← Chapters

အခန်း (၃၅၂၁-၃၅၂၅)

Vol. 179 Ch. 3521-3525

အခန်း (၃၅၂၁-၃၅၂၅)

Vol. 179 Ch. 3521-3525

Chapter 3521

ကြီးမားသောမှော်စွမ်းအား လက်ဝါးပုံရိပ်ယောင်ကြီးသည် လေဟာနယ်ကိုဖြတ်သန်း၍ ဝမ်မူကျီးထံသို့ရောက်ရှိသွားကာ သူ့အား မြဲမြံစွာဖမ်းဆုပ်လိုက်၏။

"လုယွီ...ငါ သေတဲ့အထိ မင်းနဲ့တိုက်ခိုက်မယ်"

ဝမ်မူကျီးသည် သူ လွတ်မြောက်ရန် နည်းလမ်းမရှိတော့သည်ကို သိရှိသွားချိန်တွင် ချက်ချင်းဆိုသလိုပင် ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်သည်။တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ သူသည် သူ့ကိုယ်သူ လုယွီ၏လက်ဝါးပုံရိပ်ယောင်ကြီးထံ ဝင်တိုးသွားစေသည်။

သို့ရာတွင် ထိုမီးတောက်များသည် လုယွီကို အနည်းငယ်မျှပင် ထိခိုက်နာကျင်စေခြင်းမရှိချေ။

လုယွီသည် အသက်တစ်ရှိုက်စာအချိန်အတွင်းမှာပင် ထိုမီးတောက်များအားလုံးကိုဝါးမျိုလိုက်သဖြင့် အရိပ်အယောင်ပင် မကျန်ရှိတော့ပေ။

တခြားတစ်ဖက်တွင် ဝမ်မူကျီး၏မရီးဒါန်းများသည် ရှီးလျန်မြို့၏ကံကြမ္မာစွမ်းအားများမှ ချိပ်ပိတ်ထားခြင်းခံထားရသည်။သူသည် သူ၏မှော်စွမ်းအားများကို လွယ်လင့်တကူ ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိပေ။

ထိုမှော်မန္တန်ကိုအသုံးပြုပြီးနောက် ဝမ်မူကျီးသည် အားနည်းသောအခြေအနေသို့ လုံးလုံးလျားလျား ကျရောက်သွားပေ၏။

"မင်းက အရမ်းကြီးလေးတဲ့ပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်...ဒီအချိန်ကျမှ မင်း နောက်ဆုတ်လို့မရတော့ဘူး...ဒီနေ့က မင်း အဆုံးသတ်ရမယ့်အချိန်ပဲ"

ဤတစ်ကြိမ်တွင် လုယွီသည် ဝမ်မူကျီးကို နောက်ထပ်အခွင့်အရေး ပေးတော့မည်မဟုတ်ချေ။

သူ၏ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးကို တင်းတင်းကြပ်ကြပ် ဖျစ်ညှစ်လိုက်သည်။ဝမ်မူကျီး၏ခန္ဓာကိုယ် ချက်ချင်းကြေမွှပျက်စီးသွားကာ သွေးမြူများက နေရာအနှံ့အပြားသို့ ပြန့်ကျဲသွားတော့သည်။

ထို့နောက် ဝမ်မူကျီး၏စိတ်ဝိညာဥ်သည် ထွက်ပြေးရန်ဟန်ပြင်လိုက်သော်လည်း လုယွီ၏ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။ထို့နောက် သူ၏စိတ်ဝိညာဥ်သည် အဆင့်မြင့်အကြီးအကဲအရိုးစု၏စိတ်ဝိညာဥ်နှင့်အတူ လုယွီ၏သိုလှောင်အိတ်အတွင်း၌ ချိပ်ပိတ်ထားခြင်း ခံလိုက်ရလေ၏။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ရွှယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူနှစ်ယောက်သည် လုယွီ၏ဖိနှိပ်ခြင်းကို ခံလိုက်ရလေပြီ။

အဝေးမှစောင့်ကြည့်နေကြသော နတ်ဘုရားစိတ်အာရုံများအားလုံး ချက်ချင်းပျက်ပြယ်သွားသည်။တချို့လူများသည် တိတ်တဆိတ် နောက်သို့ပြန်ဆုတ်သွားကြကာ လုယွီကို စေ့စေ့မကြည့်ဝံ့တော့ချေ။

"လက်ဝဲစစ်တပ်နယ်မြေထဲမှာရှိတဲ့ ဂိုဏ်းအင်အားစုတွေအားလုံး...နားထောင်ကြစမ်း"

"ငါ မင်းတို့ကို ဆယ်ရက်အချိန်ပေးမယ်...ဂိုဏ်းချုပ်တွေက စာရင်းသွင်းဖို့အတွက် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ကိုလာရမယ်...ရောက်မလာတဲ့ ဘယ်ဂိုဏ်းကိုမဆို စစ်တပ်က ချေမှုန်းမှာဖြစ်ပြီးတော့ ဘာညှာတာထောက်ထားမှုမှရှိမှာမဟုတ်ဘူး"

လုယွီက နတ်ဘုရားနဂါးဟိန်းသံကိုအသုံးပြုပြီး အော်ဟစ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် လက်ဝဲစစ်တပ်နယ်မြေ၏ အထက်ကောင်းကင်ယံအတွင်း၌ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံက ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

လက်ဝဲစစ်တပ်နယ်မြေအတွင်းရှိ ဂိုဏ်းများအားလုံးနီးပါး ထိုအသံကို ကြားလိုက်ရလေ၏။

"ဒီလောက်တောင် နက်ရှိုင်းတဲ့စွမ်းအားမျိုး...ဒါက မိုင်သန်းနဲ့ချီပြီးတော့ အသံပေးပို့ခြင်းနည်းစနစ်ဖြစ်နိုင်တယ်...ဒီနည်းစနစ်က နယ်မြေသခင်တွေပဲ သုံးနိုင်တဲ့အရာပဲ...လက်ဝဲစစ်တပ်တပ်မှူးရဲ့စွမ်းအားက အရမ်းသိမ်မွေ့နက်နဲတယ်"

"လက်ဝဲစစ်တပ်နယ်မြေရဲ့ကောင်းကင်ကြီးက ပြောင်းလဲသွားပြီလို့ ဂိုဏ်းချုပ်ကို မြန်မြန်အကြောင်းကြားလိုက်စမ်း"

လုယွီ၏အသံကိုကြားချိန်တွင် ဂိုဏ်းအင်အားစုအမြောက်အများသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။သူတို့သည် ချက်ချင်းဆိုသလိုပင် ဤကိစ္စကိုဆွေးနွေးတိုင်ပင်ရန်အတွက် ဂိုဏ်းများအတွင်း၌ စည်းဝေးပွဲများကို ပြုလုပ်ကြလေ၏။

သို့ရာတွင် လုယွီ၏အမိန့်ကို လျစ်လျှူရှုထားသော အင်အားကြီးဂိုဏ်းအင်အားစုတချို့ ရှိနေဆဲပင်။

သူတို့၏ဂိုဏ်းများသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်း၌ တည်ရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့် မြင့်မားသောအဆင့်အတန်းကို အစဥ်အမြဲ ထိန်းသိမ်းထားနိုင်ခဲ့သည်။တော်ဝင်နန်းတွင်းမှနေ၍ မည်ကဲ့သို့လူစားမျိုးကို စေလွှတ်သည်ဖြစ်စေ သူတို့အပေါ်၌ သက်ရောက်မှုမရှိခဲ့ချေ။

လုယွီပင်လျှင် ထိုဂိုဏ်းများအပေါ် သြဇာအာဏာမလွှမ်းမိုးနိုင်သေးပေ။

……

ဝမ်မူကျီးကို သတ်ဖြတ်ပြီးနောက် လုယွီသည် ဝမ်မိသားစုမှ ထိန်းချုပ်ထားသော အင်အားစုများအားလုံးကိုရှင်းလင်းရန် အမိန့်ထုတ်ပြန်လိုက်၏။

ကံကောင်းထောက်မစွာဖြင့် ဝမ်မူကျီး၏လက်အောက်မှ အရာရှိများ၏လမ်းညွှန်မှုကြောင့် လုယွီသည် ဝမ်မိသားစု၏ ကြွင်းကျန်သောအင်အားစုများအားလုံးကို အလျှင်အမြန် အမြှစ်မှဆွဲလှန်နိုင်ခဲ့သည်။

ထိုအရာများအားလုံးကို ပြုလုပ်ပြီးနောက် သူ ပြန်လည်တွေးတောလိုက်ချိန်တွင် ထိတ်လန့်တုန်လှုပ်သွားသော ခံစားချက်မျိုး ရရှိလာသည်။

ရှီးလျန်မြို့အတွင်းရှိ စီးပွားရေးလုပ်ငန်းများအားလုံး၏တစ်ဝက်နီးပါးသည် ဝမ်မိသားစုနှင့်ဆက်စပ်နေပေ၏။

မည်သူမည်ဝါဖြစ်နေပါစေ ရှီးလျန်မြို့အတွင်း၌ စီးပွားရေးလုပ်ငန်းလုပ်ဆောင်သည်နှင့် ဝမ်မိသားစုထံသို့ ဆက်ကြေးပေးဆောင်ရသည်။

ထိုငွေကြေးများသည် ဝမ်မိသားစုထံသို့ အဆက်မပြတ်စီးဝင်နေခြင်းနှင့်အတူ ရှီးလျန်မြို့အတွင်း၌ သူတို့၏အထွတ်အထိပ်အခြေအနေကို အစဥ်အမြဲထိန်းသိမ်းထားနိုင်ခဲ့သည်။

ယေဘုယျကျကျပြောဆိုရလျှင် လက်ဝဲစစ်တပ်နယ်မြေ၌ စည်ကားသိုက်မြိုက်ဆုံးမြို့တစ်မြို့ဖြစ်သည့် ရှီးလျန်မြို့သည် တော်ဝင်နန်းတွင်းသို့ နှစ်စဥ်နှစ်တိုင်း အခွန်အခများစွာကို ပေးဆောင်ရပေမည်။

သို့ရာတွင် အစစ်အမှန်အခြေအနေသည် ရှီးလျန်မြို့မှ တော်ဝင်နန်းတွင်းသို့ပေးဆောင်သော အခွန်အခများသည် တစတစ ပို၍ဆုတ်ယုတ်လာပေ၏။

ဤအတိုင်းသာဆက်သွားပါက ဝမ်မိသားစု၏တည်ရှိနေမှုကြောင့် ရှီးလျန်မြို့အတွင်းရှိ စီးပွားရေးလုပ်ငန်းများအားလုံး ပြိုလဲပျက်စီးသွားပေမည်။

"ဝမ်မိသားစုက သူတို့ချမ်းသာကြွယ်ဝဖို့အတွက် ဘာကိုမှအရေးမစိုက်ခဲ့တာပါလား...ဒီလောက်တောင် ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းမျိုး...သူတို့မှာ ရှီးလျန်မြို့ကို ကောင်းကောင်းမွန်မွန်လည်ပတ်အောင် လုပ်ဆောင်မယ့်ရည်ရွယ်ချက်မျိုး နည်းနည်းလေးတောင်ရှိပုံမရဘူး...သူတို့က လုံလောက်တဲ့ငွေကြေးပမာဏကိုရပြီးရင် ထွက်သွားဖို့ကြံစည်ထားပုံပဲ"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားကာ သူက တီးတိုးရေရွတ်လိုက်သည်။

Chapter 3522

ရှီးလျန်မြို့...လက်ဝဲစစ်တပ်ရုံးတော်...

ကြီးမားကျယ်ပြန့်သောရုံးတော်သည် ရှီးလျန်မြို့၏မြောက်ဘက်အကျဆုံးအပိုင်းတွင် တည်ရှိလေ၏။

ရှီးလျန်အုပ်ချုပ်ရေးရုံးတော်နှင့် နှိုင်းယှဥ်ပါက ဤရုံးတော်သည် ပို၍ကျယ်ပြန့်သောနယ်မြေကို လွှမ်းခြုံထားသည်။အပြင်လူများသည် ပြင်ပမှကြည့်ပါက အလွန်မြင့်မားသောအဆောက်အအုံများကို မြင်တွေ့ရမည်ဖြစ်သော်လည်း သူတို့သည် အနီးသို့ချဥ်းကပ်နိုင်မည်မဟုတ်ချေ။

ဤသည်မှာ လက်ဝဲစစ်တပ်၏တပ်မှူး စခန်းချရာနေရာပင်။

သို့ရာတွင် ယခင်တပ်မှူး သေဆုံးသွားခြင်းနှင့်အတူ အရာရှိများအားလုံး ထွက်ခွာသွားခဲ့ကြသည်။သူတို့သည် ရာထူးမှနှုတ်ထွက်သွားခြင်း သို့မဟုတ် တခြားကြယ်နယ်မြေများသို့ပြောင်းရွှေ့သွားခြင်းတို့ကြောင့် မည်သူမျှ ဤနေရာတွင် မနေကြတော့ချေ။

လုယွီသည် သူ၏လက်အောက်ငယ်သားများကိုလက်ဝဲစစ်တပ်ရုံးတော်သို့ ခေါ်ဆောင်လာပြီးနောက် ဤနေရာတွင် သက်ဝင်လှုပ်ရှားမှုတချို့ ပြန်လည်ရရှိလာသည်။

"အရှင်...ဒါက ခုလတ်တလောနှစ်အနည်းငယ်အတွင်းမှာ ရှီးလျန်ကြယ်နယ်မြေတစ်ခုလုံးရဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေပါ...ငါ ဒါတွေကို နည်းနည်းစစ်ဆေးပြီးတဲ့အချိန်မှာ ယုံကြည်လို့မရဘူးလို့ပဲ ပြောနိုင်တော့တယ်"

စာကြည့်ခန်းအတွင်း၌ ဖေးထျန်ကွမ်းသည် စာရင်းစာရွက်တစ်ထပ်ကို လုယွီထံ လက်ကမ်းပေးလိုက်၏။ထိုစာရွက်များအပေါ်၌ အမှတ်အသားတချို့ကို ပြုလုပ်ထားပြီးဖြစ်သည်။

လုယွီ၏နောက်သို့လိုက်နေစဥ်တွင် ဖေးထျန်ကွမ်းသည် သူ၏ရာထူးအဆင့်ကို အကြံပေးအဖြစ်ယူထားပုံရကာ အုပ်ချုပ်ရေးဆိုင်ရာများကို အကြံပြုလေ့ရှိသည်။

သို့ရာတွင် လုယွီသည်လည်း ထိုကိစ္စအတွက် အလွန်ဝမ်းသာမိလေ၏။

အတိတ်ဘဝတွင် သူသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်ဖြစ်ခဲ့သော်လည်း သူ၏လက်အောက်ငယ်သားများအားလုံးသည် တိုက်ခိုက်ရာတွင်သာ ထူးချွန်ကြကာ အုပ်ချုပ်ရေးဆိုင်ရာကိစ္စများကို ကိုင်တွယ်ဖြေရှင်းမည့်သူမရှိချေ။

ယခုချိန်တွင် ဖေးထျန်ကွမ်း၏ကူညီပေးမှုကြောင့် သူ၏အင်အားစိုက်ထုတ်ရမှုကို သက်သာသွားစေသည်။

"ဒီကိစ္စတွေကို မင်းပဲ ကိုင်တွယ်ဖြေရှင်းလိုက်ပါ...ရှီးလျန်မြို့ရဲ့စီးပွားရေးလုပ်ငန်းတွေ ပြိုလဲသွားလို့မဖြစ်ဘူး"

လုယွီသည် ထိုစာရွက်များကို အကြမ်းဖျင်းလှန်လှောလိုက်၏။ဖေးထျန်ကွမ်း၏လုပ်ဆောင်ချက်များသည် အလွန်တည်ငြိမ်ကာ ဖြေရှင်းချက်အများစုမှာ ရှင်းလင်းပြတ်သားသည်။

"ဒါပေမယ့် ရှီးလျန်မြို့ရဲ့လိုအပ်ချက်တွေက အရမ်းကြီးမားတယ်...အလယ်အလတ်ဆင့်အရာရှိတွေတင်မကဘူး...အရာရှိအများစုက ဝမ်မိသားစုနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သတ်နေတယ်...တချို့လူတွေက ငါတို့ စာရင်းရှင်းမှာကို ကြောက်နေကြတယ်...ငါတို့က ဘာမှအရေးမယူရသေးဘဲနဲ့တောင် သူတို့က ထွက်ပြေးသွားကြပြီ"

ဖေးထျန်ကွမ်းက မျက်မှောင်ကြုတ်လိုက်သည်။

လုယွီသည် ရှီးလျန်မြို့သို့ ရောက်ရှိသည်နှင့် လျှပ်ပြက်သကဲ့သိုနည်းလမ်းများကို အသုံးပြု၍ ဝမ်မူကျီးကို ရှင်းထုတ်ခဲ့သဖြင့် သိသာထင်ရှားသောရလဒ်များ ထွက်ပေါ်လာခဲ့သည်။

ယခုချိန်၌ လုယွီ၏လက်အောက်၌ အလုပ်လုပ်ကိုင်မည့်သူဟူ၍ လူနည်းစုသာကျန်ရှိတော့သည်။

"ကျူးကော်မင် ဘယ်မှာလဲ"

လုယွီက မေးမြန်းလိုက်၏။

ဖေးထျန်ကွမ်းက ပြောဆိုသည်။

"ကျူးကော်မင်က နှုတ်ထွက်ဖို့တောင်းဆိုခဲ့တယ်...အဲ့ဒီအချိန်တုန်းက သူက ဝမ်ခန်းကို အပြစ်ပြုထားခဲ့တယ်...ဒါကြောင့် ဝမ်ခန်းကလည်း မငြင်းဆန်ခဲ့ဘူး...သူ နှုတ်ထွက်ပြီးတဲ့နောက်မှာ အိမ်တော်မှာပဲ အနားယူနေခဲ့တယ်...အရှင်က ဝမ်မိသားစုကို အမြစ်ပြတ်သုတ်သင်ပြီးပြီလို့ သူ သတင်းရတဲ့အချိန်မှာ အရင်ဆုံးပြန်ရောက်လာခဲ့တယ်"

"သူက ငါ့ကိုအရင်ကပေးခဲ့တဲ့ ကတိစကားကို တောင်းဖို့ရောက်လာတာပဲ"

လုယွီက ပြုံးလိုက်သည်။သူသည် ထိုကိစ္စကို သူ၏စိတ်နှလုံးသားအတွင်းမှ သိရှိပြီးဖြစ်သဖြင့် ပြောဆိုလိုက်၏။

"ကျူးကော်မင်ကို ဝမ်မူကျီးရဲ့ရာထူးနေရာဖြစ်တဲ့ ရှီးလျန်ကြယ်နယ်မြေသခင်ရာထူးကို လွှဲပြောင်းယူခိုင်းလိုက်ပါ...သူ ရှီးလျန်မြို့မှာနေထိုင်ခဲ့တာ အချိန်အတော်ကြာနေပြီ...ဘယ့်သူကို အသုံးပြုသင့်ပြီးတော့ ဘယ့်သူကို အသုံးမပြုသင့်ဘူးဆိုတာ သူ သိတယ်...သူ့ကို အဲ့ဒီကိစ္စတွေအားလုံး ကိုင်တွယ်ဖြေရှင်းခိုင်းလိုက်ပါ"

ဖေးထျန်ကွမ်းသည် ဤကိစ္စအတွက် ငြင်းဆန်ခြင်းမပြုချေ။

ကျူးကော်မင်သည် အတိတ်တွင် သူ၏လက်အောက်၌ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။

ထို့ကြောင့် ဖေးထျန်ကွမ်းသည် ကျူးကော်မင်၏အစွမ်းအစကို ကောင်းစွာသိရှိထားသည်။

"ပေါင်လုံတုက အရမ်းဖြောင့်မတ်မှန်ကန်တယ်...သူက စစ်တပ်မှာညပိုင်းအုပါချုပ်ရေးတာဝန်ကို ယူရမယ်...ပြီးတော့ သူ့ကို စည်းဝေးခန်းမထဲကို ဝင်ခွင့်ပြုတယ်....အဲ့ဒီအပြင် ငါက သီးသန့်စာရွက်စာတမ်းတချို့ကို ပြင်ဆင်ထားတယ်...အဲ့ဒီစာရွက်စာတမ်းတွေကို ကူးရေးပြီးတော့ လက်အောက်ခံအုပ်ချုပ်ရေးရုံးတော်တွေအားလုံးကို ဖြန့်ဝေလိုက်ပါ"

လုယွီသည် သူ၏စိတ်အတွင်း၌ ဆုံးဖြတ်ချက်ချပြီးဖြစ်သည်။ထို့ကြောင့် သူသည် စာရွက်စာတန်းတချို့ကို အလျှင်အမြန်ရေးသားကာ ဖေးထျန်ကွမ်းထံ လက်ကမ်းပေးလိုက်၏။

"အရှင်...ကိစ္စတစ်ခု ရှိသေးတယ်"

ဖေးထျန်ကွမ်းသည် ထိုစာရွက်စာတန်းများကိုသိမ်းဆည်းကာ ရုတ်တရက် ပြောဆိုသည်။

"ကောလဟာလတွေအရတော့ ရေအင်မော်တယ်ဂိုဏ်းက သူတို့ရဲ့ယာယီဂိုဏ်းချုပ် ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီးတော့ အရမ်းဒေါသထွက်နေတယ်....သူတို့က ဂိုဏ်းတချို့ကိုစုစည်းပြီးတော့ အုပ်ချုပ်ရေးအဖွဲ့ကို ပြောင်ပြောင်တင်းတင်းအာခံဖို့ ရည်ရွယ်ထားကြတယ်...သူတို့က တော်ဝင်နန်းတွင်းကို ပုန်ကန်ဖို့အတွက် မဟာမိတ်အဖွဲ့တစ်ခုကိုတောင် ဖွဲ့စည်းပြီးပြီလို့ ငါ ကြားထားတယ်"

လက်ဝဲစစ်တပ်နယ်မြေသို့ ဝင်ရောက်ပြီးနောက် ဖေးထျန်ကွမ်းသည် သူ၏သူလျှိုများကို နေရာဒေသအသီးသီးသို့ ဖြန့်ကျက်ထားသည်။

ယခုလတ်တလောအချိန်တွင် လုယွီသည် ဝမ်မူကျီးကို ရှင်းထုတ်ထားသဖြင့် ဖေးထျန်ကွမ်း၏သူလျှိုများ သတင်းစုံစမ်းရမှုများမှာ ပို၍လွယ်ကူသွားသည်။

"တကယ်လို့ သူတို့က သေချင်နေကြတယ်ဆိုရင်တော့လည်း...ငါ့ကို အပြစ်မတင်ကြနဲ့"

လုယွီက သရော်တော်တော်ပြောဆိုသည်။

"ငါ အခုစိုးရိမ်ပူပန်နေတာက သူတို့လှုပ်ရှားမလာမှာကိုပဲ....အခုချိန်မှာ သူတို့က ငါ့ကို အကြောင်းပြချက်တစ်ခု ပေးနေမှတော့ ငါက ရေအင်မော်တယ်ဂိုဏ်းကို သွားလည်ရလိမ့်မယ်"

Chapter 3523

ရှီးလျန်မြို့...ဝမ်အိမ်တော်ဟောင်း....

ဤနေရာကို ပုန်းကွယ်နဂါးစစ်တပ်မှစစ်သားများက အပြည့်အဝဝိုင်းရံထားကာ ပြင်ပတွင်လည်း စစ်သားများ အဆက်မပြတ်စောင့်ကြပ်နေသည်။

ဝမ်မူကျီးသတ်ဖြတ်ခံရပြီးနောက် ဝမ်မိသားစုမှလက်ကျန်အင်အားအနည်းငယ်သည်လည်း ဖရိုဖရဲဖြစ်သွားတော့သည်။

အောင်းကွမ်းသည် သွေးဆူသောစရိုက်သဘာဝရှိသူပင်။သူသည် စစ်သားတစ်စုကို သူကိုယ်တိုင်ဦးဆောင်ကာ လမ်းတလျှောက်၌ ခုခံတားဆီးဝံ့သော မည်သူကိုမဆို အညှာအတာကင်းမဲ့စွာဖြင့် သတ်ဖြတ်ခဲ့သည်။

ဝမ်မိသားစု၏ကျင့်ကြံသူများသည် အကောင်းဆုံးကျင့်ကြံမှုအရင်းအမြစ်များကို ရရှိကြသော်လည်း သူတို့သည် ယခင်က ပြင်းထန်သောတိုက်ပွဲမျိုးကို ရင်ဆိုင်ဖူးခြင်းမရှိချေ။သူတို့သည် ဤကဲ့သို့အင်အားစုဖွဲ့မှုမျိုးကို ယခင်က မည်သည်ကြောင့် ရင်ဆိုင်ဖူးမည်နည်း။သူတို့အားလုံးသည် အောင်းကွမ်း၏တိုက်ခိုက်မှုကြောင့် ထိတ်လန့်တုန်လှုပ်သွားပေ၏။

မကြာမီမှာပင် ကြွင်းကျန်သောဝမ်မိသားစုများအားလုံး တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးခြင်းခံလိုက်ရတော့သည်။

စစ်သားတချို့သည် မိုးကောင်းကင်မျက်လုံးကို ဆင့်ခေါ်၍ ဝမ်အိမ်တော်၏အထက်ကောင်းကင်ယံအတွင်း၌ မျောလွင့်နေစေသည်။ထို့ကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ လွတ်မြောက်နိုင်ခြင်းမရှိချေ။

"ငါ မှားပါတယ်..ငါ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို လွှဲပြောင်းပေးဖို့ ငါ ဆန္ဒရှိပါတယ်...ငါ့ကို မသတ်ပါနဲ့"

"ဒါက မိသားစုခေါင်းဆောင်ရဲ့ဖိအားပေးတာကို ခံခဲ့ရလို့ပါ...ဒါက ငါတို့ရဲ့ဆန္ဒအမှန်တွေ မဟုတ်ပါဘူး...ငါတို့က ဖိအားပေးခံရတာပါ"

ဝမ်အိမ်တော်ဟောင်းအတွင်း၌ ပုန်းအောင်းနေသူများအားလုံး တစ်ယောက်ပြီးတစ်ယောက် ဆွဲထုတ်ခြင်းခံရလေ၏။သူတို့ပုန်းအောင်းရန်အတွက် နေရာမရှိချေ။

သူတို့သည် အော်ဟစ်ငိုယို၍ အသနားခံတောင်းပန်နေကြသော်လည်း သူတို့ရှေ့ရှိ ပုန်းကွယ်နဂါးစစ်တပ်မှစစ်သားများသည် သွေးအေးပြီး စိတ်ယိမ်းယိုင်သွားခြင်းမရှိချေ။ထိုစစ်သားများသည် သူတို့၏ဆင်ခြေများကို အနည်းငယ်မျှပင် နားထောင်ခြင်းမပြုပေ။

တံခါး၏ပြင်ပ၌ ဖမ်းဆီးခံရသော တစ်ယောက်ချင်းစီတိုင်းကို မှတ်တမ်းယူနေသော စာရေးတစ်ယောက်ရှိနေသည်။

ဝမ်အိမ်တော်ဟောင်း၏ပြင်ပတွင် အခြေအနေကိုလာရောက်စောင့်ကြည့်သော လူအမြောက်အများရှိနေလေ၏။လူအများစုသည် အလွန်အမင်း ပျော်ရွှင်နေကြသည်။အတိတ်တွင် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သော ဝမ်မိသားစုဝင်များသည် ယနေ့တွင် ဤကဲ့သို့ဖြစ်ရပ်မျိုးနှင့် ကြုံတွေ့ရသည်ကို သူတို့ တွေ့မြင်ကြရသည်။ထို့ကြောင့် သူတို့၏စိတ်နှလုံးသားများအတွင်းတွင် လွတ်လပ်မှုရရှိသွားသောခံစားချက်မျိုးကို ရရှိသွားသည်။

နဥ်အမ်ထုံသည် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ကာ နံဘေးတစ်ဖက်၌ မတ်တတ်ရပ်နေသည်။

သူမသည် ဝမ်မိသားစုဝင်များ အော်ဟစ်ငိုယိုနေကြသည်ကို မြင်တွေ့စဥ်တွင် သူမ၏မျက်နှာပေါ်၌ လွတ်လပ်ပေါ့ပါးပြီး တောက်ပသောအပြုံးတစ်ခု ထွက်ပေါ်လာသည်။

အစောပိုင်းက သူမသည် ပြင်ပမှအသံများကို ကြားမိလေ၏။

လက်ဝဲစစ်တပ်၏တပ်မှူးအသစ်သည် ဝမ်မိသားစုနှင့်ပူးပေါင်းခြင်းမပြုခဲ့ချေ။ထိုအစား သူသည် ဝမ်မိသားစုတစ်စုလုံးကို အမြစ်မှလှန်ကာ ဖြိုဖျက်ခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် သူမ၏စိတ်နှလုံးသားအတွင်းရှိ ကြီးမားသောအငြိုးအတေးများကို ဖြေရှင်းပြီးသားဖြစ်သွားကာ သူမသည် များစွာပို၍လွတ်လပ်ပေါ့ပါးသွားသကဲ့သို့ ခံစားမိသည်။

နဥ်အမ်ထုံသည်လည်း ဝမ်မိသားစုမှတခြားအမျိုးသမီးများနှင့်အတူ တခြားနေရာသို့ ခေါ်ဆောင်သွားခြင်း ခံရလေ၏။

တချို့အမျိုးသမီးများသည် ငိုကြွေးနေကြကာ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိကြတော့ချေ။

ဝမ်မိသားစု၏ကာကွယ်ပေးမှု မရှိတော့ပါက အတိတ်တွင် သူမတို့ထံတွင်ရှိခဲ့သည့် အရာရာတိုင်းသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မျောလွင့်သွားသော တိမ်စိုင်များကဲ့သို့ ပျောက်ကွယ်သွားပေမည်။

"နားထောင်ကြစမ်း....ငါက လက်ဝဲစစ်တပ်ရဲ့အမိန့်အောက်က စစ်ဗိုလ်ချုပ်တစ်ယောက်ပဲ....ခေါင်းဆောင်တပ်မှူးက ကြင်နာတတ်ပြီးတော့ မင်းတို့ကို ဘဝသစ်ပြန်စတင်နိုင်ဖို့ အခွင့်အရေးတစ်ခုပေးထားတယ်...တကယ်လို့ မင်းတို့ရဲ့ပြစ်မှုတွေကို အရင်ကြိုပြီးတင်ပြမယ်ဆိုရင်....မင်းတို့ ဘဝသစ်စတင်နိုင်ဖို့အတွက် အခွင့်အရေးတစ်ခုရနိုင်တယ်...တကယ်လို့ အဲ့ဒီလိုမဟုတ်ဘဲနဲ့ ငါတို့ ရှာတွေတဲ့အချိန်ထိ မင်းတို့စောင့်နေမယ်ဆိုရင်...မင်းတို့ကိုယ်မင်းတို့သာ အပြစ်တင်ပေတော့"

စစ်ဗိုလ်ချုပ်တစ်ယောက်က ရှေ့သို့ထွက်လာကာ ပြင်းထန်သောလေသံဖြင့် ပြောဆိုသည်။

အမျိုးသမီးတစ်စုသည် အသိစိတ်လွတ်ကင်းနေကြဆဲပင်။သူမတို့သည် မည်ကဲ့သို့ဆက်လုပ်ရမည်ကို စဥ်းစားတွေးတောနေကြသည်။

သို့ရာတွင် အလွန်လျှင်မြန်စွာဖြင့်ပင် အမျိုးသမီးတစ်ယောက်သည် ရှေ့သို့ထွက်လာကာ သူမ ကျူးလွန်ခဲ့သောပြစ်မှုများအကြောင်းကို ပြောဆိုလေ၏။

သူမတို့သည် အနောက်ဆောင်မှအမျိုးသမီးများဖြစ်သော်လည်း သူမတို့၏နောက်တွင်ရှိနေသော အခွင့်အာဏာကြောင့် အထိန်းအကွပ်မဲ့စွာ ပြုမူဆောင်ရွက်ခဲ့ကြသည်။ထို့ကြောင့် ရှီးလျန်မြို့အတွင်း၌ ရိုက်နှက်သတ်ဖြတ်မှုများကို ကျူးလွန်သည်မှာ သူမတို့အတွက် သာမာန်ကိစ္စတစ်ရပ်ကဲ့သို့ဖြစ်နေသည်။

ထိုစစ်ဗိုလ်ချုပ်သည် ယနေ့တွင် ဤကဲ့သို့ကိစ္စအမြောက်အများကို ကြားသိပြီးပုံရသည်။သူ၏မျက်နှာအမူအယာသည် အလွန်အေးစက်ကာ ခံစားချက်ကင်းမဲ့နေပေ၏။သူသည် ရိုးရှင်းစွာပင် မှတ်တမ်းတစ်ခုကို ရေးသားနေသည်။

ထိုအချိန်မှာပင် အဝေးမှနေ၍ ဓားပျံကိုစီးနင်းလာသော စစ်သားတစ်ယောက်က ရုတ်တရက် ဆင်းသက်လာသည်။

ထိုစစ်သား၏နောက်၌ အနီရောင်အလံတစ်ခုရှိနေသည်။

ဤသည်မှာ အမိန့်များကိုပေးပို့ရာ၌ တာဝန်ယူရသော စစ်သားပင်။

လုယွီသည် ဝမ်အိမ်တော်ကို စီးနင်းတိုက်ခိုက်ပြီးနောက် မည်မျှထိများပြားသော အမိန့်စာလွှာများကို သူ ပို့ဆောင်ခဲ့ရကြောင်း သူ မသိတော့ချေ။ယနေ့တွင် သတင်းပို့ဆက်သားများကို ရှီးလျန်မြို့၏နေရာအနှံ့အပြား၌ တွေ့မြင်နိုင်သည်။

"မင်းတို့ထဲမှာ....နဥ်အမ်ထုံဆိုတာ ဘယ်သူလဲ"

ထိုစစ်သားသည် အမျိုးသမီးတစ်စုကို စောင်းငဲ့ကြည့်ကာ အော်ဟစ်လိုက်သည်။

"ဆဋ္ဌမဂိတ်တံခါးက ကြေးတံဆိပ်လူဆိုးထိန်းနဥ်အမ်ထုံဆိုတာ ဘယ်သူလဲ"

Chapter 3524

ထိုဆက်သား ပြောဆိုသည့်စကားကိုကြားချိန်တွင် နဥ်အမ်ထုံ အံ့အားသင့်သွားသည်။

ပတ်ဝန်းကျင်ရှိအမျိုးသမီးများသည် စာနာသနားသောအကြည့်ဖြင့် နဥ်အမ်ထုံကို ကြည့်လိုက်ကြ၏။

သူမသည် ပြစ်မှုတချို့ကို ကျူးလွန်ခဲ့ခြင်းဖြစ်သဖြင့် စစ်ဆေးမေးမြန်းခံရရန်အတွက် ဖမ်းဆီးခံရခြင်းဖြစ်ပေမည်။

ယနေ့တွင် ဤကဲ့သို့ကိစ္စများသည် မကြာခဏ ဖြစ်ပွားနေလေ၏။သူတို့အနက်မှ အလွန်အမင်းအပြစ်ကြီးလေးသူတချို့သည် စစ်ဆေးမေးမြန်းခြင်းပင်မခံရဘဲ စစ်သားများ၏တိုက်ရိုက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံကြရသည်။

ရှီးလျန်မြို့၏တရားသူကြီးဖြစ်ခဲ့သော ကျူးကော်မင်သည် မြို့အတွင်းရှိ ကိစ္စကြီးငယ်များနှင့်ပတ်သတ်၍ အမြောက်အများသိရှိထားသည်။သူသည် လူအမြောက်အများနှင့်ပတ်သတ်သော ကိစ္စများကိုလည်း သိရှိထားပေ၏။

တခြားတစ်ဖက်တွင် နဥ်အမ်ထုံသည် တည်ငြိမ်အေးဆေးနေဆဲဖြစ်ကာ သူမက ပြောဆိုလိုက်သည်။

"ကျွန်မပါပဲ..."

ယခုချိန်တွင် သူမအတွက် လက်စားချေမှုကို ရရှိပြီးဖြစ်သဖြင့် သူမ ထိတ်လန့်ကြောက်ရွံသောအရာဟူ၍ မရှိတော့ချေ။

အကယ်၍ သူမ သေဆုံးရလျှင်ပင် မည်သို့မျှ အရေးစိုက်စရာ မရှိတော့ပေ။

မမျှော်လင့်ဘဲ ထိုဆက်သားသည် သူမကို ခေါ်ဆောင်သွားခြင်း မရှိချေ။

ထိုအစား သူသည် နဥ်အမ်ထုံကို အချိန်တခဏကြာခန့် ကြည့်ရှုပြီးနောက် သူ၏အင်္ကျီလက်ကြားမှ စာရွက်တစ်ရွက်ကိုထုတ်ယူကာ ပြောဆိုသည်။

"နဥ်အမ်ထုံကို ဆဋ္ဌမဂိတ်တံခါးရဲ့ငွေတံဆိပ်လူဆိုးထိန်းအဖြစ် ရာထူးတိုးပေးလိုက်တယ်လို့ တပ်မှူးက အမိန့်ပေးလိုက်တယ်...မင်းက သုံးရက်အတွင်းမှာ တာဝန်ကိုလက်ခံရမယ်"

ထိုသို့ပြောဆိုပြီးနောက် ဆက်သားသည် နံဘေးရှိစစ်ဗိုလ်ချုပ်ကိုကြည့်ကာ ပြောဆိုလိုက်၏။

"ဗိုလ်ချုပ်...ဒါက ခေါင်းဆောင်တပ်မှူး ညွှန်ကြားချက်ပေးလိုက်တဲ့လူပဲ...သူ့မှာ ဘာပြဿနာမှမရှိဘူး...သူ့ကို အရင်ဆုံးလွှတ်ပေးလိုက်ပါ"

စစ်ဗိုလ်ချုပ်က ခေါင်းညိတ်လိုက်သည်။ဤသည်မှာ လုယွီထံမှ အမိန့်ဖြစ်သဖြင့် သူတို့ ငြင်းဆန်စရာ အကြောင်းမရှိချေ။

နဥ်အမ်ထုံက ကြက်သေသေနေသည်။

ဤကဲ့သို့ဖြစ်လာမည်ဟု သူမ မျှော်လင့်ထားမိခြင်းမရှိချေ။

"နင်....ဒါက ငါ့အတွက်ဆိုတာ သေချာလား"

နဥ်အမ်ထုံက သူမကိုယ်သူမ လက်ညှိုးညွှန်ကာ သူမ၏အသံတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေသည်။

လက်ဝဲစစ်တပ်၏တပ်မှူးအသစ်သည် မည်သည်ကြောင့် တစ်စုံတစ်ယောက်ကိုစေလွှတ်၍ သူမကို လွှတ်ပေးခဲ့သနည်း...

"မင်းဆိုတာ အမှန်ပါပဲ...ဒါက မင်းရဲ့ရာထူးခန့်အပ်လွှာ...တပ်မှူးက မင်းကို အနားယူဖို့အချိန်သုံးရက်ပေးလိုက်တယ်....မင်း ပြန်ပြီးတော့ အနားယူလိုက်ပါအုံး"

ထိုဆက်သားသည် အလုပ်ရှုပ်နေပုံရကာ နဥ်အမ်ထုံနှင့် စကားများစွာပြောဆိုခြင်းမပြုချေ။သူသည် ရာထူးခန့်အပ်လွှာကို နဥ်အမ်ထုံ၏လက်အတွင်းသို့ ထည့်ပေးပြီးနောက် အလျှင်အမြန် ထွက်ခွာသွားတော့သည်။

နဥ်အမ်ထုံသည် သူမ၏လက်အတွင်းရှိ ရာထူးခန့်အပ်လွှာကို ကြည့်လိုက်၏။

ထိုခန့်အပ်လွှာပေါ်တွင် လက်ဝဲတပ်မှူး၏စည်းတံဆိပ်ရှိနေသည်။

ဤစည်းတံဆိပ်ကို မိုးကောင်းကင်တာအို၏စွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်းပင်။ဤအရာတွင် လက်ဝဲစစ်တပ်ရုံးတော်၏ကံကြမ္မာစွမ်းအားများ ပါဝင်နေသောကြောင့် အတုအပပြုလုပ်၍မရချေ။

အစောပိုင်းက သူမသည် မှားယွင်းသောလူတစ်ယောက်နှင့် လက်ထပ်ခဲ့ရသည့်အတွက် နာကျင်ကြေကွဲနေခဲ့ရသည်။

သို့ရာတွင် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ယခင်က မောက်မာဝံ့ကြွားပြီး ထင်ရာစိုင်းနေခဲ့သော ဝမ်မိသားစုတစ်စုလုံး ပြိုလဲပျက်စီးသွားခဲ့သည်။

ထို့နောက် သူမ အစဥ်အမြဲလိုလားတောင့်တခဲ့ရသော ငွေတံဆိပ်လူဆိုးထိန်းရာထူးသည် သူမ၏လက်အတွင်းသို့ လွယ်လင့်တကူ ရောက်ရှိလာပေ၏။

နဥ်အမ်ထုံသည် ရာထူးခန့်အပ်လွှာကိုကိုင်ဆောင်၍ အချိန်အတော်ကြာ မတ်တတ်ရပ်နေမိသည်။ရုတ်တရက် သူမ၏ဖခင်ဖြစ်သူသည် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၌ အကျဥ်းချခံထားရဆဲဖြစ်သည်ကို သူမ အမှတ်ရသွားသဖြင့် ထိုနေရာသို့ အလျှင်အမြန် အပြေးသွားလိုက်သည်။

ထိုအချိန်တုန်းက သူမသည် သူနှင့်လက်ထပ်ပြီးပါက သူမ၏ဖခင်ကိုလွှတ်ပေးမည်ဟု ဝမ်ခန်းက သူမကို ပြောဆိုခဲ့သည်။

နဥ်အမ်ထုံသည် စိုးရိမ်ပူပန်စွာဖြင့် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်သို့ အပြေးသွားလိုက်၏။

ယခုချိန်၌ ရှီးလျန်အုပ်ချုပ်ရေးရုံးတော်သည် ဖရိုဖရဲဖြစ်နေရာမှ ပြန်လည်တည်ငြိမ်စပြုနေလေပြီ။

လုယွီသည် ရှီးလျန်မြို့သို့ ရောက်မလာမီကပင် အကူအညီအမြောက်အများကို ပြင်ဆင်ထားပြီးဖြစ်သည်။

ဝမ်မူကျီး၏လက်အောက်ငယ်သားများသည် ရှီးလျန်မြို့အတွင်း၌ ပြဿနာရှာဖွေခဲ့ကြသူများဖြစ်သဖြင့် ရာထူးမှဖယ်ရှားခံကြရသည်။ယခုချိန်တွင် လုယွီ၏လက်အောက်ငယ်သားများသည် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၌ နေရာယူထားလေ၏။

ကျူးကော်မင်၏စီမံခန့်ခွဲမှုအောက်တွင် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၏လုပ်ငန်းစဥ်တစ်ခုလုံးကို အစီအစဥ်ကျနစွာဖြင့် တာဝန်လွှဲပြောင်းယူနိုင်ခဲ့သည်။

လုယွီအတွက် လက်အောက်ငယ်သားများကို ဖေးထျန်ကွမ်းမှ ရွေးချယ်ထားခြင်းဖြစ်သည်။ထိုလူများအားလုံးသည် အတွေ့အကြုံရင့်ကျက်ကာ မည်သည့်ပြဿနာမျိုးကိုမဆို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိသည်။

နဥ်အမ်ထုံသည် သူမဖခင်၏အခြေအနေကို စုံစမ်းရန်အတွက် ရောက်ရှိလာပေ၏။အရာရှိတစ်ယောက်က အံ့အားသင့်သောအမူအယာဖြင့် သူမကို ကြည့်လေသည်။

"ငါတို့က နဥ်ကျိုးကို စစ်ဆေးပြီးပြီ...သူက ဘာပြစ်မှုကိုမှ ကျူးလွန်မထားတာကြောင့် သူ့ကို အိမ်ပြန်လွှတ်လိုက်ပြီ"

ထိုအရာရှိသည် တွေးတောခြင်းပင်မပြုဘဲ တိုက်ရိုက်အဖြေပေးလိုက်၏။

ယနေ့တွင် ဤနေရာသို့ လူအမြောက်အများရောက်ရှိလာကာ ဝမ်မိသားစု၏ညှင်းပန်းမှုကိုခံရကာ ထောင်သွင်းအကျဥ်းချခံထားရသူများအကြောင်းကို မေးမြန်းကြသည်။

ကံကောင်းထောက်မစွာဖြင့် လုယွီ၏လက်အောက်ငယ်သားများသည် အလွန်စွမ်းဆောင်ရည်ပြည့်ဝသဖြင့် အကျဥ်းခန်းအတွင်း၌ မည်သူမည်ဝါများရှိနေသည်ကို ချက်ချင်းမှတ်မိကြသည်။အကယ်၍ ထိုလူထံတွင် အပြစ်ကျူးလွန်ထားခြင်းမရှိပါက သူ့အား အကျဥ်းခန်းအတွင်းမှ လွှတ်ပေးလိုက်၏။

သူမ၏ဖခင်အား လွှတ်ပေးလိုက်ပြီဟု သိသွားချိန်၌ နဥ်အမ်ထုံ၏မျက်လုံးများအတွင်း၌ ပျော်ရွှင်မှုမျက်ရည်များဖြင့် စိုစွတ်လာတော့သည်။

Chapter 3525

ယနေ့တွင် သူမသည် ကိစ္စများစွာကို ကြုံတွေ့ခဲ့ရလေ၏။

စိတ်ပျက်အားငယ်ခြင်းမှနေ၍ မျှော်လင့်ချက်ပြန်လည်ရရှိကာ ပျော်ရွှင်ခဲ့ရသည်အထိ ခံစားခဲ့ရသဖြင့် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီနေကာ အိမ်သို့အလျှင်အမြန် ပြန်လာခဲ့တော့သည်။

ဤအချိန်တွင် မိုးကောင်းကင်ယံကြီးသည် တဖြည်းဖြည်းမှောင်စပျိုးလာလေပြီ။

ရှီးလျန်မြို့အတွင်းမှလူများသည် ယခုထိတိုင် ပျော်ရွှင်မှုများ ပျက်ပြယ်သွားခြင်းမရှိသေးချေ။လမ်းမကြီး၏ဝဲယာနှစ်ဖက်စလုံးတွင် စိတ်လွတ်ကိုယ်လွတ် စကားပြောဆိုနေကြသူများဖြင့် ပြည့်နှက်နေသည်။

လူအများစုသည် ဝမ်မိသားစုမရှိတော့သော ရှီးလျန်မြို့၏အနာဂတ်အကြောင်းကို စဥ်းစားတွေးတောနေကြလေ၏။

ညအချိန်တွင် ဂိုဏ်းအင်အားစုများအများစု တိတ်ဆိတ်ငြိမ်သက်နေကာ ယခင်ကဲ့သို့ မောက်မာဝံ့ကြွားခြင်းမျိုး မပြုဝံ့ကြချေ။

လမ်းများပေါ်၌ ညအချိန်မှာပင် ဆူညံသံများနှင့် စည်ကားနေသည်။

နဥ်အမ်ထုံသည် သူမ၏အိမ်တော်သို့ အပြေးပြန်လာခဲ့သည်။

နဥ်အိမ်တော်သည် အလွန်အစွန်အဖျားကျသော လမ်းကြားအတွင်း၌ တည်ရှိလေ၏။သာမာန်အချိန်များတွင်ပင် ဤနေရာကို လူအမြောက်အများ ဖြတ်သန်းသွားလာခြင်းမပြုချေ။ယခုချိန်တွင် ညဥ့်နက်နေပြီဖြစ်သောကြောင့် ဤလမ်းကြားအတွင်း၌ ခြောက်ကပ်နေသည်။

နဥ်အမ်ထုံသည် ဤနေရာကို လွန်စွာရင်းနှီးကျွမ်းဝင်သည်။

သူမသည် အိမ်တော်တံခါးထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်သည်။

သို့ရာတွင် သူမ အိမ်တော်တံခါးအနီးသို့ ရောက်ရှိသွားချိန်တွင် လူရိပ်တစ်ရိပ်က ရုတ်တရက် သူမထံသို့ တိုးဝင်လာသည်။

ထိုလူရိပ်သည် အမှောင်ထုအတွင်း၌ တစ်ချိန်လုံးပုန်းအောင်းနေခဲ့လေ၏။နဥ်အမ်ထုံ ရောက်ရှိလာသည်ကိုမြင်တွေ့သည်နှင့် တုံ့ပြန်ရန်အချိန်မပေးဘဲ သူမ၏နောက်၌ ချက်ချင်းထွက်ပေါ်လာခဲ့သည်။

"ဘယ်သူလဲ..."

နဥ်အမ်ထုံသည် သတိလက်လွတ်ဖြစ်နေခြင်းမရှိချေ။ထိုလူ တိုးဝင်လာသောအချိန်အခိုက်အတန့်တွင် သူမကိုယ်သူမ ကာကွယ်နိုင်ရန်အတွက် လက်စည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

သူမ၏ခန္ဓာကိုယ်ပေါ်မှ မှော်ရတနာများအားလုံးမှာလည်း ဝမ်မိသားစု၏သိမ်းဆည်းခြင်းကို ခံခဲ့ရလေ၏။

ယခုချိန်တွင် သူမကိုယ်သူမ ခုခံကာကွယ်ရန်အတွက် မှော်နည်းစနစ်တချို့ကို ထုတ်ဖော်အသုံးပြုရန်သာ တတ်နိုင်တော့သည်။

ခရက်...

နဥ်အမ်ထုံသည် သူမ၏မှော်စွမ်းအားများဖြင့် ဓားပျံတစ်လက်ကို ဖွဲ့စည်းလိုက်သည်။သို့ရာတွင် အက်ကွဲသံတစ်သံနှင့်အတူ မှော်စွမ်းအားဓားပျံသည် ချက်ချင်းကြေမွှပျက်စီးသွားကာ အမှုန်အမွှားများအဖြစ်သို့ပြောင်းလဲပြီး ပျက်ပြယ်သွားတော့သည်။

ထို့နောက် လက်တစ်ဖက်က အမှောင်ထုအတွင်းမှတိုးထွက်လာကာ နဥ်အမ်ထုံကို ဖမ်းဆုပ်လိုက်၏။

အကွာအဝေးနီးကပ်လာချိန်တွင် နဥ်အမ်ထုံသည် သူမရှေ့ရှိလူ၏မျက်နှာကို သဲသဲကွဲကွဲ မြင်တွေ့လိုက်ရသည်။

"ဦးလေးစွန်းယု...ဒါက ရှင်လား..."

နဥ်အမ်ထုံက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

သူမ၏ဖခင်သည် ဝမ်ခန်း၏ဖမ်းဆီးခြင်းကို ခံလိုက်ရပြီဟု သူမ ကြားသိပြီးနောက် ပတ်ဝန်းကျင်၌ မေးမြန်းစုံစမ်းခဲ့သည်။နောက်ဆုံး၌ ဝမ်မိသားစု၏အစေခံတစ်ယောက်ထံမှနေ၍ စွန်းယုသည် ဝမ်ခန်းအား သွားရောက်သတင်းပို့ခဲ့သဖြင့် သူမ၏ဖခင်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိခဲ့ရလေ၏။

နဥ်အမ်ထုံသည် စွန်းယုကို ရိုးတွင်းခြင်ဆီလှိုက်သည်အထိ နာကျည်းမုန်းတီးနေသည်။

စွန်းယုသည် သူမရှေ့၌ ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်တွင် နဥ်အမ်ထုံသည် မည်သည်ကြောင့် ဒေါသမထွက်ဘဲ နေမည်နည်း....

"နဥ်အမ်ထုံ...ငါ မင်းကိုစောင့်နေတာ အချိန်အတော်ကြာနေပြီ...အတိတ်က ရန်ငြိုးရန်စတွေကို ထားလိုက်တော့...မင်းရဲ့အဖေလည်း အခုအဆင်ပြေသွားပြီ...မင်းနဲ့ငါကြားက ရန်ငြိုးတွေကို မေ့ပစ်ပြီးတော့ အပြုံးနဲ့ပဲဆက်ဆံကြတာ ပိုမကောင်းဘူးလား"

စွန်းယုက အပြုံးနှင့်ပြောဆိုသည်။

အကယ်၍ အတိတ်တွင်ဆိုပါက နဥ်အမ်ထုံသည် စွန်းယု၏စကားကို သေချာပေါက်လိုက်နာမိပေမည်။

မည်သို့ပင်ဆိုစေကာမူ စွန်းယုသည် သူမကို အခွင့်အရေးများပေးခဲ့သူတစ်ယောက်ပင်။

သို့ရာတွင် ယခုလက်ရှိချိန်၌ အခြေအနေသည် ကွဲပြားခြားနားသွားလေပြီ။

စွန်းယုသည် သူမ၏နောက်ကျောကို ဓားနှင့်ထိုးခဲ့သူပင်။ထို့ကြောင့် နဥ်အမ်ထုံသည် စွန်းယုအပေါ်၌ ဆိုးရွားသောအမြင်ရှိနေသည်။

သူ့ကဲ့သို့ ရွံရှာစက်ဆုပ်ဖွယ်ကောင်းသူသည် မည့်သည့်ကိစ္စကိုမဆို ပြုလုပ်နိုင်ပေ၏။

"အဲ့ဒီလိုလုပ်ဖို့ မလိုတော့ဘူး....ရှင် ကျွန်မရှေ့က ထွက်သွားတာ ပိုကောင်းလိမ့်မယ်...မဟုတ်ရင် ကျွန်မကို ယဥ်ကျေးမှုမရှိဘူးလို့ အပြစ်မတင်နဲ့"

နဥ်အမ်ထုံက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

သူမသည် ဖခင်ဖြစ်သူကို အမြန်ဆုံးမြင်တွေ့လိုသည်။

သူမနှင့်စွန်းယုအကြားရှိ ရန်ငြိုးများကို ချေဖျက်ရန်မှာမူ အလွန်အမင်း နောက်ကျသွားလေပြီ။

"သွားရမှာလား...ဒါက မဖြစ်နိုင်တာတော့မဟုတ်ဘူး...မင်း ငါကို ကိစ္စတစ်ခုတော့ လုပ်ပေးရမယ်...အခုချိန်မှာ ငါက ဝရမ်းထုတ်ခံထားရတယ်...ငါ ထွက်ပြေးလို့ရအောင် မင်းကူညီပေးမှဖြစ်မယ်"

စွန်းယု၏လေသံတွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ရောယှက်နေသည်။

အဆုံးသတ်၌ သူသည် သခင်မှားပြီး ရွေးချယ်ခဲ့မိလေ၏။

ရွှေတံဆိပ်လူဆိုးထိန်းဖြစ်လာပြီးနောက် စွန်းယုသည် အမှုအခင်းများကို ကိုင်တွယ်ဖြေရှင်းခြင်းမပြုချေ။ထိုအစား သူသည် သူ၏ရန်သူတော်ဟောင်းများအပေါ် ပစ်မှတ်ထားခဲ့သည်။

တစ်ချိန်က သူသည် ရှီးလျန်မြို့အတွင်းမှ လူချမ်းသာသခင်လေးတစ်ယောက်နှင့် သွေးကြွေးရန်ငြိုးရှိခဲ့သည်။

သို့ရာတွင် စွန်းယုသည် ယခင်က ဆဋ္ဌမဂိတ်တံခါး၏ငွေတံဆိပ်လူဆိုးထိန်းတစ်ယောက်သာဖြစ်သည်။

သူထံတွင် အခွင့်အာဏာရှိသော်လည်း အကန့်အသတ်ရှိနေသောကြောင့် ထိုကဲ့သို့လူချမ်းသာသခင်လေးတစ်ယောက်ကို ထိပါးရန်မှာ သူ့အတွက် အလွန်အမင်းခက်ခဲသည်။

Thank For Reading.

All Chapters