← Chapters

အခန်း (၃၄၈၁-၃၄၈၅)

Vol. 177 Ch. 3481-3485

အခန်း (၃၄၈၁-၃၄၈၅)

Vol. 177 Ch. 3481-3485

Chapter 3481

သို့ရာတွင် ပျော်ရွှင်သောလက်ထပ်ပွဲကို မလိုလားသော မိန်းကလေးဟူ၍ မည်သူရှိမည်နည်း။

သို့သော် ယခုချိန်၌ သူမသည် ဝမ်ခန်းကိုအဆက်မပြတ် မြှောက်ပင့်ချီးမွမ်းနေသော သူ၏မိတ်ဆွေသူငယ်ချင်းများအကြားတွင် နေနေရသည်။

မည်သည့် စေ့စပ်လက်ဆောင်မျှမရှိ မည်သည့်မင်္ဂလာပွဲလက်ဆောင်မျှမရှိချေ။

မည်သူကမျှ သူမ မည်ကဲ့သို့ ခံစားနေရသည်ကို မေးမြန်းခြင်းမရှိပေ။

သူမသည် ဝမ်ခန်း ဆော့ကစားရန် ရုပ်သေးတစ်ရုပ်၏အခန်းကဏ္ဏ၌ ပါဝင်နေရခြင်းဖြစ်သည်။

ဝမ်ခန်းသည် ယနေ့မှစ၍ သူမသည် သူ၏မိန်းကလေးဖြစ်သွားပြီဖြစ်ကာ မည်သူမျှ သူမအနီးသို့ ချဥ်းကပ်ခွင့်မရှိကြောင်း ပြောပြလိုခြင်းသာဖြစ်ပေ၏။

နဥ်အမ်ထုံသည် နောင်အနာဂတ်၌ သူမသည် ဝမ်ခန်းထံတွင် ခစားရတော့မည်ကို တွေးတောမိချိန်တွင် သူမသည် ကူကယ်ရာမဲ့စွာ ဝမ်းနည်းကြေကွဲနေမိသည်။

သူမထံတွင် တခြားနည်းလမ်း မရှိတော့ချေ။

ရှီးလျန်မြို့အတွင်း၌ ဝမ်မိသားစု၏စကားသည် တော်ဝင်အမိန့်တော်တစ်ခုနှင့် တူညီသည်။

နဥ်ကျိုးသည် ရွှေတံဆိပ်လူဆိုးထိန်းတစ်ယောက်ဖြစ်သော်လည်း ဝမ်မိသားစု၏မျက်လုံးအတွင်း၌ သူသည် အနည်းငယ်မျှပင် အရေးမပါချေ။သူ နဥ်ကျိုးကို သတ်ဖြတ်လိုသရွေ့ အချိန်မရွေး သတ်ဖြတိနိုင်ပေမည်။

"သခင်လေးဝမ်...မင်္ဂလာအချိန် ကျနေပြီ...ကန်တော့တဲ့အခမ်းအနားကို ကျွန်တော်တို့ အခု စတင်ကျင်းပကြရအောင်"

အစေခံတစ်ယောက်က နံဘေးမှနေ၍ သူ့အားသတိပေးလေသည်။

ဝမ်ခန်းသည် သူ၏လက်အတွင်းမှ ဝိုင်အရက်ခွက်ကို အောက်သို့ချပြီး ရယ်မောလိုက်၏။

"ကောင်းပြီလေ...အရိုအသေပြုတဲ့ အခမ်းအနားကို စကြတာပေါ့"

ပတ်ဝန်းကျင်မှနေ၍ ကျယ်လောင်စွာ အော်ဟစ်ရယ်မောသံများ ထွက်ပေါ်လာသည်။

ဝမ်ခန်းသည် သူ၏အဝတ်အစားများကို သပ်ရပ်အောင်ပြုပြင်ကာ နဥ်အမ်ထုံ၏နံဘေးသို့ လျှောက်လှမ်းသွားလိုက်သည်။သူ၏နုတ်ခမ်းများ ရုတ်တရက် လှုပ်ရှားသွားကာ သူ၏အသံကို ပေးပို့လေသည်။

"မင်း လိမ်လိမ်မာမာနဲ့ မင်္ဂလာပွဲပြီးတဲ့ချိန်ထိ ငါနဲ့အတူ ပူးပေါင်းပါ...ငါ မင်းရဲ့အဖေကို လွှတ်ပေးမယ်"

နဥ်အမ်ထုံ၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားသော်လည်း သူမသည် မည်သည့်စကားတစ်ခွန်းမျှ ပြောဆိုခြင်းမပြုချေ။

ဝမ်အိမ်တော်၏အိမ်တော်ထိန်းသည် အပြေးရောက်လာကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး အပြုံးနှင့်ပြောဆိုသည်။

"သခင်လေး....ဒီအစေခံအိုကြီးက အခမ်းအနားကို တာဝန်ယူပြီးတော့ ဆောင်ရွက်ပေးပါ့မယ်"

"အပိုစကားတွေ ပြောမနေနဲ့တော့...မြန်မြန်လုပ်စမ်း"

ဝမ်ခန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

အိမ်တော်ထိန်းက ချက်ချင်းဆိုသလိုပင် ရယ်ပြုံးလိုက်၏။

"မိုးနဲ့မြေကို ဂါရဝပြုပါ"

ဝမ်ခန်းနှင့်နဥ်အမ်ထုံတို့သည် မိုးနှင့်မြေကို ဂါရဝပြုလိုက်ကြသည်။

"မိဘတွေကို ဂါရဝပြုပါ"

သူတို့နှစ်ယောက်သည် စင်မြင့်ပေါ်ရှိ ထိုင်ခုံအလွတ်များထံဦးတည်၍ အရိုအသေပြုလိုက်သည်။

ဝမ်မူကျီးနှင့်သခင်မကြီးဝမ်တို့သည် မြင့်မြတ်သောအဆင့်အတန်းရှိသူများဖြစ်သည်။သူတို့သည် မည်သည်ကြောင့် ကိုယ်လုပ်တော်တစ်ယောက်ယူသော မင်္ဂလာပွဲကို တက်ရောက်မည်နည်း။

နဥ်အမ်ထုံ၏ဖခင် နဥ်ကျိုးသည် ထောင်အတွင်း၌ အကျဥ်းချခံထားရဆဲပင်။သူမ၏မိခင်ကမူ နဥ်ကျိုး အကျဥ်းချခံထားရသည်ကိုကြားချိန်တွင် သတိလစ်မေ့မျောသွားကာ ယခုထိတိုင် နိုးထလာခြင်းမရှိသေးချေ။

"ခင်ပွန်းနဲ့ဇနီးသည် အပြန်အလှန်ဂါရဝပြုမယ်"

နဥ်အမ်ထုံသည် ရုပ်သေးတစ်ရုပ်အလား ဝမ်ခန်းကို အရိုအသေပြုလိုက်၏။

ပတ်ဝန်းကျင်ရှိလူများသည် ဂုဏ်ပြုချီးမွမ်းလိုက်ကြကာ တချို့လူများသည် ဝိုင်အရက်များသောက်ရင်း လေချွန်လိုက်ကြသည်။

ဤမင်္ဂလာပွဲသည် ဟာသပြဇာတ်တစ်ခုနှင့်သာ တူညီနေသည်။

"ကောင်းပြီလေ...နောက်တစ်ဆင့်က မင်္ဂလာအခန်းကို ပို့ဆောင်ဖို့ပဲ"

အိမ်တော်ထိန်းသည် ရယ်ပြုံးကာ အစေခံမလေးတစ်စုကိုခေါ်ဆောင်၍ နဥ်အမ်ထုံကို မင်္ဂလာခန်းအတွင်းသို့ ပို့ဆောင်စေသည်။

ဝမ်ခန်းသည် လူငယ်အုပ်စုထံသို့ သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။

"ငါ ဒီနေ့အတွက် တော်ပြ...မင်းတို့ကောင်တွေ ဆက်ပြီးသောက်နှင့်ကြတော့"

လူငယ်တစ်စုက ရယ်မောလိုက်ကြသည်။

နောက်ထပ် မည်သည့်ကိစ္စများ ဆက်ဖြစ်မည်ကို သူတို့အားလုံး သိရှိထားသည်။

ဤသည်က ကိုယ်လုပ်တော်တစ်ယောက်ကို လက်ထပ်ခြင်းဖြစ်သဖြင့် မင်္ဂလာအခန်းအတွင်းသို့ဝင်ရာတွင် ရှုပ်ထွေးသောလုပ်ငန်းစဥ်များကို မလိုအပ်ချေ။

ထိုစကားပြောဆိုမှု၏အဆုံးသတ်ကို ကြားချိန်တွင် နဥ်အမ်ထုံ၏ခန္ဓာကိုယ် ပို၍ပြင်းထန်စွာ တုန်ရီသွားသည်။

သူမသည် လေးလံသောဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို ထမ်းထားရသည့်အလား ခံစားမိလေ၏။ဤသည်မှာ သူမပေါ်သို့ အိမ်မက်ဆိုးတစ်ခု ကျရောက်လာသည့်အလားပင်။

သူမသည် ဝမ်အိမ်တော်သို့ ယခင်က မရောက်ဖူးသော်လည်း ရှီးလျန်မြို့အတွင်း၌ ပျံ့နှံ့နေသော ဝမ်ခန်းနှင့်ပတ်သက်သည့် ကောလဟာလများကို သူမ ကြားသိခဲ့ဖူးသည်။

ကောလဟာလများအရ ဝမ်ခန်းသည် နတ်ဆိုးကျင့်ကြံနည်းစနစ်တစ်ခုကို ကျင့်ကြံသည်ဟု ဆိုကြ၏။အတိတ်တွင် သူသည် မိန်းကလေးများထံမှနေ၍ ယင်စွမ်းအားအမြောက်အများကိုစုဆောင်းကာ သူမတို့၏မူလဘူတယင်စွမ်းအားများကို ကုန်ဆုံးစေခဲ့သည်။

ထိုအကြောင်းအရင်းကြောင့် ဝမ်ခန်း၏လက်အတွင်းတွင် မိန်းကလေး မည်မျှထိများများ သေဆုံးသွားခဲ့ရသည်ကို မည်သူမျှမသိနိုင်ချေ။

သို့ရာတွင် ရှီးလျန်မြို့အတွင်းရှိအရာရာတိုင်းကို ဝမ်မိသားစုမှ ထိန်းချုပ်ထားသည်။မိန်းကလေးအမြောက်အများ ပျောက်ဆုံးနေသည့်တိုင် ဝမ်ခန်းသည် ဘေးကင်းလုံခြုံနေဆဲဖြစ်ပြီး မည်သည့်အသံဗလံမျှ ထွက်ပေါ်မလာချေ။

သူမ၏အနာဂတ်သည်လည်း ထိုမိန်းကလေးများနှင့် တူညီသွားလိမ့်မည်လော....

နဥ်အမ်ထုံသည် ရုတ်တရက် သူမရှေ့ရှိလမ်းသည် မှောင်မိုက်လာသကဲ့သို့ ခံစားမိလေ၏။

"မင်းက ဝမ်ခန်းလား"

ထိုအချိန်မှာပင် ကျယ်လောင်သောအသံတစ်သံက နဥ်အမ်ထုံ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

Chapter 3482

ဤအသံသည် မိုးကြိုးတစ်စင်းကျရောက်လာသည်နှင့်တူညီကာ ဝမ်အိမ်တော်၏အထက်ကောင်းကင်ယံအတွင်း၌ အချိန်အတော်ကြာ ပဲ့တင်ထပ်နေသည်။

ထိုအသံကိုကြားလိုက်ရသော လူတိုင်းသည် သူတို့၏နားစည်များ စူးရှရှနာကျင်လာသည်ကို ခံစားမိကာ သူတို့၏စိတ်နှလုံးသားများအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

လူများအားလုံး သူတို့၏ခေါင်းများကိုမော့ကာ မိုးကောင်းကင်ယံထံသို့ ကြည့်လိုက်ကြ၏။

မိုးကောင်းကင်ယံအောက်တွင်....

လက်သည်းငါးချောင်း ရွှေရောင်နဂါးတစ်ကောင်က လေထုအတွင်း၌ လှည့်ပတ်၍ပျံဝဲနေသည်။

ထိုနဂါး၏ခန္ဓာကိုယ်တစ်ခုလုံးကို တောက်ပသော ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေကာ သူ၏အ​ကြေးခွံများအားလုံး လင်းလက်တောက်ပနေပေ၏။

"ဒါက အစစ်အမှန်နဂါးတစ်ကောင်ပဲ...အစစ်အမှန်နဂါးတစ်ကောင်က ဘယ်လိုလုပ်ပြီးတော့ ဒီနေရာမှာ ထွက်ပေါ်လာတာလဲ"

လူအမြောက်အများသည် တုန်လှုပ်ချောက်ချားနေသော မျက်နှာအမူအယာများဖြင့် လေထုအတွင်း၌ မျောလွင့်နေသော အောင်းကွမ်းကို ကြည့်လိုက်ကြသည်။သူတို့အားလုံး၏မျက်နှာအမူအယာများ ချက်ချင်းဆိုသလိုပင် သေလုမတတ် ဖြူရော်သွားသည်။အရက်အလွန်အကျွံမူးယစ်နေသူတချို့ပင်လျှင် ဤအချိိန်အခိုက်အတန့်တွင် နိုးထလာပေ၏။

အောင်းကွမ်းသည် လုယွီ၏နောက်သို့ လိုက်ခဲ့စဥ်အချိန်မှစတင်၍ ဆေးဝါးများနှင့်အရင်းအမြစ်များ ပြတ်လပ်ခြင်းမရှိချေ။

မူလက သူသည် အစစ်အမှန်နဂါးတစ်ကောင်ဖြစ်သော်လည်း အောက်ဘုံအတွင်း၌ သူ၏ကျင့်ကြံဆင့်ကို အစဥ်အမြဲ ဖိနှိပ်ခံထားရသည်။ယခုချိန်တွင် သူ အထက်ဘုံသို့တက်လှမ်းနိုင်ခဲ့သောကြောင့် သူ၏ခွန်အားအပေါ်တွင် မည်သည့်တားမြစ်ကန့်သတ်မှုမျိုးမျှ မရှိတော့ချေ။ထို့ကြောင့် အောင်းကွမ်း၏ခွန်အား မြင့်တက်လာခဲ့သည်။

ယခုလက်ရှိချိန်တွင် အောင်းကွမ်းသည် မြေကမ္ဘာအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလေပြီ။သူသည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ခြေချနိုင်ရန် ခြေတစ်လှမ်းအကွာသာ လိုအပ်တော့သည်။

ထို့ပြင် နဂါးမျိုးနွယ်ဝင်များသည် လူသားမျိုးနွယ်ထက် ပို၍သန်မာအားကောင်းပေ၏။

ကျင့်ကြံဆင့်နယ်ပယ် ချိုးဖျက်နိုင်ပြီးနောက် အောင်းကွမ်းသည် ရှေးဟောင်းခေတ်အချိန်ကာလအတွင်းမှ နဂါးမျိုးနွယ်များ၏မှတ်ဥာဏ်အမြောက်အများကို နိုးထစေနိုင်ခဲ့သည်။သူသည် လူသားကျင့်ကြံသူအများစု သင်ယူရန်မဖြစ်နိုင်သော နတ်ဘုရားစွမ်းရည် အမြောက်အများကို သင်ယူထားသည်။

ကျင့်ကြံဆင့်နယ်ပယ်တူအတွင်းတွင် နဂါးမျိုးနွယ်ဝင်များကို ပြိုင်ဘက်ကင်းဟု ဆိုနိုင်သည်။

ဤကဲ့သို့ အစွမ်းထက်သောတည်ရှိမှုကြီး၏အရှိန်အဝါအောက်တွင် ရှီးလျန်မြို့မှလူငယ်ပါရမီရှင်များဟု ခေါ်ဆိုခြင်းခံရသူများသည် မည်သည့်နည်းဖြင့် တောင့်ခံနိုင်မည်နည်း။

ဤအချိန်အခိုက်အတန့်တွင် လက်ရှိနေရာ၌ရှိနေသော လူငယ်ပါရမီရှင်အများစုသည် သူတို့၏ခေါင်းများကိုငုံထားကြကာ အောင်းကွမ်းကို တန်းတန်းမတ်မတ် မကြည့်ဝံ့ကြချေ။

"အတင့်ရဲလှချည်လား...ဘယ်လိုနတ်ဆိုးမှော်သားရဲမျိုးက မောက်မာရိုင်းစိုင်းပြီးတော့ ဝမ်အိမ်တော်ထဲကို ဝင်လာဝံ့တာလဲ"

ဝမ်အိမ်တော်အတွင်းမှနေ၍ အကြီးအကဲတချို့ ရုတ်တရက် ပြေးထွက်လာကာ အောင်းကွမ်းကို ဝိုင်းရံလိုက်ကြ၏။

ထိုအကြီးအကဲများသည် လေထုအတွင်း၌မတ်တတ်ရပ်နေကာ တူညီသောဝတ်စုံများကို ဝတ်ဆင်ထားသည်။သူတို့၏အရှိန်အဝါများသည် သာမာန်မဟုတ်ပေရာ ဝမ်မိသားစု၏အဆင့်မြင့်အကြီးအကဲများဖြစ်ကြောင်း သိသာထင်ရှားသည်။

သူတို့သည် ဝမ်မိသားစု၏ခုခံကာကွယ်မှု အမာခံကျောရိုးများပင်။ဝမ်မိသားစုတွင် ရန်သူအမြောက်အများရှိသော်လည်း ထိုလူများသည် ဝမ်အိမ်တော်အနီးသို့ ခြေလှမ်းတစ်ဝက်မျှပင် မချဥ်းကပ်ဝံ့ချေ။ဝမ်အိမ်တော်အတွင်းသို့ ကျူးကျော်ဝင်လာဝံ့သူမှာ လွန်စွာရှားပါးသည်။

"ဒါက အစစ်အမှန်နဂါးတစ်ကောင်ပဲ....သူ့ရဲ့သွေးမျိုးဆက်က အရမ်းသန့်စင်တယ်...ငါက ခုလတ်တလောအချိန်မှာ ဆေးလုံးတချို့ကိုဖော်စပ်နေပြီးတော့ နဂါးသွေးထည့်ဖို့လိုအပ်နေတယ်...ငါ ဒါကို မင်းဆီကနေ ယူရလိမ့်မယ်"

ထိုအကြီးအကဲများအနက်မှ အဖိုးအိုတစ်ယောက်က ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်သည်။သူသည် သူ၏လက်ချောင်းများကို အတူတကွစုစည်းပြီးညွှန်ပြလိုက်ရာ လေထုအတွင်း၌ သွေးနီရောင်ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။

ထိုအဖိုးအိုသည် ရှေ့သို့ခြေတစ်လှမ်းတက်ကာ သွေးနီရောင်ဓားကို သူ၏လက်ဖြင့်ဆုပ်ကိုင်လိုက်၏။ရုတ်ချည်းဆိုသလိုပင် သွေးရောင်အလင်းတန်းများက သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ရစ်ဝဲနေကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က မြင့်တက်လာသည်။

ထိုသွေးရောင်အခိုးအငွေ့များသည် အဖိုးအို၏နောက်၌ သိပ်သည်းသွားကာ လူဘီလူကြီးတစ်​ကောင်အဖြစ် ဖွဲ့စည်းသွားသည်။ထိုလူဘီလူးကြီး၏ဆံပင်များ ဖြဲဟနေကာ သူ၏အစွယ်များကို ဖြဲဟထားသည်။ထို့နောက် သူ၏လက်အတွင်းရှိ ကြီးမားသောသွေးရောင်ဓားကြီးကို သူခေါင်းထက်သို့ရောက်သည်အထိ မြှောက်တင်ကာ အောက်သို့ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်၏။

"ဒီကြောင်တွေ ခွေးတွေက ဘယ်နေရာကနေ ထွက်လာတာလဲ...မင်းတို့က ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ရှေ့မှာလာပြီး မောက်မာရိုင်းစိုင်းဝံ့တာလဲ"

အောင်းကွမ်းသည် အထင်အမြင်သေးစွာဖြင့် ထိုအဖိုးအိုကို တစ်ချက်ကြည့်ကာ ရုတ်တရက် သူ၏နဂါးလက်သည်းကို ဆန့်ထုတ်လိုက်သည်။

ထိုနဂါးလက်သည်းကို ဆန့်ထုတ်လိုက်စဥ်တွင် ရွှေရောင်အလင်းတန်းများက လေထုကိုဖြတ်သန်းသွားသည်။ထိုအရာသည် လူဘီလူးပုံရိပ်ယောင်ကြီးပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။လူဘီလူးကြီး၏လက်အတွင်းရှိ သွေးရောင်ဓားရှည်သည် အောက်သို့ကျဆင်းမလာမီမှာပင် ရွှေရောင်အလင်းတန်းများ၏လွှမ်းခြုံမှုကို ခံလိုက်ရသည်။ထိုဓမ္မပုံရိပ်ယောင်ကြီးသည် ချက်ချင်းဆိုသလိုပင် ကြေမွှပျက်စီးသွားပေ၏။

ထိုအဖိုးအိုသည် ထိတ်လန့်တုန်လှုပ်သွားကာ သူ၏လက်ချောင်းကို အနည်းငယ်ကိုက်ဖောက်၍ လေထုအတွင်း၌ ထူးဆန်းသောအဆောင်သင်္ကေတတစ်ခုကို ရေးဆွဲလိုက်သည်။

ထိုအဆောင်သင်္ကေတသည် တောက်ပသွားပြီးနောက် ကြီးမားသော သွေးပိုက်ကွန်ကြီးအဖြစ်ပြောင်းလဲသွားကာ အောင်းကွမ်းကို အတွင်း၌ ပိတ်လှောင်ထားလေသည်။

တခြားအကြီးအကဲများသည်လည်း အခြေအနေကို အခွင့်ကောင်းယူ၍ အဆောင်သင်္ကေတများကို တပြိုင်နက်တည်း ရေးဆွဲလိုက်ကြကာ အောင်းကွမ်းကို သွေးပိုက်ကွန်အတွင်း၌ ပို၍ခိုင်မာစွာ ပိတ်လှောင်လိုက်၏။

ဘုန်း...ဘုန်း...ဘုန်း...

အောင်းကွမ်း လွတ်မြောက်သွားခြင်းမှ ကာကွယ်နိုင်ရန်အလို့ငှာ ထိုအကြီးအကဲများသည် သူတို့၏မှော်ရတနာများကိုလည်း တပြိုင်နက်တည်း ဆင့်ခေါ်လိုက်ကြသည်။သွေးများဖြင့်ဖုံးးလွှမ်းနေသော သံကြိုးကြီးများသည် မြေပြင်မှတိုးထွက်လာကာ သွေးပိုက်ကွန်နှင့် ရောယှက်သွားပြီး အောင်းကွမ်းကို အခိုင်အမာ ပိတ်လှောင်ထားနိုင်ရန် ကြိုးပမ်းနေသည်။

သွေးပိုက်ကွန်၏နံဘေး၌ရပ်နေသော အကြီးအကဲများ၏မျက်နှာများပေါ်တွင် သရော်တော်တော်အရိပ်အယောင်များ ထင်ဟပ်နေသည်။

"သခင်လေး....ဘာမှမစိုးရိမ်ပါနဲ့...ဒီနတ်ဆိုးမှော်သားရဲက ဘယ်နေရာကနေရောက်လာပြီးတော့ ဝမ်အိမ်တော်မှာ မောက်မာရိုင်းစိုင်းနေဝံ့တာလဲဆိုတာ ငါတို့မသိပေမယ့်....အလွယ်ပြောရရင် သူက သေလမ်းလာရှာတာပဲ"

အကြီးအကဲတစ်ယောက်က သူ၏ရင်ဘတ်ကိုပုတ်ကာ အပြုံးနှင့်ပြောဆိုသည်။

Chapter 3483

ဝမ်ခန်းသည် မှုန်ကုပ်ကုပ်မျက်နှာအမူအယာနှင့် ရှေ့သို့လျှောက်လှမ်းလာကာ အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။

"အပြင်မှာရှိတဲ့ အစောင့်တွေ ဘာလုပ်နေကြတာလဲ...ဒီနတ်ဆိုးမှော်သားရဲက ဘယ်လိုလုပ်ပြီးတော့ မြို့ထဲကို ခိုးဝင်လာနိုင်တာလဲ"

အစောပိုင်းက အောင်းကွမ်းထွက်ပေါ်လာစဥ်တွင် သူ အလွန်ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

အောင်းကွမ်းကို ဦးဆောင်ဖမ်းဆီးထားသောအဖိုးအိုက အပြုံးနှင့်ပြောဆိုသည်။

"သခင်လေး...အရမ်းစိတ်လှုပ်ရှားနေဖို့ မလိုပါဘူး...ဒါက အစစ်အမှန်နဂါးတစ်ကောင်ပဲ...အခုချိန်မှာ သူ့ကို ချိပ်ပိတ်ထားပြီးမှတော့ သူက စဥ့်နီတုံးပေါ်က ငါးတစ်ကောင်လိုဖြစ်သွားပြီ...ငါတို့က အချိန်ယူပြီးတော့ သူ့ကိုအရှင်လတ်လတ် ထုတ်ယူဖို့ပဲလိုအပ်တယ်...သူက ငါတို့ရဲ့ထိန်းချုပ်မှုအောက်ကို အပြည့်အဝရောက်သွားပြီ"

အစစ်အမှန်နဂါးတစ်ကောင်၏ခန္ဓာကိုယ်တွင် ရတနာများနှင့် ပြည့်နှက်နေသည်။

ယခုချိန်တွင် သူသည် ထိုနဂါးကိုဖမ်းမိထားသဖြင့် အဖိုးတန်သောအရာဟူသရွေ့ကို ထုတ်ယူရပေမည်။

ဝမ်ခန်းက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။

"ဒီနဂါးကို တကယ်ပဲ ချိပ်ပိတ်ပြီးပြီလား"

အဖိုးအိုသည် ယုံကြည်ချက်အခိုင်အမာရှိသောလေသံဖြင့် ပြောဆိုလိုက်၏။

"သခင်လေး...ဘာမှမစိုးရိမ်ပါနဲ့...ငါတို့အားလုံး အတူပူးပေါင်းပြီး လှုပ်ရှားထားမှတော့...အဲ့ဒီသားရဲမှာ အတောင်ပံပါရင်တောင် ထွက်ပြေး..."

သူ၏စကား အဆုံးမသတ်သေးမီမှာပင်....

သူ၏နောက်ရှိ သွေးပိုက်ကွန်တွင် အပေါက်ကြီးတစ်ပေါက် ထွက်ပေါ်လာကာ ထိုအရာအတွင်းမှနေ၍ ကြီးမားသောနဂါးလက်သည်းကြီးတစ်ဖက် ဆန့်ထွက်လာသည်။

ထို့နောက်မှနေ၍ နဂါးလက်သည်းကြီးသည် ထိုအဖိုးအို၏ခန္ဓာကိုယ်ကို ဖမ်းဆုပ်လိုက်သည်။

"ဖူး..."

ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာပြီးနောက် နဂါးလက်သည်းကြီးကြောင့် အဖိုးအို၏ခန္ဓာကိုယ်သည် သွေးမြူများအဖြစ် ကြေမွှပျက်စီးသွားသည်။သူသည် အလောင်းအပြည့်အစုံပင်မကျန်ရှိဘဲ သေဆုံးသွားလေပြီ။

ရုတ်ချည်းဆိုသလိုပင် သွေးပိုက်ကွန်ကြီးသည် အတင်းအကြပ် ဆုတ်ဖြဲခံလိုက်ရကာ ပြင်ပ၌ယှက်နွယ်နေသော သံကြိုးများသည်လည်း ကျိုးပဲ့သွားပေ၏။

တခြားအကြီးအကဲတချို့သည် ရှေ့သို့တိုးမလာနိုင်သေးမီမှာပင် အေးစက်စက်အလင်းတန်းတစ်တန်းက သူတို့၏လည်ပင်းများကို ဖြတ်သန်းသွားသည်။

ဝှစ်...ဝှစ်...ဝှစ်...

ထိုအကြီးအကဲများသည် သူတို့၏လည်ပင်းများကို ဆုပ်ကိုင်ရန်ပင် အခွင့်အရေးမရလိုက်ချေ။သူတို့၏လည်ပင်းများမှ သွေးများပန်းထွက်လာကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ဤအချိန်အခိုက်အတန့်တွင် သွေးများက မြေပြင်​နေရာအနှံ့ ပြန့်ကျဲနေလေရာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

"ငါက လူဖမ်းဖို့လာတာ....ငါ လူမသတ်ချင်ဘူး...ငါက မင်းတို့ကောင်တွေနဲ့ကစားဖို့ ဒီနေရာကို ရောက်လာတာမဟုတ်ဘူး....မင်းတို့ကိုယ်မင်းတို့ ဘာကောင်တွေလို့ ထင်နေကြတာလဲ"

အောင်းကွမ်း၏နဂါးမျက်လုံးတစ်စုံမှနေ၍ စူးရှတောက်ပသောအလင်းတန်းများ ဖြာထွက်နေသည်။

သူ၏ဧရာမခန္ဓာကိုယ်ကြီးသည် ပိုက်ကွန်အတွင်းမှ တိုးထွက်လာကာ အဆောက်အအုံတစ်လုံးပေါ်သို့ ရောက်ရှိသွားသည်။

ဝမ်အိမ်တော်မှအစောင့်များသည် အလွန်သတိကြီးစွာထား၍ ရှေ့သို့တရကြမ်းတိုးဝင်လာကြ၏။

သို့ရာတွင် သူတို့သည် ကြီးမားသောသက်ရှိသတ္တဝါကြီးကို မြင်တွေ့စဥ်တွင် သူတို့၏စိတ်နှလုံးသားအတွင်းမှနေ၍ ထိတ်လန့်ကြောက်ရွံမှုကို ခံစားမိသည်။သူတို့သည် နေရာမှာပင် အမြစ်တွယ်နေသည့်အလား မတ်တတ်ရပ်နေကြကာ ရှေ့သို့ခြေတစ်လှမ်းမတိုးဝံ့တော့ချေ။

"မင်းက ဝမ်ခန်းလား"

အောင်းကွမ်းသည် သူ့ထံတိုးဝင်လာသော အစောင့်များကို လျစ်လျှူရှုထားကာ သူ၏မျက်လုံးအကြည့်သည် အောင်းကွမ်းထံတွင်သာ အခိုင်အမာကျရောက်နေသည်။

ဝမ်ခန်းသည် အကြောင်းအရင်းမသိသော်လည်း သူ၏စိတ်နှလုံးသားအတွင်းမှ ထိတ်လန့်ကြောက်ရွံမှုကို ခံစားမိကာ သူက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်သည်။

"ဟုတ်တယ်...ငါက ဝမ်ခန်းပဲ...မင်း ဘာလိုချင်လို့လဲ...ဒီနေရာက ရှီးလျန်မြို့...ငါ့ရဲ့အဖေက ရှီးလျန်ကြယ်နယ်မြေသခင်ပဲ...မင်း ငါတို့ဝမ်မိသားစုကို ထိဝံ့တယ်ဆိုရင်...ရှီးလျန်မြို့ထဲကနေ မင်း အရှင်လတ်လတ်ထွက်သွားနိုင်ဖို့ စဥ်းတောင်မစဥ်းစားနဲ့"

သူ့ရှေ့ရှိ အစစ်အမှန်နဂါးသည် အလွန်အစွမ်းထက်နေလျှင်ပင် သူ မည်သည်ကြောင့် အရေးစိုက်ရမည်နည်း...

သူတို့၏ဝမ်အိမ်တော်မှ အကြီးအကဲများအပြင် ရှီးလျန်မြို့အတွင်းရှိ အစောင့်တပ်များ၌ မရေမတွက်နိုင်သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ရှိနေသည်။

သူ အမိန့်ပေးလိုက်သည်နှင့် ရှီးလျန်မြို့အတွင်းရှိ အစောင့်တပ်များအားလုံး စုဝေး၍ရောက်ရှိလာပေမည်။အကယ်၍ ဤအစစ်အမှန်နဂါးသည် ထပ်မံ၍တိုက်ခိုက်ရန်ကြိုးစားပါက လွတ်မြောက်နိုင်မည်မဟုတ်ချေ။

ထို့ပြင် သူ၏ဖခင်သည် ရှီးလျန်မြို့အတွင်း၌ ရှိနေဆဲပင်။

ရှီးလျန်မြို့အတွင်း၌ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သော ဝမ်မူကျီး၏စွမ်းအားသည် လွန်စွာမြင့်မားပေ၏။ဤအစစ်အမှန်နဂါးထံတွင် အရည်အချင်းတချို့ရှိသော်လည်း သူ၏ဖခင်ရောက်ရှိလာပါက ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ချေ။

"ရှီးလျန်ကြယ်နယ်မြေသခင်လား"

အောင်းကွမ်း၏မျက်နှာပေါ်၌ အထင်အမြင်သေးသောအမူအယာမျိုး ထင်ဟပ်လာသည်။

"လက်ဝဲစစ်တပ်တပ်မှူးရဲ့အမိန့်အရ...ငါ အောင်းကွမ်းက မင်းကို စစ်ဆေးမေးမြန်းမှုခံယူဖို့အတွက် ခေါ်ဆောင်သွားရမယ်"

ထိုသို့ပြောဆိုပြီးနောက် အောင်းကွမ်းသည် ဝမ်ခန်းနှင့် အပိုစကားများပြောဆိုကာ အချိန်ဖြုန်းခြင်းမပြုတော့ချေ။သူသည် ဝမ်ခန်းကို ဖမ်းဆုပ်ကာ အဝေးသို့ ပျံသန်းခဲ့တော့သည်။

လက်ရှိနေရာတွင်ရှိနေသူများသည် နေရာမှာပင် ကြက်သေသေနေကာ ဝမ်ခန်းအား အဝေးသို့ဖမ်းဆီးခေါ်ဆောင်သွားသည်ကို သူတို့အားလုံး ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေကြရသည်။

လူငယ်ပါရမီရှင်များဟု ခေါ်ဆိုခြင်းခံရသူများကမူ အချိန်အတော်ကြာမှသာ အသိဝင်လာကြ၏။

"သခင်လေးဝမ်ကို...ဖမ်းခေါ်သွားပြီ"

"ဒီနဂါးက လက်ဝဲစစ်တပ်တပ်မှူးရဲ့လက်အောက်က နတ်ဆိုးသားရဲ ဖြစ်နေတာပါလား"

"ပြောရမယ်ဆိုရင်....ဒီနေ့က လက်ဝဲစစ်တပ်ရဲ့ အသစ်ခန့်အပ်ခံရတဲ့တပ်မှူးအသစ် တာဝန်လွှဲပြောင်းယူတဲ့နေ့ပဲ...ဘယ်လိုလုပ်ပြီးတော့ သူက ရှီးလျန်မြို့ကို ရောက်ရောက်ချင်းမှာပဲ ဝမ်မိသားစုကို တိုက်ခိုက်ဝံ့တာလဲ"

လူတချို့သည် တီးတိုးညည်းတွားလိုက်ကြသော်လည်း ကျယ်လောင်စွာ ထုတ်ဖော်မပြောဝံ့ကြချေ။သူတို့သည် ဝမ်မိသားစု၏သစ္စာရှိလူယုံများ ကြားသွားမည်ကို စိုးရိမ်ထိတ်လန့်နေကြသည်။

Chapter 3484

လက်ဝဲစစ်တပ်၏တပ်မှူးအသစ်ရောက်ရှိလာခြင်းသည် ယနေ့၏ထိပ်သီးဦးစားပေးကိစ္စဖြစ်သည်။

ဤလူငယ်ပါရမီရှင်များထံတွင် သူတို့၏ကိုယ်ပိုင်မိသားစုများရှိသည်။သူတို့၏မိသားစုများမှ အကြီးအကဲများသည် လက်ဝဲစစ်တပ်၏တပ်မှူးအသစ်ကို ကြိုဆိုရန်အတွက် မြို့ပြင်သို့ထွက်သွားကြလေ၏။

သူတို့ကမူ ဝမ်ခန်းကိုအဖော်ပြုပေးရန် ဤနေရာသို့ရောက်ရှိနေကြခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လက်ဝဲစစ်တပ်၏တပ်မှူး ရောက်ရှိလာလျှင်ပင် ရှီးလျန်မြို့သည် ဝမ်မျိုးရိုး၏ထိန်းချုပ်မှုအောက်၌ ဆက်လက်၍ရှိနေပေမည်။

ထိုသို့ဆိုသည့်တိုင် လက်ရှိနေရာတွင် ရှိနေသူအများစုသည် လက်ဝဲစစ်တပ်၏တပ်မှူးအသစ်သည် မည်ကဲ့သို့ပုံစံမျိုးရှိသည်ကို တွေ့မြင်လိုကြသည်။

စာပေသူတော်စင်၏တပည့်..တော်ဝင်စာမေးပွဲ၏စစ်ဆေးမှုသုံးခုလုံး၌ ပထမနေရာကိုရရှိခဲ့သူ...

ထိပ်သီးကျောင်းတော်သားဖြစ်သော တပ်မှူးအသစ်သည် လူအများ၏စိတ်အာရုံများကို ဆွဲဆောင်နိုင်မှု အလွန်မြင့်မားပေ၏။

ထို့ပြင် ယခုလက်ရှိနေရာ၌ရှိနေသူအများစုသည် ရှီးလျန်ပါရမီရှင်စာရင်းမှ လူငယ်ပါရမီရှင်များဖြစ်သည်။သူတို့သည် မောက်မာဝံ့ကြွားပြီး မည်သူ့ကိုမဆို အောက်မကျို့လိုလှချေ။လုယွီသည် တော်ဝင်မြို့တော်၌ အထူးချွန်ဆုံးလူငယ်ပါရမီရှင်ဖြစ်သည်ဟု ကြားချိန်တွင် သူတို့သည် သူနှင့်ယှဥ်ပြိုင်လိုကြသည်။

မည်သည်ကြောင့်နည်း...လုယွီသည် အလွန်ငယ်ရွယ်သော်လည်း တတိယအဆင့်အရာရှိတစ်ယောက် ဖြစ်လာခဲ့စဥ်တွင် သူတို့သည် မည်သည်ကြောင့် လူငယ်ပါရမီရှင်များဟူသောအဆင့်တွင်သာ ရှိနေသနည်း...

လုယွီ ရောက်မလာသေးမီအချိန်တွင် ထိုလူငယ်များသည် သူတို့၏လက်သီးများကို ပွတ်သပ်၍ စိန်ခေါ်ရန်အတွက် အဆင်သင့်ပြင်ဆင်ထားကြလေ၏။

"ငါ အိမ်မှာလုပ်စရာကိစ္စတချို့ ရှိနေသေးတာကို ရုတ်တရက်ကြီး ပြန်အမှတ်ရမိတယ်...ငါ အရင်ပြန်နှင့်တော့မယ်"

"အမှန်ပဲ...ငါလည်း သွားတော့မယ်...သခင်လေးဝမ်က မိုးကောင်းကင်ရဲ့ကောင်းချီးပေးတာကို ခံရတဲ့လူပါ....သူ ဘာမှမဖြစ်ဘူးလို့ ငါ ယုံကြည်တယ်"

မူလက ဝမ်ခန်းကို 'သခင်လေး'ဟုခေါ်ဆိုသုံးနှုန်းနေသူများသည် ချက်ချင်းဆိုသလိုပင် ဆင်ခြေအမျိုးမျိုးပေးကာ ထွက်ခွာသွားကြတော့သည်။သူတို့သည် သူတို့၏မိသားစုများထံသို့ပြန်၍ ဤကိစ္စကို အမြန်ဆုံးသတင်းပို့ရန် ရည်ရွယ်ထားကြသည်။

လက်ဝဲစစ်တပ်၏တပ်မှူးအသစ်သည် ဝမ်ခန်းကိုဖမ်းဆီးရန်အတွက် တစ်စုံတစ်ယောက်ကို အမှန်တကယ် စေလွှတ်လိုက်သလော...

ဤသည်မှာ မကြုံစဖူး ကိစ္စကြီးတစ်ရပ်ပင်။ထို့ကြောင့် သူတို့သည် မိသားစုများထံသို့ အမြန်ဆုံးအကြောင်းကြားရပေမည်။

မူလက သက်ဝင်လှုပ်ရှားနေသော မင်္ဂလာပွဲအခမ်းအနားသည်လည်း ပျက်ပြယ်သွားကာ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိခဲ့တော့ချေ။

"အိမ်တော်ထိန်း...ကျွန်တော်တို့ ဘာလုပ်သင့်လဲ"

အစောင့်များသည် စိတ်ပျက်အားငယ်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

အကယ်၍ သာမာန်ရန်သူတစ်ယောက်ရောက်လာပါက သူတို့ ရင်ဆိုင်နိုင်စွမ်းရှိသည်။

သို့ရာတွင် ဝမ်ခန်းကိုဖမ်းဆီးခေါ်ဆောင်သွားသည်မှာ အစစ်အမှန်နဂါးတစ်ကောင်ဖြစ်နေသည်။

ထို့ပြင် ထိုနဂါးကိုစေလွှက်လိုက်သူမှာ လက်ဝဲစစ်တပ်၏တပ်မှူး ဖြစ်နေသည်။

သူတို့ထံတွင် ခွန်အားမရှိသည်ကို ဘေးဖယ်ထားကာ အကယ်၍ သူတို့ထံ၌ ခွန်အားရှိနေလျှင်ပင် ဝမ်ခန်းကို ကယ်တင်ဝံ့ခြင်းမရှိချေ။

အိမ်တော်ထိန်းသည် ထိတ်လန့်ကြောက်ရွံနေသဖြင့် သူ၏ခန္ဓာကိုယ်တုန်ရီနေသည်။

ထိုစကားကိုကြားချိန်တွင် သူ အနည်းငယ်သတိပြန်ဝင်လာကာ အလျင်စလို ပြောဆိုလိုက်၏။

"သခင်မကြီးကို မြန်မြန်သွားပြီး သတင်းပို့ကြစမ်း...အိမ်တော်မှာ တခြားအဆင့်မြင့်အကြီးအကဲတွေလည်း ရှိနေတုန်းပဲ"

.....

နွေဦးမြစ်စားသောက်ဆိုင်အတွင်း၌...

လုယွီသည် အဓိကထိုင်ခုံ၌ ထိုင်နေဆဲပင်။

သူ၏နံဘေး၌ ဝမ်မူကျီးသည် မှုန်ကုပ်ကုပ်မျက်နှာအမူအယာနှင့်ထိုင်နေကာ စကားတစ်ခွန်းမျှမဆိုချေ။

အခန်းအတွင်းရှိအခြေအနေသည် အလွန်ထူးဆန်းပြီး တည်ကြည်လေးနက်နေပေ၏။ဤသည်မှာ ပျော်ပျော်ပါးပါး သောက်စားနေသောမြင်ကွင်း ဖြစ်ပုံရသော်လည်း ယခုချိန်၌ ဖျော့တော့တော့ သတ်ဖြတ်လိုခြင်းအရှိန်အဝါတစ်ရပ်က ပုန်းအောင်း၍ရောယှက်နေသည်။

အခန်းအတွင်း၌ ထိုင်နေသူများအားလုံး တိတ်ဆိတ်ငြိမ်သက်နေကာ မည်သည့်စကားတစ်ခွန်းမျှ မဆိုဝံ့ချေ။

ရုတ်တရက် အနက်ရောင်အရိပ်တစ်ရိပ်သည် ပြတင်းပေါက်မှတဆင့် အခန်းတွင်းသို့ ဝင်ရောက်လာသည်။

သူသည် ပြင်ပတွင် သူ၏အစစ်အမှန်ခန္ဓာကိုယ်ကို ထုတ်ဖော်ပြသပြီးနောက် အခန်းအတွင်းသို့ ပြန်ဝင်လာချိန်၌ လူသားအသွင်သို့ ပြန်လည်ပြောင်းလဲလိုက်၏။

ဘုန်း....

ဝမ်ခန်းကို သူ၏လက်အတွင်း၌ ဖမ်းဆုပ်ထားခဲ့သည်။အောင်းကွမ်းသည် သူ၏ဖမ်းဆုပ်မှုကို လွှက်လိုက်သောအချိန်အခိုက်အတန့်တွင် ဝမ်ခန်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ဝမ်ခန်းသည် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားဆဲပင်။

ဤအချိန်အခိုက်အတန့်တွင် ဝမ်ခန်းဝတ်ဆင်ထားသော မင်္ဂလာဝတ်စုံသည် ဖုန်မှုန့်များပေကျံနေပြီး ကြေမွှနေလေရာ သူ့ကိုကြည့်ရသည်မှာ အလွန်ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။

"အရှင်...သံသယတရားခံဝမ်ခန်းကို ဖမ်းခေါ်လာခဲ့ပါပြီ....ငါက သူ့ကို ဖမ်းဖို့သွားခဲ့ပေမယ့် သူ့ရဲ့အိမ်တော်မှာ မျက်လုံးကန်းနေတဲ့ကောင်တချို့ ရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...သူတို့က ငါ့ကိုဟန့်တားဖို့ ကြိုးစားခဲ့တာကြောင့်...ငါ သူတို့အားလုံးကို သတ်လိုက်ပြီ"

အောင်းကွမ်း၏မျက်နှာပေါ်တွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည့် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုရှိနေသည်။

သူ၏လက်ချောင်းများတွင် သွေးစသွေးနများ စွန်းထင်းနေဆဲပင်။

ပတ်ဝန်းကျင်မှနေ၍ ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာသည်။

လုယွီ၏လက်အောက်ငယ်သားသည် ဝမ်မိသားစုမှလူများကို သတ်ဖြတ်ခဲ့သလော....

အကယ်၍ အတိတ်တွင်ဆိုပါက ဤသည်မှာ မယုံကြည်နိုင်ဖွယ်ကိစ္စတစ်ရပ်ပင်။

လူအများသည် ဝမ်ခန်းကိုကြည့်လိုက်ကြရာ သူသည် အလွန်ဆိုးရွားသော အခြေအနေမျိုးသို့ရောက်ရှိနေရုံမှအပ သူ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာဒဏ်ချက်မျှ ရှိမနေချေ။

"ကံကောင်းချင်တော့ ဝမ်ခန်းမှာ ဘာဒဏ်ရာမှရမထားဘူး...မဟုတ်ရင် ဒီကိစ္စက ထိန်းချုပ်နိုင်တဲ့အခြေအနေမျိုးမှာ ရှိတော့မှာမဟုတ်ဘူး"

ပတ်ဝန်းကျင်ရှိလူများ၏စိတ်နှလုံးသားများ ကူကယ်ရာမဲ့စွာ မွန်းကြပ်လာသည်။

Chapter 3485

ဝမ်ခန်းသည် ဆိုးဆိုးရွားရွားအခြေအနေနှင့် မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီးနောက် ချက်ချင်းဆိုသလိုပင် သူ၏နံဘေးပတ်ဝန်းကျင်၌ အစွမ်းထက်ဆုံးအရှိန်အဝါများရှိနေသည်ကို ခံစားမိသည်။

ဤသီးသန့်ခန်းအတွင်း၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် တိမ်စိုင်များကဲ့သို့ ပေါများသည်။သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြသခြင်းမရှိသည့် ဖုံးကွယ်ထားသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများလည်း ရှိနေပေ၏။

ဝမ်ခန်းသည် ရှီးလျန်ကြယ်နယ်မြေ၏လူငယ်ပါရမီရှင်များအကြား၌ နံပါတ်တစ်ကျင့်ကြံသူဖြစ်သော်လည်း သူသည် လူငယ်မျိုးဆက်သစ်တစ်ယောက်သာဖြစ်သည်။

အစစ်အမှန်ထိပ်သီးကျင့်ကြံသူများ၏ရှေ့၌ ဝမ်ခန်းသည် အသေးအမွှားတစ်ယောက်ပင်။

ဝမ်ခန်းသည် မျက်လုံးစွေကြည့်လိုက်ရာ သူ၏မျက်လုံးထောင့်မှနေ၍ ဤနေရာတွင် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ အဆင့်မြင့်အရာရှိများအားလုံးရှိနေကြောင်း ချက်ချင်းသတိပြုမိသွားသည်။

သူတို့သည် လက်ဝဲစစ်တပ်၏တပ်မှူးအသစ်ကို ကြိုဆိုရန်အတွက် ဤနေရာသို့ ရောက်ရှိနေခြင်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။

မည်သည်ကြောင့် လက်ဝဲစစ်တပ်၏တပ်မှူးအသစ်သည် သူ့အားဖမ်းဆီးခဲ့သနည်း.....

ဖြစ်နိုင်သည်မှာ သူ ကြိုဆိုရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ဖြစ်နေသလော....

ရုတ်ချည်းဆိုသလိုပင် မြောက်မြားစွာသောအတွေးများက ဝမ်ခန်း၏စိတ်နှလုံးသားအတွင်း၌ ဖြတ်ပြေးသွားသည်။

နောက်ထပ်အချိန်အခိုက်အတန့်တွင် ဝမ်ခန်းသည် အရာရှိဖိနပ်တစ်စုံကို တွေ့မြင်မိလေ၏။

ထိုလူသည် ဝမ်မူကျီး၏နံဘေး၌ ထိုင်နေသည်။

သိသာထင်ရှားစွာပင် ထိုလူသည် လက်ဝဲစစ်တပ်၏တပ်မှူးအသစ်ဖြစ်ပေမည်။

"ဝမ်ခန်းက တပ်မှူးကို နှုတ်ဆက်ပါတယ်....တပ်မှူးမှာ ဘာညွှန်ကြားစရာတွေရှိနေလို့ ငါ့ကို ဒီနေရာဆီ ခေါ်လာရတာလဲဆိုတာ ငါ သိခွင့်ရှိမလား"

ဝမ်ခန်းသည် သူ၏ကိုယ်နေဟန်ထားကို ထိန်းသိမ်းကာ အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

အချိန်တခဏကြာပြီးနောက် အသံတစ်သံက ဝမ်ခန်း၏နားအတွင်းသို့ ဝင်ရောက်လာသည်။

"ဒါက ရက်နည်းနည်းပဲ ကြာသေးတာလေ...မင်းငါ့ကို မမှတ်မိတော့ဘူးလား"

ဝမ်ခန်းသည် ဤအသံကို အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေသည်ဟု ခံစားမိလေ၏။

ထို့ကြောင့် သူ၏ခေါင်းကိုမော့ကာ တစ်ချက်ကြည့်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် လုယွီ၏မျက်နှာက သူ၏မျက်လုံးရှေ့၌ ထွက်ပေါ်လာသည်။

လုယွီ၏မျက်နှာသည် သူ မှတ်မိထားသည်နှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။သို့ရာတွင် လုယွီသည် ကြက်သွေးရောင်အရာရှိဝတ်စုံကို ဝတ်ဆင်ထားပြီး အဓိကထိုင်ခုံပေါ်၌ ထိုင်နေသောကြောင့် ဖော်ပြရန်မစွမ်းသော မြင့်မြတ်တည်ကြည်မှု အရှိန်အဝါမျိုးကို ပေးစွမ်းနိုင်သည်။

"ဘယ်လိုလုပ်ပြီးတော့ မင်း ဖြစ်နေတာလဲ"

ဝမ်ခန်း၏မျက်လုံးများပြူးကျယ်သွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သူ၏စိတ်နှလုံးသားအတွင်း၌ လုယွီကို ရိုးတွင်းခြင်ဆီလှိုက်သည်အထိ နာကျည်းမုန်းတီးနေသည်။

ဝမ်ခန်းသည် ယနေ့တွင် လက်ဝဲစစ်တပ်၏တပ်မှူးအသစ်ကိုကြိုဆိုသည့် အခမ်းအနားပြီးဆုံးသည်နှင့် လုယွီကိုဖမ်းဆီးရန် စီစဥ်ပြီးဖြစ်ပေ၏။

သို့ရာတွင် လုယွီသည် လက်ဝဲစစ်တပ်၏တပ်မှူးအသစ်ဖြစ်နေမည်ဟု သူ အနည်းငယ်မျှပင် မျှော်လင့်မထားမိချေ။

ဤလောကကြီးအတွင်း၌ နာမည်တူသူ အမြောက်အများရှိသည်။

ဝမ်ခန်းသည် မည်သို့ပင်တွေးတောစေခဲ့ကာမူ လေလွင့်ကျင့်ကြံသူတစ်ယောက်၏သရုပ်မှန်သည် ဤကဲ့သို့ကြီးကျယ်ခမ်းနားသော တည်ရှိမှုကြီးတစ်ခုဖြစ်နေမည်ဟု သူ မျှော်လင့်ထားမိခြင်းမရှိပေ။

ဝမ်ခန်း၏ခြေထောက်များ ကူကယ်ရာမဲ့စွာဖြင့် ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။

ဝမ်မူကျီးသည် အသံနက်ကြီးဖြင့် ဆူပူကြိမ်းမောင်းလိုက်၏။

"ဘာတွေဖြစ်နေတာလဲ....မင်းရဲ့စိတ်ကို တည်ငြိမ်အောင်ထားရမယ်လို့ ငါ မင်းကို အိမ်မှာကတည်းက သင်ပေးထားတယ်မဟုတ်လား...ဒါတောင် မင်းက အခုလိုပုံစံ ဖြစ်နေတုန်းပဲလား"

သူသည် သားဖြစ်သူကို လုယွီ၏ရှေ့တွင် ကိုယ်နေဟန်ထား မပျက်ပြားစေရန်အတွက် ဆူပူကြိမ်းမောင်းလိုက်ခြင်းဖြစ်သည်။

"အဖေ...သူ...သူက.."

ဝမ်ခန်းသည် ရုတ်တရက် လုယွီကို လက်ညှိုးညွှန်လိုက်ကာ သူ၏ပါးစပ် တုန်ရီနေသည်။

သို့ရာတွင် ရုတ်တရက် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လုယွီ၏မျက်လုံးများကို သူ မြင်တွေ့မိလေ၏။

ထိုမျက်လုံးတစ်စုံသည် နက်ရှိုင်းပြီး မှောင်မည်းနေကာ အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပါဝင်နေပုံရသည်။

ထိုမျက်လုံးများကို မြင်တွေ့ချိန်တွင် သူ၏ပါးစပ်မှ ထွက်လုဆဲဆဲ စကားလုံးများကို သူ ပြန်မျိုသိပ်လိုက်သည်။သူ ထိုစကားများကို ကျယ်လောင်စွာ ထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိချေ။

လုယွီက ရုတ်တရက် ရယ်မောလိုက်သည်။

"ငါ့မှာ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စတစ်ခုရှိတယ်...ငါ လူတိုင်းကို ဒီကိစ္စ ပြောပြမှကောင်းမယ်လို့ ငါ ထင်တယ်"

"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက...ငါက လေလွင့်ကျင့်ကြံသူတစ်ယောက်လို အယောင်ဆောင်ပြီးတော့ ရှီးလျန်မြို့ထဲကိုဝင်ခဲ့တယ်....ငါက အင်ပါယာနှစ်ခုကြားက ယှဥ်ပြိုင်ပွဲမှာလည်း ပါဝင်ဆင်နွှဲခဲ့တယ်...ငါ့ရဲ့အသက်အရွယ်အရ ပြောရမယ်ဆိုရင် ငါက အဲ့ဒီယှဥ်ပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ဖို့အတွက် အရည်အချင်းပြည့်မီတယ်....ဒါပေမယ့် မမျှော်လင့်ဘဲ ငါ အဲ့ဒီယှဥ်ပြိုင်ပွဲမှာ အနိုင်ရပြီးတဲ့နောက်....ငါက ရှီးလျန်မြို့ရဲ့ အလိုရှိဝရမ်းထုတ်ခံရတဲ့ ရာဇဝတ်သားတစ်ယောက် ဖြစ်လာခဲ့တယ်"

ထိုသို့ပြောဆိုပြီးနောက် လုယွီက သူ၏အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ရာ ဝရမ်းစာရွက်တစ်ရွက်က လေထုအတွင်းသို့ မျောလွင့်သွားသည်။

ထိုဝရမ်းစာရွက်ပေါ်၌ လုယွီ၏ပုံတူကိုရေးဆွဲထားလေ၏။ပုံတူ၏အောက်တွင်မူ လုယွီကျူးလွန်ခဲ့သော ပြစ်မှုများကို ရေးသားထားသည်။

ထိုပြစ်မှုများတွင် လေဟာနယ်ဓားပြများနှင့်ပူးပေါင်းခဲ့ခြင်း အပါအဝင် တာယွီအင်ပါယာနှင့်ထန်အင်ပါယာအကြားရှိ ငြိမ်းချမ်းမှုကို ပျက်ပြားစေရန် လှုံဆော်ခဲ့ခြင်းဟူသော အချက်လည်းပါဝင်သည်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ငါ ရှီးလျန်မြို့ကနေ ထွက်မသွားနိုင်ဖို့အတွက် မင်းတို့ အင်အားအများကြီး စိုက်ထုတ်ခဲ့ကြတယ်...အခု ငါ ဒီနေရာမှာ ထိုင်နေတယ်လေ...ဘာလို့ မင်းတို့က ငါ့ကိုဖမ်းဆီးပြီးတော့ ငါ့ကိုဝရမ်းထုတ်ထားတဲ့ ဆုကြေးငွေတွေကို သွားမယူကြသေးတာလဲ"

လုယွီ၏မျက်လုံးတစ်စုံသည် လင်းယုန်တစ်ကောင်၏မျက်လုံးများအလား စူးရှတောက်ပနေသည်။သူသည် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ အရာရှိများအားလုံးကို စူးစိုက်၍ကြည့်လိုက်၏။

Thank For Reading.

All Chapters