← Chapters

ဘာကို ဖွင့်လိုက်တာလဲ(၂)

Vol. 19 Ch. 257

ဘာကို ဖွင့်လိုက်တာလဲ(၂)

Vol. 19 Ch. 257

"ကျွတ် ကျွတ် လွတ်စမ်းပါ"

"အဲ့ဒါ ဘယ်နေရာမှာလဲ"

"ငါ့ကို လွှတ်ပေး ကောင်စုတ်လေး ငါဒီမှာသေတော့မယ်"

“အာ”

ချွန်းမြောင်က ဟုန်ဒယ်ကွမ်၏ လည်ပင်းကို ဆုပ်ကိုင်ထားသည့် လက်ကို လွှတ်ပေးလိုက်၏။ မကြာခင်မှာပင် ဟုန်ဒယ်ကွမ်က သေလုမတတ် အထပ်ထပ်အခါ ချောင်းဆိုးပြီး ထိုင်နေလေသည်။

"မင်းလူယုတ်မာ စာနာမှုလေး လေးစားမှုလေး မရှိဘူးလား ငါမင်းထက် ဆယ်နှစ်ကျော်အောင် ထမင်းပိုစားလာတာကွ ဒါကြောင့် နည်းနည်းပါးပါး လေးစားပြစမ်းပါဦး”

"အသက်အရွယ် အယူအဆကို ရောက်သွားမစမ်းပါနဲ့"

“အားး”

ချွန်းမြောင်က ဟုန်ဒယ်ကွမ်တစ်ယောက် ခက်ခက်ခဲခဲ အသက်ရှူနေရပြီး အော်ဟစ်နေသည်ကို မြင်လိုက်ရသည်နှင့် ဒေါသကို ထိန်းမထားနိုင်တော့ဘဲ သူ့လျှာသူ မထိတထိ ကိုက်လိုက်၏။

'ဒီလိုကောင်စုတ်လေးတွေဆီက ကလေးလို ဆက်ဆံခံရတာ မယုံနိုင်စရာပဲ'

‘ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်မှန်ပဲ'

ချွန်းမြောင်သာ မူလဘဝမှာ ရှိနေခဲ့လျှင် သူတို့၏ဘိုးဘေးဖြစ်လောက်သည်အထိ အသက်ကြီးနေပြီဖြစ်သော်လည်း……ယခုတော့ ထိုအကြောင်းကို ထည့်ပြောခြင်းက အသုံးမဝင်တော့ပေ။

"ဘာပဲဖြစ်ဖြစ် အဲ့ဒီလူယုတ်မာတွေ ဘယ်မှာလဲ အဲ့ဒီလူယုတ်မာတွေက ငါတို့ ဟွာဆန်းကနေ ထွက်သွားခဲ့တာ မဟုတ်လား”

"ဒီသတင်းက ပူပူနွေးနွေးရှိသေးတာနော် အခုလေးတင်ပဲ ရလာခဲ့တာ အပြည့်အစုံ သိရဖို့တော့ ရက် နည်းနည်းလောက် ကြာလောက်ဦးမယ်”

"အမ်"

‘သူတို့တွေ ဟွာဆန်းကို လွမ်းနေမလား ကြည့်ရတာပေါ့'

‘အဲ့ဒီလိုသာ ဖြစ်ခဲ့ရင် ငါ ရှောင်လင်ဂိုဏ်းချုပ်ရဲ့ခေါင်းမှာ ပြောင် ဆိုတဲ့ စကားလုံးကို ရေးပစ်လိုက်မယ်’

“အခု ဟွာဆန်း တိုးတက်လာတဲ့အကြောင်းကို မသိတဲ့သူရှိလား အထူးသဖြင့် ဒီနေရာမှာ…”

ဗလုံးဗထွေး ပြောနေခဲ့သော ဟုန်ဒယ်ကွမ်က ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်ပြီး တိတ်ဆိတ်သွား၏။ ချွန်းမြောင်က ပြန်မေးလိုက်လေသည်။

"အဲဒါဘာကိုလဲ"

“… ငါစဉ်းစားနေတာ”

"အမ်"

ဟုန်ဒယ်ကွမ်၏အမူအရာသည် ယခင်ကထက် ပိုမိုလေးနက်လာခဲ့သည်။

“အဲဒါ… ရှောင်လင်ဂိုဏ်းက တကယ်တော့ ပြင်ပလောကကို ဂရုမစိုက်ကြဘူး…ပြီးတော့…သူတို့က အရှေ့ဘက်ပိုင်းမှာ မဟုတ်ဘူးလား”

"ဟုတ်သား"

"အ-အင်း ဒါဆို ဟွာဆန်း တိုးတက်လာတဲ့အကြောင်းကို သူတို့တွေ မသိနိုင်လောက်ဘူးမလား"

"...ဘယ်လိုပေါက်တက်ကရတွေလဲ"

“မ-မဟုတ်ဘူးလေ ဒီတော့…ရှောင်လင်က ဟွာဆန်းကို ပျက်ဆီးနေဆဲ ဂိုဏ်းတစ်ဂိုဏ်းလို့ ထင်ကောင်းထင်ပြီး သဝဏ်လွှာကို မပို့ဖြစ်လောက်…”

သူက ဆက်ပြောလေလေ ချွန်းမြောင်၏အမူအရာက ပိုတင်းမာလာလေသည်။

ချွန်းမြောင်၏မျက်နှာ နီမြန်းလာပြီး ဟုန်ဒယ်ကွမ်မှာ သူ့နှုတ်ခမ်းသူ ကိုက်နေမိသည်။

မထင်မှတ်ထားလောက်အောင် ချွန်းမြောင်က ပါးစပ်ထဲကနေ မီးစများ အန်ထုတ်လိုက်၏။

"လူယုတ်မာတွေ...ဟွာဆန်းကို ဘယ်လိုများ လျစ်လျူရှုထားရဲကြတာလဲ"

"စိတ်-စိတ်အေးအေးထားပါ ဟွာဆန်းရဲ့ နတ်နဂါး”

"မဟုတ်သေးဘူး အဲ့ဒီလူယုတ်မာတွေက ဘယ်အချိန်ကတည်းက ဒီလောက် အဆင့်မြင့်ပြီး တန်ခိုးကြီးချင်ယောင် ဆောင်နေခဲ့တာလဲ"

'ဟွာဆန်းရဲ့ နတ်နဂါး'

''ရှောင်လင်ဂိုဏ်းက သူ့ဘာသူကို နေရာကောင်းတစ်ခုပါ ကျေးဇူးပြုပြီး စဉ်းစားပါဦး'

"ပေါက်ကရတွေ လျှောက်ပြောနေ"

"ဒါဆို ဘာဖြစ်လို့လဲ"

ချွန်းမြောင်က မျက်စောင်းထိုးလိုက်၏။

"ကျွန်တော် စဉ်းစားနေတယ်"

'ဒါပေမဲ့ စဉ်းစားနေတဲ့ပုံလည်း မပေါ်ဘဲနဲ့ မင်း အဖြေတစ်ခုကို စဉ်းစားပြီးသား ထင်ပါတယ်'

"ဘာ-ဘာတွေ တွေးနေတာလဲ"

“အရေးမကြီးပါဘူး ကျွန်တော်တို့ ရှောင်လင်ဂိုဏ်းကို သွားပြီး အရှုပ်တော်ပုံ ကစားပွဲတစ်ခုလောက် ကစားကြမလား…ဒါမှမဟုတ် သဝဏ်လွှာတစ်စောင် ရထားတဲ့ တခြားဂိုဏ်းကို သွားပြီး တလေးတစားနဲ့ သိမ်းယူလိုက်ရမလား”

“….”

ဘယ်တစ်ခုကမှ အကြံဉာဏ်ကောင်း ဖြစ်ပုံမပေါ်ပေ။

'ဒါက တာအိုကျင့်ကြံသူတစ်ယောက်ရဲ့ အတွေးအခေါ်မျိုးလား'

တာအိုကျင့်ကြံသူများသည် နေ့တိုင်း ဘုရားသခင်အသစ်ကို ရှာဖွေရမည့် အခြေအနေများကို ရင်ဆိုင်နေကြရသည်ဟု ဆိုကြသည်။ သို့သော် ဟုန်ဒယ်ကွမ်သည် သူနှင့်ချွန်းမြောင်တို့ တစ်ခါတစ်ခါ တွေ့ဆုံလိုက်တိုင်း တိုးတက်မှုအသစ်မရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။

“…ရှောင်လင်ဂိုဏ်းက ဝေးလွန်းတယ် ဟုတ်သား တောင်စွန်းပိုင်းဂိုဏ်း အဲ့ဒီကောင်တွေကို ကျွန်တော် သဘောကျတယ် ကျွန်တော်တို့ သူတို့ကို ယဉ်ယဉ်ကျေးကျေး ပြောပြီး သူတို့ရဲ့ သဝဏ်လွှာကိုယူလိုက်ရင် ကောင်းမှာပဲ”

'ဒါဆို မင်းရဲ့ လက်သီးတွေကို ဘာလို့ တင်းတင်းကျပ်ကျပ် ဆုပ်ထားရတာလဲ’

ထိုအချိန်တွင် ဟုန်ဒယ်ကွမ်၏ စိုးရိမ်စိတ်များမှာ တစတစ ကြီးထွားလာခဲ့သည်။

'ဟွာဆန်းကို ဂိုဏ်းကြီးကိုးဂိုဏ်းထဲ ပြန်သွင်းတာက တကယ်ပဲ ကောင်းတဲ့အရာမို့လား’

'ဒီကောင်က အဲဒါတွေအားလုံးရဲ့ ချက်အချာ ဖြစ်လိမ့်မယ်'

'နတ်ဆိုးဂိုဏ်းက အုပ်ချုပ်နေတဲ့ လောကကြီးထက် ဒီအရူးကောင် ဦးဆောင်နေတဲ့ ဟွာဆန်းက အုပ်ချုပ်တာ ပိုမကောင်းဘူးလား'

ထိုအချိန်တွင် ချွန်းမြောင်က ခေါင်းယမ်းလိုက်ရာ ဟုန်ဒယ်ကွမ်ပင် လန့်သွားလေသည်။

"သဝဏ်လွှာက တောင်စွန်းပိုင်းဂိုဏ်းထဲ ရောက်သွားပြီလား"

"စိတ် အေးအေးထားပါဦး ဟွာဆန်းရဲ့ နတ်နဂါး ကမ္ဘာကြီးက ဒီလောက် မြန်မြန်မပြောင်းလဲပါဘူး"

“မဟုတ်ဘူး အခုက"

“ရှောင်လင် မူယင်ပြိုင်ပွဲကို ရှောင်လင်ဂိုဏ်းက ကျင်းပနေတာ မဟုတ်ဘူးလား ပြင်ဖို့ဆင်ဖို့အတွက်ဆို အနည်းဆုံး သုံးလလောက် အချိန်ယူရမှာလေ ပြီးတော့ အခု ရောက်မလာဘူးဆိုရင်တောင် ငါတို့ အနည်းဆုံး တစ်ပတ်လောက်တော့ စောင့်သင့်တာပေါ့”

“အမ်”

သူက သဘောမကျသလိုမျိုး မျက်မှောင်ကြုတ်လိုက်၏။

အဆုံးတွင်တော့ ချွန်းမြောင်အတွက် စိတ်ရင်းနှင့် ပြောလိုက်တာဖြစ်၏။ ဟုန်ဒယ်ကွမ်က ပြောလိုက်၏။

"ပြီးတော့ ဟွာဆန်းဆီကို သဝဏ်လွှာရောက်မလာရင် ကျွန်တော့်ဂိုဏ်းက အကြီးအကဲတွေကို ပြောပြီး တစ်စောင်တော့ ရအောင်ယူပြမယ်"

သို့သော် ဤသည်က သူ့ကို ချွန်းမြောင်အား သံသယဝင်လာစေခဲ့သည်။

"လူကြီးမင်းကရော"

"... မင်း ဘာတွေ တွေးနေတာလဲ"

"...သူဖုန်းစားတစ်ယောက်"

“…”

‘အာ...ဟုတ်တယ် သူဖုန်းစားက...'

"ငါက ဌာနခွဲက ခေါင်းဆောင်လေ ငါ့မှာ အကြံဉာဏ် ပေးပိုင်ခွင့်ရှိပါတယ်”

“ဟင်းးးးဒါပေမယ့် ကျွန်တော် ဒါကို မယုံနိုင်ဘူး”

"ကျွတ်"

ဟုန်ဒယ်ကွမ်၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နေလေသည်။

'ငါက ဘာလို့ ဟွာအန်းကို လာခဲ့မိတာလဲ'

သူသာ လော့ယန်မှာနေခဲ့လျှင် ဒီလိုဝမ်းနည်းစရာအခြေအနေမျိုးကို ဖြတ်သန်းရမှာမဟုတ်ပေ။ ဂုဏ်သရေရှိမှုအချို့ကို ခံစားလိုသောကြောင့် အစာရေစာ ငတ်မွတ်နေသော သူတောင်းစားကဲ့သို့ ဆက်ဆံခံနေရပေသည်။

'ဒီကောင်စုတ်လေးတော့'

"ဘာပဲဖြစ်ဖြစ် နောက်ထပ် နှစ်ရက်လောက်လေး စောင့်နေပေးပါ သဝဏ်လွှာ ရောက်လာပါလိမ့်မယ်"

"ကျွန်တော် နားလည်ပါပြီ"

ချွန်းမြောင်က ခေါင်းညိတ်လိုက်၏။

"ဒါဆို အားလုံးပြီးပြီလား"

ဟုန်ဒယ်ကွမ်က သက်ပြင်းချလိုက်၏။

သူ့ဘေးမှာနေရတာက အကျိုးအမြတ် ရှိသည်ဟု ပြောလို့ရပေမယ့် သူ အသုံးချလို့ ပြီးသွားသောအခါ ချက်ချင်း စွန့်ပစ်ခံလိုက်ရသည်နှင့် တူပေသည်။

အရင်ဆုံး သူ ဒီနေရာကနေ ထွက်သွားရဦးမည်...

"အာ ဟုတ်တယ်"

"အာ"

ချွန်းမြောင်က ဟုန်ဒယ်ကွမ်ကို သူ တစ်ခုခုကို သတိရသွားသလိုမျိုး ကြည့်နေလေသည်။

“စဉ်းစားကြည့်မှ ဖမ်းခိုင်းထားတဲ့ သူတောင်းစားရော ဘာဖြစ်သွားပြီလဲ ခင်ဗျား သူ့ကို ဖမ်းမိရဲ့လား"

“….”

ဟုန်ဒယ်ကွမ်၏ မျက်လုံးများမှာ တုန်လှုပ်သွားလေသည်။

'ဝိုး..သူ ဒါကို မမေ့ဘူးလား'

'ဒါက ရောဂါကြောင့်ဖြစ်တဲ့ စိတ်စွဲလမ်းမှုနဲ့ ဆင်မတူလား'

"ငါ-ငါတို့ သူ့ကို ဖမ်းထားခဲ့တာ ဒါပေမယ့် မင်းက အဝေးကြီးကို ရောက်ခဲ့တာကြာတော့ ငါ သူ့ကို ပြန်ပို့မှဖြစ်မယ်လေ"

"ဘယ်လို သူတို့ကို ပြန်ပို့ဖို့ ဘယ်သူက ပြောခဲ့လို့လဲ”

"အဲ့-အဲ့ဒါက အခုအချိန်မှာတောင် အရေးကြီးနေလို့လား ပြီးတော့ သူက ရှောင်လင်ဂိုဏ်းကို လာတာဖြစ်နိုင်တယ် ဒါကြောင့် မင်းရဲ့ကိစ္စကိုပဲ အာရုံစိုက်ပါ"

"ဒီသောက်ကျိုးနည်း သူဖုန်းစားက အရမ်း ကံကောင်းတာပဲ"

ချွန်းမြောင်က ဒေါသထွက်နေလေသည်။ သူ့မျက်လုံးတွေထဲကို ကြည့်လိုက်သောအခါ ဟုန်ဒယ်ကွမ်မှာ စိတ်ပူစပြုလာခဲ့သည်။

'ရှောင်လင် ဒါမှမဟုတ် တောင်ပိုင်းစွန်းဂိုဏ်းတွေ ဘာမှ မဖြစ်လောက်ပါဘူးနော် ဟုတ်တယ်မလား’

အထူးသဖြင့် တောင်စွန်းပိုင်းဂိုဏ်းက သူ့ကို ပိုပြီး စိုးရိမ်စေသည်...အဲဒီသနားစရာ လူယုတ်မာတွေကို ဒီနည်းနှင့် ဖြုတ်ချပစ်ပေလိမ့်မည်...

ကံကောင်းထောက်မစွာပင် တောင်စွန်းပိုင်း ဂိုဏ်းအတွက်တော့ သုံးရက်ကြာပြီးနောက် လူတစ်ဦးက ဟွာဆန်းသို့ ရောက်လာခဲ့သည်။

"မင်းက ရှောင်လင်ဂိုဏ်းကလို့ ပြောလိုက်တာလား"

“ဟုတ်ပါတယ် ဂိုဏ်းချုပ် ကျွန်တော်က ရှောင်လင်ဂိုဏ်းထဲက ဟယ်ဘန်းပါ”

"ဟွာဆန်းကနေ ကြိုဆိုပါတယ်"

ပေါ့ပေါ့ပါးပါး နှုတ်ဆက်ပြီးနောက် ဟွမ်းဂျုံက ဧည့်သည်ကို ကြည့်လိုက်လေသည်။

ဟွမ်းဂျုံ သူ၏ ရိတ်သင်ထားသော ခေါင်းနှင့် တည်ငြိမ်သော အမူအရာကို စူးစမ်းလေ့လာနေလေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်အင်္ကျီကို သတိထားမိလေသည်။ အားလုံးအတူတူ အလွန် အလေးအနက်ထားသောပတ်ဝန်းကျင်မျိုးကို ဖန်တီးပေးခဲ့သည်။

‘ရှောင်လင်ဂိုဏ်းကတော့ ထင်ထားတဲ့အတိုင်းပဲ’

ဒီလိုဂုဏ်သိက္ခာရှိတဲ့လူတွေကို သူတို့အတွက် တောက်တိုမယ်ရ လုပ်ပေးဖို့ ပြေးလွှားနေအောင်လုပ်နိုင်တာ ရှောင်လင်ဂိုဏ်းထဲမှာ လူဘယ်နှစ်ယောက်များ ရှိကြလဲ။

သို့သော် ဒါကို သူတို့တွေ ယုံကြည်မျှောင်လင့်ထားကြသည်။ ကန်ဟို၏ မြောက်ဘက်စွန်းဟု ခေါ်ဖို့ထိုက်သော နေရာတစ်နေရာဖြစ်သည်။

“ဟုတ်သား ရှောင်လင်ဂိုဏ်းက တပည့်တစ်ယောက်က ဟွာဆန်းကို ဘာအတွက်များ လာခဲ့တာပါလဲ"

မေးခွန်းများ တန်းစီမေးလာသည့်အချိန်၌ ဟယ်ဘန်း သူ၏အင်္ကျီလက်ထဲမှ သဝဏ်လွှာတစ်စောင်ကို ဆွဲထုတ်လိုက်၏။

"ဒါက ကျွန်တော်တို့ဂိုဏ်းချုပ်က ဟွာဆန်းရဲ့ဂိုဏ်းချုပ်ကို ပို့ပေးဖို့ တောင်းဆိုလိုက်တဲ့ သဝဏ်လွှာပါ"

"သဝဏ်လွှာ…"

ထိုသဝဏ်လွှာကို လက်ခံရရှိလိုက်သည့် ဟွမ်းဂျုံက ချက်ချင်း ဖွင့်၍ အတွင်းထဲကို ကြည့်လိုက်၏။

[ကမ္ဘာလုံးဆိုင်ရာ မူယင်ပြိုင်ပွဲ]

'ဒီလောက် ထူးဆန်းတဲ့ နာမည်နဲ့'

သို့သော် ရှောင်လင်ဂိုဏ်းမှ ဆင်းသက်လာသည့် အရာဖြစ်ပါက အကြောင်းအရာသည် မဆီလျော်တာမရှိတော့ပေ။

ဟွမ်းဂျုံက မျက်မှောင်ကြုတ်ပြီး ခေါက်ထားသော စာကိုဖွင့်လိုက်၏။ ထို့နောက် စာကို သူက ဖတ်ကြည့်လိုက်လေသည်။

စာကို လေးစားသမှု ရေးထားသော်လည်း အလားတူ သဝဏ်လွှာများကို အခြားနေရာများသို့လည်း ပေးပို့နေခဲ့တာဖြစ်နိုင်သည်။

"ဒါပေမယ့် ဝူတန်နဲ့ တောင်စွန်းပိုင်းက ဂိုဏ်းတွေက တခြားပုံစံတစ်မျိုးနဲ့ သဝဏ်လွှာတွေ ရခဲ့တာဖြစ်မယ်"

ဤသဝဏ်လွှာတစ်ခုတည်းဖြင့် ရှောင်လင်တွင် ဟွာဆန်းအား မည်သို့မည်ပုံ တွေးတောယူဆထားသည်ကို ပြောပြနိုင်သည်။

ဟွာဆန်းက သဝဏ်လွှာကိုရလို့ ဝမ်းသာသင့်သည်ဟု သူ ထင်ခဲ့မိပေမယ့် သူ၏ရင်တွင်းထဲက ခါးသီးမှုများကိုတော့ မဖျောက်ဖျက်နိုင်ခဲ့ပေ။

"ဒီ မူယင်ပြိုင်ပွဲက ဘာလဲ"

“ဂိုဏ်းတစ်ဂိုဏ်းချင်စီရဲ့ ဂိုဏ်းချုပ်တွေ စုဝေးဖို့ နေရာတစ်ခု ဖန်တီးဖို့ဆိုတာ ကျွန်တော် ကြားထားပါတယ် တစ်ချိန်တည်းမှာပဲ မူယင်မှာ ရှိတဲ့ လူတိုင်း မိတ်ဆွေဖွဲ့နိုင်ဖို့ရာ အတွက် ညီလာခံတစ်ခုကို ဦးစီးဦးဆောင် လုပ်ခဲ့တာ "

"ဒါဆို ဂိုဏ်းခေါင်းဆောင်တွေ ပါဝင်နေတာလား"

"ကျွန်တော်တို့က အဲ့ဒီလိုမျိုး လုပ်နိုင်ပါ့မလား တပည့်တွေအတွက် ပါဝင်ခွင့်ကို ကန့်သတ်ဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်”

‘ငါနားလည်ပြီ…’

ဟွမ်းဂျုံက ပါးနပ်သောအပြုံးနှင့် ဟယ်ဘန်းကို လှမ်းကြည့်လိုက်သည်။

“ဒီလိုပွဲမျိုးက ကောင်းပါတယ် ဒါပေမယ့်… ဂိုဏ်းကြီးကိုးဂိုဏ်းကနေ တွန်းထုတ်ခံခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ဟွာဆန်းက ဒီမှာပါဝင်ဖို့ သင့်တော်နေတုန်းပဲလား”

“အော်မီတော်ဖု အဲဒါကို ဘယ်လိုများ ပြောနိုင်ရတာလဲ ဒီမုယင်ပြိုင်ပွဲက ဂိုဏ်းကြီးကိုးခုဂိုဏ်းတင် မဟုတ်ပါဘူး မိသားစုကြီးငါးစုနဲ့ တခြားအဓိက ဂိုဏ်းတွေလည်း ပါဝင်မှာပါ ကျေးဇူးပြုပြီး စိတ်မပူပါနဲ့”

“အာ”

သူပြောပြီးသည်နှင့် သူ့အနောက်မှ လှောင်ပြောင်သလို ကြားလိုက်ရသည်။

ထိုစကားကိုကြားသောအခါ ဟယ်ဘန်းက လှည့်ကြည့်လိုက်ရာ ခက်ထန်တင်းမာသော မျက်လုံးများနှင့် သူ့နောက်မှာ ထိုင်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုသူက နံရံကို နောက်ကျော မှီလျက်သားပင်။

'တော်တော်တော့ အသက်ငယ်မယ့်ပုံပဲ'

သို့သော် ရန်လိုနေသည့် အကြည့်မျိုးဖြစ်သည်။ ဟွာဆန်းသည် ဂိုဏ်းကြီးကိုးဂိုဏ်းမှ ဖယ်ထုတ်ခံရပြီး ထိုကိစ္စအတွက် ရှောင်လင်ဂိုဏ်းတွင် တာဝန်ရှိသည်မှာ ငြင်းဆို၍မရပေ။

ပြဿနာမှာ ဤနေရာသည် အခြားနေရာမဟုတ်ဘဲ ဟွာဆန်းဂိုဏ်းချုပ်၏ နေအိမ်ပဲဖြစ်သည်။

ရှောင်လင်မှ ဧည့်သည်တစ်ဦး ရောက်လာသောအခါ ဒီတပည့်လေး ဒီနေရာတွင် ရှိနေခဲ့သည်မှာ ထူးဆန်းသည်ဟု ခံစားမိသည်...ထို့ပြင် ထိုကဲ့သို့ သည်းမခံနိုင်သော သဘောထားမျိုးနှင့်ဆို။

ပို၍ထူးဆန်းသည်မှာ ဟွာဆန်းထဲရှိ အရွယ်ရောက်ပြီးသောသူ တစ်ယောက်ကမှ သူ့ကို တားဖို့ မကြိုးစားကြတာပင်။ ဂိုဏ်းချုပ်တောင်မှ နှုတ်ဆိတ်နေခဲ့သည်။

'ဒီလို ဂုဏ်သတင်းကြီးတဲ့ နာမည်တစ်ခုကို ဖြုန်းတီးပစ်လိုက်တာ'

ဟယ်ဘန်းက မျက်မှောင်ကြုတ်နေပြီး ဟွမ်းဂျုံက ပြောလာ၏။

“ဟုတ်သား ဒါကို ပြိုင်ပွဲတစ်ခုလို့ ခင်ဗျား ပြောလိုက်တယ်မလား"

“ဟုတ်ကဲ့”

"ပုံစံက ဘယ်လိုမျိုး ဖြစ်မှာလဲ ဂိုဏ်းပေါင်းစုံက တပည့်တွေအားလုံး ဝင်မှ မပါနိုင်တာ”

“ကျွန်တော်တို့ အဲ့ဒါကို လုပ်နိုင်ရင်တော့ ကောင်းတာပေါ့ ဒါပေမယ့် ဒါက လွယ်တဲ့ အလုပ်တော့ မဟုတ်ဘူးလေ ဒီတော့ ကျွန်တော်တို့တွေ အပြောင်းအလဲတွေ လုပ်ရမှာပေါ့”

"အပြောင်းအလဲတွေ"

"သဝဏ်လွှာရဲ့အရောင်ကို ဂိုဏ်းချုပ်မြင်ပါတယ်"

ဟွမ်းဂျုံက ငုံ့ကြည့်လိုက်သည်။

“…ငွေရောင်နဲ့တူတယ်”

“သဝဏ်လွှာမှာ လေးရောင်ရှိပါတယ် ပထမတစ်ခုကတော့ ပလက်တီနမ်ပါ ဒါကို စုစုပေါင်း ဂိုဏ်း၅၀လောက်က ရပါတယ် သူတို့က တပည့်အယောက်၂၀လောက်ကို ပါဝင်ဖို့ ခေါ်ဆောင်လာနိုင်ပါတယ်”

ဟွမ်းဂျုံက မျက်မှောင်ကြုတ်လိုက်၏။

“ရွှေရောင် သဝဏ်လွှာကို လက်ခံရရှိသူတွေမှာ ဂိုဏ်းသား အယောက်၄၀ ရှိပြီး အဲဒီထဲက ၁၅ ဦးက ပါဝင်မှာဖြစ်ပါတယ် ပြီးရင် ငွေရောင်သဝဏ်လွှာ လက်ခံရရှိတဲ့သူက ဂိုဏ်သားဦးရေ၃၀လောက်ရှိတဲ့ထဲက ၁၀ဦးက ပါဝင်နိုင်မှာပါ နောက်ဆုံးအနေနဲ့ ကြေးရောင်သဝဏ်လွှာကို လက်ခံရှိသူက ၁၂ ဦးကို ခေါ်ယူခွင့်ပြုပြီး အဲဒီအထဲက ၅ ဦးကသာ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိပါတယ်…”

"မဟုတ်သေးပါဘူး ဒီကောင်က ငါ့ကို လာနောက်နေတာလား"

"ချွန်းမြောင်"

"အို ဘုရား ကောင်စုတ်လေး သည်းခံ ချုပ်တည်းထားစမ်းပါ”

ချွန်းမြောင် စိတ်လွတ်သွားတာကို မျက်မြင်တွေ့လိုက်ရပြီး ဒီလိုမမျှော်လင့်ထားသည့် အခြေအနေမျိုးအတွက် ပြင်ဆင်နေသော အန်းတပည့်များက ချက်ချင်း သူ့ကို အုပ်၍ ဖိချကြလေသည်။

သို့သော် ချွန်းမြောင်ကတော့ ငြိမ်နေရမယ့်အစား ခွေးတစ်ကောင်လို အော်ဟစ်ဟိန်းဟောက်နေလေသည်။

"ငွေရောင် ငွေရောင် ငွေရောင်သဝဏ်လွှာလား ရွှေ တောင် မဟုတ်ဘူးပေါ့ မဟုတ်ဘူး အဲ့ဒီလူယုတ်မာတွေက ဟွာဆန်းကို လျစ်လျူရှုနေကြတာပဲ”

ဒီကလေး၏အရှိန်အဟုန်ကို ကြည့်ပြီး ဟယ်ဘန်းမှာ သတိမထားမိလိုက်ဘဲ ထိတ်လန့်သွားလေသည်။

'မဟုတ်သေးဘူး နေပါဦး’

'သူတို့က ချွန်းမြောင်လို့ ပြောလိုက်တာလား'

'ဟွာဆန်းရဲ့ နတ်နဂါးလား'

'ဒီလိုလူက ဘယ်လိုဖြစ်လို့...'

‘အခြေအနေနဲ့ အချိန်အခါအရ အလိုက်တသိမနေတတ်တဲ့ ဒီလိုအရူးကလား’

'ဒီလိုလူကို ကမ္ဘာပေါ်မှာ အတော်ဆုံးလို့ ခေါ်နေကြတာလား'

'ကန်ဟိုမှာရှိတဲ့ ကောလဟာလတွေကို ယုံလို့မရဘူးပဲ'

"ဒါ အဲဒါ"

“…”

“အဲဒီလို…မဟုတ်ပါဘူး ဘုန်းကြီးခင်ဗျ”

ဟယ်ဘန်းက ဟန်လုပ်ချောင်းဆိုးပြီး အခုလေးတင် သူအခေါ်ခံလိုက်ရတာကို မစဉ်းစားမိဖို့ ကြိုးစားနေလေသည်။

"မင်းငါ့ကိုခေါ်လိုက်တာလား"

"တောင်စွန်းပိုင်းဂိုဏ်းက ဘာကိုရခဲ့လဲ"

“…ဟင်”

"တောင်စွန်းပိုင်းဂိုဏ်းလေ သူတို့တွေက ဘယ်လိုသဝဏ်လွှာကို ရခဲ့လဲ"

“…ပလက်တီနမ်ပါ”

"မဟုတ်သေးပါဘူး ဒီတလင်းသားတွေတော့"

ချွန်းမြောင်က သူတို့အောက်တွင် လှုပ်လှုပ်ရွရွ ဖြစ်နေစဉ် အန်ဂွန်းနှင့် အန်အမ်တို့က သူ့ကို အောက်သို့ ဖိချထားကြသည်။

"ဝိုး စိတ်အေးအေးထားကြပါ စိတ်အေးအေးထားပါ"

"ချိုမြိန်လိုက်တာနော် တစ်ယောက်ယောက်က အချိုတွေ ယူလာပေးတော့လေ”

ချွန်းမြောင်က သူတို့အောက်မှ အော်ဟစ်နေလေသည်။

“အရှင်ဘုရား”

“…”

ဟယ်ဘန်းက ဒီနေရာတွင် တစ်ပါးတည်းသော ဘုန်းကြီးဖြစ်နေသော်လည်း

စကားမပြောသောဘဲ ခေါင်းညိတ်လိုက်၏။

"တောင်စွန်းပိုင်းဂိုဏ်းကို ဟွာဆန်းက ဖြုတ်ချသွားတာ ကြားတယ်မဟုတ်လား"

“သေချာတာပေါ့…တောင်စွန်းပိုင်းဂိုဏ်း ညီလာခံသတင်းတွေကို ကြားပါတယ်…”

"တောင်စွန်းပိုင်း-ဟွာဆန်းညီလာခံ"

"အ မဟုတ်ဘူး အဲဒါကို ဟွာဆန်း-တောင်စွန်းပိုင်း ညီလာခံလို့ခေါ်တယ်"

"ပြီးတော့"

"…ဘယ်အကြောင်းကို ပြောနေတာလဲ"

ချွန်းမြောင်က သူ့လျှာသူ မထိတထိ ကိုက်လိုက်၏။

"ဟွာဆန်းက တောင်စွန်းပိုင်းဂိုဏ်းထက် သာကြောင်းကို ရှင်းရှင်းလင်းလင်းကြီး သက်သေပြခဲ့ပြီးပြီလေ ဒါပေမဲ့ သူတို့က လူနှစ်ဆယ်ကို ပါဝင်စေလွှတ်ခွင့်ပြုတဲ့ ပလက်တီနမ် သဝဏ်လွှာတစ်စောင်ကို ရထားတုန်းပဲနော် ကျွန်တော်တို့ကျ လူဆယ်ယောက်ပဲ ခွင့်ပြုတဲ့ သဝဏ်လွှာတစ်စောင်ကို ရခဲ့တယ်"

“…”

ဟယ်ဘန်းက ထိုစကားကိုကြားသောအခါ နှုတ်ဆိတ်သွားလေသည်။ ကောင်လေးပြောတာ မှန်ပေသည်။ သူ့သဘောထားကို နည်းနည်းလေးတော့ မမျှော်လင့်ထားပေမယ့် ချွန်းမြောင် ပြောတာ မှန်နေသည်။

"ဒီသဝဏ်လွှာတွေ မပေးခင်မှာ စဉ်းတောင် မစဉ်းစားမိခဲ့ဘူး နည်းနည်းလောက် စဉ်းစားပါ ခင်ဗျားခေါင်း..မော့ မော့”

ဟွမ်းယုန်က ချွန်းမြောင်၏ ပါးစပ်ထဲသို့ ဆန်ကိတ်ကို ထိုးထည့်လိုက်၏။ ချွန်းမြောင်၏ ပါးစပ်ထဲတွင် နူးညံ့သော အရာတစ်ခုကို ခံစားလိုက်ရသဖြင့် အကြည့်များမှာ အနည်းငယ် ပျော့ပျောင်းသွားခဲ့သည်။ ထို့နောက် သူသည် ဆန်ကိတ်ကို ခဏကြာအောင် ဝါးလိုက်သည်။

“ဟုတ်သား လက်ဖက်ရည်သောက်…”

ဟွမ်းယုန်က ချွန်းမြောင်ရှေ့တွင် လက်ဖက်ရည်ကို ထားလိုက်ပြီး ဟွမ်းဂျုံကို တစ်ချက်ကြည့်လိုက်၏။ ဒါကိုမြင်သည့် ဟွမ်းဂျုံက ခေါင်းညိတ်ပြပြီး စကားစပြောလိုက်၏။

"အဲဒါက ရိုင်းစိုက်းတယ်လို့ ထင်ရပေမယ့် ဒီကလေးပြောတာက မမှားပါဘူး ဒါက မူယင်ပြိုင်ပွဲဆိုရင် တွေ့ဆုံတဲ့ နေရာတစ်ခုပါပဲ ဟွာဆန်းက တောင်စွန်းပိုင်းဂိုဏ်းနဲ့အတူ တန်းတူရည်တူ ဆက်ဆံခံရသင့်တာပေါ့ ကျွန်တော်ပြောတာ မှားနေလား"

“အော်မီတော်ဖု အဲဒါက…”

ဟွမ်းဂျုံက ပြုံးလိုက်၏။

“ရှောင်လင်ဂိုဏ်းကို တရားမျှမှု ရှိတဲ့နေရာလို့ သိကြတာလေ ဒါပေမယ့် ခင်ဗျားတို့ ကျွန်တော်တို့ရဲ့မျက်နှာကို ထည့်စဉ်းစားပေးဖို့ ငါတို့မျှော်လင့်တယ်"

ထိုအချိန်တွင် ချွန်းမြောင်က နောက်ဆုံးတွင် ဆန်ကိတ်မုန့်ကို တစ်လုပ်တည်းဖြင့် မျိုချပြီး အော်ငေါက်ပြန်သည်။

“တောင်စွန်းပိုင်းဂိုဏ်းကို ကျွန်တော်တို့ သွားပြီး အနိုင်ယူလိုက်ရင်……သူတို့မျက်လုံးတွေ မည်းမှောင်သွားမှာပဲ ဒါဆို ခင်ဗျား ပေးခဲ့တဲ့ ပလက်တီနမ်သဝဏ်လွှာ အကြောင်း စဉ်းစားကြည့်လို့ရပြီပေါ့..."

"အင်း အခု နောက်ထပ်တစ်ခု တစ်ခု ရှိပါသေးတယ်"

“အမ်”

ဟွမ်းယုန်က ချွန်းမြောင်၏ ပါးစပ်ထဲကို နောက်ထပ် ဆန်ကိတ်တစ်ခု တွန်းထိုးထည့်လိုက်၏။ ဒါကိုကြည့်ရင်း ရုန်းကန်နေသည့် ဟယ်ဘန်းက ခေါင်းညိတ်ပြလိုက်၏။

"ဂိုဏ်းချုပ် ပြောတာက မမှားပါဘူး"

“နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်”

“ဒါပေမယ့် ပလက်တီနမ် သဝဏ်လွှာ အရေအတွက် ကန့်သတ်ထားပါတယ် အဟွာဆန်းအတွက် ရနိုင်တဲ့ တစ်ခုတည်းသောအရာက ရွှေသဝဏ်လွှာလေ ဒါကြောင့် ဂိုဏ်းချုပ်က ကျွန်တော်နဲ့ ရှောင်လင်ဂိုဏ်းက အခြေအနေကို နားလည်ဖို့ မျှော်လင့်ပါတယ် ”

ထိုသို့ ပြောရင်းဖြင့် ဟယ်ဘန်းက ရွှေရောင်သဝဏ်လွှာကို ထုတ်ပြီး ဟွမ်းဂျုံကို ပေးလိုက်၏။

ဂွမ်းဂျုံက ရွှေသဝဏ်လွှာကို ကြည့်ပြီး ခေါင်းညိတ်ကာ လက်ခံလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

"အော်မီတော်ဖု ဘာမှ မပြောပါနဲ့"

ဟယ်ဘန်းက ဆက်ပြောလေသည်။

“ပြိုင်ပွဲကို အခုမှစပြီး နှစ်တစ်ဝက်လောက် ကျင်းပတော့မှာပါ”

"ဘာလို့ ဒီလောက်အကြာကြီး ကျင်းပနေတာလဲ"

“ဂိုဏ်းခွဲအားလုံး တက်ရောက်ဖို့ အချိန်ယူရမယ်လေ ပြီးတော့ ရှောင်လင်ဂိုဏ်းကလည်း ပွဲအတွက် ပြင်ဆင်ဖို့ အချိန်လိုတယ်လေ”

“အမ် အင်း ဒါက နည်းတဲ့ အရေအတွက်မှ မဟုတ်တာ”

“အော်မီတော်ဖု ဒါဆို ကျွန်တော် သွားတော့မယ်"

ဟွမ်းဂျုံက အံ့သြမင်တက်နေချိန်တွင် ဟယ်ဘန်းက ထရပ်လိုက်၏။

"ပြီးသွားပြီလား"

“ကျွန်တော့မှာ လုပ်စရာတွေ အများကြီးရှိနေလို့ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပါ"

"ဟွမ်ဆန်း"

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

“သူ့ကို လိုက်ပို့ပေးလိုက်ပါ”

“ဟုတ်ကဲ့”

ဟွမ်ဆန်းက ထိုသို့ ပြောလိုက်သောအခါ ဟယ်ဘန်းက ဦးညွှတ်ပြီး ထွက်သွားခဲ့သည်။ သူတို့ နှစ်ယောက် အပြင်ကို ထွက်သွားကြသည့်အခါ ဂိုဏ်းချုပ်၏ နေအိမ်တွင် နေခဲ့ကြသူများ အားလုံးက သဝဏ်လွှာကို ကြည့်နေကြသည်။

"ကမ္ဘာလုံးဆိုင်ရာမူယင်ပြိုင်ပွဲ"

ဟွမ်းဂျုံ၏ မျက်လုံးများသည် ချွန်းမြောင်ဘက်သို့ လှည့်သွားလေသည်။

"မင်း ဘယ်လို သဘောရလဲ ချွန်းမြောင်"

"...အဲဒါက တောင်စွန်းဂိုဏ်းလား ဒါမှမဟုတ် တခြားအရာတစ်ခုခုလားဆိုတာက အရေးမကြီးပါဘူး"

"အာ"

ထိုအချိန်တွင် ဟွမ်းဂျုံက သတိထားမိလိုက်သည်။

ချွန်းမြောင်၏ မျက်လုံးများမှာ မီးပွင့်နေသလိုဖြစ်နေသည်။

“အဲ့ဒီ အောက်တန်းစား လူယုတ်မာတွေ သူတို့က ဟွာဆန်းကို ဘယ်ကသတ္တိတွေနဲ့ လျစ်လျူရှုထားရဲကြတာလဲ သူတို့ရဲ့ ခေါင်းပြောင်ပြောင်တွေ ကွဲမကွဲ ကြည့်ရအောင်”

ဟွမ်းဂျုံက ကြင်နာစွာ ပြုံးပြပြီး မျက်လုံးနှင့် ပါးစပ်မှ မီးတောက်များ ထွက်ကျမတတ်ဖြစ်နေသည့် ချွန်းမြောင်အား ကြည့်လိုက်၏။

'သူ့ကို‌ခေါ်သွားလို့ရမလား'

စိုးရိမ်စရာပဲ။

…တကယ်စိုးရိမ်စရာပဲ။

ဟွာဆန်း၏ ဂိုဏ်းချုပ်ထံသို့။

ကန်ဟိုတွင် ရန်ပွဲများ မရပ်တန့်ဘဲ အခြားသူများ၏

နားထဲတွင်လည်း မလိုမုန်းထားမှုများ ပြည့်နှက်နေကြသည်။ ထို့ကြောင့် ကမ္ဘာကြီးက ဖရိုဖရဲ ဖြစ်နေပါသည်။ များစွာတွေးတောဆင်ခြင်ပြီးနောက်မှာ ရှောင်လင်ဂိုဏ်းသည် ဂိုဏ်းများနှင့် ကြိုတင်တွေ့ဆုံမှု မရှိခြင်းကြောင့် ကျွန်တော်တို့ဘက်မှ အမှားဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။

ယခင်က နတ်ဆိုးဂိုဏ်းပုန်ကန်မှုမတိုင်မီတွင် အင်အားကြီးမားသောဂိုဏ်းများပါဝင်သည့် မူယင် ပြိုင်ပွဲတစ်ခုရှိခဲ့ဖူးသည်။ ပြိုင်ဆိုင်မှုများကနေတစ်ဆင့် ချစ်ကြည်ရင်းနှီးမှု တိုးလာဖို့ လုပ်ခဲ့တာဖြစ်သည်။

ထိုကြောင့် မဟာမိတ်က အားနည်းနေပြီး ကျွန်တော်တို့ ရှောင်လင်ဂိုဏ်းက ချို့တဲ့နေပေမဲ့ မူယင် ပြိုင်ပွဲကို ကျင်းပချင်ခဲ့သည်။

ထို့ကြောင့် ရှောင်လင်ဂိုဏ်း၏တောင်းဆိုချက်ကို တုံ့ဆိုင်းမနေဘဲ ပါဝင်လိုက်ပါ။ သင်နှင့် သင့်တပည့်များ ထိုပွဲတွင် ပါဝင်ဆင်နွှဲပြီး ပိုမိုတောက်ပလာကြဖို့ မျှော်လင့်ပါသည်။

စုန့်တောင်မှာ ကျွန်‌တော်တို့ သင့်ကို စောင့်နေပါမည်။

All Chapters