← Chapters

အခန်း (၃၄၅၁-၃၄၅၅)

Vol. 176 Ch. 3451-3455

အခန်း (၃၄၅၁-၃၄၅၅)

Vol. 176 Ch. 3451-3455

Chapter 3451

မည်သို့ပင်ဆိုစေကာမူ နဥ်ကျိုးသည် ရွှေတံဆိပ်လူဆိုးထိန်းတစ်ယောက်ပင်။ဆဋ္ဌမဂိတ်တံခါးအတွင်း၌ လူဆိုးထိန်းခေါင်းဆောင်များမှအပ နဥ်ကျိုးထံတွင် အမြင့်မားဆုံးအဆင့်အတန်းရှိနေသည်။

လက်ရှိနေရာတွင်ရှိနေသော လူဆိုးထိန်းများသည် နဥ်ကျိုးရောက်ရှိလာသည်ကို မြင်တွေ့ချိန်တွင် သူတို့သည် မည်သည့်လှုပ်ရှားမှုမျိုးကိုမျှ မလုပ်ဝံ့တော့ချေ။

"လူဆိုးထိန်းနဥ်...ငါတို့က ဒီရာဇဝတ်သားတွေကို အမြန်ဆုံးဖမ်းဆီးရမယ်...ဒါက သခင်လေးဝမ်ကိုယ်တိုင် ထုတ်ပြန်ထားတဲ့အမိန့်ပဲ"

နဥ်ကျိုး ရောက်ရှိလာသည်ကို မြင်တွေ့ချိန်တွင် စွန်းယု၏မျက်ခွံများ တဆတ်ဆတ်လှုပ်သွားသည်။

သို့ရာတွင် သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားသဖြင့် အလျင်စလို ပြောဆိုလိုက်၏။

သခင်လေးဝမ်ဟူသည်မှာ ဝမ်ခန်းပင်။

ရှီးလျန်မြို့တစ်မြို့လုံးအတွင်း၌ ဝမ်ခန်းထံတွင် အကြွင်းမဲ့အခွင့်အာဏာမျိုးရှိနေသည်။

နဥ်ကျိုး၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ သူက တည်ငြိမ်စွာပြောဆိုသည်။

"ဒါဆိုရင်လည်း သူ့ကို ငါ့ဆီလာရှာခိုင်းလိုက်စမ်း"

ထိုသို့ပြောဆိုပြီးနောက် နဥ်ကျိုးက လုယွီကို ကြည့်လိုက်သည်။

"မင်းတို့ အခု ထွက်သွားလို့ရပြီ"

"မင်းက ငါတို့ကို လွှက်ပေးတာလား"

လုယွီသည် အနည်းငယ်အံ့အားသင့်သွားသကဲ့သို့ ခံစားမိလေ၏။

ဤအချိန်တွင် ဝမ်ခန်းသည် အမိန့်ထုတ်ပြန်ပြီးလေပြီ။အကယ်၍ ယခုချိန်၌ သူတို့ကို လွှတ်ပေးလိုက်ပါက နဥ်ကျိုးသည် ဝမ်ခန်းကို အပြစ်ပြုမိသကဲ့သို့ ဖြစ်သွားပေမည်။

နဥ်ကျိုးက ပြောဆိုသည်။

"အမှားနဲ့အမှန် လွတ်လပ်မှုနဲ့တရားမျှတမှု...ငါက သက်သေအထောက်အထားတွေကိုပဲ ယုံကြည်တယ်...မင်း အရင်က ဖမ်းဆီးခံရတဲ့ချိန်မှာ ငါကိုယ်တိုင် အဲ့ဒီကိစ္စကို စုံစမ်းစစ်ဆေးခဲ့တယ်...မင်းရဲ့ပြစ်မှုကို စွဲချက်တင်နိုင်တဲ့ ဘာသက်သေအထောက်အထားမှမရှိဘူး...ဒီလိုဆိုမှတော့ ငါ မင်းကို အပြစ်သားလို့ ယူဆလို့မရဘူး...တကယ်လို့ ဝမ်မိသားစုဖြစ်နေရင်တောင် အဲ့ဒီဥပဒေစည်းမျဥ်းကို ဘယ်သူမှဖောက်ဖျက်လို့မရဘူး"

"ခေါင်းဆောင်နဥ်...ဒါက စည်းမျဥ်းတွေနဲ့ မကိုက်ညီဘူး...အခုချိန်မှာ ဒီလူကို ဖမ်းဝရမ်းထုတ်ထားတဲ့ ဝရမ်းစာရွက်တွေကို မြို့ရဲ့လမ်းတွေပေါ်မှာကပ်ပြီးပြီ...ငါတို့က သူ့ကို လွှတ်ပေးလို့မဖြစ်ဘူး"

နံဘေးဘက်ရှိ စွန်းယုသည် အလွန်အမင်း စိုးရိမ်ပူပန်နေသည်။

ဤသည်မှာ သူ လုယွီကို ဖမ်းဆီးရန်အတွက် အကောင်းဆုံးအခွင့်အရေးပင်။အကယ်၍ သူ ဤအခွင့်အရေးကို လွဲချော်သွားပါက အကယ်၍ လုယွီ အဝေးသို့ထွက်ပြေးသွားလျှင် သူ နောက်တစ်ကြိမ် လုယွီအား ဖမ်းဆီးနိုင်သောအခွင့်အရေးကို မည်မျှထိကြာကြာ စောင့်ဆိုင်းရမည်ကို မည်သူမျှမသိနိုင်ချေ။

နဥ်ကျိုးသည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ အော်ငေါက်လိုက်၏။

"ဟမ့်...မင်းတို့အားလုံး ဒီနေရာကနေ ထွက်သွားကြတော့...လူစုခွဲကြစမ်း"

စည်းမျဥ်းဥပဒေခန်းမမှ လူဆိုးထိန်းများသည် ထိုအမိန့်ကို နာခံလိုက်ကြကာ တညီတညွတ်တည်း နောက်သို့ပြန်လှည့်၍ ထွက်ခွာသွားတော့သည်။

သူတို့သည် စွန်းယု၏အမိန့်ကို ယာယီနားထောင်ခဲ့ရုံသာဖြစ်ပြီး သူတို့အတွက် နဥ်ကျိုး၏အမိန့်သည် ပို၍အခွင့်အာဏာရှိသည်။

"မင်း..."

စွန်းယု၏စိတ်နှလုံးသားအတွင်း၌ မုန်းတီးမှုများနှင့် ပြည့်နှက်နေသော်လည်း ယခုချိန်၌ သူ မည်သို့ပြုလုပ်ရမည်ကို မသိတော့ချေ။

သူသည် ငွေတံဆိပ်လူဆိုးထိန်းအဆင့်သာရှိသည်။သူနှင့်နဥ်ကျိုးအကြားတွင် အဆင့်တစ်ဆင့်သာ ကွာဟသော်လည်း ကွာခြားချက်သည် မိုးနှင့်မြေတမျှ အလွန်ကြီးမားပေ၏။ဤအဆင့်သို့ ရောက်ရှိလာသူအများစုသည် သူတို့၏ဘဝသက်တမ်းတလျှောက်တွင် ရှေ့သို့နောက်တစ်ဆင့်တက်လှမ်းနိုင်ရန် မလွယ်ကူချေ။

ဤနေရာတွင် အရာရာတိုင်း နဥ်ကျိုး၏လက်အတွင်း၌ ရှိနေသည်။

"ကောင်းပြီလေ...ကောင်းတယ်...ခေါင်းဆောင်နဥ်...ငါ ဒီနေ့ကိစ္စကို သတင်းပို့ရလိမ့်မယ်"

စွန်းယုက နောက်သို့ပြန်လှည့်ကာ ထွက်ခွာသွားတော့သည်။

လုယွီကို ဝိုင်းရံထားသော ဆဋ္ဌမဂိတ်တံခါးမှလူဆိုးထိန်းများသည် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားလေ၏။

ထိုလူများထွက်ခွာသွားပြီးနောက် နဥ်ကျိုးက လုယွီကို တည်ကြည်လေးနက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

"မင်း အရင်တုန်းက ငါ့သမီးကို အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့တယ်...ငါ နဥ်ကျိုးက မင်းကို ကျေးဇူးတင်ပါတယ်"

နဥ်ကျိုးက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်၍ပြောဆိုသည်။

လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"ဒါက အသေးအမွှားကိစ္စလေးတွေပါ...ခေါင်းဆောင်နဥ် ခုလိုလုပ်ဖို့ မလိုအပ်ပါဘူး"

သူသည် နဥ်အမ်ထုံကို တမင်သက်သက် ကယ်တင်ခဲ့ခြင်းမဟုတ်ဘဲ တိုက်ဆိုင်မှုများအရသာဖြစ်သည်။

နဥ်ကျိုးက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ဒါပေမယ့် အလုပ်က အလုပ်...ကိုယ်ရေးကိုယ်တာက ကိုယ်ရေးကိုယ်တာကိစ္စပဲ...တကယ်လို့ မင်းကသာ အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့တဲ့လူဆိုရင်...အခုချိန်မှာ ငါ မင်းကို လွှတ်ပေးမှာမဟုတ်ဘူး...မြန်မြန်ထွက်သွားတော့...နောက်ကနေလိုက်ဖမ်းတဲ့လူတွေ မကြာခင်မှာ ဒီနေရာကို ရောက်လာတော့မယ်"

လုယွီက ခေါင်းညိတ်လိုက်သည်။

"ခေါင်းဆောင်နဥ်...ငါတို့ မကြာခင်မှာ ပြန်တွေ့အုံးမှာပါ"

နဥ်ကျိုးသည် ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ခြင်းဖြစ်သော်လည်း သူ ခံစားရမည့်ဖိအားများကို တွေးတောကြည့်၍ရနိုင်သည်။

ဝမ်ခန်းသည် သက်ရှည်သစ်သီးပင်ကို ယူဆောင်သွားခြင်းခံရသဖြင့် ယခုချိန်၌ အလွန်အမင်း ဒေါသထွက်နေပေမည်။ဤအချိန်၌ လုယွီကို လွှတ်ပေးသည်မှာ နဥ်ကျိုးအတွက် ဥာဏ်ရှိသောဆုံးဖြတ်ချက်မျိုး မဟုတ်ချေ။

ဤကဲ့သို့သေရေးရှင်ရေးအချိန်အခိုက်အတန့်တွင် နဥ်ကျိုးသည် သူ၏စစ်မှန်သောခံစားချက်ကိုပြသရန် သတ္တိမွေးခဲ့ခြင်းဖြစ်သည်။

"သွားကြစို့"

လုယွီသည် ပေါင်လုံတုကိုဖမ်းဆွဲကာ လေထုအတွင်း၌ပျံသန်းပြီး ထွက်ခွာသွားတော့သည်။

အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် လုယွီတို့နှစ်ယောက်သည် လေဟာနယ်အတွင်း၌ ပျောက်ကွယ်သွားသည်။

လုယွီ ထွက်ခွာသွားသည်ကိုကြည့်ပြီးနောက် နဥ်ကျိုးသည် နောက်ဆုံးကိစ္စတစ်ခုကို ပြီးဆုံးသွားသည့်အလား စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။ဤသည်မှာ သူ၏ပခုံးပေါ်ရှိ လေးလံသောဝန်ထုပ်ဝန်ပိုးကြီး ပြုတ်ကျသွားသည့်အလားပင်။

နဥ်ကျိုး၏နောက်ရှိ လူဆိုးထိန်းများသည် စိတ်ပျက်အားငယ်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

"ခေါင်းဆောင်နဥ်...ငါတို့ သူ့ကို ဒီတိုင်းလွှတ်ပေးလို့ ဖြစ်ပါ့မလား"

သူ၏လက်အောက်ငယ်သားများအနက်မှ တစ်ယောက်က မေးမြန်းသည်။

နဥ်ကျိုးက ပြောဆိုသည်။

"ငါ အခု ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ကိုသွားပြီးတော့ အပြစ်သွားဝန်ခံတော့မယ်...ငါ နဥ်ကျိုးက ငါလုပ်တဲ့ကိစ္စကို ငါ တာဝန်ခံတယ်...မင်းတို့တစ်ယောက်မှ ငါ့နောက်ကို လိုက်လာစရာမလိုဘူး"

Chapter 3452

နဥ်ကျိုး၏လက်အောင်ငယ်သားများသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မည်ကဲ့သို့တုံ့ပြန်ရမည်ကို မသိကြတော့ချေ။

သူတို့၏အသိစိတ်ပြန်ဝင်လာချိန်တွင် နဥ်ကျိုးသည် အဝေးသို့ လျှောက်သွားပြီဖြစ်သဖြင့် အထီးကျန်ဆန်သော ပုံရိပ်တစ်ခု ဝေးကွာသွားသည်ကိုသာ သူတို့ မြင်တွေ့လိုက်ရသည်။

……

ကြယ်တာရာကောင်းကင်ယံအတွင်း၌...

စစ်သင်္ဘောကြီးတစ်စီးသည် လေထုအတွင်း၌ အလံများတလူလူလွှင့်ထူ၍ မောင်းနှင်လာသည်။

ထိုအလံများတွင် 'ကျုံးကော်စစ်ဗိုလ်ချုပ်' 'အရှေ့အောင်နိုင်ခြင်းကြယ်မြစ် လက်ဝဲတပ်မှူး'နှင့် 'ထိပ်သီးကျောင်းတော်သား'

ဟူ၍ တပ်မှူး၏အဆင့်အတန်းကို ပြသသော စာလုံးများကို ရေးထွင်းထားသည်။

တပ်မှူးစစ်သင်္ဘောပေါ်တွင် နဂါးပုံစံရေးထွင်းထားသော အနက်ရောင်အလံများကို ရေးထိုးထားသည်။ထိုအလံများပေါ်ရှိ နဂါးတစ်ကောင်ဟိန်းဟောက်နေပုံသည် လွန်စွာအသက်ဝင်လာ၏။

ဤသည်မှာ ပုန်းကွယ်နဂါးတပ်ခွဲ၏အလံပင်။

စစ်သင်္ဘော၏ကုန်းပတ်ပေါ်တွင် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များကို အတန်းလိုက်ချထားသည်။အနက်ရောင်အမြှောက်ပြောင်းဝများကို ပြင်ပသို့လှည့်ထားသည်။ထိုအရာများသည် အလွန်အစွမ်းထက်သဖြင့် သာမာန်လူများသည် စစ်သင်္ဘောများအနားသို့ ချဥ်းကပ်ဝံ့မည်မဟုတ်ချေ။

သင်္ဘောအထပ်တိုင်းပေါ်ရှိ ကုန်းပတ်များပေါ်တွင် စစ်သားများက ရှေ့နောက်သွားလာကာ ကင်းလှည့်နေကြသည်။ထိုစစ်သားတစ်စုစီတိုင်းတွင် မှော်လက်နက်တစ်ခုကိုထိန်းချုပ်၍ပျံသန်းနေသူတစ်ယောက်နှင့် နတ်ဆိုးသားရဲတစ်ကောင်ကို ထိန်းချုပ်ထားသူတစ်ယောက် ပါဝင်သည်။ပတ်ဝန်းကျင်၌ မည်သည့်ကိစ္စမျိုးရှိနေပါစေ သူတို့သည် အရင်ဆုံးစုံစမ်းထောက်လှမ်းမိပေမည်။

"ဘယ်သူလဲ"

ရုတ်တရက် စစ်သားတချို့သည် ကုန်းပတ်ထံမှလာသော လှုပ်ရှားမှုတစ်ခုကို သတိပြုမိသွားသည်။

စစ်သားတစ်စုသည် အလျင်စလိုပြေးထွက်ကြည့်ရာ လုယွီနှင့်ပေါင်လုံတုကို တွေ့မြင်မိလေ၏။

"အရှင့်ကို အရိုအသေပြုပါတယ်"

စစ်သားများသည် လုယွီကိုမြင်တွေ့ချိန်၌ အလျင်စလို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြကာ ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

"အရာရှိဖေး ဘယ်မှာလဲ"

"အရာရှိဖေးက စည်းဝေးခန်းမထဲမှာပါ...သူက စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ရေးကိစ္စတွေကို ဆွေးနွေးနေတယ်"

စစ်သားတစ်ယောက်က တုံ့ပြန်ပြောဆိုလေ၏။

"အင်း..."

လုယွီက ခေါင်းညိတ်ပြကာ စည်းဝေးခန်းမထံဦးတည်၍ လျှောက်လှမ်းသွားလိုက်သည်။

လမ်းတလျှောက်လုံးတွင် ပေါင်လုံတုသည် စူးစမ်းလေ့လာလိုက်ရာ ဤနေရာရှိစစ်သားများအားလုံးသည် စွမ်းအားများဖြင့်ပြည့်နှက်နေကာ သူတို့၏ခန္ဓာကိုယ်များမှ မှော်စွမ်းအားလှိုင်းများ ထွက်ပေါ်နေသည်ကို မြင်တွေ့ရသဖြင့် သူ အလွန်အံ့အားသင့်သွားသည်။

ဤကဲ့သို့အရှိန်အဝါမျိုးရှိသည့် စစ်သားများကို မဟာစစ်ဗိုလ်ချုပ်များ၏သီးသန့်စစ်သားအဖြစ်သာ သူ မြင်တွေ့ဖူးသည်။

အကန့်အသတ်ရှိသော အရင်းအမြစ်များကြောင့် တော်ဝင်စစ်တပ်၏အင်အားသည် အလွန်များပြားလေရာ စစ်သားတစ်ယောက်စီတိုင်းကို ကောင်းမွန်သောအထောက်အပံ့ပစ္စည်းများ ပေးအပ်ရန် မဖြစ်နိုင်ချေ။ထို့ကြောင့် အဓိကစစ်ဗိုလ်ချုပ်များ၏သီးသန့်စစ်သားများသာ အရင်းအမြစ်များ ပို၍ရရှိနိုင်သည်။

ထို့ကြောင့် ရှီးလျန်ကြယ်နယ်မြေမှ အစောင့်တပ်များ၏အင်အားများပင် မျိုးစုံရောပြွန်းနေသည်။

ထိုတပ်ခွဲတချို့မှစစ်သားအများစုသည် စစ်တပ်အတွင်းသို့ မဝင်ရောက်မီ လေလွင့်ကျင့်ကြံသူများဖြစ်သည်။သူတို့သည် စစ်တပ်အတွင်းသို့ဝင်ရောက်ပြီးသည့်တိုင် အဆင့်နိမ့်ကျင့်ကြံနည်းစနစ်တစ်ခု နှစ်ခုနှင့်မှော်လက်နက်များကိုသာ ရရှိနိုင်သည်။သူတို့၏လစာငွေများသည် သူတို့အတွက် များစွာတိုးတက်မှုမရနိုင်ချေ။

သို့ရာတွင် လုယွီ၏စစ်တပ်ကမူ ကွဲပြားခြားနားပေ၏။

ပေါင်လုံတုသည် အတွေ့အကြုံရင့်ကျက်ပြီး အသိပညာဗဟုသုတကြွယ်ဝသူတစ်ယောက်ပင်။ဤနေရာရှိစစ်သားတိုင်းတွင် အလွန်အစွမ်းထက်သောကျင့်ကြံဆင့်နယ်ပယ်ရှိသည်ကို သူ တွေ့မြင်မိသဖြင့် အလွန်အံ့အားသင့်တုန်လှုပ်သွားသည်။

ဤအခြေအနေသည် အမှန်တကယ်ကို စိတ်ကူးယဥ်တွေးတောမကြည့်နိုင်သောကိစ္စပင်။

ဤကဲ့သို့အစုအဖွဲ့မျိုးကို ပိုင်ဆိုင်နိုင်ရန် ကျင့်ကြံနည်းစနစ်တစ်မျိုးတည်းကိုသာ မှီခို၍မရဘဲ အလွန်အမင်းများပြားသော အရင်းအမြစ်များ လိုအပ်သည်။

"ဒီတပ်မှူးက အရင်လူတွေနဲ့ ကွဲပြားခြားနားနေတယ်"

ပေါင်လုံတုသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ စဥ်းစားတွေးတောလိုက်၏။

ဤလောကတွင် ခွန်အားသည်သာ အရာရာပင်။

ယခင်တပ်မှူးများထံတွင် သူတို့၏သီးသန့်စစ်သားများရှိသော်လည်း ဝမ်မိသားစု၏ကြီးမားသောလွှမ်းမိုးမှုနှင့် နှိုင်းယှဥ်ပါက ပြောပလောက်ဖွယ်မရှိချေ။

ဤသည်မှာ ယခင်လက်ဝဲစစ်တပ်၏တပ်မှူးများ ဝမ်မိသားစုကို ဆန့်ကျင်တိုက်ခိုက်နိုင်ခြင်းမရှိသည့် အကြောင်းအရင်းလည်းဖြစ်သည်။

သူတို့နှစ်ယောက်သည် အလွန်လျှင်မြန်စွာဖြင့် စည်းဝေးခန်းမသို့ ရောက်ရှိလာခဲ့ပေ၏။

"ထန်အင်ပါယာရဲ့စစ်တပ်က အနက်ရောင်မိုကြယ်တစ်ဝိုက်မှာ စုဝေးနေတယ်...သူတို့က အဲ့ဒီနေရာကိုတိုက်ခိုက်ဖို့ ကြံရွယ်ထားပုံရတယ်...ဒါကြောင့် အဲ့ဒီနေရာကို တင်းတင်းကြပ်ကြပ်စောင့်ကြပ်ထားပြီးတော့ ဘယ့်သူကိုမှ ဝင်ခွင့်မပြုဘူး..အနည်းဆုံး အဲ့ဒီနေရာမှာ စစ်သည်အင်အားနှစ်သန်းလောက် စခန်းချထားတယ်...ငါတို့က အဲ့ဒီကြယ်နယ်မြေမှာ စောင့်ကြပ်ဖို့အတွက် ရွှယ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့် ဒါမှမဟုတ် အဲ့ဒီထက် အစွမ်းထက်တဲ့ကျင့်ကြံသူတစ်ယောက်ကို ရွေးချယ်ရလိမ့်မယ်...."

လုယွီတို့နှစ်ယောက် စည်းဝေးခန်းမအနီးသို့ နီးကပ်သွားချိန်တွင် ဖေးထျန်ကွမ်း၏အသံကို ကြားလိုက်ရသည်။

လုယွီက အခန်းတံခါးကိုတွန်းဖွင့်ကာ အတွင်းသို့ဝင်လိုက်သည်။

Chapter 3453

တံခါးပွင့်သွားသဖြင့် စည်းဝေးခန်းမအတွင်းရှိအသံများ ရုတ်တရက် ရပ်တန့်သွားသည်။

"အရှင်...ပြန်လာပြီလား"

လက်ရှိနေရာတွင် ရှိနေသူများသည် ပုန်းကွယ်နဂါးတပ်ခွဲရှိ စစ်ဗိုလ်ချုပ်နှင့်အထက်အဆင့်ရှိသူများဖြစ်သည်။

လုယွီကို မြင်တွေ့ချိန်တွင် သူတို့အားလုံး မတ်တတ်ထရပ်ကာ ဦးညွှတ်၍အရိုအသေပြုလိုက်ကြ၏။

"ကိစ္စမရှိဘူး...ဖေးထျန်ကွမ်း...ဆက်ပြောပါ"

လုယွီသည် အဓိကထိုင်ခုံထံသို့ လျှောက်လှမ်းသွားကာ ထိုင်လိုက်သည်။

စည်းဝေးခန်းမ၏အလယ်ရှိ လေဟာနယ်အတွင်း၌ ကြယ်မြေပုံတစ်ခု မျောလွင့်နေကာ ထိုအရာပေါ်တွင် ကြယ်ပွင့်များ တဖျတ်ဖျတ်တောက်ပနေသည်။ထိုကြယ်မြေပုံပေါ်၌ ကြယ်တစ်ခုနှင့်တစ်ခု ကန့်လန့်ဖြတ်ဆွဲထားသော အလင်းတန်းများရှိနေလေ၏။ကြယ်တစ်စုစီတွင် အရောင်တစ်ရောင်ရှိနေကာ ထိုနယ်မြေပေါ်မှ သက်ဆိုင်ရာအင်အားစုကို ညွှန်ပြနေသည်။

ထိုကြယ်မြေပုံပေါ်တွင် ရှီးလျန်ကြယ်နယ်မြေကို အနက်ရောင်အစက်အပျောက်တစ်ခုဖြင့် ပြထားကာ နံဘေးပတ်လည်တွင် ထန်အင်ပါယာကို ကိုယ်စားပြုသော အဖြူရောင်အလင်းစက်များက ဝိုင်းရံထားသည်။

လက်ဝဲစစ်တပ်နယ်မြေသည် အဖြူရောင်အလင်းစက်များ၏ဝါးမျိုခြင်းကို ခံရတော့မည့် အရိပ်အယောင်များရှိနေကာ တသီးတခြားနေနိုင်မည့် အခွင့်အရေးမျိုးမရှိတော့ချေ။

လက်ဝဲစစ်တပ်နယ်မြေသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ ခုခံကာကွယ်မှု ရှေ့တန်းစစ်မျက်နှာစာဖြစ်သဖြင့် အန္တရာယ်အများဆုံးနေရာတစ်နေရာပင်။ကြယ်နယ်မြေကိုးခုကို ထန်အင်ပါယာမှ သိမ်းပိုက်ပြီးဖြစ်သဖြင့် ယခုချိန်တွင် ထိုနယ်မြေများသည် ကြီးမားသောအန္တရာယ်တွင်းသို့ ကျရောက်လာပေ၏။

"အရှင်...ကျေးဇူးပြုပြီးတော့ တစ်ချက်ကြည့်ကြည့်ပါအုံး...ဒါက တာယွီအင်ပါယာရဲ့ ရှေ့တန်းစစ်မျက်နှာစာအတွက် ခုခံကာကွယ်မှုကို ပြသထားတဲ့မျဥ်းကြောင်းပဲ...လက်ဝဲစစ်တပ်နယ်မြေမှာ စခန်းချထားတဲ့ စစ်သားဆယ်သန်းရှိတယ်....အဲ့ဒီစစ်သားတွေထဲမှာအများစုကို အရေးကြီးနေရာလေးနေရာဖြစ်တဲ့ မိုလင်း ထန်ချုံး ဟေးမိုနဲ့ ဟန်နယ်စပ်ကြယ်မြစ်တွေမှာ နေရာချထားတယ်...အဲ့ဒီနေရာတစ်နေရာစီမှာ အနည်းဆုံး စစ်သည်အင်အားတစ်သန်းကျော်ရှိပြီးတော့...သူတို့တွေအားလုံးကို ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေက စောင့်ကြပ်ပေးထားတယ်"

"အရင်လက်ဝဲစစ်တပ်တပ်မှူးရဲ့ မူလအစီအစဥ်အရ...အဲ့ဒီနေရာလေးခုကို သေသေချာချာ ကာကွယ်စောင့်ကြပ်နိုင်တာနဲ့...ထန်အင်ပါယာရဲ့တိုက်ခိုက်မှုကို ဟန့်တားနိုင်မယ်လို့ ယူဆခဲ့တယ်...ဒါကြောင့် အဲ့ဒီအစောင့်တပ်လေးတပ်ရဲ့ အထောက်အပံ့ပစ္စည်းတွေက အကောင်းဆုံးပဲ...သူတို့က ဝင်္ကပါပညာရှင်တွေကိုတောင် ဖိတ်ခေါ်ပြီးတော့ အဲ့ဒီကြယ်နယ်မြေလေးခုကြားမှာ ကူးပြောင်းရေးဝင်္ကပါတွေကို ခင်းကျင်းထားတယ်....မတော်တဆမှုတစ်ခုခု ဖြစ်ပွားတာနဲ့ စစ်သည်အင်အားတစ်သိန်းက အဲ့ဒီနေရာတွေကို ချက်ချင်းစစ်ကူပေးနိုင်လိမ့်မယ်"

ရှင်းလင်းတင်ပြချက်အပြီးတွင် ဖေးထျန်ကွမ်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ဒါပေမယ့် အဲ့ဒီမှာ ပြဿနာတစ်ခုရှိနေတယ်...လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံးရဲ့ လက်ရွေးစင်သားတွေရဲ့တစ်ဝက်လောက်က...အဲ့ဒီကြယ်နယ်မြေလေးခုမှာရှိနေတယ်...ရှီးလျန်ကြယ်နယ်မြေမှာ ဘာခုခံကာကွယ်မှုမှမရှိဘူး...အရင်နေ့ရက်တွေမှာ သူလျှိုတွေဆီကနေရတဲ့....ထန်အင်ပါယာက အခုချိန်မှာ စစ်သည်အင်အားတွေ စုစည်းနေတယ်....ကြည့်ရတာတော့ သူတို့က ငါတို့ကို ရှောင်တခင်တိုက်ခိုက်မယ့်ပုံရှိတယ်"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"မင်းမှာ ပိုပြီးတိကျတဲ့ သတင်းအချက်အလက်တစ်ခုခုရှိလား"

"ငါတို့က ခုထိတော့ ထန်အင်ပါယာဘက်က အစစ်အမှန်ရည်ရွယ်ချက်ကို မဖော်ထုတ်နိုင်သေးဘူး...သူတို့ဘက်ကသာ ငါတို့ရဲ့လှုပ်ရှားမှုတွေကို သတိပြုမိနေတာ...သူတို့က လူတွေအမြဲစေလွှတ်ပြီးတော့ ငါတို့ရဲ့သတင်းတွေကို စုံစမ်းထောက်လှမ်းနေတယ်"

ဖေးထျန်ကွမ်းက သူ၏ခေါင်းကို ခါယမ်းလိုက်၏။

တော်ဝင်တရားစီရင်ရေးဌာန၏အရာရှိကြီးတစ်ယောက်ဖြစ်ခဲ့သော ဖေးထျန်ကွမ်းသည် သူလျှိုများကို မွေးမြူ၍ တာယွီအင်ပါယာအနှံ့အပြား၌ စေလွှတ်ထားသည်။

သို့ရာတွင် အလယ်ခေတ်ကျင့်ကြံခြင်းအင်ပါယာဖြစ်သော ထန်အင်ပါယာသည် မလောက်လေးမလောက်စားအင်ပါယာမျိုး မဟုတ်ချေ။သူတို့ထံတွင်လည်း တူညီစွာပင် သူလျှိုများရှိနေသည်။

အင်ပါယာနှစ်ခုကြားရှိစစ်ပွဲသည် ယာယီရပ်တန့်ထားသော်လည်း သတင်းထောက်လှမ်းနေသူများသည် ပြောင်ပြောင်တင်းတင်းရှိနေသည့်အပြင် လျှို့ဝှက်၍လည်း ပုန်းအောင်းနေသည်။

"မင်းရဲ့လူတွေကို ဆက်ပြီးတော့ စေလွှတ်ထားလိုက်အုံး...တကယ်လို့ အရင်းအမြစ်တစ်ခုခု လိုအပ်တယ်ဆိုရင် ငါ့ကို အချိန်မရွေး အသိပေးလို့ရတယ်"

လုယွီက ပြောဆိုသည်။

ရှီးလျန်ကြယ်နယ်မြေအတွင်း၌ လှည့်လည်သွားလာကြည့်ပြီးနောက် လုယွီထံတွင် နက်ရှိုင်းသောခံစားချက်မျိုးရှိနေသည်။

လက်ဝဲစစ်တပ်နယ်မြေအတွင်း၌ မျိုးဆက်ဟောင်းများမှ ကျင့်ကြံသူများဖြစ်စေ လူငယ်မျိုးဆက်သစ်များဖြစ်စေ သူတို့နှင့်ထန်အင်ပါယာမှ ကျင့်ကြံသူများအကြားတွင် ကြီးမားသောကွာဟချက်ကြီးရှိနေသည်။

ထန်အင်ပါယာဘက်မှသာ အမှန်တကယ်တိုက်ခိုက်လာပါက လက်ဝဲစစ်တပ်နယ်မြေအား စောင့်ကြိုနေသည့် တစ်ခုတည်းသောအရာမှာ ရှုံးနိမ့်ခြင်းပင်။

"တကယ်တော့ ထန်အင်ပါယာကနေ ကျူးကျော်တိုက်ခိုက်နိုင်တဲ့ လမ်းကြောင်းနှစ်ကြောင်းပဲရှိတယ်...ငါ အရင်က ထန်အင်ပါယာဘက်ကို စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ သူတို့ရဲ့အတွေးတွေကို အကြမ်းဖျင်းဖော်ထုတ်နိုင်ခဲ့တယ်"

တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ပေါင်လုံတုက ရုတ်တရက် ပြောဆိုသည်။

လက်ရှိနေရာတွင် ရှိနေသူများအားလုံး သူ့ကို ကြည့်လိုက်ကြ၏။

ပေါင်လုံတုသည် အကျဥ်းချခံထားရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သူ၏ခန္ဓာကိုယ်မှ သွေးချီအမြောက်အများ လျော့ပါးသွားသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပိန်ပါးပြီး ခြောက်ကပ်နေသည်။ထို့ပြင် သူသည် အသက်အရွယ်ရနေပြီဖြစ်သောကြောင့် သူ မတ်တတ်ထရပ်လိုက်စဥ်တွင် ခါးအနည်းငယ်ကုန်းနေပေ၏။

သူသည် တစ်ချိန်လုံး လုယွီ၏နောက်၌ ရှိနေခဲ့သည်။တခြားသူများသည် သူ မည်သူမည်ဝါဖြစ်သည်ကို သိရှိလိုကြသော်လည်း သူတို့သည် နှုတ်မှဖွင့်ဟ၍ မေးမြန်းဝံ့ခြင်းမရှိချေ။

လုယွီက ပြောဆိုသည်။

"သူက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ တော်ဝင်စုံစမ်းစစ်ဆေးရေးမှူး ပေါင်လုံတု"

Chapter 3454

"အိုး...ဒါဆိုရင် အရှင်ပေါင်ပေါ့...ငါ မင်းရဲ့အကြောင်းကို အများကြီးကြားထားဖူးတယ်"

ဖေးထျန်ကွမ်းက ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

သူသည် သတင်းအချက်အလက်များကို ရယူရာတွင် စီမံအုပ်ချုပ်နေသူဖြစ်သဖြင့် ပေါင်လုံတုသည် ဝမ်မူကျီး၏ပြစ်မှုများကို တော်ဝင်နန်းတွင်းထံသတင်းပို့ရန် ပြင်ဆင်နေခဲ့ကြောင်း သူ သိရှိထားသည်။သို့ရာတွင် ပေါင်လုံတုသည် ဝမ်မိသားစု၏တိတ်တဆိတ်ဖမ်းဆီးခြင်းကို ခံခဲ့ရလေ၏။

ဤသည်မှာ သူ၏သေရေးရှင်ရေးကို ဘေးချိတ်ထားသော လူတစ်ယောက်ပင်။ဖေးထျန်ကွမ်းသည် ပေါင်လုံတုကို ရှာတွေ့ပါက လုယွီ၏လက်အောက်သို့ခေါ်ယူရန် ယခင်ကတည်းက စီစဥ်ထားခဲ့သည်။

ပေါင်လုံတုက ပြောဆိုသည်။

"ငါက လက်ဝဲစစ်တပ်နယ်မြေထဲမှာ အချိန်အကြာကြီး စုံစမ်စစ်ဆေးခဲ့တယ်....တကယ်လို့ ထန်အင်ပါယာက ငါတို့ရဲ့စစ်တပ်ကို တကယ်ကြီးတိုက်ခိုက်ချင်တယ်ဆိုရင်...သူတို့က ခုခံကာကွယ်မှု အတင်းကြပ်ဆုံးနေရာလေးနေရာကို ဦးတည်ပြီးတော့ ချီတက်လာမှာမဟုတ်ဘူး...ထန်အင်ပါယာဘက်မှာ အရေအတွက်အရ အားသာတယ်ဆိုပေမယ့် သူတို့ရဲ့အဓိကစစ်အင်အားက ရှေ့တန်းစစ်မျက်နှာစာမှာ စုဝေးနေတယ်...သူတို့က အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ သူတို့ရဲ့အင်အားကို အများကြီးဖြုန်းတီးဖို့ဆိုတာ မဖြစ်နိုင်ဘူး"

ထို့နောက် ပေါင်လုံတုသည် ကြယ်မြေပုံပေါ်ရှိ ကြယ်နယ်မြေတချို့ကို လက်ညှိုးညွှန်ပြကာ ပြောဆိုသည်။

"ရန်သူတပ်မှူးအတွက် ဖြစ်နိုင်ချေနှစ်ခုပဲရှိတယ်...တစ်ခုက အကာအကွယ်စည်းတွေကို ဖြတ်ပြီးတော့ ရှီးလျန်ရဲ့အတွင်းပိုင်းကို တိုက်ရိုက်ဝင်လာဖို့ပဲ...အဲ့ဒီအကြံအစည် အထမြောက်သွားတာနဲ့ ရှီးလျန်အုပ်ချုပ်ရေးရုံးတော် ပျက်စီးပြီးတော့ လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံး ချက်ချင်းပျက်သုဥ်းသွားရလိမ့်မယ်"

ဖေးထျန်ကွမ်းက မျက်မှောင်ကြုတ်လိုက်သည်။

"သူတို့က ခုခံကာကွယ်မှုအတားအဆီးလေးနေရာကို ဖြတ်သန်းချင်တယ်ဆိုရင် ဒါက လွယ်ကူမှာမဟုတ်ဘူး.. ရန်သူစစ်တပ်ကြီး ဒီလိုရွေ့လျားလာတာနဲ့ ငါတို့က ချက်ချင်းစုံစမ်းထောက်လှမ်းမိမှာပဲလေ"

"သူတို့က အဲ့ဒီကိစ္စအတွက် အစီအစဥ်ဆွဲပြီးသားလေ...အဲ့ဒီအချိန်ကျရင် အယောင်ပြတာပဲဖြစ်ဖြစ် ပုန်းလျှိုးကွယ်လျှိုးပူးပေါင်းထားတာပဲဖြစ်ဖြစ် သူတို့မှာ ခိုးဝင်နိုင်တဲ့နည်းလမ်းတွေ အများကြီးရှိတယ်"

လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များအားလုံး မျက်မှောင်ကြုတ်လိုက်ကြ၏။

သူတို့အားလုံးသည် နားလည်သဘောပေါက်လွယ်သော စစ်သားများဖြစ်သဖြင့် အကယ်၍ ထန်အင်ပါယာသာ ဤကဲ့သို့နည်းဗျူဟာတစ်ခုကို လိုက်လျောညီထွေဖြစ်အောင် အသုံးချနိုင်ပါက အကာအကွယ်စည်းလေးခုလုံး ရှုံးနိမ့်သွားမည်ဖြစ်ကြောင်း သူတို့ သိရှိထားသည်။

ထိုအချိန်ကျပါက လက်ဝဲစစ်တပ်နယ်မြေသည် ရန်သူများ၏ အဘက်ဘက်မှဝိုင်းရံတိုက်ခိုက်မှုကို ရင်ဆိုင်ရပေမည်။

ပေါင်လုံတုက ရုတ်တရက် စကားခေါင်းစဥ် ပြောင်းလဲလိုက်သည်။

"ဒါပေမယ့် ငါ့ရဲ့ခန့်မှန်းချက်အရဆိုရင် ထန်အင်ပါယာက ဒီနည်းလမ်းကို ရွေးချယ်မှာမဟုတ်ဘူး...ဖြစ်နိုင်တာတော့ ဒီနေရာတွေကိုတိုက်ခိုက်တာက ယောင်ပြပဲ....သူတို့ရဲ့အစစ်အမှန်ပစ်မှတ်က အနက်ရောင်မိုကြယ်ဖြစ်ဖို့များတယ်..."

ထို့နောက် ပေါင်လုံတုသည် ယုံကြည်ချက်အခိုင်အမာရှိသောလေသံဖြင့် လက်ဝဲစစ်တပ်နယ်မြေအတွင်းတွင် သူ စုံစမ်းသိရှိခဲ့ရသမျှ အရာအားလုံးကို ဆက်လက်၍ ပြောဆိုလိုက်၏။

လက်ဝဲစစ်တပ်နယ်မြေတွင် ခုခံကာကွယ်မှုစည်းလေးနေရာ ပြင်ဆင်ထားသော်လည်း အနက်ရောင်မိုကြယ်သည် ကြီးမားသောကယ်ပေါက်ဖြစ်နေမည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။ထို့ပြင် ဤကယ်ပေါက်သည် အမှန်တကယ်ကို တည်ရှိနေပြီး မည်သူမျှ ထွင်းဖောက်မြင်နိုင်ခဲ့ခြင်းမရှိပေ။

ပေါင်လုံတုကဲ့သို့ အုပ်ချုပ်ရေးအရာရှိတစ်ယောက်သည် လက်ဝဲစစ်တပ်နယ်မြေ၏ဖွဲ့စည်းပုံနှင့် ထန်အင်ပါယာ၏စစ်တပ်အကြောင်းကို အလွန်ကောင်းမွန်စွာ သိကျွမ်းနေမည်ဟု မည်သူမျှ မျှော်လင့်မထားမိကြချေ။

ထိုကိစ္စများကို ပေါင်လုံတုပြောဆိုပြီးနောက် လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များသည် သဘောတူထောက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ဖေးထျန်ကွမ်းက မျက်မှောင်ကြုတ်လိုက်၏။

"အခြေအနေက အရမ်းအန္တရာယ်များနေပြီ...ကြည့်ရတာတော့ ငါတို့ရဲ့အရင်အစီအစဥ်တွေကို ထိန်းညှိပြင်ဆင်မှုတွေ ပြန်ပြီးလုပ်ရမယ့်ပုံပဲ"

"အရှင်လု.....ဘယ်လိုထင်လဲ"

လူတစ်စုလုံး လုယွီကို ကြည့်လိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ဤနေရာတွင် ဆုံးဖြတ်ချက်ချနိုင်သူမှာ လုယွီပင်။

လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"အဲ့ဒီကိစ္စအတွက် အသေးစိတ်အချက်အလက်တွေကို နောက်ကျမှဆွေးနွေးကြမယ်...ဒီနေ့ကနေစပြီးတော့ ပေါင်လုံတုက စည်းဝေးခန်းမထဲကိုဝင်ပြီးတော့ စစ်ရေးနဲ့အုပ်ချုပ်ရေးကိစ္စတွေကို ပါဝင်ဆွေးနွေးလိမ့်မယ်"

"ဟုတ်ကဲ့ပါ အရှင်လု"

ဖေးထျန်ကွမ်းသည် ရုတ်တရက် ယခင်ရက်အနည်းငယ်အတွင်းတွင် သူ ရရှိထားသောသတင်းအချင်အလက်များကို လုယွီထံသို့ အသံပေးပို့၍ သတင်းပို့လေသည်။

ထိုသတင်းအချက်အလက်များသည် အလွန်ရှုပ်ထွေးသဖြင့် သူ စုံစမ်း၍ရခဲ့သည့်တိုင် မည်ကဲ့သို့ ရှင်းရှင်းလင်းလင်း ရှင်းပြရမည်ကို သူ မသိရှိချေ။နတ်ဘုရားစိတ်အာရုံဖြင့် ဆက်သွယ်ပြောဆိုသဖြင့် စကားလုံးပေါင်းတစ်သောင်းခန့်ကို တခဏချင်း​ပေးပို့နိုင်ပြီး အကျိုးသက်ရောက်မှုမှာလည်း အဆများစွာ ပို၍မြင့်မားသည်။

ယခင်ရက်အနည်းငယ်အတွင်းတွင် ပုန်းကွယ်နဂါးစစ်တပ်သည် လေဟာနယ်ဓားပြများ၏တိုက်ခိုက်မှုကို ခံရမည်ဟု သူ အမှန်တကယ်ကို မျှော်လင့်မထားမိချေ။

သို့ရာတွင် လေဟာနယ်ဓားပြများသည် စစ်သင်္ဘောတွင် လွှင့်တင်ထားသော အလံများကိုမြင်တွေ့ပြီးနောက် အနီးသို့မချဥ်းကပ်ဝံ့ချေ။သူတို့သည် အကြိမ်အနည်းငယ်ခန့်သာ အယောင်ပြတိုက်ခိုက်ပြီးနောက် လက်လျှော့အရှုံးပေးကာ ထွက်ခွာသွားတော့သည်။

"ပြီးတော့...ငါတို့က လမ်းတလျှောက်မှာ စိတ်အနှောက်ဖြစ်စေတဲ့အထိ တိုင်စာတွေရထားတယ်...အဲ့ဒီစာတွေ အကုန်လုံးနီးပါးက ဝမ်မိသားစုနဲ့ သက်ဆိုင်နေတယ်...ဒီနှစ်တွေမှာ ဝမ်မိသားစုက လက်ဝဲစစ်တပ်နယ်မြေအတွင်းမှာ အာဏာရှင်ဆန်ဆန် စိုးမိုးနေခဲ့တယ်...သူတို့ရဲ့ညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရတဲ့လူတွေ ဘယ်လောက်တောင်များနေပြီလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး...သူတို့က ရှီးလျန်ကြယ်နယ်မြေထဲမှာ မြစ်ပွားနာတစ်ခုလို ဖြစ်နေပြီ"

ဖေးထျန်ကွမ်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

Chapter 3455

တော်ဝင်တရားစီရင်ရေးဌာန၏ အရာရှိဟောင်းတစ်ယောက်ဖြစ်ခဲ့သော ဖေးထျန်ကွမ်းသည် ခိုင်လုံသောသက်သေအထောက်အထားကိုသာကြည့်ကာ စိတ်ခံစားချက်မရှိသူဖြစ်သည်။

သူ ဤမျှထိ အလွန်ဒေါသထွက်နေသည်ကို ကြည့်ခြင်းအားဖြင့် ဝမ်မိသားစု မည်မျှထိ မောက်မာရိုင်းစိုင်းသည်ကို ပြသနေခြင်းပင်။

မကြာမီမှာပင် လျှို့ဝှက်စာတစ်စောင်က လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

လုယွီသည် ထိုလျှို့ဝှက်စာကို အလျှင်အမြန်နားထောင်ပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။

တာယွီအင်ပါယာတခွင်လုံးတွင် ရှီးလျန်ကြယ်နယ်မြေသခင်ကဲ့သို့ မောက်မာရိုင်းစိုင်းသူ မည်မျှထိများများရှိနေမည်ကို မည်သူမျှမသိနိုင်ချေ။

"ငါ ဒီကိစ္စကိုသိပြီ...မင်း သက်သေတွေ ဆက်ပြီးရှာထားလိုက်အုံး...ဒါက မနက်ဖြန်ကျရင် ငါ့အတွက် အများကြီးအသုံးဝင်လာလိမ့်မယ်"

လုယွီသည် စစ်ပွဲအကြောင်းကို တခြားစစ်ဗိုလ်ချုပ်များနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် သူ၏အခန်းသို့ ပြန်လာခဲ့တော့သည်။

ယခင်တစ်ကြိမ်က လုယွီ၏အခန်းအတွင်းသို့ လူတချို့ ဝင်ရောက်လာခဲ့ပြီးနောက် ယခုချိန်တွင် လုံခြုံရေးကို ပို၍တင်းကြပ်ထားသည်။

အခန်းပြင်ပတွင် ကင်းလှည့်စောင့်ကြပ်သော စစ်သားအရေအတွက်ကို နှစ်ဆတိုးထားရုံသာမက ပတ်ဝန်းကျင်၌ နေ့ညမလပ် စောင့်ကြည့်နေသော စစ်ဗိုလ်ချုပ်တချို့လည်းရှိနေသည်။

လုယွီသည် ထိုသို့ပြုလုပ်ရန်မလိုအပ်ဟု ပြောဆိုခဲ့သော်လည်း ဖေးထျန်ကွမ်း၏အတင်းအကျပ်တိုက်တွန်းမှုအောက်တွင် ဤအတိုင်း လုံခြုံရေးတင်းကြပ်သွားလေ၏။

ဖေးထျန်ကွမ်းတို့လူစုသည် လုယွီ၏ကိုယ်ပိုင်အင်အားစုမှဖြစ်သည်။

လုယွီသာ တစ်စုံတစ်ခု ဖြစ်ပျက်သွားပါက သူတို့၏အနာဂတ် ပျောက်ကွယ်သွားမည်ဖြစ်ရုံသာမက သူတို့သည် အကွက်ချကြံစည်မှုကိုလည်း ခံယူရပေမည်။ထို့ကြောင့် မည်သည့်ကိစ္စမျိုးရှိနေပါစေ သူတို့သည် လုယွီကို ကာကွယ်ရပေမည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏အခန်းအတွင်း၌ မည်သည့်အနှောက်အယှက်မျိုးမျှ ရှိမနေတော့ချေ။

လုယွီက သူ၏လက်ချောင်းများကိုလှုပ်ခတ်ကာ မှော်မန္တန်တချို့ကို အခန်း၏ထောင့်တစ်နေရာတိုင်းသို့ ကျရောက်သွားစေသည်။ရုတ်ချည်းဆိုသလိုပင် အခန်းအတွင်း၌ အသေးစားဝင်္ကပါတတစ်ခုကို ခင်းကျင်းပြီးလေပြီ။ပြင်ပမှကြည့်ပါက အကယ်၍ နတ်ဘုရားစိတ်အာရုံကို အသုံးပြုသည့်တိုင် အခန်းအတွင်းရှိအခြေအနေကို မည်သူမျှ တွေ့မြင်နိုင်မည်မဟုတ်ချေ။

ရုတ်ချည်းဆိုသလိုပင် လုယွီက သက်ရှည်သစ်သီးပင်ကို ထုတ်ယူလိုက်၏။

"မျှော်လင့်ထားသလိုပဲ...ဒါက ရှေးဟောင်းခေတ်တုန်းကလို သက်ရှည်သစ်သီးပင်မျိုး မဟုတ်တော့ဘူး...အတိတ်တုန်းက ရှေးဟောင်းကောင်းကင်ဘုံနန်းတွင်းမှာ သက်ရှည်သစ်သီးပင်ကို စိုက်ဖို့အတွက် ကျောက်စိမ်းရေကန်ကနေ နှစ်တစ်သောင်းသန့်စင်ရေကြည်နဲ့ လောင်းရတယ်....အဲ့ဒီအပင်စိုက်ပျိုးတဲ့မြေနေရာက နတ်ဘုရားကုန်းမြေပေါ်မှာပဲ...ဘယ်လိုလုပ်ပြီးတော့ ခုလိုမျိုး ယုတ်ညံတဲ့နည်းလမ်းတွေနဲ့ ဒီအပင်ကို စိုက်ပျိုးနိုင်မှာလဲ"

သက်ရှည်သစ်သီးပင် ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် ယင်ချီစွမ်းအားလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

မူလက ပြင်ပမှနေ၍ အခန်းအတွင်းသို့ နေရောင်ခြည်ဖြာကျနေသည်။သို့ရာတွင် သက်ရှည်သစ်သီးပင် ထွက်လာပြီးနောက် နေရောင်ခြည်သည် အတားအဆီးတစ်မျိုးမျိုးနှင့် ရင်ဆိုင်လိုက်ရသည့်အလား လေဟာနယ်အတွင်း၌ ပြန့်ကျဲသွားလေ၏။

ထိုသက်ရှည်သစ်သီးပင်၏အကိုင်းတစ်ကိုင်းတွင် အသီးတစ်လုံးသီးနေလေပြီ။သို့ရာတွင် ထိုသစ်သီးသည် မရင့်မှည့်သေးဘဲ လက်သီးဆုပ်တစ်ဆုပ်စာ အရွယ်အစားသာရှိကာ မျက်နှာပြင်သည် အစိမ်းရောင်ရှိသည်။

"ငါ ကြည့်ကြည့်မယ်...ငါ တစ်ချက်ကြည့်ကြည့်မယ်"

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် သိုလှောင်အိတ်အတွင်းမှ ခုန်ထွက်လာကာ ထိုသစ်သီးကို စပ်စပ်စုစု ကြည့်နေသည်။

သက်ရှည်သစ်သီးကဲ့သို့ သဘာဝရတနာမျိုး မွေးဖွားလာရန်မှာ မလွယ်ကူချေ။ထိုအရာ ရင့်မှည့်ရန်အတွက် အချိန်အတော်ကြာယူ၍ စွမ်းအားများစုဆောင်းရန် လိုအပ်သည်။

သို့ရာတွင် လုယွီသည် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းလိုခြင်းမရှိချေ။သူသည် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်မှ ဥပဒေသစွမ်းအားကို အသုံးပြု၍ သစ်သီး၏ကြီးထွားမှုကို အရှိန်မြှင့်တင်လိုက်သည်။

ထို့ပြင် လုယွီသည် သူ၏ကမ္ဘာငယ်လေးအတွင်းမှ မြေဆီမြေနှစ်တစ်စိတ်တစ်ပိုင်းကိုလည်း အသုံးပြုလိုက်၏။မြေဧကတစ်သောင်းနီးပါးမှ မြေဆီမြေနှစ်များသည် ထိုသက်ရှည်သစ်သီးပင်မှ စုပ်ယူမှုကြောင့် ခြောက်ကပ်သွားခဲ့သည်။ဤအရာများကို နှစ်အနည်းကြာ အချိန်ယူ၍ ပြန်လည်ပြုပြင်မွမ်းမံရပေမည်။

သက်ရှည်သစ်သီးသည် ယခုထိတိုင် မရင့်မှည့်သေးသော်လည်း ခပ်ဖျော့ဖျော့သစ်သီးရနံ့က မွှေးပျံနေလေပြီ။

ဤကဲ့သို့မွှေးရနံ့မျိုးသည် သာမာန်သစ်သီးများ၏ရနံ့နှင့် ကွဲပြားခြားနားသည်။

အကယ်၍ ထိုမွှေးရနံ့ကို တခြားသူများ ရှုရှိုက်မိပါက ထိုလူများသည် သစ်သီးကို ဝါးမျိုခြင်းမပြုဘဲ နေနိုင်မည်မဟုတ်ချေ။

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် မူလကတည်းက အစားလောဘကြီးသူပင်။ဤမွှေးရနံ့ကို ရှုရှိုက်မိချိန်တွင် သူသည် တောင့်မခံနိုင်တော့ဘဲ သစ်သီးကိုဝါးမြိုရန် ရှေ့သို့တရကြမ်းပြေးသွားလိုက်၏။

သူ ပြေးလွှားနေစဥ်မှာပင် လုယွီ၏ဖမ်းဆုပ်ထားခြင်းကို ခံလိုက်ရသည်။

"ငြိမ်ငြိမ်လေး အထဲကိုပြန်ဝင်နေစမ်း"

လုယွီက သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏ခေါင်းကို ဖမ်းဆုပ်ကာ နောက်သို့တွန်းပို့လိုက်သည်။

All Chapters