ကိုယ့်သင်္ချိုင်းကို ကိုယ်တူးခဲ့တယ်(၂)
Vol. 19 Ch. 252
"သူ ဒီနေ့ရော အခန်းထဲက ထွက်မလာဘူးလား"
"ဟုတ်တယ် ထွက်မလာဘူး သခင်လေး"
ဟွန်းဂျုန်ဂျီ၏ မျက်လုံးများမှာ မျက်မှောင်ကြုတ်သွားခဲ့သည်။
"သူ အစားစားတာကရော ဘယ်လိုလဲ"
“သူက ကျွန်တော်တို့ကို တံခါးရှေ့မှာ အစားအစာလင်ဗန်း ထားခဲ့ခိုင်းပြီး ထွက်သွားခိုင်းပါတယ် သူစားပြီးရင် အပြင်ကို ထုတ်ထားတော့…”
“ဟမ်”
သူက ချွန်းမြောင်ထိုင်နေသည့် အခန်းဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။
“သူ ဘာလုပ်နေတာလဲ…”
"ကျွန်တော်တို့တွေက အခန်းထဲ မ၀င်ရတော့ မသိပါဘူး"
“တကယ်ကြီး…”
ခိုင်မြဲစွာပိတ်ထားသော တံခါးသည် ပွင့်လာမည့် အရိပ်အယောင် မရှိပေ။ သူ အခန်းထဲက ထွက်မလာတာ သုံးရက်လောက်ကြာနေပြီဖြစ်သည်။
'သူက ချွန်းမြောင်ပဲလေ ကန်ဟို အသိအမှတ်ပြုခံရတဲ့ တပည့်ပဲကို ဒီတော့ သူ တစ်ခုခုဖြစ်နေရင်တောင် အလွယ်လေး ဖြေရှင်းလို့ရမှာပါ... ဒါပေမယ့် လူသားတစ်ယောက်အနေနဲ့တော့ မချင့်မရဲမဖြစ်ဘဲ မနေနိုင်ပါဘူး’
သူကြည့်ရတာ အရမ်း အရေးကြီးသော ကိစ္စတစ်ခုခုကို လုပ်နေသလို ခံစားရသဖြင့် ဟွန်းဂျုန်ဂျီမှာ ခိုးကြည့်ချင်မိသည်။
“ဒါဆို….”
သူ တစ်ခုခုလုပ်ရန် စိတ်ကူးနေချိန်တွင်
"အားးးးးးးး ငါတော့ ရူးတော့မှာပဲ"
“….”
ဟွန်းဂျုန်ဂျီက သူ့နှုတ်ခမ်းများကို ဖြည်းညှင်းစွာ ပိတ်လိုက်လေသည်။
အခန်းအတွင်းမှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်တွင် ဟွန်းဂျုန်ဂျီမှာ အံ့တောင်မအံ့သြတော့ပေ။ သူ့ရှေ့မှာရှိနေသည့် အစေခံမှာ အာရုံတောင် မထားတော့ပေ။
'အင်း...'
"အင်း ဒါက သုံးရက်မြောက်နေ့ပဲ"
“ဟုတ်တယ် သခင်လေး လွန်ခဲ့တဲ့ သုံးရက်လောက်ကလည်း ဒီလိုမျိုး ဖြစ်ခဲ့ပါတယ်”
"ဟမ်... တကယ်"
နောက်ဆုံးတွင် ဟွန်းဂျုံဂျီသည် ခေါင်းယမ်းလိုက်၏။
ဉာဏ်ကြီးရှင်အများစုက အများနှင့်မတူဘဲ တစ်မူထူးနေတတ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် ချွန်းမြောင် ကဲ့သို့သော လူများမှာ ထူးခြားနေသည်ကို နားလည်နိုင်ပါသည်။ သို့သော် ဘေးကနေ ဒီလိုမျိုး ထူးထူးဆန်းဆန်း အရာတွေကို မြင်ရသည့်အချိန်တွင် သူတို့၏ အမူအရာများကို ဖုံးကွယ်ထားရန် ခက်လှသည်။
"ဘာပဲဖြစ်ဖြစ် သူ့အစားအစာတွေကို လစ်လျူရှုမထားပါနဲ့"
“ဟုတ်ကဲ့ သခင်လေး"
“….ပြီးတော့ သူ့ကို သောက်စရာတွေလည်း ပေးလိုက်ဦး”
“ဟုတ်ကဲ့”
နောက်ဆုံးတော့ ဘာကိုမှ ရှာမတွေ့ဘဲ လှည့်ထွက်သွားလေသည်။
'သူက ငါ ခြေရာခံလို့ မရနိုင်တဲ့ ပုဂ္ဂိုလ်ပဲ'
သို့သော် သေချာတာ တစ်ခုတော့ရှိသည်။
ချွန်းမြောင်က လှုပ်ရှားလိုက်တိုင်း ဟွာဆန်းက ကြီးမားသော အမြတ်အစွန်းများ ရရှိလိမ့်မည်။ ဒါကြောင့် ဒီတစ်ခါလည်း ဒီလိုပဲဖြစ်လာနိုင်မလား။
'သူ လှုပ်ရှားလိုက်တိုင်း လေနဲ့ အခွင့်အလမ်းတွေ သယ်လာတတ်တာမို့ နဂါးလို့ ခေါ်ခံရထိုက်ပါတယ်’
"အားးးးး ငါ ဘာလို့ အဲ့ဒီလို မတွေးခဲ့မိတာလဲ"
ချွန်းမြောင်က သူ့ကိုယ်သူ ခေါင်းကို ရိုက်လိုက်ပြီး လူးလိမ့်နေလေသည်။
ဟွန်းဂျုန်ဂျီသာ ထိုသို့ဖြစ်နေသည်ကို မြင်ခဲ့လျှင် ထိုလူနှင့်ပတ်သက်၍ ကြီးကျယ်ခမ်းနားသော အရာများကို တွေးတောမိခြင်းအတွက် စိတ်မကောင်းဖြစ်မိပေလိမ့်မည်။
သို့သော် ချွန်းမြောင်ကတော့ ဒါတွေကို စဉ်းစားဖို့ အချိန်မရှိပေ။
"ငါ့ခေါင်းထဲမှာ အပေါက်များရှိနေတာလား"
'ငါ အဲဒါကို ဘာလို့ မစဉ်းစားနိုင်ရတာလဲ'
"ကျွတ် ငါ့ဆရာတူအစ်ကိုက စာကျက်ဖို့ ပြောတုန်းက ငါ နားထောင်ခဲ့သင့်တာ"
ချွန်းမြောင်မှာ ပြန်လည်မွေးဖွားပြီးနောက် သူ့ဘဝ၏တစ်ဝက်လောက်ကို နောင်တများဖြင့် ကုန်ဆုံးခဲ့ရသည်။ သို့သော် ဤသည်မှာ ချွန်းမြောင်၏ အပြစ်ဟု မဆိုသာပေ။
သိုင်းပညာတစ်ခုကို အာဂုံဆောင်နိုင်ဖို့ဆိုတာ လွယ်ကူသော အလုပ်တော့ မဟုတ်ပေ။ ထို့အပြင် အဆင့်မြင့် သိုင်းပညာ နည်းစနစ်များ ပါ၀င်လာသောအခါ ဖွဲ့စည်းပုံတစ်ခုတည်းနှင့်တင် စာအုပ်ထူတစ်အုပ်ထက်ပင် ကျော်လွန်သွားလောက်သည်။ အားလုံးကို ပြီးပြည့်စုံအောင် ကျက်မှတ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
လူတစ်ယောက်က နည်းစနစ်တစ်ခုကို အလွတ်ကျက်မှတ်နိုင်စွမ်းနှင့် ပြည့်စုံနေလျှင် စာအုပ်တွေက ဘာအတွက် ရည်ရွယ်နေဦးမှာလဲ။
ပုံမှန်ဆိုလျှင် သင်ကြားခံရသည့်နည်းစနစ်များကို ဦးနှောက်အစား ခန္ဓာကိုယ်က အသားကျလာဖြင့် အလိုလို မှတ်သားပြီးသားဖြစ်သည်။ ယခုတော့ ချွန်းမြောင်အတွက် အခြေအနေက ပြောင်းပြန်ဖြစ်နေပြီး စာအုပ်တစ်အုပ်ပေါ်တွင် နည်းစနစ်ကို ချရေးရခြင်းမှာ အတော်လေး ခက်ခဲပေသည်။
“မဟုတ်သေးဘူး ဒီလိုများလား အာ မဟုတ်ဘူး အဲ့ဒါက ဒီလိုပါ"
အံ့ဩစရာကောင်းလှသည်။
သူ ဒါကို လေ့ကျင့်ပေးနိုင်သော်လည်း ချရေး၍မရပေ။
ပြီးပြည့်စုံသော အိမ်တစ်လုံးကို တည်ဆောက်ပြီးပြီဖြစ်သော်လည်း အသေးစိတ်ပုံစံမှာ ပျောက်ဆုံးသွားခဲ့သည်။ ထို့ကြောင့် အခုအချိန်တွင် ဖြစ်နိုင်ချေရှိသည့် တစ်ခုတည်းသောနည်းလမ်းမှာ အိမ်ကိုဖြိုချပြီး အသေးစိတ်ပုံစံကို ပြန်လည်ဖန်တီးရန်သာရှိတော့သည်။
"မဟုတ်သေးပါဘူး ငါ ဘာလို့ မမှတ်မိနိုင်ရတာလဲ ဘာလို့ ဒီလောက် ဦးနှောက်မကောင်းရတာလဲ ငါအရင်ဘဝတုန်းက ဒီလို မဟုတ်ပါဘူး"
ချွန်းမြောင်မှာ အကြောင်းအရာများကို အတိအကျ မမှတ်မိနိုင်တော့သဖြင့် သူ့ခေါင်းကို ဆက်၍ရိုက်နေသည်။ ထို့နောက် ရုတ်တရက် ရပ်သွားလေသည်။
"အာ ငါ မှတ်မိပြီ"
'ဒီနည်းက သိပ်မဆိုးပါဘူး'
'ခေါင်းကိုရိုက်မယ် နာအောင်လုပ်မယ် ပြီးရင် အခြေခံတွေကို ပြန်မှတ်မိအောင်လုပ်မယ်'
ဒီအတိုင်းသာဆိုလျှင် ချွန်းမြောင်၏ခေါင်းမှာ အားလုံးကို မမှတ်မိခင် ကွဲသွားနိုင်သည်။
သူက စားပွဲဆီသို့ ပြေးသွားပြီး စုတ်တံကို ကောက်ယူလိုက်သည်။ ထို့နောက် သူ့စိတ်ထဲပေါ်လာသော စာကြောင်းများကို ရေးခြစ်လိုက်သည်။
“အာ ဒါပဲလေ”
ပိတ်ဆို့နေသည်များကို ရှင်းပြီးသည်နှင့် အရင်က ပြဿနာများသည် အလိမ်အညာတစ်ခု ဖြစ်နေသကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ထပ်မံပိတ်ဆို့ခံရသောအခါတွင် ၎င်းကို မမှတ်မိမချင်း သူ့ကိုယ်သူ ထပ်မံထုရိုက်နေလေသည်။
သူဒီလိုလုပ်နေတာ သုံးရက်ပင်ရှိနေပြီဖြစ်သည်။
ထို့ကျေးဇူးကြောင့် အခန်းထောင့်တွင် အပြီးသတ်ပြီးသော စာအုပ်ပေါင်း ဒါဇင်များစွာ စုပုံနေပြီဖြစ်သည်။
ဝါးရွက်လက် မက်မွန်ကိုယ်ထည်ပြည့်တိုက်စစ် ကြွေကျမြေခ ပန်းခြေလှမ်းများ ထိုက်ယိ လက်ချောင်း…
ပျောက်ဆုံးနေသော သိုင်းပညာများသာ ပေါ်လာမည်ဆိုပါက သံသယများလာကြမည်ဖြစ်သဖြင့် လက်ရှိအချိန်တွင် ရှိနေသေးသည့် သိုင်းပညာအချို့ကို ရေးမှဖြစ်ပေမည်။
“ပြီးပြီကွ”
ချွန်းမြောင်က ပြီးသွားသည့် တစ်အုပ်ကို မယူလိုက်၏။
[အမှောင်ထဲကလေအပိုင်းအစ]
အခုကို အရမ်းများနေပြီဖြစ်သည်။
သူ့လက်ထဲက စာအုပ်ကို စာအုပ်ထဲသို့ လှမ်းပစ်လိုက်၏။ ထို့နောက် သူ စာအုပ်ပုံကို ကြည့်လိုက်လေ၏။
ဟုတ်ပြီ…
ဟွာဆန်း၏ သိုင်းပညာက ဒီလိုမျိုး အရောင်အသွေးစုံလင်ပြီး အမျိုးမျိုးအထွေထွေ ကွဲပြားနေခဲ့သည်။
'အဲ့ဒါကို တွေးကြည့်ရုံနဲ့ ကြက်သီးတောင်ထတယ်’
အကယ်၍ သူသာ ဒီလိုမျိုး ပြန်လည်ရှင်သန်ခွင့်မရခဲ့ပါက သိုင်းပညာအားလုံး ထာဝရပျောက်ကွယ်သွားနိုင်သည့် အတွေးကို ကြောက်ရွံ့နေမိသည်။
"အဲဒါကို တွေးကြည့်ရုံနဲ့ ရူးလောက်တယ်"
ချွန်းမြောင်က သူတို့ကို တိုက်ခိုက်ခဲ့သည့် နတ်ဆိုးဂိုဏ်းမှ လူများကို ဒေါသထွက်နေဆဲဖြစ်သည်။ သူတို့တွေ လိုအပ်နေချိန်မှာ မကူညီခဲ့သည့် ဂိုဏ်းကြီးကိုးဂိုဏ်းကိုလည်း ဒေါသထွက်နေတုန်းပင်။
"ဒီအမုန်းတရားကို မေ့သွားမယ်ထင်နေလား"
‘ငါက ချွန်းမြောင်ပါ …သားတွေရ’
'ခဏလောက် ငါ အလုပ်များနေလို့ မင်းတို့ကို လွှတ်ထားပေမယ့် မင်းတို့ထဲက တစ်ယောက်မကျန် ငါမေ့မှာမဟုတ်ဘူး မင်းတို့ရဲ့ ခေါင်းတွေအကုန် ငါရိုက်ခွဲပစ်မယ်'
ချွန်းမြောင်က သက်ပြင်းအရှည်ကြီး ချလိုက်လေသည်။
'အခုတော့ အားလုံးပြီးခါနီးပြီ’
အခုတော့ ချွန်းမြောင်ရှေ့တွင် သပ်သပ်ရပ်ရပ် စီဆင့်ထားသော စာအုပ် ၂၄ အုပ်ရှိနေသည်။
"ဟာ... ဒါက ပြဿနာပဲ"
သူဒီနေရာကို လာတုန်းကတော့ မက်မွန်ဓားနည်းစနစ် လှုပ်ရှားနည်း၂၄ကွက်ကို ရေးဖို့ စီစဉ်ခဲ့တာဖြစ်သည်။ သို့သော် အကြောင်းအရာတချို့ကြောင့် အဆုံးထိ ရွှေ့ဆိုင်းလိုက်ရသည်။
ယခုလည်း သူတွေးနေမိသည်။ သူ ဒီထက် တုံ့ဆိုင်းနေစရာ နည်းလမ်း မရှိတော့ပါ။
"ငါ ဘာလုပ်ရမလဲ"
ချွန်းမြောင်က ခေါင်းညိတ်လိုက်ပြီး လက်ပိုက်၍ ထိုင်လိုက်လေသည်။
သူတော့ အကျပ်ရိုက်နေပြီလား။
မဖြစ်နိုင်တာ…
သူ ကမ္ဘာပေါ်ရှိ အခြားသော သိုင်းပညာအားလုံးကို မေ့နေနိုင်သော်လည်း မက်မွန်ဓားနည်းစနစ် လှုပ်ရှားနည်း၂၄ကွက်ကိုတော့ ဘယ်တော့မှ မေ့မည်မဟုတ်ပါ။ ထိုသိုင်းကွက်မှာ ဟွာဆန်းနှင့် ချွန်းမြောင်၏ အရင်းမြစ်ဖြစ်သည်။ ရေးချဖို့ အသာထား သူလိုအပ်သည့်အချိန်မှာ ပုံတောင် ထဆွဲနိုင်ပေသည်။
သို့သော် အခုအချိန်အထိ မလုပ်ဆောင်နိုင်သေးသည့် အကြောင်းအရင်းတစ်ခုက ရှိနေတုန်းဖြစ်သည်။
"ဘယ်တစ်ခုကို ရေးရမလဲ"
သူချရေးရမည့်အရာမှာ မက်မွန်ဓားနည်းစနစ် လှုပ်ရှားနည်း၂၄ကွက် ဖြစ်သည်။ ပြဿနာမှာ ချွန်းမြောင်က ၎င်းကို လေ့ကျင့်ရန် နည်းလမ်း ၂ ခုသာ သိထားသည်။
တစ်နည်းမှာ ရှေးခေတ်ကတည်းက ဟွာဆန်းတွင် လက်ဆင့်ကမ်းလာခဲ့သော အခြေခံနည်းလမ်းဖြစ်သည်။ နောက်တစ်နည်းမှာ ချွန်းမြောင် မွမ်းမံ၍ ဖန်တီးထားသည့် ပုံစံဖြစ်သည်။
ဤနည်းမှာ အရမ်းကြီး ထူးခြားနေတာတော့ မဟုတ်ပါ။
ကောင်းကင်ဘုံအဆင့်ထိ အလွန်နီးကပ်နေခဲ့သော ဓားသမားတစ်ဦးသည် ဓားထုတ်ခြင်းနည်းပညာကို တွေးရသောအခါ သူ့အတွက် အသင့်တော်ဆုံးသော လမ်းကြောင်းကို ရှာတွေ့လိမ့်မည်မှာ သိသာပေသည်။ ချွန်းမြောင်က သူ့အား အတော်ဆုံးဟု မသတ်မှတ်ခံရခင်ကပင် ပြုလုပ်ခဲ့ပြီးဖြစ်ကာ နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်သည့် စစ်ပွဲတွင်လည်း သူ့ဓားကို ပြီးပြည့်စုံအောင် ပြုလုပ်ခဲ့သည်။
မွမ်းမံထားသောပုံစံအသစ်သည် အနည်းငယ်ပို၍ လက်တွေ့ကျပြီး အစွန်းရောက်သော်လည်း ၎င်းသည် မက်မွန်ဓားသူတော်စင် ချွန်းမြောင်နှင့် အသင့်တော်ဆုံးပုံစံဖြစ်သည်။
"ကျွတ်"
ချွန်းမြောင်က ခေါင်းကုတ်လိုက်၏။
"ငါ ဘယ်လောက်ပဲ တွေးကြည့်တွေးကြည့် ငါ့ရဲ့မက်မွန်ဓားနည်းစနစ် လှုပ်ရှားနည်း၂၄ကွက်က လက်ရှိ ဟွာဆန်းအတွက် ပိုအဆင်ပြေလိမ့်မယ်"
ပထမတစ်ချက်မှာ သင်ကြားရသည်မှာ ပိုမိုလွယ်ကူသည်။ သင်ယူမှုနှုန်းသည်ပင် ပို၍မြန်လာလိမ့်မည်။ ဒါ့ထက် ၎င်းသည် လက်တွေ့ကျမှုကို အဓိကထားသောကြောင့် အခြားဂိုဏ်းများနှင့် ဆက်ဆံရာတွင် ပိုမိုအကျိုးသက်ရောက်မှုရှိလိမ့်မည်။
မြန်ဆန်တယ် ထိရောက်မှုရှိတယ်။
ချွန်းမြောင် အလိုအရတော့ ဟွာဆန်းသည် ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိရန်အတွက် ၎င်းကို သင်ယူထားရန် လိုအပ်သည်။
သူ စိုးရိမ်နေမိဆဲဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏နည်းလမ်းကို လိုက်နာခြင်းသည် ဟွာဆန်း၏အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေသောကြောင့်ဖြစ်သည်။
အခြားနည်းစနစ်တစ်ခုသာဖြစ်ခဲ့လျှင် ဒီလောက်ထိ စဉ်းစားနေရမှာမဟုတ်ပေ။ သူမှန်တယ်ထင်တာကို ခြွင်းချက်မရှိ ကျော်ဖြတ်သွားနိုင်မှာပင်။ သို့သော် ဤသည်မှာ မက်မွန်ဓားနည်းစနစ် လှုပ်ရှားနည်း၂၄ကွက်မျှသာ မဟုတ်ပါ။
ဟွာဆန်း ကိုယ်တိုင်ဖြစ်သည်။
အကယ်၍ သူက ဒါကို ပြောင်းလဲခဲ့လျှင် ဟွာဆန်းသည် ဟွာဆန်းဖြစ်တော့မည်မဟုတ်ပေ။
အားလုံးခြုံငုံ၍ စဉ်းစားကြည့်လိုက်လျှင် ဓားသိုင်းပညာများသည် ရန်သူများကိုသတ်ဖို့ လက်နက်များဖြစ်သည်။ သူက စည်းကမ်းများကို ပြုပြင်မွမ်းမံနေကျဖြစ်နေသလို အရေးမပါတာတွေကို ပြောနေမည့်လူမဟုတ်ပါ။
'ဒါက ဆက်နွယ်မှုပဲလေ'
'ပန်းပွင့်ခြင်း'ဟူသော အယူအဆကို ဟွာဆန်းဂိုဏ်းက လိုက်စားခဲ့ကြသည်။ စိတ်ဝိညာဉ်ကို အပြည့်အ၀ ပုံဖော်နိုင်သော ဓားသိုင်းပညာမှာ မက်မွန်ဓားနည်းစနစ် လှုပ်ရှားနည်း၂၄ကွက် ဖြစ်သည်။
အကယ်၍ သူသာ ဓားသိုင်းကျမ်းကို ကိုးယိုးကားယားဖြင့် ပြောင်းလဲလိုက်ပါက ဟွာဆန်း၏ စိတ်ဝိဥာဉ်သည်ပင် မထော်မနန်းတွေ ဖြစ်သွားနိုင်သည့် လမ်းရှိသည်။
"ကျွတ်"
သွေးထွက်တဲ့အထိ ခေါင်းကုတ်နေသော ချွန်းမြောင်က ချက်ချင်းပင် သူ့လက်ကို ဖြုတ်ချလိုက်ပြီး သက်ပြင်းချလိုက်၏။
"ငါ ဘာလုပ်ရမလဲ…"
'အခြေခံတွေကို လိုက်နာသင့်လား'
'ဒါမှမဟုတ် အစကပြန်စရမလား'
တွေးရင်းနှင့် ကြမ်းပြင်ပေါ်တွင် လှဲနေလိုက်သည်။
"ဆရာတူအစ်ကို ငါ့ရဲ့ဂိုဏ်းခေါင်းဆောင် ဆရာတူအစ်ကိုရေ ဘယ်ဟာက ပိုကောင်းမယ် ထင်လဲ"
လေထဲကို မျက်နှာမူထား၍ မေးခွန်း မေးနေချိန်တွင် တစ်ခုတစ်ခုကို တိုးတိုးလေး ကြားလိုက်ရသည်ဟု တွေးမိလေသည်။
ဘာလို့ ဒီလိုမျိုး စိတ်ရှုပ်ခံတွေးနေတာလဲ ဒါက မင်းနဲ့မတူလိုက်တာ။
“ကျွန်တော် တစ်ယောက်တည်းနဲ့ပဲ ပတ်သက်နေရင် စိတ်မပူပါဘူး ကြောက်နေလို့ စိတ်မပူပါဘူး ကျွန်တော် ဆရာတူအကို အော်သံကြားရမှာကို စိုးရိမ်တာပါ"
'မင်း လူဆိုးကောင်'
'ဖြစ်နိုင်ရင် ကျွန်တော့် လာကူညီပါဦး ကျွန်တော်ကို တစ်ယောက်တည်း လွှတ်လိုက်ပြီး အလုပ်တွေအကုန် လုပ်ခိုင်းနေတော့တာပဲ'
‘မင်းစိုးရိမ်နေတာက ဘာကိုလဲ’
"ကျွန်တော်တို့ ဘိုးဘေးတွေ လက်ဆင့်ကမ်းပေးခဲ့တဲ့ ပညာတွေကို ပုံစံပြောင်းတာ မှန်ပါ့မလားလို့ တွေးနေမိတာပါ"
‘နှစ်ခုစလုံးကို ပေးလို့မရနိုင်ဘူးလား’
"အကုန်လုံးကို သိပြီးသလို ပြောနေတာလား နည်းပညာ နှစ်မျိုးစလုံးကို ပေးလိုက်ရင် သူတို့ကြားမှာ ဘယ်ကဟာမှားတယ် ဘယ်ဟာကမှန်တယ်ဆိုပြီး ရှုပ်ကုန်မှာပေါ့ အနှစ်တစ်ရာလောက်ကြာရင် သူတို့ သင်ယူရတဲ့သိုင်းပညာကို အခြေခံပြီး ဂိုဏ်းခွဲတွေ ထွက်လာကုန်မှာလေ”
ဒါတွေက လူသားတွေ ဖြစ်နေကျမို့ပင်။
ယခု သူ ဟွာဆန်း၏ တပည့်များကို ယုံကြည်သည်။ သို့သော် ချွန်းမြောင်မှာ သူ သေဆုံးခဲ့သည်နှင့်တစ်ပြိုင်နက် အာဏာကို ဆက်လက် မဆုပ်ကိုင်ထားနိုင်တော့ပေ။ နောက်ပြီး ဟွာဆန်းကို တစ်စုတစ်စည်းတည်း ဆက်ရှိနေစေချင်လျှင် သိုင်းပညာတစ်ခုတည်းကို နည်းစနစ်နှစ်ခု ရှိနေသည်မှာ အကြံဉာဏ်ကောင်းတော့ မဟုတ်ပေ။
‘ဒါဆို ပြဿနာက ဘာလဲ’
“အာ တကယ်ကြီး ဘိုးဘေးတွေက…”
‘မင်းက သူတို့ရဲ့ ဘိုးဘေးမဟုတ်ဘူးလား’
“…ဟင်”
ချွန်းမြောင်က သူ့ခေါင်းကို စောင်းလိုက်၏။
‘ဘယ်လိုဘယ်လို'
နောက်ထပ် ဘိုးဘေးရှိသေးလို့လား သူတို့တွေက မင်းရဲ့နည်းလမ်းကို အရင် နားထောင်ပြီး သင်ယူလိုက်ရင်လည်း ဒါက သူတို့တွေ ဘိုးဘေးတွေဆီကနေ အကူညီရယူနေတာပဲလေ မင်းက သူတို့အတွက် ဘိုးဘေးတစ်ယောက် မဟုတ်လို့လား
“…”
'ဘယ်လို'
‘နေပါဦး အဲ့ဒါ မှန်ရဲ့လား'
‘စိတ်မပူပါနဲ့ မင်းရဲ့ဆန္ဒက ဘိုးဘေးတွေရဲ့ဆန္ဒပဲ ဘိုးဘေးတွေရဲ့ဆန္ဒက မင်းရဲ့ဆန္ဒပဲလေ မဟုတ်ဘူး… မင်းရဲ့ရည်မှနန်းချက်က ဟွာဆန်းရဲ့ ရည်မှန်းချက်ပဲ မင်းရဲ့ဆန္ဒက ဟွာဆန်းရဲ့ဆန္ဒပဲလေ မင်း အလိုရှိရာကိုသာလုပ်ပါ’
“မဟုတ်သေးဘူး….”
‘ဒါလည်း မကောင်းပြန်ဘူးလား’
ချွန်းမြောင်က မျက်မှောင်ကြုတ်လိုက်၏။
"ဒီလိုဆို ဆရာတူအကို တကယ် အဆင်ပြေရဲ့လား"
‘ကမ္ဘာကြီးက စီးဆင်းတယ် ကမ္ဘာကြီးက ပြောင်းလဲနေပြီးတော့ စီးဆင်းနေတယ် ပြီးတော့…’
ထိုစကားကိုကြားသောအခါ ချွန်းမြောင်က ပြုံးလိုက်သည်။
‘မင်းက လက်ရှိ ဟွာဆန်းမှာ စီးဆင်းနေတာမဟုတ်ဘူးလား ဟွာဆန်းက မင်းကိုယ်ထဲမှာ စီးဆင်းနေပြီး မင်းက ဟွာဆန်းကို ဖြတ်ပြီးစီးဆင်းနေတာလေ မင်းကြိုက်ရာကိုလုပ်ပါ အဲ့ဒါက ဟွာဆန်းအတွက် သဘာဝအကျဆုံး တိုးတက်လာမှုပဲ’
ထို့နောက် အသံတိတ်သွားလေသည်။
ချွန်းမြောင်က သူ့နေရာမှ ရုတ်တရက် ထလိုက်ပြီး စုတ်တံကို ကိုင်လိုက်သည်။
သူကြားနေရသော အသံသည် အစစ်အမှန်မဟုတ်ကြောင်း ချွန်းမြောင် သိပါသည်။ ထိုအသံသည် သူ၏ရည်ရွယ်ချက်အမှန်ကို ထုတ်ပြောခြင်းသာ ဖြစ်သည်။
“ဟုတ်တယ် ဆရာတူအကိုပြောတာမှန်တယ် ကျွန်တော်က ဘိုးဘေးပဲလေ ကျွန်တော်ကလွဲလို့ တခြားဘိုးဘေးရှိသေးလို့လား”
သူသာ ဘိုးဘေးတွေဆီကို နောက်တစ်ခေါက်များ ရောက်သွားပါက ဘိုးဘေးတွေက သူ့ကို ကျာပွတ်နှင့် ရိုက်လောက်မလား မသိပေ...
"ငါသာ တမလွန်ကို မသွားရင် ကြုံရမှာမဟုတ်ဘူးလေ"
နောက်ဆုံးတော့ ချွန်းမြောင်က သူဘာဆက်လုပ်မည်ကို ဆုံးဖြတ်ပြီး ဘာမှမရှိသည့် စာစောင်ကို ဖွင့်လိုက်၏။
ထို့နောက် သူချရေးလိုက်သည်။
ဟွာဆန်းဓားနှင့် ချွန်းမြောင်၏ဓားအကြောင်းကို ရေးသားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဤသည်မှာ ဟွာဆန်း၏ သိုင်းပညာများကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အရေးတစ်ခုဖြစ်ပေသည်။
သူ့ကြည့်ရတာ အတွေးနက်နေပုံရသည်။
“…”
ချွန်းမြောင်က စာအုပ်ကို မြှောက်လိုက်၏။
'ငါ ရေးနေခဲ့တာ ဘယ်လောက်ကြာနေပြီလဲ'
သူ ချရေးကတည်းက အချိန်ကို မှတ်ဖို့ မေ့သွားခဲ့သည်။
စာစောင်များကို ကြည့်ရင်း သူ၏လျှာကို မထိတထိကိုက်လိုက်သည်။
'လုံးလုံးကြီး ကျေနပ်စရာတော့ မဟုတ်ပေမယ့်...'
'ဒါဆို လုံလောက်ပါပြီ ပျောက်နေတဲ့ အပိုင်းတွေကို အနာဂတ်တွင် ဖြည့်ပေးနိုင်တော့မှာပဲလေ’
ပြီးပြည့်စုံသည်ဟု ယူဆထားသော သိုင်းပညာကို ပြန်လည်ပြင်ဆင်ပြီး ရှေ့လျှောက် သူတွေ့နိုင်သမျှ ကွာဟချက်များကို ပြောင်းလဲလိုက်သည်က ပို၍ ကောင်းလိမ့်မည်မဟုတ်လား။
အရာရာကို ပြီးပြည့်စုံအောင် လုပ်တာက အမြဲတမ်းတော့ ကောင်းသည့်အရာ မဟုတ်ပေ။ ထို့ကြောင့် သူ့မှာ နောင်တရစရာ မရှိပါ။
ဒါ့ထက်…
"ငါ ဒါကို ဂိုဏ်းဆီ ဘယ်လို ပို့ပေးရမလဲ"
'ဒါတွေ အကုန်ထုပ်ပိုးထားလိုက်ရင် ထူးဆန်းနေမှာ မဟုတ်လား'
“အမ်”
'အဲ့ဒါက တစ်ခုတည်းသော နည်းလမ်းလား'
ချွန်းမြောင်က ထထိုင်လိုက်၏။
“အင်းးး”
ဟွန်းဂျုန်ဂျီက ဘေးဘီကို လှည့်ကြည့်လိုက်သည်။
ညရောက်နေပြီမို့ မှောင်နေပြီဖြစ်၏။ အိပ်ရာမဝင်ခင် သူ့ရဲ့အိမ်တော်ခွဲမှာ ဒီလိုလမ်းလျှောက်တာ သူ့အကျင့်ပင်ဖြစ်သည်။
'ဟွာအန်းက အများကြီး တိုးတက်လာပြီပဲ’
အစကတော့ လွန်လွန်းတယ်ဟု ထင်ခဲ့မိပေမယ့် အခုတော့ အဖေဖြစ်သူ၏ ထိုးထွင်းသိမြင်မှုကို လေးစားမိပေသည်။
ထို့ပြင် သူသည် ဟွာဆန်းနှင့်အတူ လက်ဖက်ကုန်သွယ်ရေး လုပ်ရာတွင် ပါဝင်နိုင်ခဲ့သည်။ ဟွာအန်း အိမ်တော်ခွဲသည် အွန်းဟာ ပင်မ အိမ်တော်ထက် ပို၍ တိုးတက်လာခဲ့သည်။
'ဟွာဆန်းနဲ့ ဆက်ဆံရေး... အ'
သူ တွေးကြည့်နေရင်းနှင့် မျက်လုံးပြူးသွားလေသည်။
ပြီးခဲ့သော ၇ရက်အတွင်း တင်းတင်းကြပ်ကြပ်ပိတ်ထားခဲ့သော ချွန်းမြောင်၏တံခါး ပွင့်နေသည်ကို သူ မြင်လိုက်ရသည်။
"အာ နောက်ဆုံးတော့... အမ်"
အနည်းငယ် စိတ်ကျေနပ်ဟန် ပေါ်နေသော သူ၏မျက်နှာမှာ တင်းမာသွားလေသည်။
အခန်းထဲက လူတစ်ယောက် ထွက်လာခဲ့သည်။
အဝတ်အစားများများကို ခေါင်းအစခြေအဆုံး အမည်းရောင်များကို ခန္ဓာကိုယ်အပြည့် ၀တ်ဆင်ထားသည်။
မျက်နှာကိုလည်း ခေါင်းစွပ်တစ်ခုဖြင့် ဖုံးထား၏။
နောက်ပြီး သူ့နောက်ကျောတွင် အိတ်ကြီးတစ်လုံးက...
'သူခိုးလား'
'မဟုတ်သေးဘူး ဘာလို့ သူခိုးက အဲ့ဒီထဲကနေ ထွက်လာတာလဲ သူခိုးမဟုတ်ပေမယ့် ကျားဂူထဲဝင်ချင်နေတဲ့ သူခိုးပဲ’
သူခိုးကိုပဲ အော်ရမည်လား မအော်ဘဲနေရမည်လား မသိဘဲ စိတ်ရှုပ်နေချိန်တွင် သူခိုးက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"မတွေ့တာကြာပြီနော်"
"မ-မဟုတ်သေးပါဘူး... တပည့် ချွန်းမြောင်"
“ဟုတ်တယ်လေ”
"အ-အဝတ်အစားတွေက ဘယ်လိုဖြစ်တာလဲ"
“အာ”
ချွန်းမြောင်က သူဝတ်ထားသည့် အဝတ်အစားများကို ငုံ့ကြည့်ပြီး လက်ကို ဝှေ့ယမ်းလိုက်၏။
“ဒီအတွက် စိတ်မပူပါနဲ့ ဒါထက် ငါ အခု မြန်မြန် သွားမှဖြစ်မယ်"
'ဘယ်ကိုလဲ'
‘ယား ခွေးကောင် မင်းက ဒီလိုမျိုးကြီး ဝတ်ပြီး ဘယ်သွားမလို့လဲ'
“အမ် တပည့်ငယ်လေးက ဘယ်သွားမလို့လဲ အထူးတလည် ဒီလိုညနက်တဲ့အချိန်မှလား”
“စိတ်ပူမနေပါနဲ့ ငါ ဟွာဆန်းကို ခဏတဖြုတ် သွားမလို့ပါ ပြီးတော့ ကျေးဇူးပြုပြီး နံနက်စာလေး လုပ်ပေးပါဦး အဲဒီအချိန်မတိုင်ခင် ငါပြန်လာခဲ့မယ်"
ချွန်းမြောင်က သူ့လက်ကို ဝှေ့ယမ်းပြီး ထွက်သွားလေသည်။
ဟွာဆန်းကို ဦးတည်သွားနေသည့် သူ၏ခန္ဓာကိုယ်ကို ကြည့်ရင်း ဟွန်းဂျုန်ဂျီက 'ဒါကို မေ့ထားလိုက်ရအောင်'ဟု တွေးလိုက်မိသည်။
'အဲ့ဒီလို ပြောခဲ့မိတာကို အိမ်မက်တစ်ခုလို တွေးကြည့်မယ်'
'အဲ့ဒါက ငါ့ရဲ့ စိတ်ဓာတ်ခွန်အားအတွက်တော့ ကောင်းပါလိမ့်မယ်'
'...အဲဒီအရူးကောင်ကတော့'