ကိုယ့်သင်္ချိုင်းကို ကိုယ်တူးခဲ့တယ်(၃)
Vol. 19 Ch. 253
ဆေးပညာခန်းမကို သန့်ရှင်းရေးလုပ်ပြီးနောက် အန်ဂန်းက သူ၏နဖူးကို အင်္ကျီလက်ဖြင့် သုတ်လိုက်လေသည်။
အခုလေးတင် လူစည်ကားနေခဲ့သည့် နေရာက အခုတော့ တဖြည်းဖြည်း တိတ်ဆိတ်လာခဲ့သည်။ နည်းနည်းလေးတောင် ချောက်ချားဖွယ်ကောင်းနေသေးသည်။
'ဒါက တော်တော် အံ့သြစရာကောင်းတာပဲ'
သူ ဆေးပညာခန်းမခေါင်းဖြစ်လာပြီးကတည်းက ခန်းမအတွင်း အကြီးကျယ်ဆုံး လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာဖြစ်သည်... အကြီးအကဲတွေနဲ့ ချွန်းမြောင်အပါအဝင် ခန်းမက အဖွဲ့ဝင်တွေအားလုံး နီလာကောင်းကင်ဘုံဆေးလုံးကို ဖော်စပ်ဖို့ ဒီကို လာခဲ့ကြတာမဟုတ်လား။
နောက်ထပ် ထပ်၍မခံစားရနိုင်လောက်သော အရာတစ်ခုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟူသော အတွေးကို သူ့နှလုံးသားလေးမှာ ဂုဏ်ယူဝံ့ကြွားနေမိသည်။
သို့သော် ရလဒ်ကောင်းတွေကြောင့် ကံကောင်းသည်ဟု ခံစားရပြီး ပျော်ရွှင်နေပေမယ့်…သူ၏ဂုဏ်ယူနေမှုက လျှင်မြန်စွာ ပျောက်ကွယ်သွားပြီး စိတ်ထိခိုက်သည့်ခံစားချက်က ထိုအစား လွှမ်းမိုးသွားခဲ့သည်။
'ဒါက အိပ်မက်တစ်ခုလိုပဲ'
သူ့ရှေ့မှာရှိနေသည့် အိုးကြောင့်သာ မဟုတ်ရင် အိပ်မက်တစ်ခုလို့သာ ထင်နေလိမ့်ဦးမည်...
"အာ"
အန်ဂန်းက ခေါင်းကို အနည်းငယ် စောင်းလိုက်၏။
'အိပ်မက်များလား'
အိုးကို မမြင်ရတော့ပါလား...
“…”
အန်ဂန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားလေသည်။ ခဏအကြာတွင် ချွေးများ စတင်ထွက်လာတော့သည်။
"ငါ့-ငါ့သံအေးအိုးက ဘယ်ရောက်သွားတာလဲ"
လန့်ဖျပ်သွားသော အန်ဂန်းမှာ တတ်နိုင်သမျှ ကျယ်ကျယ်အော်ကာ ပြေးထွက်လာခဲ့လေသည်။
"သူခိုးဗျိုးးးးးးး"
"ငါ"
"...ဒီလိုလုပ်နေခဲ့တာ"
"……ဘယ်နှစ်ခါလောက်ရှိနေပြီလဲ"
ချွန်းမြောင်က သံအိုးကို အကြိမ်ကြိမ် ထုရိုက်ရင်း တုန်ယင်နေလေသည်။
“အား”
'လူတစ်ယောက်က ဒီလိုလုပ်သင့်လို့လား’
'တစ်ခုကိုတူးလိုက် တွင်းတစ်ခုလုပ်လိုက် ပြီးတော့ တွင်းထဲကို စိတ်မပါလက်မပါနဲ့ ပြန်ဖြည့်လိုက်နဲ့...'
သူဖြတ်ထားသည့် သံများကို ပြန်ကွေးရသည်။ ပြန်ဖြောင့်ရပြီး ပြန်ကပ်ရသည်။
ခွေးတစ်ကောင်ကိုတောင် ဒီလိုသာ လေ့ကျင့်ပေးနေရင် နောက်ဆုံးမှာ သခင်ကိုတောင် ပြန်ကိုက်လိမ့်ဦးမည်။ ချွန်းမြောင်မှာတော့ လူသားဖြစ်နေပြီး ကံမကောင်းစွာပင် သူမှာ ပြန်ကိုက်စရာ ပိုင်ရှင်လည်းမရှိပေ။
"ကျွတ်"
ချွန်းမြောင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး အိုးကို ထုရိုက်လိုက်၏။ သူလုပ်ရမည်မှာ အိုးကို ပြန်ဖွင့်ပြီး ရှာတွေ့တဲ့ နေရာမှာ ပြန်တွဲထားရမှာဖြစ်သည်။
"အိုး ငါ့လက်တွေ"
‘ဒီလိုသာဆို ဟွာဆန်းက….ဟုတ်တယ် အဲ့ဒါက ရှေ့ကို နှစ်လှမ်း သုံးလှမ်းလောက် ကြိုလှမ်းနိုင်ပေမဲ့ လုပ်ရမှာတွေက များလွန်းတယ်'
'အရင်ဆုံး ဒီအိုးကိစ္စကို ဖြေရှင်းရမယ်'
"သောက်ကျိုးနည်း မာလိုက်တဲ့အိုးကြီး တကယ်ပါပဲ"
သူဖြတ်ထုတ်တုန်းကလည်း အတူတူပင်ဖြစ်သည်။ သို့သော် ပြားရတာက ပို၍ ခက်ခဲပုံပေါ်သည်။
'ဟားဟားဟားဟား ပြီးပြီကွ'
နောက်ဆုံး အိုးကိုဖွင့်လိုက်နိုင်သော ချွန်းမြောင်က သက်ပြင်းချလိုက်ပြီး မော့ကြည့်လိုက်သည်။ ယခုတော့ သံပြားအဖြစ်သို့ ပြောင်းသွားပြီဖြစ်သောအိုးကို အပေါက်နားသို့ ယူလာသောအခါ လုံးဝ အံ့ကျပန်ကျဖြစ်သွားလေသည်။
ဒါက အစပဲရှိသေးသည်။
"ငါ့မှာ ဘယ်လို စည်းစိမ်နဲ့ ဘုန်းကျသရေ ရှိတာမို့လဲ"
ရုတ်တရက်ပင် သူ့လက်ထဲမှ ပမာဏများသော အပူဓာတ်က ပေါ်လာလေသည်။ အရည်ပျော်ရန် ခဲယဉ်းသည်ဟု သိထားသည့် သံအေးက တဖြည်းဖြည်း အရည်ပျော်လာခဲ့သည်။ ကျိုးနေသော အပိုင်းအစကို ကျန်သတ္တုများနှင့် ကပ်ရန် ထိုနားတစ်ဝိုက်တွင် အားမာန်ပါပါနှင့် ပွတ်တိုက်လေသည်။
သံအေးကို အရည်ပျော်အောင် မီးကို သုံးဖို့က လွယ်ကူသည့် အလုပ်မဟုတ်ပေ။ နောက်ပြီး ဒီလိုကြီးမားသော သံပြားကြီးအတွက် ထိုမီးကို အဆက်မပြတ်သုံးနိုင်ဖို့က ပိုတောင် ခက်သေးသည်။
"အကုန်ကို လိုက်လုပ်ပေးနေတော့တာပဲ မင်းက အရူးပဲ"
သံအေးကို ဖြတ်ထုတ်လိုက်တာကလည်း သူပါပဲ။ ဒါပေမဲ့...တော်တော်လွန်လွန်းသည်။
"ကျွတ်"
သူ၏မျက်လုံးများမှာ တောက်ပလာသည်နှင့်အမျှ သူ့လက်ထဲက မီးကလည်း ပိုမိုအားပြင်းလာခဲ့သည်။
“သောက်ကျိုးနည်း ဟွာဆန်း မင်းကို ကမ္ဘာပေါ်မှာ အတော်ဆုံးဂိုဏ်းဖြစ်အောင် ငါ သေချာကို လုပ်ပြဦးမယ်”
သူ့ပုံစံအတိုင်းသာဆို ဒီမတရားမှုကို ဖြေရှင်းဖို့ တခြားနည်းလမ်းမရှိပေ။
သူဖြတ်ထုတ်ခဲ့သည့် နေရာကို ပြန်ဖာထေးပြီး နောက်ဆုံးတွင် ချွန်းမြောင်မှာ မြေပြင်ပေါ်တွင် လှဲချလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
“ငါကတော့ ဒီလိုအခက်အခဲတွေ ကြုံနေရပေမယ့် မင်းတို့အားလုံးကတော့ အိပ်နေကြပြီပေါ့…”
'မအိပ်သေးဘူးလား'
ချွန်းမြောင်က ခေါင်းကို မော့လိုက်ပြီး သူ့ကိုယ်ပေါ်က ဖုန်များကို ခါလိုက်၏။
အလျင်လိုနေသည့် လှုပ်ရှားမှုများကို ခံစားရနေသည်။
'လူတိုင်း အိပ်ပျော်နေလောက်ပြီ ထင်ထားတာ ဘာလို့ ရုတ်တရက်ကြီး လှုပ်ရှားနေကြတာလဲ...'
"သေသေချာချာကြည့်ကြနော်"
“အကြီးအကဲတွေက တောင်အောက်ခြေကို လိုက်ရှာနေကြပြီ ဒါကြောင့်မို့ ဒီနားတစ်ဝိုက်ကိုပဲ ကြည့်ကြဦး သူခိုးကို သတိထားကြ သူ တစ်နေရာရာမှာ ပုန်းနေတာ ဖြစ်ရမယ်”
“…”
ချွန်းမြောင်သည် ခပ်လှမ်းလှမ်းမှ ထွက်လာသော အသံကို ကြားလိုက်ရသဖြင့် ပြုံးလိုက်လေသည်။
'သူတို့ သိသွားကြတာ မြန်လိုက်တာ'
'အင်း အိုးကိစ္စကတော့ ပြီးသွားပြီ ဒီလိုပဲ ဖြစ်ရမှာပေါ့’
အဲဒီအိုးက ဘာမို့လဲ။ သံအေးနဲ့ ပြုလုပ်ထားပေမဲ့ အဲဒါထက် ပိုအရေးကြီးသည့် ကိစ္စကရှိနေသည်။
နီလာကောင်းကင်ဘုံဆေးကို ပြန်လုပ်ရမှာကြောင့် အရင်က ဒီအတိုင်း ထားခဲ့ပေမဲ့ အခုတော့...
“မဖြစ်ဘူးလေ တကယ်ပါပဲ"
ချွန်းမြောင်က တစ်ခုခုကို သဘောပေါက်သွားလေသည်။
နီလာကောင်းကင်ဘုံဆေးကို တဖန်ပြုလုပ်လိုပါက ဒီလိုအလုပ်မျိုး အစအဆုံး ထပ်မံပြုလုပ်ရမည်ကို သူ သဘောပေါက်သွားလေသည်။
"ငါတော့ သေသာသေလိုက်ချင်တော့တယ်"
'အရင်က ဘာလို့ အဲ့ဒီလို မတွေးမိခဲ့တာလဲ သေလိုက်ပါတော့'
ချွန်းမြောင်မှာ အသက်ပြင်းပြင်းမရှူမိဘဲ မနေနိုင်တော့ပေ။ ဘာများ လုပ်နိုင်တော့မှာမို့လဲ။ ကိစ္စတွေက ဒီလိုဖြစ်ပျက်နေချေပြီ ဒီလိုဖြစ်မယ်ဆိုတာ သူကြိုသိထားတာမဟုတ်ခဲ့ပေ။
“… ငါ ဘာမှ မတတ်နိုင်တော့ဘူး”
သူ့မှာ အထစ်ထစ်အငေါ့ငေါ့တွေ ဖြစ်ကုန်သည်။ ဘာပဲဖြစ်ဖြစ် သူလုပ်စရာရှိတာ အကုန် လုပ်ပြီးပြီမို့ မနက်ဖြန်မှာ သူ ပြန်လာနိုင်ပြီဖြစ်သည်။
'ငါလည်း လုံလုံလောက်လောက် အခက်အခဲတွေ ကြုံခဲ့ရတာဆိုတော့ မင်းတို့လည်း နည်းနည်းတော့ ဒုက္ခခံသင့်တာပေါ့'
သူတို့ကို ဒီလိုပုံဖြစ်နေသည်အား မြင်လိုက်ရသောအခါ ချွန်းမြောင်မှာ စိတ်အေးသွားလေသည်။ ချွန်းမြောင်က ဟွာဆန်း၏နံရံပေါ်ကို ဖြတ်ကူးမည့်အချိန်တွင်….
"ဘယ်သူလဲ"
"အိုး"
ချွန်းမြောင်က ခေါင်းယမ်းလိုက်လေသည်။
'သူ ငါ့ခြေသံကို သတိထားမိတယ်လား'
သူဘယ်သူလဲဆိုတာ မသိပေမယ့် ချွန်းမြောင် သူ့ကို စိတ်ထဲကနေ ကြိတ်ချီးကျူးလိုက်မိသည်။
'အမ်'
လရောင်အောက်တွင် ထိုလူ၏မျက်နှာကို မြင်လိုက်ရသဖြင့် ချွန်းမြောင်က အံ့သြသွားသည်။
‘ဘတ်ဆန်းဆရာဦးလေး'
သူ ထိုလူကို ချီးကျူးကို ချီးကျူးမိပါသည်။
အရင်တုန်းက ဘတ်ဆန်းသာဆိုလျှင် ချွန်းမြောင် သူ့ရှေ့မှာ ဖြတ်လျှောက်သွားလျှင်တောင် သတိထားမိမှာ မဟုတ်ပါ။
ဤတိုးတက်မှုသည် နီလာကောင်းကင်ဘုံဆေးလုံးကြောင့် ဖြစ်နိုင်သည်။ ယခင်က ထိုသို့သောအလုပ်များကို နည်းနည်းမျှပင် မလုပ်ဆောင်နိုင်ခဲ့သော ဘတ်ဆန်းက ယခုအခါ ချွန်းမြောင်ကို အာရုံခံနိုင်လာခဲ့သည်။
“အိုး ငါ မင်းကို ချီးကျူး…”
"ဒီမှာ ဒီမှာ သူခိုးက ဒီနေရာမှာပဲ”
“….”
'မဟုတ်သေးဘူး ဒီခွေးကောင်ကတော့ သူက အမြဲတမ်း ဒီလို ရွံစရာကောင်းနေတာလား'
‘ယား ကောင်စုတ်လေး အမ်'
'ငါတို့တွေက ဒီလိုမျိုး ဆုံနေရတာ...လေထုက တစ်မျိုးကြီး ဖြစ်မနေဘူးလား...'
'ဟား အဲဒါကြောင့် ဒီနေ့ခေတ်မှာ ငါ့အတွက် ဘာမှကို အဆင်မပြေဘူး ငါ့ခေတ်ငါ့အချိန်တုန်းက လူတွေမှာ လေးစားမှု ရှိခဲ့တယ် လေးစားမှု'
ချွန်းမြောင်၏ အတွေးများမှာ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဘတ်ဆန်းက အော်လိုက်သဖြင့် ထိုနားတစ်ဝိုက်ကို ရှာဖွေနေခဲ့သည့် တပည့်များက ဓားရှည်တွေကို ဆွဲထုတ်ပြီး သူတို့ဆီသို့ ခွေးတွေလို ပြေးလာကြ၏။ နောက်ပြီး ခဏအတွင်းမှာပင် ချွန်းမြောင်ကို ဝိုင်းလိုက်ကြ၏။
"အိုး တော်တော် မြန်တဲ့ တုံ့ပြန်မှုပါလား”
ချွန်းမြောင်၏ ရင်တွင်းထဲတွင် ပျော်ရွှင်မှုတစ်မျိုး ရှိနေ၏။
‘ဝိုး ငါ သူတို့ကို ဒီလို အရည်အချင်းရှိတဲ့ ကောင်စုတ်လေးတွေအဖြစ် ပျိုးထောင်ပေးခဲ့တာပဲ’
ချွန်းမြောင်သာ မဟုတ်ပါက ဂိုဏ်းအများစုသည် ၎င်းတို့ကို ကျွေးမွေးရန်အတွက် ရောင်းချခံနေရလောက်ပြီဖြစ်သည်။
အကယ်၍ ဟွာဆန်းက တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့် အခြားပြိုင်ပွဲတစ်ခုရှိခဲ့လျှင် ဟွာဆန်းက သူတို့တွေကို ကြမ်းတိုက် လုပ်ပစ်လိုက်မည်မလားပင်။
ချွန်းမြောင်က ဟွာဆန်း၏ တပည့်များကို ခံစားချက်များ ရောထွေးလျက် ကြည့်ပြီးနောက် လည်ချောင်းကို ရှင်းလိုက်၏။
'ဟုတ်သားပဲ ဒီအချိန်မှာ သူတို့ရဲ့ ယုံကြည်မှုကို တီးခေါက်ကြည့်ရရင် မဆိုးပါဘူး'
“ဟင်း ဟွာဆန်းက တပည့်တွေရဲ့ အင်အားက ငါမျှော်လင့်ထားသလိုပဲ…”
"သူခိုးလူယုတ်မာကောင် ဘယ်မှာလဲ"
“သူ့ရဲ့ ပါးစပ်ကို ငါတို့ဆွဲပစ်ရမယ် သူခိုးလူကောင်က စကားမပြောဘဲ နေရဲဦးမလား”
"မင်းက ဒီလိုအခြေအနေမှာတောင် နောက်ပြောင်နေတာလား ငါတို့က သူ့ခေါင်းကို ခွဲပြီး ဂိုဏ်းအပြင်ဘက်က တုတ်တစ်ချောင်းနဲ့ ခေါင်းကို စိုက်ထားရမယ်”
“…”
'ဟားဟားဟား'
‘ဆရာတူအစ်ကို’
'ဆရာတူအစ်ကို ကျွန်တော့်ကို ဘာလို့ ပါးစပ်ပိတ်ထား ခိုင်းလဲဆိုတာ အခု သိသွားပြီထင်တယ်'
‘ဒီလူတွေက ဓားပြတွေနဲ့ ပိုတူနေသေးတယ်’
‘ကျွန်တော် အဲ့ဒီလို လုပ်ခဲ့တဲ့အချိန်တုန်းကတော့ ပျော်စရာကောင်းပေမယ့် သူတို့လုပ်တဲ့အချိန်ကျ စိတ်ရှုပ်စရာပဲ '
ချွန်းမြောင်က ပိုတိုးလာသည့် သူ့ဒေါသကို ထိန်းထားရန် ကြိုးစားလေသည်။
“မဟုတ်ဘူး ငါ…”
"သူ့လက်ကို ဖြတ်လိုက်ရမလား"
“သူ ထွက်ပြေး နေနိုင်ဦးမှာပေါ့ ခြေထောက် သူ့ခြေထောက်တွေကို ဖြတ်ပစ်လိုက်"
“ဒီဓားက အတော်အတန် ထက်မြက်တာမို့ ကောင်းကောင်းလုပ်ရမယ် ဒီခွေးလိုကောင်က ဟွာဆန်းကို ရောက်လာခဲ့တယ် တကယ်လို့ ချွန်းမြောင်သာ အခု ဒီမှာရှိနေရင် သူ့ အသက်ရှင်လျက်တောင် ထွက်သွားရမှာ မဟုတ်ဘူး ဒီကောင်က ဟိုလူယုတ်မာမရှိလို့ ကံကောင်းတယ်လို့ ခံစားသင့်တာ”
“….”
'မင်းတို့ ငါ့ကို ချီးကျူးနေတာလား ဒါမှမဟုတ် ငါ့ကို ကျိန်ဆဲနေကြတာလား’
ချွန်းမြောင်က ချောင်းဆိုးလိုက်သည်။
"ဒီနေ့ စိတ်ကောင်းဝင်နေတာမို့ အားလုံးကို ထားခဲ့လိုက်မယ် ဟွာဆန်းကတပည့်တွေ...."
“မဟုတ်သေးဘူး ဒီလူရှုပ်ကောင်က ငါတို့နဲ့ လာရှုပ်နေတာလား"
"ငါတို့ သူ့ကို ခွေးတစ်ကောင်လို ရိုက်လိုက်ရင် သူ့ အသိပြန်ဝင်လာလိမ့်မယ်"
“ယား ဒီကိုလာစမ်းပါ ဒီကို အခုလာခဲ့ အာရိုက်မနေနဲ့ ဆင်းလာလိုက်စမ်းပါ"
'မဟုတ်ဘူးလေ ဒီအရူးတွေက ဘာထဖြစ်နေတာလဲ'
ချွန်းမြောင် သူ့ခေါင်းထဲသို့ သွေးများ တိုးဝင်လာနေသည်ကို ကြားလိုက်သည်။
‘ဒီကောင်စုတ်လေးတွေက ဘယ်သူနဲ့ ပြောနေမှန်း သိကြရဲ့လား...အာ သူတို့တွေ မသိကြလောက်ဘူးပဲ ဘာပဲဖြစ်ဖြစ် သူတို့ ငါ့ရှေ့မှာ ဒီလိုပြုမူဖို့ ဘယ်က သတ္တိတွေ ရှိလာရဲလဲ’
“… ကောင်းကောင်းပြောနေတုန်း ဆင်းလာခဲ့နော် မင်း မသေချင်ရင်"
“တကယ်ကြီးလား ငါကသာ ကလေးတွေကို ဒီလို ပြောသင့်တာပါ"
“သူ့ခေါင်းမှာ ပြဿနာရှိနေပြီထင်တယ်"
"ဆင်းရဲသားကို အနိုင်ကျင့်မနေစမ်းပါနဲ့ သူ့ကို မြန်မြန်သာ အနိုင်ယူလိုက်"
ချွန်းမြောင်က သူ့လက်သီးကို ဆုပ်ထားလေသည်။
‘အားးး ငါ့အပြစ်တွေပါပဲ'
'ဒီအရူးတွေကို နှိမ့်ချတတ်ဖို့ ငါသင်ပေးခဲ့တာမှ မဟုတ်တာ'
'အရင်ကတော့ သူတို့ခင်မျာ အခြေအနေ တော်တော်ဆိုးနေခဲ့ပေမဲ့ ဘိုးဘေးတွေရဲ့ သွန်သင်မှုကို ဘယ်လိုများ လျစ်လျူရှုနိုင်ရတာလဲ အခြေအနေဆိုးနေတဲ့ထဲက တစ်ယောက်ဖြစ်နေရင်တောင်… ´
ချွန်းမြောင်က လည်ပင်းကို အကြောလျှော့လိုက်၏။
'ခေါင်းကို တစ်ချက်လောက် ရိုက်ခွဲပြီး သွားလို့ရပြီ'
'ဒါဆို သူတို့က နည်းနည်း ပိုနှိမ့်ချတတ်ကြမှာလား'
“ဟုတ်သား ဒါဆို ဒါဆို တိုက်ခိုက်ဖို့က အဆင်ပြေရဲ့လား"
"ဘာရန်ဖြစ်တာလဲ မင်း ရူးနေတာလား စိတ်လွတ်နေပြီပဲ"
“ဟား…ဟားဟား ဟုတ်ပါပြီ”
'ဒါ ဘယ်သူက ပြောလိုက်တာလဲ'
ချွန်းမြောင်မှာ မျက်နက်လန်သွားလေသည်။
'ထိခိုက်မယ့်သူက ငါမဟုတ်ဘူးနော်'
ချွန်းမြောင်က သူတို့ဆီကို အပြေးသွားတော့မည့် အချိန်တွင်
“ဖယ်ကြစမ်း”
အားလုံးက ရပ်သွားပြီး အသံလာရာဘက်ကို လှည့်ကြည့်လိုက်၏။
"ဆရာဦးလေးပဲ"
"ဘတ်ချုန်း ဆရာတူအစ်ကို"
"ဆရာတူအစ်ကို ဆရာတူအစ်ကို ရောက်လာသားပဲ"
လမ်းပျောက်သွားပြီးနောက် မိဘများကို ရှာတွေ့သော ကလေးများကဲ့သို့ပင် ဖြစ်နေကြသည်။ ထို့နောက် သူက ချွန်းမြောင်ကို ကြည့်လိုက်၏။
'အာ့ ဒီလောက်ဆို ဘယ်လိုခံစားရလဲ'
များသောအားဖြင့် သနားစဖွယ်မျက်လုံးများသည် ယခု ညွှန်ပြနေသည့် ဦးတည်ရာထက် တစ်ဖက်သို့သွားကြလေသည်။
‘ဘတ်ချုန်း ဆရာတူအစ်ကို’
'မင်း အများကြီး ဖြတ်ကျော်ခဲ့ရတာပဲ ဒီနေ့ ဒီကိစ္စကို ငါပဲ ကိုင်တွယ်လိုက်မယ်'
ဘတ်ချုန်းက ဂျိုဂု၊ ယွန်းဂျွန်နှင့် ယူယီဆိုးတို့ကို ဦးဆောင်ပြီး ရှေ့ကို တိုးလာခဲ့သည်။
ထို့နောက် ပြောလိုက်၏။
“ဒီလောက် တိတ်ဆိတ်နေတဲ့ညကို မင်းက ဘယ်လိုများ နှောင့်ယှက်ရဲတာလဲ ဟွာဆန်း အပြင်ကလူတွေ ဝင်ခွင့်မရှိ…”
ဘတ်ချူန်းက သူ့ခေါင်းကို စောင်းလိုက်၏။
'အဲဒါ ဘာများလဲ'
သူ့စိတ်ထဲမှာ တစ်ခုခု အဆင်မပြေဖြစ်နေသလို ခံစားရသည်။
မဟုတ်သေးပါဘူး သူခိုးက...
‘တစ်ကိုယ်လုံး အနက်ရောင်ဝတ်စုံအပြည့်က...
"အဲ့-အဲ့ဒါ...အဲ့ဒါ"
'ဒီဝတ်စုံကို ငါ အကြိမ်ကြိမ် မြင်ဖူးခဲ့တာမလား’
'မဟုတ်ဘူးလေ အဲဒါ အရူးကောင်ပဲ'
'ဟွာဆန်းကို နောက်ကျော ဓားနဲ့ထိုးတာလား'
'မဟုတ်သေးဘူး နောက်ဆုံးတော့ သူ စိတ်လွတ်သွားတာများလား'
ဘတ်ချုန်းက သူတို့ရှေ့မှလူသည် ချွန်းမြောင်ဖြစ်နေသည်ကို သိလိုက်သည်နှင့် နောက်ပြန်ဆုတ်သွားလေသည်။
"ဆရာဦးလေး ဘာလို့...အဲ့ဒီကောင်စုတ်က ဘာလဲ"
ဂျိုဂုက အံ့ဩမင်တက်သွားပြီး တစ်ခုခုပြောဖို့လုပ်ပေမယ့် ယွန်းဂျွန်က သူ့ပါးစပ်ကို အုပ်ထားလိုက်လေသည်။
"အဲ့ဒါက လူမဟုတ်ဘူး...အဲ့ဒါ လူမဟုတ်ဘူး"
ယူယီဆိုးက အသံတိုးတိုးလေးနှင့် ပြောလိုက်၏။
'ဘာလို့ ဟိုအရူးက အဲ့ဒီနေရာမှာ ရှိနေရတာလဲ'
'သူရူးနေတာလား ငါတို့ သူ့ကို မတွေ့ရတာ ရက်အတော်ကြာနေပြီလေ ဒါကြောင့် ငါတို့အားလုံး အေးချမ်းနေခဲ့ကြတာကို မင်းက အခု ဘာလို့ ဒီလိုပေါ်လာရတာလဲ'
'အဲ့ဒီအရူးက သူခိုးလား'
'...သူက အိုးကို ခိုးခဲ့တာလား'
'ဒီလောက်စျေးပေါနေတာကို သူ့ကို တိုက်ခိုက်နေတာထက် သူလိုချင်တာကို ပေးပြီးတော့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတာက ပိုကောင်းဦးမယ်'
ဤသည်မှာ ဘတ်ချုန်း တွေးနေတာဖြစ်သည်။ သူတို့တွေက ဒီလိုအကြည့်များနှင့် ရင်းနှီးနေပြီး ၎င်းနှင့်ပတ်သက်သည့် ရင်းနှီးသောအရာတစ်ခုကို သတိထားမိခဲ့သော်လည်း တပည့်များကတော့ ချွန်းမြောင်မှန်း မမှတ်မိကြပေ။
'မင်း ဘာလို့ ထွက်မသွားတာလဲ အရူးရ’
'မင်း တော်တော် စောစောတည်းက ထွက်သွားလို့ရနိုင်တာကို ဒါဆို မင်းက ဘာလို့ဒီမှာ ရှိနေသေးတာလဲ’
'အို မြင့်မြတ်သော ကောင်းကင်ဘုံ'
'မင်း အလွန်အကျွံမဖြစ်အောင် လုပ်သင့်တယ် မင်းက ဒီလိုအခြေအနေထဲမှာ လာငြိနေရင် အခုကျ ငါတို့က ဘာတတ်နိုင်မှာလဲ'
စိတ်ရှုပ်နေသော ဘတ်ချုန်းက စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်လေသည်။
“အဲ့…အဲ့ဒါက သူခိုး… မဟုတ်ဘူး…သောက်ကျိုးနည်းသူခိုး…မဟုတ်ဘူး”
"အာ ဆရာတူအစ်ကို"
“ဘာ-ဘာမှမဟုတ်ပါဘူး….”
တခြားတပည့်များက စိတ်ရှုပ်နေလည်း ကိစ္စတော့မရှိပေ။ ဘတ်ချုန်းက ချွန်းမြောင်ကို တစ်ချက်ကြည့်လိုက်၏။
'သွား'
'အာ'
'သွားတော့လို့ ပြောနေတယ်လေ အရူးရေ မြန်မြန်လေး'
'ဘာလဲ'
အကြည့်ချင်းဆုံတာကလည်း အလုပ်မဖြစ်ပါ။
'ငါလုပ်ပြီးပြီလေ ငါတို့အားလုံးပြီးပြီ'
ဘတ်ချုန်းက မအောင်မြင်လိုက်သော ကြိုးပမ်းမှုတွင် စိတ်ပျက်အားငယ်စွာ ညည်းတွားမိသောအခါ ယွန်းဂျွန်က သူ့အနားသို့ အမြန်သွားလေသည်။
'ငါတို့ ဘာလုပ်ကြမလဲ'
‘ငါတို့က ဘာလုပ်နိုင်မှာလဲ ဒီကောင်စုတ်လေးက ဘာလို့ ဒီလိုလုပ်နေတာလဲ’
‘သူ ဒီလိုလုပ်နေတာက တစ်ကြိမ်နှစ်ကြိမ် မဟုတ်တော့ဘူးလေ တစ်ခုခုတော့ ပြင်ထားရအောင်'
ယွန်းဂျွန်က ခေါင်းထဲမှ တွက်ချက်မှုများကို အမြန်အဆုံးသတ်လိုက်သည်။ ထွက်လာသည့် အကောင်းဆုံးနည်းလမ်းမှာ ချွန်းမြောင် လွတ်မြောက်နိုင်စေမည့် အကြောင်းပြချက်တစ်ခု ပြုလုပ်ရန်ဖြစ်သည်။
"မင်းက ငါ့ကို သည်းမခံနိုင်အောင် လုပ်နေတာပဲ"
ယွန်းဂျွန်က သူ့ဓားကို ဆွဲထုတ်လိုက်၏။
'ငါတို့တွေ ရန်ဖြစ်ဟန်ဆောင်လို့ရတယ် ပြီးတော့ ဓားကို အကြိမ်အနည်းငယ်လောက် လွှဲယမ်းပြီးရင် သူ ထွက်ပြေးလို့ရပြီပဲ’
'သူက ငတုံးမဟုတ်ပါဘူး ငါဟန်ဆောင်နေတာကို သူ သတိထားမိပါလိမ့်မယ်'
ယွန်းဂျွန်က နှောင့်နှေးမနေဘဲ ရှေ့ကို ပြေးဝင်လာလေသည်။
"တားးးး ကိုယ့်ကိုကိုယ် ပြင်ဆင်ထားလိုက် ချွ... မဟုတ်ဘူး သူခိုးကောင်"
သူပြေးလာသည့်တိုင် ချွန်းမြောင်က မျက်တောင်ခတ်၍ ကြည့်နေဆဲဖြစ်သည်။
'ချွန်းမြောင် ငါ ဓားကို လွှဲလိုက်တဲ့အချိန်မှာ မင်းက ထိမိသွားသလို ဟန်ဆောင်ပြီး ပျံပြေးရုံတင်လေ...
သို့သော် ယွန်းဂျွန်၏ မျက်လုံးမှတစ်ဆင့် ပေးပို့သည့် သတင်းစကားကလည်း ချွန်းမြောင်ဆီကို မရောက်ခဲ့ပေ။
ရုတ်တရက် တစ်ခုခုက သူ့မျက်နှာကို ချဉ်းကပ်လာခဲ့သည်။ ထို့နောက် ပို၍ကြီးလာပြီး နောက်တွင် လောကကြီးက မည်းမှောင်သွားလေသည်။
ယွန်းဂျွန်မှာ သူ့အနားချဉ်းကပ်လာသည်မှာ ချွန်းမြောင်၏လက်သီးဖြစ်ကြောင်း နောက်ကျမှ သိလိုက်ရပြီး ပြုံးပြလိုက်သည်။
'ခွေးကောင်'
"အားးးး"
ယွန်းဂျွန်က သူလာခဲ့သည့် အရှိန်၏နှစ်ဆနှင့် နောက်ပြန်ခုန်မိလေသည်။ မလှမ်းမကမ်းအကွာအဝေးတွင် မြေပြင်ပေါ်သို့ နောက်ပြန်ခုန်လိုက်မိသည်။
နောက်ပြီး မျက်နှာဖုံးတပ်ထားသည့် ချွန်းမြောင်က အော်လိုက်၏။
"ဓားဘယ်မှာလဲ မင်းကို ငါ သတ်မယ်"
“….”
ဤသရုပ်ဆောင်ချက်များကို မြင်လိုက်သည့် ဘတ်ချုန်းက ကောင်းကင်ကိုမော့ကြည့်ရင်း သက်ပြင်းချလိုက်၏။
'ဟာ...'
'ဒီည ကောင်းကင်ကြီးက ကြည်လင်နေတာပဲ'
ထိုအရာက သူ့ကို ငိုချင်အောင်လုပ်နိုင်ခဲ့သည်။
“ဟားဟားဟား ဒါဆိုလည်း ငါသွားတော့မယ် ဟွာဆန်းက တပည့်တွေ လိမ္မာကြနော် ဟားဟားဟား"
“…”
မျက်နှာဖုံးစွပ်ထားသောလူက အော်ဟစ်ပြီး လှည့်ထွက်သွားလေသည်။
"သူ-သူ့ကို ဖမ်းကြ"
"သူ့ကို အမီလိုက်ကြလေ"
အခြေအနေကို နားမလည်သေးသော ဟွာဆန်း၏ တပည့်များသည် သူ့နောက်သို့ လိုက်ကြလေသည်။
ဘတ်ချုန်းက ဂရုမစိုက်သလို ပြုံးလိုက်၏။
'မင်းကို သေစေချင်နေတာ'
'ဒါမှမဟုတ် ငါသေသွားရင်လည်း အဆင်ပြေသွားမှာပဲ’
'မင်းက လူယုတ်မာအဖျင်းကောင်ပဲ'