← Chapters

ကိုယ့်သင်္ချိုင်းကို ကိုယ်တူးခဲ့တယ်(၁)

Vol. 19 Ch. 251

ကိုယ့်သင်္ချိုင်းကို ကိုယ်တူးခဲ့တယ်(၁)

Vol. 19 Ch. 251

"မလုပ်နိုင်ဘူး"

“…”

"သံအေးကို ဖြတ်ခဲ့တာလို့ မင်းပါးစပ်နဲ့ ပြောခဲ့တာမဟုတ်ဘူးလား အခုကျ မင်း မလုပ်နိုင်ပါဘူးလို့ ပြောနေတာလား"

‘ပြန်ပြီး အစဖော်နေပြန်ပါပြီ’

‘ငါရှိရာကို ကြည့်နေကြတဲ့ အကြည့်စူးစူးတွေက ဓားထက်ထက်တွေနဲ့ နှိုင်းလောက်စရာပဲ...ဒါပေမယ့် စိတ်ပူစရာ မရှိပါဘူး… မျက်လုံးတွေထက် လျှာက ပိုမြန်ပါတယ်’

“ဟု....ဟုတ်ပါတယ်”

"ဘာကိုဆိုလိုတာလဲ ဒါဆို မင်းက ဖြတ်လို့ရတာလား မဖြတ်နိုင်တာလား"

"ဖြတ်လို့ရပါတယ်"

“အမ်”

ဟွမ်ဆန်းက ခေါင်းစောင်းကြည့်၍ မျက်မှောင် ကြုတ်လိုက်လေသည်။

“ငါ့ကို ပိုပြီး ရှင်းအောင် ပြောစမ်းပါ ဘာလို့…”

ထိုအချိန်တွင် ဟွမ်းယုန်က ထအော်လေသည်။

"မင်းတို့အားလုံး ဘာလို့ ငါ့ကလေးကို သတ်ဖို့ ကြိုးစားနေကြတာလဲ"

"...ငါ-ငါတို့က ဘယ်တုန်းကလဲ"

"မင်းတို့ သူ့ဆီက တစ်ခုခုလိုတာ ရှိရင် ပါးစပ်ပိတ်ထားကြ"

“…”

ဟွမ်းယုန်က သူ့လျှာကို နှစ်ကြိမ်ခန့် မထိတထိ ကိုက်လိုက်ပြီး ချွန်းမြောင်ကို လှည့်ကြည့်လိုက်၏။ သူ၏စိတ်ဆိုးဒေါသထွက်နေသော မျက်နှာသည် ချက်ချင်း ကြည်လင်လာသည်ကို မြင်လိုက်ရသောအခါ ချွန်းမြောင်မှာ ရင်ထဲ၌ အေးစိမ့်စိမ့်ခံစားချက်ကို ခံစားလိုက်ရသည်။

“ဟုတ်တယ် ချွန်းမြောင် အကြောင်းပြချက် တစ်ခုတော့ ရှိတယ်မဟုတ်လား"

"ဟု-ဟုတ်လား"

"ဒါဆို ပြောပါဦး"

'အ'

'ဟွမ်းယုန်ရဲ့ ခေါင်းနောက်မှာ ရောင်ခြည်စက်ဝန်းတစ်ခုရှိနေတာ သူကမှ တာအိုကျင့်ကြံသူအစစ်ပါ...'

'အမ်'

'ရောင်ခြည်စက်ဝန်းရှိတာက ဗုဒ္ဓရဲ့ တစ်စိတ်တစ်ပိုင်းလား'

'...အင်း ဘာပဲဖြစ်ဖြစ်'

“အဟမ်း”

ချွန်းမြောင်က လည်ချောင်းရှင်းလိုက်၏။

“အာ ကျွန်တော် သေချာပေါက် ဖြတ်နိုင်တာပေါ့ ဟုတ်ပါတယ် ကျွန်တော် လုပ်နိုင်ပါတယ် တကယ်တော့ အိုးကိုလည်း ကျွန်တော် လုပ်ခဲ့တာပဲလေ”

“ဟုတ်တယ် အဲ့ဒါအမှန်ပဲ"

"ဒါပေမယ့် အဲ့ဒီအိုးကို လုပ်တုန်းက ဒုက္ခတော်တော် ရောက်ခဲ့ရတယ် ပြီးတော့ ကျွန်တော် အဲ့ဒါလုပ်ပြီး အတွင်းဒဏ်ရာလည်း ရသွားခဲ့တယ်"

"အမ်"

ဟွမ်းယုန်၏ မျက်လုံးများမှာ ပြူးကျယ်သွားလေသည်။

"မင်းက အတွင်းဒဏ်ရာကို ရနေတယ်လို့ ဆိုလိုတာလား"

“အာ…ကျွန်တော်က နီလာကောင်းကင်ဘုံဆေး လုပ်တဲ့နေရာမှာလည်း ကျွန်တော့်ချီတွေကို အများကြီး ထည့်ထားသေးတယ်…”

“ဟုတ်တယ် မှန်တယ် မင်းက အလွန်အကျုး လုပ်နေခဲ့ရတာပဲ"

“ဟုတ်တယ် အဲ့ဒါအမှန်ပဲ”

ချွန်းမြောင်က သက်ပြင်းချလိုက်၏။ သို့သော် ဟွမ်းယုန်က ခေါင်းကို စောင်းလိုက်လေ၏။

"ဒါပေမယ့်... မင်းရဲ့အတွင်းအားချီတွေကို ဆုံးရှုံးသွားရရင်တောင် နီလာကောင်းကင်ဆေးလုံးကို မစားလိုက်ဘူးလား"

'...အာ မင်းက ဉာဏ်ကောင်းသားပဲ'

“အမ်း ကျွန်တော် မစားရသေးပါဘူး"

“ဒါဆို စားပြီးတော့ ပြန်ကောင်းလာမှာပေါ့ ပြဿနာက ဘာများလဲ"

“အ…အဲဒါက”

ချွန်းမြောင်က စတင်တွေးတောလေသည်။ ဒီအခြေအနေထဲကနေ ရုန်းထွက်နိုင်ဖို့ သူ တစ်ခုခုပြောမှ ဖြစ်မည်။

"ဆေးသောက်ပြီးတာနဲ့ ပိုပြီး မြင့်တဲ့အဆင့်တစ်ခုကို တက်နိုင်မယ်လို့ ထင်ပါတယ် ဒါကြောင့် သင့်တော်မယ့်အချိန်ကို စောင့်ဖို့ ကြိုးစားနေတာပါ"

“အိုးးးး”

"ပြန်တက်လာမယ် အိုး ဘုရားရေ"

‘လေးစားမနေနဲ့'

'အဲ့ဒီလိုအရာတွေက မရှိဘူး'

ချွန်းမြောင်မှာ ချွေးတွေထွက်နေလေသည်။

'မဟုတ်သေးဘူး...ဘာလို့ ဒီလိုတွေ ဖြစ်ကုန်ရတာလဲ'

'အိုး ဘုရား...'

'ကိုယ့်သင်္ချိုင်းကို ကိုယ်တူးမိတာပဲ'

ဒီစကားဝိုင်းကို နားထောင်နေခဲ့သည့် ဟွမ်းဂျုံက အခြေအနေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ဖြေရှင်းလိုက်၏။

“ဒါဆို ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ဆေးသောက်ပြီး မင်းခန္ဓာကိုယ်ကို အားမွေးဖို့ လိုတာပေါ့ အဲဒါပြီးရင်တော့ သံအေးကို ဖြတ်လို့ရပြီပေါ့”

“ဟုတ်ကဲ့ ဂိုဏ်းခေါင်းဆောင်”

"ဒါဆို အဲ့ဒီအတွက် ဘယ်နှစ်ရက်လောက် အချိန်ယူရမယ်ထင်လဲ"

“အာ…တစ်ပတ်ဒါမှမဟုတ် တစ်ပတ်နားဝန်းကျင် လောက်ပါပဲ”

"ဟုတ်ပါပြီ"

ချွန်းမြောင်က သူ၏ဒန်တျန်ကို ဆုပ်ကိုင်လိုက်သည်။

"ကျွန်တော် ဘာမှမပြောခဲ့ပါဘူး... ဒါပေမယ့် ဒါက အလေးအနက် ထားရမယ့်ကိစ္စမို့..."

ချွန်းမြောင်က နာကျင်နေဟန် ပြုမူနေချိန်တွင် ဟွမ်းယုန်က သူ့နှုတ်ခမ်းသူ ကိုက်လိုက်၏။

"မင်း ကောင်စုတ်လေးကတော့ အတွင်းဒဏ်ရာ ခံစားနေရရင် ငါတို့ကို ချက်ချင်း ပြောပြသင့်တာပေါ့ ဒီအကြောင်းကို ငါတို့က သိတောင် မသိခဲ့ဘူး ပြီးတော့ ငါတို့က မင်းအပေါ် ပဲ ဆက်တိုက် အားကိုးနေခဲ့ကြတာ ဘယ်နားမှာလဲ အရမ်းနာနေလား"

'အာ'

'ဒါပေမယ့် မင်းတို့ ဒါကို အတည်မယူသင့်ဘူးလေ'

သို့သော် ဟွမ်းယုန် တစ်ယောက်တည်းတော့ မဟုတ်ပေ။ ဟွမ်းဂျုံနှင့် ဟွမ်းဆန်းတို့မှာ သူ့ကို လေးနက်သော မျက်နှာများဖြင့် ကြည့်နေကြသည်။

"ချွန်းမြောင်"

“ဟုတ်ကဲ့ ဂိုဏ်းခေါင်းဆောင်”

"မင်း ကိုယ့်ခန္ဓာကိုယ်ကို သေချာဂရုမစိုက်ရင် ဘာကမှ အဓိပ္ပာယ်မရှိဘူး"

“…”

“ငါပြောခဲ့တာတွေကို မေ့ထားပြီး အခုပြန်သွားလိုက်တော့ ဒီအတွက်က စောင့်လို့ရတယ် မင်းမှာ အတွင်းဒဏ်ရာရှိနေတာလေ ပြီးတော့ အချိန်ဆွဲနေရင် မင်း ပိုပြီးတော့ နာကျင်နေရလိမ့်မယ် နောက်ပိုင်းမှာ တခြားအကြီးအကဲတွေက အသုံးမဝင်တာတွေ ပြောပြီး မင်းအပေါ် ဖိအားလာမပေးစေနဲ့”

"ဟုတ်ကဲ့ ဂိုဏ်းခေါင်းဆောင်"

'အာ...'

အလေးအနက်ဖြစ်နေသော ပတ်ဝန်းကျင်လေထုကို မြင်လိုက်ရချိန်တွင် ချွန်းမြောင်က အနေခက်စွာ ပြုံးလိုက်၏။

'ငါ သောက်ရူးဖြစ်နေတာလား'

'ငါ ဘာလုပ်ရမလဲ'

"သူလာနေပြီလား"

ဂျိုဂုက အဆောင်သို့ အပြေးအလွှား လာနေသည့် ချွန်းမြောင်ကို ကြည့်ရင်း ပြုံးလိုက်၏။

"သူ အခုဘာဖြစ်နေတာလဲ"

"သူ့ကိုမေးလိုက်လေ"

ဂျိုဂုက ဝင်ပေါက်ကို ပိတ်ကာ ပြေးဝင်လာနေသော ချွန်းမြောင်ရှိရာသို့ လက်မြှောက်လိုက်သည်။

“ချွန်းမြောင် ဂိုဏ်းခေါင်းဆောင်က ဘာလုပ်...''

“ဖယ်”

ဝှီးးးး

"အားးးးးးး"

ချွန်းမြောင်က ဂျိုဂုကို တွန်းဖယ်ပြီး အဆောင်ထဲသို့ ပြေးဝင်သွားခဲ့သည်။

“…”

ဖြစ်ပျက်နေသမျှကို မြင်လိုက်သည့် ယွန်းဂျွန်က အနည်းငယ် တုန်လှုပ်သွားလေသည်။

'ဘာတွေ ဖြစ်နေတာလဲ'

ချွန်းမြောင် အခုလို အလျင်စလိုဖြစ်နေသည်ကို မမြင်ရတာ အတော်တောင် ကြာပြီဖြစ်သည်။ ယွန်းဂျွန်က ဂျိုဂု လွင့်ထွက်သွားသည်ကို အာရုံမထားပေ။ သူ ချွန်းမြောင်၏ စိတ်အခြေအနေအတွက် စိုးရိမ်နေမိသည်။

ထို့နောက်…

လျပ်စီးအလျင် ခြေလှမ်းများနှင့် ချွန်းမြောင်က ပြန်ထွက်လာခဲ့သည်။ သူထွက်လာသည်ကို မြင်လိုက်ရသော ယွန်းဂျုံမှာ တုန်လှုပ်သွားလေသည်။

“…ချွန်းမြောင်”

"အာ"

"မင်း ဘာအပြစ်တွေ လုပ်ခဲ့တာလဲ အဲ့ဒီလို မလုပ်တော့ဘဲနဲ့ အပြစ်တွေကို ပြန်တွေးကြည့်ပါ ငါ မင်းနဲ့အတူ ဆုတောင်းပေးမယ်"

'အဲ့ဒီလိုပဲ ဖြစ်ရမယ်လေ....မဟုတ်ရင် ထွက်ပြေးချင်နေသလိုမျိုး ခရီးဆောင်အိတ်ကြီးကို ညဉ့်နက်မှ ဘာလို့ သယ်ပြီး ထွက်လာရမှာလဲ...'

"ဆရာတူအစ်ကိုကြီး"

“အင်း ငါ့ကို ပြောပြပါ"

"ရက်နည်းနည်းလောက်ကြာရင် ပြန်လာခဲ့မယ်"

"...ဘယ်ကိုသွားမလို့လဲ"

"ဟွာအန်းရွာမှာပဲ ကိုယ့်ခန္ဓာကိုယ်ကို ပြုစုမလို့ ဒါကြောင့် ငါ့ကို လာမရှာပါနဲ့ မလာခဲ့ပါနဲ့"

'ချွန်းမြောင် နောက်တစ်ခေါက်လောက် ပြန်စဉ်းစားကြည့်ဦး'

'သူတို့တွေ ရူးနေတာသာမဟုတ်ရင် မင်းကို ဘာလို့ လာရှာမှာလဲ'

"မင်း ဂိုဏ်းခေါင်းဆောင်ကို ပြောခဲ့ပြီလား"

“ပြောခဲ့ပြီ”

“ကောင်းပါပြီ ဘေးကင်းတဲ့ ခရီးဖြစ်ပါစေ"

'မင်းပြန်တက်မလာရင် အကောင်းဆုံးပဲ"

'အဲ့ဒီအကြောင်းကို စဉ်းစားကြည့်ပါဦး ချွန်းမြောင် မင်းဟွာဆန်းအပြင်မှာ ပိုပျော်ရနိုင်ပါတယ်'

"ဒါဆို ငါသွားတော့မယ်"

“…အ အင်း”

ချွန်းမြောင်က စကားတစ်ခွန်းမှ မပြောဘဲ တံခါးဆီသို့ ပြေးသွားလေသည်။ ယွန်းဂျွန်က သူ့ကို ကြည့်သာကြည့်နေလိုက်သည်။

'ဒါက သိပ်ကောင်းတဲ့ကိစ္စပဲ'

ချွန်းမြောင်တစ်ယောက် ရက်အနည်းငယ်ကြာအောင် ထွက်ခွာသွားမည့်အချက်က ဟွာဆန်းသို့ နွေဦး ရောက်လာနေပြီဟု ညွှန်ပြနေတာဖြစ်သည်။ သို့သော် အကယ်၍ ဒီနေရာကို နွေဦးရောက်လာပါက အခြားနေရာများတွင် အေးစက်စက် ဆောင်းရာသီဖြစ်မည်ဟုသာ ဆိုလိုနေတာဖြစ်သည်။ ယွန်းဂျွန်က မျက်လုံးများကိုမှိတ်ထားပြီး ချမ်းအေးသော ဆောင်းရာသီကို ရင်ဆိုင်ရမည့်သူများကို ကရုဏာသက်မိကြောင်း ဖော်ပြနေသည်။

ဟွာအန် ရွာရှိ ဟွန်းဟွားဌာနခွဲ။

ဘန်း

"ဘယ်သူ…"

'ဘယ်သူလဲ' ဟု ဂုဏ်ယူဝံ့ကြွားစွာ ပြောချင်ပေမယ့် ဟွန်းဂျုန်ဂျီက မပြောနိုင်ခဲ့ပေ။

'တပည့်ငယ်လေးက ဘာလို့ ဒီကို ရောက်နေတာလဲ'

ဧည့်သည်၏သရုပ်မှန်ကို သူ နားလည်ရသည့် အကြောင်းပြချက်မှာ ရိုးရှင်းပါသည်။ အဘယ်ကြောင့်ဆိုသော် သူ့နေရာသို့ ဝင်ရောက်ရာတွင် တံခါးကို ဖြိုချမည့်သူက တစ်ဦးတည်းသာ ရှိနေသောကြောင့် ဖြစ်သည်။ နောက်ပြီး ထိုလူက 'တပည့်ငယ်လေး' ဟု ခေါ်နေကျဖြစ်သည်။ သို့သော် ချွန်းမြောင်ကို ထိုသို့ ခေါ်လို့ရမှာ မဟုတ်မှန်း သိလိုက်သည်။

"ဒါက ဟွာဆန်းရဲ့ နတ်နဂါး မဟုတ်ဘူးလား"

“ငါ့ကို ထူးထူးဆန်းဆန်း နာမည်တွေနဲ့ မခေါ်ပါနဲ့ ဒီအတိုင်း ချွန်းမြောင်က အဆင်ပြေပါတယ်"

"...မင်း လာလည်ရတဲ့ အကြောင်းအရင်းက ဘာများလဲ"

ဟွန်းဂျုန်ဂျီကို ကြည့်လိုက်၏။ သူနှင့် ချွန်းမြောင် ဆုံခဲ့တာ နှစ်နှစ်ပင် ရှိနေပြီဖြစ်သည်။ သို့သော် ဤနှစ်နှစ်အတွင်း ချွန်းမြောင်မှာ နာမည်များစွာရနေပြီဖြစ်သည်။ ကမ္ဘာ့အတော်ဆုံး ဟွာဆန်း၏ နတ်နဂါး၊ ဟွာဆန်းက ဓားပါရမီရှင်။

ချွန်းမြောင်ကို နာမည်အမျိုးမျိုးနှင့် ခေါ်ခဲ့ကြသည်။ ချွန်းမြောင်၏ ပြောင်းလဲလာသော အခြေအနေအဆင့်အတန်းကို နားမလည်သောသူများမှာ ဟွာဆန်းက လူများသာဖြစ်သည်။ ဟွာ-အန်းတွင် ဟွာဆန်း၏ လွှမ်းမိုးမှုသည် အတော်လေး ကြီးမားပြီး ချွန်းမြောင်၏အမည်မှာ ဂိုဏ်းခေါင်းဆောင်ဟွမ်းဂျုံထက်ပင် ပို၍ကျော်ကြားသေးသည်။ ပြဿနာတစ်ခုဖြစ်ခဲ့ရင်တောင် သူရရှိခဲ့သည့် နာမည်ဂုဏ်သတင်းက ပြောင်းလဲသွားမှာမဟုတ်ပေ။ သာမာန်အားဖြင့် ထိုခေါင်းစဉ်များသည် မေးခွန်းထုတ်သူတစ်ဦး၏ စိတ်နေသဘောထားနှင့် နီးစပ်စေရန် ပြုလုပ်ထားသော်လည်း ချွန်းမြောင်အတွက်တော့ အလွန့်အလွန် ဆိုးရွားသော ပေါင်းစပ်မှုတစ်ခုသာ အမြဲ ရှိတတ်သည်။

"ဒါပေမယ့် မင်းက ဘာလို့..."

"ငါ့ကို အခန်းတစ်ခန်းပေးပါ"

"အခန်းတစ်ခန်း"

“ဟုတ်ကဲ့”

ချွန်းမြောင်က ခေါင်းညိတ်လိုက်လေသည်။

"ငါ လုပ်စရာရှိလို့ ဟွာဆန်းထဲမှာ လုပ်လို့မရနိုင်ဘူး ငါ့ကို အခန်းတစ်ခန်းပေးပါ ငါ့အခန်းအနားကို ဘယ်သူမှ ချဉ်းကပ်မလာပါစေနဲ့"

“…မခက်ပါဘူး”

ချွန်းမြောင် တောင်းဆိုသမျှကို ဖြည့်ဆည်းပေးဖို့ သူ့အဖေဆီက အမိန့်ရထားပေမဲ့ ဟွန်းဂျုန်ဂျီကတော့ ထိုသို့အမိန့်မျိုး မရှိခဲ့လျှင်တောင် ဒီလူကို ငြင်းဆန်မှာမဟုတ်ပေ။ ဟွာဆန်းရဲ့ နတ်နဂါးအတွက် အခန်းတစ်ခန်း ပေးဖို့ကို ကမ္ဘာပေါ်မှာ ဘယ်နှစ်နေရာလောက်ကများ ငြင်းကြမှာလဲ။ ရှောင်လင်ဂိုဏ်းတောင်မှ အရင်ဆုံး သူ့ကို အခန်းပေးပြီးတော့ မျက်နှာထားထားတတ်ဖို့အတွက် ပြင်ဆင်ကြသည်။

သို့သော် ပြဿနာ တစ်ခုခု ရှိလာခဲ့လျှင်...

“ဆီပါပြီး အဟာရရှိတဲ့ အစားအစာကို တစ်ပြိုင်နက်တည်း တစ်နေ့သုံးကြိမ် လိုချင်တယ် အရည်အသွေးအကောင်းဆုံး အရက် အာ ဖြစ်နိုင်ရင် ညကျ နောက်တစ်ပုလင်း ထပ်ထည့်ပေးပါ မဟုတ်ဘူး နှစ်ပုလင်းလုပ်လိုက်”

“…”

'ဒီလိုကောင်စုတ်ကို တာအိုကျင့်ကြံသူ တပည့်လို့ ခေါ်တာ လွန်လွန်းတယ်’

"လိုအပ်တာ ဒါအကုန်ပဲလား"

“ကျန်တာတွေက ကိုယ့်ဘာသာပဲ ဖြေရှင်းလိုက်မယ် အခုတော့ စားစရာလေး ပေးပါဦး"

"အမ်...ငါတို့ယူလာခဲ့ပါ့မယ်"

"အာ...ပြီးတော့"

"အမ်"

ချွန်းမြောင်က ပြုံးလိုက်လေသည်။

"အလျင်စလို ဆင်းလာခဲ့လို့ ပိုက်ဆံမယူခဲ့ရဘူး ကျေးဇူးပြုပြီး ပိုက်ဆံနည်းနည်းလောက် ချေးပေးပါဦး"

“…”

'ဒီခွေးကောင်က သူခိုးပဲ'

'သူခိုးတစ်ယောက်ပဲ'

အခန်းကိုယူလိုက်သည့် ချွန်းမြောင်က တံခါးကို သော့မခတ်ခင် သူ့အခန်းနားကို ဘယ်သူမှ မချဉ်းကပ်ရန်လည်း ထပ်ခါတလဲလဲ ပြောခဲ့သည်။ ထို့နောက် သူ၏ ခရီးဆောင်အိတ်ကို အထုပ်ဖြေကာ စာရွက်အလွတ်တစ်ခုကို ထုတ်ယူ၍ စတင်ရေးသားလေသည်။

"အားးးးး ငါတော့ သေသာသေလိုက်ချင်တယ်"

ဒါက ကြောက်ဖို့ကောင်းသည့် အခြေအနေတစ်ခု ဖြစ်ခဲ့ပေမဲ့ ပြန်တွေးကြည့်ရင် အခွင့်ကောင်းတစ်ခုလည်း ဖြစ်သည်။ မက်မွန်ဓားနည်းစနစ် လှုပ်ရှားမှု ၂၄ကွက်ကို အကြီးအကဲများ အလိုရှိသည့်အတိုင်း ရှာတွေ့နိုင်သည့် အခြေအနေတစ်ခုကို ဖန်တီးနိုင်လျှင် မည်သို့မည်ပုံ တွေ့ခဲ့သည်ကို မည်သူမျှ သံသယဝင်မည်မဟုတ်တော့ပါ။ အရူးအဘိုးကြီးတွေက သိုလှောင်ရုံကို ဖြတ်ချင်နေလိမ့်မယ်လို့ ဘယ်သူက စိတ်ကူးမိမှာလဲ။

'ဒါက ပြဿနာပဲ'

ချွန်းမြောင်က ညည်းတွားပြီး စာအုပ်ကို ကြည့်လိုက်၏။

'ဒါကို အကြမ်းဖျင်းလောက်ပဲ ဖော်ပြလို့ မရဘူး'

ချွန်းမြောင်က နည်းစနစ်များကို မှတ်မိနိုင်သော်လည်း သူက ဟွာဆန်းတွင် အငယ်ဆုံးတပည့်ဖြစ်နေသည်။ ဒီနည်းစနစ်ကို သူကိုယ်တိုင် သင်ပေးလျှင် လူတိုင်းက သူ့ကို သံသယဝင်ကြလိမ့်မည်။ ထို့ကြောင့် အန်ဂွန်း ဒါမှမဟုတ် ဟွမ်းဆန်းကိုသာ နားလည်အောင် လုပ်တာက ပိုကောင်းပေမည်။ သို့မှသာ သူတို့ကတစ်ဆင့် သဘာဝကျကျနှင့် လူတိုင်းက သင်ယူနိုင်ကြပေလိမ့်မည်။

'ပြဿနာက...'

'ဟမ် သူတို့က ကြည့်ရုံနဲ့ နားလည်နိုင်ကြမှာလား'

ဟွာဆန်းကို ကိုယ်စားပြုသော သိုင်းပညာ၏အနှစ်သာရကို စာအုပ်ထဲမှာ ဖတ်လိုက်ရရုံနှင့် နားလည်နိုင်ပါ့မလား။ အလားတူနည်းပညာကို စဉ်းစားကြည့်ရာ၌ ဝူတန်ဂိုဏ်း၏ အဆင့်မြင့်နည်းပညာများသည်လည်း အတူတူပင်ဖြစ်သည်။ ဝူတန်ဂိုဏ်းတွင် ၎င်း၏ တပည့်များအား သင်ကြားပေးနေသော အဓိက နည်းစနစ် သုံးခုရှိကြောင်း သိရသည်။

သို့သော် ဟွာဆန်းသည် တစ်ဦးတည်း အသက်ရှင်ကျန်ရစ်ခဲ့သည်။ ကောင်းတာတစ်ခုက ဟွာဆန်းသည် ဇွဲနပဲကြီးသည်။ သို့သော် ဆိုးတာကတော့ ပျော့ပြောင်းမှု မရှိတာဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်

မက်မွန်ဓားနည်းစနစ် လှုပ်ရှားမှု ၂၄ကွက်သည် ခက်ခဲသောကြောင့်ဖြစ်သည်။

မက်မွန် ဓားနည်းစနစ် လှုပ်ရှားမှု ၂၄ကွက်သည် ကျွမ်းကျင်ရန် ခဲယဉ်းလွန်းလှသဖြင့် တပည့်တစ်ဦးသည် ဂိုဏ်းထဲသို့ ဝင်လိုက်သည်နှင့် သင်ယူခဲ့ရလျှင်တောင် လေ့ကျင့်ရေးကို ဆက်လက်ထိန်းသိမ်းထားရင်းမှ အဆုံးသို့ ရောက်နိုင်ပေသည်။ ပို၍ မြင့်မားသောတိုးတက်မှုအတွက် နေရာမရှိခဲ့ခြင်းမဟုတ်ပေ။ မက်မါန်ဓားနည်းစနစ် လှုပ်ရှားမှု ၂၄ကွက်ကို စတင်လေ့လာသူအများစုသည် ပို၍မြင့်မားသောအဆင့်သို့ မရောက်နိုင်ကြပေ။

ချွန်းမြောင်က ဒီနည်းစနစ်ကို ဖြတ်ကျော်ချင်ခဲ့သည်။

“အခြေခံတွေကို အလေးထားလိုက်မယ်”

ဟွာဆန်းမှ လက်ရှိအကြီးအကဲများကို အကြမ်းဖျင်းရေးထားသည့် သိုင်းကျမ်းတစ်ခုကို ပေးလိုက်ခြင်းသည် မျက်မမြင်တစ်ဦးကို ပိုက်ဆံပေးပြီး သကြားနှင့်ဆားကို ခွဲခြားခိုင်းသကဲ့သို့ ဖြစ်နေပေသည်။ ထို့ကြောင့် ယခု သူလုပ်ရမည့်အရာသည် အကြမ်းဖျင်းရေးထားသည့် မူကျမ်းမဟုတ်သော်လည်း မက်မွန်ဓားနည်းစနစ် လှုပ်ရှားမှု ၂၄ကွက်အတွက် ရှင်းလင်းပြတ်သားသော ညွှန်ကြားချက်များဖြစ်သည်။

ရှင်းလင်းသည့် နည်းလမ်းက တစ်ခုပဲ ရှိသည်။

လှုပ်ရှားမှု၂၄ကွက်

နောက်ပြီး သူ တတ်နိုင်သမျှ မြန်မြန် လုပ်ရမည်...

"ကျွတ်"

ချွန်းမြောင်က ခေါင်းကုတ်လိုက်လေသည်။ အရင်ဘဝတွင် သူက မင်စုတ်တံကို လုံးလုံး ကိုင်မည့်သူ မဟုတ်သော်လည်း ယခု ပြန်လည်ဝင်စားပြီးနောက်မှ စာစောင် မည်မျှကို ရေးသားခဲ့ပြီးမှန်း မမှတ်မိတော့ပေ။

"ဒါပေမယ့် ငါ ဒါကိုလုပ်ဖို့ လိုနေသေးတယ်"

'အရာရာ ပြီးပြည့်စုံမှဖြစ်မယ်'

'အာ ဒီသဘောကို ပြောတာပဲ’

'သူတို့တွေ နားလည်နိုင်ဖို့ လုံလုံလောက်လောက် အသေးစိတ်ကျရမယ်'

ချွန်းမြောင် မင်ကို စတင် ကြိတ်ချေလေသည်။

"ဘာပဲလုပ်စရာ ရှိရှိ ငါပဲ လုပ်ရမှာပဲ"

သူ၏မျက်လုံးများမှာ ဝင်းဝင်းတောက်နေလေသည်။ ၎င်းသည် မက်မွန်ဓားနည်းစနစ် လှုပ်ရှားမှု ၂၄ကွက် မျှသာမဟုတ်ပေ။ အခြေခံအားလုံးကို လေ့လာမိရန်က အရေးကြီးလှသည်။ ထို့ကြောင့် ယခင်က သူ မပေးအပ်ခဲ့ရသမျှ အရာအားလုံးကို ဒီတစ်ခုထဲတွင် ထည့်သွင်းရန် လိုအပ်သည်။ ဒီအခွင့်အရေးကို လက်လွတ်သွားခဲ့လျှင် သူ့ခေါင်းထဲတွင် သိုင်းပညာကျမ်းများကို သဘာဝကျကျ လွှဲပြောင်းပေးဖို့ နောက်ထပ်အခွင့်အရေးကို ဘယ်တော့မှ ရှာလို့ရမှာမဟုတ်ပေ။

အသက်ကို အသာရှူလိုက်ပြီး စာစောင်ကို ဖွင့်ကာ စတင် ရေးသားလေတော့သည်။ စာရေးနေသည့်အချိန်တွင် သူ၏မျက်လုံးများမှာ တောက်ပနေ၏။

မကြာခင်တွင် အခန်းထဲ၌ သူ၏အသက်ရှုသံနှင့် စာရွက်များ၏ တရွှမ်းရွှမ်းမြည်သံများသာ ညံနေတော့သည်။

All Chapters