဆက်သစ်လဲဆိုတာ ငါ သိချင်မိတယ်...ငါတို့ ဒီနေရာမှာ အကျဥ်းချခံထားရတာ အရမ်းကြာနေပြီ...ဘယ်အချိန်ကစပြီးတော့ ပြင်ပလောကမှာ ဒီလိုပါရမီရှင်လူငယ်မျိုး ထွက်ပေါ်လာပါလိမ့်"

အကျဥ်းခန်းအတွင်းရှိလူများသည် စတင်၍ အချင်းချင်း တိုင်ပင်ဆွေးနွေးလိုက်ကြသည်။

"မိတ်ဆွေလေး....မင်းရဲ့ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်...ဒီတစ်ကြိမ် မင်း ကူညီပေးခဲ့တာကို ငါ ဘယ်တော့မှမေ့မှာမဟုတ်ဘူး"

အဖိုးအိုသည် မတ်တတ်ထရပ်ကာ လုယွီ အစောပိုင်းက ချိုးဖျက်ခဲ့သော အပေါက်နေရာမှနေ၍ ပြင်ပသို့ထွက်လာသည်။

အကျဥ်းခန်းအတွင်းမှထွက်လာပြီးနောက် သူသည် ဒယိမ်းဒယိုင်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားလေ၏။သို့ရာတွင် သူ၏မျက်နှာပေါ်၌ စိတ်လှုပ်ရှားနေသော အမူအယာမျိုး ထင်ဟပ်နေဆဲပင်။

ဤအကျဥ်းခန်းအတွင်းမှ ထွက်လာနိုင်သည်မှာ သူသည် မှော်အက္ခရာများ၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားပြီဟု ဆိုလိုခြင်းပင်။

All Chapters