← Chapters

အခန်း (၃၄၈၆-၃၄၉၀)

Vol. 178 Ch. 3486-3490

အခန်း (၃၄၈၆-၃၄၉၀)

Vol. 178 Ch. 3486-3490

Chapter 3486

ဘုန်း...

လေးလံသောအရာဝတ္ထုများ မြေပြင်ပေါ်သို့ ပြုတ်ကျသည့်အသံ အမြောက်အများ ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသည်။

အရာရှိတချို့သည် တည်ငြိမ်စွာဆက်၍ ထိုင်မနေနိုင်တော့ဘဲ ထိုင်ခုံများပေါ်မှ ပြုတ်ကျသွားလေ၏။

သို့ရာတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ သူတို့ကို ရယ်မောခြင်းမပြုချေ။ဤအချိန်အခိုက်အတန့်တွင် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ အရာရှိအားလုံးနီးပါး ကြက်သေသေနေကြသည်။

လွန်ခဲ့သောရက်အနည်းငယ်အကြာက ဝမ်ခန်းသည် ရှီးလျန်မြို့ကိုပိတ်ဆို့၍ ဝရမ်းပြေးများကိုဖမ်းဆီးရန် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ အရာရှိများအားလုံးကို အမိန့်ပေးခဲ့သည်။

ထိုဝရမ်းပြေးများအကြားတွင် ဆုကြေးအမြင့်ဆုံးထုတ်ခံထားရသူမှာ လုယွီပင်။

နောက်ဆုံး၌ ဝရမ်းအမိန့်သည် ဝမ်မူကျီးကြောင့် ရုတ်သိမ်းလိုက်ရသော်လည်း သူတို့သည် ဤကိစ္စကို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲဖြစ်သည်။

ယနေ့တွင် လုယွီကို သူတို့မြင်တွေ့ချိန်၌ တူညီသောပုံပန်းသွင်ပြင်ရှိနေခြင်းဟုသာ သူတို့အားလုံး တွေးထင်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ ပုံတူနှင့် အစစ်အမှန်လူပုဂ္ဂုလ်အကြားတွင် အတိုင်းအတာတစ်ခုထိ ကွာဟချက်ရှိနေဆဲပင်။

သို့ရာတွင် လုယွီသည် ထိုနေ့တုန်းက မြို့အတွင်းမှလွတ်မြောက်သွားသော ဝရမ်းပြေးတစ်ယောက်ဖြစ်နေမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"တကယ်တော့ ဝမ်ခန်းရဲ့ကိုယ်ပိုင်စည်းတံဆိပ်တစ်ခုတည်းနဲ့... ရှီးလျန်မြို့ထဲက အုပ်ချုပ်ရေးရုံးတော်တွေအားလုံးကို လှုပ်ရှားစေပြီးတော့.... ဝရမ်းစာရွက်ကိုတောင် ဘာလို့ထုတ်ပြန်နိုင်ခဲ့လဲဆိုတာ ငါ သိချင်မိတယ်"

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဤှသည်မှာ ရှီးလျန်မြို့အတွင်း၌ ဖြစ်နေသရွေ့ ဝမ်မိသားစု၏အမိန့်ကို မလိုက်နာဝံ့သူဟူ၍ မည်သူရှိမည်နည်း။

ဝမ်ခန်းသည် ထိတ်လန့်တုန်လှုပ်သွားကာ သူသည် စကားမပြောဆိုဝံ့တော့ဘဲ သူ၏မျက်နှာအမူအယာ အလွန်အမင်း ပျက်ယွင်းသွားသည်။

ဝမ်မူကျီးက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

"ဒါက နားလည်မှုလွဲတာလေးတစ်ခုပါ...အုပ်ချုပ်သူအရှင်က ဘာလို့ဗွေယူနေမှာလဲ...ဒီကိစ္စက ရှီးလျန်အုပ်ချူပ်ရေးရုံးတော်က တစ်ယောက်ယောက်ရဲ့အမှားဖြစ်မယ်လို့ ငါ ထင်တယ်"

လူအုပ်ကြားမှနေ၍ အရာရှိတစ်ယောက် ရှေ့သို့ထွက်လာကာ မြေပြင်ပေါ်၌ဒူးထောက်ပြီး တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

"ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ငါက ဒီဖမ်းဝရမ်းတွေကို နားလည်မှုလွဲမှားပြီးတော့ ထုတ်ပြန်ခဲ့မိတာပါ...ကျေးဇူးပြုပြီးတော့ ငါ့ကို အပြစ်ပေးပါ"

ဤသည်က ဝမ်ခန်းထံမှ အမိန့်ဖြစ်သည်မှာ သိသာထင်ရှားလှ၏။

သို့ရာတွင် ထိုအရာရှိများသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သိရှိသဖြင့် တစ်စုံတစ်ယောက်သည် ဝမ်မိသားစုအတွက် ချက်ချင်းရှေ့ထွက်လာခဲ့သည်။သူတို့သည် ဝမ်မိသားစုကို အန္တရာယ်အတွင်းသို့ ကျရောက်သွားရန် ခွင့်မပြုချေ။

ဤလူများသည် ဝမ်မိသားစု၏သစ္စာရှိလူယုံများဖြစ်ကြောင်း အကြည့်တစ်ချက်ဖြင့်ပင် လုယွီက အတပ်ပြောနိုင်သည်။အကယ်၍ သူသည် ထိုလူအား အပြစ်ပေးလိုက်လျှင်ပင် ဝမ်မိသားစုထံတွင် ထိုလူ့ကို တဖန်ပြန်၍အလုပ်လုပ်ကိုင်ခွင့်ပေးနိုင်မည့် နည်းလမ်းတစ်ခုရှိနေမည်ကို သူ စိုးရိမ်မိသည်။

လုယွီ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။

"ငါက သုံးနှစ်အရွယ်ကလေးတစ်ယောက်လို့ မင်းတို့ ထင်နေကြတာလား...ငါက ဝမ်ခန်းကို မေးနေတာ...မင်းတို့ ငါပြောတာကို မကြားကြတာလား"

ဝမ်ခန်း၏ခန္ဓာကိုယ် ရုတ်တရက် တုန်ရီသွားသည်။သူ လုယွီကိုကြည့်လိုက်သော မျက်လုံးများအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။

"အဖေ...သူက လုယွီပဲ...သူက ကျွန်တော်တို့ရဲ့အနောက်ဘက်ခြံဝန်းကနေ လွတ်မြောက်သွားတဲ့လူပဲ"

ဝမ်ခန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အလင်းတန်းတစ်တန်းသည် ဝမ်မူကျီး၏မျက်လုံးအတွင်း၌ ရုတ်တရက် ဖြတ်ပြေးသွားပေ၏။

ဝမ်ခန်းသည် ယခင်က သူ့အားပြောဆိုခဲ့သောကိစ္စများကို သူ အမှတ်ရနေဆဲဖြစ်သည်။

အနောက်ဘက်ခြံဝန်းအတွင်းမှ ထွက်ပြေးလွတ်မြောက်သွားကာ သူ၏သက်ရှည်သစ်သီးပင်ကို ယူဆောင်သွားပြီး အင်ပါယာနှစ်ခုကြားမှတိုက်ပွဲတွင် အနိုင်ရရှိခဲ့သူသည် သူရှေ့မှလူငယ်လေး ဖြစ်နေသည်။

သက်ရှည်သစ်သီးပင်ကို ခိုးယူခံရမည်မှန်း သူ သိရှိထားပြီးဖြစ်သည်။

သို့ရာတွင် ထိုသစ်ပင်ကိုယူဆောင်သွားသူမှာ လုယွီဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

"ဒါဆိုရင် မင်းက အရာအားလုံးကို သိပြီးသားပေါ့"

ဝမ်မူကျီးသည် ရက်စက်ကြမ်းကြုတ်သောအမူအယာဖြင့် လုယွီကို ကြည့်လိုက်၏။

"အစတုန်းကတော့...ငါက မင်းရဲ့အသက်ကိုချမ်းသာပေးပြီးတော့ မင်းကို နည်းနည်းကြာအောင် အသက်ရှင်ရက်ထားထားမလို့ပဲ...ကြည့်ရတာတော့ မင်းက ကိုယ့်ပြဿနာကို ကိုယ်ရှာဖွေနေတဲ့ကောင်ပဲဖြစ်မယ်...တော်ဝင်နန်းတွင်းကနေ မင်းကို လက်ဝဲစစ်တပ်ရဲ့တပ်မှူးရာထူးကို ခန့်အပ်လိုက်တာနဲ့ ရှီးလျန်ကြယ်နယ်မြေမှာ မင်း ထင်ရာစိုင်းနိုင်ပြီလို့ မင်း တကယ်ကြီး ထင်နေတာလား"

အကယ်၍ အနောက်ဘက်ခြံဝန်းမှကိစ္စသာ ထွက်ပေါ်လာခြင်းမရှိပါက ဝမ်မူကျီးသည် လုယွီကို တည်ငြိမ်စွာရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ဤသို့ပြုလုပ်ရန်မလိုအပ်တော့ချေ။

လုယွီသည် သူတို့ဝမ်မိသားစု၏သီးသန့်အကျဥ်းထောင်၌ အကျဥ်းချခံခဲ့ရသည့်အပြင် သူ၏သက်ရှည်သစ်သီးပင်ကိုလည်း ယူဆောင်သွားခဲ့သည်။ထို့ကြောင့် သူသည် မြောက်မြားစွာသောလူများကိုသတ်ဖြတ်ကာ အလောင်းများကိုအသုံးပြု၍ နတ်ဆိုးသက်ရှိများအဖြစ် သန့်စင်ခဲ့သည်ကို လုယွီ သိရှိပြီးဖြစ်ပေမည်။

မည်သို့ပင်ဆိုစေကာမူ ဤကိစ္စသည် ဝမ်မိသားစု၏ဆွေစဥ်မျိုးဆက်မှန်သမျှကို ကွပ်မျက်ခံရရန် လုံလောက်သည်။

ယခုချိန်တွင် သူ လုယွီကို ဆက်လက်၍အသက်ရှင်နေရန် ခွင့်မပြုနိုင်တော့ချေ။

ဘုန်း...

ဝမ်မူကျီးသည် ရုတ်တရက် သူ၏လက်ဝါးကိုဖြန့်ကာ သူ့ရှေ့ရှိစားပွဲခုံကို ရိုက်နှက်လိုက်၏။

အခန်းအတွင်းရှိ လိုက်ကာများအားလုံး ချက်ချင်းဆိုသလိုပင် ကြေမွှပျက်စီးသွားတော့သည်။

ထိုလိုက်ကာများ၏နောက်တွင် အနက်ရောင်ဝတ်စုံများကိုဝတ်ဆင်ထားသော လူတစ်စုရှိနေသည်။သူတို့၏မျက်နှာများပေါ်တွင် မျက်နှာဖုံးများ တပ်ထားသဖြင့် သူတို့၏မျက်နှာများကို မမြင်နိုင်ချေ။သို့ရာတွင် ထိုလူတစ်ယောက်ချင်းစီထံမှနေ၍ အေးစက်စက်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြာထွက်နေသည်။

Chapter 3487

ဝုန်း....

ဖေးထျန်ကွမ်းအပါအဝင် လုယွီ၏လက်အောက်ငယ်သားများအားလုံးသည် မတ်တတ်ထရပ်ကာ ပတ်ဝန်းကျင်ကို သတိကြီးစွာထား၍ စူးစိုက်ကြည့်လိုက်ကြသည်။

သူတို့ရောက်လာစဥ်ကတည်းက ဤလိုက်ကာများ၏နောက်တွင် ကျင့်ကြံသူတစ်စု ပုန်းအောင်းနေကြောင်း သူတို့သိရှိပြီးဖြစ်သည်။

သို့ရာတွင် လုယွီနှင့်ဝမ်မူကျီးအကြားရှိ တွေ့ဆုံဆွေးနွေးမှုသည် ရှီးလျန်ကြယ်နယ်မြေ၏ ထိပ်သီးအရေးကြီးကိစ္စပင်။ဤလူများသည် ပတ်ဝန်းကျင်ကို စောင့်ကြပ်ရန် တာဝန်ယူထားသော အစောင့်များဖြစ်မည်ဟု ဖေးထျန်ကွမ်းတို့လူစုသည် မူလက တွေးထင်ခဲ့ကြပေ၏။

ဤှစားသောက်ပွဲသည် အဓိကရုဏ်းပွဲကြီးအသွင် ပြောင်းလဲသွားမည်ဟု သူတို့အားလုံး တွေးထင်ထားမိခြင်းမရှိချေ။

"ဘယ်လိုပဲဖြစ်ဖြစ် မင်းက ယီဟန်ရဲ့တပည့်ဖြစ်နေတယ်...ငါ မင်းကို မသတ်ချင်ဘူး...တကယ်လို့ မင်း ဒီကိစ္စကို အလွတ်ပေးမယ်ဆိုရင်...ဒီနေရာမှာဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအားလုံး ပြင်ပကို မပျံ့နှံ့စေရဘူးလို့ ငါ ကတိပေးတယ်...မင်းလည်း လက်ဝဲစစ်တပ်ရဲ့တပ်မှူးအနေနဲ့ ဆက်နေနိုင်တယ်...ငါတို့က တစ်ယောက်ရဲ့ကိစ္စကိုတစ်ယောက် ဝင်ရှုပ်စရာမလိုဘူး"

ဝမ်မူကျီးသည် သူ၏ဝိုင်ခွက်ကိုကောက်ကိုင်ကာ နောက်တစ်ခွက်ထပ်မံသောက်ရန် ဟန်ပြင်လိုက်သည်။

သို့ရာတွင် သူ ဝိုင်ခွက်ကို ကောက်ကိုင်လိုက်သောအချိန်မှာပင် ထိုခွက်သည် ရုတ်တရက် ကြေမွှပျက်စီးသွားပေ၏။

ကွဲကြေသွားသော ကြွေခွက်အစအနများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

"မင်းလိုကောင်က စာပေသူတော်စင်ရဲ့နာမည်ကိုခေါ်ဖို့ ထိုက်တန်လို့လား"

လုယွီက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ အားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာသည်။ထို့နောက် ဝမ်မူကျီး၏ရှေ့ရှိ ဝိုင်အရက်အိုး ကြေမွှပျက်စီးသွားတော့သည်။

ဝမ်မူကျီးသည် အလွန်ဒေါသထွက်သွားလေ၏။

"အရှက်မဲ့လိုက်တာ...သူ့ကို သတ်ကြစမ်း"

ရုတ်ချည်းဆိုသလိုပင် ယခင်က ပုန်းအောင်းနေခဲ့သော အနက်ရောင်ဝတ်စုံဝတ်လူများသည် တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြရာ အခန်းအတွင်း၌ မှော်မန္တန်များနှင့် ပြည့်နှက်သွားတော့သည်။

လုယွီသည် သူ၏လက်ချောင်းများကို ထပ်မံ၍လှုပ်ခတ်လိုက်ရာ သူ၏ခန္ဓာကိုယ်အတွင်းမှနေ၍ မှော်စွမ်းအားများ ထွက်ပေါ်လာသည်။မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည်လည်း သူ၏နောက်၌ ထွက်ပေါ်လာပေ၏။မြေအောက်လောကနတ်ဘုရား၏ ကြီးမားသောပုံရိပ်ယောင်ကြီးသည် စိတ်ဝိညာဥ်မြစ်စားသောက်ဆိုင်၏ခေါင်မိုးကို ကြေမွှပျက်စီးသွားစေသည်။ဤသည်မှာ ကောင်းကင်ဘုံ၏သဘာဝလွန်ပုံရိပ်တစ်ခုနှင့်တူညီကာ ထိုအရာ၏စွမ်းအားမှာ အလွန်ကြီးမားသည်။

မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်အတွင်း၌ မှော်လက်နက်ဖြစ်သော ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။ရုတ်တရက် ထိုဓားရှည်ကို အနက်ရောင်ဝတ်စုံဝတ်လူများထံဦးတည်၍ ဝှေ့ယမ်းလိုက်၏။

ဝှစ်...ဝှစ်...ဝှစ်..

အနက်ရောင်ဝတ်စုံဝတ်လူများ ထုတ်ဖော်အသုံးပြုထားသော စွမ်းအားသည် အလွန်အစွမ်းထက်သော်လည်း သူတို့သည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ သတ်ဖြတ်ခြင်းကိုခံရကာ လုယွီ၏အနီးသို့ပင် ချဥ်းကပ်နိုင်ခြင်းမရှိချေ။

"မြေအောက်လောကနတ်ဘုရားရဲ့အမျက်ဒေါသဓားချက်..."

ထို့နောက်မှနေ၍ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် သူ၏ဓားကိုထပ်မံ၍ ဝှေ့ယမ်းကာ အားကုန်ခုတ်ပိုင်းလိုက်သည်။

ကျယ်လောင်သောဘုန်းခနဲမြည်သံကြီးနှင့်အတူ နွေဦးမြစ်စားသောက်ဆိုင်တစ်ဆိုင်လုံး အလယ်မှနေ၍ ထက်ခြမ်းကွဲသွားပြီး အခန်းတစ်ခန်းလုံး ပြိုလဲပျက်စီးသွားတော့သည်။

တိုက်ခိုက်မှုအနည်းငယ်ခန့် ဖလှယ်ပြီးနောက် လိုက်ကာနောက်၌ ပုန်းအောင်းနေခဲ့သော အနက်ရောင်ဝတ်စုံဝတ်လူများ၏ ခုနှစ်ဆယ်ရာခိုင်နှုန်းခန့် သတ်ဖြတ်ခံလိုက်ရသည်။ဤအနက်ရောင်ဝတ်စုံဝတ်လူများသည် ဝမ်မိသားစု၏အသေခံကျင့်ကြံသူများပင်။သူတို့၏ခွန်အားများသည် အလွန်ကောင်းမွန်ကာ ဤနေရာ၌ သူတို့ ပုန်းအောင်းနေခဲ့သောရည်ရွယ်ချက်သည် လုယွီကိုရင်ဆိုင်ရန် ဖြစ်ပေ၏။သို့ရာတွင် တိုက်ခိုက်မှုတချို့ ဖလှယ်ပြီးရုံမျှဖြင့် သူတို့ဘက်မှ လူအမြောက်အများ ဆုံးရှုံးသွားခဲ့ရသည်။

"မြန်မြန်လုပ်...သူတို့အားလုံးကို သတ်ကြစမ်း"

လင်းရွှမ်နှင့်ဝမ်မိသားစု၏လက်ပါးစေများထံတွင် ရက်စက်ကြမ်းကြုတ်သောအမူအယာများရှိနေကာ သူတို့သည် လုယွီနှင့်အတူပါလာသောလူများကို စတင်၍တိုက်ခိုက်လိုက်ကြသည်။

နွေဦးမြစ်စားသောက်ဆိုင်တစ်ဆိုင်လုံး ရုတ်ရုတ်သဲသဲ ဖြစ်နေလေပြီ။

လုယွီ၏နောက်လိုက်များနှင့် ဝမ်မိသားစုမှလက်ပါးစေများ လုံးလုံးလျားလျား နှစ်ခြမ်းကွဲသွားခဲ့သည်။အစောပိုင်းကမှ သူတို့သည် အရက်ခွက်ချင်းတိုက်ကာ အတူတူသောက်စားနေကြသော်လည်း နောက်ထပ်အချိန်အခိုက်အတန့်မှာပင် စတင်၍တိုက်ခိုက်နေကြလေပြီ။

သို့ရာတွင် နှစ်ဖက်အကြားရှိတိုက်ပွဲတွင် ပါဝင်ခြင်းမရှိသော ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၏အရာရှိတချို့ ရှိနေဆဲပင်။သူတို့သည် နံဘေး၌မတ်တတ်ရပ်နေကာ စောင့်ကြည့်ရန်ကိုသာ ရွေးချယ်ခဲ့ကြသည်။

ဖေးထျန်ကွမ်းသည် အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်၏။

"မင်းတို့က တော်ဝင်နန်းတွင်းကလွှတ်လိုက်တဲ့ အထက်အရာရှိကိုတောင် သတ်ဖြတ်ချင်နေကြတယ်...ကိုယ့်ကြမ္မာကိုယ် ဖန်တီးနေတဲ့ကောင်တွေပဲ....မင်းတို့ သေချင်နေကြတာလား"

ထိုစကားနှင့်အတူ ဖေးထျန်ကွမ်းသည် သူ၏ဓားကိုဆွဲထုတ်ကာ သူ၏ရှေ့ရှိလူများထံဦးတည်၍ အားကုန်ခုတ်ပိုင်းလိုက်သည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဖေးထျန်ကွမ်း၏ရှေ့ရှိ မြေပြင်ပေါ်၌ နက်ရှိုင်းသောဓားရာအက်ကွဲကြောင်းကြီးတစ်ခု ထင်ဟပ်သွားသည်။ထိုဓားချီသည် လေထုအတွင်း၌ မြင့်တက်သွားပြီး ထက်ရှသောအရှိန်အဝါသည် အချိန်အတော်ကြာသည့်တိုင် ပျက်ပြယ်သွားခြင်းမရှိချေ။

အတိတ်တွင် ဖေးထျန်ကွမ်းသည် ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့သည့်အပြင် ယခုချိန်၌ သူသည် ရွှယ်အင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်လည်းဖြစ်သည်။

သူ တိုက်ခိုက်လိုက်သည်နှင့် လူအမြောက်အများကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်။

လင်းရွှမ်၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအမူအယာ ထင်ဟပ်လာကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"သူတို့မှာ လူနည်းနည်းပဲရှိတာ...ဒါကြောင့် သူတို့ကို မကြောက်ကြနဲ့....အတူပူးပေါင်းတိုက်ခိုက်ပြီးတော့ သူတို့အားလုံးကိုသတ်ကြစမ်း"

ယခုချိန်တွင် မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို သူတို့၏စိတ်အတွင်း၌ ရှင်းရှင်းလင်းလင်း သိရှိသွားလေပြီ။နှစ်ဖက်အကြားတွင် ပြေလည်နိုင်စရာအကြောင်းအရင်း မည်သို့မျှမရှိနိုင်တော့သဖြင့် သူတို့အားလုံးသည် ဖရိုဖရဲတိုက်ပွဲတစ်ခုကို စတင်၍ဆင်နွှဲလိုက်ကြတော့သည်။

ဖေးထျန်ကွမ်းတစ်ယောက်တည်းဖြင့် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ အရာရှိအမြောက်အများကို တားဆီးဟန့်တားထားကာ နှစ်ဖက်စလုံးသည် ပြင်းထန်သောတိုက်ပွဲတစ်ပွဲကို ဆင်နွှဲနေကြလေ၏။

ဝေါင်း....

အောင်းကွမ်းသည် ကျယ်လောင်စွာဟိန်းဟောက်ကာ သူ၏အစစ်အမှန်ခန္ဓာကိုယ်အသွင်သို့ ပြောင်းလဲလိုက်သည်။သူ၏လက်သည်းများဖြင့် အနက်ရောင်ဝတ်စုံဝတ်လူတစ်စုကို ဆွဲကုပ်လေသည်။

လူအရေအတွက်အရကြည့်ပါက ဝမ်မူကျီးသည် ကြိုတင်ပြင်ဆင်ထားသည်မှာ သိသာထင်ရှားသည်။

လိုက်ကာနောက်မှ လူများသာမက အမိန့်ရရှိသည်နှင့် နွေဦးမြစ်စားသောက်ဆိုင်၏အနီးရှိ အိမ်များအတွင်းမှ အနက်ရောင်ဝတ်စုံဝတ်လူများ ပြေးထွက်လာကာ ပြင်းထန်သောတိုက်ပွဲအတွင်းသို့ ပါဝင်လာတော့သည်။

Chapter 3488

"ပုန်ကန်သူတွေ...မင်းတို့က ဒီလောက်လူတွေအများကြီးလာပြီးတော့ အသေခံကြတာလား...ငါ့ကိုယ်ငါ ထိန်းချုပ်ထားရတာ အချိန်တော်တော်ကြာနေပြီ...ဒီနေ့ကတော့ ငါ သတ်ဖြတ်ဖို့အတွက် အကောင်းဆုံးအချိန်ပဲ"

အောင်းကွမ်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

သူသည် မူလကတည်းက အလွန်သွေးဆာသော နတ်ဆိုးမှော်သားရဲတစ်ကောင်ပင်။အောက်ဘုံအတွင်း၌ သူသည် နဂါးဘုရင်ဖြစ်သော်လည်း တခြားတစ်ဖက်တွင် နယ်မြေတစ်ခုလုံးကို ပျက်စီးစေနိုင်သော နတ်ဆိုးနဂါးတစ်ကောင်ဖြစ်ခဲ့သည်။သူ၏ပင်ကိုစရိုက်သည် သတ်ဖြတ်ခြင်းကိုနှစ်ခြိုက်သူဖြစ်သည်။

လုယွီ၏သိမ်းသွင်းခြင်းကိုခံရပြီးနောက် သူသည် သူ့ကိုယ်သူ အနည်းငယ်ထိန်းချုပ်ထားခဲ့သည်။သို့ရာတွင် သူ၏ထိန်းချုပ်မှုသည် အနည်းငယ်ဆိုရုံမျှသာဖြစ်ပေ၏။

ကြီးမားသောနဂါးခန္ဓာကိုယ်ကြီး ဖျတ်ခနဲလှုပ်ရှားသွားကာ ရွှေရောင်လျှပ်စီးလှိုင်းတစ်လှိုင်းအလား လူအုပ်အကြားသို့ တိုးဝင်သွားသည်။လူအများ၏အသက်များ အဆက်မပြတ်နှုတ်ယူခံရကာ သွေးများက နေရာအနှံ့အပြားသို့ ဖြာကျသွားသည်။

မြို့အတွင်းသို့ လုယွီနှင့်အတူလိုက်ပါလာသည့် တခြားစစ်ဗိုလ်ချုပ်များတွင်လည်း အားနည်းသောအရိပ်အယောင်မျိုး အနည်းငယ်မျှပင် ရှိမနေချေ။

တိုက်ခိုက်မှုအချင်းချင်း ဖလှယ်ပြီးနောက် တစ်ဖက်မှဖုံးကွယ်ထားသော ခွန်အားများကို တခြားတစ်ဖက်မှ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရတော့သည်။

လုယွီ၏ဘက်တွင် လူအနည်းငယ်သာရှိသော်လည်း တစ်ယောက်ချင်းစီသည် သူရဲကောင်းဆန်ပြီး တိုက်ပွဲများကို ကြိုက်နှစ်သက်သူများပင်။

အထူးသဖြင့် လုယွီသည် သူတို့ကိုမြေတောင်မြှောက်ပေးရန်အတွက် မည်သည့်ဆေးလုံး မည်သည့်မှော်လက်နက်ကိုမဆိုပေးရန် တွန့်ဆုတ်ခြင်းမရှိခဲ့ချေ။ထို့ကြောင့် သူတို့၏ခွန်အားများကို မြှင့်တင်နိုင်ရန်အတွက် အလွန်များပြားသော ကျင့်ကြံမှုအရင်းအမြစ်များကို သူတို့အားလုံး ရရှိခဲ့ကြသည်။

အချိန်များ အလျှင်အမြန်ကုန်ဆုံးလာသည်နှင့်အမျှ ယခုလက်ရှိ ပုန်းကွယ်နဂါးစစ်တပ်တွင် အရည်အချင်းရှိသောလူများနှင့် ပြည့်နှက်နေသည်။

အမှန်အားဖြင့် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ပါရမီရှင်များ ရှားပါးခြင်းမရှိချေ။သို့ရာတွင် သူတို့ကို မြေတောင်မြှောက်ပေးရန်အတွက် အလွန်နည်းပါးသောလူတချို့ကသာ လုံလောက်သော ကျင့်ကြံမှုအရင်းအမြစ်များကို ထောက်ပံ့ပေးနိုင်သည်။

ထို့ပြင် ယခုလက်ရှိချိန်၌ မြို့အတွင်းသို့ လုယွီနှင့်အတူ လိုက်ပါလာသူများသည် ပုန်းကွယ်နဂါးစစ်တပ်၏လက်ရွေးစင်စစ်သားများဖြစ်ပေ၏။

"ဝမ်မူကျီး...မင်းက ရှီးလျန်ကြယ်နယ်မြေမှာ နံပါတ်တစ်ကျင့်ကြံသူလို့ ငါ ကြားထားတယ်...ဒီနေ့ မင်းရဲ့အစွမ်းအစကို ငါ ကြည့်ရသေးတာပေါ့"

လုယွီသည် မတ်တတ်ထရပ်ကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီး ဝမ်မူကျီးထံဦးတည်၍ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ဝမ်မူကျီးက မျက်မှောင်ကြုတ်ထားလေသည်။သူ အလွန်ဒေါသထွက်သွားသဖြင့် သူ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထင်ဟပ်လာသည်။

"ကောင်းတယ်....အရမ်းကောင်းတယ်...အရင်တုန်းကတော့ မင်းရဲ့အသက် အရမ်းငယ်သေးတာကိုကြည့်ပြီး ငါ မင်းကို အခွင့်အရေးတချို့ ပေးမလို့ပဲ...မင်းကိုယ်တိုင်က ဒါကို မဖမ်းဆုပ်မှတော့ မင်း ငါ့ကို အပြစ်မတင်နဲ့"

လုယွီသည် သူ့အားတိုက်ခိုက်လာသည်ကို မြင်တွေ့ချိန်တွင် ဝမ်မူကျီးသည် ထပ်မံ၍တုံ့ဆိုင်းမနေတော့ဘဲ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

သူ၏လက်ဝါးရိုက်ချက်တွင် အလွန်ပူပြင်းသော မီးတောက်စွမ်းအားများ ရောယှက်နေသည်။ဤသည်မှာ သူ၏လက်ဝါးသည် မီးတောက်များအကြားမှ တိုးထွက်လာသည်နှင့်တူညီကာ အလွန်စွမ်းအားပြင်းထန်ပေ၏။

ထိုစွမ်းအားနှစ်ရပ် ထိတွေ့မိချိန်တွင် ကျယ်လောင်သောပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

သူတို့၏ခြေထောက်များအောက်ရှိမြေပြင်သည် လုံးလုံးလျားလျား အက်ကွဲသွားတော့သည်။အစွမ်းထက်သောအားလှိုင်းတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ လုယွီနှင့်ဝမ်မူကျီးတို့သည် မိုးကောင်းကင်ယံအတွင်းသို့ တစ်ချိန်တည်း ပျံသန်းလိုက်ကြ၏။

တိုက်ခိုက်မှုတချို့ဖလှယ်ပြီးနောက် ဝမ်မူကျီးသည် သူ၏လက်ဝါးသို့တိုးဝင်လာသည့် တောင်များပြိုလဲပြီး ပင်လယ်များကျွမ်းထိုးမှောက်ခုံဖြစ်စေနိုင်သည့် စွမ်းအားတစ်ရပ်ကို ခံစားမိသည်။

"သူက ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ပါလား..."

ဝမ်မူကျီးက ထိတ်လန့်တုန်လှုပ်စွာဖြင့် လုယွီကို ကြည့်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် သူ၏လက်ဝါးကို ပြန်ရုတ်သိမ်းကာ လုယွီနှင့်ဝေးကွာသောနေရာသို့ ဆုတ်ခွာလိုက်၏။

ရှီးလျန်ကြယ်နယ်မြေသခင်ရာထူး၌ သူ အချိန်အတော်ကြာသည်အထိ အခိုက်အမာနေနိုင်ခဲ့သော အကြောင်းအရင်းမှာ သူ၏ထူးချွန်သော တိုက်ပွဲအောင်မြင်မှုများကြောင့်ဖြစ်ရုံသာမက သူ၏ကိုယ်ပိုင်ခွန်အားကြောင့်လည်းဖြစ်သည်။

ဝမ်မူကျီးသည် ရွှယ်အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပင်။သူ့ကဲ့သို့အဆင့်ရှိသည့် ကျင့်ကြံသူတစ်ယောက်သည် တော်ဝင်နန်းတွင်းမှနေ၍ မြင့်မားသောဘွဲ့ထူးတစ်ခုကိုခံယူရန် အရည်အချင်းပြည့်မီသည်။

သို့ရာတွင် သူသည် အဆင့်မြင့်ကျောင်းတော်သားတစ်ယောက် မဟုတ်ခဲ့သဖြင့် သူ၏တိုက်ပွဲအကျိုးဆောင်ရမှတ်များသက်သက်ဖြင့် ရှီးလျန်ကြယ်နယ်မြေသခင်ရာထူးကို ရယူနိုင်ခဲ့သည်ကပင် သူ့အတွက် အလွန်အမင်းခက်ခဲနေလေပြီ။

"ဝမ်မူကျီး...ထပ်ပြီးတိုက်ခိုက်ကြစို့"

ထိုသို့ပြောဆိုပြီးနောက် လုယွီက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ အကန့်အသတ်မရှိသောဓားချီများက သူ၏လက်ညှိုးထိပ်မှ ထွက်ပေါ်လာသည်။

ထောင်နှင့်ချီသောဓားချီများက လုယွီ၏ခန္ဓာကိုယ်ကို ဝိုင်းရံထားပေ၏။

လုယွီသည် မိုးကောင်းကင်ယံအတွင်း၌ ဓားအင်မော်တယ်တစ်ယောက်အလား မတ်တတ်ရပ်နေသည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...အင်မော်တယ်သုတ်သင်ဓားချီ...

ထောင်နှင့်ချီသောဓားချီများက မိုးရွာသွန်းသည့်အလား ဝမ်မူကျီးထံသို့ ကျရောက်သွားသည်။

"နုံအလိုက်တာ...မင်းက ရှီးလျန်မြို့ထဲမှာ ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်နိုင်မယ်လို့ မင်းကိုယ်မင်း ထင်နေတာလား"

ဝမ်မူကျီးသည် သရော်တော်တော်ပြောဆိုကာ သူ၏မှော်စွမ်းအားများကို သူ၏လက်ဝါးအတွင်း၌ စတင်၍သိပ်သည်းလိုက်၏။ကောင်းကင်နှင့်မြေပြင်အကြားရှိ အလွန်ကြီးမားသော မှော်စွမ်းအားများသည် သူ၏လက်ဝါးအတွင်း၌ စုဝေးစပြုလာသည်။ပူပြင်းသောစွမ်းအားများ ပျံ့နှံ့လာခြင်းနှင့်အတူ နောက်ဆုံးတွင် မီးတောက်ပန်းပွင့်တစ်ပွင့်အဖြစ် ဖွဲ့စည်းသွားသည်။

ထိုမီးတောက်ပန်းပွင့်သည် တဖြည်းဖြည်း ပွင့်လန်းလာပေ၏။

အန္တရာယ်အငွေ့အသက်တစ်ရပ်သည် ဝမ်မူကျီး၏လက်ဝါးအတွင်းမှ အလျှင်အမြန်မြင့်တက်စပြုလာကာ ပတ်ဝန်းကျင်ကိုပင် သက်ရောက်သွားသည်။

Chapter 3489

"ငါ ဒီလှုပ်ရှားမှုကို အသုံးမပြုချင်ဘူး...ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မင်းက စာပေသူတော်စင်ရဲ့တပည့်ဖြစ်နေတယ်...ဒါကြောင့် ငါ မင်းကို အလေးအနက်ထားရလိမ့်မယ်"

ဝမ်မူကျီးသည်အော်ဟစ်ကာ သူ၏လက်အတွင်းရှိ မီးတောက်ပန်းပွင့်ကို ရှေ့သို့တွန်းထုတ်လိုက်သည်။

မီးတောက်ပန်းပွင့်၏အပူရှိန်သည် အလွန်အမင်း မြင့်မားပေ၏။ထိုမီးတောက်ပန်းပွင့် ဖြတ်သန်းသွားသည့် မည်သည့်နေရာမဆို သက်ရောက်ခြင်းခံရကာ လေဟာနယ်အတွင်း၌ လှိုင်းဂယက်များထလာသည်။

ဘုန်း....

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် မီးတောက်ပန်းပွင့်သည် လုယွီ၏ရှေ့သို့ ရောက်ရှိလာကာ ပေါက်ကွဲသွားသည်။

အစွမ်းထက်သောအားလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားလေ၏။တိုက်ခိုက်နေကြဆဲဖြစ်သော ကျင့်ကြံသူတချို့ပေါ်သို့ ထိုစွမ်းအားများ သက်ရောက်လာသဖြင့် သူတို့အားလုံး စူးရှနာကျင်စွာအော်ဟစ်ကာ အဝေးသို့ ထွက်ပြေးသွားကြတော့သည်။

ဝမ်မူကျီး၏လက်အောက်ရှိ အရာရှိနှစ်ယောက်သည် အချိန်မီရှောင်တိမ်းနိုင်ခြင်းမရှိသဖြင့် မီးတောက်စွမ်းအားများ၏လွှမ်းခြုံမှုကို ခံလိုက်ရသည်။သူတို့၏ခန္ဓာကိုယ်များကို ပြင်းထန်သောမီးတောက်များ လွှမ်းခြုံသွားသဖြင့် သူတို့၏အရိုးများပင် ကြွင်းကျန်ခဲ့ခြင်းမရှိချေ။

ဤမြင်ကွင်းကိုကြည့်ပြီး ပတ်ဝန်းကျင်ရှိလူများသည် သူတို့၏ဦးရေပြားများ ထုံကျင်လာသကဲ့သို့ ခံစားမိလေ၏။

သူ၏မှော်မန္တန်များ သက်ရောက်မှုရှိစေရန်အလို့ငှာ ဝမ်မူကျီးသည် သူ၏နံဘေးပတ်ဝန်းကျင်မှလူများ၏အသက်ကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။

မီးတောက်ပန်းပွင့် ပေါက်ကွဲသွားလေပြီ။

လုယွီကိုဗဟိုပြု၍ ကြီးမားသော မီးတောက်တိမ်တိုက်များက မိုးကောင်းကင်ယံအတွင်း၌ ပြန့်ကားသွားစပြုလာသည်။

"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့ရဲ့အရှင်သခင်ကို တိုက်ခိုက်ဝံ့တာလဲ...မင်း သေချင်နေတာလား"

အောင်းကွမ်းသည် မီးတောက်များ၏သက်ရောက်မှုကို ခံရသောကြောင့် ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။

ဝမ်မူကျီးသည် တစ်ချက်ကြည့်ကာ အောင်းကွမ်းကိုလက်ညှိုးညွှန်ပြီး ပြောဆိုလိုက်၏။

"သူ့ကို ဖိနှိပ်ထားကြစမ်း...ဒီအစစ်အမှန်နဂါးက ငါ့အတွက် အများကြီးအသုံးဝင်တယ်"

အစစ်အမှန်နဂါးများ အထူးသဖြင့် အောင်းကွမ်းကဲ့သို့ သန့်စင်သောသွေးမျိုးဆက်ရှိသည့် လက်သည်းငါးချောင်း ရွှေရောင်နဂါးများသည် မည်သည့်နေရာတွင် ရှိနေစေကာမူ အလွန်အဖိုးတန်သော တည်ရှိမှုကြီးများဖြစ်သည်။

"ဟုတ်ကဲ့..."

လင်းရွှမ်နှင့်အပေါင်းအဖော်များ၏ မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားသောအမူအယာများ ထင်ဟပ်လာသည်။

ဝမ်မူကျီးသည် တော်ဝင်နန်းတွင်း၏လက်ဝဲစစ်တပ်တပ်မှူးကို ဆန့်ကျင်ဝံ့သဖြင့် ဆိုလိုသည်မှာ သူ့ထံတွင် မှီခိုအားထားစရာ တစ်စုံတစ်ခုရှိနေပေမည်။

ထိုအကြောင်းကိုတွေးတောမိသဖြင့် ဤနေရာတွင်ရှိနေသော ဝမ်မူကျီး၏ဘက်တော်သားများ စိတ်လှုပ်ရှားစပြုလာပေ၏။

အခြေခံအားဖြင့် ယခုချိန်၌ ဝမ်မူကျီးသည် ရှီးလျန်ကြယ်နယ်မြေသခင်ရာထူးကို တာဝန်ယူထားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ရလဒ်အနေဖြင့် သူ၏နောက်လိုက်များသည် မြင့်မားသောရာထူးနေရာများကို မရရှိနိုင်တော့ဘဲ နည်းပါးသောကံကြမ္မာစွမ်းအားကိုသာ မျှဝေအသုံးပြုနေရသည်။

ထို့ပြင် ဝမ်မူကျီးသည် ဤကဲ့သို့ကြီးမားသောလှုပ်ရှားမှုကို ပြုလုပ်ဝံ့သဖြင့် တော်ဝင်နန်းတွင်းနှင့်ဆက်ဆံမှုကို ဖျက်သိမ်းရန် ပြင်ဆင်ပြီးဖြစ်သည်မှာ သိသာထင်ရှားလှ၏။

သူ၏ကိုယ်ပိုင်အင်အားစုကို တည်ထောင်သည်ဖြစ်စေ ထန်အင်ပါယာသို့ပူးပေါင်းသည်ဖြစ်စေ သူတို့သည် ရှေ့သို့ခြေတစ်လှမ်းတိုးရပေမည်။

"အားလုံးပဲ...မင်းတို့ရဲ့ဝှက်ဖဲတွေကို အသုံးပြုပြီးတော့ အဲ့ဒီမှော်သားရဲကို ဖိနှိပ်ကြစမ်း"

လင်းရွှမ်တို့လူစုသည် အေးစက်စက်ရယ်မောကာ သူတို့အားလုံးသည် အောင်းကွမ်းကိုတိုက်ခိုက်ရန်အတွက် သူတို့၏မှော်စွမ်းအားများကို ထုတ်ဖော်လိုက်ကြသည်။

"သူရဲဘောကြောင်တဲ့ ကောင်တစ်သိုက်...မင်းတို့အဖိုးအောင်းရဲ့ခွန်အား ပြန်ကောင်းတဲ့အထိ စောင့်ကြစမ်း"

အောင်းကွမ်းက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။

သို့ရာတွင် ပတ်ဝန်းကျင်၌ ဝမ်မိသားစုဘက်မှလူများ လွန်စွာများပြားသည်။

လုယွီကို ဆန့်ကျင်ရန် အကွက်ချစီစဥ်ထားသော ဝမ်မူကျီးသည် သူ၏ဝှက်ဖဲများအားလုံးကို ခေါ်ဆောင်လာခြင်းဖြစ်သည်။

ရှီးလျန်မြို့၏အစောင့်တပ်လေးတပ်မှ လူများအားလုံးနီးပါးရောက်ရှိလာပြီး ဤနေရာပတ်ဝန်းကျင်ကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားလေရာ ရေတစ်စက်ပင် ယိုစိမ့်ထွက်နိုင်မည်မဟုတ်ချေ။

လုယွီ၏ပုန်းကွယ်နဂါးစစ်တပ်မှ လူအများစုသည် မြို့ပြင်၌စခန်းချနေသည်။လက်ရွေးစစ်သားများဟု ယူဆနိုင်သူတချို့ကိုလည်း လုယွီသည် ဂိုဏ်းများကိုဖျက်ဆီးရန်အတွက် လွှတ်လိုက်ပေ၏။

လုယွီနှင့်အတူ ရှီးလျန်မြို့အတွင်းသို့ ဝင်ရောက်ခဲ့သူများသည် ပုန်းကွယ်နဂါးစစ်တပ်အတွင်း၌ အလွန်သန်မာအားကောင်းသူများဖြစ်သော်လည်း လူအရေအတွက် လွန်စွာနည်းပါးသည်။

လက်သီးနှစ်ဖက်တည်းဖြင့် လက်လေးဖက်ကို ယှဥ်ပြိုင်တိုက်ခိုက်ရန်မှာ လွန်စွာခက်ခဲပေမည်။

"ကြည့်ရတာတော့ လက်ဝဲစစ်တပ်ရဲ့တပ်မှူးအသစ်က အရေးနိမ့်တော့မယ့်ပုံပဲ...သူက ဝမ်မူကျီးရဲ့ဖိနှိပ်တာကို ခံနေရတယ်"

"ဒါပေမယ့် ဒါက လက်ခံနိုင်တဲ့ အတောအတွင်းမှာရှိနေတယ်...လက်ဝဲစစ်တပ်ရဲ့တပ်မှူးအသစ်က တော်ဝင်မြို့တော်ထဲမှာ ဘယ့်သူကို အပြစ်ပြုမိထားတယ်ဆိုတာ ငါ မသိဘူး...ဒါပေမယ့် သူ့ကို တကယ်ကြီး ဒီနေရာကို စေလွှတ်ခံလိုက်ရတယ်...သူက ထိပ်သီးကျောင်းတော်သားတစ်ယောက်ပဲ...သူက ထိပ်သီးကျောင်းတော်သားတစ်ယောက်ဖြစ်ပြီးတော့ ပါရမီအရည်အချင်းရှိတာတောင် တော်ဝင်မြို့တော်မှာ မနေရဘူး...သူ့ကိုအသေခံဖို့ ဒီနေရာကိုလွှတ်လိုက်တယ်ဆိုတာ အသိသာကြီးလေ...ဝမ်မူကျီးက ရှီးလျန်မှာခြေကုပ်ယူထားတာ နှစ်တွေအများကြီးကြာနေပြီ...ဘယ်လိုလုပ်ပြီးတော့ သူ့ကို အလွယ်တကူ ဖျက်ဆီးနိုင်မှာလဲ"

"ဒါပေမယ့် သနားစရာကောင်းတာက အစစ်အမှန်နဂါးပဲ...တကယ်လို့ ငါသာ အဲ့ဒီအစစ်အမှန်နဂါးကို သိမ်းသွင်းနိုင်ခဲ့ရင် ငါ့ရဲ့ကံကြမ္မာက ချမ်းသာကြွယ်ဝလာမှာသေချာတယ်"

ရှီးလျန်မြို့အတွင်းမှနေ၍ နတ်ဘုရားစိတ်အာရုံတချို့ ဤနေရာသို့ပျံ့လွင့်လာကာ တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ပြောဆိုနေကြသည်။

Chapter 3490

"ကြည့်ရတာတော့ ဒါက အဆုံးသတ်သွားတော့မယ့်ပုံပဲ"

"ဘာသံသယဝင်စရာမှ မရှိဘူး"

ဤမြင်ကွင်းကိုကြည့်ပြီး နတ်ဘုရားစိတ်အာရုံများ၏ပိုင်ရှင်များသည် စိတ်ပျက်မှုကို ခံစားမိပေ၏။

အဆုံးသတ်၌ ရှီးလျန်မြို့သည် ဝမ်မိသားစု၏ထိန်းချုပ်မှုအောက်၌ ရှိနေဆဲပင်။

လုယွီကို သတ်ဖြတ်ပြီးနောက် ဝမ်မူကျီး၏နာမည်ဂုဏ်သတင်းသည် အဆင့်သစ်တစ်ခုသို့ မြင့်တက်သွားမည်မှာ တိကျသေချာသည်။ထိုအချိန်ကျပါက ဝမ်မူကျီးကို ဆန့်ကျင်ရန် ကြိုးစားလိုသောမည်သူမဆို သူတို့သည် အကျိုးဆက်ကို စဥ်းစားချင့်ချိန်ရပေမည်။

ဝမ်မိသားစု၏လက်အောက်ခံများ ပို၍ပို၍ တရကြမ်းတိုးဝင်လာကြ၏။

လုယွီ၏နောက်လိုက်များအနက် သူတို့တစ်ယောက်ချင်းစီသည် နက်နဲသိမ်မွေ့သော ကျင့်ကြံဆင့်နယ်ပယ်ရှိကာ အစွမ်းထက်သောမှော်ရတနာများရှိသော်လည်း တစ်ဖက်ရန်သူများ၏ခွန်အား လွန်စွာများပြားသဖြင့် တောင့်ခံထားနိုင်ရန် လွန်စွာခက်ခဲနေသည်။

"အရာရှိဖေး....ငါက မင်းရဲ့နာမည်ကို အရင်ကတည်းက ကြားဖူးတယ်...မင်းက အရင်တုန်းက တော်ဝင်တရားစီရင်ရေးဌာနမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိဟောင်းတစ်ယောက်ပဲ...မင်းမှာ မြင့်မားတဲ့ရာထူးနဲ့အခွင့်အာဏာတွေရှိခဲ့တယ်...မင်းက ဘာအနာဂတ်မှမရှိတဲ့ မောက်မာဝံ့ကြွားတဲ့ကောင်လေးတစ်ယောက်နောက်ကို ဘာလို့လိုက်နေတာလဲ...ငါ့နောက်ကို လိုက်ခဲ့ပါလား...မင်းမှာ တောက်ပတဲ့အနာဂတ်ရှိစေရမယ်လို့ ငါ အာမခံတယ်"

ဝမ်မူကျီးက ဖေးထျန်ကွမ်း၏ရှေ့သို့ ရောက်ရှိလာသည်။

ဖေးထျန်ကွမ်းသည် မူလကတည်းက အဓိကတိုက်ခိုက်ရေးစွမ်းအားရှိသူဖြစ်သည်။ယခုချိန်၌ ဝမ်မူကျီးသည် သူ့အားချည်နှောင်လိုက်ပါက တခြားသူများလှုပ်ရှားရန် အလွန်အမင်း ခက်ခဲသွားပေမည်။

"မင်း ဒီလိုလုပ်တာရဲ့အကျိုးဆက်ကို တွေးမိလား"

ဖေးထျန်ကွမ်းသည် ရုတ်တရက် သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ စိုးစဥ်းမျှပင်ရှိမနေချေ။

ဝမ်မူကျီးက ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ ပြောဆိုသည်။

"ငါ ဒီလိုမလုပ်ခင်ကတည်းက ဒီနေ့လိုကိစ္စမျိုးဖြစ်လာမယ်ဆိုတာ ကြိုသိပြီးပြီ...ငါ ရှီးလျန်မြို့ထဲမှာ လုပ်သမျှကိစ္စတွေအားလုံးကို တော်ဝင်နန်းတွင်းက မသိဘူးဆိုတာ မဖြစ်နိုင်ဘူး...ဒါပေမယ့် တော်ဝင်နန်းတွင်းရဲ့အဓိကအင်အားစုက အခုလတ်တလောအချိန်မှာ ထန်အင်ပါယာနဲ့ တိုက်ခိုက်နေတယ်...သူတို့ ငါကိုလိုအပ်တာက ရှီးလျန်ကြယ်နယ်မြေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ပဲ...တကယ်တော့ ငါ သိတာပေါ့"

"ဒါပေမယ့် လိမ္မာပါးနပ်တဲ့ယုန်တစ်ကောင်မှာ တွင်းသုံးတွင်းရှိတယ်...ငါ ဝမ်မူကျီးက သတ်ဖြတ်ခံရမယ့်အချိန်ကို လည်စင်းပြီးစောင့်နေမယ့်လူလို့ တော်ဝင်နန်းတွင်းက တကယ်ကြီးထင်နေပုံပဲ...အရာရှိဖေး မင်းက ကျိုးကြောင်းဆင်ခြင်နိုင်တဲ့ လူတစ်ယောက်ပဲ...ငါ မင်းကို ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်...တာယွီတော်ဝင်နန်းတွင်းကို အန္တရာယ်တွေဝိုင်းရံနေတာ အချိန်အတော်ကြာနေပြီ...ဒါကထန်အင်ပါယာချည်း သက်သက်မဟုတ်ဘူး...နောင်လာမယ့်နေ့ရက်တွေမှာ တခြားအင်အားစုတွေကလည်း ထကြွလာလိမ့်မယ်...ဒီလောကကြီးက ပေါင်းစည်းမှုမရှိတာ အချိန်အတော်ကြာနေပြီ...ဒါက မိုးကောင်းကင်တာအိုပဲ...အခုချိန်မှာ လောကကြီးတခွင်လုံး ဖရိုဖရဲဖြစ်နေမှတော့ မင်းက စိတ်ပျက်ဖို့ကောင်းတဲ့အနာဂတ်ပဲရှိမယ့် တော်ဝင်နန်းတွင်းကို ရွေးချယ်မလား...ဒါမှမဟုတ် မင်း ငါ့နောက်ကိုလိုက်မလား...မင်းက ဥာဏ်ကောင်းတဲ့သူတစ်ယောက်ပဲ...ဘာကိုရွေးချယ်ရမလဲဆိုတာ မင်း သိမှာပါ"

ဝမ်မူကျီးက ပြောင်ပြောင်တင်းတင်း ပြောဆိုသည်။

"ဒီဝမ်မူကျီးက အရင်ကတည်းက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်မယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒီအချိန်အတောအတွင်းမှာ သူက တာယွီတော်ဝင်နန်းတွင်းကို အယောင်ဆောင်ဆက်ဆံနေခဲ့ပုံရတယ်...တကယ်တော့ သူက တခြားအစီအစဥ်တွေကို စီစဥ်ထားပြီးပြီ"

"ကျွတ်...ကျွတ်...ဖေးထျန်ကွမ်းက အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲ...တကယ်လို့ သူကသာ ဝမ်မူကျီးနဲ့ပူးပေါင်းလိုက်မယ်ဆိုရင် ကျားကို အတောင်ပံတပ်လိုက်သလို ဖြစ်သွားလိမ့်မယ်....နောင်အနာဂတ်မှာ ဝမ်မိသားစုကို ဘယ်သူကမှ ဖိနှိပ်နိုင်တော့မှာမဟုတ်ဘူး"

ဤနေရာ၌ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို နတ်ဘုရားစိတ်အာရုံများဖြင့် စူးစမ်းလေ့လာနေသူများအားလုံး အံ့အားသင့်တုန်လှုပ်နေကြသည်။

ဖေးထျန်ကွမ်းက သဘောမတူလိုဟန်ဖြင့် ပြောဆိုသည်။

"တကယ်လို့ ငါက မင်းရဲ့နောက်ကိုလိုက်မယ်ဆိုရင်..ငါ ဘာရမှာလဲ"

"တကယ်တော့ မင်းရမယ့်အကျိုးကျေးဇူးတွေကို မင်း စိတ်ကူးတောင်ယဥ်ကြည့်ဖူးမှာမဟုတ်ဘူး...မင်းရဲ့ တော်ဝင်တရားစီရင်ရေးဌာနက ရာထူးထက်တောင် ပိုပြီးမြင့်မားအုံးမယ်...ဖေးထျန်ကွမ်း...ငါ့အထင်တော့ မင်းက ပါရမီရှင်တစ်ယောက်ပဲ...အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီးတော့ မင်း ဘယ်လိုမျိုးလိုက်လျောညီထွေဖြစ်အောင် နေရမလဲဆိုတာ မင်း သိမှာပါ"

ဖေးထျန်ကွမ်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ဝမ်မူကျီး...အော် ဝမ်မူကျီး...အရင်ကတော့ မင်းက ဥာဏ်ကောင်းတဲ့သူတစ်ယောက်လို့ ငါ ထင်ခဲ့တာ....အခုတော့ မင်းက တခြားလူတွေလိုပဲ မောက်မာဝံ့ကြွားပြီး တုံးအတဲ့သူတစ်ယောက် ဖြစ်နေတာကိုး"

ထိုသို့ပြောဆိုပြီးနောက် ဖေးထျန်ကွမ်း၏မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားသည်။

သူက ဝမ်မူကျီးကို စူးစိုက်ကြည့်ကာပြောဆိုသည်။

"မင်းက ကောင်းကင်ဘုံနယ်မြေရဲ့ယေဘုယျအခြေအနေကို ဒီလောက်ထိ ရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့ပြီးမှ မင်းရဲ့ကိုယ်ပိုင်ကံကြမ္မာကိုကျ မင်း ဘာလို့မမြင်တာလဲ....ဒီနေ့မှာ မင်း သေချာပေါက်နိုင်မယ်လို့ အတပ်ပြောနိုင်လား"

"အဲ့ဒီလို မဟုတ်ဘူးလား"

ဝမ်မူကျီးက သူ၏လက်ကိုနောက်ပစ်၍ မတ်တတ်ရပ်ကာ မေးမြန်းလိုက်၏။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ဝမ်မူကျီး၏ပခုံးပေါ်သို့ လက်တစ်ဖက် ကျရောက်လာကာ ဖိနှိပ်ထားသည်။

"မင်း ဒီမှော်မန္တန်ကို ဘယ်နေရာကနေ သင်ယူလာတာလဲ"

အသံတစ်သံက ရုတ်တရက် ဝမ်မူကျီး၏နောက်မှ ထွက်ပေါ်လာသည်။

ထိုအသံကိုကြားလိုက်သော အချိန်အခိုက်အတန့်တွင် ဝမ်မူကျီး၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။

ဝမ်မူကျီးသည် ရုတ်တရက် နောက်သို့လှည့်ကြည့်လိုက်ရာ သူ၏နောက်တွင် လုယွီ မတ်တတ်ရပ်နေသည်ကို တွေ့မြင်မိလေ၏။

All Chapters