အခန်း (၃၄၄၆-၃၄၅၀)
Vol. 176 Ch. 3446-3450
Chapter 3446
ဝမ်ခန်းသည် အလွန်ဒေါသထွက်သွားကာ အဆင့်မြင့်အကြီးအကဲတစ်စုကို ဦးဆောင်၍ အနောက်ဘက်ခြံဝန်းထံသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်သည်။
သူတို့၏အရှိန်နှုန်းသည် အလွန်လျှင်မြန်သဖြင့် သူတို့သည် အနောက်ဘက်ခြံဝန်းနှင့် နီးကပ်သွားလေပြီ။
သို့ရာတွင် ထိုအချိန်မှာပင် ကျယ်လောင်သောအသံကြီးတစ်သံ အနောက်ဘက်ခြံဝန်းထံမှ မြည်ဟီးလာသည်။သူတို့အားလုံး ချက်ချင်းဆိုသလိုပင် ကြက်သေသေသွားကြ၏။
"ဟား ဟား ဟား...ဝမ်မိသားစု...မင်းတို့အားလုံး စောင့်နေကြစမ်း...ငါ့ရဲ့ခွန်အားတွေ ပြန်ရတာနဲ့...ငါ မင်းတို့ကို မြှုပ်နှံ့စရာမြေမရှိဘဲ သေရအောင် လုပ်ပြမယ်"
လူတစ်စုသည် အနောက်ဘက်ခြံဝန်းထံမှ တဟုန်ထိုး ပြေးထွက်လာသည်။သူတို့သည် ယခင်က ဤနေရာတွင် ဖမ်းဆီးခြင်းခံထားရသော အကျဥ်းသားများပင်။
ယခုချိန်တွင် သူတို့အားထိန်းချုပ်ဟန့်တားထားသော မှော်ဝင်္ကပါသည် လုံးလုံးလျားလျားပျောက်ကွယ်သွားပြီဖြစ်သဖြင့် သူတို့သည် လွတ်လပ်မှုကို ပြန်လည်ရရှိသွားကြလေပြီ။
အကျဥ်းသားများသည် လွတ်မြောက်သွားပြီးနောက် ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးလိုက်ကြ၏။
"မကောင်းတော့ဘူး....သူတို့ကို ဟန့်တားလိုက်ကြစမ်း"
အကျဥ်းသားများ လွတ်မြောက်သွားသည်ကိုမြင်တွေ့ချိန်၌ ဝမ်ခန်းသည် တစ်စုံတစ်ခုမှားယွင်းနေခြင်းအား သတိပြုမိသွားသည်။
အနောက်ဘက်ခြံဝန်းအတွင်း၌ အကျဥ်းချခံထားရသူအများစုသည် ပြင်ပလောကတွင် ကြာရှည်စွာပျောက်နေသည်ဟု မှတ်တမ်းတင်ထားခံရသူများ သို့မဟုတ် သေလူများဟု စာရင်းသွင်းခံထားရသူများဖြစ်သည်။
သူတို့သည် အကျဥ်းထောင်အတွင်း၌ ပြင်းထန်သောညှင်းပန်းနှိပ်စက်မှုများကို ခံစားခဲ့ရသဖြင့် ဝမ်မိသားစုကို အရိုးထိနက်အောင် မုန်းတီးနေကြသည်။ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံး လွတ်လပ်မှုကိုပြန်လည်ရရှိသွားသဖြင့် ဝမ်မိသားစုထံဦးတည်ကာ အော်ဟစ်ကြွေးကြော်ခြင်းမပြုဘဲ မနေနိုင်ကြတော့ချေ။
အဆင့်မြင့်အကြီးအကဲများသည်လည်း ချက်ချင်းဆိုသလိုပင် ရှေ့သို့တိုးကာ သူတို့ရှေ့ရှိ အကျဥ်းသားတစ်စုကို ဖမ်းဆီးရန်အတွက် ပြင်ဆင်လိုက်ကြသည်။
အဆင့်မြင့်အကြီးအကဲများသည် မှော်မန္တန်များကို အဆက်မပြတ်ရွတ်ဆိုလိုက်ကြ၏။ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ယံအတွင်း၌ စီးဆင်းနေသောအလင်းတန်းများဖြင့် ပြည့်နှက်သွားတော့သည်။မှော်စွမ်းအားများသည် မြောက်မြားစွာသော သံကြိုးကြီးများအဖြစ်ပြောင်းလဲသွားကာ အကျဥ်းသားများအားလုံးကို ဖမ်းချုပ်ရန်ရည်ရွယ်ထားသည်။
သို့ရာတွင် ထိုမှော်မန္တန်များ ကျရောက်လာလုဆဲဆဲအချိန်မှာပင် သူတို့ရှေ့ရှိ မြင့်မားသောတောင်ကြီးတစ်လုံး ရုတ်တရက် ကြေမွှပျက်စီးသွားတော့သည်။
ကြီးမားသောမှော်စွမ်းအင်လက်ဝါးကြီးသည် မြေစိုင်များအကြားမှ ဖြတ်သန်းလာကာ ထိုမှော်မန္တန်များအားလုံးကို ပိတ်ဆို့ဟန့်တားလိုက်သည်။
ထို့နောက် ထိုမှော်စွမ်းအင်လက်ဝါးကြီးသည် လက်သီးတစ်ခုအသွင်သို့ ပြောင်းလဲသွားကာ အဆင့်မြင့်အကြီးအကဲတချို့ထံသို့ ပြင်းပြင်းထန်ထန် တိုးဝင်သွားသည်။
ဝုန်း....
"ဒီနေရာမှာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ရှိနေတယ်...မကောင်းတော့ဘူး"
လက်ရှိနေရာတွင်ရှိနေသော အဆင့်မြင့်အကြီးအကဲများသည် ထိတ်လန့်တကြားအော်ဟစ်ကာ အဆက်မပြတ် နောက်သို့ဆုတ်လိုက်ကြ၏။
ဤလက်ဝါး၏အရှိန်အဝါသည် မိုးထိလုမတတ်မြင့်မားနေသည်။ဤစွမ်းအားကို သူတို့တောင့်ခံနိုင်ရန်မှာ လွန်စွာအလှမ်းကွာဟသည်။
အဆင့်မြင့်အကြီးအကဲများအားလုံး အလျင်စလို နောက်ဆုတ်လိုက်ကြသည်။ဧရာမလက်ဝါးပုံရိပ်ယောင်ကြီးသည် မိုးကောင်းကင်နှင့်နေရောင်ကိုပင် ပိတ်ဖုံးလုမတတ် အလွန်ကြီးမားလေရာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ကျရောက်လာသဖြင့် ကြီးမားသောချိုင့်ကြီးတစ်ခု ထွက်ပေါ်လာသည်။
မြေမှုန့်များ ပျက်ပြယ်သွားချိန်တွင် ကြီးမားသောလက်ဝါးရာကြီးတစ်ခုက မြေပြင်ပေါ်၌ စွဲထင်ကျန်ရစ်ခဲ့သည်။မီးခိုးငွေ့များနှင့်ဖုန်မှုန့်များသည် ထိုအရာအတွင်းမှနေ၍ တထောင်းထောင်းထနေလေ၏။
အဆင့်မြင့်အကြီးအကဲများအားလုံး လေအေးတစ်ချက်စီ ရှိုက်သွင်းလိုက်ကြသည်။
ဤသည်မှာ မည်သည့်စွမ်းအားမျိုးဖြစ်သနည်း....
ရုတ်တရက် ဝမ်ခန်းသည် လေထုအတွင်း၌ပျံသန်းနေသော လုယွီ၏ပုံရိပ်ကို မြင်တွေ့မိသည်။ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်တစ်ခုက သူ၏မျက်နှာပေါ်၌ ထင်ဟပ်လာသည်။
"ဒါကို မင်း လုပ်တာလား"
လုယွီသည် သူ၏လက်ကိုရှေ့သို့တွန်းထုတ်သည့် လက်ဟန်သင်္ကေတမျိုးပြုလုပ်ထားသဖြင့် အစောပိုင်းက လက်ဝါးပုံရိပ်ယောင်ကြီးသည် သူ၏လက်ချက်ဖြစ်နေသည့်အလားပင်။
ဝမ်ခန်း၏အမြင်အရ လုယွီထံတွင် သိုဝှက်ထားသော ကျင့်ကြံနည်းစနစ်များ သို့မဟုတ် ရတနာတချို့ ရှိနေနိုင်သည်။
မူလက သူသည် လုယွီကို နတ်ဆိုးလေဖြင့် အချိန်အတိုင်းအတာတစ်ခုထိ ညှင်းပန်းနှိပ်စက်ရန် ကြံရွယ်ခဲ့သည်။ထို့နောက်မှ သူသည် အကျဥ်းထောင်အတွင်းသို့သွား၍ လုယွီကို ညှင်းပန်းနှိပ်စက်ပေမည်။မည်သို့ပင်ဆိုစေကာမူ တိုက်ပွဲစင်မြင့်ပေါ်မှ လုယွီ၏လုပ်ဆောင်ချက်များသည် သူ၏စိတ်အတွင်း၌ ကွက်ကွက်ကင်းကင်းရှိနေဆဲပင်။အကယ်၍ လုယွီထံတွင် စွမ်းအားတချို့ ကျန်ရှိနေသေးပါက သူ့ထံမှနေ၍ တစ်စုံတစ်ခုကိုနှိုက်ထုတ်ရန် လွန်စွာခက်ခဲပေမည်။
မူလက လုယွီကို အတွင်း၌ အခိုင်အမာအကျဥ်းချထားနိုင်မည်ဟု သူ တွေးထင်ခဲ့သည်။
လုယွီသည် ဤကဲ့သို့ကြီးမားသောရုတ်ရုတ်သဲသဲကိစ္စမျိုးကို ဖန်တီးနိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။
"ခွေးမသားလေး....အရင်ကတည်းက ငါ မင်းကို သတ်လိုက်သင့်တာ"
ဝမ်ခန်း၏စိတ်နှလုံးသားအတွင်း၌ နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။သူသည် လုယွီကို လိုက်လံဖမ်းဆီးရန် သူ၏လက်အောက်ငယ်သားများကို အလျင်အမြန် အမိန့်ပေးလိုက်၏။
ကံအကြောင်းမလှစွာဖြင့် လုယွီနှင့်တခြားလူများသည် အကျဥ်းထောင်အတွင်းမှ ထွက်ခွာပြီးဖြစ်သည်။မည်သည်ကြောင့် သူတို့အား လွယ်လင့်တကူ ပြန်လည်၍ဖမ်းဆီးနိုင်မည်နည်း။
အကျဥ်းသားများသည် လွတ်လပ်မှုကို ပြန်လည်၍ရရှိသွားပြီဖြစ်သဖြင့် သူတို့၏ခွန်အားကုန်အသုံးပြု၍ ရှေ့သို့တရကြမ်းပြေးထွက်သွားကြလေရာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတို့သည် အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားလေပြီ။
ဝမ်ခန်းသည် သူ၏လူများအား ထိုအကျဥ်းသားများကို လိုက်လံဖမ်းဆီးစေသော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြန်လည်ဖမ်းဆီးမိခြင်းမရှိချေ။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီအပါအဝင် အကျဥ်းသားများအားလုံးသည် အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
"သခင်လေး...အဲ့ဒီလူတွေကို ထပ်ပြီးဖမ်းမနေနဲ့တော့...ရတနာသစ်ပင် ဘယ်လိုဖြစ်သွားပြီလဲဆိုတာ သွားကြည့်ကြရအောင်"
အဆင့်မြင့်အကြီးအကဲများအနက်မှတစ်ယောက်က အလျင်စလို ပြောဆိုသည်။
ဝမ်ခန်းသည် ဤကိစ္စ၏အရေးကြီးပုံကို ကောင်းစွာသိရှိပေ၏။
သူသည် အနောက်ဘက်ခြံဝန်းအတွင်းသို့ အလျှင်အမြန်ပြေးဝင်၍ စစ်ဆေးလိုက်သည်။မမျှော်လင့်ဘဲ မူလက ဤနေရာရှိ မနှစ်မျို့ဖွယ်မြင်ကွင်း ပြောင်းလဲသွားသည်ကို သူ မြင်တွေ့လိုက်ရသည်။
Chapter 3447
မြင့်မြတ်သောအရှိန်အဝါတစ်ရပ်က မှောင်မည်းနေသောလှိုဏ်ဂူအတွင်း၌ လှည့်ပတ်နေသည်။
သူ ယခင်က ဤလှိုဏ်ဂူအတွင်းသို့ ရောက်လာစဥ်တိုင်း သူ၏နောက်ကျောတွင် တောင်တစ်လုံးဖိစီးထားသည့်အလား မနှစ်မျို့ဖွယ်အငွေ့အသက်များကို ခံစားရသည်။
သို့ရာတွင် ယခုချိန်၌ သူ ဤနေရာသို့ဝင်လိုက်စဥ်တွင် ဘုရားကျောင်းတစ်ခုအတွင်းသို့ ရောက်ရှိသွားသည့်အလား ခံစားမိလေ၏။သူ၏နံဘေးပတ်ဝန်းကျင်တွင် နတ်ဘုရားများက ဝိုင်းရံထားသည့်အလား မြင့်မြတ်ပြီး တည်ကြည်လေးနက်သောအရှိန်အဝါမျိုးကို သူ ရရှိနေသည်။
"မဟုတ်ဘူး....မဟုတ်ဘူး"
ဝမ်ခန်းသည် အလျှင်အမြန် ရှေ့သို့လျှောက်လှမ်းသွားလိုက်သည်။
သက်ရှည်သစ်သီးပင် ယခင်က ရှိနေခဲ့သောနေရာတွင် နက်ရှိုင်းသောချိုင့်ကြီးတစ်ခု ရှိနေသည်။
ထိုသစ်ပင်ကို တစ်စုံတစ်ယောက်သည် အမြှစ်မှဆွဲနှုတ်သွားခြင်းဖြစ်ကာ အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားလေပြီ။
သက်ရှည်သစ်သီးပင်ကို စောင့်ကြပ်နေသော နတ်ဆိုးသက်ရှိများကိုလည်း မမြင်တွေ့ရတော့ချေ။
"ခွေးမသားပြဿနာကောင်...ဒါက သူ့လက်ချက်ပဲ ဖြစ်ရမယ်...ငါ့ရဲ့ကံကြမ္မာကောင်းကြီးကို ဖျက်ဆီးသွားတာ သူပဲဖြစ်မယ်"
ဝမ်ခန်း၏ခေါင်း မူးဝေသွားကာ သူ၏မျက်လုံးများ ချက်ချင်းဆိုသလိုပင် သွေးနီရောင်သန်းသွားသည်။
ဤသစ်ပင်ပေါက်ကို ဝမ်မူကျီးသည် အခက်အခဲအမျိုးမျိုးကို ဖြတ်ကျော်၍ ရှာဖွေထားခြင်းဖြစ်ပေ၏။
ရှေးဟောင်းကျမ်းစာများအရ ဤသစ်ပင်သည် သက်ရှည်သစ်သီးပင် ဖြစ်နိုင်ချေများသည်။
ကောင်းကင်ဘုံနယ်မြေအတွင်း၌ တစ်စုံတစ်ယောက်၏ဘဝသက်တမ်းကို တိုးမြှင့်ပေးနိုင်သော ရတနာဟူ၍ အနည်းစုသာရှိသည်။အကယ်၍ ဘဝသက်တမ်းကို မြှင့်တင်ပေးနိုင်သော ရတနာတစ်ခုရှိနေသည်ဟူသော သတင်းသာပျံ့နှံ့သွားပါက ကောင်းကင်ဘုံနယ်မြေရှိအင်အားစုများသည် ထိုအရာကိုရရှိရန် တိုက်ခိုက်လုယက်ကြပေမည်။
ထို့ကြောင့် ဝမ်မိသားစုသည် သိုသိုသိပ်သိပ်နေကာ သက်ရှည်သစ်သီးပင်ကို အနောက်ဘက်တောင်ရှိ ထူထပ်သိပ်သည်းသော တောအုပ်အကြားတွင်စိုက်ပျိုးကာ ဂရုတစိုက်မြေတောင်မြှောက်ခဲ့သည်။
မူလက အရာရာတိုင်းသည် သူတို့၏အစီအစဥ်တွင်းသာ ရှိနေပေ၏။
သက်ရှည်သစ်သီးသည် တစ်စုံတစ်ယောက်၏ဘဝသက်တမ်းကို မြှင့်တင်ပေးနိုင်ရုံသာမက ရိုးတွင်းခြင်ဆီကို ဆေးကြောသန့်စင်ပြီး တစ်စုံတစ်ယောက်၏ပါရမီကိုပြောင်းလဲကာ ထိုလူ၏ရှေ့အလားအလာကို လုံးလုံးလျားလျား မြှင့်တင်ပေးနိုင်သည်။
သက်ရှည်သစ်သီးပင် ရင့်သန်လာချိန်၌ ဝမ်မူကျီးသည် ဤှရတနာကို အမှီပြု၍ ကောင်းကင်ဘုံနယ်မြေအတွင်းရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများစာရင်းသို့ ဝင်ရောက်နိုင်ပေမည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ အရာအားလုံး ပြီးဆုံးသွားလေပြီ။
"သခင်လေး....ငါတို့ ကျူးယင်ရဲ့အလောင်းကို ရှာတွေ့ထားတယ်...သူ့ရဲ့အသွေးအသားတွေအားလုံး လုံးဝခမ်းခြောက်နေပြီ"
အဆင့်မြင့်အကြီးအကဲတစ်ယောက်က သူ၏လက်ဖြင့် ခြောက်ကပ်နေသောအလောင်းတစ်လောင်းကို သယ်ဆောင်လာကာ ပြောဆိုသည်။
ထိုအလောင်း၏ခန္ဓာကိုယ်၌ မည်သည့်သွေးမျှ မရှိတော့ချေ။ဤသည်မှာ အရိုးစုတစ်ခုအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲနေလေပြီ။သို့ရာတွင် အလောင်းပေါ်ရှိ အဝတ်အစားများမှတဆင့် မည်သူမည်ဝါဖြစ်သည်ကို ပြောဆိုနိုင်ပေ၏။
"လာကြစမ်း...ရှီးလျန်မြို့ကိုပိတ်ပြီးတော့ မြို့တစ်မြို့လုံးကို ရှာဖွေကြစမ်း...သူတို့အားလုံးကို ဖမ်းဆီးရမယ်"
ဝမ်ခန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ယခုချိန်တွင် သူ လုံးလုံးလျားလျား အသိစိတ်လွတ်ကင်းနေလေပြီ။
ဤသည်မှာ ဝမ်မိသားစု၏အဖိုးတန်ဆုံးရတနာဖြစ်ပြီး သူ့ရှေ့မှာပင် အမှန်တကယ်ကို ပျောက်ကွယ်သွားခဲ့သည်။
ဤသည်က သူ အကြွင်းမဲ့ သည်းခံနိုင်ခြင်းမရှိသော ကိစ္စတစ်ရပ်ပင်။
ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၏လှုပ်ရှားမှုများသည် အလွန်အမင်း လျှင်မြန်ပေ၏။
ဝမ်မိသားစုထံမှအမိန့်ကို ရရှိပြီးနောက် သူတို့သည် မြို့အတွင်းရှိ ကူးပြောင်းရေးဝင်္ကပါများနှင့်မြို့တံခါးများအားလုံးကို ပိတ်ဆို့လိုက်ကြသည်။ရှီးလျန်မြို့၏အထက်ကောင်းကင်ယံတွင် မြို့အကာအကွယ်ဝင်္ကပါကြီး၏အလင်းလွှာတစ်လွှာက လွှမ်းခြုံသွားသည်။
မြို့၏လမ်းမကြီးပေါ်ရှိ နေရာအနှံ့အပြားတွင် ဝရမ်းစာရွက်များကို ကပ်ထားလေ၏။ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ စစ်သားများသည် လမ်းများပေါ်တွင် ရှေ့နောက်သွားလာ၍ ကင်းလှည့်နေကြသည်။
ဆဋ္ဌမဂိတ်တံခါးမှအရာရှိများသည်လည်း သူတို့၏လုပ်လက်စအမှုအခင်းများကို ဘေးဖယ်ကာ ထိုအကျဥ်းသားများကို ဖမ်းဆီးရန် လုပ်ဆောင်ကြရတော့သည်။
ထိုလူများသည် ရှီးလျန်မြို့၏အကျဥ်းထောင်အတွင်းမှ ထွက်ပြေးသွားသော အကျဥ်းသားများဖြစ်သည်။
ထိုသတင်းကိုကြားချိန်တွင် မြို့အတွင်းရှိ လူများအားလုံး ထိတ်လန့်တကြားဖြစ်သွားသည်။လူတိုင်းသည် သူတို့၏အိမ်တံခါးများကိုပိတ်ထားကာ လမ်းများပေါ်၌ ခြောက်ကပ်နေပေ၏။
ရှီးလျန်မြို့ကို ပိတ်ဆို့ပြီးနောက် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာ မပြည့်သေးမီအချိန်၌....
ရှီးလျန်မြို့၏အရှေ့ဘက်မြို့တံခါးထံသို့ လုယွီသည် ပေါင်လုံတုကို ခေါ်ဆောင်လာခဲ့သည်။
မြို့တံခါး၌ မြောက်မြားစွာသော အစောင့်စစ်သားများ စောင့်ကြပ်နေသည်။လုယွီ မြို့တံခါးအနီးသို့ချဥ်းကပ်လာသည်ကို မြင်တွေ့စဥ်၌ သူတို့သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။
"သွား...သွား....သွားစမ်း...အခုချိန်မှာ မြို့ကို ပိတ်ဆို့ထားတယ်...ဘယ့်သူကိုမှ မြို့တံခါးနားကို ချဥ်းကပ်ခွင့်မပြုဘူး...ထွက်သွားစမ်း"
ရုတ်တရက် စစ်သားတစ်ယောက်က လုယွီ၏မျက်နှာကို သတိပြုမိသွားသည်။
"ဒီလူက ဝရမ်းထုတ်ခံထားရတဲ့ ရာဇဝတ်သားပဲ...သူ့ကို ဖမ်းဆီးလိုက်ကြစမ်း"
"ငါ အခုမှတ်မိပြီ...သူက အလိုရှိရာဇဝတ်သားစာရင်းရဲ့ နံပါတ်တစ်နေရာမှာ ရှိနေတဲ့လူပဲ"
ပတ်ဝန်းကျင်ရှိ စစ်သားများအားလုံး စိတ်လှုပ်ရှားသွားပြီး သူတို့၏မှော်လက်နက်များကို ဆွဲထုတ်ကာ လုယွီကို ဝိုင်းရံလိုက်ကြ၏။
ပေါင်လုံတုက သူ၏ခေါင်းကိုခါယမ်းလိုက်သည်။
"ဝမ်မိသားစုရဲ့တုံ့ပြန်မှုက တကယ့်ကိုလျှင်မြန်တယ်...ဒါပေမယ့် ကံဆိုးချင်တော့ အကျဥ်းထောင်ထဲကလူတွေက ထွက်ပြေးဖို့အတွက် လမ်းကြောင်းတွေကို စဥ်းစားထားပြီးကြပြီ...ရှီးလျန်အုပ်ချုပ်ရေးရုံးတော်က သူတို့တွေကို ဖမ်းဆီးနိုင်မှာမဟုတ်ဘူး"
Chapter 3448
လုယွီသည် ထိုစစ်သားများကို လျစ်လျှူရှုကာ မြေပြင်ပေါ်သို့ခြေဆောင့်နင်းလိုက်ရာ မြေပြင်တစ်ပြင်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားတော့သည်။
ဘုန်းခနဲတုန်ခါသံကြီးနှင့်အတူ လုယွီရှေ့ရှိစစ်သားများ ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
"သူ လွတ်သွားလို့မဖြစ်ဘူး...သူ့ကို ဟန့်တားထားကြစမ်း"
နံဘေးဘက်ရှိ စစ်ဗိုလ်ချုပ်တစ်ယောက်က အော်ဟစ်လိုက်၏။
သို့ရာတွင် သူသည် ရှေ့သို့ခြေတစ်လှမ်းမတိုးဝံ့ချေ။
ဤစစ်ဗိုလ်ချုပ်သည် လောကီအင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပင်။သို့ရာတွင် သူသည် လုယွီထံမှနေ၍ အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။
ဤမျှအဆင့်ထိကျင့်ကြံပြီးနောက် သူသည် အန္တရာယ်နှင့်ပတ်သက်၍ အာရုံခံနိုင်မှုအလွန်မြင့်မားသည်။လုယွီ၏ခွန်အားသည် သူလှုပ်ခတ်နိုင်သော အရာမျိုးမဟုတ်ကြောင်း သူ ရှင်းရှင်းလင်းလင်းအာရုံခံမိသည်။
ပေါင်လုံတုက အလျင်စလို ပြောဆိုသည်။
"အရှင်...ဒီနေရာမှာတိုက်ခိုက်ဖို့ မလွယ်ကူဘူး...ငါက ပုန်းအောင်းဖို့နေရာတစ်နေရာကို သိထားတယ်....အဲ့ဒီနေရာကိုသွားပြီးတော့ သူတို့တွေ လိုက်လံဖမ်းဆီးတာကို ရှောင်တိမ်းလို့ရတယ်"
မည်သို့ပင်ဆိုစေကာမူ လုယွီ၏နံဘေးတွင် ကာကွယ်ပေးရန်အတွက် အစွမ်းထက်ကျင့်ကြံသူများနှင့်စစ်တပ်ရှိမနေချေ။
အကယ်၍ လုယွီ၏သရုပ်မှန်သာ ဤနေရာတွင် စောစီးစွာထွက်ပေါ်သွားပါက ဝမ်မိသားစုသည် အရှက်ရခဲ့ရခြင်းကြောင့် သူနှင့် ခွန်အားပြည့်တိုက်ပွဲတစ်ခုကို ဆင်နွှဲပေလိမ့်မည်။
"မဟုတ်ဘူး...ငါတို့ မြို့ပြင်ကိုထွက်မယ်"
လုယွီက သူ၏လက်ကိုမြှောက်လိုက်၏။မုန်တိုင်းတစ်ခုနှင့်တူညီသော အားလှိုင်းတစ်ရပ်က သူ၏လက်ဝါးအတွင်းမှ ထွက်ပေါ်လာကာ သူ့ရှေ့ရှိလေဟာနယ် တုန်ခါသွားသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီက လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
အစွမ်းထက်သော အားလှိုင်းတစ်ရပ်သည် မြို့တံခါးပေါ်သို့ ကျရောက်သွားလေ၏။ရှီးလျန်မြို့တံခါးမှနေ၍ ကြေးနီခေါင်းလောင်းတစ်လောင်းတီးခတ်လိုက်သည့်အလား ကျယ်လောင်ပြီးကြည်လင်ပြတ်သားသောအသံကြီး ထွက်ပေါ်လာသည်။
ကြီးမားသောမြို့တံခါးကြီး အဆက်မပြတ် တုန်ခါသွားတော့သည်။
ပတ်ဝန်းကျင်ရှိ စစ်သားများသည် သူတို့၏နားများကို သူတို့လက်များဖြင့် အလျှင်အမြန်ဖုံးအုပ်လိုက်ကြသည်။ဤတိုက်ခိုက်မှုအောက်တွင် သူတို့၏နားများ ကန်းသွားသည့်အလား ခံစားလိုက်ရသည်။
မြို့တံခါးသည် အနည်းငယ်မျှပင် လှုပ်ရှားသွားခြင်းမရှိချေ။
မြို့တံခါးစောင့်ဗိုလ်မှူးသည် မူလက အလွန်ထိတ်လန့်တုန်လှုပ်နေခဲ့သည်။သို့ရာတွင် သူ့ရှေ့ရှိမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူသည် ကူကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်၏။
"ဒီငတုံးက ဘယ်နေရာကနေရောက်လာတာလဲ...မင်းကိုယ်မင်း အရမ်းအထင်ကြီးနေတာလား....ရှီးလျန်မြို့ရဲ့တံခါးတွေက လူအယောက်တစ်သောင်းကျော်ရဲ့တိုက်ခိုက်မှုကိုတောင် ခုခံနိုင်တယ်...မင်းတစ်ယောက်တည်းနဲ့ ဖျက်ဆီးနိုင်မယ်လို့ မင်း ထင်နေတာလား...အိမ်မက်မက်နေလိုက်စမ်း"
မြို့စောင့်စစ်ဗိုလ်ချုပ်က ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး ပြောဆိုသည်။
သူသည် မိုးနှင့်မြေ၏အတိမ်အနက်ကို မသိရှိသော လူအမြောက်အများကို မြင်တွေ့ဖူးသော်လည်း ဤကဲ့သို့လှုပ်ရှားမှုမျိုးကိုမူ ယခင်က မြင်တွေ့ဖူးခြင်းမရှိချေ။
အလွန်အမင်း မောက်မာဝံ့ကြွားသူများပင်လျှင် မြို့တံခါးကို တိုက်ခိုက်ခြင်းမပြုပေ။
အကြောင်းအရင်းမှာ ဤနေရာသည် မြို့တစ်မြို့လုံး၌ ခုခံကာကွယ်မှုအတင်းကြပ်ဆုံးနေရာ ဖြစ်နေသောကြောင့်ပင်။
အထူးသဖြင့် ရှီးလျန်မြို့ကဲ့သို့ အဓိကမြို့ကြီးတစ်မြို့၏မြို့တံခါးများကို တော်ဝင်လက်မှုရေးရာဌာနမှ တည်ဆောင်ထားခြင်းဖြစ်သည်။ဤမြို့တံခါးကို အဖိုးတန်ရှားပါးသောသတ္ထုများနှင့် တည်ဆောက်ထားကာ စက်ယန္တရားများ အရွယ်အစားအမျိုးမျိုးရှိသော ဝင်္ကပါများဖြင့် ဖွဲ့စည်းထားသည်။
ဤမြို့တံခါးကို ပိတ်လိုက်သည်နှင့် ပြင်ပမှနေ၍ မည်သည့်နည်းလမ်းကိုအသုံးပြုသည်ဖြစ်စေ တံခါးကိုဖွင့်နိုင်မည်မဟုတ်ချေ။
ပေါင်လုံတုသည်လည်း ဤကိစ္စသည် အနည်းငယ်သင့်လျော်မှုမရှိဟု ခံစားမိလေ၏။သူက မျက်မှောင်ကြုတ်လိုက်သော်လည်း မည်သည့်စကားကိုမျှ ပြောဆိုခြင်းမပြုချေ။
သူသည် အရာရှိအသိုင်းအဝိုင်း၌ လူသစ်တစ်ယောက်မဟုတ်ချေ။ပေါင်လုံတုသည် လုယွီ၏သရုပ်မှန်ကို သိရှိပြီးဖြစ်သဖြင့် မည်သည့်အချိန်တွင် သူ စကားပြောဆိုသင့်သည် မသင့်သည်ကို ကောင်းစွာသိရှိထားသည်။
မြို့စောင့်ဗိုလ်ချုပ်သည် သူ လုယွီ၏ပြိုင်ဘက် မဖြစ်နိုင်သည်ကို သိရှိသဖြင့် အကူအညီတောင်းခံရန်အတွက် အချက်ပေးသင်္ကေတကိုပေးပို့ရန် ပြင်ဆင်လိုက်၏။
သို့ရာတွင် ထိုအချိန်မှာပင် မိုးခြိမ်းသံတမျှကျယ်လောင်သောအသံကြီးတစ်သံက သူ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
ဝုန်း...
တုန်ခါသံကြီးတစ်သံက မြို့စောင့်စစ်ဗိုလ်ချုပ်၏နားအတွင်း၌ မြည်ဟီးသွားသည်။
သူ၏ခေါင်းကို လှည့်ကြည့်လိုက်စဥ်တွင် ရှီးလျန်မြို့၏ကြီးမားသောမြို့တံခါးကြီးသည် နံဘေးရှိမြို့ရိုးမှ အုတ်များနှင့်အတူ ပြိုလဲသွားသည်ကို သူ မြင်တွေ့မိသည်။
မြို့တံခါးပြိုလဲသွားချိန်တွင် မာကျောသောတံခါးကြီးပေါ်တွင် နက်ရှိုင်းသောအက်ကွဲရာကြီးရှိနေသည်။ဤသည်မှာ တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းတစ်ခုပင်။
မြို့စောင့်စစ်ဗိုလ်ချုပ်သည် ကြက်သေသေသွားလေ၏။
ပတ်ဝန်းကျင်မှ စောင့်ကြည့်နေကြသော စစ်သားများအားလုံးသည်လည်း ကြက်သေသေသွားသည်။
ဤသည်မှာ ရှီးလျန်မြို့၏မြို့တံခါးပင်။
လုယွီ တစ်ယောက်တည်းကိုမဆိုထားနှင့် အတိတ်တွင် ရန်သူများ၏တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရစဥ်ကပင် မြို့တံခါးသည် အနည်းငယ်မျှ လှုပ်ခတ်သွားခြင်းမရှိချေ။
ဤှသည်ကို လုယွီသည် လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်ခဲ့သလော....
မြို့တံခါးကြီး ပြိုလဲကျသွားချိန်တွင် ဖုန်မှုန့်များ တထောင်းထောင်းထသွားသည်။ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားကာ လူတိုင်းသည် နေရာမှာပင် အမြှစ်တွယ်နေသည့်အလား မလှုပ်မယှက်နေနေကြလေ၏။
Chapter 3449
ဤသည်မှာ လူသားတစ်ယောက်၏စွမ်းအားမျိုး ဖြစ်နိုင်သလော...
လုယွီသည် သာမာန်ကာလျှံကာ လက်ညှိုးတစ်ချက်ညွှန်ကာ အဝေးရှိဝရမ်းစာရွက်ကို ဖြုတ်ယူလိုက်သည်။
ထိုဝရမ်းစာရွက်ပေါ်၌ လုယွီ၏ပုံတူရှိနေကာ အမှန်တကယ်ကို အသက်ဝင်လှပေ၏။
ထိုပုံတူ၏အောက်တွင် အလွန်အမင်းမြင့်မားသော ဆုကြေးဖြစ်သည့် အင်မော်တယ်ကျောက်တုံးသန်းငါးရာရှိနေသည်။
ဤပမာဏသည် ကျင့်ကြံသူအများစုအား ရူးသွပ်သွားစေရန် လုံလောက်သည်။
အကယ်၍ တစ်စုံတစ်ယောက်ထံတွင် ဤမျှထိများပြားသော ငွေကြေးပမာဏရှိနေပါက သူတို့၏ကျန်ရှိနေသော ဘဝတသက်စာတွင် စားဝတ်နေရေးအတွက် ပူပင်စရာလိုအပ်မည်မဟုတ်တော့ချေ။ဤဝရမ်းစာရွက်ကို ထုတ်ပြန်ကြေငြာလိုက်သည်နှင့် မည်မျှထိများပြားသောကျင့်ကြံသူများ လုယွီကို လိုက်လံဖမ်းဆီးကြမည်ကို မည်သူမျှမသိနိုင်ချေ။
"ဝရမ်းထုတ်တာက...ဝမ်မိသားစုရဲ့ ကိုယ်ရေးကိုယ်တာကိစ္စအတွက်နဲ့ မင်းတို့က လူတွေကို ဆန္ဒရှိသလို ဖမ်းဆီးခွင့်ရှိတာလား"
လုယွီ၏အသံတွင် နွေးထွေးမှုလည်းမရှိ ဒေါသထွက်မှုလည်းရှိမနေချေ။သို့ရာတွင် ထိုအသံကိုကြားမိသောလူများသည် သူ ဒေါသထွက်နေသည့်အလား သူတို့အားလုံး ထိတ်လန့်ကြောက်ရွံကာ တုန်ရီသွားကြသည်။
မြို့စောင့်တပ်မှူးသည် မူလက လုယွီကို ကျယ်လောင်စွာ ဆူပူကြိမ်းမောင်းလိုခဲ့သည်။သို့ရာတွင် လုယွီ၏စကားကိုကြားပြီးနောက် သူ၏မသိစိတ်မှနေ၍ ထိတ်လန့်ကြောက်ရွံသွားကာ သူ စကားတစ်ခွန်းမျှ မဆိုဝံ့တော့ချေ။
လုယွီသည် ထိုလူများကို လျစ်လျှူရှုကာ ပေါင်လုံတုနှင့်အတူ မြို့ပြင်သို့ထွက်ခွာခဲ့တော့သည်။
သူတို့နှစ်ယောက် မြို့ပြင်သို့ရောက်ရှိသွားမှသာ မြို့စောင့်စစ်ဗိုလ်ချုပ်သည် အသိပြန်ဝင်လာပေ၏။
အစောပိုင်းက သူသည် လုယွီနှင့်မျက်နှာချင်းဆိုင် တွေ့ရစဥ်တွင် ရှေးဟောင်းသားရဲကြီးတစ်ကောင်နှင့် ရင်ဆိုင်ရသည့်အလားပင်။အကယ်၍ သူ အနည်းငယ်လှုပ်ရှားလိုက်ပါက သူသည် အလောင်းအပြည့်အစုံပင်မကျန်ရှိဘဲ သေဆုံးသွားနိုင်သည်။
ဤသည်မှာ အတုအယောင်အင်မော်တယ်တစ်ယောက်သည် ရှေးဟောင်းတာအိုအင်မော်တယ်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် ခံစားရသော ဖိအားအရှိန်အဝါပင်။
လုယွီထက် ကျင့်ကြံဆင့်နယ်ပယ် များစွာမြင့်မားသော အစွမ်းထက်ကျင့်ကြံသူမဟုတ်သရွေ့ ထိုလူသည် လုယွီရှေ့၌ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်မည်မဟုတ်ချေ။
လုယွီသည် မြို့ပြင်သို့ထွက်လိုက်သောအချိန်တွင် လုယွီသည် ရှီးလျန်မြို့၏အထက်ကောင်းကင်ယံ၌ အလင်းတန်းတစ်တန်းဖြတ်သန်းသွားသည်ကို တွေ့မြင်မိသည်။ရုတ်ချည်းဆိုသလိုပင် ထိုအလင်းတန်းသည် စတင်၍ပြန့်ကားသွားကာ ရှီးလျန်မြို့တစ်မြို့လုံးကို လွှမ်းခြုံသွားပေ၏။
"တကယ်လို့ ငါ့ရဲ့ခန့်မှန်းချက်သာအမှန်ဆိုရင် မြို့အကာအကွယ်ဝင်္ကပါကို စစ်ပွဲအချိန်တွေကျမှ အသက်သွင်းရတာပဲ....တကယ်လို့ ဒါက ဖိအားပေးပြီး စေခိုင်းခံရတယ်ဆိုရင်တောင် ဝမ်ခန်းက စကားတစ်ခွန်းတည်းနဲ့ ဒီလောက်ကိစ္စကြီးကို အမိန့်ပေးနိုင်တယ်...ဘယ်လောက်တောင် အခွင့်အာဏာကြီးမားလိုက်လဲ"
လုယွီ၏အသံသည် အေးစက်တင်းမာနေကာ သူ ဒေါသပုန်ထနေလေပြီ။
အတိတ်တွင် နန်းတွင်းစာမေးပွဲ၌ သူ လင်ကျိုးစီရင်စု၏ စီရင်စုသခင်ဖြစ်ခဲ့စဥ်တွင် စစ်ပွဲ၏သေရေးရှင်ရေးအချိန်အခိုက်အတန့်မှသာ သူ ဤကဲ့သို့ဆုံးဖြတ်ချက်မျိုးကို ပြုလုပ်နိုင်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ကွဲပြားခြားနားသွားလေပြီ။
ဝမ်ခန်းထံတွင် မည်သည့်အရာရှိရာထူးမျှ ရှိမနေချေ။သူသည် ဝမ်မူကျီး၏သားဖြစ်ရုံသက်သက်နှင့် ဤကဲ့သို့ဆုံးဖြတ်ချက်မျိုးကို အမိန့်ပေးစေခိုင်းနိုင်ခွင့်ရှိနေသလော။
"ဒါက မထူးဆန်းပါဘူး...ဝမ်မိသားစုက ရှီးလျန်မြို့မှာ သာလွန်ထူးကဲတဲ့အဆင့်အတန်းမျိုးရှိနေတယ်...ဝမ်ခန်းမပြောနဲ့ ဝမ်အိမ်တော်ရဲ့အိမ်တော်ထိန်းတောင် ကိစ္စရှိလို့ ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ကိုသွားရင် ဂုဏ်သရေရှိဧည့်သည်တစ်ယောက်လို ဆက်ဆံခံရတယ်...ပြောရမယ်ဆိုရင် အမတ်ချုပ်ကြီးတစ်ယောက်ရဲ့အိမ်တော်က သတ္တမအဆင့်အရာရှိတစ်ယောက်လိုပဲ...ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှာရှိတဲ့ အရာရှိအများစုကလည်း ဝမ်မိသားစုရဲ့နောက်လိုက်ဖြစ်နေတာ အချိန်အတော်ကြာနေပြီ"
ပေါင်လုံတုသည် လက်ရှိအခြေအနေကို လုယွီအား ရှင်းပြလိုက်၏။
"သူ...အမတ်ချုပ်ကြီးလား...သူ မဖြစ်နိုင်ဘူး"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
တာယွီအင်ပါယာ စတင်တည်ထောင်စဥ်ကတည်းက အမတ်ချုပ်ကြီးရာထူးကို ဖယ်ထုတ်ခဲ့သည်။အကြောင်းအရင်းမှာ အမတ်ချုပ်ကြီး၏ကံကြမ္မာသည် မိုးကောင်းကင်၏သားတော်တစ်ပါးနှင့် လွန်စွာနီးကပ်နေသောကြောင့်ပင်။ဝမ်မိသားစုသည် ရှီးလျန်မြို့အတွင်း၌ ဥပဒေမဲ့ထင်ရာစိုင်းနေသည်မှာ သူတို့၏ကိုယ်ပိုင်နယ်မြေတည်ထောင်၍ ပုန်ကန်နေကြသည့်လုပ်ရပ်နှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။
လုယွီ ဤနေရာသို့ရောက်လာလာပြီးနောက် ပထမဆုံးလုပ်ဆောင်ရမည့်ခြေတစ်လှမ်းမှာ ဝမ်မိသားစုဟူသော ဆူးညှောင့်ခလုတ်ကို ဖယ်ရှားရန်ပင်။
သူတို့နှစ်ယောက် ထွက်ခွာလုဆဲဆဲအချိန်မှာပင် သူတို့နောက်ရှိ မြို့စောင့်တပ်ထံမှ အကူအညီတောင်းခံသော အချက်ပေးသင်္ကေတသည် နောက်ဆုံး၌ ထွက်ပေါ်လာလေပြီ။
ထိုအချက်ပေးသင်္ကေတကို စေလွှတ်လိုက်သည့် အချိန်အခိုက်အတန့်တွင် မြှားများက မိုးရွာချသည့်အလား သူတို့ထံသို့ ပျံသန်းလာသည်။
ထိုမြှား၏ထိပ်တွင် တောက်ပသောအေးစက်စက်အလင်းရောင်များ တဖျတ်ဖျတ်လင်းလက်နေသည်။ဤသည်မှာ ကျင့်ကြံသူများကို အထူးသီးသန့် ပစ်မှတ်ထားတိုက်ခိုက်သော စိတ်ဝိညာဥ်ဖြိုခွဲခြင်းလေးဖြစ်သည်။
"မင်း ငါ့ရဲ့နောက်မှာ အရင်ဆုံးပုန်းနေလိုက်"
လုယွီသည် သူ၏လက်ဖြင့် ဖမ်းဆွဲသောလက်ဟန်သင်္ကေတစ်ခုကို ပြုလုပ်လိုက်၏။သူ၏ရှေ့ရှိ လေဟာနယ်ပေါက်ကွဲသွားကာ အစွမ်းထက်သောအားလှိုင်းတစ်ရပ်က ချက်ချင်းဆိုသလိုပင် ပွင့်အံ့ထွက်လာသည်။
မြှားများသည် လုယွီနှင့်ပေါင်လုံတု၏အနီးသို့ရောက်မလာမီ လေထုအတွင်းမှာပင် မိုးရေစက်များအလား ပြန့်ကြဲသွားတော့သည်။
"ဆဋ္ဌမဂိတ်တံခါးက ဒီကိစ္စကို ကိုင်တွယ်ထားတယ်...မင်းတို့နှစ်ယောက်လုံး ခုခံနေတာကို ရပ်ပြီးတော့ ချက်ချင်းအရှုံးပေးလိုက်ကြစမ်း"
အေးစက်စက်အသံတစ်သံက လုယွီ၏ခေါင်းထက်မှ ထွက်ပေါ်လာသည်။
Chapter 3450
ဘုန်း...ဘုန်း....
ကျယ်လောင်သောအသံများက မြေပြင်ပေါ်မှ ထွက်ပေါ်လာသည်။
ရက်စက်ကြမ်းကြုတ်သောမှော်သားရဲများသည် လေထုအတွင်းသို့ခုန်တက်ကာ လုယွီနှင့်ပေါင်လုံတုတို့ကို ဝိုင်းရံထားကြ၏။
ထိုမှော်သားရဲတစ်ကောင်စီပေါ်တွင် အနက်ရောင်သံချပ်ကာဝတ်ဆင်ထားသော လူဆိုးထိန်းတစ်ယောက်ရှိနေသည်။ထိုလူဆိုးထိန်းများသည် မျက်နှာဖုံးသံချပ်ကာကို ဝတ်ဆင်ထားကာ သူတို့၏နောက်ကျောတွင် မှော်လက်နက်အမြောက်အများကို သယ်ဆောင်ထားသည်။သူတို့၏မျက်လုံးများသည် အေးစက်တင်းမာနေကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။
ဤလူများသည် ဆဋ္ဌမဂိတ်တံခါး၏စည်းမျဥ်းဥပဒေခန်းမမှ လူဆိုးထိန်းများဖြစ်သည်။
သူတို့သည် သာမာန်အားဖြင့် စုံစမ်းစစ်ဆေးမှုများတွင် ပါဝင်လေ့မရှိချေ။သူတို့သည် ရာဇဝတ်သားများကို ဖမ်းဆီးရန်လိုအပ်ချိန်များမှသာ လှုပ်ရှားလေ့ရှိသည်။
ဤလူများသည် နက်နဲသိမ်မွေ့သောကျင့်ကြံနည်းစနစ်များကို ကျင့်ကြံကြသဖြင့် သူတို့အနက်မှ တစ်ယောက်ချင်းစီသည် ကြောက်မက်ဖွယ်တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်။ဤသည်မှာ ပြင်ပလောကရှိ ကျင့်ကြံသူများကို ဖမ်းဆီးရန်အတွက် ဆဋ္ဌမဂိတ်တံခါး၏ထိန်းချုပ်ဟန့်တားမှုစွမ်းအားလည်း ဖြစ်ပေ၏။
အကယ်၍ သာမာန်အရေးကိစ္စမျိုးဆိုပါက စည်းမျဥ်းဥပဒေခန်းမမှလူဆိုးထိန်းများ လှုပ်ရှားရန် အနည်းငယ်မျှပင် မလိုအပ်ချေ။
သို့ရာတွင် ဝမ်ခန်းသည် အမှန်တကယ်ကို အလွန်ဒေါသထွက်နေသည်။
သူသည် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်လက်အောက်ရှိ ရုံးတော်များအားလုံးကို လုယွီအားဖမ်းဆီးရန် အမိန့်ပေးခဲ့သည်။
"ဒါဆိုရင် မင်းပေါ့...မင်းရဲ့လှုပ်ရှားမှုတွေက နည်းနည်းထူးဆန်းနေတယ်လို့ ငါ တွေးနေခဲ့တာ....ဒါပေမယ့် မင်းက လေဟာနယ်ဓားပြတွေနဲ့ တကယ်ကြီးပူးပေါင်းထားတဲ့သူဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး....မင်းက အပြင်ကိုထွက်လာဝံ့တာလား...မင်းကို သေခြင်းနဲ့ရှင်ခြင်းကြား ကွာဟချက်ကို တကယ်မသိတဲ့ကောင်ပဲ"
လူတစ်ယောက်က လူဆိုးထိန်းအုပ်စုအကြားမှနေ၍ ရှေ့သို့ထွက်လာသည်။
ထိုလူသည် စွန်းယုပင်။
စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များမှ ဝင်္ကပါဖွဲ့စည်းပုံများကို ခိုးယူသောကိစ္စ၌ လုယွီသည် စွန်းယုအား အရှက်ရစေခဲ့သည်။ဤအကြောင်းအရင်းကြောင့် စွန်းယုသည် လုယွီကို လွန်စွာမုန်းတီးနေပေ၏။
လုယွီ ထောင်သွင်းအကျဥ်းချခံရသည်ဟူသောသတင်းကို ကြားသိပြီးနောက် စွန်းယု အလွန်ဝမ်းသာပျော်ရွှင်သွားခဲ့သည်။
သို့ရာတွင် သူ၏ပျော်ရွှင်မှုသည် ကြာရှည်မခံချေ။တစ်ရက်အတွင်းမှာပင် လုယွီသည် အကျဥ်းထောင်အတွင်းမှ ထွက်ပြေးလွတ်မြောက်သွားလေပြီ။
ဤကိစ္စကို စွန်းယုသည် မည်သည်ကြောင့် သည်းခံနိုင်မည်နည်း။
သူ လုယွီနှင့်ဆုံတွေ့ရသော အချိန်အခိုက်အတန့်တွင် သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။
"ဆဋ္ဌမဂိတ်တံခါးက ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ရဲ့အမိန့်ကို နာခံနေမှတော့...တကယ်လို့ မင်းတို့ ငါ့ကို ဖမ်းဆီးချင်တယ်ဆိုရင် အနည်းဆုံး ဝရမ်းစာရွက်တော့ ပါသင့်တယ်မဟုတ်လား...ဝရမ်းစာရွက်က ဘယ်မှာလဲ...ငါ့ကို ပြစမ်းပါအုံး"
လုယွီ၏မျက်နှာအမူအယာသည် တည်ငြိမ်နေကာ အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံနေခြင်းမရှိချေ။
လူဆိုးထိန်းများသည် အနည်းငယ်အကျပ်ရိုက်သွားကာ အချိန်တစ်ခုကြာသည်အထိ မည်သူမျှ ရှေ့တိုးလာခြင်းမရှိချေ။
လုပ်ရိုးလုပ်စဥ်အရ အကယ်၍ သူတို့သည် တစ်စုံတစ်ယောက်ကို ဖမ်းဆီးလိုပါက ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှဖမ်းဝရမ်းကို ကြိုတင်၍ယူဆောင်လာရပေမည်။
"မင်းက ဘာလို့ ဖမ်းဝရမ်းကို တောင်းနေတာလဲ...မင်းတို့က အကျဥ်းထောင်ထဲကနေ ထွက်ပြေးလာတဲ့ ရာဇဝတ်သားတွေဖြစ်နေကတည်းက ကြီးလေးတဲ့ရာဇဝတ်မှုကို ကျူးလွန်ပြီးသွားပြီ...ဒီအချိန်မျိုးမှာ ဖမ်းဝရမ်းကိုတောင်းနေရင် အရမ်းနောက်ကျသွားလိမ့်မယ်...သခင်လေးဝမ်က မင်းကို ဖမ်းမိတဲ့ဘယ့်သူကိုမဆို အင်မော်တယ်ကျောက်တုံးသန်းငါးရာ ဆုချီးမြှင့်မယ်လို့ ပြောထားတယ်"
စွန်းယုက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
အင်မော်တယ်ကျောက်တုံး သန်းငါးရာ....
ဤငွေကြေး၏ဆွဲဆောင်ခံရမှုကြောင့် လူဆိုးထိန်းတချို့သည် သူတို့၏မှော်ရတနာများကို ထုတ်လိုက်ကြ၏။
ရှီးလျန်မြို့အတွင်းရှိ ဝမ်မိသားစု၏နာမည်ဂုဏ်သတင်းကြောင့် အကယ်၍ သူတို့သည် မည်သည့်ကတိကိုမဆို ပေးပြီးပါက သူတို့၏စကားကို သေချာပေါက်ပြန်ရုတ်သိမ်းမည်မဟုတ်ချေ။
"ဒီတစ်ကြိမ်တော့ မင်း အကျပ်အတည်းကနေ ရုန်းထွက်နိုင်တော့မှာ မဟုတ်ဘူး"
စွန်းယုသည် လုယွီကို စူးစိုက်ကြည့်ကာ သူ၏မျက်နှာပေါ်တွင် သရော်တော်တော်အမူအယာမျိုးရှိနေသည်။
"မင်းတို့ကောင်တွေ ကြိုးစားကြည့်နိုင်တယ်"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
သူသည် အမှန်တကယ်ကိုပင် ဤလူဆိုးထိန်းများကို အနည်းငယ်မျှ ထည့်တွက်ထားခြင်းမရှိချေ။
စွန်းယုက အထင်အမြင်သေးစွာဖြင့် ပြောဆိုလိုက်၏။
"မင်း ဘာတွေဟန်ဆောင်နေတာလဲ...မင်းက မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းတစ်ယောက်လေ...မင်းကိုယ်မင်း အစွမ်းထက်ကျင့်ကြံသူတစ်ယောက်လို့ ထင်နေတာလား"
စွန်းယုသည် အင်ပါယာနှစ်ခုကြားမှ ယှဥ်ပြိုင်ပွဲတွင် လုယွီ၏ရလဒ်အပေါ် ယုံကြည်ခြင်းမရှိချေ။
ရှီးလျန်ပါရမီရှင်စာရင်းမှလူငယ်များပင်လျှင် ထန်အင်ပါယာမှလူငယ်ပါရမီရှင်များကို ယှဥ်ပြိုင်နိုင်ခြင်းမရှိချေ။မည်သည်ကြောင့် လုယွီသည် ဤပြိုင်ပွဲ၌ လွယ်လင့်တကူ အနိုင်ယူနိုင်မည်နည်း။
နှစ်ဖက်စလုံး တိုက်ခိုက်ရန်အတွက် အဆင်သင့်ဖြစ်နေကြလေပြီ။
"မင်းတို့အားလုံး ရပ်လိုက်ကြစမ်း"
ထိုအချိန်မှာပင် လူအုပ်ကြီး၏အထက်ကောင်းကင်ယံမှနေ၍ ကျယ်လောင်သောအော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
ထို့နောက်မှနေ၍ လူတစ်ယောက်က မိုးကောင်းကင်ယံအတွင်းမှ ဆင်းသက်လာသည်။သူသည် အပြာဖျော့ရောင်သံချပ်ကာကို ဝတ်ဆင်ထားကာ သူ၏နောက်ကျော၌ ဝတ်ရုံတစ်ခုခြုံလွှားထားပြီး ကြည့်ရသည်မှာ အလွန်ကြီးကျယ်ခမ်းနားသည်။
သူသည် ရွှေတံဆိပ်လူဆိုးထိန်း နဥ်ကျိုးပင်။
နဥ်ကျိုး၏နောက်တွင် လူဆိုးထိန်းအမြောက်အများရှိနေကာ သူတို့အားလုံးနီးပါး ဒဏ်ရာရရှိထားကြသည်။သူတို့သည် ယခုမှပြန်လာခြင်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။
တခြားလူဆိုးထိန်းများသည် နဥ်ကျိုးရောက်ရှိလာသည်ကိုမြင်တွေ့ချိန်တွင် အလျှင်အမြန် ရပ်တန့်လိုက်ကြသည်။