← Chapters

ကိုယ့်သင်္ချိုင်းကို ကိုယ်တူးခဲ့တယ်(၄)

Vol. 19 Ch. 254

ကိုယ့်သင်္ချိုင်းကို ကိုယ်တူးခဲ့တယ်(၄)

Vol. 19 Ch. 254

ဘတ်ချုန်းက ဝမ်းနည်းနေသော အမူအရာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ရာ လင်းလက်တောက်ပနေသော လရောင်ကို မြင်လိုက်ရသည်။

'သူ မသေသေးဘူးပဲ'

'နည်းနည်းလောက် သေလိုက်ပါလား'

ယူယီဆိုး၊ ဂျိုဂုနှင့် ယွန်းဂျွန်တို့လည်း ဟွာဆန်းဂိတ်တံခါးကို အလိုမကျစွာ ကြည့်လိုက်ကြသည်။

"လူသားတွေက လူသားဆန်ဆန် ပြုမူသင့်တာပေါ့"

“အာ သူ သူ့ကံကို တကယ် တွန်းအားပေးနေတာပဲ”

“ကိုယ့်အိမ်ကို လုယက်တဲ့ အရူးကို ဘယ်မှာများ တွေ့နိုင်ပါ့မလဲ”

“အဖြေကို မရှိတာ ဒါက ချီးရှုပ်နေတာပဲ”

သူတို့ခန္ဓာကိုယ်များကို အိတ်သွန်ဖာမှောက် လုပ်ခံလိုက်ရသလို ခံစားရ၏။

‘ငါတို့ ဒါကို အပြင်ကို ပြောမထွက်ဘူး ဒီစကားက ထွက်မလာဘူး'

ဒီအကြောင်းကို ဂိုဏ်းခေါင်းဆောင်ထံ အပြေးအလွှား သွားပြောပြလိုက်လျှင် အခြေအနေ ပိုဆိုးသွားလိမ့်မည်ဟု ခံစားမိသည်။ ထို့ကြောင့် သူတို့မှာ သတင်းအချက်အလက်များကို လက်ဝယ်ရှိထားသော်လည်း အပြစ်မကင်းဟု ခံစားနေကြရဆဲဖြစ်သည်။

သူတို့ရင်ထဲမှာပဲ ဒီအမှန်တရားကို သည်းခံအောင့်အည်းထားဖို့ကလွဲလို့ ရွေးချယ်စရာမရှိမှန်း သူတို့သဘောပေါက်ကြသည်။

ထိုအချိန်တွင် ခံ့ညားသော မျက်နှာနှင့် လူတစ်ယောက်က လျှောက်လာလေသည်။

"ချွန်းမြောင်"

တခြားတပည့်တွေက ဖြစ်ပျက်နေသမျှကို ရှင်းရှင်းလင်းလင်း မသိသောကြောင့် ချွန်းမြောင်ကို တွေ့သောအခါ သူ့ဆီသို့ အပြေးသွားကြလေသည်။

"တစ်ခုခုတော့ မကောင်းတာဖြစ်နေပြီ မနေ့က ဟွာဆန်းမှာ သူခိုးတစ်ယောက် ရောက်လာတယ် ငါတို့ရဲ့ သံအေးအိုးကြီး အခိုးခံလိုက်ရတယ်”

"ဘယ်လို"

ချွန်းမြောင်က ထိုစကားကိုကြားသောအခါ မျက်လုံးပြူးသွားလေသည်။

“အဲ့ဒီလို ကိစ္စမျိုး ဖြစ် ခဲ့ တာလား ...”

'ဟန်ဆောင်မနေစမ်းပါနဲ့ ငမိုက်သားရာ မင်းကိုကြည့်နေရတာကိုက ရှက်စရာပဲ'

သို့သော် ကံကောင်းထောက်မစွာနှင့် တခြားတပည့်များက ဒါကို သတိမထားမိကြပါ။

“သူက တော်တော်လေး သန်မာတယ် ယွန်းဂျွန်ဆရာတူအစ်ကိုတောင် တစ်ချက် ထိသွားပြီး ပစ်လဲသွားတာ”

“မင်းရဲ့ လေ့ကျင့်ရေးကို အလေးမထားလို့ ဒီလို ဖြစ်ခဲ့တာပဲ”

'မင်းခွေးလိုကောင်'

ယွန်းဂျွန်၏ မျက်နှာမှာ နီရဲလာသည်။

'လူတစ်ယောက်မှာ လူသားဆန်တဲ့ အသိဉာဏ်ရှိဖို့လိုတယ် ဒါပေမဲ့ လောကကြီးမှာ အခြေအနေတိုင်းကို သူ့အကျိုးရအောင် ကိုယ့်အသိစိတ်ကို ရောင်းစားမယ့်သူက ဘယ်မှာရှိမလဲ'

“အကြီးအကဲတွေက သူ့ကိုရှာနေတုန်းပဲ ဒါပေမယ့် သူ့ကိုဖမ်းဖို့က ခက်လောက်မယ်”

“အ ငါတို့လည်း မတတ်နိုင်ဘူးလေ အဲ့ဒီလောက်လွယ်ရင် သူ့ကို ဖမ်းမိနေလောက်ရောပေါ့”

'ငါတို့ သူ့ကို ဖမ်းမိခဲ့တယ်လေ'

'ဟုတ်တယ် ငါတို့ သူ့ကိုဖမ်းမိတယ်လေ အရူးရ'

ချွန်းမြောင်က ပခုံးတွန့်လိုက်လေသည်။

"ငါတို့ ဆုံးရှုံးခဲ့ပြီးသား အရာတွက် ဘာမှလုပ်လို့ မရဘူးလေ"

ထိုအချိန်တွင်

"ချွန်းမြောင် ဂိုဏ်းခေါင်းဆောင်က မင်းပြန်လာတာနဲ့ တွေ့ချင်တယ်လို့ ပြောလိုက်တယ်"

“ကောင်းပါပြီ”

ချွန်းမြောင်က ပြုံးပြီး ဂိုဏ်းခေါင်းဆောင်၏ နေအိမ်ဆီသို့ ဦးတည်သွားလေသည်။ ဘတ်ချုန်းကလည်း အခြားသူများနှင့်အတူ သူ့နောက်မှ လိုက်လာခဲ့သည်။

"...အသိတရား"

"ဘာလဲ"

ယွန်းဂျွန်၏ စကားကြောင့် ချွန်းမြောင်က သူပဲ ဘာမှမသိဟန်နှင့် တုံ့ပြန်လာသည်။

‘အား အဲ့ဒီအကြည့်က'

'ငါ့မှာ ဆန္ဒတစ်ခုရှိလားဆိုရင် ဒီကောင်ကို မျက်နှာပိတ်ရိုက်ချင်တာပဲ'

'သူ့ကိုသတ်ပြီး ငရဲပြည်ကို သွားရမယ်ဆိုလည်း မမှုတော့ဘူး'

“ကျွတ်”

ယွန်းဂျွန်က ညည်းညူလိုက်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်၏။

သူ့ဘေးနားရှိ ဘတ်ချုန်းက ခပ်အုပ်အုပ်ပြောလိုက်၏။

"ငါ ဂိုဏ်းချုပ်ကြီးကို အကြောင်းကြားလိုက်မယ်"

"စီနီယာအကို ဘာတွေပြောနေလဲ မသိတော့ဘူး ဘာလို့ အရမ်းတွေ ပူတတ်နေရတာလဲ သူ့ရဲ့အတွင်းဒဏ်ရာတွေကို ကုစားနေတဲ့လူအပေါ် ဘာလို့ဒီလိုဖြစ်နေရတာလဲ"

"အတွင်းဒဏ်ရာတွေ အတွင်းဒဏ်ရာတွေလား"

'အတွင်းဒဏ်ရာ ရနေတဲ့သူက ညဘက်ကြီးကို ဒီလိုပုံစံမျိုး ထွက်လာတယ်လား အနည်းဆုံးတော့ သိသာနေတာကို လိမ်ပြောမနဲ့လေ'

"ဘာပဲဖြစ်ဖြစ် ငါနဲ့ဘာမှမဆိုင်ဘူး ဒါကြောင့် ငါ့ကို မနှောင့်ယှက်နဲ့ ဒီလို ဆက်လုပ်နေမယ်ဆိုရင် အကြီးအကဲတွေကို ပြောရလိမ့်မယ် ဒါမှ ဆရာတူအစ်ကိုနဲ့ ဆရာဦးလေးကို အပြစ်ပေးခံရမှာ"

“…”

'ဘယ်သူက ဘယ်သူ့ကို အနှောင့်အယှက် ပေးနေတာမို့လဲ'

‘ဘယ်သူကလဲ'

“အား”

"ဆရာဦးလေး"

"ဆရာဦးလေး စိတ်အေးအေးထားပါ"

ဘတ်ချုန်းက ဒေါသ မထိန်းနိုင်တော့ဘဲ ချွန်းမြောင်ကို ခုန်အုပ်ချင်နေပေမဲ့ ဂျိုဂုနှင့် ယွန်းဂျွန်တို့က သူ့ဆီသို့ အပြေးလာပြီး ဘတ်ချုန်းကို တားရလေသည်။

ချွန်းမြောင်က တခစ်ခစ်ရယ်နေပြီး ဂိုဏ်းခေါင်းဆောင်၏ နေအိမ်ဆီသို့ သွားလေသည်။

"….ဟွာဆန်းက ဘယ်ကို ဦးတည်သွားနေတာလဲ"

ဘတ်ချုန်းက အဝေးကို လှမ်းကြည့်ရင်း အသံတိုးတိုးဖြင့် ပြောလိုက်၏။

"ဟုတ်သား မင်းရဲ့ခန္ဓာကိုယ်က အဆင်ပြေရဲ့လား"

“ဟုတ်ကဲ့”

"အိုး အိုး ဘုရားကျေးဇူးကြောင့်သာပဲ မနေ့ညက သတင်းဆိုးတွေကို ကြားပြီးကတည်းက စိတ်ပူနေတာ မင်းအကြောင်းကို မေးတော့မလို့ ပြီးတော့ သူတို့ မင်းနောက်ကို လိုက်လာမလားလို့ တွေးနေမိတာ ဒါပေမယ့် မင်းနေကောင်းနေတာ တွေ့တော့ စိတ်ချမ်းသာသွားပါပြီ"

"ဟီးဟီး အဲ့ဒီသူခိုးက ကျွန်တော် တစ်ချက်လောက် ရိုက်တာနဲ့ လဲကျသွားမှာပဲ"

“ဟုတ်တယ် ဒါအမှန်ပါပဲ”

ဟွမ်းဂျုံက ချွန်းမြောင်ကို အယုံကြည်ရဆုံးပဲဟူသော အကြည့်များနှင့် ကြည့်နေလေသည်။

“ဒါပေမယ့်…ဟို…ငါ မင်းကို မျက်နှာတောင် မပြရဲတော့ပါဘူး သူခိုးက ဒီလို ခိုးသွားနိုင်ခဲ့တာ ငါတို့ရဲ့သတိမရှိမှုကြောင့်ပါပဲ ငါတို့အားလုံးရဲ့ အမှားတွေပါပဲ"

“အာ ဘာတွေ ပြောနေတာလဲ ဘယ်သူမှ မထိခိုက်သွားတာ ဝမ်းသာရမှာလေ ပြီးတော့ အဲ့ဒီအိုးက သံအေးလေးပဲကို အဲဒါကို ပြန်ရနိုင်ပါတယ် ပစ္စည်းတွေက လူတွေထက် ပိုအရေးကြီးမှာတဲ့လား”

“အိုး”

"ချွန်းမြောင်"

“တာအိုကျင့်ကြံသူ…တာအိုသမားစစ်တစ်ယောက်ပဲ”

“ဟီးဟီးဟီး ဒါက ဘာမှမဟုတ်ပါဘူး ဟွာဆန်းရဲ့ တပည့်ဖြစ်နေမှတော့ ဒါက သဘာဝပါပဲ”

“မှန်တယ် ဟုတ်တယ် ချွန်းမြောင်"

ဟွမ်းဂျုံက ချွန်းမြောင်ကို ရွှင်မြူးနေသော မျက်နှာဖြင့် ကြည့်လိုက်သည်။ သို့သော် ဒီမြင်ကွင်းကို မုန်းတီးနေကြသည့် သူများလည်း ရှိနေပေသည်။

ဘတ်ချုန်း၏ ခန္ဓာကိုယ် တုန်ယင်နေချိန်တွင် ယွန်းဂျွန်က သူ့ပေါင်ကို ဆုပ်ကိုင်လိုက်၏။

‘ဆရာတူအစ်ကို ဒီလိုဖြစ်နေတာကို မုန်းမှန်း သိပါတယ် ဒါပေမယ့် ဒီနေရာမှာတော့ မဖြစ်ဘူးလေ’

“အားးး”

ဘတ်ချုန်းက အသက်ပြင်းပြင်းရှူလိုက်၏။

‘ငါ ဒီနေရာကို လုံးဝ မလာခဲ့ရမှာ ဒီလိုကြောက်စရာကောင်းတဲ့အရာကို မြင်ရဖို့ ငါ ဘာလို့များ ဒီမှာရှိနေရတာလဲ'

“ဒါပေမယ့် ဂိုဏ်းချုပ် ဒီကိစ္စက ကျွန်တော်တို့ ဒီအတိုင်း အလွယ်လေး ချန်ထားခဲ့လို့ရတဲ့ အရာမဟုတ်ပါဘူး”

"အမ်"

ဟွမ်းဆန်းက မျက်နှာထားတင်းတင်းဖြင့် ပြောလာ၏။

"အရင်ဆုံး တစ်ယောက်ယောက်က သံအေးအကြောင်း ကြားပြီးတော့ ဟွာဆန်းကို ရောက်လာခဲ့တယ်"

“အာ”

ဟွမ်းဂျုံက မျက်မှောင်ကြုတ်လိုက်လေသည်။

"ဆရာတူအစ်ကိုတွေရဲ့ စကားအရ မင်းဆိုလိုတာ ဟွာဆန်းကနေ သတင်းအချက် အလက်တွေ ပေါက်ကြားနေတယ်လို့ ပြောချင်တာလား"

“ကျွန်တော် ဆိုလိုချင်တာ အဲဒီလိုမဟုတ်ပါဘူး သူက ဟွာဆန်းအနားတစ်ဝိုက်ကို လာကြည့်ပြီးတော့ အိုးကို တွေ့သွားတာဖြစ်နိုင်တယ် ဒါပေမယ့် လူတစ်ယောက်ဟာ ကျွန်တော်တို့ရဲ့ တက်ရခက်တဲ့ ဟွာဆန်းပေါ်ကို တကယ် ရောက်လာခဲ့တယ် ဆိုတဲ့အချက်ကတော့ မပြောင်းလဲပါဘူး”

“အမ်”

ဟွမ်းယုန်က ခေါင်းညိတ်လိုက်လေသည်။

"တစ်နည်းပြောရရင် ဟွာဆန်းကို စပြီး သတိထားမိနေတဲ့သူတွေ ရှိနေတာကို ဆိုလိုနေတာပဲ"

"အဆုံးကျတော့ အဲ့ဒါက အမှန်တရားပဲ"

“တကယ်တော့ ကျွန်တော်တို့အတွက် အရာရာက အဆင်ပြေလွန်းနေခဲ့တယ်လေ ဟွာဆန်းက အခုဆို စီချွမ် ထန်မိသားစုနဲ့ မဟာမိတ်ဖွဲ့ထားပြီးတော့ သားရဲနန်းတော်နဲ့လည်း စပြီး ကုန်သွယ်နေပြီလေ မြန်ဆန်တဲ့ သတင်းအချက်အလက် စုဆောင်းရေး ဌာနတွေရှိတဲ့ နေရာတွေမှာ ဟွာဆန်းက ပြောင်းလဲနေပြီဆိုတာကို သိနေပြီးလောက်ပြီ”

“ပြီးတော့ တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ အဖြစ်အပျက်ကတည်းက…”

“ဟုတ်သား”

ဟွမ်းယုန်က ခေါင်းငြိမ့်ပြလိုက်သည်။

ဟွာဆန်းက ဖွံ့ဖြိုးလာတာ သေချာပေါက် ကောင်းပေမယ့် သူတို့၏ အဆင့်အတန်းများ မြင့်မားလာသည်နှင့် သူတို့အပေါ် လူတွေရဲ့သတိထားမှုတွေက တိုးလာပေလိမ့်မည်။

“ပထမဆုံးအနေနဲ့ ကလေးတွေက နည်းနည်း အဆင်မပြေဖြစ်လောက်ပေမယ့် အခုလောလောဆယ်တော့ ဒီလိုရှက်စရာ ကိစ္စတွေကို ထိန်းထားပြီး ပိုကောင်းတဲ့အစကို စတင်နိုင်မှာပါ”

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

ထိုစကားကို နားထောင်နေသည့် ချွန်းမြောင်က ပြုံးလိုက်၏။

'ဘာလဲဟ'

'မင်းတို့လို လူတွေက ဒီလိုပြောနိုင်တဲ့ အဆင့် မရှိသေးဘူးလေ'

'အဲ့ဒီ ညွတ်ကျနေတဲ့ ပုခုံးတွေနဲ့ မင်းတို့က ဘာလုပ်နိုင်မှာမို့လဲ'

'အာ့ ချစ်ဖို့ကောင်းလိုက်တဲ့ဟာတွေ ရွံဖို့ကောင်းလိုက်တဲ့ဟာတွေ’

အစကတော့ သူတို့ကို အမှန်အတိုင်းပြောဖို့ စိတ်ကူးထားခဲ့ပေမယ့် သူတို့တွေကိုကြည့်ရာ အရမ်း ချစ်စရာကောင်းနေသောကြောင့် သူတို့ကို ဒီအတိုင်းထားဖို့ ဆုံးဖြတ်လိုက်၏။

တကယ်တော့ သိရှိရှိနဲ့ ဂရုတစိုက်နေတာက မကောင်းတဲ့ ကိစ္စတော့မဟုတ်ပေ။ ယခုချိန်က ကိစ္စမရှိသေးလျှင်တောင် ဟွာဆန်းသည် မကြာမီတွင် အခြားဂိုဏ်းများ၏ ပစ်မှတ်ဖြစ်လာမည်မှာ သိသာပေသည်။

"ဒါကြောင့် ဒါက ပိုအရေးကြီးပါတယ်"

ဟွမ်ဆန်းက လှည့်ပြီး ချွန်းမြောင်ကို ကြည့်လိုက်၏။

“ချွန်းမြောင် မင်းခန္ဓာကိုယ်က အကုန်လုံး ပြန်ကောင်းသွားပြီလား"

“ဟုတ်ကဲ့”

"ဒါဆို မင်း အဲ့ဒါကို တကယ် ဖြတ်လို့ရနိုင်တယ်လား"

"ဟုတ်ကဲ့ ရပါတယ်"

“အမ်”

ဖုံးကွယ်၍မရနိုင်သော ဂုဏ်ယူဝံ့ကြွားနေဟန်သည် ဟွမ်ဆန်း၏မျက်နှာပေါ်တွင် ယိုလျှမ်းနေပေသည်။

‘ချွန်းမြောင်က သန်မာတယ်ဆိုတာ သိသားပဲ’

အရင်ကတည်းက အကြီးအကဲများသည် ချွန်းမြောင်ကို သူသိသမျှလူထဲတွင် အရည်အချင်းအရှိဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်ယူထားပြီးဖြစ်သည်။

ချွန်းမြောင်သည် ကမ္ဘာ့အတော်ဆုံးဟု ယာထားခံရသူဖြစ်သည့် တောင်စွန်းပိုင်းဂိုဏ်းမှ ဂျင်ဂွမ်ရုန်ကို အနိုင်ယူနိုင်ခဲ့သည်။

ဟွမ်ဆန်းက ချွန်းမြောင် ဂိုဏ်းထဲဝင်ပြီး တစ်နှစ်အတွင်းမှာပင် ‘ကျွန်တော် သူ့ကို မသင်ပေးနိုင်ဘူး သူ့ကို ဒီအတိုင်းထားလိုက်ရင် သူ့ဘာသာသူ ပိုသန်မာလာလိမ့်မယ် ဒါကြောင့် သူ့ကို တစ်ယောက်တည်း ထားလိုက်ပါ ဒါမှမဟုတ် သူ့ကို ကိုယ်တိုင်ပဲ သင်ပေးမှာလား'ဟု အန်ဂွန်း ပြောခဲ့သည့်စကားကို သတိရမိလိုက်သည်။

အခုတော့ ၂နှစ်ကျော်သွားခဲ့ပြီး ဝူတန်ဂိုဏ်း၏အကြီးအကဲနှင့် တိုက်ခဲ့သည်။ ယခုမူ သူက ထန်မိသားစု၏ အကြီးအကဲနှင့်ပင် တိုက်ခိုက်ခဲ့ပြီး သူ့ကိုလည်း အနိုင်ယူခဲ့သည်။

ထန်မိသားစုကို ယုံကြည်မှုအပြည့်နှင့် တိုက်ခိုက် အနိုင်ယူနိုင်သည့် အကြီးအကဲများ ဟွာဆန်းတွင် ရှိပါရဲ့လား။

တစ်နည်းဆိုရသော် ချွန်းမြောင်သည်ဟွာဆန်းတွင် အတော်ဆုံးဖြစ်သည်။

"မင်းရဲ့ အရည်အချင်းတွေက ကြောက်စရာကောင်းလောက်အောင်ပဲ"

"ဒါက ဟွာဆန်းရဲ့ သင်ပြမှုတွေကြောင့်ပါ"

“ဟီးဟီး အရမ်းနှိမ့်ချတတ်တာပဲ”

ချွန်းမြောင် ပြုံးလိုက်၏။

'မလိမ်ဘူးနော် ငါ လိမ်မပြောဘူး'

တကယ်တော့ ချွန်းမြောင် သန်မာရသည့် အကြောင်းရင်းမှာ ဟွာဆန်းကနေ သင်ယူခဲ့ရသည့် အရာများကြောင့်ဖြစ်သည်။ ဟုတ်ပါသည်။ တစ်ခုတည်းသော ခြားနားချက်ကတော့ လက်ရှိဟွာဆန်း မဟုတ်တာပင်။

သူ၏ တည်ငြိမ်နေသော စကားများကို ကြားလိုက်ရသောကြောင့် အကြီးအကဲများ၏ မျက်နှာပေါ်တွင် အပြုံးများ တည်မြဲနေလေသည်။ သူက မေးလိုက်၏။

"ဂိုဏ်းချုပ် အခု အဲ့ဒါကို သွား စစ်မသင့်ဘူးလား”

"ငါလည်း အဲ့ဒီလို တွေးမိပါတယ်"

ဟွမ်းဂျုံက အနည်းငယ် တုံ့ဆိုင်းသွားလေသည်။

ထိုနေရာသည် အခုအချိန်အထိ သူ မဖွင့်နိုင်သေးသည့် နေရာဖြစ်သည်။

ဟွာဆန်းတစ်ခုလုံး ကမောက်ကမ အခြေအနေ ဖြစ်နေချိန်တွင် မြေအောက် ကုန်လှောင်ရုံရှေ့တွင် သူ ဘယ်နှစ်ရက်လောက် မျက်ရည်ကျခဲ့ရတာ ဘယ်နှစ်ရက်တောင်လဲ။

သို့သော် ခုတ်ဖြတ်ရမည့်နေ့ကို ရောက်လာလိမ့်မည်ဟု သူ တစ်ခါမှ စိတ်မကူးခဲ့ဖူးပေ။ အကယ်၍ တစ်စုံတစ်ယောက်က အတွင်းထဲမှ ပစ္စည်းများကို မြင်ပြီး လောဘတက်လာပါက ဟွာဆန်းသည် တားမြစ်နိုင်ရန် စွမ်းအားမရှိခဲ့ပေ။

အိပ်မက်ထဲတွင်သာ မြင်နိုင်သော ရတနာများ....

သို့သော် တကယ်တမ်း ဖွင့်ရမည့် အချိန်ရောက်လာသောအခါ ပျော်တာထက် ပို၍ ကြောက်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ကုန်လှောင်ရုံထဲက ပစ္စည်းများမှာ သူလိုချင်သည့်အရာမဟုတ်မည်ကို စိုးရိမ်မိသောကြောင့်ဖြစ်သည်။

ဒါပေမယ့် ဟွမ်ဆန်းကတော့ ဒါကို နားမလည်ပေ။

“ဟုတ်တယ် ဒါဆို ကျွန်တော်တို့ သွားလို့ရမလား"

“ရတာပေါ့”

“ဟုတ်တယ် သွားရအောင်ပါ ဂိုဏ်းချုပ်”

"အမ် ငါ နားလည်ပါတယ်"

ဒါက နိမိတ်ပြယုဒ်ပင်။

ဟွမ်းဂျုံက ထရပ်လိုက်၏။ ထို့နောက် အခန်း၏ တစ်ဖက်ခြမ်းဆီသို့သွားကာ နံရံတွင် ချိတ်ထားသည့် စာလိပ်တစ်လိပ်ကို ဆွဲဖြုတ်၍ နံရံကို တွန်းလိုက်၏။

ဂါးးးးး

ပွတ်တိုက်သံနှင့်အတူ သူထိလိုက်သော အစိတ်အပိုင်းသည် အတွင်းဘက်သို့ တိုးဝင်သွားလေသည်။

"ဂိုဏ်း-ဂိုဏ်းချုပ် ကျွန်တော်တို့အားလုံးကို ပြလို့ရရဲ့လား"

“အထဲမှာ ဘာပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ အပြင်ကို သတင်း ထွက်လာမှာပဲလေ ဒီတော့ လမ်းကို ဘာလို့ ဝှက်ထားနေဦးမှာလဲ မင်းတို့ကိုလည်း ထပ်ပြီး လျှို့ဝှက်မထားချင်တော့ပါဘူး"

“ဂိုဏ်းချုပ်”

ဟွမ်းဂျုံက နှောင့်နှေးမနေဘဲ လက်ကိုင်ကို အတွင်းသို့ ဆွဲလိုက်၏။

ထို့နောက် ကျွီခနဲမြည်အသံနှင့်အတူ ကြမ်းပြင်ကြီးက ဘေးဘက်သို့ ရွေ့သွားကာ လူတစ်ဦးစာလောက် ဝင်ဆံ့သည့် အဝင်ပေါက်တစ်ပေါက် ထွက်ပေါ်လာသည်။

"ကဲ သွားကြစို့"

“ဟုတ်ကဲ့”

အခန်းထဲတွင် ရှိနေသာလူအားလုံး ချက်ချင်း ထလိုက်ကြသည်။ သို့သော် ဘတ်ချုန်း၏အဖွဲ့ကတော့ ဝင်ရမလား မသေချာဘဲ တုံ့ဆိုင်းနေခဲ့သည်။

"အထဲဝင်လေ"

"ဂိုဏ်းချုပ် ကျွန်တော်တို့က…"

"မင်းတို့ကို မပြောခဲ့ဘူးလား ဟွာဆန်းမှာ နောက်ထပ်လျှို့ဝှက်ချက်တွေကို မထားချင်တော့ဘူးလို့ လာကြ"

ထိုစကားကို ကြားလိုက်သည့် ဘတ်ချုန်းက ခေါင်းညိတ်ပြလိုက်သည်။

"နားလည်ပါပြီ ဂိုဏ်းချုပ်"

သူတို့ ဆင်းလာသောအခါ ဝင်ပေါက်နှင့်မတူဘဲ အတော်လေးကျယ်ဝန်းသော စင်္ကြံလမ်းကိုတွေ့လိုက်ရသည်။

‘ငါ ကောင်းကောင်းလုပ်ခဲ့သားပဲ'

ချွန်းမြောင်က သူဖာထေးဖို့ ကြိုးစားထားခဲ့သည့် အပေါက်ကြီးကို မော့ကြည့်လိုက်၏။

“မှောင်နေတာပဲ”

“…အစတုန်းက စင်္ကြံလမ်းမှာ ညသုံးကျောက်မီးတိုင်တွေ ရှိတယ်”

"အဲ့ဒါတွေက ဘယ်ရောက်သွားတာလဲ"

"ငါတို့တွေ ပိုက်ဆံလိုနေခဲ့တာ မဟုတ်လား"

“…”

ဟွမ်းယုန်က ငြိမ်သွားလေသည်။

‘အာ...အဲ့ဒါတွေကို ရောင်းလို့ သူတို့တွေ ပိုက်ဆံရခဲ့တာကိုး’

သူသာသိခဲ့ရင် ချွေတာမိလောက်မှာဖြစ်သည်။

"ဟိုမှာ"

ခဏအကြာတွင် တံခါးကြီးတစ်ခုက ပေါ်လာခဲ့သည်။

"ဒီ..."

“ဟုတ်တယ် ဒါက ဟွာဆန်းက ဂိုဏ်းချုပ်တွေကို မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းပေးခဲ့တဲ့ဟာပဲ”

“အိုး”

ဟွမ်းယုန်က မျက်မှောင်ကြုတ်ကာ တံခါးကို ကြည့်လိုက်၏။ မျဉ်းကြောင်းများစွာပါသော တံခါးသည် သူ့အတွက် ထူးဆန်းသောခံစားချက်ကို ဖြစ်လာစေသည်။

"အရင်ဆုံး တံခါးကို ဘယ်လိုဖွင့်ကြမလဲ"

“အင်း တိကျသေချာတဲ့ သိုင်းပညာတစ်ခုခုကို သုံးမယ်ဆိုရင် အဲဒါကို ဖွင့်လို့ရမယ်ထင်တယ်”

“…အဲဒါဆို အဲ့ဒီသိုင်းကို သင်ထားမှဖြစ်မှာပေါ့”

“ဘယ်တစ်ခုလဲတော့ မသိဘူး ဒါပေမယ့် အဲဒီထဲမှာ ရှိနေမှာပဲ”

ထိုစကားများ ထွက်ကျလာသည်နှင့်တစ်ပြိုင်နက် လူတိုင်းက ချွန်းမြောင်ကို ကြည့်ကြလေသည်။

သူတို့တွေ ပုံမှန်နည်းလမ်းအတိုင်းတော့ မဖွင့်နိုင်ကြပေ။ ထို့ကြောင့် အခု ဒီကိစ္စကို ချွန်းမြောင်ဆီ လွှဲပေးရမှာ ဖြစ်သည်။

"အားလုံးက ကျွန်တော့်ကို အဲ့ဒီလိုမျိုး ကြည့်နေကြရင် နည်းနည်းတော့ ရှက်မိတာပေါ့"

ချွန်းမြောင်က သူနှင့် လုံးဝ မအပ်စပ်သည့် စကားလုံးများကို ပြောပြီး သူ့ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်၏။

ချွန်းမြောင်က အသက်ကို ပြင်းပြင်းရှူရင်း ဓားကို မြှောက်လိုက်ပြီး တံခါးမကြီးကို မျက်နှာမူလိုက်၏။

'ခက်ခဲသလို ဟန်ဆောင်လိုက်ရမလားပဲ'

ဘယ်လောက်ပဲ ပါးလွှာသည်ဟု စဉ်းစားပါစေ သူကတော့ ချက်ချင်း ဖြတ်ပစ်လိုက်နိုင်ပေမယ့် အဲ့ဒီလိုဆို အရမ်းများသွားမှာမလား။ ကြိုးကြိုးစားစား အားထုတ်ထားသလိုမျိုးဖြစ်အောင် နှစ်ခါလောက်တော့ ခုတ်ပေးရမည်။

'ဟီးဟီး'

“နောက်ဆုတ်နေကြပါ”

“ကောင်းပါပြီ”

"ကျေးဇူးပြုပြီး ကောင်းကောင်းလုပ်ပါ"

အကြီးအကဲများက အမြန် ဆုတ်သွားကြသောအခါ ချွန်းမြောင်က တံခါးကို ညှို့မှိုင်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

'တံခါးပေါ်က မျဉ်းကြောင်းတွေက နောက်ပိုင်းကျ အသုံးဝင်လာဦးမှာမို့ ဒီအတိုင်း ထားခဲ့လိုက်မယ် ငါ အဲ့ဒီနားတစ်ဝိုက်ကိုပဲ ဖြတ်မယ်'

ချွန်းမြောင်က ပြုံးပြီး သူ့ဓားကို မြှောက်လိုက်၏။

“အိုး”

"ဓားက"

"တော်တယ် တော်တယ်”

နှောင့်နှေးမနေဘဲ ချွန်းမြောင်က တံခါးကို ဓားနှင့် ထိုးလိုက်၏။

ပထမတော့ အလျားလိုက်ပဲ ဖြတ်တာပေါ့။

"အာ"

‘ခွမ်း'

‘ဝှစ်မဟုတ်ဘဲ ခွမ်းလား'

ချွန်းမြောင်မှာ မျက်လုံး ပြူးသွားလေသည်။ သူ၏ဓားသည် နံရံကို ထိသွားလေသည်။

"အမ်"

'ဘာလို့ ဖြတ်လို့မရတာလဲ’

သူက ခပ်တိုးတိုး ပြောပြီး ဓားကို ဆွဲထုတ်လိုက်၏။ အက်ကွဲရာ အနီးသို့ ရောက်သည်နှင့် သူ၏မျက်လုံးများ တုန်လှုပ်သွားခဲ့သည်။

“…မဟုတ်ဘူး ဒီလူကတော့ မင်း ဘာလို့ တံခါးကို ဒီလောက်ထူအောင် လုပ်ခဲ့ရတာလဲ”

"ဘယ်လို"

“အာ…ဘာမှမဟုတ်ဘူး ဘာမှမဟုတ်ဘူးရယ်”

ချွန်းမြောင်မှာ မျက်နှာ ပျက်သွားလေသည်။

'ဘာလို့ နံရံတွေ မျက်နှာကျက်နဲ့ ကြမ်းပြင်ကို ပါးပါးလေး လုပ်ထားပေမယ့် တံခါးကျမှ ဒီလောက်ထူနေတာလဲ အတွေးတိမ်တဲ့ လူတွေကတော့ မင်းရဲ့ဦးနှောက်က ဘာဖြစ်နေတာလဲ'

အမှန်တော့ ဒါက ဝင်ပေါက်ဖြစ်နေတာကြောင့် အရှေ့ဘက်က ထူနေတာဖြစ်သည်။ သို့သော် အခု ချွန်းမြောင်မှာ အဲ့ဒီအကြောင်းကို စဉ်းစားဖို့ အချိန်မရှိခဲ့ပေ။

'ငါတို့ ဘေးဘက်က လာခဲ့ရင်တော့ ပိုလွယ်လောက်မှာ'

ဒီလို ဖြစ်လာမယ်မှန်း သူသိခဲ့လျှင် သူတစ်ယောက်တည်းပဲ ဖွင့်ခဲ့ပေလိမ့်မည်။

ခုတော့ သူ့ကိုကြည့်နေသည့် မျက်လုံးတွေက အရမ်းများနေချေပြီ။

"ခက်ခဲနေလို့လား"

ဟွမ်းဂျုံက ဝမ်းနည်းနေသည့် မျက်နှာနှင့် မေးလိုက်၏။

ချွန်းမြောင်က ဘာမှ မလုပ်နိုင်ဘဲ ညည်းတွားရုံသာတတ်နိုင်တော့သည်။

“အား…မဟုတ်ပါဘူး လုပ်နိုင်ပါတယ်”

“ဟုတ်တယ် ချွန်းမြောင်ပဲလေ အားပေးကြလေ”

တဖန် ဓားကို ပြန်ကိုင်ကာ အသက်ကို ပြင်းပြင်းရှူလိုက်၏။

"အာ တကယ်ပါပဲ"

'ငါ့အတွက်ဆို ဘာတစ်ခု လွယ်လွယ်ကူကူ ဖြစ်မလာဘူး တစ်ခုလေးတောင်မှပဲ'

"အားးးးး"

"အ ငါ စိတ်တိုလာပြီနော်"

ချွန်းမြောင်က သူ့ဓားကို အမှတ်တမဲ့ လွှဲယမ်းလိုက်လေသည်။ တစ်ချက်တည်းနှင့် မခုတ်နိုင်လျှင် အကြိမ် တစ်ရာ အကြိမ် တစ်ထောင် ခုတ်ဖြတ်ပစ်မည်။ ဒီလို လွှဲယမ်းခုတ်ထစ်မှုများနှင့် ဒါကို ခုတ်ဖို့က လွယ်မှာ မဟုတ်ပေ။

"ဘာတစ်ခုလေးမှ အကူအညီမရဘူး သောက်ကျိုးနည်းကောင်"

'ဒါကိုတွေ့လား ငါ မင်းကို လာဖမ်းမယ် ငါဖမ်းပြမယ် ဘာလဲ ငါမဝင်နိုင်ဘူး ထင်လို့လား ငါက ငရဲက လွတ်ပြီး မင်းကို ဒုက္ခပေးဖို့ လာခဲ့မယ်'

ချွန်းမြောင်က ဒေါသတွေထွက်ပြီး စကားတွေကို ဆက်တိုက်ပြောနေခဲ့သည်။

'နည်းနည်းလောက်လေးပဲ'

“ကျွတ်”

ကျွီ

ခဏအကြာတွင် ချွန်းမြောင်က တစ်ဖက်သို့ လဲကျသွားပြီး တိတိပပ ခုတ်ဖြတ်ခံထားသော တံခါးသည် ပြိုကျသွားလေသည်။

ဘန်း

“အိုး”

“ပွင့်သွားပြီ”

"ချွန်းမြောင် မင်းက မယုံနိုင်စရာ တာဝန်မျိးကို လုပ်ခဲ့တာပဲ မင်း တကယ်ကို အလုပ်ကြိုးစားခဲ့ပါတယ်"

ချွေးတွေရွှဲနေသည့် ချွန်းမြောင်က မျက်နှာကျက်ကိုကြည့်ရင်း တစ်စုံတစ်ခုကို တီးတိုးပြောနေခဲ့သည်။ သူ၏ပင့်သက်ရှိုက်သံများက ခန်းမထဲတွင် ပဲ့တင်ထပ်သွားလေသည်။

“အာ…ဆရာတူအကိုက ဒီလိုမျိုး လက်စားချေလိုက်တာပဲ”

'ဂိုဏ်းခေါင်းဆောင် ဆရာတူအစ်ကို အကျင့်ယုတ်တဲ့ လူဆိုးကြီး'

All Chapters