← Chapters

ဘာကို ဖွင့်လိုက်တာလဲ(၃)

Vol. 19 Ch. 258

ဘာကို ဖွင့်လိုက်တာလဲ(၃)

Vol. 19 Ch. 258

ဟွာဆန်း၏ ဂိတ်တံခါးရှေ့တွင် ရပ်နေသည့် ကိုရင်လေးက ဟယ်ဘန်းကို တွေ့တွေ့ချင်း မေးလိုက်၏။

“ဆရာ အလုပ်ပြီးခဲ့ပြီလား”

ဟယ်ဘန်းက သူ့ခေါင်းကို အသာယမ်းလိုက်၏။

“အမ်း အင်း သွားရအောင်”

“ဟုတ်ကဲ့”

သူတို့နှစ်ဦးစလုံး ရပ်နေသည့်နေရမှ ရွှေ့ကာ မတ်စောက် သောတောင်ပေါ်မှ ဆင်းလာခဲ့သည်။

“ဟွာဆန်းက ဘယ်လိုလဲ”

“အော်မီတော်ဖု”

ဟယ်ဘန်းက ဗလုံးဗထွေး ဆုတောင်းနေခဲ့ပြီး သုန်မှုန်နေသော အမူအရာဖြင့် နှုတ်ဆိတ်နေလေသည်။ ထို့နောက် သူ့ မျက်လုံးများကို မှိတ်ကာ ပြောလိုက်၏။

“ဘာပြောရမှန်းတောင် မသိတော့ဘူး”

ကိုရင်လေးက သူ့ဆရာ၏အမူအရာကို ကြည့်ပြီး မေးလိုက်၏။

“သူတို့တွေမှာ ဒွိဟဖြစ်နေစရာ တစ်ခုခုရှိလို့လား ဆရာ”

“ငါလည်း လူသားတစ်ယောက်ပဲလေ အရာအားလုံးကို ဘယ်လိုလုပ် ရှင်းရှင်းလင်းလင်း နားလည်နိုင်မှာလဲ”

“ဟွာဆန်းက ဆရာတောင် နားမလည်နိုင်တဲ့ ထူးဆန်းတဲ့ နေရာတစ်နေရာလို့ ဆိုလိုတာလား”

ဟယ်ဘန်းဟု ပြောလိုက်၏။

“ထူးဆန်းလိုက်တာ ကျွန်တော် ကြားတာနဲ့လည်း မတူဘူး တောင်ရဲ့ပတ်ဝန်းကျလေထုနဲ့ အတွင်းထဲက ခံစားခဲ့ရတဲ့ စွမ်းအင်က မတူဘူးပဲ ဟွာဆန်းက ဆုတ်ယုတ်နေတဲ့ ဂိုဏ်းတစ်ဂိုဏ်းလို့ နည်းနည်းလေးမှ မထင်ရဘူး"

"ဒါဆို ဟွာဆန်းက ပြန်ပြီး နလံထူလာတယ်ဆိုပြီး လူတွေမြင်ကြတာ မမှားဘူးပဲ"

“ဟုတ်တယ် ပြီးတော့ မဟုတ်ဘူး”

ထူးခြားနေသော အဖြေတစ်ခု ဖြစ်သည်။ ဟယ်ဘန်းက နှုတ်ဆိတ်သွားပြီးမှ ပြောလိုက်၏။

“ဟွာဆန်းရဲ့ အင်အားက မျှော်လင့်ထားတာထက် ပိုမြင့်နေတာတော့ အမှန်ပဲ ဒါပေမယ့် သူတို့ရဲ့ အရင်လို ဂုဏ်အသရေရှိမှုကို ပြန်ရဖို့ကတော့ အချိန်အတော်ကြာလိမ့်မယ် ဒါပေမယ့် ဖြစ်တော့မဖြစ်နိုင်ဘူး”

"ဘာလို့လဲလို့ မေးလို့ရမလား"

“အင်း အကြောင်းပြချက်သုံးခုတော့ ပေးနိုင်ပါတယ်”

သူ့အတွေးများကို စုစည်းပြီးသွားဟန်နှင့် ဆိတ်ဆိတ်နေပြီး ပြောလိုက်၏။

"ပထမတစ်ခုက ဂိုဏ်းရဲ့သိုင်းပညာတွေလေ ဂိုဏ်းရဲ့သိုင်းပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်တဲ့သူတွေနဲ့ မကျွမ်းတဲ့သူတွေရှိတယ်လေ ဂိုဏ်းကအကြီးအကဲတွေက သိုင်းပညာတွေကို တစ်ဖက်ကမ်းခတ်တတ်မြောက်မယ့်ပုံမပေါ်ဘူး”

“အဲ့ဒါက အဓိကျတာပေါ့”

ဂုဏ်သတင်းကြီးမားသော ဂိုဏ်းတစ်ဂိုဏ်းအတွက် အကြီးမားဆုံးအခြေအနေမှာ ၎င်းတို့၏ သိုင်းပညာများဖြစ်သောကြောင့် အဓိကကျသည်ဟု သေချာပေါက် ပြောနိုင်ခြင်းဖြစ်သည်။ ဂိုဏ်း၏သိုင်းပညာများသည် ဂိုဏ်းတစ်ဂိုဏ်းအား ဂုဏ်သတင်းကြီးစေသော အရာဖြစ်ပြီး ဟွာဆန်းတွင် ထိုသို့သိုင်းပညာမျိုး မရှိပေ။

“ဒုတိယတစ်ခုက သူတို့ဆီမှာ သိုင်းကျမ်းစာအုပ်တွေလည်း မရှိဘူး အကြီးအကဲတွေက မားမားမတ်မတ် မရပ်တည်နိုင်တော့ ဘာကိုမှ မအောင်မြင်နိုင်ကြဘူးလေ အဲ့ဒါကြောင့် ကျောင်းသားတွေက စံနမူထားစရာလူက ဘယ်သူမှမရှိဘူးလေ ကိုယ့်ကိုယ်ကို ထိန်းသိမ်းကြပ်မတ်ပြီး သင်ယူတာက အရေးကြီးပေမဲ့ သိုင်းပညာနဲ့ ပတ်သက်လာရင် တပည့်တစ်ယောက်ကို လမ်းညွှန်ပြီး သင်ပြသပေးနိုင်မယ့်သူရှိဖို့ လိုအပ်တယ်လေ”

ကိုရင်လေးက ခေါင်းညိတ်လိုက်၏။

“တတိယတစ်ချက်က ဟွာဆန်းက သူ့နာမည်နှင့် အင်အားကို ပြန်ရရှိနိုင်ပေမဲ့ အရင်တုန်းက သူတို့ လိုက်နာခဲ့တဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေကို ပြန်ပြီးမမွမ်းမံရသေးတဲ့ပုံပဲ ရာထူးဂုဏ်သိမ့်အဆင့်ဆင့် မရပ်တည်နိုင်ဘူးဆိုရင် ဂိုဏ်းကတပည့်တွေက ဘာကိုမှ အခြေခိုင်အောင် ထူထောင်မှာ မဟုတ်ဘူး ပြီးတော့ တစ်ချိန်က ကမ္ဘာပေါ်မှာ အတော်ဆုံးဖြစ်ခဲ့တဲ့ မက်မွန်ဓားသူတော်စင်ရဲ့နာမည်က ဘယ်တော့မှ ပြန်ပြီးအဖက်ဆယ်နိုင်မှာမဟုတ်ဘူး”

ထိုစကားကိုပြောပြီးနောက် ဟယ်ဘန်းသည် ဝမ်းနည်းနေပုံပေါ်သည်။

'ကံဆိုးလိုက်တာ'

သူ ဘယ်လောက်ပဲ တွေးကြည့်ကြည့် တိကျသော အဖြေကို ရှာမတွေ့နိုင်ခဲ့ပါ။

“ဒါဆို ဆရာ”

"ဟမ်"

ဟယ်ဘန်းက ခေါင်းကို အသာ လှည့်ကာ ကိုရင်လေးကို ကြည့်လိုက်၏။

"ဟွာဆန်းက ဂိုဏ်းထဲက ပြဿနာတွေအားလုံးကို ဖြေရှင်းနိုင်မယ်ဆိုရင်တောင် ဂုဏ်သတင်းကြီးတဲ့ဂိုဏ်းတစ်ဂိုဏ်းအနေနဲ့ သူ့ဘာသူ ပြန်ပြီး ထူထောင်နိုင်ပါ့မလား"

"သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းရမှာလား"

“ဟုတ်တယ် သိုင်းပညာတွေသာ ပြန်ရနိုင်ရင်”

“ဒါတောင် တော်တော်လေး ခက်ခဲနေဦးမှာပဲ”

ဟယ်ဘန်းက ခေါင်းကို တိတ်တဆိတ် ယမ်းလိုက်လေသည်။

"ဟွာဆန်းက အရင်တုန်းက ပျောက်သွားခဲ့တဲ့ သိုင်းပညာတွေကို ပြန်ရနိုင်မယ်ဆိုရင်တောင် ဟွာဆန်းမှာ အဲဒီသိုင်းကျမ်းတွေကို နားလည်ပြီး လက်ဆင့်ကမ်းပေးမယ့်သူ ဘယ်သူမှ မကျန်တော့ဘူး"

"ကျွန်တော်တို့ ဆရာတူအစ်ကိုလို ပါရမီရှင်တစ်ယောက်က ဟွာဆန်းမှာ ရှိနိုင်ပါ့မလား"

“သူ့လို ဉာဏ်ကြီးရှင်နှစ်ယောက် ရှိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဟွာဆန်းမှာ ဉာဏ်ကြီးတစ်ယောက်ရှိခဲ့ရင်တောင် အဲ့ဒီဉာဏ်ကြီးရှင်က ဟွာဆန်းရဲ့ သိုင်းပညာအားလုံးကို နားလည်ပြီး လူတစ်ယောက်ကို ပြန်ရှင်းပြနိုင်တဲ့အဆင့်ထိရောက်ဖို့ဆို အချိန်ဘယ်လောက် ကြာမယ်ထင်လဲ အဲ့ဒီအချိန်လောက်ဆို ဟွာဆန်းလည်း အားလုံး ဆုံးရှုံးရပြီးလောက်ပြီ”

“အာ”

ကိုရင်လေးက ညည်းညူလိုက်၏။ တကယ့်ကို သနားစရာပင်။

“ဒါဆိုရင် ဟွာဆန်းက အရင်ကလို သူ့ရဲ့ ဂုဏ်သရေကို ဘယ်တော့မှ ပြန်မရနိုင်ဘူးဆိုတဲ့ သဘောပေါ့”

"ဟွာဆန်းရဲ့ သိုင်းပညာအားလုံးကို ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက် ရုတ်တရက် ပေါ်လာခဲ့ရင်တော့ မျှော်လင့်ချက်ရောင်ခြည် နည်းနည်းသန်းလာနိုင်တယ် ဒါပေမဲ့ ဟွာဆန်းက သူ့ရဲ့စိတ်ဝိညာဉ်ကို သယ်ဆောင်ပေးနိုင်တဲ့သူတွေ အားလုံးကို ဆုံးရှုံးခဲ့ရတာ ကြာလှပြီဆိုတော့ မဖြစ်နိုင်ပါဘူး”

"တကယ်ကို ကံဆိုးတာပဲ"

"အော်မီတော်ဖု"

ဟယ်ဘန်းက ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။

“ဒီလို နိမ့်လိုက် မြင့်လိုက် ဖြစ်နေတဲ့ အရာတွေကို လူ့စွမ်းအားနဲ့ မကျော်လွှားနိုင်ဘူးလေ လက်ရှိ ရှောင်လင်ဂိုဏ်းမှာ အင်အား အများကြီးရှိတယ်လို့ ပြောနေကြပေမယ့်….နေဝင်ပြီး လထွက်လာသလိုပဲ ငါတို့ ရှောင်လင်ဂိုဏ်းတောင် ဆုတ်ယုတ်လာမယ့်နေ့ တစ်နေ့တော့ ရောက်လာလိမ့်ဦးမှာပဲလေ အရာရာတိုင်းက ဖြစ်ပြီးရင် ပျက်ကြရတာ သဘာဝပဲ”

ဟယ်ဘန်းက ထိုသို့ ပြောရင်း ခေါင်းယမ်းလိုက်၏။

“ကဲ တော်ကြစို့”

“ဟုတ်ကဲ့ပါ ဆရာ”

လမ်းလျှောက်နေသော ဟယ်ဘန်းက ဟွာဆန်းကို တစ်ချက် လှည့်ကြည့်လိုက်လေသည်။

‘အနိမ့်အမြင့်အတက်အကျ'

အခုက ဟွာဆန်း၏ခေတ်ကာလသည် တစ်မူထူးခြားနေသည်... အရင်က ဟယ်ဘန်း မမြင်ခဲ့ဖူးသော အရာဖြစ်သည်။ ကြီးကျယ်မြင့်မြတ်သော သိုင်းပညာများကို ကြိုးကိုင်နိုင်လျှင် သူတို့တွေ ဘယ်လောက်ထိ သွားနိုင်မလဲဟု သူ တွေးနေမိသည်...

သို့သော် သူ ခေါင်းကိုယမ်းလိုက်၏။

'ရောက်တတ်ရာရာ အတွေးတစ်ခုပါပဲ'

ထိုဂိုဏ်းတွင် ကံ တက်လာမည့် လူတစ်ယောက် ရှိသော်လည်း သူလည်း ခပ်မြင့်မြင့်ထိ မတက်နိုင်တော့သည့် အချိန်တစ်ခုတော့ ရှိလာလိမ့်ဦးမည်။ ဟွာဆန်းအကြောင်း အတွေးများနေသည့် သူ့၏စိတ်ကို ရှင်းထုတ်ရင်း တောင်ပေါ်ကနေ ဖြည်းဖြည်းချင်းချင်း ဆင်းသွားလေသည်။

ဟယ်ဘန်း ထွက်သွားပြီးနောက်တွင် ဂိုဏ်းခေါင်းဆောင်၏ နေအိမ်တွင် ကျန်နေခဲ့သော သူများသည် နှုတ်ဆိတ်နေကြလေသည်။ ဟွန်းဂျုံက သူ့ထိုင်ခုံမှာသူထိုင်နေပြီး လက်ထဲက သဝဏ်လွှာကို ဟိုရွှေ့ဒီရွှေ့ လုပ်နေရင်း တိုးတိုးညင်းညင်း ရေရွတ်လိုက်၏။

“ကမ္ဘာလုံးဆိုင်ရာ မူယန်ပြိုင်ပွဲ”

သူ့မျက်လုံးများမှာ မည်းမှောင်နေလေသည်။

"ဘယ်လိုထင်လဲ ဂိုဏ်းချုပ်"

ဟွမ်းယုန်၏ အမေးစကားကို ကြားသောအခါ ဟွမ်းဂျုံက မျက်လုံးများကို မှိတ်ထားပြီး ခဏလောက် တွေးတောနေလေသည်။ သူ့မျက်နှာကြည့်ရတာ အတော်လေး စိုးရိမ်နေပုံရသည်။ ဟွမ်းဂျုံက မျက်လုံးများကိုဖွင့်ပြီး တခြားသူများကို ကြည့်လိုက်၏။

"အကြီးအကဲတွေရော ဘယ်လိုထင်လဲ ဒီပြိုင်ပွဲမှာ ဝင်ပါလိုက်ရင် ဟွာဆန်းအတွက် အကောင်းဖြစ်မလား အဆိုးဖြစ်စေမလား”

ဟွမ်ဆန်းက အကြပ်တွေ့နေဟန်နှင့် ပြောလိုက်၏။

"ဒီလိုကိစ္စမျိုးကို မမှန်းဆရဲပါဘူး"

“အမ်”

ဤကိစ္စမှာ အတော်လေးကို ကြီးလေးသည့် ကိစ္စမျိုးဖြစ်သည်။ သူတို့ပြောနေကြသော ဒီပြိုင်ပွဲတွင် နေရာအနှံ့က ဂိုဏ်းပေါင်းစုံ စုရုံးလာကြမှာဖြစ်သည်။ ထိုနေရာက ပြိုင်ပွဲကွင်းတစ်ခု ဖြစ်လာမှာတော့ ပြောစရာကိုမလိုပေ။

'ကမ္ဘာပေါ်က ဂုဏ်သတင်းကြီးတဲ့ ဂိုဏ်းတွေရဲ့ အတည်ပြု စစ်ဆေးခံရမှာဆိုတော့ သူတို့ရဲ့ အရည်အချင်းတွေကို ပြသရမှာ သေချာတယ်’

ဒါက ကြီးမားသော အခွင့်အရေးတစ်ခုပင်။ သို့သော် ဘေးကျပ်နံကျပ်ကာလတစ်ခုလည်း ဖြစ်သည်။ အကယ်၍ ထိုနေရာတွင် သူတို့တွေသာ အရှက်ခွဲခံရပါက ဟွာဆန်းသည် ၎င်း၏ ယခင်ကဂုဏ်သရေကို ဘယ်တော့မှ ပြန်အဖက်ဆယ်နိုင်တော့မှာ မဟုတ်ပေ။

"ဟွမ်းယုန် မင်းရော ဘယ်လိုထင်လဲ"

“…”

ဟွမ်းယုန်က နှုတ်ဆိတ်နေ၏။ သူ့ကြည့်ရတာ အခက်တွေ့နေသည်မှာ သိသာထင်ရှားလှသည်။ အန်းတပည့်တွေတောင် ဘာမှ မပြောနိုင်ကြပေ။

"ဂိုဏ်းချုပ်"

ဟွမ်းဆန်းက စကားစပြောဖို့ ဆုံးဖြတ်လိုက်၏။

"ဒါက ကျွန်တော်တို့ကို တခြားဂိုဏ်းတွေက အသိအမှတ်ပြုတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား"

တိတ်တိတ်လေး နားထောင်နေသော ဟွမ်းယုန်က မျက်မှောင်ကြုတ်လိုက်၏။

“အသိအမှတ်ပြုတာနဲ့ မတူပါဘူး ဒါက သူတို့ ကျွန်တော်တို့ကို သရုပ်လိုက်ခွဲနေတာပဲ”

“ဟုတ်တယ် အဲ့ဒီစကားက ပိုမှန်ပေလိမ့်မယ် ဘာပဲဖြစ်ဖြစ် အဲ့ဒီပြိုင်ပွဲမှာ မပါဝင်သင့်တဲ့ အကြောင်းပြချက် ရှိသလား”

“အာ ဟုတ်ပါတယ်”

ဟွမ်းဂျုံက ခေါင်းညိတ်ပြလိုက်လေသည်။

“အခုအချိန်က ဟွာဆန်းရဲ့ ရှင်သန်ထမြောက်လာမှုကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ ကြေညာရမည့်အချိန်လေ ကမ္ဘာလုံးဆိုင်ရာ မူယင် ညီလာခံက အကောင်းဆုံးနေရာ ဖြစ်လိမ့်မယ်”

ဟွမ်းဂျုံက ခေါင်းညိတ်ပြပေမယ့် ဟွမ်းယုန်ကတော့ ဒါကို လက်ခံသည့်ပုံမပေါ်ပေ။

"ကျွန်တော့်အတွေးကတော့ မတူပါဘူး"

ထို့နောက် သူက အေးစက်သည့် လေသံနှင့် ဆက်ပြောလိုက်၏။

“ဒါက ကျွန်တော်တို့ကို ဟိတ်ဟန်လုပ်ပြနေတာ ဖြစ်နိုင်တယ် အခု ဟွာဆန်းက ဒီအထိ ခရီးပေါက်လာပြီဆိုတော့ ကျွန်တော်တို့ ပခုံးပေါ် ဝန်နည်းနည်းတော့ ပိလာနိုင်ပါတယ်”

“ဟမ်”

"ဒါပေမယ့် ကျွန်တော်တို့ အဲ့ဒီကနေ ဘာရမှာလဲ အခုအချိန်က ဟွာဆန်းကို နာမည်ရအောင် လုပ်ရမယ့် အချိန်မဟုတ်သေးပါဘူး အခြေခိုင်အောင် တည်ဆောက်ရမယ့် အချိန်ပါ ဒီလိုနေရာမျိုးမှာ ပါဝင်ဖို့နဲ့ တခြားဂိုဏ်းတွေကို မြင်လာအောင် ကိုယ်ထူကိုယ်ထ လုပ်ဖို့ လိုအပ်လို့လား ဒါမှ သူတို့က ကျွန်တော်တို့ကို ဆက်စောင့်ကြည့်နေကြမှာလား”

ဟွမ်းယုန်က ချွန်းမြောင်ကို တစ်ချက် ကြည့်လိုက်၏။

“အခုတောင် လေ့ကျင့်ရေးဆင်းလိုက်ချင်… ဒီတစ်ခါတော့ လုပ်နိုင်…”

သူ့စကားများ အဆုံးတွင် အထင်မရှားဖြစ်သွားကာ ချွန်းမြောင်၏ ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။ သူ့တွင် တစ်စုံတစ်ယောက်၏အရိုးကို ဆွဲထုတ်ပစ်ဖို့ စိတ်ပိုင်းဖြတ်ထားသည့် မျက်လုံးများ ရှိနေသည်။

“ဟမ် အထင်အမြင်တွေက ကွဲပြားနိုင်ပါတယ် ဒီအကြောင်းကို ချွန်းမြောင် ပြောကြည့်ပါဦး မင်း ဘယ်လိုထင်လဲ"

ဟွမ်းယုန်၏ အကြည့်ကနေ ရှောင်ထွက်သွားသည့် ချွန်းမြောင်က မှုန်ကုပ်ကုပ် မျက်နှာနှင့် ပြန်ဖြေလာသည်။

“မပါဝင်စရာ အကြောင်းပြချက်မရှိဘူးလို့ ထင်ပါတယ်”

"အာ"

ချွန်းမြောင်က သူ့ပခုံးတွေကို တွန့်ပြလိုက်သည်။

“ကောင်းကောင်း ဆက်သွားနေရင် ကောင်းမှာပဲ ကျွန်တော်တို့တွေ အရှက်ရခဲ့ရင်တောင်…”

သူက ခေါင်းကို မော့ပြီး အကျယ်ကြီး အော်ဟစ်လိုက်၏။

"ဟွာဆန်းမှာ ဆုံးရှုံးစရာ တစ်ခုခုများ မရှိလို့လား"

အရှက်ကင်းမဲ့သော မေးခွန်းကြောင့် လူတိုင်း နှုတ်ဆိတ်သွားကြလေသည်။

"လူတစ်ယောက်မှာ ဘာမှဆုံးရှုံးစရာမရှိရင် ကြောက်စရာ ဘာမှမရှိဘူး ဒါပေမယ့် တစ်ခုခုကို စပြီးရတဲ့အခါကျ ကြောက်စိတ်ဖြစ်လာပြီးတော့ သူ့မှာရှိတဲ့ အသေးအမွှားတွေကို ဆုံးရှုံးရမှာ ကြောက်မှာပဲ”

ချွန်းမြောင်က အသံကို လျှော့လိုက်ပြီး ဟွမ်းဂျုံကို ကြည့်လိုက်သည်။

"ဟုတ်တာပေါ့ ဂိုဏ်းချုပ်က သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချချင်ပေမယ့် ကျွန်တော်တို့တွေ ရဲရင့်ဖို့လိုတယ်လို့ ထင်ပါတယ်"

"ငါက ငါတို့ကမှာရှိတဲ့အရာတွေကို ဆုံးရှုံးရမှာကို ကြောက်နေတာလို့ မင်း ဆိုလိုတာလား"

“ကျွန်တော် ဆိုလိုတာ အဲ့ဒီသဘောမဟုတ်ပါဘူး ဂိုဏ်းချုပ်ကို ဘာအတွက် တုံ့ဆိုင်းနေတာလဲလို့ မေးချင်မိတာပါ"

“ဟီးဟီး ငါက ဘာလို့ တုံ့ဆိုင်းနေ…”

ဟွမ်းဂျုံက တောက်ပစွာ ပြုံးလိုက်၏။ ထို့နောက် အန်းအမ်ကို ကြည့်လိုက်လေသည်။

“တပည့်တွေကို ခေါ်လိုက်ပါ”

“ဟုတ်ကဲ့”

ဟွာဆန်း၏ တပည့်များအားလုံး လေ့ကျင့်ရေးခန်းမထဲတွင် စုဝေးနေကြသည်။

"အခုက ဘာအတွက်လဲ"

"ငါတော့ မသိပါဘူး"

ရုတ်တရက် ခေါ်ဆိုမှုကြောင့် သူတို့မှာ အံ့အားသင့်သွားပြီး အနည်းငယ် လန့်ဖျပ်ကာ လှည့်ကြည့်လိုက်၏။

“လူတစ်ယောက် ဂိုဏ်းကို လာသွားတယ်လို့ ပြောကြတယ် အဲ့ဒါ ဘာလို့လဲ"

“အင်း ဒါဆို ဂိုဏ်းချုပ်က ပြောစရာရှိ တစ်ခုခုရှိလို့ ဖြစ်ရမယ်”

‘ရှူး သူတို့တွေ ရောက်လာကြပြီ’

ဟွာဆန်း၏တပည့်များရှေ့သို့ လူသုံးဦး ရောက်လာခဲ့သည်။ ဟွမ်းဂျုံ၊ ဟွမ်းဆန်းနှင့် ဟွမ်းယုန်တို့ ဖြစ်ကြသည်။ ဟွမ်းဂျုံက လူတိုင်းကို တစ်ညီတစ်ညာတည်းကြည့်ကာ ပြောလိုက်၏။

"အားလုံး ရောက်ကြပြီလား"

"ရောက်ပါပြီ ဂိုဏ်းချုပ်"

ဟွမ်းဂျုံက အသာလေး ခေါင်းငြိမ့်ပြလေသည်။

“ခုနက ရှောင်လင်ဂိုဏ်းက ဘုန်းကြီးတစ်ပါး ရောက်လာခဲ့တယ် သိပ်မကြာခင် စုန့်တောင်မှာ ကမ္ဘာလုံးဆိုင်ရာ မူယင်ပြိုင်ပွဲကို ကျင်းပတော့မယ်ဆိုတာ အကြောင်းကြားလာတယ်”

တပည့်အားလုံးမှာ အံ့အားသင့်သွားကြသည်။ ဟွမ်းဂျုံက သူတို့၏တုံ့ပြန်မှုကို သတိထားမိ၏။

“ဂိုဏ်းက တပည့်တွေအတွက် လေ့ကျင့်ရေးတွေ စရှိလာလိမ့်မယ် ဂိုဏ်းထဲက မည်သူမဆို ပါဝင်နိုင်တယ် ဒီတော့ ဟွာဆန်းက လူ ၁၅ ယောက် ပါဝင်နိုင်လိမ့်မယ်”

တီးတိုး တီးတိုး သဖမ်းပိုး လုပ်နေကြ၏။

သူ ထိုစကားများကို ပြောပြီးသည်နှင့် နေရာတိုင်းတွင် ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ကြသည်။ ဟွမ်းဂျုံက သူတို့တွေ တီးတိုးပြောနေတာတွေကို ရပ်တန့်ဖို့ မကြိုးစားဘဲ ကလေးတွေကို စကားဆုံးအောင် စောင့်ပေးခဲ့သည်။

စကားသံစဲသွားပြီးမှ သူက ဆက်ပြောလာသည်။

“ဂိုဏ်းကြီး ကိုးဂိုဏ်းနဲ့ မိသားစုကြီးငါးစုတင်မကဘူး ဂိုဏ်းတွေရဲ့ ဩဇာအာဏာရှိတဲ့သူတွေ အားလုံး ပါဝင်မယ့် နေရာဖြစ်လိမ့်မယ် ရှောင်လင်ဂိုဏ်းက လက်ခံကျင်းပတာကြောင့် ငြင်းနိုင်မယ့်သူ သိပ်ရှိမှာမဟုတ်ဘူး စောင့်ကြည့်နေတဲ့ လူတိုင်းရဲ့ရှေ့မှာ မင်းတို့ကိုမင်းတို့ သက်သေပြရမယ်”

တပည့်များ၏ အကြည့်တွေထဲတွင် နွေးထွေးမှုနှင့် ပြည့်နှက်နေကြသည်။

"မင်းတို့ လုပ်နိုင်ပါ့မလား"

အန်းတပည့်တွေက တပည့်အားလုံးကို ကြည့်ပြီး ပြောလိုက်၏။ ပထမတန်းအဆင့် တပည့်တွေကို မေးရင် သူတို့ ဖြေလောက်မှာပင်ဖြစ်သည်။

ထိုအချိန်တွင် သူတို့၏ ကိုယ်စားလှယ်ဟု ဆိုနိုင်သော ဘတ်ချုန်းက ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး ပြောလိုက်လေသည်။

"ဟွာဆန်းမှာ မက်မွန်ပွင့်တွေ ပွင့်နေဆဲဆိုတာကို ကမ္ဘာကို ကျွန်တော် သက်သေပြပါ့မယ်"

နှေးကွေးသော စကားလုံးများ နူးညံ့သောအသံ သို့သော် ယုံနိုင်ဖွယ်ရာရှိသည်။

ဟွမ်းဂျုံက ပြုံးပြီး ခေါင်းညိတ်သည်။

“မှန်တယ် ဒီစကားကို ကြားတော့ စိတ်တွေ အေးချမ်းသွားရတယ် တချို့ကတော့ စိုးရိမ်နေကြလောက်ပေမဲ့ စိုးရိမ်စရာ မလိုပါဘူး မင်းတို့ ဒါကို ကြားဖူးသလားတော့ မသိသေးပေမယ့် ငါတို့တွေ ဟွာဆန်းရဲ့ သိုင်းပညာကို ပြန်ရခဲ့ပြီ လက်ကျန်အချိန်တွေမှာ မက်မွန်ဓားသွား လှုပ်ရှားမှုနည်းစနစ် ၂၄ကွက်ကို ကျွမ်းကျင်သွားရင် ငါတို့ဘဝရဲ့ လက်ကျန်အချိန်တွေမှာ...ကမ္ဘာပေါ်မှာ ဘယ်သူကမှ ငါတို့ကို လျစ်လျူရှုထားနိုင်မှာ မဟုတ်တော့ဘူး"

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"

ထူးဆန်းသောအပူရှိန်သည် တပည့်များ၏မျက်လုံးများထဲတွင် ပြည့်လျှံလာခဲ့သည်။ မက်မွန်ဓား သူတော်စင်ရဲ့ မက်မွန်ဓားသွား လှုပ်ရှားမှုနည်းစနစ် ၂၄ကွက်။ ကောလာဟလများမှာ ပျံ့နှံ့နေခဲ့ပြီးသားဖြစ်သောကြောင့် မည်သူကမျှ မအံ့သြကြသော်လည်း ဂိုဏ်းခေါင်းဆောင်ထံမှ တိုက်ရိုက်ကြားလိုက်ရသောအခါ သတင်း၏တိကျမှန်ကန်မှုကို ပိုမိုတိုးသွားစေသည်။

“ပြိုင်ပွဲမစခင် နောက်ထပ် ခြောက်လလောက်ရှိလိမ့်မယ် ဒါကြောင့် နောက်လာမယ့် အချိန်တွေမှာ မင်းတို့အားလုံး လုပ်ရမှာက လေ့ကျင့်ဖို့ပဲ အထူးချွန်ဆုံးတပည့်ဆယ့်ငါးယောက်ကို စုန့်တောင်ပေါ်ကို ခေါ်သွားမယ် နားလည်ကြလား"

"ဟုတ်ကဲ့ ဂိုဏ်းချုပ်"

ဟွမ်းဂျုံက ပျော်ရွှင်နေသော မျက်နှာနှင့် ခေါင်းညိတ်ပြလိုက်သည်။

"ဟွန်းဆန်း"

“ဟုတ်ကဲ့”

"တခြားသိုင်းကျမ်းတွေရဲ့အရင် မက်မွန်ဓားနည်းစနစ် ကို အရင်သင်ပေးလိုက်ပါ"

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

ဟွမ်းဂျုံက ဂုဏ်ဝံ့ကြွားနေသော မျက်နှာနှင့် ခေါင်းညိတ်လိုက်၏။

'ကောင်းကင်ဘုံက ငါတို့ကို ဟွာဆန်းရဲ့ဓားသွားကို ထုတ်ပြရအောင် လုပ်ပေးနေတာပဲ'

ပြိုင်ပွဲကလည်း အချိန်ကိုက် ကျင်းပနေပေသည်။ ချွန်းမြောင်ပြောသလို ဟွာဆန်းမှာ ဘာမှဆုံးရှုံးစရာမရှိပါ။ ဟွာဆန်းက ၎င်းတို့၏ ပျောက်ဆုံးနေသော သိုင်းကျမ်းများကို ပြန်လည်ရရှိထားကြောင်း သိသွားပါက ကမ္ဘာကြီး၏ ရှုထောင့်အမြင်သည် ပြောင်းလဲသွားပေလိမ့်မည်။

“မင်းတို့ပခုံးတွေက ဝန်ထမ်းရလိမ့်မယ် အကြီးအကဲတွေနဲ့ ငါက မင်းတို့ကို အစွမ်းကုန်ကူညီပေးမှာမို့ စိတ်ရာကိုယ်ပါ ကိုင်တွယ်ဖြေရှင်းကြပါ”

“ဟုတ်ကဲ့”

အကြီးအကဲများက ဒါကို စောင့်ဆိုင်းနေသကဲ့သို့ အဆင်သင့် ကြေညာချက်ထုတ်လေသည်။ ပြိုင်ပွဲတွင် မပါဝင်မိသည်ကို နောင်တမရသော ပထမတန်းအဆင့် တပည့်များနှင့် တတိယတန်းအဆင့် တပည့်များသည် စိတ်အားထက်သန်မှုများနှင့် ပူလောင်နေကြသည်။

"ဒါဆို သွားလေ့ကျင့်ကြချေတော့"

“ဟုတ်”

"ဟားဟားဟားဟား"

ဟွမ်းဂျုံနှင့် အကြီးအကဲများက ထွက်သွားလေသည်။ သို့သော် ဘတ်ချုန်းနှင့် ချွန်း တပည့်များနှင့် တပည့်များက ထွက်မသွားသေးနိုင်ဘဲ နှုတ်ဆိတ်နေကြသည်။

ထိုအချိန်တွင် ဘတ်ချုန်းက ထွက်လာပြီး သူတို့၏အဆောင်ကို ညွှန်ပြလိုက်သည်။

“အဲဒီလမ်း”

“….”

တပည့်များ၏ အကြည့်များမှာ ပြောင်းလဲသွားသည်။ သားရဲမျက်လုံးနှင့်တူပြီး ဇောကပ်နေသော မီးများ လောင်ကျွမ်းခံနေသော သူတို့၏မျက်လုံးများသည် သားသတ်ရုံသို့ ဆွဲထုတ်ခံရသည့် မျက်ရည်ကျနေသော နွားများအဖြစ်သို့ ပြောင်းလဲသွားသည်။

“မြန်မြန်လေး”

“…ဟုတ်ကဲ့”

သူတို့က ဟွာဆန်း၏အမှောင်ဆုံး နေရာဖြစ်သည့် မက်မွန်ပန်းပွင့်အဆောင်သို့ အမြန်ပြေးလာကြလေသည်။

ဆောင့်ကြောင့်ထိုင်ပြီး တစ်ခုခုကို ဝါးနေသည့် ချွန်းမြောင်က သူ့ရှေ့ကလူတွေကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။ အဘိုးကြီးတစ်ယောက်က ရပ်ကွက်ထဲမှာ ကစားနေသော ကလေးများကို ပုံပြင်ပြောပြဖို့ လူစုနေတာနှင့်ပင် တူလှသည်။

"အခြေအနေကိုကြားလိုက်လား"

“…အ”

“ဟုတ်ကဲ့”

သူ့ပါးစပ်ထဲမှ တံတွေးကို ထွေးထုတ်ကာ ခေါင်းယမ်းရင်း ထလိုက်၏။

“ကမ္ဘာလုံးဆိုင်ရာပြိုင်ပွဲ…”

အေးစက်သောလေသံဖြင့် ပြောလိုက်လေသည်။ ထိုသတင်းကို ကြားလိုက်သောသူတို့မှာ တုန်လှုပ်နေကြ၏။

"ဟုတ်တာပေါ့ ဂိုဏ်းခေါင်းဆောင်က ငါတို့အတွက် ဘာက အကောင်းဆုံးဆိုတာကို စဉ်းစားလိမ့်မယ်..."

ချွန်းမြောင်က ခေါင်းယမ်းလိုက်လေသည်။

"ဒါပေမယ့် တူတော့ မတူဘူးထင်တယ်"

“…”

သူ၏မျက်လုံးများသည် ပုံမှန်အားဖြင့် အရိုင်းဆန်နေသော်လည်း ယခုတော့ သွေးစွန်းနေပုံရသည်။

"အတွေ့အကြုံ အတွေ့အကြုံတွေကို တခြားနေရာတွေက ရနိုင်တယ် ပြိုင်ပွဲဆိုတာ အတွေ့အကြုံရဖို့ အကြောင်းမဟုတ်ဘူး ငါတို့ဘယ်လောက်သန်မာတယ်ဆိုတာ သက်သေပြဖို့နေရာတစ်ခုပဲ အဲ့ဒါကမှ ပြိုင်ပွဲတစ်ခုပဲ ပြီးတော့ ငါတို့ နိုင်လိမ့်မယ် အတိုင်းအထက်အလွန်ပါပဲ"

“…”

"အဲ့ဒီလူယုတ်မာတွေ ငါတို့ဟွာဆန်းကို ဘာလုပ်ခဲ့လဲဆိုတာ မသိတဲ့သူ တစ်ယောက်ယောက်ရှိလား"

“မှတ်-မှတ်မိပြီ”

“သူတို့ ခေါင်းကို ရိုက်ခွဲပြီး သူတို့က ငါတို့အတွက် အခန့်သင့်သလို စီစဉ်ထားတဲ့ လမ်းကို တွေးနေတာ ဒီပြိုင်ပွဲမှာ ခြွင်းချက်မရှိအောင် ထိပ်တန်းနေရာကို အနိုင်ယူပြီး ဟွာဆန်းရဲ့ တကျော့ပြန်လာမှုအကြောင်းကို လူတိုင်းကို သိစေရမယ် အားလုံး အဆင်သင့်ဖြစ်ပြီလား"

"ဖြစ်-ဖြစ်ပါပြီ"

“ဟုတ်”

“ကောင်းပါပြီ”

ချွန်းမြောင်က ခေါင်းညိတ်လိုက်လေသည်။ အသံတိတ်နေသော ဘတ်ဆန်းက သူ့လက်ကို မြှောက်လိုက်၏။

“ဆက်လုပ်ပါ”

"လိုရမယ်ရ မေးတာပါ...လိုရမယ်ရ"

"မေးပါ အချိန်ဖြုန်းမ‌နေပါနဲ့"

သူက တံတွေးမျိုချပြီး ပြောလိုက်၏။

"ကျ-ကျွန်တော်တို့ ဟိုမှာ တခြားဂိုဏ်းကို ရှုံးရင် ဘာဖြစ်မလဲ"

လူတိုင်းမေးချင်ပေမယ့် မမေးနိုင်သည့် မေးခွန်းတစ်ခုဖြစ်သည်။ ထိုမေးခွန်းကို ကြားလိုက်ရသောအခါ သူတို့ခေါင်းပေါ်သို့ ရေအေးကြီး လောင်းချလိုက်သလို ခံစားလိုက်ရသည်။

နောက်ပြီး ချွန်းမြောင်က ပြုံးလိုက်၏။

"သိချင်လား"

“အာ-မဟုတ်ဘူး ငါတို့ရှုံးလိမ့်မယ်လို့ ဆိုလိုတာမဟုတ်…”

“တကယ်ပဲ….”

ချွန်းမြောင်က သုန်မှုန်နေသော အသံဖြင့် ပြောလိုက်၏။

“…”

သူ့ခေါင်းကို ထူးဆန်းစွာ အကြောဖြေလျှော့ချင်ဟန်ပြု၍ ကွေးညွတ်လိုက်၏။

"…သိချင်တယ်"

“….”

'မဟုတ်ဘူး'

'မသိတာက ပိုကောင်းပါတယ်'

ဘတ်နှင့် ချွန်းတပည့်များသည် တစ်ချိန်တည်းတွင် ကောင်းကင်ကြီးကို မော့ကြည့်ကြသည်။

'အဲဒါ….'

'ကောင်းကင်ကြီးက တစ်ခါတစ်လေကျ အရမ်းကို ကြည်လင်နေတာပဲ'

'ဟား...'

All Chapters