← Chapters

အခန်း (၃၄၉၆-၃၅၀၀)

Vol. 178 Ch. 3496-3500

အခန်း (၃၄၉၆-၃၅၀၀)

Vol. 178 Ch. 3496-3500

Chapter 3496

လုယွီသည် ရုတ်တရက် လင်းရွှမ်နှင့်တခြားအရာရှိများဘက်သို့ လှည့်ကြည့်လိုက်သည်။

ယခင်က သူတို့သည် ဝမ်မိသားစု၏နောက်သို့ လိုက်ခဲ့ကြသူများဖြစ်သည်။

မူလက သူတို့သည် ဝမ်မိသားစုဘက်မှ တိုက်ခိုက်ပါက သူတို့ထံတွင် တောက်ပသောအနာဂတ်ရှိလာကာ ဝမ်မူကျီး၏ယုံကြည်မှုကို ရရှိနိုင်မည်ဟု တွေးထင်ခဲ့ကြလေ၏။သို့ရာတွင် ယခုကြည့်ရသလောက် ဤယုံကြည်မှုသည် အာလူးပူတစ်လုံး ဖြစ်ပုံရသည်။သူတို့သည် ဤအရာကို တက်နိုင်သမျှ အမြန်ဆုံးလွှင့်ပစ်ရန် ဆန္ဒရှိနေကြသည်။

"လင်းရွှမ်...ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...မင်းက ဝမ်မိသားစုရဲ့ဥပဒေမဲ့လုပ်ရပ်တွေကို မှန်မှန်ကန်ကန် ဖွင့်ပြောပြီးတော့ အတည်ပြုနိုင်တာနဲ့ ငါက မင်းကို အသက်ချမ်းသာခွင့်ပေးမယ်"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် လင်းရွှမ်က ရုတ်တရက် ခေါင်းမော့ကာ သူ၏မျက်လုံးများ တောက်ပသွားသည်။

မူလက သူသည် ဤတစ်ကြိမ်တွင် သေချာပေါက်သေဆုံးရတော့မည်ဟု သူ ယူဆထားခဲ့သည်။

အာဏာရှိသူများအကြားရှိ ယှဥ်ပြိုင်ခြင်းသည် အလွန်ရက်စက်ကြမ်းတမ်းပေ၏။ဤအချိန်အခိုက်အတန့်တွင် အကယ်၍ သူသည် မှားယွင်းသောဘက်တွင် ရပ်တည်မိပါက အခြေအနေကို နောက်ပြန်လှည့်ရန် သူ့ထံ၌ မည်သည့်အခွင့်အရေးမျှ ရှိတော့မည်မဟုတ်ချေ။

လင်းရွှမ်သည် အကယ်၍ သူ ဝမ်မိသားစု၏နောက်သို့လိုက်ပါက သူတို့၏နောက်မှအင်အားစုကြောင့် သူ၏မိသားစုကို အနည်းငယ်စောင့်ရှောက်ပေးနိုင်မည်ဟု သူ တွေးထင်ခဲ့သည်။

သို့ရာတွင် သူ၏ ထိုအတွေးသည် လုံးလုံးလျားလျား ကြေမွှပျက်စီးသွားလေပြီ။

ဝမ်မိသားစုသည် သူ့အား အနည်းငယ်မျှပင် အလေးအနက်မထားဘဲ အစေခံတစ်ယောက်ဟုသာ သဘောထားနေခြင်းဖြစ်သည်။

သူ၏အသုံးဝင်မှုသာ ပျောက်ဆုံးသွားပါက ဝမ်မိသားစုသည် သူ့အား အနည်းငယ်မျှပင် တန်ဖိုးထားတော့မည်မဟုတ်ချေ။

"ငါ ပြောမယ်...ငါ ပြောပြမယ်...မနှစ်က ဆောင်းတွင်းမှာ ဟန်ကွမ်ကြယ်နယ်မြေက နှစ်တစ်ရာအတွင်းမှာ တစ်ကြိမ်ကြုံတွေ့ရတဲ့ ပြင်းထန်တဲ့အအေးဒဏ်ကို ခံစားခဲ့ရတယ်...ဖုန်းရွှေပညာရှင်တွေတောင်မှ ဒီကိစ္စကို မပြောင်းလဲနိုင်ခဲ့ဘူး...အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကနေပြီးတော့ အအေးဒဏ်ကာကွယ်နိုင်တဲ့ မှော်ရတနာတွေကို ဟန်ကွမ်ကြယ်နယ်မြေဆီ ခွဲဝေပေးခဲ့တယ်...ဒါပေမယ့် အဲ့ဒီမှော်ရတနာတွေရဲ့တစ်ဝက်လောက်ကို ဝမ်မိသားစုက ကြားဖြတ်ယူထားပြီးတော့...အဲ့ဒါတွေကို ပြင်ပဂိုဏ်းအင်အားစုတွေဆီ ရောင်းချခဲ့တယ်...ဒါကြောင့် မနှစ်ကဆောင်းတွင်းမှာ ဟန်ကွမ်ကြယ်နယ်မြေက သေမျိုးတွေ တော်တော်များများ အေးခဲပြီးတော့ သေဆုံးသွားခဲ့ရတယ်...ကျင့်ကြံသူတွေအများကြီးတောင် သေဆုံးသွားခဲ့တယ်"

လင်းရွှမ်က သူ၏အဆုတ်ကွဲလုမတတ် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ပတ်ဝန်းကျင်ရှိလူများသည် ထိုစကားများကိုကြားချိန်တွင် သူတို့၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားကာ သူတို့၏စိတ်နှလုံးသားများအတွင်း၌ ဒေါသလှိုင်းများ မြင့်တက်လာသည်။

အကာအကွယ်အတားအဆီးနေရာလေးခုသည် လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံး၏ အဓိကအသက်သွေးကြောနေရာများ ဖြစ်ပေ၏။

အကယ်၍ ထိုခုခံကာကွယ်မှုနေရာများ ကျိုးပျက်သွားပါက လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံး ထန်အင်ပါယာ၏တိုက်ခိုက်မှုကို ခံယူရပေမည်။ထိုအချိန်ကျပါက လက်ဝဲစစ်တပ်နယ်မြေအတွင်းရှိ လူတိုင်းသည် အလွန်ပြင်းထန်သောတိုက်ခိုက်မှုကို ရင်ဆိုင်ရပေမည်။

ထို့ပြင် ယခုချိန်၌ ဤကိစ္စသည် ခုခံကာကွယ်မှုနေရာတစ်နေရာ၏တည်ငြိမ်မှုနှင့် ပတ်သတ်နေသော်လည်း ဝမ်မိသားစုသည် ဤကဲ့သို့လှုပ်ရှားမှုမျိုးကို ပြုလုပ်ခဲ့သည်။

"လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ထျန်းလင်စစ်တပ်ရဲ့ခေါင်းဆောင်တပ်မှူးက စစ်သားတွေရဲ့လစာငွေတွေကို ဖြတ်စားမယ့် ဝမ်မိသားစုရဲ့တောင်းဆိုချက်ကို သဘောမတူခဲ့ဘူး...အဲ့ဒီတပ်မှူးက ဒီကိစ္စကို တော်ဝင်နန်းတွင်းဆီ သတင်းပို့ချင်ခဲ့ပေမယ့်...ဝမ်မိသားစုကို ရှေ့တန်းစစ်မျက်နှာစာဆီ စေလွှတ်ဖို့စီစဥ်ခဲ့တယ်...သူ့ကို တစ်ယောက်တည်း ချန်ထားခဲ့ပြီးတော့ ထန်အင်ပါယာနဲ့သေတဲ့အထိ တိုက်ခိုက်စေခဲ့တယ်"

"အဲ့ဒီတပ်မှူးရဲ့ခွန်အားက အရမ်းသန်မာအားကောင်းတယ်...ဒါကြောင့် သူက ခုလိုမျိုးဆက်ဆံခံခဲ့ရတာတောင် နောက်ဆုတ်နိုင်ခဲ့တယ်...ဒါပေမယ့် ဝမ်မိသားစုက လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ကို စေလွှတ်ပြီးတော့ အဲ့ဒီတပ်မှူးကို သတ်ဖြတ်စေခဲ့တယ်...အဆုံးသတ်မှာ ထျန်းလင်စစ်တပ်ရဲ့တပ်မှူး သေသွားရုံတင်မကဘူး...သူ့ရဲ့မိသားစုဝင် အသက်ကြီးကြီးငယ်ငယ်မှန်သမျှ အသတ်ခံခဲ့ရတယ်...အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က လူတွေစေလွှတ်ပြီးတော့ စုံစမ်းခဲ့တဲ့အချိန်မှာ တပ်မှူးက ပုန်ကန်ဖို့ကြံစည်ခဲ့တဲ့သက်သေကို ဝမ်မိသားစုက အတုလုပ်ခဲ့တယ်...ဒါက သူ့ကို ရာဇဝတ်မှုတွေ ကျူးလွန်ပြီးတော့ သူ့ကိုယ်သူသတ်သေခဲ့တဲ့ အပြစ်သားတစ်ယောက် ဖြစ်စေတယ်...ပြီးတော့ အဲ့ဒီထျန်းလင်စစ်တပ်ရဲ့ခေါင်းဆောင်တပ်မှူးနေရာကို ဝမ်မိသားစုဝင်တစ်ယောက်က အစားထိုးနေရာဝင်ယူခဲ့တယ်"

"တော်သင့်ပြီ"

ဝမ်မူကျီးသည် လင်းရွှမ်ကိုစူးစိုက်၍ ကြည့်လေသည်။

"မင်း သေချင်နေတာလား"

ဘန်း...

ဝမ်မူကျီး၏စကား အဆုံးသတ်သွားသောအချိန်မှာပင် လုယွီသည် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ဝမ်မူကျီးသည် နောက်သို့ လေး ငါးမီတာခန့်အကွာအဝေးထိ လွင့်ထွက်သွားကာ အနီးရှိ တိုင်လုံးကြီးတစ်တိုင်နှင့် ဆောင့်မိလေ၏။

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ငါ မင်းကို စကားပြောခိုင်းလို့လား ပါးစပ်ပိတ်ထားစမ်း"

"ဟား ဟား ဟား...ငါက မင်းဆန္ဒရှိသလို သတ်လို့ရတဲ့ ငါးတစ်ကောင်လို့ မင်း ထင်နေတာလား..ဝမ်မူကျီး...မင်း ဒီနေ့အဆုံးသတ်သွားပြီ...မင်းတင်မကဘူး...မင်းတို့ဝမ်မိသားစုလည်း အဆုံးသတ်ရတော့မယ်...မင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကြောင့် မင်း သေရမှာပဲ....ဒီနေ့က မင်း ဒဏ်ခတ်ခံရမယ့်နေ့ပဲ"

လင်းရွှမ်သည် ဝမ်မူကျီး၏အခြေအနေကို မြင်တွေ့ချိန်၌ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

Chapter 3497

လင်းရွှမ်သည် စကားပို၍ပြောဆိုလေလေ ပို၍စိတ်လှုပ်ရှားလာလေလေပင်။

"လွန်ခဲ့တဲ့သုံးနှစ်အကြာတုန်းက...ဆဋ္ဌမဂိတ်တံခါးကနေ သေဒဏ်ချခံထားရတဲ့ အကျဥ်းသားတွေအားလုံးကို ဝမ်အိမ်တော်ဆီ ပို့ဆောင်ပေးဖို့ ဝမ်မူကျီးက ငါ့ကို အမိန့်ပေးခဲ့တယ်"

"သူတို့က သေဒဏ်ချခံထားရတဲ့သူတွေဖြစ်တာကြောင့် ဘယ်လိုပဲဖြစ်ဖြစ် သေရမယ့်လူတွေပဲ...ဒါကြောင့် ငါက ဒီကိစ္စကို အမှားအယွင်းတစ်ခုလို့ မခံစားရတာကြောင့် သူတို့အားလုံးကို ပို့ပေးခဲ့တယ်"

"ဒါပေမယ့် နောက်ပိုင်းကျတော့ ဝမ်မိသားစုရဲ့ဆန္ဒက ပိုပိုပြီးကြီးထွားလာတယ်....သေဒဏ်ကျခံထားရတဲ့ အကျဥ်းသားတွေတင်မကဘူး သာမာန်ရာဇဝတ်မှုကျုးလွန်တဲ့ အကျဥ်းသားတွေပါ ပါလာတယ်...သူတို့ထဲက တချို့ဆိုရင် အချုပ်ကျပြီးတော့ နှစ်ရက်သုံးရက်အကြာမှာပဲ ဝမ်အိမ်တော်က အစောင့်တွေရဲ့ အတင်းအကြပ်ဆွဲခေါ်သွားတာကို ခံလိုက်ရတယ်...အဲ့ဒီခေါ်ဆောင်သွားခံရသူတွေအားလုံး ဘယ်တော့မှ ပြန်မလာတော့ဘူး....ပြီးတော့ အဲ့ဒီနေ့ကနေစပြီးတော့ ရှီးလျန့်မြို့ထဲမှာ လူပျောက်တဲ့ကိစ္စတွေများလာပြီ...ဒီကိစ္စတွေကို မစုံစမ်းဖို့ ဝမ်မိသားစုက ငါ့ကို လူတစ်ယောက်လွှတ်ပြီးတော့ ပြောခဲ့တယ်...ဒါက ဝမ်မိသားစုကလူတွေရဲ့ လက်ချက်ဆိုတာ သိသာထင်ရှားနေတယ်"

စကားပြောဆိုနေရင်း လင်းရွှမ်သည် မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။သူက လုယွီကို ဦးညွှတ်အရိုအသေပြုကာ ပြောဆိုသည်။

"တပ်မှူး...ငါ အစက စုံလုံးကန်းခဲ့မိတယ်..ငါက ရိုင်းပျပြီးရည်မှန်းချက်ကြီးမားတဲ့ ဝမ်မူကျီးလိုလူစားမျိုးကို ကူညီခဲ့မိတယ်...အခု ငါက အမှောင်ကိုစွန့်ခွာပြီးတော့ အလင်းထဲကို ဝင်ရောက်ချင်ပါတယ်...တပ်မှူးက ကျေးဇူးပြုပြီးတော့ ငါ့ကို အခွင့်အရေးတစ်ခုပေးပါ"

လူတိုင်းသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဤမြင်ကွင်းကို စောင့်ကြည့်နေကြသည်။

လင်းရွှမ်၏စကားကို မယုံကြည်သူဟူ၍ မရှိသလောက်နီးပါးပင်။

ဤနှစ်များအတွင်းတွင် ဝမ်မိသားစုသည် ရှီးလျန်မြို့အတွင်း၌ ထင်ရာစိုင်းနေခဲ့သည်။သူတို့သည် အရာရှိများကို ကျေးကျွန်များကဲ့သို့ ဆက်ဆံကာ သာမာန်လူများကို ဝက်များခွေးများကဲ့သို့ သဘောထားခဲ့ကြ၏။သူတို့သည် ဥပဒေမဲ့လုပ်ရပ်များစွာကို ကျူးလွန်ခဲ့သည်။

"အရင်တုန်းက ရှီးလျန်မြို့ထဲမှာ လူတွေခဏခဏပျောက်နေတာ အံ့အားသင့်စရာမရှိတော့ဘူး"

"ကောလဟာလတွေအရတော့ လေဟာနယ်ဓားပြတွေ မြို့ထဲခိုးဝင်လာပြီးတော့ လူတွေကို ပြန်ပေးဆွဲသွားတာလို့ သတင်းထွက်ခဲ့တယ်...ဝမ်မိသားစုကလူတွေရဲ့ လက်ချက်ဖြစ်နေမယ်လို့ ငါ ထင်မထားခဲ့ဘူး"

"ဝမ်မိသားစုက ဘာလို့ ဒီလောက်လူတွေအများကြီးကို ဖမ်းခဲ့တာလဲ"

……

ပတ်ဝန်းကျင်မှနေ၍ တိုင်ပင်ဆွေးနွေးနေသံများ ထွက်ပေါ်လာသည်။

သူတို့၏မိသားစုဝင်များ ပျောက်သွားခဲ့သည့် ကျင့်ကြံသူတချို့သည် ဝမ်မူကျီးကို မေးမြန်းရန်အတွက် ရှေ့သို့ပြေးဝင်လာကြသည်။

လုယွီက ခေါင်းညိတ်လိုက်၏။

"မင်း ပြောသမျှကိစ္စတွေကို ငါ မှတ်ထားမယ်...ငါ ရုံးတော်ကိုရောက်တာနဲ့ အဲ့ဒီကိစ္စတွေကို စုံစမ်းစစ်ဆေးမယ်...တကယ်လို့ မင်းပြောသမျှ အကုန်လုံးအမှန်တွေဆိုရင် မင်းရဲ့ပြစ်မှုတွေအတွက် ငါ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်...ဒါပေမယ့် မင်းက ဆဋ္ဌမဂိတ်တံခါးရဲ့ခေါင်းဆောင်လူဆိုးထိန်းနေရာမှာ ဆက်ရှိနေဖို့မလိုတော့ဘူး...မင်းက ရှီးလျန်မြို့ကနေ ထွက်သွားရမယ်"

"ကျေးဇူးတင်ပါတယ် အရှင်...ခွင့်လွှတ်မှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

လင်းရွှမ်သည် လွတ်ငြိမ်းချမ်းသာခွင့်ရသွားသဖြင့် လုယွီကို အကြိမ်ကြိမ်အခါခါ ဦးညွှတ်အရိုအသေပြုလေသည်။

လင်းရွှမ်၏နောက်မှ အရာရှိတချို့သည် ထိုမြင်ကွင်းကိုကြည့်ပြီး ကြက်သေသေနေကြသည်။

သူတို့သည် သေဆုံးရတော့မည်ဟု တွေးတောထားကြလေ၏။သို့ရာတွင် သေခြင်းတရားသည် ယခုထိတိုင် သူတို့ထံရောက်မလာသေးဘဲ အသက်ရှင်သန်နိုင်ရန်အတွက် အခွင့်အရေးတစ်ခုရှိနေသည်ကို သိရှိလိုက်ရသည်။

အသက်ရှင်သန်ခြင်း၏မျှော်လင့်ချက်သည် လူတိုင်း၏စိတ်အတွင်း၌ ပြည့်နှက်သွားသည်။

"အုပ်ချုပ်သူအရှင်...ငါလည်း သတင်းပို့ချင်တယ်"

"အမှန်ပဲ...ငါက ဝမ်မူကျီးရဲ့သီးသန့်လက်အောက်ငယ်သားပါ....ငါ သူ့အကြောင်းကို အများကြီးသိထားတယ်"

အရာရှိများသည် ဝမ်မိသားစု၏ကိစ္စများနှင့် ပတ်သတ်၍ ပြောဆိုနိုင်မည့်အခွင့်အရေးကိုရရှိရန် အလုအယက် စတင်တိုက်ခိုက်ကြတော့သည်။

ဤကိစ္စများတွင် ရှီးလျန်ကြယ်နယ်မြေ၏အခန်းကဏ္ဏများအားလုံး ပတ်သတ်နေကာ လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံး၏ အကျိုးအမြတ်များအားလုံးကို ဝမ်မိသားစုမှ ထိပါးထားသော ကိစ္စများအထိ ပါဝင်နေသည်။

နယ်မြေခံအုပ်ချုပ်ရေးရုံးတော်များမှ ကိစ္စများဖြစ်စေ စစ်ရေးကိစ္စများဖြစ်စေ ဝမ်မိသားစုသည် ကြားဝင်စွက်ဖက်ခဲ့ပုံရပေ၏။

ထိုကိစ္စများ ထွက်ပေါ်လာပြီးနောက် စစ်တပ်များမှ တပ်မှူးရာထူးနေရာများနှင့် အုပ်ချုပ်ရေးရုံးတော်များမှ အရာရှိနေရာအမြောက်အများတွင် ဝမ်မိသားစုဝင်များနှင့် အစားထိုးခဲ့ကြောင်း လူတိုင်း သိနားလည်သွားသည်။

ဝမ်မိသားစုသည် လက်ဝဲစစ်တပ်နယ်မြေအတွင်း၌ မုန်တိုင်းထန်စေမည့် ကိစ္စများကို ဖန်တီးခဲ့သည်။

ယခုလက်ရှိချိန်တွင် ဝမ်မိသားစု၏ဆိုးရွားသောရည်ရွယ်ချက်များ အပြည့်အဝ ထွက်ပေါ်လာလေပြီ။

"ဒီကိစ္စတွေအားလုံးကို ရေးမှတ်ထားပြီးတော့ ငါ ရုံးတော်ကို ရောက်တာနဲ့ တစ်ခုပြီးတစ်ခုကို စုံစမ်းစစ်ဆေးမယ်...ဝမ်မိသားစုရဲ့ပတ်သက်နေတဲ့လူတိုင်း ဘယ်သူဘယ်ဝါဖြစ်နေပါစေ စစ်ဆေးမေးမြန်းခံရမယ်"

လုယွီက အေးစက်စက်လေသံဖြင့် မေးမြန်းသည်။

လုယွီ၏နောက်ရှိ နောက်လိုက်တစ်ယောက်က ချက်ချင်းမှတ်သားလိုက်သည်။

ဝမ်မိသားစု၏သစ္စာရှိလူယုံများသည် အသက်ရှင်သန်နိုင်ရန်အလို့ငှာ အမှန်အတိုင်း ထွက်ဆိုနေကြပုံရသည်။

ထိုကိစ္စများကိုကြည့်ပြီးနောက် ဝမ်မိသားစု ကျူးလွန်ခဲ့သော ဆိုးရွားသည့်ပြစ်မှုများအရ သူတို့တစ်မိသားစုလုံး အမြစ်ပြတ်သုတ်သင်ခံရလျှင်ပင် လုံလောက်မည်မဟုတ်ချေ။

Chapter 3498

"ဝမ်မူကျီး...ငါ မင်းကို သတ်မယ်"

လူအုပ်အကြားမှနေ၍ အဖိုးအိုတစ်ယောက် ရုတ်တရက် တိုးထွက်လာကာ အော်ဟစ်ကြုံးဝါးပြီး ဝမ်မူကျီးထံသို့ ပြေးဝင်သွားသည်။

သူသည် ရုတ်တရက်ဆန်စွာ ပြေးထွက်လာခြင်းဖြစ်သည်။သို့ရာတွင် လုယွီ၏နံဘေးပတ်လည်မှ အစောင့်များသည် အလျှင်အမြန်တုံ့ပြန်လိုက်ကြကာ သူ့ကို တားဆီးထားကြလေ၏။

အဖိုးအို၏မျက်နှာသည် ဒေါသကြောင့်နီမြန်းနေကာ သူသည် ဝမ်မူကျီးကိုကြည့်ပြီး ဒေါသတကြီး အော်ဟစ်နေသည်။

"ခဏနေဦး...မင်းက ဘယ်သူလဲ"

လုယွီသည် အဖိုးအိုထံသို့ လျှောက်လှမ်းသွားပြီး သူ၏လက်ကိုဝှေ့ယမ်းကာ အစောင့်များကိုနောက်ဆုတ်ရန် အချက်ပြလိုက်သည်။

အဖိုးအိုသည် နာကျည်းမုန်းတီးသောအကြည့်ဖြင့် ဝမ်မူကျီးကို စူးစိုက်၍ကြည့်လိုက်၏။ထို့နောက် သူသည် လုယွီဘက်သို့လှည့်ကာ ဦးညွှတ်အရိုအသေပြုလေသည်။

"အရှင်...ကျေးဇူးပြုပြီးတော့ ငါ့အတွက် ဆုံးဖြတ်ပေးပါ"

သူသည် ဒူးထောက်ရန်ဟန်ပြင်လိုက်သော်လည်း လုယွီသည် လျှို့ဝှက်အားလှိုင်းတစ်ရပ်ကိုအသုံးပြုကာ သူ့ကိုထူမပြီး မတ်တတ်ရပ်နေစေသည်။

"ဖြည်းဖြည်း ပြောပါ"

လုယွီ၏အသံသည် ကြည်လင်ပြတ်သားကာ သူ၏လေသံတွင် ကွန်ဖြူးရှပ်တာအို အရိပ်အယောင်တချို့ ရောယှက်နေသဖြင့် အဖိုးအိုကို အနည်းငယ်စိတ်တည်ငြိမ်မှု ရရှိသွားစေပေ၏။

အဖိုးအို၏မျက်နှာ နီမြန်းနေဆဲပင်။သူသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလိုက်သည်။

"ငါ့ရဲ့နာမည်က လီယွင်....လွန်ခဲ့တဲ့သုံးနှစ်လောက်တုန်းက နှင်းစက်နေမင်းမြို့မှာ ငါက လက်ထောက်တပ်မှူးရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်...ငါ စစ်တပ်ထဲကိုရောက်တာ ဆယ်စုနှစ်တွေအများကြီး ကြာမြင့်နေပြီ"

"နှင်းစက်နေမင်းမြို့က လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံးမှာ အရေးကြီးဆုံးမြို့တစ်မြို့ပဲ...ထန်အင်ပါယာနဲ့ အမြဲတမ်းဆန့်ကျင်တိုက်ခိုက်နေရတယ်...ဒါကြောင့် အသေအပျောက်ရာခိုင်နှုန်း အရမ်းမြင့်မားတယ်"

"လွန်ခဲ့တဲ့သုံးနှစ်လောက်တုန်းက...ငါတို့က စစ်တပ်ကိုဦးဆောင်ပြီးတော့ ထန်အင်ပါယာရဲ့ခြေကုပ်စခန်းတစ်ခုကို ရှောင်တခင်တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ကြတယ်...အစတုန်းကတော့ ဒါက ချို့ယွင်းချက်ကင်းမဲ့တဲ့ အစီအစဥ်တစ်ခုပဲ...ဒါပေမယ့် ငါတို့အားလုံး ဝင်သွားတဲ့အချိန်မှာ ခြုံခိုတိုက်ခိုက်ခံရမယ်လို့ ဘယ်သူက သိမှာလဲ...ခေါင်းဆောင်စစ်ဗိုလ်ချုပ်က တိုက်ပွဲမှာ အရင်ဆုံး သေဆုံးသွားခဲ့တယ်...ငါတို့ပဲ ကျန်ခဲ့တယ်...ငါတို့က အင်အားကုန်သုံးပြီးတော့ အဲ့ဒီနေရာမှာ ခုခံတိုက်ခိုက်ခဲ့ရတယ်...အစတုန်းကတော့ ဒီကိစ္စက ထန်အင်ပါယာဘက်ကသူလျှိုတွေဆီကနေ သတင်းပေါက်ကြားတာလို့ ငါ ထင်ခဲ့တယ်...ဒါပေမယ့် မမျှော်လင့်ဘဲ ဒါက ဝမ်မိသားစုရဲ့လက်ချက်ဖြစ်နေတယ်"

အဖိုးအိုသည် ပို၍စကားပြောလေလေ သူ ပို၍စိတ်လှုပ်ရှားလေလေဖြစ်လာကာ သူ၏ဒေါသများ ပွင့်အံ့ထွက်လာလုနီးပါးပင်။

အစောပိုင်းက အရာရှိတစ်ယောက်သည် ဝမ်မိသားစု၏ပြစ်မှုများကို ဖော်ထုတ်ချိန်၌ တစ်ခုသည် ဤသတင်းကိုရောင်းစားခဲ့ခြင်းနှင့် ဆက်စပ်နေသည်။

သူတို့အတွက် ကိုယ်ပိုင်အကျိုးအမြတ် ရရှိရန်အတွက်နှင့် ဝမ်မိသားစုသည် ရှေ့တန်းရှိစစ်သားများ၏အသက်များကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။သူတို့သည် စစ်ရေးဆိုင်ရာသတင်းတချို့ကိုပင် ထန်အင်ပါယာထံသို့ ပြောင်ပြောင်တင်းတင်း ရောင်းစားနေခဲ့လေ၏။

ထန်အင်ပါယာမှသူလျှိုများသည် ရှီးလျန်မြို့အတွင်း၌ ရောထွေးနေကာ သူတို့၏သရုပ်မှန်များကို ရှာဖွေပါက လွယ်လင့်တကူတွေ့ရှိနိုင်ပေမည်။သို့ရာတွင် ဝမ်မူကျီးသည် ထိုလူများအပေါ် အနည်းငယ်မျှ အာရုံမစိုက်ခဲ့ချေ။

"ဆယ်ရက်...ငါတို့စစ်တပ်တစ်တပ်လုံး ပြင်းထန်တဲ့တိုက်ခိုက်မှုတွေအောက်မှာ ဆယ်ရက်တောင့်ခံခဲ့ရတယ်...ငါတို့က အကြိမ်ပေါင်းများစွာ အကူအညီတောင်းခံခဲ့ပေမယ့် ဘာစစ်ကူမှရောက်မလာခဲ့ဘူး....အဆုံးသတ်မှာ ငါက သေချင်ယောင်ဆောင်ပြီးတော့ လွတ်မြောက်လာခဲ့တယ်...ဒါပေမယ့် ငါ ပြန်ရောက်တဲ့အချိန်မှာ ဘာလျော်ကြေးငွေမှမရဘူး...အဲ့ဒီအပြင် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်က ငါတို့ရဲ့စစ်ဗိုလ်ချုပ်ကို အဆင်အခြင်မဲ့တယ်လို့တောင် အပြစ်တင်ခဲ့တယ်...သူတို့မှာ လူစိတ်မှ ရှိကြသေးရဲ့လား"

အဖိုးအိုက ဒေါသတကြီး ပြစ်တင်ရှုတ်ချလိုက်သည်။ရုတ်တရက် သူ၏အင်္ကျီကိုချွတ်ပြီး သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို လှစ်ဟပြလေ၏။

အဖိုးအို၏ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အမာရွတ်များဖြင့် ပြည့်နှက်နေသည်။သူ၏နှလုံးနေရာရှိ အသားများပင်လျှင် အတွင်းသို့ကျွံဝင်နေကာ တစ်စုံတစ်ယောက်မှ ထိုနေရာကို အရှင်လတ်လတ် တူးထုတ်ထားသည့်အလားပင်။

စောင့်ကြည့်နေသော လူအုပ်အကြားမှနေ၍ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာသည်။

ဤသည်မှာ သူတို့ကို ကာကွယ်ပေးခဲ့သော စစ်သားတစ်ယောက်ပင်။

အဖိုးအို၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများသည် တုန်လှုပ်ချောက်ချားဖွယ် ကောင်းရုံသာမက သူ၏ဂုဏ်ကျက်သရေလည်းဖြစ်သည်။

အဖိုးအိုသည် ဝမ်မူကျီးကိုကြည့်ကာ ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။

"အခုချိန်မှာ ငါက အသက်အိုမင်းနေပြီ...ငါ့ရဲ့ကျင့်ကြံဆင့်ကလည်း အများကြီးလျော့ကျသွားပြီ...နေရာအများစုမှာ အလုပ်ရုံတွေကတောင်မှ ငါ့ကို လက်မခံကြဘူး...စစ်တပ်က ငါ့ကို ထောက်ပံ့တဲ့ အငြိမ်းစားလစာငွေကလည်း ငါ့ဆီကို ဘယ်တုန်းကမှ အချိန်မီရောက်မလာခဲ့ဘူး...ဒါက စစ်တပ်ဘက်မှာ အခက်အခဲရှိနေလို့လို့ ငါ ထင်ခဲ့တယ်...ဒါကြောင့် ငါ ဒါကို မတောင်းဆိုခဲ့ဘူး...ဒါပေမယ့် အဲ့ဒီအငြိမ်းစားလစာငွေတွေအားလုံးက မင်းတို့ဝမ်မိသားစုရဲ့လက်ထဲကို ရောက်သွားလိမ့်မယ်ဆိုတာ ငါ တွေးတောင်မတွေးခဲ့မိဘူး....ဒီလိုမျိုးငွေကိုတောင်ယူတဲ့အထိ မင်းတို့ဝမ်မိသားစုကလူတွေ နှလုံးသားမဲ့သွားပြီလား"

"ငါ့ရဲ့ရဲဘော်ရဲဘက်တွေမှာ မိသားစုတွေရှိတယ်...အဲ့ဒီမိသားစုဝင်တွေရဲ့ကျင့်ကြံဆင့်တွေက မမြင့်မားတဲ့အပြင် သူတို့ထဲက တချို့ဆိုရင် သေမျိုးတွေပဲ...ကျင့်ကြံဆင့်အခြေခံမရှိတာကြောင့် သူတို့ အသက်ရှင်ဖို့အတွက် အငြိမ်းစားလစာငွေပေါ်မှာပဲ မှီခိုနေရတယ်...မင်းက သူတို့ရဲ့တစ်ခုတည်းသောအသက်ရှင်လမ်းကြောင်းကို ဖြတ်တောက်ခဲ့တယ်...မင်းရဲ့ပြစ်မှုတွေအတွက် မင်းက အကြိမ်ပေါင်းရာထောင်ချီပြီးသေဖို့ ထိုက်တန်တယ်"

Chapter 3499

အဖိုးအိုသည် အဆုတ်ကွဲလုမတတ် အော်ဟစ်နေသော်လည်း ဝမ်မူကျီးထံတွင် နောင်တရမှုအရိပ်အယောင်များ အနည်းငယ်မျှပင် ရှိမနေချေ။

သူသည် အဖိုးအိုကို သရော်တော်တော် စောင်းငဲ့ကြည့်ကာ ခပ်ဖျော့ဖျော့အပြုံးနှင့်ပြောဆိုသည်။

"ပုရွက်ဆိတ်လိုကောင်မျိုးတွေ...ဒါက မင်းတို့ အရည်အချင်းမရှိတာကြောင့် မဟုတ်လား...ဒီလောကကြီးက အားကောင်းသူက အားနည်းသူကို အနိုင်ကျင့်လို့ရတဲ့နေရာမျိုးပဲ...တကယ်လို့ မင်းမှာ အရည်အချင်းမရှိဘူးဆိုရင် မင်းအပေါ် တခြားသူတွေတက်နင်းတာကို ခံရမှာပဲ"

ပတ်ဝန်းကျင်ရှိလူများထံမှနေ၍ အော်ဟစ်သံများ ထွက်ပေါ်လာသည်။မြောက်မြားစွာသောဒေါသမျက်လုံးများသည် ဝမ်မူကျီးပေါ်သို့ စူးစိုက်၍ ကျရောက်လာပေ၏။

"ဝမ်မူကျီး....မင်း မှားနေပြီ"

လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ဒါက မင်း ကျရှုံးခဲ့ရတဲ့ အကြောင်းအရင်းပဲ...မင်းရဲ့အတွေးတွေက...အလယ်ခေတ်ကာလမှာ ရှိနေတုန်းပဲ...မင်းက လက်ဝဲစစ်တပ်နယ်မြေရဲ့ချမ်းသာကြွယ်ဝမှုတွေကို အပိုင်စီးပြီးတော့ မင်းတို့ ဝမ်အိမ်တော်ရဲ့ဘဏ္ဍာတိုက်ထဲကို ထည့်ခဲ့တယ်...ဒါကြောင့် မင်းတို့ဝမ်မိသားစုက ပိုပြီးတော့ ထင်ရှားကျော်ကြားလာတယ်...ဒါပေမယ့် လက်တွေ့မှာတော့ မင်းတို့ဝမ်မိသားစုက အရမ်းပျက်စီးလွယ်ပြီးတော့ ထိုးနှက်ချက်တစ်ခုကိုတောင် ခံနိုင်ရည်မရှိတော့ဘူး"

"ရှီးလျန်မြို့ထဲမှာ မင်း ပျော်ပျော်ရွှင်ရွှင်နဲ့ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တဲ့အကြောင်းအရင်းက ရှေ့တန်းကနေ ကာကွယ်ပေးနေတဲ့ စစ်သားတွေကြောင့်ပဲ...မင်းက ဒီစစ်သားအိုကြီးကို ပုရွက်ဆိတ်တစ်ကောင်လို့ သရော်ခဲ့တယ်...ဒါပေမယ့် သူ ရန်သူတစ်ယောက်ကိုသတ်လိုက်တိုင်း ရှီးလျန်မြို့ရဲ့ကာကွယ်ပေးမှုအောက်မှာ မင်း ပိုပြီးလုံလုံခြုံခြုံနေနိုင်ခဲ့တယ်ဆိုတာ မင်း မသိဘူး..ငါတို့တာယွီအင်ပါယာ ကောင်းကင်ဘုံနယ်မြေမှာ မားမားမတ်မတ်ရပ်တည်နိုင်ခဲ့တဲ့ အကြောင်းအရင်းက သာမာန်ဆန်ပုံရတဲ့ ကျင့်ကြံသူတွေကြောင့်ပဲ....သူတို့က ရဲရဲဝံ့ဝံ့နဲ့ နယ်စပ်ဒေသတွေကို ခုခံကာကွယ်ခဲ့ကြတယ်"

"တစ်ရက်ကျရင် ထန်အင်ပါယာက ငါတို့ရဲ့ခုခံကာကွယ်မှုလေးနေရာကို ချိုးဖျက်ဝင်ရောက်လာမယ်လို့ မင်း တွေးကြည့်ဘူးတယ်မလား...အဲ့ဒီအချိန်ကျရင် ရှီးလျန်မြို့မှာ ဘာအကာအကွယ်မှ မရှိတော့တာနဲ့ အတူတူပဲ...မင်း ရဲ့စည်းစိမ်ချမ်းသာတွေအားလုံးကလည်း ထန်အင်ပါယာရဲ့ စစ်ရေးအကျိုးအမြတ်တွေဖြစ်သွားလိမ့်မယ်...ရှီးလျန်မြို့သာမရှိတော့ရင် မင်းတို့ဝမ်မိသားစုကလည်း ဘာမှမဟုတ်ဘူး"

ဝမ်မူကျီးသည် ချေပရန်ဟန်ပြင်လိုက်သော်လည်း လုယွီက အေးစက်စက်လေသံဖြင့် ဆက်လက်၍ပြောဆိုသည်။

"အလယ်ခေတ်တုန်းက ဒီလောကကြီးထဲမှာ ထိပ်သီးရှေးဟောင်းမိသားစုတွေ အများကြီးရှိခဲ့တယ်...ဒါပေမယ့် တာယွီအင်ပါယာ တည်ထောင်ပြီးတဲ့နောက်မှာ အဲ့ဒီရှေးဟောင်းထိပ်သီးမိသားစုတွေ ဘယ်နေရာကို ရောက်သွားလဲ...တခြားစကားပြောင်းပြောရရင် တကယ်လို့ မင်းက ရှီးလျန်မြို့တစ်မြို့လုံးကို မင်းတို့ရဲ့ဝမ်မိသားစုအနေနဲ့ ပြောင်းလဲပစ်နိုင်ရင်တောင်မှ ထန်အင်ပါယာရဲ့တိုက်ခိုက်မှုကို မင်း ဟန့်တားနိုင်မှာလား"

လုယွီက အသံနက်ကြီးဖြင့် ပြောဆိုလိုက်၏။

"ဒီနေ့ကနေစပြီးတော့ ငါ တာဝန်ကို လွှဲပြောင်းယူပြီးတာနဲ့ စစ်သားတွေရဲ့အဆင့်အတန်းက တခြားဘယ့်သူထက်မဆို ပိုပြီးမြင့်မားစေရမယ်...ဘယ်သူဘယ်ဝါပဲ ဖြစ်နေပါစေ တကယ်လို့ ရှီးလျန်ကြယ်နယ်မြေသခင်ရောက်လာရင်တောင်...စစ်သားတွေကို ပိုပြီးဦးစားပေးရမယ်...စစ်တပ်ရဲ့ အထောက်အပံ့တွေနဲ့ငွေကြေးတွေကို ကိုယ်ကျိုးအတွက် ဖြတ်စားဝံ့တဲ့သူတွေအားလုံး သေဒဏ်ပေးခံရမယ်"

လုယွီ၏စကား အဆုံးသတ်သွားချိန်တွင် အဖိုးအိုဖြစ်စေ ပတ်ဝန်းကျင်၌ တာဝန်ထမ်းဆောင်နေသော စစ်သားများဖြစ်စေ သူတို့အားလုံးသည် စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။

သူတို့သည် စိတ်ရှည်သည်းခံ၍ နေခဲ့ရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ကောင်းကင်ဘုံနယ်မြေအတွင်း၌ စစ်တပ်အတွင်းသို့ ဝင်ရောက်လာသူအများစုတွင် သာမာန်အရည်အချင်းမျှသာရှိပေ၏။

သူတို့သည် စစ်တပ်အတွင်းရှိ ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံနိုင်သော်လည်း သူတို့၏တစ်ဦးချင်းတိုက်ခိုက်ရေးစွမ်းအားသည် ပြင်ပရှိ လေလွင့်ကျင့်ကြံသူတချို့လောက်ပင် ကောင်းမွန်ခြင်းမရှိချေ။

တာယွီတော်ဝင်စစ်တပ်သည် ပူးပေါင်းတိုက်ခိုက်မှုကို အသားပေးလေ့ကျင့်ရသဖြင့် အုပ်စုတစ်စု၏ခွန်အား ကောင်းမွန်ရန်ကိုသာ အာရုံစူးစိုက်သည်။

ထိုအကြောင်းအရင်းကြောင့် တာယွီတော်ဝင်စစ်တပ်သည် ရှီးလျန်မြို့အတွင်း၌ မြင့်မားသောအခွင့်အာဏာရှိမနေချေ။

သို့ရာတွင် သူတို့အားလုံး မေ့လျော့နေသည်မှာ...

ရှေ့တန်းစစ်မျက်နှာစာတွင် သူတို့၏သွေးများအန်ထွက်သည်အထိ တိုက်ခိုက်နေကြသူများမှာ လူအများ၏အထင်သေးခြင်းကိုခံရသော စစ်သားများသာဖြစ်သည်။

ထိုစစ်သားများ တည်ရှိနေခြင်းကြောင့် လူအများသည် ငြိမ်းချမ်းစွာနေထိုင်နိုင်ခြင်းဖြစ်ပေ၏။

"ကျေးဇူးတင်ပါတယ် အရှင်...အရမ်း ကျေးဇူးတင်ပါတယ်"

အဖိုးအိုသည် အလွန်စိတ်လှုပ်ရှားနေကာ သူ၏မျက်လုံးများအတွင်း၌ မျက်ရည်များစိုစွက်လာသည်။

ဤကဲ့သို့နေ့မျိုး ရောက်ရှိလာရန်ကို သူ စောင့်ဆိုင်းနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

"မင်း အရင်ပြန်လိုက်တော့...မင်းရဲ့အငြိမ်းစားလစာငွေတွေအတွက် ငါ တစ်ယောက်ယောက်ကိုလွှတ်ပြီးတော့ စီစဥ်ခိုင်းလိုက်မယ်...ဒီနေ့ ရှီးလျန်မြို့ထဲမှာရှိတဲ့လူတိုင်းကို ငါ သေချာပေါက် ဖြေရှင်းချက်တစ်ခုပေးမယ်"

လုယွီက ကြည်လင်ပြတ်သားသောအသံနှင့် ပြောဆိုသည်။

"အရှင်...ဒီကောင်လေးရဲ့သီးသန့်အကျဥ်းထောင်က တော်တော်လေးကို လုံလုံခြုံခြုံဖုံးကွယ်ထားတယ်...အထဲမှာ စက်ယန္တရားတွေလည်း အများကြီးရှိနေတယ်...ဒါပေမယ့် ငါက အဲ့ဒါတွေအားလုံးကို ယူလာခဲ့တယ်"

အောင်းကွမ်းသည် သူ၏အစစ်အမှန်ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲထားကာ မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းနေသည်။

သူ၏နဂါးလက်သည်းများအကြားတွင် သံလှောင်အိမ်တစ်ခုကို ဆုပ်ကိုင်ထားကာ ရုတ်တရက် သူသည် ထိုအရာကို မြေပြင်ပေါ်သို့ လွှတ်ချလိုက်၏။

Chapter 3500

ဤသံလှောင်အိမ်သည် အိမ်တစ်လုံးစာအရွယ်အစားခန့်ရှိပေ၏။

လှောင်အိမ်၏ပြင်ပတွင် အုတ်အစအနများနှင့် ထူထဲသောရွှံတချို့ကပ်နေဆဲဖြစ်ကာ မြေကြီးအတွင်းမှ လောလောလတ်လတ် တူးထုတ်လာပုံရသည်။

ထိုသံလှောင်အိတ်ထွက်ပေါ်လာသည်နှင့် လူတိုင်း၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။

အောင်းကွမ်းသည် သံလှောင်အိမ်ကို မြေပြင်ပေါ်သို့ချပြီးနောက် နံဘေးတစ်ဖက်သို့ လှန်ချလိုက်၏။

"ဒီခွေးသားလေးက နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားပေမယ့် ငါ့ကို မဟန့်တားနိုင်ဘူး...သူက ဒီသံလှောင်အိမ်ပေါ်မှာ တားဆီးကန့်သတ်ချက်တစ်ခုထားပြီးတော့ လှည့်ကွက်ငယ်လေးတွေရှိနေပေမယ့် ထိုးနှက်ချက်တစ်ခုကိုတောင် ခံနိုင်ရည်မရှိဘူး"

အောင်းကွမ်းသည် သံလှောင်အိမ်၏သံတိုင်များကို သူ၏လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

ခရက်...ခရက်..

ထိုသံလှောင်အိမ်သည် အောင်းကွမ်း၏ကြီးမားသောစွမ်းအားကို တောင့်ခံနိုင်စွမ်းမရှိသဖြင့် တိုးညှင်းသောအက်ကွဲသံများ ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် သံလှောင်အိမ်ပြင်ပရှိ သံတိုင်များသည် အောင်းကွမ်း၏ဆုတ်ဖြဲခြင်းကို ခံရသဖြင့် ပုံပျက်ပန်းပျက်တွန့်လိမ်သွားပေ၏။

ထိုသံတိုင်များကျိုးပဲ့သွားပြီးနောက် သံလှောင်အိမ်ပြင်ပကို လွှမ်းခြုံထားသော အနက်ရောင်မြူခိုးများ ပျက်ပြယ်သွားကာ အတွင်းရှိမြင်ကွင်း ထွက်ပေါ်လာသည်။

သံလှောင်အိမ်အတွင်းရှိ မြေပြင်ပေါ်တွင် မိန်းကလေးအလောင်းများနှင့် ပြည့်နှက်နေသည်။

ထိုမိန်းကလေးအလောင်းများအနက်မှတချို့သည် ကိုယ်လက်အင်္ဂါအပြည့်အစုံ မရှိတော့ချေ။တချို့တွင် လက်များမရှိတော့ကာ တချို့အလောင်းများတွင် ခြေထောက်များ ကင်းမဲ့နေသည်။

သံလှောင်အိမ်၏ထောင့်တွင် သွေးကန်တစ်ကန်ရှိနေလေ၏။

ထိုသွေးကန်အတွင်းတွင် လက်ပြတ်တချို့ ပေါလောမျောနေသည်။ထိုမြင်ကွင်းကို တစ်ချက်ကြည့်မိသော မည်သူမဆို သူတို့၏ဆံပင်များ အဆုံးထိထောင်မတ်သွားသည်ကို ခံစားမိသည်။

သံလှောင်အိမ်၏တစ်ဖက်ခြမ်းရှိ သံတန်းပေါ်၌ အရွယ်အစားအမျိုးမျိုးရှိသည့် ညှင်းပန်းနှိပ်စက်သော ကိရိယာအမျိုးမျိုးကို ချိတ်ဆွဲထားသည်။သံညှပ်များ သံချိတ်များ သံခက်ရင်းများ နှင့် အမျိုးအမည်မဖော်ပြနိုင်သည့် တခြားထူးဆန်းသောညှင်းပန်းနှိပ်စက်ကိရိယာအမျိုးမျိုးရှိနေသည်။

ထိုညှင်းပန်းနှိပ်စက်ကိရိယာအများစုတွင် သွေးများစွန်းထင်းနေပေ၏။

လုယွီက ဝမ်ခန်းကိုကြည့်ကာ အေးစက်စက်အသံဖြင့် မေးမြန်းသည်။

"ဒါတွေကို မင်းလုပ်ခဲ့တာမလား"

ဝမ်ခန်း၏စိတ်ဝိညာဥ်သည် လုယွီ၏ထိန်းချုပ်မှုကို ခံထားရသည်။ယခုလက်ရှိချိန်တွင် သူ ပြောဆိုသမျှသည် သူ့နှလုံးသား၏နက်ရှိုင်းသောနေရာမှ မှတ်ဥာဏ်များပင်။သူ လိမ်ညာပြောဆိုရန် နည်းလမ်းမရှိချေ။

ဝမ်ခန်းက ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ ပြောဆိုသည်။

"အမှန်ပဲ...ဒါက ငါမွေးထားတဲ့ 'ဝက်တွေနဲ့ခွေးတွေ'...ငါ ကျင့်ကြံတဲ့ကျင့်ကြံနည်းစနစ်ကို ကူညီပေးနိုင်ဖို့အတွက် မိန်းကလေးတွေရဲ့ယင်အသက်စွမ်းအားတွေ အများကြီးလိုအပ်တယ်...သူတို့က ငါ့ရဲ့ကျင့်ကြံဆင့်အတွက် အဖြည့်ခံတွေသက်သက်ပဲ...ဟား ဟား ဟား..."

ပတ်ဝန်းကျင်ရှိအရာရာတိုင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဝမ်မိသားစုသည် ရှီးလျန်မြို့အတွင်း၌ ဝမ်မိသားစုသည် ရာဇဝတ်မှုများစွာကို ကျူးလွန်ခဲ့ကာ ဆိုးရွားသောကိစ္စများစွာကို လျှို့ဝှက်၍ပြုလုပ်ခဲ့ပေ၏။

သို့ရာတွင် ဝမ်မိသားစု နောက်ကွယ်၌လုပ်ဆောင်နေသောကိစ္စများကို ကြားရချိန်တွင် လူအများ၏ဆံပင်များ ထောင်မတ်သွားစေသည်အထိ ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော ကိစ္စများဖြစ်နေမည်ဟု မည်သူမျှ မျှော်လင့်မထားမိချေ။

လုယွီက သုန်မှုန်နေသောမျက်နှာအမူအယာနှင့် ပြောဆိုသည်။

"လာကြစမ်း....အထဲက အလောင်းတွေကို အပြင်ထုတ်ခဲ့ကြစမ်း"

သံလှောင်အိမ်အတွင်း၌ မိန်းကလေးအလောင်းသုံးဆယ်ကျော်ခန့်ရှိနေသည်။

စစ်သားတချို့သည် အတွင်းသို့ပြေးဝင်ကာ မိန်းကလေးအလောင်းများကို အဝတ်များဖြင့် ရစ်ပတ်လိုက်ကြ၏။သူတို့သည် ထိုအလောင်းများကို ဂရုတစိုက်ထုတ်ယူကာ မြေပြင်ပေါ်၌ချထားလိုက်သည်။

ထိုမိန်းကလေးအလောင်းများ အားလုံးနီးပါး အကောင်းပကတိမရှိချေ။

အလောင်းအများစုပေါ်တွင် နက်ရှိုင်းသောသွေးစို့ရာများရှိနေကာ သူတို့သည် မသေဆုံးမီအချိန်တွင် လူမဆန်သောညှင်းပန်းနှိပ်စက်မှုများကို ကြုံတွေ့ခံစားခဲ့ရပုံပင်။

"သမီး....ဒါက ငါ့ရဲ့သမီးလေးပဲ"

ရုတ်တရက် လူကြီးတစ်ယောက်သည် မိန်းကလေးအလောင်းများထံသို့ အပြေးသွားကာ မိန်းကလေးအလောင်းတစ်လောင်းကိုပွေ့ဖက်၍ ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးလိုက်သည်။

တခြားသူများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။

"ဒါက အကြီးအကဲဝူပဲ...သူက နှစ်စကတည်းက ရှီးလျန်မြို့တစ်မြို့လုံးမှာ သူ့ရဲ့သမီးကို လိုက်ရှာနေခဲ့တာ"

"ကျွတ်...ကျွတ်...အကြီးအကဲဝူက ဂိုဏ်းငယ်လေးတစ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်လို့ ယူဆလို့ရတယ်...သူ့ရဲ့သမီးကိုရှာဖို့အတွက်နဲ့ သူ့ရဲ့ဂိုဏ်းမှာရှိတဲ့ ရတနာတွေအားလုံးကို ပေါင်နှံရောင်းချပြီးတော့ စုံစမ်းခဲ့တယ်...သူ့ရဲ့သမီးကို ဖမ်းသွားတဲ့သူက ဝမ်ခန်းဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

ပတ်ဝန်းကျင်မှ ထိုလူကြီးကို မှတ်မိသူတချို့သည် အချင်းချင်းတီးတိုးပြောဆိုလိုက်ကြ၏။

ထိုလူကြီးသည် သမီးဖြစ်သူ၏အလောင်းကိုပွေ့ဖက်၍ ကြေကွဲဝမ်းနည်းစွာ အော်ဟစ်နေသည်။

အချိန်တခဏကြာပြီးနောက် ထိုလူကြီး၏မျက်လုံးအတွင်းမှ သွေးမျက်ရည်များ ယိုစီးကျလာသည်ကို လူအများ တွေ့မြင်လိုက်ရသည်။

All Chapters